Saturday, November 27, 2010

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖိတ်စာ

ကိုလူမော်လတ်အိမ်မှာလုပ်မှာပါ။

အမေစုနှင့်မေးခွန်းများ


ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားတို့ လက်ဆွဲနုတ်ဆက်နေစဉ် (နိုဝင်ဘာလ ၂၇၊ ၂၀၁၀)

ဓာတ်ပုံ ASSOCIATED PRESS


By သားညွှန့်ဦး စနေ, 27 နိုဝင်ဘာ 2010

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားကို ကြိုဆို တွေ့ဆုံခဲ့ကြစဉ် (နိုဝင်ဘာလ ၂၇၊ ၂၀၁၀)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး စတင်ရောက်ရှိပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာနမ်ဘီးယားတို့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ အားလုံးစုစုပေါင်း ၁ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာနမ်ဘီးယားဟာ မြန်မာနိုင်ငံအရေး တာဝန်ယူပြီးကတည်းကဆိုရင် ဒါ ပထမဆုံး သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သလို မြန်မာပြည်တွင်း အတိုက်အခံ အင်အားစုတွေနဲ့ ပထမဆုံး စတင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။
“နေ့လည် မွန်းလွဲ ၂ နာရီမှာ မစ္စတာ နမ်ဘီးယားဟာ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့စပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတဲ့နောက် ၂ နာရီခွဲမှာ ကျနော်တို့ ဥက္ကဌ ဦးတင်ဦး၊ NLD အလုပ်အမှုဆောင်အဖွဲ့များ အားလုံး ပါဝင်တဲ့၊ ဗဟိုအလုပ်အမှုဆောင်များအဖွဲ့၊ အဲဒီအထဲမှာ အထွေးထွေ အတွင်းရေးမှူးလည်း ပါဝင်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ထပ်ပြီးတော့ ဆွေးနွေးပါတယ်။ ဆွေးနွေပြီးတဲ့နောက် CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်တဲ့ ဦးအေးသာအောင်၊ ဦးနိုင်ထွန်းသိန်း၊ ဦးပုကျင်းရှင်းထန်၊ ဦးထောင်ကိုထန်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ အတွဲလိုက်ပေါ့ ဆက်ပြီးတော့ ကျနော်တို့နဲ့အတူ ဆက်ပြီးတော့ ဆွေးနွေးပါတယ်။ ၂ နာရီကနေစတဲ့ ဆွေးနွေးပွဲဟာ ၃ နာရီမှာ အဲဒီလို အစီအစဉ်အလိုက် ဆွေးနွေးပြီးတဲ့နောက် ပြီးသွားပါတယ်ခင်ဗျ။”
ဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပဲလားခင်ဗျ။ -
“ဟုတ်ပါတယ်ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပါ။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်များပါ နောက်ဆုံးမှာ ပါဝင်ပြီး ဆွေးနွေးကြတာပေါ့။ တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေး ပြဿနာကို ပြေလည်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းတာအောင်မြင်ဖို့ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါမှာဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားခေါင်းဆောင် CRPP အဖွဲ့ဝင် ခေါင်းဆောင်များကိုပါ အထွေထွေ အတွင်းရေးမှူးချုပ်က ဖိတ်ကြားပြီးတော့ မိတ်ဆက်ပေးပြီးတော့ တွေ့တာဖြစ်ပါတယ်။”
အဲဒီတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့တဲ့သဘောက မစ္စတာ နမ်ဘီးယားက စီစဉ်တာမဟုတ်ဘဲနဲ့ ဒီဘက် NLD က စီစဉ်ပေးတဲ့သဘောပေါ့။ -
“အဲဒီ အကုန်လုံးပေါ့ ညှိနှိုင်းပြီးတော့ စီစဉ်တဲ့သဘောပါပဲခင်ဗျ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာရော ဘာအကြောင်းရပ်တွေများ ပြောဖြစ်လဲခင်ဗျ။ -
“တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး နှစ်ဖက်စလုံးက။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အထွေထွေ အခြေအနေတွေကို ပြည့်စုံစွာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြပါတယ်။”
မစ္စတာ နမ်ဘီးယားနဲ့ အဲန်ကယ်လို့ ပထမဆုံး တွေ့ရတဲ့အခေါက်ဆိုတော့ ဘယ်လို ယူဆလဲခင်ဗျ။ အခု တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ အားရကျေနပ်မှုရှိသလား၊ လိုအပ်ချက်တွေ ရှိသေးလား။ -
“နှစ်ဖက်စလုံးက ဆွေးနွေးချက်တွေဟာ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပေါ့လေ ဖလှယ်ကြတာဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးပွဲဟာ တကယ့်ကို ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြီးတော့လဲ ကျနော်တို့ အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ကလည်းပဲ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရအောင် ကျိုးပမ်းရမှာဆိုတာကို အစကတည်းက ပြောထားပါတယ်။ ထို့အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သ၀ဏ်လွှာမှာကိုပဲ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် အရင်လုပ်ရမယ်ဆိုတာကို ပြောထားတာဖြစ်တော့ အဲဒီဆီကို ဦးတည်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတရပ် ဖြစ်တယ်ဆိုတာကို ခံစားမိကြောင်း ကျနော်ကတော့ ပြောချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်စေ၊ NLD နဲ့ဖြစ်စေ ထပ်ပြီးတော့ တွေ့ဆုံနိုင်တဲ့ အလားအလာ ရှိသေးလားခင်ဗျ။ -
“ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ထပ်ပြီးတော့ နောက်ထပ် ဆွေးနွေးပွဲတွေ ရှိမယ်လို့တော့ နှစ်ဖက်စလုံးကတော့ သဘောထား ပေးပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ နောက် အလားတူ ဆွေးနွေးပွဲတွေဟာ မကြာခဏ ဖြစ်သွားမှာပါလို့ အဲဒီလို သုံးသပ်ကြတာသိပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ သီးခြားတွေ့ဆုံသလို ရွေးကောက်ပွဲဝင်တဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လို့ မြို့တော် နေပြည်တော်ကိုတော့ သွားရောက်မယ့်အစီအစဉ် မရှိဘူးလို့သိရပါတယ်။
http://www.voanews.com/burmese/news/

သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ် လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

အောင်သောင်းကပုဏ်ဏားဆိုပဲ...
Maj. Aung Lynn Htut Interview about Khin Nyunt Video Clip by yeyintnge
http://burmatoday.net/audio/101126_maj_aung_lynn_htut.html




ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

By ကျော်ကျော်သိန်း သောကြာ, 26 နိုဝင်ဘာ 2010
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။

“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ ဆောက်ထားတဲ့ လုံးချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော် တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့ တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။ ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင် အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ် အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ် ချထားတာပါ။ သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ် လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။
http://www.voanews.com/burmese/news/

- ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် ဒုတိယ ပင်လုံညီလာခံသို့ Campaign လှုပ်ရှားမှု

Statement of IFBNC for One Banner , One Leader

ဗိုလ်ချုပ်ခင်ညွန့်Video File Download

သံဝေဂရစရာ လူဆိုးများ

စစ်ထောက်လှမ်းရေးခေါင်းဆောင်ဟောင်းဗိုလ်ချုပ်ခင်ညွှန့်ရဲ့ပုံကိုကြည့်ပြီး၊လူတွေသံဝေဂရခဲ့ကြတယ်။ တခါတုံးက၊ဇာတ်မင်းသားလေးလိုကြော့ကြော့လေးနေပြီး မီဒီယာရှေ့မှာ၊ကလေးတွေကိုနမ်းနမ်းပြလေ့ရှိတဲ့၊ဗိုလ်ချုပ်ခင်ညွှန့်တယောက် အခုလိုမျိုးအထီးကျန်ဆန်စွာဇာတ်သိမ်းခဲ့ရလိမ့်မယ်လို့တွေးထင်ပုံမရခဲ့ဘူး။

(၁)

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေက ဗိုလ်ချုပ်ခင်ညွှန့်ကို အနည်းဆုံ(၃)ကြိမ်နည်းပါးလောက် အနီးကပ်ဆုံဆည်းခဲ့ကြဘူးတယ်။ ပထမအကြိမ်ကဘုန်းမော်အရေးအခင်းဖြစ်ပွားနေချိန်၊ မတ်လ (၁၅) ရက်နေ့မှာ စစ်ဝါဒီတွေက ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းကို သူပုန်စခန်းတခုလိုဝင်သိမ်းပြီး၊ ကျောင်းသားတွေကို၊မျက်ရည်ယိုဗုံးနံ့တွေဝေနေတဲ့ ပင်မအဆောက်အဦရှေ့မှာစုထိုင်ခိုင်းတယ်။ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်နဲ့ပညာရေးဝန်ကြီး၊ပါမောက္ခတွေလာတဲ့အခါ ကိုတင်ထွန်းအောင် ( တတိယနှစ်၊ ဓါတု) က“ ခင်ဗျားတို့ အသုံးမကျလို့ ကျောင်းသားတွေသေကုန်ပြီ” ဆိုပြီး ဒေါသတကြီးထချဲတယ်။“ ဟာ-- ဒီကျောင်းသားလေးက ကျော်ဟိန်း အတိုင်းပါလား။ ကဲ-ကဲ-သူ့ကို ရုပ်ရှင်ရိုက်ပေးလိုက်ကြပါအုံး” ကိုတင်ထွန်းအောင်ရဲ့မျက်နှာရှေ့မှာ ကင်မရာတွေဝဲလာတယ်။ မှတ်တမ်းတင်တဲ့သူကတင်၊ဓါတ်ပုံရိုက်တဲ့သူတွေကလည်း တဖြတ်ဖြတ်ရိုက်၊ အဲ့ဒီအရာရှိနဲ့သူ့ရဲ့လူ နှစ်ယောက်က၊စာအိပ်ထူကြီးထဲက ဓါတ်ပုံတွေကို တခုခြင်းထုတ်ပြီး ကျောင်းသားတွေရဲ့မျက်နှာတွေနဲ့တိုက်ကြည့်တယ်။ ကျောင်းသားတွေကိုတယောက်ပြီးတယောက်ဆွဲထုတ်ပြီး အဆင့်ဆင့်ခွဲထားတဲ့၊အချုပ်ကားကြီးတွေပေါ်ကို ဖမ်းတင်လိုက်ကြတယ်။ ကျောင်းသားတွေရဲ့ရင်ထဲမှာ၊အဲ့သလို မိန်းမလိုမိန်းမရပြောတတ်တဲ့ ဗီလိန် ဝင်းညွှန့် လို မျက်နှာနဲ့လူကို မှတ်မိနေဖြစ်ခဲ့ကြတယ်။

စစ်အာဏာသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကိုအသက်သွင်းလိုက်ပြီး၊မြန်မာ့ရုပ်သံမှာ သူ့ကိုပြန်တွေ့လိုက်ရတော့မှ…..“ အော် ဗိုလ်ချုပ်ခင်ညွှန့်ဆိုတာ ဒီသူတောင်းစား ကိုး----” လို့ သဘောပေါက်လိုက်မိတယ်။

ဘယ်လိုလုပ်မေ့လို့ရမှာလဲ။ ယမ်းနံ့တွေကြားမှာ အရာအားလုံးက သွေးပျက်ဘွယ်။နာကျင်စိတ်နဲ့အံကြိတ်လက်သီးဆုပ်ယုံကလွဲလို့ဘာမှမတတ်နိုင်တဲ့အချိန်မှာ သူတို့က ဓါတ်ပုံတွေတခုပြီးတခုထုတ်၊ကျောင်းသားတွေရဲ့မျက်နှာတွေကိုတရားခံရှာသလိုစေ့စေ့စပ်စပ်လိုက်ကြည့်၊ရိသလိုလို၊ထေ့သလိုလိုမျက်နှာပေးနဲ့--- စိတ်ကူးထဲမှာ အကြိမ်ကြိမ်ဖနှောင့်နဲ့ထပေါက်ခဲ့တဲ့မျက်နှာတခု

(၂)

ဒုတိယကြိမ်တွေ့ဘူးခဲ့တာက မန္တလေးမြို့မျက်စိနားနှာခေါင်းဆေးရုံမှာဖြစ်တယ်။အကျဉ်းထောင်ထဲမှာကျန်းမာရေးမကောင်းတဲ့သူငယ်ချင်းတယောက်၊မျက်စိဆေးရုံမှာတက်နေတယ်ဆိုတဲ့အတွက် သတင်းသွားမေးနေချိန်။ ဗိုလ်ချုပ်ခင်ညွှန့်လာမယ်ဆိုတော့၊လူနာလာမေးတဲ့သူတွေကို အကုန်ထွက်ခိုင်းတယ်။ ခင်မင်နီးစပ်တဲ့သူနာပြုဆရာမလေးကြောင့် ကျနော်တို့တတွေကတော့ဆေးရုံထဲက အခန်းတခုမှာဆက်လက်နေထိုင်ခွင့်ရခဲ့တယ်။

ခွဲစိတ်ခန်းတွေထဲကိုဝင်ကြည့်ပြီးသိတ်မကြာပါဘူး။ ဗိုလ်ချုပ်ခင်ညွှန့်တို့တတွေပြန်သွားခဲ့ကြတယ်။သူပြန်သွားတော့ ထုံးစံအတိုင်း အတင်းတွေတိုးတိုးတိုးတိုးကျန်နေခဲ့တယ်။ စစ်အုပ်စုနဲ့နီးစပ်တဲ့ဆရာမလေးတွေကတော့ “ဟယ် လက်ကလေးတွေကို နုနေတာပဲ” လို့ ဆိုကြသလို၊စစ်အာဏာရှင်တွေကိုဆန့်ကျင်တဲ့ဆရာဝန်တွေ၊ ဆရာမတွေကတော့“ အောင်မလေး၊သူတို့အလှည့်ကျတော့ ကြောက်တတ်လိုက်ကြတာ။ ခွဲခန်းထဲဝင်တာတောင် ဆေးရုံကပေးတဲ့ Mask တွေကိုမသုံးရဲဘူး” တဲ့။တကယ်တော့ ပြည်သူတွေကို သူတို့မယုံပါဘူး။ ပြည်သူတွေက၊သူတို့ကို မုန်းတီးနေတယ်ဆိုတာကို သဘောပေါက်နေသလို၊ အချိန်မရွေးလုပ်ကြံခံရနိုင်တယ်ဆိုတာကိုလည်း နားလည်နေပုံရတယ်။

(၃) တတိယအကြိမ်ကတော့ တကယ့်ကိုမှတ်မှတ်ရရပါ။ ၁၉၉၅ ဒီဇင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတော့၊ ကျနော်တို့တတွေ ပင်းယဆောင်နဲ့ ပဲခူးဆောင်က သူငယ်ချင်းတွေဆီမှာ၊ညပေါင်းများစွာအိပ်ဖြစ်ခဲ့ကြတယ်။ အဆောင်အသီးသီးမှာ တီးဝိုင်းတိုက်နေကြတယ်။ စစ်အာဏာရှင်တွေကိုဆန့်ကျင်နေကြပေမဲ့ ကံ့ကော်ရနံ့သီချင်းသံတွေ၊ လတ်ဆတ်မှုနဲ့ရင်ခုန်ခြင်းအိပ်မက်တွေကြားမှာ ကျောင်းသားတွေ နုပျိုတက်ကြွနေကြတယ်။ ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ တက္ကသိုလ်ဆောင်တွေပေါ်ကို ကျီးကန်းအုပ်တွေနဲ့ ငှက်ဆိုးတွေ ပျံဝဲလာခဲ့တယ်။ ဗိုလ်ချုပ်ခင်ညွှန့်က “မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေရဲ့ညနေစာ စားပွဲတွေကိုကျင်းပပြီး လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ညနေစာလာစားလေ့ရှိတယ်။သူက စစ်ကိုင်းဆောင်ကျောင်းသားဟောင်းလို့ဆိုတယ်။ ဟုတ်သလားမသိပါဘူး။သူတို့မှာ လံကြုတ်ဇာတ်လမ်းတွေကလည်းအများသားဆိုတော့ မြစ်ထဲရေရှိတယ်ပြောရင်တောင်မှပြေးကြည့်ရအုံးမှာ။ ကားပေါ်ကနေ ဆင်းလာတဲ့သူ့ရဲ့ပုံ ကို ကြည့်ရတာ၊ ကိုယ့်ဘာသာ ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံပဲ။ ကျောင်းသားတွေက သူ့ကို မျက်စောင်းထိုးကြည့်နေလည်း၊သူကပြုံးပြီးလက်ပြနှုတ်ဆက်တယ်။ (သတင်းမှတ်တမ်း ကင်မရာတွေက ရိုက်နေတော့ သေချာလုပ်တာနေမှာပေါ့လေ)သူတို့ကလည်းသေချာပေါက်တွက်ထားပုံရတယ်။ ဒီမျိုးဆက်ပြီးရင်၊တက္ကသိုလ်ကျောင်းသားတွေကိုသူတို့ပြန်ထိန်းချုပ်လို့ရပြီလို့။ ထင်နေတယ်။မကြာဘူး။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုထဖြစ်တော့တယ်။၁၉၉၆ ဒီဇင်ဘာ (၃၁) သတင်းစာရှင်းလင်းပွဲမှာ မျက်နှာတခုလုံးမဲပြီး စိတ်ပျက်ဒေါသထွက်နေတဲ့သူ့ပုံကိုကြည့်ပြီးကျောင်းသားတွေသဘောကျခဲ့ကြတယ်။

အော်---ခုတော့လည်း ရွာကဘုရားဖူးလာတဲ့အဘ အပူရှပ်ပြီး ရှောင်တခင်ခင်ဖြစ်နေတုံးအာဏာပိုင်တွေက ခေါ်ယူမေးမြန်းခံရတဲ့အဖြစ်လိုဖြစ်နေတော့တယ်။ ( ဖြစ်နိုင်တာကတော့ အတိုက်အခံတွေအပေါ် ဘယ်လိုမာယာသုံးပြီး ဖြိုခွဲသင့်သလဲ သွားမေးတာနဲ့တူပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့် ကို မာယာညွှန့်အဖြစ်လူသိများတာမို့လား)

ဗမာပြည်မှာ၊ညအချိန်မတော် ငှက်ဆိုးထိုးသံလိုရောက်လာပြီး ခြိမ်းခြောက်နှိပ်စက်ခံရမှုမျိုးစုံနဲ့ မိသားစုတွေဖရိုဖရဲဘဝပျက်ခဲ့ကြတယ်။ စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နှိပ်စက်နည်းပေါင်းစုံနဲ့ နိုင်ငံရေးလုပ်သူတွေကို ဘဝတွေကျိုးကြေစုတ်ပြတ်သွားအောင်၊အဓိက ကျူးလွန်ခဲ့သူတွေက စစ်ထောက်လှမ်းရေးတွေပါပဲ။ သူတို့ကို ခွင့်လွှတ်စိတ်နဲ့တွေးကြည့်ဖို့ဆိုတာတော်တော်လေးကိုခက်တဲ့ကိစ္စပဲ။တခုတော့ရှိတယ်။အာဏာပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်ထွက်ပြေးခဲ့ရတဲ့စစ်ထောက်လှမ်းရေးဟောင်းတွေက ဗိုလ်ချုပ်သန်းရွှေနဲ့အမာခံလူတွေကို လုပ်ကြံသတ်ဖြတ်ပြနိုင်မယ်ဆိုရင်တော့ ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။ကဲ စစ်ထောက်လှမ်းရေးဟောင်းများ ဘယ်လိုလဲ။တချိန်တုံးက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အတွက် ပြန်လည်ခံစားမှုသီချင်းတွေအောက်မေ့ရင်း ဘဝသစ်တခုကို လိပ်ပြာသန့်သန့် တွယ်ဖက်စေချင်ပါတယ်။

အောင်မိုးဝင်း