Thursday, December 23, 2010

23 Dec 2010 ဒိုင်ယာရီ



5 attachments — Download all attachments  
23 Dec 2010 Yeyintnge's Diary.pdf23 Dec 2010 Yeyintnge's Diary.pdf
3052K   View   Download  
EBC.pdfEBC.pdf
63K   View   Download  
mie mie.docmie mie.doc
33K   View   Download  
mie mie.pdfmie mie.pdf
129K   View   Download  
23 Dec 2010 Yeyintnge's Diary.doc23 Dec 2010 Yeyintnge's Diary.doc
3131K   View   Download  


http://www.mediafire.com/file/z84mi4z00jxe044/23%20Dec%202010%20Yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/th29s4cqkd3c59u/23%20Dec%202010%20Yeyintnge%27s%20Diary.doc

23 Dec 2010 Yeyintnge's Diary

မီးမီး ရေ… ဆောင်းတောင်ရောက်လာပြီ

မီးမီး ရေ… ဆောင်းတောင်ရောက်လာပြီ

မမီးမီး
ကျမတို့ဟာ အချိန်အပိုင်းအခြား တခုအတွင်းမှာ တောကြီးမျက် မဲ မဟုတ်ပေမဲ့ ကားသံတွေ စိုးစိမျှ မကြားရတဲ့ နေရာကို ရောက်ခဲ့ကြပါတယ်။ ရုပ်ရှင်ရုံ ဆိုတာလဲမရှိ။ ချစ်ရတဲ့ မိသားစုတွေနဲ့လဲ ကမ္ဘာခြားနေတာ မဟုတ်ပေမဲ့ မြင်တွေ့ခွင့် မရှိသလောက်ရှားတဲ့ နေ ရာကို ရောက်နေခဲ့ကြပါတယ်။ အားလုံး တချိန်ထဲရောက်တာ မဟုတ်ပေမဲ့ အားလုံးက တပြေးညီထဲ ဖြစ်သွားတဲ့ နေရာပေါ့။ ကျမတို့ ၈ ယောက်ဟာ ညီအမ အရင်းတွေ မဟုတ် ပေမဲ့ ညီအမအရင်းထက် ပိုပြီးတော့ နားလည်နေကြပါတယ်။ ကျမတို့ဟာ နံရံအိုတွေ ကြားက အုတ်ရိုးထဲမှာ ၇ နှစ်ကြာနေခဲ့ရ စဉ်ကပေါ့။
နံရံ ၄ ဘက်ကြားက အခန်းကျဉ်းလေးထဲမှာ ကျမနဲ့ မီးမီး အတူတူ နေခဲ့ရပါတယ်။ မီးမီး က အိမ်ထောင်ရှင်တယောက် ဖြစ်ပြီး ကလေး ၂ ယောက် အမေလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မီးမီးက ကျမတို့ထက်တော့ အသက်ငယ်ပါတယ်။ မီးမီးမှာ ၄ နှစ်အရွယ် သမီး ၁ ယောက်၊ ၂ နှစ် အရွယ် သား ၁ ယောက် ကျန်ခဲ့ပါတယ်။ သူက သူ့မိသားစုကို လွမ်း ဆွတ်နေတဲ့ အခါမျိုးမှာ သူ့ကလေးတွေ အကြောင်းပြောပြနေပေမဲ့ တခြားလူ စိတ်အ နှောင့်အယှက်ဖြစ်အောင်တော့ ဘယ်တော့မှ လုပ်လေ့မရှိပါဘူး။ သူ့မှာ ဖြစ်ချင်တာကို တစိုက်မတ်မတ် လုပ်တတ်တဲ့ အလေ့ရှိပါတယ်။ ဒါကြောင့်လဲ ဘယ်လောက်ပဲ ခက်ခဲနေ ပါစေ သူက သူယုံကြည်ရာကို ဆက်လုပ်နေတာဘဲ မဟုတ်ပါလား။
သူက အိမ်ထောင်ကြပြီးမှ တက္ကသိုလ်တက်ဖြစ်တဲ့သူပါ။ သမီးလေးကို နို့ချိုတိုက်ရင်း ကျောင်းတက်တဲ့ အကြောင်းပြောတော့ ကျမတို့ ရီကြရပါတယ်။ တခါတလေ အိမ်မှာ ကျန်တဲ့ သမီးငယ် နို့ဆာနေရင် သူက ကျောင်းမှာ ဝေဒနာခံစားရတဲ့ အကြောင်းပြောပြ တော့ မိခင်တယောက်ရဲ့ ဘဝကို ခံစားမပေးနိုင်သေးတဲ့ ကျမတို့အတွက်တော့ ယုံတမ်း တခုပဲ ဖြစ်နေပါတယ်။
မီးမီး ရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်က အနစ်နာခံတတ်တာပါပဲ။ ဘယ်သူ့ အပေါ်မှာ မဆို သူက အနွံ့အတာခံ တတ်ပါတယ်။ ကျမတို့ အင်းစိန်မှာတုန်းက ချက်ပြုတ်စား သောက်လို့ မရပါဘူး။ ချက်တယ်ဆိုလို့ မီးသွေး မီးဖိုနဲ့ အကျအန ချက်တယ်လို့ မထင် လိုက်ပါနဲ့။ တကယ်က အိုးတိုက်ဖွဲပြာတွေနဲ့ ကြွပ်ကြွပ်အိတ်တွေကို သုံးပြီးတော့ မီးဖိုတာ ပါ။ အညှော်နံ့ကလဲ တော်တော်လေး ဆိုးပါတယ်။ အဲဒီလို ညှော်နံ့ဆိုးလို့ ဘယ်သူမှ ဟင်းမချက်ချင်ပေမဲ့ မီးမီးကတော့ တတိုက်လုံးစားဖို့ သူတယောက်ထဲ ဒိုင်ခံ ချက်ပါ တယ်။ ဘယ်တော့မှ မချက်ချင်ဘူးလို့ ပြောလေ့ မရှိပါဘူး။
မီးမီးက အထူသဖြင့် ကျမရဲ့ အနွံအတာကို တော်တော်ခံပါတယ်။ အင်းစိန်မှာက အစိမ်း အစို မစားရပါဘူး။ သာယာဝတီ ရောက်ရောက်ခြင်း ကျမ အပင်တွေ စစိုက်ပါတယ်။ ကျမတို့တိုက်က ထောင်ပိုင်ရုံးခန်းကနေ လှမ်းမြင်တာမို့ ထမင်းကိစ္စ (ကျမတို့သာယာဝ တီ ရောက်ရောက်ချင်း စကြွေးတဲ့ ထမင်းက နီရဲပြီး အတော်ကြမ်းပါတယ်။ ဒါကြောင့် ကျမတို့တွေ မစားနိုင်လို့ မယူကြတာကနေ အစာငတ်ခံ ဆန္ဒပြတယ်ဆိုပြီး ပြဿနာက ကြီးထွားသွားတာပါ။)ကလဲ ရှိနေတော့ ထောင်ပိုင်က ကျမတို့ကို ညစ်တဲ့ သဘောနဲ့ အ ပင် မစိုက်ရဘူးလို့ပြောပါတယ်။ ကျမစိုက်ထားတဲ့ ခရမ်းချဉ်သီးပင်တွေကို နှုတ်ခိုင်းပါ တယ်။
ကျမက ပေကျစ်ကျစ် လုပ်တတ်သူဆိုတော့ အပင်ကို ရအောင်စိုက်ပါတယ်။ ထောင်ပိုင် ကလဲ ကျမတို့ မိန်းခလေးတွေကို နှိပ်ကွပ်ဖို့ ပြင်ဆင်နေတော့လုံးဝကို ခွင့်မပြုဘဲ ကျမ စိုက်ထားတဲ့ အပင်တွေကို နှတ်ခိုင်းပါတယ်။ ကျမလဲ ဒေါသတွေက ထွက်နေပါတယ်။ ကျမက အလုပ်မရှိတော့ အပင်တွေကိုပဲ တသသ လုပ်နေတာ မဟုတ်လား။ ကျမ အသည်းကို အပ်နဲ့ဆွ နေသလိုပါပဲ။ ဒါကြောင့် ကျမနဲ့ တခန်းထဲနေပြီး ညီအမလို ဖြစ်နေ တဲ့ မီးမီးက ပြောပါတယ်။ “အမ ဒေါသထွက်မနေနဲ့ မီးမီး ဘယ်လို လုပ်ပေးရမလဲတဲ့”။ ကျမ၊ ရီရီနဲ့ မီးမီး တိုင်ပင်ကြပါတယ်။ နောက်ဆုံးတော့ ကျမတို့က ထောင်ပိုင်တန်းစီ လာ ရင် အပင်တွေကို ပုံစံထုတ်ထဲ ထဲ့ထုတ်ကြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ထောင်ထဲမှာ ထောင်ပိုင်က တပတ်ကို ၁ ရက် ထောင်ကို လှည့်လည် ကြည့်ရှူလေ့ရှိပါ တယ်။ အဲလို ထောင်ပိုင်လှည့်ကြည့်တာကို ထောင်ပိုင်တန်းစီတယ်လို့ ခေါ်ပြီး သူလာ ရင် အခန်းတွေထဲက ပစ္စည်းတွေကို အထုပ်တွေနဲ့ထည့်ပြီး သူမမြင်နိုင်တဲ့ နေရာမှာ ထပ် ထားရပါတယ်။ အဲဒီလို လုပ်တာကို ပုံစံထုတ်တယ်လို့ ပြောကြတာပေါ့။
ကျမတို့ရဲ့ ခရမ်းချဉ်သီးပင်ကို အမြစ်တွေပါ ကျန်မနေအောင် သေချာဂရုစိုက်တူး၊ ကျန် ချောင်းအိတ်ကို ရေထွက်အောင် အပေါက်တွေဖောက်ပြီးတော့ အပင်ကို အိတ်ထဲထည့်၊ ထောင်ပိုင်မလာခင် ပုံစံထုတ်တဲ့အခါ ပုံစံထုပ်ထဲထည့်ထုပ်၊ ထောင်ပိုင်ပြန်သွားလို့ တန်း ဖြုတ်တာနဲ့ အပင်ကို သူ့နေရာသူပြန်ထား၊ အဲဒီ အလုပ်ကို မီးမီးက မငြီးမငြူ လုပ်ပါ တယ်။ ၃ ပတ် လောက်ကြာမှ ထောင်ပိုင်က သတိထားမိသွားပါတယ်။ ခရမ်းချဉ်သီးပင် တွေ ဘက်ကို လှည့်ကြည့်တော့ အပင်တွေ မရှိတော့ဘူးဆိုတော့ ထောင်ပိုင်က ကြေနပ် သွားပုံရပါတယ်။ သူပြန်သွားတော့မှ ကျမတို့တတွေ ပြန်ထုတ်ပြီး သူ့နေရာသူထားလိုက် တော့မှ ထောင်ပိုင်ရုံးခန်းက ကြည့်ရင်လှမ်းမြင်နေရတော့ ထောင်ပိုင် တင်းသွားပုံရပါ တယ်။ ၁ ပွင့်နဲ့ ထောင်မှူးကို လာကြည့် ခိုင်းပါတယ်။ ထောင်မှူးလာကြည့်တဲ့ အချိန်မှာ ကြွပ်ကြွပ်အိတ်ထုပ်ကိုမြင်သွားတော့ ပြုံးစိစိနဲ့ ထွက်သွားပါတယ်။ အဲဒီ အချိန်ကထဲက ထောင်ပိုင်လဲ ကျမတို့ကို မရစ်တော့ပါဘူး။
မီးမီးက သူ့ခင်ပွန်းကို အရမ်းချောတယ်လို့ ကြွားတတ်ပါတယ်။ အမှန်လဲချောပါတယ်။ အသားညိုညို၊ မျက်လုံးမျက်ခုံး ကောင်းကောင်းနဲ့ဆိုတော့ ကိုလှမိုးက ကုလားဆင်လေး ပေါ့။ မီးမီးနဲ့ ကျမက ထောင်ဝင်စာ အတူတူ ထွက်တော့ ကိုလှမိုးကို ကျမကမြင်ဘူးတာ ပေါ့။ တိုက်မှာက မီးမီးရဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် ရွှေစင်နဲ့ ကျမ ပဲ ကိုလှမိုး ကို မြင်ဘူးတာဆိုတော့ ကျမတို့က “မီးမီးရယ် နဲနဲလျော့လိုက်ပါ ကိုလှမိုးက ကုလားဒိန် လေးပါ” လို့ ပြောတော့ မီးမီး ဆွေ့ဆွေ့ ခုန်နေပါတယ်။ ကျမတို့ကလဲ ဘယ်တော့မှ အ လျော့ မပေးပါဘူး။
မီးမီး ရဲ့ ဝါသနာက သီချင်းဆိုတာပါ။ ဒါပေမဲ့ အသံကတော့ သိပ် မကောင်းပါဘူး။ မီးမီး ဆိုရင်ကောင်းတဲ့သီချင်းက တော်လှန်ရေးသီချင်းတွေပါ။ ဒါပေမဲ့ မီးမီးက တွေ့ရာသီချင်း ဆိုတတ်တော့ ကျမတို့က နားညည်းတယ်လို့ထင်ရင် နောက်ကနေ စာသားတွေမှားနေ တယ်ဆိုပြီး တွေ့ရာကြုံရာ စာသားတွေကို လိုက်ထောက်ရင် မီးမီး စိတ်ညစ်တတ်ပါ တယ်။ အဲဒီလိုဆိုရင် မီးမီး က မပြင်ဘူးအမရယ် ဆိုပြီးခေါင်းမာမာနဲ့ ငြင်းတတ်ပါတယ်။
တခါက မှတ်မှတ်ရရ ဆောင်းဝင်ကာစပေါ့။ တန်းပိတ်တော့ မီးမီးက တံခါးဝက သံတန်း တွေကိုကိုင်ပြီး သီချင်းဆိုဖို့ စိုင်းပြင်းနေပါတယ်။ ကျမ ပုံစံ စတွေနဲ့ ကိုယ်ဖာသာ ချုပ် ထားတဲ့ Made in Tharyarwaddy ခြင်ထောင်ထဲဝင်ပြီး ကွေးနေပါတယ်။ အဲဒီအချိန်မှာ ပဲ ကျမတို့အခန်းထဲကို ဓါးခုတ်ကောင်လို့ခေါ်တဲ့ အစိမ်းရောင် နှံကောင်တွေ ဝင်လာပါ တယ်။ သဘာဝကို ချစ်တတ်တဲ့ မရွှေမီးမီးက နှံကောင်တွေကို ကြည့်ရင်းက သာယာဝ တီ မှာ မို့လို့ နှံကောင်မြင်ရတာ အင်းစိန်မှာ မမြင်ရဘူးလို့ ပြောနေပါတယ်။ ကျမတို့တွေ အင်းစိန်ထောင်ကနေ ပြောင်းလာကြတာလဲ သိပ်မကြာလှသေးဘူးလေ။ ဒီတော့ မြင်သ မျှက အထူးအဆန်းတွေချည်းဘဲပေါ့။ အစကထဲက ဘယ်လိုလွမ်းရင် ကောင်းမလဲ စဉ်း စားနေတဲ့ မရွှေမီးက စိုင်းထီးဆိုင်ရဲ့ “ဆောင်းသီချင်းကို စဆိုပါတယ်။
“ဒီဆောင်းနှင်းမြူရယ် ကိုယ်ချင်းလဲ မစာတယ် ချမ်းတယ် ချမ်းတယ် မေးခိုက်ခိုက်တုန် အောင် စောင်နဲ့ခြုံတောင် မလုံဘူး အချစ်ရယ် မင်းကိုယ်ငွေ့နဲ့ ထွေးကာမှ ပိုနွေးမယ် ထင် တော့တယ် ပိုနွေးနိုင်မယ် (အချစ်ရယ်) ၂ ပိုနွေးနိုင်မယ်” ဆိုတဲ့ သီချင်းကို ခံစားချက်အ ပြည့်နဲ့ ဆိုပါတယ်။ အမှန်ကတော့ သူ့ရင်ထဲမှာ သူ့မိသားစုလေးကို အရမ်းလွမ်းနေပါ လိမ့်မယ်။ ကျမတို့တွေလဲ နားထောင်ရင်း သူ့ကို ကိုယ်ချင်းစာ မိပေမဲ့ မနောက်ရရင် မနေ နိုင်လို့ ကျမက ဖီလင် အောက်သွားအောင်နောက်ကနေ စာဖတ်နေပါတယ်။ စာဖတ် တယ်ဆိုတာက နောက်ကနေ တတွတ်တွတ်နဲ့ ရေရွတ်နေတာပါ။ အဲဒါကို ၁၈ နှစ်သာရှိ သေးတဲ့ လေးလေးမွန်က စာဖတ်တယ်လို့ အမြဲသုံးလေ့ရှိလို့ပါ။
ဆောင်းသီချင်းကို ဆိုနေတုန်းမှာဘဲ မီးမီးက ထိတ်လန့်တကြား ရေရွတ်လိုက်ပါတယ်။ မကြီးရေ နှံကောင်တွေလားမသိဘူး ရှေ့မှာ ပျံလာကြတာ မဲနေတာဘဲတဲ့။ ကျမက ခြင် ထောင်ထဲကနေ မီးမီးသီချင်းဆိုတာ ကြိုက်သွားလို့လာအားပေးတာနေမှာပေါ့လို့ ပြော လိုက်ပါသေးတယ်။ ခဏလေးအတွင်းမှာဘဲ အခန်းတွေထဲကို တရစပ်ဝင်လာလို့ မီးမီးလဲ အိပ်ရာထဲ ပြေးဝင်လာပါတယ်။ အဲဒီတော့မှ ကျမတို့တွေ့လိုက်ရတာက တခန်းလုံး နှံ ကောင်တွေ တိုးဝှေ့ပျံသန်းနေကြပါတယ်။ ကျမတို့တွေလဲ ဘဝမှာ နှံကောင်တွေ အဲဒီ လောက် အများကြီးကို အဲဒီတခါဘဲ မြင်ခဲ့ဘူးပါတယ်။
မနက်မိုးလင်းတော့ ထောင်ပိုင်နဲ့ အသည်းအသန် ယှဉ်ပြိုင်စိုက်ပျိုးခဲ့ရတဲ့ ခရမ်းချဉ်ပင် တွေဟာ နှံကောင်တွေ ဝိုင်းနားလိုက်တာ ညှိုးနွမ်းသွားပါတယ်။ ခရမ်းချဉ်သီး အကင်း လေးတွေကိုလဲ ကိုက်ဖြတ်စားသောက်သွား ကြပါသေးတယ်။ မီးမီးကတော့ စိတ်ညစ် သွားတဲ့ ကျမကို ပြောတာက “ထောင်ပိုင်က မအောင်ဖြူနဲ့ တိုက်လိုက်တယ်ထင်တယ် နော်” တဲ့။ ကျမရဲ့ ဒေါသတွေက မီးမီး အပေါ်ကျ သွားပါတော့တယ်။ သာယာဝတီ ဆို တာက ဖျာလိပ်နတ် မအောင်ဖြူရဲ့နယ်မြေတဲ့လေ။
၂၀၀၇ ခုနှစ်မှာ မီးမီး ကျမအိမ်ကိုရောက်လာပါတယ်။ ၂၀၀၇ ခုနှစ် သြဂုတ်လမှာ လောင် စာဆီတွေ အဆမတန် ဈေးတက်သွားတာနဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသားတွေက ဦး ဆောင်ပြီးဆန့်ကျင် ဆန္ဒပြကြတာကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေအားလုံး ပုန်း ရှောင်နေကြရပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကိုတော့ ဖမ်းဆီးထားပြီးတဲ့ အချိန်မှာပေါ့။ ကျမနဲ့ မီးမီး စကားပြောနေတုန်း ကိုစိန်လှိုင်နဲ့ ကိုမာကီးက ဖုန်းဆက်ပါတယ်။ ရေနံသာ မှတ်တိုင်ထိပ်က ယင်းမာမြိုင် လဘက်ရည်ဆိုင်ကို ထွက်ခဲ့ပါတဲ့။ ကျမနဲ့ မီးမီး လက်ဘက် ရည်ဆိုင်ရောက်တော့ ကိုမာကီက
“မီးမီး နင်က ကလေးတွေနဲ့ နင်အဖမ်းခံရရင် မလွယ်ဘူး၊ နင်အခုအချိန် အပြင်ထွက်ပါလား” ဆိုပြီး ပြောပါတယ်။
ကျမတို့က “ဟုတ်တယ်။ မီးမီးထွက်မလား” လို့မေးတော့ မီးမီးက
“ဟင့်အင်း မီးမီး မထွက်ဘူး၊ မီးရဲ့ ရဲဘော်တွေ တောင် နေရဲသေးတာ၊ မီးတယောက်ထဲ ပြေးစရာလားတဲ့။ ကိုမာကီကတော့ ပြောရှာပါတယ်။ တကယ်လို့ လာဖမ်းရင် ပြေးလို့ လွယ်အောင်တော့ အပေါက်ရှာထားနော်တဲ့။ ကျမက
“ကိုမာကီ…စိတ်ချနေနော်။ ကျမတို့အိမ်က ပြဿနာ မရှိလောက်ဘူး ထင်ပါတယ်။” လို့ ကျမပြောပြတော့ ကိုစိန်လှိုင်ကလဲ သူရောနေလို့ရမလားတဲ့။ ဒါကြောင့် မီးမီးရော ကိုစိန်လှိုင် ရော ကျမတို့အိမ် ရောက်လာပါတယ်။
အဲဒီနှစ်က မီးမီးသမီးလေး ၁၀ တန်းဖြေရမှာလေ။ မီးမီးက ကျမကို သေချာမှာခဲ့ပါတယ်။ “အမရေ…မီးတို့က အဖမ်းတော့ခံ ရမှာဘဲ။ သမီးစာမေးပွဲ မပြီးခင် အဖမ်းခံရရင် သမီးမ သိပါစေနဲ့တဲ့။ မီးမီး အစား သမီးကို သွားတွေ့လိုက်ပါနော်တဲ့။ အဲဒီ စကားကြောင့် အထဲ က အဖြစ်အပျက်လေးတခုကို သတိရမိပါတယ်။
မီးမီးကတိရိစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ ကျမက တိရိစ္ဆာန် မချစ်တတ်သူပါ။ ကျမ တို့တိုက်ကို ဘယ်နေရာကမှန်းမသိတဲ့ ကြောင်မကြီးတကောင်ရောက်လာပါတယ်။ ကြောင်မကြီးမှာ ဇီးလဲ ပါလာပါတယ်။ ကျမတို့တိုက်မှာဘဲ ကြောင်လေး ၄ ကောင်  မွေး ပါတယ်။ အဲဒီထဲက အထီးတကောင်ဟာ တော်တော် အကျင့်ဆိုးပါတယ်။ ကျမရဲ့ ခြင် ထောင်နဲ့ ကျမရဲ့ အဝတ်အစားထဲ့တဲ့ အိတ်ကို သေးနဲ့ အမြဲပန်းပါတယ်။ ကျမက လိုက် ရိုက်ရင် မီးမီးက မလုပ်ပါနဲ့ အမရယ်ဆိုပြီး အမြဲတားပါတယ်။ ကျမကလဲ သူတားလေ ပို ဒေါသထွက်လေဖြစ်ပါတယ်။ သူက ကျမကို အမ ဝဠ်လိုက်လိမ့်မယ်တဲ့။ ကျမကတော့ ဝဠ်ကနောက်မှလိုက်တာ သေးနံက အခုနံနေတာလေ ဒါကြောင့်သည်းမခံဘူးလို့ အမြဲ ပြောနေကြပါ။ မီးမီးကတော့ ကြောင်မလေး သူ့လက်ပေါ်လာ အိပ်တိုင်း သူ့သမီးလေး အိမွန်နဲ့ တူတယ်လို့ အမြဲတမ်းပြောပြောနေတတ်သူပါ။
သာယာဝတီရောက်ပြီးနောက်ပိုင်း စီးပွားရေးအခြေအနေကြောင့် ကိုလှမိုးထောင်ဝင်စာ အလာကျဲသွားပါတယ်။ ကျမ အမေကတော့ စီးပွားရေးအဆင်မပြေလို့ ကိုလှမိုး မလာနိုင် ဘူးလို့ ပြောပြပေမဲ့ ထောင်ဝင်စာက ပြန်လာရင် မီးမီးကို နောက်ဖို့ ထောင်ဝင်စာ မထွက် ခင်ကထဲက တိုင်ပင်ထားကြပါတယ်။ ကျမ ထောင်ဝင်စာက ပြန်ရောက်တာနဲ့ ရီရီနဲ့ တီး တိုး တိုင်ပင်တဲ့ အိုက်တင်ကို ဖမ်းပါတယ်။ မီးမီးက အရမ်းသိချင်လာပါတယ်။ ဒါကြောင့် မီးမီးက ကျမကို အတင်းမေးပါတယ်။ မီးမီး ကျမတို့ အကွက်ထဲ ဝင်လာတာပေါ့။
ကိုလှမိုး နောက်မိန်းမယူသွားတဲ့ပုံစံမျိုးဖြစ်အောင် ပြောကြလို့ မီးမီး မျက်ရည်တောင် လည်လည်လာတဲ့ အထိပါပဲ။ အဲဒီအခါကြရင် မီးမီးက သဘောထားကြီးတဲ့ ပုံစံနဲ့ ကိုကို့ ကို မီးမီး ခွင့်လွတ်ပါတယ်လို့ မီးမီး ပြောနေကြပါ။ ဒါပေမဲ့ မီးမီးလွတ်ရင် သားနဲ့ သမီးကို တော့ ပြန်ခေါ်မယ်၊ အမလွတ်ရင် ကိုလှမိုးကို ပြောပေးနော်တဲ့။ အားလုံးထဲမှာ ကျမက အရင်ဦးဆုံးလွတ်မဲ့ သူလေ။ အဲဒီတုန်းက ကျမတို့က မီးမီး တမင်သဘောထားကြီး ဟန် ဆောင်တယ်လို့ ထင်မိပေမဲ့၊ မီးမီးက သူ့ခင်ပွန်းနဲ့ ပတ်သက်ရင် တကယ်သဘောထား ကြီးပါတယ်။
သူတို့လင်မယား တခါတရံ သဘောထားမတိုက်ဆိုင်ကြပါဘူး။ ဘယ်လိုပဲ စကားများများ နောက်ဆုံးတော့ မီးမီးကပဲ ခွင့်လွတ်တတ်သူပါ။ မီးမီးက လူတိုင်းအပေါ်မှာလဲ ခွင့်လွတ် တတ်ပါတယ်။ သူမက သူ့မိသားစုကို ချစ်ခင်မြတ်နိုးသလို သူမရဲ့တိုင်းပြည်ကိုလဲ ချစ်ခင် မြတ်နိုးသူပါ။ မီးမီးနဲ့ ကျမ စကားပြော ဖြစ်တော့ မီးမီး ပြောပြခဲ့တာက… “အမရေ…မီးမီးလေ သမီးနဲ့သား ကို ပြုစုပျိုးထောင်ချင်ပါတယ်။ ဒါပေမဲ့ မီးမီးတို့က မိ သားစု ဘဝထဲမှာ နှစ်မြုပ်လိုက်ရင် မီးမီးတို့ရဲ့ သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်နေမှာစိုးလို့ မီးမီး အခု နိုင်ငံရေးလုပ်နေတယ် အမ” တဲ့။
တကယ်တော့ မီးမီးဟာ ပွင့်လင်းရိုးသားသူ တဦးဖြစ်လို့ ကျမတို့က မီးမီးကို ချစ်ခင်နှစ် သက်ပါတယ်။ မီးမီးက ကိုယ်ကျိုးစွန့်တတ် သူဖြစ်လို့ သူ့သမိုင်းကို သူကိုယ်တိုင် လှလှ ပပ ရေးဖွဲ့ထားသူလဲ ဖြစ်ပါတယ်။ အခု အချိန်မှာ မီးမီဟာ ၆၅ နှစ်ဆိုတဲ့ အပြစ်ဒဏ်နဲ့ သူချစ်တဲ့ မိသားစုလေးကို လွမ်းနေမှာ သေချာပါတယ်။
ခင်ငြိမ်းသစ်
http://www.naytthit.net/?p=5484
mie mie

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီနဲ့ ကွန်ယက်လှုပ်ရှားမှု( ဦးဝင်းတင်နဲ့ မေးခွန်းများ)

Thursday, 23 December 2010
ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီနဲ့ ကွန်ယက်လှုပ်ရှားမှု
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဒီဇင်ဘာ ၂၃၊ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်တွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေအားလုံး အသီးသီးမှာ အလုပ်တွေများနေကြတယ်။ စကားတွေ ပြောကြ၊ တွေ့ဆုံဆွေးနွေးကြ၊ ခရီးတွေ ထွက်ကြ၊ အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ ထုတ်ပြန်ကြနဲ့ တွေ့ရတယ်။ ပြည်တွင်း ပြည်ပက မေးမြန်းစုံစမ်းကြတာတွေကိုလည်း ဖြေရ၊ ရှင်းရနဲ့ မအားရအောင်ပါပဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာပြောချင်ပါသလဲ။ အခု ဒေါ်စုလုပ်နေ ကိုင်နေ ပြောနေတာတွေဟာ ဒေါ်စုတဦးတည်းရဲ့ သဘောထားတွေလား၊ အင်န်အယ်ဒီရဲ့ သဘောထားတွေလား၊ အတူတူပဲလား။

အခုအချိန်မှာ ခင်ဗျားတို့ဖက်ကပြောသလိုပဲ အချို့က ပြောကြတယ်။ ဒေါ်စုက အလုပ်တွေ အများကြီး လုပ်နေတယ်။ ဒါတွေဟာ အင်န်အယ်ဒီရဲ့ သဘောထားတွေ ဟုတ်ကဲ့လား။ ဒေါ်စုက သူလုပ်ချင်တာတွေ လျောက်လုပ်၊ လျောက်ပြောနေတာလား ဆိုတာမျိုး ဝေဖန်ကြတယ်။ ဒေါ်စုလုပ်တာတွေက သိပ်ကျယ်ပြန့်လွန်းတော့ အလှမ်းကျယ် အလယ်လတ်နေသလား။ တချို့နယ်စပ်မှာ၊ နယ်စပ်အလွန်မှာ လုပ်နေရတဲ့ ဟာတွေအတွက် အခက်အခဲတွေ ဖြစ်တယ် ဆိုပြီး ဝေဖန်ကြတာတွေလည်း ရှိတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ၊ လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင်ကိစ္စတွေမှာ မေးမြန်းကြတာတွေမှာ မရှင်းလင်းတာတွေ ဖြစ်ကုန်တယ်လို့ ပြောကြတယ်။
နိုင်ငံရေး၊ လူမှုရေး၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ တွေ့ရတာတွေ၊ သတင်းစာနယ်ဇင်းဆိုင်ရာ တွေ့ရတာတွေ၊ နယ်ပယ်အသီးသီးနဲ့ သက်ဆိုင်ရာတွေနဲ့ တွေ့ရ ဆုံရတာတွေက နေ့စဉ် ရက်ဆက် တောက်လျှောက်တွေ့ဆုံ ပြောဆိုနေရတဲ့အခါကျတော့ အလှမ်းကျယ် အလယ်လတ်တာတွေ ရှိကောင်း ရှိနိုင်ပါတယ်။
အခုအချိန်မှာ ကျနော်တို့တတွေနဲ့ တွေ့ဆုံနေတဲ့သူတွေ၊ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေ ဆိုတာက အယူအဆတွေ အခြေခံတွေ၊ သဘောထားတွေ၊ မတူညီတဲ့သူတွေ၊ အမျိုးအစားပေါင်းစုံနဲ့ တွေ့ဆုံနေရတယ် ဆိုတာကို သိစေချင်ပါတယ်။ နောက်ပြီးတော့ လွတ်လပ်အေးချမ်းတဲ့ အနေအထားမျိုးမှာ သူတို့တွေနဲ့ တွေ့နေရတာမျိုး မဟုတ်ပါဘူး။ ဒေါ်စုကိုယ်တိုင်ကလည်း အခုအချိန် လွတ်မြောက်လာတဲ့ဆီမှာ သဘောထား အလွန်ကို ပျော့ပြောင်းလာတယ်ဆိုတာကို တွေ့ရပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်ပြီး ထိခိုက်တဲ့၊ တိုက်ခိုက်တဲ့  အပြုအမူ၊ အပြောအဆိုတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အလွန်သတိထားတယ်။ ဒေါ်စုက သူလွတ်မြောက်လာတဲ့အချိန်မှာ သူ့ရဲ့ ဂုဏ်သိက္ခာတွေ အလွန်မြင့်မားလာသလိုပဲ သူရဲ့ အတွေးအခေါ်အယူအဆတွေဟာ အတော်ကို သိမ်သိမ်မွေ့မွေ့ ပျော့ပြောင်း ညင်သာမှုတွေ ရှိလာတာကို တွေ့ရတယ်လို့ ကျနော်က ပြောချင်ပါတယ်။
သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ကျနော်တို့ရဲ့ အမြင်မှာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က အတိုင်းပဲ သူရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ၊ အယူအဆတွေ၊ ယုံကြည်မှုတွေဟာ အခုချိန်မှာ မပြောင်းမလဲပဲ ရပ်တည်လျုက်ရှိတယ်၊ ခိုင်မြဲစွာ မြန်မာပြည်နဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် မပြောင်းမလဲ ရှိနေတယ်ဆိုတာကို တွေ့ရတဲ့အတွက် ကျနော်တို့အနေနဲ့ အများကြီး ၀မ်းသာတယ်၊ ကျနော်တို့ အားရှိတယ်လို့ ပြောချင်ပါတယ်။ အရင်တုန်းကအတိုင်းပဲ မပြောင်းလဲဘူး ဆိုတာ ပြောချင်ပါတယ်။
ယခု လက်ရှိ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့၎င်း၊ ကျနော်တို့တွေ၊ အင်န်အယ်ဒီပါတီဝင်တွေသာမက ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပတ်သက်ပြီး ဒေါ်စုဟာ အခုအချိန်မှာ ရွေ့သွားခြင်း၊ ပြောင်းသွားခြင်း မရှိဘူး ဆိုတာကို ကျနော်တို့က ပြောချင်ပါတယ်။

ဒါဆိုရင် အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုတွေဟာ ယခင် အကျယ်ချူုပ်မကျခင်က ဦးဆောင်မှုတွေနဲ့ ဘာတွေ ပြောင်းလဲသွားတာ ရှိတယ်လို့ ပြောချင်သလဲ ဆရာ။ ဒေါ်စုရဲ့ ယခုလက်ရှိ လှုပ်ရှားမှုတွေ၊ ဦးဆောင်မှုတွေကို ဘယ်လိုမျိုး ဆရာက မြင်သလဲ။
  ကျနော် အခုတလောမှာ ပြောနေတဲ့ ဥပမာကိုပဲ ပြောချင်ပါတယ်။ ၂၀၀၃ မေလ ဒီပဲယင်းအရေးအခင်း မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအရေးကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ issue တွေကို issue by issue အရေးတွေကို တခုချင်းစီကို သီးခြားစီ ကိုင်တွယ်တယ်၊ ဖြေရှင်းတယ်၊ ဦးဆောင်မှုပေးနေတယ် လို့ မြင်တယ် လို့ ကျနော် ပြောဖူးတယ်။ ငါးဖမ်းသူတဦးဟာ ငါးဖမ်းတဲ့နေရာမှာ ငါးအမျိုးအစားပေါ်မူတည်ပြီးတော့ ငါးစာအမျိုးမျိုးနဲ့ ငါးမျှားတံ အမျိုးမျိုးကို ကိုင်တွယ်ပြီး မျှားနေသလိုမျိုး လို့ ကျနော်က မြင်တယ်။
အခုကျတဲ့အခါတော့ ဒေါ်စုက ကျယ်ပြန့်တဲ့ အမြင်နဲ့ သဘောထားတွေအားလုံးကို ခြုံငုံပြီးတော့ ကိုင်တွယ်နေတယ်လို့ ကျနော်က ပြောချင်တယ်။ ဒေါ်စုရဲ့ vision က ကျယ်ပြန့်မှု၊ ဖြန့်ကျက်မှုတွေ ရှိလာတယ်။ တဖက်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောနေချိန်မှာ၊ Sanction ကိစ္စကိုလည်း ကိုင်တွယ်နေရတယ်။ အရင်အချိန်တုန်းက နိုင်ငံရေးအင်အားစုတွေထက် ပိုပြီး တိုးပွားလာတဲ့ အခုရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစုအဖွဲ့တွေကိုလည်း လက်ခံ တွေ့ဆုံနေရတယ်။ ဒေါ်စုပြန်လည်လွတ်မြောက်လာချိန်မှာ အရင်တုန်းကထက် ပိုပြီး မြန်မာပြည်သူလူထုဟာ ဖွတ်ကျော ပြာစု ခရု အဆံကျွတ်နေသလို ဆင်းရဲတွင်းနက်နေတာကိုလည်း တွေ့နေရတယ်။ ဒါတွေကိုလည်း ဒေါ်စုက ရှောင်လွှဲနေလို့ မရဘူး။ ဒါတွေကိုလည်း ကိုင်တွယ်ရတယ်။ ပြင်ဆင်ရတယ်။ ဒါကြောင့် အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုံးက ငါးမျှားတံတွေနဲ့ ငါးမျှားသလိုမျိုး မဟုတ်တော့ဘဲ ငါးတွေ အမျိုးမျိုး အစုံစုံအတွက် ကွန်ပစ်ပြီး ငါးမျှားတာ၊ ငါးဖမ်းတာ ဖြစ်လာတယ်လို့ ကျနော်က ဥပမာပေးပြီးတော့ ပြောချင်ပါတယ်။ ဒါကို ကွန်ယက်ကြီးတခုလိုမျိုး မြင်လို့ ရမယ် ထင်ပါတယ်။
အဲသည်အတွက် ကျနော်တို့ကို၊ ဒေါ်စုကို၊ ကျနော်တို့ မဟာမိတ်တွေကို အခုအချိန်မှာ ကျယ်ပြန့်တဲ့ ဖြန့်ကျက်မှုတွေ၊ အလုပ်တွေ၊ အမြင်တွေ တည်ဆောက်လုပ်ကိုင်လာလို့ ကြိုက်သလို ဝေဖန်နိုင်တယ်။ ဆွေးနွေးနိုင်ပါတယ်။ ကျနော်တို့က လက်ခံပါတယ်၊ ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ သို့သော်လည်း အင်န်အယ်င်္ဒီကော၊ ဒေါ်စုကော၊ မဟာမိတ်တွေ မိတ်ဆွေတွေကောဟာ ပြောင်းလဲသွားခြင်း၊ ရွေ့သွားခြင်း မရှိပါဘူး။ တသဘောတည်း ရှိပါတယ်။ ကျနော်တို့တတွေဟာ ငါးဖမ်းတဲ့အလုပ်ကို ဆက်လုပ်နေတုန်းပဲ။ ငါးမျှားတံနဲ့ မျှားနေရာကနေ ပိုက်ကွန်ပစ်ပြီးတော့ ဖမ်းလာတယ်။ ကွန်ယက်နဲ့ ဖမ်းလာတယ်လို့ ပြောချင်ပါတယ်။ နားမလည်နိုင်သူတွေလည်း ရှိတယ်ဆိုတာက အင်န်အယ်ဒီပါတီ ရုံးချူပ်တွင်းကနေပြီးတော့ ပြည်ပက အစုအဖွဲ့တွေ အထိ ရှိနိုင်ပါတယ်။ သူတို့ကို ဒေါ်စုအပေါ်မှာ ပြောဆိုဝေဖန်နေတာနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ ချုပ်ပြီး ပြောရရင်တော့
(၁) ဒေါ်စုဟာ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာတွေ အလွန်မြင့်မားလာတယ်
(၂) ဒေါ်စုဟာ စစ်အာဏာပိုင်တွေကို ရင်ဆိုင်တဲ့နေရာမှာ အလွန်ကို ပျော့ပြောင်း သိမ်မွေ့လာတယ်
(၃) ဒေါ်စုဟာ အမျိုးသားရေးကို လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ငါးမျှားတံတချောင်းချင်းစီနဲ့ မျှားနေရာကနေပြီး အလွန်ကို ကျယ်ပြန့်တဲ့ ဖြန့်ကျက်တဲ့ အမြင်တွေနဲ့ ကွန်ပစ်ပြီးတော့ ငါးဖမ်းသလို ဆောင်ရွက်လာတယ်။

ဟုတ်ကဲ့ပါ ဆရာ။ သစ်ပင်တပင်ချင်းစီကနေ တောအုပ်ကြီး တခုလုံးကို ကြည့်လာတယ်လို့ ပြောရင် ရတယ်ပေါ့ ဟုတ်လား ဆရာ။ ယခင်က နိုင်ငံရေးလုပ်တာကို စစ်အစိုးရက ကန့်သတ်ခဲ့တယ်။ နိုင်ငံရေးလုပ်တဲ့သူတွေကို ဟိုဟာ မလုပ်ရ၊ ဒါတွေ မလုပ်ရဘူးလို့ တားဆီးတာတွေကြောင့် နိုင်ငံရေးလုပ်တာအပေါ်မှာ အမြင်ကျဉ်းမြောင်းမှုတွေ ဖြစ်ခဲ့ရတယ်။ အခုအချိန်မှာတော့ နိုင်ငံရေးဆိုတာ အားလုံးနဲ့ဆိုင်တယ်။ လူမှုရေးတွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေ၊ အားလုံးနဲ့ ဆက်စပ်နေတယ်။ သက်ဆိုင်နေတယ် ဆိုတာမျိုး ပြည်သူတွေကလည်း မြင်လာပြီ။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒါကို ကျယ်ပြန့်တဲ့ အမြင် သဘောထားနဲ့ လက်ခံပြီး ဦးဆောင်မှုပေးတယ်။ ဆောင်ရွက်နေတယ်လို့ ပြောရင် ရမလား ဆရာ။

   ဟုတ်ပါတယ်။ အခု ကျနော်တို့လုပ်နေတဲ့ တည်ဆောက်နေတဲ့ လူ့အဖွဲ့အစည်းဆိုတာက ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကိုလည်း မြင်ကြစေချင်တယ်။ တဖက်က စစ်အာဏာရှင်တွေကိုယ်တိုင်ကလည်း သူတို့ စိတ်တိုင်းကျ လူ့အဖွဲ့အစည်းကို တည်ဆောက်နေတယ်ဆိုတာကို သိကြရမယ်။ သူတို့ဆောက်နေတာက ကျနော်တို့နဲ့တော့ မတူဘူးပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အင်န်အယ်ဒီပါတီရဲ့ တရားဝင်ရပ်တည်မှုနဲ့ ပတ်သက်ပြီးတော့ အားလုံးက ပြည်တွင်း ပြည်ပက ၀ိုင်းဝန်း ရပ်တည်ကြပါ၊ ထောက်ခံ အားပေးမှု ပြသကြပါလို့ ပြောခဲ့တယ်။ အကူအညီတောင်းခဲ့တယ်။ အဲသည်အတွက် အတွင်းကကော၊ အပြင်မှာပါ အစိုးရတွေ၊ ကွန်မြူနီတီတွေက ဒေါ်စုနဲ့ အင်န်အယ်ဒီကို အသိအမှတ်ပြုမှု၊ ထောက်ခံမှု၊ ဆွေးနွေးမှုတွေ လုပ်ကြတယ်။ ဒါတွေကို တွေ့နေရတယ်။ စစ်အစိုးရကိုယ်တိုင်ကကော ဘယ်လိုမျိုး တုံ့ပြန်လာတာမျိုး ဆရာတို့ တွေ့ရ ကြားသလဲ ဆရာ။

      ကျနော်တို့ဖက်ကြားတာတခုကတော့ စစ်အစိုးရဖက်က သံတမန်တွေကို အလွတ်သဘော ပြောဆိုတာတွေ ရှိတယ်လို့ ဆိုတယ်။ အင်န်အယ်ဒီပါတီဟာ အခု ၂၀၁၀  ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံပြန်တင်ပါ။ ဒါဆိုရင် သူတို့က လက်ရှိ ရွေးကောက်ပွဲဥပဒေအရ အသိအမှတ်ပြုမယ် စသည်ဖြင့် ပြောတယ်လို့ ဆိုတယ်။ ဒါဆိုရင်တော့ ကျနော်တို့ဖက်က လက်မခံနိုင်ဘူးလို့ ပြောချင်ပါတယ်။
နဂိုကတည်းက စစ်အစိုးရရဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူး။ ဒါကို အသက်သွင်းတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း တရားမျှတလွတ်လပ်တယ်လို့ မယုံကြည်တဲ့အတွက် အင်န်အယ်ဒီပါတီက မှတ်ပုံတင် မတင်ခဲ့ဘူး။ ဒီလိုမျိုး ရပ်တည်ခဲ့ပြီး သား ဖြစ်တယ်။ စစ်အစိုးရဖက်က ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတာတွေ၊ ပြင်ဆင်ပြုပြင်တာတွေ မလုပ်ဘဲနဲ့တော့ ကျနော်တို့ဖက်က အခု သိန်းစိုးခေါင်းဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံမတင်နိုင်ဘူးလို့ ပြောချင်ပါတယ်။
       နောက်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေ၊ ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံရမယ်တို့၊ ၂၀၁၀ ရွေးကောက်ပွဲဝင်ချင်ရင် ဒေါ်စု အပါအ၀င် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မိမိတို့ပါတီကနေ ထုတ်ပယ်ပစ်ရမယ်တို့ ဆိုတာတွေကို ကျနော်တို့က လက်မခံခဲ့ဘူး ဆိုတာ ကျနော်တို့က ပြောခဲ့ပြီးပြီ။ ဒါမျိုးတွေလို နိုင်ငံရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးလွတ်လပ်ခွင့်တွေ ကန့်သတ်တာမျိုးတွေကလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက စစ်အစိုးရက လုပ်ခဲ့ပြီးပြီ ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့က အခု ၂၀၁၀ ကော်မရှင်မှာ မှတ်ပုံတင်လိုက်မယ်ဆိုရင် ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်တို့ရဲ့ အနိုင်ရထားတဲ့ ရလဒ်တွေကိုပါ စွန့်လွှတ်လိုက်ရမယ်။ ဒါတွေကို ကျနော်တို့က လက်မခံနိုင်ဘူး။
          အခုလိုမျိုး သူတို့ဘက်က ပြောလာရင် ကျနော်တို့ဖက် ပြောစရာက ဒါပဲ။ ပြီးတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ၁၉ ၉ ၀ ရွေးကောက်ပွဲကို ၀င်ဖို့ ၁၉ ၈၈ စက်တင်ဘာကတည်း အင်န်အယ်ဒီပါတီ မှတ်ပုံတင်ခဲ့ပြီးပြီ။ ၁၉ ၉ ၀ ရွေးကောက်ပွဲ အနိုင်ရပါတီတရပ်အဖြစ်လည်း ရပ်တည်နေပြီးသား ဖြစ်တယ်။ အဲဒါကို အဲသည်အတိုင်း အသိအမှတ်ပြုလိုက်ရင်လည်း ဒီကိစ္စတွေက ပြေလည်ပြီးသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခု နောက်မှပေါ်ထွန်းလာတဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်နေစရာ မလိုဘူးလို့ ကျနော်တို့က မြင်တယ်။ နောက်ပေါ်လာတဲ့ ကော်မရှင်ဆိုတာကလည်း ရှေ့ကပေါ်ထားပြီးသား ကော်မရှင်တရပ်ရဲ့ လုပ်ဆောင်ချက်တွေ၊ မှတ်ပုံတင်ထားတာတွေကို ပစ်ပယ်ခြင်း၊ ဖျက်သိမ်းခြင်း လုပ်စရာမလိုရင် အလိုလိုကို အင်န်အယ်ဒီပါတီဟာ တရားဝင်ရပ်တည်ထားတဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာက လက်ခံရမှာပဲ ဖြစ်တယ်။

ကဲ ဒါဆိုရင်လည်း ဆရာတို့က တရားရုံးမှာ အထက်ပါအတိုင်း တင်ပြထားတယ်၊ ဥပဒေအရ လျောက်ထားချက်တွေ ပေးနေတယ်လို့ ဆိုတယ်။ ဒါတွေကနေပြီး ဆရာတို့က ဘာတွေများ မျှော်လင့်ထားလို့လဲ ဆရာရယ်။

         ကျနော်တို့က တရားရေးဌာနကို တရားရုံးတော်ကို အင်န်အယ်ဒီပါတီ တရားဝင်ရပ်တည်မှုနဲ့ ပတ်သက်ပြီး လျောက်ထားတယ်။ တင်ပြမှုတွေ လုပ်နေတယ်။ တရားရုံးက ကျနော်တို့ကို ကြားနာတဲ့ နေရာမှာ၊ ဆုံးဖြတ်တဲ့နေရာမှာ အခုလက်ရှိ စစ်အစိုးရက ဘာမှ ၀င်ပြီး အနှောက်အယှက်ပေးစရာ မလိုဘူး။ ဘာမှ ၀င်ပြီး စွက်ဖက်မှုတွေ လုပ်နေတာတွေ မရှိစေချင်ဘူး။ တရားစီရင်ရေးမှာ လွတ်လပ်စွာ ကြားနာခွင့်၊ လွတ်လပ်စွာ လျောက်လဲခွင့်၊ ဆုံးဖြတ်ခွင့် ပေးပါလို့ ပြောချင်တယ်။ ဒါဆိုရင် တရားသဖြင့် ဖြစ်မယ်။ ဥပဒေနဲ့ အညီသာ ဆုံးဖြတ်ခွင့်ရှိမယ်သာ ဆိုရင် အင်န်အယ်ဒီသာမက အခြား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေရဲ့ တရားဝင်ရပ်တည်ခွင့်တွေ အားလုံး ပြန်လည်ရရှိမယ်။ အခု ဒုတိယကော်မရှင်မှာ ဘာမှ ပြန်ပြီး မှတ်ပုံတင်လျောက်နေစရာတောင် မလိုတော့ဘူး။ ကျနော်တို့အတွက် တရားသဖြင့် အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။

နောက်ပြီးတော့ ဆရာတို့ရပ်တည်ချက်က နောက်လာမယ့် ရွေးကောက်ပွဲတွေ အဆင့်ဆင့်မှာ ၂၀၁၅ တို့ ၂၀၂၀ တို့မှာ ဆက်လက်ပြီး အရွေးခံချင်ကြတာလား။ ဘာအတွက် အခု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံ မတင်ရတာလဲ။

 ကျနော်တို့က အခုအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူး။ ဒီမိုကရေစီရေးနဲ့ တရားမျှတ လွတ်လပ်မှုကို အာမခံခြင်း မရှိဘူးလို့ မြင်တယ်။ သည် ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲခြင်း၊ တွေ့ဆုံဆွေးနွေး ပြင်ဆင်ခြင်း ညှိနှိုင်းခြင်း မရှိသ၍ နောင်လာမယ့် ရွေးကောက်ပွဲတွေကိုလည်း အင်န်အယ်ဒီပါတီအနေနဲ့ ၀င်ပြီး အရွေးခံမှာ မဟုတ်ဘူး ဆိုတာကိုလည်း ရှင်းလင်းထားချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။
(ဆက်လက်ဖော်ပြပါမည်)

http://moemaka.com/index.php?option=com_content&task=view&id=7887&Itemid=1

ဒုတိယပင်လုံ ခေါ်ယူရေး



By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 22 ဒီဇင်ဘာ 2010
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က ၂၀၁၀ နိုဝင်ဘာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာ ရှေ့ ဆင့်နောက်ဆင့် ပေါ်ထွက်လာတဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး ဖြစ်ပါတယ်။ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးဆိုတာကို ဘာကြောင့်အဆိုပြုပြောဆိုနေကြပါသလဲ။ ဒီညီလာခံကနေ သဘောတူ ဆုံးဖြတ်လိုက်တာတွေဟာ လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် အခြေအနေ အလားအလာ ရှိပါသလားဆိုတာတွေကို သိရှိနိုင်ဖို့ ပြင်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ အထွေထွေအတွင်းရေးမှုး ဦးအောင်ထူး နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ပညာရှင် ဒေါက်တာ အင်ဒရူး ငွေကျုံလျန် တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးက ဒုတိယပင်လုံ ဆိုတဲ့စကား။ ဒုတိယပင်လုံ ခေါ်ယူမယ်ဆိုတဲ့ အသံဟာ အခုတလော ကြားနေရပါတယ်။ ဆိုတော့ ကျနော် ပထမဦးဆုံး စဉ်းစားမိတာက သမိုင်းထဲမှာ အရေးကြီးတဲ့ ဖြစ်ရပ်တခုဖြစ်ခဲ့ပြီးနောက်မှာ အဲဒီဖြစ်ရပ်မျိုးကို ထပ်ပြီးလုပ်မယ်ဆိုရင် လုပ်ပိုင်ခွင့် ရှိပါသလား။ သမိုင်းက ဒီဖြစ်ရပ်မျိုးကို အလားတူ ထပ်ပြီးလုပ်ဖို့အတွက် အခွင့်ရေးတရပ် ဖန်တီးပေးနိုင်ပါသလား။ ဦးအောင်ထူး အရင်ဆွေးနွေးပါ - ဘယ်လိုမြင်ပါသလဲ။ ဒုတိယပင်လုံ ဘယ်သူပဲခေါ်ခေါ် ဒုတိယပင်လုံဆိုတဲ့ ဖြစ်ရပ်မျိုးကို နောက်ထပ်ဖန်တီးပိုင်ခွင့် အခုလူတွေမှာ ရှိကြပါသလား။

ဦးအောင်ထူး ။ ။ ဒီလိုပါ ပထမပင်လုံမှာတုန်းက ချမှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်း ကျနော်တို့နိုင်ငံရဲ့  သမိုင်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့ပြီးတော့ တိုင်းရင်းသားတွေ တန်တူကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ်ဆိုရင် ဒုတိယအကြိမ် ပြန်ခေါ်ခွင့် မရှိပါဘူး။ ဆိုတော့ ပထမအကြိမ် ပင်လုံညီလာခံခေါ်တုန်းက အဓိကအားဖြင့် လွတ်လပ်ရေးရဖို့ ကြိုးစားခဲ့တဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ ထားခဲ့တဲ့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံပေါ်ကနေ စစ်မှန်တဲ့ ဖဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ ဒီနေ့ နှစ်ပေါင်း (၅၀) ကြာလို့ ပြန်ကြည့်လိုက်တဲ့အချိန်မှာ အမျိုးသားစည်းလုံးညီညွှတ်ရေးက လုံးဝပြိုကွဲပြီးတော့ ပြည်ထောင်စုဟာ ရစရာမရှိအောင် ဖြစ်နေတဲ့ အခြေအနေအောက်မှာ လက်တွေ့ တွေ့နေရတာကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် စကားနဲ့ပြောမယ်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ဆိုတာဟာ ပြည်ထောင်စုကို ပြန်လည်တည်ဆောက်တဲ့ လုပ်ရပ်မှန် ဖြစ်ပြီးတော့ တိုင်းပြည်တည်ဆောက်ပုံ စံနစ်ကို ပြန်လည်သုံးသပ် အသစ်ပြန်လည် ဖော်ဆောင်မှာဖြစ်တာမို့ တနိုင်ငံလုံး ပြည်သူလူထုအကျိုးအတွက် ဖြစ်တယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။

ဦးကျော်ဇံသာ။ ။ ဒေါက်တာ အင်ဒရူးရဲ့  အမြင်ကိုလည်း သိပါရစေ။ ဒုတိယပင်လုံဆိုပြီး ခေါ်ယူမယ့်ကိစ္စဟာ သမိုင်းထဲမှာ ဖြစ်ပျက်ခဲ့ပြီးတဲ့ historic event တခုကို ထပ်မံပြီးတော့ ပြန်လည်ဖန်တီးမယ်ဆိုတဲ့ကိစ္စကို ဘယ်လိုသဘောရပါသလဲ။ လုပ်ပိုင်ခွင့် ရှိကြပါသလား။

ဒေါက်တာ ငွေကျုံလျန် ။ ။ နှစ်မျိုးနဲ့ ခွဲဖို့လိုမယ်လို့ ကျနော်ယူဆပါတယ်။ ပထမအချက်က ဥပဒေအရ ပထမပင်လုံရဲ့  ပဋိညာဉ်ရဲ့  လုပ်ထုံးလုပ်နည်းအရ လုပ်ရမယ့်ကိစ္စရှိတယ်။ ဒုတိယက အခု နိုင်ငံရေး ရှုထောင့်ကနေ လုပ်သင့်လုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။ ပထမပင်လုံ ပဋိညာဉ်ရဲ့  သဘောတူညီချက်တွေကို အဲဒီပင်လုံ ပဋိညာဉ်မှာ သဘောတူထားတဲ့လူတွေက ပြင်ဆင်ချင်တယ်၊ မပြင်ဆင်ချင်ဘူးဆိုတာ အဲဒီအပေါ်မှာ လက်မှတ်ထိုးတာတဲ့ လူတွေပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ အဲဒီ ပင်လုံပဋိညာဉ်ပေါ်မှာ စာချုပ်ချုပ်တုန်းက မပါတဲ့လူတွေက ပါလာချင်တာ။ ပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံတခုလုံး ကောင်းစားရေးအတွက် လုပ်ချင်တယ်ဆိုလို့ရှိရင် အဲဒီအပေါ်မှာ နိုင်ငံရေးအရ ပထမပင်လုံ ပဋိညာဉ်ရဲ့  ဥပဒေအရ လုပ်ထုံးလုပ်နည်းအပေါ် သူတို့ သဘောတူညီတဲ့အကြောင်း လုပ်နိုင်တဲ့အခန်းကဏ္ဍ ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စက နိုင်ငံရေးနဲ့ ဥပဒေအရ နှစ်ခုသတ်သတ်မှတ်မှတ် ခွဲပြီးတော့ ရှေ့ ဆက်လုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ကျနော် အင်ဒရူး ကိုပဲ ဆက်မေးချင်တာက ပဋိညာဉ်အရ ပထမပင်လုံမှာ ပါဝင်ခဲ့တဲ့ လက်မှတ်ရေးထိုးခဲ့တဲ့လူတွေဟာ အဲဒါနဲ့ ပတ်သက်ပြီး ငါတို့ပြန်ခေါ်ချင်တယ့် ပုံစံမျိုးဖြစ်ရမယ်။ နောက်တခုက မပါဝင်သေးတဲ့လူတွေကို ထပ်မံ တိုးချဲ့ ဖို့ ချဲ့ ထွင်ဖို့လိုတယ်ဆိုရင် လုပ်ရမယ်ပေါ့။ ပထမဦးဆုံး ဦးအောင်ထူး ဒီအချက်ကို သဘောတူပါသလား။ အရင် ပထမပင်လုံမှာ လက်မှတ်ထိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့  သဘောထားကို ဦးအောင်ထူး ဘယ်လို သဘောရပါသလဲ။

ဦးအောင်ထူး ။ ။ ကျနော် ထင်တာကတော့ ဒီဥစ္စာကို အစကတော့ ပြန်သွားလို့တော့ မရဘူးလို့ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့  လက်တွေ့အခြေအနေကို ကြည့်ဖို့လိုတယ်။ ဆိုလိုချင်တာက rigid centralization ကနေ decentralization ကို သွားရမှာဖြစ်တယ်။ မြန်မာလိုဆိုရင် တင်းကြပ်တဲ့ ဗဟိုချုပ်ကိုင်မှုကနေ ဗဟိုချုပ်ကိုင်မှုကို လျှော့ချတဲ့ အခြေခံ ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အစအဆုံး ပြန်သွားကြ လူတွေ ကိုယ်နေရာကိုယ်ပြန်ယူကြဆိုတဲ့ အယူအဆတွေက အခြေခံအားဖြင့်တော့ စဉ်းစားလို့ ရနိုင်ပေမယ့် လက်တွေ့မကျတော့ဘူး။ ဒီအခြေခံကို ပြန်ကောက်နေမယ်ဆိုရင် ပြည်ထောင်စုက လက်တွေ့တည်ဆောက်နိုင်ဖို့ဟာ ဖြစ်လာစရာ မရှိဘူးလို့ ကျနော်တော့ သံသယ ရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ဗဟိုချုပ်ကိုင်မှုကို relax ဖြစ်ဖို့၊ သိပ်ပြီး တင်းတင်းကြပ်ကြပ် မထားဘူးဆိုတာက ပင်လုံသဘောတူညီချက်နဲ့ ဆိုင်ပါသလား။ လက်တွေ့မှာ အာဏာချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးစံနစ်နဲ့ ပိုပြီးတော့ မဆိုင်ဘူးလား ဦးအောင်ထူး။

ဦးအောင်ထူး ။ ။ ပင်လုံသဘောတူညီချက်နဲ့ အတိအကျ ဆိုင်ပါတယ်။ ဘာကြောင့်ဆိုင်လဲဆိုတော့ ပင်လုံစာချုပ်ကို ပြန်ကြည့်ရင် အပိုဒ် (၅) မှာ တွေ့ရမယ်။ နယ်တွင်းအုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းပြည့် ရှိရမယ်ဖြစ်တယ်။ အခု ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းပြည် မရှိဘူးဖြစ်နေတယ်။ ဒါ လက်တွေ့ ပြည်ထောင်စုတည်ဆောက်မှု ပြဿနာ ဖြစ်လာတယ်။

ဦးကျော်ဇံသာ။ ။ အဲဒါကြောင့် ပြောတာပေါ့ - လက်တွေ့မှာသာ မဖြစ်တာ ပင်လုံစာချုပ်မှာ ရေးထားတာက ရှိရမယ်ဆိုတော့ ကျနော်တို့ လုပ်ရမယ့်ဟာက ပင်လုံစာချုပ်ပါ အချက်အလက်အတိုင်း အတိအကျလက်နာရင် မပြီးဘူးလား။ ဒုတိယပင်လုံ ခေါ်ဖို့လိုသလား။

ဦးအောင်ထူး ။ ။ အတိအကျလက်နာဖို့က ပျောက်သွားပြီ။ ကျနော်တို့ ဘယ်အခြေခံနဲ့ ပြန်သွားမလဲ။ ကနေ့က ပင်လုံစာချုပ်ဆိုတာကို လက်တွေ့ တိုင်းပြည်အုပ်ချုပ်နေတဲ့ စစ်အစိုးရက ထည့်မစဉ်းစားဘူး။ ကျနော်တို့ ဘယ်အခြေခံကို ပြန်ကောက်မလဲ။ အခြေခံကို ပြန်ကောက်တဲ့အခါမှာ ကျနော်တို့ စိုးရိမ်တာက လုံးဝ တစ်ရာ ရာခိုင်နှုန်းအားဖြင့် မူလအခြေခံကို ပြန်သွားလို့ မရဘူး။ အဲဒါက ဘာလဲဆိုတော့ လွတ်လပ်ရေးမရခင်က အခြေအနေ ကိုယ့်နေရာ ကိုယ်ပြန်သွားကြ ဆိုတာ။ ဒါမဖြစ်နိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ တိုင်းပြည်က ယနေ့အခြေအနေမှာ အင်မတန် တင်းကြပ်တဲ့ အုပ်ချုပ်မှုအောက်ကို ရောက်နေပြီ။ လက်တွေ့အားဖြင့် ကျနော်တို့ ကြည့်ရတော့မယ်။ နောက်တဖက်ကလည်း ပင်လုံစာချုပ်မှာပါတဲ့ အနှစ်သာရတွေကို ပြန်လည် အကောင်အထည်ဖော်ဖို့ဆိုရင် ပင်လုံစာချုပ်ရဲ့  သဘောတူညီချက်ကို ပြန်ပြီး အသက်သွင်းဖို့ လိုအပ်လာတယ်။ ဒါတွေက ရှိသင့်သလား။ ဘာကြောင့်ရှိသင့်သလဲ။ သမိုင်းမှန်မရှိတဲ့အတွက် ဘာတွေ ဆိုးကျိုးတွေ ဖြစ်ခဲ့သလဲ။ အဲဒီ ဆိုးကျိုးတွေ မဖြစ်တောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို ဘယ်လို အဓိပ္ပါယ် ဖွင့်မလဲ။ အဲဒီ ဖွင့်တဲ့အပေါ် ဖွဲ့စည်းပုံက ဘယ်လိုစဉ်းစားမလဲ။ ကျနော်တို့ သမိုင်းမှာဖြစ်ခဲ့တဲ့ အခြေအနေတွေ၊ လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ နောင်ဖြစ်မယ့် ပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက်ကို အခြေခံတွေ ပြန်ဆွဲရမယ်။ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရမယ်။ ဒီသဘော ဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ကျနော်နားလည်းတာက ပင်လုံစာချုပ်က ရှိပြီသာ။ ပင်လုံစာချုပ်မှာ မရှိဘူးဆိုရင် မမှားဘူးဆိုရင် ပင်လုံစာချုပ်မှာ အကောင်အထည်ဖော်တဲ့လူတွေ ညံ့တဲ့ကိစ္စသာဖြစ်တယ်။ ပင်လုံစာချုပ်မှာ ပြဌာန်းထားတဲ့အတိုင်း အတိအကျ အကောင်အထည် ဖော်နိုင်သော အုပ်ချုပ်ရေး ယန္တယားပဲ လိုအပ်တယ်လို့ ကျနော်ကထင်လို့ ပြောတာ ဖြစ်ပါတယ်။ အင်ဒရူးရဲ့  သဘောထားလည်း ပြောပါအုန်း။

ဒေါက်တာ ငွေကျုံလျန် ။ ။ မှန်ပါတယ်။ ပင်လုံစာချုပ်ဟာမျိုး ပဋိညာဉ်တခုကို အနက်ဖွင့်တဲ့အချိန်မှာ နှစ်မျိုးနဲ့ ဖွင့်ရတယ်။ ပထမက statutory act the term - အဲဒီ ပင်လုံပဋိညာဉ်မှာ အတိအလင်း ပြဌာန်းထားတဲ့ကိစ္စနဲ့ နောက်ပြီးတော့ implied term အမှုကိစ္စအရ လိုအပ်သော အစီအစဉ်အတိုင်း အနက်ဖွင့်ခြင်းဆိုပြီးတော့ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ ပင်လုံကို ပြောတိုင်းမှာ တချို့ လူတွေက ပြောတယ် ပင်လုံမှာ အချက် (၉) ချက်ပဲ ပါတယ်။ တိုင်းရင်းသား ခွဲထွက်ခွင့်တို့ ဘာတို့ မပါဘူး။ ဘာညာပြောကြတယ်။ အဲဒါ implied term နဲ့ statutory term တို့ကို နားမလည်းတဲ့၊ ဥပဒေ လုပ်ထုံးလုပ်နည်းကို နားမလည်းတဲ့ လူတွေပြောတဲ့စကားဖြစ်တယ်။ ဆိုတော့ အခု ဒုတိယပင်လုံ ညီလာခံခေါ်ဖို့ဆိုတာ မူအားဖြင့် ကျနော်အနေနဲ့ ခေါ်သင့်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၃၅၂) မှာ ပြဌာန်းထားတာက နိုင်ငံသားတိုင်းတွေက သူတို့ရဲ့  ယုံကြည်ချက်တွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ပိုင်ခွင့်ရှိတယ်လို့ ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ နဲ့ စီအာပီပီ ဖြစ်ဖြစ် တခြား တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်ဖြစ် သူတို့ ဒုတိယပင်လုံ ညီလာခံခေါ်ဖို့ ၂၀၀၈ အခြေခံဥပဒေက သူတို့ကို ခွင့်ပြုပြီးသာဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့ကိစ္စက ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပေမယ့် ဒုတိယပင်လုံညီလာခံ ခေါ်တဲ့အချိန်မှာ အဲဒီ ပထမပင်လုံညီလာခံတုန်းက သဘောတူထားတဲ့ statutory act the terms နဲ့ implied term တွေကို အဖျက်အစီး မခံဘဲနဲ့ amendment လုပ်တဲ့ အနေအထားနဲ့ ခေါ်လို့ရှိရင်တော့ ခေါ်သင့်တယ်။ ခေါ်ထိုက်တယ်။ ခေါ်ဖို့လည်း လိုအပ်တယ်။ အခုန ဆရာအောင်ထူး ပြောသလို ၂၁ ရာစုအနေအထားနဲ့ ကြည့်ပြီးတော့ ဒီဟာတွေကို amendment လုပ်သင့်တယ်။ ဒါပေမဲ့ ပထမဥစ္စာကိုတော့ ပြင်ဆင်ဖို့ မလုပ်သင့်ဘူးလို့ ကျနော်က ယူဆပါတယ်။

ဦးကျော်ဇံသာ။ ။ အဲဒီတော့ ပင်လုံညီလာခံ ဒုတိယအကြိမ် ခေါ်ပြီဆိုကြပါစို့။ အဲဒီ ပင်လုံညီလာခံရဲ့  ဆုံးဖြတ်ချက်အတိုင်း ခေါ်တဲ့လူကတပိုင်း၊ ဒါပေမဲ့ အကောင်အထည်ဖော်မယ့် လူတွေကရော တကယ်လိုက်ပြီး ဖော်ဆောင်ပါမလား။ ဒီအချိန်မှာ ပင်လုံညီလာခံ ခေါ်တဲ့လူတွေဟာ၊ ပြောနေတဲ့လူတွေဟာ အာဏာလက်ရှိ ရှိနေသူတွေ မဟုတ်တာတော့ သေချာပါတယ်။ ပထမပင်လုံ ခေါ်ခဲ့တာ အာဏာလက်ရှိတွေ ခေါ်ခဲ့တာဖြစ်တယ်။ အင်္ဂလိပ်ကိုယ်စားလှယ်လည်း လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း ဘုရင်ခံ အမှုဆောင်ကောင်စီရဲ့  ဒုတိယဥက္ကဌ အနေနဲ့ လာတာဖြစ်တယ်။ အဲဒီလို အာဏာလက်ရှိလူတွေ ပြည်သူလက်ထဲကို အာဏာထည့်ကြမယ့်လူတွေ။ တိုင်းရင်းသားတွေက ဗမာနဲ့ လွတ်လပ်ရေး မလိုချင်ကြဘူး။ ဗိုလ်ချုပ်ကို ကန့်ကွက်တော့ ပြန်လာတော့ လုပ်တယ်။ အခုအခါမှာကြတော့ ပင်လုံ ဒုတိယပင်လုံ ခေါ်သင့်တယ်လို့ ပြောနေတာ အာဏာလက်ရှိအဖွဲ့အစည်းတွေ မဟုတ်တော့ အဲဒါ အခက်အခဲမရှိနိုင်ဘူးလား။

ဦးအောင်ထူး ။ ။ အခက်အခဲကတော့ ကျိန်းသေရှိတာပေါ့။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တပ်မတော်ခေါင်းဆောင်တွေပါဖို့ လိုတယ်ဆိုပြီး ရှင်းလင်းဆွေးနွေးတာဖြစ်တယ်။ ဒီမှာ နှစ်ချက်ရှိတယ်။ တချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စံနစ် တည်ရှိနေသမျှကာလပတ်လုံး ဘယ်တော့မှ စစ်မှန်တဲ့ ပြည်ထောင်စု မဖြစ်နိုင်ဘူး။ နောက်တခါ ဘယ်လို ညီလာခံမျိုးမျိုးခေါ်ခေါ် ဘာတခုမှ ဖြစ်လာမှာမဟုတ်ဘူး။ စစ်အာဏာရှင်စံနစ်ဟာ တိုင်းရင်းသားတွေ ရချင်တဲ့ တန်တူညီတူ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့  အဓိကရန်သူဆိုတာကို အားလုံး နားလည်းဖို့ လိုတယ်။ အဲဒီတော့ ဒုတိယပင်လုံညီလာခံကို ပါဝင်ပတ်သက်မယ့် တပ်မတော်သားတွေကလည်း စစ်အာဏာရှင်စံနစ်ကို မကျင့်သုံးသင့်တော့ဘူးလို့ လက်ခံဖို့လိုတယ်။ ပြည်ထောင်စုကြီး ပြိုကွဲနေတဲ့အတွက် တတိုင်းပြည်လုံးဟာ ဒုက္ခရောက်နေတယ်ဆိုတာကို နားလည်းရင် အဲဒီအခြေခံကနေပြီးတော့ တပ်မတော်သားတွေရဲ့  ပါဝင်ပတ်သက်မှုကို ဖိတ်ခေါ်တာ သဘာဝကျတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ ပင်လုံညီလာခံ ဖြစ်မယ်ဆိုရင်တော့ တပ်မတော်ကို ကိုယ်စားပြုတဲ့၊ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့၊ institution ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ပြီး လက်မှတ်ထိုးတာမျိုး လုပ်လို့ မရပါဘူး။ ဘယ်လို တက်ရမလဲဆိုရင် တပ်မတော်က လက်ခံတဲ့အစိုးရ၊ တနည်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ ပေါ်တဲ့အစိုးရ။ သူတို့ဘာသာ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရက အစိုးရအနေနဲ့ တက်လာပြီး လက်မှတ်ထိုးတယ်ဆိုရင်၊ ဒီလို လက်မှတ်ထိုး ပါဝင်ပတ်သက်မှုမျိုး ဖြစ်လာရင် တာဝန်ခံတဲ့ binding ဖြစ်တဲ့ စာချုပ်တရပ် ထပ်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါ လက်တွေ့ တက်လာပြီး ထိုးနိုင်မထိုးနိုင်ဆိုတာကတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့  ဦးဆောင်မှု၊ တပ်မတော်သားတွေ ကိုယ်တိုင်ကိုက အဲဒီမှာ ဖြစ်နေတဲ့ အနိုဌာရုံတွေကြောင့် ငါတို့ဘဝကြီးဟာ ကနေ့အချိန်မှာ လုံးဝကို ဆိုးဝါးနေပါလား သဘောပေါက်လာတဲ့အပေါ်မှာ မူတည်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အင်ဒရူး လည်း ပြောပါအုန်း။ နောက်ဆုံးမေးပါရစေ။ အခုအချိန်မှာ ဦးအောင်ထူး ပြောသွားသလိုပဲ တိုင်းရင်းသားတွေ အခွင့်အရေးကို အပြည့်အဝ လိုက်လျောချင်တဲ့ အဖွဲ့အစည်းတရပ်က အာဏာလက်ရှိ မဟုတ်နေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်ကသာ အုပ်စိုးထားတဲ့ အစိုးရဖြစ်တယ်။ ဆိုတော့ အဲဒီလို အစိုးရမျိုး တိုင်းရင်းသားတွေရဲ့  အခြေအနေကို နားလည်းသဘောပေါက်မယ့် အစိုးရတရပ်မျိုး မရှိဘဲနဲ့ ဒုတိယပင်လုံညီလာခံ ခေါ်လို့ကော အဓိပ္ပါယ် ရှိနိုင်ပါမလား။ ဒုတိယပင်လုံခေါ်ပြီးတော့ အဲဒီက ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ပေါ်လာအောင် ဘယ်လိုနည်းနဲ့ လုပ်သင့်သလဲ။ တခြားနည်းလမ်းများ စဉ်းစားထားတာ ရှိပါသလား။

ဒေါက်တာ ငွေကျုံလျန် ။ ။ ပထမအချက်က တိုင်းပြည်အုပ်ချုပ်နေတဲ့လူတွေက ပြည်သူဆန္ဒကို ကိုယ်စားပြုပြီးတော့ ပြည်သူ့ဆန္ဒအမှန်ကို ထင်ဟပ်ပေါ်လွှင်ပြီး အုပ်ချုပ်နေတာ မဟုတ်ဘူးဆိုတာ နားလည်းဖို့လိုတယ်။ ဒုတိယအချက်က အဲဒီလို နားလည်းနိုင်အောင်လို့ အခုလို ဒုတိယပင်လုံညီလာခံခေါ်တဲ့ အချက်ကနေ ထင်ဟပ်ပေါ်လွှင်စေတဲ့ အပိုင်းပေါ်လာနိုင်တယ်။ တတိယအချက်က ဒီလို ခေါ်လိုက်ခြင်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဘယ်လိုပေါ်လာသလဲဆိုတဲဟာကို တိုင်းသူပြည်သားတွေအားလုံး နားလည်းပြီးတော့ လက်ခံနိုင်တဲ့အဆင့်အထိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်မှာ ဒုတိယပင်လုံညီလာခံကိစ္စကို လုပ်နိုင်လို့ရှိရင် အဲဒါအမြတ်လို့ ကျနော်မြင်ပါတယ်။ အဓိက က ပင်လုံညီလာခံထိုင်ပြီးတော့ အဲဒီမှာ ဆုံးဖြတ်ချက်ချတာထက် ပြည်ထောင်စုမြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးက ပထမပင်လုံညီလာခံမှာ ဘာတွေရှိခဲ့တယ်ဆိုတဲ့ဟာ နားလည်းနိုင်ပြီးတော့ ဒုတိယပင်လုံညီလာခံမှာ ဘာတွေလုပ်သင့်တယ်ဆိုတာကို သူတို့နားလည်းတယ်ဆိုလို့ရှိရင် အဲဒါအမြတ်လို့ပဲ မြင်ပါတယ်။ ဒီအတိုင်းပဲ နိုင်ငံရေးအရ သွားသင့်တယ်၊ အခုန ပထမပြောသလို ဥပဒေအရ သွားသင့်တဲ့အပိုင်းရှိသလို နိုင်ငံရေးအရ သွားသင့်တဲ့အပိုင်းရှိတယ်။
http://www.voanews.com/burmese/news/

စစ်တပ်ပါဝင်တဲ့ ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်လို



By ဦးဇော်ဝင်းလှိုင် ကြာသပတေး, 23 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို စစ်အစိုးရ အပါအ၀င် သက်ဆိုင်သူ အားလုံးနဲ့ ပြုလုပ်လိုတဲ့အကြောင်း သူနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးက ပြောပါတယ်။ အင်ဒိုနီးရှား သံအမတ်ကြီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဆီဘက်စ်ရှန်နပ်စ် ဆူမာဆိုနို (Sebastianus Sumarsono) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ အင်္ဂါနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

အင်ဒိုနီးရှား သံအမတ်ကြီး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး နောက်တနေ့မှာ ပထမအကြိမ် တွေ့ဆုံပြီး ဖြစ်တာမို့ ဒါဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အခုတကြိမ် တွေ့ဆုံမှုဟာ မိတ်ဆွေ ၂ ယောက် တွေ့ကြသလို ဆွေးနွေးစရာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုနိုင်ခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်နိုင်ဖို့ စစ်အစိုးရ အပါအ၀င် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးလိုတဲ့အကြောင်း သူ့ကိုပြောခဲ့တယ်လို့ သံအမတ်ကြီး ဆီဘက်စ်ရှန်နပ်စ် ဆူမာဆိုနိုက ပြောပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ဖို့အတွက် အစိုးရ အပါအ၀င် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ဖို့ သူမအနေနဲ့ လိုလားတယ်ဆိုတာ ကျနော့်ကို ပြောခဲ့ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့အတွက် တဦးတယောက်တည်းက လုပ်လို့မရဘဲ အစိုးရ အပါအ၀င် သက်ဆိုင်သူအားလုံး ပါဝင်မှ ဖြစ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ယုံကြည်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ နေရာမှာလည်း တယောက်နဲ့တယောက် သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် နားလည်မှုနဲ့ တဘက်နဲ့ တဘက် အပေးအယူ လုပ်ပြီးမှ ဖြစ်နိုင်မှာပါ။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှ ရနိုင်မယ် ဆိုတာကို အင်ဒိုနီးရှား အစိုးရက မကြာခဏ ဆိုသလို ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာစစ်အစိုးရက မူဝါဒချပြီး အကောင်အထည် ဖော်နေတဲ့ လမ်းပြမြေပုံကိစ္စနဲ့ ပတ်သက်လို့လည်း တိုင်းပြည်အတွင်း စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာရေးအတွက် အင်ဒိုနီးရှား အစိုးရ အနေနဲ့ မကြာခဏ ဆိုသလို တိုက်တွန်း ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို ကျနော်တို့ဘက်က မကြာခဏ ဆိုသလို အားပေး ပြောဆိုလေ့ ရှိပါတယ်။ အခုဆိုရင် လမ်းပြမြေပုံ ၇ ချက်ထဲက အဆင့် ၆ ဖြစ်တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့ အဆင့်ကို ရောက်နေပါပြီ။ မြန်မာအစိုးရ အနေနဲ့ နောက်ကျန်နေတဲ့ အဆင့်ကို အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာအောင် တဆင့်ချင်းစီ လုပ်သွားဖို့ ကျနော်တို့ဘက်က တိုက်တွန်းပါတယ်။” လို့ ပြောသွားပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့ ပထမခြေလှမ်း ဖြစ်လိမ့်မယ်လို့ သူ့ထင်တဲ့အကြောင်း သံအမတ်ကြီးက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ဖြစ်ထွန်းမှုတွေအပေါ် ကာလအတော်ကြာ ကတည်းက အနီးကပ် စောင့်ကြည့် လေ့လာနေခဲ့တဲ့အပြင် မြန်မာနိုင်ငံအပေါ် အင်ဒိုနီးရှားရဲ့ အတွေ့အကြုံတွေ မျှဝေပေးပြီး အစဉ်တစိုက် အားပေး လုပ်ဆောင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

“ရှေ့နှစ်မှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူတော့မယ့် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတခု ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံက လိုအပ်တဲ့ အကူအညီတွေကို လိုအပ်တဲ့အချိန်မှာ ပေးနိုင်ဖို့ အင်ဒိုနီးရှားမှာ တာဝန်ရှိပါတယ်။ နောက် မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဆက်လက် ဖိအားပေး ပြောဆိုသွားမှာ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

လက်ရှိ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ဟာ အာဆီယံ အပါအ၀င် နိုင်ငံတကာက အထူး အာရုံစိုက်နေတဲ့ အကြောင်းအရာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရင် အမေရိကန် အတွက်လည်း အကျိုးရှိမှာပါလို့ သံအမတ်ကြီးက တုံ့ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း NLD ပါတီအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက နွေးနွေးထွေးထွေး ပြောင်းလဲ ဆက်ဆံလာတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ်ဆိုသလို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ သံတမန်တွေက တွေ့ဆုံနေကြသလို ကမ္ဘာ့ခေါင်းဆောင်တွေကလည်း တယ်လီဖုန်းနဲ့တဆင့် ဆက်သွယ် စကားပြောကြတဲ့အထဲ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေလည်း အများအပြား ပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ အာဆီယံအနေနဲ့ အနာဂတ်မှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်မယ် ဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေလို မဟုတ်ဘဲ အာဆီယံအဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးမူကို အစဉ်တစိုက် ချမှတ် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/

ကုလ အနုမြူ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို



ချင်းမိုင် (မဇ္ဈိမ) ။       ။ ကုလသမဂ္ဂ၏ အနုမြူ စောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်သော အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က မြန်မာနိုင်ငံတွင် အနုမြူစက်ရုံများ ရှိနေသည်ဟု စွပ်စွဲ ပြောဆိုခြင်း ခံနေရသော နေရာများသို့ လာရောက်စစ်ဆေးခွင့်ပြုပါရန် မြန်မာစစ်အစိုးရကို မကြာသေးမီက စာရေးသား တောင်းဆိုခဲ့သည်ဟု အမည်ဖော်ပြမထားသော အမေရိကန် အရာရှိများကို ကိုးကားပြီး ဝေါလ်စထရိဂျာနယ်က ရေးသားသည်။

`မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စက်ရုံများတွင် အနုမြူ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်အပေါ် ရှင်းလင်းမှုများ လုပ်ပေးပါရန်´ မြန်မာနိုင်ငံ အစိုးရသို့ ယခင်စာနှစ်စောင် ပေးပို့အပြီး ယခု တဖန် အိုင်အေအီးအေ ကာကွယ်လုံခြုံရေးဌာန အကြီးအကဲ Herman Nackaerts က ထပ်မံ ပေးပို့ အကြောင်းကြားခဲ့သည်ဟု အဆိုပါဂျာနယ်က အမေရိကန်အရာရှိများကို ကိုးကားဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အနုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို iaea1လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင်ရှိသည်ဟု စွပ်စွဲပြောဆိုနေကြသော အနုမြူ စက်ရုံနေရာများသို့ စစ်ဆေး ကြည့်ရှုခွင့်ပေးရန် အိုင်အေအီးအေက မေတ္တာရပ်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် နိုင်ငံတကာ ဥပဒေများအရ အဆိုပါ မေတ္တာရပ်ခံချက်များကို မြန်မာနိုင်ငံက ငြင်းပယ်ခွင့်လည်းရှိပါသည်။

အိုင်အေအီးအေ၏ ယခုနောက်ဆုံးစာသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အနုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေ၍ အမေရိကန်အစိုးရက စိုးရိမ်ပူပန်နေသည် ဟူသောသတင်းများပါသည့် လျှို့ဝှက်ကြေးနန်းများကို ဝီကီလိ ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မသင်္ကာဖွယ် ပစ္စည်းအများအပြားကို မကွေးတိုင်း မင်းဘူးအနီးရှိ အနုမြူဓာတ်အားပေး စက်ရုံ ဆောက်လုပ်နေသည်ဟု ကောလဟလများ ထွက်ပေါ်နေသည့်နေရာသို့ သယ်ဆောင်နေကြောင်း သတင်းရင်းမြစ်တခုက ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ ပြောကြားခဲ့သည်ဟု အဆိုပါ ကြေးနန်းတွင် ဖော်ပြထားသည်။

အဆိုပါကြေးနန်းများတွင် ရန်ကုန်ရှိ သြစတြေးလျ သံအမတ် မီရှဲလ်ချန်းကိုလည်း မြန်မာအစိုးရ အရာရှိတဦးက `မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ရဲ့ ဆက်ဆံမှုဟာ သမရိုးကျ လက်နက်များအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့သည့် လျှပ်စစ်ဓာတ်အား မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သည့် ငြိမ်းချမ်းစွာ အနုမြူစွမ်းအင် အသုံးပြုရေးလဲ ပါဝင်ကြောင်း´ လွန်ခဲ့သော သြဂုတ်လက ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သို့သော် ထူးထူးခြားခြားပင် အထက်ပါ ပြောဆိုချက်ကို အဆိုပါသတင်းရင်းမြစ်က ပြန်လည် ရုတ်သိမ်းသွားခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံအကြား အနုမြူ အစီအစဉ်တရပ် အမှန်စင်စစ် လုပ်ကိုင်နေခြင်း မရှိကြောင်း ပြောဆိုသွားခဲ့သည်ဟု နောက်ပိုင်းပေးပို့သော ကြေးနန်းများတွင် ဆက်လက် ဖော်ပြခဲ့သည်။

ဤသို့ပထမပြောဆိုချက်ကို ပြန်လည် ရုတ်သိမ်းသွားမှုကို တုံ့ပြန်သည့် အနေဖြင့် ရန်ကုန်ရှိ အမေရိကန်သံရုံး၏ ဝန်ထမ်းတဦးက လွန်ခဲ့သည့် နိုဝင်ဘာလက ကောက်ချက်ချရာတွင် `လိုရင်းအချက်-မြန်မာအစိုးရနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများသည် ဆက်လက်၍ လျှို့ဝှက်နေဆဲပင် ဖြစ်သည်။ တခုခု ဖြစ်ပွားနေသည်မှာတော့ သေချာသည်။ အဆိုပါ တစုံတခုတွင် အနုမြူ လက်နက်များလည်း ပါဝင်ပြီး သံရုံးက အစီရင်ခံရမည့် အထူးဦးစားပေး အဆင့်အတန်းတွင် ဆက်လက် ရှိနေသည်´ ဟု ရေးသားထားသည်။

ပေါက်ကြားလာသော ရန်ကုန်အမေရိကန်သံရုံးက ၂၀၀၄တွင် ပို့ခဲ့သော ကြေးနန်းများတွင် `မြောက်ကိုးရီးယား ပညာရှင်များသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် (SAM) များ တပ်ဆင် ထုတ်လုပ်နေပြီး မကွေးတိုင်းအတွင်း စစ်ဘက်တနေရာတွင် မြေအောက် အဆောက်အဦးများကိုလည်း တည်ဆောက်နေသည်´ ဟု ရေးသားထားသည်။

နယူးဒေလီသို့ ၂၀၀၄ အတွင်း လာရောက်လည်ပတ်ခဲ့ကြသော မြန်မာစစ် အာဏာရှင် ဦးသန်းရွှေ၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သူများက `အမေရိကန်က အာရုံစိုက်လာအောင် အနုမြူ လက်နက် ပိုင်ဆိုင်ရေး လုပ်ရရင် ကောင်းမလားလို့ သူတို့တွေးနေကြောင်း´ အိန္ဒိယအစိုးရကို ပြောကြားခဲ့သည် ဟု ယခင်အပတ်က ထုတ်ပြန်ခဲ့သော ၂၀၀၄ နိုဝင်ဘာလက ပေးပို့ခဲ့သည့် အမေရိကန် သံတမန် ကြေးနန်းတွင် ရေးသားထားသည်။

ဒေလီရှိ အမေရိကန် သံရုံးမှ ပေးပို့ခဲ့သော အဆိုပါကြေးနန်းမှာ  ဗိုလ်ချုပ်သန်းရွှေ ၂၀၀၄ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံမြို့တော်သို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်အကြောင်း အဆင့်မြင့် အိန္ဒိယသံတမန် တဦးက အမေရိကန် သံတမန်များကို ပြောပြခဲ့သည့် သတင်းများအပေါ် အဓိက အခြေခံ ရေးသားထားသည်။

အနုမြူ စီမံကိန်းတရပ် မြန်မာနိုင်ငံက လုပ်ဆောင်နေနိုင်ဖွယ်ရှိဟု အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်းက ယုံကြည်

ပြည်ပရောက် သတင်းဌာနတခုဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုနှစ်မေလက သတင်းတရပ် ထုတ်လွှင့်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ဒုံးပျံ နှင့် အနုမြူအစီအစဉ်များကို လုပ်ကိုင်လျက်ရှိကြောင်း စစ်တပ်မှ ထွက်ပြေးဘက်ပြောင်းလာသည့် သူတဦး၏ ထွက်ဆိုချက်များ ပါဝင်ခဲ့သည်။ ဘက်ပြောင်းလာသူ ဗိုလ်မှူးစိုင်းသိန်းဝင်းမှာ မြန်မာစစ်တပ်မှ အကြီးတန်း သိပ္ပံပညာရှင် တဦးဖြစ်ပြီး စာရွက်စာတန်း အထောက်အထား အများအပြားယူဆောင်ကာ တိုင်းပြည်မှ ထွက်ခွာလာ၍ နောက်ပိုင်းတွင် အဆိုပါ စာရွက်စာတန်းများကို အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ကယ်လီ သို့ DVB ကပြသခဲ့သည်။

ဘက်ပြောင်း ခိုလှုံလာသူ ပေးအပ်သည့် သတင်းအချက်အလက်များ အရ  `မြန်မာနိုင်ငံသည် ယူရေနီယံ သတ္တုများကို တူးဖော်နေကြောင်း၊ အဆိုပါသတ္တု များကို ဓာတ်ပေါင်းဖိုများနှင့် အနုမြူဗုံးများတွင် အသုံးပြုနိုင်သည့် ယူရေနီယံ ဒြပ်ပေါင်းများအဖြစ်သို့ ပြောင်းလဲနေကြောင်း၊ ဓာတ်ပေါင်းဖိုတခုနှင့် ယူရေနီယံ သန့်စင်သည့် စက်ရုံတရုံကို ဆောက်လုပ်ရန်လည်း ကြိုးစားနေပြီး ယင်းက အနုမြူဗုံးလုပ်ရန် သက်သက်သာဖြစ်ကြောင်း ပြသနေသည်။

ယင်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သက်သက်အတွက် မဖြစ်နိုင်ပါ။ ဤကိစ္စသည် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ စွမ်းပကားနှင့် အလှမ်းကွာပါသည်။ ဤအခြေအနေများ ပြောင်းလဲသွားလျှင် အိုင်အေအီးအေသို့ အကြောင်းကြားရေးကိစ္စမှာ မြန်မာနိုင်ငံ၏ သဘောအတိုင်းသာ ဖြစ်ပါသည်။ သေချာသည်မှာ ဤစည်းကမ်းများကို ချိုးဖောက်ပြီး အနုမြူဗုံးတလုံးကို လျှို့ဝှက် တည်ဆောက်နေသည် ဆိုပါက အိုင်အေအီးအေသို့ သူတို့အလိုအလျောက် အကြောင်းကြားလိမ့်မည် မဟုတ်ပါ´ဟု ကယ်လီက ရေးသားထားသည်။

DVB က ကယ်လီ၏ ပြောဆိုချက်ကို အသံလွှင့်အပြီးတွင် မြန်မာအစိုးရမီဒီယာ က `မြန်မာနိုင်ငံတွင် ယူရေနီယံ သတ္တုများကို ပြောင်းလဲထုတ်လုပ်ခြင်း၊ သန့်စင်ခြင်း၊ ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း၊ သို့မဟုတ် လည်ပတ် လုပ်ကိုင်နေခြင်းများကို ယခင်ကလည်း မလုပ်ခဲ့၊ ယခုလည်း လုပ်ကိုင်နေခြင်း မရှိ၊ နောင်ကိုလည်း လုပ်ကိုင်ရန် အစီအစဉ်မရှိပါ´ ဟု မြန်မာကိုယ်စားလှယ် ဦးတင်ဝင်းက အိုင်အေအီးအေသို့ ပေးပို့ အကြောင်းကြားခဲ့သော စာကို ကိုးကားပြီး ဇွန်လ အတွင်းက ရေးသားဖော်ပြခဲ့သည်။

စွပ်စွဲပြောဆိုနေသော အနုမြူ အစီအစဉ်နှင့် စပ်လျဉ်း၍ အိုင်အေအီးအေ ကျွမ်းကျင်သူနှစ်ဦး အချင်းများကြခြင်း။
ကယ်လီ၏ ကောက်ချက်များကို အိုင်အေအီးအေရှိ သူ၏အကြီးအကဲဟောင်း အော်လီဟိုင်နိုနင် (Olli Heinonen) အပါအဝင် အခြား အနုမြူကျွမ်းကျင် သူများက ငြင်းချက်ထုတ်ခဲ့ကြသည်။ အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်း ပြောဆိုချက်များ ပါဝင်သည့် ၁၅ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ကို အမေရိကန် ရုပ်သံ အစီအစဉ်တခုက လွန်ခဲ့သောလက ထုတ်လွှင့်ပြသခဲ့သည်။ ဤမှတ်တမ်း ရုပ်သံအစီအစဉ်ကို PBS နှင့် အမြတ်အစွန်းအတွက် မဟုတ်သည့် စုံစမ်းထောက်လှမ်းသတင်းများ ရေးသား တင်ဆက်နေသည့် ProPublica တို့က ပူးတွဲ တင်ဆက်ခဲ့သည်။ မြန်မာနိုင်ငံ၏ အနုမြူအစီအစဉ်များ အပေါ် ကယ်လီ၏ စိုးရိမ်ပူပန်မှုများမှာ ပိုလွန်းသည်ဟု အဆိုပါ ရုပ်သံမှတ်တမ်းက စွပ်စွဲပြောဆိုထားသည်။

ဘက်ပြောင်း ခိုလှုံလာသူက ပေးအပ်ခဲ့သော သတင်းအချက်အလက်များနှင့် ယင်းအထောက်အထားများအပေါ် ကယ်လီ၏ ကောက်ချက်များ ရှိခဲ့သော်လည်း `ယခုအဆင့်တွင် ရှိနေသည့် အနုမြူ လက်နက် အစီအစဉ်များမှာ သံသယဖြစ်စရာ ကောင်းလောက်အောင် မရှိသေးပါ´ ဟု ဟိုင်နိုနင် က ပရို ပတ်ဘလစ်ကာ ရုပ်သံသတင်းဌာနကို ပြောကြားခဲ့သည်။

သို့သော် အဆိုပါရုပ်သံ အစီအစဉ်တွင် ကယ်လီအပေါ် စွပ်စွဲပြောဆိုထားသော အဓိကအချက်တချက်ကို ဟိုင်နိုနင်နှင့် ပရိုပတ်ဘလစ်ကာ တို့က ထုတ်လွှင့်အပြီး ရက်သတ္တပတ်ပေါင်းများစွာ အကြာတွင် ပြန်လည် ရုတ်သိမ်းခဲ့ရသည်။

အဆိုပါ မှတ်တမ်းခွေနှင့်အတူ ပရိုပတ်ဘလစ်ကာ၏ မန်နေဂျင်းအယ်ဒီတာ စတီဖင်အိန်ဂယ်လဲဘတ်နှင့် နာတန်ဒိုတန် တို့ ပူးတွဲရေးသားထားသော ဆောင်းပါး တစောင်ကိုလည်း ပရိုပတ်ဘလစ်ကာ ဝက်ဘ်ဆိုက်တွင် တင်ထားသည်။ အဆိုပါ ဆောင်းပါးတွင် အထူးပြုလုပ်ထားသော `လက်အိတ်သေတ္တာ´ ဆိုသည့် ဓာတ်ပုံအပေါ် ကယ်လီ၏ ကောက်ချက်ကို ဟိုင်နိုနင်ကို ကိုးကားကာ ငြင်းပယ် ချေပထားသည်။

ယူရေနီယံ သတ္တု ထုတ်လုပ်ရာတွင် အပူချိန်မြင့်မားစွာ လိုအပ်သဖြင့် ဤကိရိယာသည် ဤလုပ်ငန်းနှင့် သင့်လျော်ခြင်းမရှိပါ´ ဟု သူတို့က ရေးသားထားသည်။ `ဒီပုံကို ကြည့်ရင် ခင်ဗျားတို့ တွေ့လိမ့်မယ်။ ဥပမာ ဒီသေတ္တာထဲမှာ ရာဘာ လက်အိတ်တွေရှိတယ်။ ဒီလုပ်ငန်းမျိုး လုပ်ဖို့အတွက် ရာဘာ လက်အိတ်ပါတဲ့ သေတ္တာတလုံးနဲ့ လုပ်လို့မရဘူး´ ဟု ဟိုင်နိုနင်၏ ပြောကြားချက်ကို ကိုးကားရေးသားထားသည်။

`ဒါသာသုံးရင် ဒီလူလက် လောင်သွားမှာပေါ့။ ဒီသေတ္တာဟာ ဒီလုပ်ငန်းအတွက်လို့ ကျနော်မထင်ဘူး´ ဟု သူက ပြောကြားခဲ့သည်။ ကယ်လီ၏ ပြောဆိုချက်ကို ပရိုပတ်ဘလစ်ကာ၏ ချေပချက်ဟု ထင်ရသော အချက်တွင် မှားယွင်းသွားသည့် အချက်မှာ အဆိုပါ လက်အိတ် သေတ္တာကို အပူချိန် အလွန်မြင့်မားစွာ လိုအပ်သည့် ယူရေနီယံ သတ္တု ထုတ်လုပ်သည့်နည်း ထိုအဆင့်၌ အသုံးပြုခဲ့သည်ဟု ကယ်လီကရော DVB ကပါ အမှန်တကယ် မပြောကြားခဲ့ခြင်း ဖြစ်သည်။

ကယ်လီကလည်း ပရိုပတ်ဘလစ်ကာ သို့ ပက်ပက်စက်စက် တုံ့ပြန်ချက်တရပ်ကို ပြန်လည်ပေးပို့ခဲ့ရာ `ဒီလက်အိတ်သေတ္တာကို ယူရေနီယံ သတ္တုထုတ်လုပ်ရာမှာ အသုံးပြုလို့ရတယ်လို့ ကျနော်ပြောခဲ့တယ်လို့ ခင်ဗျားတို့က ပြောထားတယ်။ ကျနော် ဒီလို မပြောခဲ့ပါဘူး။ ဒီလို အလွယ်တကူ စစ်ဆေးလို့ရတဲ့ အချက်ကို မိုက်မိုက်မဲမဲ မှားယွင်းကိုးကားခဲ့တဲ့ ခင်ဗျားတို့အဖြစ်က ဘယ်လိုမှ ကာကွယ်လို့ မရတော့ဘူး။

စာနဲ့ရေးထားတဲ့ မှတ်တမ်းက ဒါတလွဲကြီးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာ။ ကျနော့် တင်ပြချက်တွေမှာ လက်အိတ်သေတ္တာနဲ့ ဗုံးထုတ်မယ့် ဓာတ်ပေါင်းဖို နှစ်ခုလုံးကို ပြထားပါတယ်။ ရှင်းရှင်းလေး ခွဲခြားနိုင်ပါတယ်´ ဟု ရေးသားထားသည်။

ကယ်လီက သူ၏ အကြီးအကဲဟောင်းကိုလည်း ပြန်ပက်ခဲ့သည်။ `လက်အိတ် သေတ္တာနဲ့ ဗုံးဓာတ်ပေါင်းဖိုကို ခွဲခြားနိုင်ဘို့ ခင်ဗျားဆီမှာ အော်လီဟိုင်နိုနင် ရှိတယ်။ ကျနော့်ရဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲ ပြောဆိုချက်တွေကို စစ်ဆေး အကဲဖြတ်ဘို့ အိုင်အေအီးအေက တာဝန်ပေးထားတဲ့အဖွဲ့မှာ ဟိုင်နိုနင်က အကြီးတန်း အရာရှိပါ။ ဒီယူရေနီယံနဲ့ ဆိုင်တဲ့ စက်မှုလုပ်ငန်းသုံး ကိရိယာနှစ်ခုရဲ့ ခြားနားချက်ကိုသိဘို့ သူကျနော့် အစီရင်ခံစာကို ကောင်းကောင်း မဖတ်ခဲ့ဘူး။ ကျနော် အတိအကျ ရှင်းလင်းရေးသားထားတဲ့ အစီရင်ခံစာနဲ့ ကျနော်ဘယ်တုံးကမှ မပြောခဲ့တာကို ရှင်းပြဘို့လုပ်တဲ့ သူ့ရဲ့ ကိုးရိုးကားယား ကြိုးပမ်းချက်နဲ့ ရောထွေးမပစ်ပါနဲ့။ သူဟာ ကျနော့်ကို ဝေဖန်ဘို့ ခင်ဗျားသုံးတဲ့ တဦးတည်းသော `နည်းပညာပုဂ္ဂိုလ်´ ပါ။ ဒါပေမဲ့ ဒီအချက်မှာတော့ သူရှုံးပြီ။ ကျနော်မှားတယ် ဆိုတာပြောနိုင်ဘို့ ကိုးစား ယုံကြည်နိုင်တဲ့ ပုဂ္ဂိုလ်ကို ခင်ဗျား မပြနိုင်ခဲ့ဘူး´ ဟု ထိုစာတွင် ရေးသားထားသည်။

ကယ်လီ၏ စာကိုရရှိပြီးနောက် ကယ်လီအပေါ် ကနဦး စွပ်စွဲထားသော အချက်ကို မှိန်ပစ်ရန်အတွက် အပိုဒ်တပိုဒ်ကို ဆောင်းပါးအဆုံးတွင် ပရိုပတ်ဘလစ်ကာ က ထည့်သွင်းထားသည်။ မြန်မာနိုင်ငံ၏ ဖြစ်နိုင်ဖွယ်ရှိသော အနုမြူ လက်နက် ထုတ်လုပ်ရေး လုပ်ငန်းအပေါ် ရောဘတ်ကယ်လီ ရေးသားထားသော အစီရင်ခံစာတွင် ပါရှိသည့် `လက်အိတ်သေတ္တာ´ ဟု သိထားသော ကိရိယာ ကို ပိုမိုတိတိကျကျ ရှင်းလင်း တင်ပြပါသည်´ ဟု ရေးသားထားသည်။

ပြန်လည် ပြင်ဆင်ထားသော ဆောင်းပါးတွင် `လက်အိတ်သေတ္တာ´ ဟု သုံးနှုန်းရန် `ကိုးရိုးကားယား နိုင်ပါသည်´ ဟု ဟိုင်နိုနင် ၏ ပြောစကားကို ကိုးကား ရေးသားထားသည်။
ကယ်လီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သူတို့၏သတင်းထောက် ဒက်ဖ်နာ လင်ဇာ (Dafna Linzer)  က အမည်ဖော်ပြမထားသည့် အမေရိကန် အစိုးရအဖွဲ့တွင်းမှ ပုဂ္ဂိုလ်များကို မေးမြန်းခဲ့သည်ဟု ပရိုပတ်ဘလစ်ကာ က ဆိုသည်။ အစီရင်ခံစာကို စစ်ဆေးကြည့်ရှုခဲ့သော စီအိုင်အေနှင့် စွမ်းအင်ဝန်ကြီးဌာန အနုမြူဌာနခွဲ မှ ကျွမ်းကျင်သူများက `မြန်မာနိုင်ငံတွင် အနုမြူစီမံကိန်း အချို့ ရှိနိုင်ပါသည်။ သို့သော် အနုမြူ လက်နက်များနှင့် ဆက်စပ်မှု မရှိပါ´ ဟု ပြောကြားခဲ့ကြောင်း သူက ထိုရုပ်သံ မှတ်တမ်းရုပ်ရှင်တွင် ပြောဆိုထားသည်။
ပရိုပတ်ဘလစ်ကာမှ အင်ဂယ်လ်ဘတ်ခ် (Engelberg) ကလည်း ကယ်လီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး DVBကို ထောက်ပံ့နေသူများကို ရဲရဲတင်းတင်း အခိုင်အမာ အတိုက်အခံလုပ် ပြောကြားခဲ့သည်။

`ဒီအစီရင်ခံစာကို စိစစ်ဘို့ ပထမအဆင့်အနေနဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းကို သွားပြခဲ့ ပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် သူတို့က သိပ်မယုံကြည်ကြောင်း ပွင့်ပွင့်လင်းလင်းဘဲ ပြောပြခဲ့ပါတယ်။ ဒါတွေကို ခင်ဗျားတို့သိပါသလား´ ဟု အင်ဂယ်လ် ဘတ်ခ် က အစီရင်ခံစာကို ရည်ညွှန်းပြီး အဆိုပါ ရုပ်သံမှတ်တမ်း ရုပ်ရှင်တွင် ပြောဆိုခဲ့သည်။ 

`စွမ်းအင်ဝန်ကြီးဌာနနဲ့ စီအိုင်အေ က ကျနော့်အစီရင်ခံစာကို တကြောင်းချင်း ဖတ်ကြည့်ပြီး ကျနော့် တွေ့ရှိချက်တွေကို ငြင်းဆိုတယ်လို့ ခင်ဗျားကပြောတယ်။ ခင်ဗျားပြောပုံက အမေရိကန် အစိုးရထဲက ထောက်လှမ်းရေး အသိုင်းအဝိုင်းကြားမှာ အမြင်တွေ တထပ်ထဲကျနေသလို ပြောသွားတယ်။ ဒါပေမဲ့ ယူရေနီယံ ဗုံးလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ စွမ်းအင်ဝန်ကြီးဌာန ထောက်လှမ်းရေး အရာရှိအချို့က ကျနော့် အစီရင်ခံစာကို ဖတ်ပြီး ကျနော့် တွေ့ရှိချက်တွေဟာ ယုတ္တိတန်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အိုင်အေအီးအေက ပါရဂူတွေကလဲ ကျနော့်အမြင်ကို သဘောတူပါတယ်။ နောက်ပြီးတော့ ဒီအစီရင်ခံစာကို ဖတ်ခဲ့ရတဲ့ ဒီအသိုင်းအဝိုင်းက ဘယ်သူကမှ ကျနော်တင်ပြခဲ့တဲ့ နည်းပညာ ဆိုင်ရာ အထောက်အထားတွေကို ငြင်းချက်ထုတ်တာ မလုပ်ခဲ့ကြဘူး´ ဟု ကယ်လီက ပြောသည်။

မြန်မာ့အနုမြူ အစီအစဉ်များရှိကြောင်း ပြောဆိုချက်များကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို

မြန်မာနိုင်ငံက အနုမြူလက်နက် ပိုင်ဆိုင်ရေး လုပ်ဆောင်နေသည် ဟူသော သတင်းများကို ထိုင်းဝန်ကြီးချုပ် အဖိစစ်ဝိချချိဝ ကလည်း ခပ်ပေါ့ပေါ့ ပြောဆိုခဲ့သည်ဟု ဒီဇင်ဘာ ၁၂ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။ `အာဆီယံကို အနုမြူကင်းမဲ့ ဒေသကြီးအဖြစ်နဲ့ မြင်လိုပါတယ်လို့ မြန်မာနိုင်ငံက အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးမှာ ပြောဆိုခဲ့တာကို ကျနော် မှတ်မိနေပါတယ်´ ဟု အဖိစစ် က ပြောခဲ့သည်ဟု ဆိုသည်။

ဒေသတွင်းရှိ မည်သည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဝင်နိုင်ငံမျှ အနုမြူလက်နက် မလိုချင်ကြကြောင်း၊ သို့သော် အမျိုးသား လုံခြုံရေး အတွက် အနုမြူလက်နက် ပြဿနာကို ထိုင်းနိုင်ငံက အမြဲတမ်းစောင့် ကြည့်လေ့လာနေကြောင်း အဖိစစ်က ပြောဆိုသွားခဲ့သည်။

သို့သော် နောက်တနေ့တွင် အဖိစစ်ကို နိုင်ငံရေးအရ အမြဲတမ်းလို ထောက်ခံခဲ့သော ဘန်ကောက်ပို့စ် သတင်းစာကြီးက သတင်းစာခေါင်းကြီးမှ ပြန်လည် ဝေဖန်ခဲ့သည်။

`လျို့ဝှက် အနုမြူ စီမံကိန်းတွေနဲ့ ပတ်သက်လို့ နောက်ထပ် စွပ်စွဲချက်ကို မြန်မာ အစိုးရအတွက် ဝန်ကြီးချုပ်အဖိစစ်ဝိချာချိဝ က ကာကွယ်ပေးခဲ့တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီပြဿနာနဲ့ ပတ်သက်လို့ ဝီကီလိ က နောက်ဆုံးဖွင့်ချခဲ့တဲ့ ကြေးနန်းတွေအပေါ် မစ္စတာအဖိစစ် ချေပဖို့ ကြိုးစားတာတွေကတော့ မခိုင်လုံ လှပါဘူး။ သူက မြန်မာခေါင်းဆောင်တွေ ပြောတာကို ကိုးကား ပြောတယ်။ သူတို့မှာ ပွင့်လင်းမှုတို့ အစဉ်အလာကောင်းတို့ ဆိုတာ သိပ်ရှိတာ မဟုတ်ဘူး။ ရန်ကုန်က အမေရိကန်သံရုံးက လွန်ခဲ့တဲ့ ၆ နှစ်က ပို့ခဲ့တဲ့ ကြေးနန်းကလဲ သူ့ရဲ့ အနုမြူ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဟာ ကမ္ဘာကို လိမ်ညာခဲ့တယ်ဆိုတဲ့ အထောက်အထား မပြနိုင်ပါဘူး။ ဒီလိုပါဘဲ၊ မြန်မာစစ်အစိုးရရဲ့ ဝါဒဖြန့် ပြောကြားချက်တွေအပေါ် မစ္စတာအဖိစစ်က စိတ်ကောင်း နှလုံးကောင်းထားပြီး ယုံကြည်နေတာကလဲ အဓိပ္ပာယ် မရှိလှပါဘူး´ ဟု အဆိုပါ သတင်းစာခေါင်းကြီးတွင် ရေးသားထားသည်။
http://mizzimaburmese.com/news/regional/6635-2010-12-23-06-31-28.html

This Prison Where I Live(Zarganar )



Burma Today News Updates (December 23, 2010)

Al Jazeera Broadcast Daw Aung San Suu Kyi Live TV Program (News Report) December 23, 2010
အယ်လ်ဂျာဇီးယားရုပ်သံမှ ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် စကားပြောခြင်း အစီအစဉ် (မြင့်လှိုင်)


Aung San Suu Kyi: At the Crossroads (Al Jazeera) Video


Regime’s Regional Officers force to attend the Villagers to the Opening Ceremony of the Relocated Village (News Report)
အောင်မြင်သာ စံပြကျေးရွာ အပ်နှင်းပွဲတွင် လူပေါင်း တထောင် အဓမ္မ တက်ရောက်ခိုင်းကြောင်း ကချင်အဖွဲ့က ပြော (ကိုညီ)


“Burmese Youth Leaders Should Attend the UNESCO CHAIR Forum” said the Coordinator of the Event (News Report)
ယူနက်စကို လူငယ်တွေ့ဆုံပွဲကို မြန်မာလူငယ်များ တက်ရောက် စေလို (ကိုညီ)



Information Desk 
Burma Today Inc.
PO Box 300986
Brooklyn, NY 11230 USA

3 attachments — Download all attachments  
101222_bty_bur_daw_aung_san_suu_kyi.pdf101222_bty_bur_daw_aung_san_suu_kyi.pdf
193K   View   Download  
101222_bty_bur_kachin.pdf101222_bty_bur_kachin.pdf
213K   View   Download  
101222_bty_bur_youth.pdf101222_bty_bur_youth.pdf
117K   View   Download  

နည်းပညာကို လွဲမှားစွာ အသုံးချသူများ

တိုင်းပြည် တပြည် အဖက်ဖက်က နိမ့်ကျ နေသည့် အချိန်တွင် ပြန်လည် တိုးတက်ကောင်းမွန် လာအောင် ကြိုးစားကြမည် ဆိုလျှင် လူငယ်များ၏ အခန်းဂဏ္ဍသည် အရေးပါသည့် နေရာမှ ပါဝင်လာကြသည် ကို မည်သူမျှ မငြင်းနိုင်သည့် ဘဘာဝ အမှန်တရား ဖြစ်သည် ။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့် ဆိုရိုးစကား အတိုင်း သက်ဆိုင်ရာ အလုပ်နေရာ ဌာန အသီးသီးတွင် ယနေ့လူငယ်များသည် လက်ရှိ လူကြီးများ၏ နေရာသို့ အစားထိုးဝင်ရောက် လုပ်ကိုင်ကြသည်မှာလည်း ထုံးစံ ပင် ဖြစ်လေသည် ။ ထို့ကြောင့် တိုင်းပြည်တပြည် အတွက် လူငယ်များ၏ အခန်းဂဏ္ဍ အလွန်ရေးကြီးသည် ဟု လက်ခံထားလျှင် ထိုလူငယ်များ၏ ၊ စာရိတ္တ နှင့် အသိညဏ် ပညာ တိုးတက် ကောင်း မွန်ဖို့ အထူး လိုအပ်သလို အလုပ်လုပ်ရာတွင် တက်ကြွစွာ လုပ်ကိုင်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင် အထူး ကြံစည် ဆောင်ရွှက်သင့်ပေသည်ဟု နိုင်ငံတကာမှ ပညာရှင်များ က တညီတညွတ်တည်း လက်ခံထားကြလေသည် ။

ကျွန်ူပ်တို့ တိုင်းပြည်သည် လက်ရှိ အနေအထားတွင် နိုင်ငံတကာမှ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကို အသာထား ဖွံ့ဖြိုးဆဲ နိုင်ငံများ နှင့် နှိုင်းယှဉ်လျှင် များစွာ နောက်ကျ ကျန်နေခဲ့ပေပြီ ။ ယနေ့ခေတ်အချိန်အခါသည် နည်းပညာ၏ အကူအညီကြောင့် ကမ္ဘာသည် ရွာပမာ ပင် ဖြစ်လာသည်ဟု လူအများက တင်စားခေါ်ဆိုကြသည် ။ ထိုသို့နည်းပညာ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ယဉ်ကျေးမှု တို့ ထိစပ်လာကြသည် ။ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်ပြီး လူငယ်များသည် နည်းပညာကို အသုံးချကာ မိမိတို့ဘ၀ တိုးတက်ကောင်းမွန်ရေး အတွက် အသုံးချကြသလို အချို့ကား နည်းပညာ၏ သားကောင်များ ဖြစ်သွားကြလေသည် ။

မြန်မာပညာရေး စနစ်၏ အားနည်းချက်ကြောင့် ယနေ့လူငယ်များ အသိဥာဏ်ပိုင်းဆိုင်ရာ အားနည်းနေသည်ကို ၀ိုင်းဝန်း ဖေးမကာ မိမိတို့ တတ်ကျွမ်းသော ပညာများဖြင့် ကူညီဖေးမကြရမည့် အချိန်တွင် အချို့သော လူများသည် နည်းပညာကို အသုံးချ၍ လူငယ်များကို လမ်းမှားသို့ရောက်အောင် တွန်းပို့လျှက် ရှိပေသည် ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရလေသည် ။ ထိုသူများကား မြန်မာနိုင်ငံသား စစ်စစ် Porn Blogger များပင် ဖြစ်လေသည် ။ အသိ ယိုင်နဲ့မှု ကြောင့် မြန်မာ့လူငယ်များ စာရိတ္တတို့ယိုင်းယိုင်နေချိန်တွင် သူတို့လုပ်ဆောင်ချက်သည် ချောက်ထဲကို ကျလုကျခင် ဖြစ်နေသော လူငယ်များကို ကူညီ၍ တွန်းချပေးလိုက် သလို ဖြစ်သွားသည် ။

လူငယ်များသည် အချိန်တန် အရွယ်ရောက်လာလျှင် မိမိတို့ ဘ၀ တိုးတက် ကောင်းမွန်ရေး နှင့် သဘာဝက တောင်းဆို လာသော စိတ်ဆန္ဒ အာသီသ တို့ကြောင့် ဘ၀ လက်တွဲဖော်ကို ရှာဖွေလိုခြင်း ဆိုသည့် စိတ်နှစ်ခုသည် လူငယ်များ၏ နှလုံးသား နှင့် အသိညဏ်တွင် ကိန်းအောင်းနေသည့် အင်အား အကြီးဆုံး အရာနှစ်ခု ဖြစ်သလို ထူးခြားသော ပြိုင် ဘက်များ ဖြစ်နေသည်ဟု ပညာရှင်တို့က သုတေသန ပြု၍ ဖော်ထုတ် ထားကြပေသည် ။ မိဘတို့သည် သူတို့ ရင်သွေးငယ်လေးများ၏ ဘ၀ တိုးတက် မြင့်မားရေး အတွက် မျှော်မှန်းကာ ပညာသင်ပေး ကြလေသည် ။

ထိုသို့မျှော်လင့်ချက် ကြီးစွာ ထား၍ ပညာသင်ပေးနေသည့် အချိန်တွင် ခေတ်၏ အခြေအနေနှင့် စနစ်တခု၏ ဆိုးကျိုးကြောင့် ဘွဲ့ရ ပညာတတ်များ အလုပ်လက်မဲ့ ဖြစ်နေသည်ကို မြင်တွေ့ရသည့် ကျောင်းသားလူငယ်များ ၏ ရည်ရွယ်ချက်ပန်းတိုင်သည် မှုန်ဝါးလာစေသည် ။ လူငယ်တို့ သဘာဝ တိုးတက်မြင့်မားလို၍ ပညာသင်ယူ ကြသော်လည်း မအောင်မရှိ ပညာရေး စနစ်နှင့် ပညာရေး အာမခံချက် နည်းပါးမှု တို့က လူငယ်များ၏ ကြိုးစားချင်စိတ်ကို ဖျက်စီးလိုက်ကြသည် ။ ထိုအခါ ဘ၀ တိုးတက်ရေး အတွက် ကြိုးစားချင်စိတ် ကုန်ခမ်းလာသော လူငယ်များသည် ဘ၀ လက်တွဲဖော်ကို ရှာဖွေလိုသည့် ဆန္ဒ အာသီသတို့ဘက်တွင် စိတ်အား ပြင်းထန်စွာ ပိုမို အားထုတ် လာကြသည် ။ အထူးသဖြင့် ထိုကိစ္စများတွင် ယခင်က ယောက်ျားလေးများတွင် အဖြစ်များ ခဲ့သော်လည်း အခုလက်ရှိ အနေအထားအတွင် မိန်းကလေးများ သည်လည်း ပါဝင် ပက်သက်လာကြလေသည် ။ ထိုသို့သဘာဝ တရား လွဲမှားစွာ ကြိုးစားအားထုတ်မှုကို မဟုတ်မမှန်သည့် နည်းလမ်းများဖြင့် ဆောင်ရွှက်နေသည့် လူငယ်များ၏ ဘ၀ အနာဂတ်ကား ကိုယ့်လည်ပင်းကို ကိုယ် ကြိုးကွင်းစွပ်သည့် အနေအထားကို ရောက်မှန်းမသိ ရောက်နေကြလေသည် ။

ကိုယ်ပိုင် အသိဥာဏ် အားနည်းသော အခါ အကျိုးအကြောင်းကို ယှဉ်တွဲ၍ မစဉ်းစားတတ်ခြင်းတို့ကြောင့် အယူလွဲမှားကာ အရှက်အကြောက်တရားကို နားလည်မှု တွေ လွဲမှားကုန်ကြလေသည် ။ ဘ၀ အခက်အခဲတွေ ကြောင့် သောကဒဏ်ရာ များစွာကို ရင်မှာပိုက်ထားရတဲ့ မြန်မာ့လူငယ်လေးတွေဟာ တဒင်္ဂ သာယာမှု အတွက် တဘ၀စာ ပျော်ရွှင်မှု တို့ကို လှဲလှယ်နေတဲ့ လုပ်ရပ်တွေကို ထွက်ပေါက် အဖြစ် မှားယွင်းတဲ့ ရှုထောင့်ကနေ မသိစိတ်က ပျော်ရွှင်စွာ လုပ်ဆော်နေကြပါတယ် ။ ဒီလိုတွေ မှားယွင်းနေတာကို ၀မ်းရေးအတွက် ခက်ခဲစွာ ရုန်းကန်လုပ်ရှားနေကြတဲ့ မိဘတွေက မသိလိုက်ကြတဲ့ အခါ ကိုယ့်ဘ၀တင် မကဘူး ၊ မိသားစုရဲ့ အရှက်နှင့် သိက္ခာတရားကို လှဲလှယ်တဲ့ လုပ်ရပ်များမှာ မသိစိတ်နဲ့ ပျော်ရွှင်မြူးတူး ဖြစ်နေတာကို ကျနော် မြင်ရတာ ရင်နင့်နေအောင် ခံစားရလို့ သတိပေးချင်တဲ့ စေတနာနဲ့ ဒီစာကို ရေး သားလိုက်တာပါ ။

ကိုယ့်ဘ၀ က ကံကြမ္မာ မကောင်းခဲ့လို့ ဒုက္ခဆိုးတွေကို ရင်နင့်နေအောင် ခံနေကြရတဲ့ အချိန်မှာ ဘ၀ တိုးတက်ဖို့ အတွက် အားကိုးလိုတဲ့ စိတ်ဆန္ဒနဲ့ အိမ်ထောင် ဖက်ကို ရှာတဲ့နေရာမှာ လွဲမှားစွာ ယူဆနေတာလေးကို တွေ့ ရလို့ မိန်းကလေးများကို အထူး သတိပေးလိုပါတယ် ။ ပန်းတပင်က ပန်းပွင့်တပွင့်ကို ခူးဆွတ်လိုက်ပေမယ့် အခြားပန်းပွင့်တွေ ပြန်ပွင့်မယ်လို့ မျှော်လင့် လို့ရပါသေးတယ် ။ ဒါပေမယ့် မိန်းကလေး တစ်ယောက်ရဲ့ ဘ၀ မှာ တခါသာ ပွင့်လန်းခဲ့တဲ့ အပျိုစင်ဆိုတဲ့ ပန်းလေးက တော့ ကြွေကျပြီးရင် နောက်ထပ် မျှော်လင့်လို့ မရတော့ပါဘူး ဆိုတာ လေးနက်စွာ စဉ်းစားပြီး တန်ဖိုးထားစေချင်ပါတယ် ။ ကိုယ့်ကို တကယ်မြတ်နိုး တန်ဖိုးထားတဲ့ ချစ်သူကို လိုချင်တယ် ဆိုရင် ထိုက်သင့်တဲ့ မိန်းကလေး မာန ရှိရတယ် ဗျ ။

ကိုယ့်ချစ်သူရဲ့ စိတ်ဆန္ဒကို အမြဲ အလိုလိုက် အကြိုက်ဆောင် နိုင်မှ စစ်မှန်တဲ့ အချစ်ကို ရတယ် ဆိုတဲ့ အတွေးအခေါ်ကို ရဲရဲကြီး စွန့်ပယ်လိုက်ပါ ။ တကယ့်စစ်မှန်စွာ မေတ္တာ ရှိတဲ့ ယောက်ျားလေး တစ်ယောက်က သူတို့ တန်ဖိုးထား မြတ်နိုးစွာ ချစ်လိုတဲ့ မိန်းကလေးမှာ ရှိတဲ့ထားသင့်ထားထိုက်တဲ့ မာနလေးတွေ ရှိတာကို နှစ်ခြိုက်လေ့ ရှိတယ် ဆိုတာ ယုံကြည်စေချင်ပါတယ် ။ ချစ်သူဘ၀မှ မလိုက်လျောသင့်တာကို လွယ်ကူစွာ လိုက်လျောခဲ့ရင် ချစ်ခင်လေးစား ပြီး ပျော်ရွင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ဖက် ဖြစ်လာဖို့ သိပ်ကိုခက်ခဲသွားပါလိမ့်မယ် ။ အိမ်ထောင်ဖက် ဖြစ်လာခဲ့ရင်လည်း သာယာတဲ့အိမ်ထောင်ဖက် ဖြစ်ဖို့ထက် မသကာင်္တဲ့ စိတ်ထားနဲ့ အမြဲသတိထား တတ်တဲ့ အိမ်ထောင်ဖက် မျိုး အဖြစ်များတယ် ဆိုတာ သတိထားစေချင်ပါတယ် ။ တဦးနဲ့ တစ်ဦး လေးစားချင်ခင်မှု ၊ အပြန်အလှန် နားလည်ပေးမှု ၊ သစ္စာစောင့်သိမှု အစရှိတဲ့ စစ်မှန်တဲ့ မေတ္တာကို အခြေခံထားကြမှ သာယာ လှပတဲ့ အိမ်ထောင်ရေး တစ်ခုကို စိတ်ချမ်းသာ စွာ တည်ဆောက် နိုင်မှာပါ ။ ဘ၀ လက်တွဲဖော်ကို တခဏတာ အပျော်လိုဇော ဆန္ဒအတွက် ညစ်ညမ်းနဲ့ လုပ်ရပ်တွေနဲ့ အရောင်ဆိုးလိုက်ကြရင် နှစ်ဦးနှစ်ဘက်လုံး နစ်နာလွန်းလှပါတယ် ။

မြင့်မြတ်ပါတယ် လို့ ခံယူထားတဲ့ ယောက်ျားတစ်ယောက် ရဲ့ မေတ္တာရေးရာမှာ မလိုလားအပ်တဲ့ တောင်းဆိုမှု တွေပါလာရင် မိန်းကလေး တွေ အနေနဲ့သတိမြဲမြဲထားကြပါ ။ တကယ် စစ်မှန်တဲ့ ချစ်ခြင်းတရားမှာ နားလည်မှု ဆိုတာ သူ့အလိုလို ကပ်ပါလာပြီးသားပါ ။ ယောက်ျားလေး တစ်ယောက် အနေနဲ့လည်း ဘ၀ လက်တွဲဖော်ကို ရှာဖွေတဲ့ နေရာမှာ သူက ကိုယ့်ကို ဘယ်လောက်ချစ်တယ် ဆိုတာကို ညစ်ညမ်းစာအုပ်တွေ ၊ ဗီ်ွဒီယိုတွေ ထဲက အကြောင်းအရာတွေနဲ့ မစမ်းသပ်ကြပါနဲ့ ။ ကိုယ်တကယ်ချစ်တဲ့ မိန်းကလေးကို ကိုယ့်ပတ်ဝန်းကျင်က လေးစားချစ်ချင်လာအောင် ကိုယ်တိုင်က မြတ်နိုး တန်ဖိုးထားရမှာပါ ။ နည်းပညာ ဖွံ့ဖြိုး တိုးတက်လာတာဟာ ကိုယ့်ကျင့်တရားတွေကို နွမ်းပါးဖို့ အတွက် မဟုတ်ဘူးဆိုတာ ဆင်ခြင်စေချင်ပါတယ်။ ကိုယ်ကျင့်တရား ကို တန်ဖိုးထားတဲ့ ယောက်ျားကောင်းဆိုတာ ယုတ်ညံ့သေးသိမ်တဲ့ စိတ်ထားတွေ ကင်းဝေးနေပါတယ် ။

ဒီနေ့ နိုင်ငံတကာမှ ခေတ်စားနေသလို မြန်မာလူငယ်တွေ ကြားမှာ ခေတ်စားနေတဲ့ living together ဆိုတဲ့ စကားလုံးဟာ မကောင်းဆိုးဝါး အယူဝါဒ တခုပါ ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ကျင့်သုံးရမယ့် အလေ့အထ မဟုတ်ပါဘူး ။ အခြားဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတွေမှာ အိမ်ထောင် မရှိဘဲ ကလေးမွေးကြတာ သိပ်မဆန်းပေမယ့် မြန်မာ နိုင်ငံရဲ့ ပတ်ဝန်းကျင် အနေအထားမှာ ဘယ်သူမှ လက်မခံနိုင်ကြပါဘူး ဆိုတာလေးကို သတိထားစေချင်ပါတယ် ။ ကံကြမ္မာ ဆိုတာ အလှည့်အပြောင်း ရှိပါတယ် ။ မိမိတို့ ချစ်သူနှစ်ဦး အရမ်းချစ်ကြတယ် ၊ တကယ်လည်း ယူမယ်လို့ ဆုံးဖြတ်ထားကြပေမယ့် ကံကြမ္မာက ရက်စက်လို့ ကွဲကွာခဲ့ရတဲ့ ချစ်သူ စုံတွဲတွေလည်း အများကြီးပါ ။ ကိုယ်တိုင် မြတ်နိုးတန်ဖိုးထားပြီး ပန်ဆင်မယ်လို့ စိတ်ကူးနဲ့ အချိန်မကျခင် ကြိုပြီး ခူးဆွတ်ကြမယ် ဆိုရင် ပန်းပွင်လေးတွေမှ ပြည့်စုံလှပတဲ့ ဂုဏ်ဒြပ်နဲ့သင်းပျံ့တဲ့ မွေးရနံ့နဲ့ပန်းပွင့်လေး ကို ပန်ဆင်ခွင့်မရဘဲ ခြွေချက်ဖျက်စီး နင်းခြေ လိုက်သလို ဖြစ်သွားတတ်ပါတယ် ။

အဲဒီ living together ကြီးက လူငယ်တွေကို ဖျက်စီးဖို့ အားမရသေးတော့ အခုနောက်ပိုင်း ထပ်မံ ရေပန်းစား လာတာက တစ်ယောက်နဲ့တစ်ယောက် ညစ်ညမ်းတဲ့ ပုံရိပ်တွေကို အသုံးပြု ဖြော်ဖြေမှု video chat များနဲ့ ကိုယ်တိုင် ဖန်တီး ထုတ်လုပ်ထားတဲ့ ညစ်ညမ်း video တွေ လူငယ်ထုကြားမှာ ပြန့်နှံ့နေတာတွေကို ၀မ်းနည်း ရင်နင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ် ။ ချစ်သူတွေ ဘ၀ မှာ အတင့်ရဲ့စွာ မလိုက်လျောခဲ့သင့်တာတွေကို လိုက်လျောခဲ့တဲ့ အတွက် ဘ၀ ပျက်သွားခဲ့တဲ့ မိန်းကလေးတွေ အများကြီးပါ ။ ကျနော် စိတ်ထဲ ရှိတာကို ပြောရရင် အခုလို ချစ်သူစုံတွေထဲ ကြားမှာ ဒီကိစ္စကြီးတွေ ရေပန်းစားလာတာ ကို တတ်ကျွမ်း နားလည်တဲ့ ပညာရှင်တွေ အနေနဲ့တားဆီးသင့်တယ်လို့ ထင်မြင် ယူဆမိပါတယ် ။

မိန်းကလေးများ အနေဖြင့်လည်း သတိထား ဆင်ခြင်သင့်ပါတယ် ။ ကိုယ့်နဲ့အပြင်မှာ တောင် တွေ့ပြီး နေပြီဘဲ ဓါတ်ပုံတွေ ၊ video မှတ်တမ်းတင်ခွင့်ကို တမင်ဘဲခွင့်ပြုတာလား ၊ ဘယ်တော့မှ သစ္စာဖောက်မှ မဟုတ်ဘူးလို့ ကိုယ့်ချစ်သူကို ယုံကြည်လို့ဘဲ လား ဆိုတာတော့ မသိဘူး ၊ သေချာတာ တခုက အဲဒီလို ခွင့်ပြုလိုက်ခြင်းဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာတင် မကပါဘူး ၊ မိသားစုရဲ့ ဂုဏ်သိက္ခာပါ အဖတ်ဆည်လို့ မရအောင် ကျဆင်းသွားစေတယ်ဆိုတာ လေးလေးနက်နက် စဉ်စားစေချင်ပါတယ် ။ နောက်တချက် ဒီလိုလုပ်ရပ်တွေဟာ ပြည့်တန်ဆာ တစ်ယောက်ထက်တောင် အောက်တန်းကျတယ် ဆိုတာ သတိထားစေချင်ပါတယ် ။ ပြည့်တန်ဆာ မိန်းကလေးတောင် သူနဲ့ အပျော်ရှာနေသူကို ဘဲ ဖျော်ဖြေမှု ပေးတာပါ ။ အခုကတော့ လူတိုင်းရဲ့ စိတ်ဓါတ်တွေကို ညစ်နွမ်းအောင် လုပ်ဆောင် နေတဲ့ အလုပ်ကြီးကို မြိန်ရှက်စွာ လုပ်ဆောင်နေတာကို ဘာသာတရား ရှုထောင့်ကနေ ကြည့်ရင် အင်မတန်ကြီးတဲ့ အကုသိုလ် အလုပ်ကြီး ဖြစ်သလို လူမှုရေး ရှုထောင့်က ပြန်ကြည့်ရင်လည်း အင်မတန်ကို ယုတ်ညံ့သေးသိမ်တဲ့ စိတ်ထားနဲ့ လူငယ်တွေကို ဖျက်စီးလိုက်သလို ဖြစ်နေပါတယ် ။

ကိုယ်တစ်ယောက်တည်းတောင် စိတ်နဲ့ကိုယ် တထပ်တည်း မကျနိုင်တဲ့လူသားတွေ ဘ၀မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူ ဘ၀ မှာ အယုံလွန်ပြီး တဒင်္ဂ သာယာမှု အတွက် မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်နေတာကို အသိညဏ်လေးတွေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားတတ်ကြအောင် ၀ိုင်းဝန်း တားဆီးပေးကြဖို့ မိတ်ဆွေတို့ကို မေတ္တာရပ်ခံချင်ပါတယ် ။ ကိုယ်ရဲ့ ပုံရိပ်စစ်ကို အပြင်မှာတွေ့ပြီးတာတောင် မှတ်တမ်းတင်ထားချင်ပါတယ်ဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေကို သတိထားကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ။ နံမည်ကြီး အနုပညာရှင်များ အနေဖြင့်လည်း အနေအထိုင် အပြုအမူ အပြောအဆိုတွေ ဆင်ခြင်သင့်ပါတယ် ။ နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ ၀တ်စားဆင်ယင်ပုံ ၊ ပြုမူ ပြောဆို နေထိုင်ပုံတွေကို လူငယ်တွေက စံပြ နံမူနာ ထားပြီး အတုယူ နေကြတာပါ။ အဲဒီတော့ နံမည်ကြီးလိုတာနဲ့ အဖော်အချွတ် အသားပေး ပုံရိပ်တွေကို အသုံချပြီး လူငယ်တွေကို လမ်းမှားရောက်အောင် ပို့ဆောင်နေတာ အနုပညာရှင်တို့ရဲ့ လုပ်ရပ်မဟုတ်ပါဘူး ။ မင်းသမီး တယောက် လိုးရှင်းလိမ်းလို့ နံမည်ကြီးတာကို အခြားလူတွေက ၀ိုင်းဝန်း ဟန့်တားကြမယ့် အစား သူက လိုးရှင်းလိမ်းရင် ငါတို့ကလည်း အားကျမခံ တဲ့ စိတ်ဓါတ်နဲ့ လိုက်ပြိုင်နေကြတာ စစ်မှန်တဲ့ အနုပညာ မဟုတ်ပါဘူး ဆိုတာ အနုပညာရှင်များ ကို လေးစားစွာ အသိပေးလိုပါတယ် ။ စနစ်တခု၏ အသိညဏ် အဆိပ်ခတ်မှု ကြောင့် ယိုင်နဲ့နေတဲ့ လူငယ်တွေရဲ့ ကိုယ်ကျင့်တရားကို အနုပညာရှင် များက ပြန်လည် တည့်မတ်ပေး နိုင်အောင် ကြိုးစားပေးကြမယ် ဆိုရင် များစွာ ၀မ်းမြောက်မိမှာ အမှန်ပါဘဲ ။

တမျိုးသားလုံး အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး ဆိုတဲ့ ဦးတည်ချက်နဲ့ ချီတက်နေတဲ့ လက်ရှိအစိုးရရဲ့ လုပ်ရပ်သာ မှန်ကန်ခဲ့ရင် အဲဒီလို လုပ်ရပ်တွေနဲ့လူငယ်တွေကို လမ်းမှားရောက် အောင် လုပ်ဆောင်နေတဲ့ ကိုယ်တိုင်ရိုက်ကူး တည်းဖြတ် တင်ဆက် ပြသနေတဲ့ လူတွေနဲ့ ၀ိုင်းဝန်း ဖြန့်ဖြူးပေးနေတဲ့ ညစ်ညမ်း website များကို ထိရောက်စွာ အရေးယူပေးသင့်ပါတယ် ။

မြင့်မြတ်တဲ့ ယောက်ျားဘ၀ ကို ပိုင်ဆိုင်ထားပါလျှက် နဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေကို မွေးမြူနေကြတဲ့ ညီအစ်ကိုတွေ အနေနဲ့လည်း ကိုယ့်ရဲ့ နှမ ၊ အစ်မတွေနဲ့ နှိုင်းယှဉ်ပြီး ယုတ်မာတဲ့ စိတ်ဓါတ်တွေ ကို ဖျောက်ပြီး ကိုယ်ချင်းစာစိတ်လေးတွေ မွေးစေချင်ပါတယ် ။ ယူတာ မယူတာ အပထား ၊ ကျောရရုံ တော့ မကြံကြပါနဲ့ ။ ပန်းကောင်း အညွန့်ချိုး မလုပ်ကြပါနဲ့ ။ ဒီနေ့ခတ်နဲ့ ဒီချိန်ခါမှာ ဒီလို အလုပ်တွေကို အချိန်ပေးပြီး လုပ်ကြမယ့် အစား အကျိုးရှိတဲ့ အလုပ်ကို လုပ်စေချင်ပါတယ် ။ တိုင်းပြည် အဘက်ဘက် က နိမ့်ကျလို့  နိုင်ငံတကာ အလယ်မှာ မျက်နှာငယ်နေရတဲ့ အချိန်အခါမှာ လူငယ်တွေရဲ့ အကျင့်စာရိတ္တကို ပျက်ပြားစေမယ့် ဒီလို ညစ်ညမ်းမှု တွေ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်သူများနဲ့ ကူညီဖြန့်ဖြူးပေးသူများ အနေနဲ့  ဒီလို အကျိုးမရှိတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးကြဖို့ အထူးလေးစားစွာ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ် ။

ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုး အနာဂတ်မှာ ခေတ်မှီဖွံ့ဖြိုး တိုးတက်စေဖို့ အတွက်ဆို လူငယ်တွေကို အဓိကထား တည်ဆောက် ရမယ်လို့ ယုံကြည်ထားတဲ့ ကျနော် အနေနဲ့ ဒီလို စာမျိုးကို ရေးသင့်တယ်လို့ ယူဆလို့ ရေးလိုက်တာပါ ။ စနစ်တခုရဲ့ ဆိုးကျိုးကြောင့် အနာဂတ် အလင်းရောင် ပျောက်ဆုံးနေတဲ့ လူငယ်တွေဘ၀ ကို ထပ်မံပြီး မှောင်မိုက်အောင် လုပ်နေတဲ့ အခုကိစ္စကြီးဟာ တိုင်းပြည်တပြည်ရဲ့ အနာဂတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ် ။ လူငယ်တွေ အနေနဲ့လည်း တဘ၀လုံး စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်ဖို့ အတွက် တခဏတာ သာယာမှုတွေကို ရှောင်ရှားကြကာ မိမိတို့ဘ၀ တိုးတက်ကောင်းမွန်ရေး အတွက်သာ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်ကြပါ ။ အဓိက အရေးကြီးတဲ့ ဘ၀ အခြေခံရပ်တည်မှု ခိုင်မာမှု ရှိအောင် အရင်ဆုံး မလုပ်ဆောင်ဘဲ ဒီလို တခဏ ပျော်ရွှင်စရာတွေ နောက်ကို မိန်းမောစွာ လိုက်ပါနေကြရင် အသက်တာ လုံး နောင်တ ဆိုတဲ့ စကားလုံးကြီးကို ရင်မှာပိုက်ပြီး ဘ၀ ခရီးလမ်းကို ခက်ခဲစွာ ဖြတ်သန်းကြရပါလိမ့်မယ် ။

အားလုံးရဲ့ အနှစ်ချုပ်ကို ပြန်ကြည့်လိုက်ရင် နိုင်ငံတကာမှ တက္ကသိုလ် ကျောင်းသား အများစုဟာ အချိန်ပိုင်း အလုပ်တွေ ၀င်ရောက် လုပ်ကိုင်ကြရတဲ့ အတွက် မိမိတို့ကျောင်းစားရိတ်ကို တဖက်တလမ်းက အထောက် အကူ ပြုစေနိုင်သည်သာ မက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိသည့် အပြင် စိတ်ကူးယဉ် ဇတ်လမ်းတွေနဲ့ အချိန်ဖြုန်းစရာ လည်း မလိုတော့ပါဘူး ။ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ပညာရှင်များကလည်း လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခြင်း စာရိတ္တ မြင့်တင်ရေး ဆွေးနွေးဟောပြောချက်များ ကူညီ၍ ပို့ချခြင်း ၊ လူငယ်တွေ အနာဂတ်အတွက် ဘယ်လို စီမံကိန်း ချသင့်သလဲ ဆိုတာကို အထူးအလေးပေးပြီး ဆောင်ရွက်ပေးစေချင်ပါတယ် ။

လက်ရှိ ကျနော်တို့ နိုင်ငံ ပကတိ အနေအထားက ဘယ်သူမှ ငြင်းလို့ မရနိုင်အောင် တော်တော်လေးကို ပျက်စီးနေပါတယ် ဆိုတာ အသိဥာဏ် ရှိသူတိုင်း လက်ခံနိုင်ကြမှာပါ ။ ဒီလို အခြေအနေမျိုးမှာ လူငယ်တွေက သာ ရုန်းကန် လုပ်ရှားမှု မလုပ်ချင်ကြဘဲ ရေစုန်မြောလိုက်နေကြရင် နောင်အခါဝယ် မြန်မာ နိုင်ငံသား ဆိုတာ ဒီထက် ပိုပြီး မျက်နှာငယ်ကြရပါလိမ့်မယ် ။ သစ်ပင်တပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မရတဲ့ နေရာမှာ ထားကြည့်တဲ့အခါ အဲဒီ သစ်ပင်ဟာ နေရောင်ခြည် ရှိရာ အရပ် ကို သူတို့ဘ၀ ဆက်လက် ရှင်သန်ကြီးထွားဖို့ အတွက် တစိုက်မတ်မတ် ချည်းကပ်နေကြတာ ကို အတုယူစရာ အဖြစ် သဘောထားပြီး ဒီနေ့မြန်မာနိုင်ငံက လူငယ်လေး များ အနေဖြင့်လည်း အသိညဏ် အမှောင်ချခံထား၇တာက လွတ်မြောက်အောင် ပညာညဏ် အလင်းရှိရာကို အထူးကြိုးစား လျှောက်လှမ်းပြီး ယခုခံစားနေရတဲ့ ဒုက္ခဆိုးကြီးတွေက ရုန်းထွက် လွတ်မြောက်နိုင်အောင် ကြိုးစားပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေးရင်း နောင်အနာဂတ်မှာ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် အမျိုးကောင်းသား အမျိုးကောင်းသမီး များ အဖြစ် ထာဝစဉ် ရပ်တည်နိုင်အောင် ကြိုးစားကြကာ မြင့်မြတ်သော ကိုယ်ကျင့်တရားကို ဂုဏ်ယူစွာ ပန်ဆင်လျှက် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဆီသို့ ပျော်ရွှင်စွာ ချီတက်ကြပါစို့ .............။



ခင်မင်လေးစားလျှက်

ဗမာ့သွေး

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးနေရွှေသွေးအောင်အား ဝေဖန်ပြောဆိုမှုများ

   By တွတ် တွတ်
စစ်အစိုးရအကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ပြီးခဲ့တဲ့စက်တင်ဘာလဆန်းတရုတ်ပြည်ခရီးစဉ်ကစလို့မကြာခင်ရက်ပိုင်းက wikileaksအင်တာနက်စာမျက်နှာတွေကနေပေါက်ကြားခဲ့တဲ့ရန်ကုန်အမေရိကန်သံရုံးလျှို့ဝှက်ကြေးနန်းစာ တွေမှာပါဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးဖြစ်တဲ့နေရွှေသွေးအောင်နဲ့ပတ်သတ်တဲ့ဝေဖန်ပြောဆိုမှုတွေကျယ်ကျယ်လောင်လောင်ကိုထွက်ပေါ်လာပါတယ်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အချစ်ဆုံးမြေးလို့လူသိများတဲ့နေရွှေသွေးအောင်ကိုပြီးခဲ့တဲ့
စက်တင်ဘာလတရုတ်ပြည်ခရီးစဉ်မှာတရုတ်အစိုးရအဖွဲ့နဲ့မြန်မာအစိုးရ 
အဖွဲ့ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးတဲ့ပွဲတခုမှာ ဗိုလ်ချုပ်ကြီးရာထူးကနေနုတ်ထွက်ခါစ သူရဦးရွှေမန်းနဲ့အတူ ယဉ်တွဲထိုင်ခိုင်းခဲ့တာ၊ ပြီးခဲ့တဲ့ရက်ပိုင်း စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းပွဲတခုမှာ အတွင်းရေးမှူး(၁) သူရဦးတင်အောင်မြင့်ဦးနဲ့ တတန်းတည်းအထိုင်ခိုင်းခဲ့တာတွေကို ထောက်ပြီးတော့ ဒါတွေဟာထူးခြားချက်တွေအဖြစ် ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက လုပ်ငန်းရှင်တွေတချို့အကြားမှာ ဝေဖန်ပြောဆို သုံးသပ်တာတွေရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့မြောက်ကိုးရီးယားသမတ ကင်ဂျုံအီးလ်လို မြေးဖြစ်သူကို နိုင်ငံရေး နေရာပေးချင်လို့အခုလိုပွဲထုတ်လာတာလား? စသဖြင့်သို့လောသို့လော တီးတိုးဝေဖန်တာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဦးနေ၀င်းရဲ့ အကျဉ်းကျနေတဲ့မြေးတွေဖြစ်တဲ့ ကျော်နေ၀င်း။ ဇွဲနေ၀င်းနဲ့ အေးနေ၀င်းတို့တုန်းးကလို တပ်က အရာရှိတွေကိုလည်ကတုံးစတစ်ကော်လံအင်္ကျီတွေဝတ်ခိုင်းပြီး သက်တော်စောင့်ဖွဲ့ထားတဲ့ နေရွှေသွေးအောင်ရဲ့အဖွဲ့သစ်ကလည်း ဒီရက်ပိုင်း ရန်ကုန်က ညကလပ်လောကမှာ လက်စောင်းထက်လာနေတယ်လို့ပြောကြပါတယ်။

အမည်မဖော်လိုတဲ့ရန်ကုန်စီးပွားရေးလုပ်ငန်းရှင်တဦးကအခုလိုပြောပြပါတယ်။ ဘယ်လိုပြောမလဲ ..သူ့ကိုလုံခြုံရေးယူထားတဲ့အဖွဲ့တွေကနေပြီးတော့ သူလုပ်ချင်ရာလုပ်ခွင့်ဆိုတာ အောက်ကပြဿနာတော့အစကတည်းက ကျနော်တို့ဆီမှာ စံနစ်ကပျက်သွားပြီလေ ဥပဒေ တရားဥပဒေဆိုတာမရှိဘူး ဥပမာပြောရရင် တိုင်းမှူးတယောက်ရဲ့သား အဲဒီတိုင်းမှာသူဆရာကြီးဘဲ သူလုပ်ချင်ရာလုပ်မှာဘဲ တိုင်းမှူးထက်မြင့်တဲ့ ကောင်ထက်မယဉ်ရသေးသ၍တော့ သူကဆရာကြီးဖြစ်နေတာ ဥပဒေကိုမရှိတော့. အဲဒီတော့ တိုင်းမှူးသားလောက်တောင်မှဖြစ်ချင်ရာဖြစ်နေတာဆိုတော့ No(1)ရဲ့မြေးဆိုတော့သူ့ကိုပြပြီးတော့အောက်ကလူတွေကလုပ်ခံရမယ်သူ့ကိုပြပြီးတော့လုပ်ချင်တာတွေလုပ်မယ်ကလေးကလည်းငယ်တော့ဘာမှနားမလည်တော့ဘူး. သူ့အတွက်ကောင်းတယ် သူ့ကို ဦးစားပေးတယ်ဆိုရင်ကြိုက်တယ်. အဲဒါမျိုးတွေဖြစ်လာတော့ ဒါကဖြစ်မှာဘဲ ဥပဒေရဲ့ ထိန်းကြောင်းမှုမရှိတဲ့နေရာမှာတော့ဒါကဖြစ်မှာသဘာဝဘဲ။
ဒီလူမှမဟုတ်ဘူးနောက်လူတွေတက်လာရင်လုပ်မှာဘဲ။ ဒါပေမဲ့ နိုင်ငံတော်အခမ်းအနားတွေဘာတွေတော့ နေရာပေးတာမပေးတာတော့ရှိချင်မှ ရှိမှာပေါ့။ အခုဥစ္စာကအကြည့်ရဆိုးတာကတော့ နိုင်ငံတော်အခမ်းအနားတွေမှာထည့် officalကိစ္စတွေမှာ ထားထားတော့။

ပြီးခဲ့တဲ့ဒီဇင်ဘာလ(၆)ရက် wikilaksကပေါက်ကြားခဲ့တဲ့ သတင်းမှာဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း ဗိုလ်ချုပ်မှုးကြီးက ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် မန်ယူကို ၀ယ်ယူလိုက်လျှင် အစိုးရအတွက် ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်း များစွာ အကုန်ကျခံပြီး မြန်မာ့ အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ အဲဒီအချိန်က နာဂစ်မုန်းတိုင်းဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်လည်းဖြစ်ပါသည်။

ဖိုးလပြည့်လို့လူသိများတဲ့ နေရွှေသွေးအောင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီးတဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်ရွှေ နဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးဦးနေစိုးမောင်တို့က၁၉၉၁ခု မေလ၂၂ရက်နေ့မှာ မွေးဖွားတာဖြစ်ပါတယ်။ သူ့ကိုမွေးအပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရခဲ့တဲ့အတွက် ကံထူးခြားစေတဲ့ကလေးအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မိသားစုအသိုင်းအ၀ိုင်းမှာပိုပြီး တော့မျက်နှာသာရခဲ့တယ်လို့အစိုးရလုပ်ငန်းရှင်ကပြောပြပါတယ်။ သူက ဦးသန်းရွှေအနေနဲ့ သူကဒီလိုမျိုးထိပ်ကိုမရောက်လာခင်မှာ ဗေဒင်ဆရာတဦးကသူ့ကိုဟောတာကတော့ သူ့မိသားစုမှာကလေးတယောက်မွေးလာမယ် ဒီလိုကလေးတယောက်ကြောင့် သူဟာထိပ်ကိုရောက်လိမ့်မယ်. မင်းဖြစ်လာမယ်။ လို့ဟောတယ်။ တကယ်ဘဲမထင်မှတ်ဘဲဗြုံးစားကြီး ဒီကလေးမွေးပြီးဦးသန်းရွှေဟာထိပ်ရောက်သွားတယ်ပေါ့နော်. အဲဒီလိုဖြစ်လို့ဆိုပြီး ဒီကလေးကို အရမ်းဦးစားပေးတယ်။ဟိုပွဲတွေဒီပွဲတွေမှာလည်း သူတယောက်တည်းတော့မဟုတ်ပါဘူး တခြားလူတွေလည်းပါပါတယ်။ အောက်ကစီစဉ်တဲ့တပည့်တွေကလည်း ဖားကောင်းကောင်းနဲ့လုပ်နေရင်းနဲ့ သူလည်းဘာမှမပြောဘဲနဲ့ကြည့်နေတာလားတော့မသိဘူးပေါ့လေ။

နေရွေသွေးအောင်ဟာ ပြီးခဲ့တဲ့၂၀၀၇ခုနှစ် ၁၆နှစ်ပြည့်မွေးနေ့ပွဲကစလို့ ၂၀၀၈ခုနှစ်ဇွန်လက စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်အပါ မူးယစ်ဆေးအမှု၊ ၂၀၀၉ခုနှစ်ဇန္န၀ါရီလက မော်ဒယ်အမျိုးသမီးတဦးငယ် ခေတ္တပျောက်ဆုံးသွားတဲ့အမှု တွေနဲ့ သတင်းစာမျက်နှာတွေအပြင်ဖက်မှာ ထင်ရှားသူတဦးလည်းဖြစ်ပါတယ်။ တခြားတဖက်မှာလည်း အသက်အရွယ်ငယ်ပေမဲ့ အစိုးရနိုင်ငံတော်ပွဲလမ်းသဘင်တွေမှာ နေရာရလာတာတွေလည်းရှိတဲ့အတွက် မြန်မာ့နိုင်ငံရေးလေ့လာသူတွေအကြားမှာ ကွယ်လွန်သူအာဏာရှင်ကြီးဦးနေ၀င်းနဲ့ နိုင်ငံရေးသံဝေဂတွေအကြောင်းစပ်ဆက် တွေးစကြတာတွေလည်းရှိလာကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုအကြောင်းကို တစိုက်မတ်မတ်လေ့လာရေးသားဖော်ပြနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနက ကိုအောင်ဇော်က အခုလိုသုံးသပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆုံးသွားတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့မတူတာလေးတွေရှိတယ်။ ကျနော်မြင်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသူ၁၉၉၂/၉၃အာဏာရလာကတည်းကသူ့ရဲ့မြေးကိုအဲဒီတုန်းကတော်တော်ငယ်သေးတာပေါ့နော်..သူpromoteလုပ်ခဲ့တာတွေအခုထိကလူတွေကြားမှာပြောစရာတခုဖြစ်သွားတယ်ပေါ့လေ။ ဗိုလ်ချုပ်နေ၀င်းကြတော့ အဲဒီလိုမဟုတ်ဘူး။ ဗိုလ်ချုပ်နေ၀င်းကသူရဲ့သမီး ဒေါ်ခင်စန္ဒာဝင်းရှိတယ်သူ့ရဲ့မြေးတွေ ရှိတယ်ပေါ့နော်။ အခုလက်ရှိထောင်ကျနေတဲ့သူ့ရဲ့မြေး၃ယောက်ရှိတယ်ပေါ့။ နိုင်ငံရေးကိုအဲလိုမျိုးဆွဲသွင်းတာမျိုး တွေ ခုနလိုမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေခရီးထွက်တဲ့အခါမျိုးမှာ ပေါ်ပေါ်ထင်ထင်ခေါ်သွားပြီးတော့ Dsaသင်တန်းဆင်းပွဲဖြစ်ဖြစ် ဘုရားဖူးတာဘဲဖြစ်ဖြစ် တရုတ်ပြည်အိန္ဒိယပြည်ကိုသွားတဲ့ခရီးစဉ်မှာဘဲဖြစ်ဖြစ် အဲဒီလိုမျိုး လူကြားထဲမှာကန့်လန့်ကန့်လန့်ပါလာတာမျိုးတွေ မရှိခဲ့ဘူး။ ပြန်လေ့လာကြည့်မယ်ဆိုရင် ..ဒေါ်ခင်စန္ဒာဝင်းဓားထက်တယ် အာဏာအရမ်းကြီးတယ်ဆိုတာက အတိုင်းအတာတခုဘဲ ကျနော်တို့သိရတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အဲဒီလိုမျိုးမဟုတ်ဘူး သူ့ရဲ့မိသားစုကို အကြီးအကျယ်ကိုရှေ့တန်းတင်တာကိုတွေ့ရတယ် ဒါက ထူးခြားမှုတခုလို့မြင်တယ်။ အဲဒါကြောင့်မိုလို့လည်း လူတွေကမေးခွန်းထုတ်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ရဲ့မြေးကို အထူးသဖြင့် သူအရမ်းချစ်တဲ့ နေရွှေသွေးအောင်ကို နိုင်ငံရေးထဲကိုဆွဲသွင်းချင်တာလား ဒါမှမဟုတ်သူ့ရဲ့အစီအစဉ်ကဘာလဲ။ ဘာကြောင့်လဲဆိုတော့ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာမကြာခင်မှာဘဲ ဒီတပ်ထဲက အနားယူရတော့မယ် နောက်ကွယ်ကကြိုးဆွဲမှာလား သူစိတ်ချရတဲ့သူထားမှာပါဆိုရင် သူ့ရဲ့အုပ်စုတစုဖန်တီးဖို့ လိုအပ်လာတဲ့အခါကြတော့ ဒါကြောင့်ဘဲနေရွှေသွေးအောင်ကို promoteလုပ်နေတာလားလို့ မေးခွန်းထုတ်လာပါတယ်။ ဒါကလည်းဒီအချိန်မှာအတော်ပြောရခက်ပါတယ်။ နေရွှေသွေးအောင်ကို စစ်တပ်ထဲဆွဲသွင်းတာမတွေ့ရဘူး။ စီးပွားရေးသမားတွေနဲ့လုံးတာတွေ့ရတယ်၊ သူ့ရဲ့ကိုယ်ရံတော်တွေနဲ့အပျော်အပါးလိုက်စားတာမျိုးတွေ မာဖီးယားဆန်ဆန်လုပ်လာတာမျိုးတွေ့ရတယ်။

ဦးနေ၀င်းရဲ့တော်ဝင်မိသားစုကို အခြေအနေယိုင်လဲသွားတဲ့အထိ အရေးယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ သူ့အလှည့်မှာဒီလိုအဖြစ်မျိုးမဖြစ်ရအောင် အထူးသတိထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့မိသားစုထဲမှာ စစ်တပ်ရာထူးလက်ကိုင်ရှိသူကို နေရာချန်မထားခဲ့နိုင်တဲ့ ဦးနေ၀င်းတုန်းကလို အဖြစ်မခံဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဘယ်လိုနိုင်ငံရေးကျားကန်မလဲဆိုတာကတော့ အထူးစောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့လည်း မြန်မာနိုင်ငံရေးလေ့လာသူတွေနဲ့ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက လေ့လာသုံးသပ်နေကြပါတယ်။

ကိုကျော်မင်းထွန်းစုစည်းတင်ပြသော Rfaမှ အသံလွှင့်ချက်အားပြန်လည်ဖော်ပြလိုက်ပါတယ်။
 http://www.facebook.com/home.php?sk=group_110956098974736&id=117363791667300&bcode=Sv_b_

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊

by ရာ စု သစ် on Thursday, December 23, 2010 at 11:56am


နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာမကျေနပ်သဖြင့်နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကိုကျေနပ်သည်အထိကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည်စင်္ကာပူတွင်ကျောင်းနေဖက်သူငယ်ချင်း ဖြစ်သူနှင့် အင်တာနက်ကိစ္စစကားများခဲ့သည်ကိုမကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂)ရပ်ကွက်တွင်နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့သတင်းကိုအင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကိုဖိုးလပြည့်နဲ့သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေး အိမ်ကို သွားပြီးခဲနဲ့ပေါက်တာ၊အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကိုသွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။ထိုည (၁) နာရီ မိနစ် (၂၀)ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီးတံခါးဖွင့်ရန်ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများကတံခါးဖွင့်ပေးလိုက်ရသည်။

“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ဖွင့်ပေးလိုက်ရတာ၊အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကိုအမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကိုမထုတ်ပေးရင်ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကိုခြိမ်းခြောက်တော့ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟုဆက်ပြောသည်။ဖိုးလပြည့်နှင့်အတူလုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့်အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင်စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။

“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်ကသူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီးထိုင်ကန်တော့ပြီးတောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်ကအဲဒီအိမ်ကို ခဲနဲ့ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကိုသက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံကမာရွတ်စခန်းက အခုချိန်ထိအမှုမဖွင့်ပေးဘူး”ဟုဆက်လက်ပြောဆိုသည်။ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်မကြာသေးမီကလည်း စစ်တက္ကသိုလ်ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီးစစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။
 http://www.facebook.com/profile.php?id=1548424912&bcode=Sv_b_#!/notes/-/-/172992736074541