Sunday, January 30, 2011

မြန်မာပြည်ရဲ့အင်တာနက်ဥပဒေကသားရေကွင်းလို...

လာပြီ ၊ လာပြီ ၊ ဒေါ်သက်ရီ ဆိုပီး ၊ သားရေအိတ်ကြော်ငြာ မဟုတ်ရပါဗျာ။
အခုရက်ပိုင်း တွင်တွင် ပေးနေတဲ့ စီဒီအမ်အေ ၈ဝဝ အင်တာနက် ဖုန်းတွေ ပါ။
လျောက်ရတာ လဲ လွယ်ပါတယ် ၊ ရ နိုင်တာ က လဲ ၂ နာရီ အတွင်း ရ တာ ဆို တော့
မိုဘိုင်း အင်တာနက် သုံးတဲ့ လူတွေ အတော်များလာပါတယ်။

စ ပေး ခါစ မို့ လား မသိပါ ။ သုံး ရ တာ တော်တော် မြန် ပါ တယ်။ ခန နေ လူ သုံး များ
လာ ရင် တော့ ထုံး စံ အတိုင်း နှေး သွား မယ် ထင် ပါ တယ် ၊ အေဒီအက်အယ် သုံး နေ တုံး
ဝိုင်မက်စ် တွေ စ ပေး တော့ မြန်လိုက် တာ မှ လှစ် က နဲ ပါ ဘဲ ။
အခု များ တော့ ဝိုင်မက်စ် ဆိုရင် နံမည် တောင် မကြားချင် တော့ တဲ့ သူ များ နေ ပါဘီ။

သူ က ကဒ် ကို ဖုန်းထဲက ထုတ်ပြီး ယူအက်စ်ဘီ မိုဒမ် လေးထဲ ထည့် သုံး လဲ ရ ပါ တယ်။
ဒါမှ မဟုတ် ဟန်းဆက် ထဲ က ကဒ်ပြန် မထုတ်ရ ဘဲ ၊ ဟန်းဆက် ကို ကွန်ပျူတာ နဲ့
ယူအက်ဘီ ကြိုး တိုက်ရိုက် တွဲပြီး သုံးလိုက်လို့ လဲရပါတယ်။ ကွန်ပျူတာ နဲ့ မတွဲ ဘဲ
ဟန်းဆက် ပေါ် မှာ သုံး လဲ ရ ပါ တယ် ။

ဒါပေမဲ့ အခု လက်ရှိ စနစ် နဲ့ ကိုက် တဲ့ မိုဒမ် တို့ ဖုန်းဟန်းဆက် တို့ က တော့
ဆိုင်မှာ စစ်စစ်ပေါက်ပေါက် အတော်မေးပြီး တကယ် အဆင်ပြေပြီ ဆို မှ ဝယ်ကြရပါတယ်။
ဒီ စနစ် အတွက် အိတ်ချိန်းတွေ ကို (ဟူးဝေ) ဆိုတဲ့ ဇိနတိုင်း ကုန်ပဏီ က ကန်ထရိုက် ရထား
တာဆိုတော့ ၊ အင်တာနက် လိုင်းတွေ ထဲ ၊ ဇိန ပညာ နဲနဲ ထည့်ထား လား မသိပါဗျာ ၊
ဟန်းဆက်ကျ တော့ လဲ ၊ ဒီ ဟူးဝေ ကုန်ပဏီ ထုတ် တဲ့ ဟန်းဆက်မှ ဘဲ အဆင်ပြေ ပါတယ်။

မိုဘိုင်းဖုန်း နဲ့ အင်တာနက် ရ ပြီ ဆို လို့ နိုင်ငံ တကာ က အင်တာနက် သုံးလို့ ရ တဲ့
ဟန်းဆက်တွေ မှာပြီး သုံးမယ် စိတ် မကူးကြ ပါ နဲ့ ဦး ၊ အခု တော့ ဇိန ပြည်ဖြစ်
အင်တာနက်လိုင်း က ဇိနပြည်ဖြစ် ဟန်းဆက် နဲ့ မှ အဆင်ပြေ ပါ တယ်။
ဒါ တောင် တရုတ် အချင်းချင်း တောင် ဟူးဝေ တံဆိပ် ကို ဘဲ အားထား ရ တာပါ။
တခြား တရုပ် ဖုန်းတွေ က သုံး ရ တာ အဆင် မပြေ ပါ ဘူး ။
ဟူးဝေ တံဆိပ်တောင် အင်ဒီယား မှာ ရောင်း နေတဲ့ ဟူးဝေ ဆိုရင် အဆင် မပြေ သေး ပါဘူး
မြန်မာပြည်အတွက် စပါယ်ရှယ် လုပ်ထား တဲ့ ဟူးဝေ တံဆိပ် မှ အဆင်ပြေ ပါ သတဲ့ ဗျာ။
ခန တော့ စောင့်ကြည့် ကြပါဦး ခင်ဗျ။ အ ဝယ် မစော ကြ ပါ နဲ့ ဦး ခင် ဗျာ ။

မနေ့ က ဘဲ ဂျာနယ်တွေ မှာ ဖတ်ရ ပါ တယ် ၊ အမ်အာတီဗွီ ၄ မှာ လဲ သတင်းလာပါ တယ်
ရတနာပုံ ဝက်ဆိုဒ် မှာ လဲ ရေးထား ပါတယ် ၊ အင်တာနက် ပါပီးသား ဂျီအက်အမ် တွေ
အလုံး ၂ သိန်းခွဲ ကို မနက်ဖန် ၃၁ ရက် နေ့ က စပြီး ရောင်း ပေး ပါ တော့ မယ်တဲ့
တလုံး ကို ငါးသိန်း ပါ ဘဲ တဲ့ ခင် ဗျ။ အဲဒီ ဖုန်းတွေ ကို အင်တာနက် သုံး မယ် ဆိုရင်
တော့ ဘာ နဲ့ သုံး ရ မယ် မသိသေးပါ ခင် ဗျာ ၊ ဖုန်း နံပါတ် က ၁ဝ လုံး ပါ ပါတယ်
သူ က လဲ ဟူးဝေ နဲ့ မှ အဆင်ပြေ မယ် ဆိုရင် တော့ ၊ ထူး ပေ ပေါ့ ၊ ဟူးဝေ ရယ်။

ဒီ မိုဘိုင်းဖုန်း နဲ့ အင်တာနက် သုံး ရ တာ က ချီ ပြီး တုပ် ပြီး သား၊ ခင် ဗျ။
အင်တာနက် ချိတ် ဘို့ လော့ဂ် အင် လုပ် တိုင်း ကိုယ့် ဖုန်း နံပါတ်ကြီး က အထင်းသားဗျ
ဖုန်း ဝယ် က တဲက မှတ်ပုံတင် မိတ်တူ တို့ သန်ခေါင် စာရင်း မိတ်တူ တို့ က ပေး
ခဲ့ ရ ပါတယ် ၊ သူ များ ဖုန်း ဝယ် ထား လို့ အင်တာနက် လျောက် ရင် ၊ နံမည်ပေါက်
လူ ရဲ့ မှတ်ပုံတင် နဲ့ ကိုယ်စားလှယ်လွှဲစာ လက် မှတ် ထိုးပေး ရ ပါ သေး တယ်။
မြန်မာပြည် ရဲ့ အင်တာနက် ဥပဒေ က လဲ သားရေကွင်း လိုပါ ဘဲ။
လို သလို ချဲ့ နိုင် ကား နိုင် နဲ့ ၊ ၆၅ နှစ် ဆို တော့ ဂရုတော့ ထား ကြ ပါ ခင် ဗျာ ။

ဒီ ကိုယ့် ဖုန်း နံပါတ် ပေါ်နေတဲ့ ကိတ်စ ကြီး က အခက် သားဗျာ ၊ တလော က
ဝိုင်းစုခိုင်သိန်း အသံဖိုင် အင်တာနက် ပေါ် က ကြား ရ တာ ကို နားထောင် ပြီး
ညီ အကို တယောက် က ဝိုင်းစု ကို အားပေးစကား ၂ ခါ လား ၃ ခါ လား ဖုန်း ဆက် ပြီး
ပြောမိတာ ၊ ဆက်သွယ်ရေး က ပိုင်ရှင် လာတွေ့ပါ ဆို လို့ သွား တောင်း ပန် ခဲ့ ရ ပါ တယ်။
အမှန် မှာ က ၊ ဖုန်း ပိုင် ရှင် ကျွန်တော့် သူငယ်ချင်း က ပြီး ခဲ့ တဲ့ ၂ လ က
အဲဒီ ဖုန်း ကို ရောင်း ထား ပြီးသား ပါ။ သူ ပြော တာ မဟုတ် ရ ပါ ဘူး ။

အခု လူတွေ လဲ တော် တော် အီ လယ် လယ် ဖြစ် နေ ပါ ဘီ၊ မတတ် နိုင် ကြ တော့ ပါဘူး
အစ က ဂျီအက်အမ် မှ ဂျီအက်အမ် နောက် တော့ ၊ အာ ပါး ၊ ကမ်းရိုးတန်း က မှ တကယ်
ကောင်း တာ ၊ ဟယ် ဘာ ဟုတ် သေး လို့ လဲ ၈ဝဝ ငါးသိန်းဖုန်း က မှ အတန်ဆုံး
၂ လ လောက် ရှိ သေး တယ် ၊ နေပြည်တော် ၄၅ဝ က မှ တပြည်လုံး ပြေး တာ
ဆောင်ထား မမှားဘူး ၊ မိုးသကြား ကတိုးနှာ ဆေးမှုန့် လို တိုး လို့ ဝှေ့ လို့
တခေတ် ထ ကြ ၊ ဆောင် ကြ ဝယ်ကြ ရ ပြန် ပေါ့ ဗျာ။

အခု နှစ်ဆန်း ကျ တော့ ရတနာပုံ ပြပွဲကြီး မှ စပါယ်ရှယ်ရောင်း ပေး တာ က မက်ဝီလ်ဖုန်း
ဘာ မှန်း မသိ နင်းကန် ဝယ် ကြ ပြန် ရော ခင် ဗျ ၊
အခု အမေစု တောင် တလုံး ဝယ်ပြီး အိမ် မှာ အင်တာနက် သုံး နေတယ် ကြား ရ ပါ တယ်
အဲ ဒီ ဖုန်း က အခု အဖျားရှူး သွားပြီး စကားပြော လို့ မရ ပြန် ဘူး ၊ အင်တာနက်
သက်သက် ဘဲ သုံး လို့ ရ တော့ ၊ တမျိုး ဖြစ် ရ သွား ပါ ဘီ။

အခု ကျ တော့ ၈ဝဝ စီဒီအမ်အေ ဖုန်း က မှ စကားလဲ ပြော လို့ ရ အင်တာနက် လဲ
သုံး လို့ ရ ဆို တော့ ဒါ ကို တိုးကြ ဝှေ့ ကြ ပြန် ပါ ရော ၊ အခု မနက်ဖန် ၃၁ ရက်
နေ့ ကျ ရင် ၊ ဂျီအက်အမ် မှာ အင်တာနက် ပါ ရ တော့ မယ် ဆို တော့ ၊
လူ တွေ လဲ ဘာ လုပ် ရ မှန်း မသိ တော့ ပါ ဗျာ။

ဖေဖဝါရီ လကုန် မှာ လာ ပါ ဦး မယ် ၊ နက်ဝဲလ် စနစ် ဆိုတာ ပါ ၊ အင်တာနက် ဝါယာလက်
စနစ် ဆိုတာပါ။ ဖုန်း နံပါတ် မပါ ပါဘူး ။ ဖိုင်ဘာ တူ ဟုမ်း ဆိုတာ က လဲ
ဖုန်း အင်တာနက် တီဗွီ အကုန် တတွဲ ထဲ ပါ မှာ ပါ တဲ့ ၊ အင်း ၊ စကိုင်း နက် ဆိုတာ က လဲ
ပရိုမိုးရှင်း အပြေး အလွှား ၊ နယ် စုံ မှာ အပြေး အလွှား လိုက် ရောင်း ပေး နေ ပါ တယ်။

အခု ထပ် ပြီး လာ ပါ ဦး မယ် ၊ ရန် ကုန် မှာ မက်ထရိုနက် ဆိုတာ က ဖိုင်ဘာလိုင်း ရောင်း
ပေးမှာ ပါ။ နောက် တခါ လာပါ ဦးမယ် ၊ တီ စီဒီအမ်အေ ဖုန်း ဆို တာ က အင်တာနက် လဲ
ရမယ် ၊ ဖုန်း ကို ဗီဒီယို ဖုန်း အဖြစ် သုံး လို့ ရ မှာ တဲ့ ခင် ဗျ။

တကယ့် ဈေးကွက်စီးပွားရေး စနစ် ဆို တာ က ၊ ဒီ လို ပါ ဘဲ။
သုံး သူ ရှိ သမျှ ရောင်းသူ က ရှိ နေ မှာ ပါ ။ သုံး သူ တွေ မ တတ် နိုင် တော့ ဘဲ
ပက် လက် လန် သွား တာ တောင် ၊ ရောင်း သူ က ဘေး က နေ ဒူးလေး ထောက် ပြီး
ဝယ် ကြ ပါ ဦး လို့ တောင်း ပန် နေ ရ မဲ့ ကိန်း ပါ။
လော က ဓါတ် ပညာ တွေ ၊ တရုပ် ပြည် မှာ ထွန်း ကား သမျှ ၊ မြန် မာ ပြည် က
ပေါက်ဖော်ကြီး ရဲ့ ဖောက် သမျှ ၊ ဖောက် သယ် ကြီး ဖြစ် ရ တော့ မှာ ပါ။

အရင် မ ဆ လ ခေတ် က ကိုယ် လို ချင်တာ လို ချင် တိုင်း ဝယ် ခွင့် မရှိ ပါဘူး
ဘားပလက် နဲ့ ပရုပ်ဆီ ကိုတောင် လျောက် လွှာ တင် မှ ဝယ် လို့ ရ တာပါ။
ရွှေဝါဆပ်ပြာ ခပ်ညံ့ညံ့ တတောင့် နဲ့ ရေဒီယို ဖွင့် ဘို့ ဓါတ်ခဲ ဝယ်တာတောင်
လိုင်စင် က လုပ် ရ ပါသေး တယ် ၊ အဲဒီ ၂၆ နှစ် က တကယ့် ကို (ခွေး ) နှစ်တွေ ပါ။

ကောင်း ပါ တယ် ဘဲ ပြော ရ တော့ မှာ ပါ။ ဒီ အတိုင်း ဆို ရင် ဖိုင်ဘာ လိုင်း ရောက်
နိုင် တဲ့ တော ရော မြို့ ပါ အင်တာနက် ဆက်သွယ်ရေး ၊ မို ဘိုင်း ဖုန်း ဆက် သွယ် ရေး
လွယ်လွယ် ကူကူ ဖြစ် သွား နိုင် ပါ တယ် ၊ ဆက်သွယ် ရေး ကောင်း သွား တာ
လူမှုဘဝ မှာ အင်မတန် တိုး တက် သွား ပါ တယ်။ ၂ဝ၁ဝ ကုန်ခါနီး နဲ့ ၂ဝ၁၁ အစ အတွင်း
၎ လ လောက်အတွင်း မိုဘိုင်းဖုန်းသုံး နိုင်တဲ့ လူ ၃ ဆ လောက် ချက်ချင်း များလာ ပါ တယ် ။

ဒီ နှစ် ကုန် ရင် ပို များ လာ ဦး မှာ ပါ။ ဒီ နှစ် မကုန် ခင် ၊ ဘယ် ဖုန်း အမျိုး အစား
ဖြစ်ဖြစ် ၊ တရားဝင်ဈေး ကျပ် ၃ သိန်း ဝန်းကျင်လောက် ဘဲ ရှိတော့ မှာ ပါ ၊ နောက် တနှစ်
လောက် ဆို ၊ မူဆယ် က တရုပ်ဖုန်း လို ၁ သိန်း ဝန်းကျင် လောက် ဖြစ် နိုင် ပါတယ်။

အရင် က တော့ ၊ နေပြည်တော် ၄၅ဝ ဖုန်းတွေ လူကြိုက် များပြီး တိုးကြ ဝှေ့ ကြ နဲ့
မြန်မာပြည် မှာ အကြီးဆုံး ဖုန်း နက်ဝပ် ၊ ဖုန်း အလုံးရေ အများဆုံး နက်ဝပ် ဖြစ် သွား တာ
၂ လ လောက် ဘဲ ရှိသေးတယ် ၊ ကြို မှန်း ထား တဲ့ အတိုင်း ဘဲ ၊ ပြော ရ အခက် ဆုံး
နက်ဝပ် ၊ အခေါ် ရ အခက် ဆုံး နက် ဝပ်၊ သူ ကြားပြီး ၊ ကိုယ် မကြား ၊
ကိုယ်ကြားပြီး သူ မကြား ၊ သူလဲ မကြား ကိုယ် လဲ မကြား ၊ ရိုး ရိုး စကား ပြော တာ တောင် ၊
တယ်လီဖုန်း ထဲ ကြား ရ တဲ့ စကား အသံ က တုန် တုန် ရီ ရီ ဖြစ် နေ တတ် တော့
တ ဘက် က လူ စကား ပြော တာ ကို ၊ ငို သံ ပါ ကြီး နဲ့ ပြော သလို ကြား ရ တတ် ပါတယ်။

အင်း ၊ ငါ က ဒါ လေး ပြော မိ တာ ၊ တဘက် က ဘာ ဖြစ် လို့ ငို နေ ရ တာ လဲ ဆိုပီး ၊
အထင် မှား၊ အဆင် မပြေ တာ တွေ က ခန ခန ပါ။ ဒီ လို ဘဲ တဘက် က
ကိုယ် က ငို ပြီး ပြော နေ တယ် ထင် လို့ အလကား နေ ရင်း လာ ချော့ နေ လို့
ဒေါ သ ပါ ဖြစ် ရ သေး တယ် ဗျာ။ အော် ၊ ဖုန်း ဒုတ် ခ ၊ ဖုန်း ဒုတ် ခ ၊

အခု စီဒီအမ်အေ ၈ဝဝ တွေ ကို ၄၅ဝ နက်ဝပ် ထဲ ရုံးမင်း လုပ် ခွင့် ပေး လိုက် တော့
ပို ပြီး လိုင်း က ကြပ် သွား ပြီး ၊ နူ ရာ ဝဲ စွဲ ၊ လဲ ရာ သူ ခိုးထောင်း ပေါ့ ဗျာ။
အခု ဆို နေ ပြည် တော် ဖုန်း ဆို ရင် ၊ ဆလံ ပါ ၊ တော် ပါ ဗျာ ဘဲ ကြား ရ ပါ တယ်
ပြန် ရောင်း တောင် ၃ သိန်း ခွဲ လောက် ပြန် ရ အောင် ချော့ မော့ ပြော ရ ပါ တယ်။
အခု ၈ဝဝ သမားတွေ က ( ၄၅ဝ / ၈ဝဝ ) ဒူရယ် နက်ဝပ် သုံး နိုင် တဲ့ ဟန်းဆက်
ဝယိထားရင် အတော် အသင့် အဆင် ပြေ နေ တာ တွေ့ ကြ ရ ပါ တယ်။

ဒါ ပေ မဲ့ အပြီး ပြော လို့ မရ သေး ပါဘူး ၊ ၄၅ဝ တွေ ကို အိုင်ပီ ပုံစံ ပြောင်းပြီး
ဆက်သွယ်ရေး က ဆက်တင်ချိန်း ပေး နိုင် ခဲ့ ရင် ၊ မိအားကောင်းတာ ၊ လိုင်း ပိုပြေးတာ
ဒေတာ သယ်နှုန်း ပို မြန် တာ က ၄၅ဝ က ၈ဝဝ ထက် ပို သာ ပါ တယ်။
အခု ၈ဝဝ ကို နက်ဝပ် မချဲ့ ဘဲ ၊ ၄၅ဝ ထဲ လာ ချိတ် လိုက် လို့ ၄၅ဝ က (အ) သွား တာပါ

အခုတော့ လဲ ဘာ မှန်း တော့ မသိ သေး ပါဘူး ၊ လူ တွေ လဲ အတော် အီ နေ ကြ ပါဘီ
ပေါ်သမျှ ကောင်း တယ် ပြောတိုင်း လိုက် ဝယ် နေ ရ တော့ ခြေ ကုန် လက် ပမ်း ကျ နေ ပါ
ဘီ။ ပေါ်သမျှ ထပ်ဝယ်ဘို့ မ တတ်နိုင် ကြ တော့ ပါဘူး။ စိတ် လဲ အတော် ကုန် နေ ပါ ဘီ ၊

ပေါ်သမျှ အဝယ် မစော ကြ ပါ နဲ့ ဗျာ ၊ ဂ ဃ န ဏ ကိုယ် နဲ့ တကယ် အသုံးတဲ့တာ ကို
စောင့် ကြည့် ကြ ပါ ဦး ခင်ဗျာ ၊ ဆက်ပြီး တခြား ဟာတွေ လာဦးမှာ ပါ ၊
နောင် ဆို ရင် ခေါင်းရွက် ရောင်း တဲ့ ဟင်း ရွက် သယ် ရဲ့ ဈေးဘန်း ထဲ မှာ
ဖုန်း မျိုးစုံ ၊ အင် တာ နက် လိုင်း စုံ ၊ ရောင်း ဘို့ ပါ လာ ဦး မှာပါ
မြန်မာပြည်သူ ပြည်သား အား လုံး ၊ ဆက် သွယ် မှု လွယ်ကူ ခြင်း ရဲ့
လူမှု အကျိုး ကျေးဇူး တွေ ကို ထိုက်ထိုက် တန်တန် မျှမျှ တတ ရရှိ ခံစား နိုင်ကြ ပါစေ ဗျား ။

        (မြန်မာကျူ့ပစ်ရီပို့တာ)


0 အကြံပြုခြင်း: