Thursday, December 9, 2010

9 Dec 2010 ဒိုင်ယာရီ

 For Gmail user.....
 
4 attachments — Download all attachments  
DASSK with bare-foot.jpgDASSK with bare-foot.jpg
19K   View   Download  
10december199final.pdf10december199final.pdf
124K   View   Download  
9 Dec 2010 Yeyintnge's Diary.doc9 Dec 2010 Yeyintnge's Diary.doc
2144K   View   Download  
9 Dec 2010 Yeyintnge's Diary.pdf9 Dec 2010 Yeyintnge's Diary.pdf
3646K   View   Download  


http://www.mediafire.com/file/csczphyac5j2an5/9%20Dec%202010%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/60mjccstbqihsam/9%20Dec%202010%20Yeyintnge%27s%20Diary.doc


9 Dec 2010 Yeyintnge's Diary

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အနာဂတ်



By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်ဆိုတဲ့အခါ အဖွဲ့ချုပ်အတွက် သိပ်အားတက်စရာဖြစ်ပါတယ်။ နောက်အဖွဲ့ချုပ်ကို ထောက်ခံတဲ့လူတွေ ဒီမိုကရေစီ လိုလားတဲ့လူတွေကလည်း အင်မတန် အားတက်ဝမ်းသာဖြစ်ကြပါတယ်။ အဲဒီလို စိတ်ဓါတ်ရေးရာအရ အားတက်စရာ ဖြစ်လာတဲ့အပြင် လက်တွေ့နိုင်ငံရေးအားဖြင့်ရော ဘယ်လိုများ တိုးတက်ပြီးတော့ လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်း တွေ့ရပါသလဲ။

ဦးတင်ဦး ။ ။ အများကြီး တိုးတက်ပါတယ်။ ကျနော်တို့ ဆောင်ရွက်နေတာထက်ဆရင် သူရဲ့  ဆောင်ရွက်ချက်က အင်မတန် ကြီးမားပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာရော သူရဲ့  နိုင်ငံရေးရုပ်လွှာ၊ ရုပ်ထု၊ ဥပဓိရုပ်ဟာ အင်မတန် ကြီးမားလာပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီလူ့အခွင့်အရေး ရုပ်ပုံလွှာ အင်မတန်ကြီးမားလာပါတယ်။ သူဒီလို စပြီး ၈၈ ခုနှစ် ပါဝင်တုန်းကတော့ ပြည်သူလူထုတွေကြားထဲမှာတော့ သူဟာ ဗိုလ်ချုပ်အောင်ဆန်း သမီးတယောက်အနေနဲ့ ဒီမိုကရေစီအင်အားစု က ပါလာတယ်ဆိုတဲ့ သဘောကြောင့်သာလျှင် ကျနော်တို့ ဝမ်းပါတသာ တွေ့ကြပြုကြနဲ့ ကြိုဆိုကြတယ်။

ဒါပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆောင်ရွက်ချက်တွေက သူရဲ့  အသက်ကို စွန့်ပြီးတော့ အန္တရာယ်ကြီးမားစွာကို ရင်ဆိုင်ပြီးတော့ သူရဲ့  ကိုယ်ကျိုးလုံးဝစွန့်ပြီးတော့ သူ့အဖေ တည်ဆောက်ခဲ့တဲ့ လွတ်လပ်တဲ့ နိုင်ငံတော်၊ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြန်ပြီးတော့ သမိုင်းပေး တာဝန်အရ ထမ်းဆောင်ရမယ်ဆိုပြီးတော့ ဆက်လုပ်လာတာကိုက ပြည်သူလူထုတရပ်လုံးက မျက်ဝါးထင်ထင် တွေ့ရတဲ့အခါမှာ အရင်ကြိုဆိုသလို မဟုတ်တော့ဘူး။ လူငယ်အများစုဟာ အစုလိုက်အပြုံးလိုက် ပါလာပြီးတော့ သူကို အမေ လို့ ခေါ်ကြတဲ့အထိ ယုံကြည်ကိုးစားပြီးတော့ အားကိုးလာတာတွေကို တခဲနက်ပြသလာတာဟာ ထင်ရှားလာပါတယ်။ လွတ်လာတဲ့ နောက်ပိုင်းကြတော့ အင်မတန် အံ့သြဖို့ကောင်းတာတွေက ဒီအနားမှာရှိတဲ့ ပဲခူးတို့၊ အင်တိုင်းတို့စတဲ့ နေရာတွေမှာရှိတဲ့ တပ်မတော်သားတွေထဲက တချို့ မိသားစုတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကိုလာပြီး တခဲနက်ကြိုဆိုတာကို ထောက်ရှုခြင်းအားဖြင့် တပ်မတော်သားပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ အမေ လို့ ယုံကြည်လာပြီးတော့ တခါတည်း အားကိုးတကြီးနဲ့ ဖြစ်လာတဲ့ဟာက ပိုပိုပြီး ထင်ရှားလာတာကို တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ခေါင်းဆောင်အင်္ဂါရပ်လည်း ပိုမိုပေါ်လွှင်လာတယ်၊ ပြည့်စုံလာတယ်။ ပြည်သူကလည်း အားတက်ထောက်ခံမှုတွေ အများကြီးပေးလာကြတယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုလောလောဆယ်မှာတော့ လူ့သားချင်းစာနာထောက်ပံ့တဲ့ လုပ်ငန်းတွေ များသောအားဖြင့် လုပ်နေတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလုပ်ငန်းတွေကို အဓိကလုပ်နေတာကို တွေ့ရပါတယ်။ ပုံမှန်နိုင်ငံရေး လမ်းကြောင်းပေါ်ကို ပြန်တက်နိုင်မယ့် အလားအလာ ရှိပါသလား။

ဦးတင်ဦး ။ ။ သိပ်ရှိတာပေါ့။ ပြည်သူလူထုက ကျနော်တို့ တပ်ထဲမှာ နှစ်နှစ်လောက် caretaker government အာဏာယူပြီးတော့ လုပ်တာတောင်မှ ပြည်သူလူထုတွေရဲ့  စိတ်ဓါတ်တွေဟာ နောက်ပိုင်းချုပ်ကြည့်လိုက်တဲ့အခါမှာ ဒီတပ်မတော်သားတွေရဲ့  အပိုင်းပိုင်းတွေမှာ စိုးမိုးမှုတွေ၊ လွှမ်းမိုးမှုတွေ၊ အာဏာထူထောင်မှုတွေ။ နောက်ပြီးတော့ လက်နက်အားကိုးမှုကိစ္စတွေက အဲဒီတုန်းက အပြအသဖြစ်လာတာ ရှိပြီးတော့။ ကျနော်တို့ ၁၉၆၀ ခု ရွေးကောက်ပွဲမှာ ပြည်သူလူထုက တခဲနက် ဒီမိုကရေစီလမ်းကြောင်းကို ရွေးလိုက်ပြီ။ အဲဒီတုန်းက ဦးနုက တခဲနက် မဲရသွားတယ်။ ပြည်သူလူထုရဲ့  စိတ်ဓါတ်က သူတို့ စစ်တပ်ထဲမှာ အမှန်တရားဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီနဲ့ ပတ်သက်လို့ တကယ်လိုချင်တဲ့စိတ် အမှန်ရှိနေပါတယ်။ တနည်းအားဖြင့်ဆိုရင် လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တာကို ဆောင်ကျဉ်းနိုင်မယ့် အစိုးရတရပ်ကို မြန်မြန်ပေါ်ထွန်းလာအောင် ဖြစ်စေချင်တဲ့ ဆန္ဒဟာ ကြီးမားနေပါတယ်။

တိုင်းရင်းသားတွေအားလုံးကလည်း အလားတူ သူတို့ဘဝနဲ့ ပတ်သက်တဲ့အပိုင်းမှာ ဒီအခြေအနေမှာ ပိုပြီးတော့ကာ သူတို့ရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်၊ သူတို့ရဲ့  တန်တူရည်တူရရေး ဆိုတာတွေကိုလည်း တခဲနက် တောင်းတလာတာဟာ ပြင်းထန်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်ကိုးစားမှုတွေ ပိုမိုပြီး ပြင်းထန်ထက်မျက်လာတယ်ဆိုတဲ့ အရိပ်အမြွတ်တွေက ထင်ရှားလာတယ်အတွက် ဒါကြောင့်မို့ ကျနော်တို့ဟာ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွေ့ဆုံဖြေရှင်း အဖြေရှာပြီး လုပ်ကိုင်သွားရင် ဒီထွက်ပေါက်ဟာ အကောင်းဆုံးလမ်းပေါက် ဖြစ်တယ်ဆိုတာ တဖြည်းဖြည်း ထင်ရှားလာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပြောနေပေမယ့် လက်ရှိ အာဏာရ စစ်အစိုးရကတော့ တွေ့ဆုံဆွေးနွေးရေးကိစ္စကို လုံးဝမပြောဘဲနဲ့ သူတို့ စိတ်တိုင်းကြ ရွေးကောက်ပွဲကျင်းပပြီးတော့ သူတို့လမ်းစဉ်အတိုင်း သူတို့သွားဖို့ဆိုတာကို ထပ်ခါတလဲလဲ ပြောနေတာကို တွေ့ရပါတယ်။ ဒီနှစ်ခုက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ဖြစ်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲ။

ဦးတင်ဦး ။ ။ အခြေအနေ အခုနေအတိုင်းမှာတော့ ဦးကျော်ဇံသာ တို့ မြင်တဲ့အတိုင်းပဲ သူတို့ကလည်း လမ်းစဉ် (၇) ချက်ချပြီးတော့ road map (၇) ချက်နဲ့ သွားနေတာကတော့ သူတို့အစီအစဉ်အတိုင်း သွားနေတာကတော့ မှန်ပါတယ်။ သို့သော်လည်း ဒါနဲ့ ပတ်သက်ပြီး အားလုံးမှာ အဲဒီလိုသွားနေတဲ့အပိုင်းမှာတော့ အဖြေကို ရောက်လာနိုင်ဖို့ဆိုတာကတော့ဖြစ်ရင် ဒီရွေးကောက်ပွဲမှာ မပါနိုင်တဲ့ လူတွေ၊ ရွေးကောက်ပွဲကို ပါဝင်ခွင့် မရတဲ့လူတွေ၊ နောက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့  ဆန္ဒဟာ တဖြည်းတဖြည်း အေးချမ်းငြိမ်းချမ်းစွာနဲ့ ပြသဖော်ထုတ်လာခြင်းအားဖြင့်လည်း တဖြည်းဖြည်း ဆွေးနွေးတဲ့ စားပွဲဝိုင်းပေါ်ကို ရောက်လာပြီးတော့ ဆွေးနွေးအဖြေရှာလာနိုင်မယ်ဆိုတာကို ကျနော်တို့က ယုံကြည်ပါတယ်။

အခုလည်းပဲ ရွေးကောက်ပွဲပြီးတယ်ဆိုရင် လွှတ်တော်ဟာ ရက် (၉၀) ဆိုတော့ - ရက် (၉၀) တောင် စောင့်ချင်မှစောင့်မှာ။ ဆိုလိုတာက အခု လိုက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ညှိတာတွေ၊ ပြုတာတွေ။ နောက်ပြီးတော့ သူတိုလည်း ထိုက်သင့်အားလျှော်စွာ သူတို့နည်းသူတို့ဟန်နဲ့ စည်းရုံးတာတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်းလေး အသားလေးနည်းနည်း ကျလာရင်တော့ ရက်ပေါင်း (၉၀) မတိုင်ခင်မှာ လွှတ်တော်လည်း ခေါ်ချင်ရင်ခေါ်မှာ။ သို့သော် လွှတ်တော်ခေါ်ပြီးတဲ့အခါမှာ နိုင်ငံတော်အစိုးရ ဖွဲ့စည်းရေး အခင်းအကျင်းနဲ့ သူတို့လုပ်ပိုင်ခွင့် ဘယ်လောက်အထိ ပေးမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ သူတို့က တကယ် ဒီမိုကရေစီကို ယုံကြည်တယ်ဆိုပြီးတော့ တကယ်တမ်း ဖြစ်လာရင် ကျနော်တို့ကလည်း တကယ် ဒီမိုကရေစီကို ယုံကြည်တဲ့လူတွေ ဖြစ်တဲ့အတွက် ဒီနေရာမှာ တူညီတဲ့မူပေါ်မှာ အဖြေရှာမယ်ဆိုရင် ရနိုင်စရာရှိတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီကို ယုံကြည်တယ်ဆိုတာကတော့ ပြည်သူဘယ်သူကမှ သံသယ မရှိကြပါဘူး။ ကမ္ဘာသူကမ္ဘာသားတွေလည်း သံသယမရှိကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို လက်ရှိ အုပ်စိုးနေတဲ့ ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီကို ယုံကြည်တယ်ဆိုတာကတော့ လူတိုင်း သံသယ ရှိနေကြပါတယ်။ ဆိုတော့ လက်ရှိခေါင်းဆောင်တွေ လက်ထက်မှာ ဖြစ်နိုင်ပါမလား။ တွေ့ဆုံဆွေးနွေးရေး က ဒီမိုကရေစီ လိုလားသူအချင်းချင်းသာ တွေ့ဆုံဆွေးနွေးရေး အလားအလာရှိတယ်ဆိုတော့။ လွှတ်တော်ခေါ်ပြီးတော့ ဖွဲ့စည်းလာတဲ့ အစိုးရမှာ ဘယ်လောက်လုပ်ပိုင်ခွင့် ရှိလာမယ်။ သူတို့နဲ့ လက်တွဲပြီးတော့ အမျိုးသားဒီမိုကရေစီက လုပ်နိုင်၊ ဆွေးနွေးနိုင်မယ့် အလားအလာ ရှိပါသလား။

ဦးတင်ဦး ။ ။ အခု ဖွဲ့စည်းပုံဥပဒေကတော့ ဦးကျော်ဇံသာ သိတဲ့အတိုင်းပဲ ဒီမိုကရေစီဘက်ကို အရိပ်အရောင်ပြတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှ မဟုတ်ဘဲ။ အဲဒါနဲ့ ပတ်သက်တာ အားလုံးကလည်း သူတို့ ဒီအပေါ်မှာ မူတည်ပြီးတော့ လုပ်လာမယ်၊ ပြုလာမယ့် ကိစ္စရပ်တွေမှာ လုပ်ပေးခြင်းအားဖြင့် ပိုမိုပြီးတော့ ထူးခြားလာမယ့်ဟာ ရှိလာအုံးမယ်လို့ မထင်ဘူး။ အခုန ဦးကျော်ဇံသာ ပြောတဲ့အတိုင်းပဲ ဒီဟာကတော့ တခေတ်ကလေး one term လောက် သွားချင်လည်း သွားမလား မသိဘူးလား မသိဘူး မပြောတက်ဘူးပေါ့။ သို့သော်လည်းပဲ အခု အခင်းအကျင်းကတော့ လက်မပဲ ဘယ်လောက်ထောင်ထောင်၊ ဘယ်လောက်ပဲလုပ်လုပ် လွတ်လပ်တဲ့ အခင်းအကျင်းကတော့ ပုံစံမမှန်ဘူး။ မမှန်ဘူးဆိုလို့ရှိရင် အဲဒီခေတ်အခါမှာ အခြေအနေဟာ တမျိုးတမည်တော့ ဖြစ်ပေါ်လာနိုင်စရာ ရှိတယ်လို့လည်း ကျနော်တို့က တွက်ဆထားတာရှိတယ်။

အဲဒါကြောင့်မို့လို့ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အင်အားစုတွေအနေက ယခုထက်ထိ ရှိခဲ့တဲ့ အင်အားစုတွေအတိုင်းပဲ ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်းနဲ့ ပိုပြီးစည်းရုံးနိုင်အောင် လုပ်ထားမယ်။ အခြားအခြားရှိတဲ့ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ ကျစ်ကျစ်လစ်လစ် ကျနော်တို့ဘာသာ လုပ်ထားမယ်။ အဲဒီလောက် လုပ်နိုင်ဖို့ ကျနော်တို့က လုပ်ငန်းနဲ့ ပြမယ်ပေါ့။ လုပ်ငန်းနဲ့ပြမယ်ဆိုတော့ အခုတော့ လူမှုရေး ဘာညာခေါ်နေပေမယ့် တကယ်တော့ ဒါဟာ နိုင်ငံရေး။ လုပ်ငန်းနဲ့ ပြတဲ့အပိုင်းမှာ ဥပမာဆိုရင် တိုင်းသူပြည်သားတွေနဲ့ ပတ်သက်လို့ ဂီရိ လို့ဟာမျိုး ဖြစ်နေတယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ တက်နိုင်သမျှ ပြည်သူလူထုနဲ့ အနီးကပ်ဆုံး လုပ်နိုင်တဲ့ဟာမျိုးကို ထိထိရောက်ရောက် စွမ်းပကာရှိသလောက် လုပ်ပြတာမျိုးတွေ လုပ်ပြမယ်။ အလားတူပဲ တခြား လူမှုရေး အထောက်အပံ့ဖြစ်တဲ့ ကိစ္စအရပ်ရပ်တွေ၊ တခြား ကျနော်တို့ ဆောင်ရွက်စရာရှိတဲ့ လူမှုရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကတော့ အမြင်နဲ့ ပတ်သက်လို့ ကျယ်ပါတယ်။

အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုထဲမှာ ကျနော်တို့ ဝင်ပြီးရပ်တည်ပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူလူထု ပိုပိုပြီးတော့ လုပ်ကိုင်ပေးနိုင်တယ့် ပုံတွေကို မြင်ရင်ဖြစ်ရင်တော့ဖြင့် ဒီအင်အားစုနဲ့ ပတ်သက်လို့ ဆက်လက်ပြီး ရှေ့ သွားခြင်းအားဖြင့် တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်း ဖြစ်လာမှာပဲလို့ ယုံကြည်လာတဲ့ အချိန်ရောက်ရင်ရှိရင်တော့ အဲဒါဆိုရင်တော့ စားပွဲဝိုင်းကို ရောက်လာနိုင်တဲ့ အကြောင်း ရှိတယ်ပေါ့။ သို့သော်လည်း လက်ရှိ ဗိုလ်ချုပ်ကြီးများအနေနဲ့ကတော့ ဒီလို အမြင်မျိုးကို ရရှိနိုင်အုံးမယ်လို့ မထင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နောက်တခု တချက်ကလည်း ဒီလိုဗျ သူတို့ စိုးရိမ်ပူပန်ကြောင့်ကြတဲ့ဟာကိုလည်း ကျနော်တို့က ပြည်သူလူထုအနေနဲ့ မကြောက်ရအောင်၊ မကျရအောင် နည်းနည်းပြရမယ်။ ပြုရမယ့် သဘောလည်းရှိတယ်။ ဆိုပါတော့ သူတို့ဒါနဲ့ ပတ်သက်ပြီးလို့ရှိရင် ဆက်လက်ပြီးတော့ အရေးယူခံရမလား။ နောက်ပြီးတော့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ စီးပွားရေး ပတ်သက်တာတွေကို သူတို့ ထိပါးမလား။

အဲဒါတွေနဲ့ ပတ်သက်တာတွေကို ညှိနှိုင်းဆွေးနွေးပြီးတော့ ပြည်သူလူထုပိုင်းကလည်း ထိုက်သင့်အားလျှော်စွာ ကျနော်တို့ အာမခံချက်မျိုးရှိလို့ ယုံကြည်နိုင်လောက်တဲ့ အချိန်မျိုးဖြစ်ရင်လည်း တဖြည်းတဖြည်းနဲ့ နီးစပ်လာနိုင်စရာအကြောင်းတွေ ရှိလာနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နိုင်ငံရေးကိစ္စအဝဝ အရာရာကို ဒီလိုပဲ အင်အားနဲ့ လက်နက်နဲ့ သုံးပြီးတော့ ဖြေရှင်းတာဟာ နှစ်ပေါင်းလည်း (၆၀) ကျော်လာပါပြီ။ ကျနော်တို့လည်း ငယ်ငယ်က ကြီးလာတာ တောက်လျှောက်ပဲ ဘယ်သောအခါမှ အောင်မြင်တယ်၊ ပြီးဆုံးသွားတယ် မဖြစ်ခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ စောစောက ဦးတင်ဦး ပြောတဲ့အထဲမှာ ပြည်သူဘက်ကလည်း ခွင့်လွှတ်မယ်။ သူတို့က သူတို့လုပ်ထားတဲ့ ကိစ္စအတွက် အရေးယူခံရမှာ စိုးရိမ်တဲ့အပိုင်းလည်း ရှိတယ်ဆိုလို့ တခုမေးချင်ပါတယ်။ ဒီပဲယင်းကိစ္စ။ ဒီပဲယင်းကိစ္စနဲ့ ပတ်သက်လို့ အခုအခါမှာ အဓိက ခံခဲ့ရတဲ့ ပုဂ္ဂိုလ်နှစ်ဦးစလုံးလည်း လွတ်မြောက်လာပြီဆိုတော့ တချို့  အမှန်တရား ဖော်ထုတ်ဖို့။ ဒီပဲယင်း ကိစ္စကို လုံးဝ သင်ပုန်းချေပြီးတော့ ခွင့်လွှတ်လိုက်မယ့် သဘောလား။ အမှန်တရား ဖော်ထုတ်ဖို့ အစီအစဉ်များ ရှိပါသလား။

ဦးတင်ဦး ။ ။ ဒီလိုဗျ။ အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  မူထဲမှာ၊ ခေါင်းထဲမှာကတော့ ကျနော် သေချာသိပါတယ်။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် ခေါ်တွေ့တဲ့အခါမှာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အားလုံးကို ချေလိုက်ပြီး။ ဒါနဲ့ ပတ်သက်လို့ အားလုံးကို ဘယ်သူမှ သဘောမထားဘူး။ တကယ် စိတ်ရင်း အမှန်နဲ့ ပြောတာ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြောတဲ့စကားက ကျမဟာ ကျမတို့ဘက်က သေတဲ့လူ၊ ခံရတဲ့လူတွေကို ကျေနပ်အောင် ကျမအခုလို သဘောထားတာကို ပြောရရင် ကျမပင် အန္တရာယ်ရှိပါတယ်။ သို့သော် အန္တရာယ်ရှိပေမယ့်လည်း ဒါကို ဖြစ်မြောက်အောင် လုပ်မယ်ဆိုတဲ့ သဘောထားရှိတယ်ဗျ။ အဲဒါကတော့ သေချာပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  နှောင်ရေး။ မြန်မာနိုင်ငံ အာဏာပိုင်တွေက တရားမဝင်တော့ဘူးလို့ ပြောထားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ရပ်တည်ခွင့်ရှိဖို့ ဥပဒေနည်းအရ ကြိုးစားနေတယ်ဆိုတာကို သိရပါတယ်။ ဥပဒေနည်းအရ နဲ့ နိုင်ငံရေးအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရှင်သန်နိုင်မယ့် အခြေအနေအလားအလာ ဘယ်လောက်ရှိပါသလဲ။

ဦးတင်ဦး ။ ။ ရှိတာပေါ့။ ကျနော်ပြောမယ် နောက်ဆုံးတင်ထားတဲ့ ကိစ္စအဝဝကလည်း ပယ်တာပဲ။ ပယ်မှာပဲ။ အဲဒီလောက်အထိ ကျနော်တို့ တွက်ထားပြီးတော့ မှတ်တမ်းမှတ်ရအနေနဲ့ ကျနော်တို့ဘက်က ဘယ်လောက်အထိ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်ဆိုတာကို ကျနော်တို့ ပြသသွားခဲ့ပါပြီ။ ကျနော်တို့ အဖွဲ့အစည်းက ရပ်တည်နေတာပဲ။ ကျနော်တို့ရဲ့  အန်အယ်လ်ဒီ identity ရှိတယ်ဆိုတာပဲ ကျနော်တို့ ရပ်တည်နေတာပဲ။ အဲဒီတော့ ဘယ်သူ ဘာပြောပြော ရပ်တည်နေမှာပဲ။ အဲဒီတော့ အဖွဲ့အစည်းဆိုတာ ရှိတယ်။ ဒီလို သွားရမှာပဲ။ ဘာကြောင့်လည်းဆိုတော့ တခုတော့ရှိတယ် အလံတို့၊ ဆိုင်ဘုတ်တို့၊ ရုံးတို့ ရှိခြင်းမှရှိမယ်။

ဒါပေမဲ့လို့ ရှိခြင်းလည်း ရှိသွားနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခြေအနေ ကြည့်ရတာကတော့ ဒီနေ့ အဖွဲ့ချုပ်ကို သူတို့ ပျက်ပြယ်ပြီးလည်း ပြောတယ်။ ဖျက်သိမ်းပြီးပြီလို့လည်း ပြောတယ်။ ဖျက်သိမ်းပြီးပြီဆိုတဲ့ နောက်ပိုင်းမှာ အခု ကျနော်တို့ကို ဆက်ဆံတဲ့ အနေအထားက အရင်ဆက်ဆံတာထက်တောင် လျော့ပါးတဲ့သဘောရှိတယ်။ လျော့ပါးတဲ့ဆိုတာ လုံခြုံရေးပြောတာ။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လိုက်ပြီးတော့ လုပ်တာပြုတဲ့ အနှောက်အယှက်က အရင်ကထက်ဆရင် နည်းနည်းပါးတယ်။ အဲဒီ သဘောလေးတွေ တွေ့ရတယ်။ တခုတော့ရှိတယ်။ သိပ်ပြီးတော့ အချိုလိုက်နေပြီး နောက်မှ ပိတ်လုပ်လိုက်လေမလား။ ဒါကိုတော့ ကျနော်တို့လည်း တွက်ထားတာပေါ့။ ဘယ်လောက်ပဲ ပိတ်လုပ်လုပ် ကျနော်တို့အနေနဲ့ ပြည်သူလူထုထဲမှာ ရှိနေမယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် က အခု လွတ်လာတဲ့အချိန်မှာ အားလုံးရှိတဲ့ ဒီမိုကရေစီကွန်ယက်လို့ ပြောတာဖြစ်တယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_12-08-2010-111566549.html

ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊

ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို

By ဦးဇော်ဝင်းလှိုင် ကြာသပတေး, 09 ဒီဇင်ဘာ 2010

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူဖို့ ပြင်ဆင်တာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း တဖြည်းဖြည်း ကွယ်ပျောက်လာနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်း ထူထောင်ဖို့အတွက်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ မကြာခင် ပေါ်ပေါက်လာမယ့် လွှတ်တော်အသစ် စတာတွေကို စင်ပြိုင်လုပ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ NLD ရုံးချုပ်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီငြိမ်းလို့ခေါ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ခေါင်းဆောင်တချို့တို့ မနေ့က မနက်ပိုင်း ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေက ဘာကြောင့် ပြင်ဆင်နေကြသလဲလို့ ဒီငြိမ်းပါတီ ခေါင်းဆောင်တွေက မေးတဲ့အခါ ဒီကိစ္စ အကောင်အထည် ဖော်တာဟာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ စင်ပြိုင်ဖြစ်အောင် လုပ်ဆောင်တာ မဟုတ်ဘဲ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်းဖို့အတွက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့တဲ့အကြောင်း ဒီငြိမ်းပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့်က ပြောပါတယ်။

“၂၁ ရာစု ပင်လုံညီလာခံ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်မယ်၊ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ကို ရှင်းပြပါလို့ ပြောလိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ဒါနဲ့ပတ်သက်လို့တော့ အငြင်းပွားစရာတွေလည်း ရှိနေတယ်၊ ပြီးတော့ တချို့ကလည်း စိတ်ပူတယ်လို့ ပြောကြပါတယ်တဲ့။ ဘာစိတ်ပူတာလဲလို့ ဆိုတော့ ဒီလိုများ ဆောင်ရွက်လိုက်ရင်ဖြင့် အခုပေါ်ပေါက်လာမယ့် လွှတ်တော်တွေနဲ့ စင်ပြိုင်လွှတ်တော်တွေ၊ အခုပေါ်ပေါက်လာမယ့် အာဏာပိုင် အစိုးရနဲ့ ယှဉ်မယ့် စင်ပြိုင် အာဏာထူထောင်မှုတွေ၊ အဲဒီလိုတွေ ပေါ်ပေါက်လာရင်ဖြင့် အန္တရာယ်ရှိမယ်လို့ ဆိုကြပါတယ်တဲ့။

“အဲတော့ ကျနော်ကပြောတယ်၊ ကျနော်တို့လည်း အဲဒီစိုးရိမ်ချက် ရှိပါတယ်။ ဒါကြောင့် မေးတာပါလို့ ဆိုတော့ အဲဒါ ရှင်းပြချင်ပါတယ်တဲ့။ အဲဒီလို မဟုတ်ပါဘူးတဲ့။ ကျမတို့က စင်ပြိုင်လွှတ်တော်တို့၊ စင်ပြိုင် အာဏာထူထောင်ဖို့အတွက် ဒါကို ဆောင်ရွက်တာ မဟုတ်ပါဘူးတဲ့။ လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် ပင်လုံစိတ်ဓာတ်ဟာ တဖြည်းဖြည်းနဲ့ လျော့နည်း ပျက်ပြားလာခဲ့တာ အထင်အရှားပါပဲတဲ့၊ မြန်မာပြည်မှာ။ အဲဒါကြောင့် ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ စုစည်း ထူထောင်ဖို့ လိုတယ်။ ဒါကြောင့် ပင်လုံစိတ်ဓာတ် ပြန်လည် စုစည်း ထူထောင်ရေး ဆိုတာကို ဆောင်ရွက်ချင်တာပါတဲ့။”

ဒုတိယ ပင်လုံညီလာခံ ခေါ်တယ် ဆိုတာမှာလည်း အရင်ခေတ်ကလို ညီလာခံကြီးတွေခေါ်၊ လူချင်း တွေ့ဆုံကြတာမျိုး မဟုတ်ဘဲ တိုးတက် ပြောင်းလဲလာတဲ့ ခေတ်ပေါ်နည်းပညာတွေကို အသုံးချပြီး လုပ်ဆောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဆိုပါတယ်။

“အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း ညီလာခံကြီးတွေမျိုး လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီလိုမျိုးထက် အခုခေတ်မှာတော့ လူတွေတွေ့မှ၊ အစည်းအဝေးကြီး လုပ်မှ၊ ဒီလိုမဟုတ်ပါဘူးတဲ့။ လူတွေဟာ အင်တာနက်ပေါ်မှာလည်း တွေ့နိုင်တယ်။ အကြောင်းကြောင်းတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ အများကြီး၊ အခု ခေတ်မီ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်နေတဲ့ အခါကြတော့ ကျမတို့ ရည်ရွယ်တာကတော့ ခုန စင်ပြိုင်လွှတ်တော်၊ စင်ပြိုင်အာဏာ ထူထောင်ရေး မဟုတ်ဘူးတဲ့၊ ပျက်ပြားနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ စုစည်းနိုင်ဖို့ လိုပါတယ်။

“အဲဒီလို လိုအပ်တာ၊ ဒါကို စုစည်းနိုင်တဲ့ အခါကြမှ အခု နယ်စပ်ဒေသတွေမှာ ပြန်ပြီးတော့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အပါအ၀င် ပြည်တွင်းစစ်ကိစ္စ၊ ပြီးတော့ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ၊ ပြည်ထောင်စု တခုလုံး တိုးတက်ရေး ကိစ္စတွေ၊ ဒီဟာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်တဲ့။ အဲဒီယုံကြည်ချက်နဲ့ ကျမတို့ လုပ်တာပါတဲ့။ အဲဒါကြောင့် စိုးရိမ်ကြမယ် ဆိုရင်တော့ မစိုးရိမ်ပါနဲ့လို့ ကျမ ရှင်းပြချင်ပါတယ်တဲ့။”

ဒီငြိမ်းပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်မှုတွေဟာ အပေါစား နိုင်ငံရေးစတန့်ထွင်တာ ဆိုပြီး မနေ့ကထုတ်တဲ့ စစ်အစိုးရ သတင်းစာတွေမှာ ဝေဖန် ရေးသားထားပါတယ်။

မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေးအရ မဟုတ်တောင် လူမှုရေးမှာ တူညီတဲ့ လုပ်ငန်းတွေ အတူလက်တွဲ လုပ်ကြဖို့၊ ဒီမိုကရေစီစနစ်မှာ Civil Society လို့ခေါ်တဲ့ လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေ အားကောင်းမှသာ ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်တခု ဖြစ်နိုင်မယ် ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့က ဒီငြိမ်းပါတီ ခေါင်းဆောင်တွေကို ရှင်းလင်း တင်ပြခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာ ဦးဝင်းတင်တို့က နိုင်ငံရေးရော၊ လူမှုရေးရောပေါ့ဗျာ၊ အတူလက်တွဲပြီး ပြည်သူလူထု အကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကွန်ယက်လုပ်ငန်းကို စီစဉ်တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံရေးလုပ်ငန်းမှာ မတူရင်တောင်မှ လူထုအခြေပြု လူမှုရေး လုပ်ငန်းတွေမှာ၊ တူရာတူရာ လုပ်ငန်းတွေမှာ ပြည်သူလူထု အကျိုးငှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီအတွက် အထောက်အကူဖြစ်မှာ ဖြစ်တဲ့အကြောင်း၊ ပြည်သူလူထုတွေ လက်တွေ့ အကျိုးခံစားရမှာ ဖြစ်တဲ့အကြောင်း၊ ဒီမိုကရေစီမှာ Civil Society လို့ခေါ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ခိုင်မာ အားကောင်းလာမှသာလျှင် ဒီမိုကရေစီဟာ ခိုင်မာပြီလို့ ပြောနိုင်မှာ ဖြစ်တဲ့အကြောင်း၊ အဲဒါတွေကို ရှင်းပြပြီး အကျေအလည် ဆွေးနွေးကြပါတယ်။ ဆရာ ဦးဝင်းတင်တို့ကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီငြိမ်းပါတီရဲ့ မဟာမိတ် ဖွဲ့စည်းမှုဆိုင်ရာ အဆင့်ဆင့် သတ်မှတ်ချက်တွေအရ NLD ဟာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်စရာ မလိုအပ်တော့တဲ့ ပါတီတခု ဖြစ်တာကြောင့် ပူးပေါင်းလုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နိုင်ပြီလို့ ပြန်လည် ဆွေးနွေးခဲ့တဲ့အကြောင်း ဦးမျိုးညွန့်က ပြောပါတယ်။

ဒီငြိမ်းပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာ ၉ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်ရခဲ့ခြင်း မရှိပါဘူး။
http://www.voanews.com/burmese/news/dassk-second-panlong-111593389.html

ဗေလုဝတောင်မင်းသားဖြစ်တယ်

ဒုတိယပင်လုံညီလာခံ ခေါ်ယူတော့မည်ဆိုသောအခါ စစ်အစိုးရက သွေးဖျားဖျားပြီး ထအော်လာပြီဖြစ်သည်။ မခေါ်ရသေးသော လွှတ်တော်တွင် အမျိုးသားညီညွတ်ရေးကို ဆွေးနွေးလို့ ရသည်ဟု ပြောဆိုလာနေသည်။ စစ်အစိုးရအနေဖြင့် တိုင်းနှင့်ပြည်နယ်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေနှင့် နပမ်းလုံးနေသည်မှာ နှစ်ပေါင်း ၆၀ ကျော်နေပြီ။ ယခုအချိန်ထိ ယမင်းငွေ့  ဝေနေတုံး၊ ယင်းပြသနာမျိုးကို ဖြေရှင်းကြရန် အာဏာကိုမတရားရယူထားသော လက်နက်အားကိုးဖြင့် အုပ်ချုပ်နေသည့် စစ်အစိုးရမှာ အပြည့်အ၀တာဝန်ရှိသည်။ နိုင်ငံရေးအရပြသနာများစွာ ရှိနေသည်ကို နိုင်ငံရေးအရ မဆွေးနွေးဘဲ လက်နက်ကိုင်ပဋိပက္ခဖြင့် ပြန်လည်တိုက်ခိုက်ဖြေရှင်းနေသမျှ ယင်းမီးတောက်မီးလျှံများမှာ မည်သည့်အခါမျှ မငြိမ်းသတ်နိုင်၊ ထို့ ကြောင့် မည်သူမဆို ယင်းပြသနာကို ဖြေရှင်းရန်ကြိုးပမ်းကြမည်ဖြစ်သည်။ စစ်အစိုးရက မဖြေရှင်းလျှင် အခြားလူများက ဖြေရှင်းရန် အားစိုက်ကြမည်မှာ သေချာသည်။ မည်သည့်နေရာမှာမှ မည်သည့်လွှတ်တော်မှာမှ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို ဆွေးနွေးရန် သင့်သည်ဟု ပြောဆိုစရာမလိုအပ်။
အဓိကမှာ ဤပြသနာပဋိပက္ခသည် အမှန်တကယ်ဖြစ်ပေါ်နေခြင်း ရှိမရှိ ဆိုခြင်းကသာ အရေးကြီးသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးယူထားပါ၍ နိုင်ငံငြိမ်းချမ်းနေပါသည်ဟု လက်ညိုးထောင်ပြောဆို၍ မရ၊ ယခုအချိန်တွင် ကရင်ပြည်နယ်၊ကချင်ြပည်နယ်၊ရှမ်းပြည်နယ်များတွင် နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးပြသနာကြောင့် လက်မခံကြ၍ အကြီးအကျယ် စစ်ပွဲဖြစ်နေကြပြီ။ ထွက်ပြေးတိမ်းရှောင်လာကြသော တိုင်းရင်းသား ညီအကိုမောင်နှမများမှာ ထိုင်းနယ်စပ်သို့ အလုံးအရင်းနှင့် ၀င်ရောက်နေကြသည်။ ဤပြည်တွင်းစစ်ကို ယခုအချိန်ထိ အာဆီယံနိုင်ငံတွင်း ပဋိပက္ခအဖြစ် မမြင်ကြသေး။ အာဆီယံဒေသတွင်းလုံခြုံရေးပဋိပက္ခကို မထိခိုက်သေးဟု သူတို့ မြင်နေသလားမပြောတတ်။ ယုံကြည်စိတ်ချရသော ပြသနာတခုမှာ လူတွေသောက်သောက်လဲ မသေသမျှ ဤပြည်တွင်းစစ်ကို သမရိုးကျ စစ်ပွဲဟု ထိုင်းနိုင်ငံကပါ သုံးသပ်လက်ခံထားနေသည်ကို တွေ့ ရသည်။ ကျွန်တော်တို့ အနေဖြင့်မူ ဤပြည်တွင်းစစ်ကို အမြန်ဆုံးဝိုင်းဝန်းဖြေရှင်းရန် လိုအပ်နေပြီ။ ပန်းနှင့်ပစ်ပေါက်ကစားနေခြင်းမဟုတ်သော ဤစစ်ပွဲမျိုးမှာ လူသေနေပါပြီ၊ ဒုက္ခသည်များ နေရပ်ကိုစွန့် ခွာ၍ ပြေးနေကြရပါပြီဟု ပြောနေသည့်တိုင် ဒေသတွင်းစိုးရိမ်ရပါသည်ဟု မည်သည့်အာဆီယံနိုင်ငံများက ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေး။
ယခုအချိန်မှာ လက်နက်အရေအတွက်ဖြင့် အားသာသောစစ်အစိုးရသည် မကြာခင်လေယဉ်အထောက်အကူပြု အကူအညီဖြင့် စစ်ရေးကို အသုံးချနိုင်လာသည်။ ယင်းအခါ လူတွေ
မြောက်မြားစွာ သေကြေပျက်စီးနေကြပါတော့မည်။ လူသားဒိုင်းကာများအဖြစ် နယ်စပ်ဒေသရှိ ကျေးရွာသူကျေးရွာသားများကို စစ်မက်ဖြစ်ပွါးရာ သတ်ကွင်းထဲတွင် အသုံးချလာမည်ဖြစ်သည်။ စစ်သားများကိုလည်း သေချင်သလောက် သေပေလေစေ သဘောမျိုးဖြင့် ပြောက်ကြားစနစ်နှင့် တိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ၏ သတ်ကွင်းထဲသို့  အရောက်ပို့ ဆောင်ပေးနေသည်။ ကြားရသောသတင်းအရ ယခုတလအတွင်း နအဖစစ်သား အရေအတွက်မှာ ရ၀၀ ကျော်လာနေပြီဖြစ်သည်။ ယင်းမှာစစ်ဆင်ရေးအတွင်းက ရရှိထားသော ကကကြည်းမှ ဗိုလ်ချုပ်သက်နိုင်ဝင်း၏ အထက်ကို အစီရင်ခံ ပို့ ပေးသော လျှို့ ဝှက်ကြေးနန်းသတင်းအရဖြစ်သည်။ စစ်ပွဲဆိုသည်မှာ လူသေသောပွဲဖြစ်သည်။ တဖက်က စစ်တိုက်လာသော သူများမှာလည်း တိုင်းရင်းသားလူမျိုး ဖြစ်ပြီး တဖက်မှခုခံစစ်ကို ဆင်နွဲနေသော သူများမှာလည်း တိုင်းရင်းသားလူမျိုးများသာဖြစ်သည်။ ကြားကမြေဇါပင် ဖြစ်နေသော စစ်သားများမှာ အသေခံယင်း လူ့ လောကမှ ထွက်ခွါပေးနေရန် အမည်စာရင်းကို သူ့ ထက်ငါ ပေးနေကြသလိုမျိုးဖြစ်နေသည်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများမှာ မိမိလူမျိုးနှင့် မိမိမြတ်နိုးသော ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက် မျိုးချစ်တော်လှန်ရေးသမား သူရဲကောင်းပီသစွာ တိုက်ပွဲဝင်နေကြသည်ကို တွေ့ ရသည်။ နအဖစစ်သားတို့ မှာမူ သေလည်းလူမသိ ၊ ရှင်လည်းဘာမျှ အကျိုးခံစားပိုင်ခွင့်မရှိ ။ အသက်ကိုစွန့် သာသွားရသည်။ မည်သည့်ပုဂ္ဂိုလ်များ ကောင်းစားရေးအတွက် တိုက်ပွဲဝင်နေကြရသည်ကို မသိဘဲ အသက်စွန့် သွားသူများလို ဖြစ်နေသည်။
နအဖစစ်အုပ်စုတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ အစပြု၍ ဗိုလ်ချုပ်များ ဗိုလ်မှူးများအထိ ကြီးပွါးချမ်းသာ နေကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အုပ်စုမှာ အမေရိကန်ဒေါ်လာငွေ သန်းရာနှင့် ချှီပြီး ချမ်းသာကြီးပွါးနေကြပြီ ။ ယင်းချမ်းသာကြီးပွါးနေမူကို နအဖစစ်သားတွေက မသိကြသေး။ သူတို့ ချမ်းသာကြီးပွါးနေဖို့ အတွက် နအဖစစ်သားတွေက ယခုလို နယ်စပ်ဒေသတွေမှာ အသေခံ စစ်တိုက်နေကြရသည်။ စစ်သားတွေ၏မိသားစုတွေမှာ သားသမီးများ ပညာကောင်းကောင်း မသင်ကြားရ။ နေစရာအိမ်မရှိ ဖြစ်နေကြရသည်။ ထို့ ကြောင့် နအဖစစ်သားများအနေဖြင့် ယခုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် အသေခံစစ်မတိုက်ဖို့ လိုသည်။ အသေခံစစ်တိုက်သည်
ဆိုခြင်းမှာ မိမိအကျိုးအတွက် တစိုးတစိမျ ပါလာလျင် ကောင်းသည်။ ယခုမူ မိမိအကျိုးးအတွက် တပြားတချပ်မျ မရှိသည့်စစ်ပွဲအတွက် နအဖအမိန့် ကို စွန့် ခွါပြီး ဘက်ကူးပြောင်းလာဖို့ လိုသည်။ သေချာသည့်အခြားအကြောင်းအရာတခုမှာ နအဖစစ်ဗိုလ်ချုပ်တို့ ၏ အမိန့် ကို မနာခံဘဲ ပြန်လှန်အာဏာဖီဆန်ကာ အမိန့် ပေးသူ စစ်ဗိုလ်ချုပ်များကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းပွဲအထိ ပြုလုပ်သင့်ရန်သာလိုသည်။
နအဖစစ်သားတို့ အဖို့  ယခုကဲ့သို့  ဗိုလ်ချုပ်ကြီးတို့ က ဒီမိုကရေစီနိုင်ငံတော် မဖြစ်အောင် ပြုလုပ်နေရသနည်း ဆိုသည်ကို စဉ်းစားသင့်သည်။ ယင်းမှာ သူတို့ အနေဖြင့် ကျိကျိတက်ချမ်းသာနေကြရသောကြောင့်ဖြစ်ပြီး နောက်တခုမှာ အာဏာစွန့် ရသည်နှင့် ကုန်းကောက်စရာမကျန်ရအောင် စုတ်ပြတ်သတ်သွားမည့် လက္ခဏာကို တွေးနေရ၍ဖြစ်သည်။ အကြောင်းမှာ သူတို့ ၏ရှေ့ကနမူနာပြထားသော ဦးနေ၀င်း၏ မိသားစုတခုလုံး ထောင်နန်းစံနေရခြင်းနှင့် ဗိုလ်ခင်ညွန့် တို့ မိသားစု ထောင်နန်း စံနေရခြင်းကို ကြောက်ရွံ့နေခြင်းကြောင့်ဖြစ်သည်။ သူတို့ အား သင်ပုန်းချေပါမည်ဟု မည်သူကပြောပြော သူတို့ အနေဖြင့် လက်ခံဝံ့သည့် သတိဖြင့်္တ ယုံကြည်နိုင်သည့် သူများ မရှိ။ ထို့ ကြောင့် ဗိုလ်ချုပ်ကြီးသန်းရွှေတို့  အုပ်စုမှာ မသာပေါ်သည်အထိ ချမ်းသာကြွယ်ဝကာ သေတပန်သက်တဆုံး နေသွားမည့်သူများဖြစ်နေသည်။ သူတို့ ၏ချမ်းသာကြွယ်ဝနေမူများသည် သာမန်စစ်သားတို့ ၏ ကျည်တထော့င်ဖြင့် ပြည်သူတို့ ၏ အသက်တချောင်းကို ချိန်ရွယ်ထားနေခြင်းကြောင့်ဖြစ်သည်။ သူတို့ သည် အခြားသော နိုင်ငံများမှ အစိုးရကဲ့သို့  အုပ်ချု့်နေသောသူများမဟုတ်။ လူသတ်နေသောလက်နက်ကိုင် အုပ်စုများဖြစ်သည့်အကြမ်းသမားများဖြစ်သည်။ သူတို့ ၏အကြမ်းဖက်ရန် စေခိုင်းမူကို လူသတ်သမားစစ်သားများက တသွေမတိမ်းလိုက်နာနေမူမှာ လွန်စွာ ရုပ်ဆိုးနေသည်။ ထို့ ကြောင့်နအဖစစ်သားတို့ အနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် အခြားသောဗိုချုပ်ကြီးများ၏ ချမ်းသာကြွယ်ဝနေမူများကို သိရှိရအောင် တပ်တွင်းဆွေးနွေးပွဲများဖြင့် လေ့လာပေးရန်လိုနေပြီ။
မြန်မာနိုင်ငံတွင် အရေးကြီးသော ပြသနာမှာ ပြုလုပ်ဆောင်ရွက်ရေးဆိုသော နည်းလမ်းကို မပြုလုပ်ခြင်းကြောင့်သာဖြစ်သည်။ လမ်းလွှဲစကားပြောနေခြင်းတို့ မှာ မည်သည့်နေရာမျိုးတွင်မျ အလုပ်မဖြစ်ပေ။ ဇိုမီးကွန်ဂရက်မှ ဒုတိယပင်လုံညီလာခံခေါ်ယူရန် ကြေညာခြင်းမှာ တိုင်းရင်းသားလူမျိုးတို့ ၏ ရင်ထဲကလာသောအတွေးအခေါ်ဖြစ်သည်။ ယင်းတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှပါ လက်ခံသဘောတူသည်။ နောက်ဆုံးတွင် မကြာခင်က လွပ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကပါ ဒုတိယပင်လုံညီလာခံကို ခေါ်ယူရေးအတွက် တာဝန်ယူပါမည်ဟု ပြောဆိုသံကြားလိုက်ရသည်။ စင်စစ်ကျွန်တော်တို့ သိထားသည်က ဒေါ်အောင်ဆန်းစုကြည်မှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်သည်ဟု ထင်မြင်ယူဆူပေသော်လည်း ယင်းတာဝန်ကို မပေးသင့်သလို လက်မခံသင့်။ အကြောင်းမှာဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှောင်ကြိုးမဲ့  လွပ်မြောက်နေသောသူတယောက် မဟုတ်ကြောင်းကို လူတိုင်းနားလည်နိုင်ကြသည်။ အဖမ်းဆီးခံနိုင်သည်သို့ မဟုတ်ယုတ်စွအဆုံးလုပ်ကြံခံရနိုင်သည်အထိ စိုးရိမ်မိကြသည်။ ဤအချိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ လူ့ဘ၀တွင် ပြင်ပကမ္ဘာ၌ နိုင်ငံရေးလှုပ်ရှားမှူ နောက်ဆုံးအချိန်များသာ ဖြစ်ပေလိမ့်မည်။ အဖမ်းဆီးခံလိုက်ရပြီဆိုလျင် လွပ်မြောက်လာမည့်အချိန်သည် ပြော၍ခန့်မှန်း၍ မရသလို မည်သည့်နည်းနှင့်မျ လုပ်နိုင်ကိုင်နိုင် စွမ်းရည်များကို အကောင်အထည်ဖေါ်ဆောင်နိုင်မည့် လက္ခဏာလည်း မရှိတော့ပေ။
သို့ သော်လည်းဒုတိယပင်လုံညီလာခံခေါ်ယူမည့်တာဝန်ကို လက်ခံသွားသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးကြဖို့ လိုသည်။ မနေ့  ကကြားလိုက်ရသောဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးတခုမှာ ၂၁ရာစုပင်လုံညီလာခံကို အင်တာနတ်ဖြင့်လည်း ခေါ်ယူကျင်းပမည်မျိုးဖြစ်နိုင်သလို လူအများစုဝေးပြီး ညီလာခံခေါ်ယူခြင်းမျိုးလည်း ဖြစ်ချင်မှဖြစ်မည်ဟု ကြားလိုက်ရသည်။ တယ်လီကွန်ဖရင့်ဖြင့် ၂၁ရာစုပင်လုံညီလာခံခေါ်ခြင်းမှာ လွယ်သော်လည်း လူတန်းစေ့မပါဝင်ခြင်းနှင့် လူအများးခိုးယူနားထောင်နိုင်သောကြောင့် အရေးကြီးသောညီလာခံများကို မပြုလုပ်သင့်ပေ။ မည်သို့ ပင်ဖြစ်စေ ၂၁ ရာစုပင်လုံညီလာခံကိုမူ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပုဂ္ဂိုလ်များကသာ ခေါ်ယူရမှာဖြစ်သလို ပြုလုပ်ရမည့်သူများလည်းဖြစ်သည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတိကဲ့ သို့  နှစ်ပေါင်းနှစ်ဆယ်သာကြာမြင့်သွားသည် ။ မည်သို့ မျ လွှတ်တော်မခေါ်နိုင်ခဲ့ ၍ အဖမ်းဆီးခံခဲ့ ရသည်များကသာ အဖတ်တင်ကျန်ခဲ့ မည်ကိုလည်း စိုးရိမ်ရသည်။ နောက်တခုကား ဤ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သော အနိုင်ရပါတီများမှ သူတို့ နှင့် မရောထွေးသင့်ပေ။ အကြောင်းမှာသူတို့ အနေဖြင့် လွှတ်တော်သို့ တက်ရောက်ရန် တာစူနေကြသလို ဒုတိယပင်လုံညီလာခံကိုလည်း ရင်ကော့ပြီးတက်လာနိုင်စရာအကြောင်းအရာမရှိချေ။ သည်တော့ဒုတိယပင်လုံညီလာခံ သို့ မဟုတ် ၂၁ ရာစုပင်လုံညီလာခံကို ခေါ်ယူကျင်းပမည်ဆိုတော့လည်း မြန်မြန်သာခေါ်ကြပါတော့ဟု ပြောစရာသာ ရှိပါတော့သည်။ ယင်းခေါ်ယူသည့်အခါ နအဖစစ်ခေါင်းဆောင်များကိုပါ ဖိတ်မံပြီး ခေါ်ယူကြပါရန်ကိုလည်း သေသေချာချာ ထပ်လောင်းတိုက်တွန်းလိုက်ရပါသေးသည်။ ညီလာခံကို ဖိတ်ရမည့်တာဝန်ကမူ ရှိနေသည့်အတွက် ဖိတ်ကြားရန်သာရှိသည် ။ မတက်ရောက်ဘဲနေနိုင်လျှင် နေနိုင်ကြောင်းကို ဖိတ်စာတွင် တခါတည်း ရေးထည့်ပေးလိုက်က ရှင်းနေလောက်ပါသည်။ မည်သို့ ပင်ဆိုစေ ဒုတိယပင်လုံညီလာခံခေါ်ယူရေးနှင့် ပါတ်သက်၍ မီဒီယာများတွင် ပြောဆိုနေကြမည့်အစား ဖိတ်စာရိုက်ပြီး ညီလာခံခေါ်ယူရေးကိုသာ တစိုက်မတ်မတ်ဆောင်၇ွက်ကြမှသာ ပြည်တွင်းစစ်ဖြစ်နေသာ ယခုအချိန်တွင် လူ့ အသက်ပေါ်င်းများစွာကို ကာကွယ်နိုင်မည်ဖြစ်သည်။ သို့ မဟုတ်က နယ်စပ်ဒေသတွင် ပြည်တွင်းစစ်ဖြစ်နေသည်ကို ဂရုမစိုက်သလို ဖြစ်နေတော့မည်ဖြစ်သည်။ မျက်မှောက်ကာလယခုအချိန်တွင် မြန်မာနိုင်ငံ၌ ရုပ်ရှင်နှင့် ဗွီဒီယိုလောကတွင် ဗေလုဝတောင် မင်းသားဖြစ်နေသေးသည် ။ နိုင်ငံရေးပါတီများက ၂၁ ရာစုပင်လုံညီလာခံကိုများ ဘာကြောင့်များ မခေါ်ရနိုင်သနည်းဟု တွေးတောနေမိပါကြောင်း။

ခိုင်အောင်ကျော် ( နယူးယောက် )

STATEMENT FROM THE CANADIAN CAMPAIGN FOR FREE BURMA

December 8, 2010
STATEMENT FROM THE CANADIAN CAMPAIGN FOR FREE BURMA (CC4FB)
THE SITUATION IN BURMA

On November 13, 2010, Burma’s heroine of democracy, Daw Aung San Suu Kyi, a Nobel Laureate, was released from house arrest.  She endured with great dignity more than 15 of the past 21 years in prison or under house arrest.  While the world was caught up in celebrating this wonderful event, on this Human Rights Day, 2010 we have to remind the world that Burma is still very much a prison. 
The struggle continues and the next chapter will be crucial.  The military’s rigged election one month ago guarantees this repressive regime has no intention of relinquishing power.  
On her release, thousands of people gathered on University Avenue in Rangoon. The enthusiasm of the crowds was palpable. For the first time in years, Suu Kyi was permitted to do media interviews and meet officials from other countries. Ron Hoffmann, Canadian Ambassador to Thailand and also Ambassador designated to Burma, was unable to get a visa from the Burmese government. He was fortunate in being able to speak to her by phone. On November 16, 2010 we heard Daw Suu interviewed by Anna Maria Tremonti of CBC’s The Current.
Suu Kyi had to endure the personal agony of her husband not being allowed to visit her while he was dying of cancer because the regime refused him a visa.  Finally, after ten years of being refused, her youngest son Kim Aris was granted a visa by the military government of Burma. The dramatic and touching reunion at the Rangoon airport on November 23rd was unforgettable. The whole world watched as mother and son embraced and Kim proudly showed her the tattoo of the Fighting Peacock on his arm.  The Fighting Peacock is the emblem of the National League for Democracy. 
Notwithstanding this moment of joy, now it is NOT a time to celebrate and it is NOT a time for the world to assume things are improving in Burma. Yes, Daw Suu is free and her son has been allowed a visit, but nothing else has changed. There are still 2200 political prisoners in jail, many serving sentences as long as 65 years for peaceful activities in support of democracy in Burma.
On November 7, 2010 the military dictators in Burma held a sham election. The United Nations and almost every Western country regard this election as a total sham. It was conducted on the basis of a Constitution that the military claimed had been approved by the people of Burma, a Constitution which guarantees 25% of the seats in Parliament for the Tatmadaw (the military).  The Constitution vote was held while the people of Burma struggled in the aftermath of Cyclone Nargis, the worst natural disaster in their recorded history. An estimated 138,000 people died while a paranoid regime turned away shiploads of international aid.
A month after Daw Suu’s release, the news coming from Burma has diminished. The so-called democratically elected government, will, in coming days, announce their plans. History tells us they will continue to crush the will of the people of Burma and ignore their basic human rights. They will continue to deny them peace, freedom and democracy.  
Vijay Nambiar, the Chief of Staff to the UN Secretary-General, who is also his temporary Special Adviser on Burma, visited Burma on November 27 and 28. Mr. Nambiar briefed the Security Council on December 6, 2010. After the briefing the Secretary General said “that the next two months will be a crucial period that could potentially determine the future course of Myanmar’s political development and its place in the international community.”
In our view, the Secretary General of the United Nations should appoint a new special envoy on Burma who should be instructed to focus specifically on applying the pressure to the ASEAN countries and on India and China. It is unlikely that China will do anything that might interfere with its access to oil and gas and to a seaport on the Burmese coast. It may, however, be possible to persuade the government of Indian Prime Minister Manhoman Singh to change its policies and help in the struggle for democracy in Burma, given that country’s efforts to improve its relations with the United States.
Now is the time for the United Nations, the Western democracies and Japan to INCREASE their work in support of democracy in Burma. The government of Canada, under the leadership of Prime Minister Harper, has led the world in calling for meaningful reform in Burma. We congratulate him.  Foreign Minister Lawrence Cannon has called for the release of all political prisoners.  
We encourage them to continue to lead the world by example.  We all remember the courageous steps Prime Minister Mulroney took in leading the struggle to end apartheid in South Africa.  In granting Daw Aung San Suu Kyi honorary Canadian citizenship the present Conservative government set another such an example.  There is no more important time than now for Prime Minister Harper and his government to demonstrate continued support for the people of Burma by taking a strong advocacy role in the struggle for democracy in Burma.  Canada must lead the way so that peace justice and freedom may soon prevail over the dark shadows of the present regime ruling that country.
HUMAN RIGHTS DAY:  DECEMBER 10, 2010
There are 2200 political prisoners in Burma. Two of those political prisoners have been awarded the John Humphrey Freedom Award, Min Ko Naing in 1999 and Su Su Nway in 2006.
The Canadian government has called for the release of all political prisoners in Burma. Please remember Su Su Nway and Min Ko Naing on Human Rights Day.
Contact information
Zaw Kyaw zaw.w.kyaw@gmail.com 416 358 2318
Paul Copeland paulcope9@yahoo.com 416 964 8126 ext 142

အိမ်မပြန်ဖြစ်ခဲ့သောနှင်းများ

အော်----
အိမ်မပြန်ရဲသူတွေရှိတယ်။
ကမ်းပါးပြိုတဲ့ညအောက်အနီးကပ်ရောက်သွားတဲ့ ငှက်တို့ပျံသန်းရာ
လရောင် ကောက်ကြောင်းမှာတဲ့လေ……………..
 
ဘဝတွေကို ကြိမ်ဖန်များစွာ တရားကျခဲ့ဘူးတယ်။
ဘိုကလေးစစ်ဆင်ရေးမှာ ကရင်ရွာ (၉) ရွာကိုရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ နဝတ အတွင်းရေးမှူး (၂) တင်ဦးလည်း ရဟတ်ယာဉ်ပျက်ပြီး၊ အသေဆိုးနဲ့သေခဲ့ရတယ်။
ခင်မင်စွာဖြင့်
အောင်မိုးဝင်း

10december199final

အနိုင်ယူလိုသူကို အရှုံးပေးလို့ တကယ် နှလုံးအေးရဲ့လား

ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရဟု အမည်ခံထားသည့် အာဏာသိမ်း စစ်အာဏာရှင် အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်ရန် မူဝါဒလမ်းစဉ်(၇)ရပ်ကို ချမှတ် ဖော်ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင်မူ အပြောတမျိုး အလုပ်တမျိုးလုပ်ဆောင်လျှက် ရှိနေသည်ကို အားလုံးသိပြီး ဖြစ်ပါသည် ။ သူတို့ဖော်ဆောင်နေသည့် မူဝါဒ (၁)ရပ်ပြီး တိုင်းပြီးတိုင်း ပြည်သူများ စီးပွားရေးကား ကြပ်သထက် ကြပ်လာသည် ။ ငတ်သထက်ငတ်လာသည် ။ ထိုသို့ဖြစ်ပွားနေသည်ကို သူတို့မသိ၍ မဟုတ် ၊ သိသိကြီးနဲ့ တမင်ကြံစည်ကား တိုင်းပြည်ကို စနစ်တကျ ဖျက်စီးနေကြခြင်းဟု ပထမဦးစွာ ယုံကြည်ထားစေချင်ပါသည် ။ စစ်အာဏာရှင်တို့သည် တိုင်းသူပြည်သားများကို အသာထား သူတို့၏ အာဏာရှင် စနစ် ယန္တရားကြီးကို အဓိက မောင်းနှင်ပေးထားသည့် တပ်မတော်များနှင့် ၀န်ထမ်းများကိုပင် သူတို့၏ အိမ်မွေးတိရစ္ဆာန်လောက်ပင် မေတ္တာမရှိကြသည်ကို
သူတို့၏ လက်တွေ့လုပ်ဆောင် ချက်များတွင် ထင်ရှားစွာ တွေ့မြင်နိုင်လေသည် ။

တိုင်းပြည်တပြည်ကို အာဏာရှင်စနစ်ဖြင့် ကြာရှည်စွာ အုပ်ချုပ်လိုလျှင် ထိုတိုင်းသူပြည်သူသားတို့၏ အတွေးအခေါ် အမြော်အမြင် အားကောင်းစေမည့် ပညာရေးစနစ်ကိုဖျက်စီးရသည့် ဆိုသည့် မူဝါဒ ကိုသာ လက်တွေ့ အကောင်အထည် ဖော်နေကြသည် ။ အခြေခံ ပညာရေး စနစ်မှ စကာ တက္ကသိုလ် ပညာရေး စနစ် အဆုံး နေရာတိုင်းတွင် သမိုင်းမှန်တို့ကို ဖျောက်နိုင်သမျှ ဖျောက်ထားလာကြသည် ။
အတွေးအခေါ် အားကောင်းစေမည့် စာပေများ အစား အစီအစဉ် တကျ မရှိသည့် စာပေများကို ယောင်ဝါးဝါး အတွေများ ဖြင့်ရွေးချယ်ကာထုတ်နူတ် သင်ကြားလာကြသည် ။ တတ်ကျွမ်း နားလည်သော ပညာရှင်များ၏ လမ်းညွှန်ပြသချက်ကို အသိညဏ်နည်းပါးသည့် လူမိုက်များက လက်မခံ ။ သူတို့ရည်ရွယ်ချက် အတိုင်း မြန်မာနိုင်ငံ ပညာရေး စနစ်ကို စတင်ဖျက်စီး လာကြခြင်း၏ အကျိုးဆက်ကို ယနေ့ခတ်လူငယ်များ ခါးသီးဖွယ်ရာခံစား နေကြရသည်ကို မြန်မာနိုင်ငံ ပကတိ အနေအထားကို ကြည့်၍ မည်သူမျှ ငြင်းချက်ထုတ်၍ မရ ။

အခြေခံသင်ရိုးညွှန်းတမ်းများ ခိုင်မာမှု မရှိခြင်း ၊ သင်ကြားပြသပေးသည့် ဆရာဆရာများ၏ အားနည်းချက် ၊ ဆင်းရဲနွမ်းပါး ချို့တဲ့သော ကျောင်းသားများနှင် စဉ်ဆက် မပြတ် ပညာသင်ယူရေး စနစ်ဟု အမည်ခံကာ မအောင်မရှိ ပညာရေး စနစ်တို့ ပေါင်းစုံသောအခါ ကျောင်းသားများ၏ အတွေးအခေါ် ညဏ် အမြော်အမြင် များကို ထိရောက်အောင် မပံ့ပိုးပေး နိုင်ကြတော့ ။ ဥယာဉ်ပိုင်ရှင်၏ မ၀ရေစာ လစာပေးထားမှုတို့ကြောင့် ပန်းပျိုးလက်တို့သည် ပန်းပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသော စိတ်ထားတို့ဖြင့် မပြုစုချင်ကြတော့ ။ သင်တင့်မျှတသော မြေသြဇာ ၊ ရေ နှင့် နေရောင် ခြည် ၊ မြေလောင်းပေါင်းသင် အစရှိသည့် လိုအပ်မှု တို့ မရကြသောအခါ ထိုပန်းပင်တို့မှ ပန်းပွင့်တို့သည် လှပစွာ မပွင့်ဖူးနိုင်ကြတော့ ။ ၀မ်း နည်းစရာ ကောင်းသည်က အချို့သောပန်းပင်များကား ပွင့်ဖူးခွင့်ကို မရကြတော့ချေ ။ ထိုသို့ မလှမပ ပွင့်နေကြသော ပန်းပင်တို့ကို ဈေးကွက်တင်သော အခါ ပန်းဟူသည့် ပုံသဏ္ဍန်သာ ရှိပြီး ပန်းပွင့်တပွင့်၏ ဂုဏ်အင်္ဂါဖြင့် မပြည့်စုံသောကြောင့် ဈေးကောင်းမရ ။ ထိုသို့ လှပစွာ မဖူးပွင့်နိုင်သော ပန်းပင်များနှင့် ပွင့်ဖူးခြင်းမရသည် ပန်းပင်တို့ စုဝေးရာ ဥယာဉ်ကြီးသည် လှပမှုတို့ ပျောက်ဆုံးကာ ရုပ်ဆိုး အကျည်းတန်နေ သကဲ့သို့ အနာဂတ်မျိုးဆက်လူငယ်များ၏ ညဏ်ရည်ညဏ်သွေး ထက်မြက်မှုတို့ကို ပိုမို အထောက်အကူ ဖြစ်စေမည့် ပညာရေးစနစ်ကြီး ပျက်စီးလာသော အခါ ထိုသို့သော မျိုးဆက်သစ်များကို ပိုင်ဆိုင်ထားသည့် တိုင်းပြည်ကြီးသည်လည်း ပြိုကျပျက်စီးလာသလို လူငယ်များ၏ အနာဂတ်သည်လည်း ရည်ရွယ်ချက်မဲ့ကာ ဦးတည်ချက်တို့ ပျောက်ဆုံးလာကြသည် ။

တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ အသီးသီးမှ သက်ဆိုင်ရာ ဘာသာရပ်များ တွင် သင်ယူ တတ်မြောက်ပြီးဖြစ်ကာ ထိုပညာရပ်တို့တွင် ကျွမ်းကျင်မှု ရှိပါသည်ဟု အသိအမှတ်ပြုကာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သော်လည်း ထိုသို့သော ဘွဲ့ရလူငယ်များ၏ လက်တွေ့ကမ္ဘာတွင် ၀င် ရောက် အလုပ်အကိုင် ရှာဖွေပါက သင့်တင့်မျှတသည့် အလုပ်များကို ဖန်တီးပေးနိုင်မှု မရှိပါ ။ ထိုအခါ ဘွဲ့ရလျှင် ဘာလုပ်မည် ၊ မိဘကို ဘယ်လို ထောက်ပံ့ပေးမည် ၊ မိမိတို့၏ အနာဂတ်ကို ဘယ်လို တည်ဆောက်ကြမည်ဟု မျှော်လင့်ကာ နှစ်ပေါင်းများစွာ ပညာသင်ယူခြင်း၏ အကျိုးအမြတ်ကို ခံစားရတော့မည်ဟု ယုံကြည်ထားကြသည့် လူငယ်များ၏ ရည်မှန်းချက်တို့ ဗုန်းဗုန်းလဲကြခဲ့ရသည် ။ လုပ်စရာ အလုပ်မရှိသည့်အခါ လူငယ်များ၏ ခြေလှမ်းတို့သည် ငွေရလွယ်သည့် မကောင်းသည့်လုပ်ငန်းများ ၊ လောင်းကစား လုပ်ငန်းများ ဘက် ကို ဦးတည်လာကြသည် ။ နိုင်ငံတနိုင်ငံတွင် ပညာရေး စနစ် ပြိုကျ ပျက်စီးခြင်းကြောင့် လူငယ်များ၏ အနာဂတ် ဦးတည်ချက် ပျောက်ဆုံးလာသည်နှင့် တပြိုက်နက်ထဲ ထိုလူငယ်များ၏ စာရိတ္တမဏ္ဍိုင်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားသည် ။ ထိုသို့စာရိတ္တမဏ္ဍိုင် ပျက်စီးနေကြခြင်းကို ဗုဒ္ဓဘာသာဝင် တို့ အများဆုံးနေထိုင်ရာ နိုင်ငံမှ လူငယ်များဟု ကြိမ်ပြောလျှင်ပင် ယုံရခက်သည့် ညစ်နွမ်းသည့် လုပ်ရပ်များက သက်သေခံနေကြပါသည် ။

အထူးသဖြင့် ကျောင်းသားထု ညီညွတ်ရေးကို ပျက်ပြားအောင် နေရာ အနှံ့အပြားတွင် တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ အစရှိသည့်ကျောင်းများ ဖွင့်လှစ်လာကြသည် ။ သာမန်အားဖြင့် ကြည်လျှင် တိုးတက်လာသယောင် ထင်မှတ်မှားလောက်စေပါသည် ။ တကယ့်လက်တွေ့တွင်မူ တက္ကသိုလ် အဆင့်ကျောင်း တစ်ခု ဖွင့်လှစ် တည်ထောင်ထားသော်လည်း ဘယ်ကျောင်းမှ ဆရာဆရာမ မလုံလောက် ၊ သင်ထောက်ကူ ပစ္စည်းက မပြည့်စုံ ၊ သင်ရိုးညွှန်းတမ်းက စနစ်တကျ မရှိ နဲ့ မြန်မာ့ပညာရေးကို တစတစ တိုးတက်ဖျက်စီးနေကြခြင်းသည် ဖြစ်သည် ။ ကျောင်းပြီး၍ ဘွဲ့ရလူငယ်များကို
မေးကြည့်သည် ။ သူတို့ကိုယ်တိုင်က ၀န်ခံသည် ၊ သူတို့ဘာမှ မတတ် ၊ ထိုသို့ ဘာမှ မတတ်၍ သူတို့ကိုယ်တိုင်လည်း ယုံကြည်ချက်မရှိ ၊ ရည်မှန်းချက်တို့ ပျောက်ဆုံးကုန်ကြသည် ။ ကိုယ့်ဘ၀ ရည်မှန်းချက်တောင် ပျောက်ဆုံးနေသော လူငယ်များ၏ တိုင်းပြည် အပေါ်ထားသော ရည်မှန်းချက်ကား ဘယ်လိုလုပ် ခိုင်မာမှု ရှိမည်နည်း ။ ဤသည်ကို မိဘနှင့် ဆရာတို့က မသိမဟုတ် သိသိကြီးနဲ့ လက်ခံထားကြခြင်းက သားသမီးများကို
ကိုယ်တိုင် ဖျက်စီး လိုက်သလို ဖြစ်နေသည် ။ အချိန်တန်၍ လုပ်ငန်းခွင် ၀င်ကြရမည့် အချိန် ထိုက်တန်သော အလုပ်မရလျှင် လူသဘာဝ ညည်းညူကြသည် ၊ ယနေ့ခတ် လူငယ်များသည် ညံ့ဖျင်းကြသည်ဟု ဝေဖန်ကြသည် ။ ထိုသို့ ဝေဖန်ခြင်းသည် တရားမျှတမှု မရှိ ။ ပင်ကိုယ်က ညံ့ဖျင်းခြင်း မဟုတ် ၊ ညစ်ထေးယုတ်မာသော စိတ်များဖြင့် လူငယ်များကို စနစ်တကျ ဖျက်စီးနေသော စနစ်ဆိုးကြောင့်သာ ဖြစ်သည် ။ ထိုစနစ်ဆိုးကို
ဆက်လက် လက်ခံနေကြလျှင် နောင်လာမည့် မျိုးဆက်သည် ယခုထက် ပိုမိုညံ့ဖျင်းမည်မှာ အသေအချာပင်ဖြစ်သည် ။

တမျိုးသားလုံး အကျင့်စာရိတ္တနှင့် ပညာရေ မြင့်မားရေး ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် စစ်အာဏာရှင်များ သည် တကယ့်လက်တွေ့တွင် အဖော်အချွတ် အသားပေး အနုပညာရှင်များနှင့် လူငယ်များ၏ အသိညဏ်ကို အဆိပ်ခတ်သော ညစ်နွမ်းသော စာပေများကို အားပေးနေသလောက် စစ်မှန်သော ပြည်သူလူထု အကျိုးပြု အနုပညာရှင်များကို အမျိုးမျိုး အဖုံဖုံ ဒုက္ခပေးလျှက် ရှိနေသည့်ကို လက်တလောတွင် ဖြစ်ပွားခဲ့သည့် အနုပညာရှင် ၁၂ ဦး ၏ အနုပညာလုပ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းက သက်သေပြလျှက် ရှိသည် ။ ပြည်သူလူထု ကို အကျိုးပြုတဲ့ အနုပညာရှင်တွေကို အာဏာရှင်တွေက အနုပညာလုပ်ခွင့် ပိတ်ပင်လိုက်သလို ပြည်သူလူထုကလည်း အာဏာရှင် စနစ် တည်မြဲရေး အတွက် ကူညီပံ့ပိုးပေးနေတဲ့ အနုပညာရှင် အမည်ခံ လူတစ်စု ကို ပြန်လည် ဒဏ်ခတ်တဲ့ အနေနဲ့ အဲဒီလူတွေ ပါဝင် သရုပ်ဆောင်တဲ့ ဇတ်ကားတွေ ၊ သီချင်းတွေ ၊ စာတွေကို အားမပေးဘဲ နေလို့ရပါတယ် ။ အဲဒီလိုသာ ပြည်သူလူထုက ညီညာစွာ တုန့်ပြန်နိုင်ရင် ပြည်သူလူထု အကျိုးပြု အနုပညာရှင် တွေ ဘက်က ရပ်တည်နေတယ် ဆိုတာကို သက်သေပြနိုင်သလို ၊ အာဏာရှင် လက်ကိုင်ဒုတ် လုပ်စားတဲ့လူတွေကို ပြည်သူလူထုက လက်မခံပါဘူး ဆိုတာ
သက်သေပြနိုင်တဲ့ တခုတည်းသော အလွယ်ကူဆုံး လုပ်ဆောင် နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကျနော် ထင်မြင် ယူဆမိပါတယ်။


၁၉၂၀-ခုနှစ်ကာလတွင် အမျိုးသားပညာရေးလှုပ်ရှားမှု၏ ခေါင်းဆောင် ဆရာကြီးသခင်ကိုတော်မှိုင်းက ဂန္ထလောကမဂ္ဂဇင်းတွင် “ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်” ဟုရေးသား တိုက်တွန်းခဲ့၏။ ယနေ့ချိန်ခါတွင်လည်း မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း နိမ့်ကျနေသည်ကို လက်ခံထားသည့် ကျနော်တို့ကိုသာ အပြစ်ဆိုစရာ ရှိသည် ။ အာဏာရှင်တို့က စနစ်တကျ ဖျက်စီးသည် ။ သူတို့ အပေါင်းအပါများက အားတက်သရော ကူညီထောက်ပံ့ပေးကြသည် ။ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားများကမူ တွန်းလှန်ရန် စိတ်ကူးမရှိကြ ၊ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ဦးဆောင် ကျိုးစားပေးနေသူများကို မကူညီချင်ကြ ၊ ကြားနေ၀ါဒဟု ကြွေးကြော်ကာ မျောလိုက် နေကြခြင်းကြောင့်သာ ဖြစ်ပေသည် ။ ထို့ကြောင့် အာဏာရှင် စနစ်ဆိုးကြီးကြောင့် ခံစားနေရတဲ့ ဒုက္ခတွေကို ညည်းညူနေကြမယ့် အစား ကိုယ်လုပ်နိုင်သလောက် လုပ်ပြီး တုန့်ပြန်တာ ပိုမို ထိရောက်မှာ အမှန်ပါဘဲ ဆိုတာ ယုံကြည်စေချင်ပါတယ် ။

တိုင်းပြည် တပြည် အာဏာရှင် စနစ်အောက်မှ ရုန်းထွက်၍ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မည် ဆိုလျှင် နိုင်ငံရေး အဖွဲ့အစည်းများ အင်အား ကောင်းမွန်ဖို့ လိုအပ်သလို နိုင်ငံရေး မဟုတ်သည့် ပြည်သူလူထု ကိုယ်စားပြု အခြားသော အဖွဲ့အစည်းများ လည်း အထူးလိုအပ်ပါသည် ။ ကျောင်းသားထုကို ကိုယ်စားပြုသည့် ကျောင်းသားသမဂ္ဂ ၊ အလုပ်သမားများကို ကိုယ်စားပြုသည့် အလုပ်သမား သမဂ္ဂ ၊ လူငယ်များကို ကိုယ်စားပြုသည့် လူငယ် သမဂ္ဂများ အစရှိသည့် အဖွဲ့အစည်းများ အင်အားကောင်းမွန်စေဖို့ အထူးလိုအပ်ပါသည်။ ထိုသို့သော အဖွဲ့အစည်းများ အမြဲအင်အားတောင့်တင်းနေမှသာ ဒီမိုကေ၇စီ စနစ်ကို ကြာရှည်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်သည် ။ ထိုသို့သော အဖွဲ့အစည်းများ အင်အားကောင်းမွန်လာသည် နှင့် တပြိုင်နက်ထဲ သူတို့ ထိုင်ခုံ စတင်ယိုင်နဲ့လာနိုင်သည်ကို သိသော စစ်အာဏာရှင်များသည် ပြည်သူလူထု ကိုယ်စားပြု နိုင်ငံရေးပါတီ ၊ ကျောင်းသားသမဂ္ဂ ၊ အလုပ်သမား သမဂ္ဂနှင့် နှင့် လူငယ်သမဂ္ဂ အစရှိသည့် အဖွဲ့အစည်းများ တရားဝင် ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားလိုက်ကြသည် ။ တရားဝင် ရှိပြီးသာ နိုင်ငံရေး ပါတီများကို မတရား အသင်းကြေငြာ တတ်ကြသည် ကို ယနေ့တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ NLD ကို တရားမ၀င် နိုင်ငံရေး ပါတီ အဖြစ် တရားမ၀င်ကြောင်း ကြေငြာလိုက်သလို သမဂ္ဂများ ဖွဲ့စည်းခြင်းကို ပိတ်ပင်ထားလိုက်သည်က မျက်မြင် ထင်ရှားတွေ့မြင်ရပါသည် ။

သူတို့ လုပ်သမျှ ခေါင်းငုံ့ခံနေကြလျှင် နောင်လာမည့် အနာဂတ်တွင် ပြည်သူလူထု စီးပွားရေး ယခုထက် ပိုမိုကြပ်တည်းလာမည် ၊ ပညာမသင်နိုင်သော လူအရေ အတွက် နှင့် ဘွဲ့ရပညာမတတ်များ ပိုမို များပြားလာမည် ၊ တိုင်းပြည် ဆင်းရဲသည့် အတွက် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ရာဇ၀တ်မှု များ ပိုမို ဖြစ်ပွားလာမည် ။ မိဘတို့ စီးပွားရေး ကြပ်တည်းမှုသည် သားသမီးတို့၏ အကျင့်စာရိတ္တကို ဖျက်စီးထားသလို ဖြစ်သည့် အတွက် တိုင်းပြည်၏ အနာဂတ် သမီးပျိုများသည် ခန္တာကိုယ် ကို အရင်းပြုကာ စီးပွားရှာသည့် အလုပ်များ ပိုမို များပြားလာပေမည် ၊ ထို့သို့ အဘက်ဘက်က ချို့ယွင်းချက်တို့ ရှိနေသည့် အခါကာလတွင် အမျိုးသားရေး စိတ်ဓါတ်တို့ ပျောက်ဆုံးကာ လူမျိုးပါ ပျောက်ကွယ်သွားစေနိုင်သည် ။

ဆင်ခြင်ကြည့်ပါ ပြည်သူလူထု အပေါင်းတို့ ၊ ကိုယ်ရှာမှ ကိုယ်စားရတယ် ဆိုတဲ့ စကားက မှန်တယ်လို့ ယူဆနေကြတာ မှားတယ်လို့ ယူဆလို့ မရပေမယ့် အတိအကျ မှန်ပါတယ်လို့လည်း ပြောလို့လည်း မရပါဘူး ။ နှစ်ပေါင်းများစွာ ပညာသင်ယူထားကာ နိုင်ငံတော်က အသိပညာရှင် အတတ်ပညာရှင် တစ်ယောက် အနေနဲ့ အသိအမှတ်ပြုခံထားရတဲ့ လူတစ်ယောက်က လမ်းဘေး ဈေးသည် ၊ ဆိုက်ကားသမားလောက်တောင် ၀င်ငွေ မရရှိတာဟာ ကိုယ်လုပ် သလောက်ကိုယ့် အခွင့်အရေး ခံစားရလို့လား ၊ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ရနေကြလို့လား ၊ ကိုယ်သင်ထားတဲ့ ပညာနဲ့ လိုက်လျော ညီထွေတဲ့ အသက်မွေးဝမ်းကြောင်းမှု ပြုနိုင် ကြလို့လား ။ သမ္မာ အာဇီဝ ကျကျ အလုပ်လုပ်နိုင်ကြတဲ့ အစိုးရ ၀န်ထမ်း ရှိသေးလို့လား ။ အချို့က လိမ်တယ် ၊ အချို့က ခိုးတယ် ၊ အချို့က တောင်းစားတယ် ၊ အချို့က ဒါးမြ တိုက်တယ် ၊ ဘယ်မှာလည်း ဖြူစင်တဲ့ အသက်မွေးဝမ်းကြောင်းမှု ။ သူခိုးတွေ စုနေတဲ့ နေရာမှ ခိုးတဲ့ အလုပ်က မထူးဆန်းပေမယ့် ဖြူစင်စွာ အသက်မွေးဝမ်းကြောင်းမှု ပြုနေတဲ့ လူတွေဘက်က ကြည့်လိုက်ရင် အင်မတန် ရွှံမုန်းစရာ ကောင်းတဲ့ အကုသိုလ် အလုပ်ကို ပျော်ပျော်ကြီး လုပ်ကိုင် နေသလို ခံစားရတယ် ။
ထမင်း နပ်မှန်ဖို့ အတွက် အကုသိုလ် အလုပ်တွေ နေ့စဉ်လုပ်ကိုင် ရှာဖွေ စားသောက်နေရတဲ့ ဘ၀တွေမှာ ပျော်ဝင်ပြီး ကိုယ်ရှာမှ ကိုယ်စားရတာ ဆိုတဲ့ လူတွေရဲ့ စကားက မှန်နေသေးရဲ့လား အဖြောင့် အတိုင်းဘဲ စဉ်းစားကြည့်ပါ ။

အေးချမ်းသာယာကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာ လူ့အခွင့်အရေး ဆိုတာ အပြည့်အ၀ ရှိသလို ။ ကိုယ်ရှာ နိုင်သလောက် ကိုယ် ခံစားခွင့် ရှိပါတယ် ၊ နိုင်ငံသားတိုင်း အိမ်ယာ ပိုင်ဆိုင်နိုင်ရမယ် ၊ ဒါပေမယ့် ကိုယ့်ဝင်ငွေ ပေါ်မှာ မူတည်ပြီး အိမ်အဆင့် အတန်းတော့ ကွာသွားမှာပါ ။ နိုင်ငံသားတိုင်း ဖုန်းကိုင် နိုင်ကြတယ် ၊ ကိုယ်ရှာ နိုင်သလောက် ပေါ်မူတည် ပြီး ဖုန်း အမျိုးအစားတော့ ကွာမှာပေါ့ ။ ကိုယ်ရှာ နိုင်သလောက် ရှာပိုင်ခွင့် ရှိသလို ၊ ကိုယ်ကြိုးစားရင် ကြိုးစားတဲ့ အခွင့်အရေးကိုလည်း ရရှိနေကြပါတယ် ။ နိုင်ငံတကာက စစ်သားတွေဟာ မြန်မာနိုင်ငံက စစ်သားတွေလို ပြည်သူကို သတ်မှ ထမင်းဝ တာ မဟုတ်ပါဘူး ။ စစ်အာဏာရှင် စနစ်ရဲ့ အုပ်ချုပ်မှု ယန္တာရား ကို ကျားကန်ပေးထားတဲ့ အခြေခံ တပ်မတော်သားတွေ ၊ ပြည့်သူဝန်ထမ်းတွေ လည်း ပြည်သူလူထုနဲ့ အတူတူ ဆင်းရဲဒုက္ခရောက်နေကြပါလျှက် နှင့် ဒီစနစ်ကြီးကို ထောက်ခံပေးပြီး ကိုယ့်ဘ၀ ကို နစ်မွန်းသထက် နစ်မွန်းအောင် လုပ်နေကြမယ့် အစား ရုန်းထွက်စေချင်ပါတယ် ။

" နိုင်လိုသူ ကို အရှုံးပေး နှလုံးအေးတဲ့ ဆေး " ဟူသည့် မြန်မာ စကားပုံ တခု ရှိပါသည် ။ ထိုစကားသည် ခန္တီပါရမီကို အဆုံးစွန်ထိကျင့်ကြံပွားများကာ တဖက်သား ကို အရှုံးပေးလိုက်ရ၍ ကျေနပ် ၀မ်းမြောက်သူ များ အတွက် တကယ်ကောင်းပါသည် ။ သို့သော် ကိုယ်တိုင်က အရှုံးပေးလို စိတ်မရှိပါဘဲနှင့်
မတတ်သာ၍ အရှုံးပေးလိုက် ရသူများ အတွက် နှလုံးမအေးတဲ့ အပြင် ပိုမို ဆိုးဝါးလာသည်ကို တွေ့ရှိနိုင်သည် ။ ကိုယ်ကို အမြဲတမ်း အနိုင်ယူလိုသူကို
မကျေနပ်ဘဲ အရှုံးပေး နေရသည့် အခါ အစ ပထမတွင် သိပ်မသိသာသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် နာကြည်းမုန်းတီးလာသည် ၊ ရွှံရှာလာသည် ၊ တုန့်ပြန် ချင်စိတ်တွေ ပေါက်လာ သည် ။ ထို့သို့ လုပ်ချင်စိတ်တွေ ပေါက်ဖွားနေသော်လည်း စိတ်ထဲတွင် အကြောက်တရားက လွှမ်းမိုးနေသည့် အခါ ကိုယ့်ကိုကိုယ် ပြန်ပြီး ဒေါသထွက်လာ သည် ၊ ကိုယ့်နှင့် စိတ် တထပ်တည်း မကျတော့ ၊ ထိုအခါ စိတ်မကြည် ၊ စိတ်မကြည်လင်သည့် အတွက် ညဏ် မရွှင်တော့ ၊ ညဏ်မရွှင်သော အခါ အတွေးအခေါ်တို့ ညစ်ညမ်းလာသည် ၊ လူ့သဘာဝ အရ စိတ်ညစ်လျှင် တရားထိုင်သူထက် ၊ မဟုတ်တာ လုပ်ကာ စိတ်ထွက်ပေါက် ရှာသူ က များသည် ။ အတွေးအခေါ်တို့ ညစ်ညမ်းလာသည့် အခါ ကမ္ဘာစောင့် တရားဟု လူသိများသည့် အရှက် အကြောက် တရားတို့ကို အမြင်လွဲမှားလာကြသည် ။ မကောင်းတာ လုပ်ရမည်ကို မရှက်ကြဘဲ ကောင်းတာလုပ်တာကို ရှက်လာတတ်ကြသည် ။ အကုသိုလ် အလုပ် လုပ်ရမည်ကို မကြောက်ကြဘဲ ကုသိုလ် အလုပ် လုပ်ရမည်ကို ကြောက်လာကြသည် ။

အတွေးအခေါ် ညစ်ညမ်းလာသည့်အခါ ကိုယ့်ကို ကိုယ်တောင် မယုံကြည်ကြတဲ့ လူတွေဟာ အခါ သူတပါးကို ယုံကြည်ဖို့ ဆိုတာ ပိုမိုခက်ခဲလာတယ်
လူတိုင်းကို သံသယနဲ့လိုက်ပြီး ကြည့်လာတတ်ကြတယ် ၊ ကိုယ့်စိတ်နဲ့နှိုင်းပြီး လူတကာကို တိုင်းတာလာကြတယ် ။ အဲဒီလို အဘက်ဘက်က
အားနည်းချက်တွေ ကြောင့် မြန်မာ ဒီမိုကရေစီ အရေး လုပ်ရှားနေသူတွေကို လုပ်စားနေပါတယ်ဆိုပြီး ၀ါးလုံးရှည်နဲ့ ပတ်သိမ်းပြီး ရမ်းသမ်းပြောလာကြတယ် ။ ဒီလို အကျိုးဆက်တွေကြောင့် လုပ်ရှားနေသူတွေကို ကူညီပံ့ပိုးချင်ကြတဲ့ လူတွေရဲ့ အတွေးအခေါ်တွေပါ
ေ၀၀ါးကုန်တယ် ။ ငါတို့ကူညီလည်း အလကားပါဘဲ ၊ တကယ်လုပ်ရှားတဲ့ လူတွေ လက်ထဲမရောက်ဘဲ လုပ်စားတဲ့လူတွေလက်ထဲ ရောက်သွားနိုင်တဲ့ ဆိုတဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားလာကြတယ် ။ နောက်ဆုံးရလဒ်က ပြည်သူလူထု ကောင်းစားရေး ဦးတည်ချက်ကို
ဘ၀တွေ ပေးဆပ်ပြီး လုပ်ကိုင်နေကြတဲ့ လူတွေက လုပ်ရှားဖို့ ခွန်အားတွေ နည်းပါးကုန်တယ် ။ တိုင်းပြည် အတွက် တကယ်လုပ်ပေးနေတဲ့လူတွေမှာ
သူတို့ကိုယ်ကျိုးစီးပွားရှာဖို့ အချိန်မရှိကြပါဘူး ။ ပြည်သူလူထုအတွက် အလုပ်လုပ်ပေးနေတဲ့လူတွေကို ပြည်သူလူထုက ပြန်လည်ကူညီပေးမှ
မြန်မာ့နိုင်ငံ ဒီမိုကရေစီ ဆိုတဲ့ ပန်းတိုင်ကို ဆွဲကိုင် နိုင်မှာပါ ။

တိုင်းပြည်တပြည်ကို ဖျက်စီးဖို့က အလွယ်လေးပါ ၊ ပြန်လည် ထူထောင်ဖို့ အတွက် အင်မတန် ခက်ခဲပါတယ် ။ လွတ်လပ်ရေး ဆိုတဲ့ ပန်းတိုင်ကို ဆွဲကိုင်ဖို့ ကျနော်တို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် သူရဲကောင်းတို့ အသွေးအသာတွေကို တော်လှန်ရေး ယဇ်ပလ္လင်မှာ ရဲရဲကြီး ပူဇော်ခဲ့ကြလို့ လွတ်လပ်တဲ့ နိုင်ငံ အဖြစ်ရပ်တည်နေနိုင်တာပါ ။
ယနေ့အခါမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တရုတ်လက်အောက်ကို ကျရောက်နေပါပြီ ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး အချုပ်အချာ အာဏာကိုပါ စတင်ထိပါးလာပါပြီ ဆိုတာ ယနေ့မျက်မှောက် မြန်မာနိုင်ငံရေးမှာ တရုတ်က ၀င်ရောက် စွက်ဖက်နေတာကို တွေ့မြင်နေရပါပြီ ။
နိုင်လိုလျှင် အရှုံးပေး နှလုံးအေးတဲ့ ဆေး" ကြီးကို ကိုယ်ရင်ထဲက သီးခံခြင်း တရား မပြည့်စုံဘဲ သောက်သုံးနေကြတဲ့ အခါ ကြုံတွေရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ၊ ဆိုးကျိုးတွေကို ဆက်လက် မခံစားချင်ကြဘူးဆိုရင်တော့ အနိုင်ယူနေသူတွေကို အရှုံးမပေးကြပါနဲ့ ။ မိမိတို့ တတ်နိုင်တဲ့ဘက်က တုန့်ပြန် တွန်းလှန်ကြပါ ၊ ကိုယ်တိုင် ပါဝင် မဆောင်ရွက်နိုင်တဲ့ ပြည်ပရောက် မြန်မာတွေက ငွေအားနဲ့ ကူညီပေးကြပါ ၊ တကယ်လုပ်ရှား နေသူများကို ၀န်း ရံပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ လိုက်ပါသည် ။ မိမိတို့ကျရာ အခန်းဂဏ္ဍကနေ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ပေးကြကာ မကြာမှီအချိန်အတွင်းမှာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ စတင် ချီတက်ကြပါစို့..................။


ခင်မင်လေးစားလျှက်

ဗမာ့သွေး