Thursday, July 7, 2011

ဂွဒ် စက်ကင်း ဟင်း အစိုးရ

ဝါတွင်းကာလ အခါတော်တွင်း က လည်း မကြာခင် ရက်ပိုင်း အတွင်း ဝါဝင် ကာလ ရောက် လာ တော့ မှာ
ဆိုတော့ ဖူးစာရေး မြားနတ်မောင်တို့ တတွေ ၊ အလှဖန်တီးရှင် တို့ တတွေ လဲ ၄ လ တာ လောက် တော့ ၊
ခန နား ရ ပါတော့ မယ် ၊ မြန်မာ ကျူးပစ် ဖိုရမ်ကြီး က တော့ တစက္ကန့် တမိနစ် မှ ၊ အနားရ မရှိ နိုင်ပါခင်ဗျာ
မန်ဘာ အပေါင်း က ပြည်တွင်းပြည်ပ ၊ ကဘာ အရပ်ရပ် ဆိုတော့ ၊ နေ မ ဝင် ကျူးပစ်ကြီး ပေါ့ ဗျာ။
ဘယ်အချိန် ဝင် ကြည့် ကြည့် ၊ နေ့ ရယ် ည ရယ် ၊ ဘယ် လို ပြော ရ မှာ လဲ ၊ အချိန် တိုင်း နာရီ တိုင်း မှာ
မြန်မာ မျှားနတ်မောင် မန်ဘာ တွေ အပေါင်း နဲ့ အချိန်ပြည့် ဝေ ဝေ စည် နေ ပ ဗျာ ။

ဦးသိန်းစိန် အစိုးရသစ် က လဲ ရက် ၁ဝဝ ပြည့် သွားပြီ ဆိုတော့ ၊ ဦးသန်း က နေ ဦးသိန်း ၊ ဖြစ် သွား ၊
ဦးရွှေ ကနေ ဦးစိန် ဘဝ ပြောင်း သွား တော့ လဲ ၊ အစိုးရ အသစ် ဘဲ ခေါ် ရ မှာ လား ၊
ဂွဒ် စက်ကင်း ဟင်း ၊ အစိုးရ အဖွဲ့ လို့ ဘဲ ပြော ရ မ လား ပါ ခင် ဗျာ။ မူ က တော့ သိပ် မထူး သေး လို့ ပါ။

လူတွေ က တော့ ရက် ၁ဝဝ ပြည့် မျော်ကြ ရ သဗျာ ၊ ပင် စင် လစာ တွေ အသင့် အတင့် တိုး ပေး လိုက် တော့
ငါ တို့ ရဲ့ လခ ၊ဖွတ် ကလိ ဒင်္ဂါးလေး များ တိုး လေ မလား ပေါ့ ဗျာ ၊ ဖြစ်ချင် ဇော နဲ့ ကောလဟလ တွေ လဲ
ဖွချက် အမျိုး မျိုး တိုး ခဲ့ ကြ ရ ဗျာ ၊ လစာလေးတွေ တယောက် ကို ၂ သောင်း တိုး တယ် လို့ ၊ ဘဏ်တွေ မှာ
စာ ဝင်တယ် ပြောသူ က ပြော ၊ နေ့ခင်း သတင်း ၁ နာရီ မှာ ဘယ် အက်ဖ်အမ် က ကြေညာ သွားတယ် လို့
ဆို ကြ သူ က ဆို ၊ အမ်အာတီဗွီ ဖိုး ချန်နယ် မှာ ၊ သတင်းတော့ ကြေညာ မသွားဘူး ၊ စာတန်းပြေး လေး နဲ့
ဘဲ လစာ တိုးကြောင်း ကြေညာခဲ့ ပါ တယ် ဆို ပြီး ၊ ငါ့ ကို သူ မေး ၊ သူ့ ကို ငါ မေး ၊ ခလုပ် တိုက် တာ ကို
ဖားပြုတ် ကိုက် တယ် လို့ ထင် ရာ ပြော ရင်း ၊ င တုပ် က ရိုက် လိုက် သလိုပါ ခင်ဗျာ၊

လစာ များ တလ ၂ သောင်းတိုးပေး လိုက် လို့ က တော့ ၊ တူ မောင်မယ် ၊ နောင် ရေး က တော့ စိတ် နဲ နဲ
အေးရ ပြီ ၊ လာ ၊ အခု သွား ကြ စို့ ၊ တရားရုံး ၊ ဝါ မဝင် ခင် လေး ၊ ပြေးလိုက် ကြ စို့ လို့ မှန်း ထား တဲ့
မောင် မယ် တွေ ၊ အခု တော့ လဲ ၊ ယောင် လည် လည် ဖြစ် နေ ရ ပ ဗျာ ၊ အို ၊ ဘာ ဖြစ် သေး လဲ ဗျာ
ဝါ အဝင် အဆင် မပြေ သေး တော့ လဲ ၊ လာ မဲ့ သတင်းကျွတ် ကျ မှ တမျိုး ကြံစည် ကြ သေး တာပေါ့
နော် ညလေး ၊ နော် ၊ နော် ကို ကို ၊ နော် ၊ လို့ လဲ နှစ်သိမ့် ခဲ့ ကြ ရ ပြီ ပေါ့ ဗျာ။

အင်း ၊ တကယ်တော့ ဝါ အဝင် ၊ အဆင် မပြေ နိုင်သေး လို့ ချွေး တကယ် ပြန် နေကြတဲ့ လူ တွေ က တော့
စောစော ပိုင်း ရက် တွေ တုံး က ၊ မြေ အမြို ခံ နေ ရ တဲ့ သူ တွေ ပါ ၊ အရင် ရက် တွေ က သတင်း ရေး
ပြခဲ့ သလို မြေဈေး လေလံ ဈေး တွေ ကို မတန်တဆ ပေးခဲ့ သူ တွေ ၊ ငွေ အကြေ မပေး ဘဲ ၊ ကြို သွင်း ထား
တဲ့ စဘော်ငွေ တွေ ကို ဘဲ ၊ အဆုံး ခံ တော့ မဲ့ လူ တွေ မှာ တော် တော် ခက် ခဲ့ ရ ပ ဗျာ ၊ အစိုးရ က လဲ
င ပါး ခင်ဗျ ၊ စရံငွေ အဆုံး ခံ မဲ့ သူ တွေ ကို ၊ စီးပွားရေး လုပ်ငန်း မှာ ယုံကြည်စိတ်ချရသူ မဟုတ်ကြောင်း
နာမည်ပျက် စာရင်း ( ဘလက်ခ် လစ်စ် ) ကြေ ငြာ မယ် ဆို လိုက် တော့ ဂုဏ် သရေ ရှိ လူကြီး မင်း တို့
မျက်လုံးပြူး ကုန် ကြ ပေါ့ ဗျာ၊

( ဘလက်ခ် လစ်စ် ) ကြေငြာခံ ရရင် ၊ အစိုးရ နဲ့ ပါတ်သက် တဲ့ စီးပွားရေးလုပ်ငန်း တွေ မှာ ပါ ဝင် ပါတ်သက်
ခွင့် မရှိတော့ ပါဘူး ၊ ဒါကြောင့် ငွေ အကြေချေ နိုင်ရေး ၊ လူ ဆိုး တွေ နဲ့ မောင် တိုင် ပင် ၊ နီး စပ် ရာ သူဌေး
မင်းတွေ ၊ ပုတ်ဂလိက ဘဏ်တွေ အချိုးကျ မျှတပြီး ( ဘလက်ခ် လစ်စ် ) မဖြစ်ရေး ဝိုင်းပြီး စောင် မ ကြည့် ရှု ခဲ့
ကြ ရ ပါ သတဲ့ ခင်ဗျ ။

လူ သေ သွား တာ ၊ ကိတ် စ မရှိ ဘူး ၊ နာမည် သေ မသွား ဘို့ က အရေး ကြီး သ ပ ဗျာ။
လူ မသေ သေး ပေ မဲ့ ၊ ဟို ဒင်း လေး သေ သွား ရင် လဲ ဆာဒူးကြီး တို့ ၊ မြ ဟင်္သာ တို့ နဲ့ ဝိုင်း ကူ ရ သလို
လူ မသေ သေး သူ တွေ ၊ နာ မည် မသေသွား စေ ဘို့ ၊ နီး စပ် ရာ သူဌေးမင်းတွေ ၊ ပုတ်ဂလိက ဘဏ်တွေ
အချိုးကျ မျှတပြီး ဝိုင်း ကူ ခဲ့ ကြ လို့ ၊ နာမည် တော့ မသေ သွား ပေ မဲ့ ၊ ဖွတ် က လိ ဒင်္ဂါး တွေ က တော့
သေ လု မျော ပါး ၊ ဒုတ် ခ တွေ များ ကုန် ကြ ပေါ့ ဗျာ။ ဆာဒူးကြီး တို့ ၊ မြ ဟင်္သာ လဲ မတတ်နိုင် ပါ ခင်ဗျာ ၊

ဝိုင်း ကူ ထား တဲ့ သူ တွေ က လဲ ၊ သူ တို့ ဖွတ် က လိ ဒင်္ဂါး ဆုံး ပါး သွား မှာ ကြောက် တော့
ဟို သဌေး က ဆေးရုံ ဆောက် မယ် ၊ ဒီ သူဌေး က မြေ ပြန်ခွဲ ရောင်း မယ် ၊ တွက် ရေး တွေ က စက်သူဌေး
တွေ ပါ ခင် ဗျာ ၊ ခေတ် အစား ဆုံး က တော့ ကွန် ဒို ဆောက် ကြ မယ် ၊ အပြော များ တယ် တဲ့ ခင် ဗျ။

မြန်မာပြည် ကွန်ဒိုလောက က ပွဲ ပျက် နေ တာ ကြာ ပါ ဘီ ၊ ကွန် ဒို ဆို တာ ဘာ ကို ခေါ် ပါ သလဲ ဗျာ
အဆင့်မြင့် ကွန်ဒို ၊ ဘီဇီးနက်စ် ကွန်ပလက် ကွန်ဒို ၊ ဟောက်ဇင်း ကွန်ပလက်စ် ကွန်ဒို ၊ ရှော့ပင်းစင်တာ
ကွန်ဒို ၊ အခု လာ ပြန် ပြီ ဗျာ ၊ တန်ဘိုး နဲ အဖိုးတန် ကွန် ဒို ပါ တဲ့ ခင် ဗျ ၊ မြန်မာပြည် ကွန်ဒိုလော က
ဘာ တွေ ဖြစ် နေ တယ် ဆို တာ ၊ အခု ရက်ပိုင်းတရား တဘောင် ၊ နောင်ဂျိန် ချ နေ ကြ တဲ့ ၊ ရန်ကုန်မြို့
ကဘာအေးဘုရားလမ်းပေါ်က နာမည်ကြီး ပုလဲကွန်ဒို ကို သာ အခုနေ သွားပြီး စနဲ နာ ကြည့် ကြ ပါ လား ခင် ဗျာ ။

ကွန်ဒုံ ဆိုတာ ၊ ဆောင် ထား ၊ မမှား ၊ အသုံး တဲ့ ၊ နိုင် ပေ မဲ့ ၊ ငွေ ယား လေး ရှိ လို့ ကွန် ဒို ဆောင် ကြမယ်
ဆို ရင် တော့ ၊ ဘယ် လို ကွန် ဒို မျိုး လဲ ၊ ဂ ဃ န ဏ သေချာ ကြည့် ကြ ပါ ခင် ဗျာ ၊ ကွန် ဒို ဆို ပြီး
ဆိုင်း ဘုတ် အကြီးကြီး ပေါ် ရေး ထား ယုံ နဲ့ ကွန် ဒို ဖြစ် မလာ ပါ ခင် ဗျာ ၊ စည် ပင် သာ ယာ အဖွဲ့ တွေ
ကလဲ နိုင်ငံတကာ မှာ ကွန်ဒို ဆို တာ ဘာ လဲ ဆို တာ သေချာ လေ့ လာ ပြီး ၊ စည်း မျဉ်း စည်း ကမ်း
သေချာ လေး သတ် မှတ် ပေး ဘို့ လို တာ ပေါ့ ခင် ဗျာ ။

အခု လို ဝါ ဝင် ခါ နီး လေး ရက် ပိုင်း မှ မြေ ဈေး ခြံ ဈေး တမေး ထဲ မေး နေ တဲ့ ဝယ် လက် ဖိုးတရုပ်ကြီး
တို့ အခု ဘယ် ရောက် ကုန် ပြီး လဲ ၊ မ သိ တော့ ပါ ခင် ဗျာ၊ မြေ ဈေး တွေ က လဲ ခေါင် ရောက် ခဲ့ ပါ ပြီ
ဝယ် လက် တို့ လဲ ပျောက် သွား ခဲ့ ပါ ပြီ၊ လက် ထဲ မိ နေ သူ တွေ က တော့ ခု ချိန် မှာ မျက် လုံး လေး တွေ
က လယ် ကလယ် နဲ့ ပါ ခင် ဗျာ ၊ လော ဘ ကြီး ပြီး ၊ မြတ် မယ် ထင် သမျှ စရံ သတ် ခဲ့ သူ တွေ
အခု ငယ်ထိပ် ကို သွေး တက် နေ ကြ ပါ ပ ခင် ဗျာ ။

တကယ် အရောင်း အဝယ် ဖြစ် တာ က ၊ အသုံး တကယ် တဲ့ မဲ့ ၊ ဂေါင် ကွက် တွေ သက် သက် ပါ။
ဂေါင် ကွက် တွေ ဈေး တက် တာ ကို ၊ သူ့ တက် ဈေးနှုန်း နဲ့ ယှဉ်ပြီး ဂျောင် နဲ့ ဂလောင် ကွက် တွေ က ပါ
ဈေးတွေ ထ ခေါ် ကုန် တာပါ ၊ အဲဒီ တုံး က လောဘ တက်ပြီး ဂျောင် နဲ့ ဂလောင် အကွက် တွေ ကို ကြုံး ဝယ်
ထား သူ တွေ က ငုတ်တုပ် မေ့ နေ ရ ပါ ဘီ၊ အခု တော့ ဘယ်သူ မှ လာ မမေး ကြ တော့ ပါ ဘူး ၊
ရှိ တဲ့ လူ တွေ က လဲ ၊ အခု ဗိုက် တွေ က ရစ် နေ အောင် တအား နာ နေ ကြ တော့ ၊ ဝါ မဝင် ခင် လေး
အဆင် ပြေ ရင် ပြေ ၊ မပြေ ရင် တော့ ဝါ တွင်း ၄ လ က တော့ ငုတ်တုပ် ဖြစ် တော့ မှာ ပါ။

မန်းတလေး ပြင်ဦးလွင် နေပြည်တော် ရန်ကုန် ရှိ သမျှ လူ သူ့ အပူ နဲ့ သူ ပါ။ အိမ် ၊ တိုက် ၊ ကွန်ဒို တွေ
ကို ငွေ ပို လို့ ဝယ်ထားမိသူ တွေ လဲ အခု ချိန် အိမ်ငှား အေဂျင်စီ ကို ဖုန်း တွေ တဂွမ်ဂွမ် ဆက် ရင်း
ညီမလေး အငှားမေးမဲ့သူ ရှိလားဟင် ၊ အဆင်ပြေအောင် လုပ်ပေး နော် ၊ မမ တို့ က တဆ ပို ပေး ပ မယ် တဲ့

အခု အချိန် အိမ်ငှားရ တာ က လဲ ၊ သိပ် အဆင် မပြေ တော့ ဘူး ခင် ဗျ၊ တလော က ဗုံး ခွဲသူ ၊ ကိုယ်တော် ၂ ပါး
၆ လ ပြတ် ငွေပေး ငှား ၊ ပြီးတော့ အဲဒီ အိမ်တွေ မှာ ဗုံးထောင်ပြီး ခွဲ ပြီး မ စ သွား လို့ ၊ အခု အိမ် ငှားရင်
ရပ်ကွက်ကောင်စီ ကို ခေါ် ရ မယ် ၊ ငှား တဲ့ လူ မှတ် ပုံတင် ပြ ရမယ် ၊ ပြီး ရင် သူ့ ကို သေချာ သိ တဲ့ လူ
အနည်းဆုံး ၄ ယောက် ရှိ ရ မယ် ၊ စည်းကမ်း တွေ တအား များ လာ လို့ ၊ အိမ် ငှား ရော ၊ အိမ် ရှင် တွေ ပါ
အဆင် မပြေ ကြ ပါ ခင် ဗျာ ။

ဝါ အဝင် အဆင် မပြေ သူ တွေ အချို့ ထဲ ၊ ဆန် နဲ့ ပဲ လှောင် ထား သူ တွေ အဆိုး ဆုံး ပါ။ ငွေ ဈေး ပြောင်း
တော့ တွက် ရေး မကိုက် တော့ တာ တွေ ၊ ပြည် တွင်း ဝယ် ဈေး နဲ့ အိတ်စပို့ ငွေ မာ က ပြန် ရ မဲ့ ဈေး
ဗြုန်း က နဲ့ ဟ သွား တော့ ၊ အိတ်စပို့ လုပ် လေ ရှုံး လေ ပါ ဘဲ ၊ တ အိ အိ နဲ့ အိတ် စပို့ က အဆွဲ လဲ
နဲ လာ ရော ၊ နေ့စဉ် ဆန် နဲ့ ပဲ ပေါက် ဈေး က တောက် လျောက် ဆင်း လာ တော့ ၊ တနေ့ တက် နိုးနိုး
တင်းခံ လှောင် ထား တဲ့ သူ တွေ အတော် ခက် လာ ပါ တယ် ၊ ခု ဆို နွေစပါး အသစ် က ဈေး ကွက် ထဲ
တိုး လာ တော့ ဆန် ကိုင် ထား တဲ့ သူ တွေ ပြာ နေ ရ သလို ၊ လယ် သမား လဲ ရင်း ထား ရ သမျှ
စရိတ် က ပို လို့ ထောင်း နေ ရ ပ ဗျာ ။

အခု ကျောက်မျက်ပွဲက လဲ အရှိန် ကောင်း နေ ဆဲ ပါ ဘဲ ၊ ပြီး ခဲ့ တဲ့ ကျောက် မျက်ပွဲ အရှိန် နဲ့ ငွေမာဈေး က
မလူ နိုင် သေးခင် ၊ နောက် တပွဲ က ထပ် ဆင့် လို တိုး ဝင် လာ ပြန် တော့ ၊ ဝါ အဝင် ၊ ငွေမာ ဈေး က
ထပ်အေး မဲ့ ကိန်း မြင် နေ ရ ပါ တယ် ၊ ပြီး တော့ တလော က မြေ ဈေး အရူးထ ကြ တာ နိုင်ငံခြားသား
ဈေး ကစားသူ တွေ လက်ချက် အများကြီး ပါ ပါ တယ် ၊

အခုလဲ အရှုပ် အရှင်းတွေ စ ကြား နေ ရ ပါ ဘီ၊ နိုင်ငံခြားသား လူလယ် နဲ့ မြန်မာနိုင်ငံသား လူလယ်
ဘယ်သူ က ပုလင်းထိ မလဲ မသိပါ ခင် ဗျာ ၊ နိုင်ငံခြားသား က မြေ ပိုင် ခွင့် မရှိပါဘူး ၊ နောက် က နေ
ငွေထုပ် ပိုက် ဈေး ကစား တာ ကို နာမည် ခံ ပေး တော့ ၊ မြန်မာ နိုင်ငံသား က နေ လုပ် ပေး ရ တာ ပါ။
ဂုဏ် သရေ ရှိ မြန်မာ နိုင်ငံသား က ဥပဒေ သေချာ နားလည် လို့ နိုင်ငံခြား သား ကို ထ လိမ် ပြီ ဆိုရင်
နိုင်ငံခြားသား က ရှိ တာ ကုန် သွား ဘို့ များ ပါ တယ် ၊ အရင် အမ် အိုင် စီ ခေတ် ကောင်း တုံး က
ဒီ လို ဘဲ ၊ မြန်မာ နိုင်ငံသား က လိမ် သွား ၊ စား သွား တာ တွေ က ၊ ဒု နဲ့ ဒေး ပါ ခင် ဗျာ ။

အရင် ကျောက်မျက်ပွဲ နဲ့ မြေဈေး ကောင်း ချိန် မှာ နိုင်ငံခြား ငွေ လွှဲ က မြန်မာပြည် ကို အဝင်ကြမ်း ပါ တယ်။
အခုအပါတ် ဆဲဗင်းဒေးစ် ဂျာနယ် မှာ တရက် ကို ဒေါ်လာ သုံးသန်းလောက် အဝင် ဘက် ၊ အလွှဲ ရှိကြောင်း
သတင်း ပါ လာ ပါ တယ် ။ အခု ပွဲ လဲ ဒီ လို ဘဲ နေ ဦး မှာ ပေါ့ ဗျာ ၊
လောလောဆယ် မြေ ဈေး က တော့ ၊ ဝါ အဝင် မှာ အတက် ဆုံး ခေါင် ရောက် ၊ ဈေး ကစား တဲ့ လူ တွေ လဲ ၊
လယ် သူ က အကုန် ထုတ် ၊ (အ ) သူ က လက် ထဲ ပိုက် ရင်း ၊ ခန တော့ တပွဲ နား သွား ကြ ပါ ဘီ ခင် ဗျာ ၊

လောလောဆယ် အစိုးရ က ဘတ်ဂျက်တွေ ကို အတော် ဖြတ်ပါတယ် ၊ စစ်တပ် ဘတ်ဂျက်ပါ ဖြတ် ပါ တယ်။
ဦးသိန်းစိန် က တော့ ခေါင်း တနေ့ တခြား ပို ပြောင် လာ သလို ပါဘဲ ၊ အရင် ခွင့်ပြု ပြီးသား ဘတ်ဂျက်တွေ
တောင် ၂၅% မသုံးရသေးရင် ဆက်သုံးခွင့် မပြု တော့ ပါ ဘူး ၊ ဝင်ငွေ နဲ့ ထွက် ငွေ သေချာ ထိမ်း နေ ပါတယ်။
အရင် အစိုးရ ဝန်ကြီးတွေ က ကြိုပွိုင့် တွေ ကြိုသုံးတွေ လုပ်သွားတာ ကို အပြတ် ရှင်း နေတော့ ၊ အရင် စားနေကျ
ကုန်ပဏီတွေ ကောင်းကောင်း ခံစား နေ ရ ပါ တယ် ၊

ရှေ့ တိုး တော့ ထမ်းပိုး၊ နောက် ဆုတ် တော့ လှဲကျိုး၊ ဆို သလိုပါ။ လုပ်ပြီးသား အတွက် က လဲ ဆက် မလုပ်
တော့ လို့ ငွေ မရ ၊ လုပ် ငန်း အသစ် က လဲ မသေချာ နဲ့ ၊ အစိုးရ ငွေ ကို ထင် သလို လှည့် လို့ မရ ကြ တော့
ပါ ၊ ပြီးတော့ ဝန်ကြီးဌာန တွေ ကို ငွေသုံးခွင့် ကို လွယ်လွယ် နဲ့ပေး မထား တော့ ပါဘူး ၊ လုပ်ငန်း တွေ
ကန်ထရိုက်ချပေးတာမှာ ကွန်ပီတေးရှင်း ရှိ အောင် ၊ လူ တိုင်း ကို အခွင့် အလမ်း ပေး ရ မယ် တဲ့၊ ထရန်စပယ်စီ
ရှိ ရ မယ်တဲ့ ၊ ဆို ပြီး ၊ သမတ ရုံး အမိန့် တွေ အများ ကြီး ထုတ် လာ တာ တွေ့ ရ ပါ တယ် ၊

တကယ်တော့ ဗျာ ၊ ခေါင် တနေရာ လောက် မိုး လုံ သွား ခဲ့ ရင် ၊ ကို အတော် အဆင် ပြေ ပါ တယ် ခင် ဗျာ။
သမတကြီး ဦးသိန်းစိန် ခင် ဗျာ ၊ ဝါ ဝင် သွား လို့ ၊ ဝါတွင်း လေး မှာ ဥပုတ် တို့ ၊ ကိုးပါးသီလ တို့ ကို
ဗိုက်ဆာ တတ် လို့ ဥပုတ် မစောင့်ချင် နေ ပါ ခင် ဗျာ ၊ ငါး ပါး သီ လ လေး ၊ သေချာ မြဲ ခဲ့ ရင် လေ
နိုင်ငံတော် အတွက် အများကြီး အဆင် ပြေ မှာ ပါ ခင် ဗျာ ။

အခုလောလောဆယ် အစိုးရ က ငွေမာ အသုံး မရှိပါဘူး ၊ နောက် တချက် က အရင် က သူ့ မှာ ဝန်ထုပ် ဝန်ပိုး
ဖြစ် နေ တဲ့ လောင်စာဆီ ကိတ်စ ပါ တနေ့ ကို ဒေါ်လာ ၂ သန်းဘိုးလောက် အရင် က သုံး ရ ပါ တယ်။
အခု အဲဒီ အတွက် က ပုတ်ဂလိက လွှဲလိုက် တော့ အစိုးရ က ဝန် အတော်ပေါ့ သွား ပါ တယ်။

အခု ပင်စင်တွေ တိုးပေးလိုက်တော့ ငွေ ပွ လာ မယ် ထင် ရ ပါ တယ် ၊ အများဆုံး ပင်စင် က တသိန်း ၁ သောင်း
ထက် ဘယ်သူ မှ ပို မရ နိုင်ပါဘူး၊ အနည်း ဆုံး လူ က တလ၂ သောင်း ရ ကြ မှာ ပါ။
ကဲ ပါ ဗျာ၊ ပင် စင် ထုတ် သူ လူ ၄ သိန်း က တလ တသိန်း ထုတ်ခွင့် ရှိတယ် ထား ပါ ဦး ၊ တလ ကို သိန်း
ပေါင်း ၄ သိန်း ကုန် မှာ ပါ။ အခု ထုတ်ပေးထား တဲ့ ဖုန်းတွေ က စာအုပ် နဲ့ သွင်း ရ တာ ဖုန်း ၂ သန်း နဲ့
ပရီပိတ် ကဒ် နဲ့ သွင်းရတာ ၂ သန်းခွဲ ရှိ ပါ တယ် ၊ နောက် ကို လဲ တနှစ် ၄ သန်း နဲ့ ဖုန်း အလုံး သန်း ၃ဝ
ထုတ်ပေး ပါ မယ် တဲ့ ခင် ဗျ။ ပရိပိတ်ကဒ် တွေ က ဘယ်လောက် ဝင်ငွေ ရှိတယ် ပြော သံ မကြားသေး ပေ မဲ့
စာအုပ် နဲ့ သွင်း တာ တင် ၊ တပါတ် ကို သန်း ပေါင်း တစ်သောင်း ကျော် စာရင်းဝင်ပါ သတဲ့ ခင်ဗျ။

အခု ရေး ပြ မှာ က ကျွန်တော့် အထင် တွေ ပါ ၊ ဖြစ် နိုင် မဖြစ် နိုင် မသေချာ ပါ ခင် ဗျာ
အခုလို ငွေမာဈေး ကျ နေ တာ ကြောင့် အိတ်စပို့ တွေ ထိ လာ တဲ့ အတွက် ဈေး ပြန် ထိမ်း ဘို့ နည်းလမ်း ရှာ
မှာပါ ၊ တနည်း က လှည့်ပါတ် ငွေ တိုးပေးတာ ပါ။ ဒီ တခါ တော့ အောက်ခြေ က နေ ပြန် လည်ပါတ်မယ်
ထင်ပါတယ် ၊ လယ်သမားတွေ မွေးမြူရေးသမားတွေ ၊ အလယ်အလတ် လုပ်ငန်းရှင် တွေ ကို ဝါ အထွက်
သီတင်းကျွတ် လောက် ကျ ရင် ငွေ ထုတ်ချေးမယ် ထင် ပါ တယ် ၊ ဒီ အခါ ကျ ငွေ တန်ဘိုး နဲ နဲ ပြန် ပွ
လာမယ် ထင် ပါ တယ် ။ ဝန်ထမ်းတွေ ကို ပါ လခ ၂ သောင်းလောက် တိုးပေး မယ် ဆိုရင် ပေါ့ လေ။

ဒါပေမဲ့ အရင် လို တော့ ငွေမာဈေး ထောင်ကျော် တော့ ဖြစ် လာ မယ် မထင် ပါ ၊ အရင် သိန်း ၂ဝ ဖုန်း
တွေ ငါးသိန်း က နေ ဘယ်လို မှ ပြန် မတက် တော့ တာ၊ ကားဈေး တွေ မြောင်း ထဲ ဆင်းသွား တာ
သြဂုတ် မှာ အခွန်ကင်းလွတ် ခွင့် တွေ မရှိတော့ ရင် ၊ အိမ် ခြံဈေး ပါ ပြောင်း သွား နိုင် ပါ တယ်။

တရုပ်နည်းနဲ့ ကျေးရွာတွေ ၊ လူလတ်တန်းစား များများ ပေါ်အောင် လုပ် တဲ့ နည်း နဲ့ ကုလားနည်း
မိုက်ကရို ခရက်ဒစ်နည်း တွေ နဲနဲ စီ ရော မွှေ ပြီး စမ်းကြည့် နေတယ် ထင် ပါ တယ်။ အရင် က လို
တွေ့ တာ ဝယ်ထား ၊ အချိန် တန် ရင် ဈေး တက် လို့ အမြတ် ရတာ မျိုး စီပွားရေး ပုံ စံ က တော့ မသေချာ
တော့ ပါ ခင် ဗျာ ၊ လုပ် ငန်း နဲ့ လှည့် နိုင် ပါ တ် နိုင် မှ ၊ အဆင် ပြေ ပါ လိမ့် မယ်။

အခု လက် ကြီး သမားတွေ ၊ အကွက် ပြောင်း သွား ပါ ဘီ၊ ခု န လို လယ်သမား ဘက် အစိုးရ က ခြေ လှမ်း
လှည့် ရင် ၊ လယ် ယာ မြေ ဥပဒေ အချို့ ပြင် ကောင်း ပြင် နိုင် မယ် ထင် ပြီး ၊ အခု ကတဲ က ခြေ လှမ်း ကြဲ
နေကြ ပါ ဘီ။

တကယ် တော့ လယ်မြေဆို တာ ရောင်း လို့ မရ ပါ ၊ လယ် လုပ် သူ လယ် လုပ် ပိုင် ခွင့် သာ ရှိ တာ ပါ။
လယ်သမား တွေ အတွက် လယ် လုပ် သူ လယ် ပိုင် ခွင့် ရှိ သည် ဖြစ် လာ ခဲ့ သော် ၊ အတွေး နဲ့ ခြေ လှမ်း တွေ
ကြဲ ကုန် တာ ပါ။ အရင် က လယ် တဧက ကို အချင်းချင်း လယ်စိုက် ခွင့် အလွှဲ အပြောင်း လုပ် ရင် တဧက
ငါးသောင်း ထက် မပိုပါဘူး ၊ အခု တော့ လေး ငါး သိန်း ဖြစ် ကုန် ကြ ပါဘီ၊ ကားလမ်းမ ကြီး နား က လယ် တွေ
ဆို သိန်း ၆ဝ လောက် ဖြစ် ကုန် ပါ တယ်။

အခု လယ်မြေ နဲ့ ပါတ်သက် လို့ အာအက်အေ တို့ ဘီဘီစီ တို့ က နေ နေ့စဉ် လိုလို လယ် သမား အခွင့်
အရေး ဆိုပီး ပြော နေ ဝေဖန် နေ တာ တွေ ရှိ ပါ တယ် ၊ နောင် လွှတ်တော် တွေ မှာ လဲ လယ်သမား နဲ့
လယ်ပိုင်တဲ့ ကိတ်စ ဥပဒေတခုခု တော့ ၊ ရှိလာအောင် လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်ကြမယ်ထင် ပါတယ်။

အခုတော့ ဗျာ ၊ အဲဒီ လယ် တွေ ကို ဈေး ကောင်း ပေး ပြီး လက် ထဲ ရောက် နေ အောင် လိုက် လုပ် နေ တာ က
လက်ကြီး သမားတွေ ဖြစ် ကုန် ပြီဗျာ ၊ ရှင်း ရှင်း ပြော ရရင် တရုပ် တွေ ဘဲ များ ပါ တယ်။
အန် တရယ် များ လွန်း ပါ တယ် ဗျာ ၊ တိုင်း ပြည် နဲ့ လူ မျိုး ရေ ရှည် အတွက် ပါ ၊ ဘာ တွေ ဆက် ဖြစ် မယ်
တော့ မသိနိုင် ပါ ခင် ဗျာ ၊ လယ်သမားတွေ အမျော် အမြင် ရှိ တတ်ဘို့ ၊ သိပ် လို တာ ပေါ့ ခင် ဗျာ ။

ကျွန်တော် တို့ ဗမာတွေ က တော့ တကယ် ပါ ဗျာ ၊ တရား တော့ အတော် ပြည့် ဝ ကြ ပါ တယ်။
တရားတော် လာ အဆုံး အမ တွေ လို ပါ ဘဲ ၊ အတိတ် ကို လဲ မစဉ်း စား နဲ့ တဲ့ ၊ နောင် အနာဂါတ် ကို လဲ
သိပ် တွေး မနေ နဲ့ တဲ့ ၊ လောလောဆယ် ပစ္စုပန် အကြောင်း ကို ဘဲ သေချာ ကြည့် ဘို့ လို ပါ သတဲ့ ဗျ။

အခု လို ၊ တလ ကို ဝန် ထမ်း တိုင်း ၂ သောင်း တိုးမယ် ကောလဟလ ကြားတာ နဲ့ ၊
အခု ပစ္စုပန် တဲ့ တဲ့ ဘဲ ၊ လက် ငင်း ချက် ချင်း ငွေရှင်း မယ် ဆို ရင်
တနှစ်စာ ကို တလ ၁ သောင်း နဲ့ တသိန်း၂သောင်းဘဲ အခု ပေး ၊ လခ ကို လက်မှတ် အခု ကြို ထိုး ပေး ထား မယ်၊
ဘယ်နေမှန်း မသိသေး တဲ့ တိုးမဲ့ လခ ကို တနှစ်စာ တဝက်ဈေး နဲ့ ကြို ရောင်း ထား ပြီး ကြ ပါ ပီ ၊
ကြို သုံး လေး၊ အခု ဘဲ သုံးချင် လို့ ၊ ဝါ မဝင် ခင် ၊ ယာ မ ကာ လေး ၊ တ ဝ ၊ ဟဲထား ချင် ကြ လို့ ပါ တဲ့ ဗျား ။

အေဇော်ကြီး
မြန်မာကျူးပစ်ဖိုရမ်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


စကား ကြုံလို့ပါ၊ ခင်ဗျာ ၊

ကျွန်တော့်စာတွေ ကို ၊ သတင်းဌာနတွေ ၊ ဘလောက်တွေ၊ ဖေ့စ်ဘွတ်ခ်တွေ က ကူးကြတာတွေ အတွက်
ကျွန်တော် စိတ်ဆိုးစရာအကြောင်း မရှိပါဘူး ၊ ကျွန်တော် တို့ လဲ ကိုယ်သိတာလေး မျှဝေချင် လို့ရေးခဲ့သလို
ကူးသူများလဲ မျှဝေချင်လို့ ကူးတယ်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တခါ က သေချာလေး တောင်းပန်ခဲ့ သလို
မြန်မာကျူးပစ်ဖိုရမ်ကြီး ကို ခရက်ဒစ်ပေးရင် ရ ပါ ပြီ လို့ ထပ်လောင်း တောင်းပန်ချင် ၊ ပြောချင်ပါတယ်။

0 အကြံပြုခြင်း: