Wednesday, December 8, 2010

8 Dec 2010 ဒိုင်ယာရီ

 for Gmail user
5 attachments — Download all attachments  
breaking_by_TMN.pdfbreaking_by_TMN.pdf
653K   View   Download  
8 dec 2010 yeyintnge's diary.pdf8 dec 2010 yeyintnge's diary.pdf
2772K   View   Download  
8 dec 2010 yeyintnge's diary.doc8 dec 2010 yeyintnge's diary.doc
2329K   View   Download  
44926755-Karen-Area-Commander-Rpt-Back-to-GHQ-on-Wounded-and-Deserters-Low-Moral-Give-Myawaddy-Contracts-to-ChitThu.pdf44926755-Karen-Area-Commander-Rpt-Back-to-GHQ-on-Wounded-and-Deserters-Low-Moral-Give-Myawaddy-Contracts-to-ChitThu.pdf
53K   View   Download  
44893557-Cable-Viewer-09-RANGOON-BURMA-UPDATE-ON-CRONY-ZAW-ZAW’S-ACTIVITIES.pdf44893557-Cable-Viewer-09-RANGOON-BURMA-UPDATE-ON-CRONY-ZAW-ZAW’S-ACTIVITIES.pdf
184K   View   Download  


http://www.mediafire.com/file/h3otbm943d4wk8o/8%20dec%202010%20yeyintnge%27s%20diary.doc
http://www.mediafire.com/file/3nim59hfbkbf6l0/8%20dec%202010%20yeyintnge%27s%20diary.pdf

8 Dec 2010 Yeyintnge's Diary

Venues Protection အကြောင်း သိကောင်းစရာ



အရေးပါ ပုဂ္ဂိုလ်တွေနဲ့ ခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့် ရှောက်ပေးတဲ့အခါ venues protection အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ venues ဆိုတာမှာ နေထိုင်ရာ အဆောက်အဦး၊ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ည စာစားပွဲ၊ လူထုအစည်းအဝေး၊ အခမ်းအနား စတာတွေ ပါဝင်ပါတယ်။ venues ပေါ်မှာ အခြေပြုပြီး သက်ရောက်လာနိုင်တဲ့ အန္တရာယ်တွေကတော့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခြင်း၊ လူချင်းဝင်လုံးပြီး ဓားဖြင့်ထိုးခြင်း၊ စနိုက်ပါတပ်ဆင်ထားသော သေနတ်ဖြင့် တိုက် ခိုက်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ခြင်း၊ ဇီဝပိုးမွှားများ ဖြင့် တိုက်ခိုက်ခြင်း၊ လူထုအစည်းအဝေးပွဲများတွင် အဓိကရုဏ်းဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဓိကရုဏ်းဖြစ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေဆိုတာ ခေါင်း ဆောင်ရဲ့ အသက်ကို ရန်ရှာခံနိုင်ရမှု ရာခိုင်နှုန်း အမြင့်မားဆုံး အခြေအနေဖြစ်ပါတယ်။

ဒီအချိန်မှာ ခေါင်းဆောင်ရဲ့ close protection အဖွဲ့ဟာ ဘေးကင်းရာကို ခေါင်းဆောင် ကို အမြန်ဆုံးဆွဲထုတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူထုခေါင်းဆောင် တွေဟာ အခင်းဖြစ်ပွားရာ နေရာဒေသကို မစွန့်ခွာလိုကြပါဘူး။ ဒါကြောင့် close protection အဖွဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာဖို့ထက် ခေါင်း ဆောင်ရဲ့ အသက်အန္တရာယ်ကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ လိုအပ်ပါ တယ်။

venues protection ဆိုင်ရာ အခြေခံအချက်များ

စနစ်တကျ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည် သွားရောက်မည့် နေရာ၏ အနီးဝန်းကျင် လုံ ခြုံရေးကို လေ့လာစုံစမ်းရမည် လူထုအစည်းအဝေးများ၊ အဖွဲ့အစည်း အခမ်းအနားများ တွင် ၀င်ပေါက်၊ ထွက်ပေါက်များကို စနစ်တကျ သတ်မှတ်ရမည် close protection အ ဖွဲ့ဝင်မဟုတ်သော မည်သူမဆို ခေါင်းဆောင်အနီးသို့ ကပ်လာပါက သတိထားရမည်။

close protection အဖွဲ့ဝင် အချင်းချင်းသာ သိနိုင်သော သင်္ကေတများ ထားရှိရမည်

သတ်မှတ်ဝတ်စုံဝတ်ထားသော close protection အဖွဲ့ဝင်များအပြင် undercover အ ဖွဲ့ဝင်များလဲ ထားရှိရမည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရေးပေါ်အခြေအနေ အတွက် ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည် close protection အဖွဲ့ဝင်များ အချင်းချင်း အရေးပေါ်အခြေအနေ ထွက်ပေါက်ကို သတ်မှတ်ထားရှိရမည် အရေးပါပုဂ္ဂိုလ်နှင့် ခေါင်း ဆောင်များအား ဖရိုဖရဲအခြေအနေများကြားမှ ဆွဲထုတ်ခေါ်သွားနိုင်မည့် safe haven သတ်မှတ်ချက် ရှိရမည်။

Outer perimeter protection

venues protection မှာ နေရာသတ်မှတ်ချက် နှစ်ခုရှိပါတယ်။ ပထမတခုက သက်ဆိုင် ရာ နေရာရဲ့ ပြင်ပ နဲ့ ၀င်ပေါက်နေရာ (outer perimeter) ဖြစ်ပြီး၊ ဒုတိယတခုက သက် ဆိုင်ရာ နေရာ၊ အဆောက်အဦးအတွင်း (inner perimeter) မှာ ဖြစ်ပါတယ်။

Outer perimeter protection ကို များသောအားဖြင့် advanced team ကို တာဝန်ယူ ခိုင်းလေ့ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်တဲ့ အဖွဲ့ဝင်များအနေနဲ့ အရေးပါပုဂ္ဂိုလ် သွားမယ့်နေရာကို ကြိုတင်ရောက်ရှိပြီး ၀န်းကျင်အနေအထားကို လေ့လာရပါမယ် ကား ရပ်မည့်နေရာကို သေချာကြည့်ရှုဖို့ လိုအပ်ပါတယ် အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါတဲ့ ကား ရဲ့ ယာဉ်မောင်းကို ကားအနီးမှာ အချိန်ပြည့်ရှိစေရပါမယ်။ ယာဉ်မောင်းက တခြားတနေ ရာကို သွားဖို့ လိုလာရင် တခြားအဖွဲ့ဝင်တယောက်ယောက်က ကားအနီးမှာ သွားနေရပါ မယ် လူအ၀င်အထွက်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရပါမယ် စောင့်ကြည့်လေ့လာ တဲ့နေရာ (observation posts) များ သတ်မှတ်ရပါမယ် အရေးပါပုဂ္ဂိုလ် ပြန်လည်ထွက် ခွာမယ့် ထွက်ပေါက်နဲ့ အနီးဝန်းကျင်လုံခြုံရေးကို သတိပြုရမယ် မီဒီယာ သတင်းထောက် တွေရဲ့ သတင်းထောက် အိုင်ဒီကတ်တွေကို စစ်ဆေးရပါမယ် ကင်မင်ရာ၊ ဗွီဒီယိုစတဲ့ media equipment တွေကို လိုအပ်ရင် ကြည့်ရှုစစ်ဆေးရပါမယ် အရေးကြီးတဲ့ strategic points တွေအားလုံးမှာ ကိုယ့်ဘက်တော်သားတွေပဲ ရှိနေဖို့ ပြင်ဆင်တာဝန် ပေးရပါမယ်။

Inner perimeter protection

Inner perimeter protection နဲ့ ပတ်သက်ပြီး personal escort အဖွဲ့ငယ်ကို တာဝန် ပေးလေ့ရှိပါတယ်။ တာဝန်ရှိသူများဟာ အိမ်၊ ရုံး အဆောက်အဦး (သို့မဟုတ်) အခမ်း အနားကျင်းပရာ ကွင်းပြင်အတွင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ် အရေးပါပုဂ္ဂိုလ် ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရပါမယ်။ သို့ပေမယ့် တကောက်ကောက် ဘေးမှာ လိုက် နေရမှာကို ဆိုလိုတာ မဟုတ်ပါ။ အရေးပါပုဂ္ဂိုလ်နဲ့ မိတ်ဆွေများရဲ့ လွတ်လပ်စွာ လှုပ်ရှား မှုကို အနှောင့်အယှက်ပေးသည်အထိ မပြုလုပ်ရပါ undercover (covert) လုံခြုံရေးတာ ၀န်ယူသူများကို တာဝန်ပေးဖို့ လိုအပ်ပါတယ် အဆောက်အဦးအတွင်းမှာ safe haven နေရာ သတ်မှတ်ချက် ရှိရပါမယ်

အဆောက်အဦးအား ရှာဖွေခြင်း

လုံခြုံရေးအတွက် အဆောက်အဦးကို ရှာဖွေတဲ့အခါမှာ အပြင်မှ အတွင်းသို့ ရှာဖွေခြင်း၊ အောက်မှ အထက်သို့ ရှာဖွေခြင်း၊ ပုန်းအောင်နိုင်ဖွယ်ရာ နေရာများအား ရှာဖွေခြင်းဆို ပြီး နည်းလမ်း သုံးမျိုး ရှိပါတယ်။ ဒီလိုရှာဖွေတဲ့အခါမှာ ရှာဖွေရေးအဖွဲ့ရဲ့ လူအင်အား လေးပုံတပုံက ပြင်ပမှာ ရှာဖွေရပါမယ်၊ လူအင်အားလေးပုံတပုံက အများပြည်သူတွေ ၀င်ထွက်သွားလာလေ့ရှိတဲ့ နေရာတွေကို ရှာဖွေပြီး၊ ကျန်အင်အားတ၀က်က အဆောက် အဦးမှာ ရှိတဲ့အခန်းများကို ပတ်စိပ်တိုက်ရှာဖွေရပါမယ်။

ပြင်ပရှာဖွေခြင်း (external searching) ပြုလုပ်တဲ့အခါ အဆောက်အဦးရဲ့ ၂၅ မီတာဝန်း ကျင်ကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေတဲ့အခါ ground level အနေနဲ့ အမှိုက်စွန့်ပစ်ရာ နေ ရာများ၊ ပန်းအိုးများ၊ ရေပန်းများ၊ ရပိုက်များနဲ့ အနီးမှာ ရပ်ထားတဲ့ ကားများကိုပါ စောင့် ကြည့်ရပါမယ်။ ပြီးတဲ့အခါ ground to roof level အနေနဲ့ ပြတင်းပေါက်ဘောင်များ၊ လေအေးပေးစက်များ၊ မီးကြိုးများနဲ့ ခေါင်းမိုးကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေပြီးတာနဲ့ အ ရေးကြီးနေရာများမှာ လူအ၀င်အထွက် ထပ်မံပြုလုပ်ခြင်းကို တားဆီးခြင်း၊ အစောင့်ချ ထားခြင်း ပြုလုပ်ရပါမယ်။

အများပြည်သူဝင်ထွက်သွားလာမယ့်နေရာများအား ရှာဖွေခြင်း (searching for public places) ကို ပြုလုပ်တဲ့အခါ ဧည့်ခန်းဆောင်၊ လျှပ်စီးမီး၊ ပန်းအိုး၊ ကုလားထိုင်၊ စားပွဲ၊ မီးသတ်ဗူး၊ ဓာတ်လှေကား၊ ရေအိမ်များ၊ ဗွီဒိုများ၊ စတိုခန်းနဲ့ လျှပ်စစ်သုံးစက်ကိရိယာများ ကို ရှာဖွေရပါမယ်။

တခန်းဝင်တခန်းထွက် ရှာဖွေခြင်း (room to room searching) ကို ပြုလုပ်တဲ့အခါ ပထမဦးဆုံး အမြင်အာရုံကို အသုံးပြုပြီး လှည့်ပတ်ကြည့်ရပါမယ်။ ပြီးတဲ့အခါ အခန်းထဲ မှာ လျှောက်ကြည့်ပြီး ခေတ္တခဏရပ်ခြင်းကို အခါခါပြုလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မူမှန်မဟုတ်တဲ့ အသံတွေကို ကြားရနိုင်ပါတယ်။ အခန်းကို ရှာဖွေတဲ့အခါ searching level လေးဆင့်ရှိပါတယ်။ ပထမတဆင့်က floor to hip level ပါ။ ဒီအဆင့်မှာ ကော် ဇော၊ ကုလားထိုင်၊ စားပွဲ၊ ဗွီဒိုအသေး၊ မီးခလုတ် စတာတွေ ပါဝင်ပါတယ်။

နောက်တဆင့်က hip to eye levelပါ။ ဒီအဆင့်မှာ ဗွီဒိုကြီး၊ မီးခလုတ်၊ လေအေးပေး စက်၊ မီးခလုတ်နဲ့ စာအုပ်စင်စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ eye level to the ceiling ဖြစ်ပါတယ်။ ဒီအဆင့်မှာ အမြင့်မှာတပ်ဆင်ထားတဲ့ လေအေးပေးစက်၊ အသံချဲ့စက်၊ ပန်ကာ၊ မီးကြိုးများ စတာတွေ ပါဝင်ပါတယ်။ နောက်ဆုံးတဆင့်ကတော့ ceiling ဖြစ်ပါတယ်။ ceiling မှာ ရေးထားတဲ့ စာတွေအပါအ၀င် ရှိသမျှကို ကြည့်ရှုစစ် ဆေးရပါမယ်။

ရုံးခန်းလုံခြုံရေး

venues protection မှာ အရေးပါပုဂ္ဂိုလ် ရုံးထိုင်တဲ့ ရုံးခန်းဟာလဲ အလွန်အရေးကြီးပါ တယ်။ ရုံးခန်းဟာ အောက်ဆုံးအထပ်မှာ မရှိသင့်ပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ရုံးခန်းကို သွား မယ်ဆိုရင် အခြားရုံးခန်းတွေရှေ့က (သို့မဟုတ်) ရုံးသူရုံးသားအများရှိနေသော စားပွဲ များရှေ့က ဖြတ်သွားမှသာ ရောက်နိုင်ရပါမယ်။ ရုံးခန်းမှာ ပြတင်းပေါက်တွေရှိရင် ခန်း ဆီးများတပ်ရပါမယ်။ အရေးပါပုဂ္ဂိုလ် ရုံးထိုင်နေတာကို ပြင်ပကနေ အလွယ်တကူ မြင် နိုင်ခြင်း မရှိစေရပါဘူး။

ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ကြိုတင်ပြီး appointment ယူခိုင်းရပါမယ်။ အရေးပါ ပုဂ္ဂိုလ်ရဲ့ ရုံးခန်းအတွင်းကို ၀င်ရောက်စေတာထက် အများနဲ့ တွေ့ဆုံရမယ့် outside office ဖန်တီးထားသင့်ပါတယ်။ အဲဒီမှာ အရေးပေါ်ခေါင်းလောင်း တပ်ဆင်ထားသင့်ပါ တယ်။ ရုံးအ၀င်အထွက် နေရာများနဲ့ ရုံးတွင်းက အရေးကြီးတဲ့ နေရာများ၊ အချိုးအကွေ့ နေရာများမှာ CCTV များ တပ်ဆင်ထားသင့်ပါတယ်။ ရုံးခန်းတံခါးတွေမှာ အမည်များ၊ ရာ ထူးများ သတ်မှတ်ရေးသားထားတာရှိရင် ဖယ်ရှားပြီး နံပါတ်များနဲ့ အစားထိုးရပါမယ်။ စ တိုခန်းနဲ့ ရေအိမ်များမှာ လုံခြုံရေး ခလုတ်များနဲ့ ဖွင့်ရမယ့် တံခါးများ ရှိသင့်ပါတယ်။ ဧည့် သည်များနဲ့ အများပြည်သူသုံး ရေအိမ်ကို သီးခြားထားသင့်ပါတယ်။ ရုံးအတွင်းမှာ အရေး ပေါ်အချိန်မှာ နေထိုင်ရမယ့် safe room ထားရှိပြီး ဆက်သွယ်ရေးကိရိယာများ၊ အစား အစာနဲ့ ဆေးဝါးများကို အဆင်သင့်ထားရှိပါမယ်။

နိဂုံး

ကမ္ဘာတ၀ှမ်းက အရေးပါပုဂ္ဂိုလ်တွေကို လုပ်ကြံခံရမှုတွေမှာ ရုံးခန်း၊ ဟိုတယ်၊ စား သောက်ဆိုင်၊ အစည်းအဝေးခန်းမ၊ လူထုအစည်းအဝေးတွေရဲ့ လုံခြုံရေးအခြေအနေ အားနည်းချက်တွေက အဓိက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် venues protection ဆိုင်ရာ အခြေခံအချက်အလက်များကို အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့်သူများနဲ့ အခြေအနေက တောင်းဆိုလို့ အရေးပေါ်တာဝန် ယူလိုက်ရမယ့် သူများအနေနဲ့ သိရှိနား လည်ထားဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး

(၈၊ ၁၂၊ ၂၀၁၀)

အစာငတ်ခံ ဆန္ဒပြမှုကြောင့် မနီလာသိန်း ထောင်ဝင်စာ ပိတ်ခံရ



By မသင်းသီရိ ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

သရက်ထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းဟာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဝင်စာ သွားအတွေ့မှာ ထောင်အာဏာပိုင်တွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဘာကြောင့် အစာငတ်ခံ ဆန္ဒပြသလဲဆိုတဲ့ အကြောင်းကိုတော့ မသိခဲ့ရဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက် တနင်္လာနေ့က မနီလာသိန်းရဲ့ ယောင်းမတော်စပ်သူ မသန္တာယုနဲ့အတူ ၃ နှစ်အရွယ် မနီလာသိန်းရဲ့ သမီးငယ်တို့ သရက်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တော့ တွေ့ခွင့်မရ ဖြစ်ခဲ့ကြတာပါ။ သမီးငယ်လေး ပါတဲ့အတွက် ခေတ္တခဏ မိခင်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့လည်း အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့သလို ယူသွားတဲ့ အစားအစာတွေသာ ပေးထားခဲ့ရပြီး ဘာကြောင့် မနီလာသိန်း ထောင်တွင်းမှာ ဆန္ဒပြနေလဲ ဆိုတာ မေးမြန်းလို့ မရခဲ့ဘူးလို့ မသန္တာယုက ပြောပါတယ်။

“ကျနော်တို့သွားတော့ ထောင်ဝင်စာ ပိတ်တယ်တဲ့၊ အစာငတ်ခံ ဆန္ဒပြလို့တဲ့၊ အဲဒီလိုပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစားမစားဘူးပေါ့၊ အစာငတ်ခံ ဆန္ဒပြလို့ ပိတ်တယ်ပေါ့။ စားသောက်ဖို့ ယူသွားတဲ့ ပစ္စည်းတွေတော့ ပေးခဲ့ရတယ်။ လူတွေ့ခွင့် မရဘူး။ ကျနော်တို့က ကလေးလေးပါနေလို့ ၅ မိနစ်လောက်ပဲဖြစ်ဖြစ် ပေးတွေ့ပါဆိုတာ ဘယ်လိုမှ မရဘူး။ ကလေးနဲ့သွားတော့ မလွယ်ဘူးပေါ့။ အများအားဖြင့်တော့ ကျနော်တို့က ၂ လတခါ ဆိုပေမဲ့ တော်ရုံတန်ရုံတော့ မသွားဖြစ်ဘူးပေါ့။ အခု ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက တခေါက်သွားထားတယ်။ ဒီဇင်ဘာက အခုလို ဖြစ်နေတယ်ဆိုတော့ အဆင်မပြေခဲ့ဘူးပေါ့။”

မနီလာသိန်းဟာ မျက်စိအတွက်နဲ့အတူ အမျိုးသမီးရောဂါတခု အတွက် ပုံမှန်ဆေးဝါးတွေ သောက်သုံးနေရသူ ဖြစ်တာမို့ မိသားစုတွေ အနေနဲ့ အခုလို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့အပေါ် ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

“မျက်လုံးက မျက်သားတက်နေတာ၊ အဲဒါရှိတယ်၊ ပြီးတော့ အမျိုးသမီးရောဂါ ဖြစ်နေတယ်။ အမျိုးသမီးရောဂါ ဖြစ်တယ်ဆိုတော့ စိတ်ပူတယ်လေ။ အဲဒါတော့ ဆရာဝန်နဲ့ စောစောပြရင် ကောင်းတာပဲ။ အခုတော့ ဘာတွေမှန်း မသိဘူး ရောဂါတွေက အစုံဖြစ်နေတော့၊ ကိုယ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်မှာ ကြောက်တာလေ။ ပြီးခဲ့တဲ့လတုန်းကတော့ ဆေးပို့လိုက်တယ်။ တခြားတော့ ဘာမှ မလုပ်ရသေးဘူး၊ အဲဒါနဲ့ ပတ်သက်ပြီးတော့။”

မနီလာသိန်းကို ထောင်ဝင်စာ ပုံမှန်သွားတွေ့နေတဲ့ ယောင်းမတော်စပ်သူ မသန္တာယု ပြောပြခဲ့တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်တဲ့ မနီလာသိန်းဟာ ၂၀၀၇ လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ် သြဂုတ်လထဲ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလထဲမှာ ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချကာ သရက်ထောင်မှာ ချုပ်နှောင်ခံခဲ့ရတာပါ။ အဲဒီအချိန်က ခင်ပွန်း ကိုဂျင်မီဟာလည်း နှစ်ရည်ထောင်ဒဏ်နဲ့ပဲ တောင်ကြီးထောင်ကို အပို့ခံရတဲ့ အချိန်မှာ သူတို့ ၂ ယောက်ရဲ့ သမီးကလေးဟာ ၄ လသား အရွယ်နဲ့ပဲ ကျန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ လတ်တလော အတွင်းမှာကိုပဲ နိုင်ငံရေး အကျဉ်းသား တချို့ကို ထောင်တွေ နေရာအမျိုးမျိုး ရွှေ့ပြောင်းမှုတွေ ကြုံနေရတယ်လို့ AAPPB အဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“ပြီးခဲ့တဲ့လက ဦးအုန်းသန်းဆိုရင် ခန္တီးထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ မြစ်ကြီးနား၊ မြစ်ကြီးနားကနေ ပူတာအို ပြောင်းတာရှိတယ်။ နောက်တခါ မစန္ဒာကို ပူတာအိုထောင် ပြောင်းသွားတာ ရှိတယ်။ နောက်တခါ ကိုထင်ကျော်ကို ပြောင်းသွားတာ ရှိတယ်။ အဲဒီလိုမျိုး ထောင်လှည့်တဲ့ ပုံစံမျိုးနဲ့ တထောင်ပြီးတထောင် လိုက်ပြောင်းနေတဲ့ အခြေအနေမျိုး ရှိပါတယ်။

“အဲဒါက တကယ်ကို ညှဉ်းပန်းနှိပ်စက်မှု တခုလို့ပဲ ကျနော်တို့ မြင်တယ်။ သူတို့သာမက အိမ်တွေက မိသားစုတွေပါ အတိဒုက္ခရောက်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ နောက်တခါ ဖျာပုံထောင်မှာဆိုရင် ဦးရွှေမောင်က အခု ဒုတိယအကြိမ် မျက်စိကုသမှု ခံယူရတယ်။ မျက်စိ ပြန်ကောင်းလာဖို့အတွက် အခြေအနေ မကောင်းဘူးဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါတွေက ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။”

AAPPB အဖွဲ့က ကိုတိတ်နိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ မြစ်ကြီးနားထောင်က နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ ဆိုရင်လည်း သူ့ကို ထောင်ဝင်စာ ပုံမှန် သွားတွေ့နေတဲ့ ခယ်မဖြစ်သူကို တွေ့ဆုံခွင့် မပေးတော့ဘဲ နယ်မြေရပ်ခြားကို ရောက်နေတဲ့ မိသားစုဝင်တွေကိုပဲ ထောင်ဝင်စာ တွေ့ခွင့်ပေးမယ်လို့ အာဏာပိုင်တွေက သတ်မှတ်လိုက်တာမို့ လွန်ခဲ့တဲ့ ၇ လကျော်လောက်ကတည်းက အစားအစာတွေကို လူကြုံနဲ့သာ ပို့နေရတဲ့ အခြေအနေမျိုးတွေလည်း ကြုံနေရပါတယ်။
http://www.voanews.com/burmese/news/ma-nilar-thein-111519959.html

ဦးအောင်သောင်း ၏ အာဏာသိမ်းရန်ကြံစည်မှု (အပိုင်း ၂ )

ဒုဗိုလ် ချုပ်မှုးကြီး မောင်အေး ဟာ စစ်တပ် ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လို နိုင်နိုင်နင်းနင်း အုပ်ချုပ် နိုင်ပေမယ့်နိုင်ငံကို အုပ်ချုပ်မှု ပိုင်းမှာ တော့ ဘယ်တော့ မှ အစွမ်းရှိ မှာ မဟုတ်ကြောင်း တရုတ် သမ္မတ ကျန်ဇီမင်းက ၁၉၉၅ ခုနှစ် ကတည်းက သုံးသပ် ခဲ့သည်။ ဗိုလ်ချုပ်မှုးကြီး မောင်အေးက တစ်နေ့ ဗိုလ်သန်းရွှေ ကို လုပ်ကြံလိမ့် မည် (သို့ မဟုတ်) အာဏာသိမ်းလိမ့် မည် ၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က လည်း ဗိုလ်ချုပ် မောင်အေး ကိုဖြုတ်ချ လိမ့် မည် စသဖြင့် ကောလ ဟာလ များ သတင်းစကား များ ထွက် ရှိလာ ခဲ့သော်လည်း အတိုက်အခံနှင့် မြန်မာ ပြည်သူ တို့ ၏ ထို အိပ်မက်သည် ဘယ်တော့ မျှ ဖြစ်မလာခဲ့။
သို့ ဆိုလျှင် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ရာနှုန်းပြည့် သစ္စာ စောင့်သိသူ တစ်ယောက် ဖြစ်ပါသလား……

၁၉၈၈ ခုနှစ် စစ်တပ် က အာဏာသိမ်းပြီးနောက် ပိုင်း နှစ်စဉ် သင်္ကြန် တိုင်း တွင် အရက်မူးနေ လေ့ရှိသည့် ဒုတိယ ဗိုလ်ချုပ် မှုးကြီးမှာ ဒီနှစ် သင်္ကြန်တွင် တော့ ထူးထူးခြားခြား ပင် ရန်ကုန် မှ ထူးခြား ဖြစ်စဉ် များ ကို သူ့ ဆီ စက္ကန့် နှင့် မလပ် သတင်း ပို့ နေရန် ရန်ကုန် တိုင်းမှုး ဗိုလ်မှုးချုပ် ၀င်းမြင့် အပါအ၀င် ၊ စစ်ဒေသ မှုးများကို ဧပြီလဆန်း ထဲ မှ ညွှန်ကြားချက် ပေးထားသည်။ အရေးကြီးလျှင် ကြီး သလို သူ၏ ကိုယ်ရေး အရာရှိ ကိုကျော်၍ သူ့ ကိုယ် တိုက်ရိုက် ဆက်သွယ် နိုင် အက္ခရာ ဂဏန်း သုံးလုံး ဖြင့် တည်ဆောက်ထားသည့် ဂဏန်း ကိုး လုံးပါ ဖုံးနံပါတ် ကို ပေးထားသည်။

သင်္ကြန် အကြတ်ရက် မနက် တွင် တော့ ရန်ကုန် တိုင်း တိုင်းမှုး နှင့် စစ်ဒေသ များ ကို သူက ထပ်မံပင် အမိန့် ပေးလိုက်သည် ၊ လုံခြုံရေး အထူး ဂရုပြုရန် ၊ သင်္ကြန်ကာလ လုံခြုံရေးတာဝန်ယူထား သည့် ရဲဘော်များ ကို ဒန်ပေါက် ထမင်း ၀ယ်ကျွေးရန် တို့ ဖြစ်သည်။ပထမ ရက်များ တွင်ထူးထူးခြားခြား မရှိ သော် လည်း၊ သင်္ကြန် အကြတ်နေ့ တွင် ညနေ လေးနာရီ ခန့် တွင်တော့ ခေါ်ဆိုမှု တစ်ခု ရှိနေကြာင်း အချက်ပေးသံ မည် လာပါသည်။ ဗိုလ်ချုပ်မှုး ကြီး မောင်အေးသည် ရုတ်ချည်း ဆိုသလို ပင် ထိုဖုန်း ကို ကောက်ကိုင်လိုက် သည်။ ဖုန်းထဲ မှ အသံကား “အဘရေ ….ကျွန်တော်တော့ ထိသွားပြီ ….မနေရတော့ ဘူး ထင်တယ်” ဟူ ၍ ဖြစ်သည်။ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး တွေ ဝေ သွား သည် ။ ချက်ခြင်း ဆို သလို ပင်….

ထပ်မံ စောင့်မျှော် ဖတ်ရှုပါ။ ကျန်ရှိနေသည့် လက်ခံရရှိမှု များ ကိုလည်း ထပ်မံ ဖော်ပြသွား ပါမည်။
Posted by မြန်မာ ၀ီကီလိခ် at 10:17 PM
http://www.myanmarwikileaks.org/2010/12/blog-post_4613.html#more

ဦးအောင်သောင်း ၏ အာဏာသိမ်းရန်ကြံစည်မှု (အပိုင်း ၁ )

ဒီနေ့ဒေါ်အောင်ဆန်းကြည်နှင့်NLDအဖွဲ့ဝင်များ၏သင်္ကန်းအလှူ..



UPDATE ON CRONY ZAW ZAW’S ACTIVITIES

Cable Viewer 09 RANGOON BURMA: UPDATE ON CRONY ZAW ZAW’S ACTIVITIES

ကရင်ပြည်နယ်တိုင်းမှုးအမိန့်

Karen Area Commander Rpt Back to GHQ on Wounded and Deserters- Low Moral-Give Myawaddy Contracts to ChitThu

ချို(ဂျို)နုနေတုန်း ရိုက်ချိုးလိုက်ကြစို့


တူမောင်ညို
(၂၀၁၀ ဒီဇင်ဘာ ၈ ရက်)


Breaking by TMN

သမိုင်းကိုပျောက်အောင် မဖျောက်မိကြဖို့  လိုတယ်



လူမျိုးတိုင်းမှာ သမိုင်းရှိသည်။ မဖေါ်ပြလို၍ မရေးသားကြခြင်းနှင့် မလိုအပ်၍ မရေးသားပေးကြခြင်းမျိုး။ ယခုတလောဖတ်နေရသော ဆောင်းပါးများတွင် လူမျိုးနှင့် ပါတ်သက်သော ဖက်ဒရယ်ပြည်ထောင်စုနှင့် ပါတ်သက်သောဆောင်းပါးများကို ဖတ်ကြငြင်းကြ ပြောနေကြသည်။ အမှားတွေကို တွေ့ နေရတော့ ပြောကြဆိုကြပေလိမ့်မည်။ စင်စစ်အားဖြင့် ကျွန်တော်ပင်လျင် ဤအကြောင်းကို ၀င်၍မဆွေးနွေးချင်။ သို့ သော် နောင်လာနောက်သားတွေ၊မျိုးဆက်သစ်တွေက သမိုင်းကိုပျောက်အောင်ဖျောက်အောင်ကြိုးစားမူများအား ရော၍မပါဝင်စေလိုခြင်းကြောင့် ဆွေးနွေးရေးသားလိုက်ရခြင်းဖြစ်သည်။ အဓိကအကြောင်းမှာ စာများရေးသားကြလျှင် ဆင်ခြင်သတိထားကြဖို့ လိုနေကြောင်း ပြောလို၍ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ်ဆိုခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံခေါ်ဆိုခြင်းမှာ ဗမာတိုင်းရင်းသားလူမျိုးများက အခြားသောလူမျိုးများကို နယ်ချဲ့ ကိုလိုနီပြုကာ လက်နက်အားကိုးဖြင့် အုပ်ချုပ်နေသော နိုင်ငံကို ခေါ်ဆိုခြင်းဖြစ်သည်။ ပကတိမျက်မှောက်ကာလတွင်
နယ်ချဲ့ အုပ်ချုပ်သူ ဗမာစစ်အာဏာရှင်တို့ သည် အခြားသောလူမျိုးများအား တိုင်းရင်းသားလူမျိုးများဟု ခေါ်ဝေါ်သတ်မှတ်ပြီး သူတို့ လူမျိုးကိုမူ ဗမာလူမျိုးဟု ခေါ်ဆိုသတ်မှတ်ထားကြသည်။ ယင်းဌါနေတွင် နေထိုင်ပါလျက် ဗမာလူမျိုးများမှာ မည်သည့်အတွက်ကြောင့် ဗမာတိုင်းရင်းသားလူမျိုးဖြစ်သည်ဟု ဗမာဆောင်းပါးရှင်များက မရေးသားကြသနည်းမသိ။ ယင်းမှာအခြား လူမျိုးများအနေဖြင့် စိတ်ကိုနာကျည်းစေခြင်းဖြစ်သည်။ အကယ်၍ဗမာတိုင်းရင်းသားလူမျိုးများဟုသာ ရေးသားနေကြသည်ဆိုလျှင် အခြားတိုင်းရင်းသားလူမျိုးများဟု ပြောဆိုခံနေကြရသောလူမျိုးများက ယင်းနိုင်ငံကို လက်ခံနားလည် ခွင့်လွှတ်နိုင်ကြမည်ထင်ရသည်။ နယ်ချဲ့ ကိုလိုနီပြုကာ လက်နက်အားကိုးဖြင့် အုပ်ချုပ်သောနိုင်ငံဟု ခေါ်ဆိုရခြင်းမှာလည်း သမိုင်းကိုသတိရစေလို၍ ထောက်ပြခြင်းဖြစ်သည်။ ဤနေရာ၌ ရခိုင်လူမျိုးများသည် ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်လာခဲ့ ကြသော သီးခြားလူမျိုးဖြစ်သည်။ AD ၆ ရာစုခန့် ကပင် ယခုရေးသားနေကြသော ကကြီးခခွေး ဗျည်း ၃၃ လုံးကို ရေးသားသုံးစွဲံနေကြသော လူမျိုးဖြစ်သည်။ ဝေသာလီကျောက်စာ ၊ အာနန္ဒစန္ဒြကျောက်စာ ၊ ရှေးဟောင်းငွေဒင်္ဂါးတို့ မှာ ယင်းခေတ်ကပင် ရခိုင်လူမျိုးတို့  သုံးစွဲနေကြပြီဖြစ်သည်။ သက္ကရာဇ် ၁ရ၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ရခိုင်ထီးနန်းကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခဲ့သူမှာ ဗမာဘုရင် မောင်ဝိုင်းဖြစ်သည်။ ရခိုင်လူမျိုးပေါင်း နှစ်သိန်းကျော်အသတ်ခံရသည်။ တချို့  ဘင်္ဂလာေးဒ့ရှ်နိုင်ငံဘက်သို့  ထွက်ပြေးတိမ်းရှောင်ရသည်။ တချို့ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ရခိုင်ရှင်ဘုရင် ထီးနန်းစိုက်ရာမြို့တော်ဖြစ်သော မြောက်ဦးရှိ မဟာမြတ်မုနိဘုရားကြီးကို မန္တလေးမြို့ သို့  ရခိုင်အကျဉ်းသားများအား ဆောင်ယူခိုင်းခဲ့သည်။ စေတီဘုရားပုထိုးများမှ ရရှိသောကြေးစည်သံမောင်းများဖြင့် မင်းကွန်းခေါင်းလောင်းကို ပြုလုပ်ခဲ့သည်။ ရခိုင်လူမျိုးတို့ ၏ ယဉ်ကျေးမူမှာ အိန္ဒိယနိုင်ငံမှ ဆင်းသက်သည်။ ဗုဒ္ဒမြတ်စွာဘုရားရှင်သည် သက္ကရာဇစ် ၁၂၃ ခုနှစ်တွင် ရခိုင်ရှင်ဘုရင် မဟာစန္ဒသုရိယမင်းက ဖိတ်ကြား၍ ရခိုင်ပြည်မြောက်ဦးမြို့ တော်သို့  ကြွရောက်လာခဲ့သည်။ အေဒီ ၄ ရာစုမှပင် ရခိုင်လူမျိုးတို့ မှာ စာပေယဉ်ကျေးမူ နှင့် ဗုဒ္ဒဘာသာအယူဝါဒထွန်းကားနေခဲ့ ပြီးဖြစ်သည်။ ထို့ ကြောင့် ယခုရေးနေသော ကကြီးခခွေးဗျည်း စာပေမှာ ရခိုင်လူမျိုးတို့ ၏ စာပေသာဖြစ်သည်။ ဤစာမှာ ရခိုင်စာသာဖြစ်သည်။ ရခိုင်လူမျိုးတို့ တွင် ရှေးခေတ်ရခိုင်စာဆိုတော်များစွာရှိသည်။ ရတုရကန်အဲအန် သာခြင်းများကို စပ်ဆိုခဲ့ ကြကုန်သော စာဆိုတော်များမှာ လွန်စွာရှိသည်။ ထို့ ကြောင့် ယခုရေးနေသောစာပေကို ဗမာစာ ဖြစ်သည်ဆိုပြီး ပြောဆိုရေးသားနေမူမျိုးကို ရခိုင်လူမျိုးတို့ သည် အမှတ်တကယ်ပင် ရီမောကြသည်။ အဘယ့်ကြောင့်ဆိုသော် ရခိုင်လူမျိုးတို့ မှာ စာပေသမိုင်းရှိနေကြ၍ဖြစ်သည်။

ဗမာတိုင်းရင်းသားလူမျိုးတို့ ထံသို့  ဗုဒ္ဒဘာသာရောက်ရှိလာခြင်း

ဗမာတိုင်းရင်းသားလူမျိုးတို့ မှာ ယင်းအချိန်က ယခုအချိန်ကဲ့သို့  သီးခြားဗမာလူမျိုးဟူ၍ မခေါ်ဆိုသေး။ သူတို့ ထံသို့  သီဟိုဋ်နိုင်ငံမှသာ ဗုဒ္ဒဘာသာယဉ်ကျေးမူ ရောက်ရှိလာခြင်းဖြစ်သည်။ အေဒီ ၁၄ ရာစုနှစ်မှာမှ ဗုဒ္ဒဘာသာရောက်ရှိလာရာ စာပေယဉ်ကျေးမူမှာ ရခိုင်လူမျိုးများထက် လွန်စွာနောက်ကျမှရောက်ရှိခြင်းဖြစ်သည်။ ရခိုင်လူမျိုးတို့ ၏ ဗုဒ္ဒဘာသာကိုးကွယ်မူမှာ မြတ်စွာဘုရားရှင် ရောက်ရှိလာပြီးနောက် ကိုးကွယ်ခြင်းဖြစ်ရာ အိန္ဒိယမှ ရောက်ရှိလာသော ဗုဒ္ဒဘာသာယဉ်ကျေးမူဖြစ်သည်။ ထို့ ကြောင့်ရခိုင်လူမျိုးနှင့် အိန္ဒိယနိုင်ငံသည် ယဉ်ကျေးမူဓလေ့ထုံးစံများ ရိုက်ခတ်စီးဆင်းနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝေသာလီကျေက်စာနှင့် အခြားသောမရေမတွက်နိုင်သော ကျောက်စာများ စာပေရေးသားမူများမှာ အိန္ဒိယနိုင်ငံရှိ ကျောက်စာများတွင် ရေးထိုးထားသော စာပေမျိုးနှင့် တူညီနေသည်။ ယင်းဗုဒ္ဒဘာသာကို ရခိုင်လူမျိုးစုများသည် ယုံကြည်စွာဖြင့် ကိုးကွယ်ကြသည်။ ရခိုင်လူမျိုးစုတို့ တွင် ရခိုင်လူမျိုးစု၊ သက်လူမျိုးစု ကမန်လူမျိုးစု၊မြိုလူမျိုးစု၊သက်လူမျိုးစု ၊မရမာလူမျိုးစု၊ဒိုင်းနက်လူမျိုးစု များဟူ၍ရှိသည်။ ယင်းလူမျိုးစုများမှာ ရှေးနှစ်ပေါင်းပဝေသဏီကပင် ယခုအချိန်ထိ ရခိုင်လူမျိုးစုနွယ်များအဖြစ် မှီတင်းနေထိုင်ကြသည်။ ရခိုင်လူမျိုးစုဖြစ်သော မရာမာကြီးလူမျိုးသည် .ခုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ရှိနေသလို ရခိုင်ပြည်အနှံ့တွင်လည်း ရှိနေကြသည်။ အိန္ဒိယစာပေများနှင့် ရခိုင်သမိုင်းစာပေဆိုင်ရာစာပေများတွင် မရမာကြီးလူမျိုးများဟု သုံးနှုံးခေါ်ဝေါ်ခြင်းကို ဘရမာဒေ့ရှ် တနည်းအားဖြင့် ဗမာလူမျိုးပါဟု ပြောဆိုရေးသားမူမှာ မည်သို့ မျှ အဓိပ္ပါယ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ရခိုင်လူမျိုးများနှင့် အိန္ဒိယနိုင်ငံယဉ်ကျေးမူသည်သာ ဆက်စက်မူရှိနေခဲ့ပြီး ဗမာလူမျိုးများသမိုင်းတွင် ယင်းသို့ ခိုင်ခန့် သော သမိုင်းအချက်အလက်မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဒဘာသာကို စတင်ကိုးကွယ်မူနှင့် ကကြီးခခွေးကို စတင်သုံးစွဲသော ရခိုင်လူမျိုးများ၏ စာသည်သာ ယနေ့ သုံးစွဲနေသော စာပေဖြစ်သည်။ နောက်တချက်မှာ ၁ရ၈၄ ခုနှစ်တွင် ရခိုင်လူမျိုးတို့ ၏ စာဆိုတော်များ ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယင်းကမှတဆင့် ရခိုင်စာပေများကို သင်ကြားခဲ့ကြသောကြောင့် တဖြေးဖြေးနှင့် ကာလရွေ့ လျောလာပြီး ပေထက်အက္ခရာဖြစ်လာကြခြင်းဖြစ်သည်။ ယင်းကြောင့်လည်း ရခိုင်လူမျိုးတို့ မှာ ဤစာသည် ရခိုင်စာဟု သံသယကင်းစွာ ယုံကြည်လက်ခံကြသည်။

မျက်မှောက်ကာလ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်လိုကြမူ

ယခုတလော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးနှင့် ဒုတိယပင်လုံညီလာခံအရေးတွေ ဆွေးနွေးရေးသားကြသည်။ ဤအခါမိမိတို့ လိုရာ ဆွဲပြီးရေးသားနေကြသည်ကို တွေ့ မြင်ရသည်။ သမိုင်းကိုမသိဘဲ လိုရာကိုကောက်ချက်ချကာ ရေးသားနေကြသည်ကို ၀မ်းနည်းဘွယ်တွေ့ မြင်ရသည်။ စောစောကပြောခဲ့သလို ရခိုင်လူမျိုးတို့ မှာ ထီးမွေနန်းမွေပျောက်ကာ လူမျိုးပေါင်း သိန်းနှင့်ချီကာ အသတ်ခံခဲ့ရသည်။ နိုင်ငံလည်းပျောက်ခဲ့ ကြရသည်။ သက္ကရာစ် ၈၁၆ ခုနှစ်တွင် ရခိုင်ရှင်ဘုရင် မင်းခရီနှင့် အင်းဝဘုရင် တို့ ရခိုင်ရိုးမတောင်( ဖိုးခေါင်တောင် ) တွင် နှစ်နိုင်ငံစာချုပ်ဆိုခဲ့ ကြသည်။ ဖိုးခေါင်တောင်၏ အရှေ့ဖက်ကို အ၀ဘုရင်နိုင်ငံပိုင်သည်ဆိုပြီး အနောက်ဖက်ကို ရခိုင်နိုင်ငံတော်၏ အချုပ်အချာ အာဏာပိုင်နိုင်ငံဟု ခေါ်ဝေါ်သတ်မှတ်အသိအမှတ်ပြုခဲ့ကြသည်။ ယင်းနေ့ မှာ ( အေဒီ - ၁၄၅၄ ခနှစ် - သက္ကရဇစ် - ၈၁၆ ခု၊ တန်းခူးလဆန်း - ၆ - ရက်- တနင်းလာနေ့  ဖြစ်သည်) ။ ရခိုင်နိုင်ငံတော်သည် ယင်းအချိန်မှပင် ရခိုင်လူမျိုးတို့ ၏ နိုင်ငံတော်အဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့သည်။ ရခိုင်ရှင်ဘုရင်လက်ထက်က ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ အထိ ပိုင်ဆိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံရှိ မဂိုဘုရင်တို့ နှင့်၎င်း၊ မူဆလင်ဘုရင်တို့ နှင့်၎င်း မကြာခဏစစ်မက်ဖြစ်ပွါးခဲ့ရသည်။ စီးပွါးရေးတွက် နိုင်ငံတကာနှင့် ရေလမ်းခရီးဖြင့် ကူးသန်းသွားလာဖေါက်ကားခဲ့ကြသည်။ ပေါတူဂီ။ဒက်ခ်ျ၊ပြင်သစ်၊ တို့ နှင့် စီးပွါးရေးအထူးကောင်းမွန်ခဲ့သည်။
မြောက်ဦးဘုရင် မဟာသမတရာဇါမင်းလက်ထက်တွင် ဗမာဘုရင်မောင်ဝိုင်းက မကြေညာသောစစ်ကို ကျူးကျော်ပြီး စစ်တိုက်သည်။ ထို့ကြောင့် ရခိုင်ထီးနန်း နှင့် ရခိုင်နိုင်ငံတော်ကျဆုံးခဲ့ရသည်။ ယင်းနေ့ မှာ ၁ရ၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖြစ်သည်။ ယင်းသို့ ရခိုင်အချုပ်အချာနိုင်ငံတော်ကျဆုံးခဲ့ရသော်လည်း ယင်းနေ့ အလွန် ဇန္န၀ါရီလ ၁ ရက်နေ့ ကပင် ရခိုင်လူမျိုးတိ့ သည် မိမိတို့ ၏ဆုံးရှုံးသွားသော ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိစေဖို့  တော်လှန်ရေးကို စတင်ဆင်နွဲသည်။ ယခုအချိန်ထိ ရခိုင်လူမျိုးတို့ သည် ရခိုင်ပြည်လွပ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲလျက်ပင်ရှိနေဆဲဖြစ်သည်။ ရခိုင်နိုင်ငံတော်ကို ပြန်လည်မရသမျှလက်နက်ကိုင်တော်လှန်ရေးက ဆက်လက်ရှိနေအုံးမည်ဖြစ်သည်။ ဤသည်မှာ ရခိုင်လူမျိုးတို့ ၏ စစ်မှန်သော တရားသော အမှန်တရားပင်ဖြစ်သည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းပိုင်ခွင့်အရေးမရှိလျှင် ခွဲထွက်ပိုင်ခွင့် ရှိရမည့် အခြေအနေ

ကောင်းပါပြီ။ ယခုတင်ပြသောရခိုင်လူမျိုးတို့ ၏ သမိုင်းကို မျက်စိမှိတ်လက်မခံလျှင်လည်း အကြောင်းမဟုတ်၊ ဗမာတိုင်းရင်းသားလူမျိုးတို့ သည် ရခိုင်လူမျိုးတို့ ၏ ဤသီးခြားသမိုင်းအခြေအနေကို မည်သို့ မျှ မမေ့လျော့မိကြစေရန်သာ သိစေချင်သည်။ အဘယ့်ကြောင့်ဆိုသော် ရေးနေကြသော ဗမာဆောင်းပါးရှင်များက စစ်အစိုးရသတင်းစာများမှ အလိုတော်ရိဆောင်းပါးရှင်များထက် ပိုမိုရေးသားနေမူများက များပြားနေကြသောကြောင့်ဖြစ်သည်။ ဤနေရာ၌ လူ့ အခွင့်အရေးအခြေခံအချက် ( ၃၀ ) တွင် ပုဒ်မကြီးဖြင့် သေသေချာချာဖေးပြထားမူတချက်ရှိနေသည်။ ယင်းမှာ လူမျိုးတမျိုးကို လူမျိုးတမျိုးက ကိုလိုနီအဖြစ် မအုပ်ချုပ်ရ။ မကျူးကျော်ရ။ ဆိုသောအပိုဒ်ပါရှိနေသည်။ သည်တော့ ရခိုင်လူမျိုး တို့ မှာ လူအခွင့်အရေးအခြေခံဥပဒေကို မခံစားရသော လူမျိုး တမျိုးဖြစ်နေသည်ကို သိနားလည်ရပေလိမ့်မည်။ မှန်ပါသည်။ ရခိုင်လူမျိုးတို့ သည် ဗမာနယ်ချဲ့ ကိုလိုနီအဖြစ် နေရသောကျွန်လူမျိုးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ယင်းကျွန်ဘ၀မှလွပ်မြောက်ရေးအတွက် ရခိုင်လူမျိုးတို့ က လက်နက်ကိုင်တော်လှန်ရေးဆင်နွဲနေသည်မှာလည်း ပကတိမျက်မှောက်ကာလမှာ ရှိနေဆဲဖြစ်သည်။
အခြားတဖက်မှာ ဗမာလူမျိုးနယ်ချဲ့ စစ်အာဏာရှင်အုပ်စိုးထားသော ဤနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်လိုကြသည်ဟုလည်း ပြည်ပရောက်ဆောင်းပါးရှင်များ၊ ပြည်ပရောက်အဖွဲ့ အစည်းများက အမြဲပြောဆိုနေကြသည်ကို တွေ့ ရသည်။ တချိန်တည်းမှာ စစ်အစိုးရက မကြိုက်မှာစိုး၍ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို မပြောဆိုတော့၊ စွန့် လွှတ်လိုက်ကြပါပြီဟု ရေးသားပြောဆိုနေကြသည်။ စစ်အစိုးရက မကြိုက်၍ ခွဲထွက်လိုခွင့်ကို အနာဂါတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံမှာ ရေးမထည့်ထားပါဟု ဖွဲစည်းအုပ်ချုပ်ပုအခြေခံဥပဒေရေးဆွဲရေးဥက္ကဌဖြစ်သူက ကျွန်တော့်အား ပြောဆိုခဲ့သည်။ သို့ သော် ကျွန်တော်ရေးသားသော အနာဂါတ်ဓည၀တီရခိုင်ပြည်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒေ( မူကြမ်း ) တွင် ယခုလို ရေးသားဖေါ်ပြထားရှိသည်။ ( ပုဒ်မ-၁၁- (က ) တန်းတူရေးနှင့် ခွဲထွက်ခွင့်--ရခိုင်ပြည်တွင် နိုင်ငံရေးနင့် ခွဲထွက်ခွင့်မရှိသည်အတွက်နှင့်၎င်း၊ အခြားသောတိုင်းရင်းသားလူမျိုးများနှင့် ညီတူညီမျ အကျိုးခံစားပိုင်ခွင့်င့်ရှိသည်၎င်း၊ အကယ်၍ယူဆလျင် ရခိုင်ပြည်သည် ဗဟိုအစိုးရနှင့်၎င်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့်၎င်း၊ ပထမအကြိမ်ပြည်သူ့ လွှတ်တော် သက်တမ်း- ၄ -နှစ်ကျော်လျင် ခွဲထွက်ပိုင်ခွင့်ရှိသည်။ ( ခ ) ဤဥပဒေပုဒ်မ-၁၁ (က ) အရ ဖက်ဒရယ်ပြည်ထောင်စုမြန်ာမနိုင်ငံမှ ခွဲထွက်ခွင့်ရရှိသည်နှင့် သီးခြားလွပ်လပ်သောသို့ မဟုတ်( သို့ မဟုတ်) ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လုံးဝမပါတ်သက်သော ဓည၀တီရခိုင်ပြည်ဖြစ်ကြောင်း ဤဥပဒေပုဒ်မ-၁၁- (ခ ) ဖြင့် ပြဌန်းဖွင့်ဆိုနိုင်သည်။
ဤသည်မှာသမိုင်းကို သေသေချာချာ ချပြထားပြီး ရေးသားထားသော ရခိုင်နိုင်ငံတော်ဖြစ်ရပ်များမှ ရခိုင်လူမျိုးတို့ ၏ ဆန္ဒအမှန်ကို ဖေါ်ထုတ်ပြဆိုခြင်းဖြစ်သည်။ ထို့ကြောင့်လည်း စစ်အစိုးရကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ခွဲထွက်ပိုင်ခွင့်ကိုမက လုံးဝသီးခြားနိုင်ငံတော်အတွက်ကိုပါ ကျွန်တော်တို့ က ရေးဆွဲထားခြင်းဖြစ်သည်။ ယင်းအထဲ၌ အကယ်၍ ဆိုသောစကားရပ်ကို သတိချပ်စေလိုသည်။ မည်သည့်အချိန်တွင်မဆို ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ချင်လိုသူများမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လိုက်နာကျင့်သုံးရေးသည်သာအရေးကြီးသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏အမြော်အမြင်ကြီးမားမူဖြင့် ရေးသားခဲ့သော ယင်း ၄၇ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စစ်အစိုးရမကြိုက်သည်ဆိုပြီး အမှိုက်ပုံထဲကို လွှင့်မပစ်ဖို့ အရေးကြီးသည်။ တချိန်တည်းမှာပင် အခြားသောတိုင်းရင်းသားလူမျိုးများကလည်း ဤအချက်ကို အထူးသတိထားရမည်ဖြစ်သည်။
တန်းတူရေးဆိုသည်မှာ ဘုန်းကြီးကျောင်းဆောက်ခြင်း၊ တံထားဆောက်ခြင်းလောက်မှမျှ တန်းတူရေးကို ပြောဆိုခြင်းမဟုတ်။ နိုင်ငံရေးအရလွပ်လွပ်စွာ တန်းတူခွင့်ရှိနေရေးဖြစ်သည်။ လူမျိုးတမျိုးက လူမျိုးတမျိုးကို နယ်ချဲ့ကိုလိုနီအဖြစ် ပြုလုပ်ထားပြီး ညီအကိုပါဟု ပြောဆိုနေရုံမျှတော့ ဘာမျှ ဖြစ်လာမည်မဟုတ်။ လူ့ အခွင့်အရေးအခြေခံဥပဒေအချက်အလက်များကို တိကျလိုက်နာသော နိုင်ငံရေးစနစ်ရှိမှသာ တန်းတူရေးဖြစ်လာလိမ့်မည်။ ကိုယ်ပိုင်ဥပဒေပြဌန်းပိုင်ခွင့်ပိုင်ဆိုသည်မှာ ကောက်ရိုးပုံစောင့်သောခွေးလို နိုင်ငံရေးစနစ်မဟုတ်ချေ။ မိမိတို့၏နိုင်ငံ ပြည်နယ်ပေါင်းစုတို့ ကို မိမိတို့ သီးခြားကိုယ်ပိုင်ဥပဒေဖြင့် အုပ်ချုပ်စီမံကျင့်သုံးပိုင်ခွင့်ဆိုသော နိုင်ငံရေးစနစ်ရှိစေရေးဖြစ်သည်။ ယင်းအခြေအနေများကို ဖြစ်ပေါ်စေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတခုကို တည်ဆောက်ကြမည်ဆိုလျှင် ၂၁ ရာစုနှင့်အညီ ခေတ်မှီတိုးတက်သောအမြင်ဖြင့် တည်ဆောက်ကြရန်လိုသည်။

နိုင်ငံပေါင်းစု ဖက်ဒရယ်သို့ မဟုတ် ပြည်ထောင်ပေါင်းစုဖက်ဒရယ်နိုင်ငံ တည်ဆောက်ခြင်း

စစ်မှန်သောဒီမိုကရေစီအခွင့်အရေးနှင့် လူ့ အခွင့်အရေးကို အခြေခံသော ဖက်ဒရယ်နိုင်ငံတခုကို တည်ဆောက်ကြရန်အတွက် အဓိကတိုင်းရင်းသားဌါနေလူမျိုးများ အရေးကြီးနေသည်။ ရခိုင်နိုင်ငံတော်ဆုံးရှုံးသွားသော ရခိုင်လူမျိုးများ၊ မွန်ဘုရင့်နိုင်ငံတော်ဆုံးရှုံးသွားသော မွန်လူမျိုးတို့ သည် သူတို့ ၏နိုင်ငံတော်ကို ပြည်လည်လိုချင်ကြသည်ဖြစ်သည်။ ယင်းမှာလုံးဝငြင်း၍မရသော သမိုင်းအချက်ဖြစ်သည်။ သို့ အတူတောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများဖြစ်သော ကချင်၊ကရင်။ ချင်း၊လူမျိုးများတို့ ၏ အခြေခံလူ့ အခွင့်အရေးများသည်လည်း ပျောက်ဆုံးဖယ်ရှားခံရနေမူများကို ပြန်လည်ရလိုကြသည်သာဖြစ်သည်။ ထို့ ကြောင့် ရခိုင်လူမျိုးများနှင့် မွန်လူမျိုးတို့ သည် ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အခြားတိုင်းရင်းသားလူမျိုးတို့ နှင့် လက်တွဲတိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဒီမိုကရေစီအစိုးရစနစ်တခုကို တည်ဆောက်လာနိုင်ပြီဆိုလျင် ရခိုင်လူမျိုးနှင့် မွန်လူမျိုးတို့ မှာ လွပ်လွပ်ရေးကို လုံးဝခံစားရမည့် လူမျိုးဖြစ်သည်။ ဆိုလိုသည်မှာ ရခိုင်လူမျိုးနှင့် မွန်လူမျိုးတို့ ကို ဒီမိုကရေစီအစိုးရဖြစ်လာမည့်အစိုးရက လွပ်လွပ်ရေးပေးရန်လိုသည်။ အကြောင်းမှာသူတို့ အနေဖြင့် ဗမာနယ်ချဲ့ ကိုလိုနီအဖြစ်မှ လွပ်ကင်းပြီး ဖက်ဒရယ်နိုင်ငံတည်ဆောက်သည့်အခါ လူ့ အခွင့်အရေးအခြေခံအချက် ( ၃၀ ) ထဲက ဥပဒေပုဒ်မတို့ ဖြင့် နိုငငံတကာရှိလူသားများနှင့် တန်းတူအကျိုးခံစားပိုင်ခွင့် ရရှိစေရန်ဖြစ်သည်။ ယင်းသို့ ဆိုက နိုင်ငံပေါင်းစုဖက်ဒရယ်ပြည်ထောင်စုကို စစ်မှန်သောဒှီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ကြမည်ဆိုလျင် ရခိုင်နိုင်ငံပြည်ထောင်စုနှင့် မွန်ဘုရင့်ပြည်ထောင်စုတို့ သည်လည်း ပါဝင်လာမည်မှာ အသေအချာဖြစ်သည်။ ပြီးတော့ အခြားသောတောင်တန်းဒေသ ပြည်နယ်ပေါင်းစုလူမျိုးများကလည်း နိုင်ငံပေါင်းစုဖက်ဒရယ်ထောင်စုတွင် ပါဝင်လာမည်ဖြစ်သည်။ သို့ မှသာ သေနတ်သံဆိတ်သုဉ်းသော ပြည်ထောင်စု တခုဖြစ်မည် ။ ယင်းမှာတန်းတူရေးနှင့် ကိုယ်ပိုင်ဥပဒေပြဌာန်းပိုင်ခွင့်၏ တစိပ်တဒေသဖြစ်သည်။

အနာဂါတ်ချစ်ကြည်သွေးစည်းညီညွတ်ရေး

ကျွန်တော်တို့ အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်မည်ဆိုသောအခါ သမိုင်းအချက်အလက်များကို တည်ဆောက်ရန်အရေးကြီးသည်။ မိမိစိတ်ကြိုက်ထင်သလို မှတ်တမ်းမှတ်ရာကျန်ရစ်အောင် ရေးသား၍မရ။ အတိတ်ကဖြစ်ပျက်နေခဲ့သော သမိုင်းဆိုင်ရာအချက်အလက်များတို့ သည် နှောင်းလူတို့ အပေါ် အထူးမီးမောင်းထိုးပြနေသည်။ အနာဂါတ်ချစ်ကြည်သွေးစည်းညီညွတ်ရေးအတွက် ရေးသားပြောကြဆိုကြမည်ဆိုလျင် ယင်းလူမျိုးတို့ ၏ အတိတ်သမိုင်းများနှင့် နိုင်ငံရေးရေစီးကြောင်းဖြစ်သန်းမူတို့ ကို လေ့လာတွက်ချက်ကြပြီးမှသာ ရေးသားပြုစုရန်သင့်ကြသည်ဟု ထင်သည်။ အဘယ့်ကြောင့်ဆိုသော် နဂိုရ်ကမှ အစာမကြေညက်ဖြစ်နေသာ လူမျိုးရေးပဋိပက္ခများအကြားတွင်
မီးလောင်ရာလေပင့်ဖြစ်အောင် ပြုလုပ်ခြင်းမှာ အနာဟောင်းများ မကျက်ခင် သွေးစိမ်းရှင်ရှင်ထွက်အောင် ဒါးနှင့် ထပ်မံတူးဆွနေကြခြင်းကိုမူ အထူးဆင်ခြင်ရန်လိုအပ်သည်။ အဓိကအားဖြင့် သမိုင်းကို မဖျောက်ဖျက်မိကြဖို့  အထူးအရေးကြီးပါသည်ဟုပြောချင်သည်။

ခိုင်အောင်ကျော် (နယူးယောက်)

ကိုးကားစာအုပ်များ
(၁) အနာဂါတ်ဓည၀တီရခိုင်ပြည်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ( မူကြမ်း ) - (၂၀၀၄ -ခုနှစ်ထုတ် )-ခိုင်အောင်ကျော် ( စစ်တွေ )။
(၂ ) ရခိုင်သဟာယအသင်း(ရန်ကုန်မဂ္ဂင်း) -၂၀၀၃ -ခုနှစ် အောက်တိုဘာလထုတ်။
(၃ ) ရခိုင်သဟာယမဂ္ဂဇင်း -၂၀၀၆ ခုနှစ်-အမှတ်( ရ )-- မောင်ပြူး - သံတွဲ ။
( ၄ ) ရခိုင်ရိုးမ မဂ္ဂဇင်း- အမှတ်(၅ ) မှ ဒေါက်တာဂျက်လိုင်ဒါ။ ဆရာကြီးဦးဦးသာထွန်း ( မြန်မာပဏ္ဍိတ်) ရှေးဟောင်းသုတေသနဌါန မြောက်ဦးမြို့  ။
(၅ ) ရခိုင်ဒင်္ဂါးသမိုးင်နှင့်ပါတ်သက်သော နောက်ဆုံးသုံးသပ်ချက်တိ- အောင်ဇံ။
(၆) မြောက်ဦးခေတ်လယ် ရခိုင်စာအရီးအသားဟန်သုံးမျိုး- ဆရာမောင်ဗသိန်း၊
(၇ ) ရခိုင်ရိုးမ မဂ္ဂဇင်း -အမှတ်(၄ ) - ၂၀၀၃ ခုနှစ် မတ်လထုတ် - ဆရာမောင်ဗသိန်း၏ ရခိုင်စကား- ရခိုင်သံ- ။ ဆရာကြီးမောင်စံဖေါ် - ရခိုင်စကား ရခိုင်စာ- Stephen Van Galen ( Leiden University): Arakan at the turn of First Millennium of the Arakanese Era --( paper read the colloquium on Coastal Burma in the age of Commerce at the Royal Nelthelands Academy of Arts and Science,Amsterdam, 21-23-October,1993)
(၈ ) ဒေါက်တာသန်းထွန်း- ခေတ်ဟောင်းမြန်မာရာဇ၀င်စာအုပ်၊
(၉) တကယ်ညီညွန်ချင်ရင် ပြည်ထောင်စုအမြင် - ရဲဘော်ကျော်သန်း - ( http://www.drlunswe.blogspot.com)
(10 ) ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း- ထွန်းအောင်ကျော်( http://www.drlunswe.blogspot.com)
(11) ရက္ခပူရကြေးမုံကျမ်း- သမိုင်းသုတေသီ -ဓည၀တီ အောင်ဇေယျ - မြောက်ဦး