Saturday, December 25, 2010

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအနစ်နာဆုံးမှာ စင်ကာပူဖြစ်နိုင်

ဒေါ်လာသန်း ၈၆၀၀ တန် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း မြန်မာ့ ပထမဆုံး အထူး စီးပွားရေးဇုန် ဖြစ်လာမည်

E-mail Print PDF
၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး သုံးပတ်အကြာ ရွေးကောက်ပွဲ အကြိုကာလ နိုဝင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်၌ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Italian - Thai နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ဒေါ်လာ ဂ ဒဿမ ၆ ဘီလီယံတန် ထားဝယ်ရေကန် ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်း သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြရာ ထိုစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အထူး စီးပွားရေးဇုန် (Special Economic Zone) အဖြစ် ပေါ်ပေါက်လာမည် ဖြစ်ပြီး မြန်မာ့ စီးပွားရေးကို ဆွဲတင် သွားပေတော့မည်ဟု ယူဆရသည်။
ထိုစီမံကိန်းကို ဆယ်နှစ်အတွင်း ပြီးစီးအောင် အကောင်အထည် ဖော်သွားမည် ဖြစ်ကာ အဆင့်သုံးဆင့် ပါဝင်ပြီး ရေနက် ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများဖြင့် ဆက်သွယ်ရေးတို့ ပါဝင်သည်။ စက်မှုဇုန်သည် အရှေ့တောင် အာရှဒေသ တစ်ခုလုံးတွင် အကြီးဆုံး စက်မှုဇုန် အဖြစ် ပေါ်ထွက်လာမည်ဟု ခန့်မှန်းထားကြသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ဒေသတွင်းတွင် ကုန်စည် ပို့ဆောင်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး အချက်အချာ ဌာနအဖြစ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ အရှေ့တောင်အာရှနှင့် တောင် တရုတ်ပင်လယ် နိုင်ငံများကို အိနိ္ဒယ သမုဒ္ဒရာသို့ ကပ္ပလီ ပင်လယ်ပြင်မှ တစ်ဆင့် ဆက်သွယ်ပေးမည် ဖြစ်သည်။
ထားဝယ် ရေနက်ဆိပ်ကမ်းသည် ထိုင်းပို့ကုန်များကို ဥရောပနှင့် အရှေ့ အလယ်ပိုင်းဒေသများသို့ ပို့ဆောင်ရာတွင် ရွေးချယ်စရာအသစ် ဖြစ်လာပေမည်။ ထိုင်းနိုင်ငံ၏ အဓိက ဆိပ်ကမ်းအချို့ "အ"သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပေါ် မှီခို အားထားရမှု မြင့်တက်လာမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံအဖို့ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းမှာ ရေရှည်ကို မျှော်ကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောကြားသည်။
ထားဝယ်ရေနက် စီမံကိန်းသည် အာရှ အနောက်ခြမ်းနှင့် အာရှ အရှေ့ခြမ်း အကြား မြေသား တံတားထိုးခြင်း Land Bridge ဟု အာရှ စီးပွားရေး သတင်းများက ဖော်ပြသည်။
ယခုကဲ့သို့ ထားဝယ် ရေနက် စီမံကိန်း ဖော်ဆောင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပထ၀ီဝင် နိုင်ငံရေးအရ တန်ဖိုး ပိုမို မြင့်တက်လာမည်ဖြစ်ပြီး အနီးစပ်ဆုံးအားဖြင့် စူးအက်တူးမြောင်းနှင့် အိမ်ရှင်နိုင်ငံ အီဂျစ်တို့၏ အနေအထားကို ယှဉ်ကြည့်ခြင်းဖြင့် သိနိုင်သည်။
ဘန်ကောက်နှင့် ထားဝယ်မြို့သည် ကီလိုမီတာ ၅၀၀ ခန့်သာ ကွာဝေးသောကြောင့် ယခုစီမံကိန်း လမ်း ဖောက်လုပ်ပြီးသွားလျှင် ထိုင်းပင်လယ်ကွေ့နှင့် စင်ကာပူနိုင်ငံအား ပတ်သွားနေရသည့် ပင်လယ် ခရီးလမ်းကြောင်းကို ချုံ့ပစ်နိုင်မည်ဖြစ်ကာ တောင်အာရှ၊ အာဖရိက တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းရှိ ဈေးကွက်များနှင့် ပိုမို နီးကပ်သွားမည်ဖြစ်ကြောင်း ထိုင်းစီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀န်း၏ သုံးသပ်ချက်ကို သတင်းစာများက ရေးသား ဖော်ပြသည်။
ထိုင်း ကုန်တင် သင်္ဘောများသည် မလက္ကာ ရေလက်ကြားကို ပတ်ကာ အိနိ္ဒယသမုဒ္ဒရာသို့ သွားရောက် ရသည့်ကာလသည် သုံးပတ်ခန့်ကြာသော်လည်း ကားလမ်းဖြင့်မူ ဘန်ကောက်-ရန်ကုန် ခရီးလမ်း မကောင်းသည့် အခြေအနေတွင်ပင်လျှင် လေးရက်ခန့်သာ ကြာသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ပုံပေါ်လာလျှင် စင်ကာပူ၏ ဈေးကွက်အချို့ကို ယင်း ရေနက်စီမံကိန်းက ရနိုင်သည့်အတွက် အနစ်နာဆုံးမှာ စင်ကာပူဖြစ်နိုင်သည်။
အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အဓိကဆိပ်ကမ်းနှင့် စက်မှုဇုန်ထက် ဆယ်ဆ ကြီးမားကြောင်း အဆိုပါ စီမံကိန်းကို လေ့လာခဲ့သည့် ထိုင်းနိုင်ငံ ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ၏ ပြောကြားချက်ကို နာမည်ကျော် စီးပွားရေး သတင်းဌာန ဖြစ်သည့် Bloomberg သတင်းတွင် ဖော်ပြထားသည်။
ယခုစီမံကိန်းသည် Italian - Thai ၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး စီမံကိန်းဖြစ်ကာ ဂျပန်နိုင်ငံတွင် သံမဏိ အများဆုံး ထုတ်လုပ်သူ Nippon Steel Corporation နှင့် ထိုင်းနိုင်ငံရှိ စွမ်းအင် အကြီးဆုံး ထုတ်လုပ်သူ PTT တို့ အပါအ၀င် တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီး မြှုပ်နှံသူများသည် အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ထိုင်း ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ (National Economics and Social Development) မှ လေ့လာ ဆန်းစစ်သူတစ်ဦးက ထိုင်းနိုင်ငံတွင်းနှင့် ပြည်ပမှ ပုဂ္ဂလိက ကုမ္ပဏီများသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဆောက်လုပ်သူအဖြစ် လည်းကောင်း၊ ရင်းနှီး မြှုပ်နှံသူများအဖြစ် လည်းကောင်း ပါဝင်ရန် စိတ်ဝင်စား နေကြောင်း အောက်တိုဘာ လအတွင်းက ပြောကြားချက်ကို Blooberg တွင် ဖော်ပြထားသည်။
Italian - Thai ကုမ္ပဏီ၏ ရှယ်ယာများသည် ယခုနှစ်အတွင်း ၈၅ ရာခိုင်နှုန်းခန့် မြင့်တက်နေခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့ လက်မှတ်ရေးထိုးအပြီး နောက်တစ်ရက် နိုဝင်ဘာလ ၃ ရက်တွင် ရှယ်ယာဈေးနှုန်း ၇ ရာခိုင်နှုန်း မြင့်တက် သွားခဲ့သည်။
Italian - Thai ကုမ္ပဏီကို ၁၉၅၈ ခုနှစ်က အီတလီနှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပူးပေါင်းကာ စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ အဓိက ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို လုပ်ကိုင်ခဲ့ကာ ထိုင်း သုဝဏ္ဏဘူမိ အပြည် ပြည်ဆိုင်ရာ လေဆိပ်ကို တည်ဆောက်ခဲ့သည်။
ယင်းစီမံကိန်းကို BOT - (Build Operate and Transfer တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ပြီး ကာလမှာ နှစ် ၆၀ ဖြစ်သည်။
ထိုစီမံကိန်း စက်မှုဇုန်တွင် အကြီးစား စက်မှုလုပ်ငန်းများ ဖြစ်သည့် သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ ပါဝင်မည် ဖြစ်သည်။ ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရိ အကြား ကားလမ်း၊ ရထားလမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတို့ ဆက်သွယ်မည် ဖြစ်သည်။
ထားဝယ် ရေနက်စီမံကိန်း၏ ထိုင်းနိုင်ငံ အဝေးပြေး ကားလမ်းသည် ဘန်ကောက်ြမို့ သို့ တင်ပို့ ဆက်သွယ် သွားမည်ဖြစ်ရာ ဘန်ကောက်မြို့မှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ ဆီဆိုဖွန်းမြို့ကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံ ဗန်တောင်မြို့နှင့် ကွမ်နွန်မြို့သို့ ဆက်သွယ်သည့် Greater Mekong Subregion Southem Corridor မဲခေါင်ဒေသကြီး တောင်ပိုင်း စင်္ကြံလမ်းမကြီးနှင့် ချိတ်ဆက်ကာ အဝေးပြေးလမ်းမကြီး ဖောက်လုပ်သွားမည် ဖြစ်သောကြောင့် အာရှအရှေ့နှင့် အနောက် စီးပွားရေးစင်္ကြံ East - West Corridor တွင် ပဓာနကျသော နေရာ ဖြစ်လာပေမည်။
မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတွင် အထက်ပါ လမ်းကြောင်းအပြင် နောက်ထပ် လမ်းကြောင်း နှစ်ကြောင်း ရှိနေသေးသည်။ မော်လမြိုင်မြို့မှ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ ဆိပ်ကမ်းအထိ ဖောက်လုပ်မည့် အရှေ့နှင့် အနောက်လမ်းကြောင်းသည် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ် တို့ကို ကားလမ်းဖြင့် ဆက်သွယ်သွားမည်ဖြစ်ကာ မြ၀တီ-မော်လမြိုင် အပိုင်းကို ထိုင်းကုမ္ပဏီများက ဆောက်လုပ်လျက် ရှိသည်။ မော်လမြိုင်နှင့် ထားဝယ်ကားလမ်းမှာ တည်ရှိပြီးဖြစ်ရာ ထိုလမ်းကြောင်းကို အဆင့်မြင့် တင်လိုက်ရုံဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်းသည် အရှေ့နှင့် အနောက် လမ်းကြောင်းနှင့် ဆက်သွယ်မိပေမည်။
မြောက်-တောင် စီးပွားရေး လမ်းကြောင်းသည် မြန်မာနှင့် လာအိုတို့ကိုဖြတ်ကာ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် တရုတ်နိုင်ငံ ကူမင်းကို ဆက်သွယ်ထားသည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွင် တောင်ပိုင်း ဆိပ်ကမ်းနှင့် မြောက်ပိုင်း ဆိပ်ကမ်းဟု နှစ်ခုရှိပြီး ဆိပ်ခံတံတား နှစ်ခုတွင် တန်ချိန် ၂၀,၀၀၀ မှ ၅၀,၀၀၀ ရှိ သင်္ဘောစင်းရေ ၂၅ စင်း တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်ကာ တစ်နှစ်လျှင် ကုန်စည် မက်ထရစ်တန်ချိန် သန်း ၁၀၀ ခန့် ကိုင်တွယ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ စီမံကိန်းတွင် စက်မှုဇုန်နယ်မြေ တည်ဆောက်ရန် မြေဧရိယာ စတုရန်း ကီလိုမီတာ ၂၅၀ သတ်မှတ်ထားပြီး ထိုစက်မှုဇုန်နယ်မြေတွင် မြေဧရိယာ ၂၀ ဒသမ ၉ စတုရန်း ကီလိုမီတာရှိ အကြီးစား စက်မှုဇုန် နှစ်ခု၊ မြေဧရိယာ ၆၅ ဒသမ ၁ စတုရန်း ကီလိုမီတာရှိ အလယ်အလတ် စက်မှုဇုန်တစ်ခု၊ မြေဧရိယာ ၄၃ စတုရန်း ကီလိုမီတာရှိ လမ်းနှင့် ပန်းခြံများ ပါဝင်သည့် အများသုံး နယ်မြေနှင့် မြေဧရိယာ စတုရန်း ကီလိုမီတာ ၂၀ ရှိ မြို့ပြ လူနေအိမ်ရာများ ပါဝင်သည်။
စီမံကိန်း တစ်ခုလုံးအတွက် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်သည့် လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း နယ်မြေအတွင်း လိုအပ်သော ရေ ဖြန့်ဝေနိုင်ရေးအတွက် ရေထုထည် ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တစ်ရက်လျှင် ရေ ကုဗမီတာ ၉၇၅,၀၀၀ ထုတ်လုပ်နိုင်သည့် ရေသန့်စက်ရုံက ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။
အထူးစီးပွားရေးဇုန် ဖြစ်ထွန်းလာလျှင် ထိုထားဝယ် ရေနက်ဆိပ်ကမ်း ဇုန်အတွင်း နိုင်ငံခြားငွေ လွတ်လပ်စွာ ကိုင်ဆောင်ခွင့်၊ နိုင်ငံတကာ ဘဏ်များ၊ နိုင်ငံတကာ အဆင့်မီ လုပ်ထုံးလုပ်နည်းများပါ ပုံပေါ်လာမည် ဖြစ်သည်။ အိမ်ရှင်နိုင်ငံအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ နိုင်ငံတကာ အဆင့် စီမံခန့်ခွဲမှုများနှင့် ရင်းနှီး သင်ယူခွင့်ရခြင်း၊ နည်းပညာ ပေါင်းကူးခြင်း၊ နိုင်ငံ၏ အခြားဒေသများတွင် ရင်းနှီးမြှုပ်နှံမှု စီးဝင်လာခြင်း စသည့် များမြောင်လှသော စီးပွားရေး အခွင့်အလမ်းများစွာ ရရှိလာမည် ဖြစ်သည်။ မြင်သာသော အကျိုးစီးပွား အဖြစ် ထိုစီမံကိန်းကို ပံ့ပိုးပေးမည့် ၀န်ဆောင်မှု လုပ်ငန်းများ အကျိုး ခံစားရကာ Service Industry ကြီးထွားလာမည်။
ပထမအဆင့်အဖြစ် လေးလမ်းသွား ထားဝယ်-ကန်ချနာဘူရိ ကားလမ်း ဖောက်လုပ် ပြီးစီးသွားပါက ကနဦး အကျိုး ခံစားရမှုအဖြစ် ကမ္ဘာလှည့် ခရီးသည် တစ်နှစ်လျှင် ၁၄သန်း လက်ခံ ရရှိနေသည့် ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသည်များ တနင်္သာရီတိုင်းသို့ ပိုမို ၀င်ရောက်လာဖွယ် ရှိသည်။ ကန်ချနာဘူရိတွင် နာမည်ကျော် သေမင်းတမန် ရထားလမ်းပေါ်ရှိ ကွေးမြစ်တံတား Birdge Over River Kway သည် ကမ္ဘာလှည့် ခရီးသည်များ အဓိက ဆွဲဆောင်ရာ နေရာဖြစ်ပြီး အဆိုပါဒေသမှ ခရီးသည်များ ၀င်ရောက်လာရန် အခွင့်အလမ်းများ ရှိနေသည်။
မြန်မာနိုင်ငံသည် ယမန်နှစ်က ထိုင်းနိုင်ငံသို့ ပို့ကုန်အဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပြီး ၃၈ ဒသမ ၄ ရာခိုင်နှုန်းမှာ ဓာတ်ငွေ့ရောင်းချမှုမှ ရရှိခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံဖိုး ရင်းနှီးမြုပ်နှံ ထားသဖြင့် တရုတ်၊ ဟောင်ကောင်တို့ကို ဖြတ်ကျော်ကာ ထိပ်တန်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိပြီး ထားဝယ် ရေနက်ဆိပ်ကမ်း ပုံပေါ်လာသည်နှင့်အတူ မြန်မာ-ထိုင်း စီးပွားရေး ဆက်ဆံမှု ပိုမို မြင့်တက်လာမည် ဖြစ်သည်။
http://thevoicemyanmar.com/index.php?option=com_content&view=article&id=770%3A2010-12-02-18-57-18&catid=156%3Abusiness&Itemid=546

လိုနေတာက အကြီးစား ပြည်တွင်းစစ်

(တပ်တွင်းက လေ့လာသူတဦး)

ဒေါက်တာလွဏ်းဆွေ ဘလော့(ဂ်)ပေါ်က ရန်မင်းအောင်ရဲ့ ‘လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ရှော့ခ် ရိုက်ဖို့် လိုနေတယ်’ ဆောင်းပါး (http://drlunswe.blogspot.com/2010/12/blog-post_24.html) ကို ဖတ်ပြီးတော့ ပြည်တွင်း စစ်နဲ့မှပဲ နအဖက တွေ့ဆုံဆွေးနွေးရေးစားပွဲကို ရောက်လာမှာ ဆိုတဲ့ အမြင်ပေါ်မှာ အခြေခံပြီး ဒီဆောင်းပါးကို ရေးပါ တယ်။

ပြည်တွင်းစစ်ဖြစ်ဘို့က စစ်တပ်ကွဲပြီး အချင်းချင်း ချအောင် အရင်လုပ်ပေးရမယ်။ အချင်းချင်း နဲနဲပါးပါးချလာကြရင်၊ ၀တွေ ကရင်တွေလို အားရှိ တဲ့တပ်တွေကလည်း ၀င်တိုက်ကြရမယ်။ တဖြည်းဖြည်းနဲ့ ပြည်တွင်းစစ်ကိုကြီးလာအောင် ချဲ့ပေးကြရပါမယ်။

ပြည်တွင်းစစ်ကြောင့် လူတွေသေမှာ ထည့်မတွက်နဲ့။ အခုလည်း စစ်တပ်အုပ်ချုပ်လို့ လူတွေ သက်တမ်းမစေ့ပဲ ရော ဂါမျိုးစုံနဲ့ သေနေကြရတာ နှစ်ပေါင်း(၅၀)ရှိနေပြီ။ သူများတိုင်းပြည်တွေ မှာ အစိုးရတွေက စောင့်ရှာက်ကာကွယ်လို့ သူတို့ ပြည်သူတွေဟာ လူတွေအမြောက်အမြား သေကြေစေနိုင်တဲ့ တီဘီ ငှက်ဖျား AIDS ဆိုတဲ့ ရောဂါဘယ အကြီးစား တော်တော်များများ ကနေ ရှောင်ရှားနိုင်လို့်
လူ့သက်တမ်းရှည်စွာနဲ့ အသက်ရှင် နေထိုင်နေကြတယ်။ မြန်မာပြည်မှာ သူများတိုင်းပြည်တွေမှာ လွယ်လွယ်ကူကူကာကွယ်လို့ ရနေတဲ့ ရောဂါတွေနဲ့ တပ်မတော်သားတွေ အပါအ၀င် ပြည်သူတွေ စက္ကန့်တိုင်းမှာ သေနေကြရတာ နှစ်(၅၀)ရှိလာပြီ။ ပြည်တွင်း စစ်ဖြစ်လာရင် သွေးချောင်းစီး ကုန်ကြတော့မှာပဲ လူတွေသေကုန်ကြတော့မှာပဲလို့ ပြောနေသူတွေဟာ အခုလို အချိန်မတန်ပဲ သေနေကြတာတွေ ဟာ
ပြည်တွင်းစစ်နှစ်ငါးဆယ်မှာ (စစ် ကြောင့်) သေကြရသူတွေထက် အဆမတန်များတယ်ဆိုတာကို သတိမထား မိကြဘူး။ ပြည် တွင်းစစ်ကြောင့် သေကြမှာကို ကြောက်နေရင် ဘယ်တော့မှ မလွတ်မြောက်ဘူး။ ဒါကြောင့် မတရား တာတွေကို မြင်နေလို့ တပ်ထဲကနေ တော်လှန်ပုန်ကန်ချင်နေတဲ့ တပ်မတော်သားတွေ အနေနဲ့ ‘မင်းတို့ကြောင့် ပြည်တွင်းစစ်ဖြစ်ပြီး လူတွေ သေကုန်ကြလိမ့်မယ်’လို့ တချို့အထက် အရာရှိတွေ
ပြောပြောနေတာတွေကို ပြန်ပြီးသုံးသပ်ကြည့်ရမှာကတော့၊ ပြည်တွင်းစစ်ကပဲ လွတ်မြောက်မှုကို ပေးလိမ့်မယ် ဆိုတာပါပဲ။ တော်လှန်ပုန်ကန် ရဲတဲ့ တပ်မတော်သားတွေဟာ အောင်ပွဲခံတဲ့အချိန်မှာ သူရဲကောင်းတွေ ဖြစ်လာမှာပဲ။ တော်လှန်ပုန်ကန်တဲ့ တပ်မ တော်သား တွေက အမှန်တရားဘက်က ရပ်တည်တာကြောင့် အောင်ပွဲခံမှာပဲ။ ဘယ်အရာမှာမဆို နောက်ဆုံးမှာ အမှန်တရားဘက်ကပဲ အောင်ပွဲခံတယ်။

ပြည်တွင်းစစ် သေးသေးကွေးကွေးနဲ့တော့ မရဘူး။ မြန်မာပြည်မှာ ပြည်တွင်းစစ်ကို ပြောရင် လူတွေက ၁၉၄၈-၅၂ လောက်က အစိုးရတပ်တွေနဲ့ သူပုန်ပေါင်းစုံတပ်တွေ အင်အားချင်း သိပ်မကွာပဲ တိုက်ကြခိုက်ကြလို့၊ အရပ်သား တွေပါ သေကြေခဲ့ကြရတဲ့ အချိန်ကာလကို ပြည်တွင်းစစ်ကာလအဖြစ် ပြောပြောနေကြတယ်။ အဲဒီ ပြည်တွင်းစစ်က ဟာသပါ။ အခု လိုနေတာက အကြီးစားပြည်တွင်းစစ်ကြီးပါ။
ဟိုနိုင်ငံဒီနိုင်ငံတွေကပါ ပါဝင်လာကြရတဲ့ ကွန်ဂိုတို့ ဘော့စနီးယားတို့လို အကြီးစားပြည်တွင်းစစ်ကြီး မြန်မာနိုင်ငံမှာ လိုအပ်နေပါတယ်။

အများက မျှော်လင့်နေတဲ့ ကုလသမဂ္ဂတို့ အမေရိကန်တို့ မြန်မာ့နိုင်ငံရေးမှာ တကယ်တမ်း လက်တွေ့ကျကျ ၀င် ရောက်ကူညီ ဖြေရှင်းပေးဘို့ဆိုတာ စိတ်ကူးတွေယဉ်ပြီး၊ အခုလို တွေ့ဆုံဆွေးနွေးရေးဖြစ်လာနိုးနဲ

့ အိညက်အိညက်နဲ့ တောင်းဆိုနေကြတဲ့ အခြေအနေမျိုး မပြောနဲ့ ပြည်တွင်းစစ်အသေးစားနဲ့တောင် လာကြမှာ မဟုတ်ဘူး။ ဒီနေရာမှာ ကုလသမဂ္ဂတို့ အမေရိကန်တို့ကို
မျှော်တဲ့လူတွေသိထားကြရမှာက ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်း တောက်အောင် လုပ်နိုင်မှ၊ သူတို့ ရောက်လာကြမှာ ဆိုတာပဲ။

ဒါကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်အောင် ၀ိုင်းလုပ်ကြ။ နအဖကလည်း သီရိလင်္ကာမှာလို အစိုးရဘက်ကနေ ရက်ရက် စက်စက်နဲ့ သတ်ဖြတ်ချေမှုန်း အနိုင်တိုက်နိုင်ခဲ့တဲ့ ပြည်တွင်းစစ်ကို အားကျနေတယ်။ သီရိလင်္ကာကို အတုယူပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို နအဖက တစ်ပွဲတစ်လမ်း စမ်းပြီး၊ အပြတ်ချေမှူန်းလို့ ရမလား လုပ်ကြည့်ချင်နေ တယ်။

သီရိလင်္ကာမှာထက် အဆ(၁၀၀၀)ကြီးတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာအောင် ဘက်ပေါင်းစုံက ၀ိုင်းလုပ်ကြဘို့ လို တယ်။ နအဖကို သိပ်အထင်မကြီးနေနဲ့ ။ နအဖထဲမှာ အောက်ခြေတပ်သားလေးကနေ ဟိုးထိပ်အထိ အက်သံပါနေ ပြီ။ ဟန်ပဲ ရှိတယ်။ အဆံ မရှိတော့ဘူး။ ဟန် နဲ့ လူထုကို ခြိမ်းခြောက်ထားတာ။

ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်မှ နိုင်ငံခြားက မှန်တဲ့ဘက်က၀င်ပါလာတာ။ ဒီအတိုင်းက မပါကြပါဘူး။ ဒီအတိုင်း ကတော့ နအဖကို ကန့်ကွက်ကြောင်း အတိုက်အခံတွေကို ထောက်ခံကြောင်းဆိုတာမျိုးလောက်နဲ့ပဲ ပါးစပ်စိုက်တဲ့ အလုပ်၊ ကြေညာချက်ထုတ်တဲ့ အလုပ်တွေပဲ နိုင်ငံခြားက လုပ်ပေးလိမ့်မယ်။ နိုင်ငံခြားက ၀င်ပါပေးဘို့ဆိုတာ သူတို့အပေါ် မှီခိုဘို့ မဟုတ်ဘူး။ အဲ့ဒီကျမှ
နိုင်ငံရေးအရ သံတမန်ရေးအရ၊ ကိုယ့်ဘက်က အကုန်ပါလာတာ။ အခုလို ဟို ဘက်လိုလို ဒီဘက်လိုလို နိုင်ငံတွေ၊ အဲဒီကျ မှားတဲ့ဘက် မရပ်နိုင်တော့ဘူး။

ဟန်ပဲ ရှိတယ်ဆိုပေမဲ့ နအဖက ဗြိတိသျှတွေလို ဂျပန်တွေလို ပြန်ပြေးစရာ ကိုယ့်တိုင်းပြည်ဆိုတာမျိုး သူတို့မှာ မရှိ ဘူး။ ဒါကြောင့် လက်နက်တော့မချဘူး နောက်ဆုံးကျည်ဆံတစ်တောင့် အထိ ခံတိုက်မယ်ဆိုတဲ့ စစ်စိတ်စစ်မာန်ရှိ နေကြတဲ့သူတွေဆိုတော့ လူထုအားနဲ့ အပြုတ်ဖြုတ်ချလို့ မရဘူး။ ၈၈၈၈ တို့ ၉၀ ရွေးကောက်ပွဲတို့လောက် ကြီးတဲ့ လူထုအားမျိုးလဲ သူတို့ကို ဖြုတ်ချလို့
မရခဲ့ဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့လည်း မရခဲ့ဘူး။ သူတို့ကို အပြုတ်ဖြုတ်ဘို့ ကြိုးစားတိုင်း အုတ်နံရံကို ခေါင်းနဲ့ ပြေးပြေးဆောင့်သလို လူထုဘက်က နာတာချည့်ပဲ။ လူထုတိုက် ပွဲဆိုတာ မြန်မာပြည်မှာ မရဘူး။ ပြည်တွင်းစစ်နဲ့မှပဲ ရမယ်။ ပြည်တွင်းစစ်ဖြစ်လို့ ဘေးက တရုတ်တပ်ကုလားတပ်ဝင် ပြီး ဖဲ့သွားမှာလဲ မပူနဲ့။ အဲဒီလို မြန်မာ့အရေးဟာ ကမ္ဘာ့အရေး ဖြစ်လာမှ
အားလုံး စောက်ရမ်းမျှော်လင့်နေတဲ့ ကုလ သမဂ္ဂတို့ အမေရိကန်တို့ဝင်လာမှာ။ တကယ့် ပြည်တွင်းစစ်ဖြစ်မှ နအဖဟာ ဘာပဲပြောပြော ခုထက် အင်အားချည့်နဲ့သွားမယ်။ အင်အား ချည့်နဲ့သွားမှ အားလုံးမျှော်နေတဲ့ ကုလသမဂ္ဂတို့ အမေရိကန်တို့ ၀င်လာပြီး၊ နအဖကို တွေ့ဆုံ ဆွေးနွေးရေးစားပွဲကို ခေါ်လာလို့ ရမယ်။ အဲ့ဒီကျမှ အားလုံးပါဝင်ပြီး ကုလသမဂ္ဂကြီးကြပ်မှုနဲ့ အခြေခံဥပဒေအသစ်
ရွေးကောက်ပွဲအသစ်နဲ့ သွားလို့ရမယ်။ အရှေ့တီမော၊ ကမ္ဘောဒီဒီးယား၊ ဘော့စနီးယား တို့မှာလဲ ဖိနှိပ်သူအစိုးရတွေ ပြည်တွင်းစစ်နဲ့မှ ဆင်းသွားကြတာ။ ပြည်တွင်းစစ်ကြောင့် အင်အားချည့်နဲ့နေတဲ့ နအဖလဲ နိုင်ငံတကာကြီးကြပ်မှုနဲ့ လုပ်ပေးတဲ့ အခြေခံဥပဒေတို့ ရွေးကောက်ပွဲတို့ကို အဲ့ဒီ့ကျမှ လက်ခံပြီး အရှေ့တီမောတို့၊ ဘော့စနီးယားတို့လိုမျိုး ဒီမို ကရေစီစစ်စစ် အသေးစား
အောက်ဆုံးအဆင့်လောက်ကို စရမှာ။

အခုဟာက ဂျပန်တော်လှန်ရေးမျိုး မဟုတ်ဘူး။ အားလုံးညီညွတ်ပြီး ဂျပန်ကို တိုက်ထုတ်တာမျိုး မဟုတ်ဘူး။ ဒါမျိုးနဲ့ မရဘူး။ ကွဲပြဲနေကြလေ ပိုကောင်းလေပဲ။ ဒါမှ ထချကြတဲ့အခါ ရှုပ်ရှက်ခတ်ပြီး အဖွဲ့(၁၀၀)လောက်ကွဲပြီး ပြည်တွင်း စစ်ကြီးကို ပတ်လည်တိုက်နေတဲ့ ဆိုမားလီးယားလိုမျိုး ဖြစ်မှ။ (၂၀)ရာစုအစက မော်စီတုံးမပေါ်ခင် တရုတ်ပြည်မှာ စစ်ဘုရင်တွေ အများကြီးနဲ့
သွေးချောင်းစီးအောင် တိုက်နေကြတာမျိုးတွေ ဖြစ်နေမှ။ မြန်မာတပြည်လုံး တရုတ် အိန္ဒိယ ဘင်္ဂလားဒေ့(ရှ်) ထိုင်းတပ်တွေ ၀င်တိုက်ကြ ၀င်ဖဲ့ကြမယ်။ အဲဒီလိုမျိုး ဖြစ်လာအောင် ၀ိုင်းပြီး ဖန်တီးပေးကြ ရမယ်။ နအဖမှာ စစ်ရေးအရ အရူးမီးဝိုင်းနေအောင် လုပ်ပေးရမယ်။ ဒါမှ ကုလသမဂ္ဂတို့ အမေရိကန်တို့ တရုတ်တို့ ကုလားတို့ အာဆီယံတို့ ၀င်ထိန်းမှာ။ ဒီအတိုင်းက ဘယ်သူမှ
ဝင်လုပ်မပေးဘူး။ မြန်မာပြည်မှာ နအဖက အင်အား အကောင်းဆုံးနဲ့ အားလုံးကို ဗိုလ်ကျနေတယ်။ ဆိုမားလီးယားဆိုတာက အနားမှာ တရုတ် အမေရိကန် ရုရှ ဘယ်သူ မှ မရှိဘူး။ သူတို့အားလုံးက ဆိုမားလီးယားပြည်တွင်းစစ်ကို အလေးအနက်မထားပဲ ဒီအတိုင်း လွှတ်ထားတယ်။

မြန်မာပြည်က ပြည်တွင်းစစ်ဖြစ်ရင် လွှတ်ထားလို့ မရဘူး။ တရုတ် ကုလားနဲ့ အာဆီယံက နေ လို့ မရဘူး။ မြန်မာ ပြည်နဲ့တင် ပြီးမှာ မဟုတ်ဘူး။ မီးပွားတွေရှိနေတဲ့ ထိုင်းနဲ့ အိန္ဒိယအရှေ့ခြမ်းပါ အကုန် မီးက ကူးမှာ။ အမေရိကန်နဲ့ အီးယူ နေလို့ မရဘူး။ အာဆီယံဒေသထဲမှာ သူတို့ အကျိုးစီးပွားတွေရှိတယ်။ မြန်မာပြည်တွင်းစစ် ထိုင်းနဲ့ အိန္ဒိယ အရှေ့ခြမ်းကို ကူးစက်လို့မရအောင်၊ အကုန်
ဝင်ပါလာကြမှာ။ ရုရှပဲ သူနဲ့ဝေးလို့ မပါမှာ။ ရုရှအကျိုးစီးပွား အာဆီယံ ဒေသမှာလဲ မရှိဘူး။ ဒီမိုကရေစီစစ်စစ်ရဲ့ အနိမ့်ဆုံးအဆင့် မြန်မာပြည်မှာ ရအောင်က၊ ပြည်တွင်းစစ်နဲ့မှ ရမယ်။ ပြည်တွင်းစစ်နဲ့မှ နအဖက အင်အားချိနဲ့လာမှာမို့ဘဲ။

တခုသတိထားဘို့ကလည်း ပြည်တွင်းစစ်နဲ့ကလည်း နအဖကို ချက်ချင်းအနိုင်တိုက်လို့ မရဘူး။ အနိုင်တိုက်လို့ မရ နိုင်လို့၊ အနိုင်တိုက်ဘို့လုပ်ရင် ကိုယ်ပဲ လုံးပါးပါးလိမ့်မယ်။ အကန့်အသတ်နဲ့ တိုက်ရမှာ၊ နအဖ ဆွေးနွေးပွဲစားပွဲဝိုင်း
ကို ရောက်လာနိုင်တဲ့အထိပဲ၊ သူ့ကို ချည့်နဲ့လာအောင် တိုက်ရေးကိုပဲ ရည်မှန်းချက်ထားရမယ်။ ဒါဆို ကိုယ့်ဘက်က လည်း အရင်းအနှီးအများကြီး မစိုက်ရဘူး။ ကိုယ့်အင်အားကို ထိန်းနိုင်သိမ်းနိုင်ရှိမယ်။ နအဖလဲ ဆွေးနွေးပွဲစားပွဲဝိုင်း
ကို လာချင်အောင် သူ့ကို အပြုတ်တိုက်တဲ့နည်းကို မသုံးဘူး။ အပြုတ်လဲ တိုက်လို့ မရတာကြောင့်၊ ရေရှည်ပျောက် ကျားစစ်နဲ့ တိုက်ရမယ်။ ရေရှည်စစ် ဖြစ်လာတော့မှ၊ နအဖဟာ ဆွေးနွေးပွဲစားပွဲဝိုင်းကို လာလိမ့်မယ်။ ရေရှည်စစ်မှာ နှစ်ဘက်လုံး မနိုင်ကြပေမဲ့၊ အာဏာလက်ရှိလူက အကျိုးစီးပွားတွေ ပိုပြီးနာတယ်။ အာဏာမဲ့ တဲ့ဘက်က နဂိုထဲက အကျိုးစီးပွားတွေ နာနေပြီးသားဆိုတော့၊
ဘာမှ ပိုထူးပြီး မနစ်နာဘူး။ ကုလသမဂ္ဂတို့ အမေရိကန်တို့ တရုတ်တို့လည်း ရေရှည်ပျောက်ကျားစစ်ဆိုရင်၊ ကြာတော့မယ်ဆိုတာသိလို့၊ တည်ငြိမ်နေတဲ့ ဒေသတွင်းကိုပါ ပြဿနာတွေ တက်လာမှာကြောင့်၊ ၀င်လာကြလိမ့်မယ်။ အဲဒီကျမှ ဒီမိုကရေစီစစ်စစ်ရဲ့ အနံ့လေးလောက် မြန်မာပြည်မှာ ရလာကြ မယ်။

လူ့အသက်တွေနဲ့ ထောင်သောင်းချီ ပေးဆပ်ရင်းနှီးနိုင်ပါမှ နိုင်ငံတနိုင်ငံရဲ့ နောင်မျိုးဆက်အတွက် လှပတဲ့အနာဂတ် ကို ဖြစ်လာစေတာ၊ သမိုင်းမှာ တွေ့ကြရမှာပါ။ ဒီကနေ့ အမေရိကန်ပြည်ထောင်စုကြီး ဖြစ်လာဘို့ (၁၈) ရာစု နဲ့ (၁၉) ရာစုတွေမှာ အမေရိကန်တွေရဲ့ အသက်တွေ အများကြီး ရင်းခဲ့ကြ ရတယ်။ ဒီကနေ့ တရုတ်ပြည်ကြီး ချမ်းသာကြွယ်ဝလာဘို့ ယဉ်ကျေး မှုတော်လှန်ရေးကာလမှာ
တရုတ်ပြည်သူတွေ သန်းနဲ့ချီပြီး သေခဲ့ကြရတယ်။ ဒီကနေ့ အာရှ ကျားဗီယက်နမ်နိုင်ငံဖြစ်လာဘို့ ဗီယက်နမ်စစ်ပွဲမှာ ဗီယက်နမ်ပြည်သူတွေ သိန်းနဲ့ချီပြီး အသက်တွေပေးခဲ့ကြရတယ်။ နမူနာတွေ အများကြီး ပါ။

လန်ဒန် ဟိုက်ပတ် ပန်းခြံထဲမှာ သစ်သားပုံးတစ်ပုံးချ ပုံးပေါ်တက် တရားဟောကျင့် တရားဟောကောင်းလာရင် လူတွေဝိုင်းလာ လူကြိုက်များလာ လူသိများလာတော့ ပါတီထောင် ရွေးကောက်ပွဲဝင် ရွေးကောက်ပွဲမှာနိုင်တော့ အမတ်ဖြစ် အမတ်ကနေ ၀န်ကလေးဝန်ကြီး ၀န်ကြီးချုပ်အထိ ဖြစ်လာ။ အဲ့ဒီနည်းမျိုးနဲ့ မြန်မာပြည် ဒီမိုကရေစီ ရ အောင် အပြောင်းအလဲ ဖြစ်လာအောင် လုပ်လို့ မရပါ။

အဲဒီလို လုပ်လာနိုင်အောင်၊ အဲဒီလိုလုပ်လို့ရတဲ့ တိုင်းပြည်ဖြစ်လာအောင်၊ အများကြီး လူ့ အသက်တွေ ရင်းရပါဦး မယ်။ အဲ့ဒီနိုင်ငံတွေ အဲဒီအဆင့်ရောက်လာအောင် (၁၀)နှစ် နှစ်(၂၀)လောက် လူထုတိုက်ပွဲဆိုတဲ့ လမ်းပေါ်တက် ဆန္ဒပြတာတွေ ကြေညာချက်ထုတ်တာတွေ ပေါချောင်ကောင်းနဲ့ လုပ်ပြီး ရလာတာပါ မဟုတ်ပါ။ နောက်မျိုးဆက် တွေ သေတ္တာပုံးပေါ်တရားတက်ဟောရာက စပြီး ပါလီမန်မှာ
ဝန်ကြီးချုပ်တက်လုပ်နိုင်ကြတဲ့နိုင်ငံမျိုး ဖြစ်လာအောင်၊ ရှေးက သူတို့ခေါင်းဆောင်တွေ သူတို့ ပြည်သူတွေ ဆယ်စုနှစ်တွေနဲ့ ချီပြီး လူ့အသက်တွေ သောင်းသိန်းချီ ရင်းပြီး စစ်ပွဲတွေနဲ့ လုပ်ခဲ့ကြတာပါ။

အခု ဖြစ်နေတာက၊ ဒီအဆင့်မျိုးကို ခုချက်ချင်းပဲ ဈေးပေါပေါနဲ့ ရောက်အောင်လုပ်နိုင်တယ်လို့ စိတ်ကူးယဉ်ပြီး လုပ် နေကြသလိုပါပဲ။ ရှင်းရှင်းလေးပါ။ ရန်သူက ဒါးကိုင်ပြီး အပေါ်စည်းက စကားပြော နေတာကို၊ သူ့လက်ထဲက ဒါးကို လွတ်ကျသွားအောင် သူ့ကို ချည့်နဲ့သွားအောင် လုပ်ဖို့ပါ။ အခုက ဒါးကိုင်ထားတဲ့ ရန်သူကို ပါးစပ်နဲ့ ဟိုဟာပေးပါ ဒီဟာပေးပါနဲ့ သူတောင်းစားတောင်း
တောင်းနေကြတယ့် အဖြစ်ပါ။

အရှေ့တီမောလို ဒီမိုကရေစီစစ်စစ် အသေးစားလေးလောက်က စပြီး ရဘို့တောင်၊ အရင်းအနှီး အများကြီး လိုတယ် ဆိုတာ သဘောပေါက်ကြဘို့ လိုနေပါပြီ။ အဲဒီ ဒီမိုကရေစီစစ်စစ်ရဲ့ အနံ့ လေးလောက်က စပြီး ရဘို့၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အကြီးစားကြီး လိုနေပါတယ်။ အခုလို အမေရိကန် အင်္ဂလန် အိန္ဒိယတို့က ဒီမိုကရေစီစစ်စစ် အကြီးစား ကြီးလိုဟာမျိုးကို လူထုတိုက်ပွဲတို့
ရွေးကောက်ပွဲတို့ ဆိုတာတွေနဲ့ ပေါချောင်ကောင်း ရလေမလားလို့ မျှော်လင့်ပြီး လုပ်မနေကြပါနဲ့တော့။ ဆင့်ဖင်ခွေးမျှော်အလုပ်တွေနဲ့ လုပ်လို့မရနိုင်ဘူးဆိုတာ နှစ်(၂၀)ရှိနေမှတော့ သိဘို့ ကောင်း ကြပါပြီ။ အခုချိန်ထိ နှစ်(၂၀)အတွင်း တနိုင်ငံလုံးမှာ ပေးဆပ်ခဲ့ကြပေးဆပ်နေကြတယ်ဆိုတာ ဘာမှ မဟုတ်သေး ဘူး၊ နှမ်းစေ့လောက်ပဲ ရှိသေးတယ်ဆိုတာ မြင်ကြဘို့ကောင်း ပါပြီ။
ဒီထက်မက ထပ်ပြီး ပေးဆပ်ရမှာက သောင်းနဲ့သိန်းချီတဲ့ လူ့အသက်တွေပါ။ အဲဒီ လောက်တွေ ရင်းပြီးမှ အရှေ့တီမောလောက် အဆင့်က စပြီး ဖြစ်လာမှာဆိုတာ မမေ့ကြနဲ့။

ပြည်တွင်းစစ် အကြီးစားကြီး မီးဟုန်းဟုန်း တောက်အောင် ၀ိုင်းပြီး လုပ်ဆောင်ကြပါစို့။


စာရေးသူ၏ပေါက်ကွဲမှုတခုသာ......
ဝေဖန်မည့်အစားတွေးတောကြည့်ကြပါ။

25 Dec 2010 ဒိုင်ယာရီ



မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

4 attachments — Download all attachments  
gateway.docgateway.doc
50K   View   Download  
gateway.pdfgateway.pdf
6811K   View   Download  
25 Dec 2010 Yeyintnge's Diary.doc25 Dec 2010 Yeyintnge's Diary.doc
1344K   View   Download  
25 Dec 2010 Yeyintnge's Diary.pdf25 Dec 2010 Yeyintnge's Diary.pdf
1740K   View   Download  


http://www.mediafire.com/file/p5294ldvfn7cofh/25%20Dec%202010%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/mvfvvvskx8ejhaa/25%20Dec%202010%20Yeyintnge%27s%20Diary.pdf
25 Dec 2010 Yeyintnge's Diary

Blink Hacker Group ၏ တိုက်ပွဲခေါ်သံ


ယနေ့။ ဒီဇင်ဘာ ၂၅.၁၂.၂၀၁၀ ရက်နေ့။ ည ၈း၀၀ နာရီ (မြန်မာစံတော်ချိန်) တိတိတွင် www.khitlunge.net.mm အား DDoS ဖြင့် တိုက်ခိုက်မည်ဖြစ်ပါသည်။ ခေတ်လူငယ်ဝက်ဘ်ဆိုက်သည် ကြံဖွံ့ပါတီ၏ အွန်လိုင်းဝါဒဖြန့်ဆိုက်တခုဖြစ်ပါသည်။
တိုက်ခိုက်မည့်လက်နက်ကို ဒေါင်းလုပ်ယူရန်= http://www.megaupload.com/?d=70XUKAX8 ( Bot ကိုအသုံးပြုရန်မလိုပါ။)
အကျယ်ကို သိလိုပါလျှင် ဘလော့ဂ်အညွှန်း = http://blinkhackergroup.blogspot.com/search?updated-max=2010-12-14T21%3A33%3A00-08%3A00&max-results=4
အသုံးပြုပုံ (windows များအတွက်)
၁။ Tools ကို Download ချပါ။
၂။ Micorsoft.netframe 3.5 ကို Install လုပ်ပါ။
၃။ Tool ကို Run လိုက်ပါ။ URL နေရာတွင် ခေတ်လူငယ်လိပ်စာ www.khitlunge.net.mm ကိုဖြည့်ပါ။ Lookon ကိုနှိပ်ပါ။ IP Address ပေါ်လာသည့်အထိစောင့်ပါ။
၎။ Method ကို TCP တွင်ထားပါ။ Threads ကို 100 အထိထားပါ။ ကျန်အချက်အလက်များကို Default အတိုင်းထားပါ။
၅။ IMMA CHARGIN MAH LAZER ကိုနှိပ်လိုက်ပါ။
၆။ ပြီးရင် အိပ်နေလိုက်ပါတော့။ နောက်ထပ်အနည်းဆုံး ၅ နာရီကြာအထိ စောင့်ပြီးမှ Stop လုပ်ပါ။ အချိန်ကြာကြာပေးနိုင်လျှင်ကောင်းပါသည်။
မှတ်ချက်။ LOIC HIVE MIND (by Bot) ဖြင့်သုံးလိုသူများနှင့် Mac OS, Linux OS များအတွက် လေ့လာရန်။
မှတ်ချက်။ ခေတ်လူငယ် IP Address အစစ်မှာ 203.81.72.156 ဖြစ်ပါသည်။ ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်ပါ သည်။

ဥရောပတွင် ဂျာမနီသည် မြန်မာ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်


Friday, 24 December 2010, 11:15

ဥရောပ နိုင်ငံများအနက် မြန်မာနိုင်ငံနှင့် ယခုနှစ် အတွင်း ကုန်သွယ်မှု အများဆုံး ပြုလုပ်ထားသော နိုင်ငံမှာ ဂျာမနီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်း ဇယားများအရ သိရသည်။ ယခု ဘဏ္ဍာရေးနှစ် အစဖြစ်သော ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက် အထိ ရှစ်လကျော် ကာလအတွင်း မြန်မာနှင့် ဂျာမနီ အပြန်အလှန် ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ ကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင် ရှိသည်။ မြန်မာနိုင်ငံမှ ဒေါ်လာ ၂၃ သန်းကျော် တန်ဖိုးရှိ ပို့ကုန်များ တင်ပို့ခဲ့ပြီး၊ ဂျာမနီမှ ဒေါ်လာ ၁၆ သန်းကျော် တန်ဖိုးရှိ သွင်းကုန်များ ပြန်လည် တင်သွင်းခဲ့သည်။ ထို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုတွင် မြန်မာက အသာစီး ရနေသည်။ ရှစ်လကျော် ကာလအတွင်း မြန်မာနှင့် ဥရောပ နိုင်ငံများ၏ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာသန်း ၁၄၀ နီးပါး ရှိသည်။
ဂျာမနီမှာ ယခင် ဘဏ္ဍာရေး နှစ်များတွင်လည်း ဥရောပ နိုင်ငံများ၌ မြန်မာနှင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်သော နိုင်ငံ ဖြစ်သည်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၇၄ သန်းကျော် ရှိခဲ့ပြီး၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၁၀၀ ကျော်ရှိခဲ့သည်။ ဂျာမနီ ပြီးပါက ဥရောပ နိုင်ငံများတွင် ဒုတိယ အများဆုံး မြန်မာ၏ ကုန်သွယ်ဖက် နိုင်ငံမှာ ဗြိတိန် ဖြစ်သည်။ ရှစ်လကျော် ကာလအတွင်း မြန်မာနှင့် ဗြိတိန် နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၂၈ သန်းကျော် ရှိခဲ့သည်။ ယခင် ဘဏ္ဍာရေး နှစ်များတွင်လည်း ဗြိတိန်မှာ မြန်မာနိုင်ငံ အတွက် ဥရောပ၏ ဒုတိယ အများဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သည်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ဒေါ်လာ ၄၂သန်းကျော် ရှိခဲ့ပြီး၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၈ သန်းကျော် ရှိသည်။ စပိန်မှာ တတိယ အများဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး၊ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုမှာ ရှစ်လကျော် ကာလအတွင်း ဒေါ်လာ ၁၈ သန်းကျော် ရှိခဲ့သည်။

Source : 7 Day News Journal

ရှစ်လကျော် ကာလအတွင်း ကုန်သွယ်မှု ပမာဏ ၈ ဒသမ ၈ ဘီလီယံကျော်ရှိ


Friday,24 December 2010

သဘာဝဓာတ်ငွေ့ဖယ်ထားပါက ကျောက်စိမ်းမှာ နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးနိုင်သော ပို့ကုန်ဖြစ်လာ
မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၏ ရှစ်လကျော် ကာလအတွင်း ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၈၈၀၀ (ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ) ကျော် ရှိနေပြီ ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
၂၀၁၀-၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ ၇ရက် အထိ ရှစ်လကျော် ကာလအတွင်း မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၅၅၀၀ နီးပါး တန်ဖိုးရှိ ပို့ကုန်များ နိုင်ငံတကာသို့ တင်ပို့ခဲ့ပြီး၊ ပြည်ပနိုင်ငံများမှ ကန်ဒေါ်လာ ၃၃၀၀ကျော် တန်ဖိုးရှိ သွင်းကုန်များ ပြန်လည် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်မှုတွင် အဆိုပါ ရှစ်လတာ ကာလ၌ ကန်ဒေါ်လာသန်း ၂၀၀၀ ကျော် အသာစီး ရနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများ အပြန်အလှန် ကုန်သွယ်သော ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၁ဘီလီယံကျော် (ကန်ဒေါ်လာ သန်း ၁၁,၀၀၀ ကျော်)ရှိပြီး၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်ကလည်း ကန်ဒေါ်လာ ၁၁ဘီလီယံကျော် ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။
နိုင်ငံခြား ဝင်ငွေအများဆုံး ရရှိသော သဘာဝဓာတ်ငွေ့ကို ဖယ်ထားလိုက်ပါက ယခုဘဏ္ဍာနှစ် အတွက် နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးနိုင်သော ပို့ကုန်မှာ ကျောက်စိမ်းဖြစ်သည်။ ကျောက်စိမ်းမှာ ဧပြီလမှ ဒီဇင်ဘာလ ၇ ရက် အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှု (Normal Trade)မှ ပြည်ပသို့ ကန်ဒေါ်လာသန်း ၁၁၀၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့သည်။ သို့သော် အဆိုပါ ပမာဏမှာ နိုဝင်ဘာလတွင် နေပြည်တော်တွင် ပထမဆုံး ကျင်းပသွားသော ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်း ရောင်းချ၍ ရရှိသော ဝင်ငွေများ မပါသေးဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ ကျောက်စိမ်းကို ပုံမှန် ကုန်သွယ်ရေး အပြင် နယ်စပ် ကုန်သွယ်ရေးမှလည်း ပြည်ပသို့ တင်ပို့လျက်ရှိပြီး ယခု ဘဏ္ဍာရေးနှစ်တွင် ဧပြီလမှ နိုဝင်ဘာလကုန် အထိ တန်ချိန် ၃၅၀၀ကျော် တင်ပို့ခဲ့ရာ၊ ကန်ဒေါ်လာသန်း ၉၀ ကျော် ရရှိခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နယ်စပ်မှ တင်ပို့ရာတွင် တရုတ်သို့ အများဆုံး တင်ပို့ခြင်း ဖြစ်ပြီး၊ ကျောက်မျက်ရတနာ ပြပွဲများတွင် ရောင်းချ ပြီးသော ကျောက်စိမ်းများကို တင်ပို့ခြင်းလည်း ပါဝင်ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
ကျောက်စိမ်းပြီးပါက နိုင်ငံခြားငွေ အများဆုံး ရှာဖွေနိုင်သော ပို့ကုန်မှာ မတ်ပဲ ဖြစ်သည်။ ရှစ်လကျော် ကာလအတွင်း မတ်ပဲ ပြည်ပ တင်ပို့ရာမှ ကန်ဒေါ်လာ သန်း ၃၃၀ ကျော် ရရှိခဲ့၍ ဖြစ်သည်။ အခြား ပဲများဖြစ်သော ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲတို့မှာ ယခုနှစ် ဘဏ္ဍာနှစ်တွင် ပြည်ပ တင်ပို့မှု လျှော့ကျခဲ့သည်။ ဧပြီလမှ ဒီဇင်ဘာလ အထိ ပဲမျိုးစုံ ပြည်ပ တင်ပို့ရာမှ အမေရိကန် ဒေါ်လာ သန်း ၅၂၀ ကျော် ရရှိခဲ့ပြီး၊ ထက်ဝက်ကျော်မှာ မတ်ပဲ တစ်မျိုးတည်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ယခင် ဘဏ္ဍာနှစ်ကထက် ပမာဏများစွာ တိုး၍ ပြည်ပ တင်ပို့နိုင်ခဲ့သော ပို့ကုန်များတွင် ကျွန်းသစ်လုံး၊ ချုပ်ပြီး အထည်နှင့် ရာဘာစိမ်းတို့ ပါဝင်သည်။ ကျွန်းသစ်လုံးမှာ ရှစ်လကျော် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် တင်ပို့နိုင်ခဲ့သည်။ ယခင်ဘဏ္ဍာနှစ် အလားတူ ကာလက ဒေါ်လာသန်း ၁၁၀ ဝန်းကျင်သာ တင်ပို့ နိုင်ခဲ့သည်။ ကျွန်းသစ်လုံး ပြည်ပ တင်ပို့မှု ယခင်နှစ်ကထက် များလာသော်လည်း သစ်မာလုံး ပြည်ပ တင်ပို့မှုမှာ အနည်းငယ် လျော့ကျသွားသည်။ သစ်မာလုံးမှာ ရှစ်လကျော် ကာလအတွင်း ကန်ဒေါ်လာသန်း ၁၉၀ ကျော် ရရှိပြီး၊ ယခင် ဘဏ္ဍာနှစ် အလားတူ ကာလက သန်း ၂၀၀ ဝန်းကျင် ရရှိခဲ့၍ ဖြစ်သည်။
ချုပ်ပြီး အထည်မှာလည်း ရှစ်လကျော် ကာလအတွင်း ကန်ဒေါ်လာသန်း ၂၄၀ ကျော် တင်ပို့နိုင်ခဲ့ပြီး၊ ယခင်နှစ် အလားတူ ကာလက သန်း ၁၈၀ ကျော်သာ တင်ပို့နိုင်ခဲ့သည်။ အလားတူ ရာဘာ စိမ်းမှာလည်း ယခင်နှစ်ကထက် ဝင်ငွေများစွာ တိုး၍ ရလာပြီး ရှစ်လကျော် ကာလအတွင်း ကန်ဒေါ်လာသန်း ၈၀ ကျော် ရှာဖွေနိုင်ခဲ့ပြီး၊ ယခင် ဘဏ္ဍာနှစ်က အလားတူ ကာလက ကန်ဒေါ်လာ သန်း ၃၀ ခန့်သာ ရှာဖွေနိုင်ခဲ့၍ ဖြစ်သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်သော ထိပ်တန်းနိုင်ငံသုံး နိုင်ငံမှာ ထိုင်း၊ စင်ကာပူနှင့် တရုတ် ဟောင်ကောင်တို့ ဖြစ်သည်။ ရှစ်လကျော် ကာလအတွင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာသန်း ၂၀၀၀ ကျော် အပြန်အလှန် ကုန်သွယ်ထားပြီး၊ စင်ကာပူနှင့် ကန်ဒေါ်လာ သန်း ၁၁၀၀ကျော် အပြန်အလှန် ကုန်သွယ်ထားသည်။ မြန်မာ-တရုတ် ကုန်သွယ်မှု ပမာဏမှာ ရှစ်လကျော် ကာလအတွင်း ကန်ဒေါ်လာသန်း ၉၀၀ ကျော် ရှိသည်။ မြန်မာနိုင်ငံက ကန်ဒေါ်လာ သန်း ၁၉၀ ကျော် တန်ဖိုးရှိ ပို့ကုန်များ တင်ပို့ထားပြီး၊ ကန်ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိ သွင်းကုန်များကို တရုတ်နိုင်ငံမှ ပြန်လည် တင်သွင်းထား၍ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် တရုတ်က ကန်ဒေါ်လာ သန်း ၅၀၀ ကျော် အသာစီး ရနေသည်။
မြန်မာနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ ကုန်သွယ်မှုမှာ ထိုကာလအတွင်း ကန်ဒေါ်လာသန်း ၁၆၀ ကျောရှိသည်။ အရှေ့အလယ်ပိုင်း နိုင်ငံများ မပါဝင်ဘဲ၊ အာရှနိုင်ငံ ၂၀ နှင့် မြန်မာ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ ကန် ဒေါ်လာသန်း ၇၀၀၀ ကျော်ရှိသည်။ ထိုကာလအတွင်း မြန်မာနှင့် ဥရောပနိုင်ငံများ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ ကန်ဒေါ်လာ သန်း ၁၄၀ နီးပါးရှိသည်။

Source : 7 Days News

ပုံပြင်မဟုတ်ပါ

>

2007 sept
“အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။”
“ဘာဖြစ်လို့လဲဗိုလ်ကြီးရ …”
“ဘာဖြစ်ရမတုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။”
ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုကို သူပြောင်းရွှေ့ရောက်ရှိလာတဲ့နောက် ပိုင်းမှာ သန်လျင်ဘက်ကိုသွားဖို့ ဘတ်စ်ကားစောင့်ရင်း မကြာခဏဆုံတွေ့ဖြစ်ရာက ရင်း နှီးလာတာပါ။ ရေတပ်မှာ ကြိုပို့ယာဉ်အလုံ အလောက်မရှိတာမို့ အောက်ခြေအရာရှိများ နဲ့ စစ်သည်အများစုဟာ လိုင်းကားစီးပြီး ရုံးတက်ရပါတယ်။
အဲဒီထဲမှာ ကိုယ်ပိုင်ကားမရှိတဲ့ ဗိုလ်မှူးအချို့လည်း ပါဝင်ပါတယ်။ တခါတရံ လိုင်းကား အဆက်ပြတ်တဲ့ အခါမျိုးမှာ ကျနော်တို့ နီးစပ်ရာလက်ဘက်ရည်ဆိုင် ထိုင်တတ်ကြပါ တယ်။ အဲဒီအခါမျိုးမှာ သူ့အကြောင်း ကိုယ့်အကြောင်း စပ်မိလို့ ပြောဖြစ်ကြတာတွေ ရှိ ပါတယ်။ လက်ဘက်ရည်သောက်တဲ့ အကြိမ်အများစုမှာ ကျသင့်ငွေကို ဗိုလ်ကြီး မျိုးသန်း က ဒိုင်ခံရှင်းပေး တတ်ပါတယ်။ အခြားသူကရှင်းပေးတာကို မလိုလားပါဘူး။
ကျနော်တို့ရေတပ်မှာ အချင်းချင်း understood ဖြစ်နေတဲ့ ထုံးစံတခု ရှိပါတယ်။ အဲဒါက လမ်းကြုံလို့ လက်ဘက်ရည်အတူသောက်ကြတဲ့အခါ ရာထူးကြီးသူက ကျသင့်ငွေ ကို ရှင်းပေးတတ်တဲ့ အလေ့အထပါ။ (သို့ပေမဲ့ ထုံးစံ မလိုက်နာသူ အချို့လည်း ရှိပါသေး တယ်)
ဗိုလ်ကြီးမျိုးသန်း ဟာ ရေငုပ်စစ်သည် ဘဝက အရာရှိဖြစ်လာသူပါ။ ၁၉၉၄-လောက်မှာ ခေတ်မီတပ်မတော်တရပ် ထူထောင်ဖို့ ရည်မှန်းချက်နှင့်အတူ (ကြည်း/ ရေ / လေ) တပ် ဖွဲ့စည်းပုံကို တိုးချဲ့လုပ်ဆောင်ပါတယ်။ အဲဒီအခါမှာ အရာရှိအင်အားပြည့်မီရေးအတွက် ရေတပ်ဗိုလ်လောင်း သင်တန်းဖြေဆိုခွင့် သတ်မှတ်ချက်ကို ယာယီလျှော့ချလိုက်ပါ တယ်။ ယခင်က သိပ္ပံဘွဲ့ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) နဲ့ ဝိဇ္ဇာဘွဲ့(ဥပဒေ) ရရှိပြီး အ သက် (၃ဝ) နှစ်အောက် စစ်သည်များသာ ဗိုလ်လောင်းသင်တန်း လျှောက်ခွင့်ရခဲ့ ပေမဲ့ ယာယီပြင်ဆင်ချက် အရ အသက် (၃၅) နှစ် အောက်ဘွဲ့ရပြီးသူအားလုံး ဗိုလ်သင်တန်း လျှောက်ခွင့် ရလာပါတယ်။
အထက်ပါစီမံချက်နဲ့အတူ ရဲဘော်မျိုးသန်း လည်း ဗိုလ်ကြီးမျိုးသန်းဖြစ်လာပါတယ်။ သို့ သော် ဗိုလ်မှူးမျိုးသန်း တော့ ဖြစ်ခွင့်မရှိပါ။ နဝတအစိုးရ လက်ထပ်မှာ ရဲဘော်ဘဝမှ အ ရာရှိဖြစ်လာသူတွေကို စစ်ရေယာဉ်မှူးငယ်သင်တန်း တက်ခွင့်မပြုတော့လို့ အဲဒီအရာရှိ တွေဟာ ဗိုလ်ကြီးဘဝမှာပဲ ကျောက်ချရပ်နားလိုက်ကြရပါတယ်။
တနေ့မနက်မှာတော့ ကားစောင့်နေတုန်း အံ့သြစရာ သတင်းတခုကို ကျနော် ကြားလိုက် ရ ပါတယ်။ လက်နက်ရောင်းဝယ်မှုနဲ့ ဗိုလ်ကြီးမျိုးသန်း အဖမ်းခံလိုက်ရပြီတဲ့။ စိတ်လှုပ် ရှားအံ့အားသင့်သွားရတဲ့အပြင် ကြားရတဲ့သတင်း ဖြစ်နိုင်ချေရှိမရှိ ဆက်စပ်စဉ်းစားမိပါ တယ်။ ဗိုလ်ကြီးမျိုးသန်းဟာ အနေအထိုင်အေးဆေးတည်ငြိမ်ပြီး သူတပါးအပေါ် စာနာ စိတ်ထားရှိသူတဦး ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာက သူ့မှာ သေနက်တလက် ပိုင်ဆိုင် တယ် ဆိုတဲ့ကိစ္စပါ။ နောက်တော့မှ ဟိုတစဒီတစနဲ့ အကြောင်းစုံကို သိရပါတော့တယ်။
ပစ္စတိုသေနက် တလက်ကို ငွေကျပ်သိန်း (၅ဝ) နဲ့ ရောင်းဖို့ရှိတယ်လို့ ဗိုလ်ကြီးမျိုးသန်း က အရပ်သားတဦးကို ကမ်းလှမ်းတဲ့အခါ အဲဒီအရပ်သားက စံပြဈေးအနီးမှာရှိတဲ့ စား သောက်ဆိုင်တခုမှာတွေ့ဆုံဖို့ ချိန်းပါတယ်။ ချိန်းဆို ထားတဲ့နေရာမှာ အရောင်းအဝယ် ကိစ္စပြောဆိုနေစဉ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ဖမ်းပါတယ်။
နောက်တော့ ထောက်လှမ်းရေး (၂၆) ကို လွှဲပေးလိုက်ပြီး ဗိုလ်ကြီးမျိုးသန်း က ဟုတ်မှန်း ကြောင်းဝန်ခံကာ သေနတ်ထည့်ထားတဲ့ သေတ္တာသော့ကို ထောက်လှမ်းရေး အရာရှိထံ အပ်နှံလိုက်ပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ အဏ္ဏဝါ အရာရှိရိပ်သာမှာရှိတဲ့ ဗိုလ်ကြီးမျိုးသန်း ရဲ့ အခန်းကို ရောက်ရှိသွားတဲ့အခါ ဗိုလ်ကြီးမျိုးသန်းရဲ့ ဇနီးက အခန်း တံခါးဝမှာရပ်နေတဲ့ သူစိမ်းတွေကို အတန်ကြာအောင် ငေးကြည့်နေပြီးမှသမီးဖြစ်သူကို ဖျာတချပ်ခင်းစေကာ ဧည့်သည်တွေကို ထိုင်ဖို့ ပြောရပါတယ်။
အထင်နဲ့အမြင် တက်တက်စင်လွဲ နေပြီဖြစ်တဲ့ အိမ်ခန်းအဆင်အပြင်ကို တွေ့ရတော့ ထောက်လှမ်းရေးတွေလည်း စိတ်မကောင်းနိုင်ကြတော့ပါ။
အခန်းထဲမှာ အရာရှိအဆောင် အယောင်ဆိုလို့ တန်းမှာချိတ်ထားတဲ့ ယူနီဖောင်းတစုံက လွဲပြီး ဆက်တီမရှိ၊ အပေါ်စက်အောက်စက်မရှိ၊ ရေခဲသေတ္တာမရှိ၊ အဝတ်အစား ကောင်း ကောင်းမရှိ ယုတ်စွအဆုံး ဆန်ပုံးထဲမှာ ဆန်အလုံအလောက် မရှိ။ ထောက်လှမ်းရေး အ ရာရှိက အိမ်ရှင်ထံခွင့်ပန်ပြီး “ဒုဗိုလ်မျိုးသန်း (ရေ-၃၈၁၆)” လို့ စာရေးထားတဲ့ ထင်းရှူး သေတ္တာကို ဖွင့်လိုက်တဲ့အခါ ယူနီဖောင်းအသစ်တစုံနှင့် အရပ်ဝတ်နှစ်စုံခေါက်ပြီး ထည့် ထားတာကို တွေ့လိုက်ရပါတယ်။ အဝတ်တွေရဲ့အောက်မှာတော့ ပလပ်စတနဲ့ အသေအ ချာထုပ်ထားတဲ့ ပစ္စတိုသေနတ်တလက်ကနေ ရာယူထားပါတယ်။
အဲဒီသေတ္တာရဲ့သော့ကို ဗိုလ်ကြီးမျိုးသန်း က အမြဲသိမ်းထားပြီး ဇနီးဖြစ်သူကိုလည်း သေတ္တာသန့်ရှင်းရေးလုပ်ခွင့် မပြုပါ။ ဇနီးသည်လည်း သူတလျှောက်လုံး သံသယဖြစ်နေ ခဲ့တဲ့ သေတ္တာရဲ့လျှို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး ဇာတ်ရည်လည် သွားပါတော့တယ်။
အမှုကိစ္စဆက်လက်ဆောင်ရွက်ဖို့ ထောက်လှမ်းရေးတပ်မှူးနဲ့ ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး သက်တင်လှိုင် တို့ ဆွေးနွေးပြီး ညတွင်းချင်း အစီရင်ခံစာ တင်ပါတယ်။ တပ် မတော်သားချင်း ကိုယ်ချင်းစာ၍ ထင်ပါရဲ့ထောက်လှမ်းရေး အစီရင်ခံစာထဲမှာ ဗိုလ်ကြီး မျိုးသန်း ထံမှ သိမ်းဆီးရမိသော သေနတ်အကြောင်းကို ချန်လှပ်ကာ လိမ်လည်ကြံစည် မှုအဖြစ်သာ တင်ပြထားပါတယ်။
အမှုပေါ့စေရန် ဖြစ်ပါတယ်။ သို့သော် အမှုဖြစ်စဉ်ကို သိရှိသွားတဲ့ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်စိုးသိန်းက အမှုဖြစ်စဉ်မှန်ကို ပြန်လည်တင်ပြရန် တောင်းဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်စိုးသိန်း ကိုယ်တိုင်လည်း တပ်မှုးဘဝမှာတုန်းက တပ်ရင်းကင်းမှ သေနတ်တ လက် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး တရားမဝင်အစားထိုး ဖြေရှင်းနိုင်ခဲ့လို့သာ ဗိုလ်ချုပ်အ ဆင့်ထိ ရာထူးမြဲခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးမျိုးသန်း သင်တန်းသား အရာရှိဘဝမှာ စစ်ရေယာဉ်- ၅၅၂ ၏ ပဲ့စင်အရာရှိငယ် အဖြစ်နဲ့ ပင်လယ်ပြင် လုံခြုံရေးတာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီမှာ တရားမဝင် ထိုင်း ငါးဖမ်းလှေများကို ဖမ်းဆီးရင်း ငါးဖမ်းလှေတစီးပေါ်မှ ပစ္စတိုသေနတ်တလက်ကို အမှတ် မထင် ရရှိလိုက်ပါတယ်။
သူက သေနတ်ကို စစ်ရေယာဉ်မှူးထံ မအပ်ဘဲ သိမ်းထားလိုက်ပါတယ်။ နှစ်ပေါင်းများစွာ တယုတယ သိမ်းထားပြီးမှ မိသားစုဝမ်းရေး အခက်အခဲနဲ့ သားသမီး ပညာရေးအတွက် လုပ်မိလုပ်ရာ လုပ်လိုက်ပုံ ရပါတယ်။ အဲဒီအချိန်မှာ သူ့သမီးအကြီးဆုံးက အင်္ဂလိပ်စာ အဓိကနဲ့ တက္ကသိုလ် တက်နေပါတယ်။
နောက်ဆုံးမှာတော့ ဗိုလ်ကြီးမျိုးသန်း ထောင်တနှစ်ခွဲ ကျသွားပါတယ်။ မူလပြစ်ဒဏ်က ထောင် ငါးနှစ်ဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့် အမိန့်နဲ့ တနှစ်ခွဲ ဖြစ်သွားတာလို့ သိရပါတယ်။
အမှုနဲ့ပတ်သတ်ပြီး မှန်တယ်မှားတယ် တရားတယ် မတရားဘူး စသည်ဖြင့် ပြောဆိုမှု တွေ သိပ်မကြားရပေမဲ့  မိသားစုချင်းကိုယ်ချင်းစာနာပြီး စိတ်မကောင်း ဖြစ်ကြရပါတယ်။
သူ့ရဲ့လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေတချို့က သူ့မိသားစုကို တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ထောက်ပံ့ကြပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကလည်း ထောက်ပံ့တယ် လို့ သိရပါတယ်။
အမှန်တကယ်တော့ တပ်မတော်သားဆိုတာ နိုင်ငံ့ဝန်ထမ်းတွေပါပဲ။ နောက်ခံအလွှာ အ သီးသီးကနေ အကြောင်းအမျိုးမျိုးနဲ့ တပ်ထဲကို ရောက်လာကြတာပါ အခြားအရပ်ဖက် ဝန်ထမ်းတွေနဲ့ မတူတာက တပ်ထဲကို အဝင်လွယ်ပြီး အထွက်ခက်တဲ့ ကိစ္စပါ။ တပ်မ တော်သား အများစုဟာ လူ့ဂုဏ်သိက္ခာတရားနှင့်အညီ နေထိုင်လိုကြပါတယ်။
ဒါပေမဲ့ ပြောမယုံကြုံဖူးမှသိဆိုသလို ဘဝတွေက ကြမ်းတမ်းခက်ထန်လှပါတယ်။ တပ် မိ သားစုတွေကို ထုတ်ပေးတဲ့ရိက္ခာဟာ ဒုက္ခသည်စခန်းမှာပေးတဲ့ ရိက္ခာရဲ့ ငါးပုံတပုံ လောက်ကောင်းမွန်မယ်ဆိုရင် စစ်သည်တွေ အတော်ဝမ်းသာရမှာပါ။ မိသားစု စားဝတ် နေရေး မပြေလည်ပေမဲ့ နှုတ်ထွက်ခွင့်လည်းမရ တပ်ကထွက်ပြေးရင်လည်း ရာဇဝတ်မှု ကျုးလွန်မိသလို ထောင်ဒဏ်ကျခံရမှာဖြစ်တာကြောင့် မိသားစုအသိုင်းအဝိုင်း မျက်နှာ ကိုထောက်ထားပြီး အခက်အခဲတွေကို ကျိတ်မှိတ်ခံနေသူတွေ အများစုရှိနေဆဲ ဖြစ်ပါ တယ်။
အဲဒီတော့ မိသားစုဝမ်းရေးအတွက် ဆိုက်ကားနင်း၊ ညစောင့်လုပ်၊ ချဲထီရောင်း၊ လူမှောင် ခိုလုပ် စတဲ့နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းနေကြရပါတယ်။
အတ္တကိုဗဟိုပြုလွန်းတဲ့ အာဏာရှင်စနစ်မှာ အကျိုးအမြတ်ခံစားခွင့်ဆိုတာ ဗိုလ်မှူးကြီး အဆင့်ကနေ အထက်မှာပဲ စုပြုံနေတာပါ။ အောက်ခြေက လူအများစုအတွက်တော့ လူ တန်းစေ့နေထိုင်ရေးနဲ့ လူ့ဂုဏ်သိက္ခာ တရားဆိုတာ ပြောင်းပြန်အချိုးကျနေပါတယ်။ ဒီ လိုဖြစ်အောင် အာဏာရှင်ကြီးတွေက တမင်ဖန်တီးထားတာပါ။ ရဲဘော်တွေရဲ့ဘဝဟာ တုံးအောက်က ဖား ဆိုတော့လည်း ပြားနေ အောင်ခံရတာပေါ့။
ဒါပေမဲ့ အထက်မှာ ဆိုခဲ့သလို တပ်မတော်သားအများစုဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အမှောင်ထု အတွင်းကနေ တဦးချင်းလည်း ရုန်းမထွက်နိုင်။ အားလုံး လွတ်မြောက်ရေး အတွက် ထွက်ပေါက်ကိုလည်း မမြင်နိုင်ကြရှာသေးဘဲ အာဏာရှင် ဝန်ထုပ်ဝန်ပိုးကြီးကို မနိုင်မနင်းထမ်းကာ နေဝင်ရာအရပ်ဆီကို တရွေ့ရွေ့ လျှောက်လှမ်းနေကြတုန်း ဆိုလေ တော့ …။

တပ်ကြပ်ကြီး – နေမင်းသူ




သီးခြား လွတ်ထွက်ချင်နေတဲ့ စစ်တပ်
Posted by admin on December 25th, 2010

အများဆန္ဒနဲ့အညီ အုပ်ချုပ်ခြင်းဆိုတဲ့ ဒီမိုကရေစီစနစ်မှာ အုပ် ချုပ်ခံရမယ့်သူတွေက သူတို့ ဆန္ဒနဲ့အညီ သူ့တို့ကိုယ်စား ပြော ဆိုဆောင်ရွက်ပေးနိုင်မယ့် သူတို့ အကျိုးစီးပွား လုပ်ပေးနိုင်မယ် လို့ ထင်တဲ့သူတွေကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြတာပါ။

….

အဲဒီကိုယ်စားလှယ်တွေ စုဝေးတွေ့ဆုံဆွေးနွေးတဲ့ နေရာဟာ လွှတ်တော်ပါ၊ အဲဒီ လွှတ် တော်ကမှ ကိုယ့်နိုင်ငံသားတွေရဲ့ဆန္ဒနဲ့အညီ၊ နိုင်ငံတကာကလက်ခံနိုင်တဲ့ စံနှုန်းနဲ့လည်း မဆန့်ကျင်တဲ့ အများလက်ခံနိုင်တဲ့ ဥပဒေတွေ နည်းဥပဒေတွေရေး ဆွဲပြဋ္ဌာန်းးတာ အ တည်ပြုဆုံးဖြတ်တာတွေလုပ်ပါတယ်၊ ပြီးမှ အုပ်ချုပ်ရေး တရား စီရင်ရေး ကဏ္ဍတွေမှာ အကျိုးသက်ရောက်စေတာ ဖြစ်ပါတယ်၊ နိုင်ငံတကာမှာ လက်ခံကျင်သုံးနေတာလဲ ဒီအ တိုင်းပဲများပါတယ်၊ အနည်းစုနိုင်ငံတွေ အထူးသ ဖြင့်လက်နက်အားကိုးနဲ့ အာဏာရှင် နိုင်ငံတွေကတော့ အများစုသဘောကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီးတော့ ဖိနှိပ် အုပ်ချုပ်ကြပါတယ်။ ဒီကနေ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အဓိကရုဏ်း တော်တော်များများ ဟာ လူကိုလူလိုသဘောမထား တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ အများနဲ့ဆန့်ကျင်ပြီး အ တင်းအကျပ်အုပ်ချုပ်နေတဲ့ အာဏာရှင်စနစ်တွေကြောင့်ဖြစ်နေတာ များပါတယ်။ လူမျိုး ရေး၊ ဘာသာရေး၊ စီး ပွားရေး၊ နိုင်ငံရေးကို အခြေခံအကျဆုံးဖြစ်တဲ့ ဘယ်ပြဿနာမဆို ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးအချက်ဖြစ်တဲ့ အများဆန္ဒကိုဆန့်ကျင်လို့ပဲ ဖြစ်ကြပါ တယ်။

နိုင်ငံတနိုင်ငံမှာရှိတဲ့ အရပ်သားအဖွဲ့အစည်းဖြစ်စေ၊ ကာကွယ်ရေးအတွက်ဖွဲ့စည်း ထား တဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ လိုအပ်တာချည်းဘဲ ဖြစ်ပါတယ်၊ စစ်တပ်ကသာ တယ်၊ အရပ်သား ပညာရှင်တွေကသာတယ်၊ သူတို့တွေထက် အခြေခံလူထုလူတန်းစား ကသာ အရေးအပါဆုံးဆိုပြီး ငြင်းခုံနေကြရင် နိုင်ငံလဲ မတိုးတက်တဲ့အပြင် လက်နက်ရှိ တဲ့သူက ရှိသလိုအနိုင်ကျင့်၊ လူထုအင်အားရှိတဲ့ သူကလဲရှိသလို အာခံတုံ့ပြန်နဲ့ အားလုံး ပျက်စီးကိန်းဆိုက်သွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် အများဆန္ဒနဲ့အုပ်ချုပ်တာသာ အသင့် တော်ဆုံးဆိုပြီး လက်ခံလာကြတာပါ။

မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ပြဿနာက လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်လို့ လူထုအုံ ကြွမှု တွေပေါ်ပေါက်လာ၊ အဲဒီကနေဖြစ်ပေါ်လာတဲ့ပါတီစုံ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်မှာ တောင် အာဏာလက်မလွတ်ချင်တဲ့ ဗိုလ်ချူပ်ကြီးတွေက ဖွဲ့စည်းပုံအခြေ ခံဥပဒေထဲအ ထိ စစ်တပ်နဲ့အရပ်ဘက်ကို ခွဲခြားထားတာ၊ တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာလဲ ဖိ နှိပ်ကန့်သတ်ထားတာတွေ အတင်းအကျပ် ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ကိစ္စပါပဲ၊ ဒီမိုက ရေစီစံနှုန်းနဲ့ ဘယ်လိုမှမကိုက်ညီတဲ့အပြင် အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွား ကို ပြောင်ပြောင်တင်းတင်းပဲ ကာကွယ်ဖို့ လုပ်ထားတာတွေ့ရမှာပါ၊ နိုင်ငံတော် ပြိုကွဲမှာ စိုးလို့ဆိုတာထက် သူတို့ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ ထည့်သွင်းပြဋ္ဌာန်းထားတာက ပိုပြီး ပေါ်လွင်နေပါတယ်။

အခုလဲအခြေခံဥပဒေမှာတပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ် လပ်စွာ စီရင်ဆောင်ရွက်ပိုခွင့်ရှိခြင်းဆိုတာ ထည့်သွင်းပြဋ္ဌာန်ထားပါတယ်၊ အမြင့်ဆုံးအာဏာ ဟာ ပြည်တောင်စုလွှတ်တော်မှာပဲရှိတဲ့ ဒီမိုကရေစီစနစ်မှာဆိုရင် တပ်မတော်ဟာ ပြည် တောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေများနည်းဥပဒေများ၊ ဆုံးဖြတ်ချက်များနဲ့ အညီ ဆောင်ရွက်ရမည်ဖြစ်သည်လို့ ထည်သွင်းပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

စစ်တပ်ဟာ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တယ်၊ အသုံးကျရင် နိုင်ငံတော် အတွက်အ ကျိုးရှိတယ်၊ အသုံးမကျရင် နိုင်ငံတော်အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ရိုးရိုးဘဲ ပြောလို့ရပါတယ်၊ လက်ရှိစစ်တပ်မှာသုံးနေတဲ့ (၁၉၅၉) ခုနှစ် တပ်မတော် အက်ဥပဒေ တွေ ကျင့်ဝတ်စည်းကမ်းတွေအရ၊ စစ်သားဟာ အရပ်ဘက်ရော စစ်ဘက်ဥပဒေနှစ်မျိုး စလုံးကို လိုက်နာဖို့တာဝန်ရှိပါတယ်၊ စစ်သားက ပြစ်မှုကျူးလွန်ရင် စစ်ဘက်အရပ်ဘက် ဥပဒေတွေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ရမှာဖြစ်သလို မိသားစုဝင်တွေ ကျူးလွန် ရင်လည်း အာဏာသုံး ကာကွယ်ပေးလို့မရတဲ့ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ အ ခုလဲ ဒီလိုလုပ်နေတာပဲလို့ စောဒကတက်လာခဲ့ရင်၊ အရေးမယူဘဲ လျစ်လျူရှုထားတဲ့ ဖြစ်ရပ်တချို့  ထောက်ပြချင်ပါတယ်။

အရင်တပ်မ (၆၆) တပ်မမှူး ဗိုလ်ချုပ်ညွန့်တင် လက်ထက်မှာ သူ့သားကားမောင်း ရမ်း ကားလို့ ယာဉ်တိုက်မှုဖြစ်ပြီး ကားပေါ်ပါတဲ့ တပ်မဆေးမှူး ဆရာဝန်ဗိုလ်မှူးနဲ့ ကိုယ်ရေး အရာရှိသေတဲ့ဖြစ်စဉ်မှာ တပ်မမှူးသား ဘာမှအရေးယူမခံဘဲ သေတဲ့ အရာရှိတွေ နစ်နာ ခဲ့ရတာ၊ စွမ်းရည်ဘွဲ့ရ ဗိုလ်ချုပ်ကြီးနှစ်ဦးရဲ့ သားအရာရှိငယ် (၂) ယောက် ဗထူးတိုက် ခိုက်ရေးကျောင်းမှာ ကားအပြိုင်မောင်းရင်းတိုက်ကြတော့ ကားပေါ်ပါ အရာရှိငယ် (၂) ယောက် သေရတဲ့ကိစ္စမှာ ဘာမှာအရေးမယူခဲ့တာ၊ အာဏာပိုင်တွေ ပါဝင်ပါတ်သက် တယ်လို့ နာမည်ထွက်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်း (၅) လောင်းပြိုင် လူသတ်မှုလဲ ခု ထိ တရားခံမပေါ်ပဲမှေးမှိန်အောင် လုပ်ပစ်တာတွေဟာ၊ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို လွတ်လပ်စွာစီမံခန့်ခွဲတာလား၊ ရဲအရေးပိုင်တဲ့ကိစ္စတွေကို ရဲက ဥပဒေအတိုင်း ဘာမှမ လုပ်နိုင်ဘူးလားဆိုတာ မေးစရာဖြစ်နေတာပါ။

နောက်တချက်က တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အား လုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်လို့ ထည့်သွင်းထားတာဟာ ဟုတ် သလိုလိုရှိပေမဲ့၊ တကယ်ဆိုရင် နိုင်ငံတော်ရဲ့အချုပ်အချာအာဏာကို ခံယူကျင့်သုံးတဲ့ အ မြင့်ဆုံးအာဏာပိုင်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ဖြစ်တာမို့ လက်နက်ကိုင်အဖွဲ့အ စည်းတွေအပါအ၀င် ၀န်ထမ်းအဖွဲ့အစည်းတွေ ဖွဲ့စည်းရေးကို ပြည်ထောင်စုလွှတ်တော် ရဲ့ ဥပဒေပြဋ္ဌာန်းးချက်အရသာ ဆောင်ရွက်ရမှာပါ။

အခုလို နိုင်ငံရေးမပြေလည်ချိန်မှာ ရှိသမျှလက်နက်ကိုင်အားလုံး စစ်တပ်အောက်ဝင်ရ မယ်လို့ ဖွဲ့စည်းပုံထဲ ထည့်ရေးပြီး အတင်းအကြပ်လုပ်နေတာဟာ ပြည်တွင်းစစ်ဖြစ်ဖို့ လမ်းများပြီး တိုင်းပြည်နစ်နာဖို့ရှိပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလဲ လက် နက်မချဘူး။ နောက်တက်လာမယ့် အစိုးရနဲ့ကျမှ ဆွေးနွေးပြီးမှ အားလုံးရဲ့ သဘောဆန္ဒ ခံယူပြီး လုပ်သင့်တာပါ။

လက်နက်အားကိုးတဲ့ စစ်အစိုးရကတော့ အများဆန္ဒဆိုတာ ထည့်မစဉ်းစားပါဘူး သူတို့ ကို ကာကွယ်ပေးနိုင်ဖို့အတွက် သူတို့လိုချင်တဲ့ပုံစံပဲ ဇွတ်အတင်သွတ်သွင်းနေတာထင် ရှားပါတယ်။ တိုင်းပြည်လည်းနာလှပြီ ပြည်သူတွေလည်း ကျပ်တည်း နေပါပြီ၊ စစ်သည် တွေလဲအတူတူပါပဲ၊ ဒါကြောင့် အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မတရားအမိန့်တွေကို ဆန့်ကျင်၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင်၊ တိုင်းပြည်အနာဂါတ် လဲ သာယာဖြောင့်ဖြူးမှာမို့ အာဏာရှင်တွေကို ပြည်သူနဲ့အတူ လက်တွဲပူးပေါင်းဆန့်ကျင် ကြဖို့ အချိန်တန်ပြီလို့ တိုက်တွန်း နိုးဆော်လိုက်ရပါတယ်။

မြတ်နိုး

ABMA ဂျာနယ် မှ ကူးယူဖေါ်ပြပါသည်။

Volume 1, No 22

21 st Dec 2010

http://www.naytthit.net/

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ် (2010-12-24)


2010-12-24
“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” မေးဖြေခန်း ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်မှာ မနိုင်ခြူးဝေ (နော်ဝေ)၊ ဒေါ်မော်လီ (ကနေဒါ)၊ ကိုအိုတူး (ထိုင်း)၊ ကိုထိုက်မင်း (ဖင်လန်)၊ ကိုကျော်စစ်နိုင် (အမေရိကန်)၊ ကိုစတီဗင် (ဆွီဒင်) တို့ရဲ့ မေးခွန်းတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
(screenshot from Madame Tussauds Bangkok Museum website)
ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၄ ရက်မှ စတင်ဖွင့်လှစ်သော မဒမ် တူးဆိုး ဗန်ကောက်ပြတိုက်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ဖယောင်းရုပ်တုကို ပြသထားပါသည်။ (screenshot from Madame Tussauds Bangkok Museum website)
ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၃)



By ရော်နီညိမ်း စနေ, 25 ဒီဇင်ဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၄၀)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထားတချို့ကိုယူဆောင်ပြီး၊ ပြည်ပကိုထွက်ခွါလာခဲ့သူကတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာစက်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ စစ်အင်ဂျင်နီယာအရာရှိ ဗိုလ်မှူး ဟောင်း စိုင်းသိန်းဝင်းပါ။ ကာကွယ်ရေးပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်စဉ်က ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့အတွေ့အကြုံတွေကို ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး အနေနဲ့ ဒီ “ကပစ” စက်ရုံတွေ မှာ ဘာတွေ တွေ့ကြုံရသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ကတော့ အရာရှိဖြစ်ပြီးတဲ့အခါမှ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးမှာ ကျနော့်ရဲ့ mother unit (မိခင်တပ်ရင်း) က အမှတ်(၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ဆင်တဲ) ပါ။ ကျနော်တို့ ammunition (ခဲယမ်း) တွေကို အဓိက ထုတ်လုပ်တာက တော့ ကပစ (၃) ၊ ကပစ (၁၂) ပေါ့၊ အဲဒီအချိန်တုန်းက။ ကပစ (၃) က ခဲယမ်းတွေကိုထုတ်လုပ်ရာမှာ အဓိက အခုလက်ရှိတပ်မတော်မှာ အသုံး များနေတဲ့ (၈၁) မမ စိန်ပြောင်းဗုံးသီးရယ်၊ (၁၂၀) မမ စိန်ပြောင်းဗုံးသီးတွေကို ထုတ်လုပ်တာပါ။ ဒီ့အပြင် ပိုပြီးတော့ ကျနော်တို့ထုတ်လုပ်ခဲ့ရတာ ကတော့ (၈၂) မမ နောက်ပွင့်ရိုင်ဖယ် ဒုံးကျည်တွေ ထုတ်ခဲ့ရတာရှိတယ်။ ကျနော်ကိုင်ခဲ့တဲ့ အလုပ်ရုံကတော့ RPG (Rocket Propelling Grenade) (ဒုံးကျည်သုံးဗုံးသီး) ဖြစ်ပါတယ်။ အဲဒီစက်ရုံကတော့ ကျနော် အလုပ်ရုံမှူးအနေနဲ့ ကိုင်တွယ်ခဲ့ရတဲ့ အလုပ်ရုံ ဖြစ်ပါတယ်။ စိန်ပြောင်း ဗုံးသီးတွေက စက်ထဲကို သံတုံးအနေနဲ့ ဖြတ်ပြီးတော့ ထည့်လိုက်တယ်။ ဒါပေမယ့် ထွက်လာတဲ့အချိန်မှာ ဗုံးသီးတွေက တစ်ခြမ်းစောင်းနေတာ မျိုးတို့ ဗုံးသီးရဲ့အခေါင်းက တစ်ခြမ်းပါးပြီးတော့တစ်ခြမ်းထူ နေတာမျိုးတို့ အဲဒီလိုမျိုး ပြဿနာလေးတွေ တွေ့တယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့ ဗုံးခွံလုပ်နေတုန်းမှာ ယမ်းတောင် မထည့်ရသေးတဲ့ အခြေအနေပေါ့။ အဲဒီလိုမျိုး ဗုံးခွံတွေက စောင်းပြီးထွက် လာရတဲ့အကြောင်းက ဘာကြောင့်ပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါက ပုံစံသွင်းတဲ့နေရာမှာ သံကိုသံချင်း ကြိတ်စားရတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကြိတ်စားခံရမယ့်သံထည် ကို ကျနော်တို့က အရင်ဆုံး ပျော့အောင်လုပ်ရတယ် ခင်ဗျ။ အဲဒီလို ပျော့အောင်လုပ်တဲ့ နေရာမှာ မီးဖုတ်ရပါတယ်။ မီးဖုတ်တဲ့အခါမှာ ကျနော်တို့ စက်ရုံမှာရှိတဲ့ မီးဖိုကြီးက ဒီဇယ်သုံးတဲ့မီးဖိုကြီး ဖြစ်နေတဲ့အခါကျတော့ ဌာနမှူးတို့ စက်ရုံမှူးတို့အကြိုက် ဖြစ်သွားတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆို တော့ ဒီသံတုံးကို သတ်မှတ်တဲ့အချိန် သတ်မှတ်တဲ့အပူရှိန် မဖြစ်လည်း မီးတောက်က ထွက်နေတာပဲ။ ဒီတော့ ဂါလံ(၄၀၀) ထည့်ရမယ့်နေရာမှာ ဂါလံ(၂၀၀) ထည့်လိုက်လည်း ဒီမီးတောက်က ထွက်နေတာပဲ။ အဲဒီတော့ ဒီသံတုံးတွေက လိုအပ်တဲ့ မီးအပူရှိန်ကို မရဘူး။ လိုအပ်တဲ့ မီးအပူရှိန် မရတော့ မပျော့ဘူးပေါ့ဗျာ။ မပျော့တဲ့အခါကျတော့ အဲဒီမှာ ရှိသမျှစက်တွေအားလုံးဟာ သံတုံးအမာကြီးတွေကိုပဲ ကြိတ်စားရတဲ့ အခါကျတော့ တစ်ခုချင်းစီ တစ်ခုချင်းစီ ထွက်လာတဲ့ အစိပ်အပိုင်းတွေ အားလုံးကလည်း ရွဲ့စောင်းပြီးတော့ထွက်လာတယ်။ ဥပမာ ဒုံးကျည်တွေဆိုလို့ရှိရင် ပြောင်းထဲမ၀င်တာမျိုးတို့ နောက်ပြီး အဆိုးဆုံးကတော့ ဒုံးကျည်တွေ ဗုံးသီးတွေရဲ့အတွင်းနံရံတွေဟာ တစ်ဖက်ထူတစ်ဖက်ပါး အဲဒီလိုမျိုး မညီ တာမျိုးလေးတွေ ဖြစ်လာတာ တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒါတွေက စက်ရုံတာဝန်ရှိလူကြီးပိုင်းအရာရှိတွေက စက်ရုံမှာလည်ပတ်သုံးစွဲရမယ့် ဒီဇယ်ဆီတွေကို အပြင် ကို အကြံအဖန်ထုတ်ပြီး ရောင်းချကြလို့ ဖြစ်ရတဲ့အဖြစ်လို့ ကျနော် အခု နားလည်လိုက်ပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီတပ်မှာ အဲဒီလိုမှ မလုပ်လို့ရှိရင်လည်း ဘယ်လိုမှ စားမလောက်တဲ့ အနေအထားပါ။ ကျနော်က ဒီပြဿနာ ကို ‘စက်ရုံမှူးမှာလည်း တာဝန်မရှိဘူး။ အောက်ကလုပ်နေတဲ့ ရဲဘော်တွေမှာလည်း တာဝန်မရှိဘူး’ လို့ မြင်ပါတယ်။ ကျနော်ကတော့ ဒီပြဿနာ တွေ အားလုံးကို ခေါင်မိုးက မိုးမလုံလို့ မိုးယိုတဲ့ကိစ္စလို့ပဲ သုံးသပ်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလိုမျိုး ရွဲ့စောင်းပြီးထွက်လာတဲ့ သံကိုယ်ထည်တွေနဲ့ ဗုံးသီးတွေ ဒုံးကျည် rocket တွေ၊ အဲဒါတွေက ယမ်းမထည့် ရသေးခင်တောင် အဲ့ဒီလောက်ဖြစ်နေတော့ ယမ်းထည့်ပြီးတော့မှ စက်ရုံထွက်လက်နက်ခဲယမ်း တွေဆိုပြီးတော့ ရှေ့တန်းကိုပို့တဲ့အခါမှာ၊ ဒါတွေ ကိုအသုံးပြုမယ့် တပ်တွေကို ပို့တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လဲခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီသံထည်ပိုင်းမှာ တစ်ခြမ်းစောင်းပြီးတော့ ဗုံးသီး အထူအပါးမညီတဲ့ပြဿနာက ဘာဖြစ်နိုင်သလဲဆိုတော့ ပြောင်း ထဲမှာပေါက်တာ ဖြစ်နိုင်တယ်။ လမ်းတစ်ဝက်မှာပြုတ်ကျတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရန်သူ့နယ်မြေထဲကိုကျသွားပြီးတော့မှ အပြည့်အ၀ မပေါက်ကွဲဘဲနဲ့ ထက်ခြမ်းပေါက်သွားတာမျိုး ဖြစ်နိုင်တယ်။ ထက်ခြမ်းပေါက်သွားတယ်ဆိုတာ အထူအပါးမညီတဲ့နေရာကနေပြီးတော့ ဗုံးသီးဟာ အစိပ်စိပ်အမွှာမွှာကွဲထွက်သွားရမယ့်အစား သူက နှစ်ပိုင်းပဲ ကွဲထွက်သွားတာပေါ့။ ဒါကတော့ ထိရောက်မှုအပိုင်းကို သွားပြီးတော့ effect (အကျိုးသက်ရောက်မှု) ဖြစ်ပါတယ်။ နောက်တစ်ခုက ယမ်းပိုင်းကိုပြောမယ်ဆိုရင် ယမ်းပိုင်းမှာ ထုတ်လုပ်ကတည်းက အရည်အသွေး မပြည့်မှီ တာရှိတယ်။ နောက်ပြီးတော့ ထိန်းသိမ်းထားသိုတဲ့နေရာမှာလည်း ပြဿနာရှိတယ်။ ထုတ်လုပ်တာကတော့ ထုတ်လုပ်လိုက်ပြီ၊ ဗုံးသီးတွေကို ယမ်းလည်းဖြည့်ပြီးသွားပြီ။ အကုန်လုံးကို COD (Central Ordnance Depot) (ပင်မလက်နက် ခဲယမ်းသိုလှောင်ရေးတပ်)ကို သွားပို့လိုက်ပြီ၊ အဲဒီစစ်လက်နက်ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးတပ်က ဒီလက်နက်တွေကို အသေအချာမထိန်းသိမ်းဘဲနဲ့ ပစ္စလက္ခထားလိုက်မယ်ဆိုရင် ဗုံးသီး တွေဟာ အချိန်မတိုင်ဘဲနဲ့ ယိုယွင်းပျက်စီးသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ကဏ္ဍပေါ့။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲလိုမျိုးကြာရှည်ကြာများ လက်နက်ခဲယမ်းတွေကို သိုလှောင်ထားရှိမယ့်ကိစ္စမှာ စနစ်တကျသတ်မှတ်ထား တဲ့လုပ်ငန်းစဉ် အဆင့်ဆင့်တို့ ဥပမာ ကျည်ဆံတို့ သေနတ်တို့လို လက်နက်ငယ် အသေးလေးတွေတောင်မှ ဘယ်လို ထားရမယ်၊ ဆီသုတ်ပြီးမှ ထားရမယ်၊ ဘာကို အခြောက်ခံပြီးမှ ထားရမယ်၊ ကျနော်တို့ ကြားဖူးတာတွေ ရှိတာပေါ့နော်၊ အဲဒီတော့ ခုနကိစ္စမှာကော အဲဒါမျိုးတွေ သတ်မှတ် ပြီးတော့ လုပ်ဆောင်နေကြတာ မရှိဘူးလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးတပ်တွေမှာလည်း ပြဿနာရှိတယ်။ ဒါကတော့ ဒီတပ်မှာတင် မဟုတ် ပါဘူး။ တပ်တိုင်း တပ်တိုင်းမှာ ဖြစ်နေတာပါ။ ဘာလဲဆိုတော့ ရဲဘော် အလုံအလောက် မရှိတာပါ။ ရဲဘော်တွေက နည်းပြီးတော့ အရာရှိက များ နေတဲ့အခါကျတော့ ကျနော်တို့ ‘ကပစ’ကနေ သေနတ်တွေ ထုတ်လိုက်ပြီ၊ ပြီးတော့ COD ကိုသွားပို့လိုက်တယ်။ အဲဒီ COD က ရဲဘော်လေး တစ်ယောက်နှစ်ယောက်က ဘယ်လိုလုပ် သွားပြီး ဆီသုတ်ချိန် ရမှာလဲ၊ အဲဒီတော့ လာပို့တဲ့သေနတ်တွေကို ထင်းချောင်းတွေလိုပဲ စင်တွေပေါ် ကို ၀ုန်းဝုန်းဆိုပစ်တင်ပြီးတော့ ပြီးသွားတာပဲ။ အဲဒီတော့ ဒီသေနတ်တွေက ဘယ်လိုမှသုံးလို့မရ အလိုလိုနေရင်းနဲ့ကို ပျက်စီးနေတာပေါ့ ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးတို့ ကပစစက်ရုံတွေကနေပြီးတော့ အဲဒီလိုမျိုးဖြစ်ပျက်ပြီးတော့မှ ထွက်ရှိလာတဲ့လက်နက်ခဲယမ်းတွေ နဲ့ ရှေ့တန်းမှာတိုက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းမှာတိုက်နေရတဲ့တပ်တွေက နောက်ကနေရောက်လာတဲ့ခဲယမ်းတွေ ဒီလိုတွေဖြစ်ပျက်ပြီးမှ ရောက် လာတယ်ဆိုတာ သူတို့က မသိကြဘူး။ အဲဒီတော့ မသိဘဲနဲ့ အဲဒါတွေနဲ့ တိုက်ပွဲဝင်နေတဲ့အခါမှာ ဘာတွေ ဖြစ်သံပျက်သံတွေ ကြားဖူးပါသလဲ ခင်ဗျ။ ကျနော်တို့ ကြားဖူးတာ တစ်ခုရှိပါတယ်။ မနှစ်ကတုန်းက ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်၊ ဖုန်ကြားဖူးကို လောက်ကိုင်မှာ ပြန်တိုက်တုန်းက တပ်မ (၃၃) ကိုယ့်ဘက်က တပ်တွေအပေါ်ကို နောက်ကနေပြီး ပစ်ကူပေးတဲ့ လက်နက်ကြီးကျည်တွေ အမြောက်ကျည်တွေကျလို့ တော်တော် များများ သေဆုံးသွားတယ်။ ဒါပေမယ့်လည်း အရေးယူခံရတဲ့အခါကျတော့ လောက်ကိုင်ဒကစမှူး (ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် (လောက် ကိုင်)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒကစ) ဗိုလ်မှူးချုပ်ဝင်းမောင်က အရေးယူခံရတယ်။ ထောင်အချခံရတယ် ဆိုတာမျိုး ကျနော်တို့ ကြားဖူးပါတယ်။ အဲဒီတော့ ဒါတွေက ခုနကလိုအဖြစ်အပျက်မျိုးတွေနဲ့ ဆက်စပ်မှုရှိပါသလား ခင်ဗျ။ နည်းနည်း ရှင်းပြပေးပါလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီကိစ္စတွေက အများကြီးဆက်စပ်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ စနစ်ကြီးတစ်ခုလုံးက ပျက် စီးနေတာကိုး။ စက်ရုံကထုတ်ကတည်းကိုက ဒီလက်နက်ပစ္စည်းတွေက အရည်အသွေး မပြည့်မှီဘူး။ နောက်ပြီးတော့ သိုလှောင်ထိန်းသိမ်းရေး တပ်တွေမှာလည်း စနစ်တကျသိုလှောင်ထိန်းသိမ်းထားခြင်း မရှိဘူး။ သယ်ယူပို့ဆောင်တဲ့နေရာမှာကော စနစ်တကျရှိသလားဆိုတော့ စနစ်တ ကျ မရှိဘူး။ ဘာလို့လဲဆိုတော့ အားလုံးက စေတနာမရှိဘူးလို ဖြစ်နေပါတယ်။ အဲဒီအခါကျတော့ ရှေ့တန်းကိုရောက်သွားတဲ့အခါမှာ ပစ်လိုက် တဲ့ ကိုယ့်ရဲ့ဗုံးသီးဟာ ကိုက်(၂၀၀၀)ကိုချိန်ပြီး ပစ်တဲ့အချိန်မှာ ကိုက်(၂၀၀၀)မရောက်ဘဲ ကိုက်(၁၂၀၀)လောက်နဲ့ လမ်းတစ်ဝက်မှာတင် ပြုတ်ကျ တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ကိုက်(၁၂၀၀)လောက်နဲ့ ပြုတ်ကျတာမျိုးတွေ ဖြစ်မယ်ဆိုရင် စစ်နည်းဗျူဟာအရဆိုရင် အမြောက်ကြီးနဲ့ ရန် သူကို ပစ်အားနဲ့ဖိထားတဲ့အချိန်မှာ ခြေလျင်တပ်တွေက ၀င်ပြီးလုံးရတဲ့ဟာ မျိုးကိုး။ အမြောက်ကြီး ပစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ခြေလျင်တပ်က ရန်သူရဲ့ခြံစည်းရိုးနားကို ရောက်နေရမယ်။ အဲဒီမှာ ကျနော်တို့ရဲ့ ဗုံးသီးက အဲဒီလိုမျိုး မသေချာတဲ့အပြင် ရောက်မယ့်လမ်းကြောင်းကလည်း မသေချာတဲ့အခါကျတော့ ကိုယ့်တပ်ဖွဲ့ခေါင်းပေါ် ပြန်ရောက်နိုင်တဲ့ပြဿနာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဖြစ်ခဲ့ဖူးတဲ့ နမူနာလေး တစ်ခု နှစ်ခု လောက်ပြောပြပါလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ စက်ရုံမှာတော့ ဘယ်လိုကြုံရသလဲဆိုတော့ အရည်အသွေးစစ်ဆေးရေးဌာနကဗိုလ်မှူးတစ်ယောက်ကတော့ 82 mm RPL ဆိုတဲ့ (၈၂)မမ နောက်ပွင့်ရိုင်ဖယ်ကို ပစ်စမ်းကြည့်တာ။ ပထမ တစ်လုံးပစ် မထွက်၊ နှစ်လုံးပစ် မထွက်၊ သုံးလုံးပစ် မထွက်တဲ့အခါ နောက် လေးလုံးမြောက်မှာ သူက ကြိုးနဲ့ trigger (မောင်းခလုတ်) ကိုဆွဲပြီးတော့ ပစ်စမ်းမယ်ဆိုပြီး စမ်းကြည့်ပါတယ်။ လူကိုယ်တိုင်ကတော့ ကတုတ်ကျင်းထဲဝင်ပြီး သေနတ်ကို ကြိုးနဲ့ဆွဲ ပစ်တာပေါ့။ ဒါပေမယ့် ဒုံးကျည်က ပြောင်းထဲမှာတင် ကွဲထွက်သွားတာပေါ့။ ဆိုလိုတာက ကျနော် တို့ ထုတ်တဲ့ပစ္စည်းတွေဟာ စက်ရုံပြင်ပတောင် မထွက်သေးဘူး။ အဲဒီမှာ အန္တရာယ်က ပေးနေပြီ။ ထိုနည်းတူပဲ ခြေလျင်တပ်တွေကနေ ကပစ ကို ပြန်ပြီးတော့feedbackတွေ ပြန်လာတာပေါ့။ သတင်းပြန်လာတာတွေ ရှိတယ်။ ပြန် ကြားရတာတွေ ရှိတယ်။ လွယ်တိုက်လျှံ SSA (ရှမ်းပြည် တပ်မတော်) တောင်ပိုင်းကို တိုက်တုန်းက၊ “၀” တပ်ကို ရှေ့က တက်ခိုင်းပြီးတော့ စစ်တပ်က နောက်ကနေ စိန်ပြောင်းနဲ့ ပစ်ကူပေးတော့ “၀” တပ်တွေပေါ်ကိုပဲ ကျနော်တို့ရဲ့ စိန်ပြောင်းဗုံးသီးတွေက ကျတာ ရှိတယ်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒါ ဘယ်နှစ်ခုနှစ်ကလဲ ခင်ဗျ။ အဲဒါ အခုလိုမျိုး UWSA (United Wa Solidarity Army ၀ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်) နဲ့ စစ်အစိုးရ၊ နယ်ခြားစောင့်တပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ မတက်ခင်ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါ ၂၀၀၂ ခုနှစ်လောက်ကဆိုတော့ တော်တော်ကြာသွားပါပြီ။ နောက်ပိုင်း သတင်းတွေကနေပဲ ပြန်ဖတ်ရတာ ပါ။ UWSA က (၄၀၀) လောက်ကျတယ်။ အဲဒီ (၄၀၀)လောက်ကျတယ် ဆိုတာကလည်း နောက်က ပစ်ကူပေးတဲ့ တပ်မတော်ကဗုံးသီးကြောင့်ပဲ သေတာ။ ထို့နည်းတူပါပဲ ပန်မိုင်စွန်တိုက်ပွဲတို့လို ဖြစ်စဉ်တွေ အားလုံးကို တပ်ခွဲမှူးသင်တန်းတို့ တပ်စုမှူးသင်တန်းတို့မှာ ပြန်သင်တာရှိတယ်။ အဲဒီလို review(ပြန်လည်သုံးသပ်မှု)ပြန်လုပ်တဲ့အခါကျတော့ ပြန်ကြားရတာလေးတွေ ရှိပါတယ်။ များသောအားဖြင့် တပ်မတော်သားတွေ အကျ အဆုံးများတာဟာ ကိုယ့်ကျည်နဲ့ကိုယ် သေတာ များပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါတွေ အပေါ်ပြန်သုံးသပ်ပြီး ကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတာမျိုး လုပ်လေ့လုပ်ထလည်း မရှိဘူး။ မကောင်းတဲ့သတင်းဆို ဟိုးအထက်ကိုမရောက်အောင် အကုန်လုံး အဆင့်ဆင့် အုပ်ထားကြမယ်ဆိုတဲ့ဟာနဲ့ သွားနေတာ ဆိုတော့၊ ဗိုလ်မှူးတို့ ဘယ်လောက်ထိ အဲဒါတွေရဲ့ ဒီ ဖြစ်ပျက်မှုတွေကို တိတိကျကျ သိရှိခဲ့ရပါသလဲ။ အထူးသဖြင့် ကိုယ်ကတာဝန်ရှိနေတဲ့လူ၊ ဒီပစ္စည်းတွေကို ထုတ် လုပ်နေတဲ့လူတွေ အနေနဲ့ပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုတော့ ဖြစ်စဉ်အားလုံးက အမှန်အတိုင်းပဲ လာပါ တယ်။ ကျန်တဲ့ တပ်ခွဲမှူး သင်တန်း တပ်စုမှူးသင်တန်းတွေမှာကတော့ သူတို့ ဒီတိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါလာခဲ့တဲ့ အရာရှိတွေကနေ စင်ပေါ်တက်ပြီး ကျနော်တို့ ကို ပြန်ရှင်းပြတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် သူတို့ စင်အောက်မှာ ပြောတော့တစ်မျိုး၊ စင်ပေါ်ရောက်သွားတော့ ပြောတာတစ်မျိုး ဖြစ်သွားတာ လေးတွေတော့ ရှိတာပေါ့။ ဒီ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက အရာရှိတွေအနေနဲ့ကတော့ ဒီဖြစ်စဉ်အမှန်ကို၊ ကျနော်တို့က မဖြစ်ခင်ကတည်း ကလည်း ကြိုသိပြီးသား။ ဖြစ်လာတော့လည်း ဘာမှ မထူးဆန်းဘူး။ ဒါ ဖြစ်မှာပဲဆိုတာ သိနေတဲ့ သဘောပါပဲ။ ကျနော်တို့ အတွက်ကတော့။

ဦးရော်နီညိမ်း။ ။ ဒီလို အမှားကြီးနဲ့ သွားနေတာတွေကို၊ အကုန်လုံးက ဒီအမှားလောကကြီးထဲမှာ ဒါက ရိုးနေတဲ့ အတွက်ကြောင့်မို့လို့၊ အမှားအတိုင်း သွားနေတာက ဘာမှပြဿနာ မရှိဘဲနဲ့ ထမင်းစားရေသောက် ကိစ္စမျိုးပဲ သွားနေကြတယ် ဆိုတဲ့ ပုံစံမျိုးလား ခင်ဗျ။ ဒီလောက် အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လောကမှာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဖြစ်နေတာကတော့ အမှားက အမှန် ဖြစ်နေပြီဗျ။ အများ မိုးခါးရေသောက် ငါလည်း သောက်ရမယ် ဆိုတဲ့လူတွေ က သူတို့အတွက် မိုးခါးရေဆိုတာ မိုးခါးရေမဟုတ်တော့ဘဲနဲ့၊ မိုးချိုရေ ဖြစ်နေတယ်ဗျ။ အမှားတွေက အမှန်ဖြစ်နေပြီးတော့၊ အမှန်တွေက အမှား ဖြစ်နေတာကတော့ လက်ရှိ ကျနော်တို့ရဲ့ တပ်မတော် ပါပဲ။

ဦးရော်နီညိမ်း။ ။ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင်နီယာအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ပြောစကား နောက်ဆုံးအပိုင်းကိုတော့ ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/


မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)   

 

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂)

မြန်မာ့အထူးစီးပွားရေးဇုံ



By ဦးအောင်ခင် & မညိုညိုလွင် သောကြာ, 24 ဒီဇင်ဘာ 2010

ထားဝယ်ရေနက်ဆိပ်ကမ်းအနီးမှာ ဧကတသိန်းခွဲကျယ်တဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ထိုင်း-အီတလီကုမ္မဏီနဲ့ မြန်မာဆိပ်ကမ်း အာဏာပိုင်တို့ နိုဝင်ဘာလ အစောပိုင်းက လက်မှတ်ထိုးလိုက်ကြပါတယ်။ ဒေါ်လာသန်းပေါင်း၊ တသောင်းသုံးထောင်ကျော်ကုန်ကျမယ့် (၁၀) နှစ် စီမံကိန်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့ အနီးက စက်မှုဇုန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေစည်းကမ်းတွေ တင်းကျပ်လာတဲ့အတွက် ဂျပန်ကုမ္မဏီ အပါအဝင် လုပ်ငန်းရှင်တော်တော်များများဟာ ထားဝယ်ကိုပြောင်းဖို့ စိတ်ထက်သန်နေကြတာလို့ ဆိုပါတယ်။ မြန်မာသစ်ကုမ္မဏီ (၂) ခုဟာ ထားဝယ်မြို့ နယ်မှာ မြေဧက (၂၀၀၀) ကျော်ကို လျှော်ကြေးမပေးပဲ သိမ်းပိုက်ထားတယ်လို့ ဒီဇင်ဘာ (၁၅) ရက် ဧရာဝတီသတင်းက ဆိုပါတယ်။

အထူးစီးပွားရေးဇုံမှာ စက်မှုလုပ်ငန်းနယ်မြေ၊ အကောက်ခွန် ကင်းလွတ်တဲ့နယ်မြေ၊ ပို့ကုန်ထုတ်တဲ့ဒေသစတဲ့ လုပ်ငန်းနယ်မြေအမျိုးမျိုး ပါဝင်လာပါတယ်။ ၁၉၆၉ က ထိုင်ဝမ်မှာ ပထမဆုံး အထူးစီးပွားရေးဇုန် ဖွင့်ပြီးကတည်းက အာရှမှာ ခေတ်စားလာတာမို့ သက်တမ်း (၄၅) နှစ် ရှိနေပါပြီ။ နောက်တော့ အာဆီယံနဲ့ တရုတ်ကပါ အထူးစီးပွားရေးဇုန် သတ်မှတ်ပြီး နိုင်ငံခြား အရင်းအနှီး ဖိတ်ခေါ်တာကြောင့် တိုးတက်ဖွံ့ဖြိုးလာတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အထူးစီးပွားရေးဇုန်ကို လူကြိုက်များလာတာပါ။

မြန်မာနဲ့သင့်လျော်တဲ့ အထူးစီးပွားရေးဇုန် (၃) ခုကို ဂျပန်ပညာရှင်၊ မာစာမီအီရှီဒါ က ၂၀၀၉ ခုနှစ်က စာတမ်းရေးထားပါတယ်။ ရန်ကုန်နဲ့ သီလဝါကို ပထမ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပါတယ်။ လူနေထူထပ်တာမို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရင် ဖွံ့ဖြိုးလိမ့်မယ်လို့ ဆိုပါတယ်။ သီလဝါ ရေနက်ဆိပ်ကမ်းကို တရုတ်ကျွမ်းကျင်သူတွေက ပုံစံဆွဲပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သံလျင်ကျောက်တန်းကို အထူးစီးပွားရေါ် နယ်မြေလုပ်ရင်လည်း သီလဝါဟာ အရေးပါလာပါလိမ့်မယ်။ ဒုတိယ အထူးစီးပွားရေးဇုန်က မော်လမြိုင် ထားဝယ်ဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းကိုသွားတဲ့ ကားလမ်းရှိတာကြောင့် အလားအလာကောင်းပါတယ်။ ဒီ စီးပွားရေါ်ဇုန်ထဲမှာ မြိတ်ကိုပါ ထည့်သွင်းနိုင်ပါတယ်။ တတိယ အထူးစီးပွားရေးဇုန်ကတော့ မန္တလေးစစ်ကိုင်း ဖြစ်ပါတယ်။ ဗမာစစ်အစိုးရကတော့ မြဝတီ၊ ဖားအံ့၊ ကျောက်ဖြူ နဲ့ ပြင်ဦးလွင်ကိုပါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်တိုင်း တိုးတက်ဖွံ့ဖြိုးတာ မဟုတ်ပါဘူး။ ဆက်သွယ်ရေး ညံ့ဖျင်းမှု၊ အကျိုးအမြတ်ရဖို့ မသေချာမှု၊ လုပ်နည်းလုပ်ထုံး ရှုပ်ထွေးကြန့်ကြာမှု၊ တရားမဝင်တဲ့ လုပ်ငန်းလုပ်ကိုင်မှု၊ လာဘ်ပေးလာဘ်ယူ များပြားမှု စတာတွေကြောင့် ရည်ရွယ်ချက် မအောင်မြင်တဲ့ အထူးစီးပွားရေးဇုံတွေလည်းရှိကြောင်း သြဂုတ်လထုတ် အေဒီဘီ - အာရှဖွံ့ဖြိုးရေးဘဏ် သုတေသနဌာနစာတမ်း အမှတ် (၂၃၇) မှာ ပါမောက္ခ Peter Rimmer နဲ့ Howard Dick တို့က သုံးသပ်ထားပါတယ်။ မြဝတီ-မဲဆောက် လို နယ်စပ်အထူးစီးပွားရေးဇုန်မှာ မှောင်ခိုလုပ်ငန်း၊ ဥပဒေမဲ့ ဝင်ရောက်မှု၊ သစ်ခိုးထုတ်မှု စတာတွေလုပ်နေလို့ စီးပွားရေး တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့ ဆိုပါတယ်။ မြန်မာဒုက္ခသည်တွေ ထိုင်းနိုင်ငံမှာ တရားမဝင်တဲ့လုပ်ငန်းကို မြန်မာဘက်မှာ လာလုပ်နိုင်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း တိုးတက်လာရင် ဒီလိုလုပ်ငန်းမျိုးတွေ နည်းပါသွားနိုင်ပါတယ်။

အထူးစီးပွားရေးဇုန်ကိုချည်း အာရုံစိုက်နေပြီး ဒီဇုန်နဲ့ ဆက်စပ်နေတဲ့ မြို့ ကြီးရဲ့  အခြေခံ အဆောက်အအုံတွေ ယိုယွင်းပျက်စီးနေတာကို သတိမထားမိကြဘူးလို့ ဆိုပါတယ်။ အခြေခံ အဆောက်အအုံ ညံ့ဖျင်းတာကြောင့် မြို့ တွင်းမြို့ ပြင် သယ်ယူပို့ဆောင်ရေးဟာ အမြဲတမ်း နှောင့်နှေးပြီး မြောင်းပိတ်ပြီး ရေလျှံမှု၊ ရေသန့်မလုံလောက်မှု စတဲ့ ပြဿနာတွေကို ရန်ကုန်၊ ဘန်ကောက် နဲ့ ဂျကာတား လို မြို့ ကြီးတွေမှာ တွေ့နိုင်ပါတယ်။ ဒီမြို့ ကြီးတွေဟာ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းကိုဝင်တဲံ ဂိတ်စခန်းတွေဖြစ်တဲ့အတွက် အမြဲတမ်း ကမ္ဘာ့အဆင့်အတန်းမိတဲ့ အခြေခံ အဆောက်အအုံရှိဖို့ လိုပါတယ်။

အခြေခံ အဆောက်အအုံဟာ တမြို့ နဲ့တမြို့  ကွာခြားပါတယ်။ ဥပမာ စင်္ကာပူ၊ ဟောင်ကောင် နဲ့ ရှန်ဟိုင်းက အခြေခံ အဆောက်အအုံဟာ ဂျကာတား၊ မနီလာ၊ ဟိုချီမင်းမြို့ တွေထက် ကောင်းမွန်နေတာ တွေ့ရပါတယ်။ အကြောင်းကတော့ စင်္ကာပူနဲ့ ဟောင်ကောင်ဟာ အခြေခံ အဆောက်အအုံမှာ ငွေရင်းမြုပ်နှံနိုင်လို့ပါ။ အခြားမြို့ တွေမှာတော့ အရင်းအနှီး အားနည်းနေပြီး အစိုးရကလည်း အခြေခံ အဆောက်အအုံမှာ မရင်းနှီးချင်ကြပါဘူး။ သီလဝါ ဆိပ်ကမ်းက ကမ္ဘာ့အဆင့်မီပေမယ့် အနည်းနားက ရန်ကုန်မြို့ ဟာ စုတ်ပြတ်နေရင် အထူးစီးပွားရေးဇုန် တည်ထောင်ရကျိုးနပ်မှာ မဟုတ်ပါဘူး။

တရုတ်ပြည်မှာ အထူးစီးပွားရေးဇုန်တွေ ဖွင့်လှစ်လို့ အလွန်အောင်မြင်တာကို အားကျနေပြီး လိုက်လုပ်နေကြတာ ဖြစ်ပါတယ်။ အိန္ဒိယမှာလည်း အထူးစီးပွားရေးဇုန် (၄၀၀) ကျော် ဖွင့်လှစ်ဖို့ ခွင့်ပြုထားတဲ့အတွက် ကမ္ဘာပေါ်မှာ အထူးစီးပွားရေးဇုန် အများဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မှာ အောင်မြင်သလို အခြားနိုင်ငံတွေမှာလည်း အောင်မြင်လိမ့်မယ်လို့ မပြောနိုင်ပါဘူး။ အထူး စီးပွားရေးဇုန် တည်ထောင်တဲ့အတွက် နစ်နာဆုံးရှုံးသူတွေ ရှိပါတယ်။ ဒါကြောင့် အထူးစီးပွားရေးဇုန် တည်ထောင်လို့ ရရှိတဲ့ အကျိုးအမြတ်ဟာ ဆုံးရှုံးနစ်နာမှုတွေကို ကာမိဖို့လိုကြောင်း သုံးသပ်ကြပါတယ်။
http://www.voanews.com/burmese/

သမိုင်းတကွေ့မှ သခင်သန်းထွန်း


သခင်သန်းထွန်းသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း  ၆၀ ကျော်က ထင်ရှားခဲ့သည့် နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်ခဲ့ပေသည်။

အထူးသဖြင့် လွန်ခဲ့သော ၅၃ နှစ် အတွင်း သခင်သန်းထွန်းသည် “ဗမာပြည် ကွန်မြူနစ် ပါတီ”၏ ခေါင်းဆောင်ကြီး တဦး အဖြစ် ထင်ပေါ်ကျော်ကြား ခဲ့လေသည်။ သခင်သန်းထွန်း၏ နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင် သာမက ကမ္ဘာ့ ကွန်မြူနစ် လောကတွင်လည်း ကြားသိဖူးကြသည်။

Bo-Than-Tun
၁၉၅၂ ခုနှစ် ပခုက္ကူခရိုင် ပုံတောင်ပုံညာ ဒေသတွင် သုံးပါတီ ညီညွတ်ရေး ပြုလုပ်ခဲ့စဉ်က တွေ့ရသည့် ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) (၀ဲ)၊ သခင်သန်းထွန်း (ဗမာပြည် ကွန်မြူနစ်ပါတီ) (အလယ်)၊ သခင်စိုး (ကွန်မြူနစ်ပါတီ-ဗမာပြည်) (ယာ)။ (ဓာတ်ပုံ - ပြည်သူ့အာဏာ ဂျာနယ်)
သခင် သန်းထွန်းသည် နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့သူ ဖြစ်သည်။ မြန်မာ့ တော်လှန်ရေး သမိုင်း အဆက်ဆက် တွင်လည်း သခင် သန်းထွန်းသည် ရှေ့တန်းက ပါဝင်ခဲ့သည်သာ များသည်။

တို့ဗမာ အစည်းအရုံး ခေါင်းဆောင် တဦးအဖြစ်သာမက ၁၃၀ဝ ပြည့် ရေနံမြေ အလုပ်သမား အရေးနှင့် ကျောင်းသား အရေးတော်ပုံ တို့တွင် ဦးဆောင်မှုအပိုင်းမှ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သကဲ့သို့ တောင်သူ လယ်သမားများ၏ အရေး ကို လည်း ရှေ့ဆောင် လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြောက်ကျား စစ်ပွဲတွင်လည်း ဇွဲကောင်းကောင်းဖြင့် ဦးစီးပါဝင်ခဲ့သူ ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလှုပ်ရှားမှုနှင့် ကွန်မြူနစ် အင်အားစုကို စည်းရုံး ရှေ့ဆောင်ခဲ့သူမှာလည်း သခင်သန်းထွန်းပင် ဖြစ်သည်။

ဆရာကြီး ဒဂုန်တာရာက “ရုပ်ပုံလွှာ” စာအုပ်တွင် သခင်သန်းထွန်းအား ဤသို့မှတ်တမ်းတင် ရေးဖွဲ့ထားသည်။

“သခင်သန်းထွန်းကို လူချင်းမသိမီကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဗဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျနော့်ကို ပြောပြ၏။

ထိုအခါက ကိုဗဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြ သော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။

“သခင်သန်းထွန်းဆိုတာ တော်တော်စာဖတ်တယ်ဗျ။ မာ့က်စ် စာပေကိုလည်း အတော်ဖတ်တယ်။ စာရေးလည်း ကောင်း တယ်”ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဗဟိန်း ကျနော့်ကို ပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စတဦးပဲ ဟုသာ အောက်မေ့လိုက်၏။

တနေ့တွင် ကိုဗဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဗဟိန်းက ကျနော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

“သြ ... သြ ...ခင်ဗျားအကြောင်းကိုလည်း ကိုဗဟိန်းက ခဏခဏ ပြောပါတယ်ဗျာ”ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။

သူသည် မန္တလေးပိုး အပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး၊ အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသား က ဝါလဲ့လဲ့။ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်းဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏၊ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာပြော၏။

အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူမဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်။ ကဗျာဆရာ မီလ်တန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္တု၊ ဗြိတိသျှပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံ မောင်ဝ ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။

နောင်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း သိရသည်။ ကျောင်းနေစဉ်က စာတော်သူတဦးဖြစ်ခဲ့၏။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်းတစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီးဖြစ်စဉ် သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ နောင် ဖဆပလ ခေတ် ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သူ ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာရေးတာ မြန် သလောက် ကောင်းတာပါပဲ' ဟု ချီကျူးသည်ကို ကြားရဖူး၏။ ၁၉၃၉ က တို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်များအဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက်အရ  အိန္ဒိယပြည် ရမ်းဂါး သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂ များက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏဖိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကိုလေးစားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး ညာဝါးဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့်ဖြစ်သည်”ဟူ၍ ရေးသားထားလေသည်။

သခင်သန်းထွန်းသည် မြန်မာလိုရော အင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ။ ဘာသာပြန်စာပေများရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံ အမည်ရှိ ကွန်မြူနစ်ပါတီ ဂျာနယ် ကို လည်း လျှို့ဝှက် ထုတ်ဝေခဲ့သည်။

သို့ကလို ထူးချွန်ထက်မြက်၍ နိုင်ငံရေးသမိုင်းအစဉ်အလာ ကြီးမားခဲ့သော သခင်သန်းထွန်းကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် တောင်ငူခရိုင် ကညွတ်ကွင်းမြို့ အဘ ဦးဘိုးမောင်၊ အမိ ဒေါ်အေးကြူတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ဦး အနက် တတိယမြောက်ဖြစ်သည်။ သူ့အထက် အစ်ကိုတို့မှာ ဦးတင်(သာယာဝတီထောင်မှူးဟောင်း)၊ ဦးညီပုတို့ဖြစ်ပြီး သူ့အောက် ညီနှင့် ညီမတို့မှာ မစိမ်းညို၊ ကိုညီလေး၊ မစိမ်းချို (မမြဝင်း) တို့ဖြစ်ကြသည်၊

သခင်သန်းထွန်းသည် ပျဉ်းမနားမြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းမှ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း)ကို အင်္ဂလိပ်စာ၊ ရာဇဝင်၊ မြန်မာတို့ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်မြို့ ဆရာဖြစ်သင် ကောလိပ်တွင် ပညာ ဆက်လက် သင်ကြားခဲ့သည်။ ဆရာအတတ်သင်ကျောင်းမှ ဆင်းပြီးနောက် ရန်ကုန်မြို့ကန်တော်ကလေးရပ်ရှိ ဘားမား မွတ်စလင် အထက်တန်းကျောင်း(ယခု အထက(၆)မင်္ဂလာတောင်ညွန့်မြို့နယ်) တွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့ လေသည်။

ကိုလိုနီခေတ်မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ သည်။ ထို့နောက် ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သခင်နု၊ ဦးထွန်းအေး၊ ဦးအုန်းခင်တို့နှင့်အတူ နဂါးနီ စာအုပ် အသင်း တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။

ထို့နောက် တို့ဗမာအစည်းအရုံးတွင်လည်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄၀ ပြည့်နှစ်မတ်လ၂၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့(Ramgarh)တွင် ကျင်းပသည့် အိန္ဒိယ ကွန်ဂရက်ပါတီ ညီလာခံသို့ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်း၊ သခင်တင်မောင်၊ သခင်အုန်းမြင့်(တိုးတက်ရေး)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင် ဆင်ဂူပတား တို့နှင့်အတူ တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာပြည်သို့ရောက်ရှိလာသော မာ့က်စ်ဝါဒ စာအုပ်များကိုဖတ်ရှုကာ ကွန်မြူနစ် ဝါဒကို  စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပါဝင်လှုပ်ရှားခဲ့လေသည်၊

၁၉၄၀ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်း သခင်သန်းထွန်းသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့လေ  သည်။ ၁၉၄၂-၄၄ ဂျပန်ခေတ်တွင် သခင်သန်းထွန်းသည် မြန်မာနိုင်ငံ အုပ်ချုပ်ရေး အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေး တာဝန်ခံအဖြစ် လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး ပြင်ဆင်မှုကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အစိုးရ အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဖဆပလ အဖွဲ့ကြီးကို စတင်ဖွဲ့စည်းသောအခါ အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ဖက်ဆစ် တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဌဖြစ်လာသည်၊ ယင်းနှစ်တွင် မြောင်းမြမြို့နေ ဦးဖိုးညှင်း ဒေါ်ဖွားစုတို့၏ သားသမီးကိုးယောက်အနက် ပဉ္စမမြောက်သမီး မခင်ကြီး(ဗိုလ်ချုပ်အောင်ဆန်း ကတော် ဒေါ်ခင်ကြည် ၏ အစ်မ)နှင့် ထိမ်းမြား၍ သမီး ခင်မမ၊ သား မောင်ထွန်းအောင်၊ မောင်ထွန်းဝင်းတို့ ထွန်းကားခဲ့သည်။ ဒေါ်ခင်ကြီးသည် သခင်သန်းထွန်း ထက် အသက် ၂ နှစ်ကြီးသည်။

ထို့နောက် ၁၉၄၆ ခုနှစ်တွင် သခင်သန်းထွန်းသည် ဖဆပလအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံရလေသည်၊ ၁၉၄၆ အောက်တိုဘာလ ၁၀ရက်နေ့တွင် သခင်သန်းထွန်းတို့ ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ သည် ဖဆပလ အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းခံရသည်။ ၁၉၄၈ မတ်လ၂၈ တွင်သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီသည် အစိုးရကို တော်လှန်ပုန်ကန်ကာ တောခိုခဲ့သည်၊ ယင်းနောက် မြေအောက်ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဥက္ကဌအဖြစ် နှစ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့သည်။

၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ်၂၀ အချိန်တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်း ပဲခူးရိုးမ အရှေ့စောင်း ကျောက်ချောင်းကမ်းပါးရှိ တောင်ကြောလေးပေါ်တွင် အခင်းသွားနေစဉ် ကြုံတိတ် ခေါ် လုံတိတ် ခေါ် ရဲဘော် မြကြီး ဆိုသူက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံသောကြောင့် သခင်သန်းထွန်း သည် ကျဆုံးသွားခဲ့ရပေသည်။

သခင်သန်းထွန်အား ရဲဘော်မြကြီး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ပုံကို ၁၉၆၈ နိုဝင်ဘာ၂၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံလွှင့်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင် ပဲခူးရိုးမ တိုင်းဥက္ကဌ ဗိုလ်မှူးမြခေါ် ရဲဘော်မြသည် သတင်းစာဆရာများအား အောက်ပါအတိုင်းပြောပြခဲ့သည်။

“လွန်ခဲ့သည့်စက်တင်ဘာ ၂၄ ရက်နေ့က မိမိတို့သည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ရိုးမ တောင်စွယ် တွင် ဗဟိုစခန်းချခဲ့ကြသည်။ ထိုနေ့ညနေ ၅ နာရီကျော်ခန့်တွင် ဥက္ကဌ သခင်သန်းထွန်းသည် အခင်းကြီးစွန့်ရန်တောင် ခြေသို့ ဆင်းသွားပြီး မကြာမီတွင် သေနတ်သံတချက် ကြားရသည်။ သေနတ်သံကြားရ၍ မိမိက လှမ်းအကြည့်တွင် လုံချည်ကို လက် နှစ်ဘက်ဖြင့်မကာ တောင်ခြေမှ ဗဟိုစခန်းပေါ်သို့ ပြေးတက်လာပြီး ဘယ်သူက ပစ်လိုက်တယ်မသိဘူးဟု တခွန်းသာပြောနိုင်သည်။ မိမိက သေနတ်သံလာရာကို လိုက်ကြည့်ပြီး ပြန်အလာတွင် သခင်သန်းထွန်း လဲနေသည်ကို တွေ့ရသည်။ ၅ မိနစ် အကြာတွင် သေဆုံးသွားသည်။ ဗကပ ဆေးမှူး ကိုလှမောင်၏ စစ်ဆေးချက်အရ သေနတ်ကျည်ဆန်သည် ဘယ်နံစောင်းမှ ဝင်ကာ ညာဘက်နို့အုံမှ ပေါက်သွားပြီး နှလုံးထက်မှ သွေးကြောမကြီး ပြတ်သွားသည်ဟု သိရသည်။ ဆေးလုံးဝ ကုသချိန်မရဘဲ ၅ မိနစ် အတွင်း သေဆုံးသွားသည်။ ထိုညမှာပင် ဗကပ ဗဟိုစခန်းကို နေရာပြောင်းရွှေ့ကာ တရက်ခရီးသွားအပြီး သခင် သန်းထွန်း၏ အလောင်းကို လျှို့ဝှက်စွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း” စသည်ဖြင့် ပြောကြားသွားသည်။

သခင်သန်းထွန်း အလောင်းမြှပ်နှံရာနေရာကို တပ်မတော်ကတွေ့ရှိခဲ့ပုံကို တပ်မတော်ထောက်လှမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တင်ဦး(နောင် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦး)က ပြောကြား ရာ တွင် “သခင် သန်းထွန်းအား သေနတ်ဖြင့်ပစ်ခဲ့သူ မောင်မြကြီး ပြောကြားချက်ကို မိမိတို့စစ်ဆေးရန်အတွက် မိမိသည် တပ်မတော် ထောက်လှမ်းရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တပ်မ ၇၇ မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သခင်သန်းထွန်း လုပ်ကြံ ခံရသည့်နေရာသို့ သွားရောက်ခဲ့ကြကြောင်း၊ ထိုနေရာတွင် ဗကပ များသည် စခန်းကို ဗြုန်းစားကြီး ပြောင်းရွှေ့ခဲ့၍ ပလတ်စတစ် အမိုးစများ ဝါးတိုင် များတွင် စုတ်ပြတ်ကျန်ရစ်ခဲ့သည်ကို လည်းကောင်း၊ သခင်သန်းထွန်း အလောင်းသယ်ယူရာတွင် အသုံးပြုရန်အတွက် ခုတ်ယူသွားသည့် ဝါးငုတ်တိုတို့ကိုလည်းကောင်း၊ ထိုးဆေးပုလင်းများ၊ သွေးစသွေးနများ တွေ့ရှိခဲ့ရကြောင်း၊ ထို့အပြင် မောင်မြကြီး၏ သေနတ်ကို စီအိုင်ဒီ(ရဲမှုခင်းတပ်ဖွဲ့)သို့ ပို့၍ စစ်ဆေးခြင်း၊ သခင်သန်းထွန်း လဲကျသည့်နေရာမှ သွေးစများကို ဒေါက်တာ မောင်မောင်တိတ် အား ဓာတ်ခွဲကြည့်စေခြင်းများပြုလုပ်ခဲ့သည်။ သခင်သန်းထွန်း အား မြှပ်နှံထားသည့်နေရာကို နိုဝင်ဘာလ၂၀ ရက် နေ့မှစ၍ နေ့စဉ်ရက်ဆက် ရှာဖွေခဲ့ရာ နိုဝင်ဘာ၂၃ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ဦးမြ(ရဲဘော်မြ)၏ လမ်းညွှန်မှုဖြင့် တွေ့ရှိခဲ့သည်။ သခင်သန်းထွန်း၏ ရုပ်အလောင်းသည် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပြီး မြှပ်နှံခဲ့သည့်အတွက် ညာဘက် လက်မောင်းပင် အသားများယောင်ယမ်းနေသည်ကို တွေ့ရသည်။ ယင်ကောင် များမအုံမီ ဓာတ်ပုံများ ရိုက်ယူပြီး သခင်သန်းထွန်း၏အလောင်းကို တူးဖော်တွေ့ရှိသည့် နေရာမှာပင် ကောင်းမွန်စွာ သင်္ဂြိုဟ် လိုက်ကြောင်း”စသည်ဖြင့် ပြောကြားသွားသည်၊

သခင်သန်းထွန်း ကျဆုံးသွားသောအခါ ဇနီး ဒေါ်ခင်ကြီးနှင့် သမီးတယောက် သားနှစ်ယောက် ကျန်ရစ်ခဲ့လေသည်။ သခင် သန်းထွန်း၏ဇနီး ဒေါ်ခင်ကြီး ၉၂ နှစ်သည် ၂၀ဝ၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ် ရိပ်သာ လမ်း ခြံအမှတ် ၅၄ နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်၊

စာကိုး -
(က) မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃။ စာ ၁၃၇-၁၄၈
(ခ) သခင် သန်းထွန်း၏ နောက်ဆုံးနေ့များ
(ဂ) ရှေ့သို့စာစောင် အတွဲ ၁၄ အမှတ်၂ (၁၅-၁၂-၆၈)
(ဃ) Who’s who in Burma, pp193
(င) သခင် သန်းထွန်း၏သမီး ဒေါ်ခင်မမ(ခင်ခင်သန်း) ပြောပြချက် (၁၆-၃-ဝ၉)

(သန်းဝင်းလှိုင်သည် သမိုင်းဆိုင်ရာ စာပေများကို ရေးသားနေသူဖြစ်ပြီး စစ်အစိုးရ ဖိအားပေးမှုများကြောင့် မကြာသေးမီက ပြည်ပသို့ရောက်ရှိလာသူဖြစ်သည်။)

http://irrawaddy.org/bur/index.php/articles/2-articles/5343-2010-12-25-06-08-22

ဈေးရွှေ့ပြောင်းမှု နေရာ မလုံလောက်၍ ဆန္ဒပြသူများကို ဖမ်းဆီး


ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးမှ ဆိုင်များအား လှိုင်မြို့နယ်၊ ပိတောက်ချောင်း ရပ်ကွက်ရှိ ဈေးသစ်သို့ ရွှေ့ပြောင်းခိုင်း သော်လည်း ဆိုင်နေရာ မလုံလောက် သောကြောင့် ဈေးသူဈေးသားများ ယမန်နေ့က ကန့်ကွက်ဆန္ဒပြရာ ၅ ဦးအဖမ်းခံရကြောင်း သတင်းရရှိသည်။

Thiri-Mingalar
ယခုနှစ် နိုဝင်ဘာလ အစောပိုင်းက တွေ့ရသော သီရိမင်္ဂလာဈေး။ (ဓာတ်ပုံ - Popular News)
သီရိမင်္ဂလာ ဈေးဟောင်းမှ ဆိုင်ခန်းပေါင်း ၁၀၀၀ ခန့်အား နေရာသစ်တွင် ဆိုင်ခန်းသစ် ချမပေးနိုင်ဘဲ အမိုးအကာ မရှိသည့်  ကွင်းပြင်ထဲတွင် ရောင်းချခိုင်း သောကြောင့် ဈေးသူဈေးသားများက မရောင်းချနိုင်ဟု ဆန္ဒပြခြင်း ဖြစ်ကြောင်း ကုန်စိမ်းဒိုင်တဦးက ပြောသည်။

“ဒီအတိုင်း ဆိုရင်တော့ မရောင်းနိုင်ဘူး။ အမိုးအကာမရှိဘူး။ ပိုက်ဆံလည်း သွင်းထားပြီးသား။ အဲဒါကို မတရားလုပ်တာ။ သည်းမခံနိုင်တော့ဘူး။ ဒီနေ့ ဖွင့်ပွဲရှိတော့ လူကြီးလာတဲ့အထိ စောင့်ပြောမယ် ဆိုပြီး ဈေးသားတွေ သွားစောင့်နေတာ” ဟု ဆိုင်ခန်းနေရာ ပြန်လည်မရရှိသူ ကုန်စိမ်းဒိုင်တဦးက ပြောသည်။

လက်ရှိ ဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ခန့်အတွက်သာ နေရာရှိပြီး သီရိမင်္ဂလာ ဈေးဟောင်းမှ ပြောင်းရွှေ့ရသော ဈေးဆိုင်ခန်းပေါင်းမှာ ၃၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ဆိုင်ခန်းအားလုံး အတွက် နေရာပေးနိုင်ခြင်း မရှိသောကြောင့် ဈေးအနောက်ဘက် အမိုးအကာမရှိသော မြေကွက်လပ်တွင် ဈေးရောင်းခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျမတို့ ဒီကွင်းထဲမှာ အမိုးအကာမရှိဘဲ ဘယ်လို ဈေးရောင်းရမလဲ။ ဒါပေမယ့် ကွင်းထဲမှာပဲ ရောင်းခိုင်းတယ်။ ဘယ်တော့ ဆိုင်နေရာ ဆောက်ပေးမယ်ဆိုတာလည်း မပြောနိုင်ဘူး။ မတရားသိပ်လုပ်ကြတယ်” ဟု ကုန်စိမ်းလက်ခွဲဒိုင်တဦးက ပြောသည်။

ဈေးရုံအတွင်း ယနေ့ဖွင့်ပွဲကျင်းပရာသို့ လာရောက်မည့် တာဝန်ရှိသူအား ပြောကြားမည်ဟုဆိုကာ မထတမ်း ဆန္ဒပြနေသူများထဲမှ ၅ ဦးအား လှိုင်မြို့နယ် ရဲများက နေ့လည် ၁ နာရီ ၀န်းကျင်တွင် လာရောက်ခေါ်ထုတ်သွားကြောင်း၊ ထို့နောက် လုံထိန်းများ၊ ရဲများ ထပ်မံရောက်ရှိလာပြီး ဈေးဝန်းအတွင်းမှ ဈေးသူဈေးသားများနှင့် ဈေးဝယ်များကို မောင်းထုတ်ကာ ဈေးအတွင်း လုံခြုံရေးချထားကြောင်း သိရှိရသည်။

သီရိမင်္ဂလာဈေးဟောင်းမှ ဈေးနေရာသစ်သို့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဈေးသစ်တည်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညနေ ၃ နာရီဝန်းကျင်တွင် ဈေးဖွင့်ပွဲပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကုန်စည်ဒိုင်ကြီး တချို့သာလျှင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

“၂ နာရီကတည်းက ဈေးထဲကလူတွေ အကုန်မောင်းထုတ်လိုက်တာ။ အားလုံးကိုလည်း ပြောတယ်။ ဒီကိစ္စကို ထပ်ပြောတဲ့သူ ငွေဒဏ်အပြင် ထောင်ဒဏ် ၆ လလို့လည်း ပြောလိုက်တယ်” ဟု ကုန်စိမ်းဒိုင်ပိုင်ရှင်တဦးက ပြောသည်။

သီရိမင်္ဂလာဈေးသည် အများအားဖြင့် ၂၄ ရီ လည်ပတ်နေသော ဈေးကြီး တခုဖြစ်ပြီး ရန်ကုန်မြို့အတွက် ကုန်စိမ်းများ၊ ရာသီစာ သီးနှံများ၊ ပန်းများ၊ ကုန်ခြောက်များ လက်လီလက်ကား အဓိက ဖြန့်ဖြူးရာ ဈေးကြီးတခုဖြစ်သည်။
http://irrawaddy.org/bur/index.php/news/5349-2010-12-25-07-50-38

အကယ်ဒမီပန်းဖြူ၏ နောက်ဆက်တွဲ သတင်း

http://www.irrawaddyblog.com/2010/12/blog-post_25.html
  အီးမေးနဲ့  ရောက်လာတဲ့ စာတစောင်ပါ။ ဘယ်သူရေးမှန်း မသိရ။ ဖတ်လိုသူများအတွက် ဧရာဝတီ ဘလော့တွင် တင်ပေးလိုက်သည်


  ဆက်စပ် ဆောင်းပါး - (ပုဒ်မ ၄၁၇ နှင့် နစ်နာနေရသော အမျိုးသမီးများ )


အကယ်ဒမီ ပန်းဖြူ၏နောက်ဆက်တွဲ အမှု့အခြေအနေနှင့် ဇော်ဝင်းရှိန်၏ ပေးကမ်းမှုစာရင်း အနည်းငယ်။ ။

၁၉.၃.၂၀၀၉ နေ့မှ စတင်ကာ စွဲဆိုခဲ့သော မင်းသမီးပန်းဖြူ၏ အမှုကိစ္စသည် ယခုအခါ ဗဟိုတရားရုံးသို့ ရောက်ရှိသွားပြီဟု ကြားသိရသည်။ တရားခံကိုဇော်ဝင်းရှိန်(MD.ဧရာဟင်္သာ ကုမဏီ)ဘက်မှ အဆင့်ဆင့် အနိုင်ရရှိရန်ပေးကမ်းသည့် စာရင်းများမှာ -

၁။ တာမွေမြို့နယ်တရားသူကြီးအား အာမခံပေးရမည့် အမှုဖြစ်သော်လည်း ၎င်းက ငွေသုံးနိုင်ပါသည်ဟု သိစေရန်အတွက် ဟုဆိုကာ ၂၂.၅.၂၀၀၉တွင် အာမခံပေးရန်အတွက် ကန်တော့ငွေ ၁၀သိန်း။

၂။ ယခင်အရှေ့ပိုင်းခရိုင် တရားသူကြီးဦးအောင်ကြည်အား ကင်းလွတ်ခွင့်ပေးရန် အတွက် သိန်း ၃၀။

၃။ အရှေ့ပိုင်းခရိုင်မှ ၀န်ထမ်းစာရေး ဦးမြတ်ကို အား မုန့်ဖိုး ၅သိန်း။

၎။ စွဲချက်မတင်ဘဲ လွှတ်ပေးရန်အတွက် မြို့နယ်တရားသူကြီး ဒေါ်ခင်ခင်ဆွေအား ထပ်မံ၍ သိန်း ၅၀။

၅။ တိုင်းတရားသူကြီး ဦးဝင်းဇော်အား သိန်း၁၅၀ ။ ။

အားရက်ရောစွာ ပေးကမ်းကြောင်း ကြားသိရ ပါသည်။

ကိုဇော်ဝင်းရှိန်(MD.ဧရာဟင်္သာကုမဏီ)သည် ဗိုလ်ချုပ်မှုးကြီးနှင့် ရင်းနှီး ပတ်သက်ပါသည်။

ဗိုလ်ချုပ်မှုး ကြီးက ၎င်းပိုင် ဆောက်လုပ်နေသော ဟင်္သာတမြို့ရှိကားအဝေးပြေးကွင်း အား လာရောက် ကြည့်ရှုပြီး ချီးမွမ်းသည့် အကြောင်းများ ၊ဗိုလ်ချုပ်မှုးကြီး၏မြေး ဖိုးလပြည့် DJ-BAR ကလပ် သွားရာတွင်စီး သော ဖိနပ်အားကြိုက်သည်ဆို၍ ၁၅သိန်းပေးရသော ဖိနပ်အားအသစ်မှာယူ၍ ဖိုးလပြည့်အား လက်ဆောင် ၀ယ်ပေးရကြောင်းများကို အပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၏ ရှေ့တွင်ဂုဏ်ယူစွာပြောဆိုနေ သည် ကိုလည်း ၊ နားကြားမြင်းကတ်စွာ ကြားနေရပါသည်။

ကိုဇော်ဝင်းရှိန် က ၎င်းပိုင်ဆောက်လုပ်ပြီးစီး နေပြီ ဖြစ်သော မင်းဓမ္မလမ်းရှိ ဆေးရုံမှာလည်း ၎င်းနှင့် ကိုဇော်လတ်ဆိုသူတို့ အပြင် ၈လုံး သားလည်း သိန်း၁သောင်း ရှယ်ရာ ထည့်ထားကြောင်း၊ နေပြည်တော်ရှိ လုပ်ငန်းလုပ်ကွက်များမှာလည်း ၎င်းပင် အများဆုံး ရရှိနေကြောင်း ၊ တခြားသူများမှာ ပြည်ပမီဒီယာများမှ အာရုံစိုက်နေ၍ လူကြီးများ မှ ၎င်းကိုသာ အားကိုးပြီး အများဆုံးပေးအပ်ကြောင်း ၊ ထိုလူကြီးများကလည်း အခက်အခဲများ ရှိခဲ့ပါက လိုအပ်လျှင် ကူညီမည်ဟု ပြောဆိုနေကြောင်း ၊ ယခုတရားရေးသည် ငွေနှင့်ဖြေရှင်း၍ ရနေ၍ အဆင်ပြေနေ ကြောင်း ပြောဆိုနေပါသည်။

သိပ်မကြာမှီ လပိုင်းကမူ နေပြည်တော်ရှိ GE ဆောက်လုပ်ရေးတပ်မှ လူကြီးအား ရွှေ ၅ပိဿာ ၀ယ်ပေးရကြောင်း၊ ထိုနောက် နေပြည်တော်ရှိ စစ်တပ် ပိုင် မှန်နှင့် အလူမီနီယံ လုပ်ငန်းလုပ်ကိုင်ခွင့်တွင် ရှယ်ယာ အများဆုံး ရရှိကြောင်း ၊ ဖိုးလပြည့်တောင် ရှယ်ယာ ၃၀% သာရရှိ ကြောင်း ပြောကြားနေပါသည်။

၂၉.၁၁.၂၀၁၀နေ့ နေ့လည်တွင် တရားရေးဌာနရှိဝန်ထမ်းငယ်တဦး အား သီတင်းကျွတ်မုန့်ဖိုးပေးသည်ဟု ဆိုကာ ငွေ ၅ သိန်းအား မြေနီကုန်း ရှိ ရွှေမြို့တော်ချစ်တီးထမင်း ဆိုင် တွင် ပေး ခဲ့ရကြောင်းလည်း ၎င်းက ပြောကြားပါသည်။ မင်းသမီးဘက်မှလည်း rule of law အရ ဆက်လက် ရင်ဆိုင်မည်ဟု ကြားသိရသည်။

ကိုဇော်ဝင်းရှိန်(MD.ဧရာဟင်္သာ ကုမဏီ)မှ ပန်းဖြူ၏အမှုနှင့် ပတ်သတ်သော သတင်းများ အားမဖော်ပြရန် ဂျာနယ် မီဒီယာတိုက်ပိုင်ရှင် သူဌေးများအား လိုက်လံပိတ်ပင် ပြောကြားကြောင်းလည်း ကြားသိရသည်။ သို့သော် အယ်ဒီတာများမှ သိ၍ ထိုအဖြစ်မှန် သတင်းများအား သွားရောက် အင်တာဗျူး ၍ ဖော်ပြကြသည်။ သူဌေးသြဇာလွမ်းမိုးသော မီဒီယာ အနည်းငယ်ကသာ မည်သူ့ဘက်ကမျှ မပါ ဟု ဆိုကာ လက်ရှောင် ကြသည်ဟု သိရှိရသည်။

ယခုနောက်ဆုံး သတင်းမှာ ကိုဇော်ဝင်းရှိန်သည် အမှု မပြီးပြတ်သေး သော်လည်း ၎င်းဘက်မှ ငွေအား၊ လူအား အပြည့်သုံးထား၍ မစိုးရိမ်ကြောင်း ၊ ထို့ကြောင့် ၆.၁.၂၀၁၁ တွင် SEDONA HOTEL ၌ မနက်မှ ညနေထိ ဒိတ်ယူ၍ ခန်းနားကြီးကျယ်စွာ cap; မြင့်ဇော်မင်း၊ဒေါ်ခိုင်ခိုင်လင်း တို့၏ သမီး မရွှေယင်းမာဆိုသူနှင့် မင်္ဂလာပွဲ ဆင်ယင်ကျင်းပရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၊ ထိုနေ့တွင်ပင် ၎င်း၏အမှုအား နေပြည်တော်တွင် နှစ်ဘက်လျှောက်လွှဲချက်ကြားနာရန် ရက်သတ်မှတ်ကာ စီစဉ်ထားကြောင်း သို့မှသာ ပန်းဖြူမှ ၎င်း၏မင်္ဂလာပွဲသို့ လာမနှောက်ယှက်နိုင်ရန်ဆောင်ရွက်ထား ကြောင်း များ ပြောကြားနေပါသည်။ (ဟုတ်မဟုတ်ကတော့ ရက်မကြေငြာသေး၍ စောင့်ကြည့်နေပါသည်)

မှတ်ချက်။ ။ မည်သည့် အပိုအလိုမပါ အဖြစ်မှန်၊ စာရင်း အတိအကျဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ထပ်မံ၍ ကိုဇော်ဝင်းရှိန်(MD.ဧရာဟင်္သာ ကုမဏီ)၏ အကြီးစားစီးပွားရေးလုပ်ငန်း ဖြစ်သော ထားဝယ်မီးရထားလမ်း ဖောက်လုပ်ရန် project နှင့် အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း project များရရှိရန် အတွက် ပေးကမ်းမူ့ များအား မကြာမှီ သတင်းပေးသွားပါမည်။

အရေးတော်ပုံဂျာနယ် ( ၁-၂ )

http://xa.yimg.com/kq/groups/20354587/1923875885/name/AYD1-2%5B1%5D.pdf
AYD1-2[1]