Friday, December 3, 2010

လာ မဲ့ လွှတ်တော် ပွဲ တွေ က တော့၊ ကြည့် ကောင်း မဲ့ ပုံ ပါ။


အချိန်တွေကုန်တာ မြန်လွန်းပ ဗျာ ၊ ဟိုး အရင် နှစ်များ တုံး က ၂၀၁၀ဆိုတာ ၊ ရောက် ဘို့ကာ လွန်း လှတယ် ထင် ခဲ့ ရတာ ၊ အခု ဆိုအဲဒီ ၂၀၁၀ က လဲ ၊ ဟို လို လို ၊ဒီ လို လို နဲ့ ဘဲ ၊ မကြာ ခင် ရက် များ ကုန် သွား ပြီး ရင် ၊ ၂၀၁၁ ဖြစ် ရ တော့ မှာ ပါ၊

အခု လဲ ခါတိုင်း နှစ်များလို ဘဲ ဒီဇင်ဘာလ ကုန်ခါ နီးရင် စစ်တကသိုလ်တွေ ကျောင်းဆင်းကြတော့ မှာပါ ။ အခု ဆို မိဘ တွေ ဆီဖိတ်စာတွေတောင် ရောက် နေ ပါဘီ။ လာမဲ့ အပါတ်ကြာသာပတေး ၊ သောကြာလောက် ဆို ဒီအက်အေ ဗိုလ်ကလေးတွေ ကျောင်း ဆင်း ကြတော့ မှာပါ ။ ဒီ နှစ်လဲ ကျောင်းဆင်းပွဲ အပျော်လွန် ပြီး ၊ မူး လို့ ဆိုင်ကယ် တွေ မှောက်ကြဦး မှာ ပေါ့ ဗျာ ။ မူး ပြီး ၊ ပဲခူး မှာ လို ၊ထပ် မဖြစ်ရင်တော့ တော် တာပေါ့ဗျာ ။

နောက် တပါတ် ဆက်ပြီး စစ်အင်ဂျင်နီယာတွေ ကျောင်း ဆက်ဆင်း မယ် ကြားပါတယ်။နောက်ထပ် တပါတ် ရောက်ရင် စစ်ဆရာဝန်တွေ ၊ စစ်ဆေးဘက်ပညာသင် တွေ တန်းစီပြီးကျောင်းဆင်း ကြဦး မှာ ပါ။ ဗိုလ် ကလေးတွေ ၇ ထောင်ကျော် လောက် တိုးဦး မှာ ပေါ့ ဗျာ။ဒါ နဲ့ ဘဲ အခုဒီဇင်ဘာလ အကုန်အထိ သွားတော့ မှာပါ ။ဒီ ကြား ထဲ နိုင်ငံရေး ထူးခြားမှု က ၊ ဒီ လ အကုန် ထိ ၊ မြင်ရမယ် မထင်ပါ ခင်ဗျာ။

တလော က ကာကွယ်ရေး ဦးစီးချုပ် အသစ်ပြောင်း တယ်လို့ ကောလဟလ ကြား ရ ပေမဲ့အခု တော့ ဒီ သတင်း ငြိမ် သွား ပါဘီ ၊ အခု လာမဲ့ကျောင်းဆင်း ပွဲ တွေ မှာကာကွယ်ရေး ဦးစီးချုပ် အနေ နဲ့ ဦးသန်းရွှေ ကို ဘဲ ဆက်မြင်ရဦး မှာ ပါ။လာမဲ့ ၂၀၁၁ ၊ မတ်လ ၊တပ်မတော်နေ့ ကျရင်တော့ ကာကွယ်ရေး ဦးစီးချုပ် အသစ် ကိုမြင် ကောင်း ၊ မြင် ရ တော့ မှာ ပါ။ အဲဒီ အချိန် ကျ ၊ မြင် ရ ဘို့ များ ပါတယ်။

အခု ကြားနေရ တာ တွေ က တော့ ၊ ကြံ့ ခိုင် ရေး ပါ တီ က ၊ သူ့ လူ တွေ ၊ ဝန်ကြီးတွေ ကိုနေရာ ပြန် ချ နေတယ် ကြားရ ပါ တယ်။ သူ ကနဂို က လူမှုရေး အသင်း ပုံစံ က နေရွေးကောက်ပွဲ နီးခါ မှ ၊ ဗြုန်းဆို နိုင်ငံရေး ပါတီ အဖြစ် ပြောင်း လိုက် ရ တော့ ၊ ဖွဲ့စည်းပုံအတော်ပျက်သွား ပါတယ် ၊ တပ်မတော်သား ၊ ဝန်ထမ်း ၊ ကျောင်းသား တွေ အင်အား ကိုနှုတ် လိုက် ရ ဆိုတော့ ၊ အခု မှတကျော့ ပြန် ၊ အထိုင် ပြန် ချ ရ မဲ့ သဘော ပါ။

လာ မဲ့ ဇန်နဝါရီ ဆို လွှတ်တော် တွေ ခေါ်ဘို့ ၊ စ ကြေငြာ ရ တော့ မှာ ပါ။ဖေဖဝါရီလထဲ လွှတ်တော် ၃ ရပ် အစည်း အဝေးတွေ လုပ် ၊လူရွေးပြီး အစိုးရ ဖွဲ့နိုင်ဘို့ဝန်ကြီးနေရာ တွေ ၊ တိုင်း ပြည်နယ် ဝန်ကြီးချုပ် ၊ ပြည်နယ် တိုင်း ဝန်ကြီး အဖွဲ့တွေ ရွေးက ချယ်ကြ ၊ နဲ့ တ လကုန် သွား မှာ ပါ။

အစိုးရ အဖွဲ့ အသစ် နဲ့ အဟောင်း က တော့ ၊ မတ်လ ကျ မှ ဘတ်ဂျက် အဟောင်း ပိတ်ဘတ်ဂျက် အသစ်အစ ၊ အချိန် မှာ လွှဲ ကြ ပြောင်းက ၊ ဖြစ် ကြမယ် ထင် ပါ ရဲ့ ဗျာ။လက် ရှိ ဝန်ကြီးတွေ လဲ ၊ ကိုယ် က ဘယ် နေရာ ၊ ဘယ် ဘဝ ရောက် မယ် မသိရ သေးက ပါ ခင် ဗျာ ၊ပုတီးလေး တွေ ကိုင်ပြီး ၊ အဓိဌာနိ လုပ် လိုက် ၊ သက်သတ် လွတ်စားလိုက်နဲ့ ၊ စိတ် ထဲ က တော့ တ ထိတ် ထိတ် နဲ့ ပေါ့ ဗျာ။

ကြား ရ တာက တော့ ၊ နောက် တက် မဲ့ အစိုးရ အဖွဲ့ အသစ် မှာ ပညာတတ် တွေ ကို ဘဲဦးစားပေး ၊ဝန်ကြီး ခန့် မယ်ကြား ပါတယ် ။ အခု လက်ရှိ လူကြီး တွေ က တော့ ၊ တချို့ ကပါတီ ထဲ ကျန် ခဲ့ မယ် ၊ တချို့ က တော့ တိုင်း ၊ ပြည်နယ် ဝန်ကြီးချုပ်တွေ သွား လုပ် ကြ ရမှာ ပါ။ သက်ကြီးပိုင်း တော်တော် များများ က ပါတီ ထဲ ကျန် ၊ မဟုတ် ရင် အပြီးနား ကြ ရဘို့ များ ပါ တယ်။

အခု လက်ရှိ နံပါတ် ဝမ်း နဲ့ တူး လဲ ၊ ပါတီ ထဲ ဆက် ကျန် ခဲ့ ဘို့ များ ပါ တယ်။အသက် အရွယ် နဲ့ ကျန်းမာရေး အရ သမတ တို့ဦးစီးချုပ် တို့ လုပ် ဘို့ အခြေ အနေမပေးတော့ ပါဘူး ၊ ဖွဲ့စည်းပုံ ထဲ မှာ တရားဝင် ရာထူး နေရာ မရှိပေမဲ့ သမတ တို့ ဦးစီးချုပ်တို့ ရဲ့အပေါ် က နေရာ ၊ နာယက ပုံစံ နဲ့ နေ ကြ မဲ့သဘော ရှိ တယ် လို့ ကြား ရ ပါတယ်၊

တကယ် က တော့ ပါတီ ထဲ ကျန် နေ တဲ့ လူတွေ က အာဏာ ပို များ ဘို့ ရှိ ပါ သတဲ့ ဗျ။ ကြံခိုင်ရေး ကို ပါတီပုံစံ နဲ့ အမြန် ပြန်ဖွဲ့ ၊အင်အားကြီး လာအောင် လုပ် ၊ နောက် တခါရွေးကောက် ပွဲ ကျ ရင် လဲ ၊ ဒီ ပါ တီ ဘဲ ပြန် နိုင် အောင် ၊ ကြံ ကြ စည်ကြ ဦး မှာ ပါ။

အရင် မဆလ တုံး က ပါ တီ ကို အတော် သေချာအောင် လုပ်ပြီး မှ ၊ အခြေခံ ဥပဒေ တို့ရွေးကောက် ပွဲ တို့နဲ့ ၊ အပိုင် လုပ် ခဲ့ ကြ တာပါ ဘဲ ဒါပေမဲ့ အခြေခံ မခိုင် ခဲ့ တော့၁၉၈၈ မှာ တွေ့ ခဲ့ တဲ့ အတိုင်း ပါ ဘဲ ၊ အခု တော့ ၊ ပါတီ ပုံစံ ဘာ မှ မသေချာခင်ကသော ကမျောလုပ် နေ ရ တော့ ၊ သူ တို့ လဲ အခြေခံ ခိုင် အောင် အတော် ကြိုးစားရ ဦး မှာ ပါ။

ဒါကြောင့် ပါတီ မှာ ကျန်ခဲ့တဲ့ လူကြီးတွေ က လုပ်ပိုင်ခွင့် ပို ရ ကြ ဘို့ များ ပါတယ်။အုပ်ချုပ်ရေး စနစ်မှာ တော့ ဒေသ အလိုက် ၊ ဒေသအစိုး ရ တခုချင်း ပုံစံ မျိုး လုပ်ကြမှာပါ ။ တက်ကသိုလ် တွေ ဆေးရုံ တွေ ၊ စက်ရုံ တွေ က ဒေသ အစိုးရ အုပ်ချုပ်မှု အောက်ရောက် ကြရမှာ ပါ။ ဗဟို အစိုးရ က မူဝါဒ ဘဲ ချ ပေးပြီး ၊ အုပ်ချုပ်မှု နဲ့ ဘတ်ဂျက် ကိုဒေသအလိုက် ကိုင် ကြ မှာ ပါ ၊ တဲ့ ခင် ဗျ။

အင်း ၊ ဟို အရင် ခေတ် က လို ပါတီ နဲ့ ကောင်စီ ခေတ် မျိုး ၊ ပြန် များ ရောက်ဦး မှာ လားမသိပါဗျာ ၊ ဒေသ အစိုးရ ဆိုတာ က အရင် ၊တိုင်းကောင်စီ လို ပုံစံ မျိုး လား မပြောတတ် ပါခင် ဗျာ၊ အဲဒီ အစိုးရ အဖွဲ့ထဲ ပါ နေ တဲ့ ဝန်ကြီး ၊ ဝန်ကလေး တွေ က ကြံ့ခိုင်ရေး ပါတီ ကတငပေးထား တဲ့ လူ တွေ ဆို တော့ ၊ အဲဒီ ဒေသ အစိုးရ က ၊ အဲဒီ အရပ် ကကံ့ခိုင်ရေး ပါတီ ကို ၊ လှန် ရ တာ ၊ ခပ် ခက် ခက် ၊ ဖြစ်နေမှာ ပါ။

လာ မဲ့ လွှတ်တော် ပွဲ တွေ က တော့၊ ကြည့် ကောင်း မဲ့ ပုံ ပါ။လွှတ်တော် ၃ ရပ် မှာ ၊ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် တွေကဥပဒေ ပြု တာဝန်တွေ များပြီး ၊ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး တွေ က တိုင်း ၊ ပြည်နယ်လွှတ်တော် တွေ က လုပ်ကြ ရ မှာ ပါ။ အဲဒီ မှာ ၊ကြံ့ခိုင်ရေးပါတီ က နေရာ အများဆုံးနိုင် ခဲ့ တာ က ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ၂ ခု ထဲ မှာပါ။

ဒါပေမဲ့ ၊ တိုင်းရင်းသား ပါတီတွေ အများစု က လူ တွေ ၊ သူ တို့ အများစု နိုင် ခဲ့ တာ ကတိုင်း ၊ ပြည်နယ် လွှတ်တော် တွေမှာပါ။ ကြံ့ခိုင်ရေးနဲ့ နင်လား ငါ လား နိုင်ကြ ပါ တယ်။အုပ်ချုပ်ရေး စီမံခန့်ခွဲရေး တွေ ကို ဘယ်လို အာဏာ ခွဲ ဝေ ကြ မလဲ ၊ စောင့် ကြည့် ရ မှာပါ။ဒီတိုင်း နဲ့ ပြည်နယ် လွှတ်တော်တွေ က တိုင်း ဒေသ တွေ အကျိုးဖြစ် ထွန်းအောင် လုပ်နိုင်ကြမလား ဆို တာ စောင့် ကြည့် ရ ဦး မှာ ပါ။

အခု စစ်တပ် ထဲ မှာ ထိပ်တန်း တာဝန် တွေ ပေး ထား သူ တွေ က တော့ ၊ အသက် ၄၅ဝန်း ကျင်တွေ ပါ ၊ အသက်ကြီး တဲ့ လူ တွေ အကုန်နီးပါး ၊ စစ်တပ် က ဖယ်ထား လိုက် တာတွေ့ ရ ပါတယ် ၊ အရင် မျိုးဆက် နဲ့ အဆက် လုံးဝ ဖြတ်ထား လိုက် တဲ့ သဘော ပါအခု ဆို ရင် ဒီ အစိုးရ လက်ထက် မှ ဗိုလ် စ ဖြစ်တဲ့ သူ တွေ ဘဲ ကျန် ပါ တော့ တယ်။

စစ်တပ် က တော့ ၊ နောက် ဆိုရင် အုပ်ချုပ်ရေး ထဲ သိပ် မပါ ရ တော့ မဲ့ သဘောမျိုးတွေ့ ရ ပါ တယ်။ အခု လို ဆက်ပါ နေဦးမယ် ဆို လဲ ပါတီ ၊ ကောင်စီ ၊ စစ်တပ် ပါတ်လည်သုံးမျိုး ၊ ရိုက် နေ ပြီး ၊ အရင် မဆလ ခေတ် ထက် ၊ ပို ဆိုး ဦးမယ် ထင် ပါ တယ်။အခု တိုင်းရင်းသားလက်နက်ကိုင် ကိတ်စ တွေ တောင် နောင်လာ မဲ့ တိုင်းဒေသ လွှတ်တော်တွေ ထဲ ကျ မှ ၊ ဒေသ အလိုက် သီးခြားစီ ကိုင်တွယ် မယ်ထင်ပါတယ် ၊ဘယ် လို ဘဲ လုပ် လုပ် ပါ ၊ ပြေ လည် သွားကြ ရင် တော့ အကောင်း ဆုံး ပေါ့ဗျာ

အစိုးရ တဖွဲ နဲ့ တဖွဲ့ မလွှဲ ခင် ၊ လွှတ်တော် အသစ် ခေါ်နိုင်တဲ့ အထိမ်း အမှတ် နဲ့ထောင်သား တွေ အများကြီး ၊ လွပ်ငြိမ်းချမ်းသာခွင့် အမိန့်တွေ နဲ့ ပြန် လွှတ် ဦး မယ် လဲကြား ပါ သေး တယ်။ အခု ထောင် တွေ ထဲ မှာ ၊ လူ စာရင်း လုပ် နေ ပါ သတဲ့ ဗျ ၊ကိုဇာဂနာ တို့မပါသေး ဘဲ ၊ ခါး ပိုက် နှိုက် တို့ ၊ ချဲ ဒိုင် တို့ ၊ ထမိန် ရုတ် တဲ့ သူ ခိုး တို့အနှိပ်ခန်း နဲ့ ကရာအိုကေ ဆိုင်တွေ က ညီမလေးတွေ ဘဲ ၊အများ ဆုံး ပြန်လွတ် လာ မှာ ပါ။

အချိန် တွေ ကုန်တာ မြန် လွန်း လှ သ ဗျာ ၊ စက်ကန့် ကို မိနစ်စား ၊မိနစ် ကို နာရီ က စား ၊ နာရီ ကို ရက် က စား ၊ ရက် ကို လ ကစား ၊လ တွေ ကို နှစ် တွေ က စား ခဲ့ တာ နေရင်း ထိုင်ရင်း ၊ နှစ် ၂၀ ကျော် သွား ပါ လား ဗျာ၊အချိန် တွေ ကို ထပ် မဖြုန်း ကြ ပါ နဲ့ တော့ဗျာ ၊ အမှား တွေ ကို မြင် ကြ ပါ ခင် ဗျာ။လုပ်သင့်တာ ၊ မ လုပ်သင့် တာ ၊ ခွဲ ခြား နိုင် တဲ့ စိတ် ရှိ ကြ ပါ ၊ ခင် ဗျာ ၊

နောက် ငါးနှစ်လောက် ဆို အခု ဇတ်ခုံ ပေါ်က လူ တွေ ၊ ဘယ် ၂ ယောက် ရေဝေး ရောက်သွားကမလဲ ၊ မသိနိုင် ပါ ခင်ဗျာ ၊ နိုင်ငံသားတိုင်း ၊တည်တည် ငြိမ်ငြိမ် ၊ ပျော်ပျော် ရွှင်ရွှင်အေးအေး ချမ်းချမ်း ၊ ကိုယ့် ဘဝ ကိုယ် ၊ ကျေကျေ နပ်နပ် ၊ ဂုဏ်ယူ နိုင်မဲ့ ရက် မျိုး ၊အချိန် မျိုး ကိုသာ အမှန် မုချ ၊ အမြန် ရောက် ချင် ၊ တွေ့ ချင် ၊ မျော် မှန်း နေ ရ ၊ ပါ ပ ဗျား ။

မြန်မာကျူ့ပစ်ရီပို့တာ

3 Dec 2010 ဒိုင်ယာရီ

http://www.mediafire.com/file/unxh3a6ch39n9gg/3%20Dec%202010%20yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/mht4738brynzyeu/3%20Dec%202010%20yeyintnge%27s%20Diary.doc
3 Dec 2010 Yeyintnge's Diary

ဗိုလ်ချုပ်ခင်ညွှန့်ဗီဒီယို(အသံပါသည်)

ဗိုလ်ခင်ညွန့်ဗွီဒီယိုခွေနှင့်ပတ်သက်ပြီးဗမာပြည်ကွန်မြူနစ်ပါတီပြော

pr3-2010[1]

တပ်မတော်ကို စစ်အုပ်စု လက်ကိုင်တုတ် မလုပ်ရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း

တပ်မတော်ကို စစ်အုပ်စု လက်ကိုင်တုတ် မလုပ်ရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်ပါဝင်ခဲ့ပြီး ယနေ့တိုင်သက်ရှိထင်ရှားရှိသူ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးချုပ် ကျော် ဇောက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းတို့ တည်ထောင်ခဲ့သည့် တပ်မတော်ကို ပြည်သူ့တပ်မတော်အဖြစ် မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။
ဒီဇင်ဘာလ ၃ ရက်နေ့၌ ကျရောက်သည့် သူ၏ ၉၁ နှစ်မြောက်မွေးနေ့အတွက် ပေးပို့သောသ၀ဏ်လွာတွင် ထိုသို့ တိုက် တွန်းထားခြင်းဖြစ်ပြီး လက်ရှိ တပ်မတော်အပေါ် အချက်နှစ်ချက် ပန်ကြားထားသည်။

“ရဲဘော်တို့တပ်မတော်သားတွေဟာ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ အခြေခံစိတ်ဓါတ်အောက်မှာ ရှေ့တိုက်ပွဲ များအတွင်း ပြည်သူ့ဘက်က ရပ်တည်ကြပါ ပြည်သူကို ရန်သူလိုသဘောမထားဖို့ တောင်းပန်ပါရစေ ”

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
“စစ်အုပ်စုရဲ့လက်ကိုင်တုတ် ၊ လက်မရွံ့ကြေးစား ၊ တပ်သားများအဖြစ်မှ ရဲဘော်တို့ရုန်းထွက်ကြပါ ကျွန်တော်အခု အ သက် ၉၀ ကျော်ပါပြီ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ကျွန်တော်တို့မျိုးဆက်တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးကို ပြည်သူ့တပ်မတော်ကြီးအဖြစ် ကျွန်တော်မသေခင် ပြန်လည်မြင်တွေ့ပါရစေ” ဟု ပန်ကြားလိုက်ခြင်း ဖြစ်သည်။

သူ၏ မွေးနေ့မင်္ဂလာ အခါသမယအတွက် ကဗျာဆရာ မောင်စွမ်းရည်နှင့် ငြိမ်းချမ်းသူက ဂုဏ်ပြုကဗျာများ ပေးပို့ထားပြီး မိသားစုဝင်များက တရုတ်နယ်စပ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းကျွေး ကောင်းမှုကုသိုလ် ပြုလုပ်ကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် ကျော်ဇောအား အဖဦးပန်း အမိဒေါ်တင့်တို့မှ ဒီဇင်ဘာ ၃ ရက်နေ့ ၁၉၁၉ ခုနှစ်တွင် သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယ မြောက်သားဖြစ်သည်။

၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကွန်မင်တန် တရုတ်ဖြူတပ်များ ကျူးကျော်ဝင်ရောက်မှု့ကို  တွန်းလှန် တိုက်ခိုက် သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ သူကိုယ်တိုင် ဦးဆောင်ခဲ့သည်။

၁၉၅ရခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက် ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ ယခု အခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။

2010 Asian Games - Sepak Takraw / Women's Doubles Preliminary / China vs Myanmar 2/4

Mizzima မှ ဒီဇင်ဘာလ ၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ တိုက်ရိုက်ထုတ်လွှင့်ချက်။

Daw Aung San Suu Kyi’s message to Canada

Canadian Friends of Burma – Ottawa, Dec. 3, 2010

Burmese democracy leader Aung San Suu Kyi sent a message to the government and the people of Canada through her sister-in-law, Mrs. Lucinda Phillips, yesterday at a meeting on Parliament Hill hosted by Parliamentary Friends of Burma (PFOB) and Canadian Friends of Burma (CFOB).

Her message is as followed:

“I deeply appreciate the award of Honorary Canadian Citizenship, both for myself and because it symbolizes the help that Canada has given my people. Canada has never faltered in its support for the democracy movement in Burma for which I am very grateful. I would particularly like to thank the generosity of the government for taking in so many Burmese refugees and the help that they have received when they arrived. A good example of Canadian generosity is the recent donation to the victims of Cyclone Giri in Western Burma which has scarcely impinged on the consciousness of the outside world.”

“I have always felt a particular closeness to Canada because of my French-Canadian mother-in-law, Josette Vaillancourt who was always proud to be Canadian and always kept her Canadian passport through living in England for over 60 years. I am also aware of the history of the Vailancourt family’s efforts to foster good relations between the peoples of Canada, something that I have always advocated for Burma. Lucinda [sister-in-law] will no doubt explain that part of the family history. Finally I look forward very much to the day that conditions in Burma will allow me to be free to visit Canada myself and thank the Canadian people in person. Thank you very much.”
Accompanied by Hon. Larry Bagnell, chair of PFOB and representatives of CFOB, Mrs. Lucinda Phillips also met Hon. Lawrence Cannon, Minister of Foreign Affairs and Hon. Beverley Oda, Minister of Canadian International Development Agency (CIDA) and delivered the message.
Hon. Jack Layton, an opposition leader and the leader of New Democratic Party (NDP), also raised a question about an invitation of Daw Aung San Suu Kyi to Canada in the House of Commons yesterday. Hon. John Baid, the leader of the Government in the House of Commons, answered, “the government is certainly be pleased to continue to work with him on this important issue.”
NDP and PFOB that consists of more than 40 MPs and Senators from all political parties recommended Prime Minister Stephen Harper to invite her to Canada. Mr. Harper issued a statement calling her “an unwavering champion of peace, democracy and respect for human rights in Burma” after her release from the under house arrest last month.
After meeting with parliamentarians and political staffers from political parties in the morning yesterday, Mrs. Phillips also held a discussion in the afternoon with a group of long-time Burma supporters and founders of CFOB in the boardroom of Inter Pares, a major relief and social justice organization in charge of channeling Canadian humanitarian aid to Burma.
-----------------------------------------------------------------------
The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org