Thursday, January 13, 2011

နှောင်းတမြေ့မြေ့ပါပဲဗျာ . . . . (ကိုကျော်သူ)

Kyaw Thu

စာရေးဆရာရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ အသက် (၆၅) နှစ် သည် ၁၁.၁.၂၀၁၁ (အင်္ဂါနေ့) နံနက် (၄း၂၀) နာရီအချိန်တွင် အဆုတ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီးယနေ့ ၁၃.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် မီးသဂြိုလ် ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခ.ဲ့ပါသည်။

ယင်းအခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်အသီးသီးမှ အနုပညာသမားများ နှင့် ဆရာ မောင်ဝဏ္ဏ၏ အနုပညာကိုချစ်မြတ်နိုးကြသော ပြည်သူလူထုအပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကိုလိုက်လံပို့ဆောင်ကြသည်။

ဆရာ မောင်ဝဏ္ဏသည် အမှန်တကယ် ပန်းတွေနဲ့ဝေ၍ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်းကာ ဘ၀တစ်ပါးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါသည်။ 

ပုံပေါ်နှိပ်ကြည့်ပါ








0 အကြံပြုခြင်း: