Saturday, November 20, 2010

20Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/bu1vda1tpxqvyuc/20%20Nov%202010%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/n0b5zmeiewswmxn/20%20Nov%202010%20Yeyintnge%27s%20Diary.pdf
20 Nov 2010 Yeyintnge's Diary

စစ်အာဏာရှင်ခေါင်းဆောင်ကြီးသုံးဦး ၏ ပိုင်ဆိုင်မှုစာရင်း အကြမ်းဖျဉ်း

၂၀၁၀ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်ထားခံကြရမဲ့ သမတ၊ ဒုသမတတွေ၊ ကာကွယ်ရေးဦးစီး ချုပ်တွေရော၊ ပိုင်ဆိုင်မှု စာရင်း တင်ပြခြင်းမှ ကင်းလွတ်ခွင့်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှု (ခန့်မှန်း) စာရင်းကို ပြည်သူတွေ သိထားသင့်ပါတယ်။ (ဒီစာရင်းကို ၎င်းတို့နဲ့ နီးစပ်တဲ့ စစ်အရာရှိကြီး တဦးမှ ခန့်မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။

သားသမီး(၈)ယောက်ရှိပါတယ်။ တယောက်ကိုအနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာနေကြပါတယ်။ မိသားစု(၁၀)ယောက်ဆိုတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။ ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ်မယကရုံးဝင်း ကြီးကို သမီးအလတ်ဖြစ်တဲ့ မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။ ကာလပေါက်ဈေးမြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။ ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ တပ်မတော်ပိုင်မြေကွက်များ ကိုလည်းသမီး မသြ(ခ)ကြည်ကြည်ရွှေ နာမည် ပေါက်များအဖြစ် လုပ်ဆောင်ပြောင်းလဲပေးခဲ့ရပါတယ်
။ Myanmar Infotech ရုံးဖွင့်ထားတဲ့ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ ( စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။
.
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။


သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊ တူမတွေ အလွန်များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း အမေရိကန်ဒေါ်လာ သန်း ပေါင်း(၁၀၀)ထက် မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊ Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့် ရရှိထားတာကြောင့် တနှစ်ကို ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှုကိုတော့ တွက်ချက်လို့ မရနိုင်အောင်ပါဘဲ။

ဗိုလ်ချုပ်ကြီးသူရရွှေမန်း။ ။

သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့ တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ်ယူထားပြီး စီးပွားရေး သောင်းကျန်းမှု မှာတော့ ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင် ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။ အငယ်ဖြစ်သူ အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ ရောင်းစားနေသူတဦးပါ။ ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာသန်း (၁၀၀၀) ခန့်ရှိပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းအဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့ ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင် ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀၀)ခန့်ရှိပါတယ်။ အဲဒီငွေပမာဏနဲ့ မြန်မာတစ်နိုင်ငံလုံးကို (၂၄)နာရီ မီးလင်းအောင် လုပ်လို့ရပါတယ်။ လမ်းတွေပြင်လို့ရပါတယ်။ ဆေးရုံတွေပြင်လို့ရပါတယ်။ စာသင်ကျောင်းတွေ ပြင်ဆင် တိုးချဲ့ဆောက်လုပ် နိုင်ပါတယ်။

ရိုးရိုးသားသားနဲ့ ရှာဖွေထားတာမဟုတ်ဘဲ နိုင်ငံပိုင်ငွေကြေးတွေကို မတရားတဲ့နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်ရယူထားတာကြောင့် ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ပိုင်ဆိုင်မှုစာရင်းကို တိုင်းပြည်နဲ့ပြည်သူလူ ထုထံကြေငြာတင်ပြရန် အထူး ကြောက်ရွံ့နေကြခြင်းသာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။


လေးစားစွာဖြင့်၊
သူရဲကောင်း။

http://arzarni.blogspot.com/

“အောင်ဆန်းစုကြည်၊ အိုမာ ဘာခရီ နှင့် လူ့အခွင့်အရေးနိုင်ငံရေး”


November 20th, 2010

လူသားတယောက်ဖြစ်ရတဲ့ဘ၀ အကျိုးပေးကြောင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မကြာ ခင်လေးကလွတ်မြောက်လာမှုကို မြင်တွေ့ခွင့်ရလိုက် တာပါတယ်။ ဒါပေမယ့် အဲဒါဟာ အိုမာဘာခရီ မိုဟာမက်ရဲ့ လွတ်မြောက်မှုမျိုးတော့ မ ဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အာဏာရှင်တွေကို ပွင့်ပွင့်လင်းပြော ဆိုမှုနဲ့သူမရဲ့နိုင်ငံရေးလှုပ်ရှားဆောင် ရွက်မှုတွေကြောင့်နှစ်ပေါင်းများစွာ နေအိမ်အ ကျယ်ချုပ် အချုပ်ခံခဲ့ရတာဖြစ်ပါတယ်။ အိုမာဘာခရီ ကတော့ အကြမ်းဖက်မှု ကျူးလွန်ခံ တာတွေအတွက် အပြစ်မှုထင်ရှားတွေ့ရှိခဲ့ရလို့ ထောင်ဒဏ်တသက်ကျခံ ခဲ့ရတာဖြစ်ပါ တယ်။ သူတို့က သူ့ကို ၂၀၀၇ ခုနှစ် နရားလ်ဘားရဒ် ပဋိပက္ခ မတိုင်ခင် လက်ဘနွန်

ကြည်းတပ် စစ်သားတွေကို စွန်နီတွေက အကြမ်းဖက် တိုက်ခိုက်မှုမှာ စေ့ဆော်ဆောင် ရွက်ခဲ့တယ်လို့လည်းစွတ်စွဲခဲ့ပါတယ်။

နောက်သူဟာ လက်ဘနွန်အာဏာပိုင်တွေကို လျှော့ပါး အားနည်းသွားအောင်လုပ်မှုနဲ့ လူသတ်မှုတွေအတွက်လည်း စွတ်စွဲခံခဲ့ရပါတယ်။ သူဟာ ဗြိတိန်အစိုးရရဲ့ ပိတ်ပင်တား မြစ်မှုနဲ့ နှစ်ပေါင်း ၂၀ ကြာနေထိုင်၊သူ့နေရပ် ထရီပိုလီမှာ စကားပြောဆို ခဲ့အပြီးမှာ တော့ သူဟာ မွတ်ဆလင်တယောက်ဖြစ်လို့ ဗြိတိန်မှာ အပြစ်ရှိခဲ့ပြီး အခု မွတ်ဆလင်တ ယောက် ဖြစ်မှုကြောင့်ပဲ လက်ဘနွန်မှာ အပြစ်ရှိနေတာဖြစ်တယ်လို့ ယုံကြည်လိုက်ပါ တယ်။ အိုမာဘာခရီ ခုထိအဖမ်းခံနေရဆဲဖြစ်ပြီးသူ့မှာ အပြစ်မရှိပါဘူးလို့ပြောဆိုနေရ ပါ တယ်။ သူဟာ တမင်ဖန်တည်းထားတဲ့ တရားရုံးတွေနဲ့ ဖက်ပြိုင်ရင်ဆိုင်နေရတာဖြစ် တယ်ဆိုတာကို သိနေခဲ့ပြီး အကြမ်းဖက်မှုတွေကို ရှုံ့ချဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပါ တယ်။ သူက သူ့ကိုဖမ်းဆီးထောင်ချတာကို လိုလားတဲ့သူတွေဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ယုံကြည်မှုမရှိသူတွေလို့ယူဆပါတယ်။

လူ့အခွင့်အရေးဆိုတာကတော့ ဒီကနေ့ခေတ်မီ ဒီမိုကရေစီနိုင်ငံတွေရဲ့ ဖွံဖြိုးတိုးတက်မှု နဲ့ တသားတည်း တွယ်ဖွဲ့ထားတာဖြစ်ပါတယ်။ ဒီမိုကရေစီဟာ လူများစုအုပ်ချုပ်ရေးဖြစ် ပြီး လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ အခွင့်အရေး အကာအကွယ်ပေးခြင်းလည်း ဖြစ်ပါတယ်။ ဒါ ပေမယ့် လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ လူ့အခွင့်အရေးဟာ တချို့အခွင့်အရေးတွေကို ခြိမ်း ခြောက်မှုတခုအဖြစ် ဒါမှမဟုတ် တာဝန်ကို ငြင်းဆန်လက်မခံမှု တခုအဖြစ် သတ်မှတ် သဘောထားတဲ့ ခိုင်မာတဲ့ဒီမိုကရေစီစနစ်နဲ့ တခါတရံ ဆန့်ကျင်ကွဲလွဲကောင်း ကွဲလွဲနိုင် ပါတယ်။ ဒီကနေ့ခေတ်ဒီမိုကရေစီ နိုင်ငံတွေရဲ့ ပြသနာကြီးတခုကတော့ လူပုဂ္ဂိုလ်တဦး ချင်းရဲ့ အခွင့်အရေးဟာ နိုင်ငံရေး စိုးမိုးတည်ငြိမ်မှုပေါ်မှာ မူတည်နေတာလား၊ ဒါမှမ ဟုတ် နိုင်ငံရေး စိုးမိုးတည်ငြိမ်မှု ဟာ လူပုဂ္ဂိုတဦးချင်းရဲ့ အခွင့်အရေးပေါ်မှာ မူတည်နေ တာလား ဆိုတဲ့ပြသနာ ဖြစ်ပါတယ်။

တဘက်ကပြောမယ်ဆိုရင်လည်း ပုဂ္ဂိုလ်တဦးချင်းစီဟာ သဘာဝအရ ကိုလွတ်လပ်၊ ညီ မျှ၊ အမှီအခိုကင်းပါတယ်။ ဒါပေမယ့် လူသားရဲ့သဘာဝက သူတို့ကိုကြမ်းတမ်းပြင်းထန် သွားအောင်လုပ်လိုက်တာပါ။ တကယ်လို့ သူတို့ဟာ လူမှုတာဝန်ယူ လုပ်ဆောင်မှုတခု ပေါ်မှာ သဘောတူညီကြပြီး နိုင်ငံတော် ဒါမှမဟုတ် အချုပ်အခြာ အာဏာတခုအတွက် သူတို့ရဲ့အခွင့်အရေး တချို့ကို စွန့်လွှတ် နိုင်ကြရင် ဖရိုဖရဲဝရုန်းသုန်းကား ဖြစ်စဉ်ထဲက

နေလွတ်မြောက်နိုင်ပါတယ်။ တဘက်က ပြောမယ်ဆိုရင်တော့ တချို့သူတွေက လူသား တွေဟာ ရိုးသားလိုက်လျှောတတ်တဲ့ သဘာဝရှိကြပါတယ်လို့ ယုံကြည်ကြပါတယ်။ ပြည် သူလူထုက ဘ၀၊ လွတ်လပ်မှု၊ ဥစ္စာပစ္စည်းနဲ့ ပျော်ရွှင်ချမ်းမြေ့မှု စတာတွေ လိုသဘာဝ အရ သူတို့ခံစားထိုက်တဲ့ အခွင့်အရေးတွေကို လုံခြုံစိတ်ချရအောင် အစိုးရအဖွဲ့တွေကို တည်ထောင်ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ လူမှုဘ၀ ဒါမှမဟုတ် အမျိုးးသားအကျိုးစီး ပွားကို ခြိမ်းခြောက်လာတဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကိုသာ စွန့်လွှတ်အနစ်နာ ခံကြရမှာဖြစ်ပါတယ်။

အခွင့်အရေးတွေဟာ လွတ်လပ်စွာပြောဆိုခွင့်၊ ကိုယ်းကွယ်ယုံကြည်ခွင့်၊ ဆုတောင်းခွင့်၊ စုရုံးခွင့်နဲ့ဖော်ထုတ်ရေးသားတင်ပြခွင့်တွေထဲမှာ ပါဝင်လာအောင် အဆင့်ဆင့်ဖွံဖြိုးတိုး တက်လာပါတယ်။ တချို့ ဒီမိုကရေစီစနစ်တွေမှာတော့ မဲပေးခွင့်ဆိုင်ရာ အထူးအခွင့်အ ရေးတွေ ခွင့်ပြုပေးထားပြီး တချို့ကတော့ လူမှုဘ၀လုံခြုံရေး၊ လူထုကျန်းမာရေး စောင့် ရှောက်မှု၊ အိုးအိမ်၊ အလုပ်အကိုင်နဲ့ ပညာရေးစတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံရေး စီးပွား ရေးအခွင့်အရေးတွေကိုပါ ပေါင်းဖြည့်ပေးအပ်ကြပါတယ်။ တချို့တွေဆိုရင် ကြောက်ရွံ့မှု၊ လိုအပ်မှု၊ အရိုအသေတန်မှု၊ လူမဆန်မှုတွေလို စိတ်ခံစားမှုဆိုင်ရာ စိတ်ပိုင်းဆိုင်းရာ အ ခွင့်အရေးတွေအပေါ် အလေးထားကြပါတယ်။ ခုထိလည်း တချို့ဒီမိုကရေစီ စနစ်တွေ က လူ့ဂုဏ်သိက္ခာနဲ့ လူတွေရဲ့ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် မရှိ

မဖြစ်လိုအပ်နေတဲ့ လူမှုရေးနဲ့ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးတွေတိုးတက်မြင့်မား အောင်လုပ်ဆောင်နေကြပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ အများစုကတော့ နိုင်ငံအခြေပြု၊ လူပုဂ္ဂိုလ်တဦးချင်းလွတ်လပ် မှု လွတ်လပ်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးဖို့ တရားဥပဒေ စိုးမိုးမှုတွေကို လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကနေ လူများစုအုပ်ချုပ်ရေးရရှိဖို့ အလုပ် လုပ်ကြပါတယ်။ ဒါပေမယ်လို့ အဲဒါတွေဟာ လူ့အခွင့်အရေးကို အာမခံနိုင်ဖို့ အခြေခံ ဘောင်တွေသာ ဖြစ်ပါတယ်။ တခါတရံမှာ ဒီမိုကရေစီနိုင်ငံလို့ဆိုရမယ့် နိုင်ငံတခုက လူ ပုဂ္ဂိုလ်တဦးချင်းတွေအနေနဲ့ လူမှုရေးအရ ပြုပြင်စီရင်တာ၊ စိတ်ဓာတ်ရေးရာနဲ့ စိတ်ခံစား မှုပိုင်းမှာပြုပြင်စီရင်တာ၊ အပြုအမူပိုင်းအရ ထိမ်းချုပ်ကိုင်တွယ်တာတွေကို ခံရနိုင်ပါ တယ်။

ချစ်ခြင်းမေတ္တာ၊ ရိုသေလေးစားမှု၊နားလည်မှု၊ စာနာမှုနဲ့ သည်းခံခြင်း စတာတွေရဲ့ ကျင့် ၀တ်ဆိုင်ရာအခြေခံတွေမရှိဘူး၊ အသိပညာဆိုင်ရာစူးစမ်းမှု၊ ယဉ်ကျးဖွယ်ရာ စကားပြော ဆိုမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှာဖွေတွေ့ရှိမှု၊ လက်ခံမှု စတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အ သွေး တွေမရှိဘူးဆိုရင် လူတယောက်ရဲ့ ဒီမိုကရေစီဟာ တခြားလူတယောက်ရဲ့ အာ ဏာရှင်အုပ်စိုးမှု ဖြစ်လာနိုင်ပါတယ်။

တကယ်လို့သာ ငြိမ်းချမ်းလုံခြုံမှုရှိတဲ့ လူမှုဆိုင်ရာတာဝန်ယူမှု သဘောတူညီချက်နဲ့ ငြိမ် သက်အေးချမ်းမှုတွေအတွက် လိုအပ်တဲ့ ယုံကြည်မှု၊ ပိုင်ဆိုင်မှု၊ တဦးကိုတဦး ယုံကြည်မှု စတဲ့ ပုဂ္ဂိုလ်တဦးချင်းဆိုင်ရာ လူ့အခွင့်အရေးတွေကို လေးစားတန်ဘိုးထားတဲ့ ကောင်း မွန်တဲ့ နိုင်ငံတော်တခု တည်ဆောက်နိုင်ပြီဆိုရင်တော့ အထက်က ကျင့်ဝတ်ဆိုင်ရာ ဒီမို ကရေစီ အခွင့်အရေးတွေကို မျှော်လင့်လို့ရနိုင်ပါတယ်။ စစ်တပ်ဒီမိုကရေစီဆိုတာ က တော့ အကြောက်တရား၊ သံသယ၊ မယုံကြည်မှု၊ စိမ်းကားမှုနဲ့ ၀ါဒဖြန့်ချိမှုတွေပေါ်မှာ တည်ဆောက်ထားတာပါ။ သဘောထားကွဲသူတွေကို နှိပ်ကွပ်ဖမ်းဆီးအကျဉ်းချ နေရင်း နဲ့ပဲ သူတို့တွေက မျိုးချစ်စိတ်ကို သည်းညည်းမခံ အလွန်အကျွံ်တရားသေကျတဲ့ အတွေး အခေါ်တခုထဲက ယုံကြည်မှုတခုအဖြစ် ပြန်ပြီးအဓိပါယ်သတ်မှတ် ထားကြပါတယ်။ အ ကြောက်တရားနဲ့ပဲဖြစ်ဖြစ် လူ မှု ထိမ်းချုပ်မှု နည်းလမ်းတခုနဲ့ပဲဖြစ်ဖြစ် စစ်မှန်တဲ့ အချုပ် အာဏာပိုင်စိုးမှုဟာ အစတေးခံလိုက်ရပါတယ်။ မဲဆန္ဒပေးတယ်ဆိုတာ အတုအယောင် သာဖြစ်ပြီး ဒီမိုကရေစီကတော့ သူ့ရဲ့ အစေ့အိမ်ထဲမှာပဲ ပုပ်ယိပျက်စီးလာခဲ့ပါတယ်။

ထောင်သောင်းချီတဲ့ သူမကိုထောက်ထံသူတွေကို မိန့်ခွန်းပြောခဲ့ရာမှာ ဒီမိုကရေစီရဲ့ အ ခြေခံဟာ လွတ်လပ်စွာပြောဆိုမှုနဲ့ စည်းလုံးညီညွတ်မှု ဖြစ်တယ်လို့ အတိအလင်း ပြော ကြားခဲ့ပါတယ်။ သူမက လိုချင်တာကိုရအောင်ယူဖို့ရာမှာ နည်းမှန်လမ်းမှန်ဖြစ်ရမယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ သူမကိုဖမ်းဆီးထိမ်းသိမ်းထားခဲ့သူတွေအပေါ် အာဃာတ မရှိတဲ့အကြောင်း ပြောဆိုရင်း ပြည်သူလူထုကို မျှော်လင့်ချက်ကို မစွန့်လွှတ်ဖို့နဲ့ စိတ် ပျက်လက်ပျက်မဖြစ်ကြဖို့ အားပေးပြောကြားခဲ့ပါတယ်။

စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ချစ်ခြင်းမေတ္တာ၊ သနား ကရုဏာ၊ ခွင့် လွှတ်မှုနဲ့ သည်းခံခြင်းတရားတွေနဲ့ ပေါင်းဖွဲ့ထားတဲ့လွတ်လပ်စွာ ပြောဆိုခွင့်ကိုရှေ့ရှုတဲ့ ကိုယ်ကျင့်တရားရှိတဲ့ ဒီမိုကရေစီ တိမ်းညွှတ်မှုကို ဘယ်လိုများတုန့်ပြန်မှာပါလဲ။ မြန်မာ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူလူထုကြီးရဲ့ အများကြီး ပိုမို ကောင်းမွန်တဲ့ အနာဂတ်တခုကို မျှော်လင့်ခွင့် အိပ်မက်မက်ခွင့် ယုံကြည်ခွင့်ရှိတဲ့ လူတ ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ဘယ်လိုတုန့်ပြန်လာမလဲဆိုတာ လူတယောက်အနေနဲ့ စဉ်းစားရမှာပါပဲ။ ဒီအချိန်မှာတော့ ထောင်ထဲရောက်၊ စစ်ခုံရုံးနဲ့စီရင်မှုကို ရင်ဆိုင်နေရတဲ့ အိုမာ ဘာခရီ က ဘာသာရေးနဲ့ ကင်းလွတ်တဲ့ ဒီမိုကရေစီနဲ့ သူတို့ချပြထားတဲ့ “ပလီတွေ နဲ့ နိုင်ငံတော်ခွဲခြားရေး” ဆိုတာအပေါ် မေးခွန်းထုတ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုမာဘာခရီ နှစ်ဦးစလုံးက ဘာဖြစ်လို့ တချို့နိုင်ငံတွေကလူ့ အခွင့်အရေးနဲ့ လူပုဂ္ဂိုလ်တဦးချင်းရဲ့လွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုအဖြစ် မြင်နေပေမယ့် တချို့နိုင်ငံတွေက အဲဒီလိုမမြင်ကြသလဲ၊ ဒါမှမဟုတ် တချို့အမျိုးသားနိုင်ငံတွေက လူ့အ ခွင့်အရေးရဖို့တခြား သူတွေရဲ့ လူ့အခွင့်အရေးတွေနဲ့ ရင်းဖို့အပေါ် အလေးအနက်ထား နေရတာလဲဆိုတဲ့ အငြင်းပွားဆွေးနွေးမှုကို ဖြည့်ဆွက်ပေးကြလိမ့်မယ်ဆိုတာ ရှင်းပါ တယ်။

ခုချိန်ထိကတော့ အကျင့်ပျက်ချစားမှု ရုပ်ဝတ္ထုဆံလွန်းမှု၊ စစ်သွေးကြွမှု၊ အတုအယောင် ဖြစ်မှု ဒါမှမဟုတ် ဆတ်ဆတ်ထိမခံတဲ့ ဘာသာတရားအရ (သို့) လောကီရေးသက် သက်အရ လူမှုရေးနဲ့ စိတ်ခံစားမှုအရ ပြုပြင်စီရင်ထားတဲ့ ဒီမိုကရေစီတွေ (တကယ့် ဒီမို ကရေစီ ဖြစ်သလားဆိုတဲ့မေးခွန်းကိုတောင်းနေတဲ့) အပါအ၀င် ကနေ့ခေတ် ဒီမိုကရေစီ တွေရဲ့ လမ်းကြောင်းနဲ့ ကြံဆထုတ်လုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး လူတယောက်အနေနဲ့ စဉ်းစားတွေးဆလာရအောင် သူတို့ရဲ့စကားလုံးတွေနဲ့လုပ်ရပ်တွေက လုပ်ဆောင်နေပါ တယ်။ နောက် လက်သင့်ခံနိုင်မှု၊ သနားကရုဏာ၊ သည်းခံမှု၊ ခွင့်လွှတ်မှု နဲ့ချစ်ခြင်း

မေတ္တာတရားလွှမ်းခြုံမှုတွေရဲ့ အခြေခံဥပဒေသတွေမပါဘူးဆိုရင် ဖရိုဖရဲ ၀ရုန်းသုန်း ကားဖြစ်မှု ဒါမှမဟုတ် ဖိနှိပ်မှုတွေက ဒီမိုကရေစီစနစ်တခုနဲ့ ဒီမိုကရေးစီစနစ်တွေရဲ့ ကြား မှာတောင်မှ ထိပ်ဆုံးကစုစည်း ကြိုးကိုင်သွားနိုင်ပါတယ်။ ဒီလိုနဲ့ပဲ လူတယောက်ရဲ့ လွတ် လပ်မှုဟာ တခြားသူတယောက်ရဲ့လွတ်လပ်မှုအစမှာ နိဂုံးချုပ်သွားပြီး နိုင်ငံတနိုင်ငံရဲ့ လူ့ အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတဦးဟာ တခြားနိုင်ငံတခုအတွက် အကြမ်းဖက်သ မားတဦး ဖြစ်နေပါတော့တယ်။ ။

စိုးနေလင်း

(Dallas Darling (World News ဆောင်းပါးရှင်)ရဲ့ “Suu Kyi,Omar Bakri and Politics of Human Rights”ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။)
http://www.naytthit.net/?p=4286

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗမာစစ်အုပ်စု


By ဦးအောင်ခင် & ညိုညိုလွင် စနေ, 20 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ ဒီမိုကရေစီ လိုလားသူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်သလို ဗမာစစ်အစိုးရလည်း အကျိုးခံစားရတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ မဲလိမ်မှုနဲ့ မသမာတွေကို အပြည်ပြည်ဆိုင်ရာက ပြစ်တင်ရှုတ်ချနေတုန်းမှာ ဒေါ်စုကို လွှတ်ပေးတဲ့အတွက် မသမာတဲ့ ရွေးကောက်ပွဲကနေ ချက်ချင်းအာရုံ ပြောင်းသွားတာ တွေ့ရပါတယ်။ ဒေါ်စု လွတ်မြောက်တဲ့ သတင်းဟာ မသမာတဲ့ ရွေးကောက်ပွဲသတင်းကို လွှမ်းမိုးသွားပါတယ်။ သရုပ်ပျက် ရွေးကောက်ပွဲကို ကမ္ဘာ့က အာရုံမစိုက်တောဘဲ ဒေါ်စု လွတ်မြောက်တဲ့သတင်းနဲ့ ဒေါ်စုနဲ့ ပြောဆိုချက်တွေကိုသာ အာရုံစိုက်လာတာဟာ စစ်အုပ်စုအတွက် အမြတ်ထွက်တဲ့သဘော ဖြစ်နေပါတယ်။

ဒီလိုနဲ့ပဲ မသမာတဲ့ ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံရတဲ့အဖြစ် ရောက်သွားတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ဒီမိုကရေစီအရေးဟာ ကမ္ဘာ့အရေးလို ဖြစ်သွားရတာလို့ စစ်အုပ်စုက သုံးသပ်ပုံရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ကြီးစိုးတဲ့ မဆလခေတ် (၂၆) နှစ်မှာ အရပ်သားတွေကို ရာနဲ့ချီပြီး သတ်ဖြတ်တာတွေ ရှိခဲ့ပေမယ့် နိုင်ငံခြားက အရေးမယူတဲ့အပြင် ကူညီထောက်ပံ့ခဲ့ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်ထက်ရောက်မှ အမေရိကန်နဲ့ ဥပဒေက ဒဏ်ခတ်အရေးယူနေတာဟာ ဒေါ်စုရဲ့  စနက်ဖြစ်တယ်လို့ စစ်အုပ်စုက ယူဆထားပုံရပါတယ်။

ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခြား အလိုတော်ရိလို့ စွပ်စွဲပြီး ဒေါ်စုမပါတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါမှ စိတ်ကြိုက်နိုင်ငံရေးလုပ်နိုင်မယ်လို့ စစ်အုပ်စုက ယုံကြည်နေပုံ ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း မသေမီ ဗိုလ်ချုပ်မှုးကြီးစောမောင်လက်ထက်ကလည်း အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး ကို NLD ပါတီက ထုတ်ပယ်ပေးရတဲ့အထိ အကြပ်ကိုင်ခဲ့ဖူးပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင် မဆလခေတ်အတိုင်း စစ်ဗိုလ်၊ စစ်ဗိုလ် လူထွက် နဲ့ လက်ပါးစေ အရပ်သား ပူးပေါင်းပြီး စိတ်ကြိုက် အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ နောက်လိုက်တွေက ယူဆထားပုံရပါတယ်။

အသိဥာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ သီလသမာဓိရှိပြီး လူထုထောက်ခံမှုရရှိတဲ့ ဒေါ်စုဟာ ကမ္ဘာ့ခေါင်းဆောင်အဆင့်ကို ရောက်နေတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပါဝင်နိုင်မယ့် အခန်းကဏ္ဍကို ပိတ်ပင်ထားတာဟာ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ အပြည်ပြည်ဆိုင်ရာက ဖိအားပေးတာကို တုံ့ပြန်တဲ့အနေနဲ့ ဆက်သွယ်ရေး ဝန်ကြီးခန့်ထားတာဟာ သဘာဝမကျတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်ကလည်း ဒေါ်စုကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးတာ မဟုတ်တဲ့အတွက် ဒီတခါလည်း တွေ့ဆုံဆွေးနွေးဖို့ အလားအလာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။ စစ်အုပ်စုဟာ မိမိအာဏာတည်မြဲမှာကို ယုံကြည်စိတ်ချတဲ့အတွက် ဒေါ်စုကို လွှတ်ပေးလိုက်တာ ဖြစ်ပုံရပါတယ်။ သူတို့ရဲ့  အာဏာ တည်မြဲရေးကို အန္တရာယ်ပေးနိုင်တယ်လို့ ယုံကြည်လာတဲ့အချိန်မှာ ဒေါ်စုကို ဖမ်းဆီးထိန်းသိမ်းဦးမှာ ဖြစ်တယ်လို့ အစဉ်အလာကိုကြည့်ပြီး သုံးသပ်ကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘဲ အနုနည်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းလိုသူဟာ စစ်အုပ်စုနဲ့ လက်တွဲလုပ်ကိုင်နိုင်ရပါလိမ့်မယ်။ တိုင်းပြည်အတွက် ဘယ်သူနဲ့မဆို လက်တွဲလုပ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။ ဒါပေမဲ့ လက်နက်အားကိုးပြီး လူထုကို ဖိနှိပ်တဲ့နည်းနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပိုင်း ယုံကြည်လာမှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင် ပြဿနာကြီးမားလာမယ်လို့ စစ်ခေါင်းဆောင်ပိုင်းက နားလည်သဘောပေါက်မှသာ စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်နိုင်ပါလိမ့်မယ်။ မကျေနပ်လို့ ဆန္ဒပြတဲ့ ပြည်သူလူထုကို ပစ်သတ်နေလို့ ပြဿနာပြေလည်မှာ မဟုတ်ဘူးဆိုတာကို စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာမှသာ အာဏာရှင်မှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မယ်။

ဒီလို အခြေအနေ ရောက်လာနိုင်အောင် ကြိုးပမ်းတာကို လက်တွေ့နိုင်ငံရေး လှုပ်ရှားမှုတခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ အထက်က အမိန့်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နေရာမှာ ဘရာဇီးနိုင်ငံဟာ ထင်ရှားပါတယ်။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတာတဲ့ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအစိုးရ ဖွဲ့စည်းနိုင်တာတောင် အခွင့်ထူးခံလူတစု သြဇာအာဏာရှိနေတုန်းပဲလို့ ဘရာဇီး ပါမောက္ခ ပင်ညဲရိုး က ဆိုပါတယ်။ ဒီမိုကရေစီ အစိုးရ ကျင့်သုံးနေပေမယ့် အာဏာရှင်စနစ်ဟောင်းရဲ့  လောင်းရိပ်အောက်က မထွက်နိုင်တဲ့နေရာတွေ အများကြီး ရှိနေတာကို ထောက်ပြထားပါတယ်။

ဘရားဇီးစစ်အစိုးရဟာ အာဏာကို နည်းနည်းလေးတောင် ခွဲဝေပေးဖို့ စိတ်မကူးတာကြောင့် တဖြည်းဖြည်း တရွေ့ ရွေ့ နဲ့ တိတ်တဆိတ် လုပ်နေရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလိုတောင် ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အရပ်သားအဖွဲ့အစည်း NGO တသီးပုဂ္ဂလ အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ရှင်သန်လာတာဟာ ဘရာဇီး ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ လက္ခဏာပဲလို့ ပင်ညဲရိုး က သုံးသပ်ထားပါတယ်။ မြန်မာပြည်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြည်သူ့ကွန်ဂရက် ပေါ်ထွက်လာပြီး အရပ်သားအဖွဲ့တွေ ရှင်သန်လာမယ်ဆိုရင်တော့ မျှော်လင့်ချက်တွေ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။
http://www.voanews.com/burmese/

Request for Daw Aung San Suu Kyi

I am working with some activists to urge the government of Canada to remind the Burmese regime to ensure the safety of honourary Canadian citizen Daw Aung San Suu Kyi, also to invite her to visit Canada to accept the honourary Canadian Citizen award in person. 
Daw Suu may decide not to come now even if Canada invites but it will send a strong signal to the regime that Canada cares about her safety. Our objective is to send strong signals to the regime that ASSK receives the highest respect from Canada and the international community, and seriously concern about her safety. She is the key figure in the democratic process and national reconciliation in Burma, her safety is our main concern. 

Please see the attached file for the letter. You simply copy / paste and email it to Minister Cannon at Cannon.L@parl.gc.ca or print and mail the signed letter to the Minister. Feel free to modify the letter if you wish.
I would like to request you to act as soon as possible and encourage family members / friends to do the same. We can do it as individuals and organizations. The more the merrier.
This Summer, we coordinated a successful letter campaign with your help prior to G8 summit in Canada. We were able to submit over 2,000 petitions to the Government of Canada and we achieve the goal, Canada included the Burmese in the summit agenda and able to mention strong message in the summit declaration.  Let's do it again for DASSK and the people of Burma.

Thank you very much.

zaw.w.kyaw@gmail.com


Letter to the Minister on ASSK - individual.doc
Letter to the Minister on ASSK - individual.doc
29K   View   Download  

Hon. Lawrence Cannon, P.C., M.P.
Minister of Foreign Affairs
Lester B. Pearson Building
125 Sussex Drive, Ottawa
Ontario K1A 0G2
Email: Cannon.L@parl.gc.ca
November 20, 2010
Dear Minister Cannon

I am very proud of the Government of Canada in its strong support for Daw Aung San Suu Kyi and restoration of democracy and human rights in Burma.

You reiterated Canada’s serious concerns regarding the November 7th elections and the ongoing human rights situation in your statements dated November 5 and November 8. It is also my grave concern.

Furthermore, I greatly appreciated Prime Minister Harper's statement on the release of Aung San Suu Kyi "She is an unwavering champion of peace, democracy and respect for human rights ….”. Prime Minister also mentioned also mentioned Suu Kyi’s status as an honorary Canadian: “In recognition of her struggle to promote fundamental freedoms and democratic principles, she was granted honourary Canadian citizenship by the Parliament of Canada in 2007.”

Aung San Suu Kyi is widely accepted as Burma’s national leader by democratic political parties, ethnic groups and exiled Burmese. She receives overwhelming support from the ordinary people across Burma. Aung San Suu Kyi is the key figure in the democratic process and national reconciliation in Burma, her safety is a main concern of Burmese people. In the past, the regime tried at least twice to assassinate her (and about a hundred of her supporters were killed in the latest attempt known as Depayin massacre).

In this regard, I would like to request you to remind the military regime and their proxy party, USDP, that they are responsible for the safety of Honourary Canadian Citizen and Burma’s democracy leader Aung San Suu Kyi.

I also would like to request you to invite Daw Aung San Suu Kyi to come to Canada and accept in person the Honourary Canadian Citizen award, granted in 2007.The Government of Canada should also seek the guarantee from the Burmese military regime and its proxy party USDP of her safe return to Burma.

Thank you.



Name

Address

ဝါရင့်နိုင်ငံရေးသက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်

အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေအိမ်တွင် ယနေ့(၂၀.၁၁.၂၀၁၀)စနေ့န့နက်(၉)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ (၆၂)မျိုးဆက် (၇၄-၇၅-၇၆)မျိုးဆက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ်ရှားသူများ (၁၀၀)ကျော်ခန့်တက်ရောက်ကြသည်။
အဆိုပါကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း။ အပူဇော်ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲအပ်ပေးပြီး နောက်ဆုံးအစီအစဉ်အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။
ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီး(၂၈)ယောက်အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍ မလာရောက်နိုင်သူများမှ လွဲ၍ စုစုပေါင်း( ၂၀ )ဦး တက်ရောက်အပူဇော်ခံကြသည်။
ကန်တော့ပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအင်အားစု (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည့်အပြင် သတင်း ထောက်များနှင့် လာရောက်ကြည့်ရှုအားပေးသူ ရာနှင့်ချီရှိခဲ့ကြောင်း သိရှိရသည်။
ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီးဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌဦးအောင်ရွှေ၊ အတွင်းရေးမှူးဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။



‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

လေးစားအပ်ပါသော ဘဘတို့ခင်ဗျား...

လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ခန့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲသွားပြီး နောက် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာ့နိုင်ငံရေးအင်အားစုတွေကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်းကြီးထွားလာခဲ့တာ ယနေ့ဆို အမြင့်ဆုံးအချိန်ရောက်နေပါပြီ။ နိုင်ငံရေး ထိပ်တိုက်တွေ့ဆုံမှုတွေ၊ ပြည်တွင်းစစ်ကို အစပျိုးစေမယ့် စစ်ပွဲတွေကလည်း နယ်စပ်ဒေသတွေမှာ တစထက်တစ ကျယ်ပြန့် ဖြစ်ပေါ်လာနေပါတယ်။ တဖက်မှာလည်း စီးပွားရေးက ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် လျော့ကျသွားခဲ့ရုံသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာလည်း ကမ္ဘာ့အနိမ့်ဆုံးအဆင့်ကို သက်ဆင်းကျရောက် သွားခဲ့ရပါပြီ။
အဲဒီလို ဘက်စုံအကျပ်အတည်းကြီးကို တပ်မတော်အစိုးရရဲ့ မကြာမီက ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ် နောက်ဆက်တွဲပေါ်ပေါက်လာမယ့် ပြည်သူ့လွှတ်တော်နဲ့ အရပ်သားအစိုးရဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်မှာမဟုတ်ပါ။ ဒီလိုဘက်စုံအကျပ်အတည်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျနော်တို့နိုင်ငံအတွက် လက်ငင်း လိုအပ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ အတူတကွ လက်တွဲပူးပေါင်းကာ မြန်မာတနိုင်ငံလုံးအကျိုးအတွက် ပြည်သူလူထုကြီး အကျိုးအတွက်၊ သံသယတွေ အာဃာတတွေ အမုန်းတရားနဲ့ မာန်မာနတွေ ဘေးဖယ်ပြီး ညီညီညွတ်ညွတ် စုပေါင်းဆွေးနွေး အဖြေရှာရေးပဲဖြစ်ပါတယ်။
လွတ်လပ်ရေးမရခင်ကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေနှင့်အတူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ညှိနှိုင်းဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
ယခုလတ်တလော အခြေအနေအရ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာကို ဖြေရှင်းရမှာဖြစ်တဲ့အတွက် အဆိုပါ ပင်လုံညီလာခံကဲ့သို့သော အမျိုးသားညီလာခံစစ်စစ်တခု ကျင်းပပြီး ကျွန်ုပ်တို့နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အာဃာတတွေ၊ သံသယတွေ၊ အမုန်းတရားတွေကိုလျော့ချပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နောင်ရင်ဆိုင် လာရမယ့် အခက်အခဲအကျပ်အတည်းတွေကို စုပေါင်းဖြေရှင်းဖို့ လိုအပိပါတယ်။
ညီလာခံဆိုတာ ကိုယ်နဲ့နီးစပ်ရာ အဆင်ပြေရာတွေစုခေါ်ပြီး ကိုယ့်အကျိုးအတွက်၊ ကိုယ်လိုချင်ရာ ကိုယ်ဆုံးဖြတ်တာမျိုးမဖြစ်စေရပါဘူး။ အဲဒီလိုလုပ်ခဲ့ရင်လဲ သံသယတွေ အာဃာတတွေ အမုန်းတရားတွေတိုးပွား လာရုံသာမကပဲ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်း အခက်အခဲတွေကို ကြုံတွေ့ရမှာမို့ သက်ဆိုင်သူအာလုံးနဲ့တကွ အဲဒီအကြပ်အတည်းရဲ့ဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ကလည်း လက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားရေး အကျပ်အတည်းကြီးကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကိုလည်း အမှန်တကယ်ကိုယ်စားပြုနိုင်မယ့် အမျိုးသားညီလာခံစစ်စစ် တခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ(၂၄)ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇိုမီးအမျိုးသားကွန်ကရက် ၂၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားပြုလုပ်စဉ် တမျိုးသားလုံးရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒုတိယ ပင်လုံညီလာခံခေါ်ဆိုဖို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဒီမိုကရေစီအင်အားစုများ သဘောတူလက်မှတ်ရေးထိုး တာတွေ့ရပါတယ်။ တိုင်းရင်းသားများအပါအ၀င် တနိုင်ငံလုံးမှာရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဖိတ်ခေါ်တာလို့ယူဆပါတယ်။ ဒုတိယပင်လုံညီလာခံလို့ အမည်တပ်တာလဲ ပထမပင်လုံညီလာခံမှာလို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့လက်အောက်က လွတ်လပ်ရေးရယူပေးနိုင်ခဲ့သလိုမျိုး ဒုတိယပင်လုံညီလာခံ(ညီလာခံစစ်စစ်) ကျင်းပပြီး ပြည်တွင်းမှာလိုအပ်နေတဲ့ “ငြိမ်းချမ်းရေး”ကို အဓိကထားစုပေါင်းအဖြေရှာပြီးရယူနိုင်ဖို့ ရည်ရွယ်တယ် လို့သိရပါတယ်။
ကချင်တိုင်ရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ မိန့်ခွန်းတစ်ခုမှာ ‘နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်တယ်ဆိုတာ အဲဒီနိုင်ငံမှာရှိတဲ့ သယံဇာတပစ္စည်းတွေနဲ့ မဆိုင်ပါဘူး။ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ လူထုကြီးရဲ့ စည်းလုံးညီညွတ်မှုနှင့်ပဲ ဆိုင်ပါတယ်’ လို့ပြောခဲ့ပါတယ်။ အဲဒီစည်းလုံးညီညွတ်မှုသာ မရှိဘူးဆိုရင်ဖြင့် ဘယ်လောက်အားကြီးတဲ့ အစိုးရတက်တက်၊ ဘယ်လောက်ကောင်းတဲ့ ၀ါဒနဲ့ အုပ်ချုပ်အုပ်ချုပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုံးဝလုပ်နိုင်မှာမဟုတ်သလို အေးချမ်းမှုလဲရှိမှာမဟုတ်ပါဘူး။
နိုဝင်ဘာ (၁၃)ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ တိုင်းရင်းသားအားလုံး ပြည်သူလူထုအားလုံးကသာမက တစ်ကမ္ဘာလုံးကပါ တခဲနက်ထောက်ခံနေတဲ့ ၁၉၉၀ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။
၎င်းလွတ်မြောက်လာချင်းချင်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မယ့် အကြောင်းနဲ့ အဲဒီလိုဖော်ဆောင်ရာမှာလည်း ဒီမိုကရေစီကို အမှန်တကယ်လိုလားသူ မည်သည့်နိုင်ငံရေး အင်အားစုနဲ့မဆို လက်တွဲ ဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားထားခဲ့တဲ့အလျောက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသား ညီလာခံစစ်စစ်ဖြစ်တဲ့ ဒုတိယပင်လုံညီလာခံကြီး အကောင်အထည်ဖော် ပေါ်ပေါက်လာရေးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဆောင်ဦးရွက်ပြုနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
တဆက်တည်းမှာပဲ ယနေ့နိုင်ငံအုပ်ချုပ်ရေးမှာ တာဝန်ယူနေကြတဲ့ တပ်မတော်ခေါင်းဆောင်ကြီးများကို ပန်ကြား လိုတာကတော့ -
ယနေ့နိုင်ငံတော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း တည်ထောင်မွေးဖွားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ခေါင်းဆောင်ကြီးများအနေနဲ့ နိုင်ငံနဲ့ပြည်သူလူထုအပေါ်မှာ အမှန်တကယ်စေတနာရှိတယ်ဆိုရင် ယခုကဲ့သို့တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အရေးလည်းပါ လိုလည်းလိုအပ်တဲ့ အထက်ပါအမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကြီး လက်တွေ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ တာဝန်သိသိသစ္စာရှိရှိ ပါဝင်ဆောင်ရွက်ပေးပါရန် ကျနော်တို့အလေးအနက် တိုက်တွန်းပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ အမျိုးသားညီလာခံပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်နေသူတွေကိုလည်း ကူညီပေးဖို့ တောင်းဆိုပါတယ်။
တပ်မတော်ခေါင်းဆောင်ကြီးများအနေနဲ့ အဆိုပါအမျိုးသားညီလာခံစစ်စစ် ပေါ်ပေါက်အောင် ပါဝင်ကူညီကြိုးပမ်း ဆောင်ရွက်မယ်ဆိုရင်ဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှု၊ ယုံကြည်မှုကို ရမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အလွန်မင်္ဂလာရှိတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ထည်နိုင်မှာပါ။
လေးစားအပ်ပါတဲ့ ၀ါရင့်သက်ကြီးနိုင်ငံရေးခေါင်းဆောင်များခင်ဗျား…
အသက်အရွယ်ကြီးရင့်လို့ဖြစ်စေ ကျန်းမာရေးမကောင်းလို့ဖြစ်စေ၊ နိုင်ငံရေးတာဝန်တွေကို စွန့်လွှတ်ပြီး အနားမယူကြပါနဲ့ဦးလို့ မေတ္တာရပ်ခံပါရစေ။ နယ်ချဲ့ကိုတော်လှန်ခဲ့ကြတဲ့ လွတ်လပ်ရေးအရယူပေးနိုင်ခဲ့ကြတဲ့ ဖက်ဆစ်နဲ့ အာဏာရှင်စနစ်ကို အစဉ်အဆက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီစနစ်စစ်စစ် ပေါ်ပေါက်ရေးနဲ့ ထာဝစဉ် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးမျိုးပေါ်ပေါက်သည်အထိ ကိုယ်တိုင်ပါဝင်၍ဖြစ်စေ အကြံဉာဏ်များပေး၍ဖြစ်စေ မိမိတို့တတ်နိုင်သလောက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက်၍ လက်တွဲပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
မြန်မာပြည်ငြိမ်းချမ်းပါစေ -
(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ)

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ မိန့်ခွန်း

ယနေ့ကြွရောက်လာကြတဲ့ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများနဲ့ ပူဇော်ကန်တော့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ အခြား ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူအပေါင်းတို့ခင်ဗျား… ယခုလို အင်မတန် မင်္ဂလာရှိတဲ့ ၀ါရင့် နိုင်ငံရေးသက်ကြီးပူဇော်ပွဲမှာ အပူဇော်အကန်တော့ ခံရတဲ့ အတွက်ကြောင့်ရော ကန်တော့ခံရသူများ ကိုယ်စား ပထမဆုံးသြ၀ါဒစကားပြော ကြားခွင့်ရတဲ့ အတွက်ကြောင့်ရော အထူးပဲ ကျေးဇူးတင် ဂုဏ်ယူကြောင်း အရင်ဆုံး ပြောလိုပါတယ်။

အခုလို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရဲဘော်ရဲဖက်တွေကို စုစုဝေးဝေး တွေ့ဆုံရတဲ့အတွက် အားတက်မိပါတယ်။ ၀မ်းလည်းဝမ်းသာပါတယ်။ ကန်တော့ပွဲ ဖြစ်အောင် ကြိုးစားကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနဲ့ ဒီမိုကရေစီ အင်အားစုများကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးအတွက် လိုအပ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်မယ့် ဒုတိယ ပင်လုံညီလာခံပဲခေါ်ခေါ်၊ အမျိုးသားညီလာခံ စစ်စစ်လို့ပဲပြောပြော၊ ၂၁ရာစု ပင်လုံညီလာခံလို့ပဲဆိုဆို အဲဒီညီလာခံ အမြန်ဆုံး ပေါ်ပေါက်နိုင်ပါစေ။ အဲဒီလိုပေါ်ပေါက်နိုင်ရေးအတွက် မစုက ဦးဆောင်ဦးရွက် ပြုပြီး တိုင်းရင်းသား ပြည်သူတရပ်လုံးက လက်တွဲညီညီလိုက်ပါဆောင်ရွက်နိုင်ကြပါစေလို့ ဆုပေးချင်ပါတယ်။ ကျနော်နဲ့တကွ အကန်တော့ခံ ၀ါရင့်သက်ကြီး နိုင်ငံရေးသမားကြီးများ အားလုံးကလည်း နောက်ဆုံး ထွက်သက်အထိ နိုင်ငံ့အကျိုးအတွက် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကတိပေးပါတယ်။

မြန်မာပြည်သူများနှင့် တကွ နိုင်ငံရေးရဲဘော်အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

ဂါမဏိပေးပို့ပါသည်။၊

ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွား

bomb
ဗုံးပေါက်ကွဲပြီးနောက် ဘုရားဝင်းအတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ဘုရားဖူးများ မ၀င်ရောက်စေရန် ကြိုးတားထားစဉ်
 

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
''နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး''ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။
(မည်သည့် ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ဆက်လက် စုံစမ်းဆဲဖြစ်ပါသည်။)
http://www.news-eleven.com/index.php?option=com_content&view=article&id=5957:mandalay-bomb&catid=44:2009-11-10-07-31-38&Itemid=113