Wednesday, December 1, 2010

ပု ဆိုး လေး ပြင် ဝတ် မိ တာ တောင် စီစီတီဗွီ ထဲ မှာ ၊ ဟာ ၊ ခု န က ဗုံ့း ၂ လုံး တွေ့ လိုက် တယ် ဆို ပြီး .....

ခုလို ဒီဇင်ဘာ လ များ ရောက်ပီ ဆို ရင် ၊ မြောက်လေ သွေး လို့ အေး လှ ပြီ ပေါ့ ဗျာ။မေးရိုး လေး များ ခိုက်ခိုက် တုန် အောင် ၊ အအေး ဓါတ် က ပို လာ သကိုး ဗျ။ဟို နား ဒီ နား ကြည့် လိုက် ရင် လဲ ၊ လူ တွေ ကစောင် လေး တွေ ခြုံမီးဖို လေးတွေ ဖို ပြီး ၊ ချမ်းလွန်း လို့ မီး လှုံ နေ ကြ ရ သဗျာ ။

မနက် စောစော နှင်းငွေ့တွေ အကြား ၊လတ်ဆတ် တဲ့ ဆောင်း လေ အေး အေး ကို ရှု ရှိက် ရင်းသက်ကြီလူကြီး ၊ ခလေး လူ ငယ် မရွေး စောစော ထ လို့ ကျန်းမာ ရေး အတွက်အင်းယားကန် ၊ ကန်တော်ကြီး ၊ ကန် ဘောင် နံဘေး တွေ မှာမနက်စောစော ၊ လမ်း ထွက် လျောက် ကြ တဲ့လူ တွေ မနဲ ပါ ဗျာ။

ဒီ ဆောင်း ရ နံ့ ၊ ဒီ ၊ ဆောင်း မြင်ကွင်း တွေ က ဟို အရင် နှစ် က မြင်ကွင်း ကို ပြော တာပါ။အခု နှစ် ၊ ရန်ကုန်ဆောင်း က တော့ တမူ ပြောင်း ပြီ ထင် ရ ပ ဗျာ ၊ မယ် မယ် ရ ရ တခါ မှမ အေး ၊ ဆောင်း လေအေးတို့ ဘယ် ကို များ ပြေး ကုန် တယ် မသိတော့ ပါ ဗျာ။နေ့လဲ ပူစပ် ပူလောင် ၊ ည လဲ ပူစပ် ပူ လောင် ၊နွေ နဲ့ နင်လား ငါ လား ၊ည ည ၊ တိုက် ခန်း ထဲ အိပ် ရ တာ ချွေး ပြန် ၊ နေ့ ခင်း ဘက် ဘတ် စ ကား တိုး စီးရတာချွေးပြန် ၊ တော် တော် ပူ တဲ့ ဒီဇင်ဘာ လ ဗျာ ၊ ဘယ် နဲ့ များ ဖြစ် ကုန် တယ် မသိပါ။

အယ်လီညို ၊ လာ နီ ညို ၊ မူးသစ်ညို ၊ အကုန်လုံး ဘဲ ၊ ဆုံ ကျ နေ ပ လား မသိပါ ဗျာ။ပြီးခဲ့ တဲ့ နွေ ကာ လ အပူလှိုင်း က ၊ အခု ဒီဇင်ဘာ ထိ ဆက် နေ ဆဲ ထင် ရ ပ ဗျာ ၊စူပါမါးကက် တွေ ၊ အပါတ် စဉ် ထုတ် ဂျာနယ်တွေ မှာ အနွေးထည် မိုဒယ် အသစ် တွေတံဆိပ် အမျိုးမျိုး ကြေငြာ နေတာ တွေ က ၊ စာ ဖတ် ပရိတ်သတ် ကို ရန် စ နေကြ ပ ဗျာ။

အင်း ၊ အမေ စု လွတ် လာ ပြီး ၊ ကျွန်တော်တို့ ထူးထူး ခြားခြား ရရှိ ခံစား ရတာ က တော့လှည်းတန်း မီးပွိုင့် မှာခါတိုင်း ထက် ကား ပို ကြပ်လာပါတယ် ၊ အရင် က မီး ပွိုင့် တခါလွှတ်လို့ မိနစ် ၂၀ လောက် စောင့် ရ တာ ၊အခု များ တော့ လေးဆယ့်ငါး မီနစ် အနဲလေးပေါ့ဗျာ ၊ မီးပွိုင့် တခါ မိလိုက်ရင် ၊ ဘတ်ကားပေါ် မှာ ချွေးတလုံးလုံး နဲ့ အနေ ရ ခက် ပ ဗျာ

အရင် က တက်ကသိုလ် ရိပ်သာလမ်း က ပိတ်ထား ခဲ့ တော့ ၊ အဲဒီ ဘက် က ကား လာ တာနည်းပါတယ် ၊အခုများတော့ ၊ ဒီ လမ်းမကြီး ပြန် အဖွင့် မှာ ၊ အင်းယားလမ်း မီးပွိုင့် နဲ့လှည်းတန်း မီး ပွိုင့် အကြား ကားတန်းက အရှည်ကြီး တိုး လာ ပါ တယ်။အင်း အခု အပါတ်ထဲ တက်ကသိုလ်တွေ ပြန်ဖွင့် လာ ရင် ၊ ကားတန်းကြပ်တာပို ပြီး ကြာ ၊ ပို ဆိုး ဘို့ များ ပါ တယ် ခင် ဗျာ။

အခုရက် ပိုင်း ၊ အရောင်း အဝယ် တွေ ပါး သဗျာ ၊ သီတင်း ကျွတ် မို့ ၊ ရောင်း ရ နိုးတန်ဆောင်တိုင် မို့ ရောင်းရနိုး ၊ မျော် ကိုး ခဲ ရ သမျှ ၊ အဆင် မပြေ ပါ ခင် ဗျာ။ဒီ ကြား ထဲ ၊ ဟို က ဗုံး ပေါက် ၊ ဒီ မှာ ဗုံး တွေ့ ဆိုတော့ လဲ ၊ လူ သိပ် စည် မဲ့ဈေးတန်း ၊ ပွဲ တော် တွေ ဆို ရင် ၊ သိပ် မသွား ဝံ့ကြ ပါ ခင် ဗျာ။

ပစ်စည်းတွေ မရောင်း ရ ဘူး ပြော ကြ ပေ မဲ့ ၊ ခု ကာ လ အရောင်း အသွက်ဆုံး ကစီစီတီဗွီ ကင်မရာ တွေ ပါ။ဗုံးတွေ ပေါက်ပြီး နောက်ပိုင်း လုံခြုံ မှု အတွက် ၊ အဲဒါ တွေအများကြီး ဝယ် သုံး ကြ ပါတယ် ။ သူ က လဲ ၊အခုပေါပေါ လေး ရယ် ၊ကင်မရာ ၁၆ လုံး တပြိုင်နက် ကြည့် နိုင် တဲ့ စက် က မှ ငါးသိန်းကျော် လေး ပါ။ရုံးတွေ၊ ဆိုင်တွေ မှာ အများကြီး သုံး လာ ကြ ပါ တယ် ၊ အထဲ က အရုပ် အသံ ဖမ်းတဲ့ ဟဒ်ဒစ် က လဲ ၊တလကျော် အချိန် စာ လောက် ၊ တောက် လျောက် မှတ်တမ်းထားလို့ ရ ပါ သတဲ့ ဗျာ ၊ တခု ခု ဖြစ် ရင် ၊ အဲ ဒီမှတ်တမ်းတွေ ပြန်ကြည့် လို့ ရ ပါ သတဲ့

အင်း တကယ် တော့ ၊ အဲ ဒါ က လဲ ပြ သနာ ပါ ဘဲ ၊ စီစီတီဗွီ တပ်ထား တဲ့ ဆိုင် တို့အင်တာနက်ဆိုင် တို့ ၊ ရုံးတို့ကို လူ ချင်း မသိရင် ၊ လုံးဝ မသွား တာ ကောင်း ပါ တယ်။တလောက မြို့တော်ခန်းမ အနား ကအင်တာနက် ဆိုင် မှာ ဗုံးတွေ့ တာစီစီတီဗွီ ကင်မရာ ကောင်း မှု နဲ့ ဂါတ်တဲ ကို ခေါ် ပြီး ၊ မင်္သကာမှု နဲ့အရိုက်ခံ ရ တဲ့ လူ တွေ မနည်း ဘူး လို့ ကြား ရ ပါ သဗျာ ၊

ဗုံးတွေ့ ပြီး ၊ အဲ ဒီ အချိန် ၊ ဝန်းကျင် ၊ အင်တာနက် ဆိုင် ကို လာ တဲ့ လူ ဓါတ်ပုံတွေ ကို ၊ကင်မရာထဲ က ဟဒ်ဒ်စ်က နေ ပြန်ကြည့် ၊ လူဆိုးလို့ ထင် ရ တဲ့ လူ တွေ ပုံ ကို ရှာ ၊ဆိုင် က ဒီလူ ကို မသိဘူး လို့ ပြော တဲ့ လူဓါတ်ပုံတွေ ပရင့်ထုတ်ပြီးစံရှား နဲ့ ဒိန်းဒေါင် တွေ ပေါင်းပြီး ၊ တွေ့ သမျှ ၊ ဒီ တခါတော့ ၊ ဒီ လူ သေချာ ပြီ ပြောပြီးဂါတ်တဲ မှာ ခေါ် ခေါ် ပြီး ၊ ရိုက် စစ် နေ တာ ၊ နောက် ဆုံး တော့ ၊( မှား တဲ့ အခါ လဲ ၊ မှား ပေ မ ပေါ့ )ဆိုပြီး ပြန် လွှတ် ပေး လိုက် ရ တာ မနည်း ပါဘူးတဲ့ ခင်ဗျာ ၊ သူ တို့ က မှား သွားတယ် ပြော ပေ မဲ့ ၊ ခံ ရ တဲ့လူ က မသက်သာပါခင်ဗျာ

ဒီ တော့ ၊ ပြသနာ ကင်းချင် ရင် ၊ အဲဒီ စီစီတီဗွီ တွေ အနား လုံး ဝ မသွား ကြ ပါ နဲ့ ဗျာ။မတော် လို့ ၊ ကိုယ် ဟာကိုယ် ၊ ပု ဆိုး လေး ပြင် ဝတ် မိ တာ တောင်စီစီတီဗွီ ထဲ မှာ ၊ ဟာ ၊ ခု န က ဗုံ့း ၂ လုံး တွေ့ လိုက် တယ် ဆိုပြီး ၊ စွပ် စွဲ ခံ ရရင်ပြသနာ ပိုင်း က ၊ အတော် ကြီး သွား နိုင် ပါ တယ် ခင် ဗျာ၊ ဂရုစိုက်ကြပါ ခင်ဗျာ။

အခုဆို ရန်ကုန်မှာ သဌေးတွေ ၊ ကြီးကြီး မာစတာ တွေ ၊ မင်းစိုးရာဇာ တွေ အိမ် တွေ မှာဒီ စီစီတီဗွီ ကင် မရာတွေ တပ် လာ ကြ တာ ၊ ဖက် ရှင် တခု လို ဖြစ် နေပါဘီ။တအိမ်လုံး ကို ထိုင် ရ မထ ၊ အိမ်ဖော် တွေ ဘာလုပ် နေ လဲ ၊ ခြံ ပေါက် ဝ ကဘယ် သူ လာ လဲ ၊ အကုန် လုံး တွေ့ နိုင် တဲ့ ၊ နတ်မျက်စိ မျိုး ရ နေ ကြ ပေါ့ဗျာ

ဒီ ကင် မရာ တွေ က လဲ ၊ ကင် မရာ မှန်း ကို ပုံ ဖမ်း လို့ ၊ မရ တော့ ပါဘူးဘူး ကလေး လို လို ၊ မီး လုံး လေး လိုလို ၊ တချို့ များ ဆို ည ဘက် ပါမီး ထွန်း စရာ မလို ဘဲ ၊ ညဘက် ကို ၊ ဒီ အတိုင်း ၊ မြင်နိုင် တယ် ဆို ဘဲ ခင်ဗျ။

ဒီ ဟာ တွေ ကြောင့် ၊ အရာရှိကြီး တွေ အိမ်တွေ မှာ၊ မမ တို့ အတွက် အတော် အဆင်ပြေသွား ပါ သတဲ့ ဗျ။ခြံပေါက်ဝ မှာ တော က အမျိုးတွေ လာရင် ၊ မြို့ ထဲ က အမျိုး တွေကအလှူ မှာ မုန့်ဟင်းခါး ၊အုံန်းနို့ခေါက်ဆွဲ ချက် လို့ ၊ ချိုင့် ကြီး ချိုင့် ငယ် တွေ နဲ့ လာ ပို့ရင် ၊ စီစီတီဗွီ ထဲ မှာ အသေးစိတ် အထင်းသားတွေ့ နေ ရ တော့ ၊ မမ ကဟဲ့ မိထွေး ၊ သွား စမ်း ၊ မြန်မြန် ၊ အိမ် ရှင်တွေ ၊ မရှိဘူး ၊ ပြောလိုက်စမ်းဘယ် က ဟာ တွေ မှန်း မသိ ဘူး ၊ ရှုပ် ရှုပ် ရှက် ရှက် ဆို ပြီး ပြော လိုက် ပါ တယ်။အိမ်ဖော်ကောင်မလေး က လဲ ၊ သူ့ ကို သင်ပေးထားတဲ့ အတိုင်း ၊ ဟာ ၊ ကျွန်မတို့ဘဘ နဲ့ မမ က ၊ ဒီလိုမျိုး တွေ လက်ခံလေ့ မရှိပါဘူး ရှင်၊ သီး ခံ ပါ နော်အရမ်း အားနာပါတယ် နော် ၊ လက် မခံ ရ ပါစေ နဲ့ ရှင်၊ကိတ်စ ရှိရင် ၊ ရုံး ကို ဘဲသွားကြပါ ရှင် ၊ ဘဘ နဲ့ မမ က စည်းကမ်း အရမ်းကြီးလို့ ပါ တဲ့ခင်ဗျ

အဲ ၊ အဲ ၊ ခြံပေါက်ဝ က ဧည့်သည် လာလို့ စီစီတီဗွီ ကင်မရာ ထဲ မှာ ၊ ကတီပါဘူး သေးသေးလေး ကို ဖဲကြိုးလေး စည်းပြီး ၊ ကိုင်လာ တာ ကို ၊ မမ က တွေ့ လိုက် လို့ က တော့ဟဲ့ မိထွေး ၊ သွားစမ်း ၊ တံခါး ကိုမြန်မြန် ဖွင့် စမ်း ၊ ဧည့်သည်တွေ ခြံပေါက်ဝ မှာစောင့်နေရတာ ကြာရင် ၊ အားနာစရာကြီး ၊ ဟီးဟီး ဆိုပြီးလေ သံ တမျိုး ပြောင်း ပြန် သဗျ။

မမ စိတ်ထဲ မှာ တော့ ၊ ဘူး နီနီ ကလေး ထဲ က ဘာ များ လဲ ၊ နားကပ်လေးလား ၊လော့ကက်သီးလေးလား၊ဆွဲကြိုးလေး များလား ၊ ဟီ ဟီ ဟီ ၊ စိတ် ကံစမ်းမဲ နှိုက်ရင်းဟင်း ဟင်း ၊ သေး သေးလေး နဲ့ ကြီး ကြီး လေး ဖြစ် စမ်း ပါစေ ၊ တော် ၊ တဲ့ ခင်ဗျအော် ၊ စီစီတီဗွီ ကင် မ ရာ ၊ အစွမ်း နဲ့ အခု မှ ၊ဒိတ်ဗ စက်ခု ရ နေ ကြ သကိုး ဗျ ။

ခေတ် က ပြောင်း လာတော့ နည်းပညာ ပိုင်းတွေ ပြောင်း ၊ အထူး သဖြင့် အီလက်ထရောနစ်နဲ့ ကွန်ပျူတာပိုင်းမှာ အတော်ပြောင်း သွား ပ ဗျာ ။ ဘာ ပစ်စည်း မှ ဝယ် ရ တာ မတန်တော့ ပါ ။ သိပ် သုံး ချင်ရင်တော့ ၊ ဝယ်ပေါ့ ဗျာ ၊ ဒီ ထက် ပို ကောင်း တာ ကို ပိုပြီးဈေးချိုချို နဲ့ သုံးချင် ရင် တော့ ၊ ခန လေး စောင့်ပါ လို့ ပြော ရ မလို ပါ ပ ဗျား ။


မြန်မာကျူပစ်ရီပို့တာ

1 Dec 2010 ဒိုင်ယာရီ

http://www.mediafire.com/file/s9o69bkvxu7zgmi/1%20Dec%202010%20Yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/bg7ta77pyu0d3ry/1%20Dec%202010%20Yeyintnge%27s%20Diary.doc

1 Dec 2010 Yeyintnge's Diary

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ Foreign Policy မဂ္ဂဇင်းကြီးသို့  ပေးပို့ သော ဗွီဒီယိုစကားပြောမှတ်တမ်း (မြန်မာဘာသာ ပြန်ဆိုချက်)။



ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှ ထုတ်ပြန်ကြေညာသော ၂၀၁၀ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အယောက် (၁၀၀) တွင် ပါဝင်သည့် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ သော ဗွီဒီယိုစကားပြောမှတ်တမ်းအား မြန်မာဘာသာသို့  ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါသည်။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ သော ဗွီဒီယိုစကားပြောမှာ -

ယခုလို နေ့ ရက်မင်္ဂလာအချိန်အခါသမယမှာ ကျွန်မအနေနဲ့  (ဗွီဒီယိုမှ တစ်ဆင့်) နှုတ်ခွန်းဆက်စကား ပြောဆိုခွင့်ရတဲ့အတွက် အထူးကြည်နူးဝမ်းမြောက်ရပါတယ်။ အကယ်လို့ သာ လူကိုယ်တိုင် တွေ့ ဆုံပြောကြားခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ပိုမိုပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်မိမယ်ဆိုတာ ကျိန်းသေပါတယ်။

နိုင်ငံတကာဆက်ဆံရေး မူဝါဒရေးရာဆိုင်ရာ မဂ္ဂဇင်းကြီးမှ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင်များ အယောက် (၁၀၀) ဖေါ်ပြတဲ့အထဲမှာ ကျွန်မအားလည်း ထည့်သွင်းဖေါ်ပြထားတာ သိရှိရတဲ့အတွက် အထူးကျေးဇူးတင်ရှိရသလို တန်ဖိုးထား လေးစားစွာနဲ့  ဂုဏ်ယူမိပါတယ်။

ကျွန်မအနေနဲ့  လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကာလအချိန်အတွင်းကို ဖြတ်သန်းခဲ့ရာမှာ များပြားလှစွာသော လုပ်ငန်းဆောင်ရွက်စရာများအကြားမှ လက်တွေ့ ဘ၀အနေနဲ့  မြောက်မြားလှစွာသော လေ့လာဆည်းပူးမှုများ တွေးခေါ်သုံးသပ်မှုများ ဆင်ခြင်ဆုံးဖြတ်မှုများ အကောင်အထည်ဖေါ်ဆောင်မှုများကို အလျင်မီအောင် ကြိုးစားဆောင်ရွက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာ ကာလအတွင်း ကျမရဲ့ဘ၀က အတွေးအမြင် ဆင်ခြင်တုံတရားနှင့် ရှုမြင်သုံးသပ်အဖြေရှာတဲ့ အချိန်ကာလနဲ့ အကောင်အထည်ဖေါ်စရာတွေ လက်မလည်အောင် များလွန်းလို့ အတွေးအမြင်တွေကို တွေးတောကြံဆဖို့ အချိန်မပေးနိုင်တဲ့ ကာလ နှစ်ခုကြားမှာ ဖြတ်သန်းလာခဲ့ရပါတယ်။

အဆိုပါ နှစ်အချိန်အခါသမယတွေကို ဖြတ်သန်းရင်းနဲ့  ကျွန်မအနေနဲ့  အမြဲတမ်း ယုံကြည်လက်ခံတဲ့ တွေးခေါ်ခံယူချက်ကတော့ ကျွန်မတို့ အားလုံးဟာ အခြေအနေတိုင်း လုပ်ရပ်တိုင်းမှာ တိုးတက်အောင်မြင်ဖို့ အတွက် အတူတစ်ကွ လက်တွဲဆောင်ရွက်ကြရမယ်ဆိုတဲ့ ခံယူချက်ဘဲ ဖြစ်ပါတယ်။ ဒီခံယူယုံကြည်ချက်ဟာ ကျွန်မအနေနဲ့ မှ စတင်ပြောဆိုတာ မဟုတ်ဘဲ ယခင့် ယခင်ကတည်းက လူ့ ဘောင်အတွင်းမှာ ပေါ်ပေါက်နေတဲ့ ထာဝစဉ် သင့်လျော်မှန်ကန်နေတဲ့ အတွေးအခေါ်ဘဲ ဖြစ်ပါတယ်။ လူသားအချင်းချင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ယိုင်းပင်းကူညီကြရမယ်၊ ပူးပေါင်းဆောင်ရွက်ကြရမယ်ဆိုတဲ့ ဒီ တွေးခေါ်ခံယူချက်ဟာ အမြဲတန်း ရှင်သန် မှန်ကန်နေမယ့် အတွေးအခေါ်ဘဲ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့  လွန်ခဲ့သော (၇) နှစ်တာ ဖြတ်သန်းခဲ့ရသောကာလတစ်လျှောက်မှာ အထူးသဖြင့် ကမ္ဘာလောကကြီးမှာ ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့တဲ့အချိန်ကာလတစ်လျှောက်မှာ ဒီလို တွေးခေါ်သုံးသပ်မှုတွေ ဖြတ်သန်းတွေ့ ကြုံမှုတွေ ဖြစ်ပေါ်ပြောင်းလဲမှုတွေအကြောင်းကို မိတ်ဆွေအပေါင်းနဲ့  ဆုံတွေ့ ပြောကြားဖလှယ်ခွင့် ရခဲ့မယ်ဆိုရင် အင်မတန် ကြည်နူးစရာကောင်းမှာဆိုတာကို ပြောကြားလိုပါတယ်။

ယခုလ နိုဝင်ဘာလ (၁၃) ရက်နေ့ က နေအိမ်အကျယ်ချူပ်ဘ၀ကနေ ပြင်ပလောကကို ပြန်လည်တွေ့ ဆုံလာနိုင်တဲ့အနေအထားမှာ ကျွန်မအနေနဲ့  ကမ္ဘာလောကအသစ်ကြီးကို ရောက်ရှိလိုက်ရသလို ခံစားမိရပါတယ်။ ဒီလို ပြင်ပကမ္ဘာလောကသစ်ကြီးကို ကျွန်မ ပြန်လည်ရောက်ရှိလာချိန်မှာ ကျွန်မကို လာရောက်တွေ့ ဆုံ အားပေး နှုတ်ဆက်ကြပြီး ကျွန်မတို့ အားလုံးရဲ့  ရည်မှန်းချက်တွေအတွက် ပံ့ပိုးမှုတွေ လာရောက်ပြောဆိုဆောင်ရွက်ကြတဲ့သူအထဲမှာ ကျွန်မနဲ့  ယခင်အချိန်တွေတုန်းကတည်းက လက်တွဲလုပ်ဆောင်ခဲ့ကြသူတွေသာမက နုပျိုလန်းဆန်းသော ငယ်ရွယ်သူ မျိုးဆက်သစ်ပေါင်းများစွာကို တွေ့ ရှိရပါတယ်။ ကျွန်မတို့ ရဲ့  မျိုးဆက်အသစ်အသစ်တွေ အဆက်ဆက် ပေါ်ပေါက်နေတာလို့  အချိန်ကာလပြောင်းလဲမှုနဲ့ အတူ ကျွန်မ တွေ့ မြင်မိပါတယ်။ မျိုးဆက်သစ်လေးတွေဟာ ကျွန်မတို့ ရဲ့  လောကလူ့ ဘောင်သစ်ကြီးကို လက်ဆင့်ကမ်း ဦးဆောင်သွားကြမယ့်သူတွေလို့  ကျွန်မအနေနဲ့  လက်ခံယုံကြည်ပါတယ်။

လက်ရှိအချိန်ကာလအတွင်းမှာ မျိုးဆက်သစ်လူငယ်လူရွယ်လေးတွေဟာ ပြောင်းလဲနေတဲ့ ကမ္ဘာ့လောကသစ်ကြီးအတွင်းမှာ ခေတ်မှီနည်းပညာ တိုးတက်ပြောင်းလဲမှု (IT – Information Technology) တွေကို အခြေခံ ကျင့်သုံးနေကြ ထိတွေ့ ကျွမ်းကျင်နေကြတာဟာ ကျွန်မထက် အဆပေါင်းများစွာ သာတယ်ဆိုတာ ကျွန်မအနေနဲ့  ပြောကြားလိုပါတယ်။ ဒီဟာဟာ ကျွန်မတို့ အတွက် အင်မတန်အားရကျေနပ်စရာဖြစ်သလို အထောက်အကူ အပြည့်အ၀ ပံ့ပိုးမှု အပြည့်အ၀ ဖြစ်စေပါတယ်။ ဘာလို့ လည်းဆိုတော့ ခေတ်မှီနည်းပညာ တိုးတက်ပြောင်းလဲမှု (IT – Information Technology) ဟာ မျိုးဆက်သစ်တွေ ခေတ်မှီနည်းပညာတိုးတက်မှုတွေဟာ လူတန်းစားအလွှာအသီးသီး မျိုးဆက်သစ်အဆက်ဆက်ကို အပြန်အလှန် ဆက်သွယ်ရေးမှာ ပိုမို အဆင်ပြေ ချောမွေ့ စေတယ်၊ ပိုမိုအထောက်အကူ ဖြစ်စေပါတယ်။

ကျွန်မ ယခုလို ပြောကြားမှုတွေဟာ ယနေ့  ထုတ်ပြန်ကြေညာတဲ့ ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ပညာရှင်များအတွက် ကြောင်းကျိုးခိုင်လုံသင့်တော်သော အထောက်အကူပြု ပြောကြားချက် ဖြစ်မဖြစ်ဆိုတာ ကျွန်မအနေနဲ့  ပြောဆိုတာထက် ကျွန်မအနေနဲ့  အဓိက ပြောချင်တာကတော့ ကျွန်မအနေနဲ့  လွတ်လပ်မှု ပျောက်ကွယ်နေခဲ့ရတဲ့ နေအိမ်အကျယ်ချူပ်ကျနေစဉ်ကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ လောကလူ့ ဘောင်သစ်ကြီးမှာ ဖြစ်ပေါ်နေမှုတွေကို အတူတစ်ကွ ဖြတ်သန်းနေကြတဲ့ မျိုးဆက်သစ်တွေဆီကနေ သူတို့ ရဲ့  တွေးခေါ်မှုတွေ ပြောကြားချက်တွေ အတွေ့ အကြုံတွေ ဖလှယ်မှုတွေ လေ့လာတတ်ကျွမ်းတွေကို ပြန်လည် နားထောင်ဖို့  သင်ယူလေ့လာဖို့  သုံးသပ်ဆင်ခြင် စဉ်းစားဆုံးဖြတ်ဖို့  ကျွန်မအနေနဲ့  အသင့်ရှိနေတယ်ဆိုတာ အသိပေး ပြောကြားလိုပါတယ်။ ဒီလို ရရှိလာမယ့် သင်ယူလေ့လာမှုတွေနဲ့ အတူ ကျွန်မတို့  အားလုံးဟာ ဆုံးခန်းတိုင်မှု မရှိတဲ့ တွေးခေါ်သုံးသပ်မှုတွေကို ထပ်ကာတလဲလဲ ကျင့်သုံးဆောင်ရွက်နေရမှာ ဖြစ်သလို၊ ဒီလို တွေးခေါ်သုံးသပ်မှု ဆုံးဖြတ်ချက်တွေဟာ ပြီးဆုံးသွားမှာ အဆုံးသတ်သွားမှာ မဟုတ်ပါဖူး။ ကျွန်မတို့ ရဲ့  မွန်မြတ်လှတဲ့ လူသားသဘာဝအရ ကျွန်မတို့ အားလုံးရဲ့  စိတ်နှလုံးအတွင်းမှာ အစဉ်အမြဲ ဆက်လက် ပေါ်ပေါက်ရှင်သန်နေမှာ ဖြစ်ပါတယ်။

ကျမတို့ဟာ အဖန်တလဲလဲ ပြန်လည်တွေးတော ဆင်ခြင်သုံးသပ်နေရမှာ ဖြစ်တယ်။ တွေးတောဆင်ခြင်ဆန်းစစ်မှုဆိုတာ ဘယ်တော့မှ ဆုံခန်းသွားတယ်ဆိုတာ မရှိပါဘူး။ အဆုံးသတ် ဆုံးဖြတ်ချက် ကောက်ချက်ရယ်လို့လည်း ဘယ်တော့မှ သတ်မှတ်လို့ မရပါဘူး။ ဒါသည်ပင် ကျမတို့ရဲ့ နှလုံး၊ စိတ်ဝမ်းထဲမှာ ဘက်ပေါင်းစုံနဲ့ ရှေ့ဆက် တွေးတောဆင်ခြင်သုံးသပ်ကာ သွားနေရမည့် လူသားသဘာဝရဲ့ အလှတရား ဖြစ်ပါတယ်။

ကျွန်မ ယခုပြောကြားတဲ့ ဒီ ခံယူသုံးသပ်တွေးခေါ်မှုတွေဟာ ကျွန်မအနေနဲ့ မိမိကိုယ်ကို အတွေးအခေါ်ပညာရှင်တစ်ဦး အနေအထားနဲ့  သူရဲ့  တွေးခေါ်မှုကို ထုတ်ဖေါ်ပြ ပြောဆိုပြနေတဲ့ ပုံသဏ္ဍန်မျိုး မဟုတ်ရပါဖူး။ ပြင်ပကမ္ဘာလောကသစ်ကြီးနဲ့  နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့ရတဲ့သူ တစ်ဦးအနေနဲ့  မိတ်ဆွေတို့ အားလုံးနဲ့  အတူတစ်ကွ ပူးပေါင်းဆောင်ရွက်လို့  ရမလည်း၊ မိတ်ဆွေတို့ ရဲ့  ထောက်ပံအားပေးမှုတွေ အကြံဥာဏ်ကောင်းတွေ ကူညီယိုင်းပင်းမှုတွေ အတူတစ်ကွ လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေ ခင်မင်ရင်းနှီးမှုတွေ ရရှိနိုင်မလည်းဆိုတာတွေကို သိရှိလိုသူတစ်ဦးအနေနဲ့  ပြောကြားမှုတွေသာ ဖြစ်ပါတယ်။

ကျွန်မ ယခုလို ပြောကြားမှုတွေအားလုံးဟာ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင်တစ်ဦးကနေ ပြောဆိုသင့်တဲ့ ပြောကြားချက် ပီသ မပီသဆိုတာထက် ကျွန်မရဲ့  ရင်တွင်းနှလုံးသားကနေ နက်နက်ရှိုင်းရှိုင်း ထွက်ပေါ်လာတဲ့ ပြောကြားမှု ဖြစ်တာမို့  မိတ်ဆွေတို့ အားလုံးအနေနဲ့  ကျွန်မရဲ့  ယခုလို ပြောကြားချက်တွေကို နားလည်ပေးလိမ့်မယ်လို့  ကျွန်မ မျှော်လင့်မိပါတယ်။ ကျေးဇူး များစွာတင်ရှိပါတယ်။

အောင်ဆန်းစုကြည်။

(မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား မြန်မာဘာသာသို့  ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ဘာသာပြန်ဆိုရာတွင် မူလပြောဆိုချက်များနှင့် ဆီလျော်မှု တစ်စုံတရာ မရှိ လွဲချော်မှု ဖြစ်မိပါက မြန်မာဘာသာသို့  ပြန်ဆိုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်။ မြန်မာဘာသာသို့  မငယ်နိုင်နှင့် ကိုနစ်နေမန်းမှ ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါတယ်)။


http://www.niknayman-niknayman.co.cc/

ဂီရိမုန်တိုင်းဒုက္ခသည်များကို ကနေဒါအစိုးရက ဒေါ်လာ ၅ သိန်းလှူမည်

2010-12-01
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီအရ ရခိုင်ပြည်နယ်က ဂီရိ မုန်တိုင်းဒုက္ခသည်တွေအတွက် ကနေဒါနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၅ သိန်းလှူဒါန်းဖို့ ရှိတယ်လို့ ကနေဒါ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက် မနေ့က ကြေညာပါတယ်။
RFA Listener)
ရခိုင်ကမ်းရိုးတန်းတွင် အောက်တိုဘာ ၂၂ ရက်က တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်း ဒုက္ခသည်များကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဆန်နှင့် အကူအညီများ ပေးဝေနေပုံ ဖြစ်ပါသည်။ (RFA Listener)
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည်တွေအပေါ် ကနေဒါနိုင်ငံအနေနဲ့ စာနာ နားလည်ပြီး အခုချိန်ထိ အရေးပေါ် အကူအညီတွေ လိုအပ်နေသေးတယ် ဆိုတာကြောင့် အခြေအနေတွေကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး Mrs. Beverley Oda က RFA ကို ပြောပါတယ်၊
ကနေဒါ နိုင်ငံအနေနဲ့ အမိုးအကာတွေ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေ၊ ရေသန့်စင်ရေး ပစ္စည်းတွေ အပါအဝင် အခြားလိုအပ်တဲ့ အကူအညီတွေပေးဖို့ ရှိပါတယ်။ ဒီအကူအညီတွေကို နိုင်ငံတကာ NGO အဖွဲ့တွေဖြစ်တဲ့ Save the Children နဲ့ MSF-နယ်စည်းမခြား ဆရာဝန်များအဖွဲ့ တွေကနေတဆင့် ပေးသွားမှာ ဖြစ်တယ်လို့ Mrs. Oda ကပြောပါတယ်။
ကနေဒါအစိုးရက လှုဒါန်းထောက်ပံ့မဲ့ ဒေါ်လာငွေ ၅ သိန်းကို အဲဒီအဖွဲ့နှစ်ခုက အကူအညီပေးရေး လုပ်ငန်းစဉ်အလိုက် တဝက်စီ လက်ခံရယူမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် လူပေါင်း တသိန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး အိုးအိမ်တွေ သောင်းနဲ့ချီ ပြီး ပျက်စီးခဲ့တဲ့အပြင် လမ်းတွေ၊ တံတားတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒုက္ခသည်တွေဆီ အရေးပေါ် အကူအညီတွေဟာ ရောက်သင့်သလောက် မရောက်ပဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂကလည်း ကြေညာထားပါတယ်။
http://www.rfa.org/burmese/news/canada_donates_5m_for_cyclone_victims-12012010114215.html

မူဆလင် တစ်ဦး ကျပ် ၁၀ သိန်းဖြင့် စစ်တပ်မှ ရန်ကုန်သို့ ပို့ဆောင် ပေးနေ


12/1/2010
-------------
ထွန်းထွန်း
-------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသည့် မူဆလင် ဘာသာဝင်များကို ဒေသခံစစ်တပ်မှ တဦးလျှင် ကျပ် ၁၀ သိန်း စီဖြင့် ရန်ကုန်သို့ ပို့ဆောင်နေကြောင်း အမည်မဖေါ်လိုသူ တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။


Burmese LIB-542ခလရ ၅၄၂ တပ်ရင်း (ကျောက်ဖြူ )
ကျောက်ဖြူ အခြေစိုက် ခလရ ၅၄၂ တပ်ရင်းမှ ဒုဗိုလ်မှူးကြီး သောင်းထိုက်စိုး ကိုယ်တိုင် ကြီးကြပ်ပြီး အဆိုပါ လူပို့ လုပ်ငန်းကို စီစဉ် လုပ်ကိုင်နေကြောင်း သူက ပြောသည်။

“ဒီစီးပွားရေးက အထူး ၀င်ငွေ ကောင်းပီး အချိန်တို အတွင်း ပိုက်ဆံက မြက်မြက်ကလေး ရတော့ တပ်ရင်းမှူး သောင်းထိုက်စိုးကိုယ်တိုင် ဦးစီပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။”

မူဆလင်များကို စစ်တပ်ကားများဖြင့် စစ်သားများကဲ့သို့ ယူနီဖေါင်းများ ၀တ်ဆင်ကာ ပို့ဆောင် နေကြောင်း သူက ပြောသည်။

“အများအားဖြင့် စစ်တပ်ကားတွေ ရန်ကုန်ကို သွားတဲ့ အခါဘဲ ဖြစ်ဖြစ်၊ ကရင် ရှေ့တန်းကို သွားတဲ့ အခါဘဲ ဖြစ်ဖြစ် ရန်ကုန်ကို သွားလိုတဲ့ မူဆလင်တွေကို စစ်တပ် ယူနီဖေါင်းတွေ ၀တ်ပြီး ခေါ်ယူသွား ဖြစ်ပါတယ်။ ခုလို သယ်ယူသွားတော့ လုံးဝ အစစ်အဆေး မရှိဘဲ ရန်ကုန်ကို ရောက်သွားတာ ဖြစ်ပါတယ်။ ရလာတဲ့ ငွေကို တပ်ရင်းမှူး၊ တခြားတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ကားဒရိုင်ဘာတွေက ခွဲဝေယူကြပါတယ်။”

လွန်ခဲ့သော လကလည်း မူဆလင်ဘာသာဝင် ၇ ဦးကို တစ်ဦးလျှင် ကျပ် ၁၀ သန်းစီ ယူပြီး ဒုဗိုလ်မှူးကြီး သောင်းထိုက်စိုးမှ ပို့ပေးခဲ့သည်ဟု သူက ပြောသည်။

“ကုလားတွေကို စစ်ယူနီဖေါင်းဝတ်ပြီး ရှေ့တန်းသွားတဲ့ ကားပေါ် တင်ခေါ်လာတာတွေ့တော့ တပ်သားတွေက တီးတိုး မေးမြန်းကြတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း အပြစ်ပေးခံရမှာကို ကြောက်ပြီး မမေးရဲကြပါဘူး။”

၎င်းပြင်သူက “ကုလားတွေကို ပို့ပေးနေတာကတော့ အဲဒီတပ်ရင်းမှာ တာဝန်ကျလာတဲ့ ဗိုလ်မှူးတိုင်း လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အပြင် ကို မပေါက်ကြားဘူးလေ။ ဘာဖြစ်လို့လည်း ဆိုတော့ ရဲဘော်တွေကိုလည်း မျှဝေပေးတဲ့အတွက် ဖြစ်ပါတယ်။ သောင်းထိုက်စိုးလက်ထက်မှာတော့ မျှဝေမူက နည်းလာတော့ တပ်ထဲမှာ ဒီကိစ္စ ဟိုလေးတကျော် ဖြစ်လာပါတယ်။ မကြာခဏ ဒီအရေးနဲ့ စကားများကြတာတွေလည်း ရှိပါတယ်” ဟု သူက ပြောသည်။

ခလရ ၅၄၂ တပ်ရင်းမှာ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး ခန့်မှန်းခြေ မိုင်အားဖြင့် ၃ မိုင်ခွဲခန့်ဝေးသည်ဟုသိရသည်။

ကျောက်ဖြူမြို့တွင် ခန့်မှန်းခြေ မူဆလင် ဘာသာဝင် ၃၀၀၀ နီးပါးရှိပြီး သူတို့၏ ခရီးသွားလာခွင့်ကို အထက်မှ တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ရန်ကုန်မြို့ သို့ သွားလိုပါက ယခုကဲ့သို့ စစ်တပ်နှင့် အဆက်အသွယ် ပြုလုပ်ကာ ငွေကြေး အမြောက်အများ အသုံးပြုပြီး သွားနေကြရသည်ဟု သိရသည်။

http://www.narinjara.com/detailsbur.asp?id=2894

Voice of Burma Information Group Issue No.490

VOB790KK

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ “ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၉/၂၀၁၀)

19 2010 Dpns Commentary

မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....(၂ )


 မြန်မာ့ အရေး on Wednesday, December 1, 2010 at 10:28am
ငါးမင်းဆွေ....

 ခင်ဗျား စာက အပိုစာသားတွေများတယ်ဗျာ။ခင်ဗျာဆွေမျိုးတွေ အကြောင်းတောင် ပါလိုက်သေးတယ်..။
အဲ့တော့ ကျွန်တော်က အဓိက ကျတဲ့၊ ခင်ဗျား ဘာမှနားမလည်ပဲအရူးချီးပန်း ပြောထားတဲ့ အကြောင်း အရာလေးတွေကိုပဲ ပြန်ဖော်ပြပြီး ခင်ဗျားအသိတရားရအောင် ရှင်းပြသွားမယ်။
ကျွန်တော့် စကားတွေက ကြမ်းချင်ကြမ်းနေလိမ့်မယ်။ဒါပေမဲ့ ခင်ဗျားလို  အာဏာရှင်တွေ မြှောက်ပေးတိုင်းေ_ွးတက်အောင် က တတ်တဲ့ ငတုံးကို ဒီလို ခပ်ကြမ်းကြမ်း၊ခပ်ရိုင်းရိုင်း ပြောနိုင်မှ နားဝင်မယ်လို့ ယူဆလို့ ပဲဗျ..။

"မစုခင်ဗျား.......... ၁၉၉၅ အမျိုးသားညီလာခံ ကြီးကျင်းပနေချိန်မှာ ထိုစဉ်က ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မယ်ဒလင်းအောဘရိုက် မစုထံ ရောက်လာပါတယ်။ မစုနဲ့ နှစ်ယောက် ချင်းတွေ့ဆုံခဲ့ကြပါတယ်။ ကျင်းပနေဆဲ အမျိုးသားညီလာခဲ့မှာ မြန်မာနိုင်ငံအတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဆိုတဲ့ အချက်ကို ထည့်သွင်းဆွေးနွေးနေပါတယ်။ ဤအချက်ကို အမေရိကန်အစိုးရက မလိုလားခဲ့ပါဘူး။ ဤအချက်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပါတယ်။ နောက်ပြီး အဲ့ဒီ့အချိန်မှာ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲဝင်ခွင့် ရအောင် ကြိုးပမ်းဆောက်ရွက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ထဲပါဝင်လာမှာကို အမေရိကန်အစိုးရက မလိုလားပါဘူး။ မြန်မာနိုင်ငံ အာဆီယံထဲ ပါဝင်လာရင် အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပုံ ရပါတယ်။ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်တော်သံ အမတ်ကြီး မက်ဒလင်းအောဘရိုက် က အမျိုးသားညီလာခဲ့ကြီးပျက်ပြားသွားအောင် NLD အနေဖြင့် အမျိုးသားညီလာခံကြီးက ထွက်ခွာဖို့ မစုကို အကြံပြု ခဲ့ပုံရပါတယ်။ မယ်ဒလင်းအောဘရိုက် ပြန်သွားပြီးတာနဲ့ မစုရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ NLD ကိုယ်စားလှယ် တွေဟာ အမျိုးသားညီလာခံကြီးကနေ ထွက်ခွာခဲ့ကြပါတယ်။ အချိန်တည်းမှာပဲ မယ်ဒလင်းအောဘရိုက် နဲ့ မစုတို့ တိုင်ပင်စည်းဝါးကိုက်ထားတဲ့ အတိုင်း အမေရိကန်နှင့် အနောက်အုပ်စုတွေက မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ဖို့ မစုတောင်းဆိုခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ မြန်မာနိုင်ငံကို မလာရောက်ကြဖို့ မစု ဟန့်တားခဲ့ပါတယ်။ အမေရိကန်နှင့် အနောက်နိုင်ငံတွေကလည်း မစုရဲ့ အလိုတော်ကျအတိုင်း မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့  မစုရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံနှင့်လူမျိုးကို ထိခိုက်နစ်နာစေခဲ့ပါတယ်။ အဲ့ဒီ့တုန်းကသာ NLD ကိုယ်စားလှယ်များ အမျိုးသားညီလာခံကြီးက မထွက်ခွာခဲ့ပါလျှင် ခုလောက်ဆို ကျွန်တော်တို့ နိုင်ငံဟာ ယခုထက်မက အခြေတကျဖွံ့ဖြိုးတိုးတက်နေပါပြီ မစု။ " တဲ့......။

ဒီတခါတော့ အမျိုးသားညီလာခံ အကြောင်းက စ လိုက်ကြတာပေါ့ဗျာ။
ခင်ဗျားဆိုလိုချင်တာက အမေရိကန်က အကြံပြုခဲ့လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကြီးကို ညီလာခံကနေ ထွက်ခိုင်းတယ်ပေါ့လေ..။
ဒါက ဘာလဲဗျ..?
ခန်မှန်းပြီး  ပြောတာလား…?ဒေါ်အောင်ဆန်းစုကြည်က သူများတကာပြောတိုင်း နားထောင်တတ်တဲ့ ခေါင်းဆောင်မျိုးလို့ ခင်ဗျား ကိုယ်တိုင် စွပ်စွဲလိုက်တာလား..?
ခင္ဗ်ား …ေ_ာက္ရူးပဲ!!!!

အဲ့ဒီ အမျိုးသားညီလာခံမှာ အာဏာရူးတွေ ဘယ်လိုလုပ်ခဲ့ကြသလဲ ဆိုတာ ခင်ဗျားမသိတာလား..?
NLD နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသားညီလာခံ မှာ ပါဝင်လာအောင် စစ်တပ်က ဘယ်လိုကတိတွေပေးခဲ့သလဲ..?
အဲ့ဒီ ကတိတွေတည်ခဲ့ရဲ့လား…?
တိုင်ရင်းသားခေါင်းဆောင်တွေ ပါဝင်လာအောင် ကတိတွေပေး၊စည်းရုံး..၊ညီလာခံတက်တော့မှ သောက်တလွဲတွေလုပ်။ တိုင်းရင်းသားကိုယ်စားလှယ်အချို့ နဲ့ NLD ပါတီ အမျိုးသားညီလာခံကနေထွက်ရတာ ဒါတွေကြောင့်ဗျ…။ခင်ဗျားနားလည်လား..?
အာဏာရူးတွေ ကတိမတည်လို့ ဒါမျိုးဖြစ်ရတာ။ မသိရင်သေချာပြန်လေ့လာ။

ကဲ…ကျွန်တော်မေးမယ်..။
အမျိုးသားညီလာခံ ကိုဘာ့အတွက်ကြောင့် လုပ်ရတယ်လို့ ခင်ဗျားထင်နေလဲ…?

အမျိုးသားညီလာခံ လုပ်တယ်ဆိုတာ တိုင်းရင်းသားပြည်သူလူထုရဲ့ ရပိုင်ခွင့်၊လွတ်လပ်ပိုင်ခွင့်၊လုပ်ပိုင်ခွင့်အခွင့်အရေး…စတာတွေကို ဥပဒေနဲ့အညီ ကာကွယ်ဖို့၊ ဥပဒေပြဌာန်းဖို့အတွက် အစိုးရ၊အတိုက်အခံ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့လုပ်တာဆိုတာကိုတော့ ခင်ဗျားသိသင့်တယ်။ အားလုံးစုံညီ စည်းဝေးပြီး တိုင်းပြည်တွင်းမှာရှိမဲ့ ပြည်သူတွေအတွက် သင့်တော်မဲ့ဥပဒေတွေကို တိုင်တိုင်ပင်ပင်နဲ့ အားလုံးအခွင့်အရေး တန်းတူရအောင်ရေးဆွဲရမှာဖြစ်တယ်။
ခုတော့ေ_ာက်တလွဲ အစိုးရက တိုင်းရင်းသားကိုယ်စားလှယ်တွေ တင်ပြဆွေးနွေးတာ ဘာ တခုမှနားမထောင် လက္မခံတာတင်မဟုတ်ပဲ၊ဘယ်သူနဲ့မှ တိုင်ပင်ခြင်းမရှိပဲ သူတို့စိတ်ကြိုက်ရေဆွဲပြီးသား ဥပဒေတွေကို အတိုက်အခံတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို အတင်းထောက်ခံခိုင်းနေလို့ NLD က အမျိုးသားညီလာခံ ကနေ ထွက်လာခဲ့ရခြင်းပဲဖြစ်တယ်။
အမျိုးသားညီလာခံပြီးဆုံးအောင်တက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာလည်း ဥပဒေပိုင်းဆိုင်ရာတွေ ဘာတခုမှ ဆွေးနွေးခွင့်မရခဲ့ပါပဲနဲ့ သမိုင်းတရားခံတွေအဖြစ် သတ်မှတ်ခံလိုက်ကြရပါတယ်။

ခင်ဗျားပြောသလို ဒေါ်အောင်ဆန်းစုကြည်ကြောင့် အမျိုးသားညီလာခံကနေ NLD ပါတီကြီး ထွက်လိုက်တယ် ဆိုရင်တောင် ဒါဟာ တကယ်မှန်ကန်တဲ့ လုပ်ရပ်ပါ။NLD ပါတီဝင်တွေ ရဲ့ဆုံးဖြတ် ရပ်တည်ချက်ဟာ ပြည်သူအကျိုးအတွက်၊တိုင်းပြည်အကျိုးအတွက် မှန်ကန်တဲ့ ရပ်တည်ချက် ဖြစ်ပါတယ်…။ခင်ဗျားလို သာရာကူးမဲ့ ရပ်တည်ချက်မရှိတဲ့ ငတုံးကို  လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်ချက်အကြောင်း ရှင်းပြနေလည်း နားလည်မယ်လို့တော့ မထင်ဘူး။

economic sanctions ကိစ္စ...။

ခင်ဗျားရေးခဲ့တာက.....
"စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ လူသားတွေကို သေစေနိုင်တဲ့အထိဖြစ်ပေါ်စေတဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ပါဘူး။ စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်း မဟုတ်ဘူးလို့ မစု ငြင်းမှာလား၊ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တကွ လူသိရှင်ကြား မစုငြင်းနိုင်ပါတယ်။ ဒီလိုမှ မငြင်းပယ်နိုင်လျင်တော့ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ လူသိရှင်ကြား မစု ဝန်ခံရပါလိမ့်မယ်။ ဒီလို စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဆိုတဲ့ အကြမ်းဖက်မှုကြီးဖြစ်ပေါ်အောင် အားပေးလှုံ့ဆော် တောင်းဆိုခဲ့တဲ့ မစုရဲ့ မိုက်မှားခဲ့တာတွေကို လူသိရှင်ကြား မြန်မာပြည်သူတွေကို မစု တောင်းပန်ဖို့ လိုပါလိမ့်မယ်"။ တဲ့...။

ခင်ဗျားလို ငတုံးနားလည်အောင် အလွယ်ကူဆုံး ဥပမာနဲ့ ပြောပြမယ်။
ရပ်ကွက်တစ်ခုမှာ ပစ္စည်းရောင်းဝယ်ဖို့ ဆိုင်များစွာ ရှိနေပါလျက် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ ကိုယ်ကျိုးရှာသမားဦးစီးတဲ့ ဆိုင်မှာ လူအများ  ရောင်းဝယ်လေ့ ရှိ မရှိ ဆိုတာကိုပဲ ခငိဗျားအရင်လေ့လာ....။
အဲ့ဒီဆိုင်ရှင် အသုံးမကျလို့ သူနဲ့ အရောင်းအ၀ယ် မလုပ်ဘူး၊တခြားသူတွေကိုလည်း အရောင်းအ၀ယ်မလုပ်ဖို့ တိုက်တွန်းတယ်...အဲ့ဒီအတွက် သူ့အိမ်သားတွေ အနေအစား ဆင်းရဲတယ်။
သဘောတရားကဒါပဲ...!!!!!
သူသာ သူ့ အိမ်သူအိမ်သား တွေကို ချစ်တယ်ဆိုရင် လူအများနဲ့ ရောင်းဝယ်ခွင့်ရအောင် သူလုပ်ရမှာပဲ...။

ခုလည်းကြည့်....။အာဏာရူးတွေလုပ်ပုံကို..။လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်၊အတိုက်အခံတွေကို မတရားဖမ်းဆီးထောင်ချတယ်၊ ပြည်သူတွေကို အမျိုးမျိုးနှိပ်စက်လုပ်နေလို့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေလုပ်တာ။ဒါကို ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည် အပေါ်အပစ်ပုံချတယ်။
ခင်ဗျားခေါင်းထဲမှာရှိနေတာကဘာလဲ....??

ပြောတော့ ဈေးကွက်စီးပွားရေးစနစ်တဲ့..။အဲ့အာဏာရူးတွေ ဘယ်လောက်ေ_ာက်ကျင့်ယုတ် ကိုယ်ကျိုးရှာသလဲ ကျွန်တော်ပြောပြမယ်..။
မကြာသေးခင်ကမှ တိုင်းပြည်ကနေ ပြန်လည်ရုတ်သိမ်းသွားတဲ့ ဂျပန်က TOYOTA ကားကုမ္ပဏီ ကိစ္စကို ကြည့်။
အဲ့ကုမ္ပဏီက ပြည်တွင်းမှာအစိုးရနဲ့ ဖက်စပ် လုပ်ကိုင်ဖို့စာချုပ်နဲ့ ၀င်ရောက်လာတာပဲ။ဒါပေမဲ့ တကယ်တန်း ကားထုတ်လုပ်တဲ့အခါ ဒီကားဝယ်ယူခွင့်ကို အစိုးရ၀န်ကြီးတွေနှင့်ဗိုလ်ချုပ်တွေဝယ်ဖို့ပဲ ခွင့်ပြုခဲ့တယ်။ကားထုတ်လုပ်မှုကလည်း နှစ်စဉ် အစီးရေအနည်းငယ်သာ ထုတ်လုပ်နိုင်ခဲ့တယ်။ဒါကြောင့် ကုမ္ပဏီက ပြည်သူအများစီးနိုင်ရန် ရည်၇ွယ်ပြီ ပြည်သူများသို့ လစဉ်ပေးချေ စနစ်ဖြင့် ရောင်းချခွင့်ပြုဖို့ တင်ပြတဲ့အခါ ပြည်သူတွေကို လူလိုသဘောမထားတဲ့ အာဏာရူးတွေက ခွင့်မပြုတဲ့အတွက် ပြန်လည်ရုတ်သိမ်းသွားရတာပဲ။

နောက် မလေးရှားနိုင်ငံက တယ်လီဖုန်းလိုင်း ကုမ္ပဏီက ပြည်သူတွေ ဆက်သွယ်ရေး လွယ်ကူစေဖို့ ၀င်ရောက်လုပ်ဆောင်ခွင့် တောင်းတာလည်းလက္မခံ ခဲ့ပြန်ဘူး။ ဒါပေမဲ့ စစ်အစိုးရနဲ့ ရင်းနှီးတဲ့လုပ်ငန်းရှင်(တေဇ)ကို လုပ်ပိုင်ခွင့် ချပေးပြီး အမြတ်ကြီးစား ရောင်းချနိုင်အောင် လုပ်ပေးတယ်။

ဓာတ်ဆီ ကိစ္စလည်း..ဒီအတိုင်းပဲ..။petronas ကမြန်မာပြည်အနှံ့ အရောင်းဆိုင်တွေ ဖွင့်ခွင့်တောင်းတာ လက္မခံဘူး…။အခု ဓာတ်ဆီဈေးကွက် ဘယ်လိုဖြစ် နေသလဲဆိုတာကိုသာ  ကြည့်….။

ဒီအစီအစဉ်တွေသာ ဖြစ်ပေါ်အောင်မြင်ခဲ့မယ်ဆိုရင် ပြည်သူအများအစဉ်ပြေစေမှာ မလွဲပါဘူး။
ကိုယ်တိုင်ကလည်း မဖန်တီးနိုင်၊ဖန်တီးနိုင်မဲ့သူကိုလည်း အားမပေးတာ၊မကူညီတာဟာ ဘာသဘောလဲ...?

တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေး အတွက် သုံးစွဲတဲ့ငွေ ပမာဏဟာ စစ်အသုံးစရိတ်နဲ့ နှိုင်းယှဉ်ရင် အလွန်ကွာခြားနေတာ၊ စီးပွားရေးတွင်တိကျသော မူဝါဒမရှိပဲ လက်သင့်ရာစားတော်ခေါ်နေတာ၊ စစ်ဗိုလ် စစ်တပ်နှင့်နီးစပ်တဲ့ သူတွေကပဲ စီးပွားရေးလောကတွင် ကြီးစိုးနေတာတွေကြောင့်သာ ပြည်သူတွေ ဆင်းရဲနေရခြင်းဖြစ်တယ်။

အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားလဲ အိန္ဒိယ၊တရုတ် လိုနိုင်ငံမျိုးတွေကို အလုံးအရင်းနဲ့ ၀င်ရောက်လုပ်ကိုင်ခွင့်ရနေတာပဲ။ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူတွေဆင်းရဲရတယ်ဆိုတာ ဦးနှောက်ရှိတဲ့ ဘယ် လူကမှ မပြောဘူး...။
ဒါပေမဲ့ အဲ့ဒီပိတ်ဆို့မှုတွေကြောင့် အာဏာရူးတွေရဲ့ အနောက်နိုင်ငံတွေမှာ သိမ်းထားတဲ့ပိုက်ဆံတွေ ပြန်ထုတ်မရတာ၊လွှဲပြောင်းမရတာတွေ ဖြစ်နေတာတော့ အမှန်ပဲ။ဒါ့ကြောင့် ပိတ်ဆို့မှုကို ဖွင့်ဖို့ အတင်း အော်နေကြတာသာ ဖြစ်တယ်။

ခင်ဗျားတို့လိုကောင်တွေရဲ့ ပါးစပ်တွေကပဲ အမျိုးမျိုးပြောနေကြတယ်။ ပထမ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုလို့ စီးပွားရေး ပိတ်ဆို့တယ်....တဲ့။ နောက်တခါကျတော့ အနောက်နိုင်ငံတွေက  သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘယ်နိုင်ငံကိုမှ အကြောင်းမဲ့ မကူညီဘူး.. တဲ့..။
အဲ့တော့...သေချာစဉ်းစားကြည့်ကြ၇အောင်...။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုယုံနဲ့ စီးပွားရေးပိတ်ဆို့တယ်ဆိုရင် သူတို့အတွက် ဘာအကျိုးအမြတ်မှ မဖြစ်ပဲ အနောက်နိုင်ငံတွေက ကူညီပါ့မလား..?တောင်းဆိုတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က မနေ့တနေ့ကမှ နေအိမ်အကျယ်ချုပ်ကလွတ်လာတာနော်။ ဒေါ်အောင်ဆန်းစုကြည် ပြောယုံနဲ့ သူတို့က လုပ်ပေးရအောင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို အာဏာရူးတွေလို ငတုံးတွေလို့ ထင်နေလို့လား...?

ဒေါ်အောင်ဆန်စုကြည် အာဏာရလာရင်ပဲ သူ့ကျွန်ဘ၀ ချက်ခြင်း ပြန်ရောက်တော့မလို၊ ပြည်တွင်းက   အမျိုးသမီးတွေပဲ ဘ၀ပျက်ကြရတော့မလို ပြောနေကြတယ်။
ခင်ဗျားတို့ ဘာဦးနှောက်တွေနဲ့ ပြောနေကြတာလဲ..?
 နောက်တခု..အမေရိကန်ကပြည်တွင်းမှာစစ်အခြေစိုက်စခန်း လာဖွင့်ချင်နေတယ်ဆိုတဲ့ကိစ္စ...။ ခင်ဗျားတို့လိုကောင်တွေပြောနေကြတဲ့စကားတွေပါပဲ။
ဟုတ်ချင်လည်းဟုတ်မယ်၊မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ဗျာ။

ဒါပေမဲ့ ဖြစ်နိုင် မဖြစ်နိုင်ပဲ စဉ်းစား...။

ဒေါ်အောင်ဆန်းစုကြည် ဆိုတာက လူထုရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ပါ။ကမ္ဘာ့နိုင်ငံကြီးတွေက တန်ဖိုးထားရတဲ့ ဒီမိုကရေစီ ပြရုပ်ပါ။
(ဒီမိုကရေစီ အခြေခံအချက်တွေကို(၁)မှာ သွား ပြန်ကြည့် လိုက်ပါ)
ဒီလို ခေါင်းဆောင်မျိုးက သူ့ရဲ့ပြည်သူလူထုကို ခင်ဗျားတို့ပြောသလို အဖြစ်ခံမယ် ထင်နေလား..?
စစ်အခြေစိုက်စခန်းဖွင့်ဖို့လိုကိစ္စမျိုးကို ဘယ်သူနဲ့မှ မတိုင်ပင်ပဲ သူ့သဘောနဲ့သူ လုပ်လို့ရမလား..?
နောက်ဆုံးသူက လုပ်ချင်ဦးတော့ဗျာ ၊တခြားလူတွေ ကန့်ကွက်ရင် သူဘာမှ လုပ်လို့မရဘူးဗျ...။
သူသွားနေတာက ဒီမိုကရေစီစနစ်..ဗျ။
အာဏာရူး သန်းရွှေလို အာဏာရှင်စနစ် ကျင့်သုံးမှာ မဟုတ်ဘူး။

ခင်ဗျားတို့ ဦးနှောက်ကို ဒီလောက်လေးတွေ တွေးဖို့ကိုတောင် အသုံးမချကြတော့ဘူးလား..? ဒါမှမဟုတ် ခေါင်းထဲမှာရှိနေတာ ဘာတွေလဲ...? ခင်ဗျားတို့တွေ တကိုယ်ကောင်းမဆန်ကြပါနဲ့ဗျာ။

အေး..စေတနာရှေ့ထားပြီး တခုတော့ခင်ဗျားကို သတိပေးလိုက်မယ်။စစ်အာဏာရှင်တွေက ချ ကျွေးစရာရှိရင် ခင်ဗျားတို့လို ကောင်တွေကို အရင် ချ ကျွေးသွားမှာနော်..။ ညှာနေမှာ မဟုတ်ဘူး..။
၈၈ ကိုနမူနာယူ။
မခံစားနိုင်တော့တဲ့အချိန် ပြည်သူလူထုက သာမန်ဆန္ဒပြ ယုံသက်သက်ပဲ။
ခင်ဗျားတို့လိုကောင်တွေ ဖားယားပြီးယုံကြည်ကိုးစားနေတဲ့ ကောင်တွေကပဲ ခင်ဗျားတို့ကို အရင်ဦးဆုံး ခေါင်းလာဖြတ်မှာ...!!!!!
အချိန်မှီ သတိပေးလိုက်ပါရဲ့....။


(မြန်မာ့အရေး)

မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)


ဒေါ်အောင်ဆန်းစုကြည်၏ဖယောင်းရုပ်တု


ထိုင်းနိုင်ငံ ပထူဝမ်ဒိစတြိတ်ရှိ လာမည့် စနေနေ့တွင် စတင်ဖွင့်လှစ်ရန်စီစဉ်နေသော မဒမ်တူးဆော့ဖယောင်းရုပ်တု ပြတိုက်တွင် ထားရှိမည့်ဒေါ်အောင်ဆန်းစုကြည်၏ဖယောင်းရုပ်တုကို အချောသတ်နေစဉ် မြင်တွေ့ရပုံဖြစ်သည်။ အာရှတွင်ရှန်ဟိုင်းနှင့်ဟောင်ကောင်ပြီးလျှင် ယခု မဒမ်တူးဆော့ပြတိုက်သည် တတိယမြောက်ပြတိုက် ဖြစ်လာပေမည်။ (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)
http://www.irrawaddyblog.com/2010/12/blog-post_6365.html?spref=fb

မင်းဆွေ(သို့) ဖားတစ်ကောင်ရဲ့ သရုပ်မှန်

နွားမင်းဆွေ

နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့












NDP seeks to honour Myanmar’s pro-democracy leader

By Norma Greenaway, Postmedia News December 1, 2010 12:04 PM

Myanmar pro-democracy leader Aung San Suu Kyi delivers a speech to her supporters at the headquarters of her National League for Democracy party in Yangon November 14, 2010.
 

Myanmar pro-democracy leader Aung San Suu Kyi delivers a speech to her supporters at the headquarters of her National League for Democracy party in Yangon November 14, 2010.   Photograph by: Kyodo, Reuters

OTTAWA — Prime Minister Stephen Harper should invite Myanmar’s pro-democracy heroine, Aung San Suu Kyi, to Canada so she can personally receive the honourary Canadian citizenship awarded to her in 2007, NDP leader Jack Layton says.
Layton and Paul Dewar, the party’s foreign-affairs critic, made the appeal in a letter sent Tuesday to Harper, telling him Canadians shared in the celebratory mood that swept much of the world after the 65-year-old icon was released from seven years of house arrest.
Harper hasn’t responded yet to the letter, but NDP officials say they are optimistic he will endorse the idea of inviting the winner of the 1991 Nobel Peace Prize to Canada.
“Aung San Suu Kyi has often called on the international community to ‘use your liberty to promote ours,’” the NDP letter said. “In 2007, as she lived in captivity, Canada’s Parliament stood unanimously to honour Aung San Suu Kyi by bestowing upon her an honourary Canadian citizenship.”
Layton and Dewar told Harper the treatment of pro-democracy leaders over two decades in Myanmar — formerly known as Burma — and that government’s refusal to acknowledge the election victory of the National League for Democracy is an affront to to democracy.
“We must act on our commitment to support the democratic ambitions of the people of Burma. Forced labour, torture, arbitrary arrests and imprisonment, denial of freedoms of expression and association should no longer be a daily reality for the Burmese people,” the letter said.
Norway has already invited Aung San Suu Kyi to visit Norway to accept her Nobel Prize in person.
Twitter.com/nrgreenaway

New Democratic  Party သည်ကနေဒါ၏တတိယအကြီးဆုံးအတိုက်အခံပါတီဖြစ်ပြီးမြန်မာ့အရေးနှင့်ပတ်သက်သည့်ပွဲတိုင်းဖိတ်ကြားလျှင်တက်ရောက်လေ့ရှိပါသည်။
http://www.canada.com/news/seeks+honour+Myanmar+democracy+leader/3911990/story.html#ixzz16tfVaHEa

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကဦးသောင်းလို.သတင်းထွက်လာပါတယ်....



ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမ္မတကဦးသာင်းလို.သတင်းထွက်လာပါတယ်....အတောင်းရမ်းပက် စက်တဲ့စက်မှု(၁)က(ငါတောင်စား)မဟုတ်ပါ။ ၀ိဇ္ဖာနှင့်နည်းမပါ( ဦးသောင်းပါ) နောက်၂လလောက်ဆိုရင် x_x

ဦးသောင်းအတောင်းအရမ်းက နဲနဲလေးနဲဆိုမလုပ်ဘူး။ စံပြသင်တန်းတွေဖွင်.မယ်ဆိုပီး တပ်ချုပ်ကြီးဆီ စီမံကိန်းတွေချပြပီး နိုင်ငံတော်ပိုက်ဆံတွေသဲ.ယူလိုက်တာ ဒေါ်လာသန်းနဲ.ချီတယ်။သူက နှစ်ရှည်စီမံကိန်းကြီးနဲ.ကိုချပြတာ။ လူမွေးသင်တန်းတွေဖွင်.မယ်။ပီးရင် သူမျက်စိထဲနောက်နေတဲRITကျောင်းသားတွေကို တစစီခွဲပစ်မယ်။ နေရာအနှံ.ကောလိပ်တွေဖွင်.မယ်ပေါ.။ အဲဒီအတွက်လူလိုပါတယ်။ဒါကြောင်. လူမွေးဖို.အတွက်ကုန်ကျစရိတ်ဆိုပီး ဒေါ်လာသန်းနဲ.ချီတောင်းတာ။ဗိုလ်ခင်ညွန်.တို. သူတောင်းတဲ.ပိုက်ဆံကြားပီးမျက်လုံးပြူးသွားလေရဲ. ။ပြီးတော. အဲတုန်းက ဗိုလ်ခင်ညွန်.ကပိုအာဏာထွားတယ်ဆိုတော. ဦးသောင်းကို မင်းစီမံကိန်းမအောင်မြင်လို.ကတော. အဲကိစ္စဦးသောင်းတာဝန်အပြည်ယူရမယ်။သဘောကတော. နာမယ်ပေါ.လေ။ဗိုလ်ခင်ညွန်.ပြုတ်ပီးနှစ်အတော်ကြာမှသူ.စီမံကိန်းက ရက်ပြည်.တာဆိုတော. ဦးသောင်းအတော်သက်သာသွားတယ်။သူစီမံကိန်းက တကယ်တော.အောင်မှမအောင်မြင်ပဲ။ ဦးသောင်းသားသမီးတွေထွက်ပြေးလိုက်တာ။ ခုဆို စင်ကာပူမှာရွာတောင်တည်လို.ရပီ။ တခြားမှာလဲရောက်နေတာအများကြီးပဲ။သူက လူကိုလူလိုမှမဆက်ဆံပဲ။တကယ်တော. သူမွေးတဲ.လူတွေက မြေစာပင်တွေဖြစ်ခဲ.ရတာ။ ဘုမသိဘမသိနဲ.ကျောင်းတက်ရပီးရောဆိုပီး ဝမ်းသာအားရနဲ.တက်ခဲကြတာ။ စံပြ  First batch,Second batch  တွေကိုပြောတာပါ။ အဲတုန်းက RITကျောင်းတွေကပိတ်ထားကြတာဆိုတော. အစ်ကိုအစ်မတွေကျောင်းမတက်ရတာမြင်တော. အဲတုန်းကကျောင်းတက်ရပီးရောပေါ.။ နောက်မှ ဖွတ်ထွက်မှတောင်ပို.မှန်းသိတယ်။ အခုတော. ထွက်မပြေးနိုင်သေးတဲ. သူတွေကတော. မြန်မာပြည်မှာ ဆင်းရဲမွတ်သိပ်မှုတွေကြားမှာကျန်နေတဲ.သူတွေလဲရှိရဲ.။ ဦးသောင်းအလိုကျ လိုက်လျောလုပ်ပေးရင်းနဲ. brain wash အလုပ်ခံထားရတဲ.သူတွေလဲရှိရဲ.။တစ်ချို.ကတော. ဂျာနယ်မဖတ်၊ သတင်းနားမထောင် တောထဲမှာထားတဲ.အတိုင်းနေ ခေတ်အခြေအနေတွေမသိတော.ဘဲ နောက်ဆုံး ဦးသောင်းခိုင်းရာ အခုနူကယားထုတ်လုပ်ရေးမှာ ပါဝင်လုပ်ကိုင်နေကြသူတွေလဲရှိရဲ.။သူတို.ကို တော်တော်သနားမိတယ်။အဲအထဲမှ သူငယ်ချင်းတစ်ယောက်ကို ကိုယ်က နင်တော. နိုင်ငံဒုက်ခရောက်အောင်လုပ်တဲ.အထဲတော.ပါနေပီလို.ပြော တော. ငါက အဘခိုင်းတာလုပ်နေတာတဲ.။ သူခိုင်းတာကိုလုပ်ဖို.ပဲငါသိတယ်တဲ.။ အဲတော.ကိုယ်က ငါတို.နိုင်ငံမြောက်ကိုရီးယားလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲလို.။သူတို.လုပ်တာကအရေးမကြီးဘူးလို.။ဒုက်ခရောက်မှာပြည်သူတွေလို.သူကိုရှင်းပြတာကို ဘာဖြစ်လဲတဲ.။ဒါဆိုငါတို.ကို အနိုင်မကျင်.ရဲတော.ဘူးပေါ.တဲ.။ အဲဒါနဲ. နင်ကိုအဲလိုဘယ်သူပြောတာလဲဆိုတော. ။အဘပြောတာလေတဲ.။ကဲ ကောင်းရော။ ဦးသောင်းပြောသမျှ အားလုံးကိုယုံပီး ဘာခိုင်းခိုင်းလုပ်မဲ.သူ.အမာခံ မိုက်ရုးရဲ တစ်ချို.ရှိနေသေးလို. ဦးသောင်းတစ်ယောက် စီမံကိန်းတွေ မအောင်မြင်ပေမဲ .လည်ပတ်လို.ရနေသေးတယ်လို.ပြောလို.ရမှာပါ။ဦးသောင်းအကြောင်းပြောရရင် အင်း ...... ကောင်းတာတွေထွက်လာဖို.ကတော.အတော်နည်းမှာပါ။ အညှိုးကလဲအတော်ကြီးပါတယ်။ သူ.လူတွေထွက်ပြေးလို. လေဆိပ်အထိလိုက်စောင်.ပီးဖမ်းတာတောင် ရအောင်ထွက်ပြေးလို.ဆိုပီး ကက်ဘိနက်မှာ ပြည်ထဲရေးကို ခင်ဗျားတို.ကဘာလို.ပတ်စပို.လုပ်ပေးရတာလဲတဲ.။သေသေချာချာစာရင်းပို.ထားတာတောင် ထွက်ပြေးနေတုန်းပဲတဲ. ခင်ဗျားတို.တာဝန်လစ်ဟင်းလို.ပေါ.ရော.လို.ပေါ.လေ အဲလိုကောသေးတာ။အဲဒါနဲ. ဒါဆို သပနကလူတွေ ပြည်ထဲရေးမှာပဲလာအလုပ်လုပ်တော.လို.ပြောထည်.လိုက်ရော။သူများဝန်ကြီးဌာနသွားပီး စည်းကျော်ပြောတာမျိုးတွေလဲလုပ်တတ်သေးရဲ. ။ဦးသောင်း ဖောင်းတာဆိုတော. ဦးသောင်းခမျာ ပြည်ထဲရေးကိုလုံးဝမကြည်လင်ပဲနဲ.အဲတုန်းကသည်းခံလိုက် ရသတဲ.။ဟီး သူသာသမ္မတဖြစ်ရင်တော. တိုင်းပြည်ကလူတွေကို လမ်းဘေးမှာပေါက်နေတဲ. ကန်စွန်းရွက်တွေခူးစားခိုင်းတော.မှာပဲ။တစ်ခါလာလဲ ချွေတာဖို.၊အနီးအနားကကန်စွန်းရွက်လေး မန်ကျည်းရွက်လေးခူးပီးစားဖို.တို.၊ဒါတွေပဲဆရာဆရာမတွေ ကို ပြောနေတာပဲ။ အခုသမ္မတသာဖြစ်လို.ကတော. တတိုင်းပြည်လုံးကို အဲလို  lecture  ရိုက်နေရင် ဇိမ်ခံပစ္စည်းတွေတောင်သုံးရပါတော.မလားပဲ။ခုနောက်ပိုင်း..သူရဲ့ဝန်ကြီးဥာနက..အတွင်းသိ..အစင်းသိတွေရဲ့..အတွင်းစကားအရတော့.. အမှန်က..သုံးသိန်းတသောင်းလို့သိရပါတယ်သုံးသိန်းကတော့ကွန်ပျူတာက.ဒေါ်နီလာသိန်းတို့.ဒေါ်ရတနာသိန်းတို့လို့သိ ရပီး..ခုနောက်ဆုံးသိရတဲ့.သတင်းအရ ဒေါ်နီလာသိန်းတယောက်လဲ အရာကျသွားပီး.လေးလေးသောင်းကြီးက..ချောင်ထိုးထားလိုက် တယ်လို့..သတင်းကြားသိရပါတယ်ခင်ဗျား..ဥိးသောင်းရဲ့အကျင့်ကိုက..လူတယောက်ကိုကြာကြာရာထူးမပေးတတ်ပါဘူး..အဲ့ဒီလူက..ဘယ်လောက်ပဲ.သူအပေါ်ကောင်းခဲ့ပါ  စေ.တချက်လောက်..အဆင်မပြေတာဖြစ်တာနဲ့..ချောင်ထိုးပစ်     တတ်တဲ့.အကျင့်ရှိပါတယ်..ခုလဲ.ဒေါ်နီလာသိန်းတယောက်.ဘာတွေ..ညိသွားလဲတော့..မသိပါခင်ဗျာ..ချောင်ထိုးခံလို က်ရပါပီ..

ဦးသောင်း က ဆူတာတော့ ရေနွေးအုံး ရှုံးတယ် ။ ဒါပေမယ့် အဲ့လို ဆဲ မပြောတတ်ဘူးနော်.. နှုတ်မကြမ်းဘူး ... ။

မှတ်မိသေးတယ် ၁၉၉၆ ပြီး ကျောင်းပြန်ဖွင့် ၂ ပတ် တက်ပြီး စားမေးပွဲ ဖြေတော့ နေ့ တိုင်းBuilding 1  အောက်မှာ သူ လာလာ စောင့်နေတယ်။ သူ့ အတွက် စားပွဲ ခုံ လေး တစ်လုံး နဲ့ စက်တီ တစ်စုံချထားပေးတယ်။ နောက်ဆုံး နေ့ မှာ တတိယ နှစ်အတွက် မေဂျာ လျောက်လွှာ တင်ကြတော့ (နောက်ဆုံးနေ့ ကျမှ ကပ်တင်တာလေ ) ကျောင်းသားရေးရာ ရုံးရှေ့  ကျောင်းသားတွေ တရုံးရုံးပေါ့ လျောက်လွှာဖြည့်စရာနေရာက မရှိ ...။ အချို့ က စာရွက်ကို နံရံ မှာ ကပ်ပြီး ရေးကြတယ်.. ။ ဖြစ်ချင်တော့ ဦးသောင်းက အညောင်းပြေအညာပြေထင်ပါရဲ့  လမ်းလျောက် ကြည့်နေတော့ သူ့  အတွက် ထားတဲ့ စားပွဲ ခုံလေးက လစ်လပ်နေပါရော.. ။ ဘာရမလဲ့ အဲ့ စပွဲ မှာကျကျနနထိုင်ပြီး ဖေါင်ဖြည့်တာ... အုံခဲနေတာပဲ

အဲ့ဒိ စာမေးပွဲ ပြီးနောက်ပိုင်း ကျောင်းတွေ နှစ်ရှည်ပိတ် တုန်း ကျောင်းက ဆရာတွေ နဲ့ အစည်းအဝေး ခဏခဏ လုပ်ရတယ်။ အထူးသဖြင့် ကျောင်းမှာသင်မယ့် သင်ရိုးနဲ့ စာသင်နှစ်ကို လျော့ဖို့ အတွက်ပေါ့ ။ ဆရာတွေ နဲ့ အခြေအတင် အမြဲဖြစ်ပါတယ်။ ဒါပေမယ့် နှုတ်ကြမ်းတာမျိုး မရှိပါဘူး.. ။ ဆရာကြီးတစ်ယောက်က ဒီလို ပညာရေး အဆင့်ကို လျော့ ချတာဟာ စိတ်ကြမ်းလူကြမ်းသမားတွေ ရဲ့ စိတ်ကူးပဲ.. လို့ ပြောရော.. ။ အဲ့သမှာ ]ခင်ဗျားတို့ အဲ့လို မပြောပါနဲ့ ဒါ ဗိုလ်ချုပ်မှုးကြီး ဆီက တိုက်ရိုက်လာတဲ့ ညွှန်ကြားချက်ပါ} ဆိုပြီး ဒေါနဲ့ ပြန်ပြောပါတယ်တဲ့.. ။ ညွှန်ကြားချက်ဟာ အဲ့ဒိအချိန်က ပညာရေး ကော်မတီ ဥကဌ လုပ်နေတဲ့ ဦးခင်ညွန့်  တောင် မဟုတ်ပါဘူး.. တဲ့ ။ အဲ့ဒိ အစည်းဝေးတွေမှာ ခုလိုလုပ်လိုက်လို့  နောင်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပါ ပြောကြတယ် ထည့်ဆွေးနွေး ကြတယ် ။

ဒါပေမယ့် ကျောင်းတွေကို သင်ရိုးလျော့ စာသင်နှစ်လျော့ တာက နောက်ဆုတ်မသွားဘဲ.. ရင်ခွင်ပိုက် ကျောင်းတွေ ပေါ် လာပါတော့တယ်။ ဦးသောင်းရဲ့ သားသမီးလေးတွေ ပေါ့ ။ ဦးကြင်စိုးက ညွှန်ချုပ်ဖြစ်သွားပြီး ဆရာညီက ပါချုပ်ဖြစ်လာတယ်။ ရန်ကုန်စက်မှု တက္ကသိုလ်ကနေ နည်းပညာ တက္ကသိုလ် ဆိုပြီး ဖြစ်သွားတယ်။ စက်မှု တက္ကသိုလ်ထဲမှာ တော့ ညနေပိုင်းသင်တန်း တွေ ကို ဖွင့်တယ်။ ပြည် စက်မှု တက္ကသိုလ်ကို ဖုတ်ပူမီးတိုက် ဆောက်တယ်။ ဆူပူမှု တွေဟာ နယ်ကျောင်းသားနဲ့ အဆောင်နေ တဲ့ ပတ်ဝန်းကျင်က စတယ် လို့ သုံးသပ်ပြီး နယ်ကျောင်းသားတွေအားလုံး ပြည်ကို ပို့ တယ်၊ အဆောင်မပေးပါဘူး ။ ရန်ကုန် ကျောင်းသားတွေ အတွက် လှိုင်သာယာမှာ ဆောက်နေတဲ့ သမ တက္ကသိုလ်ကို ပြည်ဂျီတီအိုင်နဲ့ လဲတယ်။ စက်မှု တက္ကသိုလ် လှိုင်သာယာ နယ်မြေဆို ပြီးလုပ်တယ်။ သူတို့ အတွက် ထိရောက်တယ်လို့ ပြောလို့ ရတယ်။ ကျောင်းတွေ ပြန်ဖွင့်ပြီး ပြည်မှာ ဆန္ဒပြပွဲ တွေ ၁ကြိမ်ထက် မနည်းဖြစ်ခဲ့တယ်တဲ့ ။ ဒါပေမယ့် ကျွန်တော်တို့ ရန်ကုန်က လူတွေ သတင်းတောင် သဲ့သဲ့ မကြားလိုက်ရဘူး။ အဲ့ဒါက ၁၉၉၆ ဖြစ်ချိန်မှာ ပထမနှစ် စတက်နေတဲ့ ဂျင်နရေးရှင်း တွေ အထိပေါ့။ အဲ့ဒိ ဂျင်နရေးရှင်း ဟာ အင်ဂျင်နီယာ အင်အားစုတွေ ရယ်လို့ ဖြစ်မလာတော့ပဲ ကမ္ဘာ အနှံ့ ပျံ့ နှံ့ ကုန်တယ်.. ။ အချို့ စင်္ကာပူမှာ ပိုလီ ကို အသုတ်လိုက် သွားတက်တယ်။ (အဲ့ဒိမှာ ပိုလီတကနစ် ဆိုတဲ့ ဝေါဟာရ ဗမာအသိုင်းအဝန်းမှာ ရေပန်းစားလာတာပဲ အဲ့ဒိတုန်းက ဈေး ချေးငွေမယူဘဲ တက်ရင် သိန်း အစိတ်လောက် ကုန်တယ်) ။ သည့်အထက် အလှမ်းမီတဲ့ သူတွေက အေအိုင်တီကို သွားကြတယ်။ အချို့ က စီးပွားရေးလုပ်တယ်၊ အချို့ က အခြားပရော်ဖက်ရှင်နယ် လိုင်းပြောင်းကြတယ် ။

သည့်နောက်ပိုင်း တက်လာတဲ့ ဂျင်နရေးရှင်း တွေကိုတော့ အင်ဂျင်နီယာ ပရောဖက်ရှင်နယ် သင်ရိုးကို ပြောင်းလိုက် တယ်။ အဲ့ဒိမှာ ဂျီတီစီ နဲ့  ဘီအီး ဆိုပြီး ကြားမှာ အဆင့် ခံတယ် သည့်နောက်ပိုင်း အဲ့ဒိ ပညာရေးစံနစ်ကြီး ခုလို ဖြစ်ပါလေရော.. ။

တစ်ချိန်က အရှေ့ တောင်အာရှမှာ တစ်ခုတည်းသော စက်မှုသိပ္ပံ ကြီး။ နိုင်ငံရပ်ခြား အန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေး က ကျောင်းသားတွေ လာတက်ရတဲ့ ကျောင်း။ နန်ရန်း တက္ကသိုလ် တည်ထောင်တော့ သည်ကျောင်းက ထူးချွန်တဲ့ သူတွေကို further studyအတွက် ရန်ကုန်စက်မှုတက္ကသိုလ်ကို ပို့ မယ် လို့ လီကွမ်းယုက တခုတ်တရ အမွှမ်းတင်ခဲ့ရတဲ့ ကျောင်း.. ၊

ခုတော့ .... .... ...... .... ...... ချုံ နဲ့ ဖုတ်ဖုတ် ... လူသူကင်းမဲ့တဲ့ ရှေးဟောင်း အဆောက်အအုံကြီးလို ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီပေါ့... ။ 

TRUE-MMCP

မိဘနဲ့တူသောအစိုးရ ( အပိုင်း ၂ - နိဂုံးပိုင်း )

ကျမတို့ပြည်သူတွေအတွက် လုံခြုံတဲ့စနစ်တခုကိုတည်ဆောက်ရမယ်။
                                ( ဒေါ်အောင်ဆန်းစုကြည်၏ RFA အဖြေကဏ္ဍ)
ကျနော် အခုရေးနေတဲ့ မိဘနဲ့တူသောအစိုးရ ဆိုတဲ့ဆောင်းပါးရေးနေစဉ်မှာပဲ တယောက်ကမိတ်ဆက်လာတယ်။ကျနော်ကလည်း လက်ခံလိုက်ပါတယ်။ သူဘယ်သူဘယ်ဝါဆိုတာမသိပါဘူး၊ ကိုယ့် အကျင့်ကိုက လူတွေအပေါ် မသကာင်္စိတ်မထားတတ်တဲ့သူဆိုတော့ ၊ စီစစ်မှု့တို့ ၊ သံသယဆိုတာလည်းမရှိပါဘူး၊ ဒီလိုနဲ့ တနေ့ သူနဲ့ ကျနော် ဂျီတော့လ်ခ် မှာဆုံပါတယ်။
“ ကို မောင်မောင်ဝမ်းလား… ” ( အမျိုးသမီးတယောက်ရဲ့ အသံပါ )
“ ဟုတ်ပါတယ်..ခင်ဗျား…”
“ ကျမ ကိုတယောက်က ပြောလို့ပါ.. အကို့ရဲ့ဆောင်းပါးကိုဖတ်ပြီးတော့ပေါ့နော်.. ကျမလည်းဖတ်ပါတယ် ဘယ်သူလည်းဆိုတာတော့မပြောပရစေနဲ့. ကျမပြည်တွင်းကနေဆက်တာပါ.. ( အသံကတော့ တော်တော်ကြည်ပါတယ်၊ ပြတ်လည်းမသွားပါဘူး၊ ကျနော် တခြားသူတွေနဲ့စကားပြောပြီဆို ဘယ်တော့မှ ကောင်းကောင်းပြောရတယ်မရှိပါ၊တော်တော်စိတ်ရှည်ရပါတယ် )
“ ဘာများပြောခြင်လို့ပါလည်း .. ကျနော် သိခွင့်ရှိမလား”
“ ဒီလိုပါ အကို့ရဲ့ဆောင်းပါးထဲမှာ .. အမေရိကားမှာ အစိုးရကလူတွေကို အငတ်မထားဘူးလို့ရေးထားပါတယ်.. ဒါပေမဲ့.သူကပြောတာက .. သူ့မိတ်ဆွေတွေအမေရိကားမှာအများကြီးရှိတယ်တဲ့ အဲဒါမေးကြည့်တော့. ငတ်သေနေတဲ့သူတွေအများကြီးရှိပါတယ်.. သူလိမ်ရေးနေတာပါလို့ပြောလို့ . ကျမသိပ်မရှင်းလို့ပါ ”
ဘယ်သူလည်းဆိုတာမပြောပရစေနဲ့လို့ စကားခံထားတော့..ဘာဆိုတာလည်းမမေးတော့ပါဘူး၊
ကျနော် တချက်ပြုံးလိုက်မိတယ်။ဘေးနားကရပ်နေတဲ့ကျနော့်အမျိုးသမီးမျက်နှာက ရှုံ့မဲ့သွားပြီး ၊ အဓိပါယ်မရှိဆိုတဲ့ ပုံစံလုပ်နေပြနေတော့.. ကျနော်က အသာလေးတားရတယ်…၊
“ အမေရိကားမှာ အခုဆို မြန်မာနိုင်ငံသားတော်တော်များများရှိပါတယ်.. သိန်းဂဏန်းလောက်တောင်ရှိမလားမသိဘူး.. တယောက်ယောက်နဲ့ အဆက်သွယ်ရှိရင်မေးကြည့်ပါ.. ခင်ဗျားသူငယ်ချင်းဆက်သွယ်တယ်ဆိုတာ တကယ်ရောဟုတ်ရဲ့လား  အမေရိကားမှာ နေထိုင်နေတဲ့ ဘယ်မြန်မာနိုင်ငံသားမဆို ဒါကို အားလုံးသိပါတယ် ၊ ဒီလိုပါ..အမေရိကားမှာရှိတဲ့ သတ်မှတ်ဝင်ငွေထက်နည်းတဲ့ တရားဝင်နေထိုင်ခွင့်ရှိထားတဲ့မည်သူမဆိုပေါ့နော်.. သူတို့ကိုအစိုးရက.. အစားသောက်ကဒ် ( Food Stamp ) ဆိုတာ ထုတ်ပေးပါတယ်။ဝင်ငွေများရင်တော့မရပါဘူး၊ အလုပ်မရှိတာတို့၊ ၀င်ငွေရှိပေမဲ့လည်း မိသားစုများလို့မလုံလောက်တာတို့အတွက်ပေါ့.. ဒါအမှန်ပါ .. တလကိုထုတ်ပေးထားတာကတော့ တပြည်နယ်နဲ့တပြည်နယ်မတူပါဘူး.. ကျနော်နေတဲ့ နယူးယောက်ပြည်နယ်မှာဆိုရင်တော့.. ပျှမ်းမျှတလကို ..လူတယောက် ဒေါ်လာ ၁၇၀ လောက်ပေးပါတယ် ( သုံးယောက်ဆိုရင်တော့..ငါးရာကျော်ပေါ့ ).. အဲသလောက်ငွေဟာ လူတယောက်အတွက်ကောင်းကောင်းကိုလုံလောက်ပါတယ် .. တော်တော်ကိုကောင်းကောင်းမွန်မွန်စားရတာပါ.. အစားအတွက်ချွှေတာစားစရာမလိုတဲ့ ပမာဏပါ.. ဒါပေမဲ့ တချို့စာရိတ္တပျက်လူတွေရှိပါတယ်..အလုပ်လုံးဝမလုပ်ပါဘူး.. မူးယစ်ဆေးဝါးသုံးစွဲတယ်..အစိုးရအထောက်အပံ့နဲ့ပဲရပ်တည်တယ်..အစိုးရကလည်းသိပေမဲ့ထောက်ပံ့ပါတယ် .. သူတို့က အဲဒီ အစားအသောက်အတွက်ထုတ်ပေးထားတဲ့ ပိုက်ဆံကိုတောင်မှ ဖလှယ်ပြီး မူးယစ်ဆေးဝါးသုံးစွဲပါတယ်..ဒါကတော့ သူတို့ရွှေးချယ်ခွင့်ပါ.. အစားသောက်ကဒ်ထုတ်ပေးတဲ့နေရာမှာ ပိုက်ဆံငွေသားထုတ်မပေးပါဘူး.. ကဒ်ပြားပဲပေးလိုက်တာပါ.. အစားသောက်ကလွဲလို့ တခြားအရာတွေလည်းဝယ်လို့မရပါဘူး.. ယုတ်စွအဆုံး ဆပ်ပြာမှုန့်တောင်ဝယ်လို့မရပါဘူး.. သူတို့ဖာသာသူတို့ မစားပဲ မူးယစ်ဆေးဝါးသုံးစွဲပြီး.အငတ်ခံနေတာကတော့.. အစိုးရနဲ့မဆိုင်ပါဘူး၊ ဒါပေမဲ့လည်း..ငတ်ပြတ်ပြီးသေကြတယ်ဆိုတာကတော့ ကျနော်လေ့လာမိသလောက် မကြားဘူးတာအမှန်ပါ ခင်ဗျာ ”
သူဘက်ကအသံကတိတ်နေတယ်။ဒါနဲ့ နားရောထောင်ရဲ့လားဆိုတာသိခြင်တာနဲ့
“ ဟလို..ဟလို”
“ ကျမလိုင်းပေါ်မှာရှိနေပါတယ် …..ပြောနေတာကို နားထောင်နေတာပါ ”
“ ကျနော်တင်ပြခဲ့တဲ့ အကြောင်းအရာတွေ အားလုံးအတွက် မှန်ကန်တယ်ဆိုတာ .. ကျနော်တာဝန်ယူပါတယ် ”
“ ကျမလည်း..အခုလို အစိုးရတရပ်က ပြည်သူကို ထမင်းအငတ်မခံဘူး.. အစားအသောက်အတွက်စိတ်ပူစရာမလိုအောင်ထောက်ပံ့ပေးထားတယ်ဆိုတာ မကြားဘူးတာအမှန်ပါ .. ဗဟုသုတနည်းတယ်ပြောလည်းခံရမှာပေါ့”
ကျနော်တော်တော်ရင်လေးသွားပါတယ်။ ကိုယ်ကအမှန်ကိုတင်ပြခဲ့တာတောင်မှ မလိုသူများက ကိုယ့်လိပ်ပြာကိုယ်မလုံလို့ သွေးထိုးတာနဲ့ ယုံမှားသံသယ အဖြစ်ခံလိုက်ရတယ်။ ဒါကလည်းရှင်းပါတယ် မြန်မာနိုင်ငံမှာ စစ်အစိုးရက ပြည်သူမဆိုထားနဲ့ သူ့စစ်တပ်တောင်သူလုံလောက်အောင်ပေးထားနိုင်တာမှ မဟုတ်တာ၊ စစ်သားတွေလစာဘယ်လောက်များပေးထားနိုင်လို့လည်း၊ ရိက္ခာအလုံအလောက်ထောက်ပံ့မှု့ရောပြည့်ဝပါရဲ့လား မေးခွန်းထုတ်စရာပါ၊ အိမ်နီးချင်း ထိုင်းနိုင်ငံတောင်မှ စစ်သားတစ်ယောက်အတွက်လစာဟာ ပျမ်းမျှ ( ဒေါ်လာ- ၃၀၀ )၀န်းကျင်လောက်နဲ့ ရိက္ခာအလုံအလောက်ထောက်ပံ့ပေးထားနိုင်ပါတယ်။ တိုင်းပြည်မတိုးတက်ပဲနဲ့ ၊ မချမ်းသာပဲနဲ့ အဆင့်မှီ တပ်မတော်တည်ဆောက်ဘို့ဆိုတာ အတော်ကိုခက်ခဲပါလိမ့်မယ်။ ဒီနေ့ မြန်မာ့တပ်မတော်ကိုပြန်ကြည့်မယ်ဆို ဒုတိယကမ္ဘာစစ်က စစ်တပ်တွေရဲ့အနေအထားထက်မပိုဘူးလို့တောင်ပြောခြင်ပါတယ်။ မာနနဲ့ခံပြီးငြင်းမယ်ဆိုရင်ငြင်းနိုင်ပါတယ် ( အရှိတရားဟာ အမှန်ဆိုတာကိုတော့ မျက်ကွယ်ပြုလို့မရနိုင်ကောင်းပါဘူး )၊ ဒါဘာဖြစ်လို့ ဒီလိုဖြစ်ရတာလည်း ဆန်းစစ်ကြည့်ရအောင်ပါ၊ စနစ်ကြောင့်ပါ ၊ သိပ်သေချာပါတယ် စနစ်ပါ၊ ဒီစနစ်ကို အပြောင်းပဲနဲ့ တိုင်းပြည်ဘယ်တော့မှ တိုးတက်ချမ်းသာလာမှာမဟုတ်ပါဘူး၊  ဒီအကြောင်းရာတွေကို တင်ပြရေးသားခြင်းအပေါ် မေးခွန်းထုတ်လို့ရပါတယ်။ ခင်ဗျားက အမေရိကားကို အထင်ကြီးအားကျလို့လားလို့မေးခဲ့ရင်တောင်မှ ဟုတ်ပါတယ်လို့ရဲဝံ့စွာဝန်ခံပါ့မယ်။ ကျနော် ချမ်းသာတိုးတက်တဲ့ နိုင်ငံကို အားကျလို့ အတုယူဘို့ ရေးသားတယ်ဆိုပိုမှန်ပါတယ်။ မြောက်ကိုရီးယားလို့ ပြည်သူတွေငတ်ပြတ်နေတာတောင် နောင်တမရသေးဘူး နယူးကလီးရား တန်ခိုးနဲ့ ထောင်ထောင် လုပ်နေတဲ့ တိုင်းပြည်မျိုး ကိုအားကျ မခိုင်းပါဘူး၊ နအဖပြောနေသလို မြန်မာနိုင်ငံဟာ အမှန်တကယ်ဖွံ့ဖြိုးပါတယ်ဆိုရင် တခြားကဏ္ဍကိုမပြောပါဘူး တပ်မတော်ထဲမှာရှိနေတဲ့ စစ်သားတွေကိုပဲ လုံလောက်အောင်ထောက်ပံ့ပါဦး၊ အနည်းဆုံး ထိုင်းစစ်သားတစ်ယောက်ရဲ့တစ်လ လစာဟာ ဒေါ်လာ ၃၀၀လောက်ပျမ်းမျှရှိတယ်ဆိုရင် ၊ မြန်မာစစ်သားတယောက်အတွက် ( ရိုးရိုးရဲဘော်ပေါ့ ) ဒေါ်လာ ၁၅၀လောက်ပဲပေးစမ်းပါဦး၊ အဲဒါဆို မြန်မာ့တပ်မတော် အဆင့်ရှိနေပါသေးတယ်ဆိုတာကို လက်ခံပေးလိုက်မယ်၊ နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုအာဏာ ဆိုတဲ့ သုံးရပ်လုံးကို တစ်ယောက် ၊ တစ်စု ၊ တစ်ဖွဲ့က ချုပ်ကိုင်ထားရင် အဲဒီနိုင်ငံ မစွံဘူးသာပြင်ပေတော့ ၊ တခုခုတော့ ချွှင်းယွင်းနေမှာအမှန်ပဲ။ တရုတ်ပြည်ကို ဥပမာပေးပြောခြင်တယ်ဆိုရင် တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ ကချုပ်ကိုင်ထားတယ်၊ တိုင်းပြည်စီးပွားရေးတိုးတက်တယ်ဆိုရင် သန်းထောင်နဲ့ချီပြီးရှိနေတဲ့ လူတွေကို ထမင်းကြွေးထားနိုင်လား၊ လူအခွင့်ရေးတကယ်ပြည့်ဝစွာရနေပြီလား ၊ သတ်ခြင်တိုင်းသတ်၊ဖမ်းခြင်တိုင်းဖမ်းတွေက ရှိနေဆဲပါ၊ တည်ဆဲအစိုးရကိုဆန့်ကျင်လိုက်တာနဲ့ရက်ရက်စက်စက် နှိပ်ကွပ်တော့တာပဲ ။ အမေရိကားမှာ သမတတောင် ခံတွင်းမတွေ့ရင် ဆန္ဒပြလို့ရတယ်၊ ကျနော်တို့မြို့ကို သမတ အိုဘားမားလာတယ်၊ မြို့မှာဘာလှုတ်လှုတ်ရှားရှားမှမရှိဘူး၊ အားလုံးပုံမှန်ပဲ ၊ တချို့သိတောင်မသိကြဘူး၊ သူလာတော့ သူ့ကိုမကြိုက်တဲ့သူတွေက ဆန္ဒပြကြတာပဲ သမတကလည်း အဲဒီအပေါ် ဒေါသမထွက်ပါဘူး ၊ ပြုံးပြီးတောင်လက်ပြသွားသေးတယ်၊အမေရိကားမှာ ကိုယ့်ဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်ခွင့်ရှိတယ်။ လူအယောက် တစ်ရာထက်မပိုရင် သတင်းပို့စရာမလိုဘူး၊ ဥပဒေဘောင်အတွင်းကငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော် ၊ ခွင့်ပြုတယ်၊လွတ်လပ်စွာရေးသားခွင့် အပြည့်ရှိတယ် ကြိုက်တာရေး၊တင်ပြ ၊ ဒါပေမဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ဥပဒေပါ အခွင့်ရေးတွေကိုတော့ သွားမထိပါးနဲ့ လက်မခံဘူး ၊ တရားစွဲခံရမယ်သာပြင် ၊ ကိုယ်လုပ်တဲ့လုပ်ရပ်၊ ကိုယ်ရေးသားတင်ပြတဲ့ အရာတွေအတွက် ကိုယ်ကိုယ်တိုင် တာဝန်ခံနိုင်ရမယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံဆိုပေမဲ့ ပရမ်းပတာမထင်လေနဲ့ ( နအဖ ကမဟုတ်မမှန် အမေရိကံ ဆိုရင်ပရမ်းပတာနိုင်ငံလို့ထင်မြင်အောင် ၀ါဒဖြန့်ထားတာလေ) ဥပဒေတွေက အရမ်းတင်းကြပ်တယ်၊ အမေရိကားထဲမှာ ဘယ်သူမှ အိမ်ရှေ့ထွက် လမ်းမထွက် အရက်သောက်လို့မရဘူး ဒါကို ဥပဒေနဲ့တင်းကြပ်ထားတာ၊ နောက်တခါ အမေရိကံပြည်ထောင်စုမှာ အာဏာသုံးရပ်ကို သီးခြားစီခွဲထားတာ ၊ မရောဘူး ၊ ဥပဒေပြုသူတွေက ဥပဒေပြု အလုပ်လုပ်၊ တရားစီရင်ရမဲ့လူက တရားစီရင်၊ သမတ က တိုင်းပြည်အုပ်ချုပ် တခုနဲ့တခု သွားလွှမ်းမိုးလို့မရဘူး၊ ဘယ်သူကမှ ဘယ်သူ့ကို ချုပ်ကိုင်လို့မရဘူး ၊ သမတမှားရင် အရေးယူခံရမှာပဲ ( ကလင်တန် ဥပမာကြည့်ပါ ) သမတ မို့ သူလုပ်ခြင်ရာလုပ်လို့မရဘူး၊ ငါ သမ္မတ ပဲဆို တရားစီရင်ရေးတို့ ၊ ဥပဒေပြုရေးတို့ အပေါ် သွား အာဏာပါဝါပြလို့မရဘူး၊ အဲဒါ လွတ်လပ်တဲ့ ဒီမိုကရေစီ ( Liberal democracy ) ရဲ့ အနှစ်သာရပါပဲ။ ကျနော်တို့ နိုင်ငံအတွက် ချက်ခြင်းကြီး ဒီလိုမဖြစ်နိုင်ဘူးဆိုတာတော့ ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒါပေမဲ့ ယခုအချိန်ကထဲကစလို့ အစမပျိုးသေးဘူးဆိုရင်တော့ နောင်နှစ်ပေါင်းဘယ်လောက်ကြာကြာမျှော်လင့်ရဦးမလည်းဆိုတာကတော့ တွေးမိတိုင်းစိတ်ပျက်စရာပါ၊
        နောက်တခါ အမေရိကားမှာ ဥပဒေအရပြင်းပြင်းထံထံအရေးယူဆောင်ရွှက်နေတဲ့ အရာတခုရှိတယ် အဲဒါက လူအချင်းချင်း အသားရောင်၊လူမျိုး၊ ဘာသာဓလေ့၊ ယဉ်ကျေးမှု့ အစရှိတာတွေကို ထိခိုက်ဆော်ကားရင် ဥပဒေအရပြင်းထံစွာအရေးယူအပြစ်ပေးတယ်။ လူသားအချင်းချင်းခွဲခြားဆက်ဆံရင် ဥပဒေအရပြင်းထံစွာအရေးယူအပြစ်ပေးတယ်။ကျနော်တို့ နိုင်ငံမှာ မလိုသူတွေပြောနေကြတဲ့ ကိစ္စတခုက ခေါင်းထဲဝင်လာလို့ပါ၊ အန်တီစု ရဲ့ အိမ်ထောင်ရေးကိစ္စပါ၊ ပြောလိုက်ကြတာ၊ရေးလိုက်ကြတာ ရစရာမရှိဘူး၊ လူမျိုးခွဲခြားကြည့်မြင်တတ်တဲ့ အတွေးခေါ်ဆိုတာ နှစ်ပေါင်း ရာချီပြီးနောက်ကြကျန်ရစ်ခဲ့ပါပြီ၊ အမေရိကားမှာ လူသားတိုင်း ဥပဒေပါ အခွင့်ရေးတွေကိုတန်းတူခံစားခွင့်ရှိတယ်။ သမ္မတမို့ ပိုပေးတာမျိုး ၊ မျက်နှာမရှိလို့ ပစ်ပယ်တာမျိုးလုံးလုံးခွင့်မပြုဘူး။ အစိုးရဟာ နိုင်ငံတွင်းမှာအပြောနဲ့ သူ့နိုင်ငံသားတွေကို နိုင်ငံပြင်ပရောက်တာတောင်စောင့်ရှောက်တယ်၊ အမေရိကံနိုင်ငံသားများ အခြားနိုင်ငံတခုခုမှာ ပြသနာတခုနဲ့ရင်ဆိုင်ကြုံရပြီဆို လိုက်လံဖြေရှင်းစောင့်ရှောက်တယ် ၊ အနိမ့်ဆုံး ရာဇ၀တ်ပြစ်မှု့ တစုံတရာ ကျူးလွန်တယ်ဆိုရင်တောင်မှ ( ကျူးလွန်ခြင်းအတွက် သက်ဆိုင်ရာနိုင်ငံက ချမှတ်တဲ့ ပြစ်ဒဏ်ကို မကယ်တင်နိုင်တာမှပအပ )ကျန်တာ အကုန်စောင့်ရှောက်တယ်။ ဒါပေမဲ့ ကယ်လို့၊တောင်းဆိုလို့ ရနိုင်သေးတယ်ဆိုရင်တောင်မှ ကယ်တင်တယ်၊ ကျနော်တို့ နိုင်ငံသားတွေ ပြည်ပနိုင်ငံအသီးသီးမှာ အလုပ်လုပ်နေကြသူတွေရော၊ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေကြသူတွေရော အများကြီးပါ၊ မြန်မာသံရုံးဆိုတာ အခွန်ကောက် တဲ့ အလုပ်ကလွဲလို့ ဘာများနိုင်ငံသားအခွင့်ရေးကို အကာကွယ်ပေးနိုင်ပါသလည်း၊ ထိုင်းနိုင်ငံမှာဆို အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေဆိုတာ နည်းလို့လား၊ ဖြစ်လာပြီဆို ဆင်ဝှေ့ရန်ရှောင် ၊ မျက်နှာလွှဲခဲပစ် စကားကလွဲလို့ ဘာမှလုပ်မပေးခဲ့ပါဘူး၊ တကယ်တော့ ကျနော်တို့ နိုင်ငံသာ စီးပွားဖွံဖြိုးတဲ့ နိုင်ငံတနိုင်ငံဖြစ်နေမယ်ဆိုရင် ဘယ်သူ နိုင်ငံရပ်ခြားကိုထွက်အလုပ်လုပ်ကြမှာလည်း၊ နိုင်ငံရပ်ခြားကိုထွက်အလုပ်လုပ်နေတဲ့သူတွေကိုတောင်မှ ကျွှန်သွားခံကြတယ်ဆိုတဲ့ရင့်သီးတဲ့ စကားတွေနဲ့ ပုတ်ခတ်သေးတာပဲ၊ ကဲ..ထားပါတော့ အဲဒီလူတွေက ကျွှန်သွားခံတယ်ဆို.. ခံခြင်လို့ခံကြတာလားလို့မေးရင်.. ဘယ်လိုပြန်ဖြေမလည်း၊ မိဘမကောင်းတော့ သူများအိမ်မှာသွားပြီး အစေခံလုပ် ကိုယ့်ဘ၀ကိုယ်ရပ်တည်ရတဲ့ သားသမီးများလိုပါပဲ ၊ အချိန်တန်ရင် မိဘက သားသမီးကို လုပ်ကိုင်မကျွှေးတဲ့ အပြင် သားသမီးလုပ်အားခထဲက အရက်ဖိုးဖြတ်တောင်းတတ်တဲ့ မိဘတွေ ကြုံဘူးပါတယ်။
          ပညာရေးပိုင်းကိုကြည့်မယ်ဆိုရင်လည်း ကလေးတိုင်းကျောင်းတက်နိုင်ရမယ်ဆိုတဲ့ ပေါ်လစီရှိတယ်။ ငွေကြေးတစ်ပြားတချပ်မှမကုန်တဲ့ အပြင် ကျောင်းမှာတောင် နံနက်စာ၊ နေ့လည်စာတွေနဲ့ ကြွေးသေးတာ၊ တက္ကသိုလ် ကောလိပ်တက်မယ်ဆိုရင်လည်း အမျိုးမျိုးသော ထောက်ပံ့ကြေးတွေအပြည့် ( ကျောင်းတွေတော်တော်များများက ပုဂ္ဂလိကပိုင်တွေများတယ် - ကျောင်းတက်ခအတွက် ငွေကြေးပေးရတယ် - အဲဒီငွေကြေးအတွက် အစိုးရတွေ၊ ဘဏ်တွေက ပေးတာ )လုပ်ငန်းခွင်ကိုဝင်သွားပြီဆို ပြန်ဆပ်ရတာလည်းရှိတယ်၊မဆပ်ရတာလည်းရှိတယ်။
          နောက်တခါ အလုပ်အကြောင်းနည်းနည်းပြောခြင်တယ်.. အမေရိကားမှာ အလုပ်သမားအခွင့်ရေးအပြည့်ရှိသဗျ။ အလုပ်သမားသမဂ္ဂဆိုတာတွေက နေရာတိုင်းမှာ ၊ အလုပ်ရှင်တွေက ငါအလုပ်ရှင်ပဲကွဆိုပြီး အလုပ်သမားတွေကို အနိုင်ကျင့်လို့မရဘူး၊မတရားခိုင်းစေလို့မရဘူး၊အလုပ်သမားတစ်ယောက်အတွက် ရသင့်တဲ့လုပ်အားခကို ဥပဒေနဲ့သတ်မှတ်ထားတယ် ၊ တနာရီ ၇.၂၅ ဒေါ်လာ ) ဒီ့ထက်လျှော့ပေးလို့မရဘူး၊နောက် ကျနော်တို့ အာရှနဲ့မတူတဲ့ အချက်က ဒီမှာ တပတ်ကို နာရီ ၄၀ဆိုတာ ပုံမှန်အလုပ်ချိန်သတ်မှတ်ထားတယ်၊ ဒီ့ထက်ပိုရင် အချိန်ပိုလုပ်အားခပေါ့ အချိန်ပို လုပ်အားခအတွက် ပုံမှန် ထက် တဆခွဲပေးရတယ်၊ ဥပမာ ခင်ဗျားက တနာရီကို ၁၀ဒေါ်လာရတယ်ဆို အချိန်ပိုအတွက် ၁၅ ဒေါ်လာသတ်မှတ်ထားတယ်၊ လုပ်ငန်းခွင်အတွင်းမှာ တခုခုထိခိုက်အနာတရဖြစ်တယ်ဆို လျှော်ကြေးပေးရတယ်၊ အလုပ်လုပ်တဲ့နေရာမှာလည်း ဥပဒေအရသတ်မှတ်ထားတာက အလုပ်သမားတိုင်းကို နှစ်နာရီလုပ်ပြီးတိုင်း တခါနားခွင့်ရှိရမယ်တဲ့ ( ဒါပေမဲ့ ပျမ်းမျှအားဖြင့်ကတော့ နှစ်နာရီနဲ့ သုံးနာရီကြားလောက်များပါတယ် အလုပ်လုပ်ချိန်နာရီပေါ့ ) နောက် တခုက အလုပ်ရှင်တယောက်က အလုပ်သမားတစ်ယောက်ကို အလုပ်ခန့်လိုက်ပြီဆို - အဲဒီ့အလုပ်သမားကို အကြောင်းမဲ့ အလုပ်ကထုတ်ပစ်တာမျိုး ဥပဒေကခွင့်မပြုဘူး ၊ ဆိုလိုတာက ဥပမာ သူအလုပ်လုပ်တာ မကြိုက်လို့- နေထိုင်မကောင်းခနခနဖြစ်လို့ စတာမျိုးတွေပေါ့ ၊ ထုတ်ခဲ့မယ်ဆို လျှော်ကြေးပေးရတယ် ( ဒါပေမဲ့ အလုပ်ရှင်များဟာ ဒါမျိုးလုပ်ခဲပါတယ် ဘာလို့လည်းဆိုတော့ သူတို့က ဥပဒေနားလည်ကြတာများတယ်)။
          ပြောရမယ်ဆို အများကြီးပေါ့ ၊ ပြောလို့ကုန်မှာမဟုတ်ဘူး စပ်မိလို့ တခုရှိသေးတယ် ကျနော်တို့ နိုင်ငံသားတွေက ရဲတို့ စစ်သားတို့တွေ့ရင် အလိုလိုကို လိပ်ပြာလန့်နေကြတာ၊ အဲဒါကို ဒီကရဲတွေက သဘောပေါက်ပုံရတယ်၊ ကျနော်တို့နိုင်ငံသားတွေတခုခုဖြစ်ပြီဆို သူတို့က မကြောက်ဘို့အရင်ဆုံးပြောတယ် ၊ ရဲဆိုတာ လူတွေကိုကူညီဘို့စောင့်ရှောက်ဘို့ပဲ ကြောက်စရာမလိုဘူး ။ တနေ့ကြုံရတဲ့ အဖြစ်ကလေးတခုပေါ့.. ကျနော့်မိတ်ဆွေ တယောက်က ကျနော့်အိမ်အလည်လာတယ်.. သူကအမျိုးသမီးပါ.. သူ့သားလေးနဲ့ ( ၁၀ လသားလောက်ပဲရှိမယ် ) လာတော့  ကျနော့်အိမ်ရှေ့ကိုအရောက် သူမောင်းလာတဲ့ကားပေါ်ကဆင်း ကားတံခါးကိုပိတ် ကျနော့်အိမ်ရှေ့က ဘဲလ်လာတီးတာပေါ့ ( ကျနော်ရှိမရှိပေါ့ဗျာ ) ၊ အဲသလိုနဲ့ သူသတိတခုဝင်သွားတယ်။ ကားထဲမှာ သူ့ကားသော့ကို ထားခဲ့ပြီး တံခါးပိတ်လိုက်တော့ ကားတံခါးဖွင့်လို့မရတော့ဘူး ၊ ကလေးငယ်က ကားထဲမှာ ၊ ဖြစ်ခြင်တော့ အဲဒီခါကြမှ ကလေးကလည်းထငိုပါလေရော၊ မအေလုပ်သူခမျာ ခြေမကိုင်မိ လက်မကိုင်မိနဲ့  ၊ ကားသော့ကလည်း အပိုမရှိဘူးလေ၊ ဒါနဲ့ ကျနော် ရဲစခမ်းကိုချက်ခြင်းဖုန်းဆက်လိုက်တယ်၊ အကျိုးအကြောင်းရှင်းပြတယ်။ ပြောရင်ယုံနိုင်စရာတောင်မရှိဘူး ၊ နောက်ထပ် ၁၅ မိနစ်လောက်ပဲကြာမယ်ထင်တယ်။ ရဲကားရောက်လာတယ် သူတို့နဲ့အတူ တံခါးဖွင့်ပေးဘို့ ကျွှမ်းကျင်သူပါ ပါလာတယ်ဗျ၊ ကားပေါ်က အမြန်ဆင်း ကားကိုတံခါးကောက်ဖွင့်လိုက်တာ ချက်ခြင်းပဲ ပြီးမှ ရဲအရာရှိ လုပ်တဲ့ အမျိုးသမီးက ကလေးကိုကောက်ပွေ့တဲ့ပြီး နမ်းရှုတ် မိခင်ဖြစ်သူဆီကို ပြုံးပြုံးကြီးပြန်ပေးလိုက်တယ်။ မိခင်ဖြစ်သူခမျာ ၀မ်းသာလိုက်တဲ့ဖြစ်ခြင်း ကျွှန်တော်တို့နိုင်ငံက အဖြစ်တွေနဲ့မကွာလား၊ နောက်တခါကတော့ ကျနော့် အမျိုးသမီး ၊ တနေရာကိုသွားကြတာ ကျနော်က အပြန်မှာ သူ့ကိုပြောလိုက်တယ် “ ငါတို့အပြန် တက္ကစီနဲ့ပြန်ရအောင် ”ဆိုပြီး ကျနော်က ဘေးနားမှာရှိတဲ့ ဈေးဆိုင်လေးထဲကို ခနအ၀င် အမျိုးသမီးက ရဲကားကို တက္ကစီမှတ်ပြီးသွားတားတယ်ဗျ ( သူကလည်း အဲသလောက်တုန်းတာ) ရဲကားကလည်း ရပ်ပေးပြီး သူ့ကိုမေးတယ် ဘာအကူညီပေးရမလည်းဆိုမှ အမျိုးသမီးက ရဲကားမှန်းသိတော့တယ် ၊ ဘာအကူညီပေးရမလည်းမေးတော့ ကျနော့်အမျိုးသမီးကလည်း အင်္ဂလိပ်လိုမပြောတတ် ဒုက္ခတွေ့ပါလေရော အဲဒါနဲ့ ကျနော့်ကိုလက်ညှိုးထိုးပြပြီး သူက ကျမအမျိုးသား သူက အင်္ဂလိပ်လိုပြောတတ်တယ် ကျမက မပြောတတ်ဘူးဆိုတော့ ရဲက ကျနော့်ဆီ တန်းတန်းလာတော့တာပဲ။ ကျနော်လည်း ဗြုန်းကနဲဆိုတော့လန့်သွားတယ် နောက်မှရဲကရှင်းပြတော့ ကျနော်ကလည်း ပြန်ရှင်းပြရတော့တယ် ၊ အဲဒီရဲက ကျနော့်ကိုဘာပြောသလည်းဆိုတော့ “ မင်းတို့ အာရှသားတွေက ဒီမှာ မျက်စိခနခနလည်ပြီး အိမ်မပြန်တတ်ကြဘူးတဲ့.. ငါလိုက်ပို့ရမလားတဲ့ ” ကျနော်ကလည်း အားနာသွားတာပေါ့ ။ ရပါတယ် ကိုယ့်ဖာသာကိုယ် ပြန်တတ်ပါတယ်ဆိုမှ ကျနော့်ကို အပြုံးတွေနဲ့ နှုတ်ဆက်ပြီးထွက်သွားတာ၊ ဒါတွေဟာ ကျနော့်ကိုယ်တွေ့ တကယ့်အဖြစ်တွေပါ၊
          နောက်တခုက .. သက်ကြီးရွှယ်အို လူကြီးတွေကိစ္စ၊ ကျနော် အမေရိကားထွက်လာတော့ ကျနော့် အမေကိုပါ တပါတည်းခေါ်လာပါတယ်။ အမေက အသက် ၆၅ နှစ်ကျော်ပါပြီ ၊ ဒီရောက်တော့ သက်ကြီးပင်စင်ဆိုပြီး အစိုးရက တစ်လကို ဒေါ်လာ ၇၀၀ နဲ့ အစားသောက်အတွက် တစ်လကို ၂၀၀ စုစုပေါင်း ၉၀၀ ထောက်ပံ့ပါတယ် အဲဒါ  အမေ အမေရိကားမှာနေထိုင်သမျှကာလပတ်လုံး ပေးသွားမှာပါ ၊ အဲဒီလိုဆိုတော့ တခါက ကဗျာဆရာကြီး ဦးတင်မိုးပြောသွားတဲ့ စကားလေးကိုသွားသတိရမိတယ်……………..
“ ကျနော် တသက်လုံးလုပ်ကြွေးပြုစုလာသော အမိမြန်မာနိုင်ငံမှ ကျနော့်အားထောင်ချလိုက်ပြီး၊ ကျနော် တခါမှလုပ်ကျွှေးသမှု့မပြုခဲ့သော အမေရိကံပြည်ထောင်စုမှ ကျနော့်အား ပင်စင်ပေးလိုက်ပါသည်တဲ့
ကိုင်းပြောစမှတ်ကိုတွင်ပါလေရော့လားဗျာ၊
          အနှစ်ချုပ်ကိုဆိုရရင်တော့ ကျနော် ကိုယ့် အမိနိုင်ငံကို တကယ်ချစ်ပါတယ်။ အခွင့်ရေးတွေဘယ်လောက်ပဲများနေပါစေ၊ ကိုယ့်မြေ ကိုယ့်ရေမှာပဲနေခြင်ပါတယ်၊ မှန်တာပြောရရင် အမေရိကားမှာ မပျှော်ပါဘူး၊ ဒါပေမဲ့လည်းပြန်လို့မှအခွင့်မသာတော့ ဒီလိုပဲ နေရတော့တာပေါ့၊ ကျနော် တို့ဟာ အမြဲတန်းဆန့်ကျင်ရေးသမားတွေမဟုတ်ဘူး၊ ဘာ့ကြောင့် စစ်အာဏာရှင်တွေကိုတွန်းလှန်တိုက်ခိုက်နေရတာလည်းဆိုတာကို ဒီဆောင်းပါးဖတ်ရင်သဘောပေါက်လာပါလိမ့်မယ်။ ကျနော်တို့ အမိမြန်မာနိုင်ငံကို တိုးတက်ချမ်းသာစေခြင်တယ်၊ အမေရိကံလောက်မဆိုလိုဘူး၊ ထိုင်းနိုင်ငံလောက်တိုးတက်တယ်ဆိုရင်တောင် ကျေနပ်နေမှာပါ၊ ( ထိုင်းနိုင်ငံတောင်မှ မြန်မာထက်အများကြီးတိုးတက်နေပြီ )၊  

ကျနော့်တို့ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ ပြည်သူလူထုကို မိဘသဖွယ် နွေးနွေးထွေးထွေးကြင်ကြင်နာနာနဲ့ သားသမီးတွေကောင်းရာကောင်းကြောင်းကို အမြဲကြိုးစားအားထုတ်နေတဲ့ မိဘနဲ့တူသော အစိုးရဖြစ်စေခြင်တယ်။ သေချာတာတခုတော့ရှိတယ်ဗျာ စစ်အာဏာရှင်များ ယနေ့လုပ်ဆောင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့တက်လာမဲ့ အစိုးရသစ်ရဲ့စည်းကမ်းပြည့်ဝသောဒီမိုကရေစီကတော့ ကျနော်တို့ အနာဂါတ်မှာ မျှော်လင့်နေမဲ့ မိဘနဲ့တူသောအစိုးရကို ဘယ်လိုမှပုံဖော်လို့မရနိုင်ဘူးဆိုတာ ရဲရဲကြီးအာမခံနိုင်ပါတယ်။
          မိဘနဲ့တူသောအစိုးရကို ကျနော်တို့ပြည်သူလူထုတရပ်လုံးတောင်းတလှပါပြီ။လိုခြင်လှပါပြီ။

                                                                                          အားလုံးကိုလေးစားစွာဖြင့်
                                                                                                 ( မောင်မောင်ဝမ်း )


မိဘနဲ့တူသောအစိုးရ ( အပိုင်း ၁)