Thursday, December 30, 2010

ပြီးခဲ့တဲ့ ၂၀၁၀ က တော့ ရှယ် နှစ်တနှစ်ပါ ဘဲ။


၂၀၁၀ ခုနှစ် ကတော့ ကုန်တော့ မှာ ပါ ဗျာ ၊ နောက် ထပ် နာရီ နဲနဲ ကြာ သွားရင်နှစ်ဟောင်းကုန် သွားလို့နှစ်သစ် ၂၀၁၁ ရဲ့ နိဒါန်း က စ တော့ မှာ ပါ။ဘယ်လို ဘဲ ပြောပြော ၊ ပြီးခဲ့တဲ့ ၂၀၁၀ က တော့ ရှယ် နှစ်တနှစ်ပါ ဘဲ။

၂၀၁၀ အစ နွေရာသီ က အစ တကယ့် ရှယ် နွေရာသီပါ။ ပူလိုက်တာမှ ဝက်ဝက်ကွဲနောက်ဆုံး သောက်စရာ ၊ရေ မရှိတော့ လောက် အောင် ပူ ပါ တယ်။ အပူဒါဏ်ကြောင့်လူတွေ အတော်ဒုတ်ခရောက်ကြ ရ ပါတယ် ၊နောက်ဆုံးပေါ် ရောဂါ အဖြစ် ဟိစထရုတ်အပူဒါဏ်ကြောင့် ဆိုက်ကားဆရာတွေ ၊ အလုပ်ကြမ်း လုပ်သူတွေ ၊မော်တော်ယဉ်မောင်းတွေ တဖြုတ်ဖြုတ် တိမ်းပါး ကုန်ကြတာ ဦးကျော်သူ တို့ အဖွဲ့ တွေ အကူအညီ အပေး ရဆုံးနွေ တနွေ ဖြစ်ခဲ့ ပေါ့ ဗျာ။

ဒီ အပူဒါဏ် ၊ သောက်ရေ သောက်စရာ မရှိတော့ တာ ၊ စိုက်ပျိုးပင်တွေ သေကုန်တာက အချိန် အတော် ကြာခဲ့ ပါ တယ် ၊ မိုးကျ ချိန် က နောက် ကျ လွန်းတော့ ရွာ မှရွာ ပါ တော့ မလား ထင် ခဲ့ ရ ပါတယ်။ လူ တွေဒုတ် ခ ရောက် ရ တာ ၊ နောက် ဆုံးဦးသုမောင်ကြီးတို့ လို အနုပညာရှင် တွေ ပါ လွင့် ပါး ခဲ့ ရ တဲ့ ၂၀၁၀ရှယ် နွေ ပါ။ဒီ ၂၀၁၀ နွေ မှာတော့ ဦးကျော်သူ တို့ အဖွဲ့ ကူညီ နိုင် မှု ကို အထူးဘဲ သာဓု ခေါ်ရပါတယ် ၊အဲ ဒီ နွေ တုံး က ၊ ပျက်စီး တဲ့ သူ ဘယ်လောက် များ သလဲ ဆိုရင်ထား စရာ နေရာ ကို မရှိတော့ ၊ ရောက်တာ နဲ့ တန်း ပြီး စက် ထဲ ထည့် နေရတာပါ။

မိုးရာသီ ဝင်တော့ အချိန် သာ နောက် ကျ တာပါ ၊ ဝင် ခဲ့ ပြီး ကတဲက ရွာ လိုက် တဲ့ မိုးတကယ့် ကို ၊ ပီ ဘိမိုးရာသီ ၊ ရွာလိုက် တဲ့ မိုးဗျာ ၊ မရပ် တော့ ပါဘူးတခါ မှ ရေ မကြီး ဘူး တဲ့ နေရာတွေ ပါ ရေတွေ ကြီး ၊အယ်လီညို ရော ၊ လာ နီ ညို ရောတပြိုင် နက် ဝင် လိုက် တာ ၊ ဒွေး ရော ဥပါဒ် ပါ လိုက် ကုန် သလို ပါ။

မန်းတလေး မြို့ တဝက်လောက် ရေမြုပ် ၊ ဆည်တော်ကြီး တို့ ဘာ တို့ ရေ တွေ ဖောက်ချရရခိုင်ပြည်နယ်ဘက်လဲ ဂီရိ မုန်တိုင်း နှိပ်စက်သွားတာ အခုထိ နလံ ကောင်းကောင်း မထူ နိုင်သေးပါဘူး ခင်ဗျာ ၊ မိုးဘယ်လို မှ မရွာသင့်တော့ တဲ့ နတ်တော် လထဲ တောင်အခါလွန် မိုးဆိုတာက လဲသဲသဲမဲမဲ ထပ်ရွာ လိုက်သေးတော့ စပါး သီး နှံ တွေ ပျက် ရပါလား ဗျာ ။ တကယ့် ကို ၂၀၁၀ ရှယ် မိုးရာသီပါဘဲ။

အခု တော့ လာ ပါ ဘီ ခင်ဗျာ ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တဝက် လောက် အထိ ဆောင်း မပီနွေမကျ ဘဲအိုက်စပ်စပ် ဖြစ် နေတာ က နေ အခု ၂ ပါတ်အတွင်း ၊ ဘယ် က နေ အအေးလှိုင်းတွေ ရောက် လာတယ်မသိပါ ဗျာ ၊ အခု မြန်မာ နိုင်ငံ အထက်ပိုင်းတွေ မှာ နှစ် ၄၀ အတွင်းစံချိန် တင် အေး နေကြပါဘီခင်ဗျာ ၊ ကလေး ၊ မြစ်ကြီးနား မန်းတလေး က လူ တွေ အခုအအေးဒါဏ် ကို ကော့ နေ အောင် ခံနေ ကြ ရ တယ် ကြားရ ပ ဗျာ။လာ ပါ ဘီ ၂၀၁၀ ရဲ့ (ရှယ်) ဆောင်း တွင်း လေး ပေါ့ ခင်ဗျာ။

ကျွန်တော်တို့ ဗမာတွေ က ဘုရားတွေ ရောက်ရင် ၊ ကိုယ့် တကိုယ်စာ အကျိုး ရှေးရှု ပြီးယတြာချေ သလိုလိုကုသိုလ် လုပ်သလို နဲ့ ဂြိုလ်တိုင် က ဘုရား တွေ ကို တယောက် ကဘုရားခေါင်းတော် ပေါ်က ၊ ရေသက်စေ့လောင်း ပူဇော်သွား သလို ၊နောက် တယောက် ကပလင် အောက် က နေ ဖယောင်းတိုင်သက်စေ့လာ ပြီး မီး ပူဇော် သွား ကြ တာပါ။အဲ လို မျိုး ၊ တယောက် တမျိုး ပြု ခဲ့ တဲ့ကုသိုလ်တွေအားလုံးက ၊မြန်မာပြည်သားတွေ ကို အတူ စု ပြီး ၊ အပူ အအေး ၊ အကျိုး ပေး နေ သလို ပါ။

ဒါကြောင့် ဆရာတော် ဘုရားကြီးတွေ တရားကျင့်ကြံ ရင်း ၊ ဘုရားဆု ပန်ကြ ပေမဲ့ဂြိုလ် တိုင် အောက် ကဘုရားမျိုးတော့ မဖြစ်ပါရစေနဲ့ လို့၊ ဟောခဲ့ကြတာပါ။ရာသီဥတုတွေ က လဲ ဖောက်ပြန်လွန်းတယ် ဗျာ ။လာမဲ့နှစ် ၂၀၁၁ မှာတော့ဒီ နှစ်နွေလေး က အတော်သား ၊ မနှစ် က နွေလို မဆိုး လှဘူး ၊ မိုးတွင်း မှာတော့လဲစိုက်ရေးပျိုးရေး အတွက် ရေရောစးပြီးရင် ၊ ခြေခင်း လက်ခင်း သာ ပရစေဗျာ ၊ဆောင်းတွင်း လေးလဲ ၊ နေ သာ ထိုင်သာ ယုံလေး အေး အေး မြ မြ ရှိစေ ချင်ပ ဗျာ။လာ မဲ့ လွှတ်တော် အမတ်မင်း တို့ ၊မင်းကျင့်တရား ၁၀ ပါး ပြည့် စုံ ကြ ရင် ပေါ့ ဗျာ ။

ပြီးခဲ့ တဲ့ ရက်ပိုင်း တွေ ငွေမာဈေး က တရက် ကို ၅ ကျပ် ကျ လိုက် ၊ ၃ ကျပ် ကျ လိုက် နဲ့အခု ဆို ၈၅၀သာသာဘဲ ရှိပါတော့ တယ် ၊ ရှေ့လျောက် နောက် နှစ် တဝက် လောက် အထိအကျ ဈေး ဘဲ ရှိဘို့ များပါတယ် ။ ပြီး ခဲ့ တဲ့ ကျောက်မျက် ပြပွဲ မှာ ကုန်သည်တွေငွေမာ တစ်ဘီလျံခွဲ နီးပါး ဘိုး ရောင်း လိုက် ရ ပါတယ် ၊ ဒီ ပိုက် ဆံတွေ က အခု တဖွဲဖွဲပြည်တွင်း ကို ဝင်လာ ကြ ပါ ဘီ။ နောက် အကြောင်း တခု က အခုရာသီ က နှစ်စဉ် နှစ်တိုင်းလို ဘိန်းပေါ်တဲ့ ရာသီ ပါ။ ဒီ က ရ တဲ့ ပိုက် ဆံ တွေ လဲ ဝင်လာ တဲ့ သဘော ပါပါတယ်။

နောက် အကြောင်း တခု က အစိုးရ က အသစ် ပြန်ဖွဲ့ ချိန် နောက် ၆ လ အထိ ပိုက်ဆံ မသုံးသေးပါဘူး ၊ ငွေ မာဈေး က သူ အသုံး လို မှ ၊ အစိုးရ က ကမကထ လုပ်ပြီး လိုက် ဝယ် မှငွေမာဈေး က သိသိသာသာ တက်တာပါ။ ပြီး ခဲ့ တဲ့ နှစ်တွေ တုံး က အမ်အိုင်ဂျီတိုက်လေယဉ်တွေ အစီး၃၀ လောက် ဝယ်တုံး က အစိုးရ ကငွေ မာ လို ပါ တယ်အဲဒီ တုံး က ရက်ပိုင်း နဲ့ အမျှ တရိပ်ရိပ် တက်တာ ပါ ဘဲ ၊ နောက် ဦးတေဇ လေယဉ်ပျံဝယ်တုံး က လဲ ဒီ လို ပါဘဲ ၊ ငွေဈေး ဝုန်း က နဲ တက် ဘို့ က နောက် က နေ တဲ့လက်ကြီး သမားမရှိဘဲ ဖြစ်နိုင်ချေ မရှိပါဘူး ။အခုတော့ စစ်အစိုးရ လုပ် နေတဲ့ ကြီးကြီးမားမား ငွေ လို တဲ့ အလုပ် တွေလဲတော်တော်များများ လက်စသပ်ပြီး ပါဘီ။ တနေ့ က ဘဲ ၊ ရန်ကုန် မန်းတလေး အမြန်လမ်းမကြီးလက်စသပ်ပြီး ဖွင့် လိုက် ပါဘီ။ ရဲရွာ လျပ်စစ် စီမံကိန်း လဲ ပြီးသွား ပါ ဘီ။အခု ၂၀၁၁ က တော့ မီး အလုံ အလောက် ပေး နိုင် မယ် ပြောတာပါဘဲ။

ရှမ်းပြည် ထဲ က ရွှေလီ ရေအားလျပ်စစ် က လဲ တရုပ်ပြည်ဘက် ဓါတ်အား ရောင်းစား တာအတော်အဆင်ပြေနေ ပါ တယ်။ အခု ရခိုင် ဘက် မှာ လဲ အိန်ဒယိယ ကို ဓါတ်အားရောင်းဘို့ လုပ် နေသလို ၊ သံလွင်မြစ် ပေါ် မှာ ၊ ယိုးဒယား ကို ဓါတ်အားရောင်းဘို့ ရေကာတာတည်ဘို့ လုပ် နေပါတယ် ။ဓါတ်အား ရောင်းလိုက် ၊ သဘာဝဓါတ်ငွေ့ ရောင်း လိုက် နဲ့အစိုးရ က ငွေမာ ဝင်လမ်းဖြောင့် နေ တာ ပါ ဘဲ ၊အဆင်ပြေ ရင် ၊ ဘာ ထပ် ရောင်း ဦး မလဲရ ပေါက် ရ လမ်း စဉ်းစား နေ ပါ တယ် ။

နယ်စပ် မှာ ဖြစ် နေတဲ့ စစ်ပွဲ က လဲ အဓိက က အဲဒီလို ရောင်းစားခွင့် ပြသနာပါ။ဒီ အဖွဲ့ တွေ က တချိန်လုံး၊နယ်စပ် မှာ ရှိ တဲ့ ကျွန်း တို့ သစ်မာ တို့ ၊ အကုန် ခုတ် ရောင်းနေတာ ၊ စီးပွားရေး အင်မတန်အဆင်ပြေ ကြပါတယ် ။ နယ်ခြားစောင့်တပ် ဝင်လိုက် ရင်အဲဒါတွေ လုပ် ပိုင်ခွင့် မရှိတော့ ပါဘူး ၊သူတို့ အဖွဲ့ တွေ ရဲ့ နောင်ရေး နဲ့ စား ဝတ် နေ ရေးတွေ က သူပုန်လုပ်စား ရင်း ၊ အဲလို စီးပွားရေး မျိုးစိတ်ကြိုက် လုပ် ပိုင် ခွင့် ရချင် တာ ကဒီ ငြိမ်းချမ်းရေး အဖွဲ့တွေ အတွက် ၊ အဓိက ပို ကျ ပါ တယ်။

အခု ဖြစ် နေတဲ့ တိုက်ပွဲ မျိုး က ပိုက် ဆံ အများကြီး ကုန် ပါ တယ် ၊ ကျည်ဆံ တစ်တောင်၈၀ဝ ကျပ် လောက် ၊မောင်းပြန် သေနတ် တလက် ၂ သိန်း ခွဲ လောက် ၊ လက်နက်ကြီး တလုံးကို အနည်းဆုံးခြောက်သောင်းလောက် ၊ မိုင်း တလုံး အနည်းဆုံး ၂သောင်းခွဲ လောက် ကုန် ပါတယ်။ တိုက်ပွဲသေးသေး လေး တပွဲ တောင် လက်နက်ကြီး က တဘက် ကို အလုံး ၅၀လောက်ကျည်ဆံ တွေ ကအတောင့် ၂ ထောင် ၃ ထောင် ကုန်ပါတယ်။ မောင်းပြန် သေနတ် ကလက်ညှိုး တကုတ် တင် အတောင့်၃၀ လောက် ဖြုန်း ရ တာ ပါ။ ရိုးရိုး တိုက်ပွဲ လေး တင်သိန်း နှစ်ဆယ် အစိတ် ကုန်ပါတယ် ။ ဒါ ကတဘက် ထဲ စရိတ်ပါ ၊ ၂ ဘက် အကုန် အကျဆို ၂ ဆ ပေါ့ ဗျာ။

နယ်စပ်မှာ နေ တဲ့ အဖွဲ့ တွေ ရေရှည်ရပ်တည်ဘို့ ဆို ရင် ၊ ဝင်ငွေ က ဘယ် က ရ မှာ လဲ ဗျာဒီ လို ဘဲ ၊ ကိုယ်ရှိနေ တဲ့ နယ် မြေတွေ ထဲ က သယံဇာတ တွေ အကုန် ရောင်း ရင်းအသက် ဆက် နေ ကြ ရ တာပါ ၊သစ် ရောင်း စရာ မရှိ တဲ့ အဖွဲ့ က တော့ ဘိန်း ရောင်းရ တော့ တာပါ ဘဲ၊ တလော က ယိုးဒယား သတင်း ထဲမှာ ဗမာ ဘက် ကခိုးသွင်းလာ တဲ့ သစ် တွေ ဘတ် ငွေ သန်း ၆၀ဝ ဘိုးလောက် ဖမ်းထား တဲ့ သတင်းဖတ်ရပါ တယ်။

စစ် ပွဲ တွေ မရှိစေချင် တော့ ဘူး ဗျာ ၊ ဒီ စစ် ပွဲ တွေ က တိုင်းရင်းသား အရေး အတွက်တိုက် နေ ကြ တာလို့ပြော နေ ကြ ပေ မဲ့ ၊ ဘယ် တိုင်း ရင်းသား အတွက် မှ အကျိုး မဖြစ်ခဲ့ ပါ ဘူး ၊ ဘယ် သူ မှ စိတ် လက်ချမ်းသာ မနေ ရ ပါဘူး ၊ ဟိုး နှစ် ၆၀လောက် က တဲက
 

ညှိ လို့ မရ တာ က လဲ ၊ တိုင်း ရင်းသား အရေး ထက် ၊ ခု လို ဒေသတွင်း စီးပွားရေး အကျိုး အမြတ် တွေ ကပိုပြီး အဓိက ကျ တဲ့ အချက် တွေ ဖြစ်ပါ တယ် ၊ ဝင်ငွေ မရှိ ရင် ၊ဘယ် အဖွဲ့ မှ ရေ ရှည် မရပ် တည် နိုင်ပါဘူး၊ အကြာကြီး စစ် မတိုက် နိုင် ပါဘူး ။

အခု မြဝတီ မှာ ရှိတဲ့ နယ်စပ်ဂိတ် တွေ ပိတ်ထားတာ ကြာ ပါဘီ။ အဲဒီ က ယိုးဒယားကုန်သည်တွေ တနေ့ ကိုဘတ်ငွေ သန်းချီ ပြီး နစ်နာ နေ ပါ တယ် ၊ အချိန် တွေ အတော်ကြာလာတော့ သူ တို့ လဲ ဘယ်လို လုပ် ရမှန်း မသိတော့ ပါဘူး ၊ ဒါ နဲ့ ဘဲ ယိုးဒယားကုန်သည်တွေ ပိုက်ဆံစုပြီး ဗိုလ်နှုတ်ခမ်းမွှေး ကို လက်နက် တို့ကျည်ဆံ တို့ စု ပြီးဝယ်ပေးတယ် ကြားရ ပါတယ် ၊ သူတို့ ထိုင်း သတင်းစာ မှာ ယိုးဒယား စစ်တပ် ကလက်နက်တွေ အခိုးခံ ရ တယ် ၊ သတင်း ဖတ် ရ ပါ တယ်။ အခု ဒီကေဘီအေ နဲ့ ဖြစ် နေတာ က နိုင်ငံရေး ၊ကရင် အမျိုးသား အရေးထက် ၊ ဒီ အဖွဲ့တွေ ရေရှည် ရပ်တည်ဘို့စီးပွားရေး အတွက် ပြသနာ ဖြစ် နေ ရ တာက က ၊ ပို ပါတ် သက် ပါတယ် ။

အစိုးရ လုပ်ချင် အာဏာရှိချင် နေ တဲ့ လူ တွေ က လဲ အတူတူ ပါ ဘဲ ၊ နိုင် ငံ ရဲ့ စီးပွားရေးတွေ ကိုစိတ်တိုင်းကျချုပ်ကိုင် ချင်တာ က အဓိက ပါ။ အစိုးရ ဖြစ် လာရင် ကိုယ့် ကို ကိုယ်ချမ်းသာအောင်လုပ်သွားတဲ့ သူ တွေ ပါဘဲ ၊ မြန်မာ့ နိုင်ငံရေး သမိုင်း အဆက်ဆက်ဗိုလ်ချုပ်အောင်ဆန်းက လွဲ ရင်ပေါ့ ဗျာ ၊ ဒေါင်ဒေါင် မည် သခင်သန်းထွန်း တို့ဆို ကွန်မြူနစ်ဖြစ်ပေ မဲ့ သူ့ လောဘ တရား က ပိုဆိုးတာပေါ့ ဗျာ ၊သမိုင်းစာအုပ်တွေ ဖတ်ကြည့် စမ်းပါ ခင်ဗျာ ၊

အခု ရှိ နေ တဲ့ ၊ သူပုန် အားလုံး က လဲ အတူတူ ပါဘဲ ၊ တိုင်း ရင်းသား တွေအကျိုးစီးပွား အတွက် သူပုန်လုပ်နေ တယ် ပြော ပေ မဲ့ ၊ သူပုန် ခေါင်း ဆောင် ဖြစ်လာ လေကိုယ့်ကို ကိုယ် ချမ်းသာအောင် ဘဲ လုပ်သွားကြတာပါ ၊ ဦးဖဒိုအောင်ဆန်း တို့ ဘဲ ကြည့် ပါနဲ တဲ့ စီးပွားရေး တွေ လား ဗျာ ၊ တချိန် က သူ ကကေအင်ယူ ရဲ့ သစ်လုပ်ငန်း တာဝန်ခံပါ။

အင်း ၂၀၁၀ တနှစ်လုံး လဲ စီးပွားရေး သမားတွေ ယုန် တောင် ပြေး ခွေး မြောက် လိုက် ပါ။တွက်ရေး တွေ လွဲခဲ့ သူ တွေ အများ သား ဗျ။ အခု အများစု က လက်ထဲ ပိုက် ဆံ နဲ နေတော့၊ ရှေ့ ကို ဘာ ထူး လာ မလဲ ဆို တာစောင့် ကြည့် နေ တဲ့ သူ များ ပါ တယ်။

ဈေးတွေ အကျဘက် တောက်လျောက် ဆင်းနေတာ က အီလက်ထရောနစ် ပစ်စည်း နဲ့ကွန်ပျူတာပစ်စည်းတွေ ပါ။ ဝယ်ထားမိ ရင် ၆ လ တောင် မနေ ပါဘူး ၊ပို ကောင်း တာပေါ်လာပြီး ဈေး ကထပ် ကျ သွား ပါ တယ် ၊ နောက် မှ ဝယ် လေ ဈေးတန် လေ ပါဘဲ ၊ အခု ဆို နှစ်ကုန် လျော့ ဈေး ပွဲ တွေအများကြီး လာ နေ ပါ တယ်။ဒါတွေ က သုံးဘို့ အမှန် လို မှ ဝယ်သင့် ပါ တယ် ၊ တွေ့ သမျှ တန်တယ် ထင်ပြီးဝယ် ထားမိ ရင် ၊ အမှိုက်ပုံ ကို ဝယ် မိ သလိုပါဘဲ ၊

ကားဈေး က ဟက် တက် ကွဲ ၊ လေ လံ ပွဲ ပေါင်း စုံ ၊ တချက် တော့ အို ကေ နိုး နဲ့လက် တဆန့် လိုက် ကြ ပေ မဲ့ထင် သလို ဖြစ် မလာ ကြ ဘူး ခင် ဗျ။ ရန် ကုန် အိမ် ဈေးမြေဈေး က တော့ တက် လက်စ ၊ အထည်ကြီးပျက်ဈေး နဲ့ ဘဲ တန့် နေ ပါ ဘီ ခင် ဗျာ။တကယ် ဈေးမြောက် တာတွေ က တက်နှုန်းကြမ်းတာတွေ က အထက်ဘက် မှာပါ။

မန်းတလေး မြေဈေးကွက် ၊ ပြင်ဦးလွင်မြေဈေး ကွက်တွေ က တော့ တက်နှုန်း အတော်ကြမ်း ပါ တယ်။ အချိန်တို လေး တင် ၊ တလ နဲ့ တလ ၊ ရိပ် ကနဲ နေ အောင် တက် ပါတယ်။အခု ဈေး ကွက် အသစ် ပွင့် လာတာ က ၊ နေပြည်တော် မြေဈေးကွက် ပါ။တကယ်တော့ သွားစရာ လမ်းရှိမယ် ၊ လျပ်စစ်မီး ရှိမယ် ၊ ရေ ရမယ် ၊ မြေကျယ် မယ်ဆိုရင် လူ တွေ နေ ကြ ပါတယ် ၊ လူ တွေ နေ ကြ ပီ ဆိုရင် ၊ သက်ဆိုင် တဲ့ ကျောင်း တို့ဆေးရုံ တို့ တယ် လီဖုန်း စနစ် ဆို တာ တွေ က ၊ နောက် က ကပ်ပါ လာ တာပါ။ရှေ့ နှစ် တွေ ထဲ ၊ ရန်ကုန်အိမ်ခြံမြေ ဈေးကွက် ထက် ၊ ခု န နေရာ ဈေးကွက် တွေ ကပို လှုပ် ရှား လာ မဲ့ အခြေအနေ ရှိ ပါတယ်။

အခုရက်ပိုင်း လမ်းဘေး ရောင်း တဲ့ စီဒီ တွေ ဒီဗွီဒီ တွေ ခိုးကူးခွေ တွေ လိုက်ဖမ်း ကြသဗျာမူပိုင်ခွင့်အတွက်ဖမ်း သလိုလို ၊ ဆင်ဆာမဲ့ လို့ ဖမ်း သလိုလို ပါ ၊ ရောင်း ကြ တဲ့ ဆိုင်ကလေး တွေ ၊တနေ့ တနေ့ ဟို ပြေး ဒီ ပြေး ပေါ့ ဗျာ ။ တဖြေးဖြေး နဲ့ ခိုးကူးခွေ တွေပပျောက် တော့ မယ် ထင် ခဲ့ မိ ပါတယ် ၊ဘယ် ဟုတ် လို့ လဲ ဗျာ ။ အခု ဒီ လို ခိုးကူး ခွေတွေ ရဲ့ အဓိက ဖြန့်ချီရာ နေ ရာ က ၊ ရန် ကုန် မဟုတ် တော့ ပါဘူး ၊ ဒီ လူ တွေ အခုနေပြည်တော် ကို ပြောင်းသွားကြ ပါ ဘီ။ ဟို မှာ က ဘယ်သူ မှ လာ မ ဖမ်း တဲ့ အပြင်အနီး အနား က နယ် မြို့ အစုံစုံ အတွက် ၊ ဖောက် သည် အသစ် တွေ ပါ ထပ် ရ လို့ပို တောင် စီး ပွား ရေးအဆင် ပြေ ပြီး၊ လုပ်ငန်း ချဲ့ နေ ကြ ပါ ဘီ တဲ့ ခင် ဗျ ။

ဟို တလော က ရန်ကုန် မှာ လိုက်ဖမ်း လိုက် တဲ့ ၊ အနှိပ်ခန်း တို့ ၊ ကာရာအိုကေ ဆိုင်က ညီမလေးတွေ လဲအခု ရန်ကုန် မှာ နည်းသွား ပါ တယ် ၊ သူ တို့ လဲ အခုနေပြည်တော် ကို ပြောင်းပြီး အလုပ် လုပ် ကြပါတယ် ၊ရန်ကုန် မှာ ရှိ တုံး က လဲတကယ့် ပုံ မှန် ဖောက်သည်တွေ က စည်ပင်သာယာ က လူ တွေ ၊ဆောက်လုပ်ရေးက လူ တွေ ၊ အကောက်ခွန် က လူ တွေ ၊ အိုးအိမ် က လူ တွေ ပါ ၊ အခု အဲဒီ ရုံးတွေကနေပြည်တော် ပြောင်းသွားကြ တော့ ၊ ညီ မ လေး တွေ လဲ ၊ ကိုယ့် ဖောက်သည်ရှိ ရာ ၊နေပြည်တော်ကို လိုက် ပြောင်း ကြ တော့ တာ ပေါ့ ခင် ဗျာ။

အင်တာနက် တွေ လဲ အခုထိ ကောင်းကောင်း မမြန်သေး ပါဘူး ၊ ဟက်ကာ က လုပ် နေတာရော ၊ ဒီဘက် ကဆင်ဆာ လုပ် နေ တာ ၂ ခု လုံး ပါ ပါတယ် ။ အခု ဆို ပရောက်ဆီတွေ သုံး ရ တာ အတော်ခက်လာပါတယ်၊ တကယ့် ကွန်နက်ရှင်စပိ က မဆိုး ပါဘူး။ဒါ ပေမဲ့ ဘရောက်ဆင် မှာ သိသိသာသာ ထစ် လာ ပါတယ် ၊ ဆာဗာစနစ် တခုခု ထဲ မှာဖီလ်တာ အလုပ်ခံ နေ ရ တဲ့ သဘော ရှိ နေပါတယ်။

နစ်ဟောင်း ၂၀၁၀ ကို နှုတ်ဆက် လိုက်ပါတယ်။

လာမဲ့ နှစ်သစ် ၂၀၁၁ မှာ မြန်မာကျူးပစ်ကြီး ဆထက်တန်ဘိုး တိုးတက်အောင်မြင်ပါစေ။ချစ်စွာသောကျူးပစ်မန်ဘာကြီးများ အားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့ ပြည့်စုံနိုင်ကြပါစေ ၊

ဘဝ အချိန်တိုင်း မှာ ကြည်နူး ပြုံး ပျော် ၊ အောင် မြင် နိုင် ကြ ပါ စေ ခင် ဗျား ။


 Aဇော်ကြီး
မြန်မာကျူးပစ်ဖိုရမ်


မေးလ်ဖြင့်ပေးပို့ သူအားကျေးဇူးတင်ပါသည်။

30 Dec 2010 ဒိုင်ယာရီ


4 attachments — Download all attachments  
Time Magazine Cover.jpgTime Magazine Cover.jpg
34K   View   Download  
30 Dec 2010 Yeyintnge's Diary.doc30 Dec 2010 Yeyintnge's Diary.doc
1911K   View   Download  
30 Dec 2010 Yeyintnge's Diary.pdf30 Dec 2010 Yeyintnge's Diary.pdf
2867K   View   Download  
wildlily.pdfwildlily.pdf
278K   View

http://www.mediafire.com/file/maeju95bjbsh6a6/30%20Dec%202010%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/j3c1loy79527j5a/30%20Dec%202010%20Yeyintnge%27s%20Diary.doc
30 Dec 2010 Yeyintnge's Diary

A Compilation of Videos from Burma Issues and WITNESS

ကွန်ရက်တွေကို - မိတ်ဆွေဖွဲ့ခြင်းနဲ့ စ

ကွန်ရက်တွေကို - မိတ်ဆွေဖွဲ့ခြင်းနဲ့ စကြဖို့ ပြီးတော့  လွှတ်တော်အပြင်က အမျိုးသားနိုင်ငံရေး နဲ့ ပြည်ထောင်စုကွန်ရက်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ။ ဒီဇင်ဘာ ၃၀၊ ၂၀၁၀

ယခင်အင်တာဗျူးရဲ့ အဆက်ဖြစ်ပါတယ်။ ကွန်ရက်တွေ ဖွဲ့ကြဖို့ ပြောတယ်။ သို့သော် တကယ်တန်း ကွန်ရက်တွေ ဖွဲ့ကြစို့ ဆိုတော့ ဘယ်ကနေ စဖွဲ့ကြရမှာလဲ။ ဘယ်လိုမျိုး စ လုပ်ကြရမှာလဲ။ ဘာတွေ အခြေခံလိုအပ်သလဲ။ ဘာတွေ လုပ်ကြမှာလဲ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒေါ်စုနဲ့ လူငယ်တွေ တွေ့ကြတယ်။ ကွန်ရက်အကြောင်းပဲ ပြောကြတယ်။ ဆွေးနွေးကြတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေ လုပ်ကြ၊ ဆက်သွယ်ရန် လိပ်စာတွေ ထားခဲ့ကြ၊ ကိုယ်ဝါသနာပါရာ လုပ်ချင်ရာ ပေးဆပ်ချင်ရာတွေကို မှတ်ချက်ရေးပေးခဲ့ကြလို့ ဒေါ်စုက မှာလိုက်တယ်။ နောက် တလနဲ့ တလခွဲ အကြာမှာ ပြန်တွေ့ကြမယ် စသည်ဖြင့် ပြောဆိုသံတွေ ကြားရတယ်။
ဒါတွေကို အခြေခံပြီးတော့ ဦးဝင်းတင်ကို မေးမြန်းတာပဲ ဖြစ်ပါတယ်။
“အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကွန်ရက်လိုမျိုး ဖြစ်ပေါ်စေချင်တယ်။ ပြည်သူ့ကွန်ရက်ကြီး တခု ဖြစ်ပေါ်လာစေချင်တယ်လို့ ဆိုတယ်။ ဒါပေမယ့် စိတ်ဝင်စားမှုချင်း၊ တူရာ သန်ရာ နယ်ပယ်ချင်း ကွန်ရက်လေးတွေ ဖွဲ့စည်းလာစေချင်တယ်လို့ ကျနော်တို့ ဆွေးနွေးကြတယ်။ ဥပမာ - နိုင်ငံရေးသဘောထားချင်း တူတဲ့ ကွန်ရက် ရှိသလို၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တူရာ သန်ရာ ကွန်ရက်တွေလည်း ရှိနိုင်တယ်။ ရှိကြဖို့ လိုမယ် ထင်တယ်လို့ ပြောဖြစ်ကြတယ်။ နောက်ပြီးတော့ လူငယ်တွေ၊ အမျိုးသမီးတွေ၊ စီးပွားရေး၊ ဥပဒေပိုင်းဆိုင်ရာ စသည့် ကွန်ရက်တွေလည်း ရှိလာနိုင်တယ် ထင်တယ်လေ။ ဥပမာ - လူတိုင်းက အားလုံးကို စိတ်မ၀င်စားနိုင်ဘူး၊ သူက လူမှုရေးတို့ နာရေးကူညီမှုတို့ လုပ်မယ်၊ လုပ်ချင်တယ်။ ဒါကို သူသန်ရာ ကျွမ်းကျင်လိမ္မာရာ ကွန်ရက်မှာ လက်တွဲပြီး လုပ်ကြရမယ်။ ဒီသဘောမျိုး ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ကွန်ရက်လိုမျိုးပေါ့၊ ပြည်သူ ပြည်သားတွေအားလုံးရဲ့ ကောင်းကျိုး ချမ်းသာကို ဆောင်ရွက်နိုင်တဲ့ အားလုံးပါဝင်နိုင်တဲ့ ကွန်ရက်လိုမျိုး ဖြစ်စေချင်တယ်လို့ သူက ပြောတယ်။ ဒီနေရာမှာ ကျနော်တို့က သန်ရာ၊ တူရာ ကွန်ရက်တွေ အသီးသီးနဲ့ စတင်ပြီးတော့ လက်တွဲဆောင်ရွက်ကြဖို့ ကို ပြောဆို ဆွေးနွေးနေကြတယ်လို့ ပြောချင်ပါတယ်။ ဆိုတော့ ပြည်သူ့ကွန်ရက်ကြီး အောက်မှာ ဒီမိုကရေစီကွန်ရက် ဆိုတဲ့ နိုင်ငံရေးအစုအဖွဲ့တွေ ရှိမယ်။ လူမှုရေးကွန်ရက်အောက်မှာ ကျန်းမာရေး၊ လူငယ်၊ အမျိုးသမီးရေးရာတွေ ရှိမယ်။ ပညာရေးကွန်ရက်ဆိုတာတွေ ရှိလာမယ်။ အရေးကြီးသလို လိုအပ်သလို တိုးချဲ့မှုတွေ လုပ်လာနိုင်မယ်လို့ ထင်တယ်။”

ကွန်ရက်တွေ တူရာ သန်ရာ စကြဖို့ ဖွဲ့ကြဖို့ ဆိုတဲ့နေရာမှာ အခုကျင်းပခဲ့တဲ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲကနေ အကောင်အထည်ကော စတင်ပေါ်လာပြီလို့ ပြောနိုင်သလား ဆရာ။
“အဲသည်မှာ ကျနော်ရဲ့ အမြင်နဲ့ သဘောထားကတော့ သတင်းသမားတွေက သတင်းအလုပ်လုပ်လို့ရတယ် ဆိုပါစို့၊ သတင်းကွန်ရက်မှာ သတင်းအလုပ်တွေ လုပ်နေလို့ ရတယ်။ သို့သော် အဲသည်အလုပ်တွေကို ဖိနှိပ် ကန့်သတ်လိုက်လို့ သတင်းသမားက သတင်းအလုပ် မလုပ်ရတော့ရင် ဘာသွားလုပ်ရမှာလဲ။ အနည်းဆုံးကတော့ သတင်းသမားတွေ အချင်းချင်း ထိတွေ့နေလို့ ရတယ်။ မိတ်ဆွေ ဖွဲ့ထားလို့ ရတယ်။ အဲသည်ကနေပြီး ရင်းနှီး ကျွမ်းဝင်မှုတွေ အခြေခံလို့ တိုင်ပင်ကြပြီးတော့ လုပ်စရာ အလုပ်တွေ ပေါ်ပေါက်လာနိုင်တယ်။ ဖောက်ထွက်ပြီး လုပ်စရာတွေ ပေါ်လာမယ်။ ဒါကြောင့် တူရာ သန်ရာ လူတွေ အရင်ဆုံး မိတ်ဆွေဖွဲ့ကြ၊ စုကြ၊ တူရာ သန်ရာ အလုပ်ကလေးတွေ ၀ိုင်းလုပ်ကြ၊ အလုပ်ကလေးတွေ လုပ်ကြရာမှာလည်း ကိုယ့်ဖာသာကိုယ် တိုင်ပင်ပြီး လုပ်လို့ရတယ်။ ဘယ်သူဆီကမှ အလုပ်သွားတောင်းနေစရာ မလိုသေးဘူး။ နောက်ပြီးတော့ အခြား တူရာသန်ရာအစုအဖွဲ့ကလေးတွေနဲ့ ချိတ်ဆက်မိသွားရင် လက်ဆင့်ကမ်းပြီးတော့ ကွန်ရက်ကြီး ဖြစ်လာမယ်လို့ ပြောချင်ပါတယ်။”

ဟုတ်ပါပြီ။ မြန်မာပြည်တွင်းကော ပြည်ပမှာ ဒီမိုကရေစီကွန်ရက်၊ ပြည်သူ့ကွန်ရက်ဆိုတာ ဆိုတာက ခေတ်စားလာတယ်။ စိတ်ဝင်စားသူတွေက မိတ်ဆွေတွေ ဖွဲ့ကြပြီးတော့ ကွန်ရက်ပုံသဏ္ဍာန်ကို ထူထောင်လာမယ်။ အဲသည်လို အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ စစ်အစိုးရက သူတို့ စိတ်တိုင်းကျ ဆန္ဒမဲတွေကို အလွဲသုံးစားလုပ်ပြီး မတရားသဖြင့် ရွေးချယ်ထားတဲ့ လွှတ်တော်ကြီးကို ကျင်းပမယ်။ သူတို့စိတ်တိုင်းကျ ချယ်လှယ်လို့ရမယ့် နိုင်ငံရေးလမ်းစဉ်တွေကို လွှတ်တော်ကနေတဆင့် ချမှတ်မယ်၊ ချီတက်မယ် ။အဲသည်မှာ အချို့သောသူတွေက ဘာပြောလာသလဲ ဆိုတော့ … မြန်မာပြည်မှာ လွှတ်တော်တွင်း နိုင်ငံရေးလမ်းစဉ်နဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ ဆောင်ရွက်ရတော့မှာ ဖြစ်တယ်။ လွှတ်တော်ပြင်ပမှာ ဘာတွေပဲ လုပ်လုပ် ထူးခြားမှာ မဟုတ်ဘူးလို့လည်း ပြောဆို ဝေဖန်တာတွေ ရှိတယ်။ ဒါကိုကော ဘာပြောချင်သလဲ။

“ဒီလွှတ်တော်ဟာ တရားတဲ့ လွှတ်တော်မဟုတ်ဘူး။ မဲလိမ်ညာမှုကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်ဖြစ်တယ်။ ပြည်သူတွေ လက်ခံတဲ့ လွှတ်တော်မဟုတ်ဘူး။ ဒါပေမယ့် တိုင်းပြည်မှာ ဘာပဲပြောပြော လွှတ်တော်တရပ် ပေါ်လာတာကိုတော့ ရှောင်လွှဲလို့မရဘူး။ ရင်ဆိုင်ကြရမှာ ဖြစ်တယ်။ လွှတ်တော်ဆိုတာ ရှိလာရင် လွှတ်တော်တွင်း နိုင်ငံရေးဆိုတာတွေ ပေါ်လာတော့မှာ ဖြစ်တယ်။ နယ်ချဲ့ခေတ်တုန်းကလည်း ဒိုင်အာာခီ အုပ်ချူပ်ရေးတို့ ဘာတို့မှာလည်း လွှတ်တော်နိုင်ငံရေးဆိုတာ ရှိခဲ့တာပဲ။ ဒါက ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။
သို့သော် ဒီနေရာမှာ ထောက်ပြချင်တာ တခုကတော့ အခုပေါ်ထွန်းလာတဲ့ လွှတ်တော်နိုင်ငံရေးဆိုတာအပြင် လွှတ်တော်ပြင်ပမှာ အင်န်အယ်ဒီနဲ့ မဟာမိတ်တွေရဲ့ နိုင်ငံရေး ရှိတယ်။ ရှမ်းတွေ၊ ရခိုင်တွေ စတဲ့ တိုင်းရင်းသားပါတီတွေ နဲ့ အစုအဖွဲ့တွေ အားလုံးရဲ့ နိုင်ငံရေးဆိုတာတွေ ရှိထားပြီး ဖြစ်တယ်။ အဲသည်နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်။
ဒါကြောင့် နိုင်ငံခြားသံတမန်တွေကိုလည်း ကျနော်တို့က ပြောပါတယ်။ ခင်ဗျားတို့ ပေါ်လစီတွေ၊ အတွေးအခေါ်တွေအရ အခုပေါ်လာတဲ့ လွှတ်တော်က နိုင်ငံရေးကို ခင်ဗျားတို့ ဆက်ဆံပါ။ Engage လုပ်ကြပါ။ ကျနော်တို့က ဘာမှ မပြောလိုပါဘူး။ သို့သော် လွှတ်တော်ပြင်ပမှာလည်းပဲ အစကတည်းက ရှိနှင့်ပြီးသားဖြစ်တဲ့ ဒီမိုကရေစီအင်အားစုကြီးကိုလည်း ကျောခိုင်းသွားလို့ မဖြစ်ဘူး။ ပုံမှန် ဆက်ဆံပါလို့ ဟိုတုန်းကတည်း ကျနော်တို့က သူတို့ကို ပြောခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်းပဲ သူတို့က ဆက်ဆံနေတာကို တွေ့နေရပါတယ်။
ဒါပေမယ့် ခင်ဗျားတို့က ပြောသလို လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ အင်န်အယ်ဒီနဲ့ ဒီမိုကရေစီအင်အားစုများရဲ့ အခန်းကဏ္ဍက တဖြေးဖြေးနဲ့ ကန့်သတ်ခံထားရလို့ မှေးမှိန် ပျောက်ကွယ်သွားမယ် ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ကျနော်က ပြောချင်တယ်။ လွှတ်တော်ပြင်ပမှာ ကျနော်တို့ အင်န်အယ်ဒီနဲ့ မဟာမိတ်အင်အားစုတွေရဲ့ အခန်းကဏ္ဍနဲ့ သက်ရောက်မှုဟာ အခုအချိန်မှာကတည်းက သိသာထင်ရှားနေပြီဖြစ်တယ်။ ရခိုင်တို့ ချင်းတို့ စတဲ့ သဘောဝဘေးဒဏ်သင့်တဲ့ နေရာတွေမှာ ကျနော်တို့တတွေ သွားရောက် ကူညီနိုင်တယ်။ HIV/ AIDS လူနာတွေအတွက် အရေးဆိုပေးတယ်။ မြန်မာပြည်ရဲ့ လိုအပ်နေတဲ့ ကဏ္ဍအသီးသီး အရေးကိစ္စအသီးသီးမှာ ကျနော်တို့က ပြည်သူတွေအတွက် ပြောဆို ဆောင်ရွက်ပေးနေရတယ်။ ဒါဟာ အခု ထင်ရှားနေတဲ့ အချက်ဖြစ်တယ်။
ဒါကြောင့် တချို့ကတောင် ပြောကြတယ်။ အခုလက်ရှိ အစိုးရထက်တောင်မှ ပိုပြီး အားကိုးနေရတယ်လို့ ပြောလာကြတယ်။ ဒါက ပြည်သူတွေရဲ့ ၀ိုင်းယံမှု၊ ထောက်ခံ အားပေးမှုတွေ ကြောင့်ပဲ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာချိန်မှာ ပိုပြီးတော့ သိသာထင်ရှားလာတယ်။ အဲသည်အချက်တွေကြောင့် ပြည်သူလူထုနဲ့ အတူ လက်တွဲမှု ထောက်ခံမှု ရထားတဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုတွေဆိုတာ မှေးမှိန်ပျောက်ကွယ် သွားမှာ မဟုတ်ဘူး လို့ ပြောချင်ပါတယ်။
နောက်တချက်ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်နဲ့ သွားနေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့က အားလုံးသော နိုင်ငံရေးအင်အားစုတွေ ပါဝင်နိုင်ကြဖို့ ကျနော်တို့တွေက ဆောင်ရွက်နေတယ်လို့ မြင်ကြစေချင်တယ်။”

ဟုတ်ကဲ့ပါ ဆရာ။ လွှတ်တော်အပြင်မှာပဲ ဖြစ်ဖြစ်၊ လွှတ်တော်အတွင်းမှာပဲ ဖြစ်ဖြစ် ပြည်သူနဲ့အတူ တသားတည်း ထောက်ခံမှု ရပြီး ရပ်တည် ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာနဲ့ အောင်မြင်မှုကသာလျင် တိုင်းပြည်တပြည်ရဲ့ အမျိုးသားနိုင်ငံရေးကို ပုံဖော်နိုင်တယ်လို့ ဆရာက ပြောချင်တာပေါ့နော်။
“ဟုတ်ပါတယ်။ ကျနော်တို့တွေက ဒုတိယပင်လုံ လှုပ်ရှားမှုကြီးကိုလည်း ဆောင်ရွက်နေကြတယ်။ အဓိကကတော့ ဒေါ်စုရဲ့ စကားကို ပြန်ပြောရမယ် ဆိုရင် ကျနော်တို့မျိုးဆက်တွေ အားလုံးမှာ ပင်လုံစိတ်ဓာတ် ထွန်းကားကြဖို့ကို ဆောင်ရွက်နေရတာ ဖြစ်တယ်။ စစ်မှန်တဲ့ ပင်လုံစိတ်ဓာတ်တွေ ထွန်းကားမှသာလျင် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်နိုင်မှာ ဖြစ်တယ်။ အခုအချိန်မှာ ကျနော်တို့တတွေက တိုင်းပြည်ကောင်းကျိုး ချမ်းသာအတွက် တူရာ သန်ရာ ညီညွတ်ကြပြီး မိတ်ဆွေတွေ ဖွဲ့ကြတယ်။ မိတ်ဆွေ အစုအဖွဲ့တွေနဲ့ အလုပ်တွေ ၀ိုင်းလုပ်ကြရင်းနဲ့ ကွန်ရက်တွေ ချိတ်ဆက်မိကြမယ်။ သည်ကွန်ရက်တွေ အချင်းချင်း ဖြန့်ကျက်မှုနဲ့ ပြည်သူ့ကွန်ရက်ကြီး ဖြစ်လာရင် ကျနော်တို့ရဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။ ဒါဟာလည်း ကျနော်တို့ ရဲ့ ဒုတိယပင်လုံလှုပ်ရှားမှုလို့ ပြောရင် ရမယ် ထင်တယ်။
ဒီနေရာမှလည်း ကျနော်တို့က ဒုတိယပင်လုံလှုပ်ရှားမှုမှာ စိတ်ဓာတ်ကို အဓိကထားပြီး ဖော်ဆောင်နေတယ် ဆိုတာကို သဘောပေါက်စေချင်တယ်။ ပုံသဏ္ဍန်ကို အဓိကလုပ်နေတာ မဟုတ်ဘူး။ ဘာကြောင့်ဆိုတော့ ပထမပင်လုံလှုပ်ရှားမှုမှာ ဆိုရင် ပုံသဏ္ဍန်ပိုင်းမှာ အစိုးရကို ဘယ်လိုဖွဲ့မယ် ဘာတွေ ပါလာတယ်။ အခုအချိန်မှာ ကျနော်တို့က အဲသည်ပုံသဏ္ဍာန်ကို မဦးတည်ဘူး။ ကျနော်တို့ ဦးတည်တဲ့ ပုံသဏ္ဍာန်က “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါဆရာ သည်တော့ ပြည်ထောင်စုကြီး ဆိုတာကလည်း ကွန်ရက်ကြီး တခုပဲပေါ့။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့ အင်န်အယ်ဒီလှုပ်ရှားမှုဆိုတာတွေဟာ လူမှုရေးလုပ်ငန်းတွေထဲကို တွန်းပို့ခံလိုက်ရတာလား။ လူမှုရေးလုပ်ငန်းဆိုတဲ့ အကာအကွယ်ကို ယူလိုက်တာလား။ ဒါမှမဟုတ် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေအရ အင်န်အယ်ဒီကိုယ်တိုင်က ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ဆောင်ရွက်နေရတာလား။ ဘယ်လိုမျိုး ဖြစ်တယ်လို့ ပြောချင်သလဲ။
ဒါကတော့ အမျိုးမျိုး ပြောကြပါတယ်။ အင်န်အယ်ဒီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်တော့လို့ နိုင်ငံရေးပါတီတခု မဟုတ်တော့ဘူးလို့ ဆိုကြတယ်။ နိုင်ငံရေးပါတီ မဟုတ်တော့တဲ့အတွက် လူမှုရေးလုပ်ငန်းတွေထဲ တွန်းပို့ခံလိုက်ရတယ်လို့ ပြောကြတယ်။ တချို့ကတော့ တရားမ၀င်တော့တဲ့ အင်န်အယ်ဒီဟာ လူမှုရေးလုပ်ငန်းတွေကို အကာအကွယ်ယူပြီး လှုပ်ရှားမှုတွေ ဆက်လုပ်ရမယ် ဆိုတာမျိုးလည်း ပြောပါတယ်။ နိုင်ငံရေးတွေ လျော့ပြောပြီး လူမှုရေးတွေ လုပ်ကြလို့ ပြောတာမျိုးတွေ ရှိတယ်။ သို့သော် အင်န်အယ်ဒီဟာ  နိုင်ငံရေးရပ်တည်ချက်အရ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာ ဖြစ်တယ်။ နိုင်ငံရေးလှုပ်ရှားမှုပဲ ဖြစ်တယ်။ ပြီးတော့ ပြည်သူလူထုရဲ့ အကျူိးစီးပွားကို မျက်နှာမူတဲ့ အတွက် လူထုရဲ့ ဒုက္ခဆငိးရဲတွေကိုလည်း ကျနော်တို့က မပစ်ပယ်ဘူး။ လစ်လျူရှုထားခြင်း မပြုဘူး။ အင်န်အယ်ဒီပါတီကိုယ်တိုင်က လူမှုရေးကိစ္စတွေမှာ ဦးဆောင်မှုပေးပြီး ဆောင်ရွက်လာရတယ်။ ဒါတွေဟာ ပြည်သူတွေကိုယ်တိုင်က အားကိုးမှု၊ အားပေးထောက်ခံမှုတွေကြောင့် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အချိန်မှာလည်း ပိုပြီးတော့ သြဇာသက်ရောက်မှု အောင်မြင်မှုတွေ ရလာတယ်။ သို့သော် အင်န်အယ်ဒီဟာ တိုင်းပြည်အကျိုးစီးပွားကို ဦးတည်တဲ့ နိုင်ငံရေးလှုပ်ရှားမှုဖြစ်တဲ့ ပင်လုံလှုပ်ရှားမှုကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိနေတယ် ဆိုတာကို သဘောပေါက်ကြစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။ (ဆက်လက်ဖော်ပြပါမည်)
http://moemaka.com/index.php?option=com_content&task=view&id=7927&Itemid=1

မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက် ထားသည် ဟု ယူဆထား သည့် နေရာများ



၁၊   ပြင်ဦးလွင် မြို့ ၏ မြောက် ဘက် ၊ နောင် ချို မြို့ ၏ အနောက် တောင်ဘက် နေရာ
ပြင်ဦးလွင် မြို့ ၏ တောင် ဘက် ရတနာပုံ ၀ဘ်ပေါ်တယ် နေရာ မှာ ကျော်လွန် သွား လျှင် ဖြတ်သန်းမသွားရ ရေးထား သော နေရာများ ရှိပြီး သံဆူးကြိုးများ ဖြင့် ခြံခတ် ထား သည် ကို တွေ့ ရမည် ဖြစ်သည်။ ပြင်ဦးလွင်မြို့ သည် မြန်မာ စစ်တပ် ၏ အရေး အကြီး အဆောက်အဦ များ ရှိပြီး ပြင်ဦးလွင် မြို့ အနီးတွင် စစ်အစိုးရ ညူကလီယား ဓာတ်ပေါင်းဖို ၏ ရေသန့် စီမံကိန်း တစ်ခု တည် ရှိ သည် ကိုမူ သလျှို ဂြိုလ် တု အချို့ က ဓာတ်ပုံရိုက်ယူပြီး ဖြစ်သည်။
၂. မကွေး တိုင်း နတ်မောက် မြို့ နယ် ၏ အရှေ့ ဘက် နှင့် အနီး တစ် ၀ိုက် ကို ညူကလီးယား လက် နက်ထုတ်လုပ် နိုင်ဖွယ်ရှိ သည့် နေရာ ဟု IAEA ကသတ်မှတ်ထားသည်။
၃. ကချင် ပြည်နယ် မြစ်ကြီး နား မြို့ မြောက် ဘက် နှင့် မိုးကုတ် မြို့ အနီး တစ်ဝိုက် နှင့် သပိတ်ကျင်း ၊မိုးမိတ် မြို့ နယ်များ တွင် ယူရေနီယမ် နှင့် တိုက်တေနီယမ် များ ထွက်ရှိသည် ဟု ယူဆရသည်။
၎. မကွေးတိုင်း မြိုင် မြို့ နယ်နှင့် ပေါက်မြို့ နယ်ကြား နေရာ နှင့် ပေါက် မြို့ နယ် ကြားနေရာများ တွင် အလောင်းတော်ကဿပ ၏ တောင်ဘက် ကျောချောင်းနေရာတွင် အကြီးစားစစ်လက်နက်ပစ္စည်း စက်ရုံတစ်ခုရှိပြီး ဒုံးလက်နက်များ ထုတ်လုပ် တည်ဆောက်နေသည် ဟု ယူဆရသည်။

မြန်မာဝီကီလိခ် မှာ ဖော်ပြခဲ့သည့် တာလတ်ပစ် ဒုံးလက်နက် ထုတ်လုပ်နေမှု အား ဖော်ပြထား ခြင်းနှင့် နောက်ဆက်တွဲ အကြောင်းအရာများအား နိုင်ငံတကာအဖွဲ့ အစည်းတစ်ခု၏ တောင်းဆိုမှုကြောင့် လွှဲပြောင်းပေးအပ်ထား၍ လတ်တလောတွင် ဖော်ပြနိုင်ခြင်း မရှိပါ။
http://www.myanmarwikileaks.org/2010/12/blog-post_28.html#more

ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်ဝက်ဘ်ကိုပြော


Reference ID Created Released Classification Origin
09RANGOON539 2009-08-18 10:10 2010-12-12 21:09 SECRET Embassy Rangoon


VZCZCXYZ0000
OO RUEHWEB

DE RUEHGO #0539/01 2301059
ZNY SSSSS ZZH
O 181059Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9364
INFO RHEHNSC/NSC WASHDC IMMEDIATE
S E C R E T RANGOON 000539

SENSITIVE
SIPDIS

E.O. 12958: DECL: 08/18/2019
TAGS: PGOV PREL BM
SUBJECT: BURMA: SENIOR GENERALS START A CONVERSATION; HOW WILL WE RESPOND?

REF: A. RANGOON 535
B. RANGOON 536

C. RANGOON 527
D. RANGOON 534

Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)

အကြောင်းအရာ။     ။ မြန်မာနိုင်ငံ- ဗိုလ်ချုပ်မှူးကြီးက စကားစတင် ပြောဆိုလာခြင်း။ မိမိတို့ မည်သို့ တုံ့ပြန်မည်နည်း။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။     ။ နိုင်ငံရေး-စီးပွားရေးဌာန အကြီးအကဲ ဂျင်နီဖာ ဟာဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
၁။ (S) မြန်မာ ထိပ်တန်းဗိုလ်ချုပ်များက ဆီးနိတ်အမတ် ဝက်ဘ် လာရောက်ခြင်းကို အသုံးချပြီး ၎င်းတို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြလိုသော အချက်များမှာ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုခြင်း၊ ဝါရှင်တန် နှင့် တိုက်ရိုက်ဆက်ဆံလိုပြီး အထူးသံတမန်တဦး (စစ်အစိုးရ၏ အတွင်းလူဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးသူ ဦးသောင်း) ကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်ကြောင်းတို့ပင် ဖြစ်သည်။ သန်းရွှေ သူ့လက်သီးဆုပ်ကို ဖြေချလိုက်သည်မှာ (အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဆုံးအကြိမ်  ၎င်းနှင့်တွေ့ဆုံခွင့်ပေးခြင်း၊ "ချစ် ကြည်ရေး"ကို ပြသသောအားဖြင့် အမေရိကန် အကျဉ်းသားတဦးကို ပြန်ပို့ ခြင်း) ကို ထောက်ထား၍ သေချာနေပါသည်။   ဗိုလ်ချုပ်များသည် အကြောင်းပြန်ကြားချက်ကို မျှော်နေပါလိမ့်မည်။ (UNGA) (ကုလသမဂ္ဂအထွထွေ ညီလာခံ) အပြီးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို ဝါရှင်တန်ရှိ သံရုံးသို့ သွားရောက်ခွင့် ပေးသင့်ပါသည်။ မျှော်လင့်ချက်များ အပြန် အလှန် ဖော်ပြနိုင်ရေးအတွက် ကျွန်ုပ်တို့  ဦးသောင်းနှင့် မကြာမတင် မှာ ဆွေးနွေးသင့်ပြီး ထိုမှတဆင့် ဝါရှင်တန် အဆင့် ဆွေးနွေးပွဲဆီသို့ တက်လှမ်းသင့်ပါသည်။ တချိန်တည်းမှာပင် စစ်အစိုးရနှင့် "ပြတ်သားသော" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဆွေးနွေးပွဲဖြစ်မြောက်အောင် အတိအလင်းရော တိတ်တဆိတ်ပါ အားပေးသင့်ပါသည်။ ဆွေးနွေးပွဲ ကာလအတွင်းမှာလည်း ကျွန်ုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖြစ်အောင် ကြိုးပမ်းသင့်ပါသည်။ အကျဉ်းချုပ်- ပြီးဆုံး။

လက်သီးဆုပ် ဖြေလိုက်ပြီလား။
---------------
၂။ (S) ပထမဦးဆုံး အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်၏ သန်းရွှေနှင့် တွေ့ဆုံမှုသည် မျှော်လင့်မထားဘဲ ဖြစ်ပေါ်လာခဲ့သည်။ သူ နားစွင့်ရုံ နားစွင့်နေသည်မှာ ပေါ်လွင်လှပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သူ့ကို ပြောနေစဉ်မှာပင် စိတ်ဆိုးဟန်သော်လည်းကောင်း၊ မုန်းတီးဟန်သော်လည်းကောင်း မပြခဲ့ချေ။ သူက ဆီးနိတ် အမတ် ဝက်ဘ်ကို ပြုံးပြ နှုတ်ခွန်းဆက်ပြီး နွေးနွေးထွေးထွေး လက်ဆွဲနှုတ်ဆက်ခဲ့ပါသည်။ ဆွေးနွေးပွဲတလျှောက်လုံး သူက "မိတ်ဆွေများ"၊ "ချစ်ကြည်ရေး"ဟူသော စကားများကို လှိုင်ဘောလယ်အောင် ပြောခဲ့သည်။

၃။ (S) သန်းရွှေနှင့် ဝန်ကြီးချုပ် သိန်းစိန်တို့ ဆီးနိတ်အမတ် ဝက်ဘ်နှင့် တဦးချင်းစီ တွေ့ဆုံဆွေးနွေးရာ၌ စာရွက် တမျိုးတည်းကို ကိုင်၍ ဆွေးနွေးကြသည် (ရည်ညွှန်းချက် က နှင့် ခ)။ သူတို့နှစ်ဦးစလုံးပင် ယခင်က သည့်ထက် အဆင်ပြေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေး အကြောင်းကို ဖေါ်ပြကြပြီး လက်ရှိဆက်ဆံရေးလည်း ပို၍ ကောင်းလာလိမ့်မည်ဟု အလေးတင်း ဖေါ်ပြခဲ့ကြသည်။ "တိုက်ရိုက်" နှင့် အပြန်အလှန် ဆက်ဆံရေး၊ နေပြည်တော်နှင့် တိုက်ရိုက် ဆက်သွယ်သော ဦးသောင်းကို အထူးသံတမန်အဖြစ်ခန့်အပ်ရေးကို တောင်းဆိုခြင်း၊ နှစ်ဖက်စလုံး သံအမတ်အဆင့်များကို တိုးမြှင့်ရန် အကြံပြုခြင်း တို့ဖြင့် ဗိုလ်ချုပ်များဘက်က လက်ကမ်းလာနေခြင်းသည် ရှင်းနေပါ သည်။

၎။ (S) ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် အမေရိကန်အစိုးရအဖို့ လွန်စွာအရေးပါနေကြောင်း၊ ဤပြဿနာသည် အမှန်တကယ်ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ဖြေရှင်းပေးရမည့်ပြဿနာဖြစ်ကြောင်း ဆီးနိတ်အမတ် ဝက်ဘ်၏ ပြောစကားကို သန်းရွှေနှင့် သူ၏ ထိပ်တန်း ဗိုလ်ချုပ်များ ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ ဒေါ် အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စကို သန်းရွှေနှင့်ပြောသောအခါ၌ သန်းရွှေက တိုတိုတုတ်တုတ်ပင် တုံ့ပြန်ပါသည်။ ကတိကဝတ်မပေးခဲ့ချေ။ ဆီးနိတ်အမတ်က စကားကို ဖြတ်လိုက်ပြီး အခြားအကြောင်းအရာဘက်သို့ လှည့်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ငြင်းပယ်သော အဖြေကို စောင့် သည်ထက် တိုးလို့တန်းလန်း ထားလိုက်ခြင်းက ပိုကောင်းသည်ဟု သူက နောက်ပိုင်းမှာ ကျွန်ုပ်တို့ကို ပြောပြခဲ့သည်)။ သို့ရာတွင် သန်းရွှေအဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မကောင်းကြောင်း စကားစရန် အခွင့်အရေးယူခဲ့ပုံရပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက သန်းရွှေ သဘော ထားပြောင်းသွားပုံရသည်ဟု သူတို့ထင်ကြောင်း၊ ဆွေးနွေးပွဲလုပ်ရန် အသင့်ရှိသည်ဟု မျှော်လင့်ရကြောင်း ကျွန်ုပ်တို့ကို လည်းပြော၊ ထို့နောက် ဆီးနိတ်အမတ် ဝက်ဘ်ကိုလည်း ပြောခဲ့သည်။   

မျှော်လင့်ချက်များ မြင့်မားနေသည်။
-------------------
၅။ (S) စစ်အစိုးရ၏ ကြံရွယ်ချက်များကို နောက်ထပ် ညွှန်ပြနေသည်မှာ အင်္ဂလိပ်သာသာနှင့်ရော မြန်မာဘာသာနှင့်ပါ ထုတ် ဝေသော အစိုးရ အာဘော်သတင်းစာ မြန်မာ့အလင်းပင် ဖြစ်သည်။ ထိုသတင်းစာ၏ ခေါင်းကြီးပိုင်းက ဆီးနိတ်အမတ် ဝက်ဘ်၏ အလည်အပတ် လာရောက်ခြင်းကို အောင်မြင်မှုအဖြစ် "ခရီးရှည်ကြီး၏ ပထမခြေလှမ်း" ဟူသော ခေါင်းစဉ် ဖြင့် သြဘာပေး ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏  နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းရေးနှင့် နှစ်နိုင်ငံအကြား ကွဲလွဲမှုများ လျှော့ပါးရေး သဘောထားကြောင့် ဆီးနိတ်အမတ် ဝက်ဘ်နှင့် ထက်ထက်သန်သန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဆောင်းပါးက ဖေါ်ပြခဲ့သည်။ ဆီးနိတ်အမတ်၏ အလည်အပတ်ခရီးသည် "နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် ပထမဆုံးခြေလှမ်း မိုင်ပေါင်း (၁,ဝဝဝ) ခရီး၏ ပထမဆုံး ခြေလှမ်း" ဖြစ်သည်ဟု နိဂုံးချုပ် ရေးသား ထားသည်။

၆။ (S) လောလောဆယ် မြန်မာအစိုးရပိုင်း ပုဂ္ဂိုလ်များထဲမှာရော၊ သာမန်ပြည်သူများထဲမှာပါ အားလုံးနီးပါးက ဆီးနိတ်အမတ်၏ တွေ့ဆုံ ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပို၍ အကောင်းဘက်သို့ ရှေ့ရှု လာမည်ဟု မျှော်လင့်နေကြသည်။ အလည်အပတ်ခရီး နောက်ပိုင်း အမျိုးသားနေ့ ဧည့်ခံပွဲ၌ သံတမန်အရာရှိများကို ဆုတောင်း ပေးသူများ ဝိုင်းဝိုင်းလည်နေခဲ့ကာ ဆက်ဆံရေးကောင်းမွန်လာရေးဆီ ရှေ့ရှုသော တိုးတက်မှုများအတွက် ကျေနပ်မိကြောင်း ဖေါ်ပြခဲ့ကြသည်။ ဤခရီးအကြောင်းသည် ရန်ကုန်တမြို့လုံး လက်ဖက်ရည်ဆိုင် စကား ဖြစ်လျက်ရှိကာ လူအတော်များများက နောင်ရေရှည်မှာ ဖြစ်လာနိုင်မည့် အလားအလာများကို တွက်ဆကြည့်နေကြ သည်။ 

၇။ XXXXXXXXXXXX

ကျွန်ုပ်တို့က ရှေ့တိုး၍ လက်ကမ်းခြင်း
------------
၈။ (S) ဗိုလ်ချုပ်များက သူတို့အဖို့ အရေးလည်းကြီး၊ ကျေအေးမှုလည်းရနိုင်သော ခြေလှမ်းကြီးတလှမ်းကို လှမ်းခဲ့ပြီ ဟု ယုံ ကြည်နေသည်မှာ သေချာပါသည်။ သန်းရွှေက အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဦးဆုံး အကြိမ် တွေ့ဆုံ ခဲ့သည်။ (စစ်အစိုးရသည် နိုင်ငံအချင်းချင်း ဝါစဉ်အလိုက် ဆက်ဆံနေသော လောကမှာ ပြစရာ တခုရလာခြင်းကို အသုံး ချနေသည်ဖြစ်ရာ ဤကိစ္စသည် အထူးကြီးကျယ်သော ကိစ္စကြီးတခုဖြစ်သည်။ တရုတ်ပြည်က (နအဖ) အဖွဲ့ဝင်များကို ၎င်းတို့ အမျိုးသားနေ့ အခမ်းအနား တက်စေခြင်း၊ ကျွန်ုပ်တို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကို လက်ခံ တွေ့ဆုံခြင်းတို့ကို ကြည့်ပါ)။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒဏ်ခတ်ပိတ်ပင်မှုကို ရုပ်သိမ်းပေးပြီး နောက်ပိုင်း စစ် အစိုးရက ဆီးနိတ်အမတ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ (မှတ်ချက်- ကျွန်ုပ်တို့သိရ သလောက် ဆီးနိတ်အမတ် ဝက်ဘ်က ခရီးမသွားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း မရှိ ချေ။ သို့ရာတွင် ဤသို့တောင်းဆိုလိမ့်မည်ဟု စစ်အစိုးရက ကြိုတွက်မိကာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ လိုခြင်း ရှိ- မရှိ မေးခဲ့သည်။ မှတ်ချက်-ဆုံး)။ ကျွန်ုပ်တို့က သိပ်အရေးမကြီးပါဟု အကြောင်းပြန်ခဲ့သည်။ သို့ရာတွင်အရေး ကြီးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ချစ်ကြည်ရေး စိတ်ဓာတ်ကို ပြသောအားဖြင့် စစ်အစိုးရက အမေရိကန် အကျဉ်း သားတဦးကို ပြန်ပို့ပေးခဲ့သည်။

၉။ (S) ဗိုလ်ချုပ်ကြီးများက အမေရိကန်၏ တုံ့ပြန်မှုကို မျှော်လင့်နေပါလိမ့်မည်။ မကြာမီမှာ ပြန်ကြားပေးလိမ့်မည် ဟုလည်း မျှော်လင့်နေပုံရပါသည်။ လောလောဆယ် ကျွန်ုပ်တို့အနေနှင့် အမေရိကန်အစိုးရသည် CODEL ၏ ရလဒ်ပေါ်မှာ အခြေခံကာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ  အကြီးအကျယ်ပြောင်းလဲမှုများ လုပ်သင့်သည်ဟု မယုံကြည်ကြပါ။ သို့ရာတွင် တိုက်ရိုက် ဆက်သွယ်မှု လုပ်ရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံပေးရေးအတွက် စဉ်းစားသင့်ကြောင်းနှင့် အချိန် ကြာလာသည်နှင့်အမျှ မည်သို့ဖြစ်လာနိုင်ဖွယ်ရှိသည်ကို စဉ်းစားသင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည်မိသည်ကား အမှန်ပင် ဖြစ်ပါသည်။ ဤအခြေအနေ၌ ဝါရှင်တန်အနေနှင့် ထည့်သွင်းစဉ်းစားရန် အောက်ပါ အကြံပြုချက်များကို ကျွန်ုပ်တို့ ဖေါ်ပြ အပ်ပါသည်။ 

နိုင်ငံခြားရေးဝန်ကြီးကို ၀ါရှင်တန်သို့ သွားခွင့်ပြုသင့်သည်။
-------------
၁ဝ။ (S) နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းသည် (UNGA) အပြီး ဝါရှင်တန်ရှိ  မြန်မာသံရုံး မွမ်းမံ ပြင်ဆင်နေသည်ကို သွားကြည့်လိုကြောင်း ဖေါ်ပြပြောဆိုခဲ့ကြသည်။ ဤကိစ္စ သည် အမေရိကန်အစိုးရဖေါ်ပြသော အတုံ့အပြန် ချစ်ကြည်ရေး အရိပ်လက္ခဏာတရပ်အဖြစ် မြင်နေပုံရပါသည်။ နိုင်ငံခြား ရေး ဝန်ကြီးက အစိုးရပိုင်း ပုဂ္ဂိုလ်များ အချင်းချင်း တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုကြောင်း အရိပ်လက္ခဏာများကို ကျွန်ုပ်တို့ မတွေ့ရပါ။ မကြာမီက ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်၏ ဂယက်ရိုက်ခတ်မှုများနှင့် (၂ဝဝ၇) စက်တင်ဘာ နှစ်ပတ်လည် ဖြစ်ရပ်များ၏ အဓိပ္ပာယ်လေးနက်မှုကို ကျွန်ုပ်တို့ သိရှိပါသည်။ သို့ရာတွင် Post နေထိုင်မည့် ကာလ၊ သို့မဟုတ် ဆက်ဆံမှုတို့နှင့်ဆိုင်သော ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ ချမှတ်သည့်တိုင် ဝါရှင်တန်သို့ သွား ရောက်လည်ပတ်ခွင့်ကို အကြီးအကျယ် ထောက်ခံခဲ့သည်။

ဦးသောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများကို ရှာသင့်သည်။
---------
၁၁။ (S) ဦးသောင်းနှင့် ပွဲဦးထွက် တွေ့ဆုံရေးအစီအစဉ်ချမှတ်ရေး၊ သူ၏ အခန်းကဏ္ဍ၊ သူ၏ အခွင့်အာဏာတို့ကို စုံစမ်း လေ့လာရေး၊ ထိပ်တန်းဗိုလ်ချုပ်များနှင့် သူ တွေ့ဆုံနိုင်မည့်အဆင့်တို့ကို သိရှိရေးအတွက် မကြာမီမှာ သူနှင့်တွေ့ဆုံ ဆွေးနွေး မည့် နည်းလမ်းများ ရှာသင့်ပါသည်။ သူ့ကို ယာယီတာဝန်ခံ (Charge) အဆင့်မှာ ထားလျက် ဝါရှင်တန်အခြေစိုက် အစိုးရပိုင်းပုဂ္ဂိုလ်တဦး နှင့် (DAS အဆင့်မှာ ဖြစ်ကောင်းဖြစ်မည်) တတိယနိုင်ငံ တနိုင်ငံမှာ ပွဲဦးထွက် တွေ့ဆုံပြီးနောက် သင့်တော်သော အဆင့်တဆင့်သို့ တက်လှမ်းသင့်သည်။ ဦးသောင်းကို ပြောကြားရာ၌ ဝန်ကြီးချုပ်တင်ပြသော မြောက်ကိုရီးယားပြဿနာ၊ စစ်သုံ့ပန်းနှင့် စစ်အတွင်း ပျောက်ဆုံးသူများ (POW/ MIA) ရုပ်ကြွင်းများ ရှာဖွေရေး ကဲ့သို့ ကိစ္စများ၌ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်စလုံး အနိုင်-အနိုင်ဟု ယူဆရသော ကိစ္စများ ရှာဖွေဖော်ထုတ်ရေး အပါအဝင် ပြဿနာများကို ဖူးခက် (Phuket) ဆွေးနွေးပွဲများမှာ ဆွေးနွေးပြီး နောက် ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ သတ်မှတ်ရေးတွင် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်း ပြော ကြားသင့်သည်။

စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်စေရေး တိုက်တွန်းသင့်သည်။
-----------------
၁၂။ (S) ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်ထက်ပို၍ ရှင်းရှင်းလင်းလင်း မြင်ထားပုံမရချေ။ သူ၏ ထိပ်တန်းဦးစားပေး လုပ်ငန်း သည် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ရန်ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ ခိုင်မာပြတ်သားမှုလည်းရှိ ပျော့ပြောင်းမှုလည်းရှိသော ရပ်တည်ချက်ကိုလည်း ကောင်း၊ ဒဏ်ခတ်မှုများ (ရည်ညွှန်းချက် ဃ) အပါအဝင် ကိစ္စရပ်များတွင် စစ်အစိုးရနှင့် ဘုံရပ်တည်ချက် ပူးပေါင်းရှာလို သော ဆန္ဒကိုလည်းကောင်း အလေးထား ဖော်ပြခဲ့သည်။ -------။ ကျွန်ုပ်တို့က ဤအချက်များနှင့်ပတ်သက်၍ အကြံပြုစာ တစောင်ကို အောင်ကြည်ထံ ယာယီတာဝန်ခံမှနေ၍ ပေးပို့ခဲ့သည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် ညှိနှိုင်းကာ သူ၏ ရပ် တည်ချက်ကို ကမ္ဘာက ရှင်းရှင်းလင်းလင်း သိစေရန်နှင့် သူသည် တင်းမာပြီး အလျှော့ပေးခြင်း မရှိဟူသော စစ်အစိုးရ၏ အာဘော်ကိုလည်း ချေဖျက်ရန် သူ့ပြောစကား အချို့ကို အများသိအောင် ထုတ်ဖော်ပေးသင့်သည်။ အပြင်မှ မြန်မာနိုင်ငံ လာရောက်သူများ တိုင်းပြည်အခြေအနေကို မျှမျှတတ မြင်တတ်အောင် ကြိုးစားနေသရွေ့ ထိုသူတို့ အလည်အပတ်လာသည်ကို သူက ထောက်ခံအားပေးကြောင်း၊ စစ်အစိုးရနှင့် တွေ့ဆုံသည်ကိုပင် ထောက်ခံအားပေးကြောင်းကိုလည်း အများသိအောင် ဆောင်ရွက်ပေးသင့်ပါသည်။

အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခြင်း
---------------
၁၃။ (S) ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ချုပ်ကာလသည် ဥပဒေအရဆိုလျှင် သိပ်မကျန်တော့ချေ။ သို့ရာတွင် လက်တွေ့မှာ မည်သို့ ဖြစ်လာမည် မသေချာချေ။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို (အခြားသော နိုင်ငံရေးအကျဉ်းသား များနှင့်အတူ) လွှတ်ပေးရန် တလျှောက်လုံး တောင်းဆိုလာခဲ့ရာ လောလောဆယ်မှာ သူ့ကို သူ့ပါတီဝင်များ၊ အပြင်မှ အလည်အပတ်လာရောက်သူများနှင့် တွေ့ဆုံခွင့်ပေးရန်လည်း စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့်တွေ့ဆုံသော အခါများ၌ သူသည် သူ့ လွတ်မြောက်ရေးကိစ္စကို ပြောဆိုခဲ့ဖူးခြင်း မရှိချေ။ သို့ရာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီ ရပ်တည်ချက်အကြောင်း ဆွေးနွေးမှုများ အပါအဝင် NLD နှင့် ဆွေးနွေးမှုများ လုပ်ရန်လိုအပ်ကြောင်း အလေးထားပြောခဲ့သည်။ သူ့အရိပ်အကဲကို ကြည့်ကာ သူ့ကို ဧည်သည့်များ နှင့် ပုံမှန်ဆိုသလို အနှောင့်အယှက်ကင်းစွာ တွေ့ခွင့်ပေးရန် စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ တကယ်တမ်း စစ်အစိုးရဘက်က သူ့ကို အိမ်ချုပ်ချထားရာ၌ သတ်မှတ်ထားသော ချုပ်ချယ်မှုများကို လျှော့ပေးပြီး သူနှင့် အဓိပ္ပာယ်ရှိ သော ဆွေးနွေးပွဲလုပ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘက်က မည်သို့ တုံ့ပြန်သင့်သည်ကိုလည်း စဉ်းစားသင့်ပါသည်။ အလုပ် အမှုဆောင် အဖွဲ့ဝင်များကပင်လျှင် ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ကျနေစဉ်မှာ စစ်အစိုးရနှင့် ဆွေးနွေးပွဲဖြစ်မြောက်ပြီး တိုးတက်မှုများ ရလာနိုင်ဖွယ်ရှိသည် ဆိုနေကြသည်။

၁၄။ (S) ဆီးနိတ်အမတ်ဝက်ဘ်၏ အလည်အပတ်ခရီးအပြီး နောက်ဆက်တွဲအနေနှင့် သံရုံးအဆင့်က ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားကာ NLD နှင့် စစ်အစိုးရတို့ ကြိတ်ဝိုင်း ဆွေးနွေးပွဲကို တိုးတက်လာအောင် အမေရိကန် ဘက်က အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းကို စုံစမ်းမေးမြန်းသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ ကြိုးပမ်း မှု အောင်မြင်ပါက ဝါရှင်တန်အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို သွားရောက်တွေ့ဆုံရန် ဖြစ်နိုင်ပါလိမ့်မည်။ Post ဆီသို့ ပုံမှန်သွား ရောက်နေကျအတိုင်း သွားရင်းလည်း တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ အခြားသံတမန်အဖွဲ့များကလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရန် စဉ်းစားကာ ကျွန်ုပ်တို့နှင့် ညှိနှိုင်းလျက် ရှိပါသည်။

ကျွန်ုပ်တို့ လက်တွေ့ ကျရမည်၊ ဆွေးနွေးပွဲ ဆက်လုပ်နေရမည်။
--------------------
၁၅။ (S) ဆီးနိတ်အမတ် ဝက်ဘ်နှင့် တွေ့ဆုံဆွေးနွေးမှု တလျှောက်လုံးမှာ အောင်ဆန်းစုကြည်က "ကျမတို့မှာ ရည်မှန်းချက်တွေ အတိအကျ ရှိပါတယ်။ လိုအင်ဆန္ဒတွေလဲ အတိအကျရှိပါတယ်။ ဒါပေမဲ့ ကျမတို့က လက်တွေ့လုပ်သူတွေ ဖြစ်ပါတယ်။ ကျမတို့ ဖြေရှင်းနည်းတခုကို လိုချင်ပါတယ်" ဟု သူ၏ လက်တွေ့လုပ်လိုသော စိတ်ဓာတ်ကို အလေးထား ပြောကြားခဲ့သည်။ စစ်အစိုးရနှင့် ကြိုတင် စည်းကမ်းသတ်မှတ်ချက် မပါဘဲ ဆွေးနွေးလိုသည် ဟုလည်း သူက အလေးထား ပြောကြားခဲ့ပါသည်။ ၂ဝဝ၇ အတွင်းက အောင်ကြည်ကို "ဆွေးနွေးပွဲကို ရပ်မပစ်ပါဘူးလို့ သဘောတူထားကြရအောင်၊ ဆွေးနွေးရာမှာတော့ တဆင့်ပြီး တဆင့် ဆွေးနွေးသွားကြပါစို့" ဟု ပြောခဲ့ကြောင်း ဆီးနိတ် အမတ်ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည်။ ကျွန်ုပ်တို့၏ အမြင်အရဆိုလျှင် အမေရိကန် အစိုးရအနေ နှင့် ပြဿနာများကို တဆင့်ပြီးတဆင့် ရှင်းသွားရင်း ဆွေးနွေးပွဲများဆက်လုပ်သွားကာ ဤရည်မှန်းချက် ပေါက်မြောက် အောင် ကြိုးပမ်းသွားသင့်ပါသည်။ စစ်အစိုးရ၏ ယခုကမ်းလှမ်းချက်များကို တုံ့ပြန်ခြင်းဖြင့် ဤလုပ်ငန်းကို စနိုင်မည်ဟု ကျွန်ုပ်တို့ မြင်ပါသည်။


VAJDA
http://mizzimaburmese.com/special/burma-related-leaked-us-cables/6659-2010-12-30-09-50-32.html

လွှတ်တော် နှစ်မျိုးနှင့် ၂၀၁၁ မြန်မာနိုင်ငံ

လွှတ်တော် နှစ်မျိုးနှင့် ၂၀၁၁ မြန်မာနိုင်ငံ

၂၀၁၁ ဆိုသည့် နှစ်သစ်တခုကို စတင်ချဉ်းနင်း ၀င်ရောက် ပေတော့မည်။ မြန်မာလူထု တို့သည်လည်း နှစ်သစ်တွင် အခင်းအကျင်းသစ်များ ပေါ်ပေါက် လာလေမလားဟု မျှော်လင့်နေကြသည်။

နိုင်ငံသားများအနေဖြင့် နေ့စဉ် လူမှုဒုက္ခအဖုံဖုံနှင့် ရင်ဆိုင်နေကြရရာ သူဌေးလည်း သူဌေးအထွာနှင့်၊ ဆင်းရဲသားလည်း သူ့အထွာနှင့်၊ လူလတ်တန်းစားလည်း သူ့အထွာနှင့်သူတို့ ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြလျက် ရှိကြရာ ထိုဒုက္ခ၀န်းကျင်ကြီးမှ အားလုံးသော နိုင်ငံသားတိုင်းက လွတ်မြောက်လိုကြသည်။

နိုင်ငံသားတိုင်း လက်ရှိခံစားနေကြရသော စိတ်ဆင်းရဲဒုက္ခ၊ ကိုယ်ဆင်းရဲဒုက္ခ အပေါင်းတို့၏ မူလပြဿနာသည် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်နေသည် ဆိုသည်ကို သိရှိလက်ခံထားသူများ ရှိကြသကဲ့သို့ မသိသေးသော သူများစွာလည်း ရှိနေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများကို ဖြေရှင်းပြီးမှသာ အားလုံး လိုလားတောင့်တနေကြသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှု အဆောက်အအုံ မြင့်မားမှု၊ ခေတ်မီတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့မျက်နှာစာတွင် အဘက်ဘက်က ရင်ပေါင်တန်းနိုင်မှု၊ အေးချမ်းလုံခြုံစွာ နေထိုင်အသက်မွေးဝမ်းကြောင်းနိုင်သည့် တရားဥပဒေစိုးမိုးမှု စသည်တို့ကို တဆင့်ချင်း တက်လှမ်းနိုင်မည် ဖြစ်ပေသည်။ လာမည့်နှစ်သစ် ၂၀၁၁ တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာများ ပြေလည်အောင် ဖြေရှင်း နိုင်ရန်အတွက် မည်သည့် အခင်းအကျင်းများက နှစ်သစ်မှာ ဆီးကြိုနေမည်ကို ပြန်ပြောင်း သုံးသပ်ကြည့်ကြမည်ဆိုလျှင် လက်ရှိတည်ရှိနေသော အဓိက နိုင်ငံရေး အခင်းအကျင်းက အစပြုရပေမည်။

နိုင်ငံတော်အဆင့် ပြန်တမ်း ထုတ်ထားသော တရားဝင်မှုဆိုင်ရာ

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န-၀-တ) မှ နိုင်ငံရေးပါတီများ တရားဝင် တည်ထောင်ခွင့်ပေးကာ ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ပါမည်ဟု ကတိပေးခဲ့သည်။ ထို့နောက် ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့၌ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နဝတ စစ်အစိုးရမှ ဦးစီးကျင်းပပေးခဲ့သည်။ နိုင်ငံရေး ပါတီပေါင်း ၉၃ ပါတီ တရားဝင် မှတ်ပုံတင်ခဲ့ကြပြီး မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၂၂၉၇ ဦးသည် န၀တ စစ်ကောင်စီ အစိုးရ ဦးစီးကျင်းပပေးခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နိုင်ငံရေးပါတီများအနက် တိုင်းရင်းသားပါတီ ၁၉ ပါတီ ပါဝင်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် ၈၇.၇ ရာခိုင်နှုန်း ဆန္ဒမဲ ပေးခဲ့ကြသည်။ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများစွာအနက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာအတွက် အမတ်နေရာ ၃၉၂ နေရာတွင် အောင်နိုင်ခဲ့သည်။ ထိုအချိန်က  စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က အမတ်နေရာ ၁၀ နေရာသာ အောင်နိုင်ခဲ့သည်။

ဦးခွန်ထွန်းဦး ခေါင်းဆောင်သော ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) က အမတ်နေရာ ၂၃ နေရာ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အမတ်နေရာ ၁၁ နေရာ၊ မွန်အမျိုးသားတပ်ဦးက အမတ်နေရာ ၅ နေရာ စသည်ဖြင့် နိုင်ငံရေး ပါတီများနှင့် တစ်သီးပုဂ္ဂလ အမတ်များကို ထိုစဉ်က နဝတ အစိုးရအဖွဲ့က နိုင်ငံတော်အဆင့် ပြန်တမ်း ထုတ်ကာ တရားဝင် ကြေညာခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲကြီးသည် အာဏာသုံးရပ်ဖြစ်သော အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာ သုံးရပ်လုံးနှင့်ယှဉ်သော ရွေးကောက်ပွဲ ကြီးဖြစ်လင့်ကစား ထိုစဉ်က တည်ဆဲ စစ်အစိုးရက ရွေးကောက်ပွဲ မကျင်းပပေးခင်တွင် ရွေးကောက်ပွဲ ရလဒ်ကိုလေးစားမည်ဖြစ်ပြီး စစ်အစိုးရအနေဖြင့် စစ်တန်းလျားပြန်ကာ တိုင်းပြည်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပါမည်ဟု ထိုစဉ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ န-၀-တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က အတိအလင်း ကြေညာခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတော်ပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း တရားဝင် ကြေညာခဲ့ပြီး နိုင်ငံတော် အဆင့် ပြန်တမ်းထုတ်ခြင်းများလုပ်ကာ တရားဝင် သတ်မှတ်ခဲ့ကြသည်။

ထိုတရားဝင်မှုနှင့် ပတ်သက်ပြီး ယနေ့အချိန်အထိ တရားဝင်တည်ရှိနေသည်မှာ မှန်ကန်ကြောင်း ဥပဒေပညာရှင်များကလည်း  သက်သေပြုကြသည်။ ထို့ကြောင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည်ကား ယနေ့တိုင် တရားဝင်တည်ရှိနေဆဲလည်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကြီးသည် ဦးစီးကျင်းပပေးခဲ့သော စစ်အစိုးရ၊ ၀င်ရောက်ယှဉ်ပြိုင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော နိုင်ငံရေးပါတီများ၊ ဆန္ဒမဲ ပေးခဲ့ကြသော နိုင်ငံသူ၊ နိုင်ငံသားများ၊ ၀ိုင်းဝန်းအသိအမှတ်ပြု ထောက်ခံခဲ့ကြသော ကုလသမဂ္ဂ အစရှိသော နိုင်ငံတကာ မိသားစုကြီး ယင်းအားလုံးတို့၏ ဂုဏ်သိက္ခာနှင့်ယှဉ်တွဲ တည်ရှိနေသော အရှိတရားဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်တာဝန်ကို နဝတ စစ်အစိုးရမှ စတင်ပျက်ကွက်ခဲ့သည်။

အမှန်စင်စစ် ၁၉၉၀ ရွေးကောက်ပွဲကြီးသည် အာဏာသုံးရပ်လုံးနှင့် သက်ဆိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိဘဲနှင့် အာဏာလွှဲပြောင်းပေးရန် မဖြစ်နိုင်ကြောင်းနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ချေဖျက်သည့် အမိန့်အမှတ် (၁/၉၀) ထုတ်ပြန်ကာ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးသာ တာဝန်ရှိသည်ဟု တစ်ဖက်သတ် ပြောင်းလဲသတ်မှတ်လိုက်သည်။

တဖန် စစ်အစိုးရက အမိန့်အမှတ် (၁၁/၉၂) ထုတ်ပြန်ပြီး လွှတ်တော် ကိုယ်စားလှယ်များကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရန် ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှ စတင်ကာ အမျိုးသားညီလာခံ ခေါ်ယူကျင်းပရာတွင် ပါဝင်စေခဲ့သည်။

သို့ရာတွင် နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပါဝင်တက်ရောက်ခွင့် မပြုဘဲ ရာခိုင်နှုန်းဖြင့်သာ တက်ရောက်စေခဲ့သည်။ ထို့ကြောင့် အနိုင်ရ NLD ပါတီသည် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို ရှေးရှုကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အထင်ကရ ပါတီခေါင်းဆောင်များ နေအိမ်အကျယ်ချုပ် ကျနေရခြင်း၊ အကျဉ်းကျနေရခြင်းများ ရှိနေခဲ့သော်လည်း အမျိုးသားညီလာခံတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

စစ်အစိုးရမှ အမျိုးသားညီလာခံတွင် အဓိက အခြေခံရမည့် မူကြီး ၆ ရပ်နှင့် အခြေခံမူ ၁၀၄ ချက်တို့ကို အခြေခံရေးဆွဲခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များကိုမူ ထည့်သွင်း ရေးဆွဲရန် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြသည်။

ထိုမှတဖန် အမျိုးသားညီလာခံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တဘက်သတ်ရေးဆွဲပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။ ဆန္ဒခံ ယူပွဲတွင်လည်း မသမာသောနည်းလမ်းများကို စစ်အစိုးရက အဓမ္မလုပ် ဆောင်ခဲ့သည်။ အတိုက်အခံ နိုင်ငံရေးအင်အားစုများ၏ မဲမပေးရေး (No Vote) နှင့် ကန့်ကွက်မဲပေးရေး (Vote No) ဟူသည့် နည်းဗျူဟာ အကွဲအပြားကို အခွင့်ကောင်းယူကာ စစ်အစိုးရက မသမာမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြသည်မှာ အထင်အရှားဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲကြီးတွင် တရားဝင် နိုင်ငံတော်ပြန်တမ်းထုတ်ကာ အနိုင်ရခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်များသည် ယနေ့ထက်တိုင် တရားဝင်တည်ရှိနေသော အရှိတရားဖြစ်သည်နှင့်အညီ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီသည်လည်း ၁၉၉၀ ခုနှစ် ရလဒ်အရ တရားဝင်တည်ရှိနေဆဲပင်ဖြစ်သည်။

ယခုအခါ စစ်အစိုးရ ထပ်မံကျင်းပသော ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် မဲမသမာမှု ပြဿနာများမှာ အလွန်ထင်ရှားစွာပင် ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ကျင်းပခြင်း ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးအင်အားစုများ ပူးပေါင်းပါဝင်ခွင့်ပြုခြင်း စသည်တို့ ပါဝင်သည့် ရွှေဂုံတိုင် ကြေညာချက်ထုတ်ကာ စစ်အစိုးရကို ကမ်းလှမ်းခဲ့သည်။

စစ်အစိုးရက မည်သည့် ကမ်းလှမ်းချက်ကိုမျှ လက်ခံစဉ်းစားခြင်းမရှိဘဲ တလျှောက်လုံး တို့တာဝန် အရေးသုံးပါးကိုသာ အကြောင်းပြပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် မဲအပြတ်အသတ်နှင့် အောင်နိုင်ရေးကိုသာ စနစ်တကျ အကွက်ဆင်လုပ်ဆောင်ခဲ့သည်။

စစ်အစိုးရသည် လွှတ်တော်အသစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသကဲ့သို့ အရပ်သားအစိုးရ အမည်ခံ အစိုးရသစ်တရပ် ပေါ်ပေါက်ရေးအတွက်လည်း လုပ်ဆောင်နေသည်။ ထို့ကြောင့် လာမည့်နှစ်သစ်တွင် တရားဝင်ထုတ်ပြန်ထားသော နိုင်ငံတော်အဆင့် ပြန်တမ်းများအရ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအရ လွှတ်တော်နှင့် ၂၀၁၀ ရွေးကောက်ပွဲအရ လွှတ်တော် ဟူ၍ ယှဉ်လျှက်တည်ရှိနေပေသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် အများက လက်ခံယုံကြည် လေးစားခံထားရသော ရလဒ်ဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲရလဒ်သည် မဲမသမာမှုများ၊ မတရားမှုများဖြင့်ရသော ရလဒ်ဖြစ်သည်။

လက်တွေ့သဘောအရ ထိုလွှတ်တော်နှစ်မျိုးကြားတွင် ဆုံမှတ်ရှာနိုင်ခြင်းရှိမည့် နိုင်ငံရေး ၀န်းကျင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုများက ဒုတိယ ပင်လုံညီလာခံခေါ်ယူကာ အားလုံးသော တိုင်းရင်းသားများနှင့် စစ်အစိုးရပါ ပါဝင်ပြီး တကယ့်နိုင်ငံရေး ပြဿနာကို အဖြေရှာရေးလမ်းပေါ်သို့ ဖိတ်ခေါ်နေပါသည်။

အမှန်စင်စစ် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်းကြားမှ ပြဿနာမဟုတ်ဘဲ စစ်တပ်လူတန်းစားနှင့် နိုင်ငံသားများအကြားမှာသာ တည်ရှိနေသည့် မသင့်မြတ်မှုဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်းကြားတွင် ကြီးမားကျယ်ပြန့်သော မသင့်မြတ်မှုမှာ မရှိသလောက်ပင်ဖြစ်သည်ဟု ဆိုရပေမည်။

အသက်မ၀င်သေးသော လွှတ်တော် နှစ်မျိုးအကြား မည်သို့သော နိုင်ငံရေး အပြောင်းအလဲကို မြန်မာနိုင်ငံသားများ ဖော်ဆောင်ကြမည်ဆိုသည်ကို ကမ္ဘာနှင့် နိုင်ငံသူနိုင်ငံသားများကပါ စောင့်ကြည့်နေကြသည်။ လာမည့် ဇန်န၀ါရီလကုန်တွင် ပြည်သူ့လွှတ်တော်ကို စတင်ခေါ်ပြီးနောက် ၇ ရက်ကြာလျှင် အမျိုးသားလွှတ်တော်ကို ခေါ်ရမည် ဖြစ်ပေသည်။ တဖန် နောက်ထပ် ၇ ရက် ထပ်ကြာပြီးနောက် ပြည်ထောင်စု လွှတ်တော်ကိုခေါ်မည်ဖြစ်သည်။

တဘက်တွင်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီများက တရားဥပဒေအရ တရားဝင် တည်ရှိနေဆဲပင်ဖြစ်ရာ မည်ကဲ့သို့သော ချဉ်းကပ်မှုများနှင့် အပြောင်းအလဲသစ်များက နှစ်သစ်တွင် ဖော်ဆောင်ပေးမည်နည်း ဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ မြန်မာနိုင်ငံသားများကမူ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် လုံခြုံမှုရှိရှိ အေးချမ်းသော ဘ၀များကို လိုလားတောင့်တနေသည်ကတော့ အမှန်ပင်ဖြစ်ပေတော့သည်။
http://www.bur.irrawaddy.org/index.php/editorial/2009-02-27-05-56-44/5390-2010-12-30-11-51-57

နိုဗဲလ်ဆုရှင်ရဲ့ အကြံပြုချက် ၁၀ ချက်က မြန်မာ့နိုင်ငံရေးကို ပြောင်းလဲနိုင်မလား

နိုဗဲလ်ဆုရှင်ရဲ့ အကြံပြုချက် ၁၀ ချက်က မြန်မာ့နိုင်ငံရေးကို ပြောင်းလဲနိုင်မလား

နာမည်ကျော် စီးပွားရေးဆိုင်ရာ နိုဗဲလ်ဆုရှင် အိန္ဒိယလူမျိုး အမာတရာဆင်းက မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲအတွက် နိုင်ငံတကာကနေ ထိထိ ရောက်ရောက် ကူညီနိုင်အောင် သူတို့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေမှာ လုပ်ဆောင်သင့်တဲ့ အချက် ၁၀ ချက်ကို အဆိုပြုခဲ့ပါတယ်။ အဲဒီ အချက်တွေနဲ့ပတ်သက်ပြီး အမာတရာဆင်း ကိုယ်တိုင် ဘန်ကောက် အခြေစိုက် The Nation သတင်းစာမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ရေးသားဖော်ပြခဲ့ပါတယ်။   

amartya-sen_Credit-Top-News
စီးပွားရေးဆိုင်ရာ နိုဗဲလ်ဆုရှင် အိန္ဒိယနိုင်ငံသား အမာတရာဆင်း (ဓာတ်ပုံ - Top News)
“တလောက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို စစ်ဗိုလ်ချုပ်တွေက သူတို့နဲ့ သူတို့ရဲ့အပေါင်းအပါ တွေ ဆက်လက် အာဏာဆုပ်ကိုင်ထားနိုင်အောင် မရိုးမသား လုပ်ဆောင်ခဲ့ကြတယ်” လို့ အမာတရာဆင်းက သူ့ရဲ့ဆောင်းပါး မှာ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုမှာ စစ်တပ်က အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ ၂၅ ရာခိုင်နှုန်း ရယူခဲ့တာ၊ နိုင်ငံရေး ဖြစ်စဉ်မှာ အင်အားကောင်းတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ မပါဝင်အောင် စနစ်တကျ လုပ်ဆောင်တာ၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထားတာနဲ့ စစ်အစိုးရကို လူသိရှင်ကြား ဝေဖန်မှုတွေအပေါ် လုံးဝခွင့်မပြုတာတွေကို ဆောင်းပါးမှာ ဖော်ပြထားတဲ့အပြင် နိုဗဲလ်ဆုရှင်က “အခုအချိန်မှာ နိုင်ငံတကာ အသိုင်းအ၀န်းက ဘာများ လုပ်နိုင်ပါသေးသလဲ” လို့ မေးခွန်း ထုတ်ပါတယ်။

တလောက ထိုင်းနိုင်ငံကို အလည်အပတ်ရောက်လာတဲ့ အမာတရာဆင်းက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကိုရော အနောက်နိုင်ငံတွေကိုပါ သူတို့ရဲ့ ထိရောက်မှုမရှိတဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေနဲ့ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ကျင့်ဝတ်သိက္ခာဆိုင်ရာ ကိစ္စတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ပေါ်လာတာကို အမှန်တကယ်မြင်ချင်ရင် အောက်ပါအချက် ၁၀ ချက်ကို ဆောင်ရွက်ဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) -

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) ဖွဲ့စည်းရေးဟာ စစ်အစိုးရက ရွေးကောက်ပွဲကို မရိုးမသားကျင်းပခဲ့ပြီး နောက်ပိုင်း အလွန်အားကောင်းတဲ့ အခွင့်အလမ်းတခုအဖြစ် အမာတရာဆင်းက အလေးထားဖော်ပြခဲ့ပါတယ်။

နိုဗဲလ်ဆုရှင်ရဲ့အမြင်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောညီမျှနေပါတယ်။ မကြာသေးခင်က အယ်လ်ဂျာဇီးယား ရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ်က ကျောင်းသားများ၊ ပညာရှင်များနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ တယ်လီ ကွန်ဖရင့်မှာ CoI အပေါ် သူထောက်ခံကြောင်း ပြောခဲ့ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကုလသမဂ္ဂဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးဆိုတဲ့ အယူအဆကို ထောက် ခံခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ရမယ့် အချက်တခုက ကျမတို့ တောင်းဆိုနေတာက ကုလ သမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် တခုပါ။ တခြားသူတွေ တွေးထင်နေသလို ဗိုလ်ချုပ်ကြီးတွေကို တရားခုံရုံးတင်ဖို့ မဟုတ်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီလိုတောင်းဆိုတာဟာ တပ်မတော် အာဏာပိုင်တွေကို တိုက်ရိုက် တိုက်ခိုက်တာလို့ ကျမတို့ မယူဆပါဘူး။ အဲဒီလိုပဲ တပ် မတော်အာဏာပိုင်တွေကလည်း ဒါဟာ သူတို့ကို တိုက်ခိုက်တာပဲလို့ မယူဆစေချင်ပါဘူး” လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတချို့က CoI ကို လူသိရှင်ကြား ထောက်ခံခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ က ဆန့်ကျင်ပါတယ်။ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း CoI ဖွဲ့စည်းရေးကိစ္စမဖြစ်အောင် တရုတ်တို့ဘက်က စည်းရုံးမှုတွေကို တက်တက်ကြွကြွလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေဘက်က ကြည့်ရင်တော့ CoI ဟာ အချက်အလက် ရှာဖွေရေးပဲပြောပြော၊ ကျူးလွန်သူတွေကို တရားခုံရုံး တင်ဖို့ပဲပြောပြော ဒီလုပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ပြည်တွင်းရေးကိစ္စကို ပြည်ပက ၀င်ရောက် စွက်ဖက်တယ်လို့ သေချာပေါက် ရှုမြင်ပါလိမ့်မယ်။

အရေးယူပိတ်ဆို့မှု -

မြန်မာပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် အ၀တ်အထည်တင်ပို့တဲ့ လုပ်ငန်းမျိုးကို ကန့်သတ်တဲ့ အရေးယူ ပိတ်ဆို့မှုမျိုးကို ဆန့်ကျင်ကြောင်း အမာတရာဆင်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ အဲဒီလို ပိတ်ဆို့မှုတွေအစား စစ်အစိုးရရဲ့စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံရပ်ခြားနဲ့ငွေကြေးဆိုင်ရာ ဆက်ဆံမှုတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ဖို့သာ သူက အကြံပြုပါတယ်။

ဒါပေမယ့် အရေးယူပိတ်ဆို့မှုတွေက ပြည်သူတွေကို အမှန်တကယ်ပဲ ထိခိုက်နစ်နာခဲ့သလားဆိုတာ ပြန်လည်သုံးသပ်ချင်ပါ တယ်လို့ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ၎င်းရဲ့ယခင်သဘောထားကို သတိနဲ့ ဆက်လက် ကိုင်ဆွဲထားဆဲပါပဲ။အရေးယူ ပိတ်ဆို့မှုတွေက ပြည်သူတွေကို ထိခိုက်နစ်နာခဲ့ပါတယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့လို၊ ကမ္ဘာ့ဘဏ်တို့လို  နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းကြီးတွေရဲ့ အစီရင်ခံစာတွေမှာ မတွေ့မိသေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်က နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေရစဉ် ကာလအတွင်း အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေးအတွက် စစ်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ သူက တောင်းဆိုခဲ့ပါတယ်။

လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေး -

ပစ်မှတ်ထားအရေးယူ ပိတ်ဆို့မှုတွေထဲမှာ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေးကို ထိပ်ဆုံး ကထားရမယ်လို့ အမာတရာဆင်းက ပြောပါတယ်။

လောလောဆယ် အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနဲ့ သြစတြေးလျနိုင်ငံတို့က လက်နက်ရောင်းဝယ်မှုကို ပိတ်ဆို့အရေးယူထားတာတွေဟာ ထိရောက်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက မြန်မာနိုင်ငံကို စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ တင့်ကားတွေနဲ့ အမြောက်ကြီးတွေကို ရောင်းချ ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ ထိထိရောက်ရောက် အရေးယူ ပိတ်ဆို့မှုတခုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်တဲ့ နိုင်ငံအားလုံး မဖြစ် မနေ လိုက်နာရမယ့် လက်နက်ရောင်းဝယ်မှုပိတ်ဆို့ရေးဆုံးဖြတ်ချက်လိုမျိုး လိုအပ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်နဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့အရေးယူမှုဆုံးဖြတ်ချက်မကျအောင် ရုရှားနဲ့တရုတ်နိုင်ငံတွေက ပိတ်ဆို့ ထားမှာ ဖြစ်တဲ့အတွက် ဒါဟာ အကောင်အထည်ဖော်ဖို့ ခက်ပါတယ်။

သဘာဝတွင်းထွက်ပစ္စည်းတွေအပေါ်ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု -

တွင်းထွက်ဓာတ်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ ကျွန်းသစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေလို သဘာဝထုတ်ကုန် ပစ္စည်းအားလုံးဟာ စစ်အစိုးရကို ကြီးမားတဲ့ အကျိုးအမြတ် တွေ ရရှိနေစေတဲ့အတွက် ပစ်မှတ်ထား အရေးယူပိတ်ဆို့ဖို့ အမာတရာဆင်းက လိုလားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့် ယူနိုကယ်နဲ့ တိုတယ်တို့လို ရေနံကုမ္ပဏီ ကြီးတွေရဲ့ အငြင်းပွားစရာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ မျက်နှာလွှဲထားတာကို နိုဗဲလ်ဆုရှင်က ဝေဖန်ပါတယ်။

ပြင်းထန်တဲ့ ဘဏ္ဍာရေး အရေးယူပိတ်ဆို့မှု -

နောက်ထပ် ထိရောက်တဲ့ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုက မြန်မာနိုင်ငံကနေ ကြီးမားတဲ့ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု ပြင်းပြင်းထန်ထန် အရေးယူတားမြစ်နိုင်တယ်လို့ အမာတရာဆင်းက ပြောပါတယ်။ ဒီလိုကြီးမားတဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စစ်အစိုးရနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်များကသာ လုပ်ဆောင်မှာဖြစ်ပြီး သာမန် မြန်မာနိုင်ငံသားတွေ လုပ်ဆောင်နိုင်တာ မဟုတ်တဲ့ အတွက်ပါပဲ။

စစ်အစိုးရခေါင်းဆောင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ပစ်မှတ်ထားပြီး ပြင်းထန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အရေးယူ ပိတ်ဆို့မှုတွေရဲ့ ထိရောက်မှုရှိ မရှိကတော့ ရှင်းလင်းမှု မရှိခဲ့ပါဘူး။

ခရီးသွားလာမှု တားမြစ်တဲ့ အရေးယူပိတ်ဆို့မှု -

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ ခရီးသွားလာမှုကို ဆက်လက်ပိတ်ဆို့ အရေးယူဖို့ အမာတရာဆင်းက ထောက်ခံ ခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ လက်ရှိ ခရီးသွားလာမှု ပိတ်ဆို့အရေး ယူတာတွေက စစ်အစိုးရခေါင်းဆောင်တွေကို တစုံတရာ အထီးကျန်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအရေးယူမှုမျိုးကို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက လိုက်ပါလုပ်ဆောင်မယ်ဆိုရင် အများကြီး ထိရောက် မှုရှိပါလိမ့်မယ်။

အနောက်နိုင်ငံတွေက လက်ရှိခရီးသွားမှု အရေးယူပိတ်ဆို့တာတွေဟာ စစ်အစိုးရကို တရားမ၀င် အစိုးရတရပ်အဖြစ် အသိအမှတ်ပြုရာ ရောက်ခဲ့ပေမယ့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမယ့် အရပ်သား အစိုးရအသစ်ကို အနောက်နိုင်ငံတွေက ဘယ်လိုဆက်ဆံကြမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျင့်ဝတ်သိက္ခာဆိုင်ရာ တာဝန်ရှိမှု -

“မြန်မာစစ်အာဏာရှင်တွေဟာ အနှေးနဲ့အမြန် ဆိုသလို ကျ ဆုံးပါလိမ့်မယ်” လို့ အမာတရာဆင်းက ယုံကြည်ပြီး “ရက်စက်တဲ့အစိုးရတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံ အားပေးခဲ့တဲ့ သမိုင်းကြောင်းကြောင့် ဒီနေ့ခေတ် လက်တင်အမေရိကမှာ အမေရိကန်ဆန့်ကျင်ရေး ၀ါဒ ပြင်းထန်နေသလိုမျိုး သူတို့ကို အိမ်နီးချင်းနိုင်ငံတွေက သစ္စာဖောက်ခဲ့ပါလားဆိုတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ခံစားမှုတွေဟာလည်း ရေရှည် ကိန်းအောင်းနေလိမ့်မယ်” လို့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို သတိပေးခဲ့ပါတယ်။

မဝေးတဲ့အနာဂတ်မှာ လက်တင်အမေရိကမှာ ဖြစ်ပျက်ခဲ့သလိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာရှမှာ ဖြစ်လာမလားဆိုတာ ကြည့်မြင်ဖို့ ခက်ခဲနေဦးမှာဖြစ်ပေမယ့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီ အတိုက်အခံတွေနဲ့လည်း ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ စဉ်းစားသင့်ပါတယ်။ အဲဒီလို မျှတတဲ့ ဆက်ဆံရေး ထူထောင်ထားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာရင် အဲဒီနိုင်ငံတွေဟာလည်း နောက် တက်လာမယ့် အစိုးရသစ်ရယ်၊ မြန်မာပြည်သူတွေရယ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက်လက်ရှိနေမှာပါ။

အနောက်နိုင်ငံမူဝါဒတွေရဲ့ အားနည်းချက် -

အနောက်နိုင်ငံတွေဟာ သူတို့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေကို ရေးဆွဲတဲ့ အခါမှာ ရှေ့နောက်မညီတာတွေကို အမာတရာဆင်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ “မြန်မာစစ်ခေါင်းဆောင်တွေကို ရှုတ်ချ ဝေဖန်တဲ့နေရာမှာ အနောက်နိုင်ငံတွေဟာ အပြောကတော့ လက်စောင်းထက်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ အာဏာစက် အတွင်းမှာ လုံးလုံးလျားလျား ရှိနေတဲ့ အရာတွေကိုတော့ သူတို့မလုပ်ကြဘူး” လို့ နိုဗဲလ်ဆုရှင်က ထောက်ပြခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ အကျိုးအမြတ်ရနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုံးဝရုပ်သိမ်းဖို့ အမာတရာဆင်းက အနောက်နိုင်ငံတွေ ကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အခြေစိုက် ယူနိုကယ်ရေနံကုမ္ပဏီနဲ့ ပြင်သစ်က တိုတယ်ရေနံကုမ္ပဏီတို့ရဲ့ မြန်မာပြည်က ရင်းနှီးမြုပ်နှံမှုတွေကို သူက တိုက်ရိုက်ရည်ညွှန်းပြောဆိုတာ မလုပ်ခဲ့ပါဘူး။

“ဒီလိုလုပ်ဆောင်တာမျိုးမရှိဘူးဆိုရင် တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ကိုလည်း ဆွဲဆောင်ဖို့ ပိုခက်ခဲပါတယ်” လို့ သူက ပြောပါတယ်။

မျှော်လင့်ချက် ကင်းမဲ့တဲ့ ခံစားမှုကို ဖယ်ရှားရေး -

အရေးအကြီးဆုံးက “မြန်မာပြည်သူတွေ ကြားထဲမှာ လွှမ်းမိုးနေတဲ့ မျှော် လင့်ချက် ကင်းမဲ့တဲ့၊ စိတ်ဓာတ်ကျနေတဲ့ ခံစားချက်တွေ အဆုံးသတ်သွားအောင် အားပေးရမယ်” လို့ အမာတရာဆင်းက အကြံ ပြုပါတယ်။

“ကျနော်တို့ သတိထားရမှာက တိုက်ပွဲက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုရဲ့ အစဖြစ်တယ်။ စစ်အစိုးရဆီက လိုက်လျောမှု အနည်းအကျဉ်းအတွက် မဟုတ်ဘူး” လို့ နိုဗဲလ်ဆုရှင်က ပြောခဲ့ပါတယ်။

ကုန်လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးရဲ့ စံနမူနာဖြစ်သလို မြန်မာပြည်သူတွေရဲ့ မျှော် လင့်ချက်အဖြစ် ရှိနေပါတယ်။ သူလွတ်မြောက်လာတာကို စိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် ၀မ်းပန်းတသာကြိုဆိုကြ တဲ့ ထောင်နဲ့ချီတဲ့လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ ၇ နှစ်ကျော်နေထိုင်ခဲ့ရပေမယ့် ပြည်သူ တွေကို လှုပ်နှိုးနိုင်တဲ့ ခေါင်းဆောင်တဦး ဖြစ်ပြီး ပြည်သူတွေကို ဦးဆောင်နိုင်စွမ်းရှိနေဆဲပဲဆိုတာ သက်သေပြသခဲ့တာပါပဲ။

ကျဆုံးရေးလမ်းမဟုတ်တဲ့ ချဉ်းကပ်မှု -

နောက်ဆုံးအနေနဲ့ စစ်ဗိုလ်ချုပ်တွေကို ထွက်ပေါက်ပေးဖို့ အမာတရာဆင်းက အကြံပြု ခဲ့ပါသေးတယ်။ သွေးထွက်သံယို လက်စားချေမှုကို သူက အားမပေးပါဘူး။ သူတို့လုပ်ခဲ့တဲ့ အပြစ်တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးတဲ့ မြင့်မြတ်မှုမျိုး လုပ်ဆောင်ဖို့ သူက အဆိုပြုခဲ့ပါတယ်။

နိုဝင်ဘာလနှောင်းပိုင်းက The New York Times မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်စားချေ တဲ့မူဝါဒကို သူမထောက်ခံဘူးလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ “ဗိုလ်ချုပ်ကြီးများဟာဆိုရင် သူတို့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြစရာ ခိုင်မာတဲ့အကြောင်း တစုံတရာရှိတယ်လို့ ကျမမထင်ပါဘူး။ ကျမတို့က သူတို့ကို ပုဂ္ဂိုလ်ရေးအရ ဒီလိုလုပ်ဆောင်နေတာ မရှိပါဘူး။ ကျမအနေနဲ့ သူတို့ကို အဲဒီလိုဖြစ်စေချင်တဲ့ဆန္ဒ မရှိတာ အသေအချာပါပဲ” လို့ သူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အဆိုပြုချက် ၁၀ ချက်အပေါ် အခြေခံပြီး နိုဗဲလ်ဆုရှင် အမာတရာဆင်းက “ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ရှင်းလင်းတဲ့ အကြောင်းပြချက်တွေနဲ့ အကောင်အထည်ဖော်တဲ့ သေချာပစ်မှတ်ထား အရေးယူတဲ့ မူဝါဒတွေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေ နောက်ဆုတ်သွားအောင်၊ လူအများစု ထင်ထားတာထက် ပိုမိုလျင်မြန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက် လာနိုင်အောင် ကျနော်တို့ လုပ်နိုင်ပါတယ်” လို့ သူ့ဆောင်းပါးမှာ ပြောဆိုခဲ့ပါတယ်။

အမာတရာဆင်း အကြံပြုတဲ့အတိုင်း ဒီမိုကရေစီဖြစ်ထွန်းပြီး တာဝန်ယူတတ်တဲ့ ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ် မြန်မာနိုင်ငံ ပြောင်းလဲတာကို နိုင်ငံတကာအသိုင်းအ၀န်းက အမှန်တကယ်မြင်တွေ့လိုရင် ၎င်းတို့ဘက်ကလည်း ပြတ်သားရှင်းလင်းတဲ့ အကြောင်းပြချက်နဲ့ ဆုံးဖြတ်ချက်တွေရှိဖို့က မရှိမဖြစ်လိုအပ်နေပါတယ်။ 

ထက်အောင်၏ Sen's Ten-point Proposal: Could it Change Burma? ကို ပြန်ဆိုသည်။
http://www.bur.irrawaddy.org/index.php/articles/2-articles/5379-2010-12-30-06-49-06

Wild Lily Student Movement (Aung Moe Win )

Wild Lily

read here

Time မဂ္ဂဇင်းရဲ့ ယခုလ မျက်နှာဖုံးမှာ The Fighter Burma's Aung San Suu Kyi အမည်နဲ့ ဖော်ပြ

Daily Press Briefing Washington, DC December 29, 2010

Mark C. Toner
Acting Department Spokesman
Daily Press Briefing
Washington, DC
December 29, 2010

BURMA
Refugees in Thailand / Human Rights / Level of Engagement with Aung San Suu Kyi
QUESTION: Do you know about – this is about Burma, where in Thailand, more than 160 Burmese refugees have been forced to return back inside Burma, where the violence is still going on. Do you have anything to say on this? Are you observing the situation over there?
MR. TONER: Lalit, one more time. You said there’s refugees being forced out of – who are in Thailand?
QUESTION: Yeah. According to UNHCR, about 160 Burmese refugees have been forced by Thailand to go back home and to go back to Burma.
MR. TONER: And --
QUESTION: And human rights organization have issue – have expressed concern about this, and do you have anything to say on this?
MR. TONER: I’d have to check on the status and – but we’ve long expressed our concern about these refugees and their possible return to Burma. But as to what you’re reporting now, I’d just have to check and get an update for you.
QUESTION: Okay. One more thing on Burma. As Aung San Suu Kyi is no longer under house arrest, and you had one round of talks with her after she was released, in the new year, what kind of engagement and at what level of engagement do you intend to have with Aung San Suu Kyi?
MR. TONER: Well, we hope to continue engagement with Aung San Suu Kyi, and as you said, we’ve already had one round of discussions with her. What we want – our long-term goals for Burma are quite clear. We’ve sought a path of principled engagement with the Burmese Government. We haven’t had a great deal of success.
But we want to see a more transparent and democratic political process emerge there, and certainly we call on the release of all Burmese political prisoners, and hope to work more closely with Aung San Suu Kyi and the opposition there. And also, again, we do believe that by engaging the Burmese Government, we can advance our national interest in Burma and hope to do that. It’s been not exactly fruitful so far, but perhaps in the new year, it – we’ll make progress.


ဆွေးနွေးခန်း (၁၂၇)

မေး - လူထုလှုပ်ရှားမှုကို တန်ပြန်နှိမ်နင်းတဲ့ နည်းလမ်းများနဲ့ပတ်သက်ပြီး အခုခင်ဗျား ရှင်းပြသွားတဲ့ အချက်အလက်လေးတွေက ကျွန်တော်တို့ အတွက် တော်တော်အသုံးဝင်တယ်ဗျာ။ ကျွန်တော်တို့ အနေနဲ့ ဒီလို အသုံးဝင်တဲ့ အချက်အလက်တွေများများ လိုအပ်တယ်ဗျ။ ကဲ အခုဆက်ပြီး နအဖ အရာရှိများ အနေနဲ့ စစ်ခုံရုံးတို့၊ နိုင်ငံတကာ စစ်ခုံရုံးတို့ကို ကြောက်ရတာနဲ့ ပတ်သက်ပြီး နဲနဲလေး ဆွေးနွေးလိုတယ်ဗျ။ နအဖ ဗိုလ်ချုပ်တွေဟာ အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးတို့ ဘာတို့ကို တကယ်ပဲ ကြောက်သလား ဒါမှမဟုတ် သူတို့အပေါ်မှာ fair play လို့ခေါ်တဲ့ ရိုးရိုးသာမာန် အတိုက်အခံလုပ်တာကိုပဲ လိုချင်လို့ အတင်းကာကွယ်နေတာလား ဆိုတာ သိချင်တယ်ဗျာ။

ဖြေ - အလွန်တရာမှ ရှင်းလင်းပြီး မြင်သာတဲ့ အချက်ပဲလို့ ကျွန်တော် ပြောမယ်ဗျာ။ နအဖ ဗိုလ်ချုပ်တွေမှာ အပြည်ပြည်ဆိုင်ရာတရားရုံးတို့ စစ်ခုံရုံးတို့ အကြောင်းသိပ်နားလည်ပြီး ကြောက်ရမဲ့လူဆိုတာ မရှိဘူးဗျ။ ဒါတွေဟာ ဗိုလ်သန်းရွှေရဲ့ စနက်တွေသာဖြစ်တယ်။ မင်းတို့ကို စစ်ခုံရုံးပို့ရင်ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ခြောက်ပြီးထားတဲ့ အတွက် နအဖဗိုလ်ချုပ်တွေဟာ စစ်ခုံရုံးအသံကြားရင် ဖျားနေရတဲ့ ဘဝကို ရောက်နေကြတာပဲဖြစ်တယ်။ တကယ်ပြောရမယ်ဆိုရင်လဲ ဗိုလ်သန်းရွှေဟာ ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်ဖို့ ကန်လန့်ကာနောက်ကနေ အမိန့်ပေးစေခိုင်းနေတာတောင်မှ တာဝန်ယူရဲတဲ့ သတ္တိမရှိပဲ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နအဖ ဗိုလ်ချုပ်များကိုသာ လူပုံအလယ်မှာ ရာဇဝတ်ကောင်များအသွင် ဖန်တီးနေတာကို ကြည့်ခြင်းအားဖြင့် သူဟာ သူ့ရဲ့ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ဖေးမပေးမဲ့ လူမိုက်များမွေးလိုတဲ့ စိတ်ရှိတာကို တွေ့ရတယ်။ အဲဒီလိုလူမိုက်မွေးတဲ့ အလုပ်မျိုးလုပ်မှလဲ သူ့ကိုယ်သူကာကွယ်နိုင်မှာမို့ မာဖီးယားရုပ်ရှင်ကားများထဲကလို မိုက်ရဲရိုက်ရဲ ဥပဒေမဲ့လုပ်ရပ်ကို ရဲရဲတင်းလုပ်အောင် အောက်က ဗိုလ်ချုပ်တွေကို မြောက်ပေးတာပဲဗျ။ နောက်ပြီး စစ်ခုံရုံးတို့ ဘာတို့ကို ကြောက်အောင် ခြောက်ထားတာလဲ ကနဦး အစက ဗိုလ်သန်းရွှေကလို့ ပြောရမှာပါပဲ။ ဒီလို လုပ်ထားခြင်းဖြင့် တွေ့ဆုံဆွေးနွေးရေးတို့၊ ဒီမိုကရေစီထွန်းကားရေးတို့မှာ နအဖဗိုလ်ချုပ်များ စိတ်မလည်လာစေရေး အတွက်ပဲဖြစ်တယ်ဗျ။ အောက်မှာရှိတဲ့ ဗိုလ်ချုပ်တွေကိုတော့ စစ်ခုံရုံး အပို့ခံရမဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ထပ်ခါထပ်ခါကျူးလွန်စေပြီး ကိုယ်ကိုတိုင်ကတော့ ဂရုဏာတရားကြီးမားလေဟန် မီဒီယာတွေမှာ သတင်းလွှင့်စေတာကို ကြည့်ခြင်းအားဖြင့် နအဖဗိုလ်ချုပ်ကြီးများ အနေနဲ့ ဗိုလ်သန်းရွှေ သရုပ်ကို မှန်ကန်စွာ သဘောပေါက်သင့်တာ ကြာပြီခင်ဗျ။ တကယ်တမ်းက အတွင်းထဲမှာ ဖြစ်နေတာက ဗိုလ်သန်းရွှေဟာ သူ့ကိုယ်သူ ခေါင်းကိုင်ဆရာကြီး (godfather) လိုပြုကျင့်နေတာ။

မေး - ဒါဖြင့် စစ်ခုံရုံးတို့ဘာတို့ဟာ နအဖဗိုလ်ချုပ်များကို ခြိမ်းခြောက်နိုင်တဲ့ အရာတခုလို ဆိုလိုတာပေါ့။

ဖြေ - ကျွန်တော်အနေနဲ့ကတော့ ဒီဟာတွေကို ခေတ္တခဏ မေ့ထားရင်ကောင်းမယ်လို့ ထင်တယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ဒီဟာက ဘာမှအထောက်အကူ ဖြစ်စေမှာ မဟုတ်ဖူးဗျ။ ဥပဒေအရ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို လက်ငင်းကာလမှာ ရင်ဆိုင်နေတာတွေကိုပဲ အာရုံစိုက်ရင်ကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းတာ (Forced labor)တို့၊ အရွယ်မရောက်သေးတဲ့ လူမမယ် ကလေးတွေကို စစ်ထဲမှာ အဓမ္မ လိုက်စေတာ (child soldier)တို့မှာ ပဲ ဥပဒေကြောင်းအရ နအဖကို ရင်ဆိုင်သင့်တယ်ဗျ။ ဒီဟာကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များနဲ့ ဒီမိုကရေစီရေးရာ လှုပ်ရှားသူတိုင်းက ထောက်ပံကူညီ အားပေးဖို့ အထူးလိုအပ်တယ်ဗျ။ စစ်ခုံရုံးတို့ ဘာတို့ ဆိုတဲ့ခြိမ်းခြောက်မှုမျိုးကတော့ နအဖ ဗိုလ်ချုပ်များကို နောက်ထပ်စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်မလာအောင် တားဆီးဖို့၊ ဗိုလ်သန်းရွှေရဲ့ မိုက်သထက်မိုက်တဲ့ မိုက်ဇာတ်ထဲမှာ ဆက်မက, ဖို့အတွက် စိတ်ဓာတ်ဆိုင်ရာ စစ်ဆင်ရေးလက်နက်တခု လောက်ပဲ သဘောထားဖို့ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။

မေး - သာမာန်ရိုးရိုး ရာဇဝတ်မှုကျူးလွန်တာတွေ၊ လူအခွင့်အရေးချိုးဖောက်ခံရတာတွေ

နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ နအဖကို ရင်ဆိုင်နေတာလေးတွေက နအဖကို စိတ်အနှောင့်အယှက်ဖြစ်စေတာက လွဲပြီး ဒီထက်ထိရောက်လာအောင် လုပ်နိုင်ပါ့မလား။

ဖြေ - ခင်ဗျားက ဇွတ်အတင်း ဆက်မေးနေတော့လဲ ကျုပ်ကဖြေရတော့မှာပေါ့လေ။ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ နအဖရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်ရတာတွေ (အတင်းအဓမ္မ နေရာရွှေ့ခိုင်းပြီး ထိုက်သင့်တဲ့ လျှော်ကြေးမရတာတို့၊ အဓမ္မလယ်မြေသိမ်းခံရတာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက်တာ ရန်ပြုတာ (မီးရှို့တာမျိုးတွေလဲပါတာပေါ့ဗျာ)၊ အဲဒါတွေကို ဥပဒေကြောင်း အရ နအဖကို ရင်ဆိုင်ဖို့ ခိုင်မာပြီး တောင့်တင်းတဲ့ ကျောထောက်နောက်ခံ အဖွဲ့ ပြည်သူလူထုမှာ မရှိဘူးဗျ။ အမျိုးသားစည်းလုံးရေးလို့ အခုပြောနေတဲ့ကိစ္စကလည်း ဒီလိုကိစ္စမျိုးမှာ ချက်ချင်း လက်ဖမိုးကနေ လက်ဖဝါးဖြစ်အောင် တတ်နိုင်မှာမဟုတ်ဖူးဆိုတာ နအဖဗိုလ်ချုပ်များနဲ့ စီးပွားရေးအရ ပလဲနံပသင့်နေတဲ့ အဓမ္မဝါဒီ ဝိသမလောဘသားများက သိရှိနေကြတာကြောင့် အခုဆို နိုင်ငံတလွှားမှာ ကျူးလွန်မှုတွေဟာ တိတ်တိတ်ဆိုတာတောင်မရှိတော့ပဲ ဗြောင်ကျကျလွန်ကျူးနေကျတာကို တွေ့ရမှာပေါ့။ ဒါပေမဲ့ နအဖ ဗိုလ်ချုပ်တွေ ကြောက်တာဟာဆိုတာတော့ ရှိသေးတာပေါ့ဗျာ။ ညီညွတ်ပြီး အချိန်ကြာကြာတောင့်ခံထားနိုင်တဲ့ လူထုအုံကြွမှုမျိုးနဲ့၊ စစ်ခုံရုံးဆိုတာကိုတော့ နအဖ ဗိုလ်ချုပ်များ အလွန်ကြောက်ကြတာကို ကျွန်တော်က ကိုယ်တိုင်ကိုယ်ကျ သိထားရတယ်ဗျ။ နောက်ပြီး အခုအချိန်မှာ နအဖဗိုလ်ချုပ်တွေဟာ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ဖို့ ဂမူးရှူးထိုး ကြိုးစားလာတာ ခင်ဗျားသတိထားမိမှာပေါ့။ နိုင်ငံရေးအရ ၂၀၁၀ ရွေးကောက်ပွဲဟာ မြေပုံဆွဲထားရလို့သာ လုပ်ရတယ် ထင်သလို အခြေအနေမကောင်းမှန်းသိလာတဲ့အခါ ကြံဖွံနာမည်ကို အသုံးချပြီးတမျိုး၊ အောက်က ဗိုလ်ချုပ်များ၊ ဝန်ကြီးများကို နာမည်ခံခိုင်းပြီးတမျိုး နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေက ဓနဥစ္စာကို အလုံးအရင်း သိမ်းပိုက်ဖို့လုပ်လာတာ၊ ဒါအကြောင်းရှိတယ်ခင်ဗျား။ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု ဖိအားဟာ တော်တော့ကို ကြီးမားလာတာ နအဖ စီးပွားရေး အသိုင်အဝိုင်း (တေဇလို လူမျိုးကစပြီး အောက်လူများ)မှာ ကျပ်တည်းလာတယ်ဗျ။ ဆိုလိုချင်တာကတော့ ဘိန်းစိုက်ပျိုးမှုတွေကို တိုးတက်လာအောင်လုပ်မယ်၊ ပြည်သူလူထုရဲ့ စည်းစိမ်ဥစ္စာတွေ အဓမ္မ ခြိမ်းခြောက်ခံလာရမယ်၊ တတ်နိုင်ရင် နျူကလီးယားဒုံးပျံတွေ ထုပ်လုပ်တပ်ဆင်နေပါတယ်၊ ဒီ မက်ဆေ့ တွေကို ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်အပါအဝင် အမောက်နိုင်ငံအစိုးရများ၊ ဒီမိုကရေစီအင်အားစုများကို ပေးခြင်းအားဖြင့် နအဖဟာ ဘာကို လိုချင်နေတယ်ဆိုတာကို ခင်ဗျား ရိပ်စားမိလောက်ရောပေါ့။

မေး - စီးပွားရေး ပိတ်ဆို့မှုတွေကို ရပ်တန့်စေချင်တယ်။

ဖြေ - ဒါတင်ဘယ်ကမလဲဗျာ။ ဗိုလ်သန်းရွှေက စစ်တပ်ကိုရော ပါလီမန်ကိုရော အုပ်စီးထားနိုင်မဲ့ နိုင်ငံအစိုးရသစ် (အဲဒီ အစိုးရဖွဲ့စည်းပုံ အသေးစိတ်ကိုတော့ ကျွန်တော်စုံစမ်းလေ့လာနေဆဲပဲဗျ တိတိကျကျ မပြောနိုင်သေးဘူး) ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံအသိအမှတ်ပြုဖို့ အထိပါရည်ရွယ်တယ်ဗျ။

မေး - ဒါပေမဲ့ ဒါတွေက ခင်ဗျားပြောသလို မက်ဆေ့ဖြစ်နေရုံ့တင်မကပဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အမှန်တကယ်ခြိမ်းခြောက်နေတာကြတော့ရော ခင်ဗျားဒါကို ဘယ်လိုပြောမလဲ။

ဖြေ - ကျွန်တောခင်ဗျားကို ပြောပြီးပြီလေ ကျွန်တော်တို့၊ ခင်ဗျားတို့မှာ ဥပဒေကြောင်းအရ ခိုင်မာစွာ ရင်ဆိုင်နိုင်တဲ့ အားမရှိသေးဘူး။ နအဖက ဒါကို အခွင့်ကောင်းယူနေတာဖြစ်တယ်။ နောက်ပြီး စီးပွားရေးအရ လက်ဝါးကြီးအုပ်ဖို့ကြိုးစားတာကလဲ နအဖမှာ လှုပ်ခပ်မှုတွေရှိတယ် ပြည်တွင်းမငြိမ်မသက်မှုတွေ ဖြစ်လာရင် နိုင်ငံရပ်ခြားမှာ ထိန်းချုပ်ခံထားရတဲ့ ထိန်းချုပ်ခံရဖို့ အလားအလာရှိတဲ့ ပိုင်ဆိုင်မှုတွေ ရင်းစားပြန်ရဖို့နဲ့ တခြားနေရာတခုမှာ ဣနြေ္ဒရရ နေနိုင်ဖို့ရည်ရွယ်ရင်းလည်းဖြစ်တယ်ဗျ။

မေး - ခင်ဗျားပြောသလို စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ နအဖက လိုလားတယ်။ ဒါပေမဲ့ စီးပွားရေး ပွင့်လင်းလာရင်ကော နအဖက ခုလို လက်ဝါးကြီး အုပ်ဗိုလ်ကျထားမယ်ဆိုရင်ကော ပြည်သူလူထုက လွပ်လပ်စွာ စီးပွားရှာနိုင်ပါ့မလား။ အဲဒါက နအဖကို မြင်းချိုတပ်ပေးသလို ပိုအားကောင်းလာစေနိုင်တာရော မဖြစ်နိုင်ဘူးလား။

ဖြေ - အများကြီး ဖြစ်လာနိုင်စရာ အလားအလာရှိတာပေါ့ဗျာ။ စီးပွားရေးပိတ်ဆို့မှုတွေ ရပ်တန့်သွားရင် အခုချိုသွေးထားတဲ့ နအဖနဲ့ စီးပွားရေးလုပ်ငန်းရှင် တသိုက်အတွက်ပဲ အကျိုးအမြတ်ဖြစ်မဲ့ အခြေအနေမျိုးဖန်တီးယူကြမှာ ဥပဒေဘောင်အတွင်းကရော အပြင်ကရောပါပေါ့၊ ဒါပေမဲ့ ဒီလို အချိန်မျိုးမှာ အဓိကကြတဲ့၊ ပြည်သူလူထုကို အကျိုးပြုစေမဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတို့ စင်ကာပူတို့၊ ထိုင်းနိုင်ငံတို့မှာလို့ ရနိုင်မှာမဟုတ်ဖူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးတည်ငြိမ်မှု၊ ရာဇဝတ်မှုနဲ့ ချစားမှုကင်းစင်တဲ့ စီးပွားရေးစစ်စစ်ကို နအဖကတည်ထောင်နိုင်မှာမဟုတ်တဲ့ အတွက်ပဲ။ ပွင့်လင်းတဲ့စီးပွားရေးဆိုတာလဲ နအဖ အချုပ်ချာအာဏာနဲ့ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ တစိတ်တပိုင်းသာပွင့်လင်းတဲ့ စီးပွားရေးမျိုးဖြစ်ဖို့ နအဖမှာ အစီအမံရှိတယ်ဆိုတာပဲဗျ။

မေး - ဥပဒေကြောင်းအရ ပြည်သူလူထုဘက်မှာ ခိုင်မာတဲ့ ရပ်တည်ပေးမှုကို ဘယ်မှာရနိုင်မလဲဗျ။

ဖြေ - ဒီမိုကရေစီအင်အားစုများအနေနဲ့ ဥပဒေရေးရာမှာ ခိုင်မာတဲ့ အကာအကွယ် ဖန်တီးနိုင်စွမ်း အခုအချိန်မှာ မရှိတာကို ကျွန်တော်ထောက်ပြလိုတယ်ဗျ။ အရင်တုန်းကလဲ ပြောဖူးပါတယ် ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အမြေင်ကျယ်အောင်လုပ်ပေးဖို့လိုတယ်။ ရှိသမျှတတ်နိုင်သမျှ  ဥပဒေဆိုင်ရာ အင်အားစုတွေပေါင်းပြီး ပြည်သူလူထုအပေါ်မှာ ကျူးလွန်နေတာတွေကို ကာကွယ်၊ အသိပေး၊ နားလည်၊ စည်းရုံးဖို့လိုတယ် ဆိုတာလေ။  အလုပ်သမား သမဂ္ဂတွေဘာတွေ ပေါ်ပေါက်လာဖို့ ILO တို့ဘာတို့နဲ့ နအဖကို ဖိအားပေးလုပ်ဖို့ ကြိုးစားတာအောင်ဖြင်အောင် ဆက်လက်တွန်းအားပေးဖို့လိုတယ်ဗျ။ Forced labor ဟာ ကောင်းမွန်တဲ့ အကြောင်းပြချက်ပဲ။  ပြည်တွင်းမှာစည်လုံးရှိဖို့ ပထမဦးဆုံးလိုအပ်တယ်ဗျ။ နောက်ပြီး ထိပ်တိုင်ရင်ဆိုင်ဖို့ ဆိုတာရယ်၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာရယ် ၂ခုစလုံးကို မလိုလားကြောက်ရွံနေတဲ့ စစ်ဗိုလ်ချုပ်တွေကို ထိပ်တိုက်ရင်ဆိုင် ဒါမှာမဟုတ် တွေ့ဆုံဆွေးနွေး တစ်ခုကို အတင်းအကျပ်ရွေးစေခြင်းဟာလဲ လိုအပ်တဲ့ အချက်တခုပဲဖြစ်တယ်။ ပထမနည်းလမ်းကို အသုံးပြုဖို့ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီထက်ကို ပိုမိုထိရောက်တဲ့ ထောက်ပံကူညီမျိုး မဖြစ်မနေလိုအပ်တယ်ဗျ။ အဲဒါတွေအားလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ chain actions ဖြစ်နေပြန်တယ်။ ခင်ဗျားတို့ လုပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုကတော့ ဒီ နအဖရဲ့ ကျူးလွန်မှုကို စုစည်း (consolidate) လုပ်ပြီး နိုင်ငံတကာမှာ သိသာအောင်တင်ပြရမယ်။ ရာဇဝတ်မှုတွေကို crime against humanity ခေါင်းစဉ်အောက်မှာစုစည်းပြီး နိုင်ငံတကာရဲ့ ခိုင်မာတဲ့ထောက်ပံမှုနဲ့ ပြည်တွင်းစုစည်း ညီညွတ်မှု ပူးပေါင်းကာ တွေ့ဆုံဆွေးနွေး (သို့) ထိပ်တိုင်ရင်ဆိုင် လမ်းကို ရွေးစေချင်းဟာ မဟာဗျူဟာနည်းလမ်းပါပဲ။ နအဖက ပြည်တွင်းစုစည်းညီညွတ်မှု ကွဲပြားသွားရေးလုပ်ဆောင်လာနိုင်တာကို သတိရှိရမယ်ဗျ။ ကြည့်ရတာ နအဖမှာ ပြည်တွင်းစုစည်းမှုကို ဖြိုခွဲပစ်ဖို့ ဘဏ္ဍာရေးအရ တောင့်တောင့်တင်းရှိမနေတော့ဘူးလို့ မှန်းရတာပဲဗျာ။ အကြောင်းထူးတာလေးတွေ ရှိရင် ခင်ဗျားကို ပြောလိုက်ပါမယ်။

Key Burma Supporter honoured with ‘Order of Canada’

By Canadian Friends of Burma – Ottawa, Dec. 30, 2010
 
Mr. Paul Copeland, a long-time Burma supporter and Toronto-based human rights lawyer, has become a member of the Order of Canada today. It is one of Canada’s highest civilian honours to recognize a lifetime of outstanding achievement, dedication to community and service to the nation. And Paul is selected “for his contributions as an advocate for human rights and social justice,” according to an announcement made today by the Right Honourable David Johnston, the Governor General of Canada.

Paul is one of 54 new appointments to the Order of Canada announced today and recipients would be invited to accept their insignia at a ceremony to be held at a later date, the announcement added.
The Canadian Friends of Burma (CFOB) welcomes this announcement and congratulates Paul for receiving this important recognition. “I am thrilled by the award,” Paul wrote in an email message sent to CFOB shortly after the announcement.

“Paul is one of the key Burma supporters in Canada since 1988 and is fondly known to be passionate about three things: the law, the movement to restore democracy to Burma and motorcycles,” said Tin Maung Htoo, executive director of Canadian Friends of Burma.

Paul mobilises Canadian support for Burma in Toronto and works closely with local Burma groups. He is also a key facilitator of Toronto-Burma Roundtable and a member of Advisory Council of Canadian Friends of Burma. 

Paul has been providing legal services for low-income residents of Ontario since the inception of legal aid services in 1967. He is the 2006 recipient of the Sidney B. Linden Award which is presented each year by Legal Aid Ontario.
Paul helped create a progressive lawyers association, the Law Union of Ontario, in 1974. A Bencher (elected director) of the Law Society of Upper Canada for 16 years, he has held Committee Chairs on Clinic Funding, Women in the Legal Profession, and Equity and Aboriginal Issues. He also served as Vice-Chair of the Legal Aid Committee from 1991 to 1996.
Paul was a Vice-President of the Criminal Lawyers' Association from 1985-1991, and he has been a regular columnist for the CLA Newsletter since 1979. He is in private practice where he combines criminal law with civil litigation and immigration work. Recently he has been working extensively on national security matters. He is a co-president of AIDWYC (the Association in Defence of the Wrongly Convicted).
The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org