yeyintnge.com C box မှ...
Tuesday, December 14, 2010
စဉ်းစားကြပါဗျာ စဉ်းစားကြပါ..
Aung San Suu Kyi Speaks with US students:
Aung San Suu Kyi Speaks with US students:updated from Peter Serko on Vimeo.
On Dec 10, 2010 Nobel Peace Prize Laureate Aung San Suu Kyi spoke with a group of high school students at Vashon Island High School in WA State via cell phone. The event, perhaps the first of its kind, was recorded in its entirety.
Aung San Suu Kyi was released from house arrest Nov 13, 2010 after more than 15 years of confinement. Now free, she continues her crusade for non-violent political change in Burma by reaching out to students in the United States.
14 Dec 2010 ဒိုင်ယာရီ
for gmail user
Download all attachments
VOB792KK.pdf
412K View Download
2nd pinlong.pdf
53K View Download
14 Dec 2010 Yeyintnge's Diary.doc
1619K View Download
14 Dec 2010 Yeyintnge's Diary.pdf
2777K View Download
ABSDF-s-Media-Release-3-2010-on-14122010.pdf
149K View Download
http://www.mediafire.com/file/jqa955tnhbub3v6/14%20Dec%202010%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/nwsu3x4715gcz3w/14%20Dec%202010%20Yeyintnge%27s%20Diary.pdf
14 Dec 2010 Yeyintnge's Diary
မြန်မာ့နိုင်ငံရေး အကျဉ်းသား ၁၄၀ ခန့် ကျန်းမာရေး ချို့တဲ့
By မသင်းသီရိ အင်္ဂါ, 14 ဒီဇင်ဘာ 2010
မြန်မာနိုင်ငံတွင်း အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ကျန်းမာရေး ချို့တဲ့နေတဲ့ အကျဉ်းသားပေါင်း ၁၀၀ ကျော် ရှိနေပြီး သူတို့ဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကောင်းကောင်း မရကြသလို အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေလည်း ဆုံးရှုံး နစ်နာနေကြရတယ်လို့ ထိုင်း၊ မြန်မာ နယ်စပ်အခြေစိုက် AAPPB ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀၀ ကျော် ရှိနေသလို လတ်တလောမှာ အကျဉ်းသားပေါင်း ၁၄၀ လောက်ဟာ ကျန်းမာရေး ချို့တဲ့တဲ့ ဒဏ်တွေကို ခံနေရတယ်လို့ AAPPB အဖွဲ့က တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
“ကျန်းမာရေး မကောင်းတဲ့သူရယ်လို့ ကျနော်တို့ သိထားတာတော့ ၁၄၀ ကျော်ရှိတယ်။ ဒီအထဲမှာ ကျန်းမာရေး စိုးရိမ်ရတဲ့ အနေအထားကတော့ လေးငါးဆယ်ယောက်တော့ အနိမ့်ဆုံး ရှိမယ်ထင်တယ်။ ဥပမာ ဟိုတလောကမှ ထောင်ပြောင်းလာတဲ့ ကိုနိုင်မင်းဆို သွေးကင်ဆာ ဖြစ်နေတယ်။ သူ့ကို အင်းစိန်ထောင်မှာ ထားမယ်ဆိုရင်တော့ အပြင်ဆေးရုံကိုထွက်ပြီး ကုသလို့ လွယ်တဲ့နေရာပေါ့။ အဲဒီလို နေရာမျိုးကနေ ကလေးထောင်ကို ပြောင်းရတဲ့ အခါကျတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကလည်း တော်တော်စိုးရိမ်ရပါတယ်။
“အဲဒီလိုပဲ မစန္ဒာဆိုရင်လည်း အင်းစိန်ထောင်ကနေပဲ ရပ်ဝေးထောင်ကို ပြီးခဲ့တဲ့ တပတ်၊ နှစ်ပတ်လောက်ကမှ ပြောင်းသွားတာ ရှိတယ်။ သူဆိုရင်လည်း နှလုံးနဲ့ တခြား ကျန်းမာရေး အခြေအနေတွေ ခံစားနေရတာ ရှိတယ်။ အဲဒီလိုပဲ လေဖြတ်သလို ဖြစ်နေတဲ့ ကိုအောင်သူတို့လိုမျိုး၊ နောက် ဦးသန်းလွင်တို့လို အသက်ကြီးတဲ့ သူမျိုးတွေပေါ့၊ ဒီလိုမျိုးတွေကလည်း ရှိနေပါတယ်။ ရှိနေတော့ ဒီလိုလူမျိုးတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ တော်တော်လေးကို စိုးရိမ်ရတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။”
အထူးသဖြင့်တော့ ဖမ်းဆီးစဉ် ကာလတွေ အတွင်းမှာ စစ်ကြောရေးအတွင်း နှိပ်စက်ညှဉ်းပန်း ခံရမှုတွေကလည်း သူတို့အတွက် နောက်ပိုင်းမှာ ဆိုးရွားတဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို ဖြစ်စေပါတယ်။ နောက်တခါ မိသားစုနဲ့ ဝေးကွာလှတဲ့ နယ်ထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေ ဆိုရင်လည်း မိသားစုတွေက ပုံမှန်မသွားနိုင်တဲ့ အခက်အခဲတွေကြောင့် နောက်ပိုင်းမှာ အာဟာရ ချို့တဲ့မှုက ဖြစ်လာတဲ့ ရောဂါမျိုးတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေအထိ ကြုံနေရတာ ရှိတယ်လို့လည်း ပြောပါတယ်။
“ဖမ်းဆီးခံရတဲ့ သူတိုင်းက နှိပ်စက်ညှဉ်းပန်းမှုကို တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားရတာ ရှိတယ်။ ဒီဟာက တော်တော်ဆိုးတဲ့ အချက်ပါ။ ဒီလို နှိပ်စက်ညှဉ်းပန်းခံရတဲ့အတွက် နောက်ပိုင်းမှာ ကျန်းမာရေး အခြေအနေ ဆက်ပြီးတော့ ဆိုးသွားတာတွေ ရှိတယ်။ အဲဒီလိုမျိုး ကျန်းမာရေး အခြေအနေ ဆိုးသွားတဲ့ အခါမှာ အကျဉ်းထောင်ထဲမှာလည်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ လုံလောက်တဲ့ ဆေးဝါးတွေ မရှိတဲ့ အခါကြတော့ အကျဉ်းသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို ပိုပြီး ဆိုးဝါးလာတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးလံတဲ့ နေရာတွေကို ပြောင်းရွှေ့ထားတာ ရှိတယ်။ ဒီလိုပြောင်းရွှေ့တဲ့အတွက် နိုင်ငံရေး အကျဉ်းသားကိုတင် ပြစ်ဒဏ်ပေးတာ မဟုတ်ဘဲနဲ့ သူ့မိသားစုကိုပါ ရောပြီး ပြစ်ဒဏ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်။ အဲဒီအတွက် မိသားစုရော၊ နိုင်ငံရေး အကျဉ်းသားရော ရုပ်ပိုင်း စိတ်ပိုင်းရော စီးပွားရေး အခြေအနေရော အတော် ချွတ်ခြုံကျသွားတဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ ဒါဟာ တော်တော် ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အနေအထားပါ။”
AAPPB အဖွဲ့က တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည် ပြောပြခဲ့တာ ဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဆိုရင်လည်း ကျိုင်းတုံထောင်မှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာဖြစ်ပြီး အခုဆိုရင် ရာသီဥတု အေးတဲ့ဒဏ်ကြောင့် သူ့ရဲ့ဇက်ကျီးပေါင်းတက်လို့ ကိုက်ခဲတဲ့ ဝေဒနာဟာ အတော်လေး ခံစားနေရတယ်လို့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ပြောပါတယ်။
“ဇက်ကျီးပေါင်းတက်တာကတော့ ပြန်ဖြစ်နေတယ်ပေါ့။ ဇက်ကျီးပေါင်းတက်တာ တောက်လျှောက်ပေါ့လေ။ အဲဒါက မသက်သာဘူး။ အဲဒါ လိမ်းဆေးလိမ်းတယ်၊ ဆေးတွေ သောက်နေတယ်။ အခုပြန်လာပြီး စာလာတာကတော့ ကျိုင်းတုံမှာ တအားအေးနေတော့ ကိုက်တာတွေ ပြန်ဖြစ်နေတယ်၊ လက်တွေ ခြေထောက်တွေ ကိုက်တာ။ အကိုက်အခဲကျတော့ ဆရာဝန်ပြောတဲ့အတိုင်း ဆေးတွေဝယ်ပြီး သောက်ရတာပေါ့။
“ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ အကိုက်အခဲ ပျောက်ဆေးတွေ သိပ်မသောက်ဖို့တော့ သူ့ကို မှာထားတယ်။ အပ်ထားတဲ့ ပိုက်ဆံနဲ့ သူတို့ကို ၀ယ်ခိုင်းလိုက်တာပေါ့။ ဒီကနေ ပို့ရတာ ပါဆယ်က ခက်လို့လေ။ ရေချိုးခါနီးလေးပဲ အရှေ့က ရေကန်လေးရှေ့မှာ ခဏလေးပဲ လမ်းလျှောက်ခွင့်ရတယ်။ အထဲမှာ လမ်းလျှောက်ရတာတွေ ဘာတွေ မရှိဘူး။ အပြင်မှာ အားကစားတွေ ဘာတွေလည်း လုပ်ခွင့် မရှိဘူး။”
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကို အမဖြစ်တဲ့ ဒေါ်ကြည်ကြည်ညွန့် ပြောပြခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့်တော့ လူငယ်အရွယ် တက်တက်ကြွကြွနဲ့ ဘ၀ရဲ့ တိုးတက်လမ်းကို ရှာဖွေရမယ့်အချိန် အကျဉ်းထောင်တွေအတွင်း အချိန်ကုန်နေကြရတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ စိတ်ဓာတ် ကျမသွားဘဲနဲ့ ယုံကြည်ချက်နဲ့ ရပ်တည်မှုတွေဟာ ပိုပြီး ခိုင်မာလာတာမျိုး တွေ့ရတယ်လို့ ဘားအံထောင်မှာ အကျဉ်းကျခံထားရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ မိခင် ဒေါ်အေးအေးသန်းက ပြောပါတယ်။
“ပထမပိုင်း အင်းစိန်မှာ နေတုန်းကတော့ သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီလို ဖြုန်းတီးပစ်ရတဲ့ အတွက်ကြောင့် သူ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဘားအံရောက်တဲ့ အခါကြတော့ သူပြောပါတယ်၊ သူတို့ အခု ထောင်ထဲမှာ နေနေရတာ တာဝန်တခု ထမ်းဆောင်နေရတာနဲ့ အတူတူပါပဲတဲ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကို အပြစ်မရှိဘဲ ထောင်ချထားတဲ့ အတွက်ကြောင့် သူတို့ကို သက်သေထားပြီး ကမ္ဘာကို တင်ပြလို့ ရတယ်တဲ့။ အဲဒီအတွက်ကြောင့် သူတို့ အလုပ်တခု လုပ်နေတာနဲ့ အတူတူပါပဲတဲ့။ အဲဒီလို သူ ခံယူချက် ပြောင်းသွားတယ်။”
ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ မိခင် ဒေါ်အေးအေးသန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ ထည့်သွင်း ပြောဆိုနေတာ ဖြစ်သလို မြန်မာစစ်အစိုးရကိုလည်း ဖိအားပေးနေတာတွေ ရှိပေမဲ့ တိုးတက်တဲ့ လိုက်လျောမှုမျိုးတွေ မရှိခဲ့ဘူးလို့လည်း သုံးသပ်ကြပါတယ်။
တခါ မကြာသေးခင် ရက်ကတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ ထောင်ဝင်စာ တွေ့ရာမှာ အခက်အခဲ ကြုံနေရတာတွေကို ဘယ်လိုဥပဒေတွေနဲ့ ကန့်ကွက် တောင်းဆိုနိုင်သလဲ ဆိုတဲ့ ထောင်စည်းမျဉ်း စည်းကမ်းဆိုင်ရာ စာအုပ်တအုပ်ကို ဖြန့်ဝေသွားဖို့ စီစဉ်နေတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
http://www.voanews.com/burmese/news/political-prisoners-111856269.html
Blink hacker group
စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်မြောက်လိုကြသော မြန်မာပြည်သူပြည်သားများ ခင်ဗျား-
ကျွန်တော်တို့ Blinkhackergroup မှ ကမကထပြုလုပ်ပြီး စစ်အာဏာရှင်နှင့် ၄င်းတို့ကို ကျားကန်ပေးနေသော ဒေါက်တိုင်မီဒီယာများကို အင်တာနက်စစ်ပွဲတရပ်ဆင်နွဲသွားပါမည်။
ကျွန်တော်တို့ BHG အုပ်စုသည် ရတနာပုံဝက်ဘ်ပေါ်တယ် ( Yatanarpon Web Portal) အပါအ၀င် စစ်အုပ်စု ၏ ၀က်ဘ်ဆိုက်များကို တိုက်ခိုက်လျက်ရှိပါသည်။
ဤကဲ့သို့တိုက်ခိုက်နေရာတွင် ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် စစ်အာဏာရှင်ကို မုန်းတီးသူတိုင်း ပါဝင်နိုင်ရန်အတွက် အထက်ပါအစီအစဉ်ကိုချမှတ်ခဲ့ကြ ပါသည်။
မိမိတို့အိမ်မှနေပြီး ချွေးတစက်မထွက်ဘဲ အထိရောက်ဆုံးနည်းလမ်းဖြင့် နအဖစစ်အာဏာရှင်တို့ကို ကောင်း ကောင်းဒုက္ခပေးနိုင်သည့် အစီအစဉ်တွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ကျွန်တော်တို့၏ ညီညွတ်မှုအားဖြင့် နအဖစစ်အာဏာရှင်တို့ကို အင်တာနက်ပေါ်တွင် တိုက်ခိုက်ကြပါစို့။ စစ်အာဏာရှင်တို့၏ ဒေါက်တိုင်များကို တခုပြီးတခု ဖြိုချသွားကြပါစို့။
ဤနည်းလမ်းဖြင့်တိုက်ခိုက်ခြင်းသည် သင့်ကို မည်သည့်အန္တရာယ်မှ မကျရောက်စေပါ။ သင်တို့၏ IP ကို လိုက်ရှာ၍မရနိုင်သော DDOS Bot စနစ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပါသည်။
ကျန်ရှိသည့် အချက်အလက်များကို သိလိုပါလျှင် http://blinkhackergroup.blogspot.com/ သို့ လာရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်
BHG
ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန
ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန
ကျနော်က အဲဒီ အချိန်တုန်းက ၉ တန်း ကျောင်းသား အဖြစ် အ ထ က (၁) ဒဂုံမှာ ကျောင်းတက်နေဆဲ ဖြစ်ပါတယ်။ ဒီဘက်ပိုင်း ၈၈ အရေးတော်ပုံ ကာလ အခေါ်အဝေါ် နဲ့ဆိုရင် အကသ ကျောင်းသားပေါ့။
ကျနော်တို့ အိမ်က လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာကို အမြဲယူပါတယ်။ သတင်းစာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် ကွယ်လွန်တဲ့အကြောင်း၊ ရုပ်ကလာပ်ကို မိသားစုက မြန်မာပြည် ပြန်ယူပြီး ဦးနေ၀င်း အစိုးရက ကြံတော သင်္ချိုင်းမှာ မြှုပ်နှံခွင့် ပေးတဲ့ အကြောင်း ဖတ်ရပါတယ်။ ဦးသန့်ကို မြှုပ်နှံမယ့် ဂူနေရာက ဦးနေ၀င်းဇနီး ဒေါ်ခင်မေသန်းအုတ်ဂူရဲ့ ခြေရင်း နေရာမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ လူတချို့က ဒီလိုမိန်းမရဲ့ ခြေရင်းမှာ မြှုပ်နှံရမလား ဆိုပြီး မကျေနပ်တဲ့ ပြောဆိုသံတွေကိုလည်း ကြားခဲ့ရပါတယ်။
ကျနော် ကိုယ်တိုင်ကလည်း သတင်းစာဖတ်ပြီး တွေးမိပါတယ်။ ဒီလို အထင်ကရ ပုဂ္ဂိုလ်တဦးကို ကြံတောလို နေရာမှာ မြှုပ်ရလားလို့ ရင်ထဲမှာ ဘ၀င်မကျ ဖြစ်ခဲ့မိပါသေးတယ်။ ဟိုနိုင်ငံ(အမေရိကား) မှာဆိုရင် အခမ်းအနား ကြီးကြီး ကျယ်ကျယ်နဲ့ ဂုဏ်ပြုပြီး သင်္ဂြိုဟ်မှာလို့ တွေးမိပါတယ်။
အဲဒီနောက် ကျနော် ကျောင်းတက်တဲ့အခါ ကျောင်းမှာ နောင်တော် တက္ကသိုလ်ကျောင်းသားကြီးများက ဦးသန့် အလောင်းကို လုယူမယ်ဆိုတဲ့ သတင်းကို ကျနော်တို့ ကျောင်းသားတွေကြားမှာ သတင်း တော်တော် ပျံ့နေပါတယ်။ ကျောင်းသား တော်တော် များများကလည်း ဒီသတင်းကို စိတ်ဝင်တစားရှိကြပြီး တိုးတိုးတိတ်တိတ် ပြောကြ ဆိုကြပါ တယ်။
ဘာဖြစ်လို့ တိုးတိုးတိတ်တိတ် ပြောဆိုကြလဲ ဆိုရင် ကျနော်တို့ ကျောင်းမှာ ထိပ်တန်းအစိုးရ အရာရှိကြီးများရဲ့ သားသမီးများ ရှိနေကြလို့ပါ။ ကျနော်တို့ ရပ်ကွက်ထဲမှာလည်း ဒီသတင်း တော်တော်ပျံ့ နေပါတယ်။
ဒီလိုနဲ့ အသုဘ ချတဲ့ နေ့ကို ရောက်လာပါတယ်။ နေ့ခင်းလောက်မှာပဲ ဦးသန့်အလောင်းကို တက္ကသိုလ် ကျောင်းသား များက လမ်းကနေ ဖြတ်လုပြီး ပင်မတက္ကသိုလ် (မိန်း) ထဲကို ယူဆောင် သွားတယ်ဆိုတဲ့ သတင်းကို ကြားရပါတော့ တယ်။
နောက်တနေ့မှာပဲ (ကျောင်းပိတ်ရက်လို့ ထင်ပါတယ်) ကျနော့် ဘေးအိမ်က အစ်ကိုတယောက်က ကျောင်းထဲ သွားမယ် လိုက်မလားလို့ခေါ်ပါတယ်။ သူက ဘူမိဗေဒ ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ တက္ကသိုလ် ကျောင်းသားတယောက်ပါ။
ကျနော်က လိုက်မယ် ဆိုပြီး မနက် ၁၁ နာရီလောက်မှာ သူနဲ့ ကျနော် တက္ကသိုလ် ကျောင်းကို လိုက်သွားခဲ့ ပါတော့တယ်။
ကျနော်တို့ ဘုန်းကြီးလမ်း စံပြ ရုပ်ရှင်ရုံ ရှေ့ကနေ အမှတ် ၉ လိုင်းကားကို စီးခဲ့ကြပါတယ်။ ပြည်လမ်း မာလာဆောင် မှတ်တိုင်ရောက်တော့ ဆင်းပြီး မာလာဆောင် အပေါက်ဘက်ကနေ ၀င်ခဲ့ကြပါတယ်။ မာလာဆောင် ၀င်ပေါက်မှာ ကားဝင်တဲ့ ၀င်ပေါက်ကို ပိတ်ထားပြီး လူဝင်ပေါက်ကိုသာ ဖွင့်ပေးထားပါတယ်။ ၀င်ဝင်ခြင်း ကားဝင်တဲ့ ၀င်ပေါက်ရဲ့ အနောက်ဘက်မှာ စားပွဲကြီး ၂ လုံး ဆက်ပြီး အပေါ်က အ၀တ်စ (အနီရောင်လား၊ အစိမ်းရောင်လား မမှတ်မိတော့ပါ) အကြီးကြီး တခု ခင်းထားပါတယ်။ အဲဒီ အပေါ်မှာငွေအကြွေတွေ အများကြီးနဲ့ ငွေစက္ကူ ပိုက်ဆံပုံကြီးကို တွေ့ရပါတယ်။ လာသမျှ လူတွေက အလှူငွေတွေ ထည့်ကြတာပါ။
စားပွဲဘေးမှာတော့ နဖူးမှာ အ၀တ်စ အနီစည်းပြီး လွယ်အိတ် စလွယ်သိုင်းထားတဲ့ ကျောင်းသား ၂ ယောက် ရပ်စောင့် နေတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း ပါလာတဲ့ အိမ်က မုန့်ဖိုးကို အပြန် လမ်းစရိတ်ချန်ထားပြီး အလှူငွေထဲ အကုန်ထည့်ခဲ့ ကြပါတယ်။ အဲဒီအချိန်မှာ ၀င်လာကြတဲ့ လူတွေလည်း တော်တော်များပါတယ်။ ပွဲတော်ကြီး တခုလို စည်စည်ကားကား ဖြစ်နေပါတယ်။
ဦးသန့်ရဲ့အခေါင်းကို ဘွဲ့နှင်းသဘင် ခန်းမကြီးထဲမှာ ထားပါတယ်။ ပြည်သူတွေက ဘွဲ့နှင်းသဘင် မျက်နှာစာဘေး ဘယ်ဘက် အပေါက်က၀င်၊ ညာဘက် အပေါက်က ထွက်ပြီး ဦးသန့်ရုပ်ကလာပ်ကို ဂါရ၀ ပြုကြပါတယ်။ စံနစ်တကျနဲ့
တန်းစီပြီး ဂါရ၀ ပြုကြပါတယ်။
ဘွဲ့နှင်းသဘင် ခမ်းမရဲ့ရှေ့ တည့်တည့် မျက်နှာစာ လှေကားထစ် အပေါ်ဆုံးမှာ တရားဟောစင်ကလေး တခုရှိပါတယ်။ အဲဒီကနေပြီးတော့ ကျောင်းသားများက တဦးပြီးတဦး တရားတက်ဟောကြပါတယ်။ ဘွဲ့နှင်းသဘင် မျက်နှာစာ ရှေ့က ပန်းခြံနဲ့ ဘယ်ဘက်ခြမ်း ကမူလေးပေါ်မှာ ရှိနေတဲ့ သစ်ပင်ပေါ်တွေနဲ့ နေရာအနှံ့ အပင်ပေါ်တွေမှာ လော်စပီကာတွေကို ချိတ်ဆွဲထားကြပါတယ်။ တရားဟော တဲ့ အသံကို ဟိုးခပ်ဝေးဝေးကတောင် ကြားကြ ရပါတယ်။
ဗုံးခွဲခံခဲ့ရတဲ့ တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ နေရာမှာ ဦးသန့် ရုပ်ကလာပ်ကိုမြှုပ်နှံဖို့ ကျောင်းသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဗိသုကာ ပညာရှင် ကျောင်းသားတွေက ဦးသန့်ရဲ့အုတ်ဂူကို ပုံစံဆွဲပြီး လာရောက်ကြတဲ့ ပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေ အားလုံး ၀ိုင်းဝန်း လုပ်အားပေး ကြတာပါ။ ကျနော်တို့လည်း အုတ်တွေ ၀ိုင်းသယ်ပြီး စီပေး၊ ဘိလပ်မြေ (မဆလာ) တွေ ၀ိုင်းသယ်ပေးနဲ့ တပျော်တပါးကြီး လုပ်အားပေးပါတယ်။
နောက်ပြီး ပြည်သူတွေက ကျောင်းသားတွေစားဖို့ ထမင်းထုပ်တွေ လာလှူဒါန်းကြပါတယ်။ ထမင်းထုပ်ပုံကြီးက တော်တော်ကြီးပါတယ်။ ကြိုက်တဲ့သူ ယူစားနိုင်ပါတယ်။ နောက်တခုက ကျနော်တို့ ရှေ့တင်ပဲ ဒေါ့ဂျစ်ကားကြီးနဲ့ အသက် ၅၀ ၀န်းကျင်လောက် ရှိတဲ့ အမျိုးသမီးကြီးတယောက် အအေးပုလင်းတွေ ကားတစီးတိုက် လာပြီး လှူတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်း ယူပြီး ဘွဲ့နှင်းသဘင် မျက်နှာစာရှေ့ အရိပ်ရတဲ့ အပင်တွေအောက်မှာ အနားယူ စားသောက်ရင်း ကျောင်းသားတွေ ဟောတဲ့ တရားကိုနားထောင်လိုက်၊ လက်ခုပ်လက်ဝါးတီး အားပေးလိုက်နဲ့ ကျောင်းမှာ တနေကုန်တာပါပဲ။ ညနေစောင်းလောက်မှပဲ အိမ်ပြန်လာကြပါတယ်။
နောက်တနေ့ မှာလည်းပဲ မနေ့ကလိုပဲ ဘတ်စ်ကားစီး၊ မာလာဆောင်မှာ ဆင်း၊ ပါလာတဲ့မုန့်ဖိုးထဲက ကားခ ချန်ပြီး ကျန်တာအကုန် အလှူငွေထည့်၊ အုတ်ဂူအတွက် လုပ်အားသွားပေး ခဲ့ပါတယ်။ ဒီနေ့မှာတော့ လူကပိုများလာ သလိုပဲ။ နောက်ပြီး သံတမန်တွေ လာပြီး ဂါရ၀ပြုတာကိုလည်း တွေ့ရပါတယ်။
ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟော စင်ငယ် ကနေပြီး ကျောင်းသားတွေက “နိုင်ငံခြား သံရုံးတွေက သံတမန်များ၊ နိုင်ငံခြားသားများ၊ ဧည့်သည်များ လာရောက် ဂါရ၀ပြုနေပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူတွေက နိုင်ငံကြီးသား ပီသစွာ စည်းကမ်းတကျ ပြုမူနေထိုင်ကြပါ။ နောက်ပြီး ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေ ကျောင်းထဲ ရောက်နေတာကို ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ လုပ်စရာ ရှိတာကို ဆက်လုပ်သွားမယ်။ သတိရှိကြပါ” ဆိုပြီး မကြာခဏ ကြေညာပါတယ်။
ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေဆိုတာ ထောက်လှမ်းရေးတွေနဲ့ ဗိုလ်နေ၀င်း အလိုကျ ပါတီ ကောင်စီဝင်တွေကို ပြောတာပါ။ ကျနော်တို့လည်း ကျနော်တို့ ရပ်ကွက်က ကောင်စီဥက္ကဋ္ဌနဲ့ မျက်နှာချင်းဆိုင် တွေ့ပါသေးတယ်။ အဲဒီအခါမှာ သူ့ မျက်နှာ ပျက်သွားတာကို တွေ့ရပါတယ်။
ကျောင်းဝန်း ထဲကိုလည်း စစ်တပ်က ၀င်ပြီး စီးမယ့် သတင်းတွေ ထွက်နေပါတယ်။
အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်းယူပြီး သစ်ပင်အောက် သွားနားရင်း တရားဟောတာ နားထောင်လိုက်နဲ့ မနေ့က အတိုင်းပါပဲ။ ထူးခြားတာကတော့ ဒီနေ့မှာ လူပိုပြီးများလာပါတယ်။
အဓိပတိ လမ်းမကြီး တလျှောက် လူတွေဝင်လိုက်ထွက်လိုက်နဲ့ အတော့်ကို စည်စည်ကားကား ဖြစ်နေပါတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟောစင် မှာလည်း ကျောင်းသားတွေတယောက်ပြီးတယောက် တရား တက်ဟောတာ အဆက်မပြတ်ပါပဲ။ အဲဒီထဲမှာ အသက် တော်တော်ငယ်တဲ့ ကျောင်းသူ တယောက်လည်း တရား တက်ဟောတာကို တွေ့ ရပါတယ်။ တော်တော်သတ္တိရှိပုံရပြီး ကျောင်းသားတွေ ကြားထဲမှာ မိန်းကလေးဆိုလို့
သူတယောက်တည်း ဖြစ်ပုံရပါတယ်။ နောက်ပြီး ကျနော့် အိမ်ရဲ့ တဘက်လမ်းထဲက ကျနော် သိတဲ့ ကျောင်းသား အစ်ကိုကြီး တယောက်ကိုလည်း တရားဟောတဲ့ အထဲမှာ ပါတာကို တွေ့ရပါတယ်။ သူက ဟိန္ဒူ-ဗမာ ကပြား တယောက်ပါ။ အဲဒီအရေးအခင်း အပြီးမှာ အဖမ်းခံရတယ်လို့လည်း ကြားပါတယ်။
ကျောင်းသားတွေဟောတဲ့ တရားထဲက ကျနော် မှတ်မိတဲ့ ပုံပြင်တပုဒ်ရှိပါတယ်။ အခုချိန်ထိ အဲဒီပုံပြင်ကို စိတ်ထဲမှာ စွဲနေပါသေးတယ်။
အဲဒါကတော့ “တခါတုန်းက ဗမာပြည်ကြီးဟာ ဆင်းရဲလွန်းလို့ ဦးနေ၀င်းနဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေဟာ ဘယ်လိုလုပ်ရ ကောင်းမလဲ ဆိုပြီး လေယဉ်ပျံ တစင်းပေါ် တက်ပြီး ကောင်းကင်ကနေ ဗမာပြည်ကြီးကို ၀ဲပြီး ကြည့်ကြပါတယ်။ ဦးနေ၀င်းက သူ့ ၀န်ကြီး အဖွဲ့ဝင်တွေကို ဘယ်လိုလုပ်ရင် ဗမာပြည်ကြီး ချမ်းသာမလဲ ဆိုတာကို အကြံတောင်း ပါတယ်။ အဲဒီ အခါမှာ ၀န်ကြီးတယောက်က ကောင်းကင်ကနေ ရွှေတွေကြဲချလိုက်ရင် ကောင်းမယ်၊ တခြား တယောက်ကလည်း စိန်တွေ ကြဲချ လိုက်ရင်ကောင်းမယ်၊ နောက်တယောက်ကလည်း ငွေတွေကြဲချလိုက်ရင် ကောင်းမယ်ဆိုပြီး တယောက် တပေါက် အကြံ ပေးကြပါတယ်။ အဲဒီမှာပဲ လေယာဉ်မောင်း (ပိုင်းလော့) က ဦးနေ၀င်းနဲ့ ၀န်ကြီး အဖွဲ့ဝင်တွေကို ဗမာပြည်ကြီး တကယ်ချမ်းသာတာကို မြင်ချင်ကြလား ဆိုပြီးမေးပါတယ်။ အားလုံးက မြင်ချင်ပါတယ်ပေါ့။ အဲဒါဆို သူပြောတဲ့ အတိုင်း လုပ်မလားပေါ့။ လုပ်ပါ့မယ်ပေါ့။ ဒါဆိုရင် အခု လေယာဉ်တံခါးကို ဖွင့်ပြီး အားလုံး တယောက်ပြီး တယောက် အောက်ကိုသာခုန်ချကြ ပေတော့လို့ ပြောလိုက်ပါတော့တယ်” ဆိုတဲ့ ပုံပြင်ပါ။
နားထောင်ကြတဲ့ လူတွေဟာ လက်ခုပ်တွေတီးပြီး အော်ဟစ် သြဘာပေးလိုက်ကြတာ ကျောင်းဝန်း တဝန်းလုံး မိုးထိအောင် အသံတွေ ဆူညံသွားသလိုပါပဲ။
အဲဒီညနေ အိမ်မပြန်ခင် အချိန်မှာပဲ ကျောင်းကို စစ်တပ်က ၀င်စီးတော့မယ်၊ ကျောင်းသားကြီးတွေက ကျောင်းသား ငယ် တော်တော်များများကို ရှောင်ခိုင်းနေတယ်၊ အမာခံလောက်သာ ဦးသန့်အုတ်ဂူအတွက် ကျန်နေရစ်မယ် စတဲ့ သတင်းတွေကို ကြားရပြီး ကျနော်တို့လည်း အိမ်ပြန်လာကြပါတော့တယ်။
နောက်ရက်ပိုင်းမှာပဲ အစိုးရ စစ်တပ်က ညဘက် ကျောင်းကို ၀င်စီး၊ ဦးသန့် အခေါင်းကို ဘူဒိုဇာနဲ့ တိုက်ယူပြီး အခု
ရွှေတိဂုံဘုရား တောင်ဘက်မုခ် သခင်ကိုယ်တော်မှိုင်း အုတ်ဂူဘေးမှာ မြှုပ်နှံခဲ့ပါတယ်။ ဦးသန့်အခေါင်းကို ကာကွယ် ခဲ့တဲ့ အမာခံကျောင်းသားများ အဲဒီမှာပဲ ကျဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂ အလံဟာ ကျောင်းသား သွေးတွေ စွန်းခဲ့ ရပါတယ်။ ကျောင်းသား တော်တော်များများလည်း အဖမ်းခံခဲ့ ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ကျနော့် ဘ၀မှာ ကျောင်းသားတွေရဲ့ စုစည်းညီညွတ်မှုနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို မြင်ခဲ့ရတဲ့ ပထမဦးဆုံး အကြိမ် အဖြစ်အပျက် တခုပါ။
ဒီဆောင်းပါးလေးနဲ့ အရေးတော်ပုံတိုင်းမှာ ကျဆုံးသွားကြတဲ့ ကျောင်းသားကျောင်းသူ၊ ရဟန်း ရှင်လူ အပေါင်းကို အလေးပြုလိုက်ပါတယ်။
(ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး အာရှတိုက်တွင် ပထမဆုံးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ ၁၀၁ နှစ်မြောက် မွေးနေ့ဖြစ်သည်)
http://www.irrawaddy.org/bur/index.php/special/2010-03-04-07-10-48/5231-2010-12-14-11-16-46
ဒုတိယ ပင်လုံမှသည် အနာဂတ် ပြည်ထောင်စု ဆီသို့
ဒုတိယ ပင်လုံမှသည် အနာဂတ် ပြည်ထောင်စု ဆီသို့
(၂၀၁၀) ရွေးကောက်ပွဲဝင် ပါတီတွေ အနေနဲ့ (၁၉၉၀) ရွေးကောက်ပွဲဝင် ပါတီတွေက ဒုတိယ ပင်လုံ ညီလာခံခေါ်ယူရေး အစီအစဉ်ကို လက်ခံ သဘောတူခြင်းဟာ တိုင်းပြည်အတွက် တကယ့် ရင်ခုန်စရာ တစ်ခုပါ။ ဆန့်ကျင်ဘက်တွေ မဖြစ်ဘဲ တိုင်းပြည် ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး အခြေခံမူ အပေါ် စုစည်းသွားခြင်းဟာ တိုင်းပြည်အတွက် ကောင်းသော လက္ခဏာ တခုပါ။ ဆိုတော့ (၂၀၁၀) ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ မြန်မာ (ဗမာ) အမျိုးသား ဒီမိုကရက်တစ် ပါတီတွေ အနေနဲ့ရော ဒုတိယ ပင်လုံ ညီလာခံကို လက်ခံ နိုင်မှာလားဆိုတာ မေးစရာတစ်ခုပါ။ သေချာတဲ့ သမိုင်းတခုကတော့ (၁၉၄၇) နိုင်ငံတော် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေဟာ ပင်လုံမူနဲ့ သွေဖယ်ခဲ့တာကြောင့် လွတ်လပ်ရေးနဲ့ အတူ ပြည်တွင်း စစ်ကြီးကိုလည်း မွေးဖွား စေခဲ့တယ်ဆိုတာ မေ့မထားသင့်ပါဘူး
ဒီဇင်ဘာ (၈) ၂၀၁၀၊ ၁း ၄၄ နံနက်
ဒို့လုံချည်
(အသစ်ပြဌာန်းလိုက်သည့်၂၀၁၁ ခုနှစ်တွင် ထုတ်ဝေမည့် ဒုတိယတန်းဖတ်စာ စာအုပ်၊
မြန်မာနိုင်ငံတွင် အသစ်ပြောင်းလဲလိုက်သော နိုင်ငံတော် အလံသစ်အား ၂၀၁၁ပညာသင်နှစ်မှ စတင်ကာဒုတိယတန်း သင်ခန်းစာ၌ အသစ်ပြောင်းလဲ သင်ကြားပေးတော့မည် ဖြစ်ကြောင်းသိရပါတယ်။“အလံကတော့ ခိုးလာတာလို့ကြားပါတယ်။ ဘယ်က ခိုးလာတယ်ဆိုတာတော့မသိပါဘူး။ဘာပဲပြောပြော နေ့တိုင်း အလေးပြုနေရလို့ အဓိပ္ပါယ်ကို သိထားချင်ပါတယ်။”လို့ မူလတန်း ကျောင်းသားတဦးက ပြောကြား သွားပါတယ်။“အလံအသစ်နဲ့ပတ်သက်တဲ့ အရောင်တွေရဲ့  အကြောင်းတွေ.ဘာတွေကိုတော့အလံအသစ်ဖြစ်တဲ့အတိုင်း ပို့စ်မော်ဒန် နည်းနဲ့ အဓိပ္ပါယ်ဖွင့် ဆိုထားမယ်.ဒါကိုသင်ပေးရမယ်လို့ သိရပါတယ်” ဟုလည်း မူလတန်းသင် ဆရာမတဦးက ပြောပါတယ်။ယခုအလံတော်သစ်ဟာ နအဖအစိုးရက ပြည်သူ့ဆန္ဒမပါရှိပဲလဲလှယ်ခဲ့ခြင်းဖြစ်ပြီးတော့ အလံပြောင်း အခမ်းအနား ကိုလည်းတိတ်တခိုးကျင်းပခဲ့တာဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ ရန်ကုန်မြို့တော်ခန်းမ အလံသစ် လဲလှယ် လွှင့်ထူပွဲမှာ မြို့ တော်ဝန် ဦးအောင်သိန်းလင်းအလံကိုင်ပြီး ထွက်လာစဉ် လမ်း၃၀ နေ အရူးမတဦးက “အဲဒါ ငါ့ ထမီ- ငါ့ထမီ”ဆိုပြီး အတင်း ၀င်လုနေလို့ အလံတင်အခမ်းအနားကို မိနစ် ၃၀ နောက်ကျပြီးမှကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
(ဖတ်စာ- ၁)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာသင်ရိုးညွှန်းတန်း၊ သင်ရိုးမာတီကာနှင့်ကျောင်းသုံစာအုပ် ကော်မတီ- စာမျက်နှာ- ၁ မှ)
(ပြည်တွင်း သတင်းထောက် သတင်းပေးပို့သည်)
လှုပ်ရှားမှု
တော်ရာမှာနေရလည်း
နေ့စဉ်ပဲ မမေ့ပါမမြဲ --- ။
မွေးဖွားကြီးပြင်းခဲ့ရာ
အမိမြေအရေးကိုယ့်အရေးပေမို့
အာဏာရှင်စနစ်ဆိုးကို
ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့တွ
နည်းအမျိုးမျိုးနဲ့ကြိုးစားရာမှ
တတ်စွမ်းသမျှပါဝင်ကာတော်လှန်ေ
လှုပ်ရှားမှုတွေရှိနေသမျှ
ပြောင်းလဲမှုတွေရှိနေလိမ့်မယ်
သေချာတာတခုက
ပြည်သူလူထုရဲ့ဆန္ဒတွေကို
ရေရှည်တားဆီးထားနိုင်တဲ့
ဘယ်ဖောက်ပြန်တဲ့အစိုးရမှ
ကမ္ဘာပေါ်မှာမရှိသေးလို့
သွေးခြင်းညီတဲ့အင်အားစုတွေကိုစု
ဒုတိယအကြိမ် မြန်မာ့လွတ်လပ်ရေးအတွက်
ကျုပ်တို့ရဲ့ ဆန္ဒတွေကို
နည်းအမျိုးမျိုးနဲ့ဝိုင်းပြ
အာဏာရှင်ယန္တယားပျက်သုံးကာ
ဒီမိုကရေစီလူ့ဘောင်ဆီရောက်မှာ --- ။