Wednesday, December 15, 2010

15 Dec 2010 ဒိုင်ယာရီ


gmail user
 
Download all attachments  

one part Dominate2doc.pdfone part Dominate2doc.pdf
226K   View   Download  
15 Dec 2010 Yeyintnge's Diary.pdf15 Dec 2010 Yeyintnge's Diary.pdf
2871K   View   Download  
15 Dec 2010 Yeyintnge's Diary.doc15 Dec 2010 Yeyintnge's Diary.doc
1800K   View   Download  

http://www.mediafire.com/file/0ym9b19xk37qkw4/15%20Dec%202010%20Yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/rb9lhwd56dqm5qd/15%20Dec%202010%20Yeyintnge%27s%20Diary.doc

15 Dec 2010 Yeyintnge's Diary

မြန်မာနိုင်ငံကို တရားမဝင် ပစ္စည်းတင်သွင်းသည့် ကနေဒါ လေယာဉ်ကုမ္ပဏီ အမှုကြားနာ


2010-12-15
စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံကို Kenn Borek Air Ltd လို့ ခေါ်တဲ့ ကနေဒါနိုင်ငံအခြေစိုက် လေယာဉ်ကုမ္ပဏီက ၂၀၀၇ နိုဝင်ဘာလမှာ လေယာဉ် အစိတ်အပိုင်းတွေ ရောင်းချခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာ ၁၄ ရက် မနေ့က ကနေဒါ တရားရုံးတခုမှာ စတင် ကြားနာစစ်ဆေးခဲ့ပါတယ်။
(Photo: MilborneOne/WikiMedia)
ကနေဒါနိုင်ငံ de Havilland Canada ကုမ္ပဏီမှ ထုတ်လုပ်သော DHC-6 တွင်အော်တာ လေယာဉ်သည် ခရီးသည် ၂၀ တင်ဆောင်နိုင်ပြီး ပြေးလမ်းတိုဖြင့် ဆင်းတက်နိုင်ပါသည်။ (Photo: MilborneOne/WikiMedia)
DHC-6 အမျိုးအစား တွင်အော်တာလေယာဉ်နဲ့ အခြား လေယာဉ် အစိတ်အပိုင်း ၁၄၉ ခု ရောင်းချခဲ့တဲ့ အထောက်အထားတွေကို နှစ်နှစ်ကျော်ကြာအောင် စုံစမ်း ထောက်လှမ်းခဲ့ရတယ်လို့ ကနေဒါသွင်းကုန် ထုတ်ကုန် ကြီးကြပ်ရေးအေဂျင်စီ (CBSA) ရဲ့ပြောခွင့်ရသူ Sean Best က ပြောပါတယ်။
ကျနော်တို့ ဒီအမှုကို ဖိအားပေး ဆောင်ရွက်နေတာပါ။ အခုတော့ တရားရုံးတင်နိုင်ပါပြီ၊ ဒီကနေ့ အမှုကို စတင် ကြားနာစစ်ဆေးနေပါပြီ။ အသေးစိတ် အချက်အလက်တွေကိုတော့ တရားရုံးက မစီရင်၊ မဆုံးဖြတ်ရသေးခင် ထုတ်ပြောလို့ မရသေးပါဘူးလို့ သူက ပြောသွားပါတယ်။
လေယာဉ်ပစ္စည်းတွေ တင်ပို့ ရောင်းချမှုမှာ အဓိကတာဝန်ရှိတဲ့ ကုမ္ပဏီ မန်နေဂျာဟောင်းကိုလည်း တရားစွဲဆို ထားပါတယ်။ အမှုထင်ရှားရင် အကောက်ခွန် ဥပဒေအရ ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ငါးသိန်း သို့မဟုတ် ထောင်ဒဏ်ငါးနှစ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံနိုင်ဖွယ်ရှိတဲ့အပြင် ကုန်ပစ္စည်းတင်ပို့မှု ဆိုင်ရာ ဥပဒေအရဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
ဒီအကြောင်း အသေးစိတ်ကို RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
လေယာဉ်ကုမ္ပဏီအမှု
အသံဖိုင်ယူရန်
http://www.rfa.org/burmese/news/court_hearing_on_lawsuit_against_canadian_company-12152010114056.html

ဒု-ပင်လုံညီလာခံ၊ ဒေါ်စုနှင့်အပြန် အလှန်မေးဖြေ

ဒု-ပင်လုံညီလာခံ၊ ဒေါ်စုနှင့်အပြန် အလှန်မေးဖြေ

E-mail Print
သျှမ်းတေးသံရှင် ဆခဟဟာ တော်လှန်ရေးသမား တယောက်ဖြစ်သလို လက်ရှိမှာ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ လက်ထောက် အယ်ဒီတာလဲဖြစ်ပါတယ်။ သူ့ရဲ့ ဒေါ်စုလွတ်လပ်မှုသင်္ကေတ ဆိုတဲ့သီချင်းကို  ဒီရက်ပိုင်းမှာ RFA ကနေ မကြာခဏ ထုတ်လွှင့် ပေးတာ သောတရှင်များ မှတ်မိကြမှာပါ။

ဒေါ်စုအတွက် သျှမ်းတော်လှန်ရေးသမားတယောက်ရဲ့မေးခွန်းက ဒီလိုပါ။

မေး။    ။လေးစားအပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော်တို့မေးချင်တာက ဒေါ်စုပြောတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျနော် တို့တိုင်းရင်းသားတွေကလဲ အားလုံးဝိုင်းပြီး ကြိုဆိုထောက်ခံကြတယ်။ မျှော်လင့်ကြတယ်။  ဒါကြောင့် (၁) ၂၁ ရာစုပင်လုံ ညီလာခံစီစဉ်နေတာ ဒေါ်စုအဖို့ ဘာအဓိကအခက်အခဲတွေရှိမယ်ထင်သလဲ၊ (၂) ကျနော်တို့ သျှမ်းသံတော်ဆင့်သတင်းစဉ် Shan Herald and Agency for News အပါအ၀င် ပြည်ပတိုင်းရင်းသား မီဒီယာတွေက ဘာတွေ ဘယ်လိုကူညီနိုင်မလဲ။ ဘယ်လို ပံ့ပိုး သင့်တယ် လို့ထင်လဲ။ (၃) လက်နက်ကိုင် အပစ်ရပ် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုထည့်သွင်းစဉ်းစားမလဲ။ ဘယ်လိုဆက်စပ်မှုရှိနိုင်မလဲ။ အဲဒါတွေကို သိချင်မေးချင်ပါတယ်။

ဖြေ။    ။၂၁ ရာစုပင်လုံညီလာခံကိုတိုင်းရင်သားတွေက ကြိုဆိုကြတယ်။ ထောက်ခံကြတယ်။ ၀ိုင်းဝန်းပံ့ပိုး ချင်ကြတယ် ဆိုတာ ကြားရတော့ အင်မတန်မှ အားတက်ရပါတယ်။ ၂၁ ရာစု ဒုတိယပင်လုံညီလာခံ/ ဒုတိယပင်လုံ ကိုစီစဉ်ရာမှာ အကြီးမားဆုံး အခက် အခဲကတော့ နားလည်မှုလွဲမှားနေကြခြင်းဖြစ်ပါတယ်။ဒုတိယပင်လုံညီလာခံ ကိုဦးတည်တာဟာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းစဉ် ဖြစ်လို့ အင်မတန် အန္တရာယ်များတယ်လို့ထင်နေတဲ့လူတွေ လည်းရှိပါတယ်။ ကျမတို့ရဲ့ရည်ရွယ်ချက်က အမျိုးသား  ရင်ကြားစေ့ရေး ၊ ပြည်တွင်းပဋိပက္ခတွေချုပ်ငြိမ်းစေဖို့  ပြည်ထောင်စုသဘောတရားတွေကို အသေအချာ နားလည်ပြီး ပြည်ထောင်စုစိတ်ဓါတ်တွေခိုင်မာသန်စွမ်းစေဖို့ ဘဲဖြစ်ပါတယ်။   

ဒီနားလည်မှုလွဲမှားခြင်းဆိုတဲ့အခက်အခဲကို ကျော်လွှားနိုင်ဖို့ သျှမ်းသံတော်ဆင့်အပါအ၀င်မီဒီယာ အဖွဲ့တွေ က အများ ပြည်သူ နားလည်အောင်ဝိုင်းဝန်း ရှင်းလင်းပေးမယ်ဆိုရင်တော့ ကျမတို့အတွက် အများကြီး အထောက်အကူပေးမှာ ပါ။ ကျမတို့ဟာ တိုင်းရင်းသား အားလုံးကိုပြည်ထောင်စုသားတွေ အဖြစ်ခိုင်ခိုင်မာမာ ရပ်တည်စေချင်တာမို့လက်နက် ကိုင် အပစ်ရပ်တွေကိုလည်း ၂၁ ရာစုပင်လုံညီလာခံ ဖြစ်မြောက်အောင် ယုံယုံကြည်ကြည်နဲ့ ပါဝင်ကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဒါကတော့ သျှမ်းတော်လှန်ရေးသမားတယောက်ရဲ့မေးခွန်းတွေကို ဒေါ်စုဖြေကြားသွားတာပါ။

------------------------------
ထိုင်းနယ်စပ်တနေရာမှာ နေထိုင်တဲ့ ပလောင်တော်လှန်ရေးသမားတယောက်ဖြစ်တဲ့ အမိုင်အိုက်ဖုန်းကလဲ ဒေါ်စုကိုခုလို မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ( ဓါတ်ပုံ- www.rfa.org/burmese )
မေး။    ။ ကျနော့်နာမည် မိုင်အိုက်ဖုန်းလို့ခေါ်ပါတယ်။ ကျနော့်မိခင်အဖွဲ့အစည်းက PSLF ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦးဖြစ်ပါတယ် ။ ကျနော်ဥက္ကဌအဖြစ်နဲ့ တာဝန်ယူနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်လွတ် လာတာ အများကြီးဝမ်းသာ တယ်။ အားလည်းအားရတယ်။ ကျနော်မေးချင်တာကတော့ ဗမာပြည်နိုင်ငံရေးပြသနာ ကိုဖြေရှင်းနိုင်ရေးအတွက် သုံးပွင့်ဆိုင်ဆွေး နွေးရေးအပေါ်မှာ  ဆက်လက်ပြီးတော့်ဆောင်ရွက်ဖို့အစီအစဉ်ရှိသလား။ အားလုံးပါဝင်နိုင်တဲ့ အနေအထားအခင်းအကျင်းတွေ စီစဉ်ဖို့ရှိပါသလား လို့မေးချင်ပါတယ်။

ဖြေ။    ။ ကျမတို့ကို တိုင်းရင်းသားက ကြိုဆိုတယ် အားပေးတယ်ဆိုလို့ရှိရင်အစဉ် အမြဲဘဲဝမ်းသာ လျက်ပါ။ ကျမတို့လဲ တိုင်း ရင်းသားများ ပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေဖြစ်ဖို့ဆိုတာ နိုင်ငံအတွက်အဓိကကျတဲ့ကိစ္စ တခုဖြစ်တယ်လို့အမြဲဘဲစွဲကိုင်ထား တာမို့ ဒီအတိုင်းဘဲ ဖြစ်မြောက်အောင်ဆက်ပြီးတော့ ကြိုးစားလုပ်သွားမှာပါ။ ဘယ်တော့မှတိုင်းရင်းသားတွေကို ချန်ခဲ့ပြီးတော့မှ ကျမတို့သွားမှာမဟုတ်ပါဘူး။ ပြည်ထောင်စုတခုမှာဆိုရင် တိုင်းရင်းသားတွေကိုချန်ပြီးတော့ နိုင်ငံရေး အဖြေရှာဖို့ဆိုတာ ဘယ် တော့မှ မဖြစ်နိုင်ပါဘူး။  အဲတော့ ကျမတို့ဟာ တတ်နိုင်သမျှ အများပါဝင်နိုင်တဲ့ အခင်းအကျင်းတခုအမြန်ဆုံး ဖြစ်နိုင်စေဖို့ ကြိုး စားနေပါတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။ အဲလိုအခင်းအကျင်းတခုဖြစ်ပေါ်ဖို့လဲ  အားလုံးကနေ ၀ိုင်းပြီးတော့ ကူညီ ပေးကြပါလို့လဲ မေတ္တာရပ်ခံပေးချင်ပါတယ်။ 

-----------------------------------
ဒုတိယပင်လုံညီလာခံနဲ့ပါတ်သက်ပြီးနယ်သာလဲန်အခြေစိုက်ကိုဌေးဌေးကလဲ မေးထားပါတယ်။ သူက NLD အဖွဲ့ဝင် ဟောင်းတ ယောက်ပါ။

မေး။    ။ ဒေါ်စုခင်ဗျား။ ကျနော်ဟာ တချိန်က လှိုင်မြို့နယ် NLD အဖွဲ့ဝင်ဟောင်း ဖြစ်ပါတယ်။ အန်တီတို့ ဗမာပြည်တွင်းမှာ ပင်လုံညီလာခံပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစား နေတာဝမ်းသာပါတယ်။ ထို့အတူ ပြည်ပရောက်နေတဲ့ တိုင်းရင်းသား အဖွဲ့၊ မြန်မာပြည်အရေးဆောင်ရွက်နေတဲ့ ပြည်သူ/သားအတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဒေါ်စုအနေနဲ့လုပ်ငန်းစဉ် လေးတခု ချပေးနိုင်ရင်ပိုမိုပြီးကောင်းမွန်မလားလို့ အန်တီ့ဆီ အကြံဥာဏ်တောင်းခြင်းဖြစ်ပါတယ်။ အန်တီပြန်လည် စဉ်းစားပြီး တော့ ၀ိုင်းဝန်း လုပ်နိုင်ကြဖို့လုပ်ငန်းစဉ်လေး တခုလောက် ချမှတ်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဖြေ။    ။ စောစောက သျှမ်းသံတော်ဆင့်အဖွဲ့ကိုပြောတဲ့အတိုင်းဘဲ။ အန်တီတို့ရဲ့ ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် ဆိုတာ နားလည်မှုလွဲမှားတာကိုပပျောက်သွားအောင် ၀ိုင်းပြီးတော့ ကူညီနိုင်ကြမယ်ဆိုရင် အကောင်းဆုံးပါဘဲ။ ဒီလို ၂၁ ပင်လုံ ညီလာခံတခုခေါ်တာဟာ အမျိုးသားရင်ကြားစေ့ရေး အတွက် ဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ရဖို့မဟုတ်ဘူးဆိုတာကို အများက ရှင်းလင်းသိရှိအောင် ၀ိုင်းပြီးတော့ ကူညီပေးစေချင်ပါတယ်။ ဖက်ဒရယ်ဆိုတဲ့ အဓိပါယ်ကိုသိအောင် ၊ မကြောက်ကြ အောင်လို့ ပြည်ထောင်စုဆိုတဲ့  အဓိပါယ်ကိုသိအောင်၊ ပြည်ထောင်စုစိတ်ဓါတ်မွေးနိုင်အောင်လို့ ပြည်ပရောက်နိုင်ငံသူ/ နိုင်ငံသားများကြိုး စားပူးပေါင်းဆောင်ရွက်ပေး နိုင်ကြမယ်ဆိုရင် အန်တီတို့အတွက် အများကြီးအထောက်အကူပြုမှာပါလို့ပြောပါရစေ။

RFA (10 ,15/12/2010)
http://www.mongloi.org/burmese/

မြန်မာနိုင်ငံမှာ ကမောက်ကမ ဖြစ်နေတဲ့ စီးပွားရေးစနစ်ကြောင့် အာဏာရှိ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေ အကျိုးအမြတ် ဖြစ်ထွန်းနေကြတယ်

စီးပွားရေး တိုးတက်အောင် အစိုးရက ဥပဒေချမှတ် လုပ်ဆောင်ရမည်

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 14 ဒီဇင်ဘာ 2010


မြန်မာနိုင်ငံမှာ ကမောက်ကမ ဖြစ်နေတဲ့ စီးပွားရေးစနစ်ကြောင့် အာဏာရှိ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေ အကျိုးအမြတ် ဖြစ်ထွန်းနေကြတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ စီးပွားရေးစနစ်ကို အစိုးရက ဥပဒေနဲ့တကွ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပေမဲ့ လူထုအနေနဲ့ ကိုယ့်ဟာကိုယ် လုပ်ကိုင်ပြောင်းလဲနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ အမေရိကန်အသံရဲ့ Crossroads Asia အစီအစဉ်နဲ့ ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်ပါတယ်။

“တိုင်းပြည်တခုရဲ့ နိုင်ငံရေးမှာ စီးပွားရေး မူဝါဒဟာ သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ ပါဝင်ပါတယ်။ ဒီစီးပွားရေး မူဝါဒကို ပြောင်းလဲဖို့ဆိုတာ အစိုးရကလုပ်မှ ဖြစ်မှာပါ။ အစိုးရကိုယ်တိုင် မလုပ်ဘဲ စီးပွားရေးစနစ်ဆိုတာ မပြောင်းလဲနိုင်ပါဘူး။ ဥပမာ ဗမာကျပ်ငွေ လဲလှယ်နှုန်း မမှန်မကန် ဖြစ်နေတဲ့ ကိစ္စမျိုးပါ။ ပြည်သူတွေ ဘာမှ မတတ်နိုင်ပါဘူး။ အလားတူပဲ ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ အစိုးရက ဥပဒေပြဋ္ဌာန်းပြီး လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။”

အဲဒီလို မမှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေ ဘာ့ကြောင့် ရှိနေရသလဲဆိုတဲ့ မေးခွန်းကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“ဒီစနစ်ကြောင့် လူတချို့ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ထင်ပါတယ်။ သူတို့နဲ့ နီးစပ်သူတွေ၊ အာဏာအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေလည်း အကျိုးရှိနေကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီမူဝါဒတွေကို ပြောင်းလဲပစ်ဖို့ စိတ်မ၀င်စားကြပါဘူး။”

ဒီလို အခက်အခဲတွေ ရှိနေပေမဲ့ အပြောင်းအလဲတွေ ဖြစ်လာရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆက်လက် ရှင်းပြသွားပါတယ်။

“ကျမတို့ လုပ်နိုင်သမျှ အကုန် လုပ်နေကြပါတယ်။ ဥပမာအားဖြင့် စာနာမှု လုပ်ငန်းတွေ ရှိပါတယ်။ ကိုယ်က ထိုင်နေပြီး လူတွေကို ဘာလုပ်ကြ၊ ညာလုပ်ကြ ပြောလို့ မရပါဘူး။ ကိုယ်တိုင် လုပ်ပြရပါတယ်။ HIV စီမံကိန်း၊ ဥပဒေ အထောက်အကူပြု စီမံကိန်း၊ နိုင်ငံရေး အကျဉ်းသား ထောက်ပံ့ရေး၊ ကလေးသူငယ် အာဟာရဓာတ် ပြည့်ဝရေး စတဲ့ လုပ်ငန်းတွေ၊ ရေတွင်းတူးဖော်ရေး လုပ်ငန်းတွေ ရှိပါတယ်။ ဒါတွေဟာ လူထုအနေနဲ့ ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်ဆိုတာ ပြတဲ့သဘောလည်း ဖြစ်ပါတယ်။ အရာရာအတွက် အစိုးရကိုချည်း အားကိုးနေလို့ မရပါဘူး။”

ဗွီအိုအေ အမေရိကန်အသံ Crossroads Asia အစီအစဉ်ရဲ့ ဆက်သွယ် မေးမြန်းခန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/dassk-crossroads-asia-111891374.html

ပြည်တွင်းမှလူငယ်များနှင့်ဒေါ်အောင်ဆန်းစုကြည်လွတ်လပ်စွာတွေ့ဆုံရေး(ဒို့အရေး)

ဒေါ်အောင်ဆန်းစုကြည် တက်ကြွလူငယ်များနှင့် တွေ့ဆုံမည်
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မဟုတ်သည့် သီးခြားလူငယ် အဖွဲ့စည်းများမှ အသက် ၃၅ နှစ်အောက် လူငယ် တက်ကြွ လှုပ်ရှားသူများနှင့် ယခုလ၁၇ ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။

၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးကာလနောက်ပိုင်း ပေါ်ထွက်လာသော နိုင်ငံရေး နိုးကြားတက်ကြွသည့် လူငယ် အဖွဲ့အစည်းများ လူမှုရေး အသင်းအဖွဲ့ဝင်များကို ရန်ကုန် ရွှေဂုံတိုင် ရုံးချုပ်တွင် လက်ခံတွေ့ဆုံမည် ဖြစ်သည်။

“၂ဝဝ၇ နောက်ပိုင်း ကျမတို့ NLD ထဲလဲမဝင်ဘူး။ လူငယ်လေးတွေ အစုအဖွဲ့လေးတွေ အများကြီးရှိတယ်။ အဲဒီလူငယ်တွေ တော်တော်များများက အန်တီ လွတ်လာကထဲက တွေ့ဖို့ ပြောထားတာတွေ ရှိတယ်လေ” ဟု ပါတီ ဗဟို ဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။

“ ဒီပြည်တွင်းမှာတော့ ကျမတို့အကုန်လုံး တဖွဲ့နဲ့တဖွဲ့ သိနေ ကြတယ်။ အကုန်လုံး အချိတ်အဆက် မိနေတာပေါ့။ အဲလိုပုံစံမျိုးနဲ့ပဲ ဖိတ်တယ်။ လူဦးရေကတော့ လာတက်တဲ့နေ့ကျမှ သိနိုင်လိမ့်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိတ်တဲ့ လူတွေကလဲ အဲဒီ့အဖွဲ့ခေါင်းဆောင်တွေနဲ့ တဆင့်ပြီးတဆင့် ပြန်လှုပ်ရှားနေကြရတာ ဆိုတော့လေ” ဟု သူက ဆက်ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ယခုနှစ်လယ် ထုတ်ပြန်ချက်အရ တနိုင်ငံလုံး လူဦးရေ ၅၉ သန်းကျော်ရှိရာတွင် အသက် ၁၈ နှစ်နှင့် အထက် သန်း ၃ဝ ကျော် ရှိသည်။

တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်မည့် NLD ရုံးချုပ်ကို အာဏာပိုင်များက မျက်ခြေမပြတ် ပုံမှန် စောင့်ကြည့်နေသော်လည်း ဆွေးနွေးပွဲ တက်ရောက်မည့် လူငယ်များအတွက် စိုးရိမ်စရာမရှိဟု မဖြူဖြူသင်းက ပြောသည်။

“အခု လောလောဆယ် အခြေအနေက အန္တရာယ်ရှိလောက်တယ်လို့တော့ မမြင်မိဘူး။ ဒီမှာက
ဒေါ်အောင်ဆန်းစုကြည်တို့၊ အမတို့ကိုယ်တိုင်က နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ လူငယ်တွေနဲ့ ပတ်သက်ပြီး လုပ်ကိုင် ဆောင်ရွက်နေတဲ့ အခါ ဒီပြည်တွင်းမှာရှိတဲ့ လူငယ်တွေ လုပ်တာတော့ ဘာမှ ပြဿနာ
မရှိလောက်ဘူးလို့ မြင်တာပေါ့နော်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အချုပ်က လွတ်မြောက်လာပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ သံတမန်များ၊ မဟာမိတ် နိုင်ငံရေး အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများ၊ ပါတီအငယ်တန်း ခေါင်းဆောင်များနှင့် ဆက်တိုက်တွေ့ဆုံနေခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေက ပျယ်ပြယ်သည်ဆိုခဲ့သော သူ၏အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ဆက်လက် ရပ်တည်နိုင်ရေး အယူခံထပ်တင်ရန်လည်း ပါတီက ပြင်ဆင်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

နေပြည်တော်တရားရုံးချုပ်က NLD လျှောက်ထားချက်ကို နိုဝင်ဘာ ၂၂ ရက်က ပယ်ချခဲ့သော်လည်း အထူး အယူခံအဖြစ် ပြန်လည်လျှောက်ထားမည် ဖြစ်သည်။
http://mizzimaburmese.com/news/inside-burma/6598-2010-12-15-11-28-20.html

ဆိုဖာနောက်မှာမြှပ်ချီတခါပျောက်ချည်တလှည့်နှင့်....



ဆိုဖာနောက်မှာမြှပ်ချီတခါပျောက်ချည်တလှည့်နှင့်မတွေ့ရတော့သောဗိုလ်ချူပ်များကိုရှု့စား(အဲ..တွေ့မှမတွေရတော့တာ)ကျော်သာကြည့်ကြပါ။
တခြားအရေးတွေထားလိုက်ပါအုံး။။သာကီသွေးလဲမဟုတ် ။ တော်ဝင်မျိုးလဲမဟုတ် ။ဟိုလူ့သတ်ဒီလူဖြုတ်နဲ့ကျော်ခွပြီးဘုရင်ရူးရူးနေသူကစစ်သားအချင်းချင်းဒီလိုမျိုးအဆင့်ခွဲတာသေမယ်ဆိုအဲ့မှာတခါထဲသေလို့ရတယ်..
ရုရှားကပညာတတ်ညီငယ်များစဉ်းစားပါ..ဆိုဖာအပေါ်ကကနုတ်ပန်းတွေထပ်တပ်ထားတာကို...

အာဏာရလူတန်းစားက ရွေးကောက်ပွဲမဲလိမ်မှုတွေ၊ လက်ဝါးကြီးအုပ်မှုတွေကို တရစပ်ကျူးလွန်ခဲ့ကြတာကြောင့် ယနေ့တိုင် နိုင်ငံရေးပြဿနာတွေကိုရင်ဆိုင်နေကြရတယ်။

one part Dominate2doc.pdfone part Dominate2doc.pdf
226K   View   Download   

One Part Dominate Doc

ဗိုလ်ချုပ်မှူးကြီးကို ထုံပေပေဟု လီကွမ်ယု ပြော

ရန်ပိုင် Wednesday, 15 December 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များသည် “မိုက်မဲသောသူများ”၊ “ထုံပေပေ နိုင်သောသူများ” ဖြစ်သည်ဟု စင်ကာပူနိုင်ငံ၏ သြဇာတိက္ကမကြီးသော နိုင်ငံရေးခေါင်းဆောင် လီကွမ်ယုက ပြောကြောင်း ၀ီကီလိစ်က ပေါက်ကြားသည့် လျှို့ဝှက်စာတစောင်တွင် ဖော်ပြလိုက်သည်။

၂၀၀၇ ခုနှစ်က အမေရိကန်အစိုးရ အရာရှိများနှင့် မစ္စတာ လီကွမ်ယုတို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြောင်း အမေရိကန် သံတမန် လျှို့ဝှက်ပေးစာတွင် ရေးသားထားခြင်းဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံရခြင်းမှာ “လူသေများနှင့် စကားပြောရသလိုပဲ” ဟုလည်း မစ္စတာလီကွမ်ယုက ပြောထားသည်။

တရုတ်အစိုးရသည် မြန်မာစစ်ခေါင်းဆောင်များအပေါ် သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်ကြောင်း၊ အခြား တဖက်တွင်လည်း မြန်မာနိုင်ငံ တည်ငြိမ်မှုမရှိလျှင် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်နေကြောင်း မစ္စတာ လီကွမ်ယုက ပြောကြောင်း စင်ကာပူဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပက်ထရစ်ရှာ ဟာဘိုးလ် (Patricia L. Herbold) က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ယခုအခါ အသက် ၈၇ နှစ် ရှိပြီဖြစ်သည့် မစ္စတာ လီကွမ်ယုသည် ၁၉၅၉ ခုနှစ် မှ ၁၉၉၀ ခုနှစ်အထိ စင်ကာပူ ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီး ယခုလက်ရှိဝန်ကြီးချုပ် လီရှန်လွန်းမှာ ၎င်း၏ သားဖြစ်သည်။

ဝီကီလိစ်သည် ယခုလအစောပိုင်းမှ စ၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများသည် အာဆီယံအသင်းကြီး၏ အတွင်းရေးများကို တရုတ်နိုင်ငံအား လက်ထောက်ချနေသည်ဟု မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း ဖွင့်ချခဲ့သေးသည်။

ဝီကီလိစ်သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ သုံးသပ်ဝေဖန်ချက်များ၊ စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက်စီမံကိန်း၊ စစ်အစိုးရအပေါ် တရုတ်အစိုးရ၏ စိတ်ပျက်မှု စသည်တို့ကို ဆက်တိုက် ဖော်ထုတ်ခဲ့သည်။

အမေရိကန် သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည့်အတွက် ၀ီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို အမျက်ထွက်ခဲ့ကြပြီး အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲက အမျိုးသား လုံခြုံရေးကို ထိခိုက်လာပြီဟု ပြောဆိုခဲ့သည်။

ဆွီဒင်အစိုးရက သြစတြေးလျနိုင်ငံသား ဂျူလီယန် အက်စ်ဆန်းကို အမျိုးသမီးနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှု၊ ဖြားယောင်း သွေးဆောင်မှုများဖြင့် အလိုရှိသည့်အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်က ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။

မစ္စတာ ဂျူလီယန် အက်စ်ဆန်းသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် လန်ဒန်မြို့တော် ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းမှု ပြုလုပ်ပြီး အဖမ်းခံခဲ့သည်။

ယမန်နေ့က မစ္စတာ ဂျူလီယန် အက်စ်ဆန်းကို လန်ဒန်မြို့ ၀က်ဘ်မင်စတာ တရားရုံးမှ အမေရိကန်ဒေါ်လာ ၃ သိန်း ၁ သောင်း ၅ ထောင်ဖြင့် အာမခံပေးခဲ့သည်ဟု ယနေ့ထုတ် The Guardian သတင်းစာတွင် ရေးသားထားသည်။

၎င်းအား အမေရိကန် ရုပ်ရှင် ဒါရိုက်တာ မိုက်ကယ်မိုးလ်၊ ဗြိတိသျှရုပ်ရှင် ဒါရိုက်တာ ကန်လို့ ရှ်၊ ရုပ်ရှင်သရုပ်ဆောင် ဟူးခ်ျ ဂရန့်၏ ချစ်သူဟောင်း သန်းကြွယ်သူဌေးမ ဂျင်မီမာခန်း၊ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို၏ တူမဖြစ်သူ စာရေးဆရာမ ဖက်တီမာ ဘူတို၊ လူ့အခွင့်အရေး လှုပ်ရှားသူ ဘီယာနာ ဂျက်ကာတို့က အာမခံခဲ့ခြင်း ဖြစ်သည်။

အာမခံဖြင့် အင်္ဂလန်နိုင်ငံ၌ နေစဉ်အတောအတွင်း သတ်မှတ်ထားသည့် အဆောက်အဦးတွင် နေထိုင်ရမည်ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၂ နာရီ၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း အပြင်သွားလာခွင့် မရှိသည့်အပြင် နီးစပ်ရာ ရဲစခန်းကို ညနေတိုင်း သတင်းပို့ရမည် ဖြစ်သည်။

ထို့အပြင် ၎င်း၏ လှုပ်ရှားမှုများကို အမြဲတမ်းသိနိုင်သည့် ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်ထားသည့် ကိရိယာတခုကိုလည်း လက်တွင်အမြဲ ၀တ်ဆင်ထားရမည်ဟု ပါရှိသည်။

ထိုသို့ အာမခံရရှိခဲ့သော်လည်း ဆွီဒင်နိုင်ငံမှ စွဲဆိုထားသည့် အမျိုးသမီးနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှုများနှင့် ပတ်သက်၍ ဆွီဒင်နိုင်ငံသို့ လွဲအပ်ခြင်းရှိ မရှိကိုမူ ဂျူလီယန် အက်စ်ဆန်း စောင့်ဆိုင်းနေရဆဲဖြစ်သည်။

http://www.irrawaddy.org/bur/index.php/news/5247-2010-12-15-11-55-19