Saturday, February 5, 2011

ဦးဖိုးသာအောင် (နော်ဝေး) နှင့်  ပြည်ပရောက် နိုင်ငံရေး ဂုရု ကြီးများ ဆီသို့  အိပ်ဖွင့်ပေးစာ

by Bo Aung Din on Saturday, February 5, 2011 at 5:04am
ဦးဖိုးသာအောင် ရေးထားတဲ့ စာလေးတွေကို ကြည့်ပြီး အမှားတွေကို ကျွန်တော် တို့ သိလိုက်ရပါတယ်။ မှားချင်မှားမယ်ပေါ့။ လူဆိုတာ အမှားနဲ့ တော့ မကင်းပါဘူး။……စိတ်ထဲ ပြောချင်တာလေးတွေ ဖြစ်လာတာနဲ့  ပြောဖြစ်တာပါ။

ဦးဖိုးသာအောင်ရဲ့ note ထဲက
ပထမအမှားမှာ ကိုးဆယ်ရွေးကောက်ပွဲရလဒ်အတိုင်း စစ်အစိုးရ၏ ညစ်ပတ်မှုကို လက်မခံဘဲ မိမိတို့ဖာသာ အစိုးရဖွဲ့ရမည်ကို ကြောက်ပြီး မဖွဲ့ခဲ့ကြခြင်း၊

ပထမ အမှား ဆိုတဲ့ကိစ္စလေးကို ပြောပါ့မယ်။ အစိုးရရဲ့ ညစ်ပတ် မှူကို လက်ခံပဲ အစိုးရအသစ်ဖွဲ့ ဖို့ ကို ကြောက်ပြီး မဖွဲ့ ခြင်း ဆိုသည့် ကိစ္စလေးပါ။ သင် ဗမာပြည်အကြောင်းကို သိပါသလား။ ကြောက်သည်ဟု ပြောလိုက်ခြင်းကတော့ တော်တော်လေးကို လွန်သွားပါပြီ။ သင်ဆိုလျှင်ရော မည်သို့ လုပ်မည်နည်း။ လူဆိုသည်မှာ မိမိ အခြေအနေ ကို မိမိ ပြန်လည် သုံသပ်ဖို့ လိုပါသည်။ အာဏာကိုင်ထာပြီး လက်နက်ကိုင်ထားသူ က ညစ်ပတ်ပါပြီ ဟု သင်သိနေပါက .. သင်နှင့် သင့်အဖွဲ့ အစည်း တစ်ခုလုံး ထောင်ထဲရောက်မည့် ကိစ္စ သင်သာခေါင်းဆောင်ဆိုလျင် လုပ်မည်လား။... ဦးဖိုးသာအောင်ခင်ဗျား... စဉ်းစဉ်းစားစားပြောစေလိုပါတယ်။

ဒုတိယအမှားမှာ ဒေါ်စုကို ဗဟိုလ်ပြုလွန်းသဖြင့် ဒေါ်စုအကျယ်ချုပ်ကျနေလျှင် အလုပ်မဖြစ်ခြင်း၊ ဒါသည်မူထက် လူသာပဓာန ဖြစ်နေခြင်း၊

ဒုတိယ အမှား ကို တော့ လက်ခံပါတယ်။ ကျွန်တော်လဲ အဲ့ဒီလို ယူဆပါတယ်။ အဖွဲ့ အစည်းတရပ်အနေ နဲ့ လှုပ်ရှားမှုတွေ အဆက်မပြတ် ရှိသင့်တယ်။ လူသည် မူထက် ပဓာန ဖြစ်နေသည်ကို ဝေဖန် ခြင်းက တော့ ဒီ အမှား အတွက် ဆို လျင် ဘာမှ မဆိုင်ပါ။

တတိယအမှားမှာ ရိုးသားပွင့်လင်းမှု မရှိခြင်း၊ တိုင်းအဆင့်မှ အောက်ခြေအထိ ဗဟိုမူ ၀ါဒလမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို သိခွင့်မရှိခြင်း၊
ဒေါ်စုအိမ်ချုပ်ကျနေသဖြင့်ဟု အကြောင်းပြကာ တိုက်ပွဲလမ်းစဉ်ညွှန်ကြားမှု လုံးဝမရှိဘဲ ရေစုန်မျောနေခြင်း၊

တတိယ အမှား နှင့် ဒုတိယ အမှားက တစ်ခုထဲ လို ဖြစ်နေပါတယ်။

စတုတ္ထအမှားမှာ မည်သည့်ပုံစံ ဒီမိုကရေစီ စနစ်မျိုးကို ကျင့်သုံးမည်ဟု ဆိုသော ဦးတည်ရည်မှန်းချက် မှုန်ဝါးနေခြင်း၊
ဒီကိစ္စကို မေးတိုင်း မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် လူထုဆန္ဒနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်ကို သွားမည်ဟုသာဆိုကြပါသည်၊

စတ္တုထ အမှား ....  မည်သည့် ပုံစံဒီမို ကရေစီကျင့်သုံးမည်ဆိုခြင်းကို မေးနေ ခြင်းမှာ မုန့် ဆီကျော်ဘယ်နေမှန်း မသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုခြင်းကို မေးနေ သလို ဖြစ်နေသည်။ အဆင့်တွေ ကျော်နေလေ ပြီ။

ပဉ္စမအမှားမှာ အိမ်နီးချင်းနိုင်ငံများနှင့် အဆင်ပြေအောင် ပေါင်းသင်းရမည်ဖြစ်ပြီး မည်သည့်နိုင်ငံနှင့်မျှ အပေးအယူလုပ်သည့် နိုင်ငံရေးမျိုးကို မလုပ်ဘဲ ကိုယ့်ပြည်သူနှင့်ကိုယ် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမည်သာဖြစ်ကြောင်း ဆိုသည့် အယူအဆကို တရားသေ အစွဲကြီးစွာ ဆုတ်ကိုင်ထားခြင်းနှင့်

ပဉ္စမအမှား.... စစ်အစိုးရ အမှားကို ပြောခြင်းလော... ဒေါ်အောင်ဆန်းစုကြည် ကတော့ တက်နိုင် သမျှ အပေးအယူ လုပ်နေပါသည်။


ဆဌမနှင့် နောက်ဆုံးအမှားမှာ ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ပြီး နောက်တက်မည့် အစိုးရသစ်နှင့် ဆွေးနွေးချင်ပါသည်ဟု ရှေနောက်မညီသည့် ကမ်းလှမ်းချက်များ ရှိနေခြင်းတို့ပင် ဖြစ်ပါသည်၊ ပြီးသွားပြီ ဖြစ်သဖြင့်လည်း ပြင်လို့မရနိုင်တော့ပါ၊
ဆဌမနှင့် နောက်ဆုံးအမှား ... ဦးဖိုးသာအောင် သာဆိုလျင်ရော.. ဘယ်အစိုးရတက်တက် လှည့်မကြည့်ဘူး မဆွေးနွေးဘူးလို့ ဆိုလိုပါသလား...

ကျွန်တော်တို့  က ဝေဖန် ဆွေးနွေးတာတော့ တော်တော်ကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်နေပါပြီ။ ခက်တာက ယခု ဦးဖိုး သာအောင်လို နိုင်ငံရေး အမှားတွေကို ဝေဖန် ထောက်ပြနိုင်သူတွေရော။ ပြည်ပရောက်နိုင်ငံရေး သမားတွေ ရော ... ဘာလို့ ပြည်တွင်းထဲကို ကိုယ်တိုင် ကိုယ်ကျ လာပြီး မလုပ် ရသလဲ။ နိုင်ငံရေး တကယ်နားလည်သူတွေ ပြည်တွင်းမှာ မလိုအပ်လို့ လား။ မိမိ နိုင်ငံကို မချစ်တာ လား။ တိုင်း ပြည်ကောင်းစားမှာကို လစ် လျူရှူ ပြီး။ စာလေး တစ်ကြောင်းး နှစ်ကြောင်းရေး တိုင်းပြည်ကို ချစ်ပါတယ် ပြောနေမှာလား။ တကယ်ရော ဘာကိစ္စ လာမလုပ်ကြသလဲ။ မေးခွန်းတွေ များပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တိုက်ခိုက် ပြီး နိုင်ငံေ၇း နယ်ပယ် အတွင်း နာမည် ယူ ချင် သူများ များနေပါသည်။ ထိုသူများ အားလုံး ကို ကျွန်တော် ပြောစရာ တစ်ခုပဲ ရှိသည်။ သင်တို့ အရည် အချင်း မှန် ပါက ဒီလို တိုက်ခိုက်စရာ မလိုပါဘူး ၊ အရည်အချင်း ရှိသူအတွက် နေရာ ဆိုတာ အလိုလို ပေါ်ပေါက်ပြီးသားပါ။ သူများတကာကို ဝေဖန် ပြောဆိုပြီးမှ နေရာ ယူ နေရပြီ ဆိုလျင် မိမိကိုယ် မိမိ အရည် အချင်း မရှိသူများဟုသာ မှတ်ပါလေ။

နောက် တစ် ခု.... သင်တို့ က ဘာနည်းလမ်းမှ မစဉ်းစားနိုင်ပဲ .. ဝေဖန် ဖို့ လောက် ပဲ တက်ကြသည်။ သင်တို့ ဝေဖန် နိုင်သော အဆင့်ရော ရှိကြသလား ဆိုသည်ကို စဉ်းစား ဆင်ခြင်စေချင်သည်။ တကယ် လက်တွေ့ ထဲ ထဲ ၀င်ဝင် လုပ်နေသူများ က အခက် အခဲတွေကို သိပါသည်။ ကိစ္စတစ်ခုကို ကိုယ်တိုင်လဲ ဘာမှ မလုပ် ၊ လုပ်လည်း မလုပ် တက်၊ လုပ် လည်း မလုပ်၊ ပဲ တကယ်လုပ်နေသူများ ၏ အခက် အခဲကို မသိပဲ ဝေဖန် ပြောဆိုခြင်းကား အလွန်ဆိုးသည်။ ဒေါ်အောင်ဆန်း စုကြည်ကို ဗဟိုပြုလွန်းခြင်း ဆိုသည့် ကိစ္စ ကို လဲ ပြောချင်သေးသည်။ ဒေါ်အောင်ဆန်း စုကြည်လို ပုဂ်ဂိုလ် မျိုးကို ဗဟို မပြုပါက ဘယ်သူ့ ကို ဗဟို ပြုရမည်နည်း။ ဦးဖိုး သာအောင်ကို ဗဟို ပြုရမှာလား။ ထိုသို့ ပြောခြင်း အားဖြင့် ပါတီ ရှိ လူအားလုံး နှင့်  အမေစု ကို ချစ်မြတ် နိုးသူများ သည် အသုံးလုံးလုံး မကျသူ များဟု ပြောခြင်း နှင့် ထပ်တူဖြစ်နေသည်။
အရည်အချင်းရှိသော အနစ်နာ ခံနိုင်သော မင်းကိုနိုင်တို့ ကဲ့သို့  အမေစု မရှိလဲ ဆက်လက် ရပ်တည် ဦးဆောင် နိုင်သူတွေကို ဦးဖိုးသာအောင် အပြင်မှာ တွေ့ မိပါသလား။

တကယ်တော့ ဝေဖန် ပုတ်ခက် ရုံသက်သက် လို ဖြစ်နေပြီး တကယ့် အမှားတွေကို ထောက် ပြတဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ်။နောက်ဆုံးမှာတော့ ဘယ်လို လုပ်သင့်သလဲ ဆိုတာ...စိတ်ကူးယဉ်လုပ်သင့်တဲ့ အရာ မဟုတ်ပဲ လက်တွေ့ လုပ်လို့ ရတဲ့ လုပ်သင့်တဲ့ အရာလေး တွေ အကြံဥာဏ်ရှိရင် ထည့်ပေးသင့်တယ်။

ညံ့တာကတော့ ကျွန်တော်တို့ ပြည်သူတွေ နဲ့  ပါတီတွင်းလောက်တက်မှုတွေ ကြောင့် ဖြစ်နိုင် ပါတယ်။ လက်လဲ လက်ခံပါတယ်။ ဒါပေမယ့် ဦးဖိုး သာအောင် ထင်သလောက် တော့ မညံ့ဖျင်းပါဘူး။မရနိုင်သေးတာ ညံ့တယ်။ဝန်ခံပါတယ်။ ကျွန်တော်တို့ က တော့ ညံ့တာကို ပြင်ယူမှာပဲ။ အထိခိုက်အသက်သာဆုံးနည်း နဲ့  ဦးဖိုး သာအောင် ပြောသလို မအောင်မြင် သေးတဲ့ အနုနည်းနဲ့ ပဲ ဆက်လုပ်နေမှာပါ။နောက်တစ်ခု .. ဦးဖိုးသာအောင် ဝေဖန် ထားတဲ့ အထဲမှာ လက်နက်ကိုင်တော်လှန်လဲ မအောင် မြင်။ အနုနည်းလဲ မအောင်မြင်ဆိုတော့ ဘာကို လုပ်မလဲလို့ မေးရင် ယူဂျီဆိုတာကို ၀င်လာဦးမယ်။ ယူဂျီဆိုတာက ခေတ်အဆက်ဆက် မအောင်မြင်တဲ့ အပြင် လူမသိသူမသိ မိုက်ရူးရဲ ချာတိတ်တွေ အသက် ဆုံးမယ့် ကိစ္စ။
အဲ့ဒီ့တော့ ဗျာ။ ဦးဖိုးသာအောင်ရာ.. ဘယ်လို လုပ်လုပ် မင်းတို့  ရမှာ မဟုတ်ဘူးလို့ သာပြောလိုက်ပါတော့လား။


နောက်တစ်ခု ထက်ပြောဦးမယ် ဗျာ.... မြန်မာ့ဒီမို ကရေ စီ အေ၇းဟာ ရှုံး နိမ့်သွားပြီလို့  ဦးဖိုးသာအောင် ခံယူရင် ဦးဖိုးသာအောင် အတွက်တော့ ရှုံး နိမ့်သွားပါပြီ။ မိမိ ကိုယ်တိုင်က လက်မြောက် အရှုံးမပေးသရွေ့  ဒီမိုကရေစီ အရေး သည် မည်သည့် အခါ မျှ ရှုံးနိမ့်မည် မဟုတ်ပါ။ အခက် အခဲ ပေါင်းစုံ ရှိပါစေ။ ကျွန်တော်တို့ က တော့ မည်သည့် အခါ မျှ လက်မြှောက်အရှုံးပေးမည် မဟုတ်ကြောင်း။ ကျွန်တော် တို့ သည် စိတ်ဓါတ် ခဏတဖြုတ် ကျကောင်း ကျမည်။ သို့ ပေမယ့် အသက်ထွက်သွားသည့်တိုင်အောင် မိမိ က အရှုံး မပေးသမျှ ဘယ်တော့ မှ မရှုံးဘူး ဆိုသည်ကို တော့ အသိပေးလိုက်ပါရစေ။

0 အကြံပြုခြင်း: