Tuesday, November 23, 2010

နိုင်ငံတော် ကို အကြည်ညို ပျက် သွား စေ မဲ့ အကြောင်း တခု၊

အင်း ၊ အပါတ်စဉ် ဂျာနယ် ၁၀ စောင် ၊ ခန အပိတ်ခံ ရတဲ့ သတင်းတွေ ဖတ် ရ ကြားရတာစိတ် မ ကောင်း ဘူးဗျာ ၊ ဘယ်လို များ ဖြစ်ရတယ် ၊ မ ပြော တတ် တော့ ပါ ခင်ဗျာ။အထူး သဖြင့် ကျွန်တော် တို့ လို သတင်းရေးဖော် ရေးဘက်ချင်း ဆိုတော့သောက စိတ် ခံ စားရပြီး ၊ ကိုယ် ချင်း အင်မတန် စာ နာ မိ ခဲ့ ပါတယ် ဗျာ။

ဒီဂျာနယ် တွေ က သိတ်ခါ ရှိတဲ့ ဂျာနယ် တွေ ပါ ၊ ဟို ခါတော် မီ ၊ ကာ ကီး ယား ဂျာနယ်က လွဲ ရင် ပေါ့ ဗျာ ။သူ တို့ က ၊ အင် မတန် ကြိုး စား ကြ တဲ့ ဂျာနယ် တွေ ပါ။အဲ ဒါ ၊ ကျွန်တော် တယောက် ထဲ က ပြော တာမဟုတ် ပါဘူး ၊အပါတ်စဉ် ဒီ ဂျာနယ် တွေ ကို ပိုက် ဆံ ပေး ဝယ် ဖတ် နေသူ ၊ အား လုံး က ပြော တာ ပါ။

ဂျာနယ် တွေ က မဟုတ် တာ လုပ် လို့ မရ ပါ ဘူး ၊ မဟုတ် တာ လုပ် တဲ့ ဂျာ နယ် ဆို လဲခ န ပါ ဘဲ ၊ ကိုယ် ဖတ် ရ တာ က အနှစ် သာရ မရှိဘူး လို့ ၊ စာ ဖတ် ပရိတ် သတ် ကဆုံးဖြတ် လာ ရင် ၊ လက်ပွေ့ သမား နဲ့ ပါးစပ် က ၊ မဟုတ် က ၊ ဟုတ် က တွေ အော် ရောင်းရ တဲ့ ကိန်း ဆိုက် တော့ တာ ပါ။ အခု လို ရေ ရှည် မရပ်တည် နိုင် ကြ ပါဘူးတကယ့် စာ ချစ် သူ တွေ က တော့ ၊ ကာကီးယား လို အပေါစား ဂျာနယ် မျိုး ကိုအလကား ပေး တောင် ၊ မျက်စိ အညောင်း ခံ ပြီး မဖတ်ကြ ပါဘူး။

အခု ကိတ်စ က ဘာ ဖြစ် လို့ လဲ ဗျာ ၊ အမေစု လွတ် လာ တာ ၊ အမေစု ဘာ တွေ ပြောတာဆိုတာ အဲဒီ နေ့က လာတဲ့ လူ တသိန်း လောက် က တွေ့ နေတာဘဲ ခင် ဗျ။ဗမာပြည် တပြည်လုံး က လူ တွေ က လဲ ၊အယ်လ်ဂျာစီးယား ၊ စီအန်အန် ၊ ဒီဗွီဘီ ၊စီအန်အေ ၊ ဘီဘီစီ ၊ ဗွီအိုအေ ၊ အာအက်အေ ၊ ကြိုက် တဲ့ နေရာ မှာကြည့် ၊မကြည့် ချင် ၊ မမြင် ချင် မှ အဆုံး ၊ တပြည်လုံး သိပြီး ကြ ပါဘီ။

အမေစု မိန့်ခွန်းပြော တာ ကို ၊ ကိုယ် တိုင် သွားတိုးကြည့် ခဲ့ တဲ့ ၊ ကျွန်တော် သာဘာ မှ သေချာ ၊ မကြားခဲ့တာ၊ မ သိ ခဲ့ ပါ တာ ပါ ၊ အိမ် မှာ ထိုင် နေတဲ့ကျွန်တော် တို့ အိမ်သားတွေ က ၊ အယ် ဂျာစီး ယား တီဗွီ သတင်းကောင်း မှု နဲ့သွားကြည့် ခဲ့ တဲ့ ၊ ကိုယ် ထက် တောင် ၊ ပို တောင် သိ နေ သေး သဗျ ၊

အဲဒီ သတင်းကို ဘဲ ၊ အခု ဂျာနယ်တွေ မှာ ပြန်ရေးတာ ၊ ဖော်ပြ တာ ၊ ဘာ ဖြစ် လို့ လဲ ခင်ဗျာမဟုတ်လို့လား ၊မ မှန် လို့ လား ၊ မဖြစ်ခဲ့ လို့ လား ၊စာဖတ် တဲ့ လူ တွေ ကို ၊ မ သိ စေချင် လို့ လား ၊ ဖုံး ကွယ် ထား ချင် တာလား ၊စဉ်း စား လို့ မရ ပါ ခင်ဗျာ ၊ မှန် ကန် သော သတင်း ဖော် ပြ မှု ဆိုတာကရှိရင် ရှိ ခဲ့ တယ် ၊ ဖြစ် ခဲ့ရင် ဖြစ်ခဲ့ တယ် ၊ ဒီ လို ပြော ဘို့ ၊ တင် ပြ ဘို့ ဆိုတာ ကသူ တို့ တာဝန် ၊ သူ တို့ လုပ်ငန်း ပါ။ အဲ တခု ရှိ တာ က ၊စာ ဖတ် သူ ကိုအ ထင် သေး ပြီး ၊ ဒီ သတင်း ကို ဒီ လို ဘဲ မြင် ရ မယ် လို့ ၊ ဒီ လို ဘဲ သ ဘော ထားခွင့် ရှိ ရမယ် ဆိုတာ မျိုး ၊ ဩ ဇာ ၊ အာဏာ သုံးခွင့် ၊ လူ့ အတွေး ၊ လူ့ ဦဏှောက် ထဲ၊ လူ့ စိတ် ထဲ ကို ဝင်ရောက်အုပ်ချုပ်ခွင့် မျိုး ၊ ဘယ်သူ့ မှာ မှ မရှိ ပါ ဘူး ခင် ဗျာ။

ရှိ ခဲ့ တဲ့ ၊ ဖြစ် ခဲ့ တဲ့ ၊ သတင်း တခု အပေါ် မှာ ၊ လူ တိုင်း က ကိုယ် မြင် ချင် သလိုမြင် ခွင့် ရှိ ရ မှာ ပါ။ မနေ့ ကအမေစု ရဲ့ သား ရန်ကုန် ကို ၊ လာ တဲ့ သတင်း မှာ တောင်အမြင်တွေ စုံ လှ ပေါ့ ဗျာ ၊ ဟအင်္ကျီဝတ်လာတယ် ၊ ဟာ အင်္ကျီ ချွတ် လာ တယ် ကွာ ၊တက်တူး ရေး ထား တယ် ဟေ့ ၊ အန်အယ်ဒီတံဆိပ် က တီ ရှပ် နဲ့ဝတ်တာ ပို ကောင်းသား နဲ့အမြင် တွေ က စုံ ကြ ပ ဗျာ။ ကျွန်တော် က တော့ကွဲ ကွာ နေ တဲ့ အမိ နဲ့ သားအခု လို ပြန်ဆုံ နိုင် ကြ ပီ ဆို တာ လေး တခု နဲ့ ဘဲ ၊ ကြေ နပ် လို့ မဆုံး ပါခင် ဗျာ။

ဒါ တောင် ၊ ည က ၊ ရေ ဒီ ယို သတင်း နား ထောင် တာ မှာ၊ အသံလွှင့် ဌာ န တခု ကသတင်း ဓါတ်ပုံ ၊ ဗွီဒီယိုတွေ ထဲ ၊ အမေစု က သူ့ သား ကို ၊ စပြီး ၊ တွေ့ တွေ့ ချင်း( အောင်း မယ် လေး ၊ ငါ့ သား ရယ် ) ဆို ပြီး ၊ဗမာ ဗွီဒီယို ဇတ်ကား တွေ ထဲ က လိုဝုန်း က နဲ ၊ ထ ပြေး ပြီး ၊ ဒိုင်း က နဲ တအား သွား ကြုံး ပြီး ဖက် ထားလိုက် တဲ့ အခန်းမျိုး၊မ တွေ့ လိုက် ကြ ရ လို့ ၊ မပါ လို့ ၊ ဒီ သတင်း မြင်ကွင်း ကို ၊ သိပ် အား မ ရ ခဲ့ ကြောင်း၊သတင်း အင် တာ ဗျူး သွား တာ ကြား ရ ပါတယ်။ တတ် နိုင် ကြ ပေ့ ဗျာ ။

သတင်း လွပ်လပ်ခွင့် လို ပါ တယ် ၊ သတင်း ကို ရှိ တဲ့ အတိုင်း ဖြစ် တဲ့ အတိုင်းပြော ဘို့ သတင်း သမား ရဲ့တာဝန် ပါ။ ဒီ အပေါ် မှာ ကောင်း တယ် ၊ မကောင်းဘူးသင့်တယ် ၊ မသင့်ဘူး သတ်မှတ် တာ က ၊ ထမင်း နေ့တိုင်း ပုံမှန် စား နေ တဲ့ကြည့်နေသူ လူ အများ က ၊ ဆုံးဖြတ် သတ် မှတ် ကြ မှာ ပါ။

တဦး တယောက် က ၊ အကြောင်း မဲ့ လာ ပီး ၊ ဒါ မကြည့် သင့် ဘူး ၊ မကြည့် ရ ဘူးဆိုပြီး လိုက် ပိတ် ပင် လို့ ကတော့ ၊ ပိတ် ပင်သူ ဘဲ ၊ လက် ညောင်း သွား မှာ ပါ။ပိတ် ပင် ခွင့် လဲ ၊ ဘယ်သူ့ မှာ မှ ၊ မ ရှိ ပါ ဘူး ခင် ဗျာ။

(စာနယ်ဇင်း တိုင်း ခေတ်သမိုင် ဆိုရိုးလေးကို ကြာလေ ၊ သဘောပေါက် လေ ပါ ဘဲ ခင်ဗျာအင်မတန်အရေးကြီးပါတယ် ၊ နေ့စဉ် ၊ အပါတ်စဉ် သတင်းစာ ၊ ဂျာနယ် တွေ ကခေတ်သမိုင်းကြီး ကိုနေ့ စဉ် ရေး နေ ကြ တာပါ ၊ ( ပရင့်တက်ဒ် ရက်ကောဒ်) တွေ ပါ။

အခု လို ၂၀၁၀ နိုဝင်ဘာလ မှာ ၊ ဒီ နေ့ ထုတ် သတင်းစာ ၊စာစောင် တွေ နဲ့ ၊ပြီးခဲ့ တဲ့ နှစ် တွေ ကနိုဝင်ဘာ လထုတ် စာစောင် တွေ ၊ ၅ နှစ် စာ လောက် ၊ဘေး ချင်း ယှဉ် ချထား ပြီး ၊ နှိုင်း ယှဉ် ပြန် ဖတ် ကြည့် ခဲ့ ကြ ရင်တချို့ ကျူးပစ် မန်ဘာကြီး များ ၊ တမ်း တ ပြော ဆို နေ ကြ တဲ့တကယ့် ( ဒိုကူမင်ထရီ ) ဇတ်လမ်း တွဲ တွေအများကြီးတွေ့ ရ မှာ ပါ ခင် ဗျာ။အခု လို ဂျာနယ်တွေ အပိတ် ခံ ရ တာ ၊ အင် မတန် ၊ နစ်နာ ပါ တယ်။

လူ့ သဘာ ဝ က တော့ ၊ လူ ရယ် စ ဖြစ် လာ ကတဲ က၊ ဝသီ ပါလာပြီး သားပါ။ဟိုး ၊ အရင် လူတွေ လဲ ဒီ ဝသီပါဘဲ ၊ အခု လူ တွေ လဲ ဒီ အတိုင်း ပါဘဲ ၊နောင် မွေး လာ မဲ့ သူ တွေ လဲ ၊ ဒီ ဝသီ အတိုင်း ဘဲ လာ ဦး မှာပါ။ အဲ သာ တွေ က တော့

မ ပေါ့် တပေါ် ဆို ရင် ပို ပီး ကြည့် ချင် တယ်။
မကြား တကြား ဆို ရင် ပို ပီး သိချင် တယ်။
မ ဟုတ် တရုတ် ဆို ရင် ပို ပီး လုပ် ချင် တယ်။
မ နီး မဝေး ဆို ရင် ပို ပီး အချစ် ပို တယ်။
မ ခိုင့် တခိုင် ဆို ရင် ပို ပီး ကိုင် ချင် တယ်။
မ လုံ့ တ လုံ ဆို ပို ပီး ဝတ် ချင် တယ် ဗျ
မ ပီ့ တ ပီ ဆို ရင် ပို ပီး ပြော ချင် တယ်။
မခို့ တ ယို့ ဆို ရင် ပို ပီး တို့ ချင် တယ်။
မနူး မနပ် ဆို ရင် ပို ပီး စား ချင် တယ် ။
မ ပွင့် တ ပွင့် ဆို ပို ပီး အသံ သာယာ တယ်
မလောက် မင ဆို ရင် ပို ပီး မူး ချင် တယ်။
မအူ မလယ် ဆို ရင် ပို ပြီး တွယ် ချင် ကြ ပါတယ်
မလှုပ် တလှုပ် ဆို ရင် ပို ပီး ဟုတ် တယ် ထင်ကြ ပါတယ်။
မ ရဲ တ ရဲ လေး တွေ က ပို ပြီး ကဲ ကြ ပါ သဗျာ ။
_____________၊ ထား လိုက်ပါ ရ စေ တော့၊ ခင်ဗျာ ၊ ဒီလောက် နဲ့ ဘဲ ၊

ကိုင်း၊ ကြည့် ကြ စမ်း ၊ စိတ်ကြိုက် ဆို ရင် ၊ ကြည့်ရင်း နဲ့ မ လှ တော့ ဘူး ထင်လာမှာပါကိုင်း လုပ်ကြစမ်း စိတ်ကြိုက် ဆို ၊ တနာရီ ထက် ဘယ် သူ မှ ပို မ တတ် နိုင် ပါ။သိပ်နီးနေရတာကြာရင်စကားပြောမတဲ့လာကြသလို၊ သိပ်ဝေးသွားတော့လဲ မေ့ နိုင်သွားကြ တာပါမခိုင်တာ ကို သွား ကိုင် မိရင် တခါတည်း ကျိုးပဲ့ သွားတာ နဲ့ ဇတ်လမ်းဆက်ရန် မရှိတော့ပါ
_________________________
အင်း ၊ ကျန် တာ တွေ က တော့ ၊ ဆက် မပြော တော့ ပါဘူး၊ကျွန်တော် မပြော လဲ ၊ ပညာယှိ ၊ ကျူးပစ် ၊ ချစ်ပိတ်တတ်ကြီး ၊ ဒါတွေ ကို သိ ပီး သား တွေ ပါ ခင် ဗျာ ။

တကယ်တော့ ဗျာ ၊ ယူတတ် ရင် ၊ သင်ခန်းစာ အများကြီး ရ နိုင် ပါ တယ်။ မကြာ သေးပါဘူးပြီးခဲ့ တဲ့ရွေးကောက်ပွဲ စ ခါ နီး ၊ မဲ မပေး ကြပါ နဲ့ ပြော တဲ့ လူ တွေ ကို စ ဖမ်း ပါ တယ်။နောက် ပိုင်း လုံး ဝ ကို ၊မဖမ်းတော့ ပါဘူး ၊ ဖမ်း လို့ ဘဲ မနိုင် အောင် များ ခဲ့ လို့ လားမ ဖမ်း ချင် တော့ လို့ လား ၊ မသိ ပါ ဗျာ ၊

ဝေ လိုက် တဲ့ မဲ မပေးရေး စာရွက် ၊ ဝေ လိုက် တဲ့ တီ ရှပ် ၊ ဟောလိုက် တဲ့ မဲ မပေးရေးတရား ၊ သောသော ညံလို့ ပါ ဗျာ ၊ တ ကယ် လို့ များ ၊ စာရွက် တွေ ဝေ တဲ့သူ မှန်သမျှတီ ရှပ် ဝေသူ ၊ ဝတ် သူ မှန် သမျှ ၊တရားဟော သူ မှန် သမျှ လိုက် ဖမ်း ခဲ့ မယ် ဆိုရင်၊ဒီ ရွေးကောက် ပွဲ အခြေ အနေ က ၊ ပုံ စံ တမျိုး အခြေအနေ တွေ ပြောင်း သွားနိုင် ပါ တယ်ဦးခိုင်ထူး ဆို ထား တဲ့ သီချင်း လေး လို ပါ ဘဲ ၊ မဲ ပုံး နဲ့ မဲ ရုံ တွေက တော့
( အခုတော့ __ အခုတော့ ___ ဘယ် များ ရောက် သွား လဲ __ ဘယ် သူ များ ယူ
သွား လဲ ) ဆို ပီး ၊ မဲ ပုံး နဲ့ မဲ ရုံ ကို မနည်း လိုက် ရှာ ကြ ရ မဲ့ ကိန်းရောက် ရ မှာ ပါ။

လူတွေ က ဖြစ်ရပ်မှန် တွေ များများသိ လေ ၊ ဇြစ်ရပ် တိုင်း ရဲ့ စ ၊ လယ် ၊ ဆုံး တွေ ကိုများများ သိ ၊ များများ မှန်အောင်၊ တွေးခေါ် တတ် လေလေ ၊ ဟို လူ ပြော လို့ ယုံ လိုက်ရတာ မျိုး ၊ ဒီ လူ ပြော လို့ ၊ ပုံ လိုက် ရ တာမျိုး ၊ အများ က ပြော နေ လွန်း လို့ ၊ဟုတ် နိုးနိုး ဖြစ် သွား ရ တာမျိုး ၊ ယောင် ချာ ချာ စိတ်ကူးတွေ မရှိ နိုင် တော့ဘဲ ၊ကိုယ့် ဦးဏှောက် ၊ ကိုယ့် စဉ်းစား ညဏ် နဲ့ ကိုယ် ပိုင် ခံ ယူ ချက် တွေကိုယ် ပိုင် ဆုံး ဖြတ် ချက် တွေနဲ့ တွေး နိုင် ၊ ခေါ် နိုင်စဉ်း စား နိုင် သူ တွေ ၊ ဖြစ် လာ ရ မှာ ပါ။ ဒါ က တိုင်းပြည် တိုးတက် ရေး မှာနိုင်ငံသူ၊နိုင်ငံသား တိုင်း ၊ အားလုံး အတွက် ၊ အင် မတန် အရေး ကြီး ပါ တယ်။

အခု တော့ ဗျာ ၊ ဒီ ဂျာနယ် တွေ မှာ ရေးထားတဲ့ သတင်းတွေ ကို ၊ မသင့် တော် ပါဘူးမကောင်း ပါဘူး ၊ ဆိုတာ ကို ၊ ဘယ် သူ က များ ၊ ဆုံးဖြတ် လိုက် လဲ ၊ မသိပါ။စာပေစိစစ်ရေး က စာရေး က လား ၊ ညွှန်မှူး ကလား ၊ ညွှန်ချုပ် က လား ၊ မသိ ရ ပါ ခင်ဗျာ

တခု သေချာ တာ က တော့ ၊ ဒီ ဂျာနယ်တွေ မှာ ရေးထား တဲ့အကြောင်း အချက် အလက် တွေ က နိုင်ငံတော်ကို ထိ ခိုက် စေမဲ့ ၊ အကြည် ညို ပျက် စေ မဲ့အကြောင်း အရာ တခု မှ မပါ ခဲ့ သလို ၊ ဒီလို မျိုး ၊အပါတ်စဉ် ဂျာနယ်တွေ ကိုအကြောင်း မဲ့ ပိတ် ပင် လိုက် တဲ့ လုပ်ရပ်ကြီး က သာ ၊ လူ တွေ ၊ ပြည်သူ တွေ ကနိုင်ငံတော် ကို အကြည်ညို ပျက် သွား စေ မဲ့ အကြောင်း တခု၊ အမှန် ဖြစ် သွား ရ ပါ ပ ဗျား ။
A ဇော်ကြီး
မြန်မာကျူပစ်ရီပို့ တာ

မြန်မာကျူပစ်လင့်က ဒီမှာပါ။

ဒီလိုကြည်ကြည်နူးနူးအမေ့အပြုံးလေး


တပ်မတော်သားများနှင့်ရင်းရင်းနှီးနှီးရှိနေတဲ့အမေစု...



ကိုမြတ်ခိုင်ဖေ့စ်ဘွတ်မှ...

23 Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/54268dy7z097w9w/23%20Nov%202010%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/o47632jwkszc56x/23%20Nov%202010%20Yeyintnge%27s%20Diary.pdf

23 Nov 2010 Yeyintnge's Diary

ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား by yeyintnge



ပြည်သူတွေဟာ အရင်က နဲ့မတူဘဲ နိုင်ငံရေး ကိစ္စတွေမှာ လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပါတီ ရပ်တည်ခွင့် တရားဝင်လာအောင် ဆက်လက် ကြိုးပမ်းသွားမယ့် အကြောင်း၊ ပြည်သူ အများရဲ့ ထောက်ခံမှု ရလာအောင် ဆက်လက် ကြိုးပမ်းရမှာ ဖြစ်သလို တဖက်မှာ အရင် နေအိမ် အကျယ်ချုပ် လွတ်မြောက်စဉ် တွေတုန်းကလို မတူဘဲ လူငယ်တွေ အများကြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ပါတီ အထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို တရားစွဲဆို အမှုဖွင့်ခဲ့ရာမှာ အမူကို ဗဟို တရားရုံးချုပ်က လက်ခံကြားနာခဲ့ပေမဲ့ ဆက်လက် ကြားနာဖို့ကို မနေ့က ပယ်ချခဲ့ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် NLD ပါတီ ဘယ်လို ဆက်လက် ရပ်တည်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို RFA ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဘန်ကောက်မြိုံ့ကနေ ဒီကနေ့ ညနေပိုင်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက်ကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်   http://www.rfa.org/burmese/news/interview_with%20assk-11232010120647.html

စလောင်းကြည့် မရ ၊ တော်လှန်ရေး စ ဟု မြောက်ဥက္ကလာ တွင် ကြွေးကျော်


November 23, 2010 freedom news group


ရန်ကုန် မြို့ မြောက်ဥက္ကလာ သုဓမ္မာ လမ်းမက လက်ဘက်ရည်ဆိုင် ပိုင်ရှင် ဖြစ်သူက ဆိုင်တွင်DVB ရုပ်သံ အပါအ၀င် နိုင်ငံခြား ရုပ်သံလိုင်းများပြသခွင့် မပြု တော့ ဘူး လို့ ပြောတာကြောင့်လက်ဖက်ရည် သောက် သုံး သူတွေ ဟာ ဌ ရပ်ကွက်ရယက ဥက္ကဌ အိမ် ကိုသွား ၀ိုင်းပြီး ခင်ဗျားအမိန့် ထုတ်တာလား၊ သေသွားချင် တာလား ၊လက်ဖက်ရည် ဆိုင်မှာ စလောင်း မပြရင် တော်လှန် ရေး ခုချက်ခြင်း စမယ်လို့ ကြွှေးကျော်ကြတာကြောင့် ရယက ဥက္ကဌ လည်း သူ ရပ်ကွက်တွင်း ကဆိုင် တွေ မှာ လိုက် လျှော လိုက်ရတယ်လို့ သိရပါတယ်။

ရန်ကုန် မြို့ က အချို့ မြို့ နယ် တွေ မှ ဂြိုလ် တု စလောင်း မကြည့် ရလို့ အမိန့် ထုတ်ထားတားဟာစစ်အစိုးရက တိုက် ရိုက် အမိန့် ထုတ်ထား တာမဟုတ် ပဲ ကျေးရွာ နဲ့  ရပ်ကွက် အာဏာ ပိုင်တွေက ထုတ်ပြန်ထား တာ ဖြစ်ပါတယ်။ 

http://freedomnewsgroup.com/

မြန်မာ့စီးပွားရေး အလားအလာ သိပ်မကောင်း



By Ron Corben's Report in Burmese တနင်္လာ, 22 နိုဝင်ဘာ 2010

စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ မကြာခင်တုန်းက ရွေးကောက်ပွဲ လုပ်ခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးလိုက်ပြီမို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တနည်းနည်းနဲ့တော့ တိုးတက်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်နေပါတယ်။ တိုးတက်လာနိုင်ခြေရှိတဲ့ အထဲမှာ စီးပွားရေးပိုင်းမှာရော ဘယ်လောက် တိုးတက်လာနိုင်တယ်လို့ မျှော်လင့်နိုင်ပါသလဲ၊ ဒေသတွင်းက နိုင်ငံရေး သုံးသပ်သူတွေကတော့ ကြိုမြင်ရတဲ့ အနာဂတ်မှာ စီးပွားရေးအရ တိုးတက်မှုတွေ သိပ်မရှိနိုင်ဘူးလို့ ပြောနေတဲ့အကြောင်း ဘန်ကောက်ရုံးက ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) က သုံးသပ်ထားပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ် အကြီးအကဲက တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေဟာ အလွန်ကို ကောင်းမွန်တယ်လို့ ကမ္ဘာ့ဘဏ်ကို မကြာသေးခင်က ပြောကြားလိုက်ပြီးတော့ သဘာဝဓာတ်ငွေ့နဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရာကနေ တိုင်းပြည်ရဲ့ စီးပွားရေးဟာ အခုနှစ်အတွင်းမှာ ၁၂% တိုးတက်လာဖွယ် ရှိတယ်လို့ ပြောကြားခဲ့တာပါ။ ဒါပေမဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ၂၀၁၀ ခုနှစ်မှာ ၅% ပဲရှိတယ်လို့ ဆိုခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ အဲဒီ အကဲဖြတ်ချက် ၂ ခုစလုံးကတော့ မြန်မာပြည်သူ အများစုရဲ့ ဘ၀တွေကို ပိုပြီး တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ဆိုနေကြပါတယ်။ သြစတြေးလျနိုင်ငံ မကွာရီ တက္ကသိုလ်က စီးပွားရေး ပညာရှင် အလစ်စန် ဗစ်ကေရီ (Alison Vicary) ကတော့ မြန်မာနိုင်ငံဟာ အခက်အခဲတွေ အတော်များများကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“အခြေအနေတွေကတော့ အတော်လေးကို ရှုပ်ရှုပ်ထွေးထွေးနဲ့ ဆိုးနေတဲ့ အနေအထားလို့ ကျမ ပြောချင်ပါတယ်။ ကျမတို့ ဆက်တိုက်ရနေတဲ့ အစီရင်ခံစာတွေ အရတော့ လူတွေဟာ နေ့စဉ် ထမင်းပုံမှန် စားဖို့အတွက် အခက်အခဲ ရှိနေပါတယ်။ ဒီအချက်က အခြေအနေမှန်ကို ပြသနေတယ်လို့ ကျမ ထင်ပါတယ်။ သာမန်ပြည်သူတွေ အတွက်တော့ အခြေအနေတွေဟာ အချိန်နဲ့အမျှ ဖြည်းဖြည်းချင်း ပိုပြီးတော့ ဆိုးဆိုးလာနေတယ်လို့ ကျမ အနေနဲ့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် တိုင်းပြည် လူဦးရေရဲ့ ၃ ပုံ ၁ ပုံ နီးပါးဟာ အလွန်ကို ဆင်းရဲနွမ်းပါးတဲ့ အခြေအနေမှာ နေနေရပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ရေကြောင်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံစနစ်တွေ ကောင်းမွန်ခြင်း မရှိတာကလည်း ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ပိုပြီး ပွင့်လင်း လွတ်လပ်လာနိုင်တယ်လို့ ဒေသတွင်းက တချို့ စီးပွားရေး ပညာရှင်တွေနဲ့ အကဲခတ်တွေကတော့ မျှော်လင့်နေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုကို စစ်အစိုးရနဲ့ သူတို့နဲ့ နီးစပ်သူတွေက လွှမ်းမိုးချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

ဒေသတွင်း လူ့အခွင့်အရေး ကိစ္စရပ်တွေကို လှုပ်ရှားနေတဲ့ Alt ASEAN အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဒက်ဘီ စတော့တ်ဟာ့ဒ် (Debbie Stothard) ကတော့ မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ကျေးလက်ဒေသက နေရာအတော်များများမှာ အခြေအနေတွေက ဆိုးနေပါတယ်။ အဲဒီမှာ လယ်မြေသိမ်းမှုတွေ၊ အာဏာပိုင်တွေဘက်က အခွန် မတရား ကောက်ခံမှုတွေနဲ့ အလုပ်လုပ်ဖို့အတွက် အခွင့်အလမ်းတွေ မရှိတာကြောင့် လူတွေဟာ သူတို့ဟာသူတို့ စားဖို့အတွက်တောင် မစိုက်နိုင်ကြတော့ပါဘူး။ ပြည်သူ အတော်များများကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်မချမ်းသာကြသလို အယုံအကြည်လည်း မရှိကြပါဘူး။ ဒီရွေးကောက်ပွဲက အခွန်ကောက်ခံတာတွေ ပိုများလာစေပါတယ်။”

မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန် အပါအ၀င် ကမ္ဘာပေါ်က နိုင်ငံအတော်များများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ အခုလို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာတွေက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်တဲ့ နိုင်ငံဖြစ်ပြီး အထူးသဖြင့် သဘာဝဓာတ်ငွေ့နဲ့ ရေနံလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ် အဓိက ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ နိုင်ငံတနိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး စွမ်းအင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံး လုပ်နေတာပါ။ မြန်မာနိုင်ငံကနေ တခြား အဓိက တင်ပို့နေတဲ့ ပြည်ပပို့ကုန်တွေကတော့ သစ်နဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေဖြစ်ပြီး ဟောင်ကောင်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ စင်ကာပူ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေက အဲဒီကဏ္ဍတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံတာတွေကို လုပ်ကြပါတယ်။

အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပေမဲ့လည်း အစိုးရရဲ့ စီမံခန့်ခွဲပုံ ညံ့ဖျင်းမှုကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ဆက်ပြီးတော့ အားနည်းနေတုန်းပဲလို့ မြန်မာနိုင်ငံ အကြောင်းကို စာရေးသားနေတဲ့ စာရေးဆရာ ဘာတေးလ် လစ်တနာ (Bertil Lintner) က ပြောပါတယ်။

“တိုင်းပြည်အတွင်းမှာ ငွေကြေးအလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ မရှိသလောက်ပါပဲ။ ကုန်ထုတ်လုပ်ငန်းတွေနဲ့ ရေရှည် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မရှိပါဘူး။”

လွန်ခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ မြန်မာအစိုးရဟာ ဆိပ်ကမ်းတွေနဲ့ ပို့ဆောင်ရေး လုပ်ငန်းတွေ အပါအ၀င် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ နိုင်ငံပိုင် ပစ္စည်းတွေကို စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စစ်အစိုးရ ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ စစ်တပ်အရာရှိတွေကို ရောင်းချခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြန်မာအစိုးရက အခုလအတွင်းမှာ လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာက စီးပွားရေး အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပြန်လည်လျှော့ချသင့်၊ မသင့် ဆိုတာကို ပြန်ဆွေးနွေးသုံးသပ်ရမယ့် အနေအထား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရဘက်က ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်မချင်း အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်ပြီးတော့ ထားသင့်တယ်လို့ စာရေးဆရာ ဘာတေးလ် လစ်တနာက ဆိုပါတယ်။

“အစိုးရဘက်က လိုက်လျောမှု တစုံတရာ မပြဘဲနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှာ မဟုတ်ပါဘူး။ ဒါဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့တဲ့ ကနဦး ရည်ရွယ်ချက်ပါ။ ဒီတော့ အစိုးရဘက်က ထူးခြားတဲ့ တိုးတက်မှု ဘာမှ မပြဘဲနဲ့ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေးကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံမယ်လို့ ကျနော် မမြင်ပါဘူး။ ပိတ်ဆို့အရေးယူမှု ဆိုတာ ဒီအတွက် လုပ်တာဖြစ်ပြီး နိုင်ငံရေးအရ ဖိအားပေးထားတာပါ။”

အသစ်တက်လာမယ့် အစိုးရက တိုင်းပြည်ရဲ့ စီးပွားရေးကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မယ် ဆိုတာရယ်၊ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ အခြေအနေ ဘယ်လိုဖြစ်လာမယ်ဆိုတာ ရေရာမှု မရှိတာကြောင့် ရင်းနှီးမြှုပ်နှံနိုင်ချေ ရှိသူတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် သတိထား စောင့်ကြည့်နေကြပါတယ်။ ပညာရှင်တွေကတော့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသတွင်းမှာ ဆက်ပြီးတော့ နောက်ကျ ကျန်နေသွားမယ့် အလားအလာ ရှိနေတယ်လို့ ဆိုပါတယ်။
http://www.voanews.com/burmese/news/

“လူနာတွေကို အဓမ္မလုပ်လာရင် လုံးဝ လက်မခံဘူး”

“လူနာတွေကို အဓမ္မလုပ်လာရင် လုံးဝ လက်မခံဘူး”

မဖြူဖြူသင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့ဝင်တဦး ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှ စ၍ HIV/ AIDS ဝေဒနာရှင်များကို စောင့်ရှောက် ခဲ့သူဖြစ်သည်။ ယခုအခါ ၎င်းစောင့်ရှောက်ထားသော ဝေဒနာရှင် ၈၀ ကျော်တို့မှာ ရန်ကုန်မြို့ တောင်ဒဂုံရှိ အိမ်တအိမ်တွင် နေထိုင်လျက်ရှိသည်။ လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က အဆိုပါ လူနာများထံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့ပြီး နောက်တနေ့တွင် အာဏာ ပိုင်များက လူနာ ၅၀ ကျော်ကို သာကေတရှိ ဆေးရုံတရုံသို့ ပြောင်းရွှေ့ရန် ဖိအားပေး ပြောဆိုခဲ့ပြီး ထိုလူနာများ အတွက် ဧည့်စာရင်း တိုင်ခွင့်မပေးတော့ကြောင်း သိရသည်။

Phyu_Thin
မေး။     ။ မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့ HIV လူနာတွေကို ဖိအားပေး ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ထပ်ထူးခြားပါသေးလဲ။

ဖြေ။     ။ မထူးခြားသေးဘူး။ မထူးခြားဘူး ဆိုတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ လူနာတွေက ဧည့်စာရင်း တိုင်ပြီး နေပိုင်ခွင့်ရှိတယ်။ ဒါ နိုင်ငံသား အခွင့်အရေးဖြစ်တယ်။ ဒါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံသား အခွင့်အရေးပဲ။ အဲဒီတော့ နေပိုင်ခွင့်ဆိုတာ ရှိပြီးသား ဖြစ်တယ်။ အဲဒါကို ကျမတို့ လူနာ တဦးက ရပ်ကွက်ရုံးကို စာရေးပြီး သွားတင်ထားတယ်။ ဒါပေမယ့် လက်မခံဘူးလို့ ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ နောက်ဆုံးပိတ် သတ်မှတ်ထားတဲ့ အတွက် ၂၅ မှာ ဘာဖြစ်မယ်ဆိုတာ သိပြီးမှ သူတို့ ဆုံးဖြတ်မယ်တဲ့။

မေး။     ။ အဲဒါဆို ၂၅ ရက်နေ့ အပြီးရွှေ့ရမှာလား။

ဖြေ။     ။ ရွှေ့တော့ မရွှေ့ပေးဘူး။ ဒါပေမယ့် ခြိမ်းခြောက်ထားတယ်။ ၂၅ ရက်နေ့ နောက်ပိုင်းဆိုရင် ဖမ်းဆီး အရေးယူ ခံရနိုင်တယ် ဆိုပြီး ပြောတယ်။

မေး။      ။ လူနာတွေကို ပြောင်းရွှေ့ဖို့ ဘယ်လို လာပြောတာလဲ။

ဖြေ။     ။ ဆေးရုံမှာ နေဖို့ ထိုင်ဖို့ လူနာတွေအတွက် အကုန်စီစဉ် ပေးထားတယ်ပေါ့၊ အစိုးရပိုင်းက စီစဉ်ထားတာ ရှိတယ်ဆိုပြီး ပြောတာ။ အဲဒီ သာကေတက ဆေးရုံ တရုံလုံးမှာ လူနာ ၆ ယောက်ပဲ ရှိတယ်လို့ ပြောသံကြားတယ်။ ဒါပေမယ့် သူတို့က ခြိမ်းခြောက်ပြီးတော့ ဆေးရုံကို ရွှေ့ကို ရွှေ့ရမယ်ဆိုပြီး ပြောတာပေါ့နော်။ ဒီမှာလည်း ဆက်နေဖို့ မပေးတော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် လူနာတွေက မသွားချင်ကြဘူး။ လူနာတွေက ဒီမှာပဲ နေချင်ကြတယ်။ ဒါကလည်း သူတို့ နေချင်တဲ့နေရာမှာ နေပိုင်ခွင့် ရှိပြီးသားလေ။ လောလောဆယ်မှာတော့ အကုန်လုံး ပြောင်းဖို့ အစီအစဉ်တော့ မရှိသေးဘူးပေါ့နော်။

နောက်တခါ ရပ်ကွက်ထဲမှာ ဒီလိုမထားသင့်ဘူး၊ ဒါဟာ ကူးစက် ရောဂါဖြစ်တယ်ဆိုပြီး ရပ်ကွက်ထဲက  လူတွေကိုလည်း လက်မှတ်လိုက်ထိုးခိုင်းတယ်။ ဒါပေမယ့် ရပ်ကွက်ထဲက ပြည်သူလူထုက မနာခံဘူး၊ လက်မှတ် မထိုးပေးကြဘူး။

မေး။     ။ ပြောင်းရွှေ့ရမယ့် ဆေးရုံအခြေအနေကို သွားကြည့်တော့ကော ဘယ်လိုတွေ့ရလဲ။

ဖြေ။     ။ အဲဒီမှာ လူနာကတော့ ၆ ယောက်ပဲ ရှိတာပေါ့နော်။ လူနာတွေကို အသားပေးမယ် ပြောတယ်။ တနေ့စာ ဘယ်လောက်ပေါ့။ ကိုယ့်ဟာကိုယ် ချက်ပြုတ်စား ပေါ့နော်။ ရေတွေဘာတွေတော့ ဝယ်သောက်ရတယ်။ တကယ်က ပေးတဲ့ အသားကလည်း သိပ်မရှိပါဘူး။ စေတနာ အမှန်နဲ့ လူနာကို ကူညီချင်တာ မဟုတ်ဘဲနဲ့ မဖြစ်နိုင်ဘူးလေ။ အဲဒါတွေ သိတဲ့ အခါကျတော့ လူနာတွေ တော်တော်များများက မသွားချင်ကြတာ။ သူတို့ မသွားနိုင်ဘူးပဲ ပြောကြတယ်။

မေး။     ။ အခုလိုမျိုး လာပြောင်းရွှေ့ခိုင်းတာ၊ ရပ်ကွက်က လူတွေကို လက်မှတ်ထိုးခိုင်းတာ ဘယ်တုန်းကလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည် လူနာတွေကို လာကြည့်တာက ၁၇ ရက်နေ့က၊ သူတို့ ဒီစာကို ထုတ်တာက ၁၈ ရက်နေ့၊  ၁၉ ရက်နေ့ကျတော့ ရပ်ကွက်ထဲမှာ လက်မှတ် လာထိုးခိုင်းတယ်။

မေး။     ။ အရင်တုန်းကကော အခုလို လူနာတွေကို နှောင့်ယှက်တာတို့၊ ရွှေ့ခိုင်းတာတို့၊ လာပြီး ကြည့်ရှုတာမျိုး ရှိခဲ့လား၊ ကူးစက်ရောဂါ ပြန့်ပွား နိုင်တယ်လို့ လာပြောတာမျိုးကော ရှိပါသလား။

ဖြေ။     ။ အရင်တုန်းကလည်း လုပ်ခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုတော့ အိမ်ငှား နေခဲ့တာဆိုတော့ အိမ်ရှင်ကို ဒီလူနာတွေ ဒီအတိုင်းထားရင် ဖမ်းမယ် ဆီးမယ် ဆိုတာမျိုးပေါ့။ အဲဒီလို လုပ်တဲ့ အခါကျတော့ အိမ်ရှင်တွေ ထွက်ပြေး ရတာမျိုး ကြုံဖူးတယ်။ အိမ်ရှင်က ဒီ လူနာတွေကို ထားချင်တယ်။

အဲဒီလို အိမ်ရှင်ကို ဒုက္ခပေးတာမျိုး ရှိလာတော့ ကျမတို့ပဲ ပြောင်းရွှေ့ ပေးလိုက်ရတယ်။ တချို့ နေရာမှာဆိုလည်း အိမ်ရှင်နဲ့ စာချုပ် ၆ လ ချုပ်တယ်ဆိုရင် ၃ လ၊ ၄ လ လောက် နေပြီးပြီဆိုရင် အတင်း ဖိအားပေးပြီး ပြောင်းရွှေ့ခိုင်းတယ်။ အိမ်ရှင်ကတော့ ဘယ်ပြောင်းစေချင်မလဲ။ သူတို့ကစေတနာရှိတယ်လေ။ ထားချင်တယ်။ ဒါပေမယ့် အတင်း ဖိအားပေးတဲ့ အခါမှာကျတော့ သူတို့ဘက်ကလာပြီး တောင်းတောင်းပန်ပန်နဲ့ သူတို့က မပြောင်းစေချင်ပါဘူး၊ ဒါပေမယ့် ဒီလိုဒီလို ဖြစ်လို့ပါဆိုပြီး လာပြောကြရတယ်လေ။ အဲဒီလိုမျိုးဆိုတော့လည်း ကျမတို့က အိမ်ရှင်ကို ဒုက္ခမရောက်စေချင်ဘူးပေါ့။ အိမ်ရှင် ဒုက္ခရောက်မှာမို့ ပြောင်းပေး လိုက်ရတာမျိုးတွေ ရှိတယ်။ နောက်တခါ လူနာတွေကို  အတင်းကို ဆေးရုံပေါ် တင်လိုက်တာမျိုး လုပ်တယ်။ သက်ဆိုင်ရာက ခေါ်တင်ခိုင်းတယ် ဘာညာဆိုပြီး ဆွဲတင်သွားတာပဲ။ အဲဒီလိုမျိုး ခဏ ခဏ ကြုံဖူးတယ်။

အခု အိမ်ကတော့ ငှားတာ မဟုတ်ဘူး။ ကိုယ်ပိုင် အိမ်ဖြစ်နေတယ်။ ဒီတော့ အိမ်ရှင်ကိုလည်း ပြဿနာ ရှာလို့မရတော့ လူနာတွေကို ခြိမ်းခြောက်တာပေါ့။ လူနာတွေကတော့ ခြိမ်းခြောက်ပေမယ့်လည်း ဒီမှာပဲ နေမယ်ဆိုတာမျိုးပဲ ပြောနေတာပေါ့။

မေး။     ။ အဲဒီလို လူနာတွေကို ဆေးရုံ တက်ခိုင်းတဲ့ အခါမှာ လူနာတွေအတွက်ကော ပိုပြီး အဆင်ပြေလား။  ဆေး ရရှိမှု အခြေအနေက အစပေါ့။

ဖြေ။     ။ အဲဒါပြောစရာရှိတယ်။ စက်တင်ဘာတော်လှန်ရေး ဖြစ်တော့ ကျမ မရှိဘူး။ သံဃာတွေ ဖမ်းဟယ် ဆီးဟယ် လုပ်ကြရော။ အဲဒီအချိန် ဘုန်းကြီးကျောင်းတွေမှာ လူနာတွေရှိနေတယ်။ အဲဒီက အမျိုးသား တယောက် အမျိုးသမီး တယောက်ကို ဆေးရုံ တင်လိုက်တယ်။ ဆေးရုံရောက်တော့ တာဝန်မယူနိုင် ပါဘူး ဆိုပြီးတော့ ချက်ချင်းပဲ ညတွင်းချင်း ကားစီစဉ်ပြီး သူတို့ရွာကို ပြန်ပို့လိုက်တယ်။ ရွာလည်း ပြန်ရောက်ရော သိပ်မကြာခင် သေဆုံးသွားကြတယ်။ အဲဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ လူနာတွေ အနေအထားက ပြန်လာလို့လည်း မလွယ်ဘူး။ တော်တော်လေး ကျန်းမာရေး အခြေအနေက ဆိုးနေတော့ ပြန်မလာ နိုင်တော့ဘူးပေါ့။ သူတို့ဆီ ရောက်သွားရင်တော့ အဆင်ပြေသွားတယ်ဆိုတာ မကြုံဖူးဘူး။ အဆင်ပြေ သွားတာတွေ မရှိဘူး။

မေး။     ။ အဲဒီလို အဖြစ်အပျက်တွေကို လူနာတွေက သေသေချာချာ သိလား။

ဖြေ။     ။ သိတယ်။ လူနာတွေ တော်တော်များများ ကတော့ အကုန်လုံး အပ်ကအစ ဝယ်ရတာလေ။ အားလုံး သူတို့ဆီမှာ ဘာမှ အလကား ရတာမရှိဘူး။ အဲဒီတော့ အခု လူနာတွေက သူတို့ကို အကုန်လုံးက အဲဒီလိုမျိုးကြီး ကူညီပေးမယ်၊ ဘာလုပ်ပေးမယ် ဆိုတဲ့ဟာမျိုးကို လုံးဝ မယုံကြည်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကိုယ်တိုင်က ဒါမျိုးတွေကို ကြုံခဲ့ပြီးပြီလေ။ လူနာတော်တော်များများက ဆေးရုံက ဆင်းခဲ့ကြတဲ့ သူတွေချည်းပဲ။ သူတို့ကိုယ်တိုင်က ဒီလိုအတွေ့အကြုံ မျိုးတွေ ရှိတဲ့ အခါကျတော့ သူတို့ဘယ်လိုပဲ ကောင်းအောင် လုပ်ပေးမယ်ပြောပြော သူတို့မယုံကြည်ကြဘူး။ ကျမ အနေနဲ့ကလည်း သူတို့ကို ပြောပါတယ်။ အဆင်ပြေမယ်ဆိုရင် သွားပေါ့။ ဒါပေမယ့် ကျမကလည်း အဆင်မပြေမယ့် နေရာမျိုးကို သိပ်ပြီး မထိုးထည့် ချင်ဘူး။ လူနာတွေ ဒုက္ခရောက်တာမျိုး တွေကိုတော့ မဖြစ်စေချင်ဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကလည်း ဘယ်သူမှ မသွားချင်ဘူး။ သူတို့ကလည်း တော်တော်လေး သိနေကြတယ်။

မေး။     ။ လူနာတွေက အဲဒီလို အစိုးရရဲ့ ဆေးရုံကို မသွားချင်တဲ့ အကြောင်းရင်းက မယုံကြည်တာ တခုပဲလား၊ တခြား အကြောင်းတွေ ဘာရှိသေးလဲ။

ဖြေ။     ။ အဲဒါတော့ အကြောင်းစုံ ရှိတာပေါ့နော်။ လူနာတွေက ကျမတို့တွေထားတဲ့ ပုံစံကတော့ သီးသန့်ကြီး မဟုတ်ဘူးပေါ့။ ဟိုသပ်သပ်၊ ဒီသပ်သပ် မဟုတ်ဘူးပေါ့နော်။ အားလုံးက တစုတဝေးတည်း၊ အကုန်လုံးက တကယ့်ကို ညီအစ်ကို မောင်နှမလို နေကြတာ။ အဲဒီလို နေကြတဲ့ အခါကျတော့ သူတို့က အဲဒီအပေါ်မှာ နှစ်သက်တယ်နဲ့ တူပါတယ်။ ခံစားရတယ်နဲ့ တူပါတယ်။ ကျမတို့ ကိုယ်တိုင်ကိုက လူနာတွေနဲ့ နေတဲ့အခါမှာ တကယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောစရာရှိရင် ပြောတာပဲ။ ပြောရမယ် ဆိုရင်တော့ သူတို့ မိသားစု ကိစ္စကအစ၊ သူတို့ ခံစားချက်ကအစ နားထောင် ပေးတယ်။ တတ်နိုင်သလောက် ဝိုင်းဖြေရှင်းပေးတယ်။ ကိုယ်လုပ်ပေးနိုင်တာ လေးတွေပေါ့နော်။ သူတို့ ကိုယ်တိုင်က ယုံလည်း ယုံကြည်တယ်။ အဲဒါတွေလည်း ပါတာပေါ့။

ဒီမှာ တွေ့ရတာတော့ လူနာတွေရဲ့အခက်အခဲတွေ တော်တော် များများ၊ စီးပွားရေး အခြေအနေတွေဘာတွေကအစ သူတို့ ရင်ဖွင့်ကြတယ်။ စီးပွားရေး မဆင်မပြေဘဲနဲ့ လာတဲ့လူ များတယ်လေ။ အဲဒီလိုမျိုးတွေကို ကျမတို့ အကုန် နားထောင်ပေး ရတာကိုး။ 

မေး။     ။ မဖြူဖြူသင်းတို့ဆီမှာ လူနာက ဘယ်နှယောက် ရှိနေပြီလဲ။

ဖြေ။     ။ အားလုံး ၁၀၀ ကျော်တယ်။ နေရေးထိုင်ရေးကတော့ သိပ် အဆင်တော့ မပြေဘူး။ ဒါပေမယ့် ဖြစ်တာတော့ ဖြစ်ပါတယ်။

မေး။     ။ အခုလိုမျိုး လူနာတွေကို ရုတ်တရက် လာရွှေ့ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မဖြူဖြူသင်း အနေနဲ့ ဘယ်လို ထင်လဲ။ ဘာကြောင့်မို့လို့ အခုလို လာရွှေ့ခိုင်းတယ်လို့ ထင်လဲ။

ဖြေ။     ။ ဘာကြောင့် အခုလို ရုတ်တရက် လာရွှေ့ခိုင်းတာလဲ ဆိုတော့ တိုက်ဆိုင်မှုတခုလို့ပဲ ဆိုရမှာပေါ့။ ကျမတို့က ဒီလိုကိစ္စမျိုးတွေ မကြာခဏ ကြုံတွေနေရတာပဲလေ။ ဒါပေမယ့် အခုနေရာကျတော့ တမျိုးပေါ့နော်။ အခု ကတော့ ဒေါ်အောင်ဆန်းစုကြည်က ၁၇ ရက်နေ့ကလာတယ်။ ၁၈ ရက်နေ့မှာ သူတို့စာထုတ်တယ်။ ကျမ မြင်တာကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက သူတို့လုပ်ပိုင်ခွင့်ရှိတယ်၊ သူတို့လုပ်နိုင်တယ်ဆိုပြီး အာဏာကို အလွဲသုံးစား လုပ်တယ်လို့ မြင်တာပေါ့။

ကျမရဲ့ အမြင်ကတော့ ပြည်သူလူထုအပေါ်မှာ ဘာပဲပြောပြော ဖိအားပေးစရာ မလိုဘူးပေါ့နော်။ အဓိကက သူတို့မှာ ဒီရောဂါရှိတော့ ပိုပြီးအားငယ်တာပေါ့။ အားငယ်နေတဲ့ လူတွေကို ကူညီဖို့လိုပါတယ်။ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ကျမအနေနဲ့ NGOs နဲ့ပဲဖြစ်ဖြစ် အစိုးရပိုင်းနဲ့ပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာလည်း စေတနာ မှန်ဖို့လိုပါတယ်။ အခုဟာက ကျမမြင်တာတော့ စေတနာလုံးဝ မမှန်ဘူး။ နောက်တခုက ကျတော့ ဒီလူနာကို ကူညီရမယ် နှစ်သိမ့်ရမယ် အားပေးရမယ် ဆိုတာထက် သူတို့က ခြိမ်းခြောက်မှုနဲ့ သူတို့က အာဏာရှင်၊ ငါတို့ လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါကတော့ အာဏာရှင် ဆန်ဆန် လုပ်တယ်ဆိုတဲ့ သဘောတွေ့ရတယ်။

မေး။     ။ အဲဒီတော့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကော သိပြီးပါပြီလား။ သူက ဘယ်လို ထင်မြင်ချက်တွေ ပေးသေးလဲ။

ဖြေ။     ။ သိတယ်၊ အကုန်သိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျမတို့က တရားဥပဒေအရ ရင်ဆိုင်ဖို့ အားလုံး စီစဉ် ပြီးသားပါ။

အန်တီကတော့ လူနာတွေ အတွက်ကို တော်တော် စိတ်မကောင်းဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ လူနာတွေအတွက် အများကြီး မျှော်လင့်ထားတယ်။ အများကြီး လုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်ရှိတယ်။ လူနာတွေရဲ့ နေရေး ထိုင်ရေးကိစ္စက အစ သူအများကြီး ကြိုးစားပေးပါ့မယ် ဆိုတာကို လူနာတွေကို ပြောခဲ့တယ်လေ။ ဆေးဝါးတွေ ရရှိဖို့ တတ်နိုင် သလောက် သူ့အနေနဲ့ အစစ အရာရာ ကြိုးစားသွားမယ်လို့လည်း ပြောခဲ့တယ်။ အဲဒီလိုမျိုး သူက ကြိုးစားမယ်ဆိုပြီး အင်အား တက်ကြွပြီး ပြောထားတဲ့ အချိန်မှာမှ လူနာတွေကို နှင်ထုတ်လိုက်တယ် ဆိုတော့ သူ တော်တော်လေး စိတ်မကောင်း ဖြစ်တာပေါ့။

အန်တီ့ကိုတွေ့တော့ လူနာတွေအားလုံးကလည်း အရမ်းကို တက်ကြွနေကြတာ ပေါ့နော်။ အကုန်လုံး ဝမ်းသာတာပေါ့။ အန်တီ့ကို သူတို့က မျှော်လင့်နေကြတယ်။ လူနာတွေ အနေနဲ့ အများကြီး မျှော်လင့်ကြတယ်။ အားလည်း ကိုးကြတယ်။ 

မေး။     ။ တကယ်လို့ သူတို့ဘက်က မရွှေ့မနေရ အတင်းအကျပ် ရွှေ့ခိုင်းရင် မဖြူဖြူသင်းတို့ဘက်က ဘာလုပ်လို့ရမလဲ။

ဖြေ။     ။ ကျမတို့ဘက်က ဘာလုပ်မလဲဆိုတော့ အစစအရာရာ ပြင်ဆင်ထားတယ်လေ။ ဥပဒေကြောင်း အရ ပြင်ဆင် ထားတယ်။ အတင်းအကျပ် လုပ်လာမယ်ဆိုရင် ကျမ လူနာတွေကို လုံးဝ အထိအခိုက် ခံမှာမဟုတ်ဘူး။ သူတို့အနေနဲ့ လူနာတွေ အပေါ်မှာ အဓမ္မလုပ်ရင် ကျမ လုံးဝ လက်မခံဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ဒီလို မတရားလုပ်ခဲ့တာတွေ တလျှောက်လုံး ကျမ ကြုံခဲ့ရပြီးပြီ။ ကြုံခဲ့တဲ့တလျှောက်လုံး ကျမတို့တွေက လူနာရှင် ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီး လူနာတွေ ထိခိုက်မှု မရှိအောင် ကျမတို့ ကြိုးစားခဲ့တယ်။ အခု ဒီတခေါက်လည်း လူနာတွေကို တခုခုလုပ်မယ်ဆိုရင် ကျမလူနာတွေကို အထိအခိုက် လုံးဝမခံပါဘူး။ သူတို့ဘက်ကနေ ရပ်တည်သွားမှာပါ။

လူနာတွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်ရမှာပါ။ အခုကလည်း သူတို့သဘောာထား သိနေပြီ။ သူတို့ကလည်း ပြတ်ပြတ် သားသားပဲ။ မရွှေ့နိုင်ဘူးပဲ ပြောနေကြတယ်။     ။
http://www.irrawaddy.org/bur/index.php/interview/4-interview/4984-2010-11-23-06-57-15

2010 Nov 23 NCUB Statement for DASSK Released

2010 Nov 23 NCUB Statement for DASSK Released

လွတ်မြောက်နေတဲ့ မြို့ဆီမှာ

                               လွတ်မြောက်နေတဲ့ မြို့ဆီမှာ
 
“ဒီမြို့ကို မင်းတို့သိမ်းပိုက်ကျူးကျော်လို့ ရနိုင်ပါတယ်
ဒါပေမဲ့ ငါတို့ရဲ့ ဝိညာဉ်တွေကိုတော့ အနိုင်ကျင့်လို့ရမယ်မထင်ဘူး
မတရားမှုကို ဆန့်ကျင်ခဲ့တဲ့ ငါတို့မြို့သူမြို့သားတွေရဲ့အကြောင်း
သမိုင်းရဲ့နှုတ်ခမ်းလွှာတွေပေါ်မှာ အဆက်မပြတ်စီးဆင်းနေကြပါစေသား”
 
ကျနော့မြို့လေးဆီကို အကြိမ်ကြိမ်ပြန်ရောက်ခဲ့တယ်။ ၁၉၈၀ တုံးက ကျနော်တို့နဲ့အတူနာနာကျင်ကျင်ခံစားခဲ့ရတဲ့သူတွေရဲ့မိသားစုတွေ
ဘယ်လိုနေကြသလဲ။ မြို့လေးကရော ဘယ်လိုပြောင်းလဲခဲ့သလဲ။ ကျနော်တို့ စီးနေကျ ဘတ်စ်ကား ပြေးလမ်းတလျှောက်  မီးလောင်နေတဲ့ အဆောက်အဦတွေကြားမှာ စူးစူးရဲရဲအော်ဟစ်နေတဲ့ ပြည်သူတွေ၊ အသံလွှင့်ရုံဆီကနေ ဒေါသတကြီး
ခြိမ်းခြောက်နေတဲ့ လူသတ်သမား ချန်ဒူးဝမ် ရဲ့ လူမိုက်ဆန်ဆန်ပုံရိပ်တွေ၊
ဘုရားရေ- ကျနော့သူငယ်ချင်းရဲ့အိမ်ရှေ့မှာ တွဲလွဲချိတ်ဆွဲယိမ်းထိုးနေတဲ့ အရာတခုအောက်ဆီ လူတွေစုရုံးနေကြပါလား။ ကျနော်တွေးထင်ထားသလိုမျိုး မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရင်း ကျနော့ခြေလှမ်းတွေကို တချက်ခြင်းအရှိန်မြင့်လိုက်တယ်။

(က)

၁၈၇၉ မှာ ပတ်ချုံဟီး လုပ်ကြံခံလိုက်ရတော့၊ လူသတ်မှုကို ဦးဆောင်စစ်ဆေးမဲ့သူက ဗိုလ်ချုပ်ချန်ဒူးဝမ်ဖြစ်တယ်။
သူက တောင်ကိုရီးယားဗဟိုထောက်လှမ်းရေး ( KCIA) ကို ရာဇဝတ်မှုတွေမှာ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို တဖြည်းဖြည်း
ချည်နှောင်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံရေးကို ချယ်လှယ်လွှမ်းမိုးနိုင်လာခဲ့တယ်။ ထောက်လှမ်းရေးဒါရိုက်တာ ကင်မ်ဂျေကြူး ကို
ဖမ်းဆီးအရေးယူလိုက်ပြီး သေဒဏ်ပေးလိုက်တယ်။ ဒီမိုကရေစီစံနစ်ကိုတည်ဆောက်မဲ့ အစိုးရတရပ်ပေါ်လာလိမ့်မယ် လို့ ပြည်သူတွေက
မျှော်လင့်ခဲ့ကြတယ်။ ပတ်ချုံဟီးလက်ထက်မှာ ပြည်ပကိုထွက်ပြေးသွားတဲ့ ပညာတတ်တွေလည်း နိုင်ငံဆီကို ပြန်ရောက်လာခဲ့တယ်။
နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်းဆိုဖိအားပေးလိုက်ကြတယ်။ ဒါပေမဲ့ ချန်ဒူးဝမ်က ရေးပေါ်စစ်အုပ်ချုပ်ရေးကို သက်တမ်း
တို့မြှင့်ခဲ့သလို၊ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ စစ်အာဏာသိမ်းယူလိုက်ကြောင်း ပြောင်ပြောင်တင်းတင်းကြေငြာလိုက်ပြန်တယ်။

အသံ (၂)

“မေလ တဲ့လေ။ ကျနေက ပူပြင်းလောင်မြှိုက်လွန်းတယ်။ ကျနော့သားက ကျောင်းသားသမဂ္ဂခေါင်းဆောင်သစ်ရွေးချယ်ပွဲမှာ တက်ရောက်ဆွေးဖို့အတွက် တက်တက်ကြွကြွပြင်ဆင်နေခဲ့တယ်။ နိုင်ငံကို ချုပ်ကိုင်တာဝန်ယူထားတဲ့ ချန်ဒူးဝမ် ဟာ ကျောင်းသားသမဂ္ဂတွေကို ဖျက်သိမ်းပစ်မယ်ဆိုတဲ့ သတင်းတွေက သူတို့တက္ကသိုလ်နယ်မြေထဲမှာ ပျံ့နှံ့နေတယ်။ ကိုရီးယားတက္ကသိုလ်တွေအားလုံးမှာလည်း အဲ့ဒီသတင်းကြောင့် လှုပ်လှုပ်ရှားရှားခါလှိုက်နေကြတယ်။ သိတ်မကြာဘူး။ ချန်ဒူးဝမ် ရဲ့ စစ်အုပ်ချုပ်ရေးသက်တမ်းတိုးမြှင့်ခြင်း ရာဇသံတွေ၊ ကျောင်းသားအစည်းအဝေးတွေကိုဝင်ရောက်တိုက်ခိုက်ဖမ်းဆီးလိုက်တဲ့အကြောင်းအရာတွေ ၊ လူတွေရဲ့အာရုံဆီကို တခုပြီးတခုလာရောက်
နှောက်ရှက်နေခဲ့တယ်။ ဘယ်လိုဖြစ်ကုန်တာလဲ။ ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်တယောက်သေဆုံးသွားပြန်တော့လည်း သူ့ထက်ဆိုးတဲ့ စစ်အာဏာရှင်တယောက် ပေါ်လာနေတော့တယ်။ ကျနော့သားရဲ့ အဆိုအရ မနက်ဖြန်ကျရင် “ညမထွက်ရ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်း တိုးမြင့် တာကို ဆန့်ကျင်ဖို့အတွက်  သူတို့ရဲ့ချွန်နမ် တက္ကသိုလ် ကို သိမ်းပိုက်ပြီး ဆန္ဒပြကြမယ်” တဲ့။

ဗိုလ်ချုပ်ချန်ဒူးဝမ် က ကျောင်းသားသမဂ္ဂတွေကို ဖျက်သိမ်းပိတ်ပင်ပစ်ရုံတင်မကပါဘူး။ သူ့ကိုဝေဖန်လာတဲ့သူမှန်သမျှကို အပြတ်ရှင်းပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဂွမ်ဂျူးပြည်နယ် ကို လည်း ကွန်မြူနစ်တွေကို စာနာနားလည်တဲ့ဒေသအဖြစ်ဝါဒဖြန့်ခဲ့ပြီး
မငြိမ်သက်မှုတွေကိုနှိမ်နှင်းဖို့ စစ်တပ်တွေကို စေလွှတ်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်းအတွင်းမှာ ဆန္ဒပြနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကိုရှင်းလင်းပစ်ဖို့အမိန့်ပေးလိုက်ပါတယ်

အသံ (၃)

“ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတိပေးခြင်းမရှိပဲ ကျောင်းသားအုပ်တွေဆီကို မျက်ရည်ယိုဗုံးပစ်ခွဲလိုက်တယ်။ သေနတ်သံတွေက ဆက်တိုက်ကြားလာရတယ်။ မကြာဘူး။  ကျောင်းသားလေးယောက်သေဆုံးခဲ့သွားပြီ ဆိုတဲ့ သတင်းတွေက ကျနော်တို့ကို ရင်ကွဲစေတယ်။ တက္ကသိုလ်နယ်မြေတခုလုံးမှာ ယမ်းနံ့တွေဝေနေပြီလေ။ အဖမ်းခံရတဲ့ ကျောင်းသားတယောက်လည်းစစ်ကြောရေးစခန်းမှာ သေဆုံးသွားခဲ့တယ်လို့ဆိုတယ်။ ပြည်သူတွေရဲ့ဒေါသတွေက ကျနေလိုပဲ ပူပြင်းတောက်လောင်နေခဲ့တယ်။
ဂွမ်ဂျုးမြို့လည်ခေါင်ဆီ ချီတက်ဆန္ဒပြခဲ့ကြတယ်။ ဖြစ်ရပ်မှန်သတင်းတွေကို လိမ်ညာထုတ်လွှင့်တဲ့ မူဟန် သတင်းဋ္ဌာန MBC ကို မီးရှို့တိုက်ခိုက်လိုက်ကြတယ်။ တက္ကစီ၊ဘတ်စ်ကားမောင်းသူတွေက သူတို့ရဲ့အလုပ်တွေကို ရပ်ပစ်လိုက်ကြပြီး ဆန္ဒပြပွဲကို ဝင်ရောက်ပူးပေါင်းလိုက်ကြတယ်။”

အသံ (၄)

ချန်ဒူးဝမ် ကလည်း အင်မတန်သဘောထားတင်းမာတဲ့ စစ်ခေါင်းဆောင်လေဗျာ။ ဂွမ်ဂျူးအုံကြွမှုကို ဖြိုခွဲဖို့အတွက် စစ်တပ်တွေကို ပိုမိုတိုးမြှင့်စေလွှတ်ခဲ့တယ်။ ဟောဒီ စိမ်းစိုနေတဲ့ ကွင်းပြင်တွေ၊ လေပြေလေညှင်းတွေအောက်မှာ ပြေးဆော့နေကြတဲ့ ကလေးတွေ၊ ကျနော်တို့ထွန်ယက်ခဲ့တဲ့ သီးနှံတွေနဲ့ တက္ကသိုလ်နယ်မြေဆီက လွတ်လပ်ပေါ့ပါးနေတဲ့ လူငယ်တွေရဲ့ ရင်ခုန်ခြင်းသီချင်းတွေ၊
ဒီ အရာအားလုံးကို ယမ်းနံ့တွေကြားမှာ ပိန်းပိန်းမှောင်ပျောက်ကွယ်သွားလို့မဖြစ်ဘူး။
ကျနော်တို့တတွေကလည်း ကျနော်တို့ရဲ့မြို့လေးကို ကာကွယ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။”

(ဂ)

 ဂွမ်ဂျူးပြည်သူတွေက မြို့မျက်နှာဖုံးတွေအပါအဝင် ရှေ့နေတွေ၊ ပါမောက္ခတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ကို ရွေးချယ်လိုက်ကြပြီး ဂွမ်ဂျူးမြို့ရဲ့အာဏာပိုင်အဖွဲ့အစည်းအဖြစ် တင်မြှောက်လိုက်ပါတယ်။ သူတို့ရဲ့မြို့ကို  လွတ်မြောက်ဒေသအဖြစ်ကြေငြာလိုက်ပါတယ်။
ချန်ဒူးဝမ်ကလည်း ဂွမ်ဂျူးအုံကြွမှုကို ရက်ရက်စက်စက်ချေမှုန်းခဲ့ပါတယ်။ စစ်တပ်ရဲ့ဝိုင်းရံပိတ်ဆို့မှုကို ခံလိုက်ရတဲ့ လူပေါင်း (၆၀၀၀) ကျော်
အနက် လူတထောင်ကျော်သေဆုံးခဲ့သလို၊ လူပေါင်း (၁၅၀၀) နီးပါးအဖမ်းခံခဲ့ရပါတယ်။ လူ (၃၀၀၀)ကျော်ဒဏ်ရာရခဲ့ပါတယ်။
လူပေါင်း (၄၇၀) ကျော်ကို ကြီးလေးတဲ့ ထောင်ဒဏ်တွေချမှတ်ခံခဲ့ရတယ်။ အဲ့ဒီထဲက ကင်ဒေးဂျုံအပါအဝင်
ခေါင်းဆောင် (၇) ယောက်ကို သေဒဏ်ပေးခဲ့ပြီး၊ (၁၂) ယောက်ကို တသက်တကျွန်းချမှတ်ခဲ့ပါတယ်။

အသံ (၅)

“သစ်ပင်မှာ တွဲလွဲချိတ်ဆွဲ ယိမ်းထိုးနေတဲ့ အရာက ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ကျနော့သူငယ်ချင်းရဲ့ခန္ဓာကိုယ် ဖြစ်နေတယ်လေ။ ဂွမ်ဂျူးလူသတ်ပွဲရဲ့အဖြစ်ဆိုးတွေက လူတွေကိုခြောက်လှန့်နေဆဲပဲ။ အဲ့ဒီအဖြစ်အပျက်အတွင်းမှာ ဒဏ်ရာရခဲ့ကြတဲ့ လူတချို့ဟာ ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့သားသမီးတွေ၊ ချစ်သူ သူငယ်ချင်းတွေ ကို လွမ်းဆွတ်တသမှု၊ ကြောက်ရွံ့ထိတ်လန့်ဘွယ်မြင်ကွင်းတွေရဲ့
လှိုက်စားထိုးနှက်နေမှု--စတဲ့အိပ်မက်ဆိုးတွေကို မခံမရပ်နိုင်တဲ့အဆုံးမှာ ကိုယ့်ဘာသာ အဆုံးစီရင်သွားခဲ့တယ်။ ဂွမ်ဂျူးလူသတ်ပွဲမှာ ပျောက်ဆုံးသွားတဲ့ လူထောင်ပေါင်းများစွာဟာ ဒီကနေ့အထိပြန်လည်ရှာဖွေမတွေ့နိုင်ခဲ့တော့ဘူး။

ဒါပေမဲ့ အထက်မှာ ပြောခဲ့သလိုပဲ။ “မတရားမှုကို ဆန့်ကျင်ခဲ့တဲ့ ငါတို့မြို့သူမြို့သားတွေရဲ့အကြောင်းသမိုင်းရဲ့နှုတ်ခမ်းလွှာတွေပေါ်မှာ
အဆက်မပြတ်စီးဆင်းနေကြပါစေသား” ဆိုတဲ့အတိုင်း ဂွမ်ဂျူးမြို့ရဲ့ခုခံစစ်ပွဲအကြောင်းကို ဒီကနေ့အထိ လူတွေပြောနေကြရတယ်။ အာဏာရှင်ဟောင်းချန်ဒူးဝမ် ကို ဖမ်းဆီးသေဒဏ်ပေးနိုင်ခဲ့တယ်။            



လွတ်လပ်တဲ့အာရှအသံရဲ့  အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တင်ဆက်လိုက်တဲ့ ကိုရီးယားဒီမိုကရေစီရေးလှုပ်ရှားမှု ကို ခံစားကြည့်လိုက်ပါအုံး


သောတရှင်များခင်ဗျား

ပတ်ချုံဟီး လုပ်ကြံခံရမှုကို အခွင့်ကောင်းယူပြီး  ဗိုလ်ချုပ်ချန်ဒူးဝမ်ဟာ နိုင်ငံတော်ရဲ့ကိစ္စအဝဝကို လွှမ်းမိုးချယ်လှယ်လာခဲ့ပါတယ်။ ကိုရီးယားထောက်လှမ်းရေးအေဂျင်စီခေါင်းဆောင်ကိုရာဇဝတ်မှုကျူးလွန်သူအဖြစ်သတ်မှတ်လိုက်ပါတယ်။
ယာယီ အစိုးရတရပ်ကို ဟန်ပြဖွဲ့စည်းထားခဲ့ပေမဲ့ ၁၉၇၉ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ စစ်အာဏာသိမ်းယူခဲ့ပြန်ပါတယ်။
ပတ်ချုံဟီး လက်ထက်တုန်းမှာ ကျောင်းထုတ်ခံခဲ့ရတဲ့ တက္ကသိုလ်ပါမောက္ခတွေ၊ ပညာတတ်တွေ၊ ကျောင်းသားတွေဟာ
သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအသီးသီးဆီကို ပြန်လာခဲ့ကြတယ်။ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ကြတယ်။ နိုင်ငံရေးနိုးကြားမှု မြင့်မားလာခဲ့တယ်။
                                                                                                                   
“၁၉၈၀ မှာ ချန်ဒူးဝမ်ဟာပတ်ချုံဟီးလက်ထက်တုံးက ရေးဆွဲခဲ့တဲ့အခြေခံဥပဒေကို ကာကွယ်ပြောဆိုလိုက်ပြီး သမ္မတသက်တမ်းကို
(၇) နှစ်အထိချဲ့ထွင်လိုက်ပါတယ်။ ပညာတတ်တွေက ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးရမယ်။ စာပေလွတ်လပ်ခွင့်
ပေးရမယ်။ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလစာသတ်မှတ်ပေးရမယ်။
ဒီမိုကရေစီစံနစ်ကိုသွားရမဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုကြတယ်။
ဆိုလ်းဘူတာရုံမှာ ဒီမိုကရေစီလိုလားသူအင်အား တစ်သိန်းကျော်ဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဖို့ စုဝေးခဲ့ကြတယ်”

ချန်ဒူးဝမ် အစိုးရ က တောင်ကိုရီးယားနိုင်ငံတခုလုံးအပေါ် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ သက်တမ်းတိုးမြှင့်ဖို့ အမိန့်ပေးလိုက်ပါတယ်။ စစ်တပ်တွေကို နိုင်ငံအနှံ့စေလွှတ်ခဲ့တယ်။ တချိန်တည်းမှာပဲ၊ တက္ကသိုလ်ကျောင်း (၅၅) ကျောင်းက ကျောင်းသားခေါင်းဆောင်တွေ
ဦးဆောင်ကျင်းပတဲ့ ကျောင်းသားညီလာခံကို ဝင်ရောက်စီးနင်းလိုက်တယ်။
 ကင်ဒေကျုံး အပါအဝင် နိုင်ငံရေးသမား (၂၆) ယောက်ကို ဆန္ဒပြဆူပူလှုံ့ဆော်မှုကို ဦးဆောင်ခဲ့သူတွေဖြစ်တယ်လို့စွပ်စွဲ ဖမ်းဆီးလိုက်တယ်။

“ချန်ဒူးဝမ် ရဲ့အာဏာသိမ်းမှုကို ဒေသအသီးသီးက အာခံငြင်းဆန်ခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းတွေကိုပိတ်လိုက်တဲ့အတွက် ချွန်နန်အမျိုးသားတက္ကသိုလ်ကျောင်းသား (၂၀၀) ကျော်ဟာ သူတို့ကျောင်းရှေ့မှာ စုဝေးကြပြီး လုံခြုံရေးရဲအရာရှိတွေကို ထိပ်တိုက်ရင်ဆိုင်၊
ခဲ့ကြတယ်။ ဖမ်းဆီးခံရတဲ့ ကျောင်းသားတယောက်ကို သေသည်အထိ နှိပ်စက်ညှင်းပမ်းလိုက်တဲ့ သတင်းကိုကြားတဲ့အခါမှာတော့၊
 ပြည်သူအင်အား တစ်သိန်းကျော် ဆန္ဒပြပွဲကို ပူးပေါင်းဆင်နွဲကြတော့တယ်။ တက္ကစီ၊ ဘတ်စ်ကားသမားတွေရဲ့ ရာချီနေတဲ့ကားတန်းကြီး
ကလည်း ဆန္ဒပြပွဲဆီကို ဝင်ရောက်ပါဝင်လိုက်ကြတယ်။။ ချန်ဒူဝမ် ကလည်း ဆန္ဒပြတောင်းဆိုသူတွေကို ညှိနှိုင်းခြင်းမရှိပါဘူး။ ပစ်ခပ်နှိမ်နှင်းဖို့ အမိန့်ပေးလိုက်တယ်။ မြို့ကို ပိတ်ဆို့ပြီး ဆန္ဒပြသူတွေကို ရက်ရက်စက်စက်ချေမှုန်းခဲ့တယ်။ နိုင်ငံခြားသတင်းထောက်တွေရဲ့
အဆိုအရ၊ လူပေါင်း တစ်ထောင်နဲ့ နှစ်ထောင်ကြားမှာ သေဆုံးခဲ့တယ် လို့ ဆိုတယ်။ ဂွမ်ဂျူး လူသတ်ပွဲ အဖြစ်နာမည်ဆိုးနဲ့
ကျော်ဇောခဲ့တယ်။ ဆန္ဒပြသူ ထောင်ချီပြီးအဖမ်းခံခဲ့ရတယ်။ 
ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့သူ (၇) ယောက်သေဒဏ်အပြစ်ပေးခံရပြီး (၁၂) ယောက်သက်တကျွန်းကျခဲ့တယ်။”

 ၁၉၈၀ ဂွမ်ဂျူးလူသတ်ပွဲကြောင့် ကိုရီးယားပြည်သူတွေဆီမှာ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်တွေအမြစ်တွယ်လာခဲ့တယ်။
အမေရိကန်ပြည်ထောင်စု ရဲ့ထောက်ပံ့အားပေးမှုကြောင့် ကိုရီးယားစစ်အာဏာရှင်တွေ အာဏာတည်မြဲခဲ့တယ် လို့
ယုံကြည်ခဲ့ကြတယ်။ ဂွမ်ဂျူးပြည်နယ်မှာ ရှိတဲ့ “အမေရိကန်ယဉ်ကျေးမှုဗဟို” ဟာ ကြိမ်ဖန်များစွာမီးတင်ရှို့ခံရတယ်။ တောင်ကိုရီးယားကျောင်းသားတချို့ဟာ အမေရိကန်သမ္မတ ရော်နယ်ရေဂင် ကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေ ဆန္ဒပြခဲ့ကြတယ်။ ချန်ဒူးဝမ်ကလည်း အညှိုးတကြီးတုန့်ပြန်ခဲ့ပါတယ်။ စောင့်ရှောက်မှု နှင့် စုံစမ်းစစ်ဆေးရေးကော်မတီ ကို ဖွဲ့စည်းပြီး အကျဉ်းထောင်က လွတ်မြောက်လာသူဟာ လူ့အဖွဲ့အစည်းဆီကို ချက်ချင်းပြန်သွားဖို့မသင့်သေးဘူး ဆိုပြီး
စောင့်ကြပ်ထိန်းချုပ်ထားခဲ့ပါတယ်။

ခရစ်ယာန်တရားဟောဆရာများအဖွဲ့ ကလည်း ချန်ဒူးဝမ်ရဲ့ဖိနှိပ်မှုတွေကို ထုတ်ဖေါ်ပြောဆိုလာကြပြီး  တရားမျှတရေးအတွက်
တောင်းဆိုတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပြည်သူတွေရဲ့အန်တုမှုကို နေရာအနှံ့ရင်ဆိုင်နေရတဲ့ချန်ဒူးဝမ် ဟာ ၁၉၈၇ မှာ ရွေးကောက်ပွဲ
ကျင်းပမယ် လို့ ကြေငြာလိုက်ပြီး သူ့နဲ့အတူအာဏာသိမ်းစဉ်ကပါဝင်ခဲ့သူ ဗိုလ်ချုပ်“နိုတေဝူး” ကို
“ဒီမိုကရက်တစ်တရားမျှတရေးပါတီ” ( Democratic Justice Party) ရဲ့ ကိုယ်စားလှယ်အဖြစ်ကြေငြာခဲ့တယ်။

“ဆိုးလ်အမျိုးသားတက္ကသိုလ် က ကျောင်းသားတယောက်၊ စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှင်းပမ်းခံမှုကြောင့်သေဆုံးသွားတယ် ဆိုတဲ့
သတင်းတွေက လူထုကိုဒေါသထွက်စေခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် ချီတက်ဆန္ဒပြပွဲတွေ ဆိုးလ်မြို့ရဲ့မြို့လည်ခေါင်ဆီမှာ ပြည့်လျှံနေခဲ့တယ်။လူ တသန်းခွဲကျော် တက်ရောက်ပြီး၊ အစိုးရရဲ့ဖိနှိပ်မှု ကို ဆန့်ကျင်ဝေဖန်ခဲ့ကြတယ်။
ဂျွန်(၁၀)ရက် လူထုလှုပ်ရှားမှုအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။ချန်ဒူးဝမ် နဲ့ နိုတေးဝူး ဟာ ဂျွန် (၂၉) ကြေငြာချက် ကို
ထုတ်ပြန်ကြေငြာလိုက်ပြီး သမ္မတ ကို တိုက်ရိုက်ရွေးချယ်တဲ့စံနစ် နဲ့သွားမဲ့ရွေးကောက်ပွဲတခု ကျင်းပပေးမယ်လို့ဆိုတယ်။
လူထုအုံကြွမှုတွေရဲ့နောက်ဆက်တွဲ အဖြစ်၊  အတိုက်အခံခေါင်းဆောင် ကင်မ်ဒေးဂျုံ ကို ဖမ်းဆီးထားရာမှ လွှတ်ပေးခဲ့ရတော့တယ်။”

 ၁၉၈၇ မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ “ကင်မ်ဒေးဂျုံ” နဲ့ “ကင်ယွန်ဆန်”တို့
နှစ်ဦးကြားမှာ မဲအားပြိုင် ပြန့်ကျဲခဲ့တာကြောင့် ချန်ဒူးဝမ်ရဲ့အမာခံလူ“နိုတေဝူး” တယောက် အချောင်အနိုင်ရသွားခဲ့တယ်။

သောတရှင်များခင်ဗျား
လူထုရဲ့နိုင်ငံရေးနိုးကြားမှုဒီရေကို သဘောပေါက်နားလည်လိုက်ကြတဲ့ အတိုက်အခံခေါင်းဆောင်တွေဟာ
ဖိနှိပ်မှုကို ညီညီညွတ်ညွတ်ဦးဆောင်ဆန့်ကျင် ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ချန်ဒူးဝမ်ရဲ့အမာခံလူနိုတေးဝူးကို ဆက်လက်ဖယ်ရှားကြမဲ့
လှုပ်ရှားမှုတွေကို ဆက်လက်အရှိန်မြင့်လိုက်ကြပါတယ်အစိုးရရဲ့မသမာမှုတွေ ကို သတ္တိရှိရှိဖွင့်ချပြောဆိုကြပြီး ဒီမိုကရက်တစ်
အင်အားစုတွေကို ကြီးထွားလာအောင် ကြိုးစားခဲ့ကြပါတယ်။ ၁၉၉၆ မှာတော့ ဂွမ်ဂျူးလူသတ်ပွဲ ကို ကျူးလွန်ခဲ့သူ
စစ်အာဏာရှင်ဟောင်း၊ “ချန်ဒူးဝမ်” ကို ဖမ်းဆီးသေဒဏ်ပေးခံခဲ့သလို၊ နိုတေဝူး ကို လည်း ထောင်ဒဏ် (၂၂) နှစ်ခွဲ အပြစ်ပေးခဲ့ပါတယ်။
သောတရှင်တို့လည်း စစ်အစိုးရရဲ့ မသမာမှုတွေကို ဖွင့်ချဖေါ်ထုတ်ရင်း ဒီမိုကရေစီနိုင်ငံတော်သစ် ဆီကို အရောက်လှမ်းနိုင်ကြပါစေ။

အောင်မိုးဝင်း

အမေ့အိမ်(သို့)ငါတို့အားလုံးးရဲ့ အမေ


တက္ကသိုလ်ရိပ်သာရဲ့ ခြံ နံပါတ် ၅၄
ငါ တို့မနေတဲ့ အမေ့ရဲ့အိမ်ကိုလေ
တခါးမရှိ ဓါးမရှိ ဗီဇာမလို ခွင့်မဆိုပဲ
ဝင်ချင်ထွက်ချင်စမ်းပါဘိ...အို မိခင်။
အာကာသတရားမရှိ
မေတ္တာတရားလွှမ်းရစ်ခြုံသိုင်းထားတဲ့ ငါ တို့အားလုံးရဲ့ အမေ
လောကဓံကို ခံနိုင်စွမ်းတဲ့ ငါ တို့အားလုံးရဲ့ အမေ
မကြောက်တရား ကျောပိုးထားတဲ့ ငါ တို့အားလုံးရဲ့ အမေ
အာဏာရှင်ကို တွန်းလှန်နေတဲ့ ငါ တို့အားလုံးရဲ့ အမေ
ဇရာရွယ်လွန်ပေမယ့် ကျနော်တို့အတွက်တော့
တည်ကြည်ခန့်ညား အမေ့ရုပ်ရည်ဟာ
ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်မြဲပါ...အို မိခင်။
မတွေ့တာကြာတော့လည်း
သားတွေကို တွေ့ချင်တဲ့အမေ
အမေကို တွေ့နေချင်နေတဲ့ သား
ဒီ နှစ်ခုရဲ့ ကြားမှာ
အဖြေညှို့လို့မရတဲ့
ပဟေဌိ ပုစ္ဆာတော့ရှိနေတယ်။
အမေနဲ့ သား
ခိုင်မြဲတဲ့ မေတ္တာတံတားအကြားမှာ
မဖြတ်ရဘူး မသွားရဘူး မလာရဘူး
ဘယ်သူတွေ ဘယ်လိုတားတား
အဲဒီ...ခိုင်မြဲတဲ့ မေတ္တာပေါင်းကူးတံတား
ဘယ်သူဖြတ်ဖြတ် ပြတ်ရိုးတဲ့လား။
ကဲ...ဒီ မနက်ခင်းလေးထဲမှာပဲ
ငါ တို့အားလုံးသွားကြပါစို့ လား
ကျနော်တို့မနေတဲ့ အမေ့ရဲ့ အိမ်
တက္ကသိုလ်ရိပ်သာ ခြံ နံပါတ် ၅၄
အမေနေတဲ့ အမေ့ရဲ့အိမ်ကို...လေ။

ထိန်လင်း(ခေါ်)Kim Aris အား ဤ ကဗျာဖြင့်ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
အမေ့သား(ဒိန်းမတ်)၂၃.၁၁.၂၀၁၀

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝေဖန်သုံးသပ်ချက်အမှတ်စဉ် (၁၈/၂၀၁၀)

18 2010 Dpns Commentary

အားကျမခံလိုက်ပုံက...

ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ ( အပိုင်း ၈ - နိဂုံး ပိုင်း )


"ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း()-နိဂုံးပိုင်း”(မောင်မောင်ဝမ်း) nov 22,2010
ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ၊ လုပ်ရဲမှ ၊ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’
(
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်တခုမှ-)
တခါက ကျနော့်မြို့မှာပါ..
ကျနော်တို့ အပေါင်းသင်းတွေ ၀ိုင်းဖွဲ့ပြီး စကားပြောနေတဲ့အချိန်မှာ မြို့ပေါ်က နည်းနည်းပိုက်ဆံချမ်းသာတယ်လို့ ပြောလို့ရတဲ့ သူတယောက် ၀င်လာတယ်။ပြီးတော့ အဆက်မပြတ် ဆိုသလို .."သူ့စီးပွားရေးကို ဘယ်အာဏာပိုင်တွေက ဘယ်လိုနှိပ်စက်လို့ ဘယ်လို ဒုက္ခရောက်တဲ့အကြောင်း ၊ စီးပွားရေး လုပ်ပိုင်ခွင့်များကိုလည်း ဘယ်လို ကန့်သတ်ပိတ်ပင်တဲ့အကြောင်း" တွေကို ခိုသံပါအောင်ညည်းရင်း ပြောနေလိုက်တာ၊ ကျနော်တို့တောင် ပိုက်ဆံစုပြီး သူ့ကို ၀ိုင်းကူပေးရမယ့်ပုံ…။
ဒါနဲ့ တယောက်က စလာတယ်…။
ဒါ..စံနစ်ကြောင့်ပေါ့.. စံနစ်ကို ပြုပြင်ရမယ် ” လို့ ပြောတော့ အဲဒီလူက ထိုင်ရာကနေ ထသွား မယောင်တောင် ဖြစ်သွားတယ်။

ခင်ဗျားတို့ နိုင်ငံရေးကြောင်းပြောမယ်ဆို.. ကျနော် နားမထောင်ချင်ဘူးဗျာ.. နိုင်ငံရေးကို ကျနော် စိတ်မ၀င်စားဘူး ” လို့ဆိုလာတော့ ၊ ကျနော်က…
အခုခင်ဗျား ညည်းနေတာတွေဟာ နိုင်ငံရေး မဟုတ်ဘူးလား .. အဲဒါ ခင်ဗျား နိုင်ငံရေးအကြောင်း ပြောနေတာပဲ ”

ဟာ.. မလုပ်ပါနဲ့ဗျာ.. ကျနော်က ကိုယ့်စီးပွားက လွဲပြီး ဘာမှစိတ်မ၀င်စားဘူးဗျ.. ပိုက်ဆံရဖို့ပဲ သိတယ်.. ကိုယ်လုပ်မှ ကိုယ်စားရတာပါဗျာ ”
ခေါင်းကိုတွင်တွင်ကုတ်ရင်း ကျနော်တို့စကားတွေကို ဇွတ် ငြင်းချက်ထုတ်တော့တယ်..။ ဒီလူနဲ့တော့ ခက်ပြီ…။

နေပါဦး.. ခင်ဗျား စောစောက ပြောသွားတဲ့.. ကိုယ်လုပ်မှ.. ကိုယ်စားရတယ်ဆိုတာ..တကယ်လား ”
ကျနော်က ဒီလိုမေးလိုက်တော့ သူက ပေစောင်းစောင်းကြည့်ပြီး.. မကျေနပ်တဲ့လေသံနဲ့…

ခလေး သွားမေးတောင်.. သိပါတယ်ဗျာ ”

ကိုယ်လုပ်မှ.. ကိုယ်စားရတယ်ဆိုရင်.. ခင်ဗျား စောစောက ဘာလို့ညည်းတာလဲ.. ကိုယ်လုပ်တိုင်း .. ကိုယ် တကယ်စားရလို့လား ”
သူ့စိတ်ထဲမှာ တော်တော်ရှုပ်ထွေးသွားဟန်ရှိတယ်။

မသိဘူးဗျာ .. ကျနော်က ပိုက်ဆံချမ်းသာဖို့ပဲ သိတယ် ..။ ကျန်တာ ကျနော်မသိဘူး..။ ခင်ဗျားတို့လို နိုင်ငံရေးလုပ်လို့ ပိုက်ဆံရလာမှာမှ မဟုတ်တာ ”
ဒါနဲ့ကျနော်တို့ထဲက တယောက်က ကြားဖြတ်ပြီး...
ဒါဆို.. ခင်ဗျား ဘယ်လောက်ချမ်းသာနေပြီလဲ။ နိုင်ငံရေးကလွဲလို့ ဘာမှမလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လောက် ချမ်းသာလား …။ အခု ဒေါ်အောင်ဆန်းစုကြည်မှာ နိုဘယ်လ်ဆုနဲ့တင် ဒေါ်လာသန်းချီရနေပြီ..။ ခင်ဗျား သူ့လောက်ချမ်းသာနေပြီလား ” ...ဆိုတော့ ဒီလူ တော်တော် တွေဝေသွားတယ် ။


ကျနော် အမှန်ပြောရရင်.. ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လေးလည်းလေးစားတယ်.. ချစ်လည်းချစ်တယ်..။ ဒါပေမယ့် ကျနော် နိုင်ငံရေးမလုပ်ရဲဘူးဗျ ..။ ကြောက်တယ်..။ ကျနော်ဒီလိုပြောတာ ဘယ်သူ့မှ လျှောက်မပြောနဲ့နော်.. ”
(
မျက်လုံးက ဘေးဘီ ၀ဲယာ ကျီးကန်းတောင်းမှောက်ကြည့်ရင်း စိုးရိမ်နေပုံ…)
တကယ်ပါဗျာ.. ကျုပ်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တာ အမှန်ပဲ.. ကျနော်ကတော့ မလုပ်ရဲဘူးဗျ .. ကြောက်တယ်”

ခင်ဗျား နိုင်ငံရေးမလုပ်ချင်ဘူးဆိုလည်း နေလို့ရပါတယ်...။ ဒါပေမယ့် နိုင်ငံရေးကိုတော့ မသိလို့ မဖြစ်ဘူးဗျ… နိုင်ငံရေး မသိဘူးဆိုရင် .. အုပ်ချုပ်တဲ့သူတွေက..လုပ်ချင်ရာ လုပ်သွားမှာပဲ……..”

ကျနော့်ရင်ထဲမှာ တခါက အန်တီစု ထပ်ခါထပ်ခါပြောခဲ့တဲ့ စကားကို သွားသတိရမိတယ်။ အမြဲတမ်းလည်း ပြောတယ်…..
ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ ၊ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ ”

လိုချင်တာကို မျှော်လင့်ရုံပဲ မျှော်လင့်ပြီး၊ ရအောင်လုပ်ယူဖို့ ခက်ခဲနေတဲ့ သူတွေကိုလည်း တွေ့ကြုံခဲ့ဖူးပါတယ်။”
ဒီလိုပြောခဲ့တဲ့ အန်တီ့ရဲ့ စကားတွေဟာ ကျနော့် ရင်ထဲမှာ စွဲနေတယ်။
ကျနော် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ယုံတယ် ။ တနေ့မှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်က အခုထိ ဖျက်လို့မရနိုင်ပါဘူး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိဘဲနဲ့ ၊ တိုင်းပြည်ထူထောင်ဖို့ ဆိုတာ သမင်မွေးရင်း ကျားစားရင်း ဖြစ်မှာ အမှန်ပဲ။
အကောင်းဆုံးပါဆိုတဲ့ စံနစ်နဲ့သွားလည်း မအောင်မြင်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်တို့ နိုင်ငံရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးက ပြိုကွဲနေတာ မဟုတ်လား၊
ကျနော်တို့ ကျောင်းသားလူငယ်တွေ အစွမ်းရှိသလောက် ကြိုးစားအားထုတ်ခဲ့တာ အတိုင်းတာ တခုထိတော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အားရလောက်အောင် အဆင့်ထိတော့ မရောက်ခဲ့ပါဘူး၊ ဒီလို အတိုင်းတာ တခုထိ ရောက်ဖို့ဆိုတာတောင် ..တကယ်တော့ ...အန်တီစုအပါဝင် လူကြီးတွေရဲ့ ကျောထောက်နောက်ခံပေးလို့ဆိုတာ အမှန်ပါပဲ။ ကျနော်တို့ချည်း ဒီလောက်ခရီးမပေါက်နိုင်ပါဘူး။ ဒါ့အတွက် အန်တီစုကို အထူး ကျေးဇူးတင်မိပါတယ်။

အန်တီစုဟာ ကျနော်တို့ရဲ့မိဘဆိုလည်း မမှားလောက်ပါဘူး၊ ကျနော်တို့ အပေါ် မိဘမေတ္တာလို မေတ္တာတွေ ပေးခဲ့ပါတယ်။ သားသမီးတွေလို သဘောထားခဲ့ပါတယ်…။ ကျနော်တို့နဲ့ ဆက်ဆံရင်တောင်မှ ဘယ်တော့မှ ”မင်းတို့ ...ငါတို့...” မသုံးဘူး။ ”သားတို့..သမီးတို့...” ဆိုပြီး သုံးတယ်။ သူ့ကိုယ်သူကတော့ အန်တီလို့ပဲ သုံးတယ်။
ကျနော်မှတ်မိသေးတယ်..။ အန်တီစုရဲ့"မိဘမေတ္တာ အလင်းစလေး" တချက် ပေါ့…..
တနေ့ ကျနော်တို့ ကျောင်းသားတွေအပါအ၀င် လူကြီးတွေပါ (စုစုပေါင်း အယောက် ၃၀လောက်တော့ ရှိမယ်ထင်တယ်..) အန်တီ့ခြံဝန်းထဲက အခမ်းအနားတခု ကျင်းပခဲ့တဲ့ အဆောက်အဦမှာ..အမျိုးသားနေ့ အတွက် အစည်းအဝေးလုပ်နေကြတာ..(ဒါကလည်း အန်တီက လူကြီးတွေကို မေတ္တာရပ်ခံပြီး ကျနော်တို့ကို အစည်းဝေးတက်ခွင့်ပေးခဲ့တာပါ။)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကြည်မောင် က ဦးဆောင်ပါဝင်ပြီး တိုင်းရင်းသားအဖွဲ့တွေ ၊ ကျနော်တို့ကျောင်းသားတွေထဲမှာ ကိုမင်းဇေယျာ ( ၈၈-မကသ-ကျောင်းသားခေါင်းဆောင် ) ကလည်း ထောင်ထဲက ပူပူနွေးနွေး လွတ်လာတဲ့အချိန်။ သူလည်း အစည်းဝေးကို ရောက်လာခဲ့တယ်။
နောက် ..ကိုကျော်ဌေးဦး၊ ကိုလေးလွင် (၈၈-မျိုးဆက်-ကျောင်းသားခေါင်းဆောင်များ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထဲကဆို မှတ်မှတ်ရရ ဘကြီးမိုး (စာရေးဆရာ မောင်မိုးသူ) ၊ ဦးသိန်းတင် ( ထောင်တွင်း ကွယ်လွန် ) ၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ကိုခွန်မြင့်ထွန်း ( NCGUB ၀န်ကြီး) သူတို့လည်း ပါကြတယ်။
ဒီလိုနဲ့ အစည်းအဝေး ကျင်းပနေစဉ် မထင်မှတ်တဲ့မြင်ကွင်းတခုက ကျနော့်မျက်လုံးထဲ ၀င်ရောက်လာခဲ့တယ်။ ကျနော်တို့နဲ့ ခပ်လှမ်းလှမ်းက မြက်ခင်းပြင်နဲ့ အလှပန်းပင်ခြုံလေးတွေနားမှာ အန်တီစုက.. နိုင်ငံခြားသား ခလေးပေါက်စလေးတဦးနဲ့ ပျော်ရွှင်မြူးထူးနေတဲ့မြင်ကွင်းပါ၊

ခလေးလေးက အရမ်းချစ်ဖို့ ကောင်းတယ်၊ ၂ နှစ်သားလောက်ပဲ ရှိမယ်ထင်တယ်၊ (ပုံကြည့်ရတာတော့...သံတမန်တယောက်ယောက်ရဲ့ ရင်သွေးများလား မသိဘူး၊) ဆံပင်လေးတွေက ရွှေရောင်သန်းပြီး ပျော့စင်းနေတာပဲ ၊ လေလေး တချက်ဝှေ့လိုက်ပြီဆို ..ဖွာကနဲ ..ဖွာကနဲနဲ့၊ သိပ်ကြည့်လှတယ်။ လမ်းလျှောက်ပုံကလည်း ဆတ်တောက်... ဆတ်တောက်နဲ့ ၊ အန်တီစုဆီ ပြေးလာလိုက် ...ပတ်လည်ပြေးသွားလိုက်နဲ့ လုပ်နေတယ်၊
နောက်တော့ ခလေးလေးက အန်တီစုဆီ တခါပြေးလာတော့ အန်တီစုက ရှေ့ကနေ မနှေးမမြန်လေး ပြေးတယ်၊ ခလေးလေးက ဆတ်တောက် ဆတ်တောက်နဲ့ လိုက်တယ် ၊
ကျနော် အစည်းဝေးကို စိတ် မ၀င်စားတော့ဘူး ၊ ဘေးနားမှာရှိတဲ့ ကျောင်းသားခေါင်းဆောင် ကိုလေးလွင်ကို လက်တို့ပြီး ပြလိုက်တယ်..။ အားလုံးကလည်း သတိပြုမိ သွားသလား မသိဘူး။ လှမ်းကြည့်လိုက်မိတယ် ထင်တယ်…။
အန်တီစုက ရှေ့တည့်တည့်ကနေ လက်ခုပ်တီးပြီး ခေါ်နေတော့ ..ခလေးလေးကလည်း ပြေးလာတယ်..
နောက်တော့ အန်တီ သတိ ပြန်ဝင်လာလား မသိဘူး။ ခလေးလေးကို မ ချီပြီး အိမ်ထဲ ပြေးဝင်သွားတယ်..
ကျနော်ထင်ပါတယ်..။ အဲဒီအချိန်မှာ အန်တီဟာ လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင်ဆိုတဲ့ အတွေးထက် … မိခင်တယောက်ရဲ့စိတ်တွေ ကိန်းဝပ်သွားပုံရတယ်..။ အင်မတန်မှ ချစ်စရာကောင်းတဲ့ မြင်ကွင်းပါ..။ ကျနော့်တသက်မှာ ဒီမြင်ကွင်းဟာ ဘယ်တော့မှ မမေ့နိုင်ပါဘူး။ နောင်လည်း ဒီလိုဟာမျိုး တွေ့မြင်နိုင်ဖို့ အလွန်မှ ခက်သွားလောက်ပါပြီ။
ဒီလိုနဲ့ အမျိုးသားနေ့အခမ်းအနားကို အန်တီ့ခြံဝန်းထဲမှာ ကျင်းပတော့ တက်ရောက်လာကြတဲ့သူတွေ အတော့်ကို များပါတယ်။ ဒီအခမ်းအနားက ဒုတိယမြောက် အခမ်းအနားပေါ့..။ တိုင်းရင်းသားအစစ်တွေက သူတို့ရဲ့ ရိုးရာ အကတွေနဲ့ ဖျော်ဖြေကြတယ်။ နောက် သီချင်းတွေဆိုနဲ့ အတော်မှ စည်ကားလှပါတယ်၊ အမျိုးသားအောင်ပွဲနေ့ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

အန်တီ့အိမ်ရှေ့က တရားပွဲကတော့ စနေ၊တနင်္ဂနွေဆို ထုံးစံအတိုင်း စည်ကားလျှက်ပါပဲ။
ဒါပေမယ့် တနေ့မှာတော့ လုပ်ကြံစာ တစောင် တက်လာတယ်..(ဒါ သေချာတယ်.. တမင်သက်သက် လုပ်ကြံလိုက်တာ .. ဒီစာက..)
လှိုင်သာယာမြို့နယ်မှာ ထမင်းရည်ပုလင်းတွေတောင် ၀ယ်သောက်နေရပါတယ်...” တဲ့..။ ”ထမင်းရည်ပုလင်းတွေရောင်းလို့ မလောက်ဘူးဖြစ်နေပါတယ်..” တဲ့။
အဲဒီစာကို အန်တီက ပြန်ဖြေလိုက်တယ် ..။ ဒါပေမယ့် စကားလုံးတွေ ကျနော် မမှတ်မိတော့ဘူး.. ။စိတ်မကောင်းဖြစ်ပြီး ကရုဏာသက်စွာ ပြန်ဖြေလိုက်တာတော့ သိလိုက်တယ်…………။
ဒါဟာ ထောင်ချောက်ဆင်ထားတဲ့စာလို့ပဲ အများက ယုံကြည်ကြတယ်…။
နောက် များမကြာခင်ရက်ပိုင်းမှာတော့ သတင်းစာထဲမှာ အကြီးအကျယ် ရေးလာတော့တာပဲ..
ထမင်းရည်ဆိုတာ.. တကယ်တော့ စားစရာမရှိလို့ ၀ယ်သောက်ကြတာ မဟုတ်ဘူး..”တဲ့..။ ”မီးသွေးအမှုန့်တွေဖျှော်ပြီး မီးသွေးအလုံးတွေလုပ်ဖို့ ရောင်းကြ၊၀ယ်ကြတာ..”တဲ့ ..
ဒါကို မသိဘဲနဲ့ အစိုးရကို တမင်နစ်နာအောင် ...အန်တီစုက... အပုတ်ချသလိုလို... ဘာလိုလိုနဲ့ တုန့်ပြန်ရေးသားလာတာကို တော်တော်များများ မှတ်မိကြဦးမှာပါ၊
တကယ်တော့လည်း .. အန်တီစု က အဲဒီနေရာ ရောက်ဖူးတာမှ မဟုတ်တာ..။ စာကို တင်ပေးတဲ့သူကလည်း တင်ပေးလိုက်တော့ … ရင်ထဲမှာ သူသူကိုကို ခံစားသွားမှာပေါ့..။ ” လူတွေ စားစရာ ချို့တဲ့ကုန်လို့ ...ထမင်းရည်ပဲ ၀ယ်သောက်နိုင်တော့တယ်.. ”ဆိုတော့ ၊( ကျနော်ထင်ပါတယ်..) သိသိကြီးနဲ့ လုပ်ကြံလိုက်တဲ့စာပါ၊ ဒီလို အလုပ်မျိုးတွေကိုလည်း မသမာသူများက အန်တီစုအပေါ် အထင်မှား အမြင်မှားဖြစ်အောင် လုပ်ကြံတတ်ပါတယ်။
(
ဘာမဟုတ်တဲ့ကိစ္စကို နအဖက ရေးကြီးခွင်ကျယ်လုပ်တာကိုလည်း နောက်ပိုင်း တင်ပြပေးပါဦးမယ်။)
သိပ်မကြာခင်မှာတော့ ကျနော်တို့ ပညာဆည်းပူးရာ ရန်ကုန်တက္တသိုလ်ရဲ့ ( ၇၅ ) နှစ်မြောက် စိန်ရတုသဘင် အခမ်းအနားကလည်း နီးကပ်လာတယ်။ကျနော်တို့ကျောင်းသားများလည်း စိန်ရတုသဘင်ပွဲ အခမ်းအနားကို နွှဲဖို့ စုကာရုံးကြပေါ့ ၊

အဲဒီအချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ အဆောင်တွေမှာ ကျင်းပတဲ့ ပွဲတိုင်းနီးပါးလောက် မလွတ်တမ်း တက်ရောက်နေတဲ့အချိန် ။
(
တနည်းအားဖြင့် စည်းရုံးရေး အသွင်သဏ္ဍာန်တွေပါ ပါနေတယ်။)
(
ထောက်လှမ်းရေးက ရုပ် ခပ်ဖြောင့်ဖြောင့် စစ်ဗိုလ်တွေနဲ့ ဇာတ်ပျက်ကျောင်းသူတွေကလည်း တရုန်းရုန်းနဲ့ ဓါတ်ပုံတွေ တွဲရိုက်နေကြတဲ့ အချိန်ပေါ့ ၊)
ရန်ကုန်တက္တသိုလ်ဟာ ယာယီအားဖြင့် စစ်ရောင် လွှမ်းသွားခဲ့တယ်။
ဗိုလ်ချုပ်ခင်ညွန့်ဆိုတဲ့ပုဂ္ဂိုလ်က ဆက်ဆံရေး စကားပြော ညက်တယ်လို့ ကြားဖူးထားတယ်။ အဆောင် ဟောပြောပွဲတွေမှာ သွားရောက် စကားပြောပြီဆို ..သူ့ပုံစံက နိုင်ငံရေးသမားတယောက် ဟန်အတိုင်းလို့ ပြောကြတယ်။(စစ်ဗိုလ် အသွင်ပြင် လက္ခဏာမျိုး မဟုတ်ဘူးလို့တောင် ပြောကြတယ်။)
ကျနော်နေခဲ့တဲ့ အင်းဝဆောင်မှာ သူရောက်လာတဲ့အခါ ကျောင်းသားတွေက မကြားတကြား လှမ်းပြီးတော့ ..“ ယောက္ခမကြီး… ယောက္ခမကြီး ” လို့  အော်တော့ ..သူ အခမ်းအနားမှာ စကားပြောတဲ့အခါ ထည့်ပြောသွားတယ် ။ “ အင်းဝဆောင်က ကျောင်းသားတွေက တော်တော်လက်နှေးတဲ့ ကျောင်းသားတွေ …။ အန်ကယ့်သမီးက ယောက်ျား ရသွားပြီ ”...တဲ့ ။
.........
စသဖြင့်ပေါ့ ။ အဲသလို ကျောင်းသားတွေနဲ့ဝင်ရောတာ။ ကျောင်းသားတွေနဲ့ တ၀ါးဝါး တဟားဟား လက်ဆုံကြလို့၊
ဒါပေမယ့် တဖက်မှာတော့ နိုင်ငံရေးအခြေအနေဟာ တင်းမာမှု့ဆီကို ဦးတည်သွားစေတဲ့ ကိစ္စတခုကလည်း ပေါ်ပေါက်လာခဲ့တယ်လေ၊
၁၉၉၅ နိုဝင်ဘာ ၂၂...အင်န်အယ်လ်ဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်စုက ..” အမျိုးသားညီလာခံကနေပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး အဖြေရှာနိုင်ဖို့ မလွယ်ဘူး၊ လွတ်လပ် ပွင့်လင်းမှုတွေ မရှိဘူး..” လို့ ဝေဖန်ထောက်ပြတယ်။
ထွက်မယ် ”လို့ မပြောခဲ့ဘူး။၊ နိုဝင်ဘာ ၂၇ မှာ အမျိုးသားညီလာခံ ပြန်စတယ် ထင်တယ်။ အဲသည်မှာ ဦးအောင်ရွှေတို့က အမျိုးသားညီလာခံကနေ နိုဝင်ဘာ ၂၉ မှာ နှုတ်ထွက်လိုက်တယ်။

ဒါက အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်မှာ ရှိသလောက် တွေ့ဆုံဆွေးနွေးပြီးမှ ထွက်လာတဲ့ ရလဒ်လို့ မြင်ပါတယ်။
(
ဒီ ညီလာခံက နှုတ်ထွက်တာက သဘောထား တင်းမာတာကို ပြတာလည်း မဟုတ်ဘူး၊ ရန်လိုတာလည်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။) ညီလာခံက ၂၇ မှာ စပါတယ်။ ပါတီကနေပြီး ညီလာခံကော်မရှင်ကို တင်ပြထားတာတွေ၊ တောင်းဆိုထားတာတွေ ရှိတယ်လို့ သိရတယ်။ စစ်အစိုးရက ညီလာခံမှာ ဒါတွေကို ပြန်လည် အကြောင်းပြန်ခြင်း မရှိဘူး။ ဒါတွေကို စစ်အစိုးရ မီဒီယာတွေက မပြောခဲ့ဘူး။ ပြည်တွင်းက မြန်မာပြည်သူတွေမှာလည်း သေသေချာချာနားလည်နိုင်ဖို့ အခြေအနေ မရခဲ့ဘူး။ လူတွေက တဖက်သတ်ပြောနေတာတွေကိုပဲ ကြားနေရတာကိုး။ အဲဒီအခြေနေပေါ်မှာ နအဖက လက်ခံနိုင်စွမ်း မရှိတော့ဘူး၊ အခိုက်အတန့်ပြေလျှော့နေတဲ့ သဘောထားတွေဟာ ( အကြောင်းတခုကြောင့် ပြေချင်ယောင်ဆောင်တာလဲ ဖြစ်နိုင်ပါတယ်။) ချက်ခြင်းဆိုသလို နအဖဘက်က ပြောင်းလဲ တင်းမာလာတော့တယ်။ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုများကို နှိပ်ကွပ်ရေးတွေ တဖန် ပြန်ဦးမော့လာပြန်တယ်။
တနေ့မှာတော့ ကျနော့်တစ်ယောက်တည်းကို ထောက်လှမ်းရေးက လာခေါ်သွားတယ်၊ ဒီတခါမှာတော့ ထောက်လှမ်းရေး ၁၆ မှာပါ၊ အဲဒီမှာ ဗိုလ်မှုးကြီးသန်းထွန်းနဲ့တခါ ထပ်ဆုံပါတယ်။
ကျနော်နဲ့တွေ့ဆုံတော့ အရင်တခါတုန်းကလို ပုံသဏ္ဍန်မဟုတ်တော့ဘူး၊ သူ့ကိုကြည့်ရတာ တခုခုကို အစာမကြေတဲ့ပုံမျိုး။

ကျနော်.. ခင်ဗျားတို့ကို အရင်တခေါက် တွေ့ခဲ့တုန်းက ပြောခဲ့တာတွေ မှတ်မိဦးမှာပါ ”

ဟုတ်ကဲ့.. မှတ်မိပါတယ်”
ကျနော်ကလည်း အေးအေးသက်သာပဲ ပြန်ဖြေလိုက်တယ်။

ကျနော်တို့ စောင့်ကြည့်ဦးမယ်ပြောတာ.. မမှားလောက်ပါဘူး..။ ခုပဲ အခြေနေတွေက တမျိုးပြောင်းလဲ လာတယ် .. ဒါတောင် ကာလက ဘယ်လောက်မှ ကြာသေးတာ မဟုတ်ဘူး ”
ပြောနေတဲ့စကားသံတွေထဲမှာ မကျေနပ်သံတွေ ပါနေတယ်ဆိုတာကို ကျနော်သတိထားမိတယ်။ ကျနော် ဆက်နားထောင်တော့…..

ခင်ဗျားတို့ကိုလည်း.. ကျနော်တခုပြောမယ်.. ဖြစ်နိုင်ရင် ကျောင်းသားကိစ္စပဲလုပ်ပါ.. ကျောင်းသားကိစ္စပဲ လုပ်မယ်ဆို.. ကျနော်တို့ ကူညီနိုင်တယ်.. နိုင်ငံရေး ရောစွက်လာတယ်ဆိုရင်တော့ မကောင်းဘူး.. ကျောင်းသားအရေးပဲ လုပ်မယ့် ...ကျနော်တို့ကို မဆန့်ကျင်မယ့် ကျောင်းသားသမဂ္ဂဆို ကျနော်တို့ကူညီမယ်….။”

ဒါတော့ အာမ မခံနိုင်ဘူး …။ ကျနော်တို့ လက်ခံထားတာ ကျောင်းသားအရေးဟာ နိုင်ငံရေးပဲ..။ ကျနော်တို့ဟာ ထာဝရ ဆန့်ကျင်ရေးသမားတွေ မဟုတ်ဘူး..။ လက်ခံနိုင်တာရှိရင်.. ထောက်ခံမှာဖြစ်သလို.. လက်မခံနိုင်တာရှိရင်.. ပြောရမှာပဲ..။ ဒါဟာ ဆန့်ကျင်တဲ့ ပုံသဏ္ဍာန်ဖြစ်သွားခဲ့ရင်..ကျနော်တို့ မတတ်နိုင်ဘူး ”
ကျနော် အေးအေးဆေးဆေးပဲ ပြောလိုက်တယ်….

ခင်ဗျားတို့ကို အချိန်မရွေး အရေးယူ အပြစ်ပေးလို့ရတယ်ဆိုတာ သိတယ် မဟုတ်လား ”
သူရဲ့စကားလုံးတွေမှာ ဒေါသသံတွေ ရောနှောပါလာတယ်။

သိပါတယ်.. ဒါက ဗိုလ်မှုးကြီးတို့ အပိုင်းပါ .. ကျနော်တို့ အကြမ်းဖက် လုပ်ရပ် လုပ်နေတာ မဟုတ်ပါဘူး.. ”

ဒါပေမယ့် .. ဥပဒေဘောင်ကို ကျော်လွန်နေတယ်ဆိုတာကိုတော့ .. သတိထားဖို့ လိုလိမ့်မယ်..။ နောက်ပြီး ခင်ဗျားတို့ အန်တီကလည်း .. တလောက .. လှိုင်သာယာမှာ ထမင်းရည်ပုလင်းတွေ ၀ယ်သောက်ရလောက်အောင်ကို ပြည်သူတွေငတ်နေပြီ ...ဆိုတာ လူထုရှေ့မှာ ပြောတာ မကောင်းဘူး။
(
တကယ်မှာတော့ အန်တီက ပြည်သူတွေငတ်နေပြီ..လို့ မသုံးနှုန်းခဲ့ပါဘူး။)..အကြောင်းဇစ်မြစ်မှန်ကို မသိဘဲ.. အဲသလိုပြောတာ မကောင်းဘူး..။ ကျနော်တို့ အစိုးရကို အပုတ်ချသလိုဖြစ်နေတယ်”

အဲဒါကတော့.. အန်တီနဲ့ပြောပါ..ကျနော်တို့နဲ့ မဆိုင်ပါဘူး..။ဒါပြောပါ..။ ဒါမပြောပါနဲ့..လို့ ကျနော်တို့ လုပ်နိုင်တဲ့သူတွေ မဟုတ်ပါဘူး..။ အဓိက ကျနော့်ကို ခေါ်ရတဲ့ အကြောင်းရင်းကို သိချင်ပါတယ်”
ထိုင်နေတဲ့ ကုလားထိုင် နောက်မှီကို အားပါးတရ မှီထိုင်လိုက်ရင်း.. စားပွဲပေါ်ကို လက်နှစ်ဘက် ဆန့်တင်ထားရင်းက..
ခင်ဗျားတို့.. ဒေါ်အောင်ဆန်းစုကြည်ကို မ၀န်းရံပါနဲ့..။ ကျောင်းသားတွေဟာ..ကျောင်းသားကိစ္စပဲ လုပ်ပါ..။ နောက်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲကို မနှောက်ယှက်ပါနဲ့ ”
ခရားရေလွှတ် တောက်လျှောက် မနားတမ်းပြောလိုက်တယ်….

ဗိုလ်မှုးကြီးကို ကျနော်ပြောနိုင်တာကတော့.. စိန်ရတုသဘင်ပွဲကို နှောက်ယှက်မယ်ဆိုတဲ့ အရာ စဉ်းတောင် မစဉ်းစားမိဘူး..။ ဒါဟာ ကျနော်တို့နဲ့လည်း သက်ဆိုင်နေတော့.. ကျနော်တို့လည်း ဆင်နွှဲချင်တယ်..။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို မ၀န်းရံပါနဲ့...ဆိုတဲ့ကိစ္စကတော့.. ဗိုလ်မှုးကြီးတို့ နဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်”
အခြေအနေကတော့ တင်းမာလာတဲ့သဘောရှိတယ်။

ဟုတ်ပြီလေ… ကျနော်တို့ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ်.. အိုကေနော် ”
ဆိုပြီး ထောက်လှမ်းရေး ၁၆ တပ်မှုးကို လှည့်ပြီးပြောတယ်။

သူ့ကို ပြန်လိုက်ပို့လိုက်ပါ ”
ကျနော့်ကိုပြန်လိုက်ပို့တယ်။ နောက်ရက်မှာတော့ အကျိုးအကြောင်းတွေကို အားလုံးကို တင်ပြခဲ့တယ်။
နောက် ထူးခြားတာတခုက ကျနော်တို့ ၀ိုင်းစဉ်းစားကြတယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်အခမ်းအနားမှာ ဗိုလ်ချုပ်ခင်ညွန့် စကားပြောမယ့် စင်မြင့်ကို တက္ကသိုလ်စာတိုက်ဝင်းအတွင်းမှာ ခမ်းခမ်းနားနား ပြင်ဆင်ထားတယ် ။ အဲဒါကို ကျနော်တို့ကျောင်းသားတွေက စင်မြင့်ပေါ်တက်ပြီး ကျောင်းသားသမဂ္ဂက ကျင်းပတဲ့ .. စိန်ရတုသဘင်ပွဲလုပ်ဖို့ လျှို့ဝှက်စီစဉ်ခဲ့တယ်။
ဒီသတင်း ပေါက်ကြားသွားပုံရတယ်။ နောက်ရက်မှာတော့ အဲဒီစင်မြင့်ကို သံဆူးကြိုးတွေ ပတ်လည် ကာရံထားပြီး စစ်သားအစောင့်တွေပါ ချထားလိုက်တယ်။အဲဒီတော့ အစီအစဉ်တွေကို ကျနော်တို့ပြောင်းလဲ စီစဉ်ရတော့တယ်။
ကျနော်တို့ နေရာတခုမှာ စီစဉ်ခဲ့တယ်။ ပထမ အင်းယားကန်စောင်းဘေးက ဘုန်းတော်ကြီးကျောင်းမှာ ( အန်တီ့အိမ်နဲ့ သိပ်မဝေးဘူး။) ဆွမ်းကပ်မယ်၊ ပြီးမှ စီစဉ်ထားတဲ့နေရာကို စုသွားပြီး အခမ်းအနားကျင်းပကြမယ်၊ ...ဆိုပြီး လုပ်ကြတော့ ၊ အန်တီ့အိမ်နဲ့ သိပ်မဝေးတဲ့ Joy စားသောက်ဆိုင်မှာ အခမ်းအနားတခုလုပ်ဖို့ ဆုံးဖြတ် ...အစီစဉ်တွေ ဆွဲခဲ့ကြတယ်၊
ကျနော်တို့ မူလဆုံးဖြတ်ချက်က အင်းယားကန်စောင်းဘေးက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ဖို့ သက်သက်ပါပဲ၊ အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ အဖွဲ့အစည်းတော်တော်များများက လူတွေတော်တော်များများ လာကြတယ်၊ သတင်းမီဒီယာက လူတွေလည်း လာကြတယ်၊
ကျနော်တို့ရဲ့အစီအစဉ်ထဲမှာ အထူးအစီအစဉ်တခုက.. ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲ အခမ်းအနားကနေ ဗိုလ်ချုပ်အောင်ဆန်းကို “ ဂုဏ်ထူးဆောင်ကျောင်းသား ” အဖြစ်အပ်နှင်းဖို့ အစီအစဉ်ပါတယ်။

(
ကျနော်တို့ ဆိုလိုချက်က ဗိုလ်ချုပ်ဟာ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ဂုဏ်ကို ထူးခြားပြောင်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူ ကျောင်းသားတယောက်ဖြစ်နေလို့ ..ဒီလို အပ်နှင်းဂုဏ်ပြုချင်တာပါ၊) ဒါကိုလည်း အန်တီ့ကို ဖွင့်ပြောပြထားခဲ့တယ်၊
ကျနော်တို့ ဆွမ်းကပ်ပွဲ အခမ်းအနား မစတင်မှီမှာပဲ ဘုန်းကြီးကျောင်းပြင်ပ လမ်းမပေါ်က စစ်ကားတွေပေါ်မှာ စစ်သားတွေအပြည့်နဲ့ ကားသုံးစီး ရပ်ထားတယ်၊ ထောက်လှမ်းရေးတွေဆိုတာကလည်း ခြေချင်းလိမ်နေတာပဲ။
ဒါတွေကို ဂရုမထားပါဘူး။ ကျနော်တို့လုပ်စရာရှိတာ ဆက်လုပ်ကြတယ်..။ နောက် ကျောင်းသားတစုကို အခမ်းအနား အဓိကကျင်းပမယ့် နေရာဆီကို လွှတ်လိုက်တော့ ပြဿနာက စတက်တော့တာပဲ ၊
ဖြစ်ပုံက ဒီလိုပါ။ အစက ကျနော်တို့ အခမ်းအနားကြီး ဘယ်မှာကျင်းပမယ်ဆိုတာ ထောက်လှမ်းရေးက မသိဘူး။ ဖိတ်ကြားထားတဲ့ လူကြီးတွေလောက်ကိုပဲ လျှို့ဝှက်ပြောပြထားတယ်။
အခမ်းအနားမလုပ်ခင်မှာ ကျနော်တို့ထဲက တယောက်က ဖိတ်စာကို မှတ်တမ်းတင် ဗွီဒီယိုရိုက်ဖို့ အခန်းတွင်းမှာလုပ်နေတုန်း သတင်းပေးတယောက်က ၀င်လာပြီး၊ ဖိတ်စာကို ကိုင်ပေးသလို ဘာလိုလို လုပ်ရင်းက ပေါက်ကြားသွားပြီး ထောက်လှမ်းရေးဆီကို ချက်ချင်း သတင်းသွားပို့တယ်၊ အဲဒါနဲ့ နေရာကို သိသွားတော့ အဲဒီမှာ စစ်သားတွေအပြည့်နဲ့ ပိတ်ထားလိုက်တယ်။ ကျနော်လွှတ်လိုက်တဲ့ကျောင်းသားအုပ်စုလည်း လာရော စီးဖမ်းတော့တာပဲ ..
ကျောင်းသားတွေက ကိုယ်လွတ်ရုန်း ထွက်ပြေးကြတယ်.. ။ ကျနော်တို့ဆွမ်းကပ်မယ့် ဘုန်းကြီးကျောင်းဆီ အမောတကော ပြေးလာပြီး ပြောတော့..အစီအစဉ်တွေကို ပြောင်းလိုက်ရတော့တယ်၊ ဘုန်းကြီးကျောင်းပေါ်မှာပဲ တဆက်တည်း အခမ်းအနားကျင်းပလိုက်ကြတယ်၊
ဘုန်းကြီးကို ပထမ လျှောက်ထားတာ ဆွမ်းကျွေးဖို့ သက်သက်ပါပဲ။ အခြေအနေအရ အခန်းအနားကျင်းပကြတော့.. ဆရာတော်ဘုန်းကြီးကလည်း တော်တော်ကြောက်လန့်သွားတယ်..။ကျနော်တို့ အခမ်းအနားကျင်းပနေစဉ်မှာပဲ.. ဆရာတော်က ကျောင်းအောက်လမ်းမပေါ်မှာ ရပ်ထားတဲ့ စစ်ကားတွေ သွားကြည့်လိုက်.. အခမ်းအနား ကျင်းပနေတဲ့ နေရာပြန်လာလိုက်..။ အခမ်းအနားမှုးလုပ်နေတဲ့ ကိုထက်ရာဇာကို လာပြောလိုက်နဲ့ပေါ့…။

ဒကာကြီးတို့ မပြီးသေးဘူးလား..။ကျောင်းအောက်မှာ စစ်ကားတွေရောက်နေပြီ..။ ဘုန်းကြီးစိုးရိမ်တယ် ”ဆိုတော့ ရာဇာက....

ပြီးတော့မှာပါ..ဘုန်းဘုန်း။ တပည့်တော်တို့ ခဏပါပဲ ”
ဒီလိုနဲ့ လူးလာခေါက်တုန့်ပြန် လုပ်နေတဲ့ ဆရာတော်ကိုကြည့်ပြီး ကျနော်တို့လည်း အားနာကြတယ်.. ။ တခါတလေကျတော့လည်း.. ငိုအားထက် ရီ(ရယ်)အားသန် အဖြစ်လိုပဲ။
အခမ်းအနားကျင်းပနေစဉ်မှာပဲ အင်မတန်ထူးခြားတဲ့ သမိုင်းဖြစ်ရပ်လေးတခုက ပေါ်ပေါက်လာခဲ့တယ်။
ကိုမြင့်ဆွေ ( ယခု -ဖော့ဝန်းမြို့-အင်ဒီရားနားပြည်နယ်၊အမေရိကား)ကနေ စာအိတ်ရှည်ကြီးတစောင်ကို ကိုင်ပြီး ကျောင်းပေါ်အပြေးတက်လာတယ်။ ကျနော့်ကိုလာပေးရင်းက…
ဒီမှာ ကျောင်းသားတွေ ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အခမ်းအနားအတွက် .. အန်တီစု ပေးပို့လိုက်တဲ့ သ၀ဏ်လွှာ..။ အန်တီက အားချင်း စီစဉ်ပေးလိုက်တာ ”
ဆိုလို့ဖွင့်ကြည့်လိုက်တော့ အန်တီကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သ၀ဏ်လွှာ..။ အဲဒါကို ကျနော်က ဖတ်ပြလိုက်တယ်..။ လူထုက သဘောတွေကျ ၊အားရကျေနပ်ခြင်းတွေနဲ့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့….

ပေးပို့လိုက်တဲ့ သ၀ဏ်လွှာမှာ အန်တီ ရေးပေးထားတာကတော့ ရိုးရိုးလေးပါပဲ..။ မှတ်မိရသလောက်.. ကျောင်းသားလူငယ်တွေ အခုလို စည်းလုံးညီညွတ်စွာနဲ့ အစဉ်လာကြီးမားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတုသဘင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာကို ၀မ်းမြောက်ဝမ်းသာစွာ ဂုဏ်ယူကြောင်း၊သမိုင်းအဆက်ဆက်မှာ ရှေ့ဆောင်တိုက်ပွဲဝင်ခဲ့သော၊ ၀င်နေသော ကျောင်းသားအပေါင်းတို့ကိုလည်း လေးစားယုံကြည်သောအားဖြင့် ဤသ၀ဏ်လွှာကို ပေးပို့အပ်ပါကြောင်း...” ပါရှိပါတယ်။
အန်တီအနေနဲ့ အခမ်းအနားကိုတော့ တက်ရောက်နိုင်ခြင်းမရှိပါဘူး၊ တက်ရောက်နိုင်ဖို့ အခွင့်အရေး မပေးခဲ့တာလည်း ပါတာပေါ့လေ၊ အန်တီပေးပို့တဲ့ သ၀ဏ်လွှာကြောင့်လည်း ခပ်မှိန်မှိန် ကျင်းပပြုလုပ်ခဲ့ရတဲ့ စိန်ရတုသဘင်အခမ်းအနားဟာ ကမ္ဘာသိ၊တိုင်းသိပြည်သိ ဖြစ်သွားခဲ့တာအမှန်ပါ၊ ( အဲဒီ သ၀ဏ်လွှာစာရွက်ကို ကျနော့်ကိုဖမ်းတော့ သိမ်းပြီး သက်သေခံအဖြစ် တင်သွင်းခံခဲ့ရပါတယ်)

ကျနော်တို့ရဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အခမ်းအနား ကျင်းပပြုလုပ်အပြီးမှာတော့ ကျောင်းသားများက ဗိုလ်ချုပ်အောင်ဆန်းကို “ တက္ကသိုလ် ဂုဏ်ထူးဆောင်ကျောင်းသား ” အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့မှတ်တမ်းကို အန်တီ့ဆီ သွားပို့ပေးလိုက်ပါတယ်။
နောက်တရက်မှာပဲ ကျနော့်ကို သတင်းတပ်ဖွဲ့ ( SB ) က လာရောက်ခေါ်ဆောင်သွားတယ် ။ဖမ်းဆီးတာတော့ မဟုတ်သေးပါဘူး ။သူတို့ရုံးချုပ်မှာ သတင်းတပ်ဖွဲ့မှုး ဗိုလ်မှုးကြီးဗဟိန်းနဲ့တွေ့ဆုံပါတယ်။ သူက ကျနော့်ကို စာရွက်တရွက်ထုတ်ပြီးဖတ်ပြပါတယ်။ ကျနော်ဟာ ဘယ်လို အမှု့တွေနဲ့ငြိစွန်းနေကြောင်း။ ပြစ်ဒဏ်ချမယ်ဆိုရင် ထောင်ဒဏ်ဘယ်လောက်ကျနိုင်ကြောင်း....စသဖြင့်ပြောကြားခဲ့ပါတယ်။ တခြားထူးထူးထွေထွေတော့ဘာမှမရှိပါဘူး ၊ ပြန်လှန်မေးခွန်းထုတ်၊ပြောဆိုခွင့်လည်းမရှိခဲ့ပါဘူး၊
ဒီလိုနဲ့ ကျနော် အန်တီ့ကို ကန်တော့ပြီး...ဇာတိမြို့ကို ခဏဆို ပြန်သွားပါတယ်။
ဇာတိမြို့ (ရေနံချောင်းမှာ) ပဲ ကျနော့်ကို လာဖမ်းပါတယ်။ အဲဒီကနေ ချက်ခြင်း ရန်ကုန်အင်းစိန်ထောင်ကို ပို့ပါတယ်။

ရန်ကုန် အင်းစိန်ထောင်ရောက်တော့ ရှေ့မှာကြိုဖမ်းထားတဲ့ ဦးဝင်းထိန် ( အန်တီစု လက်ထောက် ) ၊ ဦးအေးဝင်း ( အန်တီ့ အကိုဝမ်းကွဲ - အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၏ အကို - အာဇာနည်ခေါင်းဆောင် ဦးဘ၀င်းသား )၊ စာရေးဆရာ မောင်မိုးသူ၊ မောင်ဝံသ၊ ဗိသုကာ ဦးကျော်မင်း ၊ ဦးသိန်းတင် ( ထောင်တွင်း ကွယ်လွန် )၊ ကိုခွန်မြင့်ထွန်း (ယခု NCGUB ၀န်ကြီး)၊ ဒေါက်တာလှိုင်မြင့် ၊ဦးကျော်ခင် ( တောင်ကြီးမြို့ လွှတ်တော်ကိုယ်စားလှယ်) ၊နောက် NLD က လူငယ်တွေနဲ့တွေ့ဆုံပါတယ်။
ကျနော့်ကို မကြာခင်မှာပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အရေးပေါ် နိုင်ငံရေးပုဒ်မ ၅ ည အပါဝင် တရားမ၀င် သင်းပင်းဖွဲ့စည်းမှု့ ၊ တရားမ၀င် ဗွီဒီယိုခွေများ (အန်တီစု ဟောပြောပွဲ အခွေတွေပါ။) ဖြန့်ချီမှု့တွေနဲ့ ထောင်နှစ်ရှည်ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီကစလို့ ကျနော် အန်တီစုနဲ့ဝေးသွားခဲ့တာ ယခုအချိန်ထိပါပဲ။
ကျနော်ထောင်ကပြန်လွတ်လာတော့ အန်တီစုက နေအိမ်အကျယ်ချုပ် ပြန်ခံလိုက်ရပါပြီ၊
နိဂုံး”
ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးသက်သက် ကိုးကွယ်မှု့ဖြင့် ဆည်းကပ်ယုံကြည်မှု့ မလုပ်ခဲ့တာ ပြောရဲပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း သမီးမို့..ဆိုတဲ့ အကြောင်းပြချက်နဲ့ပြောလာမယ်ဆိုလည်း ...ဘာ့ကြောင့် ဦးအောင်ဆန်းဦးကိုကျတော့ မချဉ်းကပ်ကြတာလဲ၊မလေးစားကြတာလဲ..လို့ မေးခွန်းထုတ်စရာပါ………..
နှလုံးသားပုံရိပ်တွေ ကွာပါတယ်… သိပ်ကိုကွာပါတယ်။
အန်တီစု တော်ခြင်း-မတော်ခြင်း... အထူးအထွေ ဘာမှ မပြောလိုပေမယ့် ၊ ပြောနိုင်တာကတော့ .. တိုင်းပြည်တိုးတက်ချမ်းသာလိုတဲ့ စိတ်ခွန်အား ပြင်းပြပြီး၊ ထားတဲ့စေတနာမှန်တယ်၊ ရိုးသားမှု့အပြည့်ရှိတယ်ဆိုတာကတော့ အသေအချာပြောနိုင်ပါတယ်။ နောက် ရှည်လျှားလာတဲ့ တော်လှန်ရေးရဲ့ဖြစ်စဉ်အောက်မှာ စွန့်လွှတ်အနစ်နာခံမှု့တွေကပါ ရောပြွမ်းလာခဲ့ပါတယ်။
ကျနော်သိသလောက် ရာစုနှစ်အတွင်းမှာ မြန်မာလူထုရဲ့ထောက်ခံမှု့၊လေးစားမှု့၊ ကြည်ညိုမှု့တွေ ကြောက်ခမန်းလိလိရရှိသူနှစ်ဦးကို ထောက်ပြပါဆိုရင် ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်က လွဲလို့ ဘယ်သူရှိနိုင်မှာလည်း၊ သမိုင်းဆိုတာ ဖန်တီးယူလို့မရပါ ။ လုပ်ယူလို့မရပါ၊ လုပ်ရပ်နဲ့ဖြစ်စဉ်တွေက ပြဌာန်းခြင်းဖြင့်သာ တိုင်းတာနိုင်ပါလိမ့်မယ်။
အမှောင်ထု ရှည်လျှားလှသော မြန်မာပြည်ကို သူကလွဲလို့ ဘယ်သူဦးဆောင်နိုင်မှာလဲ။ ဦးဆောင်နိုင်မယ်ဆိုရင်တောင်မှ သူ့လို လူထုထောက်ခံမှု့ရနိုင်ပါမယ်လို့ အာမခံနိုင်ပါသလား။ မေးခွန်းထုတ်စရာပါ၊

ကျနော် ဒီ ”ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ ”ဆိုတဲ့ ရသဆောင်းပါးတွေ ရေးနေဆဲ အချိန်မှာပဲ အန်တီစု နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာတာနဲ့တိုက်ဆိုင်နေပါတယ်။ သိပ်ဝမ်းသာမိပါတယ်၊ ပီတိဖြစ်မိပါတယ်။ ပြောမပြတတ်လောက်အောင်ပါပဲ ၊
ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲကတော့မပြီးသေးပါဘူး။ကြမ်းလွန်းတဲ့ခရီးကို ဆက်ရဦးမှာပါ ။………… အန်တီစုစိတ်ရော၊ကိုယ်ပါ ကျန်းမာ ချမ်းသာစွာဖြင့် ကျနော်တို့ အမိမြန်မာနိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်ကို ပြည့်ဝစွာရရှိသည်အထိ ဆက်လက်လုပ်ဆောင်နိုင်ပါစေ...လို့ ဆန္ဒပြုရင်း၊ ကဗျာဆရာ မောင်တင်သစ်ရေးသားတဲ့ “ ဒီနေ့ဟာ အစဖြစ်တယ် ” ဆိုတဲ့ကဗျာလေးနဲ့ ဂုဏ်ပြုလိုက် ပါရစေ၊
ဒီနေ့ဟာ အစဖြစ်တယ်။”(ကဗျာဆရာ မောင်တင်သစ်)
ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ပါတဲ့လေလို
မြို့ကြီးထဲ ငါတို့ဝင်ရောက်ကြပါစို့
နေရောင်ဟာ အုန်းလက်ကိုင်းများနဲ့ အိမ်မိုးစွန်းကိုဖြန်းပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို အစိမ်းရောင်ပွပွ လှလှကြီးဖြစ်နေတယ်။
အိမ်ရှေ့လမ်းမပေါ်က မော်တော်ကားတွေဟာ ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ ဟွန်းတွေ တပြိုင်နက်ထဲ တီးလိုက်ကြကုန်
ဒါဟာ အစပဲ……
အရာအားလုံး အစက ပြန်စမယ့်
အစပဲ……။
လေညှင်းဟာ အရပ်မျက်နှာအသီးသီးက တလှည့်ပြီးတလှည့်တိုက်နေတယ်..ငါတို့ဟာ လေညှင်းနဲ့အတူပါလာတဲ့ အရပ်မျက်နှာအသီးသီးက ပန်းရနံ့တွေလို
ဒီနေရာကိုစုဝေးရောက်ရှိလာကြတယ်……
သမိုင်းဝင် ဓါတ်ပုံထဲက
မျက်နှာတွေနဲ့ အားလုံးဟာ တည်ငြိမ်ခန့်ငြားလို့ပေါ့
မြို့အနှံ့ကခေါင်းလောင်းတွေဟာ
အနှစ်နှစ်အလလက ထစ်အသွားခဲ့တဲ့
သူတို့အသံ သူတို့ပြန်ရလို့ ၀မ်းသာမဆုံးဖြစ်လို့
အပြုံးမျက်နှာတွေဟာ ပြန်ပြီး တည်လို့မရတော့သလိုမျိုး
ကန်ရေပြင်ဟာ သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်
လက်ခုပ်သံတွေက တိကျတယ် ။
အပိုအလိုမရှိဘူး
ရုပ်ရှင်မရိုက်ဘူး
ဇာတ်တိုက်မထားဘူး
တာထွက်တော့မယ့် အားမာန်တွေဟာ အချက်ပေးသံကို စောင့်နေကြပြီ
ကျားတွေအတွက် တောထဲမှာလမ်းခင်းမထားဘူး
ချောင်းတွေ့ရင် ခုန်ကျော်သွားဘို့ပဲ
ချောင်းကျယ်ရင် ဖောင်ဖွဲ့မယ်….အရာအားလုံးအစကပြန်စမဲ့ အစဖြစ်တယ်……
ဒီနေ့ဟာ ကမ္ဘာပေါ်က အလှဆုံးနေ့တွေထဲက တနေ့ဖြစ်တယ်.ဒီနေ့ဟာ စစ်ပွဲစတင်တဲ့နေ့မဟုတ်ဘူး၊
ဒီနေ့ဟာ စစ်ပွဲအောင်နိုင်တဲ့နေ့မဟုတ်ဘူး…
ဒီနေ့မှာ စစ်ရှုံးသူမရှိဘူး စစ်နိုင်သူမရှိဘူး၊
ဒီနေ့ဟာ ငြိမ်းချမ်းမှု့စတင်တဲ့နေ့
ငြိမ်းချမ်းမှု့အောင်နိုင်တဲ့နေ့ဖြစ်ရဲ့…..
ဒီနေ့ဟာ မေတ္တာစတင်တဲ့နေ့….မေတ္တာအောင်နိုင်တဲ့နေ့ဖြစ်ရဲ့…
ဒီနေ့အကြောင်း ကဗျာတပုဒ်ရေးရပေလိမ့်မယ်……
ဒီနေ့အကြောင်း ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင် .. ငါဟာ
ဘာမှမရေးခဲ့တဲ့လူတယောက်နဲ့ ဘာထူးဦးတော့မှာလဲ…။

(
ကဗျာဆရာ- မောင်တင်သစ် )
---------------------------------------------------------------------------
(
အန်တီစု ၁၃.၁၁.၂၀၁၀ တွင် လွတ်မြောက်လာခြင်းအတွက် ဂုဏ်ပြုစပ်ဆိုသောကဗျာအား ကောင်းကင် ၀က်ဆိုဒ်မှ ကူးယူဖော်ပြထားပါသည်။)
အားလုံးကို လေးစားစွာဖြင့်-
မောင်မောင်ဝမ်း
maungmaungone@gmail.com
--------------------------------------


ဟစ်တိုင်မီဒီယာ မူပိုင်ခွင့် သိစေရန်”
ဆောင်းပါးရှင် မောင်မောင်ဝမ်း၏ " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ” အခန်းဆက်ရသ ဆောင်းပါးများ(အပိုင်း ၁ မှ ၈ အထိ)သည် ဟစ်တိုင်၏ မူပိုင်ဖြစ်ပါ၍၊ မိမိတို့မီဒီယာများတွင် ကူးယူဖော်ပြလိုပါက (မူလရင်းမြစ်=www.hittai.net ဟစ်တိုင်မှ) ဟု ဖော်ပြပေးခြင်းဖြင့် -ဟစ်တိုင် မီဒီယာ၏ မူပိုင်ခွင့်ကို လေးစားလိုက်နာကြစေလိုပါသည်။”


http://www.mediafire.com/file/ro3ekz6qeef4cre/DASSK.pdfhttp://www.mediafire.com/file/ro3ekz6qeef4cre/DASSK.pdf
DASSK