Tuesday, February 1, 2011

ညီညွတ်မှု ဆိုတာကတော့ လက်တွေ့ လုပ်ယူရမယ့် ကိစ္စပါ။

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ..
ကျွန်တော်ကတော့ကနေဒါနိုင်ငံတိုရန်တိုကဘလော့ဂါ(ရဲရင့်ငယ်)ဖြစ်ပါတယ်။
ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့---

လက်ရှိအစိုးရအာဏာပိုင်တွေနဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ဒီမိုကရေစီအရေး
လှုပ်ရှားသူတွေတွေ့ဆုံဆွေးနွေးမှုတွေပေါ်ပေါက်လာဖို့အတွက်တိုင်းရင်းသားတွေနဲ့
ဒေါ်အောင်ဆန်းစုကြည်ကြားမှာ၁၉၄၇ပင်လုံညီလာခံလိုညီညွတ်မှုမျိုးရအောင်
ဒေါ်အောင်ဆန်းစုကြည်ဘာတွေပြင်ဆင်ထားပါသလဲ...

တိုင်းရင်းသားတွေဖက်ကရောဘယ်လိုပြင်ဆင်ထားသင့်တယ်...ဘယ်လိုစိတ်မျိုးရှိသင့်
တယ်လို့ဒေါ်အောင်ဆန်းစုကြည်ထင်ပါသလဲ....
ကျေးဇူးတင်ပါတယ်။ ။


မေးခွန်းကို ကျွန်မ နားလည်သလောက်က တိုင်းရင်းသားတွေနဲ့ ကျွန်မတို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြား ညီညွတ်မှုတွေ ရရင် ကျွန်မတို့နဲ့ လက်ရှိအစိုးရအကြား တွေ့ဆုံဆွေးနွေးရေးတွေ ပေါ်ပေါက်လာမယ်။ ဒါကြောင့် ညီညွတ်မှု ရဖို့ ဘယ်လိုပြင်ဆင်ထားလဲ ဆိုတဲ့ အဓိပ္ပာယ်လို့ ထင်ပါတယ်။ ညီညွတ်မှု ဆိုတာကတော့ လက်တွေ့ လုပ်ယူရမယ့် ကိစ္စပါ။ တဖက်နဲ့ တဖက် နားလည်မှုရဖို့ တွေ့ဆုံတာ ပြောဆိုဆွေးနွေးတာ ယုံကြည်မှုတည်ဆောက်တာ အဲဒါတွေကို လုပ်ရမှာပါ။ တိုင်းရင်းသားတွေကလည်း အချင်းချင်း အကြား နားလည်မှု ညီညွတ်မှု လိုလားတဲ့စိတ်ကို အခြေခံပြီး၊ သံသယတွေ နည်းသွားစေဖို့၊ ယုံကြည်မှု တိုးပွားစေဖို့ နည်းလမ်းတွေ ရှာလုပ်မယ် ဆိုရင် ကျွန်မတို့ရဲ့လုပ်ငန်းတွေ ပိုပြီး အမြန် အောင်မြင်မှာပါ။
RFA

0 အကြံပြုခြင်း: