Friday, December 17, 2010

Charles Tilly's Framework နှင့် လူထုတိုက်ပွဲ

Charles Tilly's Framework နှင့် လူထုတိုက်ပွဲ

ခင်မမမျိုး  Friday, December 17, 2010

လူထုတိုက်ပွဲ (သို့မဟုတ်) လူထုတော်လှန်ရေးတွေကို လေ့လာသုံးသပ်တဲ့အခါမှာ အချက်သုံးချက်ကို အာရုံစိုက်လေ့လာလေ့ ရှိကြပါတယ်။ ပထမအချက်က လူထုတိုက်ပွဲ ပေါ်ထွက်လာရတဲ့ အခြေခံ အကြောင်းရင်းတွေဖြစ်တဲ့ ပြဿနာအရင်းခံ၊ အတိုက်အခံအင်အား၊ ပြဿနာအရင်းခံအပေါ်မှာ အတိုက်အခံများရဲ့ ရှုမြင်သုံးသပ်မှု၊ တိုက်ပွဲ ဆင်နွှဲပုံ နည်းလမ်း စတာတွေဖြစ်ပါတယ်။ ဒုတိယ အချက်က တော်လှန်ရေးသန္ဓေတည်လာတဲ့ လူ့အဖွဲ့အစည်း အတွင်းက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ပါတယ်။ တတိယအချက်ကတော့ လူတဦးတယောက် (သို့မဟုတ်) လူအုပ်စုတွေဟာ အာဏာပိုင်တွေကို တော်လှန်ဖို့ ဘယ်လိုစုဝေးပေါင်းစည်းလာပြီး အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေကနေ လူထုတိုက်ပွဲကြီးပေါ်ထွက်လာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အခုဒီဆောင်းပါးမှာ ဒီလို လူအုပ်စုတွေ စုစည်းလာမှုကနေ လူထုတိုက်ပွဲကြီးတွေ ဖြစ်လာတာနဲ့ ပတ်သက်ပြီး Charles Tilly's Framework ကို အသုံးပြု တင်ပြပါမယ်။



Charles Tilly's Framework မှာ အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်။

(၁) အကျိုးစီးပွား (interests)

လူအများ စုပေါင်းပြီး အာဏာပိုင်တွေကို တော်လှန်ကြတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အကျိုးစီးပွားက ဘာတွေလဲဆိုတာကို သေချာဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖော်ထုတ်နိုင်မှသာ ဘုံအကျိုးစီးပွားကို ရှာဖွေပြီး ဘုံရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေဖော်ထုတ်တဲ့အခါမှာ ရေတိုအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွား နှစ်မျိုးစလုံးကို လေ့လာဖို့ လိုပါတယ်။ တချိန်တည်းမှာပဲ အုပ်စုလိုက်အကျိုးစီးပွားနဲ့ ခေါင်းဆောင်တွေရဲ့ တဦးချင်း အကျိုးစီးပွားတွေကို လေ့လာဖော်ထုတ်ပြီး အုပ်စုလိုက် အားပြိုင်မှုတွေ ဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းများနဲ့ ကိုယ်ကျိုးရှာမှုများကို လေ့လာဖို့ လိုပါတယ်။ သို့မှသာ ကွဲပြားခြားနားတဲ့ တဦးချင်း အကျိုးစီးပွား၊ အုပ်စုလိုက် အကျိုးစီးပွား၊ တော်လှန်ရေး အကျိုးစီးပွား၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားတွေအကြားမှာ ဘုံအကျိုးစီးပွားကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုံအကျိုးစီးပွားကို ရှာဖွေတွေ့ရှိလာတဲ့ အုပ်စုတွေ၊ လူပုဂ္ဂိုလ်တွေအကြားမှာ စုစည်းမှု ရှိလာတဲ့အခါ တော်လှန်ရေး အဖွဲ့အစည်းတွေ ပေါ်ထွက်လာပါတယ်။

(၂) တော်လှန်ရေးအဖွဲ့အစည်း (Revolutionary Organization)

တော်လှန်ရေးအဖွဲ့အစည်းတွေကို လေ့လာသုံးသပ်တဲ့အခါမှာ အဖွဲ့အစည်းရဲ့ ရေချိန် (degree of organization) ကို ကနဦးသုံးသပ်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းဟာ စုစည်းညီညွတ်မှုမရှိပဲ တစစီပြိုကွဲနေတဲ့ အဖွဲ့အစည်းလား၊ စနစ်တကျ ညီညွတ်စွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလား ဆိုတာပေါ် မူတည်ပြီး တော်လှန်ရေးအပေါ်မှာ အကျိုးသက်ရောက်နိုင်မှုနဲ့ ထိရောက်နိုင်မှုတွေက ကွဲပြားခြားနားပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့စည်းကြရာမှာ common identity ပေါ် မူတည်ပြီး အဖွဲ့အစည်း (ဥပမာ- ကျောင်းသားအဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်း၊ နိုင်ငံရေးဝါဒပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း) ဖွဲ့စည်းလေ့ရှိကြပါတယ်။

ဒါကြောင့် အဖွဲ့အစည်းတွေရဲ့ ရေချိန်ကို လေ့လာတဲ့အခါမှာ catness လို့ခေါ်တဲ့ degree of common identity ကို လေ့လာဖို့ လိုပါတယ်။ ဒါတွင်မကပဲ အဖွဲ့အစည်းအတွင်းက လူပုဂ္ဂိုလ်တွေအချင်းချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဆက်နွယ်မှု သဏ္ဍာန်တွေကိုလဲ လေ့လာဖို့ လိုပါသေးတယ်။ အဖွဲ့ဝင်တွေအကြားမှာ ရဲဘော်ရဲဘက်စိတ် တည်ဆောက်ထားနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးအကျိုးသက်ရောက်မှု များပါတယ်။ ဒါကိုတော့ netness (degree of internal networking) ကို ပညာရှင်များက သတ်မှတ်ခေါ်ဆိုပါတယ်။ catness နဲ့ netness ပေါ်မှာ မူတည်ပြီး အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ရေချိန်မြင့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှုအားကောင်းပြီး၊ ရေချိန်နိမ့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှုအားလျော့နေတတ်ပါတယ်။


(၃) လှုပ်ရှားမှု (Mobilization)

အုပ်စုဖွဲ့လှုပ်ရှားမှုမှာ ပုံစံသုံးမျိုးရှိပါတယ်။ ပထမတမျိုးက ခုခံကာကွယ်ရေး လှုပ်ရှားမှု (defensive mobilization) ဖြစ်ပါတယ်။ ပြင်ပက တိုက်ခိုက်မှု (သို့မဟုတ်) အာဏာရှင်တွေရဲ့ မတရားဖိနှိပ်စော်ကားလာမှု (threats) တွေကို ခုခံကာကွယ်ဖို့ လူအများစုစည်းလာပြီး၊ ခေါင်းဆောင်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီလိုအုပ်စုဖွဲ့လှုပ်ရှားမှုကို bottom-up approach လို့ သတ်မှတ်ကြပါတယ်။ လှုပ်ရှားမှုက ကနဦးစတင်ပြီးမှ ခေါင်းဆောင်က လှုပ်ရှားမှုကနေ ပေါ်ထွက်လာတာမျိုးပါ။

ဒုတိယတမျိုးက တိုက်ခိုက်ရေးလှုပ်ရှားမှု (offensive mobilization) ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အခွင့်အလမ်းတွေကို ခေါင်းဆောင်တွေက ရှာဖွေပြီး တော်လှန်ရေးဆင်နွှဲတာ ဖြစ်ပါတယ်။ ပမာဆိုရရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်လို့ ကြွေးကြော်ပြီး နယ်ချဲ့ဆန့်ကျင်ရေးကို အရှိန်မြှင့်ခဲ့ကြပါတယ်။ ဒါဟာ တိုက်ခိုက်ရေးလှုပ်ရှားမှု ဥပမာတခုပဲ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို top-down approach လို့ သတ်မှတ်ကြပါတယ်။ ခေါင်းဆောင်တွေက ဦးဆောင်ပြီး လှုပ်ရှားမှုကို ခေါ်ဆောင်ရတာ ဖြစ်ပါတယ်။

တတိယတမျိုးကတော့ ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှု (preparatory mobilization) ဖြစ်ပါတယ်။ ဒါကတော့ အာဏာပိုင်တို့ရဲ့ အခြေအနေကို စောင့်ကြည့်အကဲခတ်ပြီး ရလာမယ့် တော်လှန်ရေး အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်အသုံးပြုနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ မြေအောက်ယူဂျီ ကွန်ယက်တည်ဆောက်ရေး လှုပ်ရှားမှု၊ တပ်ပေါင်းစု ဖော်ဆောင်ရေး လှုပ်ရှားမှုတွေဟာ ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။




(၄) တော်လှန်ရေးအခွင့်အလမ်း (opportunity)

တော်လှန်ရေးအခွင့်အလမ်း ပေါ်ထွက်မှုဟာ တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံတော်အကြားက ဆက်နွယ်မှုတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ အုပ်စုတွေအကြားမှာ ဘုံအကျိုးစီးပွားတွေ ရှာဖွေတွေ့ရှိလာပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ထွက်လာတဲ့အခါ၊ တော်လှန်ရေးလှုပ်ရှားမှုတွေ စတင်လာတဲ့အခါ နိုင်ငံတော်မှာ ရွေးချယ်စရာ နည်းလမ်းလေးခုရှိပါတယ်။ ဖိနှိပ်မှု၊ အတိုင်းအတာ တခုအထိ လိုက်လျောဆက်ဆံမှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ နှိမ်နင်းမှုတွေ ဖြစ်ပါတယ်။

အစိုးရ အများစုကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ထွက်လာမှုတွေကို စောင့်ကြည့်လေ့လာမှု လိုက်လျောဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေလုပ်လေ့ရှိပြီး၊ လှုပ်ရှားမှုဖြစ်လာတဲ့ အခါကျမှ နှိမ်နင်းမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီလို နိုင်ငံတော်ရဲ့ တုန့်ပြန်မှုတွေပေါ်မှာ မူတည်ပြီး တော်လှန်ရေးအခွင့်ကောင်းတွေ ပေါ်ထွက်လာတတ်တာကြောင့် အခွင့်ကောင်းတွေကို အချိန်အခါနဲ့အညီ မိမိရရ ဆုပ်ကိုင် အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်ရေး အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားဖို့ လိုအပ်ချက်တခုကတော့ အခွင့်အလမ်းကို အသုံးပြုခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေနဲ့ ဆုံးရှုံးမှုတွေကို ချိန်ဆနိုင်မှုပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုခေါင်းဆောင်တွေဟာ မိုက်ရူးရဲ ထင်ရာစိုင်း လုပ်နေသူတွေ မဖြစ်ရပါဘူး။ အချိန်အခါ၊ အခြေအနေကို ရှုမြင်သုံးသပ်ပြီး လူထုရေချိန်၊ တော်လှန်ရေးရေချိန်၊ အဖွဲ့အစည်းရေချိန်ကို ဆန်းစစ်နိုင်သူများ ဖြစ်ရပါမယ်။

(၅) လူထုတော်လှန်ရေး (သို့မဟုတ်) လူထုတိုက်ပွဲ

လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လူအများစုဝေးကြ၊ တရားဟောကြတာကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲမှာ ရည်မှန်းချက်ပန်းတိုင် ရှိရပါမယ်။ လူအများစုဝေးပြီး တိုက်ပွဲတခုကို ဖော်ဆောင်တာမှာ တိုက်ပွဲရဲ့ ဗဟိုချက်မ ရှိရပါမယ်။ ဒီတိုက်ပွဲဟာ ဘာကို ဦးတည်တိုက်တာလဲ၊ တိုက်ပွဲရဲ့ အောင်မြင်မှုရလဒ်က ဘာလဲဆိုတာ သိဖို့ လိုပါတယ်။ အစိုးရ ပြုတ်ကျရေးလား၊ အစိုးရကို အင်အားပြပြီး ဆွေးနွေးညှိနှိုင်းလာအောင် ပြုလုပ်ရေးလား၊ အစိုးရကို ဖြုတ်ချပြီး အစိုးရသစ်တခုနဲ့ အစားထိုးရေးလားဆိုတာ ရှင်းလင်းဖို့ လိုပါတယ်။ ဒီလို တိကျတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိရင် တိုက်ပွဲမရှိတာက ပိုကောင်းပါတယ်။

နိဂုံး

လူထုတိုက်ပွဲဆင်နွှဲဖို့အတွက် တော်လှန်ရေးအင်အားစုတွေ စုစည်းလာမှု၊ တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ထွက်လာမှု၊ လှုပ်ရှားမှုများ စတင်လာမှုတွေကို လေ့လာသုံးသပ်ကြရာမှာ သုတေသန ပညာရှင် အများအပြားက Charles Tilly's Framework ကို အသုံးပြုလေ့ရှိကြပါတယ်။ လူထုတိုက်ပွဲမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်မှုတွေမှာလဲ Charles Tilly's Framework ကို အသုံးပြုပြီး လိုအပ်မယ့် လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေး အခွင့်အလမ်းတွေကို ဖော်ထုတ်ဖြည့်ဆည်း နိုင်တဲ့အတွက် ကမ္ဘာတ၀ှမ်းက တော်လှန်ရေးများမှာ အသုံးပြုနေကြပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၇၊ ၁၂၊ ၂၀၁၀)

ရည်ညွှန်းကိုးကား

Cohan, A. S. (1975) Theories of Revolutions: An Introduction, New York, John Wiley and Sons
Olson, M. (1965) The Logic of Collective action, Cambridge, Harvard University Press
Tilly, C. (1978) From mobilization to Revolution, New York, McGraw Hill

http://khinmamamyo.blogspot.com/2010/12/charles-tillys-framework.html

17 Dec 2010 ဒိုင်ယာရီ


for gmail user
 
Download all attachments  

17 Dec 2010 Yeyintnge's Diary.pdf17 Dec 2010 Yeyintnge's Diary.pdf
2262K   View   Download  
17 Dec 2010 Yeyintnge's Diary.doc17 Dec 2010 Yeyintnge's Diary.doc
1504K   View   Download  

http://www.mediafire.com/file/14jl3m8n5xzny7y/17%20Dec%202010%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/k9vk8p0saxxgnug/17%20Dec%202010%20Yeyintnge%27s%20Diary.pdf

17 Dec 2010 Yeyintnge's Diary

ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ပြောင်းရွှေ.အပ်၊


ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ပြောင်းရွှေ.အပ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း ၊ ကရင်လက်နှက်ကိုင်များအား ထိုင်းမှဖိအားပေး


by Ye Thurein Min on Friday, December 17, 2010 at 12:03pm

ထားဝယ်ရေနက်ဆိပ်ကမ်းက စရပေလိမ့်မည်၊ ထားဝယ်ဆိပ်ကမ်းသည် ကမ္ဘာရေလမ်းကြောင်းတွင် မည်မျှ အရေးပါသနည်း၊ အင်ဒိုချိုင်းနားကျွန်းစွယ်တွင် ရေအောက်ကျောက်ဆောင်များ ထူထပ်နေခြင်း၊ မလိုအပ်ဘဲ ၄င်းကျွန်းစွယ်အား ကွေ့ပတ်သွားနေရသောကြောင့် ရေလမ်းကြောင်းပို၍ရှည်လျှားသဖြင့် ကုန်ကျစရိတ်ပိုများခြင်း ဆိုးကျိုးများ ရှိနေရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ပြီးလျှင် တိုတောင်း၍ တောင်တရုပ်ပင်လယ် နှင့် အိန္ဒိယ သမုဒ္ဒရာသွား သင်္ဘောများ အများဆုံး အသုံးပြုမည်.လမ်းကြောင်းဖြစ်လာလိမ့်မည်။


ထားဝယ်ရေနက်ဆိပ်ကမ်းမဆောက်လုပ်ခင် အင်ဒိုချိုင်းနားကျွန်းစွယ်အား သင်္ဘောများ ကွေ့ပတ်သွားနေကြရသည့်လမ်းကြောင်းများ


အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုပ် ပင်လယ်ပြင်သွားသင်္ဘောတို့မှာ ရှည်လျှားသော ရေလမ်းကြောင်း မလေးရှား၊ စင်္ကာပူကို ကွေ့ဝိုက်၍သွားနေရပါသည်။ ထားဝယ်မြို.မှ ထိုင်းနိုင်ငံကို ဖြတ်ဖေါက်လိုက်လျှင် ဘန်ကောက်မြို.အနီးသို့ပေါက်ထွက်သွား လိမ့်မည်။ ထို့ကြောင့်ဘန်ကောက်မြီု.သည်လည်းပိုမိုဖွင့်ဖြိုးသွားလိမ့်မည်။ အခြားနေရာများ (အင်ဒိုချိုင်းနားကျွန်စွယ်ကြီးတွင်) ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် သင့်တော်သောနေရာမရှိပါ။ ပင်လယ်ရေအောက်ကျောက်ဆောင်များကြောင့် ထားဝယ်မြီု.သည်သာ အကောင်းဆုံး အချက်အခြာ အကျဆုံးဖြစ်နေသည်။
ရေလမ်းကြောင်း တိုတောင်းသွားသောကြောင့် တရုပ်၏စီးပွါးရေး ဈေးကွက်သည်လည်းပိုမို ပွင့်လန်းလာမည်။ ထိုအကြောင်းကို သိသော တရုပ်၊ ထိုင်းနိုင်ငံတို့မှ ထိုရေနက်ဆိပ်ကမ်းအား တည်ဆောက်ရန်အကြိမ်ကြိမ် စစ်ဗိုလ်ချုပ်ကြီးများအား နားချခဲ့သောလည်း ၄င်းတို့မှ လက်မခံခဲ့ချေ။ အကြောင်းမှာ ဤသို့တည်း.............ကုန်တင်သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာကို ရှည်လျှားစွာဖြတ်မောင်းလာရသောကြောင့် ခရီးတထောက် စင်္ကာပူ တွင်နား၍ ပြုပြင်ထိန်းသိမ်းမှု များပြုလုပ်ရသည်၊ ထို့ကြောင့် စင်္ကာပူသည် သင်္ဘောလုပ်ငန်းဖြင့် ၀င်ငွေမြောက်များစွာရရှိကာ ချမ်းသာလျှက်ရှိပေသည်၊ အကယ်၍ ထားဝယ်ဆိပ်ကမ်းသာ တည်ဆောက်ခဲ့လျှင် စင်္ကာပူနိုင်ငံသို့ သင်္ဘောများ ဖြတ်သွားစရာ မလိုတော့သောကြောင့် စင်္ကာပူ၏ အနာဂတ်သည် မရေရာတော့လောက်အောင် ဖြစ်သွားနိုင်သည်။ စင်္ကာပူသည် ထိုအဖြစ်ကို ကြောက်ရွံ.သည်၊
စည်းပွါးရေးတွင်အောင်မြင်နေသော ဂျပန် တိုယိုတာကဲ့သို့သော ကုမ္မဏီ များမှလည်း ကမ်းလှမ်းမူအကြိမ်ကြိမ်လုပ်သောအခါ စင်္ကာပူ၏ စီုးရိမ်မှု သည် အထွတ်အထိပ်သို့ရောက်ရတော့သည်။ ထိုအခါ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း  Goh Chok Tong (ဂိုရှောက်တောင်) 1994 march မှာ မြန်မာနိုင်ငံကို ထားဝယ်ရေနက်စီမံကိန်း ဆောက်လုပ်မှုအားတားမြစ် နားချရန် လာခဲ့ပါတော့သည်။ အပေးအယူကား အနောက်နိုင်ငံများမှ ပိတ်ဆို့ထားသော စစ်ဗိုလ်ချုပ်ကြီးများပိုင် ဒေါ်လာများအား စင်္ကာပူမှ တာဝန်ယူ အပ်နှံခြင်းကို လက်ခံ သိမ်းဆည်းပေးမည်.အပြင် အမေရိကန်ဒေါ်လာ ၃ သန်းကို ပါ မြန်မာနိုင်ငံ နည်းပညာ ဖွင့်ဖြိုးမှု အတွက်ထောက်ပံ့ပေးခဲ့ပါတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း ၄င်းတို့ပိုင်ငွေကြေးများ စိတ်ချ လုံခြုံမှုအတွက် ၀မ်းမြောက်ဝမ်းသာစွာ ထားဝယ်ရေနက်စီမံကိန်းအား စွန့်လွှတ်ခဲ့ပါတော့သည်။
ကြားနေ တခြားသူပြည်တွင်းရေး မစွက်ဖက်ရေး နိုင်ငံခြားရေးမူကို ကျင့်သုံးသော တရုပ်သည်လည်း ၄င်း၏စီးပွါးရေးဖွင့်ဖြိုးလာသည်နှင့်အမျှ ထိုစီမံကိန်းအား ပို၍အာရုံစိုက်လာသည်နှင့်အမျှ ၄င်း၏နိုင်ငံခြားရေးမူကိုပင် ချိုးဖောက်ကာ စစ်ဗိုလ်ချုပ်ကြီးများအား ထားဝယ်ရေနက် ဆိပ်ကမ်းအား တည်ဆောက်ရန် နည်းမျီုးစုံဖြင့် ဖျောင်းဖျ ကြတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများမှလည်း ၄င်းတို့ပိုင်ငွေကြေးမြောက်များစွာ သိမ်းဆည်းထားသော စင်္ကာပူနှင့်လည်း ဆက်ဆံရေး မထိခိုက်ရေးကို ပိုမို၍ စဉ်းစားရပေသည်။ ထိုအခါ တရုပ်က မက်လုံးပေး၍ စည်းရုံးတော့သည်၊ ဗိုလ်ချုပ်ကြီးများပိုင်ငွေကြေးများအား ဟောင်ကောင် ဘဏ်များနှင့် တရုပ်ဘဏ်များတွင်ပြောင်းရွှေ.အပ်နှံခွင့်ပြုမည်ဟူ၍ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း ထိုမျှလောက်နှင့်မယုံကြည်သေး၊ တရုပ်ကလည်း ထပ်မံ၍ မက်လုံးပေးပြန်သည်၊ အပေးအယူအဖြစ် ဦးသန်းရွှေပိုင်ငွေကြေး၏နှစ်ဆဖြစ်သော ဒေါ်လာ ၄ ဘီလျှံ အတိုးမဲ့ အနှစ် သုံးဆယ် ချေးဌားမည်။ ဦးသန်းရွှေ အတွက် သွားရေကျစရာပင် ၄င်းပိုင်ငွေများလည်း ဘဏ်စားရင်းထဲတွင် ရှိနေမည်.အပြင် ထိုချေးငွေ ၄ ဘီလျှံအပေါ်တွင်လည်း ၁ ဘီလျှံလောက် အိတ်ထဲ ထည်.ရပေမည်။ ထိုအခါ ထားဝယ်ရေနက်စည်မံကိန်းကြီ ပေါ်ပေါက်လာရပေတော့သည်။ ဗိုလ်ချုပ်ကြီးပိုင်ငွေကြေးများအား တရုပ် ဟောင်ကောင်ဘဏ်များသို့ပြောင်းရွှေ. အပ်နှံသောအခါ ဗိုလ်ချုပ် ဗိုလ်ပေါက်စများလညး ၄င်းတို့ပိုင်ဒေါ်လာများအား စင်္ကာပူတွင် မထားရဲတော့၊ ၄င်းတို့အဆက်အသွယ်ရှိရာ ဥရောပနိုင်ငံများသို့ ဆွေမျိုးများမှတဆင့် ပြောင်းရွှေ.အပ်နှံကြရတော့သည်။ ထိုသို့မအပ်နိုင်သော ဗိုလ်ချုပ်များက တော့ဒေါ်လာများကို ပြည်တွင်းသို့ သယ်ဆောင်ယူလာကြတော့သည်။ ထိုနောက်ဆက်တွဲမှာ ဒေါ်လာမှောင်ခိုဈေးကွက်တွင် ဒေါ်လာ အလုအယက်ဝယ်ယူ စုစောင်းလေ့ရှိသော စစ်ဗိုလ်ချုပ်တို့၏ ဒေါ်လာဝယ်ယူစုစောင်းမှုလျှော့ကျကာ ဒေါ်လာဈေးမှာလည်း အဆမတန် ထိုးကျဆင်းရတော့သည်.


ထိုမျှနှင့် မပီးသေး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်လျှင် အနှောင့်အယှက်ပေးမည်.သူများရှိနေသည်၊ ၄င်းတို့ကိုလည်း ရှင်းလင်းရအုန်းမည်၊ ပထမရန်သူမှာ ပြည်ပထောက်ခံမှုရရှိထားသော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ပ ဖိအားများ၊ ပြည်ပဖိအားများ ကျဆင်းသွားစေရန်၊ အတုအယောင် ရွေးကောက်ပွဲဆင်နွှဲရမည်။ NLD ရွှေးကောက်ပွဲဝင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လမ်းမမြင် ဟူသော NLDခေါင်းဆောင်ပိုင်းတို့၏ ယူဆချက်တို့ဖြင့် NLD ပါတီ၏ ၂၂ နှစ်ကြာသမိုင်းကို နိဂုံးချုပ်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အား ကံစမ်း အလျှော်အစားလုပ်ခဲ့ကြရပေသည်။ စစ်ဗိုလ်ချုပ်ကြီးတို့၏ မျော်လင့်ချက်များ ပြည့်ဝကြပေပြီ၊NLDကိုလည်းနုတ်ပိတ် ပြည်ပဖိအားများလည်းလျှော့နည်းလာချိန်၊ ဒုတိယအုပ်စုဖြစ်သော မွန်လက်နှက်ကိုင် နှင့် ကရင် လက်နှက်ကိုင်များအား ရှင်းလင်းရအုန်းမည်။ ၄င်းတို့သည် ထားဝယ်ရေနက်စည်မံကိန်း ဆောက်လုပ်ရာတွင် အနှောင့်အယှက်ပေးမည့်သူများတည်း၊ တိုက်သည် သတ်သည် ရွာပုန်း ရွာရှောင်များ ထိုင်းဘက်သို့ပြေးသည်၊ ထိုင်းနိုင်ငံက ပြန်ပို့သည်။ ဘာကြောင့်ထိုင်းက စစ်ဖြစ်နေတာသိလျှက်၊ ဒုက္ခသည်တွေမှန်းသိလျှက် ပြန်ပို့နေရသနည်း၊ အကြောင်းမှာ ထားဝယ်ရေနက်စီမံကိန်းတွင် ထိုင်းနှင့် ၀န်ကြီးချုပ် အဘီစစ်တို့၏ ရင်းနှီးမြုပ်နှံမှုများ ပါဝင်နေရာ ထားဝယ်ဒေသ တ၀ိုက် လက်နှက်ကိုင်ပပျောက်ရေးအား ထိုင်းနိုင်ငံအနေနှင့် ပူးပေါင်းပါဝင် ရန်လိုအပ်နေပေသည်။ ကရင်နှင့်မွန်ကို နိုင်အောင်တိုက်ပြီးလျှင် ထားဝယ်ရေနက်ဆိပ်ကမ်းအား အောင်မြင်စွာတည်ဆောက်မည်။ အလွန်အင်မတန် သာယာဝပြော၊ငြိမ်းချမ်း ခေတ်မှီတိုးတက်သော အစိုးရအသစ်နှင့် နိုင်ငံတော်သစ်ကြီး အစိမ်းရောင်များလွှမ်းခြုံကာ ရှေ.သို့ ချီတက်ပေတော့မည်။


အထက်ပါဆောင်းပါးပါ အကြောင်းအရာအားလုံးသည် ကျွန်တော်၏ ထင်မြင်ယူဆချက်များအား ကိုးကား၍ရေးသားထားခြင်းဖြစ်သည်၊ အမှားအမှန်ပေါ်တွင် တာဝန်မယူပါ။ သင်တို့၏ ထင်မြင်ယူဆချက်များအားလည်း မျှဝေပါရန် တောင်းခံအပ်ပါသည်။
ရဲသူရိန်မင်း

http://www.facebook.com/profile.php?id=100001681582584#!/notes/ye-thurein-min/-/173358999362035

အာဏာကို ဘယ်သူပိုင်သလဲ

တပ်မတော်အတွင်းက အလယ်အလတ်တန်းစား အရာရှိများရဲ့ လက်ရှိစစ်ခေါင်း ဆောင် ကြီးများ အပေါ်မှာထားတဲ့ သဘောထားအမြင်များနဲ့ ရပ်တည်ချက်တွေအကြောင်း ကျနော်ရေးသားဖော်ပြခဲ့တဲ့ “မဇ္ဈိမလှိုင်းခတ်သံ” ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ အချို့ထံမှ သဘောထားထင်မြင်ချက်များကို လက်ခံရရှိပါတယ်။ သဘောထားထင်မြင် ချက် ပေးပို့သူများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။

တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေ၊ တပ်မတော်သား တွေရဲ့ ခံစားချက် ရပ်တည်ချက်တွေကို ကျနော်ရေးသားဖော်ပြနေတာဟာ တပ်မတော် နဲ့ပြည်သူလူထုအကြား အမှန်တရားဆိုတာကို နားလည်မှုရှိရှိ ပုံဖော်သွားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ရေးသားချက်တွေဟာ ကျနော် နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ တပ်ထဲကအဖြစ်အပျက်တွေ၊ ခံစားချက် အမြင်တွေသာ ဖြစ်ပြီး ကျနော် ကိုယ်တိုင်ကလည်း စစ်မှုထမ်းတစ်ဦး ဖြစ်နေတာကြောင့် ပြည်သူ လူထု ဘက်က အမြင် မဟုတ်တာ သေချာပါတယ်။

ကျနော်ရေးတဲ့စာတွေကို ဖတ်ပြီး တုန့်ပြန်ရေးသားလာတဲ့ ရှုထောင့်အမြင်တွေကသာ လျှင် ပြည်သူလူထုရဲ့ သဘောထားကို သေသေချာချာ ထင်ဟပ်ဖော်ပြနိုင်ပါတယ်။ ဒီ အတွက် တုန့်ပြန်လာတဲ့သဘောထားအမြင်များကို လိုလိုလားလား လက်ခံကြိုဆိုပါ တယ်လို့ ပြောလိုက်ရတာပါ။ အမှန်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူကြားမှာ ရှိနေတဲ့ သံသယတွေကို တပ်မတော်သားတွေနဲ့ ပြည်သူလူထုမျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးပစ်ဖို့ကောင်းတာ။

ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် မှာ ရာစုနှစ် တ၀က်လောက် နေထိုင်လာရတာဆိုတော့ စစ်တပ်နဲ့ပတ်သက်ရင် ခံစား ချက်မကောင်းတာ၊ ယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲခံစားခဲ့ရပါတယ်။ စစ်တပ်ထဲရောက်ပြီးနောက်ပိုင်း စရိုက်အမျိုးမျိုး စိတ်ဓာတ်အ မျိုးမျိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါ လူနဲ့လူချင်း ခွဲခြားသိမြင်မှုတွေရှိလာ တယ်။အရင်တုန်းကတော့ စစ်ယူနီဖောင်းမြင်ရင်ပဲ စိတ်ထဲမှာ အလိုလိုဒေါသဖြစ်နေမိ တာ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲမြဲနေတဲ့ အချက်ကတော့ စစ်အုပ်ချုပ် ရေး မကောင်းဘူးဆိုတာပါပဲ။ တသွေးတသံတမိန့် အုပ်ချုပ်ရေးအောက်မှာ ပြည်သူလူထု ဘယ်လို လွတ်လပ်မှုရှိပါ့မလဲ။ မြန်မာပြည်သူလူထုအဖို့ ပြောပြစရာမလိုလောက်အောင် ခါးသီးမှုတွေ ခံစားနေရတာ အထင်အရှားပါပဲ။

ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းပျောက်ကွယ်သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတရပ် တော့ မဟုတ်ပါဘူး။ သို့သော်လည်း မဖြစ်နိုင်တဲ့ အရာလည်းမဟုတ်ပါဘူး။ ပြည်သူလူ ထုရော စစ်တပ်ထဲက ပုဂ္ဂိုလ်တွေပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။ ပူး ပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ ကြံဆလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယနေ့တိုင် အောင်မြင်မှု မရသေးတာလည်း အထင်အရှား ပါပဲ။ ဒီလိုဖြစ်နေရတာဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု အခိုင်အမာ မတည်ဆောက် နိုင်သေးလို့ပါပဲ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု ပေါင်းစည်းမိသွားမှာကို စစ် ခေါင်းဆောင်ကြီးတွေ အစိုးရိမ်ဆုံးပါ။

၁၉၈၈ ဒီမိုကရေစီ အရးတော်ပုံကြီးမှာ လက်နက်ကိုစီနဲ့ ဆန္ဒပြဖို့ ထွက်လာတဲ့ စစ်သည် တွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဖျောင်းဖြပြောဆိုပြီး တပ်မှာသေနတ်တွေ ပြန်အပ်ခိုင်းတာကို မှတ်မိကြမှာပါ။ စစ်တပ်ထဲမှာ အကြပ်အတည်းတွေ့ချိန်၊ ထိန်းသိမ်းရ ခက်ခဲချိန်မှာ ဒီမိုကရေစီရေး ခေါင်းဆောင်တွေက ထွက်ပေါက်ပေးသလိုဖြစ်သွားပါ တယ်။ ၁၉၄၉ ခဝဲခြံ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ဒီအခြေအနေမျိုးဖြစ်ခဲ့ပုံရပါတယ်။ လူထု ခေါင်းဆောင်တွေကသာ စစ်ခေါင်းဆောင်တွေအပေါ် မပြတ်သားတာပါ။ စစ်ခေါင်း ဆောင်တွေကတော့ ပြတ်သားလွန်းလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု နာလန်မထူနိုင် အောင် ဖြစ်နေရပါတယ်။ တကယ်တမ်းမှာလည်း လူထုအုံကြွမှု အထွတ်အထိပ်ကို ရောက်လာလို့ စစ်တပ်ထဲက မကြေနပ်မှုတွေ လမ်းပေါ်ရောက်လာတာပါ။ ပုံမှန်အခြေအ နေမှာဆိုရင် ကြိတ်မှိတ်ခံစားနေကြတာများပါတယ်။

နောက်တခုကလည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ ယူနီဖောင်းဝတ်အချင်း ချင်းထက် လူထုခေါင်းဆောင်တွေပေါ်မှာ ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်ဗိုလ်တစ်ဦးရဲ့ အာဏာစက်က အကန့်အသတ်ရှိပြီး လူထုခေါင်း ဆောင် တဦးရဲ့ အရှိန်သြဇာကတော့ အတိုင်းအဆမရှိ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ ပြည်သူလူထု နီးစပ်မှုမရှိအောင် “တပ်မတော်သာ အမိ တပ်မတော်သာ အဖ” ဆိုပြီး အတင်းဝါဒဖြန့် ရိုက်သွင်းနေတာပါ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု အ နေစိမ်းလေ မသင့်မမြတ်ဖြစ်လေ သူတို့ရဲ့အာဏာ ကုလားထိုင်တည်မြဲလေပဲပေါ့။

ဥပမာ-အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စကိုကြည့်ပါ။ ယနေ့ထက်တိုင် ပြည်တွင်းပြည် ပမှာ သောသောညံအောင် ပြောဆိုနေကြတာက ပြည်သူလူထု အဓမ္မလုပ်အားပေး စေ ခိုင်းခံရတဲ့ ကိစ္စပါ။စစ်တပ်တွင်းမှာလည်း အဓမ္မလုပ်အားပေး ကိစ္စရှိတယ်လို့ပြောရင် ယုံ ကြမှာတောင် မဟုတ်ပါဘူး။ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၃) ရပ် ဆိုတာရှိပါ တယ်။ (၁) စစ်တိုက်ရန် (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး ပြုလုပ်ရန် (၃) လေ့ကျင့် ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်- စတာတွေဖြစ်ပါတယ်။ လမ်းဖောက်၊ ဆည်ဆောက်လုပ်ငန်းတွေမှာ စစ်သည်တွေ ပါဝင်လုပ်အားပေးနေတာတွေ့ဖူးကြမယ် ထင်ပါတယ်။ အဲဒီအတွက် လုပ်အားခ တပြားတချပ်မှ မရပါ။

ကျနော်တို့နဲ့ သင်တန်းမှာ ဆုံကြတဲ့ အာမီ (ကြည်းတပ်) စစ်သားတွေက “ရှေ့တန်းထွက် နေရတာ၊ သင်တန်းတက်ရတာ ပျော်တယ်။ နောက်တန်းမှာဆိုရင် လုပ်အားပေးသွားရ တာနဲ့ နားရတယ်လို့ မရှိဘူး။” လို့ပြောကြတယ်။ ကျနော်တို့ရေတပ်မှာလည်း ဒီအတိုင်း ပါပဲ။ တပ်သစ်တွေမှာဆိုရင် ပိုဆိုးတယ်။ လမ်းဖောက်မြေညှိတဲ့အလုပ်တွေကို ရဲဘော် လုပ်အားနဲ့ တည်ဆောက်ကြတာ။ တချို့ရဲဘော်တွေဆိုရင် ပင်ပမ်းဒဏ်ပိတာက တမျိုး ငှက်ဖျားကြောင့် တစ်မျိုး သေကြရတယ်။ ကိုယ်တိုင် ပင်ပင်ပမ်းပမ်းလုပ်ထားဖူးတဲ့ စစ် သားက လူထုလုပ်အားပေးကို ဦးစီးကွပ်ကဲရတဲ့အခါ “ငါတောင်လုပ်ခဲ့သေးတာ သူတို့လဲ လုပ်ရမှာပေါ့” ဆိုတဲ့ စိတ်မျိုး ၀င်လာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာက တဦးချင်းအသိနဲ့ ဆိုင်ပါတယ်။ တိုင်းပြည်အတွက် လုပ်ရတာဆိုပြီးတော့ လူထုနဲ့ တပ်မ တော်အကြား စိတ်ဝမ်းကွဲသွားတယ်။ တကယ်ကျတော့ သူအကျိုးလည်းမဟုတ်၊ ကိုယ့် အကျိုးလည်းမဟုတ် အားလုံးရဲ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ တုပ် တုပ်မှမလှုပ်။ သူတို့မဟုတ်သလို။ သူတို့မလုပ်သလို။ စစ်တပ်အောက်ခြေပိုင်း အရာရှိ/ စစ်သည်တွေကသာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာပါ။

ကျောက်ဖြူမှာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်ခါစတုန်းကဆိုရင် ဒုဗိုလ် မှူးကြီးတွေက သစ်တုံးမ,ပေးရတယ်။ ဗိုလ်ကြီးတွေက ကျောက်ထမ်းရတယ်။ ရဲဘော် တွေဆိုတာ မပြောပါနဲ့တော့။ ကျွန်တော့်သူငယ်ချင်းတယောက်ဟာ အလုပ်ကပင်ပမ်း၊ အစားအသောက်ညံ့လွန်းတော့ အားနည်းပြီး အဖျားဝင်သွားတာ ရောဂါအတော်ကျွမ်းမှ ကျောက်ဖြူဆေးရုံကတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ပေးရတယ်။ ဆေးရုံကဆင်းတော့ သူ့အိမ်မှာ တလလောက်ပြန်နားပြီး အားမွေးယူရတယ်။ အခုတော့ အဲဒီသူငယ်ချင်း တပ် ကထွက်ပြေးသွားပါပြီ။ ဟိုင်းကြီးရေတပ်စခန်းမှာလည်း ရဲဘော်တွေလုပ်အားနဲ့ ပုဇွန်မွေး မြူရေးကန်တွေတူးပြီး ဌာနချုပ်မှူးက ပုဂ္ဂလိက လုပ်ငန်းရှင်ကို ရောင်းစားတာရှိခဲ့ဖူးပါ တယ်။

ကျနော်ပြောချင်တာက စစ်တပ်အပေါ် အကောင်းမြင်သက်သက်မဟုတ်သလို အဆိုးမြင် ချည်းလည်း မမြင်မိဖို့ပါပဲ။ စစ်တပ်ထဲမှာ အတန်းအစားအမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိပါ တယ်။ သေချာတာက တပ်မတော်သား အများစုဟာ ဒီိမိုကရေစီဆိုတဲ့ စကားလုံးနဲ့ အ လှမ်းဝေးနေပေမယ့် လွတ်လပ်မှုကိုတော့ နှစ်သက်မြတ်နိုးကြပါတယ်။

ဒီတော့ စစ်တပ်ကိုချဉ်းကပ်တဲ့နေရာမှာ တဦးချင်းဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ် ကိုယ်နဲ့ နီး စပ်ရာကနေ အစပြုသင့်ပါတယ်။ NLD လူငယ်တွေ အမှတ်(၂) စစ်ဆေးရုံမှာ သွေးလှူ ဒါန်းတာကောင်းပါတယ်။ အဲဒီမှာ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေ တက်ရောက် ကု သတာ မဟုတ်လား။ အပြောင်းအလဲဖြစ်ဖို့အတွက် စစ်တပ်တခုလုံးက ထောက်ခံလာ ဖို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် စစ်တပ်အတွင်းက အစိတ်အပိုင်း တခုနဲ့ ယုံ ကြည်မှုတည်ဆောက်ထားနိုင်ရင် ရှေ့ခရီးဆက်လို့ရပါပြီ။ အထူးသဖြင့် အင်အားထု ထည်ကြီးမားပြီး ပြည်သူလူထုနဲ့ နီးစပ်မှုရှိတဲ့ အောက်ခြေထုကို ဦးတည်ချက်ထားသင့် ပါတယ်။ အထက်အမိန့်ဆိုတာ နာခံမယ့်သူ ရှိမှ အကျိုးသက်ရောက်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု အာဏာပြိုကွဲသွားပုံကိုကြည့်ပါ။

ကျနော့်အတွေ့အကြုံကိုပြောရရင် စစ်တပ်ထဲမှာ အောက်ခြေထုညီညွှတ်တဲ့အခါ အ ထက်အရာရှိတွေ အလျှော့ပေးရပါတယ်။ တခါက စစ်ရေယာဉ်တစီးမှာ စစ်သည်တွေ အားလုံးညှိပြီး အိပ်နေကြလို့ ရေယာဉ် စက်နှိုးဖို့ အခက်အခဲရှိပြီး စစ်ရေယာဉ်မှူး အခက် ကြုံရဖူးပါတယ်။ ကိုယ့်ဖက်ကအားနည်းရင် အလျှော့ပေးစေ့စပ်မှုလုပ်တာဟာ စစ်ခေါင်း ဆောင်တွေရဲ့ စရိုက်သဘာဝဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ အစိုးရတစ်ရပ်ဟာ စစ်တပ်အောက်ခြေထုကပါ အ မိန့်မနာခံတော့ဘူးဆိုရင် ဘယ်လိုအာဏာရှိတော့မှာလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေ တန်ခိုး ထွားနေတာဟာ အနုမြူလက်နက်ကြောင့် မဟုတ်ဘဲ သူတို့အမိန့်အတိုင်း အကောင်အ ထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်အောက်ခံ အရာရှိ/ စစ်သည်တွေကြောင့်သာ ဖြစ် ပါတယ်။ “ပြည်တင်းမင်းမခံနိုင်” ဆိုတဲ့ မြန်မာဆိုရိုးစကားပုံကိုလည်း ရှိတယ်မဟုတ်ပါ လား။

တပ်ကြပ်ကြီး – နေမင်းသူ

၁၇-ဒီဇင်ဘာ-၂၀၁၀
http://www.naytthit.net/?p=5308

ရတနာပုံတယ်လီပို့ အကြောင်း ဖွင့်ဟဝန်ခံချက်

ရတနာပုံတယ်လီပို့ အကြောင်း ဖွင့်ဟဝန်ခံချက် (မြန်မာပြည်ကလာတဲ့စာ)

ဓာတ်ပုံ ဒီမိုဝေယံ (ပြည်တွင်း)

မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့ သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ အချို့ကို ဖော်ပြလိုက်ပါတယ်...။

ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။  တကယ်တမ်း အင်တာနက်တွေကို နှေးအောင် ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။  ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား ပေးပို့လိုက်ပါတယ်..။

ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့  မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ...။ ဒီအဆောက်အဦး ပြီးစီးတဲ့အချိန်မှာ  ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို ITနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ...။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့...။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်...၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်.. အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို ၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။

လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့ Twitterတို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်) နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့... ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်...။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Subနဲ့ ကျော်ကြည့်လို့ ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus လွှတ်ဖို့အထိ လုပ်နေပါပြီ...။

နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။  ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့ လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။

အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။

ရတနာပုံ Virus

ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့ တိုက်နေတာတွေပါ...။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး ... တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့် ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့် အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့် ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်...။



ဝါရှင် တန် ရှိ မြန်မာ သံရုံးမှ နေပြည်တော် MOFA သို့ အစီရင်ခံစာ

ထပ်မံဖြည့်စွက်ပြီး အမေရိကန် ရှိ မြန်မာ အတိုက်အခံ များ ၊ မြန်မာ ရွှေ့ ပြောင်းနေထိုင် သူများ နှင့် ပတ်သက်၍ ၀ါရှင်တန် ရှိ မြန်မာ သံရုံးမှ မြန်မာ နိုင်ငံနေပြည်တော်မြို့ ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လစဉ် ပေးပို့ သည့် အစီရင် ခံစာ များ အနက် မှ မြန်မာဝီကီလိခ် က ရရှိထား သည့် အစီရင်ခံစာ နှစ် ခု အနက် စက်တင်ဘာ လ ၁၇ ရက်နေ့ နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့  နေ့ စွဲ တွေ နဲ့  ပေး ပို့ တဲ့ အစီရင် ခံစာတွေ မှာ စိုးအောင်ဆို သူ က လက်မှတ်ရေးထိုးထား တဲ့ သတင်းပေး ပို့မှု တစ်ခု မှာ......  
၁(က) ၀ိုင်းစုခိုင်သိန်း က ဆန္ဒပြ နေကြတာ ကို သူ့ အနေကြောက်လန့် ကြောင်း မိမိ တစ်ခုခု ဖြစ်သွားမှာ ကို ကြောက်တယ် "ဖြစ် နိုင်ရင် သမီး ပြန်ချင် တယ်" လို့ မြန်မာ သံရုံး နဲ့  ဖုန်းဆက်သွယ်ပြောကြား စဉ် မှာ ပြောကြားခဲ့ပြီး သံရုံး ဒု အတွင်းဝန် ဦး+++++ ကတော့ ဘာမှ ကြောက် စရာမလို တဲ့ အတွက် မကြောက်နဲ့ ပွဲ အစီအစဉ် တွေ ပြီး ဆုံးအောင် သာ လုပ်လို့ ပြန်လည်ပြောကြား ခဲ့သည်။



၁(ခ) နိုဝင်ဘာလ ဆန်းတွင် တော်လှန်ရေးပါလီမန်ဆို သည့် နောက်ထပ် ပြည်ပ စင်ပြုင် အစိုး ရသစ် တစ်ဖွဲ့ ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ တွင် အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။ ထိုပါလီ မန် အတွက်ဒေါက်တာ စိန်ဝင်း နှင့် ဦးမောင်မောင် တို့ သဘောထားများ ကွဲ နေသည် ဟု သိရသည်။မိုး သီးဇွန် ထိုင်း နိုင်ငံသို့ ထွက် ခွာသွား သည် ဟု သတင်းရပြီး ၊ သံရုံး ရှေ့ ဆန္ဒပြမှုမရှိ ဟု ဖော်ပြထားသည်။ 
 ၁(ဂ) ဘတ်ဖဲလို၊မြောက် ကာရိုးလိုင်း နား နှင့် ဖို့ ဝိန် တွင် လည်း နိုင်ငံရေး လုပ်သည် ဆိုသူများ အချင်းချင်းစည်း လုံးမှု မရှိကြောင်း နှင့် ဖို့ ဝိန် တွင် ၀ိုင်းစုခိုင်သိန်း တို့ ၏ ဖျော်ဖြေပွဲစဉ်ကို အကြောင်း ပြု၍ သဘောထားကွဲလွဲ မှု များ ရှိနေပြီး ABSDF အဖွဲ့ ဝင် ဟောင်းများ စစ်ဝတ်စုံဝတ်ပြီး အလံတင် တာ ကို အခြား နိုင်ငံရေး သမားများ က သဘောမတူ ဟုဖော်ပြထားသည်။ ထို နေ့ စွဲဖြင့် အခြား ကဏ္ဍတစ်ခု တွင် အမေရိကန် မှာ ရန်ကုန် သို့  ငွေလွှဲဝန်ဆောင်မှု ပေးသူ ဦး++++++ကသံရုံး မိသားစု များ ၏ ကထိန် ပွဲတော် သို့  အလှုငွေ ထည့် ၀င်ကြောင်း နှင့် Spaldingအမျိုးအစား Golf Setကိုလည်း ဦး++++ သံတမန် ရေးရာ ဦးစီးဌာန အတွက် ၀ယ်ပေးကြောင်း ပါရှိသည်။  
၁(ဃ) အမေရိ ကန်နိုင်တွင် ဆူရှိ လုပ်ငန်းများ ဖြင့် စီးပွားရေ အဆင်ပြေနေ သူများ မြန်မာ နိုင်ငံသို့ပြန်ချင်ကြောင်း အချို့  အမေရိကန် မြို့ များ ရှိ မြန်မာ အတိုက် အခံ များ အတွက် သတင်း ယူရန်မဖြစ် နိုင်ကြောင်း(ထိုမြို့ များ ကို အစီရင်ခံ စာတင်ပြီး) ထိုမြို့ များ ရှိ ဆူရှီ လုပ်သူများ မြန်မာနိုင်ငံ သို 
ပြန်ချင် ၍ ဗီဇာ လာလျှောက် လျှင်မည် သည်
့ အကြောင်း ကြောင်း ဖြင့် ၎င်းတို့ ရောက်ရှိ လာသော် လည်း ပေးသင့်ကြောင်း နှင့် ထိုသူများကို သံရုံး က သတင်း အလို့ ငှာ အသုံးချ ၍ ရကြောင်း သံအမတ်ကြီး ကိုယ်တိုင် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ သတင်းပေး ပို့ ထားသည်။ နောက်ထပ် တစ်ဆက်တည်းသတင်းပေးမှု တွင် ++++++ ၏ သတင်း ပေးပို့ မှု အရ ညီညီအောင် နှင့် ၀ါဝါကျော်တို့ မင်္ဂလာမဆောင်ရ သေး ဟု ပါရှိသည်။ ထိုနေ့ သတင်းပေးပို့ မှု နှင့် တစ်ဆက် တည်း တွင် ပင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အတွက် James Defense Weekly , Foreign Affairs နှင့် မိသားစု အတွက်Burberry ရေမွေး 75 ML နှစ် ပုလင်း ၊ မျက်နှာကျက် မီးဆိုင်း Dolce and Gabana နှစ်ပုလင်း ၊ PBS ဒီဗီဒီ ၊ စစ်လက်နက်ပစ္စည်းမဂ္ဂဇင်း များ ( ၁၈ အုပ်) ပေး ပို့ သည် ဟု ပါရှိသည်။ 
၁(င) စက်တင်ဘာလ ၂၉ ရက်နေ့ နေ စွဲဖြင့် ပေးပို့ သည့် အစီရင် ခံစာတွင်အမေရိ ကန် နိုင်ငံဆန်ဖရန် စစ္စကို မြို့ မှ မြန်မာ အတိုက် အခံများ ဆန္ဒပြ ပွဲများ နှင့် ဖို့ ဝိန် နှင့် ဘတ်ဖဲလိုး မြို့ ၊ယူတီကာ မြို့ မှ မြန်မာ အတိုက် အခံ တို့ ၏ သတင်းများ မြန်မာ နိုင်ငံပြန်ရန် အတွက် ဗီဇာလာလျှောက်သူ ၁၈ ဦးကို ဗီဇာ ပေး နိုင်ရန် စီစဉ်ပေး ရန် တင်ပြမှု ၊ အမေရိကန် ခြောက်ဦး ဗီဇာ လျှောက်ထားမှု ၊ အမေရိကန် သတင်း စာ တစ်ခု မှ သံအမတ်ကြီးနှင့် တွေ့ ဆုံမေးမြန်းမှု ၊ စသည် တို့ ကို ဖော်ပြထားသည်။ 
၁(စ) အမေရိကန်အစိုး ဧည့် ခံပွဲ တစ်ခု တွင် သံအမတ် ကြီး နှင့် အတွင်းဝန် ၀ါရှင်တန် သို့ သွားရောက်ပုံ ၊ သြစတေးလျှ သံအမတ်ကြီး က မြန်မာ့ ရွေးကောက် ပွဲအား မေး မြန်း ခဲ့ ပုံ တို့ ကို ဖော်ပြထားပြီး စက်တင်ဘာ ၂၉ နေ့ စွဲဖြင့် နောက် တစ်ခု တွင် အမေရိကန် ရှိ ဘုန်းကြီးများ သတင်း ၊ နိုင်ငံရေး အကျဉ်း သား ဟောင်း တစ်ဦး အိမ်ပွဲ စား လုပ်နေ သည့် သတင်းနှင့် သတင်းပေးများ မြို့ တိုင်း တွင် ထားရှိနိုင်ရန် စီစဉ် ထားမှု သီးသန့်  လှို့ ဝှက် အစီရင် ခံစာ နှင့် ဘုန်းတော်ကြီး ဦး ပညာဇောတ ၏ မော်တော်ကား သစ်ပင် ပိကျမှု နှင့် နယူးယောက် တွင် ဘုန်းကြီး ကျောင်း နေရာ ၀ယ်သည့် သတင်း တို့ ပါရှိသည်။ဦးပညာ ဇောတ မော်တော်ကား သစ်ပင်ပိကျမှု တွင် ဘုန်းကြီး အာမခံ မလုပ်ထား ပါက ကားလျှော်ကြေမရ နိုင်ဘဲ ဘုန်းကြီးမော်တော် ကားစီးရတော့ မည် မဟုတ် ဟု ပါရှိသည်။ 
၂. ရွေးကောက်ပွဲ နီးလာပေမယ့် အမေရိကန် က မြန်မာ နိုင်ငံရေး သမားတွေ ဘာမှ မလုပ် နိုင်တဲ့အပြင်ဒေါက်တာ စိန်ဝင်း က နောက်ထပ် ဖွဲ့ တဲ့ အစိုးရ သစ် မှာ ရှုံ့ ချဉ် နှပ်ချဉ် ဖြစ်နေတာကို စက်တင်ဘာ ၂၉နေ့ စွဲ နဲ့  သတင်း မှာဖော်ပြထား ပါတယ်။ ကျန်ရှိ နေသည့် သံရုံး အစီရင် ခံစာ များ ကို ဆက်လက် ဖော်ပြမည် ဖြစ်ပြီး အင်္ဂလန် နိုင် ငံ တကာ အကူအညီပေး ရေး ဧဂျင်စီ နှင့်မြန်မာ အဖွဲ့ အစည်းများ ဆက်သွယ် ထားသော ဖိုင်များ ကို လည်း ဆက်လက် ဖော်ပြပါမည်။
 
http://www.myanmarwikileaks.org/

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

2010-12-17

`လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်`မေးဖြေခန်း ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်မှာတော့ ကိုမောင်ကျော် (ကနေဒါ)၊ ကိုရွှေသွေး (နော်ဝေ)၊ ကိုမျိုးသိန်း (ဗြိတိန်)၊ Ms. Janelle Saffin (သြစတြေလျား)၊ ဒေါက်တာ တင်မိုးသူ (အမေရိကန်)၊ ကိုမျိုးမင်းအောင် (ထိုင်းမြန်မာနယ်စပ်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

(Photo: AFP)
ကမ္ဘာ့ အေ့ဒ်စ်ရောဂါနေ့ ဖြစ်သော ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) ကို HIV ဗိုင်းရပ်စ်ပိုး ကူးစက်ထားသော ကလေးသူငယ်များနှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ် နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ကဏ္ဍ ပြီးဆုံးသွားပြီဟု အိန္ဒိယအရာရှိ ပြောဆို


2010-12-17

အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး လျှို့ဝှက် ကြေးနန်း မှတ်တမ်းတွေကို WikiLeaks အင်တာနက် အဖွဲ့က ပေါက်ကြားဖော်ပြနေရာမှာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ အမေရိကန် နိုင်ငံခြားရေးဌာနကို ပေးပို့တဲ့ ကြေးနန်းစာတစောင် ဒီဇင်ဘာ ၁၆ ရက် မနေ့က ထွက်ပေါ်လာပြန်ပါတယ်။

(Photo: AFP)

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဝဲ) အိန္ဒိယနိုင်ငံသို့ ၂၀ဝ၄ ခုနှစ်က သွားရောက်စဉ် အောက်တိုဘာ ၂၅ ရက်နေ့က နယူးဒေလီမြို့တွင် ပြုလုပ်သည့် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်း (ယာ) နှင့် အတူ တွေ့ရသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

အဲဒီကြေးနန်းစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာ့ နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍ ပြီးဆုံးသွားပြီဖြစ်ပြီး ဒီမိုကရေစီရေးအတွက် လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းသာ ရှိတော့တယ်ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောဆိုကြောင်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၂ ရက် နေ့စွဲနဲ့ နယူးဒေလီ အမေရိကန်သံရုံးက ပေးပို့တဲ့ အဲဒီ လျှို့ဝှက်ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကို ယုံကြည်အားကိုးလို့ မရတော့သလို ဥရောပသမဂ္ဂဟာလည်း အမြော်အမြင် နည်းပါးပြီး အလွန် ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာန အရှေ့တောင် အာရှရေးရာ အတွင်းဝန် Ms. Mitra Vashishta က အမေရိကန် သံအရာရှိတွေကို ပြောဆိုခဲ့တယ်လို့ WikiLeaks က မနေ့က ဖော်ပြလိုက်တဲ့ ကြေးနန်းစာမှာ ရေးသားထားပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ၂၀၀၄ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဘယ်ပုံဘယ်နည်း လုပ်ဆောင်သင့်တယ် ဆိုတာကို အမေရိကန်က အကြံပြုမယ်ဆိုရင် ကြိုဆိုကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်က အိန္ဒိယသူပုန်တွေကို နှိမ်နင်းရေးအတွက် မြန်မာအစိုးရကို ငွေကြေးနဲ့ စစ်သုံးပစ္စည်းတွေကို အကန့်အသတ်နဲ့ ကူညီဖို့ အိန္ဒိယက သဘောတူထားကြောင်း ရေးသားထားပါတယ်။

အမေရိကန်သံရုံး နိုင်ငံရေး ကောင်စစ်ဝန်ကလည်း အဲဒီအချိန်က ဝန်ကြီးချုပ်သစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး စိုးဝင်း လက်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်အနေနဲ့ စိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာအောင် ဆက်လက် ဖိအားပေးဖို့ အိန္ဒိယကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအတွင်းဝန်က ပြန်လည် ဖြေကြားရာမှာ မြန်မာစစ်အစိုးရဟာ အိန္ဒိယနိုင်ငံကို ဒီမိုကရေစီနဲ့ ပတ်သက်လို့ စံနမူနာအဖြစ် သတ်မှတ်ထားကြောင်းနဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် အိန္ဒိယအစိုးရက အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ အရည်အချင်းတွေ ရှိကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအတွင်းဝန်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်သွားမဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ခရီးစဉ်အတွင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီကတိအတိုင်း မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် လုပ်ဆောင်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အသင့်လျော်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆကြောင်း အိန္ဒိယအတွင်းဝန်က အမေရိကန် အရာရှိတွေကို ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ဖယ်ရှားလိုက်တဲ့ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင် ပြောင်းလဲရေးကို နှောင့်နှေးသွားစေတယ်လို့ အိန္ဒိယအစိုးရအနေနဲ့ မယူဆကြောင်းနဲ့ ဒါဟာ အဖွဲ့အစည်းတွင်း ပြဿနာသာ ဖြစ်တယ်လို့ ယူဆကြောင်း အိန္ဒိယအတွင်းဝန် မစ္စ Vashishta က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ စစ်အစိုးရနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှသာလျှင် အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲ တခု ဖြစ်ပေါ်လာနိုင်မယ်လို့ အိန္ဒိယအနေနဲ့ ယုံကြည်ကြောင်း၊ sanction ခေါ် ပိတ်ဆို့ အရေးယူမှုတွေဟာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်မှာ မဟုတ်ပဲ မြန်မာနိုင်ငံကို ပိုပြီး အထီးကျန် ဖြစ်သွားစေနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့ပြင် အဲဒီ ၂၀၀၄ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ရာဇာလီ အစ္စမေးလ်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်မှု သက်သက် မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယအနေနဲ့ မြန်မာ့အရေးအတွက် ကုလသမဂ္ဂနဲ့ အတူ ပူးတွဲ လုပ်ဆောင်လိုပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အမြင်မှာ ကုလသမဂ္ဂ အဖွဲ့ကြီးအပေါ် ယုံကြည်ကိုးစားမှု ကျဆင်းနေကြောင်း၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို အခုထက်ပိုပြီး ထောက်ခံတယ်ဆိုတာကို ပြသသင့်ကြောင်း၊ ဥရောပသမဂ္ဂဟာလည်း မြန်မာ့အရေးမှာ အရေးပါတဲ့နေရာကနေ လုပ်ဆောင်ဖို့ အဆင့်မရှိတဲ့ အပြင် အချင်းချင်း သဘောကွဲလွဲမှုတွေ ရှိနေကြောင်း၊ ထိုင်းနိုင်ငံဟာလည်း အဲဒီအချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရာထူးကို ထိုင်းဝန်ကြီးတွေက ရယူလိုတဲ့အတွက်ကြောင့်သာ မြန်မာ့အရေးမှာ တက်ကြွသယောင် ရှိခဲ့ကြောင်း စသဖြင့် အိန္ဒိယအတွင်းဝန် မစ္စ Vashishta က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ စစ်အစိုးရဟာ နိုင်ငံတကာ အဝန်းအဝိုင်းကို ဘယ်ပုံဘယ်နည်း လိမ်လည် လှည့်စားရမလဲဆိုတာကို သူ့ရဲ့ ဆရာသမားဆီက သင်ယူနေတာပဲ ဖြစ်ကြောင်း၊ တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာမှာ ပင်လယ်ဆိပ်ကမ်း ထွက်ပေါက် ရချင်နေတာ ဖြစ်ပြီး အိန္ဒိယ သြဇာလွှမ်းမိုးတဲ့ နေရာတိုင်းမှာ သူ့သြဇာကို လိုက်ပြီး ထူထောင်ချင်နေတာ ဖြစ်ကြောင်း၊ မြန်မာ စစ်အစိုးရကလည်း တရုတ်က သူ့အပေါ် သိပ်ပြီး ဂရုတစိုက် မရှိဘူးလို့ ယူဆတဲ့အတွက် မိမိတို့ အိန္ဒိယနဲ့ ဆက်ဆံရေး လုပ်လာတာ ဖြစ်တယ်လို့ ပြောဆိုကြောင်း ပြောပါတယ်။

ဒါ့ပြင် အဲဒီ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မတိုင်ခင် သုံးနှစ်လောက်ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အိန္ဒိယကို ဘုရားဖူး လာရောက်လိုတယ်ဆိုပြီး အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ကြောင်း၊ သူ့ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ ဘုရားဖူးဖို့ ဖြစ်တယ်လို့ ယူဆကြောင်းနဲ့ ဒါဟာ စစ်အစိုးရက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အများ ယုံကြည်လာအောင် လုပ်ဆောင်ပြတာ သက်သက်မဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်နိုက်က သက်ဝင်ယုံကြည်လို့ ဖြစ်ကြောင်း အိန္ဒိယအတွင်းဝန်က ပြောဆိုခဲ့တယ်လို့လည်း ကြေးနန်းစာမှာ ဖော်ပြပါတယ်။

ကြေးနန်းစာမှာ အိန္ဒိယအတွင်းဝန်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အဲဒီလို ဖော်ပြအပြီးမှာ အမေရိကန် ကောင်စစ်ဝန်က မှတ်ချက်ရေးသားထားရာမှာ မြန်မာစစ်အစိုးရနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ မူဝါဒဟာ လုံခြုံရေး အကျိုးစီးပွား အဓိကဖြစ်သလို မြန်မာနိုင်ငံကို အရှေ့ဖက် အိမ်နီးချင်း နိုင်ငံတနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ အိန္ဒိယအစိုးရက ဆန္ဒရှိနေတယ်လို့ ရေးသားထားပါတယ်။

မြန်မာ့ ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုတွေကိုလည်း အိန္ဒိယအစိုးရက ကြိုဆိုကြောင်းနဲ့ အမေရိကန်နဲ့ အိန္ဒိယရဲ့ ဒေသတွင်း ဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးကိုပါ တည့်သွင်းဖို့ အိန္ဒိယက ကမ်းလှမ်းလာတဲ့ အခွင့်အလမ်းတခု ဖြစ်ကြောင်း ရေးသားထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဌာန အရာရှိက အဲဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က အိန္ဒိယအစိုးရကို အခုလို ရှုတ်ချလိုက်ပါတယ်။

“ဒီလို အမြင်မျိုးဟာ ဘာမှ တန်ဖိုးမရှိဘူး၊ ဘာမှလည်း အဓိပ္ပာယ်လည်း မရှိဘူး၊ ဘာမှလည်း အနှစ်သာရ မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော် ပြောချင်လဲဆိုတော့ ဒီစကားကို ပြောတဲ့အချိန်ဟာ ၂၀၀၄ ခုနှစ် နော်၊ အခုဟာ ၂၀၁၀ ခုနှစ်၊ လေး ငါး ခြောက်နှစ် ကြာခဲ့ပြီ။ လေး ငါး ခြောက်နှစ် ကြာတဲ့အခါမှာ ဒေါ်စုက သေသလား၊ နိုင်ငံရေး သေသလား၊ နိုင်ငံရေးနဲ့ ကွာသွားသလား၊ နိုင်ငံရေး ဘေးရောက်သွားသလား၊ မရောက်သလား ဆိုတာကို ဒေါ်စု လွတ်လာတဲ့အခါမှာ တခါတည်း ဗမာပြည်မှာ လူထုကြီး တခုလုံးက အုံကြွပြီး ဝန်းရံပြီး ထောက်ခံတာ၊ ကမ္ဘာတခုလုံးကနေ ထောက်ခံတာကို ကြည့်ရင် တပ်မတော်သားတွေ ဘာတွေ အကုန်လုံးက ဒေါ်စုကို ထောက်ခံတာကို ကြည့်ရင် ဒေါ်စုရဲ့ အခန်းကဏ္ဍက ပြီးဆုံးသွားပြီ၊ ကုန်ဆုံးသွားပြီ ဆိုတဲ့ စကားမျိုးဟာ ဘာမှ အနှစ်သာရ မရှိဘူး၊ အဓိပ္ပာယ်မရှိဘူး။”

“အဲဒီ လွန်ခဲ့တဲ့ လေး ငါး ခြောက်နှစ်တည်းက စပြီးတော့ အိန္ဒိယအစိုးရဟာ အလွန် ရှက်ဖွယ်ကောင်းတဲ့ သူတို့ရဲ့ နိုင်ငံရေး ပေါ်လစီကို ချမှတ်ခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ စစ်အစိုးရနဲ့ ပေါင်းလုပ်မယ်၊ ဒီမိုကရေစီတွေနဲ့ ခွာသွားမယ်ဆိုတဲ့ အလွန်ရှက်စရာကောင်းတဲ့ အိန္ဒိယအစိုးရဟာ ဒီနေ့ ကျင့်ဝတ်သိက္ခာနဲ့ကို လုံးဝ မညီတဲ့ ဒီမိုကရေစီ နိုင်ငံကြီးတခုမှာ မကျင့်သုံးသင့်တဲ့ ပေါ်လစီတွေ ကျင့်သုံးနေတယ်လို့ ပြောချင်ပါတယ်။”
http://www.rfa.org/burmese/news/indian_official_said_suu_kyis_role_now_over-12172010114850.html