Wednesday, November 17, 2010

တမျက်နှာအနာဂတ်


အတိတ်ကိုပြန်မဖေါ်အနာဂတ်ကိုသာရှေ့.ရှု့သည်ဟုဒေါ်အောင်ဆန်းစုကြည်ကကတိပေးလတ်သော်ဦးသန်းရွှေနှင့်ဒုတိယဗိုလ်ချူပ်ကြီးများနှင့်အ
ထက်အားလုံးစစ်တပ်မှနုတ်ထွက်ပြီးတရားဘာဝနာများအားထုတ်ကြလေတော့သည်။အရက်များလည်းပြတ်သွားကြပြီးဦးမောင်အေးနှင့်အဖွဲ့
မျက်နှာများဖေါယောင်ခြင်းအလျဉ်းမရှိတော့ပဲစိုပြေလာကြပေတော့သည်။

နအဖလက်ထက်ချဉ်းကပ်မှုဖြင့်ပါမစ်များ၊လုပ်ပိုင်ခွင့်များရရှိသူများအားပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင်အချိုးအစားအလိုက်ပေး ဆောင်လျှင်လုပ်ငန်းရှင်အဖြစ်ဆက်လက်ရပ်တည်ခွင့်ပြုမည်ဆိုသောကြောင့်ဦးတေဇတို့မက်ဇော်ဇော်တို့လည်းအသက်ရှုချောင်ရလေ တော့သည်။

လစ်လပ်သွားသောကာကွယ်ရေးဦးစီးချူပ်နေရာအတွက်တပ်တွင်းရွေးကောက်ပွဲတွင်ဗိုလ်ချူပ်၁၀ဦးယှဉ်ပြိုင်အရွေးခံရာတပ်မတော်ဖခင်ကြီး၏သမီးကို ကျောထောက်နောက်ခံပြုသွားမည်ဟူ၍မဲဆွယ်သောဗိုလ်ချူပ်ငယ်ကအနိုင်ရလေတော့သည်။

ထိုအခါဒေါ်အောင်ဆန်းစုကြည်သည်တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်အပြင်းအထန်ဆွေးနွေးပြီးသကာလကတိက၀တ်များရှိပြီးသော
အခါအခြေခံဥပဒေကြီးကိုအတူတကွရေးဆွဲကြလေတော့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်းလက်နက်များကိုဖျက်ဆီးသည့်အခမ်းအနားများလုပ်ဆောင်ကြတော့သည်။အချို့သောသူများကမူကတိက ၀တ်များဖေါက်ဖျက်လျှင်ပြန်လည်ဆွဲကိုင်မည်ရည်ရွယ်ချက်ဖြင့်လက်နက်အချို့ကိုမြေတွင်မြှပ်၍သိမ်းဆည်းထားသော်ငြား
လည်းနောင်၁၀နှစ်တိုင်လာသော်လည်းပြဿနာတစုံတရာပေါ်ပေါက်ခြင်းအလျဉ်းမရှိ၍လက်နက်များမှာသံချေးတက်ဆွေးမြေ့ကုန်လေတော့သည်။ကရင်အ မျိုးသားချင်းသွေးစည်းညီညွတ်ရေးကိုဆောင်ညှဉ်းမည်ဟုမြိုင်ကြီးငူဆရာတော်၏မိန့် ကြားချက်ကိုကရင့်လူငယ်များတိုးတက်ရေးပါတီအထွေထွေအတွင်းရေးမှုးဇိုရာဖန်းမှကြိုဆိုကြောင်းကြေငြာချက်ထုတ်ပြန်လိုက်သည်။

ပြည်ပပိတ်ဆို့မှုများမရှိတော့ပြီဖြစ်၍ထိုင်းနှင့်တရုတ်ပစ္စည်းများကိုအနီးကပ်ယှဉ်ပြိုင်မည်ဟူသောရည်ရွယ်ချက်ဖြင့်နိုင်ငံခြားကုမ္မဏီများ
သည်နယ်စပ်ဒေသများတွင်အပြိုင်အဆိုင်အခြေချကြလေတော့သည်။

အနိုင်ရပါတီမှသမ္မတဖြစ်လာသူကထုတ်သည့်ပထမဦးဆုံးကြေငြာချက်တွင်နိုင်ငံတော်အဆင့်ဧည့်သည်တော်များမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လျှင်ဒေါ်အောင်ဆန်းစုကြည်အားအရိုအသေသွားရောက်ပြုပြီးမှသာလျှင်မိမိလက်ခံတွေ့ဆုံမည်ဟုပါရှိသည်။

လွှတ်တော်တွင်တွင်ပြည်သူများအတွက်အခမဲ့ကျမ်းမာရေးအစီအစဉ်နှင့်ပတ်သက်၍အာဏာရပါတီမှဦးမင်းကိုနိုင်နှင့်အတိုက်အခံပါတီမှဦးကိုကိုကြီးတို့အခြေအတင်အငြင်းပွားရာမှထောင်ထဲတွင်တည့်ခဲ့သလောက်လွှတ်တော်ထဲတွင်တွန်းလားထိုးလားတွေဖြစ်ကြရာမြန်မာ
တိုင်းမဂ္ဂဇင်းကြီးကပုံများဖြင့်တခမ်းတနားဖေါ်ပြခဲ့ရာကိုမင်းကိုနိုင်မှန်သည်ဟုသမ္မတအိုဘားမားကမှတ်ချက်ချခဲ့သည်။

ထိုအချိန်မှစ၍တိုင်းရင်းသားပြည်သူနှင့်အန်အယ်ဒီပါတီကြားတွင်ပြဿနာကြီးထွားလာခဲ့ရသည်။အန်အယ်ဒီပါတီဝင်များကဒေါ်အောင် ဆန်းစုကြည်ကိုမိခင်ပါတီတွင်သာရှိစေလိုသည်။ပြည်သူတွေကငြိမ်းချမ်းရေးဗိသုကာအဖြစ်အစဉ်ထာဝရဂုဏ်ပြုချင်သည်။

ဘယ်သူ့ဖက်ကနိုင်မလဲသိလိုစိတ်ကြီးချိန်လာမှာလန့်နိုးသွားတော့ရင်မှာတလှပ်လှပ်ဖြစ်နေတာကအိပ်မက်နှင့်အတူပါမသွားပေ။

(အိပ်မက်ဟူသည် မိမိကိုယ်ကိုညာမရသော လိုချင်တောင့်တဖြစ်တည်မှုဖြစ်သည်)


ရဲရင့်ငယ်(၁၇.၁၁.၂၀၁၀)




ရေပေါ်ပါတီမြန်မာပြည်



အမေစုကိုပြည်သူရောကမ္ဘာကပါထောက်ခံတာတွေ့ရတော့ပေါင်းချင်သလိုအသံထွက်..
ရွေးကောက်ပွဲမှာနအဖကဟိုဒင်းအလုပ်ခံထားရတာကိုလည်းမခံချိမခံသာ...
အမတ်နေရာလည်းမရ၊ပါတီပျက်မှာလည်းကြောက်၊ရွေးကောက်ပွဲမသမာမှုကိုတောင်တရားဝင်မတိုင်ကြားရဲ.....
အမေစုနဲ့ပေါင်းဖို့အစည်းအဝေးမခေါ်ရသေးလို့ပါဆိုတာကပါသေးတယ်...
မဟုတ်တာကိုတိုက်ချင်တာလား...မဟုတ်သလိုနေချင်တာလား..
အမေစုနဲ့ပေါင်းရင်တော့တိုက်ရမှာနော်...ပါတီပျက်ရင်လည်းပျက်မယ်..ထောင်ကျကောင်းလည်းကျမယ်..
စဉ်းစားနော်...စဉ်စား....။
အမေစုရေ..လာပေါင်းချင်တဲ့ပါတီလက်ညှိးထိပ်အပ်စိုက်ပြီးစမ်းမယ်ကြေငြာလိုက်.....

(ပါတီအားလုံးကိုမစွတ်စွဲပါ...အချို့...အချို့....အချို့.....)

17 Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/ckvf70bxyfq70yt/17%20Nov%202010%20Yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/38mgcib33pa8wir/17%20Nov%202010%20Yeyintnge%27s%20Diary.doc

17 Nov 2010 Yeyintnge's Diary

လူဆိုး သူခိုး ကြီးစိုးတော့မယ့် ဒို့နိုင်ငံ

လူဆိုး သူခိုး ကြီးစိုးတော့မယ့် ဒို့နိုင်ငံ

ဒေါ်အောင်ဆန်းစုကြည် AIDS ဝေဒနာရှင်များအား တွေ့ဆုံအားပေး



11.17.2010

ဒေါ်အောင်ဆန်းစုကြည် AIDS ဝေဒနာရှင်များအား တွေ့ဆုံအားပေး

Photobucket
Photobucket
Photobucket
ရန်ကုန် နိုဝင်ဘာ ၁၇။
တောင်ဒဂုံ မြို့နယ်ရှိ HIV နှင့် Aids လူနာများကူညီစောင့်ရှောက်ရေး ဂေဟာတစ်ခုသို့ သွားရောက် အားပေးခဲ့ပြီးနောက် စုစည်းလာသော ရာနှင့်ချီသော ပြည်သူလူထုများကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့ပါသည်။
ထိုသို့ပြောခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က လူသားတိုင်းတွင် လူသားဆိုင်ရာ အခွင့်အရေးများရှိသဖြင့် မည်သူမဆို လူသားဆိုင်ရာ အခွင့်ရေးများရရှိရမည်ကို UNံ Human rights center က တာဝန်ခံထားပြီး ဖြစ်သည်ဟု ပြောဆိုခဲ့သလို၊ သူမအနေနှင့်လည်း ထိုဝေဒနာသည်များ၏ ဘဝနေထိုင်မှု မြင့်မား လာစေရေးအတွက် ကူညီဆောင်ရွက်သွားမည်ဟု လာရောက်နားထောင်သော ပြည်သူလူထုများရှေ့တွင် ဂတိပြု ပြောဆိုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် AIDS လူနာများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ ယနေ့ နေ့လည် ၂နာရီက ရောက်ရှိခဲ့ပြီး ဝေဒနာသည်များကို အနီရောင် နှင်းဆီပန်းများ လက်ဆောင်ပေးခဲ့ပြီး တစ်ဦးချင်းစီကို ရင်းနှီးစွာ နှုတ်ဆက် အားပေးခဲ့ပါသည်။ ထို့အပြင် လူနာများကို သူမတို့ပါတီအနေဖြင့် တတ်စွမ်းသမျှ ကူညီ သွားမည်ဟု ဂတိပြုပြောဆိုခဲ့ပါသည်။
ထူးဆန်းသည်မှာ နအဖ၏ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်သတင်းယူရန် တာဝန်ရှိသူများမှာ ယခုတစ်ကြိမ်တွင်မူ အနီးအနားသို့ ကပ်လာခြင်း မရှိပဲ အဝေးမှပင် စောင့်ကြည့်နေခဲ့ကြသည်ဟု သိရပါသည်။
ပြည်တွင်းတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 


The Voice Weekly 6-50 and Its apology to the readers...

စာဖတ်သူများသို့
The Voice Weekly သည် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် ပြောင်းလဲ သွားပြီး ဥပဒေပြုအာဏာ အတွင်းသို့ အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်မည့် နိုင်ငံရေး အင်အားစုများ ရောက်ရှိသွားမည်ဟု ယုံကြည်သည့် အလျောက် ထိုသို့ ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ အခြေအနေသစ်ကို မြင်တွေ့ ရတော့မည်ဖြစ်ကြောင်း အစဉ်တစိုက် မျှော်လင့်ချက်ပေး ရေးသားခဲ့ပါသည်။
ယခုအခါ တဖြည်းဖြည်းပုံပေါ်လာနေသော အခြေအနေ အရပ်ရပ်ကို ကြည့်လျှင် ကျွန်ုပ်တို့၏ ကြိုတင် ခန့်မှန်းရေးသားချက်များ မမှန်ကန်ကြောင်း ထင်ရှားလာနေသည်ကို တွေ့ရသော ကြောင့် The Voice Weekly အနေဖြင့် စာဖတ်သူများကို မဖြစ်နိုင်သော မျှော်လင့်ချက်များ ပေးခဲ့သူအဖြစ် တောင်းပန်ရန် တာဝန်ရှိသည်ဟု ခံစားရပါသည်။
The Voice Weekly အနေဖြင့် ခန့်မှန်း ရေးသားခဲ့မှုများ မှားယွင်း သွားသည့်တိုင် မိမိတို့ အနေဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ ရာနှုန်းပြည့် မှန်ကန်မှုရှိကြောင်းကိုမူ ထပ်မံ၍ ပြောကြားလိုပါသည်။
The Voice Weekly တွင် ရေးသားဖော်ပြခဲ့သော သုံးသပ်ချက်အားလုံးသည် ရာနှုန်းပြည့် ရိုးသား ဖြောင့်မတ်မှု ရှိပြီး နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ မှန်ကန်မှုရှိကြောင်း မှတ်ကျောက်တင်ခံနိုင်ပါသည်။ ထို့အပြင် မည်သည့် Stakeholder တစ်ဖက်ဖက်ကိုမျှ နိမ့်ပါးစေလိုသော ဆန္ဒမရှိဘဲ နှစ်ဖက် Win –Win အလို့ငှာသာ ရည်ရွယ်ခဲ့ကြောင်း ကိုလည်း မှတ်ကျောက်တင်ခံနိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ The Voice Weekly ၏ ခန့်မှန်းသုံးသပ်ချက်များ မှားယွင်းခဲ့ကြောင်းကိုမူ စာဖတ်သူများသို့ ရိုးသားစွာ ၀န်ခံလိုပါသည်။ မိမိတို့ ၏ စေတနာအမှားသာလျှင်ဖြစ်၍ စာဖတ်သူများအား မျှော်လင့်ချက်အမှား ပေးရာ ရောက်ခဲ့လျှင်လည်း ကျွန်ုပ်တို့၏ အနူးအညွတ် တောင်းပန်မှုကို လက်ခံ၍ စာဖတ်သူများက ခွင့်လွှတ် ပေးကြမည်ဟု ယုံကြည်ပါသည်။
The Voice Weekly အနေဖြင့်မူ မိမိတို့ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း နိုင်ငံနှင့် လူမျိုး အတွက် မလျှော့သော ဇွဲလုံ့လဖြင့် ဆက်လက် တာဝန် ထမ်းဆောင်ပါမည့် အကြောင်း စာဖတ်သူများသို့ တစ်ပါတည်း အသိပေး လိုက်ပါသည်။
အယ်ဒီတာ (၉-၁၁-၂၀၁၀)

http://www.multiupload.com/ECNU8A1CS4

The Voice 6-50

Background Paper on Daw Aung San Suu Kyi

Background Paper on Daw Aung San Suu Kyi

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၇)


(Choosing Right Path and Real Politics)

၂၁ရာစုပင်လုံညီလာခံ၊ Non-violent Revolution၊ တတိယအင်အားစုနှင့် ၂၀၁၀ ရွေးကောက်ပွဲ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းနှင့်အတူ နေအရုဏ်မှာ ကြာပဒုံပွင့်လိုက်သလို မျှော်လင့်ချက်တွေ၊ အားသစ် မာန်သစ်တွေ၊ ညီညွတ်ရေးအသံတွေက ဘဝဂ်ကြားအောင် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ညံထွက်လာပါတယ်။ မျော့မျော့လေးသာ ရှိနေတော့တယ်လို့ ထင်ရတဲ့ နိုင်ငံရေးလူမမာသည် “တွေ့ဆုံဆွေးနွေး အဖြေရှာရေး”ကတောင် ရုတ်တရက် ငုတ်တုတ်ကြီး ထထိုင်လာသလိုပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူသစ်ဆန်းလာတဲ့ နိုင်ငံရေးခေါင်းစဉ်တွေ အများအပြားထဲက အချို့ကို ကောက်နှုတ် ဆွေးနွေးကြည့်လိုပါတယ်။

၂၁ရာစု ပင်လုံညီလာခံ

၂၁ရာစုနှင့် ပင်လုံညီလာခံ စကားလုံးနှစ်လုံးကို ပေါင်းစပ်မှုဟာ အခုလို အချိန်အခါမျိုးမှာ အတော်လေးထူးခြား လေးနက်လှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်မတန်အရေးပါတဲ့ အချိန်ကိုက် မှုဝါဒရေးဆိုင်ရာ လမ်းညွှန်မှု(Brainchild)လို့ မြင်မိတယ်။ ၂၁ရာစု ပင်လုံညီလာခံဆိုတဲ့ ဝေါဟာရကို မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ပထမဆုံး အနေနှင့် နိုဝင်္ဘာ၁၅၊ ၂၀၁၀ အာအက်ဖ်အေ ဆရာဦးဝင်းတင်နှင့် ဦးဘိုလှတင့် ဆွေးနွေးခဏ်းမှာ ဆရာဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အဖြစ် အကြိမ်ကြိမ် ရည်ညွန်းဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုအကြောင်းပြောတိုင်း ပင်လုံ စိတ်ဓါတ်၊ ပင်လုံ အတွေးအခေါ်၊ ပင်လုံ ပဋိညာဉ်ဆိုတာတွေကို ကျုပ်တို့တွေ အခိုင်အမာ ဆိုကြပါတယ်။ ဒီပင်လုံ စိတ်ဓါတ်၊ ပင်လုံ အတွေးအခေါ်၊ ပင်လုံ ပဋိညာဉ်တွေ ပြန်လည် ဆန်းသစ်မဲ့ ဒုတိယ ပင်လုံညီလာခံကို ၂၁ရာစု အတွေးအခေါ်တွေနှင့်အညီ ကျင်းပဖို့ လိုအပ်နေတယ်လို့ ကျုပ်တို့အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က စိမ်ခေါ်(Challenge)လိုက်ခြင်း ဖြစ်ပါတယ်။

၂၀၁၀ခု အိုင်တီခေတ်(Internet Technology) ဖြစ်နေလို့ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကလို သံကြိုးစာ(Telegram)တွေအစား ခေတ်ပေါ် emails, Tax massages, Teleconferencesတွေ သုံးနိုင်တာကြောင့် ၂၁ရာစု ပင်လုံညီလာခံလို့ အဓိပ္ပါယ်ဖွင့်ခြင်းဆိုရင်တော့ နိုင်ငံရေးအနှစ်သာရပျောက်ပြီး သိပ်ဟန်ကျမယ် မထင်ပါဘူး။ တကယ်တော့ ၁၉၄၇ခုနှစ် အင်္ဂလိပ်လက်အောက်က လွတ်မြောက်ကာစ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတွေနှင့် ယနေ့၂၁ရာစု မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတွေ မတူတော့ဘူးဆိုတာကို အသိအမှတ်ပြုထားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခြင်းသာဖြစ်တယ်လို့ ယုံကြည်တယ်။ ထင်ရှားအောင် ဥပမာပေးရရင် ၁၉၄၈ ပါလက်စတိုင်းဒေသမှာ အစ္စရေးနိုင်ငံ စတင်တည်ထောင်စဉ်က ကာလမျိုး၊ ၁၉၄၈ အိန္ဒိယလွတ်လပ်ရေးရစဉ် ကက်ရှ်မီးယားဒေသ အခြေအနေမျိုးကို အခုကာလမှာ အတိအကျ ပြန်သွားလို့ မရနိုင်သလိုပါဘဲ။ သို့သော် ၁၉၄၇ကာလဘဲဖြစ်ဖြစ်၊ ၂၁ရာစုဘဲဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်၊ အမျိုးသားရေး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်စတဲ့ မွေးရာပါ မူလဘူတ အခွင့်အရေးတွေကတော့ ဈေးဆစ်လို့မရဘူးဆိုတာကိုတော့ လက္ခံကြဖို့ လိုပါတယ်။ ဒီအတိုင်းဘဲ ယနေ့၂၁ရာစု မှတ်ကျောက်တွေဖြစ်တဲ့ အခြေခံ လူ့အခွင့်အရေးတွေ၊ အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေကိုလည်း မူးတင်း ပဲတင်းလုပ်လို့ မရပါဘူး။

ထင်ရှားတဲ့ ပြည်ပတိုင်းရင်းသားခေါင်းဆောင်နှစ်ဦး လွန်ခဲ့တဲ့သုံးနှစ်လောက်က အိန္ဒိယရောက်စဉ်မှာ “In a country as diverse as Myanmar, Democracy can only be a Transition”ဆိုပြီး ပြောခဲ့တာမျိုးကိုတော့ သတိထားဖို့ လိုပါတယ်။ ဒီမိုကရေစီကို ကြားကာလအတွက်ဘဲ သုံးမယ်ဆိုရင် အမြဲတမ်းကျင့်သုံးမှာက စစ်အာဏာရှင်စနစ်ကို မြေရှင်ပဒေသရာဇ်စနစ်က အစားထိုးနေရာယူမဲ့ စော်ဘွား၊ စော်ခံ၊ တောင်ပိုင်၊ တောင်အုပ်စနစ်လားလို့ မေးရမလို ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ လိုင်းကားတွေ ပြတ်တုန်း အရေးပေါ် ဖြတ်ခုတ်တတ်တဲ့ ကြားကားမဟုတ်ပါဘူး။ ၂၁ရာစု လူ့အဖွဲ့အစည်းကြီး ငြိမ်းချမ်း စည်ပင် တိုးတက်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အမြဲတမ်း ပင်မယာဉ်ကြီး(Permanent Principal vehicle) ဖြစ်ပါတယ်။

တကဲ့စိန်ခေါ်မှုက တိုင်းရင်းသားတိုင်းရဲ့ မူလဘူတ ရပိုင်ခွင့်တွေကို ၂၁ရာစုနှစ် လူမှုဘဝ အခြေအနေတွေနှင့် ကိုက်ညီအောင် ဘယ်လို အဓိပ္ပါယ်ဖွင့် အကောင်အထည်ဖေါ် ကျင့်သုံးမလဲဆိုတာကို မြန်မာအပါအဝင် တိုင်းရင်းသားခေါင်းဆောင်အားလုံးက သမိုင်းဝင် ဒုတိယ ပင်လုံညီလာခံကြီးမှာ အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှု၊ ချစ်ကြည်မှုတွေ အခြေခံပြီး အကြေအလည် စုပေါင်းညှိနှိုင်း အဖြေရှာနိုင်ဖို့ ဖြစ်ပါတယ်။

Non-violent Revolution (ငြိမ်းချမ်းသော တော်လှန်ရေး)

နိုဝင်္ဘာ၁၅၊ ၂၀၁၀ခု John Simpson(BBC) မေးမြန်းခဏ်းမှာ ဒေါ်အောင်ဆန်းစုကြည်က
"I think we also have to try to make this thing happen... Velvet revolution sounds a little strange in the context of the military, but a non-violent revolution. Let's put it that way," she said.
Non-violent(အကြမ်းမဖက်သော/ငြိမ်းချမ်းသော)နှင့် Revolution(တော်လှန်ရေး)ဆိုတဲ့ ယေဘုယျအားဖြင့် ဆန့်ကျင်ဘက်သဘောဆောင်(Oxymoron)တယ်လို့ ယူဆနိုင်တဲ့ ဝေါဟာရနှစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က ရဲရဲဝန့်ဝန့် စတင်ပေါင်းစပ် အသုံးပြုလိုက်ခြင်းဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ အခြေခံအဆောက်အဦးကအစ အရှိန်အဟုန်နှင့် ပြောင်းလဲပစ်ခြင်း (Radical/Noticable/Great Change for Better)လို့ ဒေါ်အောင်ဆန်းစုကြည်က အဓိပ္ပါယ်ဖွင့်ပြီး အဲဒီတော်လှန်ရေးကို ငြိမ်းချမ်းသောနည်း(Non-violent Way)အားဖြင့် မဖြစ်မနေ ပြောင်းလဲပစ်စေမယ်လို့ အခိုင်အမာဆိုလိုက်ခြင်းဖြစ်ပါတယ်။ ကြွေးကြော်သံ(Motto)က ငြိမ်းချမ်းသော တော်လှန်ရေးဖြစ်ပါတယ်။

သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ခံစစ်ဆန်လွန်းပြီး လှုပ်ယှားမှုကင်းမဲ့သော အကြမ်းမဖက်နည်း(Passive Non-violence) မဟုတ်ဘဲ ထက်မြက်တက်ကြွပြီး ဦးဆောင်မှုပေးနိုင်သော အကြမ်းမဖက်နည်း (Active Non-violence) ဖြစ်သင့်တယ်လို့ RFAရဲ့ နိုဝင်္ဘာ၁၅၊ ၂၀၁၀ ညပိုင်းအစီအစဉ်မှာ ပြောကြားသွားပါသေးတယ်။

တတိယအင်အားစု

တတိယအုပ်စုနှင့် ပတ်သက်ပြီး မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က တတိယဖြစ်ဖြစ်၊ စတုတ္ထဖြစ်ဖြစ်၊ ပဉ္စမဖြစ်ဖြစ် အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားသွားပါတယ်။ ဘုံအကျိုးအတွက် ဘုံလုပ်ငန်းစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်ကြတယ် ဆိုကတည်းက အင်အားစုတွေက တပေါင်းတစည်းတည်းဖြစ်သွားပြီး အင်အားစု တစ်ခုတည်း ဖြစ်သွားတာကို တတိယအင်အားစုဆိုသူတွေ သတိမူဖို့ လိုပါတယ်။

ဒီမိုကရေစီ အခြေခံစံတွေ အာမခံချက်ရှိတဲ့ နိုင်ငံတွေက နိုင်ငံရေးပါတီတွေ၊ အယူဝါဒတွေကြားမှာ တတိယအင်အားစုတို့၊ Tea Partyတို့၊ (Ralph) Nader Factor တို့ဆိုတာ ရှိနိုင်ပါတယ်။ နိုင်ငံရေးနှင့် သဘာဝအားဖြင့် ပတ်သက်မှု မရှိတတ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အင်ဂျီအို(NGO)တွေက လူမှုရေးလုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် မရှိတဲ့၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိလို့ သတင်းလွတ်လပ်ခွင့်ရအောင် မီဒီယာတွေကိုယ်တိုင်က မိမိအခွင့်အရေးတွေကို မိမိကိုယ်တိုင် တိုက်ယူနေရတဲ့ ကျုပ်တို့နိုင်ငံမျိုးမှာ ပါတီနိုင်ငံရေး အင်ပြည့်အားပြည့် မရှင်သန်နိုင်သေးတာမို့ တတိယအင်အားစုဆိုတာ မရှိနိုင် မရှိကောင်းပါ။ အင်ဂျီအိုတွေ၊ မီဒီယာတွေ၊ တတိယအင်အားစုတွေဘဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုး၊ အဖွဲ့အစည်းမျိုးဖြစ်ဖြစ် အားလုံးက ဖိနှိပ်သူ စစ်အာဏာရှင်စနစ်ကို မိမိနည်း မိမိဟန်နှင့် ဆန့်ကျင်နေကြရတာ ဖြစ်သောကြောင့် ကြားနေမယ်ဆိုခြင်းသည်ပင် ပြသနာတွေကို မှန်မှန်ကန်ကန် မရှုမြင်နိုင်မှု(Illusion)သာ ဖြစ်ပါတယ်။ အင်အားစုအားလုံး အလွှာအားလုံး အမျိုးသားနိုင်ငံရေး ခေါင်းစဉ်အောက်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်နေဖို့ လိုပါတယ်။

ဒီနေရာမှာ အပိုင်းနှစ်ပိုင်းရှိနေပါတယ်။ ပထမပိုင်းက ညီညွတ်အားကောင်းသော အမျိုးသားနိုင်ငံရေး နိုးကြားလှုပ်ယှားမှုကြီး ပေါ်ထွန်းရေးဖြစ်ပါတယ်။ ဒုတိယပိုင်းဖြစ်တဲ့ အမျိုးသားနိုင်ငံရေး လှုပ်ယှားမှုကြီးကို အောင်မြင်စွာ ပွဲသိမ်း အကောင်အထည်ဖေါ်နိုင်ရေးပိုင်းမှာကျတော့ တပ်မတော်က မပါမဖြစ် ပါဝင်လာရေးက အခြေခံ လိုအပ်ချက်ကြီး ဖြစ်နေပြန်ပါတယ်။ တပ်မတော်ပါဝင်လာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က BBCနှင့် တွေ့ဆုံခဏ်းမှာဘဲ

"I don't want to see the military falling. I want to see the military rising to dignified heights of professionalism and true patriotism," she said. တပ်မတော်ကို ဂုဏ်သိက္ခာမြင့်မားစေ၊ တပ်မတော်သားကောင်း ပီသစေ၊ တိုင်းချစ်ပြည်ချစ်စိတ် ထားရှိပုံ မှန်ကန်စေလိုမှုတွေကို ပြောကြားခဲ့ပါတယ်။ တပ်မတော်ရဲ့ ယုံကြည်စိတ်ချမှုကို မရရအောင် ပြည်သူလူထု အကူအညီနှင့် ဒေါ်အောင်ဆန်းစုကြည် စွမ်းဆောင်ရယူနိုင်ဖို့ လိုပါတယ်။


၂၀၁၀ ရွေးကောက်ပဲ

၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးတော့မယ်ဆိုမှ ၂၀၁၀ ရွေးကောက်ပွဲက ရှာမတွေ့ဘူးဖြစ်နေတယ်။ ခေါ်မကြား၊ အော်မကြားနဲ့၊ ဘယ်ကြမ်းပေါက်က ပြုတ်ကျသွားသလဲ မသိ။ နေမင်းကြီး ပေါ်ထွက်လာလို့ မြူညစ် မြူခိုးတွေ လွင့်စင် ပျောက်ကွယ်သွားကုန်သလိုများ ဖြစ်နေရော့သလား။

တဒေါင့်ဒေါင့်မှာတော့ ပြန်တွေ့မှာပါလေ။ ရှာတွေ့မှဘဲ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဆက်ပြောကြတာပေါ့။



အောင်ထီ
နိုဝင်္ဘာ ၁၇၊ ၂၀၁၀

CRPRP17

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်း

googleတွင်နားဆင်ရန်
အောင်ဆန်းစုကြည် by yeyintnge


                 အောင်ဆန်းစုကြည်
                                                           သံစဉ်/စာသား..ကုမာရ
                                                           တေးဆို..ခွပ်ဒေါင်းမျိုးဆက်သစ်ညီအစ်ကိုများ
                                                          
တေးဆို .ထက်အောင်ရှိုင်းနှင့်ညီအကိုမျာ
KEY:A
 
A                D                A        A                      D                  Aဒီနေ့ ဒီရက် ဒီအခါ ဒီရာသီလေးမှာ .. လူသားလေး တဦးက ဒီမြေ ဒီရေ မှာမွေးဖွား ..
       D                A               G            A
ကြိုစိုသည် ကမ်းလင့်သည် လောကကြီးကဆိုခဲ့သည်..
    A                     D                            A          A               D      
လူသားလေးရဲ့ဘ၀ ရှင်သန်တာ ပြည်သူတွေအတွက်ပါ .. သူပေးစပ်ခဲ့သမျှ ရာဇ၀င်တွေ
        A
တွင်ရစ်ပြီ
   
D                    A         G         A            G        A             G           A   
အာဇာနည် ကျွန်ုပ်တို့၏ နှလုံးသား၏ အမိသည်  အောင်ဆန်းစုကြည် ..  အောင်ဆန်းစုကြည်
  A                       D                      A                           G 
အိုမေမေ ရေ ပြည်သူတွေရင်မှာလေထင်ကျန်နေ မြင်ယောင်နေ အမေ့ရဲ့အပြုံး အမေ့ပုံရိပ်
          A
စွဲကျန်နေ
  A                          D                         A                                 G
အိုမေမေ ရေ ပြည်သူတွေရင်မှာလေထင်ကျန်နေ မြင်ယောင်နေ အမေ့ရဲ့အပြုံး အမေ့ပုံရိပ်
        A      G               A          G           A
စွဲကျန်နေ အောင်ဆန်းစုကြည်  .. အောင်ဆန်းစုကြည်  

ရန်ကုန် စီးတီးစတားဟော်တယ်တွင် ဗုံးလို့ သံသယဖြစ်ဖွယ်ပစ္စည်း တွေ့ရှိ

Su free unite & advance to grab the hope

file download here

18/11/2010 first eleven journal. Please read carefully all the scarlet Red letter.

f1124

PFOB chair statement on Burma elections and Aung San Suu Kyi




Canada Parliamentary friend of Burma(PFOB) Chair Decries Absurd Election Complaint Fees and Calls on the Military and its Proxy Party to Protect Aung San Suu Kyi


November 16, 2010

It is absurdly difficult to make a complaint about the recent sham elections in Burma orchestrated by the military and their party USDP. To make a single complaint costs about 5 times your annual income. And if the complaint is determined to be unfounded, you can be fined about 15 times your annual salary. “This is absurd” said PFOB Chair the Honourable Larry Bagnell M.P. Yukon.

“This is simply an extension of the illegitimacy of the entire process, where certain parties were not allowed to present candidates, certain regions of the country were not allowed to vote, and the costs to register as a candidate for the election were prohibitive”.

I also wish to remind the military regime and their party, USDP, that they are responsible for Aung San Suu Kyi’s safety now that she has been released from House Arrest. The regime tried twice to assassinate her (and a hundred of her NLD party members were killed in the latest attempt). “Any future attempts will likely be more sophisticated,” suggested PFOB Chair Hon. Larry Bagnell M.P.

For Information: Hon. Larry Bagnell M.P. 613 995 9368