Monday, December 13, 2010

13 Dec 2010 ဒိုင်ယာရီ

for gmail user
Download all attachments  

12_Dec_from_DS_to_Norway Myanmar committee_.pdf12_Dec_from_DS_to_Norway Myanmar committee_.pdf
978K   View   Download  
13 dec 2010 yeyintnge's diary.doc13 dec 2010 yeyintnge's diary.doc
2417K   View   Download  
13 dec 2010 yeyintnge's diary.pdf13 dec 2010 yeyintnge's diary.pdf
4026K   View   Download  

http://www.mediafire.com/file/qvaakrc65sl1v2e/13%20dec%202010%20yeyintnge%27s%20diary.doc

http://www.mediafire.com/file/h662lp6cx4hwbdj/13%20dec%202010%20yeyintnge%27s%20diary.pdf

13 Dec 2010 Yeyintnge's Diary

ဒုတိယပင်လုံနဲ့ တပ်မတော်အခန်းကဏ္ဍ သဘောပေါက်လွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2010-12-12
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပြုလုပ်ဖို့ ပြင်နေတဲ့ ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ သဘောထားနဲ့ ပတ်သက်လို့ အများက သဘောပေါက်နားလည်မှု လွဲနေကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
မနေ့က နေ့လယ်ခင်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ တယ်လီဖုန်းကတဆင့် တိုက်ရိုက် မေးမြန်းဆွေးနွေးခန်းမှာ ဒုတိယပင်လုံ သဘောထားရပ်တည်ချက်၊ တပ်မတော်အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

“ဒီ ဒုတိယပင်လုံ ကိစ္စကို စပြီးတော့ လုပ်နေပါတယ်။ စပြီးတော့ လုပ်တဲ့အခါမှာ အန်တီတို့ရဲ့ ရည်ရွယ်ချက်ကို ထင်ရှားအောင်လို့ ပထမဦးဆုံး လုပ်ရမှာပါ။ စောစောက ပြောခဲ့သလိုပဲ ဒုတိယပင်လုံအတွက် အကြီးဆုံး ပြဿနာက နားလည်မှု လွဲမှားနေခြင်းပဲ။ ဒုတိယပင်လုံကို ဒါ သက်သက်စိမ်ခေါ်တာ၊ ဒါဟာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းကို သွားတာ၊ အဲဒီလိုမျိုးတွေ ပြောနေတာကို အန်တီတို့က ဒါ မဟုတ်ပါဘူးလို့ သေချာ ရှင်းလင်းအောင်လို့ လုပ်ရမှာ ဒါ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ဒုတိယပင်လုံ၊ ၂၁ ရာစုနှစ် ပင်လုံ ဆိုတာဟာ စင်ပြိုင်အစိုးရလည်း မဟုတ်ဘူး၊ စင်ပြိုင်လွှတ်တော်လည်း မဟုတ်ဘူး၊ စင်ပြိုင်ညီလာခံလည်း မဟုတ်ဘူး၊ စင်ပြိုင် ဘာမှ မဟုတ်ဘူး။ တကယ်တော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အထောက်အကူ ဖြစ်မယ့် စုစည်းမှုတခု ဖြစ်တယ်ဆိုတာကို တပ်မတော်ကရော၊ တခြား အစုအဖွဲ့တွေကရော နားလည်အောင် အန်တီတို့ ကြိုးစားရမှာ ဒါက ပထမအဆင့်ပါ။ အဲဒီလို နားလည်မှု ရသွားပြီဆိုမှ ပူးပေါင်းဆောင်ရွက်မှု အတွက် အန်တို့ ဆက်ပြီး ကြိုးစားရမှာပါ”

ဒီအစီအစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်ကိုလည်း ဆက်သွယ်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ နယ်စပ်မှာ ထွက်ပြေးနေရတဲ့ တိုင်းရင်းသားတွေရဲ့ လက်ရှိ အခြေအနေအပေါ် ဘယ်လို ကူညီ ဖြေရှင်းနိုင်မလဲ၊ နယ်စပ်က လက်နက်ကိုင်ပဋိပက္ခ အကြောင်းနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ အခြေအနေ ရှိမရှိ စတာတွေကို အဓိကထား မေးမြန်ခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေအကြား သဘောထားကွဲလွဲပြီး အဖွဲ့အစည်း ကွဲတာတွေနဲ့ ပတ်သက်လို့ မေးမြန်းတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး ပြောကြားခဲ့ပါတယ်။

“ကိုယ် လုပ်နေတဲ့အလုပ်ကို ကိုယ်အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိရင် အခက်အခဲတွေကို အကွဲအပြဲ မရှိဘဲနဲ့ ကျော်လွှားနိုင်ပါတယ်။ အန်တီတို့ဆိုရင်လည်း အန်တီတို့အဖွဲ့ထဲမှာ အကွဲအပြဲတွေကို ကျော်လွှားခဲ့ရတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့က ကွဲချင်ပြဲချင်လို့ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ အဲန်အယ်လ်ဒီဟာ အခုထက်ထိ နိုင်ငံရေးအင်အားစုကြီး တခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ ဒါပေမယ့်လည်း ကွဲသွားပြဲသွားချင်တဲ့ လူတွေကလည်း ရှိတာကိုး။ အဲဒီတော့ ကွဲတယ်ပြဲတယ် ဆိုတာ နှစ်ဦးနှစ်ဘက်နဲ့ ဆိုင်တယ်။ အန်တီတို့ကတော့ ဆက်ပြီး ကြိုးစားသွားမှာပဲ”

ဒီ လန်ဒန်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် RFA သတင်းထောက် မအေးနှင်းညို သတင်း ပေးပို့ထားတာကိုလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။
သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကြည် ဈာပနအခမ်းအနား (မှတ်တမ်းဓါတ်ပုံ)

 December 13th, 2010









ဦးအေးကြည် (၁၉၅၄-၂၀၁၀)
Myanmar Development Committee-MDC ဦးဆောင်ကော်မတီဝင် နှင့်
မြန်မာနိုင်ငံ လယ်သမား အလုပ်သမား သမဂ္ဂဖော်ဆောင်ရေး ပြန်ကြားရေးတာဝန်ခံ
ဦးအေးကြည်အား ၁၉၅၄ တွင် အဘ ဦးချစ်တီးနှင့် အမိ ဒေါ်လှငြိမ်းတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း (၅) ယောက်တွင် အကြီးဆုံးသားဖြစ်သည်။ ငယ်စဉ်ကတည်းကပင် တိုင်းပြည် နှင့် အမျိုးသားရေး ဆောင်ရွက်ကြိုးပမ်းမှုများအပေါ်တွင် စိတ်အားထက်သန်ခဲ့ပြီး ၁၉၈၈ အရေးတော်ပုံကြီးတွင် ရှေ့တန်းမှရဲဝံ့စွာပါဝင် တိုက်ပွဲဝင်ခဲ့သည်။
၁၉၈၉ တွင် စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရပြီး ၁၉၉၀ တွင် ထောင်ဒဏ် ၇ နှစ် အပြစ် ပေးခြင်းခံခဲ့ရသည်။ ၁၉၉၅ နှစ်ကုန်ပိုင်းတွင် ထောင်မှပြန်လည်လွတ်မြောက်ခဲ့ပြီး ၎င်း၏မ လျှော့သော ဒီမိုကရေစီရေးကြိုးပမ်းမှုများကြောင့် မကြာခဏဆိုသလို စစ်အုပ်စု ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါသည်။
ထိုသို့သောအခြေအနေများကြောင့် ၎င်း၏မိသားစုနှင့်ပင်ကွဲခဲ့ရပြီး သေဆုံးချိန်တွင် ဇနီး နှင့် သားသမီး ၅ ယောက် ကျန်ရှိခဲ့ပါသည်။ ၎င်း၏ဇနီးက မိသားစုတာဝန်များအကြောင်း ပြောတိုင်း မိမိကလေးများ၏ ရှေ့ရေးထက် တိုင်းပြည်မှာရှိတဲ့ အခြားကလေးများအတွက် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဇနီးသည်ကိုပြောပြီး မိသားစု၏ အစွန့်ပစ်ခံဘ၀ ဖြင့် နိုင်ငံရေးကို ဘ၀တလျှောက်လုံးပေးဆပ်ကာ လုပ်ဆောင်သွားခဲ့သူဖြစ်ပါသည်။
၂၀၀၇ ဇန်န၀ါရီလတွင် အမ်ဒီစီ (Myanmar development committee ) ဖွဲ့ရာတွင် ပါ ၀င်ခဲ့ ပြီး ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ သိမ်ကြီးဈေးရှေ့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြ ပွဲများတွင် ပါဝင်ခဲ့သောကြောင့် စစ်အုပ်စု၏နောက်တကြိမ် ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ ရပါသည်။ ထိုစဉ်က မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးလိုလားသူများအဖွဲ့မှ တောင်းဆိုခဲ့ သော အချက်များမှာ ကုန်ဈေးနှုန်းကျဆင်းရေးအပါအ၀င် တောင်းဆိုချက် ၁၇ ချက် ပါ ၀င်ပါသည်။ နိုင်ငံရေးသမားဘ၀တလျှောက်လုံးတွင် ပေးဆပ်မှုများစွာရှိခဲ့ပြီး ရိုးသားမှုအ ပြည့်ရှိသော ရဲဘော်တဦးလည်းဖြစ်ပါ သည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့၏ အဖွဲ့ ၀င်ဟောင်းတဦးလည်းဖြစ်ပြီး ထောင်တွင်းနေ ထိုင်စဉ်ကာလများတွင်လည်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ရင်းနီးသောသူတဦး လည်းဖြစ်ပါသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၆း၃၀ တွင် ၎င်းနေထိုင်ရာ အမှတ် ၂၇၈ အာသာဝတီလမ်းမကြီး မြောက်ဥက္ကလာနေအိမ်တွင် ရေဒီယိုမှ ဘီဘီစီ အာရ်အက်ဖ်အေ သတင်းနား ထောင်နေရင်းမှ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ကျဆုံး သွားခဲ့ပါသည်။
http://www.naytthit.net/?p=5161

ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားလူငယ် ဆုံညီ ပွဲတော်အဖွင့် အမှာစကား ဒေါ်စု ပြောကြား





မြန်မာ့ဒီမိုကရေစီရေးမှာ ကမ္ဘာလူငယ်များ ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

2010-12-13
တောင်အာဖရိနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသား လူငယ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီရေးကို ကူညီဖို့ ကမ္ဘာ့လူငယ်ထုကို ပထမဦးဆုံးအကြိမ် ဗီဒီယိုမိန့်ခွန်းကတဆင့် ပန်ကြားလိုက်ပါတယ်။
(Photo: AFP)
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လူမှုအသွင်ကူးပြောင်းမှု စတာတွေ အားလုံးဟာ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲစေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျမတို့လည်း မြန်မာပြည်ဆိုတဲ့ ကျမတို့ကမ္ဘာကို ပြောင်းလဲချင်သလို လူငယ်တွေကလည်း သူတို့ရဲ့ကမ္ဘာကို သူတို့ပြောင်းလဲချင်တာပါ။ ဒါပေမဲ့ အခုချိန်ထိ ဘယ်နေရာမှ အပြောင်းအလဲ မဖြစ်သေးပါဘူး။ ဒါကြောင့်မို့လို့ အခြေခံတန်ဖိုးဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေနဲ့ ကျမတို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ မျိုးဆက်ကွာခြားမှုဆိုတဲ့ အားနည်းချက် မရှိသင့်ပါဘူး လူငယ်တွေအနေနဲ့လည်းကျမတို့ကို သူတို့ရဲ့သူငယ်ချင်း မိတ်ဆွေတွေလို သဘောထားမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့အတွက် ကမ္ဘာတဝန်းက လူငယ်တွေရဲ့ အကူအညီတွေကို ကျမတို့ အများကြီး လိုအပ်ပါတယ်။ ဒီအတွက် ကျမတို့ဆီကို ဆက်သွယ်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
နိုင်ငံတကာ လူငယ်ကျောင်းသားများ ပွဲတော်အခမ်းအနားကို မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီပွဲတော်ကို လေးနှစ်တကြိမ် World Federation of Democratic Youth ကဦးစီးကျင်းပတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၃၅ နိုင်ငံက ကိုယ်စားလှယ် သုံးသောင်းလောက် တက်ရောက်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေနဲ့ အိန္ဒိယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ရဲဘော်ကျော်သန်း တက်ရောက်နေပါတယ်။
http://www.rfa.org/burmese/news/suu_kyi_requests_support_from_youths-12132010094727.html

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)



By ရော်နီညိမ်း တနင်္ဂနွေ, 12 ဒီဇင်ဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၃၈)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထားတချို့ကို ယူဆောင်ပြီး၊ ပြည်ပကိုထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင်နီယာအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ်(၁) က ကျောင်းဆင်းခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုလက်မှု ဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက်တွေကို ဒီသီတင်းပတ် ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး စိုင်းသိန်းဝင်းခင်ဗျာ။ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကို ကျနော်တို့ ကို အရင်ဆုံး ပြောပြပေးပါ ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် အမှတ်(၁) သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့ ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ စက်ရုံက ကျနော်တို့ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) နဲ့ မဆိုင်ဘူးပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကပစ နဲ့ မဆိုင်ပါဘူး။ သူက “တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်” ရဲ့ လက်အောက်ခံ တပ် ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးတို့ ခေါ်ကြတာ “သသန” ဆိုတဲ့ဟာလား မသိဘူး။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အတိုကောက် သသန လို့ခေါ်ပါတယ်။ ကျနော်တို့ စက်ရုံကိုတော့ အတိုကောက် သနလ(၁) လို့ ခေါ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အရှည်က ဘယ်လိုပါလဲခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံပါ။

ဦးရော်နီညိမ်း။ ။ သသန က အရာရှိချုပ်လား ဒါမှမဟုတ် ညွှန်ကြားရေးမှူးလား မသိဘူးခင်ဗျ၊ နေပြည်တော် စစ်ရုံးမှာ ထိုင်တာလေ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဌာနချုပ်မှူး လို့ ခေါ်ပါတယ် ခင်ဗျ။ တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်၊ ဌာနချုပ်မှူး ပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ Major General post နဲ့ တူတယ်နော်။ ဗိုလ်ချုပ် post နဲ့တူတယ်။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်ခင်ဗျာ Major General ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဗိုလ်မှူး မြန်မာနိုင်ငံထဲကနေ ထွက်လာတာကိုတော့ အားလုံးက သိထားပြီးပြီပေါ့ နော်။ ဗိုလ် မှူးပြောတဲ့ ဒီ Al Jazeera နဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက လွှင့်ထုတ်ခဲ့တာတွေ၊ ဗိုလ်မှူး ယူလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပေးတဲ့ Robert Kelley ၊ IAEA (ကုလသမဂ္ဂအဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ International Atomic Energy Agency) က တာဝန်ရှိလူကြီး ဟောင်း တစ်ယောက်ဖြစ်ခဲ့တဲ့ Mr. Kelley ရဲ့ပြောပြချက်တွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံထဲမှာ မြန်မာစစ်အစိုးရဟာ အနုမြူဗုံးအနုမြူလက် နက်အထိ ထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ အထောက်အထားတွေကို ဗိုလ်မှူး ရနိုင်သလောက် ယူလာခဲ့တယ်လို့ ကျနော်တို့က နားလည်သ ဘောပေါက်ထားပါတယ်။ အဲဒါတွေကိုလည်း ဒီ Robert Kelley နဲ့ စစ်ဆေးပြီးတော့ ကမ္ဘာကသိအောင် ထုတ်ဖော်ပြောကြား ပြသတယ်ပေါ့ နော်။ အခု ဗိုလ်မှူးနဲ့ပတ်သက်ပြီးတော့ ဒီဇင်ဘာလ(၆)ရက်နေ့က မြန်မာသတင်းစာထဲမှာ ပါပြီးတော့၊ အမေရိကားက PBS (Public Broadcasting Service) အသံလွှင့်ဌာန နဲ့ သြစတြီးယား (Austria) က ProPublica မဂ္ဂဇင်းတွေကနေ ရေးသားကြတဲ့ကိစ္စမှာ၊ ဗိုလ်မှူးရဲ့ ပြောကြားချက်တွေကို ထပ်ဆင့်ပြီးတော့ Robert Kelley ရဲ့ ထောက်ခံချက်တွေကို သူတို့က ပယ်ချပြီး ပြောပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ အသေးစိပ် မသွားခင်မှာ ဗိုလ်မှူးအနေနဲ့ ခြုံငုံပြီးတော့ ဘာများ ပြန်ပြောချင်ပါသလဲ ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ရှေ့နေကောင်းလို့ရှိရင် ဘယ်အမှုပဲဖြစ်ဖြစ် ကွင်းလုံးကျွတ်လွတ်မယ်ဆိုတဲ့ ပုံစံမျိုးတော့ မရှိပါဘူးခင်ဗျ။ အခု သူတို့ PBS ၊ ProPublica ကနေပြီး ပြန်ချေပတာကတော့ ချေပတာပေါ့။ ဒါပေမယ့် ဒီအဖြစ်မှန်ကို သိတာက ကျနော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေ ရာနဲ့ ထောင်နဲ့ ချီပြီးရှိပါတယ်။ နောက်ထပ် လူသက်သေ၊ ပစ္စည်းသက်သေ ထွက်လာဖို့ ရှိပါတယ်။ အခု ProPublica ကနေပြီးတော့ ဒါကို မှားတယ် လို့၊ သူတို့ က “Robert Kelley မှားတယ်၊ ကျနော်မှားတယ်” ဆိုပြီးတော့ ပြောထားတဲ့ ဥစ္စာလေး တွေကတော့၊ သူတို့ အနေနဲ့ ကောက်ချက်ချတာ စောတယ်လို့ပဲ ကျနော်ကတော့ သုံးသပ်ပါတယ်။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ကျနော်တို့က စဉ်းစားရတာပေါ့လေ၊ ဆိုလိုတာက Robert Kelley နဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းတို့ ပြော ဆိုထားချက်တွေကို ဟုတ်မဟုတ် စစ်ဆေးဖို့ ဆိုပြီးတော့ IAEA မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်လို့ ဆိုတယ်။ နောက် တခါ ဗိုလ်မှူးယူလာတဲ့ ဓါတ်ပုံထဲမှာပါတဲ့ စက်ကြီးတွေနဲ့ပတ်သက်ပြီးတော့ “ဒါဟာ အနုမြူဗုံးလက်နက်စီမံကိန်းမှာ သုံးတာ မဟုတ်ဘူး။ ဂျာမန် အစိုးရပိုင်းကလည်း သူတို့ ဒီစက်တွေကို စစ်ဆေးပြီးသားပါ” ဆိုတဲ့ ဟာမျိုး ပြောသွားတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့၊ အဲဒါတွေကကော အဲဒီမှာ ပြောတဲ့ ပုဂ္ဂိုလ်ပေါ့နော်၊ သူလည်းပဲ အရင်တုန်းက IAEA ရဲ့ ဒုညွှန်ကြားရေးမှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ Olli Heinonen ရဲ့ပြောဆိုချက်၊ သူတို့ရဲ့ဆောင်းပါးနဲ့ပတ်သက်ပြီးတော့ specifically ပေါ့နော် ကျနော် ပြန်ပြီး မေးကြည့်ချင်ပါတယ်။ အဲဒီစက်နဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူး ဘာ ပြောချင်ပါသလဲ ခင်ဗျ။ ဒီစက်ကြီး ရောက်လာတဲ့အချိန်မှာ ဒီစက်ကြီးကို run လုပ်တာတို့ စစ်ဆေးတာတို့ကို ဗိုလ်မှူးနဲ့ အတူ ပါရှိနေတဲ့ဟာကိုပါ ကျနော်တို့ ဒီ Al Jazeera ရုပ်မြင်သံကြားမှာ မြင်ခဲ့ရတယ်လေ။

(Al Jazeera ရုပ်မြင်သံကြား။ ။ Myanmar's Military Ambitions

http://english.aljazeera.net/programmes/general/2010/05/201053110470990951.html)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ CNC စက်တွေပါခင်ဗျ၊ အတိုကောက် ပြောမယ်ဆိုရင်တော့။ Computerized Numerical Control (ကွန်ပျူတာကိန်းဂဏန်းများဖြင့် ထိန်းချုပ်သည့် တွင်ခုံစက်တစ်မျိုး)။ အဲဒီစက်တွေက Turning & Milling တွင်ခုံ (ကွန်ပျူတာဖြင့် တွင်ခုံလုပ် ငန်း ပြုလုပ်ခြင်း) အမျိုးအစားတွေပါပဲ။ အဓိက သူ အားသာတာကတော့ designတွေကို၊ ကွန်ပျူတာထဲမှာ graphic designတွေကို အရင်ဆုံး ပုံစံ model တွေကို တည်ဆောက်ပြီးတော့ အဲဒီအပေါ်မှာ မူတည်ပြီး program ဆွဲ၊ ဆွဲပြီး ရလာတဲ့ program တွေကို စက်မှာ ပြန်ပြီး ခိုင်းစေ လို့ရတယ်ပေါ့။ အဲဒီသဘောမျိုးပါ၊ အဲဒီစက်တွေက အဓိက ကတော့ ဘယ်လို ပစ္စည်းမျိုးကိုမဆို ပေါ့ နော်။ လုပ်နိုင်တဲ့ စက်တွေပါပဲ။ ဒါတွေက နျူကလီးယားဗုံး လုပ်မယ့် စက်တွေ rocket လုပ်မယ့်စက်တွေလို့ သွားပြောလို့တော့ မရဘူးပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဆိုလိုတာက ထုတ်လုပ်ချင်တဲ့ ပစ္စည်းမျိုးကို ဘယ်ပစ္စည်းမျိုး ထုတ်လုပ်မယ်ဆိုတာ အရင်ဆုံး design ဆွဲ ပေးတဲ့နေရာမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ အထောက်အကူပေးတဲ့ စက်ပစ္စည်းမျိုး သဘောပါလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ ဒါ Machine Shop (စက်ပစ္စည်း အလုပ်ရုံ) ဆိုတော့ ဒီ စက်ရုံကနေထွက်တဲ့ ပစ္စည်းတွေဟာ ကားအစိပ်အပိုင်းတွေလည်း ဖြစ်နိုင်တယ်။ ကားအစိပ်အပိုင်း ဖြစ်သွားမယ် ဆိုရင်လည်း ကားပစ္စည်းထုတ်လုပ်ရေး စက်ရုံပေါ့။ မီးရထားနဲ့ဆိုင်တဲ့ ပစ္စည်းတွေထုတ်မယ်ဆိုလည်း ဒါ မီးရထား စက်ပစ္စည်းဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး စက်ရုံပေါ့။ ကျနော်တို့က rocket အတွက် သုံးမယ်ဆိုရင်လည်း rocket အတွက် ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ စက်တွေလို့ပဲ ကျနော်တို့ အကြမ်းဖျဉ်းပြောလို့ ရမှာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးက ရုရှ နိုင်ငံမှာ သင်ယူလာခဲ့တာက rocket နဲ့ ပတ်သက်တာ ဒုံးကျည်ပေါ့ နော်၊ အခု ပြောနေတဲ့ အတိုင်းဆိုရင်။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒီ ဒုံးကျည်ပညာနဲ့ပတ်သက်လို့ရှိရင် အခုသူတို့ ပြောနေတဲ့ ဂျာမနီက ၀ယ်ယူလိုက်တဲ့ စက်ကြီးဟာ ဒုံးကျည် rocketနဲ့ ပတ်သက်ဖို့ရာအကြောင်း မြင်ပါသလား။ ဗိုလ်မှူးရဲ့ သင်ကြားတတ်မြောက်လာတဲ့ ပညာအရရော၊ ကိုယ်ကိုယ်တိုင်လုပ်နေရတဲ့ အတွေ့ အကြုံအရရော၊ အဲဒီအချိန်တုန်းက။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိကရည်မှန်းချက်ကတော့ ဒီ rocket engine ရဲ့ အစိပ်အပိုင်းတွေကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စက်သာ အပြည့်အ၀ ရလာခဲ့မယ်ဆိုရင်၊ ကျနော်တို့ လုပ်ချင်တဲ့ အစိပ်အပိုင်းကို အပြည့်အ၀ လုပ်နိုင်မှာပေါ့။ အခုဟာက ကျနော်တို့ ၀ယ်လာတဲ့စက်တွေမှာ control ပိုင်းဆိုင်ရာ တစ်ချို့ module တွေကို ဖြုတ်ချထားတာရှိတယ်။ (modular = မတူညီတဲ့ ယူနစ် များစွာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခု။ module = modular ထဲက ယူနစ်တစ်ခု။ အစိပ်အပိုင်းများစွာပါဝင်တဲ့ ပစ္စည်းတစ်ခုထဲက အစိပ်အပိုင်း ပါ။ ဥပမာ modular က ‘အိမ်’ ဆိုလျှင်၊ ဧည့်ခန်းဟာ အိမ်ထဲက module တစ်ခု)။ ဒီ ဂျာမန်ကုမ္ပဏီ ကနေပြီးတော့ sanction (အနောက်နိုင်ငံ များ၏ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု) ကြောင့်မို့လို့ ပိတ်ထားတဲ့ အစိပ်အပိုင်းတွေပေါ့ဗျာ။ အဲဒီ အစိပ်အပိုင်း၊ အထူး special အစိပ်အပိုင်းတွေကို သူတို့က ထည့်မပေးလိုက်ဘူး။ အဲဒီ control unit တွေကိုပေါ့။ အဲဒါ တွေကိုလည်း ကျနော် တခါက သူတို့ရဲ့ technician ကို ကျနော်မေးကြည့်တယ်။ 5 axis control ကို ဘာလို့ မရောင်း တာလဲလို့ မေးတော့ အဲဒီ စင်္ကာပူ technician က ဘာပြော သလဲဆိုတော့၊ “မင်းတို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးမှ ရောင်းမယ်” တဲ့။ အဲဒီလိုမျိုး ကျနော်တို့ ကိုပြောလိုက်တာတော့၊ တခါ ကြားလိုက်ပါ တယ်။ (5 axis control = 5 axis CNC machines တွေရဲ့ control ပိုင်းများ။ မျက်နှာပြင် (၅) ခုမှာ ရွေ့လျှားနိုင်တဲ့ 5 axis CNC machines မှာ၊ ပုံမှန် machine တွေထက် axis နှစ်ခု အပို ပါဝင်သည်။ ဥပမာ X axis - ဘယ် နှင့် ညာ ၊ Y axis - အရှေ့ နှင့် အနောက်၊ Z axis - အပေါ် နှင့် အောက်၊ A axis - horizontal plane မှာ နာရီလက်တံ နှင့် နာရီလက်တံ ပြောင်းပြန် လည်ခြင်း၊ B axis - vertical plane မှာ နာရီလက်တံနှင့် နာရီလက်တံ ပြောင်းပြန်လည်ခြင်း တို့ဖြစ်ပါတယ်။)

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါက ကားတွေဝယ်လို့ရှိရင် basic အခြေခံပါရမယ့် ပစ္စည်းတွေနဲ့ ရောင်းတာက တစ်ဈေး၊ ပြီးတော့ ကား ထဲမှာ ဒီလိုမျိုး ဟောင်းလောင်းအပေါက်ကလေးတွေ အများကြီးပဲ၊ ကိုယ်က နောက်ထပ်တစ်ခု option ဟိုဟာ ထပ်ထည့်ချင်တယ် ဒီဟာ ထပ် ထည့်ချင်တယ် ဆိုရင်၊ အဲဒီအခါကျမှ ထပ်ပြီးထည့်လို့ရအောင် fixလုပ်လို့ရအောင် လုပ်ထားတဲ့ နေရာလေးတွေ ရှိတယ်။ အဲဒီတော့ အဲဒီစက်မှာ လည်း ဗိုလ်မှူးပြောတဲ့အတိုင်းဆို ဒီသဘောမျိုးပဲပေါ့။ ခုနပြောတဲ့ နောက်တဆင့်၊ ဒုံးကျည်ထုတ်လုပ်တဲ့အဆင့်ထိ လုပ်ရမယ့်နေရာမျိုး ထည့်မယ် ဆိုရင်လည်း၊ အဲဒီ ဟာမျိုး အဲဒီ program မျိုး ထည့်မယ်ဆိုရင်လည်း၊ အဲဒီ program မျိုး ထည့်ဖို့အတွက် ကျနော်တို့ အရပ်စကားနဲ့ ပြောမယ် ဆို နေရာလပ်တွေတော့ ချန်ထားတဲ့ စက်မျိုးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဲဒီ သဘောပါပဲ။ ဟုတ်ကဲ့။

ဦးရော်နီညိမ်း။ ။ ခုနက စင်္ကာပူက agent ကတဆင့် ပြောလိုက်တာက “မင်းတို့ဆီက ဒေါ်အောင်ဆန်းစုကြည် ကို မင်းတို့စစ်အစိုးရက လွှတ်ပေးမှ တို့က ရောင်းမှာပေါ့ကွ” ဆိုတဲ့သဘောမျိုးပြောတာက၊ ဒါကတော့ သူက informalပေါ့နော်၊ အလွတ်သဘောပြောတာနဲ့ တူပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။ informal သဘောမျိုးပါပဲ။ သူကလည်း ဒီလောက် အဆုံးအဖြတ်ပေးနိုင်တဲ့ လူရယ်လို့ မဟုတ်ပါ ဘူး။ သူက openly ပြောတတ်တဲ့ လူတစ်ယောက်မို့လို့၊ ဒါကို နားလည်အောင် သူက တိုတိုနဲ့ လိုရင်း ရှင်းပြပေးလိုက်တာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူး ၊ အဲဒီတော့ ကျနော်တို့ ဒီစက်ကိုပြောရင်းနဲ့ ပြန်ကောက်ရအောင်။ ဗိုလ်မှူးရဲ့တာဝန်နဲ့ အဲဒီဗိုလ်မှူးလုပ် ခဲ့တဲ့ စက်ရုံရဲ့တာဝန်။ အဲဒီတော့ ဗိုလ်မှူးက အဲဒီစက်ရုံကို ရောက်သွားတဲ့ အဓိကတာဝန်ပေး အပ်ချက်က ဘာလဲ ခင်ဗျ။ ကျနော်တို့ စစ်ရုံးက၊ သသန က၊ ဗိုလ်မှူးကို ခေါ်ပြီးတော့ အဲဒီနေရာကို posting ပေးလိုက်တဲ့အခါမှာ ဘယ်လို အမိန့်ပေးလိုက်လဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့စက်ရုံရဲ့ အဓိကရည်မှန်းချက်တွေက ဒီ ‘သပိတ်ကျင်း သိပ္ပံနှင့်နည်းပညာတပ်’က လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ အစိပ်အပိုင်းတွေကို ထုတ်လုပ်ပေးဖို့ အတွက်၊ ဒီစက်ရုံတွေကို တည်ထားတာပါ။ ဒီ ‘သပိတ်ကျင်းတပ်’ က ပစ္စည်းတွေက တော့ ပြည်ပမှာ ၀ယ်လို့ မရနိုင်ဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်ဘာသာထုတ်လုပ်နိုင်မှဖြစ်မယ်၊ ပြည်တွင်းမှာ ကိုယ့်ဘာသာထုတ်လုပ်နိုင်အောင်၊ အမှီအခို ကင်းမဲ့စွာ ထုတ်လုပ်နိုင်အောင်၊ ဆိုပြီးတော့ ဒီစက်ရုံတွေကို တည်ထားတာပါ။ ကျနော်တို့ကို အဲဒီမှာ တာဝန်ချလိုက်တဲ့အချိန်ကလည်း ‘သပိတ်ကျင်းတပ်’ ရဲ့ လိုအပ်တဲ့ ပစ္စည်းအစိပ်အပိုင်းတွေကို အချိန်မှီ ထုတ်လုပ်ပေးဖို့၊ အရည်အသွေးမှီမှီ ထုတ်လုပ်ပေးဖို့၊ လျှို့ဝှက်ချက်တွေကို လည်း ထိန်းနိုင်ဖို့ပေါ့။ အဲဒီလိုမျိုး မှာလိုက်တာတွေ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ‘သပိတ်ကျင်းတပ်ရင်း’က အပြင်မှာ အရပ်ထဲမှာ ပြောပြောနေတဲ့ ‘နျူကလီးယားတပ်ရင်း’ ဆိုတာပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အဲဒီနားက ကျေးရွာတွေတ၀ိုက် မြို့တွေရွာတွေကတော့ သပိတ်ကျင်းက တပ်ကို အရပ်စကားနဲ့ အလွယ်ပဲ ‘နျူကလီးယားတပ်ရင်း’လို့ ပြောနေကြတာပေါ့။ အဲဒီတော့ ဗိုလ်မှူးရဲ့အဆင့်နဲ့ တကယ့်‘သသန’ ရဲ့ ရည်ရွယ်ချက်၊ ‘သသန’ ရဲ့ အရာရှိ ချုပ်တို့ နောက် သူ့အပေါ်၊ အထက်က ရှိတဲ့ ကကကြည်း (ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး)တို့ ဘာတို့က ပါ၊ တကယ့် ရည်ရွယ်ချက်က ဒီ ‘သသန’ က ဘာလုပ်ဖို့လဲ၊ ဗိုလ်မှူးတို့ တရားဝင် သိထားတာရော တရားမ၀င်ပေမယ့် ကိုယ်ကတော့ နားလည်နေတယ်၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာ။ အဲဒီသဘောမျိုး ကျနော်တို့ကို နည်းနည်းရှင်းပြလို့ ရမလား။ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ တကယ်တမ်း ဘာလုပ် ချင်တာလဲ၊ ဒီ ‘သသန’ တို့ ဘာတို့နဲ့။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့၊ တပ်မတော်အတွက် လိုအပ်တဲ့ လက်နက်ပစ္စည်းတွေကို သုတေသနလုပ်ဖို့ အတွက် research center (သုတေသနဌာနကြီး)ကို ထောင်လိုက်တာပါ။ အဲဒီမှာ ဌာနတွေ ရှိပါတယ်။ ဌာနနံမည်တွေ ကြားလိုက်လို့ရှိရင်၊ ဒါ ပိုပြီးတော့နားလည် သွားပါလိမ့်မယ်။ ဥပမာ၊ ဌာနတစ်ခုဆိုရင် “မဟာဗျူဟာမြောက်လက်နက်ကြီးများ သုတေသနဌာန (ကြည်း-ရေ-လေ)” ဆိုပြီးတော့ ဖွဲ့ထားတာ ရှိတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဌာနနံမည်ကိုက အစ၊ မဟာဗျူဟာမြောက်လက်နက်ကြီး (ကြည်း-ရေ-လေ)ဌာနလို့ တပ်ထားတော့၊ ဒီ မဟာ ဗျူဟာမြောက်လက်နက် မြန်မာစစ်တပ်က ပြောဆိုသတ်မှတ်တာဟာ၊ အခု အမေရိကန်နဲ့ ရုရှ ပြန်ပြီး ချုပ်ဖို့လုပ်နေတဲ့ START (Strategic Arms Reduction Treaty - မဟာဗျူဟာမြောက်လက်နက်ကြီးများလျှော့ချရေးစာချုပ်) လိုဟာမျိုးလား။ ဒုံကျည်တွေနဲ့ ဒုံးကျည်ပစ်စင် အရေ အတွက်တွေနဲ့၊ တကယ့်ကို တတိုင်းပြည်လုံး ပြာကျသွားနိုင်တဲ့ ဒီလိုမျိုး လက်နက်တွေအထိ၊ ဒီလိုမျိုး ထိပ်ဖူးတွေအထိ၊ ထုတ်ဖို့ အထိ ရည်ရွယ် ထားတဲ့ ဌာနပါလား ခင်ဗျ။ ဗိုလ်မှူးရဲ့အတွေ့အကြုံအရ ဘယ်လောက်ထိ သိရှိထားပါသလဲ။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဆိုလိုတာက ‘မဟာဗျူဟာမြောက်လက်နက်ကြီးများသုတေသနဌာန’ တပ်မတော်(ကြည်း) အတွက်၊ တပ်မ တော်(ရေ) အတွက်၊ တပ်မတော်(လေ) အတွက်၊ ဆိုပြီးတော့ အဲဒီလိုမျိုး ခွဲထားတဲ့ ဌာနပါ။ အဲဒီမှာ မဟာဗျူဟာမြောက်လက်နက်တွေထဲမှာ rocket ပါတယ်။ နျူကလီးယားပါတယ်။ နောက် ဌာနတစ်ခုဆိုရင် main frame computer တည်ဆောက်ဖို့ပေါ့။ အဲဒီလို research ဌာနတွေ ကိုပါ ထည့်ပြီးတော့ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ကျနော့်ရဲ့အတွေ့အကြုံဆိုလို့ရှိရင်တော့၊ ကျနော်တို့ ရုရှကို သွားကတည်းကိုက ကျနော်တို့ သင်ရတဲ့ ဘာသာရပ်တွေက၊ rocket နဲ့ ဆိုင်တဲ့ ဘာသာရပ်တွေ nuclear reactor တည်ဆောက်မှုနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေချည့်ပဲ တက်ရပါ တယ်။ ကျောင်းတော့ ကွဲသွားတာပေါ့။ ဒါပေမယ့် တက်ရတဲ့ subject တွေက အတူတူပဲ။ ဥပမာ ကျနော် Bauman (Bauman Moscow State Technical University) တက္ကသိုလ်မှာ ကျနော်က rocket engine design နဲ့ တက်တယ်။ ပြီးတော့ အဲဒီ Bauman တက္ကသိုလ်မှာ ပဲ၊ တချို့ကျောင်းသားတွေက ဒုံးပျံနည်းပညာကို တက်တယ်။ တချို့က nuclear reactor engineering ကိုတက်တယ်။ အဲဒီ တချိန်တည်းမှာ ပဲ Russia Chemical University (D. Mendeleyev University of Chemical Technology of Russia – MUCTR ဟုလည်းခေါ် သည်။ ၁၈၆၉ မှာ Periodic Tableကို တီထွင်သူ ရုရှသိပံ္ပပညာရှင် Dmitri Mendeleyev ကို ဂုဏ်ပြုတည်ထောင်ထားသော တက္ကသိုလ်) ကျနော့်သူငယ်ချင်း တချို့ကကျတော့ ဒုံးပျံလောင်စာနဲ့ ပတ်သက်တဲ့ subject တွေ သင်နေရတယ်။ ကျနော်တို့က mechanical engineer ဖြစ်တဲ့အတွက် rocket ဘာသာရပ်တက်ရတယ်။ nuclear ဘာသာရပ် တက်ရတယ်။ Chemical Engineering နဲ့ ဘွဲ့ရထားတဲ့ သူငယ်ချင်း တွေကျတော့၊ ဒုံးပျံလောင်စာတို့ nuclear နဲ့ ပတ်သက်တာတွေ လေ့လာရပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် (၁) က ကျောင်းဆင်းခဲ့ပြီးတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင် ရာ စက်မှုလက်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက်တွေကို ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီးတော့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
http://www.voanews.com/burmese/news/

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း

Reference ID Created Released Classification Origin
08RANGOON44 2008-01-18 10:10 2010-12-09 21:09 CONFIDENTIAL Embassy Rangoon





VZCZCXRO5943
PP RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0044/01 0181034
ZNY CCCCC ZZH
P 181034Z JAN 08
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC PRIORITY 7059
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 0842
RUEHNE/AMEMBASSY NEW DELHI 4402
RUEHUL/AMEMBASSY SEOUL 7933
RUEHKO/AMEMBASSY TOKYO 5494
RHEHNSC/NSC WASHDC
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 1282
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Friday, 18 January 2008, 10:34
C O N F I D E N T I A L SECTION 01 OF 03 RANGOON 000044
SIPDIS
SIPDIS
DEPT FOR P, EAP/MLS AND IO
PACOM FOR FPA
EO 12958 DECL: 01/16/2018
TAGS PGOV, PREL, BM
SUBJECT: CHINESE LOSING PATIENCE WITH BURMA
Classified By: CDA Shari Villarosa for Reasons 1.4 (b) & (d)

အကြောင်းအရာ။     ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း။
လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။     ။ ယာယီသံရုံး တာဝန်ခံ ရှီလာ ဗယ်လာရိုဆာ၊ အကြောင်းပြချက် 1.4 (b) & (d)

၁။ (ဂ) အနှစ်ချုပ်။
သံရုံး ယာယီတာဝန်ခံက တရုတ်နိုင်ငံ သံအမတ်ကြီးကို ဇန်နဝါရီ ၁၇ ရက်က နေ့လယ်စာဖိတ်ပါသည်။ (မြန်မာနိုင်ငံတွင်) နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ကင်းမဲ့နေခြင်းနှင့် စစ်ဗိုလ်ချုပ်များကို နိုင်ငံအားလုံးက တသံတည်းဖြင့် စတင် စကားပြောလာစေရန် တိုက်တွန်းရန်၊ လေးဖင့်နေမှုများ အဆုံးသတ်ရန် ကိစ္စ ဆွေးနွေးခဲ့ပါသည်။ တရုတ်သံအမတ်က မြန်မာစစ်အစိုးရကို ကာကွယ်ပြောဆိုရန် မကြိုးပမ်းတော့ပါ။ စစ်ဗိုလ်ချုပ်များက ဆိုးနေသည့် အခြေအနေကို ပိုဆိုးစေရန် လုပ်ဆောင်နေကြောင်း အသိအမှတ်ပြုပြော သည်။ တရုတ်နိုင်ငံ၏ အခွင့်အလမ်းများကိုသုံး၍ အပြောင်းအလဲများ ဖြစ်ပေါ်လာရန် တိုက် တွန်းခဲ့သော်လည်း မြင်သာသည့် ရလဒ်များစွာ မရခဲ့ပါ။ သို့သော်လည်း မိမိတို့နှင့်အတူ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေး လုပ်ဆောင်ရန် စိတ်ဝင်စားမှု ရှိပါသေးသည်။ သံအမတ်ကြီးက အာဏာနှင့် စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေမှုက စစ်ဗိုလ်ချုပ်များကို တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းနှင့် ဝေးနေစေသည်ဟု ဆိုသည်။ အကျဉ်းချုပ်-ဆုံး။ 

တရုတ်က စိတ်ပျက်နေခြင်း
--------------
၂။ (ဂ) သံအမတ်ကြီး ဂွမ် မူ (Guan Mu) က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ တိုးတက်မှု မရှိခြင်းအပေါ် စစ်အစိုးရကို ကာကွယ်ရန် မကြိုးပမ်းတော့ပါ။ ပြီးခဲ့သည့် နိုဝင်ဘာက တွေ့ဆုံဆွေးနွေးမှုများ မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းသွားရသည်ကို မသိကြောင်း သူ ဝန်ခံပါသည်။ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပြင်ပကမ္ဘာသို့ သူတို့တံခါးဖွင့်ရမည်ကို နားလည်သည်ဟု သူက ဖြည့်စွက်ပြောသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သတင်းများ အထက်သို့ မရောက်ကြောင်း လည်းဆိုသည်။ သံဃာများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည်မှာ ဗုဒ္ဓဘာသာမဆန်လှကြောင်း ပြောသော်လည်း ဂွမ်က သံဃာများပါဝင်လာရခြင်းမှာ မြန်မာနိုင်ငံ အခြေအနေဆိုးနေ၍ ဖြစ်ကြောင်း သဘောတူညီသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တာဝန်ပေးခန့်ထားသည့် ဆက်သွယ်ရေး အရာရှိက ၂-လ ကြာပြီးမှ လွန်ခဲ့သည့်အပတ်က တွေ့ဆုံကြောင်း ထောက်ပြပြောဆိုပြီး ကွာဟမှု "သိပ်ကြာနေကြောင်း" ဝန်ခံပြောဆိုသည်။ တာဝန်ခံက ထောက်ပြရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရှေ့ဆက်ရမည့်ခရီးတွင် တကယ့်အဟန့်အတားဖြစ်နေကြောင်း ပြောသည်။ သံအမတ်ကြီးက ဗိုလ်ချုပ်သန်းရွှေအနေဖြင့် လာမည့်နှစ်များတွင် ပို၍ တံခါးဖွင့်ရန်ရှိသည်ဟု ယုံကြည်ကြောင်း တုံ့ပြန်ပြောဆိုသည်။ မြန်မာပြည်သူများအနေဖြင့် ဤမျှကြာမြင့်စွာ မစောင့်နိုင်ပါဟု တာဝန်ခံက သတိပေး ပြောဆိုပြီး နောက်ထပ်အချိန်ဆွဲမှုများ ဖြစ်နေပါက မငြိမ်မသက်ဆူပူမှုများ ပို၍ ဖြစ်စေရန်သာ ရှိသည်ဟု ထောက်ပြသည်။

၃။ (ဂ) သံအမတ်ကြီး ဂွမ်က ပြောရာတွင် မြန်မာနိုင်ငံသို့လာရောက်ကြသည့် တရုတ်အရာရှိများက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို တွေ့ဆုံဆွေးနွေးမှု အရှိန်မြှင့်ရန် တိုက်တွန်းကြကြောင်းနှင့် နောက်ပြန်ဆုတ် မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ခံမည်မဟုတ်ကြောင်း သတိပေးခဲ့ကြသည်။ သူက သဘောတူညီ သည်မှာ အင်အားစုအသီးသီးက စ၍ စကားပြောဆိုသင့်ပြီး မိမိတို့အနေဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ချက်များ လုပ်ရန် တိုက်တွန်းသည်။ တာဝန်ခံက ပြောရာတွင် "စတင်စကားပြောရန်" ဆိုသည်မှာ အလွန်အပြုသဘောဆောင်သည့် အကြံပြုချက်ဖြစ်ပြီး အမှန်တကယ် ပြောဆိုဆွေးနွေးနိုင်ပါက ကမ္ဘာက ကြို ဆိုကြမည်သာ ဖြစ်သည်။ အကယ်၍ စစ်ဗိုလ်ချုပ်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှုအပေါ် လေးနက်ပါက နေ့စဉ်တွေ့ဆုံ စကားပြောနေသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်သာမက တိုင်းရင်းသားခေါင်းဆောင်များ၊ အခြား စိတ်ပါဝင်စားသူ နိုင်ငံသားများနှင့်လည်း ပြောဆိုဆွေးနွေးနေသင့်သည်ဟု ပြောသည်။ လူတဦးနှင့် ၂-လကြာပြီးမှ တနာရီကြာ တခါ ဆွေးနွေးသည်မှာ ဟန်ပြသာ ဖြစ်ကြောင်း၊ မလေးနက်ကြောင်း တာဝန်ခံက ပြောသည်။ ထို့ပြင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အခြားမည်သူနှင့်မျှ တွေ့ခွင့် မပေးကြောင်း၊ စစ်အစိုးရ သူ့အပေါ် သက်ညှာလွတ်လပ်ခွင့်ပေးပါက လူအမျိုးမျိုးထံမှ အကြံဉာဏ်များ တိုင်ပင်ရယူနိုင်မည် ဟု သူကဆိုသည်။

ထိန်းချုပ်မှုနှင့် ဆူပူမငြိမ်သက်မှုများ

-------------------
၎။ (ဂ) ဂွမ်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ မစတင်နိုင်ရခြင်း ကြောင့်ကြမှု ၂-ခုအဖြစ် အာဏာ လက်လွတ်မည်နှင့် စီးပွားရေး အကျိုးစီးပွားများ လက်လွှတ်ရမည်ကို ရွံ့စိတ်ကို ရည်ညွှန်း ပြောကြားသည်။ ဂွမ်က အကြံပေးရာ၌ ထိပ်တန်းခေါင်းဆောင်များကို "သူတို့ အသက်ဆုံးရှုံးရမည် မဟုတ်ကြောင်း" အာမခံ ပေးနိုင်ပါက၊ စီးပွားရေး အကျိုးစီးပွားများ ဆက်ရှိမည်ဆိုပါက တဖြည်းဖြည်းချင်း အာဏာလက်လွှတ်ရန် စိတ်ဝင်စားဖွယ်ရှိသည်ဟု ဆိုသည်။ စီးပွားရေး အကျိုးအမြတ်များက စစ်ဗိုလ်ချုပ်များနှင့် သူတို့ မိသားစုဝင် များအတွက် ပို၍အရေးပါပုံ ရသည်ဟု သူက ပြောသည်။ ဤအချက်များကို ညှိနှိုင်းဆွေးနွေး၍ ရနိုင်ကြောင်း တာဝန်ခံက တုံ့ပြန်ပြီး ယခုပင် စဖို့ လိုသည်ဟု ထပ်ပြောသည်။ အကယ်၍ လူထု မကျေနပ်မှုကြီးလာပြီး ဆူပူမငြိမ်သက်မှုများ ဖြစ်ပွားလာပါက ညှိနှိုင်းဆွေးနွေးစရာ ကျန်တော့မည်မဟုတ်ဟု သူက ဖြည့်စွက်ပြောသည်။

၅။ (ဂ) စစ်ဗိုလ်ချုပ်များက သူတို့လမ်းပြမြေပုံအတိုင်း ဆက်သွားလိုကြောင်း ဂွမ်က ပြောသည်။ တာဝန် ခံက အကြံပြုရာတွင် ကျန်ရှိသည့်အဆင့်တိုင်း၌ လူအများကို ပို၍ ပူးပေါင်းပါဝင်ခွင့်ပေးပြီး သူတို့လမ်းပြ မြေပုံအတိုင်း ဆက်သွားနိုင်ကြောင်း၊ ယခု လက်ရှိဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေးအဆင့်၌ပင် ဆောင်ရွက်နိုင် ကြောင်း ပြောသည်။ ဤအတွက်ကြောင့် လမ်းပြမြေပုံ လုပ်ငန်းစဉ်ကို အချိန်ပိုယူရနိုင်သော်လည်း နောက် ဆုံး လူအများလက်ခံနိုင်သည့် ရလဒ်ထွက်ပေါ်လာဖွယ် ရှိကြောင်း၊ အားလုံးအတွက် ကောင်းကြောင်း ပြော သည်။ လမ်းပြမြေပုံ လုပ်ငန်းစဉ်သည် လူအများ မြင်တွေ့လိုသော တည်ငြိမ်မှု ပေးနိုင်ဖွယ် မရှိကြောင်း တာဝန်ခံက ပြောသည်။ အကြောင်းမှာ ဒီမိုကရေစီရေး ထောက်ခံသူများနှင့် တိုင်းရင်းသားလူနည်းစုများ၏ လိုလားချက်များကို ထည့်သွင်းမထားသောကြောင့် ဖြစ်သည်။ ယခင်အစည်းအဝေးတွင် သူဆွေးနွေးခဲ့သလို လမ်းပြမြေပုံလျင်မြန်အောင် ဆောင်ရွက်မှုဖြင့် နာမည်ယူမည့်အစား ဤသို့ဆောင်ရွက်သင့်သည်ဟု ပြောရာ ဂွမ်က  သဘောတူကြောင်း ခေါင်းငြိမ့်သည်။ တရုတ်နိုင်ငံက တည်ငြိမ်မှုကို မြင်တွေ့လိုကြောင်း ထပ်၍ ပြောကြားသည်။ တာဝန်ခံက ပြောရာတွင် လာမည့်လများတွင် ဆန္ဒပြပွဲများ ထပ်၍တွေ့ရဖွယ်ရှိကြောင်း၊ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုများကို လူအများ မမြင်ရပါက ဖြစ်ဖွယ်ရှိကြောင်း ပြောသည်။ သူက ပြဿနာအများစုကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောသည်။ အင်အားစု အများနှင့် စကားပြောရန်၊ ဆက်၍ ပြောရန်သာ လိုကြောင်း ပြောသည်။

၆။ (ဂ) သဘာဝဓာတ်ငွေ့နှင့် ရေနံ ရောင်းရငွေမှ ဘဏ္ဍာငွေ တိုးတက်ရရှိလာသော်လည်း မြန်မာ ပြည်သူများ ကောင်းကျိုးအတွက် စစ်အစိုးရက မည်သို့မျှ ဆောင်ရွက်မပေးခဲ့ကြောင်း ဂွမ်က အသိအမှတ်ပြုသည်။ ဂြိုဟ်တုစလောင်းများအပေါ် အခကြေးငွေ များစွာမြှင့်တင်လိုက်သည့်အတွက် စစ်အစိုးရကို လူထုက နောက်ထပ်ပြဿနာရှာနိုင်ကြောင်းလည်း အသိအမှတ်ပြုသည်။ ဤဆောင်ရွက်ချက်သည် လူများကို သတင်းဖြတ်တောက်ရန်ဖြစ်သော်လည်း သူတို့ ထွက်ပေါက်ကလေးဖြစ်နေသည့် ဘောလုံးပွဲနှင့် ကိုရီးယားဇာတ်လမ်းတွဲများနှင့်ပါ မထိတွေ့ရအောင် ပိတ်ပင်ရာ ကျကြောင်း တာဝန်ခံက ပြောသည်။ အစိုးရက အလွန်ဖိနှိပ်ရာ ကြိုးပမ်းလျှင် ပေါက်ကွဲတတ်ကြောင်း တရုတ်နိုင်ငံအနေနှင့် သင်ခန်းစာယူမိသည်။ မြန်မာနိုင်ငံတွင် ဆူပူမငြိမ်သက်မှု အန္တရာယ်ရှိနေကြောင်း သူနားလည်သည်ဟု ဂွမ်ကဆိုသည်။

၇။ (ဂ) ဂွမ်က လွတ်လပ်ရေးရပြီး ပထမ ၁ဝ-နှစ်နှင့် ဦးနေဝင်း၏ ၁၉၈၈ က ဒီမိုကရေစီပြောင်းလဲရေး ကြိုးပမ်းခဲ့ပုံကို ကိုးကား၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အလုပ်ဖြစ်နိုင်မည်-မဖြစ်နိုင်မည်ကို မေးခွန်း ထုတ်သည်။ တာဝန်ခံက ရှင်းပြရာ၌ နိုင်ငံအများစုမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အလားတူ လှုပ်ရှား ရုန်းကန်ခဲ့ရကြောင်း၊ ယခုလက်ရှိ ဗိုလ်ချုပ်များသည်ပင် ၁၉၈၈ မှစ၍ ယခုတိုင် ပိတ်ဆို့ထားခဲ့သူများ ဖြစ် ကြောင်း သတိပေးပြောကြားသည်။ မြန်မာလူထုများအနေဖြင့် အတိတ်က သင်ခန်းစာယူပြီး သူတို့အနာ ဂတ်တွက် ပြောရေးဆိုခွင့် ရှိပါက တည်ငြိမ်မှုကို ထိန်းသိမ်းလိုလိမ့်မည်ဟု တာဝန်ခံက ပြောကြားသည်။ ဂွမ် က အချို့သောပြဿနာများတွင် အပြင်က ဝင်ဆုံးဖြတ်ရန် မသင့်ဟု ပြောသည်။ ဥပမာ-မိသားစုတွင်းက လိင်ကိစ္စ ပြဿနာမျိုး ဖြစ်သည်။ တာဝန်ခံက သဘောတူပြီး ပြင်ပပုဂ္ဂိုလ်များ၏ တာဝန်မှာ အင်အားစုများကို စကားပြောဆိုရန် တိုက်တွန်းရန်သာ ဖြစ်သည်။ မည်သည့်ကိစ္စများ ဆွေးနွေးသည်၊ သဘောတူသည်မှာ သူတို့ကိစ္စသာ ဖြစ်သည်။ တာဝန်ခံက တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်း၍ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုများ ယခုပင် ဖြစ်မြောက်ရန်၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများမှ လူများ လက်ခံသည့် ရှေ့ဆက်သွားနိုင်သည့်လမ်း ထွက်ပေါ်လာသည့်တိုင် တိုက်တွန်းပေးဖို့ ပြောသည်။

ကြံ့ဖွံ့နှင့် တွေ့ပါ။ NLD နှင့် မတွေ့ပါနှင့်
--------------------------
၈။ (ဂ) တာဝန်ခံက မှတ်ချက်ပေးရာတွင် မကြာမီကလာသော တရုတ်ဧည့်သည်များ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (စစ်အစိုးရ၏ လူထုအဖွဲ့အစည်း- USDA) နှင့်သာ များစွာ အချိန်ပေးသည်ဟု ပြောသည်။ တရုတ်နိုင်ငံ၏ ပင်မနိုင်ငံရေးပါတီ ၈-ခုအနက်မှ အဆင့်မြင့်အရာရှိနှင့် ပြည်သူ့ ကွန်ဂရက်မှ ဟီ လူလီ (He Luli) ကို ဂွမ်က ဖော်ပြပြောဆိုသည်။ ဂွမ်က USDA အနေဖြင့် နိုင်ငံရေးပါတီ တခုအဖြစ် ပြင်ဆင်နေသည်ဟု မယုံကြည်ကြောင်း ပြောသည်။ သူက မှတ်ချက်ပြုရာ၌ USDA တွင် အဖွဲ့ဝင် ၂၄ သန်းရှိပြီး ၆ဝ% မှာ အသက် ၁၈-နှစ်အောက် ဖြစ်သည်။ သို့အတွက်ကြောင့် မဲမပေးနိုင်ကြပါ။ တာဝန်ခံက ဂွမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တွေ့နိုင်သလောဟု မေးသည်။ ဂွမ်က "အစိုးရက ခွင့်ပြုမည် မထင်ကြောင်း" မြန်မာအစိုးရကို ရည်ညွန်း၍ အမြန်ပြန်ဖြေသည်။

၉။ (ဂ) နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့ NLD နှင့် "များစွာ" တွေ့ဆုံခဲ့သည်ကို စောဒကတက်ကြောင်း တာဝန်ခံက ပြောသည်။ တရုတ်များကိုလည်း အလားတူ ပြောဆိုမှု ရှိ-မရှိ မေးသည်။ သူက ပြုံး၍ မရှိဟု ခေါင်းကို ယမ်းပြသည်။ NLD ထံသို့ တာဝန်ခံ သွားလည်ခဲ့သလားဟု မေးသည်။ သူက ရှိသည်ဟု ဖြေသည်။ သူက သံအမတ်ကြီးကို NLD အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးလိုကြောင်း ဖြည့်စွက်ပြောသည်။ သူက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေထံမှ စာတစောင် လက်ခံရရှိဖူးကြောင်း၊ တွေ့ဆုံဆွေးနွေးခွင့် တောင်းထားသော်လည်း မချိန်းဆိုရသေးကြောင်း၊ သို့သော်လည်း အမျိုးသားနေ့ အခမ်းအနားတွင် တွေ့ဆုံစဉ်က လက်ဆွဲနှုတ်ဆက်ဖူး ကြောင်း ပြောသည်။ သူက မှတ်ချက်ပေးရာ၌ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် NLD နှင့် တာဝန်ခံတွေ့ဆုံ မှုကို ပိတ်ပင်တားဆီးမည် မဟုတ်ကြောင်း၊ များစွာ မတွေ့ဆုံရန်သာ အကြံပေးကြောင်း ပြောသည်။ အစိုးရနှင့် မတူသည်မှာ NLD က မိမိတို့နှင့် တွေ့ဆုံစကားပြောလိုသောကြောင့် မိမိတို့ကလည်း ပုံမှန် တွေ့ဆုံနေကြောင်း တာဝန်ခံက ပြောသည်။ တရုတ်အရာရှိများက ထိပ်တန်း ခေါင်းဆောင်များအနေဖြင့် (US) တာဝန်ခံနှင့် တွေ့ပါရန် အကြံပေးထားသည်ဟု ဂွမ်က ပြောသည်။ ဗိုလ်ချုပ် သန်းရွှေက တွေ့ပါမည်ဟု တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးကို ဖြေဆိုခဲ့သည်။

၁ဝ။ (ဂ) မှတ်ချက်။ သန်းရွှေ စစ်အစိုးရ၏ လေးဖင့်နေမှုအပေါ် တရုတ်ကလည်း စိတ်ပျက်နေသည်မှာ အထင်အရှား ဖြစ်သည်။ ဒီမိုကရေစီ၊ ဆန္ဒပြပွဲများ၊ နိုင်ငံရေး တက်ကြွသူ သံဃာများကြောင့် သူတို့စိတ် မသက်မသာ ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များက ဆွေးနွေးရန် ငြင်းဆန်နေသမျှ နောက်ထပ် မတည်ငြိမ် ဆူပူမှုများအန္တရာယ် တိုးလာနေကြောင်း သူတို့ သဘောပေါက်သည်။ ဤမတည်ငြိမ် ဆူပူမှုများသည် ဤနိုင်ငံတွင်းရှိ တရုတ် စီးပွားရေး အကျိုးစီးပွားကို မလွဲမရှောင်သာ ထိခိုက်စေမည် ဖြစ်သည်။ တည်ငြိမ်မှုကို မြှင့်တင်မည်ဆိုလျှင် မြန်မာနိုင်ငံအရေး၌ မိမိတို့ ချဉ်းကပ်မှုဘက်သို့ ပို၍ နီးစပ်လာရန် ရှိသည်။ ဤနိုင်ငံတွင်းရှိ သူတို့အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ဗိုလ်ချုပ်များကိုချည်း အားထားရန် မဖြစ်နိုင်ပါ။ ဒီမိုကရေစီရေး ထောက်ခံသူများ အပါအဝင် အချို့ကြားခံအုပ်စုများကို ငြိမ်းချမ်းရေးအတွက် အဖြေထည့် သွင်း စဉ်းစားရမည် ဖြစ်ကြောင်း သဘောပေါက်သည်။ ဤဆွေးနွေးမှုများသည် ယခုပင် စတင်ရန် လိုအပ်နေ သည်။ စစ်ဗိုလ်ချုပ်များ သူတို့အနာဂတ်အတွက် စိုးရိမ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သို့အတွက် ကြောင့် တိတ်တဆိတ် ကာကွယ်မှုအတွက် အာမခံချက် ပေးခြင်းဖြင့် သူတို့ကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်း သို့ ခေါ်လာနိုင်ဖွယ်ရှိသည်။ တရုတ်နိုင်ငံကလည်း သူတို့ကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းသို့ ခေါ်လာနိုင်စေ ရန် ဆန္ဒတူ ရှိနေသည်။ တရုတ်သံအမတ်ကြီးက မိမိတို့နှင့် ဆက်၍ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြသည်။


http://mizzimaburmese.com/special/burma-related-leaked-us-cables/6584-2010-12-13-11-17-27.html

Here's Miley Cyrus Getting High

ဦးကျော်ဇောရှင်းပေးပါ။


http://mizzimaburmese.com/edop/songpa/6585-2010-12-13-12-30-52.html

ဘိုဘိုကျော်ငြိမ်းမှားခဲ့လေရော့သလား


ကျနော်က အမှန်ကိုပဲ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ စာရင်းထဲသာ ပါခဲ့ပြီး၊ အမှန်က ဖက်ဆစ်တော်လှန်ရေးအတွင်း ဘယ်စစ်တိုင်းကိုမှ သွားရောက်ခဲ့ခြင်းမရှိလို့ပါ ပဲ။ ဘိုဘိုကျော်ငြိမ်းက သခင်တင်မြရဲ့ စာအုပ်ထဲကကို ကိုးကားပြခဲ့ပြီး၊ ကျနော်က သခင်တင်မြစာအုပ်ကို ကိုးကားခဲ့ခြင်းမရှိပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ရေးသားဖေါ်ပြချက်တွေကို အဓိကထား ကိုးကားခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောက …
“ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေရာကိုမှ တာ ဝန်မယူခဲ့၊ ပထမတိုင်း (၄) နိုင်ငံရေးမှူးတာဝန်လျာထားရာကိုလဲ မသွား၊ နောက် တိုင်း (၆) နိုင်ငံရေးမှူးတာဝန်ကိုလဲ သွားမယူဘဲ၊ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေ ပြီး၊ ရန်ကုန်မှ ဂျပန်တပ်များဆုတ်ခွါပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်း နေခဲ့သည်။” လို့ ဖေါ်ပြခဲ့တာ ရှိပါတယ်။

မှတ်ချက် (၂) ဆိုပြီးဖေါ်ပြရာမှာ၊ တိုင်း (၆) တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း (၆) မပို့တော့ပဲ၊ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်။ လို့လဲ ရေးသားထားတာ ရှိပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ - စာမျက်နှာ ၈ဝ) ကို ကြည့်ရှု့နိုင်ပါတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကျနော်က “ဦးဗဆွေနဲ့ ဦး ကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်လို့ ရေးသားတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဖေါ်ပြထားချက်၊ မှတ်ချက် (၄) ဆိုတာမှာဆိုလျှင်- ၁၉၅၂ ခုနှစ် က အင်္ဂလန် လန်ဒန်မြို့မှာ လှည့်လည်လေ့လာရေးအဖွဲ့အဖြစ်နဲ့ အတူခရီးသွားရစဉ် ကျနော် (ဗိုလ်ကျော်ဇော) ဦးစီးတဲ့ တိုင်း (၄) ကို ဦးကျော်ငြိမ်း ပထမနိုင်ငံရေးမှူးတာဝန် ကျတာကို ဘာ့ကြောင့်မလာသလဲလို့ မေးကြည့်ရာမှာ ဦးကျော်ငြိမ်းက ခင်ဗျားကြီးကို ကြောက်လို့ မလာတာလို့ ခပ်ပြောင်ပြောင်ပဲ ဖြေခဲ့ဖူးတယ်ဆိုတာတောင် ရေးသားထား ပါတယ်။

“အဓိပ္ပါယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထိုဒဏ်ကို သူမခံနိုင်လို့မလာသည့်သဘော ဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလို သော နိုင်ငံရေးအချောင်သမားကြီးဖြစ်သည်ကို သိနိုင်ပေသည်။” လို့တောင် ရှင်းရှင်း လင်းလင်းဖေါ်ပြထားတာ ရှိပါတယ်။ အဲဒီ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ကိုယ်တိုင်ရေး
အတ္တုပ္ပတ္တိ-စာမျက်နှာ-၈၁) ထဲမှာပဲ တဆက်တစပ်တည်းဖတ်ရှု့ကြည့်နိုင်ပါတယ်။ အမုန်းကိုသာ အဓိကထား ရေးရမယ်ဆိုရင်-အဲဒီလိုအချက်အလက်တွေကိုပါ ကျနော် ရှာဖွေ ရေးထည့်လိုက်မှာ ဖြစ်ပါတယ်။ အခု ကျနော်အတိုချုပ်ပဲ ရေးပြခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအချက်၊ “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများက ကွန်မြူနစ်ပါတီမှချည်းဖြစ်သည်” လို့ ရေးသားချက်၊ လိုရာဆွဲ ကောက်ချက်ချထားချက်ဆိုတာနဲ့ပတ်သက်ပြီးလဲ ကျနော် ရှင်း ပြနိုင်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။ ကျနော်ရေးခဲ့တဲ့ အတို ချုပ်ပြီး ရေးခဲ့တာအမှန်က အဲဒီစာမျက်နှာ (၃၅) မှာ …

“စစ်တိုင်းများရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီကချည်းဖြစ်ပြီး၊ စစ်ရေးခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်ကချည်းဖြစ်ပါတယ်။ တိုင်းအလိုက် နိုင်ငံရေးခေါင်းဆောင်တွေဟာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင် တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့် တို့ဖြစ်ကြပြီး စစ်ရေးခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်
အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင် ထွန်း။ ဗိုလ်ရဲထွတ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့ဖြစ်ပြီး တိုင်း(၂) တိုင်း (၄) ဆက်သွယ်ရေးတာဝန်ခံက ဗိုလ်လက်ျာဖြစ်ပါတယ်လို့ ရေးခဲ့တာပါ။ အဲဒီတော့ …

အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။ အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်း က ကွန်မြူနစ်ပါတီကချည်းမဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံးထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ “ပြည်သူ့အရေးတော်ပုံပါတီ” ဆိုင်းဘုတ်နဲ့ဖြစ်နေပြီး၊ မေလဆန်း ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အ ဖြစ် အတိအလင်းပြောင်းလဲဖေါ်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ် ကြီးအဖြစ် ပြတ်ပြတ်သားသားဖေါ်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ် နဲ့တောင် ရပ်တည်ဖေါ်ပြသွားခဲ့တယ် မဟုတ်လား။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ် ပါတီကချည်းလို့ဖေါ်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင် ချစ် ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေအားလုံးဟာ ကွန်မြူနစ်တွေချည်းဖြစ်နေတော့ (သခင် ချစ်တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ်တိတိလင်းလင်းခံယူလိုက်တော့)၊ ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။

တတိယအချက်၊ ဖတပလ ဗဟိုဦးစီးအဖွဲ့ (၉) ဦးမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ အချက်၊ ဝင်းတင့်ထွန်းဟာ သခင် တင်မြကို ကြည့်မရ၍သော်၎င်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်၎င်း၊ သခင် တင်မြအစား သခင်ဗဟိန်းကို အစားထိုးပြောင်းပစ်ခဲ့တယ်ဆိုတဲ့ကိစ္စ အပေါ်မှာလဲ ကျနော် ရှင်းလင်းပြနိုင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနော်မတိနဲ့ ကိုက်ညီနေတဲ့ သခင်တင်မြရဲ့ “တိုင်းကြီး (၁ဝ) တိုင်း” ကိုပဲ ကိုင်ပြီး တဖက်သတ်ပြောဆိုနေတာ ဖြစ် တယ်။

ဟုတ်ပါတယ် … ကျနော် သခင်ဗဟိန်းကို ကြည်ညိုတယ်ဆိုတာ၊ သခင်တင်မြကို ကြည့် မရဘူး မကြိုက်ဘူးဆိုတာ အမှန်ပါပဲ။ ဦးကျော်ငြိမ်းကိုလဲ ကျနော် မကြိုက်တာ အမှန်ပါ ပဲ။ ဒါပေမဲ့ အဲဒီလိုကြောင့် အဲဒီအချက်တွေကိုကိုင်စွဲပြီး ရေးခဲ့တာမဟုတ်ဘူး။ သခင်တင် မြစာအုပ်ကိုလဲ ကျနော် မကိုးကားခဲ့ပါဘူး။ ကျနော့်ရဲ့ ရေးသားချက်အတွက် ကျနော်ကိုး ကားခဲ့တဲ့ “ကျမ်းကိုးစာရင်း”ကိုလဲ စာအုပ်ထဲမှာ ထည့်သွင်းဖေါ်ပြထားရာမှာ၊ သခင်တင်
မြရဲ့ အဲဒီတိုင်းကြီး (၁ဝ) တိုင်း မပါပါဘူး။ အဲဒီ အချက်နဲ့ပတ်သက်ပြီး ကျနော်ကိုးကား ခဲ့တာက သခင်ကြီးတွေစုစုပေါင်း ရာဂဏန်းလောက်ပါဝင်ပြီး အဆင့်ဆင့်သော ကော်မီ တီတွေဖွဲ့ပြီး အထပ်ထပ်ရေးသားခဲ့ကြတဲ့ “တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့” က ပြုစုထုတ်ဝေခဲ့တဲ့ “တို့ဗမာအစည်းအရုံးသမိုင်း” ပါ အချက်အလက်အရ ရေးခဲ့တာပါ။

အဲဒီ တို့ဗမာအစည်းအရုံးသမိုင်းကြီးဟာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိပါတယ်။ ၁၉၇၆ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက ဦးကျော်ငြိမ်းလဲ မသေသေးဘူးလို့ ထင်ပါ တယ်။ ဦးသိန်းဖေမြင့်လဲ ရှိနေသေးရုံမက အဲဒီသမိုင်း ပြုစုရေးအဖွဲ့ထဲက တနေရာမှာ ပါ ဝင်နေပါတယ်။ အခု လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က သခင်သိန်းဖေ၊ သခင် သိန်းမောင်ကြီးတို့သာမက ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သခင်ကြီးတွေလဲ တော်တော်ပါပါတယ်။ အဲဒီ “ဒို့ဗမာအစည်းအရုံးသမိုင်း” ဒုတိယတွဲ စာမျက်နှာ (၅၈ဝ) မှာ “မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီးဖွဲ့စည်းခြင်း” ဆိုတဲ့ အခန်းမှာ ဟောဒီလို ရေးထားပါတယ်။ …

“ပထမဆုံး လျှို့ဝှက်တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးတွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံပါတီတို့မှ ကိုယ်စားလှယ်သုံးဦးစီ ပါဝင်ကြသည်။ ပထမဆုံး ဖက် ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ခေါင်းဆောင်များမှာ -
၁။ ဗိုလ်ချုပ်အောင်ဆန်း၊ ၂။ ဗိုလ်လက်ျာ၊ ၃။ ဗိုလ်နေဝင်း၊ ၄။ သခင်စိုး၊ ၅။ သခင်ဗဟိန်း၊ ၆။ သခင်သန်းထွန်း၊ ၇။ ကိုကျော်ငြိမ်း၊ ၈။ ကိုဗဆွေ၊ ၉။ သခင်ချစ်-တို့ ဖြစ်ကြသည်။”
တဲ့။

အဲဒီတုန်းက သခင်တင်မြတို့လဲ မဆလမှာလား ဘယ်မှာလဲမသိ၊ နေရာကောင်းကောင်း ရပြီး အပြင်မှာ ရှိနေသေးတဲ့အချိန်လို့ပြောရမှာပါ။ ၁၉၇၆ ခုနှစ် ပထမအကြိမ် သောင်းနဲ့ ချီထုတ်ဝေထွက်ပေါ်လာခဲ့ရာမှာ အချက်အလက်မှားနေတယ်လို့လဲ ပြောသံထွက်လာ တာ မကြားခဲ့ရဖူးပါဘူး။ ဒါကြောင့် သခင်တင်မြတယောက်တည်း ရေးတာထက်၊ သခင် တွေ ရာနဲ့ချီရေးထားတဲ့ အဲဒီစာအုပ်ပါအချက်အလက်ကို ကျနော်ကိုးကားရေးသားခဲ့တာ ဖြစ်သလို၊ အဲဒီအချက်နဲ့ပတ်သက်ပြီး နောက်ထပ်ကိုးကားမိခဲ့တဲ့ အထောက်အထား စာ အုပ်တအုပ်လဲ ရှိပါသေးတယ်။

တက္ကသိုလ်များသမိုင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန် ရဲ့ “ကိုလိုနီ ခေတ် မြန်မာ့သမိုင်းအဘိဓါန်” စာအုပ်ပါ။ ၁၉၈၁ က ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး၊ ၁၉၉၉ မှာ တတိယအကြိမ် ထပ်ထုတ်ပါတယ်။ ဒေါက်တာသန်းထွန်းတို့အမှာ ရေးသား ထားကြတဲ့ စာအုပ်ပါ။ အဲဒီ “မြဟန်” ရဲ့ “ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓါန်” ထဲမှာလဲ စာမျက်နှာ(၁ဝ၄) မှာ၊ “ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစည်းနဲ့ သီးသန့် ဖေါ်ပြထားရာမှာ ဟောဒီလို ရေးသားထားပါတယ်။

ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင် (၉) ဦး
၁။ သခင်စိုး၊ ၂။ ဗိုလ်ချုပ်အောင်ဆန်း၊ ၃။ သခင်သန်းထွန်း၊ ၄။ ကိုဗဟိန်း၊ ၅။ဗိုလ်လက်ျာ၊ ၆။ ဗိုလ်နေဝင်း၊ ၇။ သခင်ချစ်၊ ၈။ ကိုဗဆွေ၊၉။ ကိုကျော်ငြိမ်း -
ဆိုပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် အဲဒီစာအုပ် နှစ်အုပ်ပါ အချက်အလက်ကို အထောက်အထားပြုပြီး၊ ကျနော့်ရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ အဲဒီအချက်အလက်ကို ရေးသားခဲ့ခြင်း ဖြစ်ပါ တယ်။ ဘိုဘိုကျော်ငြိမ်းထင်သလို သခင်တင်မြကို ကြည့်မရလို့  မလိုတမာပြောင်းလဲ
ရေးသားခဲ့ခြင်းမဟုတ်ပါ။ အဲဒီစာအုပ် (၂) အုပ်ကိုလဲ ဘိုဘိုကျော်ငြိမ်း ရှာဖွေတိုက်ဆိုင် ဖတ်ရှု့ကြည့်ဖို့ လိုပါလိမ့်မယ်။

သမိုင်းကိုရေးကြတဲ့အခါမှာ၊ သမိုင်းမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့အရာကိစ္စတွေဟာ များသောအား ဖြင့် ကျနော်တို့ မမီ မတွေ့လိုက်ရဖူးတဲ့ကိစ္စတွေက အများစုကြီးဖြစ်တဲ့အတွက်၊ အကိုးအ ကားပြု ရေးသားကြတဲ့အခါမှာ ကွဲလွဲမှုတွေ ဖြစ်တတ်ပါတယ်။ ကျနော့်စာအုပ်မှာ ကျနော် မှီငြမ်းကိုးကားခဲ့တဲ့ “ကျမ်းကိုး” စာရင်းကိုလဲ ဖေါ်ပြထားပြီးဖြစ်ပါတယ်။ အမှာစာမှာလဲ “ချွတ်ယွင်းမှု၊ တိမ်းစောင်းမှု၊ လစ်ဟာလိုအပ်မှုများအပေါ် ဝေဖန်အကြံပေးကြမှုမှန်သမျှ
လေးစားစွာကြိုဆိုရင်း၊ နောင် ပိုမိုပြည့်စုံအောင် ကြိုးပမ်းဖြည့်ဆည်းသွားပါ့မယ်၊” လို့ ရိုး ရိုးသားသား ပန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။

သမိုင်းဆိုတာ ညာလို့မရ သလို၊ ညှာလို့လဲ မရပါဘူး။
ဒီအချိန်မှာ အဓိကပစ်ကွင်း မှေးမှိန်သွားစေနိုင်မယ့် အငြင်းအခုန်မျိုးတွေ မလုပ်ချင်ပါ။
ဒါလောက်ဆိုရင် လုံလောက်ပြီလို့ ထင်ပါတယ်။

(ဝင်းတင့်ထွန်း)
၁၂- ၁၂- ၂ဝ၁ဝ

ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က အောင်ပွဲ ခံနိုင်ခဲ့ကြတာလဲ?
ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၉ မိနစ်

ကျနော်တို့ ဗမာလူမျိုးတွေဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ စိတ်ရှိကြတယ်။ ဒါကြောင့်သူရဲကောင်းမျှော်တဲ့ (မင်း)လောင်းမျှော်တဲ့ အကျင့်ကလေးဟာလဲ တွယ်ကပ်ပါလာကြပြန်တယ်။ ဒီ (စိတ်) ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ်ကိုးချင်တဲ့ စိတ်တွေနည်းပါးလာကြပြီး စကြာဝတေးမင်း မြင်းပျံကြီးစီးပြီး လာကယ်မယ့်နေ့ကိုပဲ စိတ်ကူးယဉ်နေကြတယ်လို့ ခံစားရမိတယ်။

ဒါကြောင့် ဒေါ်စုမွေးနေ့ရောက်ရင် ကမ္ဘာတဝှမ်း ဧည့်သည်တော်ကြီးတွေကိုဖိတ်၊ ထမင်းစားပွဲကြီးတွေ ကျင်းပကြ၊ ဓာတ်ပုံစုံစုံ ရိုက်ပြီး အင်တာနက်ပေါ် အပြိုင်အဆိုင် တင်ကြ၊ အန်တီစု ..အမေစုရဲ့… ဆိုပြီး ငိုကြယိုကြ၊ ကဗျာတွေသီကုံးဖွဲ့ဆိုကြပေါ့။ အဲ အာဇာနည်နေ့ ရောက်ပြန်ရင်တခါ ဗိုလ်ချုပ်ကို လွမ်းကြပြန်ရော။ အို…..ဖခင်ဗိုလ်ချုပ်ရဲ့… အာဇာနည်ကြီးရဲ့ …. ကယ်တင်ရှင်ကြီးရဲ့….. ဆိုပြီး တခါ ငိုကြ..ယိုကြ..တမ်းတ ကြပြန်ရော။ အဲပြီးသွားရင် ကိုယ်အိမ်ကိုယ်ပြန်ကြပြီး ကိုယ့်ဘဝ ကိုယ်လျှောက်ကြ၊ ကြုံရင် ကြည့်မရတဲ့သူ ကိုခလုတ်တိုက်သွားကြ၊ ဒါမှမဟုတ် နာမည်ရအောင် စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို အင်တာနက်ပေါ် တက်ဆဲလိုက်ကြနဲ့ တနှစ်ကုန်သွားပြန်ပေါ့။ စစ်အာဏာရှင် စံနစ်က လွတ်မြောက်အောင် (ငါ) တို့ဘာလုပ်ရမယ်၊ ဘာတွေလိုအပ်တယ်၊ ဘာတွေပြင်ဆင်ရမယ်၊ ဘယ်လိုရင်ဆိုင်မယ်၊ ဘယ်လိုဗျူဟာနဲ့ အနိုင်တိုက်မယ် ဆိုတာ တွေကို စိတ်မဝင်စားကြဘူး။

ခေတ်သစ် နိုင်ငံရေး စာရေးသူ အများစုကို လေ့လာကြည့်ရင် Objective Analysis လို့ခေါ်ရမယ့် ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်မှုဟာ ရှားပါးလှ တယ်လို့ထင်မိပြန်တယ်။
ဒေါ်စု အိမ်တွင်း အထိန်းသိမ်းခံဘဝက လွတ်မြောက်တဲ့နေ့ရယ်၊ နောက်တနေ့ လူထုနဲ့ တွေ့ဆုံတဲ့နေ့မှာ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုတာဟာ လူထုရဲ့ အသည်းကြားမှာ ဒေါ်စုရှိနေသေးတယ် ဆိုတာကို ပြလိုက်တာပဲ။ မျက်ရည်ကျလောက်အောင် အားရစရာ ကောင်းလှပါတယ်။ ဒေါ်စုရဲ့ ဖခင် ကျုပ်တို့ ဗိုလ်ချုပ် ရွှေတိဂုံမှာ မိန့်ခွန်းခြွေတဲ့နေ့နဲ့ နေသူရိန် အစည်းအဝေးပွဲတွေကို ပြေးသတိရမိတယ်။ လူထုထောက်ခံမှုရတာဟာ ပထမအပိုင်းပဲ ရှိပါသေးတယ်၊ ဒုတိယအပိုင်းက ဒီထောက်ခံမှုကို အခြေခံ (အား)ယူပြီး ဒုတိယ လွတ်လပ်ရေးကို ဆွတ်ခူးနိုင်ဖို့ကျန်သေးတယ်။ ဒေါ်စုကိုယ်တိုင်က အားလုံးပါဝင်ကြရမယ် ကျမတယောက်ထဲနဲ့မဖြစ်ဖူးလို့ ဆိုခဲ့ပြီ။ တွေးတတ်ရင် အလုံးစုံကို ဒေါ်စုပုခုံးပေါ် ဝိုင်းတင်ကြတာ မတရားပါဘူး။ သမ္မတကနေဒီ ပြောခဲ့တဲ့ နာမည်ကြီး စကားစု ရှိပါတယ်။ “တိုင်းပြည်ကငါ့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာကိုမမေးပါနဲ့၊ ငါကတိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုသာ မေးပါတဲ့”။ မှတ်သားစရာလေးပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ဦးဆောင်နိုင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ဖြစ်တာကြောင့် လေးစားတာ ချစ်ခင်တာ သဘာဝကျပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကို ရအောင် ဦးဆောင် တိုက်ယူနိုင်ခဲ့တဲ့ မျိုးချစ်ခေါင်းဆောင် လွတ်လပ်ရေး ဗိသုကာ နိုင်ငံ့သူရဲကောင်းဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲကောင်းအပြင် တခေတ်မှာ တယောက်သာ ပေါ်ပေါက်တတ်တဲ့ တကယ့် လူတော်လူကောင်း ထူးခြားတဲ့ ခေါင်းဆောင်ကောင်းတဦးဖြစ်ပြန်တယ်။

လောကမှာ အကျိုးတရားနဲ့ အကြောင်းတရား ဆိုတာ ဒွန်တွဲနေတာပဲ မဟုတ်ပါလား။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ဖဆပလ အဖွဲ့ကြီး အင်္ဂလိပ်လက်က လွတ်လပ်ရေးကို ရအောင် တိုက်နိုင်ခဲ့တဲ့ (အကျိုးတရား) အနောက်မှာ (အကြောင်းတရား)တွေ အများကြီးရှိသလို ဗိုလ်ချုပ်တို့ဆီက အတုယူစရာ အကျင့်အကြံ အရည်အချင်းနဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှု - (စံ) နဲ့ စနစ် - နည်းပရိယာယ် - အမြောက်အမြားရှိပါတယ်။

ကျနော်တို့ ဗမာလူမျိုးအများစုဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ အကျင့်ကြောင့် ပုဂ္ဂိုလ်ရေး ချီးကျူးတေး တွေကိုသာ ဖွဲ့ဆိုကျုးရင့်လိုကြတယ်။ အတွင်းကျကျ ဆည်းပူးပြီး လေ့လာသုံးသပ်မှု Analysis မှာ အားနည်းတာကို ဉာဏ်ရှိသူတွေ သတိပြုမိကြမှာပါ။ ဒါကြောင့် ခေတ်သစ် နိုင်ငံရေး စာရေးသူ အများစုကို လေ့လာကြည့်ရင် Objective Analysis လို့ခေါ်ရမယ့် ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်မှုဟာ ရှားပါးလှ တယ်လို့ထင်မိပြန်တယ်။

ဗိုလ်ချုပ်တို့ ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာကြောင့် လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို လေ့လာသုံးသပ်ပြီး ဗိုလ်ချုပ်တို့ရဲ့ တိုက်နည်း တိုက်ဟန် တိုက်ကွက် နည်းဗျူဟာ မဟာဗျူဟာတွေကို လေ့လာ သဘောပေါက်ပြီး အတုယူ နိုင်မှ ဗိုလ်ချုပ်တို့ခေတ်ကလို အောင်ပွဲခံနိုင်လိမ့်မယ် လို့ ထင်မြင် ယုံကြည်တာကြောင့် ဒီဆောင်းပါးကို ရေးရတာပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန် (Time) နဲ့ယှဉ်ပြီး မှတ်ကျောက်အတင်ခံနိုင်တဲ့ စစ်မှန်တဲ့ ခေါင်းဆောင် ဆိုတာကို အရင် အသိအမှတ်ပြုပါရစေ။

ကျနော်ဘာကို ဆိုလိုတာဘာလဲ။

ဥပမာ မော်စီတုံး ဟာ အသက်ရှိစဉ် ကာလမှာ တရုတ်ပြည်ကြီးမှာ ဘုရားတဆူတမျှ တန်ခိုးကြီးထွားခဲ့ပါတယ် ဒါပေမဲ့ ယနေ့တရုတ်စာသင်ကျောင်းတွေမှာ မော်စီတုံး အကြောင်း စာတပိုဒ်ပဲ သင်ကြရတော့တယ်။ အာဏာနဲ့ ရမ်းခဲ့တာတွေ သတ်ခဲ့တာတွေ ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ မော်ဟာ ဘုရားမဟုတ်ဖူးဆိုတာ တရုတ်တွေ သိသွားကြရပြီ။ သို့သော်လဲ မော်ဟာ တရုတ်တော်လှန်ရေးမှာ အရေးပါတဲ့နေရာက ပါခဲ့တယ်ဆိုတာ ဟာငြင်းမရတဲ့အချက်ပါပဲ။ ဒါကြောင့် ရာဇဝင်မှာ နေရာမှန် ပြန်ရောက်သွားရတာပါ။ ထို့နည်းအတူ စတာလင်ဟာ သက်ရှိ အထင်အရှားရှိစဉ်က မော်ကိုပင် ကြိုးဆွဲနိုင်ခဲ့တဲ့ ဘုရားတဆူပါပဲ။ ရုရှားတွေသာမက ကမ္ဘာ့ကွန်မြူနစ်တွေရဲ့ ဘုရားတဆူပေါ့။ ဒါပေမဲ့ သေပြီးမကြာမီမှာပဲ ကရူးရှက်ရဲ့ ကျေးဇူးကြောင့် ဒို့ဘုရားဟာ လူသတ်သမား (mass murderer) ကြီးဆိုတာ ကမ္ဘာက သိခွင့်ရခဲ့ကြရတယ်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကြိုက်တဲ့(အချိန်) ကြိုက်တဲ့ခေတ်မှာ လေ့လာကြပါ စံတင်ကြည့်ပါ။ မပြောင်းလဲစေရပါဘူး။ ခေါင်းထောင်လျက်ပဲ….လေးစားလျက်ပဲ။ ရဲရဲပြောရဲပါတယ်၊ လက်ရှိစစ်အစိုးရဟာ ဗိုလ်ချုပ်ကို ဒေါ်စုရဲ့ ဖခင်ဆိုပြီး အလေးမပေးချင်ဘူးလို့ထင်မိတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်ကိုပြည်သူတွေရဲ့ အသည်းကြားက ဆွဲနှုတ်လို့မရပါဘူး။

ဘာကြောင့်လဲ။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့အဓိက လက်နက်ဟာ အမှန်တရားကို လက်ကိုင်ထားတဲ့ မလိမ်မညာတဲ့ ရိုးသားဖြူစင်မှု (Honesty)၊ တိုင်းပြည်နဲ့ လူမျိုး အပေါ်ထားတဲ့ စေတနာနဲ့ မျိုးချစ်စိတ်ကြောင့်ပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီ ရိုးသားဖြူစင်မှု (Honesty) နဲ့ သူရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေအပြင် ပြိုင်ဖက်တွေကိုပါ အနိုင်ယူ စည်းရုံး နိုင်ခဲ့တယ်။

ဒီစိတ်ဓာတ်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ အားလုံးကို ဗြောင်ဗြောင်တင်းတင်း.. ခုခေတ် အကြိုက်စကားနဲ့ ပြောရရင်တော့ ဖုံးကွယ်ခြင်း အလျင်းမရှိတဲ့ Transparency အပြည့်နဲ့ တိုင်းပြည်တာဝန် ကိုထမ်းဆောင်ခဲ့တယ်၊ တာဝန်ခံရဲတယ်။

အားရစရာ ရှိတာက ဗိုလ်ချုပ်သမီးဟာလဲ ဖခင်နည်းတူ ရိုးသားဖြူစင် (Honest) ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့နိုင်ငံရေးဘဝ ကို လေ့လာရင် (၂) ပိုင်းတွေ့နိုင်ပါတယ်။ ပထမအပိုင်းက ၁၉၃၆ ကျောင်းသားသပိတ် ခေါင်းဆောင်ဘဝစပြီး ဖဆပလအဖွဲ့ကြီးကို ထူထောင်နိုင်ခဲ့တဲ့ ခေါင်းဆောင် တည်ဆောက်မှုဘဝ ဖြစ်ပြီး ဒုတိယဘဝမှာ ပြိုင်ဘက်မရှိ ခေါင်းဆောင်ဖြစ်ပြီးမှ မိမိရရှိလာတဲ့ ခေါင်းဆောင်မှုနဲ့ နေရာ၊ ပြည်သူရဲ့ထောက်ခံမှု (ပြည်သူ့အာဏာ)ကို အရင်းပြုပြီး မိမိရည်မှန်းချက်ကို အကောင်အထည်ဖေါ်တဲ့ ဘဝ၊ လွတ်လပ်ရေးကို အရတိုက်နိုင်ခဲ့တဲ့ ဘဝလို့ဆိုနိုင်ပါတယ်။

ပထမနိုင်ငံရေးဘဝ - ကျောင်းသားသမဂ္ဂ

ဗိုလ်ချုပ်အောင်ဆန်းဟာ ကောလိပ်ကျောင်းသားဘဝ၊ ကျောင်းသားခေါင်းဆောင်ဘဝမှာ ကျောက်ရိုင်းသာသာ ရှိသေးချိန်မှာတောင် ပင်ရင်းဇာတိက ပေါ်လွင်ခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ရှေ့တန်းကနေရာယူပြီး တာဝန်ယူ ခေါင်းဆောင်ချင်တဲ့လူမျိုးဖြစ်တယ် ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကောလိပ်ရောက်သည့် အချိန်မှာ ကျောင်းသားသမဂ္ဂဟာ အင်္ဂလိပ် အလိုတော်ရိ ကျောင်းသားတွေရဲ့ လက်ထဲမှာ ကျရောက်လျက် ရှိပါတယ်။ ၁၉၃၄-၃၅ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာ အမျိုးသားရေး နိုးကြားမှုရှိ၍ နိုင်ငံရေးစိတ်ဓာတ် ရှိတဲ့ ကျောင်းသားတစု ဝင်အရွေးခံကြတယ်။ ကိုအောင်ဆန်း ကိုသီဟန် ကိုကျော်ငြိမ်း ကိုသိန်းဖေ တို့ဖြစ်ကြတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း စာမျက်နှာ(၂၅))

အရွေးမခံရခင်ကထဲက ကိုအောင်ဆန်းက ကိုကျော်ငြိမ်းကို ငါအတွင်းရေးမှူး လုပ်မယ်လို့ ကြို အသိပေးထားတယ်။ (ဦးကျော်ငြိမ်း၏ ကိုယ်ရေးမှတ်တမ်းမှ) ကံဆိုးချင်တော့ အဲဒီနှစ်မှာ ကိုကျော်ငြိမ်းနဲ့ ကိုသိန်းဖေတို့ပဲ အရွေးခံရခဲ့တယ်။ အောက်တိုဘာ ကျောင်းပိတ်ရက်မှာ ဒုဥက္ကဋ္ဌ နေရာလစ်လပ်သွားတော့ ၅ဦးအဖွဲ့ (ကိုနု-ကိုအောင်ဆန်း-ကိုအုန်း-ကိုကျော်ငြိမ်း-ကိုသိန်းဖေ) တိုက်တွန်းချက်အရ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုနု ဝင်ပြိုင်ရာ ယှဉ်ပြိုင်သူမရှိ အရွေးခံခဲ့ရပါတယ်။ (ကျောင်းသား လှုပ်ရှားမှု သမိုင်း (အောင်ထွန်း) -စာမျက်နှာ(၆၁))

၁၉၃၅-၁၉၃၆ တကသ အမှုဆောင် အဖွဲ့မှာတော့ နိုင်ငံရေး ကျောင်းသားများက ရွေးကောက်ပွဲမှာ အနိုင်ရ အုပ်စိုးထားနိုင်ခဲ့ကြပေပြီ။ ၁၉၃၅-၃၆ တကသ အမှုဆောင် အဖွဲ့ကို ရာဇဝင် အမှတ်တရဖြစ်စေရန် တင်ပြပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ တက္ကသိုလ်သမဂ္ဂဟာ နောင် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာကြမယ့် ခေါင်းဆောင်များကို မွေးဖွားပေးရာဌာန ဖြစ်လာတာကြောင့်ပါ။

၁။ ကိုနု ဥက္ကဋ္ဌ (နောင်ဝန်ကြီးချုပ်)
၂။ ကိုရာရှစ် ဒုဥက္ကဋ္ဌ (နောင်ဝန်ကြီး)
၃၊ ကိုသီဟန် အတွင်းရေးမှူး (နောင်ဝန်ကြီး)
၎။ ကိုအောင်ဆန်း အိုးဝေစာတည်းအယ်ဒီတာ (နောင်ဗိုလ်ချုပ်အောင်ဆန်း)
၅။ ကိုအုန်း ငွေထိန်း (နောင်သံအမတ်)
၆။ ကိုထွန်းအုံ စာကြည့်တိုက်မှူး (နောင် ရန်ကုန်မြူနီစပယ်မင်းကြီး)
ရ။ ကိုသာလှ နိုင်ငံခြားဆက်သွယ်ရေး (နောင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)
ဂ။ ကိုဘဆက် အားကစားမှူး (နောင်နိုင်ငံခြားရေးဌာန)
၉။ ကိုထွန်းတင် ပေါင်းသင်းဆက်ဆံရေးမှူး (နောင် လျှပ်စစ်ဘုတ်ဥက္ကဋ္ဌ)

တို့ဖြစ်ကြတယ်။ ( ကျောင်းသားလှုပ်ရှားမှုသမိုင်း - စာမျက်နှာ (၆၂))

၁၉၃၆ မှာ ဥက္ကဋ္ဌ ကိုနု ကျောင်းထုတ်ခံရခြင်း နဲ့ အိုးဝေမဂ္ဂဇင်းတွင် ငရဲခွေးကြီး လွတ်နေပြီ (Hell Hound at large) ဆောင်းပါးရှင် နာမည်ကို မဖေါ်နိုင်ဆိုတဲ့အမှုနဲ့ အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းပါ ကျောင်းထုတ်ခံရမှုကြောင့် သမဂ္ဂခေါင်းဆောင်များ ဦးဆောင်ပြီး ၁၉၃၆ကျောင်းသားသပိတ်ကို ဖေါ်ထုတ်ခဲ့ကြပါတယ်။ ဤသပိတ်ဟာ ၁၉၂ဝခု ကျောင်းသားသပိတ်နောက် ဒုတိယ ကျောင်းသားသပိတ်ဖြစ်ပြီး ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးကို ဦးဆောင်မယ့် လူငယ်ခေါင်းဆောင်များကို မွေးဖွား စုစည်းပေးခဲ့တဲ့ မှတ်ကျောက် ဆိုရင်လဲ မမှားပါ။

ဤကျောင်းသားသပိတ်ရဲ့ထူးခြားချက်မှာ ရန်ကုန်တက္ကသိုလ်တွင်သာ (ဝ)ကွက်၍ အုံကြွခဲ့ကြတာမဟုတ်၊ တနိုင်ငံလုံး ပြန့်နှံ့ကာ တက္ကသိုလ်ကျောင်းသား များနဲ့ အထက်တန်းကျောင်းသားများ အဆက်အသွယ်ရကြကာ ကျောင်းသားအချင်းချင်းဆက်သွယ်မှု ကွန်ယက် ( Communication Network ) ကိုဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။ ဤဆက်သွယ်မှုမှ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကို ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။

ဗျူဟာအမြင်က ကြည့်ရင် နောင်လွတ်လပ်ရေးခေါင်းဆောင်ဖြစ်လာကြမယ့် ကျောင်းသားခေါင်းဆောင် လူငယ်များ ဤကျောင်းသားသပိတ်မှာ လူထုစည်းရုံးရေး - အဖွဲ့အစည်းထူထောင်ရေး - လူထုနှင့် ဆက်သွယ်ရေး - ခေါင်းဆောင်မှုပညာတို့ကို စစ်မြေပြင်မှာ လက်တွေ့သင်ကြားရသလို နဖူးတွေ့ ဒူးတွေ့ တတ်မြောက်ခဲ့ကြရတယ်။

အဖွဲ့အစည်းတခုကို တည်ထောင်ရုံသာမက အဖွဲ့စည်းအတွင်း အားပြိုင်မှု (Factional Politics) နှင့် နိုင်ငံရေး အခွင့်အရေးအသုံးချတတ်မှု (Political Manipulations) တွေကိုပါ ကောင်းကောင်းနားလည်လာကြတယ်။

အရေးကြီးတဲ့ နောက်တချက်က နိုင်ငံရေးလုပ်ကြရင်း တဦးကိုတဦး ယုံကြည်လေးစားမှု တည်ဆောက်ပေးတဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အလုပ်ကမွေးဖွားပေးလိုက်တယ်။

စုပေါင်းခေါင်းဆောင်မှု

အုပ်စုအလိုက်ဦးဆောင်မှုကိုလဲပဲ ဒီကျောင်းသားခေါင်းဆောင်တစု ကောင်းကောင်းသဘောပေါက်ကြတယ်။ ဒါကြောင့် (အတွင်းအုပ်စု) ဆိုတာကို ဖွဲ့ခဲ့ကြတယ်။ ဒီအတွင်းအုပ်စုကပဲ သမဂ္ဂကြီးထွားရေး ကို ခေါင်းဆောင်မှုပေးခဲ့တယ်။

ဥပမာ ၁၉၃၅ စာမေးပွဲပြီးတော့ ကိုကျော်ငြိမ်းဟာ အိုင်စီအက် ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကျောင်းထားပေးတဲ့ ဦးလေးအလိုကျ တတိယနှစ် ဂုဏ်ထူးတန်းအတွက် စာကြိုးစားနေရတယ်။ သမဂ္ဂ အလုပ်အမှုဆောင်ပင် ဝင်မလုပ်နိုင်တော့။ သို့သော် ကိုသာလှကို သမဂ္ဂမှာ ဝင်လုပ်ဖို့ စည်းရုံးကြတော့ ကိုသာလှက အံ့အားသင့်နေတယ်။ ဒါ ကိုကျော်ငြိမ်းနေရာလို့ ဆိုခဲ့တယ်။ ခင်ဗျားကို ကိုကျော်ငြိမ်း က အဆိုပြုတာဗျလို့ပြောမှ လက်ခံခဲ့တယ်။ (ဒေါက်တာသာလှ ကိုယ်တိုင်ရေး မှတ်တမ်းမှ) - အလားအလာရှိသော လူတော်များကို ရွေးစုပြီး ပြုစုပျိုးထောင်ပေးကြတယ်။ ထို့နည်းတူစွာ နိုင်ငံရေး အကွက်များ အုပ်စုတိုက်ပွဲပညာများကို ကိုအောင်ဆန်း - ကိုကျော်ငြိမ်းတို့ ကိုရာရှစ်ထံမှ ပညာရခဲ့ကြတယ် (ဦးကျော်ငြိမ်း ကိုယ်တိုင်ပြောပြချက်) (မှတ်ချက်။ ကိုရာရှစ်ဟာ တကသရဲ့ ပထမဦးဆုံး အတွင်းရေးမှူး ဖြစ်ပြီး ကိုအောင်ဆန်းတို့ထက် (၃) နှစ်ကြီးတယ်၊ (ကျောင်းသားသမဂ္ဂသမိုင်း စာမျက်နှာ ၁၅၁ ) ၁၉၃၁ ခု ကျောင်းသားသမဂ္ဂပေါ်ပေါက်လာအပြီး သ္ခင်ဗစိန်နှင့် ကိုရာရှစ်တို့ အထင်ပေါ်ဆုံး ကျောင်းသား ခေါင်းဆောင်များဖြစ်လာကြတယ်)

၁၉၃၆ ကျောင်းသားလှုပ်ရှားမှု မှ နောင်တနေ့ခေါင်းဆောင်ဖြစ်မယ့် လူငယ်များ အတုယူနိုင်ရန် ဖြစ်စဉ် (၂)ခု ကို ဆွေးနွေးပါရစေ။ Mr Butwell ရဲ့စာအုပ် U Nu of Burma - Chapter 3 – The 1936 Student Strike ကို ကိုးကားပါတယ်။ မစ္စတာဘတ်ဝဲလ် က ကိုရာရှစ်ကို ကိုးကားပြီးရေးခဲ့တာက

“ကိုနုဟာ အသေးစိပ်ကိစ္စတွေကိုစိတ်မဝင်စားပါ။ သို့သော် စကားပြောကောင်း၍ လူထု စိတ်ပါလာအောင် ထောက်ခံလာအောင် ပြောနိုင်တယ်။ (မှတ်ချက် ။ အင်္ဂလိပ်လိုတော့ ဒါကို Charisma ဟု ခေါ်ကြတယ၊် စာရေးသူကတော့ (ဘုန်း) လို့ခေါ်ချင်တယ်) ဒါကြောင့် ဆွေးနွေးမှုတာဝန် နဲ့ နေ့တဓူဝ အဖွဲ့အစည်း ဆောင်ရွက်မှုတာဝန်တို့ဟာ အောင်ဆန်း၊ ကျော်ငြိမ်းနှင့် ကျနော့ထံ ကျရောက်ခဲ့ပါတယ်။

လူတိုင်းကိုယ်စီမှာ အားသာချက် အားနဲချက်ဆိုတာရှိကြစမြဲပဲ။ တဦးရဲ့အားနဲချက်ကို တဦးရဲ့ အားသာချက်နဲ့ ဖြည့်ဆည်းလိုက်တဲ့အခါ (အုပ်စုအား) (အုပ်စုခေါင်းဆောင်မှု) ဆိုတာ ပေါ်လာရပါတယ်။ နောက်သတိပြုရန် အချက်မှာ သူသာသည် ငါနာသည် စိတ်မထားကြ မနာလို စိတ်မဖြစ်ကြ ။

ကျနော့ အမြင်အရပြောရရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ ဦးနုရဲ့ Charisma ကို ကောင်းကောင်း သဘောပေါက်တယ်။ ဒါကြောင့် တို့ဗမာအစည်းအရုံးကိုဝင်ဖို့ အတင်းဆွဲခေါ်လာသလို ဖဆပလ အမတ်ဝင်ရွေးဖို့ ဦးနုက အကြောက်အကန်ငြင်းနေတော့ “The country is doomed” တိုင်းပြည်တော့ (ဒုက္ခဖြစ်ပီ) ဆိုပြီးညည်းတွားလိုက်တာပဲ ။”

နောက်ဖြစ်စဉ်လေးတခုမှာ ကိုနုနဲ့ ကိုရာရှစ်တို့ ဟင်္သာတမှာ စည်းရုံးရေးထွက်ကြတော့ ကိုရာရှစ်က အိပ်ရာဝင်သွားပြီ။ ကိုနုတယောက်ပဲ ပရိသတ်နဲ့ကျန်ခဲ့တယ်။ ပြောရင်း ဆွေးနွေးရင်း တက္ကသိုလ်ထုံးကို ရောက်သွားတယ်။ ဒါပေမဲ့ ဒီ တက္ကသိုလ်ထုံး မှာ ဘာတွေများ မှားနေသလဲ၊ ဘာတွေ ပြင်ရမှာလဲလို့ အမေးခံရတော့ ကိုနု မဖြေနိုင်ဘူး။ ကိုနုက ပရိသတ်ကို မညာဘူး၊ မလှည့်စားဘူး၊ ကျနော် မသိဘူး အားလုံးကိုသိတဲ့ ကိုရာရှစ်ကိုခေါ်ပေးမယ် ဆိုပြီး ဖြေလိုက်တယ်။ ကိုနု ဒီလောက်အထိပွင့်လင်းတာကို ကိုရာရှစ်က အံ့အားသင့်မယုံနိုင်ဘူး။ ဒါပေမဲ့ ကိုနုက ငါတို့အမှန်အတိုင်း ရိုးသား ရမယ် (we must be honest) လို့ဖြေခဲ့တယ်။ ဒါဟာ လူကောင်း - ခေါင်းဆောင် ကောင်း ဖြစ်တာကို သက်သေပြလိုက်တာပဲ။ ယ္ခုခေတ် ကိုယ်မသိတာကို ဝန်မခံချင်တဲ့ တတ်ယောင်ကား တွေနဲ့ ကွာလိုက်ပါပြီ။ လူငယ်လေးတွေကို သတိပြု အတုယူ စေချင်တာပါ။ ခေါင်းဆောင်မှုမှာ (မူ) ဆိုတာ အရေးကြီးလှပါတယ်။

အဖွဲ့အစည်းနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အပေါ်မှာ မဆလစိတ်ဓာတ်က ဖိစီးလိုက်တော့ ရှစ်လေးလုံးလူငယ် တွေခမျာ ရှင်သန်တိုးတက်ခွင့်မရတော့ဘူးလို့ ယေဘုယျအားဖြင့် သုံးသပ် နိုင်ပါတယ်။
ကိုအောင်ဆန်းဟာ ကျောင်းသားသမဂ္ဂ ထဲမှာ တကသ ရော ဗကသ မှာပါ ဥက္ကဋ္ဌ အဖြစ်နဲ့ ဆက်ခေါင်းဆောင်မှု ပေးခဲ့တာကြောင့် ရှေ့မီနောက်မီ ကျောင်းသား တော်များများနဲ့ ရင်းနှီး အကျွမ်းဝင်ခွင့်ရခဲ့ရတယ်၊၊ ၁၉၃၆ ကျောင်းသားလှုပ်ရှားမှုမှာ ကိုနု ကိုကျော်ငြိမ်း ကိုသိန်းဖေ ကိုရာရှစ် ကိုလှဖေ (ဗိုလ်လက်ျာ) ကိုခင်မောင်ကလေး တို့နဲ့ ရင်းနှီးခဲ့ရတယ်။ ထို့ပြင် နောင် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာပြီး ဗိုလ်ချုပ်နဲ့ မယားညီအကို ဖြစ်လာမယ့် ကိုသန်းထွန်း (သ္ခင်သန်းထွန်း) ကို ကိုကျော်ငြိမ်း ရဲ့ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းခဲ့ရပြန်တယ်။ ကိုကျော်ငြိမ်းနဲ့ ကိုသန်းထွန်းတို့က ပျဉ်းမနားသား အချင်းချင်း မန္တလေးတက္ကသိုလ်မှာ ကထဲက သိခဲ့ကြရတယ်။ ၁၃ဝဝပြည့်အရေးတော်ပုံမှာ နာမည်ကြီးလာကြမယ့် ကိုဗဟိန်း (နောင်ကွန်မြူနစ် ခေါင်းဆောင်)၊ ကိုဗဆွေ (နောင်ဆိုရှယ်လစ်ခေါင်းဆောင်) တို့နဲ့လဲ ကျောင်းသားသမဂ္ဂ ဘဝမှာ ခင်မင်ရင်းနှီးခဲ့ရပြန်တယ်။ ဗိုလ်ရန်နိုင် ဗိုလ်ဇေယျတို့ဟာလဲ ကျောင်းသားသမဂ္ဂက တက်လာကြသူတွေပါပဲ။

မှတ်သားစရာ နဲ့ သုံးသပ်မှု

အင်္ဂလိပ်ဟာ ကိုလိုနီ ကျူးကျော်စော်ကားသူတွေ ဖြစ်လင့်ကစား သူတို့နိုင်ငံမှာ ဒီမီုကရေစီ ကျင့်သုံးတာကြောင့် civil society လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွေကို တည်ထောင်ခွင့်ပြုတယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ခေတ်က လူငယ်တွေဟာ သမဂ္ဂတွေထောင်ပြီး ဦးဆောင်ခွင့်ရခဲ့ကြတယ်။ ဒါကြောင့် အဖွဲ့အစည်းနဲ့ သိုင်းသိုင်းသိုင်းဝိုင်းဝိုင်း လုပ်ဆောင်ခွင့် ရခဲ့ကြတယ်။ အတွင်းအုပ်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။

၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကထဲက ဗိုလ်ချုပ်နေဝင်းဟာ နိုင်ငံရေးပါတီတွေကို နှိမ်နှင်း၊ စစ်တပ်ကလွဲလို့ civil society လို့ ခေါ်နိုင်တဲ့ အဖွဲ့အစည်းမှန်သမျှကို စံနစ်တကျ ရိုက်ချိုးဖျက်စီးခဲ့တာ ၁၉၆၂ နောက် ဗမာပြည်မှာ လူလုပ်ရသူတိုင်း စစ်တပ်နဲ့ မဆလကလွဲလို့ အဖွဲ့အစည်းနဲ့ လုပ်ခွင့်ကိုမရကြတော့ပါ။ ဒါကြောင့် အဖွဲ့အစည်းထောင်ပြီး အင်အားယူရမည်ကိုမသိကြသလို အဖွဲ့အစည်း ဘယ်လို ထောင်ပြီး ဘယ်လိုကြီးထွားအောင် လုပ်ရမှာကို မသိကြလို့ သုံးသပ်မိပါတယ်။

၁၉၈၈ အရေးတော်ပုံကြီး အတွင်းက မင်းကိုနိုင် ကိုကိုကြီး မိုးသီးဇွန် ဝင်းမိုး အောင်နိုင် စတဲ့ ဗကသ ခေါင်းဆောင်များ ထွန်းပေါ်လာကြသော်လဲ ဗိုလ်ချုပ်တို့ခေတ်ကလို လွတ်လွတ်လပ်လပ် ဦးဆောင်နိုင်တဲ့ အချိန်ရေရှည် မရခဲ့ကြပါ။ ထို့ပြင် ရှစ်လေးလုံး အုံကြွမှုကြီးကို ဖေါ်ထုတ်ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်များ ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ ဒေါ်စုတို့နဲ့ ပူးတွဲလုပ်ဆောင်ခွင့် အချိန်မရခဲ့ကြ။ စစ်တပ်က ပေါင်းစည်းခွင့်နှင့်ပေါင်းစည်းချိန်မပေးခဲ့။ အတိုက်အခံဆိုတာက ဦးနေဝင်း (၂၆) နှစ် အုပ်စိုးပြီးချိန်မှာ ယဲ့ယဲ့သာ ကျန်တာမို့ ရှစ်လေးလုံး ဗြုန်းစားကြီးပေါ်လာပြီး အခွင့်အရေး အကောင်းဆုံးအချိန်မှာ အာဏာကို (လု) ယူလိုက်သင့်တယ်၊ မ(လု)ယူ နိုင်ခဲ့ကြ ။ စစ်အစိုးရက ဒုတိယအကြိမ် အာဏာသိမ်းအပြီး ဖိနှိပ်ဖြိုခွဲချိန် ရောက်လာပြီမို့ ကျောင်းသားအများစု အဝေးရောက်ကုန်ကြပြီး ကျောင်းသား တပ်မတော်လဲ နှစ်ခြမ်းကွဲ၊ အများစု တကမ္ဘာလုံးပြန့်ကြဲ အစိပ်စိပ်အမွှာမွှာ ဖြစ်ကုန်ကြတော့ အဖွဲ့အစည်း တည်ထောင်ပြီး အင်အားကို ပြန်မတည်ဆောက်နိုင်ကြတော့ပါ။ အဖွဲ့အစည်းနဲ့တိုက်မှ အင်အားရှိမည်ကိုမသိကြ၊ အဖွဲ့အစည်းနှင့်မလုပ်တတ်တာတွေ ပါပါတယ်။

နိုင်ငံရေးဆိုတာအင်မတန် ရှုပ်ထွေးသလို သိမ်မွေ့ နက်နဲလှပါတယ် ။

မဆလ စံနစ်ကြီးပြိုကွဲသွားပေမယ့် သူ့ရဲ့အမွေဆိုးဖြစ်တဲ့ “ မဆလစိတ်ဓာတ်ဆိုး“ ကြီးဟာ ဗမာတွေအကြားမှာ ယနေ့အထိ စစ်တပ်အတွင်းမှာရော အတိုက်ခံတွေ အကြားမှာပါ ရှင်သန်လျက်ပါပဲ။

အဖွဲ့အစည်းနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အပေါ်မှာ မဆလစိတ်ဓာတ်က ဖိစီးလိုက်တော့ ရှစ်လေးလုံးလူငယ် တွေခမျာ ရှင်သန်တိုးတက်ခွင့်မရတော့ဘူးလို့ ယေဘုယျအားဖြင့် သုံးသပ် နိုင်ပါတယ်။

နောက်သိသာထင်ရှားတဲ့ အချက်က capacity လိုခေါ်နိုင်တဲ့ (အသိစွမ်းအား) ပါပဲ

ရင်နာဖို့ကောင်းတာက ဗိုလ်ချုပ်တို့ ခေတ်က ကိုလိုနီ(ကျွန်) ပညာရေးဖြစ်ပေမယ့် အဆင့်အတန်းရှိတယ်။ ဟိုခေတ်က ကောလိပ်ကျောင်းသားဆိုရင် အင်္ဂလိပ်စာကို ပိုင်ပိုင်နင်းနင်း ရေးနိုင်ပြောနိုင်ပြီ။ ဆရာတွေက ဖိဖိစီးစီး သင်တာကြောင့်တကြောင်း၊ အင်္ဂလိပ်စာ နိုင်နင်းတာကြောင့်တကြောင်း စာဖတ်အားကောင်းကြတယ် ဗဟုသုတကြွယ်ကြပြန်တယ် ။ အတွေးအခေါ် (အသိစွမ်းအား) capacity မြင့်ကြတယ် လို့ဆိုနိုင်တယ် ။

ပါလီမန်ဒီမိုကရေစီခေတ်ကျော်ပြီးသည့်တိုင် ဗမာနိုင်ငံရဲ့ ပညာရေးဟာမြင့်မားခဲ့ပါသေးတယ်။ စစ်အစိုးရတက်ကာစ ကာလအထိ ရှင်သန်လျက်ရှိပါတယ်။ ၁၉၅ဝ ခုနှစ်များမှာ ရာဇဝင် ပါမောက္ခ ဒေါက်တာကျော်သက် အင်္ဂလိပ်လို သင်ကြားပို့ချနေတာကို (YouTube) မှာရှာဖွေကြည့်ရှုနိုင်ကြပါတယ်။ ကျနော် စက်မှုတက္ကသိုလ်ရောက်တော့ (၁၉၆၈ခု) ဆရာတွေဟာ အမေရိကန် နိုင်ငံ ကျောင်းကောင်းတွေဖြစ်တဲ့ MIT- Harvardမှ ဘွဲ့ရသူတွေနဲ့ ပြည့်လျက်ပါ။ ဖဆပလ အစိုးရဟာ ရသမျှ အခွင့်ရေးတွေကို ယူပြီး နိုင်ငံခြားပညာတော်သင်တွေ လွှတ် ခဲ့တာကိုး။

စစ်အစိုးရတက်အပြီး တကသ တပ်ဦးကျောင်းသားဟောင်း ဒေါက်တာညီညီ ဒုဝန်ကြီးအဖြစ်မှာ စနစ်သစ်ပညာရေး ဆိုပြီး ဆိုရှယ်လစ်စံနစ် ပညာရေးစံနစ်သစ်ကို စတင်အကောင် အထည်ဖော်ချိန်ကစပြီး ဗမာပြည်ရဲ့ ပညာရေးစံနစ်ဟာ ထိုးကျခဲ့ရတယ်။ အရင်က အနောက်နိုင်ငံတွေ ရဲ့ ထုံးတမ်းစဉ်လာအတိုင်း Liberal arts ပညာရေးကို ဦးစားပေးခဲ့တယ်။ ဘီအေ ဘီအက်စ်စီ အဆင့်မှာ အခြေခံပညာရပ်တွေကို ဖက်စုံကသင်ပေးတာပေါ့။ ဒေါက်တာ ညီညီတို့ခေတ်မှာတော့ ရွှေဉာဏ်တော် စူးရောက်ပြီး ဆိုရှယ်လစ်ပညာရေးအတိုင်း (အထူးပြု) Specialization ကို ဦးစားပေးရမယ်ဆိုပြီး စံနစ်တခုလုံး ပြောင်းလဲခဲ့ကြပါတယ်။ အဓိက ထိခိုက်တာကတော့ critical thinking လို့ခေါ်တဲ့ လွတ်လွတ်လပ်လပ် ချင့်ချိန် တွေးခေါ်ခြင်းပညာရပ်ဟာ တိမ်ကောခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

၁၉၆၂ ဇူလိုင် (၇) ရက် ကျောင်းသားထုနဲ့ ထိပ်တိုက်တွေ့ အပြီးမှာ စစ်အစိုးရဟာ ကျောင်းသားတွေကို မရှိမဖြစ်တဲ့ တိုင်းပြည် ရတနာတွေလို့ မမြင်တော့ဘူး။ ပြဿနာကောင်တွေလို့ မြင်စပြုလာပြီ။ ဒါကြောင့် နောင်ခေတ်ခေါင်းဆောင်တွေ ပညာတတ်တွေ မွေးဖို့ထက် ကျောင်းသားတွေကို ကိုင်တွယ်နိုင်ဖို့ အားသန်ကြိုးစားလာတော့တယ်။

ထို့ပြင် ဦးနေဝင်းဟာသူ့ရဲ့ အုပ်ချုပ်သက်တမ်း (၂၆) နှစ်မှာ အရှေ့နဲ့အနောက် စစ်အေး တိုက်ပွဲကိုအခွင့်ကောင်းယူပြီး isolation policy လို့ခေါ်တဲ့ တကိုယ်တည်းသီးခြားနေတဲ့ ပေါ်လစီ ကိုကျင့်သုံးခဲ့ပြီး တတိုင်းပြည်လုံးကိုလဲ သတင်းမှောင်ချခဲ့ပါတယ်။ ဒါကြောင့် (အသိဉာဏ်) ဖွံ့ဖြိုးရေးဟာ ထိုးကျ လာခဲ့ရတယ်။

ကွယ်လွန်သူ ဦးတင်မောင်ဝင်းပြောပြလို့ သိရတာပါ။ ရှစ်လေးလုံးအုံကြွမှုကြီးအပြီး ကျောင်းသား တွေစုပြုံပြီး ထွက်လာကြတော့ လူငယ်ကျောင်းသားတစုက စိတ်ဓာတ် ထက်သန်စွာနဲ့ ဦးတွတ်…. ကျနော်တို့ကို အက်(၁၅) (F-15) လေယာဉ်ရှာပေးပါ၊ စစ်တပ်ကိုအသေခံ ဗုံးကြဲမယ် လို့တောင်းဆိုခဲ့ကြတယ်။ စိတ်ဓာတ်ကိုချီးကျူးစရာကောင်းလှပေမယ့် ဒီလို စစ်လေယာဉ်တွေ ဘယ်လောက်ဈေးကြီးတယ်၊ ဒီလေယာဉ်တွေ ပျံနိုင်ဖို့ နောက်က ဘယ်လောက်ပံ့ပိုးရတယ်ဆိုတဲ့အချက်တွေကို မစဉ်းစားမိတာဟာ (အသိဉာဏ်စွမ်းအား) မပြည့်စုံသေးသောကြောင့်လို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ (အသိဉာဏ်စွမ်းအား) နဲရင် ရိုးရိုးအအ တွေဖြစ်ကုန်တာပေါ့။

ဗုဒ္ဓတရားတော်မှာ အဝိဇ္ဇာ လွှမ်းနေရင် တဏှာကိုလဲမပယ်နိုင်၊ တွယ်တာမှုကိုလဲ မကျော်နိုင်ပဲ သံသရာကမထွက်နိုင်သလို အသိဉာဏ်စွမ်းအားသည်လဲ နိုင်ငံရေးမှာ အရေးပါလှပါတယ်။ နိုင်ငံရေး အဝိဇ္ဇာလို့ပြောလို့ရပါတယ်။ ဒီ (အသိဉာဏ်စွမ်းအား) အပေါ် အများကြီး မူတည်ပါတယ်။ ဒိအပြင် (အသိဉာဏ်စွမ်းအာား) ရှိတဲ့သူတွေဟာ အသိပညာရဲ့ ထိန်းသိမ်းမှုကြောင့် ရမ်းရမ်းကားကားဆဲဆိုခြင်း တဖက်သတ် တိုက်ခိုက်ခြင်း မတရား စွပ်စွဲစော်ကားခြင်းတို့ကို ရှောင်ရှားကြပါတယ်။ မိမိရဲ့ဂုဏ်သိက္ခာ မိမိအပေါ်ယုံကြည်မှု (credibility) ထိခိုက်မှာကို ကြောက်ရွံ့သတိရှိကြပါတယ်။ မိမိရဲ့ (မူ) principle မှသွေဖည်မှာကို စိုးရိမ်ကြပါတယ်။ ဒါ့ကြောင့် အပြောအဆို အရေးအသားမှအစ (သတိ) ရှိကြ၊ (မူ) ရှိကြပါတယ်။

ကျနော်ဥပမာလေး တခုကိုတင်ပြပါရစေ။

၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် မှာ အတူတူပါဝင်ခဲ့ကြတဲ့ ကိုကျော်ငြိမ်းနဲ့ နောင်လူထုဒေါ်အမာဖြစ်လာကြမယ့် မအမာ တို့ဟာ ပုဂ္ဂိုလ်ရေးသက်သက်ပဲလား ဝါဒရေးကြောင့်ပဲလားမသိ၊ တယောက်ကိုတယောက် ကြည့်မရခဲ့ကြပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းဟာ ၁၉၃၆ ခုကျောင်းသားသပိတ် အကြောင်းရေးပြတော့ ရာဇဝင်ကို အမှန်အတိုင်း (မူ) Principle အရ အရှိကိုအရှိအတိုင်း ရေးပြခဲ့ပါတယ်။

“လူထုတရားပွဲတွင် ယောက်ျား များနှင့် ယှဉ်၍ ရဲရဲတောက် ရင်ဘောင်တန်း တရားဟော ကောင်းသူ ကျောင်းသူ ခေါင်းဆောင်များမှာ မအမာ-ဘီအေအောက်တန်း (ယ္ခုလူထုဦးလှဇနီး)၊ မမကြီး (ယ္ခုအထက်တန်းကျောင်းဆရာမကြီး-မြူမင်းကြီးဟောင်း ဦးထွန်းအုံ၏ဇနီး)၊ မခင်မြ (ယ္ခု ဒေါက်တာဒေါ်ခင်မြ-ပညာရေးတက္ကသိုလ်) ၊ မအုံး (ယ္ခု မန္တလေးတက္ကသိုလ် ပါဠိ ဌာန ပင်စင်စား ပါမောက္ခ - အမ်အေဒေါ်အုံး) တို့ပါဝင်သည်။ ကျန်သပိတ်မှောက် ကျောင်းသူများမှာ စင်မြင့်ပေါ်၌ တရားဟောမကောင်းသော်လည်း ရဲရဲတောက်တွေချည်းဖြစ်ကြပါသည်။”
(ဦးကျော်ငြိမ်း၏ကိုယ်ရေးမှတ်တမ်းမှ )

ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်ခဲ့သော်လဲ ရာဇဝင် အချက်အလက် ကိုရေးရာမှာ အာဃာတမရှိ အမှန်အတိုင်း ရေးပြခဲ့တယ်။ (မူ) Principle ကိုအလေးထားတာကတကြောင်း ၊ self-respect ဟုခေါ်သော မိမိကိုယ်ကို မိမိ လေးစားတာကြောင့်လဲဖြစ်တယ်။

သို့သော် အသိဉာဏ်စွမ်းအားနဲသော လက်ဝဲ တယူသန်အချို့သည် ဦးကျော်ငြိမ်းကို မုန်းတာနဲ့ ရာဇဝင် အချက်တွေကိုပါ ပြင်ချင်ကြတယ်။

ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့ တိုင်း (၆)မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ် (သ္ခင် တင်မြ၏ ဖက်ဆစ် တော်လှန်ရေးဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း - စာမျက်နှာ ၄၄) ဒါလူတိုင်းအသိပါ။

သို့သော် ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည် ”လို့ သမိုင်းကိုလိမ်ညာရေးခဲ့တယ် (စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေခဲ့တဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလည်း ဤနည်းတူရေးသားခဲ့ကြတယ်။

ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅မှာပဲ) “စစ်တိုင်းများ ၏ နိုင်ငံရေးမှူးများမှာ ကွန်မြူနစ် ပါတီမှချည်းဖြစ်သည်” လို့ လိုရာဆွဲ ကောက်ချက်ချပြန်တယ်။ ဒီတုန်းက သ္ခင်ချစ်ဟာ ပြည်သူ့အရေး တော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီး နောင် ကွန်မြူနစ်ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဦးကျော်ငြိမ်းလဲ ပြည်သူ့အရေးတော်ပုံပါတီကဖြစ်တယ်။ ဒီလိုရာဇဝင် အချက်အလက်ကိုလိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့ ရေးသားချက်သာဖြစ်တယ်။

ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်း တယောက်ကိုသာ ကွန်မြူနစ် အမျက် ကွန်မြူနစ် အငြိုးနဲ့ ရာဇဝင် အချက်အလက် ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။

ဖတပလ (ဖက်စစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကိုဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့ ကွန်မြူနစ်ပါတီ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်က ကိုယ်စားလှယ် ခေါင်းဆောင် (၃) ဦးစီ - ပေါင်း(၉)ဦးပါတဲ့ ဗဟိုဦးစီးအဖွဲ့နဲ့စတင်ဖွဲ့စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သ္ခင်စိုး - သ္ခင်သန်းထွန်း - သ္ခင်တင်မြ၊ ပြည်သူ့ရေးတော်ပုံပါတီမှ ဦိးကျော်ငြိမ်း - ဦးဗဆွေ - သ္ခင်ချစ်၊ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း - ဗိုလ်လက်ျာ - ဗိုလ်နေဝင်းတို့ဖြစ်ကြပါတယ်။ (သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ)တိုင်း - စာမျက်နှာ ၄ဝ)

ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်၊ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်မြားစွာတွင်လည်း ဖေါ်ပြထားပြီး ဖြစ်ပါသည်။ အရေးပါသော ရာဇဝင် အချက်တချက်ပင်ဖြစ်သည်။

ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သ္ခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သ္ခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း သ္ခင်တင်မြအစား သ္ခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ် (ဝင်းတင့်ထွန်း စာအုပ် စာမျက်နှာ ၃၂ ကိုကြည့်ပါ)။ ဒီလိုရာဇဝင်ကိုရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို လိုရာကို ဖြစ်သလို မရေးကောင်းပါ။ (မှတ်ချက်။ ကိုဗဟိန်းကို ဗိုလ်ချုပ်က ဆွေးနွေးပွဲစဖိတ်သော်လဲ နေမကောင်းလို့မပါနိုင်လို့ သ္ခင်တင်မြက အမှတ် (၆ဝ) - ဧပြီလ (၁) ရက် -၂ဝ၁ဝ ထုတ် Northern Star ဂျာနယ်မှာ ရေးပြမှ ဇာတ်ရည်လည်ရပါတယ်)

နောက် ဥပမာတခု ထပ်တင်ပြပါရစေ။

ဆိုရှယ်လစ်ပါတီထောင်ကာစက အရေးပါခဲ့တဲ့ နိုင်ငံရေးသမားတဦးက ဦးကိုကိုကြီးပါ။ ဆိုရယ်လစ်ပါတီမှာ ဦးကိုကိုကြီးတို့က မာ့က်(စ်)ဆစ် Marxists များဖြစ်၍ ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့က ဆိုရှယ်လစ်စံနစ်ကို ဒီမိုကရေစီနည်းအရ ထူထောင်လိုတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) များဖြစ်ကြတယ်။ အုပ်စု တိုက်ပွဲများ ဖြစ်ကာ ဦးကိုကိုကြီးတို့အုပ်စု ဆိုရှယ်လစ်ပါတီမှ ထွက်ခဲ့ကြရတယ်။ နိုင်ငံရေးအရ နာမယ်ဆိုရင် နာစရာတွေ ရှိခဲ့ကြပါတယ်။ သို့သော် ဦးကိုကိုကြီးရဲ့ မြေးဖြစ်သူ ဒေါက်တာကျော်ဇော်ဝင်း ပါရဂူဘွဲ့အတွက် ပြုစုရေးသားတဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီသမိုင်း (A History of Burma Socialist Party 1930-1964) စာတန်းကို ဖတ်ကြည့်ကြပါ။ လူပုဂ္ဂိုလ်တိုက်ခိုက်ခြင်းသော်လည်းကောင်း၊ ရာဇဝင် အချက်အလက်ကို လိမ်ညာရန် ကြိုးစားခြင်းသော်လည်းကောင်း မတွေ့ရပါ။

မော်စီတုံးကွယ်လွန်အပြီး တရုတ်ပြည်ကြီးတွင် အသိဉာဏ်စွမ်းအားနည်းတဲ့ မော်ရဲ့ဇနီး ချန်ချင်းဦးဆောင်တဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ မြောက်ကိုရီးယားပြည်သူတွေလို ဆင်းရဲတွင်းနက်နေနိုင်တယ်။ အသိဉာဏ်မြင့်မားလှတဲ့ တိန်လျောက်ပိန်လို ခေါင်းဆောင်ကြောင့်သာ ယနေ့တရုတ်တွေ ကမ္ဘာမှာ ခေါင်းထောင် နိုင်ခဲ့ကြရတာကို မမေ့သင့်ပါ။

တချိန်က ဗမာတွေဟာလဲ အရှေ့တောင်အာရှမှာ ဗမာကွလို့ မော်ကြွားနိုင်ခဲ့ဖူးပါတယ်။ ခေါင်းဆောင်သူများရဲ့ စေတနာနဲ့ အသိဉာဏ်စွမ်းအား ကွာခြားမှုပဲ မဟုတ်ပါလား။

ယ္ခုဒေါ်စုရဲ့ မိန့်ခွန်းများ - မီဒီယာတွေနဲ့ တွေ့ဆုံခန်းတွေကို နားဆင်ကြည့်ကြပါ။ စေတနာနဲ့ အသိဉာဏ်စွမ်းအား ရဲ့ အကျိုးတရား ထင်ပေါ်လှပါတယ်။

နောက် အသိဉာဏ်စွမ်းအား (capacity) နဲ့ပတ်သက်လို့ သတိပြုစေချင်တာက အသိဉာဏ်စွမ်းအားဆိုတာ ကျောင်းစာသက်သက်သော်လည်းကောင်း စင်မီနာများ တက်ရုံနဲ့သော်လည်းကောင်း အဆင့်အတန်းတက် မလာနိုင်ပါ။ လေ့လာမှုအားလိုရုံမက လက်တွေ့ အလုပ်အတွေ့အကြုံ၊ ဘဝအတွေ့အကြုံများနဲ့ ပေါင်းစပ်မှသာ ပြီးပြည့်စုံလာပြီး အဆင့်အတန်းမြင့်မားလာနိုင်ပါတယ်။ ဥပမာ ဗိုလ်ချုပ်တို့ လူတစုကိုကြည့်ရင် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ပြီးမှ သ္ခင်ခေါင်းဆောင် (သို့) ယူဂျီခေါင်းဆောင်၊ ထိုမှတဆင့် ဂျပန်ခေတ် ဗိုလ်ချုပ် (သို့) ဝန်ကြီး ။ နိုင်ငံရေးနယ်ပယ်မှာ တဆင့်ထက်တဆင့်မြင့်တက်ကာ နောက်ဆုံး ဖဆပလ လွတ်လပ်ရေးခေါင်းဆောင်များ ဖြစ်လာကြရတယ်။

ထိုနည်းတူစွာ တရုတ်ပြည်သမိုင်းကိုကြည့်ရင်လဲ ချူအင်လိုင်းသည်လည်းကောင်း၊ တိန်လျောက်ပိန် သည်လည်းကောင်း ကျောင်းသားလူငယ်ဘဝမှာ ပြင်သစ်ပြည်ကို ပညာတော်သင် ထွက်ခဲ့ကြသော်လဲ စာကိုဖြောင့်အောင် မသင်ကြရ၊ ပါတီအကျိုးအတွက်ဆောင်ရွက်ကြရင်း တရုတ်ပြည် ပြန်ခေါ်ခံရကာ ပါတီ တာဝန်တွေကို ထမ်းဆောင်ရင်း တာဝန်အဆင့်များ မြင့်သထက်မြင့်လာကာ နောက်ဆုံးဝန်ကြီးချုပ်/ဒုဝန်ကြီးချုပ် ဘဝရောက်ခဲ့ကြရတယ်။ (မှတ်ချက်- The eldest son by Han Su Ying နှင့်My father Deng Xiaoping – The war years by Deng Rong တို့ကိုဖတ်ကြည့်ကြပါ)

ဗိုလ်ချုပ်တို့ခေတ်က ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ ကိုအောင်ဆန်း ကိုနု သ္ခင်စိုး သ္ခင်သန်းထွန်း ဂိုရှယ် ကိုကျော်ငြိမ်း သ္ခင်သိန်းဖေ ကိုရာရှစ် ကိုဗဟိန်း ကိုဗဆွေတို့ဟာ စာဖတ်အားကောင်းပြီး စာတန်းတခုကို လက်တန်းရေးနိုင်တဲ့ အရည်အချင်းပြည့် (အသိဉာဏ်စွမ်းအား) မြင့်မားတဲ့ ပညာတတ်များဖြစ်ကြရုံမက အောက်ခြေစည်းရုံးရေးကို ကောင်းကောင်းနောကြေတဲ့ အရွေးကောက်ခံခေါင်းဆောင်များ၊ ပါတီထူထောင်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်များ ဖြစ်ကြတယ် ။

ကနေ့အဖြစ်ကို ကြည့်ကြရင် (အထူးသဖြင့် ပြင်ပတွင်) နိုင်ငံရေးအရ မူလတန်း သာသာ ရှိသော သူများကလဲ မိမိကိုယ်မိမိ ခေါင်းဆောင်ကြီးလို့ထင်သူကထင်၊ ၈၈၈၈ မှာ ငါတို့ကမှခေါင်းဆောင်အစစ်ဟု ကြွေးကြော်သူကကြွေးကြော်၊ စာအုပ်လေးအုပ်နှစ်ဆယ်သာသာလောက် ဖတ်ပြီးတာနှင့် မိမိအထင်ကို ရာဇဝင် အဖြစ် ရေးသူကရေး၊ မြှောက်ပေး သူများက မြှောက်ပေး။

နိုင်ငံရေးသမားဆိုတာ တံဆိပ်တပ်.. အလံထောင်.. ကြွေးကျော်ရုံနဲ့ နိုင်ငံရေးသမား စစ်စစ် နိုင်ငံရေးသမားကောင်း ဖြစ်မလာပါဘူး။
ပြည်တွင်းမှာလဲ နိုင်ငံရေးနားမလည်တဲ့ အင်ဂျီအို နဲ့ စီ်းပွားရေးသမားများက နေ့တွင်းညတွင်းချင်း နိုင်ငံရေးသမား အမတ်လောင်းများ ဖြစ်လိုဖြစ်၊ မနေ့ကမှ ပုခုံးအပေါ်က အပွင့်တွေနဲ့ စစ်ယူနီဖေါင်း ဝတ်ထားသူများကလဲ မောင့်ကျက်သရေခေါင်းပေါင်းတလူလူနှင့် အရပ်သားနိုင်ငံရေးခေါင်းဆောင်ကြီးတွေဖြစ်၊ လမ်းမတော် ဖိုးတုတ်နဲ့ အလီဘာဘာ လူမိုက်အုပ်စု ဖွတ်ကြီးအဖွဲ့ကလဲ ရုတ်တရက် တရားဝင် နိုင်ငံရေး ပေါ်ပင် ပါတီဝင်များ ဖြစ်လိုဖြစ် နဲ့ ပလို့ဂျိ ဆိုပြီး ကြိမ်တို့ကာ ပေါ်လာလိုက်တဲ့ ခေတ်ပေါ် နိုင်ငံရေးသမားတွေ ….ဒုနဲ့ဒေး။

နိုင်ငံရေးသမားဆိုတာ တံဆိပ်တပ်..အလံထောင်..ကြွေးကျော်ရုံနဲ့ နိုင်ငံရေးသမား စစ်စစ် နိုင်ငံရေးသမားကောင်း ဖြစ်မလာပါဘူး။

နိုင်ငံရေးသမား စစ်စစ်ဆိုတာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်ကို အခြေခံကာ ယုံကြည်ချက်၊ ခံယူချက် ရှိရပါမယ်။ အတွင်း စိတ်ဓာတ် ခိုင်မာရပါမယ်။ မိမိလျှောက်လိုတဲ့ ဦးတည်ချက် - လမ်းစဉ် - ရည်မှန်းချက် - ဖေါ်ဆောင်လိုတဲ့ ပေါ်လစီ - တွေကို မိမိကိုယ်တိုင်သိမှ - လူထုကိုချပြ ဦးဆောင်မှုပေးနိုင်ပါမယ်။ ဒါတွေပြည့်စုံဖို့- အသိဉာဏ်စွမ်းအား - လိုလာပြန်တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ သူအထင်ကြီးတဲ့ ဒေါက်တာဗမော် လေသံနဲ့ ဌာန်ကရိုဏ်း ကျကျ အင်္ဂလိပ် စကား ပြောကျင့်ခဲ့ရတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း စာမျက်နှာ ၃၉)။ အင်္ဂလိပ်ကို အထင်ကြီးလို့မဟုတ်၊ ခေါင်းဆောင်ဆိုတာ မိမိအတွေး မိမိအမြင် မိမိ ယုံကြည်ချက်ကို အများလူထုသိအောင် ချပြဖို့လိုတယ်။ ပရိသတ်အလယ်မှာ ရဲရဲပြောတတ်ဖို့လိုတယ်။ အင်္ဂလိပ်စာဟာ ကမ္ဘာသိစာဖြစ်နေလို့ အင်္ဂလိပ်စာကို လက်နက်အဖြစ်သုံးရမှာကို သိလို့ ဖြစ်တယ်။

တခါ ကျောင်းသားတဦးက ကိုကျော်ငြိမ်းကိုအပြစ်တင်စကားပြောလာတယ်။ ကိုအောင်ဆန်းက မခံ ကိုကျော်ငြိမ်းအခန်းခေါ်သွားပြီး စာအုပ်ပုံအကြားငုံ့ဖတ်နေတဲ့ ကျောင်းသားကိုလက်ညိုးထိုးပြီး အဲဒါ ကျော်ငြိမ်း တိုင်းပြည်အတွက် ကုန်းဖတ်နေတာကွလို့ ကာကွယ်ခဲ့တယ်။ ဘာလုပ်လုပ် တိုင်းပြည်အတွက်လို့ စိတ်ထဲမှာ ရှိခဲ့ကြတယ်။ ဗဟုသုတ ကြွယ်ရန်စာဖတ်ကြတယ်၊ သဘောတရားရေးတွေ လေ့လာဆွေးနွေးကြတယ်၊ တရားဟောစည်းရုံးရေးဆင်းကြတယ်၊ အားလုံးတိုင်းပြည်အတွက် သူ့ကျွန်ဘဝက လွတ်ဖို့။

ယ္ခုခေတ် ခေါင်းဆောင် ဖြစ်ချင်သူများ (ပြည်ပ) ၊နိုင်ငံ့အာဏာ ယူထားသူများ နဲ့ကွာခြားလှပါပြီ။

နိုင်ငံရေးစိတ်ဓာတ် - တိုင်းပြည် နှင့်လူမျိုးအပေါ် ထားတဲ့ စေတနာကွာခြားပါပြီ။

စေတနာ နဲ့ တိုင်းပြည်ချစ်စိတ် တို့ဟာ ဗီဇ လို့ပြောနိုင်တယ်၊ နှလုံးသားမှစီးဆင်းလာတယ်။

(မူ) နှင့် (ယုံကြည်ချက်) တို့ ဟာ (အသိဉာဏ်စွမ်းအား) အပေါ် မူတည်ပြန်တယ်။

အတိုချုပ်ရသော်

ဗိုလ်ချုပ်တို့ခေတ်က ကျောင်းသားခေါင်းဆောင် သ္ခင်ပေါက်စများဟာ သူ့ကျွန်မခံလိုစိတ် တိုင်းပြည်ချစ်စိတ် အရင်းတည်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်။ အဖွဲ့အစည်းတွင်း စနစ်တကျ စည်းကမ်းတကျ လုပ်ဆောင်ခွင့်ရှိခဲ့ကြရုံမက မဲနဲ့အရွေးကောက်ခံရတဲ့ ကျောင်းသားခေါင်းဆောင်အဖြစ် ရပ်တည်ကြရလို့ တာဝန်နဲ့ ဝတ္တရားကို နားလည်သလို အဖွဲ့အစည်းတွင်း အုပ်စုအားပြိုင်မှုအကြောင်းကို လက်တွေ့ ဖြေရှင်းကြရလို့ အပေးအယူ အကြောင်း ကောင်းကောင်းကြီး နားလည်ခွင့်ရခဲ့ကြတယ်။ တပြည်လုံး ပြန့်သွားတဲ့ကျောင်းသားသပိတ်ကြီးကို ဖေါ်ထုတ်နိုင်စွမ်းရှိလို့ ကျောင်းသားကွန်ယက် တည်ဆောက်နိုင်ကြရုံမက ထိုခေတ် နိုင်ငံရေးသမားကြီးများနှင့် ထိတွေ့ဆက်ဆံခွင့်ရခဲ့ကြတယ်။

ကျောင်းသားသမဂ္ဂဟာ နောင်တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးမယ့် ခေါင်းဆောင်များကို မွေးထုတ်ပေးရာ ဘူမိလက်သံ မှန်သော မဏ္ဍိုင် တခု ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင်များကလဲ အစွမ်းအစ ရှိတဲ့ စာဖတ်အား လေ့လာအား ကောင်းတဲ့ အသိဉာဏ် (capacity) မြင့်မားပြီး (မူ) ရှိတဲ့ တိုင်းပြည်ချစ်တဲ့ လူငယ်များ ဖြစ်ကြောင်း သတိပြုစေချင်ပါတယ်။

လူငယ်အပေါင်း အမျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ် တိုးပွား၍ အသိဉာဏ်စွမ်းအားမြင့်မားကြပါစေသောဝ်။

ဘိုကျော်ငြိမ်း
ဇင်းမယ် (ချင်းမိုင်)

ကိုးကားစာအုပ်စာတမ်းများ

ကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ထွန်း)
ဦးသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း
ဦးနုရဲ့ တာတေစနေသား
U Nu of Burma by Mr Butwell
Aung San of Burma by Aung San Suu Kyi
ဦးကျော်ငြိမ်း ကိုယ်တွေ့မှတ်တမ်း
ဒေါက်တာသာလှ ကိုယ်တွေ့မှတ်တမ်း
သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း(၁ဝ)တိုင်း
A History of Burma Socialist Party 1930-1964 by Dr Kyaw Zaw Win
ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်
The eldest son by Han Su Ying
My father Deng Xiaoping – The war years by Deng Rong

နောက်ဆက်တွဲ

ဒုတိယပိုင်းမှာ ဗိုလ်ချုပ် ကျောင်းသားခေါင်းဆောင်ဘဝက နိုင်ငံရေးသမားဘဝ သို့ ကူးပြောင်းသွားပုံ ကို ဆက်လက် ဖေါ်ပြသွားပြီး အတိုက်အခိုက် အပြိုင်အဆိုင် များကြားက ပြိုင်ဘက်မရှိ အမျိုးသားခေါင်းဆောင်ဘဝ သို့ ရောက်လာပုံ ဗိုလ်ချုပ်ရဲ့ လေ့လာစရာ နိုင်ငံရေးအကွက်တွေကို ဆည်းပူး ဖေါ်ထုတ်ရင်း..

တတိယအပိုင်းမှာ…. အမျိုးသားခေါင်းဆောင် အဆင့်ရောက်မှ အင်္ဂလိပ် ကိုလိုနီတို့နဲ့ ဉာဏ်ချင်းယှဉ်ပြီး လွပ်လပ်ရေးကို မည်သို့ အကွက်ကျကျ တိုက်ယူနိုင်ခဲ့ပုံတို့ကိုတင်ပြဆွေးနွေးပါရစေ။
****************


ရာဇဝင် မှတ်တမ်းအတွက် ၁၉၃၆ သပိတ်မှောက်ကောင်စီ စာရင်းကို တင်ပြပါရစေ။
ကျောင်းသားလှုပ်ရှားမှုသမိုင်း (စာမျက်နှာ ၇၈) ကိုညွှန်းပါတယ်။

၁။ ကိုရာရှစ် ဥက္ကဋ္ဌ
၂။ ကိုကျော်ငြိမ်း အတွင်းရေးမှုး
၃။ ကိုအုန်း
၎။ ကိုသီဟန်
၅။ ကိုလှဖေ (ဗိုလ်လက်ျာ)
၆။ ကိုထွန်းအုံ
၇။ ကိုထွန်းတင်
၈။ ကိုတီကေဘွန်း
၉။ ကိုအေးချို
၁ဝ။ကိုညိုမြ (ကိုသိန်းတင်)
၁၁။ကိုသာလှ
၁၂။သရဲကိုဘအေး
၁၃။ကိုညိုထွန်း
၁၄။မအမာ (လူထုဒေါ်အမာ)
၁၅။ကိုစိုးမောင်
၁၆။မအုန်း
၁၇။မမကြီး
၁၈။မခင်မြ
၁၉။ကိုလှမောင် (ရမည်းသင်း)
၂ဝ။ကိုညွန့်
၂၁။ကိုခင်မောင်
၂၂။ကိုသိန်းဖေ
၂၃။ကိုအောင်ဆန်း
၂၄။ကိုနု
၂၅။မခင်ကြီး အပါအဝင် (၂၉)ဦး

(မှတ်ချက်။ ကျောင်းသားသမဂ္ဂသမိုင်း စာအုပ်အရ ကိုရာရှစ်ဟာ သပိတ်မှောက်ကောင်စီဥက္ကဋ္ဌဖြစ်ပြီး ကိုကျော်ငြိမ်းဟာ အတွင်းရေးမှူးဖြစ်တယ်။ ဦးကျော်ငြိမ်းနဲ့ ဒေါက်တာသာလှတို့ရဲ့ ကိုယ်ရေးမှတ်တမ်းအရ ကိုနု ဥက္ကဋ္ဌ၊ ကိုရာရှစ် ဒုဥက္ကဋ္ဌ၊ ကိုကျော်ငြိမ်း အတွင်းရေးမှူး အဖြစ် အရွေးခံရတယ်လို့ ရေးသားမှတ်တမ်းတင်ခဲ့ကြတယ်)
http://mizzimaburmese.com/edop/songpa/6567-2010-12-10-07-49-30.html

ကြိုတင်မဲနဲ့လူတယောက်၃ခါပြန်နဲ့တမလွန်ကလူနာမည်တွေအကြောင်းတလုံးမှကော်မရှင်မဟပါ။ဟလျှင်......

၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမှု ၇၇ ရာခိုင်နှုန်းကျော် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် နိုင်ငံတကာရှိ မဲပေးသူများထက် တစ်ခဲနက်မဲပေးခဲ့ကြောင်း လေ့လာတွေ့ရှိရ PDF Print
Share
        ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပပြီး တစ်လအကြာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
        နိုဝင်ဘာလ ၇ ရက်နေ့တွင်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ရှိသည့်အနက် ၃၂၅ နယ်တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈တွင်လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်  (တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ခု အပါအ၀င်) ၆၇၃ ရှိသည့်အနက် ၆၆၁ နယ်တွင်လည်းကောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။
        ယင်းကဲ့သို့ ကျင်းပခဲ့ရာ၌ ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူဦးရေ ၂၉ သန်းကျော် (၂၉၀၂၁၆၀၈ ဦး) ရှိပြီး ဆန္ဒမဲပေးသူဦးရေမှာ ၂၂ သန်းကျော် (၂၂၄၂၁၁၂၃ ဦး) ရှိကာ ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၇၇ ဒသမ ၂၆ ရာခိုင်နှုန်း ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
        အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၉ သန်းကျော် (၂၉၀၂၁၆၀၈ ဦး) ရှိပြီး ဆန္ဒမဲပေးသူဦးရေမှာ ၂၂သန်းကျော် (၂၂၂၈၃၄၆၅ ဦး) ရှိကာ ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၇၆ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
        တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုးအပါအ၀င်) အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၈ သန်းကျော် (၂၈၅၃၄၂၁၆ ဦး) ရှိပြီး ဆန္ဒမဲပေးသူဦးရေမှာ ၂၁ သန်းကျော် (၂၁၈၆၃၁၂၃ ဦး) ရှိကာ ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၇၆ ဒသမ ၆၂ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
        ယင်းကဲ့သို့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲပေးမှု ရာခိုင်နှုန်း ပမာဏနှင့် နိုင်ငံတကာရွေးကောက်ပွဲများတွင် လာရောက်မဲပေးမှု ရာခိုင်နှုန်း ပမာဏကို နှိုင်းယှဉ်လေ့လာ ကြည့်ပါက ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံတကာ၌ ကျင်းပခဲ့သော ရွေးကောက်ပွဲများထက်  မဲပေးသူများ တစ်ခဲနက်မဲပေးခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။
        ဒီမိုကရေစီအင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ကျင်းပခဲ့သောလွှတ်တော်ရွေးကောက်ပွဲများ၌ လာရောက်မဲပေးမှု ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းကျော်၊ ၆၀ ရာခိုင်နှုန်းဝန်းကျင်သာရှိသည်ကို လေ့လာတွေ့ရှိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်ဦးရေနှင့် မဲလာရောက်ပေးသူရာခိုင်နှုန်း
ခုနှစ် မဲဆန္ဒရှင်ဦးရေ မဲပေးခဲ့သူဦးရေ မဲပေးသူရာခိုင်နှုန်း
၁၉၉၀ ၁၂၁၁၀၅၆၃၀ ၆၇၈၅၉၁၈၉ ၅၆ ဒသမ ၀၃ ရာခိုင်နှုန်း
၁၉၉၂ ၁၃၃၈၂၁၁၇၈ ၁၀၄၄၀၅၁၅၅ ၇၈ ဒသမ ၀၂ ရာခိုင်နှုန်း
၁၉၉၄ ၁၃၀၂၉၂၈၂၂ ၇၅၁၀၅၈၆၀ ၅၇ ဒသမ ၆၄ ရာခိုင်နှုန်း
၁၉၉၆ ၁၄၆၂၁၁၉၆၀ ၉၆၄၅၆၃၄၅ ၆၅ ဒသမ ၉၇ ရာခိုင်နှုန်း
၁၉၉၈ ၁၄၁၈၅၀၅၅၈ ၇၃၁၁၇၀၂၂ ၅၁ ဒသမ ၅၅ ရာခိုင်နှုန်း
၂၀၀၀ ၁၅၆၄၂၁၃၁၁ ၉၉၇၃၈၃၈၃ ၆၃ ဒသမ ၇၆ ရာခိုင်နှုန်း
၂၀၀၂ ၁၆၂၉၉၃၃၁၅ ၇၃၈၄၄၅၂၆ ၄၅ ဒသမ ၃၁ ရာခိုင်နှုန်း
၂၀၀၄ ၁၇၇၂၆၅၀၃၀ ၁၂၁၈၆၂၃၂၉ ၆၈ ဒသမ ၇၅ ရာခိုင်နှုန်း
၂၀၀၆ ၁၇၂၈၀၅၀၀၆ ၈၂၁၂၁၄၁၁ ၄၇ ဒသမ ၅၂ ရာခိုင်နှုန်း

အိန္ဒိယတွင်ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်ဦးရေနှင့် မဲလာရောက်ပေးသူ ရာခိုင်နှုန်း
ခုနှစ် မဲဆန္ဒရှင်ဦးရေ မဲပေးခဲ့သူဦးရေ မဲပေးသူရာခိုင်နှုန်း
၁၉၈၀ ၃၅၄၀၂၄၀၈၁ ၂၀၁၂၆၉၁၂၉ ၅၆ ဒသမ ၈၅ ရာခိုင်နှုန်း
၁၉၈၄ ၃၇၉၁၁၆၆၂၃ ၂၄၀၈၄၆၄၉၉ ၆၃ ဒသမ ၅၃ ရာခိုင်နှုန်း
၁၉၈၉ ၄၉၈၆၄၇၇၈၆ ၂၉၀၃၆၆၆၆၁ ၅၈ ဒသမ ၂၃ ရာခိုင်နှုန်း
၁၉၉၁ ၄၉၈၃၆၃၈၀၁ ၂၈၂၇၀၀၀၀၀ ၅၆ ဒသမ ၇၃ ရာခိုင်နှုန်း
၁၉၉၆ ၅၉၂၅၇၂၂၈၈ ၃၄၃၃၀၈၀၃၅ ၅၇ ဒသမ ၉၄ ရာခိုင်နှုန်း
၁၉၉၈ ၆၀၂၃၄၀၃၈၂ ၃၇၃၆၇၈၂၁၅ ၆၂ ဒသမ ၀၄ ရာခိုင်နှုန်း
၁၉၉၉ ၆၂၀၃၉၄၀၆၅ ၃၇၀၅၇၉၇၃၅ ၅၉ ဒသမ ၇၃ ရာခိုင်နှုန်း
၂၀၀၄ ၆၇၁၅၂၄၉၃၄ ၃၈၇၇၇၉၇၈၇ ၅၇ ဒသမ ၇၅ ရာခိုင်နှုန်း

ဗြိတိန်တွင် ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်ဦးရေနှင့် မဲလာရောက်ပေးသူ ရာခိုင်နှုန်း
ခုနှစ် မဲဆန္ဒရှင်ဦးရေ မဲပေးခဲ့သူဦးရေ မဲပေးသူရာခိုင်နှုန်း
၁၉၇၄ ၃၉၇၅၃၈၆၃ ၂၉၂၂၆၈၁၀ ၇၈ ဒသမ ၉၄ ရာခိုင်နှုန်း
၁၉၇၉ ၄၁၀၉၅၄၉၀ ၃၁၂၃၃၂၀၈ ၇၆ ဒသမ ၀၀ ရာခိုင်နှုန်း
၁၉၈၃ ၄၂၁၉၂၉၉၉ ၃၀၇၂၂၂၄၁ ၇၂ ဒသမ ၈၁ ရာခိုင်နှုန်
၁၉၈၇ ၄၃၁၈၀၅၇၃ ၃၂၅၆၆၅၂၃ ၇၅ ဒသမ ၄၂ ရာခိုင်နှုန်း
၁၉၉၂ ၄၃၂၄၀၀၈၄ ၃၃၆၅၃၈၀၀ ၇၇ ဒသမ ၈၃ ရာခိုင်နှုန်း
၁၉၉၇ ၄၃၇၈၄၅၅၉ ၃၁၂၈၉၀၉၇ ၇၁ ဒသမ ၄၆ ရာခိုင်နှုန်း
၂၀၀၁ ၄၄၄၀၃၂၃၈ ၂၆၃၆၅၁၉၂ ၅၉ ဒသမ ၃၈ ရာခိုင်နှုန်း
၂၀၀၅ ၄၄၂၄၅၉၃၉ ၂၇၁၄၈၅၁၀ ၆၁ ဒသမ ၃၆ ရာခိုင်နှုန်း

၂၀၁၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲပေးမှုရာခိုင်နှုန်း အများဆုံး မဲဆန္ဒနယ်များ
မဲဆန္ဒနယ် မဲဆန္ဒရှင်ဦးရေ မဲပေးခဲ့သူဦးရေ မဲပေးသူရာခိုင်နှုန်း
ဖရူဆို မဲဆန္ဒနယ် (၁) ၅၀၇၂ ၅၀၇၂ ၁၀၀ ရာခိုင်နှုန်း
ဖရူဆို မဲဆန္ဒနယ် (၂) ၅၁၇၄ ၅၁၇၄ ၁၀၀ ရာခိုင်နှုန်း
ရှားတော မဲဆန္ဒနယ် (၁) ၁၄၃ ၁၄၃ ၁၀၀ ရာခိုင်နှုန်း
ရှားတော မဲဆန္ဒနယ် (၂) ၁၆၈၀ ၁၆၈၀ ၁၀၀ ရာခိုင်နှုန်း
ပုလော မဲဆန္ဒနယ် (၂) ၂၉၄၅၂ ၂၉၄၁၉ ၉၉ ဒသမ ၈၉ ရာခိုင်နှုန်း
ခေါင်လန်ဖူး မဲဆန္ဒနယ် (၂) ၃၄၉၄ ၃၄၈၆ ၉၉ ဒသမ ၇၇ ရာခိုင်နှုန်း
တောင်ငူ မဲဆန္ဒနယ် (၁) ၇၆၅၃၅ ၇၆၂၀၄ ၉၉ ဒသမ ၅၇ ရာခိုင်နှုန်း
ခေါင်လန်ဖူး မဲဆန္ဒနယ် ၆၆၀၂ ၆၅၇၃ ၉၉ ဒသမ ၅၆ ရာခိုင်နှုန်း
ကယားပြည်နယ် မဲဆန္ဒနယ် (၁၀) ၃၇၃၆ ၃၇၁၁ ၉၉ ဒသမ ၃၃ ရာခိုင်နှုန်း
ဇေယျာသီရိ မဲဆန္ဒနယ် ၆၄၅၂၂ ၆၃၆၅၃ ၉၈ ဒသမ ၆၅ ရာခိုင်နှုန်း
ပူတာအို မဲဆန္ဒနယ် (၂) ၁၆၂၃၃ ၁၅၉၇၉ ၉၈ ဒသမ ၄၄ ရာခိုင်နှုန်း
လေရှီး မဲဆန္ဒနယ် (၂) ၃၈၄၈ ၃၇၈၄ ၉၈ ဒသမ ၃၄ ရာခိုင်နှုန်း
နောင်မွန်း မဲဆန္ဒနယ် ၃၉၁၉ ၃၈၃၈ ၉၇ ဒသမ ၉၃ ရာခိုင်နှုန်း
နောင်မွန်း မဲဆန္ဒနယ် (၁) ၁၉၆၄ ၁၉၁၉ ၉၇ ဒသမ ၇၁ ရာခိုင်နှုန်း
ရခိုင်ပြည်နယ် မြေပုံ မဲဆန္ဒနယ် ၄၀၉၄၃ ၃၉၈၂၃ ၉၇ ဒသမ ၂၆ ရာခိုင်နှုန်း
ပူတာအို မဲဆန္ဒနယ် ၂၉၀၇၅ ၂၈၂၇၅ ၉၇ ဒသမ ၂၅ ရာခိုင်နှုန်း
http://www.news-eleven.com/