Wednesday, December 22, 2010

22 Dec 2010 ဒိုင်ယာရီ


gmail user

4 attachments — Download all attachments  
22 Dec 2010 Yeyintnge's Diary.doc22 Dec 2010 Yeyintnge's Diary.doc
1966K   View   Download  
22 Dec 2010 Yeyintnge's Diary.pdf22 Dec 2010 Yeyintnge's Diary.pdf
2570K   View   Download  
Statement No-5-2010 of UFBAD.pdfStatement No-5-2010 of UFBAD.pdf
34K   View   Download  
45785337-Htun-Aung-Gyaw-Federalism-and-Leftist.pdf45785337-Htun-Aung-Gyaw-Federalism-and-Leftist.pdf
132K   View   Download  

http://www.mediafire.com/file/g31e4vb12vmeswf/Dec%202010%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/866alpmu1pv19m5/Dec%202010%20Yeyintnge%27s%20Diary.pdf

22 Dec 2010 Yeyintnge's Diary

Federalism and Leftist -Htun Aung Gyaw

45785337 Htun Aung Gyaw Federalism and Leftist

ကြိုတင်ဂိုး မကယ်လို့ ရှုံးရတဲ့ပွဲ

ကြိုတင်ဂိုး မကယ်လို့ ရှုံးရတဲ့ပွဲ

ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ချင်းမိုင်မြို့တွင် ကျင်းပသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရာ နေရာသို့ ရောက်နေကြသည်။ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာက ဆီမီးဖိုင်နယ်သို့တက်ပြီး အိမ်ရှင် ထိုင်းနှင့် ကန်ရမည် ဖြစ်သောကြောင့် မြန်မာအသင်းကို အားပေးရန် ပွဲကြည့်စင်ပေါ်တွင် နေရာ ယူထားကြသည်။

cmnatထိုင်းက အားပေးရန် ငှားထားသည့် တီးဝိုင်းဆရာများမှာ တဝုန်းဝုန်း နားညည်းလောက်အောင် တီးနေကြသကဲ့သို့ ချင်းမိုင်ရောက်မြန်မာများကလည်း မြန်မာအသင်းကို အားကြိုးမာန်တက် သံကုန် အော်ဟစ် အားပေးကြသည်။

ထိုစဉ် ဦးရုက္ခစိုးနား၌ လူတဦးလာထိုင်ကာ နားနားကပ်၍ “ဒီမှာ … ဒီမှာ … ဒီပြိုင်ပွဲ ကွင်းထဲမှာ မိုးသီးဇူလိုင် ရောက်နေ တယ်ဆို” ဟု မေးလိုက်သည်။

ဖိုးရှုပ်။     ။ ဟာ … ပညာရေး ဒု ဝန်ကြီး ဦးကြောင်မျိုးမင်းပါလား။

ကြောင်မျိုးမင်း။     ။ ခင်ဗျားတို့က ကျုပ်ကို သိလို့လား။

ကြွက်စုတ်။     ။ သိတာပေါ့။ အားကစား ပြိုင်ပွဲစကတည်းက အေဘီစီဒီ တီဗီမှာ ကြည့်လိုက်ရတယ်လေ။ ဝန်ကြီးရဲ့ ထိပ်ပြောင်ကြီးကို မမှတ်မိဘဲ နေမလား။

ကြောင်မျိုးမင်း။     ။ ဒုက္ခပါပဲဗျာ။ ခင်ဗျားတို့က မိုးသီးဇူလိုင်ရဲ့ ဘက်တော်သားတွေလား။

ရုက္ခစိုး။     ။ မဟုတ်ပါဘူး။ ကျုပ်က ချင်းမိုင်ရုက္ခစိုးလေ … မကြားဖူးဘူးလား။ သူတို့ နှစ်ယောက်က ဖိုးရှုပ်နဲ့ ကြွက်စုတ်။ ဖိုးရှုပ်ကတော့ ဒေဝါလီ မီဒီယာက သတင်းထောက်ပေါ့။

ကြောင်မျိုးမင်း။     ။ ဘာ … သတင်းထောက် ဟုတ်လား။ ဘယ်သွားသွား သတင်းထောက်နဲ့ကို မလွတ်ပါလားဗျာ။ တော်ပြီ ဟိုဘက်မှာပဲ သွားထိုင်တော့မယ်။

ဖိုးရှုပ်။     ။ ဒီမှာပဲ ထိုင်ပါ ဝန်ကြီးရယ်။ စကားလေး ဘာလေး ပြောရတာပေါ့။ ဝန်ကြီးပြောတာတွေ သတင်းမရေးပါဘူး အော့ဖ် သ ရက်ကော့ ပြောပေါ့။

ကြောင်မျိုးမင်း။     ။ ခင်ဗျားတို့ တကယ်ပြောတာနော်။ ကျုပ်က မိုးသီးဇူလိုင်ကို လန့်နေတာဗျ။

ကြွက်စုတ်။     ။ နေပါဦး … ဝန်ကြီးကို ချင်းမိုင်မှာ မိုးသီးဇူလိုင် ရောက်နေတယ်လို့ ဘယ်သူက ပြောလို့လဲ။

ကြောင်မျိုးမင်း။     ။ သိတယ်လေ။ သူ့အသံ ကြားကတည်းက သူမှန်းသိတယ်။ မိုးသီးဇူလိုင်မို့လို့ ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ခိုးထည့်တဲ့ … အဲ … ကြိုတင်မဲနဲ့ ရွေးဂေါက်ပွဲ နိုင်သွားတဲ့အကြောင်း သိတာပေါ့ဗျ။

ဖိုးရှုပ်။     ။ အဲဒါတော့ ဝန်ကြီး လွဲသွားပြီဗျာ။ ကြိုတင်မဲနဲ့ ရွေးဂေါက်ပွဲ အနိုင်ယူတဲ့ကိစ္စက မိုးသီးဇူလိုင်တင် မကဘူး ကလေးကစသိတယ်။

ကြောင်မျိုးမင်း။     ။ ဟုတ်ပါတယ် … ဒါပေမယ့် မိုးသီးဇူလိုင် ချင်းမိုင် ရောက်နေတာတော့ သေချာတယ်။ သူ့ကို ကျုပ်တော့ ကြောက်တယ်ဗျ။ သူက အကြမ်းဖက်သမား မဟုတ်လား။

ကြွက်စုတ်။     ။ အာ … သူက သူ့ဘလော့ပေါ်မှာတင် အကြမ်းဖက်တာပါ။ ဒီလောက်လည်း မကြောက်ပါနဲ့။

ကြောင်မျိုးမင်း။     ။ နောက်တော့ သူက ဝန်ကြီးတွေ တွေ့ရင် ဟိုဟာနဲ့ ပေါက်ချင် ဒီဟာနဲ့ပေါက်ချင်တဲ့ သူဆို။ တော်ကြာ ခုခေတ်စားနေတဲ့ လက်နက်နဲ့ ပေါက်မှဖြင့် … ကျုပ် ကိုယ်ကျိုးနည်းနေပါ့မယ်။

ရုက္ခစိုး။     ။ အခု ခေတ်စားနေတဲ့ လက်နက်ဆိုတာ ဘာလဲဗျ။

ကြောင်မျိုးမင်း။     ။ ချီးထုပ်လေ ...။ မြို့တော်ဝန် အောင်သိန်းပျင်း အပေါက်ခံရတဲ့ ဟာပေါ့။

ထိုစဉ် ပရိသတ်ထဲမှ “ဟေး … မြန်မာကွ … မြန်မာ … အားမငယ်နဲ့ … ကြိုတင်ဂိုးတွေရှိတယ်” ဆိုသည့် အသံသြကြီး ထွက်ပေါ်လာရာ ဦးကြောင်မျိုးမင်းမှာ ဒူးများတုန်သည်အထိ ထိတ်လန့်နေလေသည်။

ကြောင်မျိုးမင်း။     ။ ဟော တွေ့လား … အော်နေပြန်ပြီ။ ကျုပ်မလာခင် ကျုပ်တို့ဝန်ကြီးချုပ် သိန်းဂိန်က သေချာ မှာလိုက်တာဗျ။ မိုးသီးဇူလိုင်ကို သတိထား၊ မိုးသီးဇူလိုင်ဆိုတာ နှုတ်ခမ်းမွေးနဲ့ … ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေးနဲ့တဲ့။

ပရိသတ်များရှိရာဘက်သို့ သူတို့ လှည့်ကြည့်လိုက်ရာ ဦးကြောင်မျိုးမင်း ပြောသည့် ပုံစံအတိုင်း လူ ၃၊ ၄ ဦးခန့်ကို တွေ့ရလေသည်။ ထိုစဉ် ပထမပိုင်းပြီးသွားပြီ ဖြစ်သည်။ မြန်မာက တဂိုးမှ မသွင်းနိုင်သေးဘဲ ထိုင်းက ၃ ဂိုး သွင်းပြီး သွားပြီ ဖြစ်ကြောင်း သိလိုက်ရာ ဦးကြောင်မျိုးမင်း နည်းနည်း ဒေါပွသွားသည်။

ဖိုးရှုပ်။     ။ ထိုင်းက ၃ ဂိုးတောင် သွင်းလိုက်ပြီ … ဘယ်လိုဖြစ်တာလဲ ဝန်ကြီး။ မြန်မာက တဂိုးတောင် ပြန်မသွင်းနိုင် ပါလား။

ကြောင်မျိုးမင်း။     ။ အဲဒါပြောတာပေါ့ … ဒီကောင်တွေ အသုံးကိုမကျဘူး။

ဦးကြောင်မျိုးမင်းသည် ဘောလုံးသမားများကို မိန့်ခွန်း သွားခြွေရန် နေရာမှ အထ သူ့ကို အေဘီစီဒီ မီဒီယာ ကင်မရာမန်း များက စောင့်နေမှန်း သိလိုက်ရသဖြင့် မထရဲတော့ဘဲ နေရာတွင်ပင် ပြန်ထိုင်နေပြန်သည်။

ရုက္ခစိုး။     ။ ဟိုဘက်က ၃ ဂိုးတောင် သွင်းလိုက်ပြီ။ ဝန်ကြီးရဲ့ အဖွဲ့ကို သွားအားမပေးတော့ဘူးလား။

ကြောင်မျိုးမင်း။     ။ မဖြစ်ဘူး။ ဟိုမှာ မိုးသီးဇူလိုင်ရဲ့ ဘက်တော်သား သတင်းသမားတွေ စောင့်နေတယ်။ ဒီကနေပဲ လိုအပ်တာတွေ ညွှန်ကြားတော့မယ်။

ပြောပြောဆိုဆိုနှင့် ဦးကြောင်မျိုးမင်းက သူ့ ပီအေကို လှမ်းခေါ်ကာ သူပြောချင်သည်များကို စာရွက်ပေါ်တွင် ရေး၍ ပေးလိုက်သည်။ ပီအေက ဘောလုံးသမားများရှိရာ သွားပြီး ဖတ်ပြရသည်။ ဘောလုံးသမားများက ပွဲမြန်မြန်ပြီး အေးတာပဲ ဆိုသည် ပုံစံဖြင့် ပီအေပြောသည်ကို နားမထောင်ဘဲ ဟိုကြည့် သည်ကြည့် ကြည့်နေကြသည်။

ဖိုးရှုပ်။     ။ ဝန်ကြီးကလည်း … ဘာလေး ဖြစ်ဖြစ် မိုးသီးဇူလိုင်ချည်းပဲ။ တခြားသူ မသိတော့ဘူးလား။

ကြောင်မျိုးမင်း။     ။ ကျုပ်က သိပ်သိတာ မဟုတ်ဘူးလေ။ ဝန်ကြီးချုပ် မှာလိုက်တဲ့ ဒီ နာမည်တခုပဲ အလွတ်ကျက်လာတာ။

ဖိုးရှုပ်ကို စကားပြန်ပြောနေသော်လည်း ဝန်ကြီးက အနောက်သို့ လှည့်ကြည့် လှည့်ကြည့် လုပ်နေသည်။

ကြွက်စုတ်။     ။ ဝန်ကြီးက ဘာတွေ လှည့်ကြည့်နေတာလဲ။ ဘယ်သူ လာဖို့ရှိလို့လဲဗျ။

ကြောင်မျိုးမင်း။     ။ သိပါဘူးဗျာ … ရွေးဂေါက်ပွဲ တုန်းက အကျင့်ပါလာလို့ပါ။ ကြိုတင် ဂိုးတွေများ နောက်ကနေ ရောက်လာမလားလို့ … အဟီး။

ထိုစဉ် “ဂိုး” ဆိုသည့် အော်သံကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ ထိုင်းဘက်က တဂိုး ထပ်သွင်းလိုက်ခြင်း ဖြစ်သည်။

ဖိုးရှုပ်။     ။ ဟာ … ထိုင်းက ၄ ဂိုး ဖြစ်သွားပြီး မနိုင်နိုင်တော့ဘူး။ ဘယ်လိုလုပ်မလဲ။

ကြောင်မျိုးမင်း။     ။ ဒါ မိုးသီးဇူလိုင်ကြောင့်။

ရုက္ခစိုး။     ။ ဘာမှလည်း မဆိုင်ဘူး။

ကြောင်မျိုးမင်း။     ။ KNU ကြောင့် ရှုံးရတာ။

ကြွက်စုတ်။     ။ ဝန်ကြီး သတိထားဦးလေ။ ဘာမှ မဆိုင်ဘူးထင်တယ်။

ကြောင်မျိုးမင်း။     ။ ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ။ ကျုပ်ပြန်ရင် ဘာလို့ မနိုင်ရတာလဲ ဝိုင်းမေးကြတော့မှာ။ ချိုကုပ်ဒူးကြီး အကြောင်း သိတယ်မဟုတ်လား။ သူက ရေဘူးပေါက်တာမလိုချင်ဘူးလေ။ ဒီတော့ အကြောင်းပြချက် ရှာသွားမှ ဖြစ်မယ်။

ဖိုးရှုပ်။     ။ မပူပါနဲ့ … အနည်းဆုံး စတုတ္ထတော့ ရနိုင်ပါသေးတယ်။ တတိယ လုပွဲ ရှိသေးတယ်မဟုတ်လား။

ကြောင်မျိုးမင်း။     ။ တတိယလုပွဲမှာပါ ရှုံးလို့ကတော့ နိုင်တဲ့ အသင်းတွေကို တရားစွဲမယ်။

ရုက္ခစိုး။     ။ ဟင် … ဘယ်လိုစွဲချက်နဲ့ စွဲမှာလဲ။

ကြောင်မျိုးမင်း။     ။ မဲလိမ်မဲခိုးမှုနဲ့ … အဲ … ယောင်လို့ … ဘောလိမ်မှုနဲ့ စွဲမှာပေါ့။ ဘောလုံးကို တည့်တည့်မကန်ဘဲ လိမ်ခေါက်ပြီး ဆွဲသွင်းတယ်ဆိုပြီး ကမ္ဘာ့ အားကစား အဖွဲ့ချုပ်ကို တင်မယ်။ ကျုပ်တို့ မြန်မာအားကစား သမားတွေ အစာပြတ်၊ ရေငတ်နဲ့ ပိန်လိန်နေတာ မြင်ရဲ့သားနဲ့တောင် လျှော့ မကစားဘူးလို့ တိုင်မယ်။

ကြွက်စုတ်။     ။ မြန်မာပြည်မှာလည်း ရွေးဂေါက်ပွဲ နိုင်တဲ့ ပါတီတွေကို ကြံ့ဖွံ့ပါတီက တရားစွဲမယ် ကြားတယ်။ ဝန်ကြီးနဲ့ အတူတူပဲ။

ဖိုးရှုပ်။     ။ ဟုတ်တယ် နိုင်တဲ့ ပါတီတွေကို မဲလိမ်မဲခိုးတယ် ဆိုပြီး ကြံ့ဖွံ့က ပြန်တရားစွဲတယ်ဆိုတော့ သူခိုးက လူပြန်ဟစ်တဲ့ နည်းပေါ့နော်။

ကြောင်မျိုးမင်း။     ။ ဒါက ချိုကုပ်ဒူးကြီးနည်းပဲ။ အခုခေတ်က သူခိုးကို အိမ်ရှင်က ပြန်တောင်းပန်ရတဲ့ ခေတ်ဗျ။ ခေတ်နဲ့ အမီရင်ပေါင်တန်းတဲ့ သဘောပေါ့။ ကျုပ်လည်း ဒီနည်းကို လိုက်ရမှာပဲ ရှေ့ဆောင်နွားလား ကောက်ကောက်သွားတော့ နောက်နွားကောက်ကောက် ….. ။

“ဖောင်း”
“အောင်မလေးဗျ”

ဝန်ကြီးစကား မဆုံးခင် “ဖောင်း” ဟု မြည်သွားခြင်းမှာ အခြားမဟုတ်၊ မည်သည့်နေရာက ပစ်လိုက်သည်မသိသော ရေသန့်ဘူးတဘူး ဝန်ကြီး၏ ပြောင်နေသော နဖူးကို လာမှန်ခြင်းဖြစ်သည်။

ရေသန့်ဘူး လာမှန်သဖြင့် အထိတ်တလန့် ဖြစ်သွားသော ဦးကြောင်မျိုးမင်းမှာ တောင်ကြည့် မြောက်ကြည့်ကြည့်ရင်း “မိုးသီး ဇူလိုင်လာပြီ …..... အားလုံး … ဝပ်” ဟူ၍ အသံနက်ကြီးဖြင့် အော်လိုက်သောကြောင့် ထိုင်းတီးဝိုင်းမှ လင်းကွင်းတချပ် ပင်ကွဲသွားကြောင်း နောက်ဆုံးသတင်း ရရှိပါသည်။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
http://www.irrawaddy.org/bur/index.php/ching-mai-nat/6-ching-mai-nat/5317-2010-12-22-11-47-03

လူထုခေါင်းဆောင်ရဲ့ ဇာတ်ရုပ် သရုပ်ပီအောင် ဆောင်နိုင်ပါစေ မီရှဲလ်.

Ma Su Mon

မြန်မာ့နိုင်ငံရေး၊ စီးပွားရေး နှင့် အနာဂတ်ကိုပြောင်းလဲနိုင်သော Tourism

မြန်မာ့နိုင်ငံရေး၊ စီးပွားရေး နှင့် အနာဂတ်ကိုပြောင်းလဲနိုင်သော Tourism

by Ye Thurein Min on Wednesday, December 22, 2010 at 12:14pm
ရဲသူရိန်မင်း 21.12.2010 17:47

 မြန်မာနိုင်ငံရဲ့ တိုရစ်ဇင် အစဟာ သောမစ်ကွတ် (Thomas Cook) က ၁၉၄၈ လွတ်လပ်ရေး မရခင် ကတည်းက စတင်ခဲ့တာပါ။ လွတ်လပ်ရေး ရပြီးချိန်တွင်တော့ မြန်မာ့တိုရစ်ဇင်ဟာ ပျောက်ကွယ်နေပြီး ၁၉၆၂တွင်မှ ဗမာ့စီးပွားရေး နှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းမှ
တိုးရစ်ဘားမားဟုခေါ်သော အေဂျင်စီ ကိုဖွင့်လှစ်ခဲ့သည်။ ၁၉၆၄ခုနှစ်တွင်ကုန်သွယ်ကူးသန်း ကော်ပိုရေးရှင်း အမှတ် (၂၀)မှ ဆက်လက် လုပ်ကိုင်ခဲ့ပြီး Strand Hotel, President Hotel, Oriental Hotel နှင့် ထွန်းလှ Hotel တို့လည်း နိုင်ငံပိုင် အသိမ်းခံခဲ့ရသည်။
၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီး တိုးရစ် ဗီဇာ ကို ၂၄ နာရီ မျှသာ ခွင့် ပြုခဲ့တယ် ၁၉၇၄ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြောင်းလဲဖွဲ့စည်းပြီးမှ တိုးရစ် ဗီဇာ( ၇ ) ရက်ခွင့်ပြုခဲ့ပါတယ်။ ဦးနေ၀င်း လက်ထက်က တံခါးပိတ်ဝါဒ ကြောင့် ရန်ကုန်၊ မန္တလေး၊ပုဂံ၊ကလော နှင့် အင်းလေး
ဒေသတို့လောက်သာ လည်ပတ်ခွင့် ရခဲ့သည်။
၁၉၈၈ စစ်အာဏာ တခါထပ်သိမ်း၍ ဈေးကွက်စီးပွားရေး တံခါးဖွင့်မူကို ကျင့်သုံး ကာ နိုင်ငံတွင်းနဲ့ ပြင်ပ ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာသောအခါ တိုရစ်ဇင် ပြန်လည်အသက်ဝင်လာပါသည် ။
၁၉၉၀ တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေကို အသစ်ပြဌာန်းပြီး တိုးရစ် ဗီဇာ ကိုလည်း (၁၄)ရက် ခွင့်ပြုခဲ့ပါသည်။ ၁၉၉၂ မှာတော့ အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်ဟုဆိုကာ တိုးရစ် ဗီဇာ (၂၈)ရက်ထိထပ်တိုးပေးပြန်သည်။
တိုရစ်ဇင် မှ ရတဲ့ငွေဟာ ပြည်သူတွေလက်ထဲတိုက်ရိုက်ရောက်တဲ့ငွေပါ။ ဆိုလိုတာက တိုးကုမ္မဏီတခုဟာ ခရီးစဉ်တခုကို အမြတ် ၂၀% နဲ့ရောင်းတယ်ဆိုရင် ၁၀%သာ အစိုးရ အခွန်ဖြစ်ပီး ကျန်တာတွေကတော့ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်၊ ဧည့်လမ်းညွန် နှင့်စားသောက်ဆိုင်တို့ကို ပေးရတာပါ။ ပီးတော့ တိုးရစ်တယောက်ဟာ လည်ပတ်ရင်း ဈေးဝယ်ရင်လည်း ပြည်သူ့လက်ထဲ တိုက်ရိုက် ရောက်တဲ့ငွေမျိုးပါ။တိုရစ်ဇင်ရဲ့ အတက်အကျ ပေါ်မှာ ခံစား စံစား နေရတဲ့သူတွေ အများကြီးပါ။
အံသြ စရာကောင်းတဲ့ ရွှေတိဂုံ၊ ကျီုက်ထီးရိုး
ရှေးဟောင်း အမွေအနှစ်တွေပေါတဲ့ ပုဂံ၊ မြောက်ဦး၊မင်းကွန်း၊ပင်းတယ၊အင်းတိန်၊ကတ်ကူ
သဘာဝအလှနဲ့ ရိုးရာဓလေ့ တွေကြွယ်ဝတဲ့ အင်းလေး
ဘာသာတရားဆိုရင်လည်း ပဲခူး ကြခတ်ဝိုင်း စာသင်တိုက်၊ အမရပူရ မဟာဂန္ဓာရုံ စာသင်တိုက်၊ မင်းကွန်း၊ စစ်ကိုင်း၊ မန္တလေးက စာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွေ၊ သီတင်းကျွတ်လို၊ သင်္ကြန်လို ပွဲတော်ကြီးတွေ
သဘာဝတောတောင်တွေကို လည်ပတ်ဖို့ စိတ်ဝင်စားတဲ့ အီကို တိုရစ်ဇင် များ အတွက် ကချင်ပြည်နယ်၊ ချင်းပြည်နယ် ။
တိုင်းရင်းသား ဓလေ့ထုံးစံတွေ ကြည့်မ၀ လေ့လာမကုန်တဲ့ ရှမ်းပြည်နယ်ကြီး ။ မြစ်ကြောင်းသွား ဇိမ်ခံသင်္ဘောကြီးတွေ သွားနိုင်တဲ့ ဧရာဝတီမြစ်ကြီး၊
အပန်းဖြေစရာ ကမ်းခြေစခန်းတွေ ဆောက်လုပ်ဖို့ ၂၀၀၀ ကီလိုမီတာ အရှည်ရှိသော ပင်လယ်ကမ်းရိုးတန်းကြီး ။ နွေရာသီနားနေရာ ကလော၊မေမြို. ။ ဒီလို တိုရစ်ဇင် အတွက် အရင်းအမြစ်တွေ ကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေးကြောင့် တိုးတက်လာခြင်းမရှိခဲ့ပဲ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် တနှစ်ကို တိုးရစ် ဆယ်သန်းလောက် ၀င်ရောက်လည်ပတ်နေရင် လို့တွေးမိတိုင်း အားမလိုအားမရဖြစ်မိပါတယ်။
တိုရစ်ဇင်ဟာ နိုင်ငံ တခုရဲ့စီးပွားရေးကို လုံးလုံးလျားလျား ပြောင်းလဲ နိုင်စွမ်းရှိပါတယ်။
ဥပမာ အနေနဲ့ စပိန်နိုင်ငံ ရဲ့အကြောင်းကို ရှင်းပြပါမယ်။
စပိန်နိုင်ငံဟာ ၁၉၃၆ -၃၉ မှာ ပြည်တွင်းစစ်ဖြစ်ပွါးပြီး ဗိုလ်ချုပ်ကြီး ဖရန်ကိုဟာ အာဏာသိမ်းပြီး ၁၉၄၉ မှာ ပြည်သူ့လှုပ်ရှားမှုပါတီ လို့နာမည်ပြောင်းလဲ၍ သူသေတဲ့ ၁၉၇၅ နိုဝင်ဘာထိ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။ မြန်မာနိုင်ငံကိုရောက်ဖူးတဲ့ စပိန်လူမျိုး သက်ကြီးပိုင်းတွေပြောတာက ယခုလက်ရှိ မြန်မာအနေအထားဟာ ဖရန်ကို လက်ထက် စပိန် နဲ့ အားလုံးအတူတူပဲလို့ပြောကြပါတယ်။ ဖရန်ကို သေတော့ ၁၉၇၇ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ၁၉၇၈ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို ရေးဆွဲတော့ ၁၈၁၂ ဖွဲ့စည်းအုပ်ချုပ် ပုံအဟောင်းကို ပြုပြင်ရေးဆွဲခဲ့ကြတယ်။
ဒုတိယကမ္ဘာစစ်၊ ပြည်တွင်းစစ်၊ စစ်အုပ်ချုပ်ရေးတွေနဲ့ ဒုက္ခတွေက လွတ်မြောက်လာတဲ့ စပိန်ဟာ စီးပွါးရေးကို ၁၉၇၉ မှာ အစကနေ ပြန်စခဲ့ရပါတယ်။ Tourism ကို ဘက်စုံက ဖွင့်ဖြိုးအောင်လုပ်ပီးနိုင်ငံရဲ့ စိးပွါးရေးကို အဖတ်ဆယ်ခဲ့တယ်။
ဒီမှာကျွန်တော်ပြောချင်တာက စပိန်နိုင်ငံ Tourism နဲ့ဘယ်လို စီးပွါးရေးတွေလုပ်ခဲ့လဲဆိုတာပါ။
**နွေရာသီ နားနေခြင်းနှင့် ကမ်းခြေများ တိုရစ်ဇင်** - စပိန်ဟာ ပင်လယ်ပြင် ပတ်လည်ဝိုင်းနေသည်နှင့်အမျှ များပြားသော ကမ်းခြေများလဲရှိပါသည်။
**ယဉ်ကျေးမှုအမွေအနှစ် နှင့် စီးပွါးရေး တိုရစ်ဇင်** - စပိန်နိုင်ငံဟာ နိုင်ငံအတော်များများကို သိမ်းပိုက်ကိုလိုနီ ပြုခဲ့သည်နှင့်အမျှ ရှေးဟောင်းအမွေအနှစ် မြောက်များစွာနှင့်အတူ လေ့လာရန် နေရာ၄၂ခု ရှိပါတယ်။ တခါးဖွင့်စည်းပွါးရေးကြောင့်လည်း စိးပွါးရေး တိုရစ်ဇင်မှာလည်းဖွံ့ဖြိုးပါတယ်။
**ဘာသာရေး တိုရစ်ဇင်** - ရှည်လျှားလှတဲ့ သမိုင်းအတွေ့အကြုံနဲ့ အတူ မျိုးစုံလှသော ဘာသာတရားများ ထွန်းကားမှုကြောင့် ဘာသာရေး အဆောက်အဦးများလည်း များစွာရှိပါတယ်။
**ပွဲတော်များ တိုရစ်ဇင်** - စပိန်နွားရိုင်းသတ်ပွဲ၊ နွားရိုင်းလွှတ်ပွဲကဲ့သို့သော နာမည်ကြီး ရိုးရာပွဲတောလာ တိုးရစ်များလည်း ရှိပါတယ်။
**ညဘ၀ တီုရစ်ဇင်** - မက်ဒရစ် နှင့် ဘာစီလိုနာ မြို.ကြီးများမှာ ကမ္ဘာ. စွဲဆောင်မှုအရှိဆုံး ညအလှများကိုပိုင်ဆိုင်ထားပါသည်။ မက်ဒရစ်မြို.ကတော့ ကမ္ဘာ.နံပါတ်တစ် ကလပ် ပါတီမြို.တော်အဖြစ်နာမည်ကြီးပါတယ်။
**သဘာဝ နှင့် ကျေးလက် တီုရစ်ဇင်** - သဘာဝတောတောင် အလှများကို ပိုင်ဆိုင်ထားသော စပိန်မြောက်ပိုင်းဟာ တောင်တက်ခရီး ထွက်လိုသူများ သဘာဝ ရှု.မျော်ခင်းတွေ ကျေးလက်ရိုးရာတွေ ခံစားလိုသော တီုးရစ်များအတွက်ဖြစ်ပါတယ်။
တိုရစ်ဇင်ဟာ စပိန်ရဲ့ အဓိက စီးပွါးရေးပါ။ တိုရစ်ဇင်က ရတဲ့ဝင်ငွေနဲ့ ကျန်တဲ့ဘက်စုံဖွံ့ဖြိုးမှုတွေကို လုပ်ခဲ့တာပါ။
တိုရစ်ဇင်ရဲ့ဝင်ငွေနဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ စပိန်ဟာ ကမ္ဘာ.နံပါတ် ၉ နဲ့ ဥရောပ နံပါတ် ၅ စီးပွါးရေး အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတိုင်းဟာလည်း တိုရစ်ဇင် ကို အထူးအလေးပေး လုပ်ဆောင်နေကြပါတယ်။ အောက်ပါစာရင်းကို ကြည်.မယ်ဆိုရင် ဘယ်လောက်အားကျဖို့ ကောင်းသလဲ သိနိုင်မှာပါ။

မြန်မာ့နိုင်ငံ ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲဝင်ရင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလိုအပ်ချက်တွေကိုလည်း လျှစ်လျှူ ရှု.မထားစေချင်ပါ။

ရဲသူရိန်မင်း
21.12.2010 17:47

Zin Thant
မြန်မာပြည်တွင်လည်း တိုရစ်ဇင် ခပ်ဆန်းဆန်းတစ်ခုရှိသည်။မည်သည့်နိုင်ငံ
ကမျှမတီထွင်နိုင်သေးသော တိုရစ်ဇင်ဖြစ်သည်။အမည်မှာ JUNTA ECO TOURISM
ခေါ် စစ်အာဏာရှင် စီးပွားဖြစ် တိုရစ်ဇင် စနစ်ဖြစ်သည်။ရှင်းပါအံ့
၁။မြန်မာပြည်ရွှေးကောက်ပွဲ ကျင်းပရန်တစ်ခအလို မည်သည့်သတင်းထောက်
မျှ မလာရ ၊လက်ရှိ နိုင်ငံခြားသားများ အ ထူးသဖြင့်ကနေဒါ နှင့်အမေရိကန်များ
အန်ဂျိအို အရာရှိကြီးများပါမကျန် သွား ထွက်သွားကြ မောင်းထုတ်လိုက်သည်။
၂။ရွှေးကောက်ပွဲ နှစ်ရက်အလို ပြည်ဝင်ခွင့်ဗီဇာကြေးလိုင်းကြေးဟကြေးများ
ဈေးတက်ကုန်သည်။ ကုန်သည်ကြီးများယောင်ဆောင်ခြင်း၊နိုင်ငံတကာလောင်း
ကစားသမားကြီးများယောင်ဆောင်ခြင်း အစ နည်းမျိုးစုံနှင့် သတင်းထောက်
များကို သိသိကြီနှင့် ဒေါ်လာသုံးထောင်ခန့်တင်ရိုက်သည့် JUNTA ECO TOURISM
ခေါ် စစ်အာဏာရှင် စီးပွားဖြစ် တိုရစ်ဇင်နည်းဖြင့်သွင်းလိုက်သည်။
၃။ရွှေးကောက်ပွဲနေ့မတိုင်မှီ ဟိုတယ်ကြီများအခန်းပြည့်ကုန်သည် နအဖ နှာ
စေးနေသည်။သိသိနှင့်ဝါးထားလိုက်သည်။သူ့အမိန့် ဂလိုကိုး ဂလိုဂွင်ကြီးကိုး
၎။ဒေါ်စုလွှတ်သည့်နေ့ ဒေါ်စုအိမ်ရှေ့တွင် ဘီဘီစီ WORLD SERVICE က
တစ်လခန့်ကြိုရောက်နေသည့် ကင်မရာကြိးများမီးကြီးများနှင့် တွေ့ဆုံမေးသူ
နံမည်ကြီးသတင်းထောက်များပင် အုံနှင့်ကျင်းနှင့်တွေ့နေရသည်။
နအဖ အတွက် အလွန်သနားစရာကောင်းသည့်အကွက်ကြီးတစ်ကွက်ပင်
ဗိုလ်ချုပ်ကြီးများထုတ်သည့်အမိန့်တိုင်း စာလုံးတစ်လုံးချင်း တစ်ကြောင်းချင်း 
ယုတ်စွအဆုံး လက်မှတ် အသားအတိုအရှည်တစ်ခုချင်းအလိုက် ဒေါ်လာကြေး
ခေါ်ပြီးရောင်းစားနိုင်သည် ယင်းတိုရစ်ဇင်စနစ်ကို အခြားနိုင်ငံများ လိုက်တုနိုင်
သည်။စစ်အာဏာရှင်တို့ စာလုံးတိုင်းဒေါ်လာဖြစ်လာသည်ကိုး....
7 hours ago · ·

Ye Myo Hein
၁။ ခရီးသွားလုပ်ငန်းမှ ၀င်ငွေမှာပြည်သူများထံသို့တိုက်ရိုက်ရောက်ရှိသည်ဟု ဆိုသော်လည်း ခရီးသွားကုမ္ပဏီများမှာ ဗိုလ်ချုပ်ကြီးများနှင့် တရုံးရုံးလုပ်ပြီးပါမစ်တွေ ၊ ဆက်လက်ရပ်တည်ခွင့်တွေကို အရယူနေရသည်မှာ အားလုံးအသိဖြစ်ပါ သည်။ ပြည်သူတွေထံသို့ အရိုးအရ...င်းရောက်နေချိန်တွင် စစ်အစိုးရအလိုကျ သူဌေးကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ အကျင့်ပျက်အစိုးရ၀န်ထမ်းများထံသို့ ဒေါ်လာငွေများ တရဟောစီးဆင်းနေပါသည်။
၂။ မြန်မာနိုင်ငံတွင် ခရီးသွားများအတွက် ရေခံမြေခံကောင်းများရှိသော်လည်း ၄င်းရေခံမြေခံကောင်းများကိုအသုံးပြုပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ၀င်ငွေရရှိအောင် ဆောင်ရွက်နိုင်လောက်သည့်အသိ လက်ရှိအစိုးရတွင်ရှိ ပါ၏လော။ အကြမ်းထည်ဆန်လွန်းသော အစိုးရအနေဖြင့် အနုထည်ဝန်ဆောင် မှုလုပ်ငန်းမှဝင်ငွေရအောင်လုပ်ရမည်ကို ကောင်းကောင်းနားမလည်သေးဘဲ အရင်းအမြစ်များကို တနင့်တပိုးရောင်းချခြင်းဖြင့်သာအသက်ရှုချောင်ရန်ကြိုး စားနေပါသည်။ (ဥပမာအားဖြင့်- ခရီးသွားများစိတ်ဝင်စားသည့်မြန်မာလူမျိုး စုများကို ထိုင်းနိုင်ငံက ၄င်းတို့ထံတွင်လက်ခံထားကာ ၇ွာတည်ပေးပြီးပြစားနေ သော်လည်း မြန်မာတို့မှာ ထိုအရာကို ကောင်းစွာမသိသေးပေ)
၃။ နိုင်ငံသားခရီးသည်များအနေဖြင့် မြန်မာနိုင်ငံတွင်လည်ပတ်စရာများသော် လည်း ခရီးသည်များကို စွဲဆောင်နိုင်လောက်အောင်မလုပ်ထားနိုင်ခြင်း၊ အဖိုးတန် ရှေးဟောင်းအဆောက်အဦများနှင့်ပတ်သတ်ပြီး နိုင်ငံတကာ စံနှုန်းကိုမကြည့်ဘဲ ကိုယ်လုပ်ချင်သလို ကိုယ်ပြင်ချင်သလို လုပ်နေခြင်း၊ နောက်ပြီး ခရီးသည်စိတ်ဝင်စားသောနေရာများကို ကောင်းမွန်စွာ မထိန်းသိန်းနိုင်ခြင်း၊ ခရီးသည်များအတွက် လုံခြုံမှုမပေးနိုင်ခြင်း၊ ဟိုမသွားရ ဒီမသွားရ ချုပ်ချယ်ကန့်သတ်မှုများခြင်း၊ လေယာဉ်၊ မီးရထားစသည်တို့ကိုပြေးဆွဲပေးရာတွင်လည်း ခရီးသွားလုပ်ငန်းကို မကြည့်ဘဲ ကိုယ့်သဘောအတိုင်း လုပ်ချင်သလိုလုပ်နေခြင်း၊ ရန်ကုန်မြို့လယ်ခေါင်တွင် နိုင်ငံခြားသားတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခြင်း စသည့်စသည့် လုပ်ရပ်များကို ပြုပြင်နိုင်ရန် အရင်ဆုံး ကြိုးစားရမည်ဟုထင်ပါသည်။
3 hours ago ·

Myanmar's HIV crisis


A dialogue with the recently released Burmese dissident about democracy, conflict, and the need for reconciliation.




Aung San Suu Kyi - GENERAL - Al Jazeera English
A dialogue with the recently released Burmese dissident about democracy, conflict, and the need for reconciliation.
Last Modified: 22 Dec 2010 14:00 GMT
Aung San Suu Kyi, the recently released Burmese dissident, has become an international symbol of peaceful resistance in the face of oppression and human rights violations in Myanmar.
The 65-year-old has spent most of the last 20 years in some form of detention because of her efforts to bring democracy to military-ruled Burma.
In 1991, one year after her party, the National League for Democracy, won an overwhelming victory in an election the junta later nullified, she was awarded the Nobel Peace Prize.
Now she talks to Al Jazeera about the country's future, the need for change, and why she believes that national reconciliation is the road Myanmar has to take to get the country out of the present state of economic stagnation and political unfreedom.
She speaks about democracy, development, a strong civil society, and the humanitarian situation in Myanmar - and how change and progress could be achieved.
To put the challenges facing Myanmar into global context we are joined by a distinguished panel of experts:
Helping us facilitate the dialogue is Maung Zarni, a Burmese dissident and an academic research fellow at the London School of Economis. His first-hand knowledge of Burma allows him to share his insights of armed conflicts, resistance, and the Burmese military.
Mary Kaldor is professor and co-director of Gobal Governance. She has written extensively on global civil society, how ordinary people organise to change the way their countries and global institutions are run.
Timothy Garton Ash is a historian, political commentator and regular colomnist for the UK newspaper The Guardian. He is professor of European studies at Oxford University. His main interest is civil resistance and the role of Europe and the old West in an increasingly western world. In 2000, Aung San Suu Kyi invited Professor Garton Ash to Burma to speak to members of her party, the National League for Democracy, about transitions to democracies.
At the Crossroads: a dialogue with Aung San Suu Kyi can be seen from Wednesday, December 22, at the following times GMT: Wednesday: 0030, 0730; Thursday: 1230, 1900.

http://english.aljazeera.net/programmes/general/2010/12/2010122115315511156.html