Friday, December 24, 2010

ထားဝယ်ရေနက်ဆိပ်ကမ်း ပရောဂျက် အသေးစိတ် အချက်အလက်များ

http://www.mediafire.com/file/pge2d7apqxdg9dv/gateway.pdf
Gateway

ငါးဆယ့်နှစ် (by Kyaw Thu)

“ငါးဆယ့်နှစ်”

by Kyaw Thu on Friday, December 24, 2010 at 12:56am

“ငါးဆယ့်နှစ်”

     ၅၂ နှစ်တဲ့ဗျာ . . .
အရေးအကြောင်းတွေကစလာခဲ့ပြီဘဲ၊
သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။

     ၅၂ နှစ်တဲ့ဗျာ . . .
ခြေလှမ်းတွေက နှေးကွေးလာမြဲ၊
သူမရဲ့လှမ်းချက်တွေကတက်ကြွနေဆဲ။

     ၅၂ နှစ်တဲ့ဗျာ . . .
အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊
သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။

     ၅၂ နှစ်တဲ့ဗျာ . . .
ဖြတ်သန်းမှုတွေက ဘ၀မျိုးစုံထဲ၊
သူမရဲ့ဖြတ်သန်းမှုဘ၀ကတော့ သီလလုံဆဲ။

     ၅၂ နှစ်တဲ့ဗျာ . . .
ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊
ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။

     ၅၂ နှစ်တဲ့ဗျာ . . .
သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊
ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသဘဲ။

(မောင်တစ်ထမ်းမယ်တစ်ရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)

ကျော်သူ 





24 Dec 2010 ဒိုင်ယာရီ



4 attachments — Download all attachments   View all images  
the_lady_movie_image_michelle_yeoh_01.jpgthe_lady_movie_image_michelle_yeoh_01.jpg
28K   View   Download  
the_lady_movie_image_set_photo_luc_besson_01.jpgthe_lady_movie_image_set_photo_luc_besson_01.jpg
33K   View   Download  
24 Dec 2010 Yeyintnge's Diary.doc24 Dec 2010 Yeyintnge's Diary.doc
1343K   View   Download  
24 Dec 2010 Yeyintnge's Diary.pdf24 Dec 2010 Yeyintnge's Diary.pdf
1688K   View   Download  

http://www.mediafire.com/file/q4n5e4arufur348/24%20Dec%202010%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/x89i97nhy6qcdnh/24%20Dec%202010%20Yeyintnge%27s%20Diary.pdf
24 Dec 2010 Yeyintnge's Diary

လက်ရှိမြန်မာ့နိုင်ငံရေးမှာ ရှော့ခ်ရိုက်ဖို့ လိုနေတယ်

လက်ရှိမြန်မာ့နိုင်ငံရေးမှာ ရှော့ခ်ရိုက်ဖို့ လိုနေတယ်

ရန်မင်းအောင်
(မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆင်နွှဲရန် ပိုင်းဖြတ်ထားသူများ ဆင်ခြင်စဉ်းစားနိုင်ဖို့ စာရေးသူ၏ အယူအ ဆကို မျှဝေပေးခြင်း ဖြစ်ပါသည်)

စစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲရဲ့ မဲမသမာမှုတွေ၊ ကလိမ်ကကျစ်ကျမှုတွေကို ပြည်တွင်းပြည်ပ အာရုံစိုက် မှုလျော့သွားဖို့ ရည်ရွယ်ချက်သက်သက်နဲ့ မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ် တွေကိုပဲ ဆုပ်ကိုင်ထားမယ်ဆိုတာကို သူတို့ ကြိုတင်တွက်ဆထားပြီးသားဖြစ်ပါလိမ့်မယ်။ ဒုတိယပင်လုံညီ လာခံ (၂၁ ရာစုပင်လုံညီလာခံ) ဆိုတာလောက်ကတော့ သူတို့အတွက် ပန်းနဲ့ပေါက်သလိုပါပဲ။ တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းတွေနဲ့ သတင်းမီဒီယာတွေ အာရုံရောက်နေတဲ့အပေါ် အခွင့်ကောင်းယူပြီး သူတို့ရဲ့လက်ကိုင်တုတ်ပါတီ ကြံ့ဖွံ့ အစိုးရဖွဲ့ရေးနဲ့ လွှတ်တော်ခေါ်ယူရေးကို တဆင့်ချင်း ဆောင်ရွက်နေတယ်ဆိုတာ သတိထားကြည့်ရင် တွေ့ပါလိမ့်မယ်။

လက်ရှိစစ်အစိုးရဟာ ကမ္ဘာကို ဘယ်လိုလှည့်စားရမယ်ဆိုတာ ကောင်းကောင်းသဘောပေါက်ပါးနပ်နေပါပြီ။ သူတို့ လှည့်စားလို့မရတာ ပြည်တွင်းက ပြည်သူတွေပါပဲ။ ပြည်သူတွေကတော့ သူတို့ဘာပြောပြော ဘာလုပ် လုပ်မယုံပါဘူး။ ပြည်သူတွေမယုံတဲ့ စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေက ဘယ်လိုယုံကြည်မှုတွေနဲ့များ တွေ့ဆုံဆွေးနွေးရေးတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ ဆုပ်ကိုင်နေသလဲဆိုတာ စဉ်းစားစရာပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီလမ်းအပြင် တခြားရွေးချယ်စရာမရှိသလို ဖြစ်နေပါ တယ်။ ဒါကို စစ်အစိုးရကလည်း သဘောကျနေဟန်တူပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း နည်း နည်းမှ ယုံကြည်ကိုးစားလို့မရပါဘူး။ စစ်အစိုးရကို အပြုသဘောနဲ့ ချဉ်းကပ်ပြီး တွေ့ဆုံဆွေးနွေးဖိအားပေးတဲ့ နည်းလမ်းဆိုတာ အချိန်မရွေး စစ်အစိုးရနဲ့ ကုန်သွယ်မှု ကတိက၀တ်တခုခုအပေါ်မှာ မူတည်ပြီး ပြောင်းလဲသွား နိုင်တဲ့ မူဝါဒပါ။ အထူးသဖြင့် အမေရိကန်တွေအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို ဒါ့ထက် ကူညီဆောင်ရွက်ပေးဖို့ ဆိုတာ မြန်မာစစ်အစိုးရနောက်မှာ တရုတ်ကြီး ရှိနေသရွေ့ မလွယ်လှပါဘူး။ လောလောဆယ် တရုတ်ဟာ အ မေရိကန်ရဲ့ အကြီးမားဆုံး မြီရှင်ဖြစ်နေလို့ပါပဲ။

ဒီလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအတွင်းမှာသာဖြစ်နေပြီး စစ်အစိုးရအတွက်တော့ တလှမ်းချင်းကို သူတို့မူလစီစဉ်ထားတဲ့ အ တိုင်း တိုးလို့နေပါတယ်။ လွှတ်တော်ခေါ်ယူမယ်။ ပြီးရင် အစိုးရဖွဲ့မယ်။ နောင်လာမယ့် ၂၀၁၃ ခုနှစ်ကနေ စတင် အသက်ဝင်မယ့် သဘာဝဓာတ်ငွေ့ အရောင်းအ၀ယ်စာချုပ်အရ တနှစ်ကို ဒေါ်လာသန်းပေါင်း (၉၇၀) နှုန်းနဲ့ နှစ် (၃၀) တိတိ ခံစားခွင့်ရှိတယ်။ အဲဒီအချိန်ကျရင်တော့ စစ်အစိုးရကို ဘယ်သူမှ ကော်ထုတ်လို့တောင် မရနိုင် တော့ပါဘူး။

ရွေးကောက်ပွဲမတိုင်မီက အနည်းအပါး လွတ်လပ်ခွင့်ပေးသယောင်ယောင် နိုင်ငံရေးဆောင်းပါးတွေဟာ ခုချိန် မှာတော့ တင်းတင်းကျပ်ကျပ်နဲ့ အဖြုတ်ခံ၊ အပယ်ခံရတဲ့ဘ၀ကို ရောက်နေပါပြီ။ ရွေးကောက်ပွဲနီး ကာလတွေ တုန်းက အကြောင်းကြောင်းကြောင့် အယ်ဒီတာတွေ၊ စာရေးဆရာတွေကို ကျနော်တို့လည်း နောက်ဆို ရှိချင်မှ ရှိတော့မှာပါလို့ပြောခဲ့တဲ့ စာပေစိစစ်ရေးရုံးက ညွှန်ကြားရေးမှူးနဲ့ အရာရှိတွေဟာ ခုချိန်မှာတော့ ရေငုံနှုတ်ပိတ် ပြီး ဒါ့ထက်တင်းကျပ်တဲ့ စိစစ်ရေးမူတွေနဲ့ စာမူတွေကို ဆက်ပယ်နေ ဖြုတ်နေပါပြီ။

ဆက်သွယ်ရေးနည်းစနစ်တွေ အတော်များများ ဖွင့်လိုက်တယ်ဆိုပေမယ့် စကိုင်းနက် ရုပ်သံလွှင့်လိုင်းလို တီဗီ စလောင်းချယ်နယ်မှာတောင် သတင်းတွေကို နောက်ကျစနစ်နဲ့ ဆင်ဆာဖြတ်တောက်ပြီးမှသာ လွှင့်ပေးမှာပါ။ ဖိုင်ဘာတူးသည်ဟုမ်းတို့၊ စကိုင်းနက်တို့၊ ရွေ့လျားဝိုင်မက်စ်တို့ ... စတဲ့ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ကို ချပေးနေပေမယ့် တချိန်တည်းမှာ ရတနာပုံဝက်ပေါ်တယ်လ်ကို အကြီးအကျယ် ရင်းနှီးမြုပ်နှံပြီး လုပ်ဆောင် နေပါတယ်။ ဒါဟာ တရုတ်ပြည်မှာလို နောက်ပိုင်း အင်တာနက်တိုက်ရိုက်ချိတ်ဆက်ခွင့်လုံးဝမပြုတော့ဘဲ အင် ထရာနက်အဆင့်ကို လျှောကျပြီး ပေးမယ့်အလားအလာပါ။

စစ်အစိုးရရဲ့လုပ်ငန်းစဉ်တွေထဲမှာ ဗိုလ်ချုပ်ကြီးတွေနဲ့၊ ဗိုလ်ချုပ်ကြီးတွေနဲ့ ပလဲနံပသင့်တဲ့ စီးပွားရေးသမားတွေ တိုင်းပြည်ကို နည်းအမျိုးမျိုးနဲ့ အမြတ်ထုတ် ဂုတ်သွေးစုတ်ဖို့ကလွဲရင် ဘာဒီမိုကရေစီ၊ ဘာအမျိုးသားပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးမှ ချမှတ်ထားတဲ့ပုံမရပါဘူး။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအ တိုင်းလွှတ်ထားပြီး တဖြည်းဖြည်း သြဇာနည်းပါးလာအောင် လုပ်ပါလိမ့်မယ်။ လောက်လောက်လားလား နိုင် ငံရွေးအရွေ့ကို မရွှေ့နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာဟာ အတိုက်အခံများဆီမှာရော၊ ပြည်သူလူထု အပေါ်မှာရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပါ တဖြည်းဖြည်း သြဇာကျဆင်းသွားမှာပါ။ သူတို့ အဲဒီအတိုင်း လည်း ရည်ရွယ်ထားပုံရပါတယ်။

ဒါမှမဟုတ် အရွေ့တခုကိုရွှေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်က လူထုအင်အားနဲ့ လှုပ်ရှားမှုတခုခုကို ပြုခဲ့ရင်လည်း အချိန်မရွေး သူတို့ပြဌာန်းထားတဲ့ ပုဒ်မတစ်ခုခုတပ်ပြီး အရင်လိုပဲ (၁၀) နှစ် (၁၅) နှစ် နေအိမ်အကျယ်ချုပ် ပြန် ချ ထားလိုက်မှာပါ။ စစ်အစိုးရအနေနဲ့တော့ ဘယ်အတွက်မှ တွေ့ဆုံဆွေးနွေးရေးလုပ်မယ့် အခြေအနေ မရှိပါ ဘူး။ ဒီအခြေအနေမှာ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ စစ်အစိုးရကို ဒီအတိုင်းနေသွားလို့ လုံခြုံမှု မရှိတော့ဘူးဆိုတဲ့အသိ ခေါင်းထဲကို ၀င်သွားအောင် ရိုက်သွင်းပေးနိုင်မယ့် ရှော့ခ်တခုတော့ လိုပါတယ်။ အဲဒီ ရှော့ခ်ရအောင် ...

၁။ နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို လုံးဝအသိအမှတ်မပြုဘဲ တက် လာတဲ့ အစိုးရကို ပြတ်ပြတ်သားသား ငြင်းဆန်ဖို့၊ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ဒါ့ထက်တိုးပြီးလုပ်ဖို့ လို
ပါတယ် (ဒါတောင် တရုတ်၊ ကုလား၊ ရုရှားနဲ့ အာဆီယံတွေက ဆက်ဆံနေသေးသရွေ့ စစ်အစိုးရက မမှုပါ ဘူး)။

၂။ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဘာသံခင်းတမန်ခင်းမှပြောမနေဘဲ ကျနော်တို့တိုင်းပြည်မှာ ကြုံနေရတာ ဓား ပြတိုက်ခံနေရတဲ့ အခြေအနေမျိုးပါလို့ ပြတ်ပြတ်သားသား ပြောရမယ်။ ဘာသဘောတရားရေးကွဲပြားတာမှမ ဟုတ်၊ ဘာအယူအဆရေးရာတိုက်ပွဲမှမဟုတ်။ လက်နက်ကိုင်ထားတဲ့ ဆွေစု၊ မျိုးစုတစုက ကျနော်တို့ မြန်မာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ သယံဇာတတွေကို လုယက်ပြီး မတရား သတ်ဖြတ်ညှင်းပန်းအုပ်ချုပ်နေခြင်းသာ
ဖြစ်ပါတယ်။ အမေရိကန်အပါအ၀င် နိုင်ငံတကာခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပဲဖြစ်ဖြစ် ဒီအခြေအနေကို ပြတ်ပြတ်သားသား တင်ပြပြီး စစ်ရေးအရ အမြန်ဆုံးလာရောက်ကူညီဖို့ တောင်းဆိုရတော့မှာ ပါ။

၃။ အဲဒီလိုတောင်းဆိုမှုမလုပ်ရခင်မှာ ဒီမိုကရေစီအင်အားစုတွေထဲက တချို့တွေ ဦးဆောင်ပြီး စစ်အစိုးရကို စစ် ကြေညာပြီး လက်နက်ကိုင်တိုက်ပွဲဆင်နွှဲဖို့လိုပါတယ်။ နယ်စပ်တွေနဲ့ ပြည်နယ်တွေမှာရှိတဲ့ တောတွင်းလက် နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း တပြိုင်နက် ထိုးစစ်ဆင်ဖို့လိုသလို ရန်ကုန်၊ မန္တလေးနဲ့ မြို့ ကြီးတွေက ပြည်သူတွေထဲက စစ်အစိုးရကို ရာဇ၀င်ကြွေးဆပ်ချင်တဲ့ လူငယ်လူရွယ်မှန်သမျှ စစ်တပ်မှန်ရင်၊ ကြံ့ဖွံ့မှန်ရင် မြို့ထဲ ရွာထဲ လမ်းထဲ ဈေးထဲ ၀င်လာတာနဲ့ တိုက်ခိုက်သတ်ဖြတ်တာမျိုး လုပ်ရလိမ့်မယ်။ ကျနော် တို့ ဘာမှ စနစ်တကျ ဖွဲ့စည်းစရာမလိုဘူး။ ကျနော်တို့ ဘီအိုင်အေ မလိုဘူး။

ကျနော်တို့ အနီးစပ်ဆုံး ပြောရရင် အိုင်ယာလန် ရှင်ဖိန်းပဲလိုတယ်။ စစ်တပ်က ရာထူးကြီးတဲ့သူတွေ၊ စစ်ဗိုလ် ထွက် အရပ်ဘက်အရာရှိကြီးတွေ၊ ကြံ့ဖွံ့တွေ၊ အစိုးရနဲ့ပေါင်းသင်းတဲ့ စီးပွားရေးသမားတွေ အကုန်သတ်၊ စနစ် တကျ ဖွဲ့စည်းထားတာ မဟုတ်တဲ့ ခေအော့စ် (chaos) နည်းနဲ့ ပုန်ကန်ထကြွမှုတွေ မြို့ရွာအနှံ့ ပေါ်လာဖို့ လို တယ်။ ဘာလက်နက်မှ မလိုပါဘူး။ လူသတ်တယ်ဆိုတာ လက်ထဲက ကြက်သွန်လှီးတဲ့ ဓားနဲ့လည်း သတ်လို့ ရပါတယ်။ ဘက်ထရီအိုးထဲက အက်ဆစ်နဲ့လည်း သတ်လို့ရပါတယ်။ စစ်ဗိုလ်တွေ၊ သူတို့သားမယားတွေ သွေး မြေမကျမချင်း ပြုပြင်ပြောင်းလဲဖို့ စဉ်းစားမှာမဟုတ်ပါဘူး။ သူတို့သားမယားတွေ၊ ကျောင်းတက်၊ ရုံးတက်၊ ဈေးသွား အမြဲကျီးလန့်စာစားနေနေရတော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောလာပါလိမ့်မယ်။

၎။ စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းရင်လည်း (၂) အချက်က အလိုအလျောက် အကျုံးဝင် လာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဆွေစုမျိုးစုကြီးတစုက ကျနော်တို့တိုင်းပြည်မှာ ဆွေစဉ်မျိုးဆက် လက်နက်ကိုင်ပြီး ပြည်သူအ များစုကို ကျွန်ပြုအုပ်ချုပ်နေတာ မခံချင်ဘူးဆိုရင်တော့ အချိန်မနှောင်းခင် ဒီရှော့ခ်ရိုက်တဲ့နည်းကို သုံးဖို့လိုပြီ လို့ တင်ပြအပ်ပါတယ်။ ။

အားလုံး ညီညွတ်စွာနဲ့ တော်လှန်ရေးသတိရှိနိုင်ကြပါစေ ...
ရန်မင်းအောင်





New Images from Aung San Suu Kyi Biopic, THE LADY; Director Luc Besson Says It’s a Love Story

by Talia Soghomonian    Posted:December 23rd, 2010 at 2:00 pm

    the_lady_movie_image_michelle_yeoh_slice_01
    Luc Besson’s biopic about Burmese opposition leader Aung San Suu Kyi now has a new, official title. The Lady has replaced Into The Light and having read the synopsis, it actually makes more sense.
    Starring Michelle Yeoh as Aung San Suu Kyi and David Thewlis as her late husband Michael Aris, The Lady details their love story as well as her political work. Find out more after the jump.

    Filming began on October 18 and will end on January 18, taking cast and crew from Thailand to Burma, England and France. The Lady is being produced by Virginie Besson-Silla and Andy Harries and will be distributed through Besson’s studio EuropaCorp. No release date has been set yet but it has been announced for 2011.
    Here is the official synopsis from EuropaCorp, translated from French:
    THE LADY is an extraordinary love story, that of a man, Michael Aris, and above all an exceptional woman, Aung San Suu Kyi, who will sacrifice her own happiness for that of her people.
    Yet the infinite love that binds them will not vacillate despite the separation, the absences, the isolation and the brutality of the ruling military junta in Burma. THE LADY is also the story of a woman who became one of the modern icons of the fight for democracy.
    THE LADY is an original screenplay by Rebecca Frayn, written after three years of research and interviews with Aung San Suu Kyi’s entourage, which allowed her to reconstitute for the first time ever the real story of Burma’s national heroine.
    The couple’s unwavering devotion to one another as well as to their cause seems to fascinate. They married in 1972 in the UK and had two sons. An academic and a lecturer in Asian history, Dr. Aris helped establish a Tibetan and Himalayan Studies center at Oxford and campaigned tirelessly alongside his wife for democracy. He died of cancer on his 53rd birthday in 1999 and hadn’t seen his wife since 1995 simply because the Burmese government refused to grant him a visa.
    The greatest love story ever told? It sounds a bit vanilla, but I’m hoping Besson will strike a balance between her pro-democracy work and her private life.
    Here are the first official images from the film plus a set photo of Besson [via EuropaCorp and The Guardian]:


    http://collider.com/the-lady-movie-images-2/66490/

    မြန်အောင်မြို့က ရဲ ဆိုးတယောက်အကြောင်း


    Burma Police
    ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတ ဦးက စားသောက်ဆိုင်တခုမှာ အလုပ်လုပ်တဲ့ မိန်းမပျိုတဦးကို အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်တခုပါ။
    ၁၂.၈.၂ဝ၁ဝ နေ့ ညပိုင်း ၇ နာရီလောက်မှာ မြန်အောင်မြို့နယ် ရဲစခန်းမှ နယ်ထိန်းအင် ချပ် ဒုရဲအုပ် မင်းမင်းစိုး ဟာ အမှတ် (၁) အတွင်းမှာ ဖွင့်ထားတဲ့ ဘမ်းဘူးဟောက် စား သောက်ဆိုင်သီးသန့်ခန်းထဲတွင် အရက်သေစာ သောက်စားခဲ့ပါတယ်။
    အဲဒီအခန်းထဲမှာ မသီတာဆိုသူ မိန်းခလေးတဦးနှင့် စက်ဖွင့်သူ လူငယ်တဦးဟာ သူနဲ့ အတူရှိနေပါတယ်။ သူတို့နှစ်ဦးဟာ ဒုရဲအုပ် မင်းမင်းစိုးကို ဧည့်ခံနေတာပါ။ ဒုရဲအုပ် မင်းမင်းစိုး မူးလာချိန်မှာ စက်ကိုင်တဲ့လူငယ်ကို အခန်းပြင်ထွက်ခိုင်းလိုက်ပြီး သီးသန့်ခန်း ထဲမှာ မသီတာ တယောက်ပဲ နေခိုင်းပါတယ်။
    ထို့နောက် ဒုရဲအုပ်မင်းမင်းစိုး ဟာ အခန်းတံခါးကို သေချာပိတ်ပြီး ကောင်မလေးကို အ တင်းတွန်းလှဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ပါတော့တယ်။ မသီတာ က အတင်း ရုန်းကန်ပေမယ့် နောက်ဆုံးတွင် သားမယား ပြုကျင့်တာကို ခံလိုက်ရပါသည်။ မသီတာ က သက်သေအဖြစ် အောက်ခံဘောင်းဘီကို သိမ်းဆည်းထားပြီး မန်နေဂျာ ဦးခင်မောင် ဦး ကို တိုင်ခံပါတယ်။
    မန်နေဂျာက ငါရှင်းပေးမယ် စိတ်အေးအေးထားပါလို့ ပြောပြီး ဆိုင်ရှင် ဦးမြကြီး၊ ဦးသိန်း ဌေး၊ ဦးဌေးလွင် တို့ကို ပြောပြရာ ဆိုင်ရှင်မှ စခန်းမှူး ဦးမောင်မောင်တာနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။ စခန်းမှူး ဦးမောင်မောင်တာ က ဒုရဲအုပ်မင်းမင်းစိုး ကို ဥပဒေအညီ အရေးယူဆောင်ရွက်ပေးပါမယ်လို့ ပြောခဲ့ပေမယ့် ယခုအချိန်အထိ အရေးယူခြင်း မရှိ သေးပါ။
    မြန်အောင်မြို့နယ်ဆိုတာ ရဲအရာရှိဆိုရင် အလွန်ကြောက်ရပါတယ်။ သူတို့မြို့နယ် သူတို့ ရဲစခန်းက ရဲအရာရှိကို ပြန်ပြီးအမှုဖွင့်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာအာဏာ ပိုင်များသိစေရန် ယခုလို တင်ပြရခြင်းဖြစ်ပါတယ်။
    စားသောက်ဆိုင်မှာလုပ်တဲ့ မိန်းခလေးတိုင်းဟာ မိန်းမပျက် မဟုတ်ပါဘူး၊ နယ်ထိန်း အင် ချပ်ဒုရဲအုပ် မင်းမင်းစိုးဟာ သူ့မှာသားမယားရှိပါလျှက် သားသမီးခြင်း၊ နှမခြင်းကိုယ်ချင်း မစာနာဘဲ မသီတာဆိုသူ မိန်းခလေးကို သားမယားပြုကျင့်သည်မှာ အင်မတန်မှ အရုပ် ဆိုး အကျည်းတန်လှပါတယ်။ ဥပဒေကို ကိုင်ဆောင်ထားတဲ့ ဥပဒေဘက်တော်သားတ ဦးက ပြည်သူလူထုမှ အပ်နှင်းထားသော အာဏာနဲ့လုပ်ပိုင်ခွင့်ကိုသုံးပြီး သားပျို၊ သမီး ပျိုကို ဖျက်စီးတာဟာ အင်မတန် ကြေကွဲဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။
    မြန်အောင်မြို့နယ်ရဲ့ နေရာတိုင်းမှာ လူသတ်မှုကျုးလွန်ရင် ထောင်ဒါဏ် တသက်တ ကျွန်း ကျခံရမည်။ မုဒိန်းမှုကျူးလွန်ရင် ထောင်ဒါဏ်တသက်တကျွန်း ကျခံရမည် ဆိုတဲ့ ဆိုင်းဘုတ်တွေ လမ်းဆုံလမ်းခွမှာစိုက်ထူထားပြီး တာဝန်ကျ ရဲဝန်ထမ်းကိုယ်တိုင် ကျူး လွန်နေတော့ ပြည်သူတွေအပေါ် စော်ကားရာရောက်သလို ပြည်သူလူထုနဲ့ မြန်အောင် မြို့သူမြို့သားတွေက ဘယ်လိုလုပ်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုရှိနိုင်ပါမလဲ ဆိုတာ သက်ဆိုင်ရာအာဏာပိုင်များသိစေရန် တင်ပြလိုက်ပါတယ်။
    (ဖြစ်စဉ်အကျဉ်းချုပ်လောက်သာဖြစ်ပါတယ်)
    ပေးပို့ … လွင်မြင့်
    http://www.naytthit.net/?p=5534

    လူဖြူအဖိုးကြီးပုံစံရုပ်ဖျက်ပြီး ကနေဒါကို ခိုးဝင် တဲ့ တရုတ်လူငယ်

    လူဖြူအဖိုးကြီးပုံစံရုပ်ဖျက်ပြီး ကနေဒါကို ခိုးဝင် တဲ့ တရုတ်လူငယ်

    တရုတ်ပြည်မကြီးမှ လူငယ်တစ်ယောက်သည် အရွယ် လွန် ဥရောပသား လူဖြူအဖိုးကြီးပုံစံ ရုပ်ဖျက်ပြီး၊ ဟောင် ကောင်လေဆိပ်မှ ကနေဒါလေယဉ်ဖြင့် လိုက်ပါလာပြီး နောက် ကနေဒါလူဝင်မှု ကြီးကြပ်ရေးရဲ့ ဖမ်းဆီးမှုကို
    ပြီးခဲ့တဲ့အပတ်တွင် ခံခဲ့ရသည်။
    ထိုလူငယ်ရဲ့ ရှေ့နေ Dan Mc Leod က “တရားရုံးမှာ သူ့အမှုကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာ အခုထိ မရှင်းသေးဘူး။ လူငယ်ကို ဒုက္ခ သည်အဆင့် ပေးသင့်လားဆိုတာ ဗန်ကူးဗားမြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်ဘုတ်အဖွဲ့မှာ နောက်ဆုံးကြားနာဖို့ စီစဉ်နေပါတယ်။ လော လောဆယ်တော့ Maple Ridge မှာရှိတဲ့ အကျဉ်းထောင်မှာသူ့ကို ဖမ်းထားပါတယ်” ဟု ပြောသည်။
    ဆက်ပြီး ရှေ့နေက လူငယ်ရဲ့အမှုကို မီဒီယာတွေ သတင်းမယူနိုင်အောင် ပိတ်ပင်ထားကြောင်း၊ တကယ်လို့ တရုတ် ပြည်ပြန်ပို့လိုက်ရင် ဖမ်းဆီးနှိပ်စက်ခံရမှာမို့ သူ့နာမည်ကိုပါ မဖော်ပြနိုင်သေးကြောင်း ပြောခဲ့သည်။
    ဟောင်ကောင် အာဏာပိုင်များကလည်း ဒီလူငယ်ဟာ ပြည်မကြီးကနေ ဟောင်ကောင် Chek Lap Kok လေဆိပ်မှာ  transit လုပ်တာကြောင့်၊ လေဆိပ်စစ်ဆေးရေးဂိတ်များကို ရှောင်ရှားသွားနိုင်ခဲ့ကြောင်း ပြောဆိုသည်။
    ကနေဒါ လေဆိပ်စစ်ဆေးရေးများကတော့ ဒီခရီးသည်ဟာ အသက်ကြီးကြီး ကော့ကေးရှန်း အဖိုးကြီးပုံစံပေါက်ပေမယ့် သူ့လက်များက အရမ်း နုနေတာကို ထောက်လှမ်းရေးကင်မရာများတွင် စတွေ့ရှိခဲ့ကြောင်း၊ ကိုယ်လက်သန့်စင်ခန်းထဲမှာ အသက် ၂၀ကျော် အာရှသားပုံ လုံးဝ ပေါ်သွားကြောင်း ပြောဆိုသည်။
    တရုတ်လူငယ်မှာ မကြာခဏ ကနေဒါကို ၀င်ထွက်ဖူးသော  အမေရိကန်နိုင်ငံသားအဖိုးကြီးတစ်ဦးရဲ့ ပတ်စပို့ ကိုင်ဆောင်ပြီး၊ လေယဉ်စီးလာခြင်း ဖြစ်သည်။ ဟောင်ကောင် Chek Lap Kok လေဆိပ် စစ်ဆေးရေးဂိတ်များကို လုံခြုံရေး  ပိုမိုတင်းကျပ်ထားဖို့ လိုအပ်ကြောင်း ကနေဒါနိုင်ငံက ဝေဖန် ပြောဆိုသည်။
    သတင်း Bangkok Post
    http://www.maukkha.org/

    အမာတီယာဆင်း ရှုမြင်တဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ

    အမာတီယာဆင်း ရှုမြင်တဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ

    ၁၉၉၈ ခုနှစ် စီးပွားရေးနိုဘယ်ဆုရှင် အမာတီယာဆင်း က မြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရေးအတွက် ‘စပယ်ရှယ် ဂလိုဘယ်လှုပ်ရှားမှု’ လုပ် ဆောင်ကြဖို့ကို ယခုနှစ် နှောင်းပိုင်း တွင် ထူးထူးခြားခြား ဆော်ဩလာနေသည်။
    အမာတီယာဆင်းကို ကဗျာဆရာကြီး ရာဘင်ဒြာရာနတ်တဂိုး ထူထောင်သော အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ရှန်တိနိကေတန် တက္ကသိုလ်ပရ၀ဏ်တွင် ဘင်္ဂလီ-ဟိန္ဒူမိသားစုမှ မွေးဖွားခဲ့သည်။ ဟိန္ဒူစာပေကျွမ်းကျင်သူ အမာတီယာဆင်း အဖိုးမှာ တဂိုးရဲ့ ချစ်မိတ်ဆွေ ကျောင်းဆရာဖြစ်ပြီး၊ သူ့အဖေက ဒါကာတက္ကသိုလ်မှ ဓါတုဗေဒပေါမောက္ခ ဖြစ်သည်။ ‘အမာတီယာ’ ဟူသော အမည်ကို ကဗျာဆရာကြီးတဂိုးကိုယ်တိုင် ပေးထားခြင်းဖြစ်ပြီး၊ ‘အမတ=မသေသူ’ ဟု အဓိပ္ပါယ်ရသည်။
    ၁၉၃၀ ပြည့်လွန်နှစ်များတွင် အမာတီယာ့ ဖခင်မှာ မန္တလေး တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့သည်။ အမာ တီယာက သူ့ကလေးဘ၀ကို မန္တလေးတောင်ပေါ်မှ နေ၀င်ဆည်းဆာ ကို အမြဲစောင့်ကြည့်ရင်း ပြင်ပကမ္ဘာနဲ့ လောကသဘာဝ အလှများကို စတင်မြင်တတ် ခံစားတတ်ခဲ့သည်ဟု ဆိုသည်။
    လက်ရှိ ဒေါက်တာဆင်းမှာ ဟားဗတ်တက္ကသိုလ် ဘောဂဗေဒနှင့် ဒဿနိကဗေဒ ပါမောက္ခ ဖြစ်သည်။ Thomas W. Lamont University မှ ပါမောက္ခလည်း ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်၊ အော့စ်ဖဒ်တက္ကသိုလ်၊ ကိန်းဘရစ် ထရီနိတီကောလိပ် တို့မှ အုပ်ချုပ် ရေး ဥသျှောင်အဖွဲ့ဝင် ပထမဆုံး အာရှနိုင်ငံသား ပညာရှင် ဖြစ်သည်။
    Welfare economics နှင့် social choice theory များတွင် သူရဲ့ ထူးခြားတဲ့ အယူအဆ တင်ပြချက်များကြောင့် စီးပွားရေးနိုဘယ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘောဂဗဒတွင် ဆင်းရဲသော လူ့အဖွဲ့အစည်းများရဲ့ ပြဿနာ၊ ငတ်မွတ်ခေါင်းပါးမှု၊ ကျားမတန်းတူညီမျှမှု စတဲ့သူ့သီအိုရီများနှင့် ရေးသား ချက်များကြောင့် ပိုမိုကျော်ကြားလာခဲ့သည်။ နာမည်ကျော် Development as Freedom စာအုပ်အပါအ၀င် သူ့စာအုပ်များစွာကို ဘာသာစကား ၃၀ ကျော်ဖြင့် ဘာသာပြန်ဆိုကြသည်။
    မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ် (တိဘက်ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ မြောက်ပိုင်းဗုဒ္ဓဘာသာအကြောင်း စာအုပ်များစွာရေးခဲ့သူ) နှင့် အမာတီယာဆင်းတို့မှာ တစ်ဦးနှင့် တစ်ဦး အလွန်ချစ်ခင် လေးစားကြသော လုပ်ဖော်ကိုင်ဖက် ရောင်းရင်းများ ဖြစ်ကြသည်။ ဒေါက်တာအဲရစ် ကင်ဆာရောဂါဖြင့် မကွယ်လွန်မီရက်ပိုင်းက  သူ့ထံဖုန်းဆက်ပြီး ဇနီးဖြစ်သူ စုရဲ့ ဒီမိုကရေစီအရေးကို ကူညီဖို့ မှာသွားခဲ့သည်ဟု အမာတီယာက မကြာမီက ရေးသားခဲ့သည်။
    ဒေါက်တာဆင်းက နိုင်ငံတကာက မြန်မာစစ်အစိုးရကို လျှော့တွက်ကြကြောင်း၊ စေ့စပ်လိုက်လျောလိုမှု လုံးဝမရှိဘဲ ယခုပျော့ပျောင်းနူးညံ့တဲ့ ရုပ်သွင်ဖမ်းဖို့ စစ်အစိုးရမှ မဟာဗျူဟာ ခင်းကျင်းနေကြောင်း၊  ဆူဒန် မြောက်ကိုရီးယားတို့မှ အာဏာရှင်များနှင့် ‘မယုံကြည်နိုင်လောက်အောင် ခြားနားပြီး ပါးနပ်လွန်းတဲ့ စစ်အစိုးရမျိုး’ ဖြစ်ကြောင်း ပြောဆိုလာသည်။
    ဒေါက်တာဆင်းက “မြန်မာစစ်အစိုးရက အများလက်ခံအောင် ရွေးကောက်ပွဲတစ်ခု ကျင်းပပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတယ်။ သူ့တို့ကို အစွန်းရောက်တဲ့ စစ်အစိုးရလို့ အားလုံးအပြောမခံရအောင် လုပ်နေတာ ဖြစ်တယ်။  ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက နျူကလီယားဗုံး မရသေးပေမယ့် မြောက်ကိုရီးယားလို ဖြစ်ချင်နေတာ။ ဒါပေမဲ့ သူတို့ မအောင်မြင်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ မြန်မာလူထုက အမြဲ ခုခံပုန်ကန်မှုတွေ လုပ်နေ တယ်။ မြောက်ကိုရီယားနဲ့မတူတာက မြန်မာပြည်မှာ အောင်မြင်တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေတယ်။ သူက ဒီမိုကရေစီလမ်းကြောင်းကို ရှင်သန်အောင် လုပ်နေလိမ့်မယ်” ဟုပြောဆိုသည်။
    ဆင်းက မြန်မာ့နိုင်ငံရေး ခရီးရောက်ဖို့အတွက် နည်းလမ်းများကိုလည်း အဆိုပြုလာသည်။ အရင်ဆုံး စစ်အစိုးရရဲ့ ပြည်တွင်းရက်စက်မှု အစစ်အမှန်များ ဖော်ထုတ်ဖို့ နိုင်ငံတကာ ဦးဆောင်တဲ့ ‘စုံစမ်းစစ်ဆေးရေး ကော်မရှင်’ ဖွဲ့ဖို့ တိုက်တွန်းသည်။ ထိုသို့ နိုင်ငံတကာအသိုင်းအ၀ိုင်းဖြင့် ဦးဆောင်ဦးရွက် လုပ်ဆောင်ခြင်းက တရုတ်၊ အိန္ဒိယ၊ ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံများ ပါဝင်လာအောင် တွန်းအားပေးနိုင်မည်ဟု ဆိုသည်။
    လက်ရှိ စီးပွားရေးပိတ်ဆို့မှုက လူထုထက် စစ်ဗိုလ်ချုပ် အသိုင်းအ၀ိုင်းကို ပိုပြီးအထိနာအောင် ဆောင်ရွက်သင့်ကြောင်း၊  စစ်အစိုးရနဲ့ ရေနံ သဘာဝဓါတ်ငွေ့ ကျောက်မျက်ရတနာ ကုန်သွယ်နေတဲ့ ကြောင်သူတော် အနောက်နိုင်ငံများ အနေဖြင့် သူတို့ကုမ္ပဏီများ ပြန်ရုတ်သိမ်းသင့်ကြောင်းကို ဒေါက်တာဆင်းက အဆိုပြုသည်။ အထူးသဖြင့် အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံကို လက်နက်ရောင်းမှု လုံးဝပိတ်ပင်ဖို့ ဦးဆောင်သင့်ပြီဟု အကြံပြုသည်။
    ဆင်းက ဥရောပယူနီယံ၊ အမေရိက စတဲ့ နိုင်ငံတကာ ပလေယာတွေနဲ့အတူ တရုတ်၊ အိန္ဒိယ၊ ထိုင်းစတဲ့ အိမ်နီးချင်းတွေ ပူးပေါင်းမှသာ စစ်အစိုးရနဲ့ အမှန်တကယ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ရောက်နိုင်မည်ဟု ဆိုသည်။ ဆင်းအဆိုပြုတဲ့ ‘ဂလိုဘယ်စတင်လှုပ်ရှားမှု’ တွင် စစ်အစိုးရ ပြိုကျမှုမရှိသေးသည့်တိုင်၊ ဗိုလ်ချုပ်များအတွက် နိုင်ငံခြားခိုလှုံခွင့်လို ထွက်ပေါက် (ideal exit) ကိုလည်း ထည့်စဉ်းစားပေးရမည်ဟု ဆိုသည်။ ယခု Asia Times Online မှ ဒေါက်တာဆင်းကို အင်တာဗျူးထားတဲ့ ကောက်နှုတ်ချက်အား ဖော်ပြလိုက်ပါသည်။
    မေး။ မြန်မာစစ်အစိုးရနဲ့ပတ်သက်လို့ သူ့အိမ်နီးချင်းနိုင်ငံတွေရဲ့ ပေါ်လစီ ပြောင်းလဲသင့်ပြီလို့ ဆရာကြီး ဘာကြောင့် ပြောတာလဲခင်ဗျာ။
    ဆင်း။ ဆွဲဆောင်မှု မက်လုံးက ရှိပြီးသားပါ။ အဲဒါက အာဏာရှင်တွေဟာ နောက်ဆုံးမှာ ပြိုလဲရတယ် ဆိုတာပဲ။ အဆုံးမှာ သူတို့ အဲဒီအတိုင်း အမြဲနိဂုံးချုပ်ကြတယ်။ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းခဲ့တဲ့ မှတ်တမ်းတွေ ဘယ်လောက်ရှိရှိ ဘယ်သူတွေပေါင်းပေါင်း ကိစ္စမရှိပါဘူး။
    အမေရိကန်တွေက ချီလီမှာ မက်စ်ဝါဒီ ဆာလ်ဗာဒို အယန်ဒေး ကို ဖြုတ်ချပြီး အာဏာရှင်ပီနိုရှေးကို ထောက်ခံ နေတုန်းကဆိုရင်၊ ပီနိုရှေးရဲ့ အာဏာ ဘယ်လောက်ကြာဦးမယ်၊ ဘယ်တော့ ပြုတ်ကျမယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းနိုင်တာ မဟုတ်ဘူး။
    ဒါပေမဲ့ အဲဒီအချိန် လွယ်လွယ်ခန့်မှန်းနိုင်တာတစ်ခုက အမေရိကန်ရဲ့ ပီနိုရှေးနဲ့ အခြားလာတင်အမေရိက အာဏာရှင်အားလုံးကို ထောက်ခံနေမှုဟာ တစ်ချိန်ချိန်မှာ အဲဒီအာဏာရှင်တွေပေါင်းပြီး အမေရိကန် ဆန့်ကျင်ရေးဝါဒ ပြန်လုပ် လာကြဦးမယ် ဆိုတာလောက်ပဲ။ တကယ်လည်း ဒီနေ့ လာတင်အမေရိက နိုင်ငံတွေ အမေရိကန်ဆန့်ကျင်ရေးတွေ လုပ်နေကြတာ  မဟုတ်လား။  အာဏာရှင်ကို မြှောက်စားဖူးတဲ့ အမေရိကန်အဖို့ ဒီနေ့ တန်ပြန်အကျိုးဆက် ခံနေရတာ မဟုတ်လား။ ဒါက တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ယူရမယ့် သင်ခန်းစာပဲ။ အာဏာရှင်ကို မြှောက်ပေးနေရင် တစ်နေ့ အဲဒီဆိုးကျိုး သူတို့အများကြီး ခံရမယ်။
    မေး။ မြန်မာနိုင်ငံ ပြည်တွင်း အပြောင်းအလဲအတွက် ဆရာကြီး ဘာတွေ မြင်ထားပါသလဲ။
    ဆင်း။ အခု မြန်မာပြည်မှာ လွတ်လပ်မှုက မရှိသလောက်ပါပဲ။ ခင်ဗျား ဘာကို လုပ်ခိုင်းမလဲ။ တင်းဘုတ်နဲ့ အထုခံဖို့ ဘုန်းကြီးတွေကို ပြန်ထကြွခိုင်းဦးမလား။ ရက်ရက်စက်စက် အပစ်သတ်ခံရဖို့ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကလို ကျောင်းသားတွေကို ဆန္ဒပြခိုင်းဦးမလား။ အဲဒီဟာတွေက သိပ်အဓိပ္ပါယ်မရှိလှဘူးလို့ ကျုပ်မြင်တယ်ဗျာ။
    မြန်မာပြည်တွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှုက မြောက်ကိုရီယားလိုပဲ အလွန်အကန့်အသတ် ဖြစ်နေတယ်လို့ ထင်တယ်။ ဒီတော့ ဒီအနေထားမှာ ကမ္ဘာမှာရှိတဲ့ အခြားတိုင်းပြည်တွေက မြန်မာ့အရေး ဘာလုပ်မလဲဆိုတဲ့အပေါ် အများကြီး တည်မှီလာတယ်။ ဒါကြောင့် ဥရောပသမဂ္ဂ၊ အမေရိက၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်နဲ့ အခြားနိုင်ငံတွေမှာ အများကြီး တာဝန်ရှိလာတယ်။
    မေး။ အခု ရွေးကောက်ပွဲပြီးတော့ ဗိုလ်ချုပ်သန်းရွှေ အနာဂတ်က ဘာဖြစ်လိမ့်မလဲ။
    ဆင်း။ ကျုပ်တို့ စောင့်ကြည့်ရမှာပဲ။ ဒါပေမဲ့ အများပြည်သူရှေ့မှာ ဒါဟာ အရေးကြီးဆုံး ကိစ္စဖြစ်အောင် တင်ထားရမယ်။ အခု ကျုပ်တို့စနေတဲ့ ဂလိုဘယ် ဒိုင်ယာလော့ လှုပ်ရှားမှုမှာ ဗိုလ်ချုပ်သန်းရွှေ အနာဂတ် ဘာလဲဆိုတာကို အဓိက အာဂျင်ဒါအဖြစ် မြှင့်ထားရမယ်။
    မေး။ ဒေါ်အောင်ဆန်းစုကြည် အနာဂတ် အခန်းဏ္ဍကကော ဘာလဲခင်ဗျ။
    ဆင်း။ စစ်အစိုးရအဆုံးသတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်အခန်းက ပါမလဲဆိုတာနဲ့ ပတ်သက်ရင်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူမနဲ့ ပူးပေါင်းဆောင်ရွက်သလား ဆိုတဲ့အပေါ် မူတည်နေတယ်။ နိုင်ငံတကာက ပူးပေါင်း ကူညီမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးရေးမှာ ကျယ်ကျယ်လောင်လောင် ပိုပြီးစကားပြောနိုင်မယ်။ တောင်အာဖရိကမှာ နယ်လ်ဆင်မင်ဒဲလားနဲ့ ဒတ်စ်မွန်တူးတူးတို့ သားသတ်လူဖြူအစိုးရအောက်က လူထုကို လွတ်မြောက်အောင် လုပ်နိုင်သလိုမျိုး သူမ ဆောင်ရွက်နိုင်လိမ့်မယ်။
    အာဏာရှင်ကို လက်တုံ့ပြန် အရေးယူရေးဆိုတာက နိုင်ငံရေးပေါ်လစီချရာမှာ ပညာပါတဲ့ နည်းလမ်းတော့ မဟုတ်ဘူး။ သွေးဆာလွန်းတဲ့ သားသတ်သမားမျိုးနဲ့ ဆက်ဆံနေရင်တောင် ဒီပေါ်လစီ ချထားဖို့ မသင့်ဘူး။ လူသတ်သမားကို သွားခွင့် ထွက်ခွင့် ပေးထားရမယ်။ သူတို့ ထွက်သွားနိုင်တယ်ဆိုတာ သူတို့သိရမယ်။ နို့မဟုတ်ရင် ကျားစားမှာစိုးပြီး ကျားကျော အတင်းခွ ဖက်ထားတာမျိုးဖြစ်နေမယ်။ ကျားကို သတ်မပစ်နိုင်ရင် လမ်းကြောင်းပြ မောင်းထုတ်ပစ်ရမယ်။
    မေး။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အိန္ဒိယ မဟာရာဂျာတွေနဲ့ ဘယ်နေရာတွေမှာ တူသလဲ။
    ဆင်း။ မဟာရာဂျာတွေနဲ့ မြန်မာစစ်အာဏာရှင်တွေဟာ ဘယ်အရာမှ မတူပါဘူး။ ကျုပ်ဆိုလိုတာက မဟာရာဂျာတွေမှာက သူတို့ အာဏာယူထားရတဲ့အကြောင်းနဲ့ပတ်သက်ရင် ရှင်းပြစရာ ဖြေစရာရှိတယ်။ သူတို့ဟာ စနစ်တကျ သတ်ဖြတ် မုဒိန်းကျင့်သူတွေ မဟုတ်ဘူး။ လူနည်းစုဖြစ်တဲ့ မျိုးနွယ်စုတွေကို သူတို့နေထိုင်ရာ ဒေသကနေ မောင်းထုတ် ပစ်နေသူမျိုးမဟုတ်ဘူး။ သစ်တောနဲ့ ရင်းမြစ်တွေ ရောင်းစားပစ်နေတာမျိုးမဟုတ်ဘူး။ အတိုက်အခံတိုင်းကို စနစ်တ ကျ ထောင်သွင်းအကျဉ်းချ နေတာမဟုတ်ဘူး။
    အိန္ဒိယမဟာရာဂျာတွေဟာ ကြောက်မယ်ဖွယ်ကောင်းတဲ့ စနစ်မျိုး သွတ်သွင်းနိုင်သူတွေ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့နဲ့ယှဉ်ရင် မြန်မာစစ်အစိုးရက ပိုထိရောက်တယ်။ ဆုံးဖြတ်ချက်ကျကျ ရက်စက်တယ်။ စစ်အစိုးရ ရက်စက်ပုံမျိုး မဟာရာဂျာတွေ မစီမံနိုင်ပါဘူး။
    ရည်ညွှန်း- Asia Times Online
    ရဲနွယ်မိုး
    http://www.maukkha.org/

    Burma Today News Updates (December 24, 2010)

    Burma Today news updates are as follows:

    Myan Aung Police Officer Raped Restaurant Staff (The Letter to Burma Today)
    မြန်အောင် ဒု ရဲအုပ်က စားသောက်ဆိုင်ဝန်ထမ်းကို သားမယား ပြုကျင့်တဲ့အကြောင်း ရေးထားတဲ့ ပေးစာ


    Maikhtila Taxi Drivers Send the Letter about Illegal Motorcycle Taxi to Sr. General Than Shwe (News Report) December 24, 2010
    ဆိုင်ကယ်အငှားမောင်သူများ ကိစ္စနဲ့ ပတ်သက်ပြီး မိတ္ထီလာရှိ အငှားကားယာဉ်မောင်းများက ဗိုလ်ချုပ်မှူးကြီးထံ စာ ပို့ (ကိုညီ)


    Burmese Activists Strike against Norway Government (Photo News)
    ရေခဲမှတ်အောက် အအေးဒဏ်ကို အံတုပြီး နော်ဝေအစိုးရကို ဆန္ဒပြတဲ့ ပွဲ (မင်းကြီးညို)


    NLD Weekly Forum - Sprit of the Union (Photo News)
    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စုစိတ်ဓါတ်အကြောင်း ဟောပြောပွဲ (ဒီမိုဝေယံ)


    Environment Forum Held in Mandalay (News Report)
    မန္တလေးတွင် ပြုလုပ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲ (ကိုညီ)


    Christmas Decoration in Rangoon, Burma (Photo Album)
    ရန်ကုန်မြို့က ခရစ်စမတ်ကာလ အပြင်အဆင်တချို့ (ဒီမိုဝေယံ)


    Winter Scenes from Buffalo, Upstate New York and Niagara Falls (Photo Album)
    နယူးယောက်ပြည်နယ်အထက်ပိုင်း ဘားဖလိုနဲ့ နိုင်ယာဂရာရေတံခွန်ရဲ့ ဆောင်းတွင်းအလှ (ဒေးဒေးဝါး)




    Information Desk 
    Burma Today Inc.
    PO Box 300986
    Brooklyn, NY 11230 USA

    3 attachments — Download all attachments  
    101224_bty_bur_maik_hti_la.pdf101224_bty_bur_maik_hti_la.pdf
    106K   View   Download  
    101224_bty_bur_mandalay.pdf101224_bty_bur_mandalay.pdf
    112K   View   Download  
    101224_bty_bur_myan_aung.pdf101224_bty_bur_myan_aung.pdf
    105K   View   Download