Thursday, November 25, 2010

25 Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/jyikukbjibgilsk/25%20Nov%20Yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/hw6l7sju69ha7t0/25%20Nov%20Yeyintnge%27s%20Diary.doc

25 Nov Yeyintnge's Diary

ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက် ဓါးနဲ့လိုက်ခုတ်ပါရောလား။

ဘာတွေများဖော်လံဖားပြီးရေးထားဦးမလဲလို့ ဖတ်ကြည့်လိုက်တာလတ်စသတ်တော့ ဒရိုင်ဘာအလုပ်လိုချင်လို့ လာလျှောက်နေတာကိုး။အမေစုဆီမှာကား မောင်းပေးဖို့ မလိုပါဘူး။ တကယ်ကိုပြည်သူ့ အကျိုးသယ်ပိုးချင်စိတ်ရှိရင်ကိုကျော်သူ့ ဆီမှာသွားမောင်း။

အရင်တစ်ပတ် မြို့တက်တုန်းက မြန်မာစားသောက်ဆိုင်မှာ စီးပွါးရေးသမားတစ်ယောက်နဲ့တွေ့တော့ ဝမ်းသာအားရနဲ့မေးတယ်လေ ခင်ဗျားငါးမင်းဆွေကိုသိလား .... ကျုပ်နဲ့ဘယ်လိုအလုပ်တွဲလုပ်ဘူးတယ်..ဘာတယ် ညာတယ်ပေါ့ဗျာ ....

အေးဗျာ.... ငါးမင်းဆွေတော့မသိဘူး ..... မြန်မာပြည်က သယံဇာတတွေကျွန်းသစ်တွေကိုရေလမ်းကြောင်းကနေ စင်ကပူကို ခိုးထုတ်နေတဲ့မှောင်ခိုဘုရင် ... ချဲဘုရင် ... ဖားမင်းဆွေကိုတော့ သိတယ်ဗျ ...ဒီလူက မဆလဆေတ်တုန်းက ဝရမ်းထုတ်ခံရတဲ့လူပေါ့စစ်တပ်လည်း အာဏာသိမ်းပြီးရော မှောင်ခိုလုပ်ငန်း ချဲလုပ်ငန်းနဲ့ကြီးပွါးလာတာပေါ့ ..အမယ် ပိုင်တာကတော့မပြောနဲ့ဗျာ ...ပင်လယ်ပြင်မှာ စစ်သင်္ဘော ဘယ်နေရာမှာဘယ်လိုရှိနေသလဲဆိုတာကအစအကုန်သိ ...သူ့မှေင်ခိုလှေ စစ်သင်္ဘောနဲ့ ညိတယ်ဆိုတာတစ်ခါမှမရှိဘူး ...နောက်တော့ လိုင်းလှေတွေထောင်တယ် ... ဘိတ်၊ ကော့သောင်း၊ မော်လမြိုင်ရန်ကုန်ပေါ့ဗျာ၊ အဲဒီလိုင်းလှေတွေလည်း အလှည့်ကျ စင်္ကာပူကို ကျွန်းသစ်တွေခိုးထုပ်တာပေါ့ ...

အေးပေါ့ဗျာ ... သတင်းစာထဲမှာနိုင်ငံတော် နိုင်ငံတော်ဆိုပြီးအရေးကောင်းလို့ကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက် ဓါးနဲ့လိုက်ခုတ်ပါရောလားဗျာ။


အပြေးကောင်းလို့လွတ်သွားတာ ခုတ်တဲ့လူကတော့ ရုံးရောက် ဂတ်ရောက်ပေါ့ဗျာ။အဲဒီလို ကျိုက္ခမီသားတွေအရမ်းချစ်တဲ့ ဖားမင်းဆွေကိုတော့ ကောင်းကောင်းသိတယ်ဗျလို့ပြောချလိုက်တော့ ကို့လူမျက်နှာကိုမဲလို့ အမြင်ကတ်ကတ်နဲ့ ဒင်းရှေ့မှာထားထားတဲ့ဘီယာခွက်ကို ကောက်ကိုင်ပြီးတစ်ခြားဝိုင်းမှာသွားထိုင်ကာ တစ်ခါတည်းအကုန်မော့သောက်ပြစ်ပလိုက်တာ အားပါးပါးအရသာကိုရှိလို့ .... ဒါတောင် အကုန်မပြောသေးဘူး ပြောရင် မိန်းမတွေဒင်းဘယ်လိုရှုပ်တယ်ဆိုတာကအစ ပါကုန်မှာစိုးလို့ ....

ကျွန်တော်က ဦးသန်းရွှေကြီးဆီသွားပြီး အဲလို စာလေးတစောင်လောက် ပေးလို့ရမလား မသိဘူးဗျာ။ ရရင်တော့ ရေးချင်လိုက်တာ။ A4တမျက်နှာတည်းရေးပါ့မယ်။ အများကြီး မဟုတ်ပါဘူး။ စစ်သုံးစားရိတ်လေးလျှော့ပြီး လူထုအတွက် နည်းနည်းလေးပိုသုံးပေးဖို့ လောက်ပါပဲ၊ ပြီးတော့ အဲ့ဒီ ငါးမင်းဆွေ ဆိုတဲ့သူကိုလည်း မေးချင်တယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးစီးပွားရေး ပိတ်ဆို့ဖို့ ပြောလို့ အမေရိကန်နှင့်တကွ အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့တာလား သူတို့ဟာသူတို့ သူတို့ လွှတ်တော်နဲ့ သူတို့ ဆုံးဖြတ်ပြီး ပိတ်တာလား။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီး မစ္စတာအိုဘားမားရယ် မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံလှည့်ပါ လို့ခေါ်လိုက်ရင် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေက လာကြမယ်တဲ့လား။ မေးလိုက်ချင်စမ်းပါဘိဗျာ။အဲ့ဒီလူကိုကြည့်ရတာ သနားမိတယ် ။ ရွဲ့ပြောတာ မဟုတ်ရပါဘူးဗျာ တကယ် သနားမိတာပါ ။ သူကသာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိဖွင့် နားဖွင့်ပေးဖို့ပြောနေတာ တကယ် ဖွင့်ဖို့လိုနေတာက သူ ။ သူ့ကိုယ်သူ အသုံးချခံလူတယောက်လို့လည်း မြင်ပုံမရရှာဘူး ။ နောက်ပြီး သူ့ကိုယ်သူလည်း တော်တော်အထင်ရောက်နေဟန်တူတယ်ဗျ ။ တနေ့နေ့တော့ အမြင်မှန်ရပါစေဗျာ



TRUE-MMCP (from YY  CBox)

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ထုတ်ပြန်ကြေငြာချက်


နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ထုတ်ပြန်ကြေငြာချက် 
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

ရက်စွဲ - ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့

နိုဝင်ဘာလ ၂၅ ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအနေ့ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်မှုပပျောက်ရေးအတွက် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ဤနေ့ထူးနေ့မြတ်ကြီးကို နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ်သတ်မှတ်ရန် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂ၏ (၈၄) ကြိမ်မြောက် အထွေထွေညီလာခံ၏ မျက်နှာစုံညီ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ တဆက်တည်းတွင် ကုလမဂ္ဂအနေနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်ကို ဆုံးဖြတ်ချက်ချမှတ်ကာ ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေးအတွက် နိုင်ငံအစိုးရများအနေဖြင့် တိုးမြှင့်လုပ်ဆောင်ရန် တာဝန်များ ကို ချမှတ်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ စစ်ဖြစ်ပွားရာနယ်မြေများအတွင်း ဖြစ်ပေါ်လျှက်ရှိသော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများကို ကျူးလွန်သူများအား အပြစ်ပေး အရေးယူခြင်းမရှိဘဲ ကျူးလွန်ခွင့်ပေး ထားသည့် နိုင်ငံအစိုးရများကို အရေးယူနိုင်မည့် အစီအစဉ်များကို ချက်မှတ်လုပ်ဆောင်သွားနိုင်ရန်အတွက် ဆုံးဖြတ်ချက်အမှတ် ၁၈၈၈ နှင့် ၁၈၂၀ တို့ကို ချမှတ်ခဲ့သည်။

သို့သော် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို လက်မှတ်ထိုးထားသည့် နအဖစစ်အစိုးရမှာမူ မြန်မာနိုင်ငံသူ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အစီအစဉ်ရှိရှိ ကျူးလွန်လျှက်ရှိနေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရနေရသည့် ပြဿနာသည် စစ်အုပ်စု၏ အာဏာတည်မြဲရေး မူဝါဒ၊ စနစ်ဆိုးကြောင့်ဖြစ်သည်။

ယခုလ နိုဝင်ဘာလ ၇ ရက်နေ့က အတင်းအကြပ် တရားမျှတမှုမရှိဘဲ ပြုလုပ်ခဲ့သည့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲလုပ်နေစဉ်ကာလ အတွင်း ဖြစ်ပွားခဲ့သည့် မြ၀တီနှင့် ဘုရားသုံးဆူနယ်မြေများအတွင်း စစ်ရေးတိုက်ပွဲများကြောင့် ပြည်သူလူထုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာကြရသည့်။ ထိုသို့ ထွက်ပြေးတိမ်းရှောင်လာကြရသည့် ပြည်သူလူထုထဲမှ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များမှာ ပိုမိုဆင်းရဲဒုက္ခမျိုးစုံကို ခံစားကြရသည်။

သို့ဖြစ်၍ ယနေ့ကာလ နိုင်ငံရေးအခြေအနေများအရ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်များကို အကောင်အထည်မဖေါ်ဘဲ လမ်းပြမြေပုံအဆင့်များအတိုင်း ၎င်းတို့စိတ်တိုင်းကျ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များ အတိုင်း ဆက်လက်ကောင်အထည်ဖေါ်နေအုံးမည်ဆိုပါက မြန်မာနိုင်ငံအခြေအနေသည် ယခုထက်ပိုမိုဆိုးရွားသော အခက်အခဲ အကျပ် အတည်းနှင့် ရင်ဆိုင်လာရပေအုံးမည်။ တိုင်းပြည်တပြည် မငြိမ်းချမ်းမှုသည် အမျိုးသမီးနှင့် ကလေးငယ်များ၏ ဘ၀လုံခြုံမှုကို ပိုမိုထိခိုင်စေသည့် အတွက်ကြောင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေသည် အမျိုးသမီးနှင့် ကလေးငယ်များအတွက် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု မိမိတို့အဖွဲ့ချုပ်မှ ယုံကြည်ပါသည်။

ထို့ကြောင့် နအဖစစ်အစိုးရအလိုကျ စီစဉ်ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်အား လုံးဝ လက်မခံသည့်အပြင် အမျိုးသမီးများ၏ ဘ၀လုံခြုံမှုကို အာမခံနိုင်မည်မဟုတ်သော မကြာမီပေါ်ပေါက်လာမည့် အတုအယောင် ဒီမိုကရေစီအစိုးရကို လုံးဝ ဆန့်ကျင်ကြောင်း ဤနေ့တွင် ထုတ်ဖေါ်ပြောကြားလိုပေးသည်။

အကြာသေးမီက ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ၏ အထွေထွေညီလာခံမှ မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲမဟုတ်ကြောင်း ရှုတ်ချကန့်ကွက်သည်ကို မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် ကြိုဆိုပါသည်။ ယင်းအပြင် အာဆီယမ်နိုင်ငံအပါအ၀င် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မြန်မာနိုင်ငံသူအမျိုးသမီးများ၏ ဘ၀အကြမ်းဖက်ခံရမှု သံသရာထဲတွင် ဆက်လက်ကျရောက်စေအုံးမည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်အား လုံးဝ အသိအမှတ်မပြုကြရန် လေးစားစွာဖြင့် တိုက်တွန်း အပ်ပေသည်။

ဆက်သွယ်ရန်
တင်တင်နွယ်                    +၆၆ ၀၈၇ ၈၄၉၉ ၃၃၂
နန်းဒါးအဲ့ကလယ်              +၆၆ ၀၈၅ ၇၂၆၉ ၂၉၁
သင်းသင်းအောင်              +၉၁၉ ၈၉၁ ၂၅၂၃ ၁၆
စောမြရာဇာလင်း               +၈၈ ၀၁၇၃ ၂၆၄ ၉၀၀၇

သားနစ်ဦးနှင့်သူ့အမေ

အကြီးကတော့ Alexander Aris ခေါ် မြင့်ဆန်းအောင်ပါ။သားအကြီးကတော့ သူ့ အဖေလို Academic တယောက်ပါပဲ။ အရင်က ကနေဒါက တက္ကသိုလ်တခုမှာ ဆရာလုပ်တယ်လို့  အင်တာဗျူးတခုမှာ ဖတ်ဖူးပါတယ်။ အခုတော့ အမေရိကားမှာ ရောက်နေတယ်လို့  ကြားပါတယ်။

ကိုထိန်လင်းလက်သမားလုပ်တယ်လို.ကြားရပါတယ်။သူလူငယ်ဘဝကိုဖြတ်သန်းလာရတဲ့အချိန်မှာ အဖေဆုံးအမေက အနားမှာ ကောင်းကောင်း မပံ့ပိုးနိုင်တော့ ဒီလို မျိုးရိုးက ဒီလို ဘဝရောက်ရတယ်ဆိုတာ တကယ်စိတ်မကောင်းပါဘူး

ဒါတွေကို ကြည့် ရင် အမေစုရခဲ့တဲ့ ငွေကြေးတွေကို သူ.မိသားစုအတွက် မသုံးခဲ့ဘူး တိုင်းပြည်အတွက် သုံးခဲ့တယ် သုံးဖို. စုထားခဲ့တယ်ဆိုတာ နှစ်ခါစဉ်းစားစရာမလိုပါဘူး

နိုင်ငံငွေကိုသုံးပြီး ကိုယ့်ကိုကိုယ်မြင့်လှပြီလို. ထင်နေတဲ့သူတွေနဲ.ယှဉ်ရင် သူလုပ်တဲ့ လက်သမားအလုပ်လေးက ဘယ်လောက်ဂုဏ်ယူစရာကောင်းတယ်ဆိုတာ ရှင်းရှင်းလေးမြင်ရပါတယ်

တိုက်ခိုက်တာမဟုတ်ပါဘူး ယှဉ်ပြတာပါ ယှဉ်ပြရင်တော့ ကွဲလွဲချက်တွေကတော့ ထင်းနေမှာပါပဲ။

ကိုထိန်လင်းကိုလည်း အထူးပဲလေးစားမိပါတယ်... အမေကိုဘယ်လို စိတ်ချမ်းသာအောင် လုပ်ပေးမယ်ဆိုတဲ့စိတ်က မွန်မြတ်ပါတယ်... သူတို့ခမျာ အမေနဲ့ဘယ်လောက်နေချင်ရှာလိမ့်မလဲ... သူတို့ကလည်း မြန်မာပြည်အတွက် အမေနဲ့ရင်းထားရတာပါ... ဒီလောက်အနစ်နာခံပေးဆပ်နေတဲ့ ဗိုလ်ချုပ်တို့မိသားစုကို ကာကွယ်မပေးနိုင်တာကို စဉ်းစားမိရင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အရမ်းရှက်မိပါတယ်... အမေစုကိုလည်း ဘာလုပ်ပေးပါ ညာလုပ်ပေးပါဆိုပြီး မတောင်းဆိုရက်တော့ပါဘူး... သားတွေနဲ့အတူ အမေ့ရဲ့ကျန်နေတဲ့ ဘဝအစိတ်အပိုင်းကို အေးချမ်းစွာနဲ့ပဲဖြတ်သန်းပါတော့အမေ... အမေ့အတွက်က သိပ်ကိုမတရားရာကျနေပါပြီ...

အမေ့ကိုကျေးဇူးတင်နေမှာပါ... အမေ့ရဲ့စေတနာစကားတွေဆိုတာ နားထောင်လို့ကိုမဝပါဘူးအမေ... ဘာဖြစ်လို့လဲဆို သားတို့တစ်သက် ဒီလိုစကားတွေမကြားဖူးခဲ့လို့ပါ... အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ အမှောင်ကမ္ဘာမှာ အမေ့စကားတွေက နေလိုလလို အလင်းရောင်ပေးပါတယ်... အသိဥာဏ်လဲပွင့်လင်းရပါတယ်... ဒီလိုဆုံးမစကားလေးတွေတော့ အမေဘယ်နေရာရောက်ရောက် အမြဲတမ်း ကြားပါရစေအမေ...
အမေ့ဘဝ ရှေ့ဆက်အေးချမ်းပါစေ... လုံခြုံပါစေ... အမေ့ရဲ့ဘုန်းတန်ခိုး နေလိုလလို ထွန်းတောက်ပါစေ...


TRUE-MMCP

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ ကြေငြာချက်

အရေးတော်ပုံဂျာနယ်( ဗမာပြည်ကွန်မြူနစ်ပါတီ)

ayd1-1