Monday, November 22, 2010

နအဖရတနာပုံဝက်ဘ်ပေါတယ်ပေါ်ကဒေါ်အောင်ဆန်းစုကြည်...





ဒီနေ့  မနက်မှာ HACK ခံလိုက်ရပြီးနောက်ပိုင်းဖွင့်မရအောင်နအဖကပိတ်လိုက်ရသည်။

တဒ်ါလာ ကို ၆၀ဝ လောက် တရားဝင် ဈေး သတ်မှတ် xxxxxxxxxx

မနေ့ က တန်ဆောင်မုန်း လပြည့် နေ့ င်္ကြး ပါ ခင်ဗျာ ။ ကျွန်တော် လည်း မသွားမဖြစ်တဲ့ အလှူ တွေ သွား နေရ လို့ ၊ ရုံး ပိတ် ရက် ဖြစ် ပေ မဲ့ ၊ ကျူး ပစ် ကြီး ထဲအရောက် မလာ နိုင် တော့ ပါ ခင် ဗျာ။

ဒီ နှစ် ကထိန် တွေ လဲ အလှူအတန်း အထူး များ ပါ တယ် ။ ပဒေသာ ပင်ကြီးတွေ လဲထိုက်ထိုက် တန်တန် ၊အဖိုးထိုက် အဖိုးတန် ၊ သေသေချာချာ လှူ ကြတာများ ပါ တယ်။စူပါမားကက်တွေ က လည်း ၊ အခု နှစ်ရယ်ဒီမိတ် ပဒေသာပင် တွေ လုပ် ရောင်း ပါ တယ်။

ဘာ ပစ်စည်း ၊ ဘယ် နှစ်မျိုး ပါ တယ် ၊ တခု ချင်း တန်ဘိုး ၊ စုစုပေါင်း တန်ဘိုးအသေးစိတ် ဘောက်ချာသေချာပေး ပါ တယ် ၊ ကောင်း မွန် တဲ့ ဝန်ဆောင် မှု တခုပေါ့ ဗျာ ၊ အချိန် တွေ ပြောင်း ၊ ခေတ်တွေ ပြောင်း လာ တဲ့ နဲ့ အမျှ နည်း စနစ်တွေပါ ပြောင်း လာ ကြ တဲ့ သဘော ပါ။ ကထိန် ဆိုတာ လဲအင်မတန် မှ ထူး တဲ့ဒီ လို အချိန် မှာ ဘဲ လှူ ခွင့် ရှိ တဲ့ က ထိ န မင်္ဂလာ အလှူတော်ကြီး ပါ ခင် ဗျာ။

ခု နှစ် ၊ နဲ နဲ လေး ထူး ခြား တာ က ၊ ကထိန် အလှူ ကို ဘဲ ၊ အထူး ဂရုပြု လှူ လိုက်ကြ ပြီး ၊ အရင် တုံး က လို၊မြို့ လုံး ပါတ် ချာ လှည့် ၊ ကထိန် အလှ ပြတာ မျိုးသိပ် မလုပ် ကြ တော့ ပါဘူး ၊ အခု ရက် ပိုင်း ဓါတ် ဆီဈေးက လည်း သိသိ သာသာဈေးနှုန်းရော ကြီးလာပြီး ၊ ထဲ့ နိုင်ခွင့် ရှိ တဲ့ အရေ အတွက် ပါ လျော့ ကျ နေ တာကိုး ဗျ

မနှစ် က အလှူ တွေ မှာ တီး လိုက် ဆို လိုက် ၊ က လိုက် ကြတာတွေ က ကိုသားစိုး ရဲ့ရော သမ မွှေ နဲ့ တက်ကနို ၊ နတ် ဒိုးတွေ များ ပါ တယ် ၊ ကိုသားစိုး သီချင်း တွေဆန်းသစ် မှု တွေ က ၊ လူ တွေ ကို မနှစ် က ၊အတော် ဖမ်း စား နိုင် ခဲ့ ပါ တယ်။

ဒီ နှစ် ကထိန် တွေ မှာ တော့ ဗျာ ၊ ကိုသားစိုး က ၊ ငုတ် တုတ် မေ့ နေ ခဲ့ ရ ပါ ဘီ။ပြီး ခဲ့ တဲ့ သီတင်းကျွတ် ရက်တွေ က စ ပြီး ၊ လူ တွေ ရဲ့ ပါးစပ် ထဲကဘာ့ ဘော်လုံး ပွဲ ၊ တောင်အာဖရိက ဘောလုံး သီချင်း ၊ (ဝါ ကာ ၊ဝါကာ) ကဘယ် လို ဖြစ် ပြီး ရောက် လာ တယ် မသိ ပါ ၊ ကထိန် ပွဲ တွေ အားလုံးဝါ ကာ ၊ ဝါ ကာ မှ ၊ ဝါ ကာ ၊ဝါ ကာ ပါ ။ သူ့ ခေတ် နဲ့ သူ ပေါက် ကြ သကိုး ဗျ

ဦးရွှေရိုး ၊ က လဲ ဝါ ကာ ၊ ဝါ ကာ ၊ ဒိုး ပတ် ဝိုင်း က လည်း ဝါ ကာ ၊ ဝါ ကာလမ်း ပေါ် မူးပြီး က နေ လဲ ၊ ဝါ ကာ ၊ဝါ ကာ ၊ ကထိန် မဲ ကျ တဲ့ ဘုန်ကြီး ကျောင်းက လည်း ဝါ ကာ ၊ ဝါ ကာ ၊ ကထိန် လှည့် တဲ့ ကားတွေ ပေါ်လည်း ဝါ ကာ ၊ ဝါ ကာရပ်ကွက် ထဲ ရက်လည်ဆွမ်း ကျွေးတဲ့ အိမ် က လည်း ဝါ ကာ ၊ ဝါ ကာပဒေသာပင်အလှူခံ ဌာန က လည်း ဝါ ကာ ၊ ဝါ ကာ ၊ ဒီ အတိုင်း ဆိုဒီ နှစ် သင်္ကြန် မှာ လဲ ဝါ ကာ ၊ ဝါ ကာဘဲ ဖြစ် လိမ့် မယ် ထင် ပ ဗျာ ။

ညနေ ပိုင်းတွေ မှာ စတုဒီသာ က တော့ ခါတိုင်း နှစ် ထက်၊ အများကြီး ပို သာ သဗျာ။လူ တွေ မှာ သဒါ တရားပို များ လာ တာ တွေ့ ရ ပါ တယ် ။ သဘော အား ဖြင့်စတုဒီသာ ဆို တာ ၊ လူ များများ ကို ကျွေး ရ လွယ်တဲ့ ၊ ကြာဇံချက် ၊ မုန့် ဟင်းခါးအစ သဖြင့် ၊ ပေါပေါ လောလော ၊ လွယ်လွယ် ကူ ကူ ကျွေး နိုင် တာ ကိုစီစဉ်ကြ တာများ ပါ တယ် ၊ ရေနွေးအိုးကြီး တအိုးဆူ နေရင် ၊ ခါး ကြား မှာ အချို မှုန့် ထုပ် နဲ့လက် ထဲ မှာ ငံပြာ ရည် ပုလင်း ကိုင် ထား နိုင် ရင် ၊ စတု ဒီသာ ကျွေးတာ ကိုတထိုင်ထဲ နဲ့ နိတ်ဗန် ကို မျက်မှောက်ပြု ရင်း ၊ရေ ရော ပြီး ၊လူ တွေ ဘယ် လောက် လာလာ ၊ ကြိုက် သလောက် ကျွေးလို့ ရ ပါတယ်။

ဒီနေ့ ကျွေးတာ က အဲ လို မဟုတ် ဘူး ဗျ ၊ စ က တဲ ၊ ကျ ကျ န န စီစဉ် ပြီး ကျွေးကြတယ် ဗျာ ၊ ရေ ခဲ မုန့် ဆို ၊နာမည် ရ ဆိုင်ကြီး က စည် လိုက် မှာ ကျွေး ပါ တယ်။ပေါက်ဆီ ဆို ၊ နာမည်ကြီး မန်းပေါက်ဆီ ရှယ်ဗျာ ၊ဆနွင်း မကင်း ဆို ရင် လဲနဲ တဲ့ ဘန်းကြီးတွေ မဟုတ် ပါ၊ နာမည်ကြီး ရွှေပုဇွန် ဆိုင် က နေ မှာ ပြီး ၊ကိုယ့် သား၊ ကိုယ့် သမီး ၊ ရှင်ပြု နားသ မှာ သေချာ ကျွေး တဲ့ စတုဒီသာ မျိုး ပါ။ကိုယ် က သာ ၊ ဒီ လို မလှူ နိုင် သေး တာပါ၊လှူ နိုင် ကြ သူ တွေ အတွက် ၊ ရင် ထဲ မှာပီ တိ အပြည့် နဲ့ ၊ သာ ဓု ကို အကြိမ် ကြိမ် ခေါ် ခဲ့ ရ ကြောင်းပါ ၊အမိ မြေ နဲ့ ဝေး နေ ခဲ့ ရ တဲ့ ရပ် ဝေး ရောက် ၊ ကျူး ပစ် ကြီး များ ၊ ခင် ဗျာ။

အေးဗျာ ၊ ဒီ နေ့ သွားခဲ့ တဲ့ ကထိန် အလှူ က ကျွေးတာ အတော် ကောင်း ပ ဗျာ။နတ်သုဒ်ဓါ ဆိုတာ ထောပတ်ထမင်းလိုလို ၊ သီးစုံဒန်ပေါက် လိုလို ၊ ကြက်သားဟင်း ကလဲ တတွဲ ထဲ ပါ သေး ဆို တော့ ၊ အလှူရှင်ဒါန လေး ပို ထိရောက် အောင် ၂ ပွဲ ဆင့် ဆွဲပစ်လိုက် ရ တာ လူ ကို အတော်လေး အထိုင်ကျ သွားပါတယ် ။ ပြီး တော့ မှ လဘက်သုပ်နဲ့အချို ပွဲ ၊ ရေ နွေးလေး နဲ့ ၊ ဆက်ပြီး ၊ ဟဲ ခဲ့ ကြ ရ ပေါ့ ဗျာ။

အကုန်လုံး က သူ လို ကိုယ် လို လူ တွေ ပါ ဘဲ ၊ ဗိုက် က လဲ တင်း နေပြီ ဆိုတော့ရေ နွေးကြမ်း ဝိုင်း တွေ မှာဝေဘန်ရေး ၊ လေ ကန် ရေး ၊ အားအင် ၊ အပြည့် နဲ့ ပါ ဗျ။ထုံးစံ အတိုင်း နိုင်ငံရေး ၊ စီးပွားရေး ၊ လူ မှု ရေး ၊သားရေး သမီး ရေး ၊ဘဲ ရီး ၊ အင်ပေါတင့် ၊ ကားရင့် အဖဲယားစ် တွေ ကို ပေါ့ ဗျာ။

စီးပွားရေးသမား အုပ်စု ၊ ဘော်ဒါကြီးတွေ ဆွေးနွေး ကြတာ နားထောင်ရင်းနား ရွက် နဲ နဲ ကား သွားပြီး ၊ ဆံပင်မွှေးတွေ ထောင် ခဲ့ ရ ပါတယ်။သူ တို့ ဆွေးနွေးနေတာက အခု ရွေးကောက်ပွဲ ပြီးသွားပြီ ၊ မကြာခင် ၂လလောက်အတွင်း လွှတ်တော် ခေါ် ၊ အစိုးရ အဖွဲ့ သစ် အတွက် ၊ ပြင်တာ ဆင် တာ တွေလုပ်ကြ တော့ မှာပါတဲ့ ခင် ဗျ ၊ အဲ ဒီ မှာ တရားဝင် ဒေါ်လာဈေး ဘယ်လောက်ထား နိုင် တယ် ဆို တာ ၊ ငြင်း ခုံ နေ ကြတာပါ။

ဟုတ်ပါတယ် ၊ အခု လက် ရှိ ၊ စစ် အစိုးရ က နေ အရပ်သား လူ အစိုးရ ကို ပြောင်း ရမှာပါအခုတရားဝင်ဒေါ်လာဈေး ဘယ်လောက် လဲမေး ရင် ၊ စစ်အစိုးရ အနေ နဲ့ က ဟဲ ဟဲခြောက်ကျပ်ခွဲလေလို့ ခပ်တည်တည် ပြောလို့ ရ ပါ တယ် ။ စစ် အစိုးရ ဆိုတာ ကအောက်တ် အော့ဖ်သာတီ ဝမ်း ၊ ၃၁ ဘုံ ပြင် ပ ၊ လူ နတ် ဗြန်မာ ဘယ် အထဲ မှ မပါ တော့ကိတ်စ မရှိဘူး ပေါ့ ဗျာ ၊ နောက်တက် မဲ့ လူ အစိုးရ က တော့ ဒီ လို လွယ်လွယ် ဆက် ပြော နေ ရင်ကဘာ နဲ့ နိုင်ငံတကာ က လက် ခံတော့ မယ် မထင် တော့ ပါဘူး တဲ့ ၊ ခင် ဗျ။

ဒီတော့ ကာ ၊ ဒီဟာ အတွက် အခု စစ် အစိုးရ က ၊ ၂ လ လောက် ကြာ ရင် နောင် တက် မဲ့လူ အစိုးရ အတွက်၊ တခုခု တော့ လုပ်ပေး ခဲ့ ရ တော့ မှာ ပါ တဲ့ ခင် ဗျ။အခုလောလောဆယ် မှာ က စစ် အစိုးရ က ဘယ်ဘက် ကမြန်မာငွေ အိတ် က လဲ တအားဖောင်း နေ သလို ၊ ညာဘက် က ဒေါ်လာအိတ် မှာ လဲ ဘီလျံ နဲ့ ချီ ပြီးထဲ့ထား နိုင် ပါတယ်

ပြီး ခဲ့ တဲ့ ၄ နှစ် လောက် ကစပြီး မြန်မာ ငွေ ကို ပြန် သဲ့ ယူ ခဲ့ တာ မနဲ တော့ ပါဘူးအခု ၅ သိန်းတန် ဖုံးမပေါ်ခင် ၊ ၁၅ သိန်းတန် ဖုန်း တွေ အလုံး ၂ သန်း လောက် ရောင်း ပစ်ခဲ့တာ ကျပ် သန်းပေါင်း (သိန်း ၃၀)လောက် ရ ပါ တယ် ။ အင်း ၊ တစ် ဘီလျံ ဆို တာတကယ် တော့ သန်း ပေါင်း တစ် ထောင် ဘဲ ရှိ တာ ပါခင် ဗျာ ။ ဒါ က တယ်လီဖုန်းတမျိုး ထဲ က ရ ထား တာ ဘဲ ရှိပါသေး တယ် ၊ ဆိုင်ကယ် အခွန် တွေ ၊ ကားလေလံတိုက်ခန်းလေလံ ၊ ဘာ လေ လံ ၊ ညာ လေ လံ တွေ မပါ သေး ပါဘူး။ အခု လူ အများစုလက် ထဲကျပ် ငွေ က ၊ ကိုင် ထားနိုင် တာ အတော် နဲ သွား ပါ ဘီ။

ကား ဝယ် ထား သလိုလို ၊ တိုက် ခန်း ဝယ်ထား သလို လို ၊ မြေ ကွက် ဘဲ ကိုင်ထား သလိုလိုနဲ့ ကိုင်းသဌေးကြီး၊ ခင် ဗျား ရှိ တဲ့ပိုက် ဆံ ၊ အခု ပုံ ပြ ဆို ရင် ၊ငွေသား တကယ် ပြ နိုင် တဲ့ လူ အတော် ၊ လူ နည်း သွား ပါ ဘီသတဲ့ဗျ ။ အစိုးရက သူ့ လက် ထဲ ဗမာငွေ အတော် များ များ ပြန် ရောက် လာ ကတဲ က ၊ ဒေါ်လာတန်ဘိုးကို ဖြေးဖြး ပြန် ဆွဲ ချ လာ တာ၊ ပုံမှန် ၁၂၀ဝ ဈေး ဝန်းကျင် က နေ ၊ အခု ၉၀ဝအောက် ကို ဆင်း သွား ပါဘီ။

ဖြစ်နိုင် တာ တခု က ၊ နောက် အစိုးရ အတွက် ခြေဆင်းဈေးလေး အဖြစ်တဒ်ါလာ ကို ၆၀ဝ လောက် တရားဝင် ဈေး သတ်မှတ် နိုင်အောင် လုပ် နိုင် ခြေ ရှိ ပါ သတဲ့ ဗျ
သူ့ ညာ ဘက် အိတ် ၊ ဒေါ်လာ အိတ် က လဲ ၊ အခု အတော် ဖောင်း နေ တာ ကိုး ဗျ။ပြီးခဲ့တဲ့ တရုပ်ပြည်ခရီး မှာလဲ ဒေါ်လာတွေ ဘီလျံလိုက် အံပေါင်း ရ ခဲ့ တာလဲ ရှိပ ဗျာလိုအပ်ရင် ညာဘက် အိတ် က သူ့ ဒေါ်လာ ကိုပါထုတ်ပြီး ကျားဝင်ကန် နိုင် ပါ သတဲ့ ခင် ဗျ

သူလုပ်ချင် နေတာက အခု ဝန်ထမ်းတွေ ကို ပေး နေတဲ့ လခ ကို ဒေါ်လာ နဲ့ အာဆီယံစတင်းဒတ် အတိုင်းလိုက် ညှိပေးဘို့ ရာ ၊ အစိုးရ က ဝန်ထုပ် ဝန်ပိုး အထိုက် အလျောက်သက်သာ သွားနိုင် ပါတယ် ၊အရင်၁၂၀ဝ နဲ့ တွက် ရာ က အခု ၆၀ဝ နဲ့ တွက် ရင်ဒေါ်လာ နဲ့ ရ တဲ့ လခတန်ဘိုး မှာ ၂ ဆ တိုးလာ တဲ့သဘော ၊ ရ ချင် နေ တာပါ တဲ့ ခင်ဗျ။

လူ အစိုးရ ဖြစ်သွားရင် ဒေသတွင်း အစိုးရ တွေ နဲ့ နိုင်ငံ တွေ နဲ့ လိုက် လျော ညီထွေ လိုက်လုပ် ရ မဲ့ အလုပ်တွေ အများ ကြီး ပါ။ ၂၀၁၅ ဆိုရင် ၊ အနည်းဆုံး အာဆီယံ ဖရီးထရိဒ်သဘောတူ ညီ ချက် ကို လိုက် နာရ တော့ မှာပါ ၊ ဒါ က လဲ အစော ကြီး ကတဲ ကလက် မှတ်ထိုးထားပြီး ၊ စစ် အစိုးရ အနေ နဲ့ နေ့ ရွှေ့ ၊ ည ရွှေ့၊ ၂၀ဝ၈ လိုလို ၊ ၂၀၁၂ လိုလိုလုပ် လာ တာ ၊ အခု တော့ ၂၀၁၅ က တော့ ၊ အချိန် ရွှေ့ခွင့် မရှိတော့ ပါဘူးတဲ့ ခင် ဗျ

ဒီ အချိန် မှာ ရုံးစနစ် တွေ ၊ အုပ်ချုပ်မှု စနစ် ၊ ၊ဘဏ် စနစ် ၊ ကုန်သွယ်မှု စနစ်တွေ ကအများ နည်း တူ ဖြစ် ရတော့ မှာ ပါ။ စင်္ကာပူ မှာ ရှိတဲ့ ပစ်စည်းဈေး နဲ့မြန်မာပြည် ရှိတဲ့ ပစ်စည်း ဈေး က ရန်ကုန် နဲ့ ပုသိမ် ၊ပေါ်ဆန်းမွှေး ဈေး ၊ ကွာ တဲ့ သဘော လောက် ပဲ ဖြစ် ရ တော့ မှာ ပါ။အင်း ၂၀၁၅ ဆိုတာ တကယ် တော့ ဘာမှ မကြာပါဘူး ၊ ကိုယ့် အိမ် က ခလေး ၊ မူကြိုထား ဘို့ စဉ်းစား ရ သလောက် ဘဲ ၊ ကြာ တာ ပါ။

တရားဝင် ငွေဈေး က တော့ ပြောင်း ကို ပြောင်း ရ မှာ ပါ ၊ တ အိ တအိ ပြောင်း မှာ လားဗြုန်း ၊ ဆို အမိန့် ထုတ်ပြီး ၊ တိုက် ရိုက် ပြောင်း မလား ဆို တာပါ။ဈေး ပြောင်း ရင် တော့ ၊ အနည်း နဲ့ အများ ၊ သူ က သာ သည် ၊ငါ က နာ သည်ရှိ ကြ ဦး မှာ ပါ တဲ့ ခင် ဗျ ။ အရင် ၁၂၀ဝ က နေ အခု ၉၀ဝ ၊ သုံးရာ လောက် အဆင်း ကိုနောက် ထပ် ၃၀ဝ လောက် ထပ်ဆင်း ဘို့ တော့ ခဲ ယဉ်း မယ် ၊ မထင် တော့ ပါ ခင် ဗျာ

စီးပွားရေးဘော်ဒါ တွေ ပြော တာ တော့ ၊ သူ တို့ ဘောဇိကြီး တွေ က ၊ ပြီးခဲ့ တဲ့၂ ပါတ် က စ ပြီး လှုပ် ရှားနေကြ ပါ ဘီ တဲ့ ၊ ကား ဈေး ၊ ဝုတ် က နဲ ဆင်း သွားတာလုပ်ငန်း တွေ မှာ ငွေ ပေါ် ၊ ပြန် ဖော် သူ တွေ များလာ တာ ၊ ပုတ်ဂလိက ဘဏ် တွေ ထဲက ငွေစာရင်း တွေ ကို ၊ အစိုးရဘဏ် ငွေ စာရင်းထဲ ၊ စာရင်းပြောင်းတွေ များ လာ တာ ကခု န လို ၊ ဖြစ် နိုင် ချေ တွေ ကို ၊ ကြို ပြီး ကာ ဘို့ ကြိုးစား နေ ကြတာ ပါတဲ့ ခင် ဗျ။

ဒါတွေ က ကထိန် အလှူ ၊ လဘက်သုပ် အချိုပွဲ စကားဝိုင်း က ကြား ခဲ့ ရ တာ ပါ။ဟုတ်မယ် ၊ မဟုတ် မယ်တော့ ၊ ကျွန်တော့ အနေ နဲ့ မတတ် နိုင် ပါ၊ ခင် ဗျာ။မိုး သံ လေ သံ ကြား ရရင် ထီး က လေး ဆောင် ထားတာ မမှား ဘူး ပေါ့ ဗျာ။မိုး က မရွာ လို့ နေ ပူ တုံး ဆို နေ ရင် လဲ ၊ ထီး က လေး ဆောင်း ထား တာပိုပြီးနေသာ ထိုင် သာ ရှိ ပါ တယ် ခင် ဗျာ ။

လော က ကြီး မှာ ဗျာ ၊ ဘယ် ဟာ က မှ မမြဲ ပါ ဘူး ၊ အချိန် တန် ရင် တော့ပြောင်း ကြ ရ စ မြဲ ပါ။ ည ကဘီဘီစီ သတင်း နားထောင်ရင်း ၊ ရောမမြို့ ကပုပ်ရဟန်းမင်းကြီး က ကွမ်ဒုံး သုံးတာ ကို သဘော တူ လက်ခံ လိုက် ပါ ပြီ တဲ့ ခင်ဗျ။ဒီ ကွမ်ဒုံး က ရိုမန် ကက်သလစ် ဘာသာဝင် တွေ အကြား ၊ တကယ့်ပြသနာကြီးပါ။

ဒီ ကွမ်ဒုံးသုံးတာ က ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ လူ့ သဘာဝ ကို သေးသိမ်စေတယ်။လူ ရဲ့ နဂို သဘာဝကို ပျက် စီး စေ တယ် ၊ ဒီတော့ နဂို အတိုင်း ဘဲ နေကြမယ်။အခုလို ကွမ်ဒုံး သုံးရတာမျိုး အပို တော့မလုပ် နိုင်ပါဘူး ဆို ပြီး ၊ အရင် ပုပ် ရဟန်းမင်းကြီးအဆက်ဆက် ၊ ခွင့် မပြု နိုင် ခဲ့ ကြ ဘဲ ၊ အတော် မပြေမလည် ဖြစ် ခဲ့ ကြတာပါ။

အခု တော့ လဲ ၊ ကိုင်း ၊ ပုပ်ရဟန်း မင်းကြီး ၊ ဘုရားသခင် က ဖန်ဆင်း ပေး မ ထား ခဲ့ တဲ့အိပ်ခ်ျအိုင်ဗွီ နဲ့အေအိုင်ဒီအက်စ် ဝေဒနာတွေ ကို ဘာသာ တရား နဲ့ ဘယ် လို ကာကွယ်ကြမှာ လဲမေးခွန်းတွေထုတ်လာကြ တော့ ၊ ပုပ် ရဟန်းမင်းကြီး က လဲ နောက်ဆုံး မှာ တော့ဟယ် ငါ လဲမတတ်နိုင်ပါဘူး ၊ အများ နည်း တူ ကွမ်ဒုံး ကို သာ သုံး ကြ ပါ တော့ လို့မိန့် တော် မူ ထား လိုက် ပါ ပြီ ခင်ဗျာ။

အခု တော့ လဲ ၊ မြန်မာပြည် က လဲ စစ် အစိုးရ မဟုတ် လို့ ၊ လူ အစိုးရ တက်လာပြီ ဆိုရင် ၊ငွေ ကြေး စနစ်တွေရုံးစနစ် တွေ ၊ အုပ်ချုပ်မှု စနစ် ၊ ၊ဘဏ် စနစ် ၊ ကုန်သွယ်မှု စနစ်တွေ ကဟယ် ငါ လဲ မတတ်နိုင်ပါဘူး၊ အများ နည်း တူ ဖြစ် ရ ၊ သုံး ရ ၊ တော့ မှာ ပါ ပ ဗျား ၊ 



A ဇော်ကြီး
မြန်မာကျူပစ်ရီပို့ တာ

မေးလ်မှရရှိပါသည်။

22Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/59xcdddxwg84d7i/22%20Nov%202010%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/6i2n72mdden6a8p/22%20Nov%202010%20Yeyintnge%27s%20Diary.pdf

22 Nov 2010 Yeyintnge's Diary

ဘွိုင်းကောက် ၂၀၁၀ (အတွဲ ၁ - အမှတ် ၈၊ နိုဝင်ဘာ ၂၁ - ၂၀၁၀)

Boycott Vol. 8

ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးသန့်မေးမြန်းခန်း



By ဦးသန်းလွင်ထွန်း တနင်္ဂနွေ, 21 နိုဝင်ဘာ 2010


နိုဝင်ဘာလ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချိန်မှာ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အပြောင်းအလဲတွေများတဲ့ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းတခုက ဆီးကြိုနေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည်အကျယ်ချုပ်ကျခံနေချိန်အတွင်း မြန်မာစစ်အစိုးရရဲ့  လမ်းပြမြေပုံ အဆင် (၇) ဆင့်ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။ ၂၀၀၈ ခုနှစ်က တဖက်သတ် အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နဲ့အတူ နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲကြီးလည်း ပြီးဆုံးသွားခဲ့ပြီမို့ စစ်တပ်ကြီးစိုးမယ့် အရပ်သားအမည်ခံ အစိုးရအဖွဲ့ ပေါ်ပေါက်လာဖို့ ဖြစ်နေပါတယ်။

၁၉၉၀ ခုနှစ် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အကြောင်း စစ်အစိုးရက လုံးဝမစဉ်းစားတော့သလို ပြည်လုံးကျွတ်အနိုင်ရရှိခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကိုလည်း တရားဝင်မှတ်ပုံတင်ပါတီအဖြစ် သတ်မှတ်ခြင်း မရှိတော့ပါဘူး။ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး NLD ခေါင်းဆောင်အတွင်း အကွဲအပြဲတွေရှိခဲ့သလို ကျန်တဲ့နိုင်ငံရေး အင်အားစုအတွင်းမှာလည်း စစ်အစိုးရလမ်းပြမြေပုံအတိုင်း လိုက်မှရတော့မယ်လို့ အယူအဆနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့၊ မှတ်ပုံတင်ခဲ့တဲ့ ပါတီအဖွဲ့အစည်းအသစ်တွေ၊ တသီးပုဂ္ဂလိကတွေ ရှိနေခဲ့ပါတယ်။ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများထဲမှာ နယ်ခြားစောင့်တပ်ဖွဲ့အတွက် ဖိအားပေးမှုတွေကြောင့် တင်းမာမှုတွေရှိနေပါပြီ။ ရွေးကောက်ပွဲနေ့မှာ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ထိုင်းနိုင်ငံဘက်ကို မြန်မာစစ်ပြေးဒုက္ခသည် နှစ်သောင်းကျော် ထွက်ပြေးရောက်ရှိလာခဲ့ပါတယ်။ လက်တွေ့ညွန်းပြနေတဲ့သဘောကတော့ ပြီးခဲ့တဲ့ (၇) နှစ်တာအတွင်း ပြောင်းလဲသွားတဲ့ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းဟာ တဘက်သတ်ဇွတ်တိုး လုပ်ဆောင်မှုတွေကြောင့်သာဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီအရေးကို ဦးတည်တဲ့ နိုင်ငံရေးအပြောင်းအလဲတရပ် မဟုတ်ဘူးဆိုတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ သတင်းမီဒီယာများမှတဆင့် ရှေ့ ဆက်ရမယ့်လုပ်ငန်းစဉ်တွေကို တတ်နိုင်သမျှ ရှင်းလင်းတင်ပြပေးနေပါတယ်။ လူမှုရေးအရ ပန်ကြားမှုတွေလည်း လုပ်ခဲ့ပါတယ်။ ဒီတပတ် ဗွီအိုအေတီဗွီမဂ္ဂဇင်း အစီအစဉ်အတွက် သီးသန့်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာများကို ကိုသားညွန့်ဦး နဲ့ မညိုညိုလွင် တို့က တင်ပြပေးထားပါတယ်။

ကိုသားညွန့်ဦး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိမှုဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ရုပ်မြင်သံကြားဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတဲ့အကြောင်း လျှောက်ထားချက်ကို နေပြည်တော်တရားရုံးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီးတော့ ကြားနာပါတယ်။ ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်တာမရှိတာနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ်က ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြေညာပိုင်ခွင့် မရှိဘူးဆိုပြီး NLD ဘက်က ချေပ လျှောက်ထား ထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တရားဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်၊ မရှိတယ်ဆိုတာကို သူတို့ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တကယ်ကို NLD က ရပ်တည်နိုင်လား၊ မရပ်တည်နိုင်လားဆိုတာကိုတော့ ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပါ။

သားညွန့်ဦး ။ ။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီ တခုတည်း ဆောင်ရွက်လို့ ရမှာ မဟုတ်သလိုဘဲ သူ တယောက်နဲ့လည်း ဆောင်ရွက်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင်ကာလမှာ နိုင်ငံရေးပါတီတွေ အများအပြားပေါ်လာခဲ့ပြီး NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီက အဖွဲ့ဝင်တချို့လည်း အတိုက်အခံပါတီအဖြစ် သီးခြားရပ်တည်လာခဲ့ပါတယ်။

ဒီအဖွဲ့အစည်းတွေ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြိုဆိုလိုက်ပြီး လက်တွဲ လုပ် ဆောင်ချင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒီမိုကရေစီအတွက် လုပ်ပေးချင်တဲ့ သူတွေကနေပြီးတော့ လက်တွဲချင်တယ်ဆိုရင် အန်တီတို့ဘက် ကနေ လက်တွဲဖို့ အဆင်သင့်ပါပဲ။ တချို့တွေနဲ့တောင်မှ တွေ့ဆုံဖို့ စီစဉ်ပြီးပြီလို့ ပြောပါတယ်။ ဒါကတော့ ရုံးကနေပဲ စီစဉ်နေတာပါ။

ကိုသားညွန်ဦး ။ ။ လတ်တလော နယ်စပ်တလျှောက်မှာ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြဿနာအပေါ်မှာလည်း သူ့အနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုလို ပုံစံက ပြန်ပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်မလိုမြင်ရတာ အင်မတန်မှ ဝမ်းနည်းတယ်။ အန်တီတို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့… အဲဒီလိုပဲ ပြောရ မှာပဲ။ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝနဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက်သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။

မညိုညိုလွင် ။ ။ မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်ပြီးဆောင်ရွက်မယ် လို့ ပြောဆိုထားပါတယ်။ အခုဆိုရင် အဆင့်ခြောက်ဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အစိုးရရဲ လမ်းပြမြေပုံအတိုင်း သဘောတူလိုက်နာဆောင်ရွက်တဲ့ သဘောသက် ရောက်ပေမဲ့ NLD ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ဒီ လမ်းပြမြေပုံ အစီအစဉ်တွေ ကို ဆန့်ကျင်ကျောခိုင်းထားပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက် လက်တွဲဆောင်ရွက်ရေးဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပဲလေ။ တခုရှိလို့ တခုမရှိရဘူး လည်းမဟုတ်ဘူး၊ တခုရှိလို့ တခုက အလိုလိုပါလာမှာလည်း မဟုတ်ဘူး။ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး ကတော့ တကယ်ကို လိုအပ်တဲ့ကိစ္စပဲ။ လမ်းပြမြေပုံဆိုတာကတော့ မြေပုံအမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။ အဲဒီဟာတော့ ဆက်လုပ်သွားရမှာပဲ။

မညိုညိုလွင် ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေတိုးတက်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး မျှော်လင့်သူတွေက မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွတ်မြောက်ရုံနဲ့ ဒါဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလို့ မသတ်မှတ်သင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလို လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တခုတော့ အန်တီ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ကျန်နေတဲ့ နှစ်ထောင်ကျော်သော နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပါ။ အဲဒါတွေအတွက်ကိုတော့ တောင်းဆို ပေးပါ ဆိုတာကိုတော့ အဲဒါတွေကိုတော့ အန်တီ ဒီအချိန်၊ ဒီနေရာမှာ ပြောချင်တယ်။ ကျန်တဲ့ကိစ္စတွေက တော့ ပြောစရာတွေက အများကြီးရှိပါသေးတယ်။

ကိုသားညွန်ဦး ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ သြစတေးလျ ဝန်ကြီးချုပ် Julia Gillard ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရဘက်က တာဝန်ယူသင့်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုကြီးမျိုး နောက်တကြိမ် ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လုံခြုံရေးအတွက် အန်အယ်လ်ဒီ လူငယ်တွေက အပြည့်အဝ ကာကွယ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဘာမှ မစိုးရိမ်တဲ့ အကြောင်း ဗွီအိုအေ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီလိုပဲ အဖွဲ့ချုပ်က လူငယ်တွေက အစကတည်းကလည်း လုပ်ခဲ့ပါတယ်။ အခုလည်းလုပ်နေပါတယ်။ လုပ်နေတာပဲပေါ့နော်။ အန်အယ်လ်ဒီ လို ပါတီတခုဆိုတာက လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေက အကန့်အသတ်နဲ့ ရှိပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့လည်း မဟုတ်ဘူးဆိုတော့ ကလေးတွေကတော့ လုပ်နိုင်သမျှ လုပ်ပါတယ်။ သူတို့ အရင်တုံးကလည်း အကာအကွယ်ပေးခဲ့တာပဲ။ အခုလည်း သူတို့ အကာအကွယ်ပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ စိတ်ချပါ။

မညိုညိုလွင် ။ ။ နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မတရားမှုတွေ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံပါတီတွေက ပြောဆိုနေပါတယ်။ ဒီလို မတရားမှုတွေကို စုံစမ်းစစ်ဆေးဖို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲမှာ မပါပေမဲ့လည်း ရွေးကောက်ပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကိုတော့ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ အစီရင်ခံ စာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို ထည့်သွင်းပြီး ဖော်ပြပါလိမ့်မယ်။

မညိုညိုလွင် ။ ။ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နေအိမ်အကျယ်ချုပ်အဖြစ် အထိမ်းသိမ်းခံခဲ့ရတဲ့သက်တမ်း နှစ်ပေါင်း (၁၅) နှစ်နီးပါး ရှိမယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ခန့်မှန်းပါတယ်။ ဒီလို နှစ်တွေအကြာကြီး ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့နဲ့ ဆက်ပြီး ရုန်းကန်တိုက်ပွဲဝင်နိုင်ဖို့ အင်အားတွေ ဘယ်လိုရခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါကတော့ အန်တီ့ကို ဝိုင်းပြီး အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲ ပြောရမှာပဲ။ ကိုယ် တယောက်တည်း လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲ။ အန်တီ့ကို ဝိုင်းပြီးတော့ ကူညီပေးတဲ့သူတွေ၊ အားပေးတဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ။ နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်မှုပေးတဲ့ အန်တီ့သားတွေ၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုက်လို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲ ပြောရမှာပဲ။

ကိုသားညွန်ဦး ။ ။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ အန်အယ်လ်ဒီ လူမှု့ အထောက်အကူပြုအဖွဲ့က စောင့်ရှောက်ထားတဲ့ HIV/ AIDS ဝေဒနာသည်တွေကို တွေ့ဆုံပြီး ဝေဒနာသည် တွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်အတွင်း အန်အယ်လ်ဒီ လူမှုအထောက်အကူပြုအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဂေဟာသုံးခုမှာ HIV/AIDS ဝေဒနာသည် တရာကျော်ရှိနေပါတယ်။ ဒီလူနာတွေဟာ အကူအညီအလိုအပ်ဆုံး သူတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရန်ပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ အနေနဲ့ anti-retroviral drug တွေ ဝယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ ဗွီအိုအေ ကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရစေ။ အားလုံးပေါ့နော် ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ဝိုင်းပြီးတော့ လှူကြပါ။ ဝိုင်းပြီးတော့ ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ကိုသားညွန်ဦး ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ရုပ်မြင်သံကြားကို သီးသန့်တွေ့ဆုံ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဗွီအိုအေမြန်မာ တီဗွီမဂ္ဂဇင်း အစီအစဉ်ကို နေ့စဉ် နံနက် ၇း၀၀ နာရီ နဲ့ ညနေ့ ၇ နာရီတွေမှာ ဂြိုလ်တုစလောင်းမှတဆင့် မီနစ် (၃၀) ကြည့်ရှုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီ မေးမြန်းခန်းမှတဆင့် HIV/AIDS ဝေဒနာရှင်တွေအတွက် ကူညီကြဖို့ ပန်ကြားမေတ္တာရပ်ခံခဲ့ပေမယ့် ရက်ပိုင်းအတွင်း HIV/AIDS ဝေဒနာရှင်များ ကုသခံနေထိုင်နေတဲ့ ဆေးခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီး နောက်တရက်မှာပဲ မြန်မာစစ်အစိုးရနဲ့ မြို့ နယ်အာဏာပိုင်တွေက ဒီဝေဒနာရှင်တွေကို ဆေးခန်းမှာ ဧည်စာရင်းမတိုင်ဘဲ ဆက်လက်ခိုလှုံနေထိုင်ခွင့် မပေးတော့ဘူးဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ လူမှုရေးအပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သြဇာလွှမ်းမိုးလာမှာကို ကြိုတင်ပိတ်ပင် တားဆီးချင်တဲ့ သဘောလားဆိုတာကို စဉ်းစားစရာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးခဲ့တာ တပတ်ကျော် ကြာခဲ့ပေမယ့် မြန်မာစစ်အစိုးရခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး လေသံတောင် မဟသေးပါဘူး။ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ညှိနှိုင်းပေးနေတဲ့ ဆက်ဆံရေးဝန်ကြီး ဗိုလ်မှုးချုပ်ဟောင်းအောင်ကြည် ကလည်း အခုဆိုရင် လွှတ်တော်အမတ် ဦးအောင်ကြည် ဖြစ်နေပါပြီ။ နောက်တပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ နိုင်ငံတကာရပ်တည်မှုတွေအကြောင်း ဆွေးနွေးတင်ပြပေးသွားပါမယ်။
http://www.voanews.com/burmese/news/democracy-forum/burma_forum_11-21-2010-109790409.html

ဒီမိုကရက်တစ်တွေ ဖမ်းပြီးတော့ နိုင်ငံရေးအကြောင်းတွေ ပြောနေတယ်၊

မန်မာပြည်မှာ ဂြိုဟ်တုစလောင်း ပြည်ပထုတ်လွှင့်ချက်တွေ မဖမ်းရ

By မအေးအေးမာ တနင်္လာ, 22 နိုဝင်ဘာ 2010

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ခရမ်း၊ သုံးခွ၊ တွံတေး၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ စတဲ့နေရာတွေမှာ ပြည်ပ အသံလွှင့်ဌာန၊ ဂြိုလ်တုစလောင်းတွေကနေ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားတွေကို ကြည့်ရှုခွင့်ပေးနေတဲ့ ဈေးဆိုင်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြလာတာ ကြောင့် မြို့နယ်အာဏာပိုင်တွေက အမိန့်ထုတ်ပြီး ပြသခွင့် မပြုတော့ဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် မြန်မာ့နိုင်ငံရေး အခြေအနေ ကို လေ့လာနေတဲ့ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ အမှတ် ၉ ရပ်ကွက်က လှိုင်ဘွား လဘက်ရည်ဆိုင်မှာတော့ ပြည်ခိုင်ဖြိုးပါတီက မြို့နယ် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အမှတ် ၉ ရပ်ကွက်က ပြည်သူတဦးပြောပြတာက

“၉ ရပ်ကွက် ရ.ယ.က ရုံးဘေးက လက်ဖက်ရည်ဆိုင်မှာပေါ့နော်၊ ရ.ယ.က ရုံးအပိုင်မှာငှားပြီးတော့ ဖွင့်ထား တဲ့ လက်ဖက်ရည်ဆိုင်မှာပေါ့ဗျာ၊ အဲဒီဆိုင်မှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ကြည့်ကြတယ်ပေါ့ဗျာ၊ ကြည့်တာကို ကြံ့ခိုင်ရေးရုံးက စည်းရုံးရေးမှူးပေါ့ဗျာ။

၉ ရပ်ကွက် စည်းရုံးရေးမှူးပေါ့။ ကိုဇင်လင်းမောင်ကနေပြီးတော့ သုံးခွမြို့နယ်က ကြံ့ခိုင်ရေး အတွင်းရေးမှူး ဒေါက်တာမြင့်သိန်းကို သွားပြောတယ်။ ဒီလို…ဒီလိုပဲ။ ဒီလူတွေ နိုင်ငံရေးလုပ်နေပါတယ်ဆိုပြီး၊ လက်ဖက် ရည်ဆိုင်မှာထိုင်ပြီး နိုင်ငံရေးကြောင်းတွေပြောနေပါတယ်၊ နိုင်ငံရေးလုပ်နေပါတယ်ဆိုပြီး၊ ဆိုတော့.. ဒေါက်တာမြင့်သိန်းကနေပြီးတော့ မ.ယ.က ဥက္ကဋ္ဌ ဦးကျော်သောင်းကို သွားပြောတယ်။ ဒီလို ဒီလိုပဲဖြစ်နေ တယ်။ တားဆီးပေးပါ ဆိုပြီးတော့ပြောတယ်။

ပြောတဲ့အခါကျတော့ သုံးခွ ရ. ယ.က စာရေးကိုဇော်မြင့်ကို မ.ယ.က ဥက္ကဋ္ဌက ခေါ်တွေ့တယ်။ ခင်ဗျားတို့ ရပ်ကွက်၊ ရ.ယ.က ရုံးဘေးက လက်ဖက်ရည်ဆိုင်မှာ ခင်ဗျားက ဦးဆောင်ပြီးတော့ ဒီမိုကရက်တစ်တွေ ဖမ်းပြီးတော့ နိုင်ငံရေးအကြောင်းတွေ ပြောနေတယ်၊ နိုင်ငံရေးလုပ်နေတယ်လို့ ကျုပ်တို့ကို လာတိုင်ထား တယ်၊ အဲဒီတော့ ခင်ဗျားတို့ ဒီအလုပ်တွေကို မလုပ်ဖို့၊ ခင်ဗျားကိုယ်တိုင်လည်း မလုပ်ဖို့၊ နောက်ပြီး လက်ဖက်ရည်ဆိုင်ကိုလည်း ဒီမိုကရက်တစ်တွေကိုမဖမ်းဖို့၊ မကြည့်ဖို့ အဲဒါ ခင်ဗျားပြောလိုက်ပါ၊ ဆိုပြီးတော့ သူက အမိန့်ပေးလိုက်တယ်”

ဒိနောက်မှာတော့ လဘက်ရည်ဆိုင်ပိုင်ရှင်ကို စလောင်းတွေကနေ ပြည်ပအသံလွှင့်ဌာနတွေကလွှင့်တဲ့ ရုပ်မြင်သံကြားအစီစဉ်တွေကို မပြသဖို့အတွက် ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“ခင်ဗျားတို့ ဒီမိုကရက်တစ်တွေကို မဖမ်းပါနဲ့၊ မကြည့်ပါနဲ့။ လက်ဖက်ရည်ဆိုင်မှာလာပြီးတော့ ဖွင့်ပါ ဘာ.. ညာ လာပြီးတော့ ပြောတဲ့လူ ရှိတယ်ဆိုလို့ရှိရင်လည်း ဦးကျော်သောင်းကနေပြီးတော့ ဒီမိုကရက်တစ် မဖမ်းနဲ့၊ မကြည့်ရဘူးလို့ အမိန့်ပေးထားတဲ့အတွက် ကျနော်တို့ မဖွင့်ရပါဘူးလို့ ပြောပါဆိုပြီးတော့ သူတို့က ပြောသွားတယ်။ အထက်က အမိန့်နဲ့ မဖွင့်ပါနဲ့လို့ လာပြောသွားတယ်ဗျာ”

အခုလိုမျိုး အမိန်နဲ့ ညွန်ကြားလိုက်တဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် သူမ ဘာတွေ ပြောဆိုနေသလဲ ဆိုတာနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေ အတွက် မျှော်လင့်နေကြရတဲ့ ပြည်သူတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ ပြည်သူ တဦးက ပြောပြပါတယ်။

“အဲဒါကျတော့ သူတို့ မတရားလုပ်တာပေါ့ဗျာ၊ ကျနော်တို့တွေ ပြည်သူတွေအနေနဲ့ကတော့ ဒါကို လုံးဝ မကျေနပ်ဘူးဗျ၊ လူတိုင်းမှာ လွတ်လပ်ခွင့်တွေ ရှိတယ်။ သိချင်၊ မြင်ချင်၊ ကြားချင်တယ်။ အန်တီစုကိုလည်း ကျနော်တို့က အားပေးတယ်။ အန်တီစုပြောတဲ့စကားတွေကိုလည်း ကျနော်တို့က ကြားချင်တယ်။ ဒါပေမဲ့ သဘောကတော့ဗျာ၊ ဒီမိုကရက်တစ်တွေ ဘာတွေဆိုတာက စလောင်းရှိမှ ကြည့်ရတာကိုး။

စလောင်းရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကလည်း ဖွင့်ပြပေးတယ်ဗျာ၊ ကျန်တဲ့သူတွေကြည့်ရအောင်၊ ပြည်သူ အများကြည့်ရအောင်ဆိုပြီးတော့ သူတို့ကလည်း ဖွင့်ပေးတယ်။ စီးပွားရေးအရလည်းပါတာပေါ့နော်၊ သူတို့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့သူတွေ စိတ်ချမ်းသာအောင်လို့ သူတို့ကလည်း ဖွင့်ပြ ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ လူတွေက စိတ်ဝင်စားလာတာ ဒီလူတွေ မလိုလားဘူး။ အဲဒါကို ဒီလူတွေ လိုက်ပြီးတော့ ကြပ်ပေးနေတာ။ အဲဒီတော့ ကျနော်တို့ ပြည်သူပြည်သားတွေ အတွက် ပေါ့နော်၊ လူ့အခွင့်အရေးတွေ အများကြီးဆုံးရှုံးတယ်။

ဒီလူတွေ၊ သူတို့လုပ်ချင်သလို လုပ်နေတာကို ကျနော်တို့ ပြည်သူတွေက ငြိမ်ခံနေရသလို ဖြစ်နေတယ်။ မတရားလုပ်မှန်းလည်းသိတယ်ဗျာ၊ ဒီလူတွေကို ပြန်ပြီးတော့ ယှဉ်ပြိုင်မှုအနေအထားမှာ ကျနော်တို့မှာ ပါးစပ်ပဲရှိတယ်။ ဒီလူတွေမှာက အာဏာလည်း ရှိတယ်၊ လက်နက်လည်းရှိတယ်”

အလားတူ ဖြစ်ရပ်မျိုးတွေဟာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ခရမ်း၊ သုံးခွ၊ တွံတေး၊ မြောက် ဥက္ကလာ၊ ရွှေပြည်သာ စတဲ့နေရာအတော်များများမှာဖြစ်နေပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ပြန်လည် လွတ်လာပြီးနောက် ဂြိုဟ်တုစလောင်းတွေကို ပြည်သူတွေက ကြည့်ရှုမှု ပိုပြီး များလာသလို ဒီလိုကြည့်ရှုသူများလာတဲ့အတွက် ခြိမ်းခြောက်ခြင်း၊ ပိတ်ပင်ခြင်းတွေကို အာဏာပိုင် တွေက ပိုပြီးလုပ်လာတယ်လို့ ရန်ကုန်တိုင်းအတွင်းက ပြည်သူတွေကပြောပြပါတယ်။

“အဲဒါနဲ့ပတ်သက်လို့လေ၊ တချို့ရပ်ကွက်တွေရော အကုန်လုံး အဲလိုဖြစ်နေတာ။”

ဂြိုဟ်တုစလောင်းတွေဟာ လိုင်စင်ကြေးပေးပြီး တရားဝင် လုပ်ထားရတာဖြစ်ပေမဲ့ အာဏာပိုင်တွေက ပြည်ပအသံလွှင့်ဌာနတွေကနေ လွှင့်ထုတ်နေတဲ့ အစီအစဉ်တွေကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

နယ်မြို့တွေမှာဆိုရင်လည်း ဂြိုဟ်တုစလောင်းတွေကို ကြည့်ချင်သူတွေ များလာတဲ့အတွက် ခိုးဝှက် ကြည့်ရှု နေရတာတွေလည်း ဖြစ်ပေါ်နေပါတယ်ရှင်။
http://www.voanews.com/burmese/news/--my_news_burma_11-22-10-109953514.html

မေတ္တာ အရင်းခံပါပဲ...


အသားလတ်လတ်၊ ကိုယ်ဟန်သွယ်နွဲ့နွဲ့ဖြင့် အသက်၈၀ အရွယ် အမေနု က သူ့ကို ရွှေတွေငွေတွေ ပုံပေးပါစေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ် အဆောက်အအုံကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေလိုသေးသရွေ့ ငှားခြင်း၊ ရောင်းခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောပြသည်။

owner
ဒေါ်အောင်ဆန်းစုကြည်လိုအပ်သရွေ့ NLD ရုံးချုပ် အဆောက်အအုံကို ဆက်လက် ငှားရမ်းနေဦးမည့် အမေချော(ဓာတ်ပုံ - ဧရာဝတီ)
“ဒီနေရာကို ဈေးကောင်းပေးပြီး လာဝယ်ကြတယ်၊ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီးတော့လည်း လာပြောကြတာ ရှိတယ်၊ အမေ မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် နေလိုသရွေ့နေပါစေဆိုတဲ့ သွားလေသူရဲ့စကားလည်း ရှိတယ်၊ အမေကလည်း ကိုယ်
တတ်နိုင်တာလေ၊ ကူညီအားပေးချင်တယ်”ဟု NLD ရုံးနေရာပိုင်ရှင်ဖြစ်သော အမေနုက မှုန်သီသီ မျက်လုံးများဖြင့် ကြည့်ပြီး ဖြည်းဖြည်းခြင်း ပြောသည်။

အမေနု၏ ခင်ပွန်းဖြစ်သူ ဦးထွန်းကြိုင်က သူပိုင်ဆိုင်သော အဆောက်အအုံအား NLD ရုံးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ပိုင်း ကတည်းက စတင်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

NLD ရုံးကို စတင်တည်ထောင်စဉ်က ရုံးချုပ်နေရာမှာ ရွှေဂုံတိုင်တွင်မဟုတ်ဘဲ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ခြံ နှင့် မလှမ်းမကမ်း ခြံဝန်းတခုတည်းတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။

သို့သော်လည်း ၁၉၈၉ ခုနှစ်အတွင်းမှာပင် ထိုခြံရှင်အား စစ်အစိုးရက ဖိအားပေးသောကြောင့် ခြံရှင်မှာ ဆက်မငှားရဲတော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ရုံးခန်းဖွင့်ရန် ရှာဖွေခဲ့ရကြောင်း၊ ထိုကာလမှာပင် ဦးထွန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကသာ သူ့အိမ်ကို လိုချင်တယ်ဟု ပြောလျှင် ငှားပေးပါမည်ဟု ပြောခဲ့သည့်အတွက် NLD ရုံးချုပ်မှာ လက်ရှိ ရုံးချုပ်နေရာ ရွှေဂုံတိုင် တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဦးထွန်းကြိုင် တိမ်းပါးသွားသည့်အခါမှာလည်း အမေနုက ထိုကတိကို ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဦးထွန်းကြိုင်၏ ဇနီးအမေနုနှင့် သမီး အမေချောကလည်း ဒေါ်အောင်းဆန်းစုကြည်က နေချင်သေးသရွေ့တော့ သူတို့ဘက်မှ ကတိကို ပျက်စေမှာ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီအားပေးခြင်းမှာ တိုင်းပြည်ကို ကူညီအားပေးခြင်းသာ ဖြစ်သည်ဟု လက်ခံထားကြောင်း အမေချောက သူ့သဘောထားကို ပြောပြသည်။

“အဖေ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ နေလိုသရွေ့ ဘယ်တော့မှ မဖယ်ခိုင်းပါနဲ့တဲ့၊ ပြီးတော့ ဘာအကြောင်းကြောင့်မှလည်း ဒီကတိကို မပျက်ပါစေနဲ့လို့ တဖွဖွ မှာခဲ့တာပဲ၊ ကြီးကြီးလည်း ကတိပေးခဲ့တယ်၊ တည်စေရမယ် စိတ်ချပါလို့”ဟု အမေချော က ဆိုသည်။ အမေချောက ဖခင်၏ စကားကိုနားထောင်ပြီး ဖခင်ကတိစကားကိုမြဲရန် စောင့်ရှောက်နိုင်ခဲ့သူ ဖြစ်သည်။

သေးသေးသွယ်သွယ် ဖျပ်ဖျပ်လတ်လတ်နှင့် အသက် ၆၀ အရွယ် အမေချောကို စစ်အစိုးရက NLD အား ရုံးခန်း ငှားပေးသည့် အတွက်ဟုဆိုကာ ဒီပဲယင်းအကြမ်းဖက်မှုအပြီး ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး လွန်ခဲ့ သော ၂ နှစ်ခန့်ကလည်း NLD ရုံးကို မငှားတော့ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

“ကြီးကြီးကလည်း ပြောလိုက်တာပေါ့၊ ဒီရုံးကို စငှားခဲ့တာ အဖေက ငှားခဲ့တယ်၊ အဖေက ဒေါ်အောင်ဆန်းစုကြည်နဲ့ငှားခဲ့ စာချုပ် ခဲ့ကြတယ်ဆိုတော့ ဒီစာချုပ်ကို ကျမတို့ဘက်ကတော့ ဖျက်လို့မဖြစ်နိုင်ဘူးလို့။ အဖေက ဖျက်ဆိုမှပဲ ဖျက်နိုင်တော့မယ်လို့ ပြော လိုက်တာပဲ”ဟု အမေချောက ပြောသည်။

အသက် ၈၀ ကျော် အမေနုနှင့် အသက် ၆၀ ၀န်းကျင်အရွယ် အမေချောတို့အား အာဏာပိုင်များက မည်ကဲ့သို့ ဖိအားပေးစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရုံးခန်းဖွင့်နိုင်ရေးအတွက် ဆက်လက်ငှားရမ်းပေးနေဦးမှာပဲ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငှားရမ်း ပေးနေခြင်းမှာ ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း အားပေးကူညီလိုသည့် စိတ်ကြောင့် ဖြစ်ကြောင်း အမေချောက ပြောဆိုသည်။

“အစ်မက  ဒီအိမ်ရှင်တွေရဲ့ ကျေးဇူးကိုအမြဲ အသိအမှတ်ပြုထားတယ်၊ ဒီနေရာက ဈေးသိပ်ကောင်းပါတယ်၊ အမေချောတို့က သူတို့ ပိုင်တာလေးတွေကို ဖဲ့ဖဲ့ရောင်းနေပေမယ့် ဒီနေရာလေးကိုတော့ မရောင်းရှာဘူး၊ ပြီးတော့သူတို့ကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ပြော ဆိုရင်လည်း အမေချောတို့က တင်းခံပြီးနေတာပဲ”ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင်တဦး က ပြောပြသည်။

ရုံးခန်းပိုင်ရှင်များဖြစ်ကြသော အမေနုနှင့် အမေချောအား ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မကြာခင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာပင် သွားရောက် ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြင်မှာ မြင်နေရရင်ကို အမေတို့က ကျေနပ်ဝမ်းသာနေတာပါ၊ အမေတို့ဘက်ကတော့ လုပ် ပေး နိုင်တာ မှန်သမျှ လုပ်ပေးဖို့ပါပဲ”ဟု အမေချောက ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို  တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန်
ကြိုစားနေသူများထဲတွင် အမေနုတို့၊ အမေချောတို့ ကဲ့သို့ ပြည်သူများလည်း ပါဝင်လျက်ရှိသကဲ့သို့ ဒေါ်လှကြည် ကဲ့သို့သော အသက် ၈၀ ကျော် အမယ်အိုကြီးလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။

“ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ နေတော့ နေ့တိုင်း ထောင်ရှေ့ကို သွားကြည့်တယ်၊ မေတ္တာပို့ပေးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ အဘွားက သူ့ကို တွေ့ချင်၊ အားပေးချင်တာ အိပ်မပျော် စားမ၀င်တောင် ဖြစ်တယ်”ဟု
ရွှေဂုံတိုင် ရုံးသို့နေ့စဉ် လာစောင့်နေခဲ့သော ဒေါ်လှကြည်က ပြောပြသည်။

ငွေရောင် ဆံပင်၊ မျက်နှာအရေးအကြောင်း တွဲလျက်၊ တလှမ်းခြင်းဖြည်းဖြည်းမျှသာ သွားလာနိုင်တော့သော ဇရာထောင်းနေသည့် အသက် ၈၀ ကျော်အရွယ် အမယ်အို ဒေါ်လှကြည်က ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူ ပြည်သူအများထဲ တိုးဝှေ့ရင်း ရုံးပေါက်ဝ အထိ အရောက်လာကာ ဇွဲကြီးကြီးဖြင့် စောင့်ကြည့်ခဲ့သူ ဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးမှ ထွက်ခါနီး လူအုပ်ထဲမှ ဒေါ်လှကြည်ကို ဖျပ်ခနဲ တွေ့လိုက်သောကြောင့် ဒေါ်လှကြည်အနားအထိ သွားခဲ့ပြီး “အမေ နေကောင်းတယ် နော်”ဟု လက်ကိုဆွဲကာ တရင်းတနှီးနှုတ်ဆက်ခဲ့ကြောင်း ဒေါ်လှကြည် က ပြောပြသည်။

“အဲလို နှုတ်ဆက်တော့ အမေ့မှာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ အမေကို သူ မှတ်မိတယ်၊ မမေ့ဘူးပေါ့နော်” ဟု  စို့လာသော မျက်ရည်တို့ကို သုတ်ရင်း ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်နှင့် ဟိုစဉ် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသမား ဘ၀ကတည်းက ခင်မင်သိကျွမ်းခဲ့ဖူးကြောင်း ဒေါ်လှကြည်က ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းမှာ သခင်အောင်ဆန်း ဘ၀ ကတည်းကပင် ချွေတာခဲ့သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဘ၀မှာလည်း ချွေတာခဲ့ ကြောင်း၊ ခြံထဲရှိ ရေကန်တွင် ကန်စွန်းရွက် စိုက်၊ ဖရုံသီးများ စိုက်ကာ ဟင်းလုပ်စားခဲ့သူ ဖြစ်ကြောင်း ဒေါ်လှကြည်က ရှေးဟောင်း နှောင်းဖြစ်တို့ကို ပြောပြသည်။

“မမကြည်က အစ ပဲရေပွနဲ့ ငါးပိရည်ကို မြေအိုးနဲ့ချက်ပြီးတော့ စားတယ်၊ သူတို့ ဆန်ကောင်းတွေ၊ ဟင်းကောင်းတွေ မစားခဲ့ဘူး။ ပြည်သူတွေ စားသလိုပဲ သူတို့ မိသားစုလည်း စားတယ်၊ ဗိုလ်ချုပ်ဖြစ်တော့တောင် ငစိန်ဆန်ပဲ စားခဲ့ကြတယ်၊ ဟင်းဆိုလည်း ခြံထဲ က ကန်စွန်းရွက်တို့၊ ကင်းမွန်ရွက်တို့နဲ့ စားကြတယ်၊ အမေတို့ ဒါတွေ အကုန်သိခဲ့ မြင်ခဲ့ရတယ်၊ အခုလည်း ဒီကလေးက အမေ အဖေ ရဲ့ ကောင်းမွေတွေ အကုန်ရခဲ့တဲ့ သူတော်ကောင်းမလေး သူ့ကို ထောက်ခံပေးရမယ်”ဟု ဒေါ်လှကြည်က ပြောသည်။

၁၉၈၈ ခုနှစ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့သည့်အတွက် သူတို့ မိသားစုပိုင် လှယမင်းနှင့် မြယမင်း ဆို သော စာပုံနှိပ်စက်တွေကို အစိုးရက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

“အမေတို့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်ကြတယ်၊ အမေတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေလို့တဲ့။ ဒါပေမယ့် အမေ မကြောက်ဘူး၊ ငတ်ချင်လည်း ငတ်တော့လို့ အမေ စိတ်မာတယ်၊ ဒီကလေးကိုတော့ အားပေးရမယ်၊ ထောက်ခံ ရမယ်ပေါ့၊ သူက တိုင်းပြည်ကို ကောင်းတာ လုပ်တာ ဆိုတာ အမေသိတယ်၊ ယုံတယ်လေ”ဟု ဒေါ်လှကြည်က ဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရလျှင်လည်း အိမ်မှာ ကျန်ခဲ့သောသားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေအဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက်တလှည့်စီ NLDရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။
http://www.irrawaddy.org/bur/index.php/articles/2-articles/4976-2010-11-22-12-44-57

(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ) ၏ “အကြံပေးတင်ပြမေတ္တာရပ်ခံချက်”နှင့်ပတ်သက်၍


(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ)
အကြံပေးတင်ပြမေတ္တာရပ်ခံချက်”နှင့်ပတ်သက်၍
( တူမောင်ညို )
(၂၁ နိုဝင်ဘာ ၂၀၁၀ )

နည်းလမ်းအမျိုးမျိုးရှာရမှာပဲ။ နည်းလမ်းတွေလည်းရှာရမှာပဲ။ နည်းလမ်းဟောင်းလည်းပြန်သုံးသင့်ရင်သုံးရမှာပဲ။ အမျိုး သားပြန်လည်ရင်ကြားစေ့ရေးလုပ်ဖို့ကတာဝန်ပဲ။မဖြစ်ချင်တဲ့သူတွေစိတ်ပြောင်းအောင်လုပ်ဖို့ကြိုးစားပြီးလုပ်မှာပဲ” (ဒေါ်အောင်ဆန်း စုကြည် ပြောကြားချက်)

သက်ကြီးပူဇော်ပွဲက နည်းလမ်းဟောင်းပဲ။ “ကန်တော့ကြိုး”ဆိုတာကတော့ တောင်းဆိုချက်တွေပါပဲ။
နာမည်တပ်တာကစပြောပါရစေ“အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့်ဒီမိုကရေစီအင်အားစုများ”မှာဘာတွေ ခြားနားနေလို့၂ မျိုးခွဲပြီး တပ်ရတာလဲ။ သင့်မြတ်ရေးလိုလားသူတွေကတစ်စုသပ်သပ်/ ဒီမိုကရေစီအင်အားစုများကသပ်သပ်ဆိုတဲ့ သဘောမျိုးရှိနေသလား။
နိုင်ငံရေးအသုံးအနှုန်းကိစ္စပြောပါမယ်။ ဒီကိစ္စကသိပ်အရေးကြီးပါတယ်။ အဆိုပြုသူတွေအနေနဲ့ တိကျခိုင်မာတဲ့နိုင်ငံရေး ပြဿနာတွေကို ရှင်းလင်းစွာဖေါ်ထုတ်ရေးသားဖို့လိုပါတယ်။
အောက်ပါ အတိုင်းသုံးထားတာတွေ့ရပါတယ်။ ဒီလိုရေးသားမှုတွေဟာပြဿနာတွေကိုဝေဝါးစေပါတယ်။ ပုဂ္ဂိုလ်ရေးဆန် သလိုဖြစ်နေပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲသွားပြီး နောက် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့အစည်း တွေ မြန်မာ့နိုင်ငံရေးအင်အားစုတွေကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်းကြီးထွားလာခဲ့တာ ယနေ့ ဆို အမြင့်ဆုံးအချိန်ရောက်နေပါပြီ”
မြန်မာ့နိုင်ငံရေးအင်အားစုတွေကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်းကြီးထွားလာခဲ့တာ” လို့ဆိုထားလေတော့ “တိကျခိုင်မာတဲ့ နိုင်ငံရေးပြသနာ” ဆိုတာကို မရည်ရွယ်သော်လည်း ဘေးပို့ထားသလိုဖြစ်နေပါတယ်။
အုပ်စိုးသူအဆက်ဆက်နဲ့ (နဝတ-နအဖ) တို့က နိုင်ငံရေးပြသနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းခဲ့တာမဟုတ်သလို။ နိုင်ငံရေး ပြသနာ လို့လည်းယူဆခဲ့ကြတာမဟုတ်ပါဘူး။
ဝါဒစွဲ/ပါတီစွဲ/လူမျိုးရေးအစွဲ”လို့ရေးတတ်သလို။ပြည်တွင်းသောင်းကျန်းမှု/သောင်းကျန်းသူလို့သုံးတာပါ။ သောင်းကျန်း မှု/သောင်းကျန်းသူလို့သုံးတော့နောက်ဆက်တွဲဖြေရှင်းတဲ့နည်းလမ်းက“စစ်ရေးနည်းနဲ့အမြစ်ပြတ်ချေမှုန်းရမယ်”ဆိုတာပဲဖြစ်ပါတယ်။
ယခု အပစ်ရပ် (ကေအိုင်အို) ကို သောင်းကျန်းသူလို့(နအဖ)သတင်းစာမှာပြန်သုံးနေပါပြီ။ ဒီလိုအသုံးအနှုန်းမျိုးတွေက သဘောထားရပ်တည်ချက်နဲ့ ဆိုင်တဲ့ကိစ္စတွေပါ။
သက်ကြီးပူဇော်ပွဲမှာ တင်ပြထားတဲ့နည်းလမ်းက “ပင်လုံညီလာခံကဲ့သို့သော အမျိုးသားညီလာခံစစ်စစ်တခု ကျင်းပပြီး” ပြသနာတွေကို “ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ” တွေ့ဆုံဆွေးကြဖို့ဖြစ်ပါတယ်။
သိပ်ကောင်းတဲ့အစီအစဉ်ပါ။
တစ်ခုပဲပြောစရာရှိပါတယ်။
စစ်အစိုးရက (တပ်မတော်ခေါင်းဆောင်များ) က ဒီအဆိုပြုချက်ကိုလက်ခံဖို့ပဲလိုတာပါ။
ဒီလိုအဆိုပြုချက်တွေကို ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်း ပြည်တွင်းပြည်ပအင်အားစုအသီးသီးက သူ့နည်း သူ့ဟန်နဲ့တင်ပြခဲ့ပါတယ်။ (နဝတ-နအဖ) စစ်အစိုးရ ဘက်က မတုန့်ပြန်ခဲ့လို့ အကောင်အထည်မပေါ်ခဲ့ပါဘူး။
ပဋိပက္ခတွေများပြားနေတဲ့အခါမှာ/ပြဿနာပေါင်းစုံကို ကိုင်တွယ်ကြတော့မယ်ဆိုတဲ့နေရာမှာ အဲဒီပဋိပက္ခပေါင်းစုံထဲ က/ ပြဿနာ ပေါင်းစုံ ထဲက အဓိကပဋိပက္ခနဲ့ အဓိကပြဿနာကို ရှာဖွေကိုင်တွယ်ကြရစမြဲဖြစ်ပါတယ်။
ဒီကနေ့ ကျနော်တို့ တိုင်းပြည်ရင်ဆိုင်နေရတဲ့ အဓိကပဋိပက္ခနဲ့ အဓိကပြဿနာက စစ်အာဏာရှင်စနစ်ကို ဖက်တွယ် ထားလိုတဲ့(နအဖ)စစ်အစိုးရကတစ်ဖက် စစ်မှန်တဲ့ဒီမိုကရေစီနဲ့စစ်မှန်တဲ့ပြည်ထောင်စုကိုလိုလားတဲ့ လူမျိုးပေါင်းစုံ အဖိနှိပ်ခံ ပြည်သူ တွေက တစ်ဖက်ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်ပါတယ်။ အဓိကပဋိပက္ခကိုတွေ့တဲ့အခါ ဆက်လက်ပြီးတော့ ပဋိပက္ခရဲ့ အလားအလာ နဲ့ အခြေအနေကိုအဆုံးအဖြတ်ပြုနေတဲ့ပဋိပက္ခရဲ့အဓိကဘက်ကိုရှာဖို့သိဖို့လိုအပ်ပါတယ်။ ကျနော်တို့ရင်ဆိုင်နေရာတဲ့ အဓိကပဋိပက္ခ မှာအဓိကဘက်ဟာ (နအဖ)စစ်အစိုးရဘက်ဖြစ်ပါတယ်။ (နအဖ) စစ်အစိုးရဟာ အဆုံးအဖြတ်ပြုနိုင်တဲ့ဘက်ဆိုတဲ့ နေရာ/ လက်ဦး မှုကိုရရှိထားတာပါ။
ဒါကြောင့် ကျနော်တို့ပန်ကြားချက်/အဆိုပြုချက်/မေတ္တာရပ်ခံ ချက်တွေဟာ ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ (နအဖ) စစ်အစိုးရက လက်မခံသမျှ ဘာမျှဖြစ်မလာနိုင်ပါဘူး။ ဖြစ်မလာခဲ့ကြောင်း ကုန်လွန်ခဲ့ တဲ့နှစ် (၂၀) ကျော်ကာလက သက်သေပြ ခဲ့ပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောနေသလိုပါပဲ။ (နအဖ) စစ်အစိုးရမှာ Political will မရှိသေးတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ “မဖြစ်ချင်တဲ့သူတွေစိတ်ပြောင်းအောင်လုပ်ဖို့ကြိုးစားပြီးလုပ်မှာပဲ”၊ “ အန်တီက စိတ်ကူး ယဉ် မျှော်လင့်ချက်ကို သိပ်အယုံအကြည်မရှိဘူး။” တဲ့။
ဒီအတွက် အင်အားစုအားလုံးလိုက်ပါနိုင်ပြီး (နအဖ) စစ်အစိုးရအနေနဲ့ ငြင်းပယ်ခြင်းငှာမစွမ်းသာတော့တဲ့ လုပ်ငန်းစဉ်နဲ့ စုစည်းညီညွတ်တဲ့ လုပ်ဆောင်ချက်တွေလိုအပ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ” ဘယ်လိုလုပ်ကြမလဲ လို့မေးပါရစေ။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့အခါလူတွေဟာစုစည်းရွှင်လန်းအားတက်လာကြပြီး ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရတဲ့အချိန်ကာလတွေမှာထိုင်းမှိုင်းကြဲကွဲသွားတတ်တဲ့အနေအထားကိုလည်းကျနော်တို့ပြုပြင်ပြောင်းလဲဖို့လိုမှာပါ။
ပြည်တွင်းမှာ အင်တာနက်အသုံးပြုတာနဲ့ပတ်သက်ပြီး ကာတွန်းဆရာအော်ပီကျယ်ချိန်ချိန်ဆဆပြောသွားတဲ့ စကားကို လည်းကျနော်တို့လေးလေးနက်နက်စဉ်းစားဖို့လိုပါတယ်။
ကျနော်တို့အတွက်လိုအပ်နေတာကတော့ -
လက်တွေ့ကျပြီး၊ အင်အားစုအားလုံးလိုက်ပါနိုင်ကာ (နအဖ) စစ်အစိုးရအနေနဲ့ ငြင်းပယ်ခြင်းငှာ မစွမ်းသာတဲ့ ဘုံလုပ်ငန်း စဉ်တစ်ရပ်” သာဖြစ်ပါကြောင်း။

ကျန်ရှိနေသေးသောသုံးရောင်ခြယ်များက၂၀ရက်ညနေ ၆နာရီတွင်ဒေါ်စုကိုသွားရောက်ကန်တော့

Saturday, November 20, 2010

ဒေါ်စု ကသုံးရောင်ခြယ်များရဲ့ စည်းလုံးမူကိုနမူနာယူကြတဲ့ 

ရန်ကုန်မြို တွင်ကျန်ရှိနေသေးသောသုံးရောင်ခြယ်များကယမန်မနေ့ ညနေ ၆နာရီတွင်ဒေါ်စုကိုသွားရောက်ကန်တော့ခဲ့ကြပါသည်။ ဒေါ်စုမှာ သုံးရောင်ခြယ်များကိုကိုတွေ့ လိုက်ရတဲ့ အခါမှာ သူနေနဲ့ မျက်ရည်များဝဲလာပြီး အသံများပါတုံရီလာတဲ့ အထိဝမ်းသာခဲ့ ကြောင်း နောက်ဒေါ်စုကနေ သူအရမ်းဝမ်းသာရတဲ့ အကြောင်းကတော့ သားတို့ (သုံးရောင်ခြယ်)တွေအနေနဲ့ ၂၂နှစ်လုံးကာလအထိတယောက်နဲ့ တယောက်ဖေးဖေး ကူညီစွာတယောက်ပေါ်တယောက်နားလည်မူ့ တွေရဲဘော်ရဲဘက်စိတ်အပြည့် နဲ့   အခုချိန်အထိ သားတို့ (သုံးရောင်ခြယ်)စည်းစည်းရုံးရုံးရှိနေတဲ့ အတွက် အရမ်းဝမ်းသာဂုဏ်ယူမိကြောင်းပြောကြားခဲ့ ပါသည်။
သုံးရောင်ခြယ် များက ဒေါ်စုကို Laptop Computer နဲ့ မိတ်ဆက်ပေးခဲ့ ပြီး ဒေါ်စု က Apple Computer ကိုပိုအားသန်ကြောင်း လိုအပ်တဲ့ Computer(laptop) တလုံးမကြာမှီဝယ်ယူသွားမည် ဟုသိရပါသည်။


နောက်သုံးရောင်ခြယ်များက ဒေါ်စုကိုဘာများမှာကြားခြင်သေးလဲမေးတဲ့ အခါသားတို့ (သုံးရောင်ခြယ်)တွေရဲ့ ညီညွတ်မူ့  ကိုအခုလက်ရှိအဖွဲ့ တွေရောနောင်လာမဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေကပါသားတို့ (သုံးရောင်ခြယ်)ကိုစံနမူနာအနေနဲ့ ထားရှိဘို့ ပြောလိုကြောင်းပြောပြခဲ့ ပါသည်။ည၈နာရီခန့်တွင် ဒေါ်စုမှသုံးရောင်ခြယ်များကိုသူတို့ ရဲ့ ကားနားအထိပြန်လည်ပို့ ဆောင်နူတ်ဆက်ခဲ့ ကြောင်းသတင်းရရှိပါသည်။


၂၂၀၀အကျဉ်းသား(လားရှိုးသိန်းအောင်)

ကျောက်တော်-မြောက်ဦးရထားလမ်းမြေပုံ



ပုဂံမှာရှေးဟောင်းစေတီတွေကိုဒီခေတ်လက်ရာနဲ့ပြန်ပြီးမွန်းမံလို့အဝေးကလာတဲ့ရှေးဟောင်းအမွေအနှစ်တွေကိုလေ့လာတဲ့နိုင်ငံခြားသားတွေကကဲ့ရဲ့တာခံရပြီးပြီ၊နန်းမြင့်မျှော်စင်ဟာအနီးကပ်လေ့လာချင်သူတွေအတွက်ဘာမှအသုံးမ၀င်ဘူး၊အခူလည်းရခိုင်ပြည်နယ်မှာရှေးဟောင်းအမွေအနှစ်တွေမြေလှန်ခံရတော့ မယ်..မြေလှန်ပြီးရင်မြေမြိုခံရမှာကဦးသန်းရွှေမယုံမရှိနဲ့ ။


နိုင်ငံတော်အာဏာသာ ရရှိရေးသာ အရေးကြီးသည်


နေအိမ်ထဲမှ ထွက်လိုက်သည်နှင့် ပန်းခြံကိုသွားသည့် ခြေလှမ်းခုံတွေကို မြင်ရသည်။ ခြေလှမ်းပုံစံများနောက်က တလှမ်းချင်း လိုက်သွားရာ ခြေလှမ်း ၅၀ ကျော်ဆိုလျှင် အဆုံးသတ်နေသောနေရာ မြင်ရသည်။ ယင်းအဆုံးသတ်နေသောနေရာမှာ မဟာဂရုဏာရှင်ကြီး မဟတ္တမဂန္ဒီ လုပ်ကြံခံပြီး ပွဲချင်းပြီးသေဆုံးသွားရပါသည်။ လမ်းလျှောက်သွားသည့်အတိုင်း ခြေလှမ်းပုံစံမျိုးဖြင့် မဟတ္တမဂန္ဒီ၏ ဘ၀နောက်ဆုံးအချိန်ကို ပြသထားခြင်းဖြစ်သည်။ လွန်ခဲ့ သော ၁၀ နှစ်ကျော်ကာလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် မဟတ္တမဂန္ဒီ၏ နေအိမ်သို့  သွားရောက်လေ့လာခဲ့ စဉ်က မြင်တွေ့ ရခြင်း ဖြစ်သည်။ သို့ အတူ အင်န္ဒီယာဂန္ဓီ၏ နောက်ဆုံးနေ့ ဖြစ်သော နေအိမ်တွင်းမှာ လွှတ်တော်ရုံးရှိရာသို့  သွားရောက်စဉ် အိမ်ခြံတွင်းမှ မထွက်မှီ ပန်းခြံအတွင်း လုပ်ကြံခံရသည့်နေရာကိုလည်း သွားရောက်ခဲ့ သေးသည်။ အင်ဒီယာဂန္ဓီ၏ သားဖြစ်သူ ရာဂျစ်ဂန္ဓီ၏ နေအိမ်တွင်းတွင်မူ ကျည်ဆံရာ ဗလပွဖြင့် မွစာကြဲနေလောက်အောင် သူ၏အင်င်္ကျီရှည်ကြီးကိုလည်း ချိတ်ဆွဲပြထားသည်ကို မြင်တွေ့ ဖူးသည်။ မဟတ္တမဂန္ဓီကြီးသည်၎င်း၊ အင်ဒီယာဂန္ဓီကြီးသည်၎င်း၊ ရာဂျစ်ဂန္ဓီသည်၎င်း အိန္ဒယနိုင်ငံအတွက် ဒီမိုကရေစီခေါင်းဆောင်များအဖြစ် သူတို့ နိုင်ငံသူနိုင်ငံသားများက ယူဆထားကြသူများဖြစ်သည်။ ဂန္ဓီကြီးကို အင်္ဂလိပ်အစိုးရက လုပ်ကြံခြင်းမဟုတ်။ သို့ အတူ အင်ဒီယာဂန္ဓီနှင့် ရာဂျစ်ဂန္ဓီကိုလည်း နိုင်ငံခြားကလာပြီး လုပ်ကြံခြင်းမဟုတ်။ ကျွန်တော်ပြောချင်သည်မှာ လူထုချစ်ခင်လေးစားသော နိုင်ငံရေးခေါင်းဆောင်များမှာ လုပ်ကြံခံရခြင်းမျိုး ကြုံရတတ်ကြောင်းပင် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်လွပ်မြောက်လာခြင်းမှာ လွပ်ရက်စေ့ပြီဖြစ်၍ လွပ်မြောက်လာခြင်း ဖြစ်သော်လည်း ယင်းသို့ လွပ်မြောက်သွားခြင်းမှာ စစ်အစိုးရအဖို့  ချစ်ခင်သနားမူမျိုးဖြင့် လွှတ်ပေးရခြင်းတစက်မျှ စေတနာမပါကြောင်းကိုတော့ နားလည်ထားရန်လိုသည်။
ဒေါ်အောင်ဆန်းစုကြည်လွပ်မြောက်လာပြီးနောက် လူထုများနှင့် စကားပြောသည့်အချိန်တွင် စစ်ထောက်လှမ်းရေးဖက်မှ တက်ရောက်နားထောင်ခြင်း၊ သတင်းယူခြင်းမျိုး ကျိန်းသေမုချ ရှိနေနိုင်သည်ဟု အမေရိကန်နိုင်ငံအခြေစိုက် ဖိုဝိန်းမြို့ မှ စစ်အာဏာရှင်စနစ်ဆန့် ကျင်လှုပ်ရှားရေးကော်မီတီ၏ အဓိက တာဝန်ခံလှုပ်ရှားနေသူ ဦးအောင်မြင့်ထွန်းနှင့် ဆွေးနွေးပြောဆိုဖြစ်
သေးသည်။ မကြာလှပါ။ ကြံ့ဖွံ့တွေက အရက်မူးမူးနှင့် လူစုတွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ပြုလုပ်နေသည်ဆိုသော သတင်းကို ကြားရသည်။ ကျွန်တော်တို့ ထင်သလိုပင် ဖြစ်လာသည်။ အထူးသဖြင့် ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးမှာ စစ်အစိုးရ၏ တာဝန်ဟု ပြောဆိုကြသည်များ ပေါ်ထွက်လာသည်။ သို့ သော် စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းအပေါ်မှာ လုံခြုံရေးတာဝန် ရှိသည်မဟုတ်။ ပြည်သူပြည်သားတရပ်လုံးအပေါ် တာဝန်ရှိသည်။ ယင်းသို့ တာဝန်ရှိသော စစ်အစိုးရက လုပ်ကြံရန်အတွက် အမြဲ စိတ်ကူးစိတ်သန်းရှိနေသည်ကိုမူ နိုင်ငံတကာမှ မရိပ်မိကြသေးချေ။ တခုတော့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖခင်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ခြင်းကို မမေ့မလျှော့သော သတိဖြင့် လုံခြုံရေးကို သတိထားရမည့်အနေအထားမှာ ရှိနေသည်။
တချိန်တည်းတွင် နေအိမ်ကျယ်ချုပ်မှ လွပ်မြောက်လာပြီးနောက် ကြားရသောစကားတွေထဲတွင် ကိုယ်ဖြစ်ချင်တာကို ကိုယ်သာလုပ်ရမည် ဆိုသောစကားတွေကို ပြည်သူတွေအား ပြောဖြစ်လာသောစကားဖြစ်သည်။ ဤစကားမှာ အလွန်လှပသော နိုင်ငံရေးဝေါဟာရဖြစ်သည်။ ယင်းစကားကို ပြည်သူတွေက နားလည်သဘောပေါက်ရန် လိုသည်။ အဓိကအားဖြင့် ကျွန်တော်တို့ မှာ နားထောင်ရုံသက်သက် ပြုလုပ်နေရမည့် သူများမဟုတ်တော့။ နာခံလိုက်နာဆောင်ရွက်မည့် သူများ ဖြစ်နေရသလို အဆင့်ရှိနေရ မည့်သူများဖြစ်နေသည်ကို အလေးပြုရပေလိမ့်မည်။ ငှက်ပျောသီးကို စားရန် လွယ်ကူသည်ဖြစ်သော်လည်း စားတတ်ရန်အတွက် ငှက်ပျောသီးအခွံကို နွာပေးလာချိန်ထိ ပြုလုပ်ပေးစရာ မလိုချေ။ ခက်နေသည်မှာ ဘာပြော၍ဘာကိုဆိုလိုနေမှန်း မသိကြသောအခါ ရှည်ကြာလွန်းသော ပြသနာအကြောင်းအရာတွေနှင့် ဆုံစည်းသွားတတ်ပေသည်။ ဒီမိုကရေစီခေါင်းဆောင်က ပြောနေသော စကားတွေမှာ နိုင်ငံရေးစကားဖြစ်သည်။ အလုပ်သဘောတွေကို ပြောနေသည်။ အကယ်၍ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောပြီး ပြည်သူတွေက ဒီမိုကရေစီလိုချင်သည်။ စစ်အစိုးရအလိုမရှိ၊ ကြားဖြတ်အစိုးရအမြန်အလိုရှိသည်ဆိုပြီး တသိန်းကျော်တက်ရောက်နေသော ယင်းလူအုပ်များက အိမ်မပြန်တမ်း ဆန္ဒပြတောင်းဆိုလိုက်ကြလျှင် အခြေအနေတွေမှာ ထူးခြားမူများ ရှိလာနိုင်ကောင်းသည်။
သည်ကြားထဲ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည့်  နိုင်ငံ့ရေးပါတီတွေကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခြင်းအပေါ် ၀မ်းမြောက်ကြောင်း ပြောဆိုလာကြသံများ နားနှင့် မဆန့် အောင်ကြားလာရသည်။ နေမျိုးဝေတို့ ကမူ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းမှာ မှန်သည်ဟု ပြောပြီး သူတို့ က ရွေးကောက်ပွဲကို ၀င်ခြင်းမှာ မှားသည်ဟု မဆိုလိုကြောင်း ပြောသံတွေကြားလိုက်ရသေးသည်။ ဦးသုဝေတို့  ဒေါ်သန်းသန်းနုတို့ ကမူ တွေ့ ဆုံဆွေးနွေးရေးအတွက် ဒေါ်စု၏အချိန်ဇယားကို စောင့်နေပါသည်ဟု ပြောလာသည်။ စစ်အစိုးရနှင့် တွေ့ ဆုံဆွေးနွေးရေးအတွက် တောင်းဆိုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဦးသုဝေတို့ နေမျိုးဝေတို့  ဒေါက်တာသန်းငြိမ်းအုပ်စုနှင့် တွေ့ ဆုံဆွေးနွေးစရာ မလိုအပ်။ အကြောင်းမှာ မူဝါဒမတူသောသူများတွေနှင့် လက်တွဲမဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်သည်။ မဟာဗျူဟာအရ တူညီနေပါသည်ဟု ပြောသော်လည်း လက်တွေ့ တွင်မူ လုံးဝလက်မခံသင့်သော နိုင်ငံရေးပါတီများမို့  ကျွန်တော်ကတော့ လက်မခံချင်၊ ဆိုရလျှင် သူတို့ ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကြီး အလုပ်ဖြစ်သွားသည်ဟု ပြောနိုင်သည်။ စစ်အစိုးရက လုပ်ချင်သည်ထက် သူတို့ က လုပ်ချင်သည်မှာ ပိုမိုများနေသည်။ သူတို့ တောင်းဆို၍ ရွေးကောက်ပွဲကြီး ဖြစ်သွားသည်မှာ မဟုတ်သော်လည်း ဦးသုဝေတို့  နိုင်ငံတကာအထိ ထွက်ပြီး ရွေးကောက်ပွဲအကြောင်း ကောင်းချီးမင်္ဂ်လာဖွင့်ခမ်းမှာ အခုချိန်ထိ မျက်စိထဲ မြင်ယောင်နေဆဲဖြစ်သည်။
တခုတော့ ရှိသည်။ စစ်အစိုးရနှင့်တောင်မှ တွေ့ ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနှင့်မူ ၂၀၁၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီများနှင့် ဆွေးနွေးပူးပေါင်းသင့်သည်ဟု ယေဘူယျပြောသံကြားနေရသည်။ ကောင်းပါပြီ။ လူရာသွင်းပြီး ဆွေးနွေးလိုက်ခြင်းက အကြောင်းမဟုတ်။ နိုင်ငံရေးအမြတ်ထုတ်ခြင်းကို ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ခံစားရလိမ့်မည်ထင်သည်။ နောက်ဆုံး သေရေးရှင်ရေးတိုက်ပွဲရောက်လာသောအခါ ပါတီအတွင်း စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သည့်လိုဘဲ ဖြစ်သွားသည်ဟု ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ တခါသေဖူး ပျဉ်ဖိုးနားမလည်ရကောင်းလားဟု ပြောစမှတ်တော့ ရပါလိမ့်မည်။ ယင်းအချက်ကိုလည်း သတိထားရန်လိုသည်။ နိုင်ငံရေးကျားသေများကို ပြန်လည်အသက်သွင်းခြင်းမှာ အလွန် သတိထားရမည့်ပြဿနာဖြစ်သည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော အရပ်သားအစိုးရခေါ်ယူမည့် လွှတ်တော်တွင် အာဘောင်အာရင်းသန်သန် ပြောဆိုကြမည်ဟု ကြောညာထားသော ယင်းပုဂ္ဂိုလ်များကို အထူးသတိထားရမည့် အခြေအနေဖြစ်နေသည်။ ပြောနိုင်မည်လား၊ ပြောရဲမည်လား၊ လုပ်ပိုင်ခွင့် ရှိနိုင်မည်လား၊ ဆိုသည်မှာ စောင့်ကြည့်ရမည့် အချိန် မဝေးလှတော့၊
ယခုအချိန်တွင် ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြမည်ဟုလည်း အသံတွေထွက်ပေါ်လာပါပြီ။ ပထမပင်လုံညီလာခံ ဆိုသည်မှာ နယ်ချဲ့ အင်္ဂလိပ်တို့ ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးတောင်း ဆိုရန် တိုင်းရင်းသားလူမျိုးများက ပြည်နယ်ပြည်မ မခွဲခြားဘဲ တန်းတူအခွင့်အရေးဖြင့် ချုပ်ဆိုခဲ့ ကြသော လွပ်လွပ်ရေးရရှိရေးအတွက် ညီလာခံပြုလုပ်သည့် ပင်လုံစာချုပ်ချုပ်ဆိုသည့် ညီလာခံဖြစ်သည်။ ပထမပင်လုံညီလာခံသည် နယ်ချဲ့ အင်္ဂလိပ်တို့ အား
လွတ်လပ်ရေးကို မဖြစ်မနေပေးရန် တိုက်ပွဲဝင်နိုင်ခဲ့ သော စာချုပ်ကြီးတခုဖြစ်ခဲ့ သည်။ အကောင်အထည်မပေါ်ခြင်းမှာ လွတ်လပ်ရေးရရှိပြီး အုပ်ချုပ်သော မြန်မာအစိုးရတို့ နှင့်သာ ဆိုင်သည်။ ယခုဒုတိယပင်လုံညီလာခံမှာမူ နယ်ချဲ့ ထံမှမဟုတ်။ လူမျိုးတူ ဘာသာတူ နဖစစ်အစိုးရမှ လွပ်လပ်ရေး၏အနှစ်သာရကို ရရှိစေရေးအတွက် အခြေခံအုဌ်မြစ်ဖြစ်သော ၂၁ ရာစု ပင်လုံညီလာခံဖြစ်သည်။ တိတိကျကျပြောရလျင် ဤဒုတိယပင်လုံညီလာခံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ နှင့် ညီလာခံကျင်းပခွင့် ရရှိသည်ထားဦး၊ ယင်းရလဒ်ကို နအဖစစ်အစိုးရမှ မည်သည့်အတိုင်းအတာအထိ လက်ခံနိုင်ပါမည်နည်း၊ ဆုံးဖြတ်ချက်ကို ချပြီး ကြေညာရုံလူကြားကောင်းအောင် ပြုလုပ်ရုံနှင့်တော့ မည်သို့ မျှ ထူးခြားမည်မဟုတ်ဟုမြင်သည်။ စင်စစ်အားဖြင့် ဒုတိယပင်လုံညီလာခံသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိစေမည့် ဒီမိုကရေစီအစိုးရ တနည်းမဟုတ် ဒီမိုကရေစီနိုင်ငံတော်ဖြစ်အောင်အထိ ရည်မှန်းချက်ဖြင့် ဆောင်ရွက်နိုင်မည့် ညီလာခံမျိုးဖြစ်သင့်သည်။
သည်လိုဆိုလျှင် ဒုတိယပင်လုံညီလာခံမပြုလုပ်ခင် ပြည်တွင်းပြည်ပ လွှတ်တော်အကြောင်းကို စဉ်းစားကြည့်ရန်လိုသည်။ ပြည်ပတွင် ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သော လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဖက်ဒရယ်ပါလီမန်အဖွဲ့ အစည်းတခုကို ဖွဲ့ စည်းလိုက်ကြောင်း သိလိုက်ရသည်။ ယင်းပါလီမန်တွင် NCGUB က တာဝန်ခံသည်ဟုလည်း ကြေညာချက်တွင် တွေ့ ရသည်။ တချိန်တည်းမှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ အစည်းကမူ ဖက်ဒရယ်တပ်မဖြစ်သေးသော်လည်း ဖက်ဒရယ်တပ်ပေါ်င်းစုဖွဲ့စည်းရေးအတွက်
စုစည်းလိုက်ကြကြောင်း သိရသည်။ ခက်နေသည်မှာ ယင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့သည်လည်း ဖက်ဒရယ်ပါလီမန်နှင့် မည်သို့ မျှ မပါတ်သက်၊ အခြားတဖက်မှာ NCGUB ကလည်း ယင်းဖက်ဒရယ်ပါလီမန်တွင် မည်သို့ မျ တာဝန်ခံခြင်း ၊ သက်ဆိုင်ခြင်း မရှိဆိုကာ ကြေညာချက်ထုတ်လိုက်တော့သည်။ စင်စစ်အားဖြင့် NCGUB သည် အဝေးရောက်အစိုးရဖြစ်သည်။ သူတို့ တွင် လူ၅ ဦးဘဲ ရှိရှိ သူတို့ ကို ကမ္ဘာက အဝေးရောက်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံနေကြသည်။ အကယ်၍ NCGUB ကသာ ဖက်ဒရယ်ပါလီမန်တွင် တာဝန်ခံ၍ ပါလီမန်ခေါ်ယူခဲ့ ရမည်ဆိုပါက အဝေးရောက်အစိုးရကို ဖွဲ့ စည်းရေးအတွက် ဆောင်ရွက်လာနိုင်စရာရှိသည်။ ဖက်ဒရယ်ပါလီမန်တွင် အဝေးရောက်အစိုးရကို ပြန်လည် ဖွဲ့ စည်း တိုးချဲ့  ကြမည်ဆိုပါက ယခုအဝေးရောက်အစိုးရအဖွဲ့ တွင် ပါဝင်သောသူများမှာ ပြန်လည်ရွေးကောက်ခံနိုင်ကြမည်မထင်ချေ။ သည်လိုဆိုလျှင် မိမိတို့ ရှုံးနိမ့်မည့် ယင်းအဝေးရောက်အစိုးရရွေးကောက်ပွဲကို ပြုလုပ်မည့် ဖက်ဒရယ်ပါလီမန်အား NCGUB က လက်မခံဘဲ အသိအမှတ်မပြုဘဲ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းမှာ မှန်သည်ဟု ပြောစရာဘဲ ရှိတော့သည်။ နောက်တချက်မှာ ဤဖက်ဒရယ်ပါလီမန်သည် မည်သည့်အတွက်ကြောင့် ဖွဲ့ စည်းလာသည်ကို နားမလည်။
အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုနှင့် တပ်မတော် ဆိုပြီး လွန်ခဲ့ သော၂၀၀၉ ခုနှစ်က ကမ္ဘာမကြေ ဘလော့မှာ ဆောင်းပါးတပုဒ်ကို ကျွန်တော်ရေးသားတင်ပြခဲ့ သည်။ ယင်းဆောင်းပါးအနှစ်ချုပ်မှာ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖက်ဒရယ်တပ်တခုရှိရန် အရေးကြီးသည်ဟု တင်ပြခြင်းဖြစ်သည်။ မဟာမိတ်အဖွဲ့ ပါဆိုပြီး နယ်စပ်မှာ ၄ ဖွဲ့ လောက်ကို ဖွဲ့ စည်းရေးပြောကြားခြင်းမဟုတ်၊ နယ်စပ်ဒေသမှာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းနှင့်  ABSDF အပါအ၀င် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ပေါင်းစုံပါဝင်ရေးဖြစ်သည်။ ယင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုသည် ဖက်ဒရယ်တပ်ပေါင်းစု ဖြစ်ရမည်ဟု ရေးသားခြင်းဖြစ်သည်။ ယင်းတပ်ပေါင်းစုကို ချုပ်ကိုင် ပဲ့ပြင်ထိမ်းသိမ်းမည့် အစိုးရရှိရမည်ဖြစ်သည်။ ယင်းအစိုးရသည် ဗဟိုအစိုးရဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံမှ ပါဝင်သည့်  လူမျိုးစုကိုယ်စားလှယ်များဖြင့် အခြေခံသည့် အစိုးရမျိုးဖြစ်ရန်လိုသည်။ NCGU ကလည်း ယင်းအချိန်တွင် ဖက်ဒရယ်အရပ်သားအစိုးရဖွဲ့ စည်းမည်ဆိုလျှင် တိုးချဲ့ ပါဝင်ရန်အတွက် ဆောင်ရွက်ရန်လိုသည်။ အထူးသဖြင့် ဗဟိုအစိုးရဖွဲ့ စည်းရာ၌ ၉၀ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်များကို အခြေခံပြီး အစိုးရဖွဲ့ စည်းခြင်းမျိုးမဟုတ်၊ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတို့ မှ သူတို့ ၏ ပြည်နယ်အစိုးရကို ရှေးဦးစွာ ဖွဲ့ စည်းရေးဖြစ်သည်။ ပြည်နယ်အစိုးရမှ ရွေးချယ်တင်မြှောက်လိုက်သော အစိုးရအဖွဲ့ ဝင်များဖြင့် ဗဟိုအစိုးရအဖွဲ့ တွင် ပါဝင်ရန်လိုအပ်သည်။ ယင်းဗဟိုအစိုးရသည်သာ ဖက်ဒရယ်တပ်ကို အာမခံစွာ ရှိနေရမည်ဟု ကျွန်တော်ပြောခဲ့သည်။ ဖက်ဒရယ်ပါလီမန် ကိစ္စမပါခဲ့ ၊ ယခုဖက်ဒရယ်ပါလီမန်ပြသနာကို NCGUB ကလက်မခံဟု ဆိုလိုက်သည်နှင့် လုံးဝအဖတ်ဆယ်မရအောင် ပျက်စီးသွားရသည်။ မပြုလုပ်သင့်သော နိုင်ငံရေးပြသနာတခုကို ကောက်ကာငင်ကာ လုပ်လိုက်ခြင်းကြောင့် ပြည်ပနိုင်ငံရေးအရှပ်အထွေးမှာ ဆက်လက်ရှပ်ထွေးနေရသည်။
ပြည်ပတွင် အဝေးရောက်အစိုးရကို တဖွဲ့ တည်းမဟုတ်၊ စိတ်ထဲမှာ ထင်သလို ဖွဲ့ စည်းခွင့် ရနိုင်ကြသည်။ သို့ သော် ကိုယ်စားပြုနိုင်ရပါလိမ့်မည်။ လူတွေလက်ခံနိုင်ရပါလိမ့်မည်။ ကိုယ်စားမပြုသော အဖွဲ့  လူတွေလက်မခံသောအဖွဲ့ ဆိုပါက ရှက်စရာသာကြုံရပေလိမ့်မည်မှာ သေချာသည်။ ယခုလည်း ဖက်ဒရယ်ပါလီမန်တွင် ပါဝင်သောသူများမှာ မည်သည့်နိုင်ငံရေးပြသနာကို အထောက်အကူပြုမည်မသိ၊ ပြည်တွင်းမှ ဒုတိယပင်လံညီလာခံခေါ်ယူရေးကို ထောက်ခံလိုက်သည်ကိုတော့ ကြားမိလိုက်သည်ဟု ထင်မိသည်။ ယင်းမှာ မည်သို့ မျှ မပါတ်သက်သောအလုပ်ဖြစ်သည်။ ယခုဆိုလျင် ဒုတိယပင်လုံညီလာခံခေါ်ယူရေးတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ပြီ၊ သည်တော့ ဤတာဝန်၏နောက်ဆက်တွဲ ပြသနာမှာ ကြီးမားသော တိုက်ပွဲများ ရှိပါသည်။ ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ဆက်လက်ထိမ်းသိမ်းထားနိုင်မည့် အနေအထားတခုကို ဖန်တီးပေးလိုက်သလို ဖြစ်နေသည်။ ယင်းနိုင်ငံရေးအခင်းအကျင်းသည် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီ ဖွဲ့ စည်းစဉ်ကဲ့ သို့ ဖြစ်ပေါ်သွားလျှင် နောက်ထပ်တခါ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် သံရုံးရှေ့ မှာ သွားရောက်ကြရပါတော့မည်။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့  ခွန်ထွန်းဦးတို့  မလွတ်မြောက်သေးခင် နောက်ထပ်တခါ မဖမ်းဆီးနိုင်ဟု မည်သူအာမခံနိုင်မည်နည်း၊
လွန်ခဲ့သောနေ့ က ကုလသမဂ္ဂညီလာခံတွင်ပင် ဆုံးဖြတ်ချက်ချနေစဉ်မှာပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတွင်းရေးမှူး ဘန်ကီမွန်းက တယ်လီဖုံးဖြင့် ဆွေးနွေးကြပါသေးသည်။ ခဏခဏ ၀မ်းနည်းနေရပါသည်ဟု ပြောကြားသော စကားကို ဘန်ကီမွန်းထံမှ ကျွန်တော်တို့  ကြားနေရသည်မှာ ကြာပါပြီ။ ယင်းင်္ညီလာခံတွင် စစ်အစိုးရ၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ချက်ချကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သေသေချာချာ ထောက်ခံကြောင်း ပြောဆိုကြပါသည်။ ကျွန်တော်တို့ သည် နိုင်ငံရေးပြသနာ၏ ချိန်ခွင်လျာကို စစ်ဆေးကြည့်ရပါတော့မည်။ နိုင်ငံတကာ၏ ထောက်ခံချက်နှင့် ပြည်တွင်း၏ အားသာချက်များကို နှိုင်းယှဉ်ကြရန်လိုနေပြီ။ ဒုတိယပင်လုံညီလာခံသည် ဒုတိယလွပ်ရေးအတွက် တောင်းဆိုသော ညီလာခံဖြစ်သည်။ သို့ သော် ယင်းတောင်းဆိုချက်ကို စစ်အစိုးရသည် မည်သည့်အခါမျ လက်ခံလိုက်လျောမည့် အစားမဟုတ်၊ အခြားတဖက်မှာ ယင်းသို့ ညီလာခံတောင်းဆိုချက်ကို လက်မခံလျှင် မည်သို့ ဆောင်ရွှက်ကြမည်နည်း ဆိုသော မေးခွန်းက တသီတတန်းကြီး ရှိနေပါသည်။ နိုင်ငံရေးအကြမ်းမဖက်နည်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဟန်ချက်တခုဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေမပါဘဲ အသွင်ကူးပြောင်းရေးစနစ်တခုဆီသို့  ပြောင်းလဲ ရောက်ရှိသွားသောနိုင်ငံမှာ ရှာဖွေက ရှားနေသည်ကို တွေ့ ရှိလိမ့်မည်။ ထို့ ကြောင့် ပြည်ပတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များအနေဖြင့် တပ်ပေါင်းစုအဖြစ် တခုတည်းသော ဖက်ဒရယ်တပ်မတော်အဖြစ် ရှိရန်လိုနေသည်။ ယင်းဖက်ဒရယ်တပ်မတော်သည် ဒုတိယပင်လုံညီလာခံကို အပြည့်အ၀ထောက်ခံမည့် လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်ရမည်ပင်ဖြစ်သည်။
မည်သည့်  ဖက်ဒရယ်ပါလီမန်ကိုမျှ ပြည်ပတွင်ဖွဲ့ စည်းရန်လည်းမလိုပေ။ အကြောင်းမှာ ဒုတိယပင်လုံညီလာခံသည် ဖက်ဒရယ်ပါလီမန်ဖြစ်နေသောကြောင့်ပင်။ ယင်းဖက်ဒရယ်ပါလီမန်သည် ကြားဖြတ်အစိုးရဖြစ်ပေါ်ရေးကို အာမခံရပေလိမ့်မည်၊ သို့ မှသာ စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့  တက်လှမ်းနိုင်မည်ဖြစ်သည်။ နောက်တခုမှာ နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှ ပြည်သူ့ လွှတ်တော် မခေါ်ယူခင်မှာပင် ဖက်ဒရယ်ပါလီမန်ဖြစ်သော ဒုတိယပင်လုံညီလာခံကို ခေါ်ယူရေးပင်ဖြစ်သည်။ ယင်းသို့ ခေါ်နိုင်ခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံကပင် ထောက်ခံမူကို ရယူနိုင်လိမ့်မည်ဖြစ်သည်။ အကြောင်းမှာ ဒုတိယပင်လုံညီလာခံသည် နိုင်ငံတော်အာဏာကို ရရှိစေရေးအတွက် အရပ်သားကြားဖြတ်အစိုးရ ဖွဲ့ စည်းရေးအား အတိအကျ ဦးတည်သွားနိုင်လိမ့်မည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရ ပြုလုပ်သော ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို ယင်းအစိုးရကိုလည်း တရားမ၀င်ဟု ပြောဆိုကြညာထားသည်မဟုတ်ပါလား။ သည်တော့ ဒေါ်အောင်ဆန်းစုကြည်မှ ဒုတိယပင်လုံညီလာခံခေါ်ယူသည်နှင့် နိုင်ငံတော်အာဏာကို ရရှိရေးအတွက် ဆောင်၇ွက်ရေးမှာ သေရေးရှင်ရေးတမျှ အရေးကြီးသည့်အချိန်ဖြစ်သည်ဟု ထင်မြင်ယူဆသည်ဆိုပါက လွန်အံ့မထင်။

ခိုင်အောင်ကျော် ( နယူးယောက် )

သတိ၊ စစ်တပ်က ဗုံးတွေ စထောင်နေပါပြီ (ပေးစာ)

လေးစားရတဲ့ ညီအကိုမောင်နှမ များခင်ဗျာ။

သတိထားမိ မလား မသိဘူး ၊ အခု ဗုံးတွေ ဟိုနားတွေ့ ၊ ဒီနားပေါက် ။ ဒါဟာ သန်းရွှေတို့ က နောင်တစ်ချိန် အမေစု ကို ဗုံး သုံးပြီးလုပ်ကြံ ပြီးတဲ့နောက် ပုံမှန်ဖြစ်နေကျပါလို့ အကြောင်းပြဖို့အတွက် အစပြိုးထားတာပါ။

တရားရုံးကို နေပြည်တော် ရွှေ့လိုက်တာဟာလည်း အမေစုကို ပိုမိုခက်ခဲအောင်၊ တစ်ဖက်ကလည်း  လုပ်ကြံဖို့ အခွင့်ရအောင် စီမံလိုက်တာပါ။သန်းရွှေဟာ လူသတ်ပြီးတိုင်း ဗြောင်ငြင်းတတ်တယ်ဆိုတာ အတိတ်က အဖြစ်တွေက သက်သေပါ။

ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။ သူက သိနေပါပြီ။ တစ်ခု ခု ဖြစ်ပြီးတိုင်းလည်း The World က တစ်ပတ်လောက်တော့ ၀ိုင်းအော်ကြပါတယ်။ ပြီးရင် အရင်အတိုင်းပါပဲ။ သေတဲ့လူပဲ ဆုံးပါတယ်။ ကြည့်လေ ၊ ပဲခူးက ကျေင်းသားနှစ်ယောက် အမှု။

ဥပမာ- အခု အမေစုကို သန်းရွှေက စစ်သားတစ်ကောင် လွှတ်ပြီး ပစ်သတ်ခိုင်းလိုက်ပြီတဲ့ဗျာ၊The World,UN, က ဘာလုပ်မယ်ထင်လဲ။ရှေးက အတိုင်းပဲ လုပ်မှာပဲလေ၊ နဲနဲပိုသွားမှာက "အရင်ထက် နဲနဲပိုပြီး ၀မ်းနည်းပါတယ်" ဒါပဲ။ ဘာလက်နက်မှမရှိတဲ့ ပြည်တွင်းက ပြည်သူကိုတော့ စာရင်းထဲ့ကို မထည့်ဘူး။

အဲဒါကြောင့် မသေအောင် သတိနဲ့ ကာကွယ်ကြဖို့ ။ သေပြီးရင် အားလုံးက အပြောပဲ။ ဘာမှမလုပ်နိုင်ဘူး။ခုခေတ်က လူသတ်ကောင်တွေကို ၀ိုင်းပြီး ချော့နေရတဲ့ခေတ်။ ဟုတ် မဟုတ် Over The World ကို လေ့လာကြည့်နိုင်ပါတယ်။

ဒီအကြောင်းကို Blog တွေမှာ တတ်နိုင်သလောက် ဖော်ပြပေးစေချင်ပါတယ်။


အမေစုကို ချစ်တဲ့ ပြည်သူတစ်ဦး

ABMA ဂျာနယ် အတွဲ၁ အမှတ် ၂၀

ABMA Journal Volume 1 No 20

ဒေါ်အောင်ဆန်းစုကြည် ၏ ဒုတိယမြောက် မိန့်ခွန်း


“ကျွန်မတို့တိုင်းရင်းသားတွေဟာ ကျွန်မတို့ရဲ့လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ပြရမယ်။ကျွန်မတယောက်တည်းကျွန်မသဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။ အခုဒီမှာ ရောက်နေတာကမျိုးဆက်တွေကလည်းစုံတယ်။

လူကြီးတွေ၊ အခုလာပြီးပြောနေတဲ့ ဘဘတို့ ရဲ့ မျိုးဆက်တွေ၊ကျွန်မတို့ရဲ့မျိုးဆက်တွေ၊ ကျွန်မတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊၈၈ထက်ငယ်တဲ့ လူငယ်တွေ၊ မျိုးဆက်တွေ၊ ဒီမျိုးဆက်တွေ၊ မျိုးဆက်တွေကဒီတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမယ်။ညီလာခံတခုထက် အရေးကြီးတာကစိတ်ဓာတ်ပဲ။

ကျွန်မတို့က ပင်လုံစိတ်ဓာတ်ကို ဆက်ပြီးရှင်သန်အောင်လုပ်သွားဖို့ကနောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုကညီလာခံတခုနဲ့ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီးကျွန်မတို့နိုင်ငံအတွက်ရပ်တည်သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက် တခုနဲ့မပြီးသွားဘူး။

မျိုးဆက်တွေ၊ မျိုးဆက်တွေ ဆက်ပြီးတော့လုပ်ရဦးမယ်။တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့လုပ်ရမယ်။အခုဒီလိုဝါရင့်နိုင်ငံရေးသမားကြီးတွေ ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစ္စတွေအတွက်ဆုံဆည်းပြီးလုပ်ကြတာအင်မတန်မှ သင့်တော်တယ်လို့ ကျွန်မထင်တယ်။တစ်နည်းအားဖြင့် ဆိုလို့ရှိရင် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊လူကြီးများက ကျွန်မတို့ကို လက်ဆင့်ကမ်းပြီး တာဝန်ပေးလိုက်တဲ့သဘောပဲ။

အဲဒီတော့ ကျွန်မတို့ကလည်း အခုထက်တောင်ပိုပြီး လုပ်ဆောင်ရမှာပေါ့။ကျွန်မတို့ပြီးလို့ရှိရင် လူလတ်ပိုင်း၊ လူငယ်ပိုင်း အဆင့်ဆင့်လုပ်သွားရမယ်။ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိဘူး။ နိုင်ငံရေးဆိုတာလူတိုင်း ဘယ်သူနဲ့မှလည်း ကင်းတယ်လို့ မရှိဘူး။ဘယ်တော့မှပြီးဆုံးသွားတယ်လို့လည်း မရှိဘူး။

ဒုတိယပင်လုံလို့ပဲပြောပြောကျွန်မ၂၁ရာစုနှစ်ပင်လုံလို့ပြောချင်တာက၂၁ရာစုနှစ်အမြင်တွေနဲ့လည်းကိုက်အောင်၊ ၂၁ ရာစုမှာ ရမယ့်အခွင့်အရေးတွေ၊လုပ်ပုံလုပ်နည်း၊ လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျွန်မကလုပ်လိုက်တာပါ။ လူကြီးတွေပြောတဲ့ဒုတိယပင်လုံဆိုတဲ့စကားကိုဖယ်ရှားတဲ့သဘောလည်းမဟုတ်ပါဘူး။ ထပ်ပြီး တော့ ဖြည့်ဆည်းပေးတဲ့သဘောလို့မြင်စေချင်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ တကယ့် ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်။ ဟုတ်တာတော့ ကျွန်မက ပြောရမှာပဲ။ ကျွန်မကဗမာဆိုတော့ဒီလိုအခြေအနေမှာ ပြောလို့မကောင်းပါဘူး။ လူများစု ဖြစ်တဲ့ ဗမာတွေကပိုပြီးတော့ကြိုးစားရမယ်။ ငါတို့ကလူများစုဆိုတာ အခွင့်အရေးယူဖို့မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲသလိုပဲမြင်ပါတယ်။ ကိုယ့်မှာအင်အားပိုပြီးတော့များလို့ရှိရင်တာဝန်ပိုပြီးတော့ ယူရမယ်။အခွင့်အရေးကို လျှော့ပြီးတော့ယူရမယ်။

ဒါမှ လူ့သိက္ခာနဲ့ညီတဲ့ ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့အစဉ်အလာတွေဖြစ်နိုင်မှာပါ။ တော်လှန်ရေးသမားဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆိုတဲ့အခါမှာဆရာကြီးမင်းသုဝဏ်ရဲ့ “သူ့မှာတမ်း ” ဆိုတဲ့ ကဗျာပေါ်အခြေခံပြီးတော့ပြောချင်တယ်။တော်လှန်ရေးသမားရဲ့ စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင်၊နောက်ဆုံးစွန်းတိုင်၊ အဲဒီကဗျာကိုဖတ်ဖူးတဲ့သူတွေ ၊ မှတ်မိတဲ့သူတွေသိပါလိမ့်မယ်။ ဒီတော်လှန်ရေးသမားကြီးကတော်လှန်ရေးမပြီးခင်ကျဆုံးသွားတဲ့အခါကျတော့ သူက တောင်းပန်သွားတယ်၊ အားနာပါတယ်၊လမ်းဆုံးကိုသူမမီတော့ဘူး။အဲဒီလိုပဲဖြစ်ရမယ်။ကိုယ်ကဘယ်လောက်လုပ်ပေးပါတယ်ဆိုတာပြောမယ့်အစားကိုယ်ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကိုမကျေနပ်နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန် ပါတယ်ဆိုတဲ့စိတ်ဓာတ်အားလုံးမှာ ရှိရမယ်။ အဲဒီလိုစိတ်ဓာတ်မျိုးနဲ့လုပ်သွားရမယ်။

အခုဆိုရင် ကမ္ဘာကြီးမှာ နောက်ဆုံးတော်လှန်ရေးကို IT တော်လှန်ရေးပေါ့နော်၊ဒီလို သူတို့ ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေးပေါ့။အရင်တုန်းက စက်မှုတော်လှန်ရေးလည်း ရှိခဲ့ တယ်။ တော်လှန်ရေးအမျိုးမျိုးရှိခဲ့တယ်။တော်လှန်ရေးဆိုတာကအပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။အဲဒီလိုအပြောင်းအလဲတွေက ကျွန်မတို့ ကမ္ဘာကြီးတည်သရွေ့ ရှိနေမှာပဲ။ကျွန်မတို့အားလုံးမှာတော်လှန်ရေးစိတ်ဓာတ်မွေးတယ်ဆိုတာက အဲဒါကိုပြောတာပဲ။ ခေတ်နဲ့အညီ ကိုယ်ရဲ့တာဝန်ကိုဆုံးခန်းတိုင်အောင် ဆက်ပြီးထမ်းဆောင်သွားချင်တဲ့စိတ်ပဲ။

အခု ကျွန်မတို့က ခေတ်နဲ့အညီ ပြည်ထောင်စုစိတ်ဓာတ်တွေ ကို ဘယ်တော့မဆိုခိုင်မြဲသထက် ပိုပြီးတော့ခိုင်မြဲအောင်လုပ်သွားရမှာ၊အဆုံးရှိမှာမဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာမဟုတ်ဘူး။ ပင်လုံညီလာခံ၊ဒုတိယပင်လုံညီလာခံ ခေါ်ပြီးလို့ရှိရင် ပီးပြီဆိုတာမျိုးမဟုတ်ဘူး။ပင်လုံညီလာခံကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို အကောင် အထည်ဖော်ရမယ်၊ ဆက်ပြီးဆက်ပြီးတော့ပင်လုံစိတ်ဓာတ်တွေကိုပိုပြီးတော့ ခိုင်မာအောင်၊ ပိုပြီးတော့ကျယ်ပြန့်လို့ ကြိုးစားသွားရမယ်၊ ကျွန်ခပ်တိုတိုပဲပြောပါရစေ။

ပေးလိုက်တဲ့ တာဝန်တွေ၊ အခုပေးတဲ့တာဝန်တွေကို ကျေပွန်အောင်ကြိုးစားပါ့မယ်။ဒီလိုကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့ အကူအညီပေးကြပါ။အကြံဥာဏ်ပေးကြပါ။သဘောမတူရင်လည်း သဘောမတူဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ဘာဖြစ်လို့သဘောမတူတာလဲ၊ကျွန်မလုပ်ပုံကိုင်ပုံတွေကို သဘောမတူတာလား၊ ဘာဖြစ်လို့သဘောမတူတာလဲ ဆိုတာကိုပြောကြပါ။ ကျွန်မက အဲဒီ ဘာဖြစ်လို့ ဆိုတဲ့မေးခွန်းကအင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ပြောရုံနဲ့မရဘူး။ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာအကြောင်းအချက် ခိုင်ခိုင်မာမာရှိရမယ်။ အဲဒီတော့မှ တဘက်ကနားလည်နိုင်မယ်။ဘယ်လိုပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆိုတာ သဘောပေါက်မယ်။

ဒီတာဝန်ထမ်းဆောင်ဖို့ ၀ါရင့်နိုင်ငံသမားကြီးများဖြစ်တဲ့ လူကြီးများ၊ကျွန်မတို့နဲ့ တမျိုးဆက်တည်းဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ ကျွန်မတို့ ထက်ငယ်တဲ့၈၈မျိုးဆက်လို့ ပဲဆိုပါတော့၊ လူလတ်ပိုင်း၊ နောက်ပြီးတဲ့ တက်သစ်စဖြစ်တဲ့လူငယ်ပိုင်းတွေက အားလုံး ၀ိုင်းပြီးတော့ ကူညီကြပါ။အားလုံးဝိုင်းပြီးတော့လုပ်ကြပါ။ အားလုံးရဲ့တာဝန်က တယောက်ချင်း ၊ တဦးချင်း ရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။ကျွန်မတို့မှာအားနည်းချက်တွေ ရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ဆိုင်တယ်၊အောင်မြင်မှု ကလည်းလူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။တချို့ကျတော့ အားနည်းချက်ဆိုရင် ငါနဲ့မဆိုင်ဘူး၊အောင်မြင်မှုဆိုရင်တော့သူတို့ပဲ၊ သူတို့ပဲ ဆိုတာတွေ ကတော့ မဖြစ်ဘူးနော်။ အဲဒီစိတ်ဓာတ်ကိုကျွန်မတို့ ဖယ်ရှားရမယ်။ပုဂ္ဂိုလ်တဦးချင်း ၊ တယောက်ချင်းကလည်း ဒီလိုစိတ်ဓာတ်ထားရမယ်၊ အဖွဲ့အစည်းတခုချင်းကလည်းအဲလိုစိတ်ဓာတ်ထားရမယ်။ကျွန်မတို့ လုပ်တာအောင်မြင်ရင် ဒို့ NLD ကွ ဆိုပြီး အဲလိုပြောတာကအင်မတန်မှ မှားတယ်။ တချို့ကျတော့လည်း နိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်တာသိပ်အားမရလို့ရှိရင် အဲဒါ NLD ပဲ ဆိုပြီးလက်ညိုးထိုးတာလည်းရှိတယ်။အဲဒီနှစ်ခုစလုံးက မမှန်ဘူး။

အားလုံးတကယ်ပဲဒီတိုင်းပြည်မှာစစ်မှန်တဲ့စိတ်ဓာတ်တော်လှန်ရေးကြီးကိုအောင်အောင်မြင်မြင်လုပ်ချင်တယ်ဆိုလို့ရှိရင်အားနည်းချက်တွေကိုလည်းအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့စိတ်ဓာတ်ထားရမယ်၊ အောင်မြင်ချက်တွေကိုလည်းအားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ ဒါကတကယ်ကိုညီညွတ်ရေးရဲ့အခြေခံပဲ။ ကျွန်မတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင်ကျွန်မတို့တိုင်းရင်းသားအားလုံး၊တိုင်းရင်းသားထဲမှာဗမာကိုထည့်ပြီးပြောလိုက်မယ်၊ ဗမာနဲ့တိုင်းရင်းသားဆိုတာသိပ်ပြီးပြောစရာမလိုဘူး။ ကျွန်မတို့လည်း တိုင်းရင်းသားလူမျိုးပဲ။တိုင်းရင်းသားထဲက တစုပဲ။ ကျွန်မတို့ တိုင်းရင်းသားအားလုံးရဲ့လုပ်ဆောင်ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ရှေးရှုပြီးတော့စဉ်းစားသွားပါ မယ်လို့ ကျွန်မကတိပြုတယ်ပဲပြောပါရစေ။ ကျွန်မကတိပြုတယ်လည်း သိပ်ပြီးမပြောချင်ဘူး။ကတိဆိုတာသေချာတည်နိုင်တယ်ဆိုတဲ့အာမခံချက်ရှိမှ။ ကျွန်မလုပ်နိုင်သလောက်လုပ်သွားမယ်။ ကျွန်မတတ်နိုင်သလောက် ဒီတာဝန်ကို ကျေပွန်အောင် လုပ်သွားပါမယ်လို့ပဲပြောပါရစေ။ ။ ”

Michelle Yeoh to star in Aung San Suu Kyi biopic


This entry was posted today
Best For Film is inordinately excited to bring you what we believe to be a world exclusive; BAFTA-nominated Malaysian actress Michelle Yeoh is to star in a forthcoming biopic of Burmese pro-democracy leader and Nobel laureate Aung San Suu Kyi.
No official information has been released on the film, but our mole tells us that it will focus on Aung San Suu Kyi’s personal experiences rather than be explicitly political.
That’s all we’ve got for now, but to be fair it’s more than anyone else. More on this exciting story as it develops…
EDIT: The biopic is apparently being made by the BBC. We call Benedict Cumberbatch to cameo as General Ne Win!
EDIT: We can reveal that film maker and novelist Rebecca Frayn is the creative power behind the screenplay for the film, which has the working title of The Divided Heart. Best For Film sleuth like you don’t even know.
http://bestforfilm.com/film-news/michelle-yeoh-to-star-in-aung-san-suu-kyi-biopic/