Friday, September 30, 2011

၃၀.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16598529/30Sep2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16598530/30Sep2011Yeyintngesdiary.pdf.html

30 Sep2011 Yeyintnge's Diary

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ



News Date:9/30/2011
တာကလူး
-----------
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့မှ ရေတပ်သင်္ဘော နှစ်စီးသည် နှစ်နိုင်ငံ နယ်စပ်ရှိ အငြင်းပွါးနေသည့် ပင်လယ်ပြင်တွင် တစ်စီးနှင့် တစ်စီး ထိပ်တိုက် ရင်ဆိုင်ကာ ကင်းလှည့် နေကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘက်မှ ရေတပ်စစ်သင်္ဘောတစ်စီးသည် နှစ်နိုင်ငံ နယ်စပ်အနီး ပင်လယ်ပြင်တွင် ယခုရက်ပိုင်းအတွင်းမှ စတင် ကင်းလှည့် လာခြင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်မှလည်း ၄င်း၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်ရန် ရေတပ် သင်္ဘောတစ်စီးကို ယမန်နေ့မှ စတင် စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေးက ပြောသည်။



Myanmar-ships ၂၀၀၈ ခုနှစ်က ဤကဲ့သို့ နှစ်ဘက်နိုင်ငံ နေဗီများကို စေလွတ်ခဲ့ကြသည်။
"မြန်မာဘက်က ရေတပ်စစ်သင်္ဘောတစ်စီးဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်အနီးမှာ ကင်းလာလှည့်နေတာကြောင့် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ရေပိုင်နက် ကိုယ်ကာကွယ်နိုင်ဖို့ စစ်သင်္ဘောတစ်စီးကို ယမန်နေ့ကနေ စေလွှတ်လိုက်ရခြင်း ဖြစ်ပါတယ်" ဟု နယ်စပ်အခြေစိုက် ဘင်္ဂလားဒေခ်ျ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့မှ အမည်မဖေါ်လိုသူ ၀န်ထမ်းတစ်ဦးက ပြောသည်။

နှစ်ဘက်နိုင်ငံမှ ရေတပ်သင်္ဘောနှစ်စီး နယ်စပ်ပင်လယ်ပြင်တွင် ကင်းလှည့် နေကြကြောင်းကို မြန်မာဘက်မှ ပင်လယ်ပြင် ငါးဖမ်းသမားတစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

"သင်္ဘောနှစ်စီး ကင်းလှည့်နေကြတာက တစ်စီးနဲ့ တစ်စီး လှမ်းမြင်နိုင်တဲ့ အကွာအဝေး လောက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ဘက်ကကိုယ် သူ့ဘက်ကသူ ကင်းလှည့်နေကြတာပဲ ဖြစ်ပါတယ်" ဟု ငါးဖမ်းသမားက ပြောသည်။

မြန်မာရေတပ်စစ်သင်္ဘော (၅၅၂)သည် ယခုအပတ် တနင်္လာနေ့မှစ၍ ဘင်္ဂလာဒေခ်ျ့ နယ်စပ်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူ ကျောက်တန်းအလွန် ပင်လယ်ပြင်တွင် ကင်းလှည့်နေခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေခ်ျ့ ဘက်သို့ မှောင်ခိုကုန်ကူးနေသည့် မြန်မာဘက်မှ စက်လှေများနှင့် ပိုင်နက်ကျော် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေခ်ျ့ ဘက်မှ ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ စစ်သင်္ဘောမှာလည်း စိန့်မာတင် (ခေါ်) အုန်းကျွန်း၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာတွင် ကင်းလှည့်နေခြင်းကြောင့် မြန်မာစစ်သင်္ဘောနှင့် တစ်စီးနှင့် တစ်စီးလှမ်းမြင်ရသည့် အကွာအဝေးတွင်သာ ရှိကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ နှစ်ဘက်နိုင်ငံမှ ရေတပ်စစ်သင်္ဘောများ နယ်စပ်ပင်လယ်ပြင်တွင် ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းမှာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှု နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။

၂၀၀၈ ခုနှစ် တင်းမာမှုနောက်ပိုင်း ဘင်္ဂလားဒေခ်ျ့ဘက်မှ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) သို့ ၂၀၀၉ ခုတွင် တင်သွင်းခဲ့သည်။

နိုင်ငံတကာခုံရုံးမှလည်း မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နှစ်နိုင်ငံ အကြားအငြင်းပွားမှုကို ယခုလ အတွင်းတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ် မတ်လ အတွင်းအတွင် တရားဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နှစ်ဘက်နိုင်ငံမှ စစ်သင်္ဘောများမှာ နယ်စပ်ပင်လယ်ပြင်တွင် ၂၀၀၈ ခုနှစ်ကကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းကြောင့် ပြဿနာ ပိုမို ကြီးထွားလာမည်ကို နှစ်ဘက်နယ်စပ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။

http://www.narinjara.com/detailsbur.asp?id=3514

သမ္မတကြီးကြေငြာချက်မော်ဒဲလ်လေးများအသုံးပြု





http://moemaka.com/2011/10/mrtv4-%E1%80%85%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%99%E1%80%BD-%E1%80%85%E1%80%90%E1%80%AC%E1%80%B8%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%99%E1%80%9A/
မှဖေါ်ပြသည်။။

မြန်မာ့လူ့အခွင့်အရေး ပြဿနာ

စနေ, 01 အောက်တိုဘာ 2011

By ဦးအောင်ခင် & မညိုညိုလွင်

လွန်ခဲ့တဲ့ စက်တင်ဘာလ (၅) ရက်နေ့က အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းကြောင်း နေပြည်တော်က ကြေညာတာကို အမျိုးမျိုးတုံ့ပြန်ပါတယ်။ ကုလသမဂ္ဂ မှတ်တမ်းတင်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကြည့်ပြီး သံသယဖြစ်နေကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်၊ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့  အစီရင်ခံတွေကို ဥပဒေပညာရှင်တစုက လေ့လာပြီး မြန်မာပြည်က ရာဇဝတ်မှုများ ဆိုတဲ့ အစီရင်ခံစာ ၂၀၀၉ မှာ ထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကတော့ ၁၉၉၄ မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဖြစ်ကတည်းက မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဘူးလို့ ဗြောင်ငြင်းခဲ့ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေကလည်း ၂၀၀၁ ခုနှစ် ကုလသမဂ္ဂမှာ မြန်မာသံအမတ် ဖြစ်ကတည်းက မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖျက်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒီလို ငြင်းဆိုနေတုန်း ပြန်ကြားရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီကို ၂၀၀၀ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းပါတယ်။ နောက်တော့ Australia အစိုးရနဲ့ ပူးတွဲပြီး လူ့အခွင့်အရေး သင်တန်းတွေ ပေးပါတော့တယ်။ Australia နဲ့ ဗမာအစိုးရပူးတွဲပြီး ၂၀၀၀ ခုနှစ်က ၂၀၀၃ အထိ လူ့အခွင့်အရေးသင်တန်း (၁၂) ခု ပေးခဲ့ပါတယ်။ သင်တန်းတခုမှာ အစိုးရအမှုထမ်း (၂၅) ယောက်လောက်တက်တာမို့ စုစုပေါင်း အရပ်သားအမှုထမ်း (၃၀၀) လောက်ကို လူ့အခွင့်အရေးအကြောင်း ဟောပြောနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအထဲမှာ လူ့အခွင့်အရေး အချိုးဖျက်ဆုံးဖြစ်တဲ့ စစ်မှုထမ်းမပါပါဘူး။ သင်တန်းတခု (၄) ရက်ကြာပြီး ရန်ကုန်-မန္တလေး နဲ့ တောင်ကြီးမှာ ကျင်းပကြောင်း သိရပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ပင်ညဲရိုး မြန်မာပြည်သွားတိုင်း အစိုးရလူ့အခွင့်အရေး ကော်မတီဝင်တွေနဲ့ တွေ့ရပါတယ်။ အစိုးရအမှုထမ်းအချို့  Australia မှာ လူ့အခွင့်အရေး သင်တန်းတက်ဖို့ Australia အစိုးရက စီစဉ်ပေးပါတယ်။ အာရှလူ့အခွင့်အရေး ဆွေးနွေးပွဲ ဗမာကိုယ်စားလှယ် တက်နိုင်ဖို့လည်း Australia က ကူညီခဲ့ပါတယ်။ လူ့အခွင့်အရေးသင်တန်း အရှိန်ရနေတုန်း ၂၀၀၃ မေလ (၃၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို စစ်အစိုးရ လက်အောက်ခံ အရပ်သားတွေက ဒီပဲယင်းမှာ ဝိုင်းရိုက်ကြတဲ့အတွက် Australia အစိုးရရဲ့  လူ့အခွင့်အရေး စီမံကိန်းလည်း ရပ်ဆိုင်းသွားပါတော့တယ်။ ဒါပေမဲ့ ကြည့်မြင်တိုင်မြို့ နယ် NLD ဥက္ကဋ္ဌ ဦးမြင့်အေး နဲ့ လူ့ငယ် (၃၅) ဦး ၂၀၀၂ မှာ တည်ထောင်တဲ့ လူ့အခွင့်အရေး စောင့်ရှောက်ရေးအဖွဲ့ကတော့ အခုထက်ထိ ရှင်သန်လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။ ဖမ်းဆီရိုက်နှက် ခံရတဲ့ကြားက လူ့အခွင့်အရေးအကြောင်း ဟောပြောသူတွေ ဖြစ်ပါတယ်။ ၂၀၀၆ အောက်တိုဘာလမှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် လို့ အမည်ပြောင်းပြီး လူ့အခွင့်အရေး ဟောပြောပွဲလုပ်ပြီးအပြန် ဦးမြင့်အေး နဲ့ ဦးမောင်မောင်လေး တို့ကို ကြံ့ဖွံ့အသင်းဝင်တွေ ဝိုင်းရိုက်တဲ့ဖြစ်ရပ်ဟာ ဟိုလေးတကျော် ဖြစ်ခဲ့ရပါတယ်။ လူ့အခွင့်အရေး ကွန်ယက်အဖွဲ့ဝင် (၄၀) လောက် မြန်မာပြည်နေရာ အနှံအပြားမှာ ထောင်ဒဏ်ကျခံနေရပါတယ်။ ကွန်ယက်ခေါင်းဆောင် ဦးမြင့်အေး ဟ ကယားပြည်နယ် လွိုင်ကော်မြို့ မှာ ထောင်ဒဏ်နှစ်ရှည် ကျခံနေရပါတယ်။ လူ့အခွင့်အရေး စာရွက်စာတမ်း ထုတ်ဝေမှုနဲ့ ဟောပြောမှုကြောင့် ဦးမြင်အေး မကြာခဏ အဖမ်းခံရပါတယ်။ ၂၀၀၅ ဖေဖေါ်ဝါရီလမှာ ပါတီလမ်းစဉ် သွေဖီမှုနဲ့ ဦးမြင့်အေးကို NLD က အဖွဲ့ဝင်အဖြစ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ဦးမြင့်အေး ဟာ လူ့အခွင့်အရေးပညာပေး အလုပ်ကို ဆက်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၀၈ မတ်လမှာ ထောင်ကလွတ်လာပြီး မကြာမီ မြေနီကုန်း၊ စမ်းချောင်းမှာ ဦးမြင့်အေး အရိုက်ခံရပြန်ပါတယ်။ ဦးမြင့်အေး ဟာ လူ့အခွင့်အရေးအကြောင်း ပြည်သူလူထု သဘောပေါက်အောင် ဟောပြောတဲ့အတွက် အရိုက်အနှက်ခံရပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ မြန်မာပြည်မှာသမိုင်း တခေတ်သစ်ပြီးဖြစ်ကြောင်း စက်တင်ဘာ (၁၃) ရက်နေ့ ဂျီနီဗာမှာ ကျင်းပတဲ့ (၁၈) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။ အတင်းအဓမ္မ ခိုင်းစေမှု ကွယ်ပျောက်စေဖို့အတွက် ကျေးရွာဥပဒေလွှတ်တော်မှာ ပြဋ္ဌာန်းမယ့်အကြောင်း ဦးဝဏ္ဏမောင်လွင် ပြောတာဟာ အဓမ္မခိုင်းစေမှု ရှိနေတာကို ဝန်ခံရာ ရောက်ပါတယ်။ ဒါပေမဲ့ ဦးဝင်းမြနဲ့ ဦးကျော်တင့်ဆွေ ကတော့ အဓမ္မခိုင်းစေမှု မရှိကြောင်း ငြင်းဆိုခဲ့ကြပါတယ်။ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ပြုပြင်ပြောင်းရေးတွေ လုပ်မယ့်အကြောင်း ပြောဆိုပြီးတော့ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးကို ကုလသမဂ္ဂမှာ ဦးဝဏ္ဏမောင်လွင် တောင်းဆိုသွားတာဟာ အပေးအယူလုပ်တဲ့ သဘောဖြစ်နေပါတယ်။ လက်တွေ့ဘဝမှာ လူ့အခွင့်အရေးရရင် ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းကြမှာ သေချာပါတယ်။ တောင်းဆိုနေစရာ မလိုပါဘူး။ သမ္မတဦးသိန်းစိန် လက်ထက်ထူးခြားချက်ကတော့ လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေး ကွန်ယက်ဟာ အရင်လို အရိုက်အနှက် မခံရတော့ဘဲ ပညာပေးဆွေးနွေးပွဲ ဆက်ပြီး ကျင်းပနိုင်တာ ဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာ မိတ္ထိလာမှာ (၃) ရက်၊ မန္တလေးမှာ (၃) ရက် လူ့အခွင့်အရေးကွန်ယက် က ပညာပေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမယ့် တားဆီးနှောက်ယှက်တာမျိုး မရှိကြောင်း သိရပါတယ်။
http://www.voanews.com/burmese/news

နိုင်ငံရေးအကျဉ်းသားဆိုတာ

တကယ်တော့နိုင်ငံရေးအကျဉ်းသားဆိုသူအားလုံးဟာ မငြင်းနိုင်တာကတော့ ဥပဒေပုဒ်မများကိုမည်သို့ပင်အသုံးပြုထားသော်လည်း၊သေချာတာက ဥပဒေနဲ့အညီမဟုတ်ကြပါဘူး။
(၁) သူတို့ဟာ ခိုင်လုံတဲ့သက်သေမရှိဘဲ ၊ရဲစက္ကူကိုအားကိုးပြီး အသုံးချထားတာပါ။ ဒါဟာ ကျင့် ၁၆၂ နဲ့ ဆန့်ကျင်ပါတယ်။
(၂) ပြည်သူများရှေ့မှောက်မှာ၊အများပြည်သူကြားနာခွင့်မရခဲ့ဘဲ၊closed chamber စံနစ်နဲ့ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။
(၃)လုံလောက်တဲ့ခုခံချေပပိုင်ခွင့်ကိုမရရှိခဲ့ကြပါဘူး။
စသဖြင့်တူညီတဲ့အချက်တွေရှိနေပါတယ်။ဒါဟာဖွဲ့စည်းပုံအခြေခံမူ ၁၉ နဲ့မကိုက်ညီပါဘူး။အခြေခံမူဆိုတဲ့အတိုင်းဘဲ။အခြေခံမူနဲ့မကိုက်ညီရင် ထောက်ပြကြရမှာပါ။နည်းလမ်းရှာကြရမှာပါ။
သမ္မတမှာ pardon လို့ခေါ်တဲ့ တစ်ဦးချင်းကိုလွတ်ငြိမ်းခွင့်ပေးနိုင်ပ်ါတယ်။သို့သော် amnesty ခေါ်တဲ့၊အားလုံးလွတ်ငြိမ်းခွင့်ကတော့ ၁၃ဦးအဖွဲ့နဲ့တိုင်ပင်ရမယ်ဆိုတော့အကြပ်အတည်းရှိနေတာကိုလဲ ကူညီသင့်ပါတယ်။
ဘယ်လိုကူညီမလဲဆိုရင်
၂၉၅(ခ) နဲ့ (င) အရ၊တရားရုံးချုပ်ဟာ အယူခံအနေနဲ့ဖြစ်ဖြစ် ပြင်ဆင်မှုအနေနဲ့ဖြစ်ဖြစ် အမြင့်ဆုံးအာဏာဖြစ်ပ်ါတယ်။ပြီးတော့ တရားလွှတ်တော်၂ခုရှိတဲ့အနက်၊ဖွဲ့စည်းပုံအရအသစ်ပေါ်ပေါက်သော အမြင့်ဆုံးလဲဖြစ်တဲ့၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်လဲဖြစ်ပါတယ်။
အစိုးရသစ်အနေနဲ့ကြည့်ရင်၊ဒီအမှုများကိုမပြီးပြတ်သေးသောအမှု လို့လည်းယူဆလို့ရပါတယ်။ပြီးတော့ စာချွန်တော်လိုယူဆမယ်ဆိုရင်လဲ၊
သတ်မှတ်ထားတဲ့ကာလစည်းကမ်းသတ်မရှိပ်ါဘူး။ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေကိုလည်း လိုအပ်ရင်ပြင်ဆင်လို့ရပါတယ်။
နိဒါန်းမှာပ်ါသလို လောကပါလတရား၃ပါးအတွက်လုပ်ကြရမှာဖြစ်ပါတယ်။
သေချာတာကတော့
၂၀၀၈ ဖွဲ့စည်းပုံကိုလက်ခံတာ၊မလက်ခံတာထား။ သူတို့နဲ့ စကားပြောမလား၊မပြောဘူးလား ပြသနာပါ။ပြောမယ်ဆိုရင် ချေးကုန်းစက္ကူလောက်တောင်အဆင့်မရှိတဲ့ ငွေအကြွေကိုတောင(်မကိုင်ချင်လဲ)ကိုင်ရသေးရင်၊ ဒီစာအုပ်ကိုလည်း(မကိုင်ချင်လည်း)ကိုင်ရမှာပါဘဲ။ဒါမှမဟုတ်ရင်စကားဘာနဲ့ပြောမလဲ။
ဒါ့ကြောင့်
အလုပ်ဖြစ်နိုင်တဲ့ဘက်ကိုရောက်လာအောင်ဒီအကြံကလေးဘယ်လိုနေမလဲတင်ပြကြည့်ခြင်းပါ။
ကိုဟန်ရှင်ဝင်း(၀၉ ၇၃၀၁၆၁၃၀)
အချိန်မရွှေးဆက်သွယ်လို့ရပါတယ်။
2011/9/30 Khin Ohmar


မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ထုတ်ပြန်၊



သတင်းထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

(အေအေပီပီ) မှ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ပါသည်။ အေအေပီပီမှ ပြုစုထားသောစာရင်းတွင် ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေးနှင့်သက်ဆိုင်ပြီး အကျဉ်းချခံထားရသူများဖြစ်ကြပါသည်။



နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဆိုခြင်းကို ငြင်းဆန်ခဲ့ကြပါသည်။ ထိုသို့ပင် လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း ငြင်းဆန်နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအား ဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မများနှင့် မတရားစွဲဆိုကာ ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ခံနေရပါသည်။ ဥပမာအားဖြင့် အာဏာပိုင်များသည် ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများနှင့် အလွှာအသီးသီးမှ ပြည်သူလူထုအား အခြေအမြစ်မရှိသော ရာဇဝတ်မှုများဖြင့် မတရားသက်သက် သိက္ခာချကာ တရားစွဲဆို ထောင်သွင်းအကျဉ်းချခဲ့ပါသည်။ ထို့အတွက် အေအေပီပီ မှ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၄င်းတို့အားစွဲဆိုထားသော အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးလှုပ်ရှားများအပေါ် ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံပြောရမည်ဆိုလျှင် ၄င်းတို့မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချခံရသည်ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှု နောက်ခံအား ဦးစားပေးဆုံးဖြတ်ပါသည်။



မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာခင် သင့်တော်သည့် အချိန်တွင်

အကျဉ်းသားများအား လွှတ်ပေးရန်ရှိပါသည်ဟု ပြောကြားပြီးနောက်

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်လာမည်ဟူသော သတင်းများ ပြန့်နှံ့လာပါသည်။ နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား ထည့်သွင်းပြောဆိုသွားခြင်းမရှိသော်လည်း

လက်ရှိဦးသိန်းစိန်အစိုးရမှ အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည်ဆိုလျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး ၄င်းတို့အပေါ်မတရားချမှတ်ထားသည့် ရာဇဝတ်မှု မှတ်တမ်းများကိုလည်း ပယ်ဖျက်ပေးရမည်ဖြစ်သည်။



အေအေပီပီ အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်း လက်ရှိအစိုးရသည်လည်း ပြည်သူလူထု၏အခြေခံလူ့အခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများအား အသိအမှတ်မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ၊ တောင်းဆိုသူများအား ဖမ်းဆီးကာ ရာဇဝတ်မှုများနှင့်စွဲဆို အကျဉ်းချနေဆဲဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သာမန် ပြည်သူလူထုသည် ဖမ်းဆီးခံရမည့်အရေး၊ အကျဉ်းချခံရမည့်အရေးများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်လက်ခံမှုကို ရယူလိုလျှင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများအား ဖော်ဆောင်ကာ မကြာတော့မည့် အနာဂတ် ကာလတွင် စိတ်ရင်းစေတနာမှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ရပါမည်။



မှတ်ချက် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် စစ်မှန်သော

ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတို့အား အထောက်အကူဖြစ်စေရေးအတွက် အေအေပီပီအနေဖြင့် လက်နက်ကိုင် တော်လှန် ရေးတွင်ပါဝင်သူများနှင့် ရာဇ၀တ်ပုဒ်မများနှင့် တမင်သိက္ခာချ စွဲချက်တင်ခံရသူ နိုင်ငံရေး လှုပ်ရှားသူများ အားပေးကူညီများအား နိုင်ငံရေးအကျဉ်းသားများမဟုတ်ဟု ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီ အနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့် ထောင် သွင်းအကျဉ်းချခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။





နိုင်ငံရေးအကျဉ်းသားများအား သိက္ခာချရာတွင် (သို့) နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် အသုံးများသည့် ဥပဒေများ



မှတ်ချက်။ ။ လက်လှမ်းမီသလောက်ပြုစုထားခြင်းဖြစ်ပါသည်။

ယခုဇယားထဲတွင်မပါသည့် ပုဒ်မျများနှင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများလည်းရှိနိုင်ပါသည်။

ဥပဒေ ပုဒ်မ စွဲဆိုချက်များ အမြင့်ဆုံးထောင်ဒဏ်

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၁၊ ၁၂၂(၁)၊

၁၂၂(၂) နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပြစ်ဒဏ်။ သေဒဏ် (သို့) တစ်သက်

တစ်ကျွန်း ထောင်ဒဏ်

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၄၊ ၁၂၄(က)၊

၁၂၄(ခ) နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့်ပတ်သက်၍ထိန်ချန်ထားခြင်း၊

အကြည်ညိုပျက်အောင်ပြုခြင်း၊ ပြည်ထောင်စု နိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်း အဖွဲ့ကိုဖြစ်စေ

အနိုင်အထက်ဖြိုဖျက်စေရန် နှိုးဆော်ခြင်း။ ထောင်ဒဏ် ၇ နှစ်၊

တစ်သက်တစ်ကျွန်း၊ ၃ နှစ်

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၄၃-၁၄၆ ဥပဒေနှင့်ဆန့်ကျင်သော

စုဝေးခြင်းဆိုင်ရာ ပုဒ်မများ ထောင်ဒဏ် ၂ နှစ်

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၂၉၅၊ ၂၉၅(က) လူတစားကိုးကွယ်သည့် ဘာသာ

သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ်ဝတ်ပြုသည့်နေရာကို ဖျက်ဆီးခြင်း

သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း။ ထောင်ဒဏ် ၂ နှစ်

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၀၅(ခ) အများပြည်သူ၏ အကျိုးပျက်စီးစေမှုကို

ဖြစ်ပေါ်သော ဖေါ်ပြချက်။ ထောင်ဒဏ် ၂ နှစ်

၁၉၀၈ မတရားအသင်းအက်ဥပဒေ ၁၇(၁)၊ ၁၇(၂) မည်သည်မဆို မတရားအသင်း၏

အဖွဲ့ဝင်ဖြစ်လျှင် သို့တည်း မဟုတ်

ယင်းအသင်း၏အစည်းအဝေး၌ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ ရယူ၊ တောင်းခံလျှင် သို့တည်းမဟုတ် တနည်းနည်းဖြင့်

ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင်။ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်

၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်

ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ၁၀(က)၊

၁၀(ခ) နိုင်ငံတော်အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုထိပါးစေသူ

မည်သူမဆိုကို တရားရုံးအမိန့်ချမှတ်ခြင်းမရှိပဲ နေအိမ် အကျယ်ချုပ်

အဖြစ်ထိန်းသိမ်းထားခြင်း။ ၅ နှစ်၊ နောက်ပိုင်းထပ်တိုးနိုင်





၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ၅(ဃ)၊ ၅(ခ)၊ ၅(ည) အများပြည်သူတို့အား (သို့)

ပြည်သူတစ်စုအား အထိတ်တလန့် ဖြစ်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင် (သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်- မမှန်ဟုသိလျှက်နှင့်

(သို့) မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျှက်နှင့် မမှန် သတင်း လွှင့်ရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင် (သို့) ယင်းသို့ဖြစ်ရန် အကြောင်းရှိသောအမှုကိုပြုလျှင် ပြည်ထောင်စု၏ လုံခြုံရေးကို သော်လည်းကောင်း ငြိမ်ဝပ်ပိပြားမှုပြည်လည်ထူထောင်ရေးကို သော်လည်းကောင်း ထိခိုက်စေရန်အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ (သို့) ပြည်သူတစ်စု၏ ကိုယ်ကျင့် တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖေါက်လဲဖေါက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခု လုပ်လျှင် (သို့)

ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်- ထောင်ဒဏ်၇ နှစ်

၂၀၀၄ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)၊ ၃၃(ခ)၊

၃၈ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာများကို အသုံးပြု၍

နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသော အမှုပြုခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်သော သတင်းအချက်အလက် များ ပေးပို့ခြင်း၊

လက္ခံရယူခြင်း (သို့) ကြိုးပမ်းခြင်း၊ ထောင်ဒဏ် ၁၅ နှစ်

၁၉၈၈ အသင်းအပင်း ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ၆/၈၈ ၅၊ ၆၊ ၇ ၁၉၈၈

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်းမရှိသော အဖွဲ့အစည်းဖွဲ့စည်းခြင်း၊ မတည်မငြိမ်

ဖြစ်စေခြင်း၊ အဖွဲ့အစည်းဝင်ဖြစ်ခြင်းတို့မှ တားမြစ်သောဥပဒေ။ ထောင်ဒဏ် ၅

နှစ်

၁၉၉၆ ခုနှစ် အမျိုးသားညီလာခံ အား နှောက်ယှက် ဖျက်ဆီးခြင်း မှ

ကာကွယ်ဟန့်တားသည့် ဥပဒေ ၅/၉၆ ၃၊ ၄၊ ၅၊ ၆ အမျိုးသားညီလာခံကို

နှောက်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ် ဟန့်တားသည့် ဥပဒေ။ ထောင်ဒဏ် ၂၀ နှစ်

၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်

ဥပဒေ ၁၇/၂၀ ပုံနှိပ်စာအုပ်စာတမ်းအားလုံး မဖြန့်ဝေခင်

စာပေစီစစ်ရေးအဖွဲ့ကို တင်ပြရမည်။ ထောင်ဒဏ် ၇ နှစ်

၁၉၂၃ လျှို့ဝှက်လုပ်ငန်း ဥပဒေ ၃ ရန်သူကို အကျိုးဖြစ်စေသော

သတင်းအချက်အလက်များကို ဖြန့်ဝေသူ မည်သူမဆို ထောင်ဒဏ် ၁၄ နှစ်

၁၉၉၆ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ၃၂(ခ) စီစစ်ရေးမှ

ခွင့်ပြုချက်မရဘဲ မိတ္တူကူးပွါးခြင်း၊ ဖြန့်ဖြူးခြင်း၊ ငှားရမ်းခြင်း

နှင့် ပြသခြင်း စသည်တို့ကို ပြုလုပ်ခြင်း။ ထောင်ဒဏ် ၃ နှစ်

၁၉၄၇ခုနှစ် ပြည်သူလူထု ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်း

သည့်အက်ဥပဒေ ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု

ထိန်းသိမ်းခြင်းဆိုင်ရာများ ထောင်ဒဏ် ၅ နှစ်

၁၈၇၈ လက်နက် အက်ဥပဒေ လိုင်စင်မဲ့လက်နက်များ ထုတ်လုပ်ခြင်း၊

လက်ဝယ်ကိုင်ဆောင်၊ ရောင်းဝယ်၊ အသုံးပြုခြင်းဆိုင်ရာ ဥပဒေ ထောင်ဒဏ် ၇ နှစ်

၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်မှု

အက်ဥပဒေ မြန်မာနိုင်ငံပြင်ပအပါအ၀င် ပြည်သူပိုင်ပစ္စည်းများအား

ခွင့်ပြုချက် မရှိပဲ ရယူအသုံးပြုခြင်းနှင့်ဆိုင်ရာများ ထောင်ဒဏ် ၇ နှစ်

၁၉၃၁ ခုနှစ် ပုံနှိပ်လုပ်ငန်း၊ စာနယ်ဇင်းနှင့် ရေဒီယို ရုပ်မြင် သံကြား၊ သတင်းဌာန အက်

ဥပဒေ(အရေးပေါ်အာဏာများ) ပုဒ်မ-၁၇ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့်

သတင်းစာ၊ သတင်းလွှာများ တရားမ၀င်ပုံနှိပ်စက်အသုံးပြုကာ

ထုတ်လုပ်ဖြန့်ဖြူးခြင်း ဆိုင်ရာများ ထောင်ဒဏ် ၆ လ

သွင်းကုန်ထုတ်ကုန်လုပ်ငန်း အက်ဥပဒေ ပုဒ်မ-၅(၁) ထုတ်ကုန်သွင်းကုန်

အက်ဥပဒေမှ ကန့်သတ်ထားသည်များအား ရယူ၊ ကိုင်ဆောင်

အသုံးပြုခြင်းဆိုင်ရာများ ထောင်ဒဏ် ၇ နှစ်





နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)



ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁

ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

သမ္မတရဲ့ မြစ်ဆုံဆိုင်ရာ သ၀ဏ်လွှာ




Friday, September 30, 2011zarny win

......

သမ္မတပေးပို့တဲ့ သ၀ဏ်လွှာကို ဒီနေ့ လွှတ်တော်မှာ ဖတ်ပြတယ်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ သမ္မတ၏ သ၀ဏ်လွှာ


၁။ ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါသည်။

၃။ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ တူညီသော မျော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''၀'' အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။ အချို့အဖွဲ့များသည်လည်း ပြည်နယ်အစိုးရများထံ ငြိမ်းချမ်းရေးရယူရန် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားများအားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ပြန်လာနေကြပြီဖြစ်ပါသည်။ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။

၅။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက်တိုးတက်အောင် ဆောင်ရွက်ရင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်မှုနိုင်ငံထူထောင်နိုင်ရန် လျပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများအနက် အနျူမြူစွမ်းအင်ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ်ကြီးမားလှသည့်အပြင် ငွေကြေးမပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကျောက်မီးသွေးသယံဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှုမရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင်ဖြစ်ပါသည်။

၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထွက်ရှိသော်လည်း ပြည်ပအရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍ မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန်အတွက်ပင် လုံလောက်မှုမရှိသေးပါ။

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့် အဆိုပါမြစ် ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂)ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(၇)ရုံသာရှိခဲ့ပြီး စုစုပေါင်းစက်တပ် ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -

(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။

(ခ) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။

(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း။

(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေပျက်စီးမှုရှိနိုင်ခြင်း။

(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။

၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။


http://www.irrawaddyblog.com/2011/09/blog-post_3456.html


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့တွေ့ဆုံပွဲရုပ်မြင်


ရန်ကုန်မှအသံနှင့်ဓါတ်ပုံပေးပို့သူများအားကျေးဇူးတင်ပါသည်။
download

http://www.ziddu.com/download/16597289/DASSKmeetUAK.wmv.html

on blog


on youtube



http://www.mizzimaburmese.com/

ဒေါ်အောင်ဆန်းစုကြည် နှင့် မန္တလေး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ်

မန္တလေးမြို့သို့ ထွက်ခွာရန် ရွေးချယ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့်

မန္တလေးမြို့အား မိုးအကုန် ပွင့်လင်းရာသီအစတွင် ထွက်ခွာရန် ရှိကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက

ပြောကြားသည်။ "အခုကတော့ ခရီးထွက်ဖို့ လုံခြုံရေး အစီအစဉ်တွေပြင်ဆင် နေတုန်းပဲရှိပါသေးတယ်"

ယင်းက ဆိုသည်။ နိုင်ငံရေးခရီးစဉ်အဖြစ် ထွက်ခွာရန်အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များကို

အာဏာပိုင်များနှင့်လည်း ညှိနှိုင်းတိုင်ပင်နေရကြောင်း သိရသည်။

မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးမားသည့်အပြင် မြို့ခံလူထုသည်လည်း ဒီမိုကရေစီနှင့်

လူ့အခွင့်အရေးကို အစဉ်အဆက် အားပေးခဲ့သည့်မြို့ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်

မန္တလေးမြို့သို့သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လကလည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီး

ပထမဆုံး နိုင်ငံရေးခရီးစဉ် အဖြစ်ပဲခူးမြို့နှင့် သနပ်ပင်မြို့သို့ သွားရောက်ခဲ့ပြီး ပြည်သူလူထုသည် NLD

ပါတီနှင့်အဆက်အသွယ် မပျက်ကြစေရန်နှင့်အစဉ်အဆက် ထောက်ခံကြပါရန် မိန့်ခွန်းပြောကြား ခဲ့သည်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်

ခရီးထွက်ခွာခြင်းသည် အစိုးရနှင့် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ထားခြင်း၏

အကျိုးဆက်ဟု ခန့်မှန်းနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။


YC(KS)


( yangonchronicle 2011 သတင်းလွှာ “ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့

ခရီးထွက်ခွာမည်” မှ ကူးယူဖော်ပြပါတယ် )

ကိုအောင်မျိုးထွန်းပေးပို့ပါသည်။

သော့ခတ်ထားသော အင်တာနက်နှင့် ဆင်ဆာစလောင်း



အေးချမ်းမြေ့ Thursday, 29 September 2011 16:30 အောက်မေ့ဖွယ်



၎ နှစ်ဆိုသော်လည်း မနေ့တနေ့ကလို ဘာမှ မကြာလိုက်ဘူး ထင်ရသည်။

၈ နှစ်တာခန့် ပျော်ပိုက်ခဲ့သော မြန်မာပြည်တွင်းက စာနယ်ဇင်းလောကကို စိတ်လိုက်မာန်ပါ ကျောခိုင်းခဲ့သည့် အကြောင်းတရားများထဲမှ တခုအဖြစ် ထိုကာလကို ပြန်ပြောင်းသတိရမိသည်။ ထိုစဉ်က ရွှေဝါရောင် သင်္ကန်းများနှင့် မေတ္တာပို့သံများ ရန်ကုန်မြို့ ပေါ်က လမ်းများပေါ်တွင် လွှမ်းခဲ့ဖူးသည်။ ပခုက္ကူမြို့က သံဃာတော်များ အနိုင်ကျင့် အစော်ကားခံရသည့် ဖြစ်ရပ် နောက်ဆက်တွဲ အနေဖြင့် လမ်းမများပေါ်တွင် သံဃာတော်များ မေတ္တာပို့ဆုတောင်းသံတို့ကို ရန်ကုန် မြို့လူထု ကြားကြရသည်။

burma-monk-protest“အေးချမ်းကြပါစေ … ငြိမ်းချမ်းကြပါစေ” ဆိုသော အသံများ၊ ခြေဗလာ သင်္ကန်းတလွှားလွှား လျင်မြန်သော အဟုန်ဖြင့် လျှောက်သွားသည့် ဖြတ်ခနဲ ပုံရိပ်များ။ တက္ကသိုလ်ကျောင်းသားများက စာမေးပွဲခန်းထဲမဝင်တော့ဘဲ သံဃာတော်များအား အကာအကွယ်ပေးသည့် အနေဖြင့် လက်ခြင်းဆက်ထားကြသည့် မြင်ကွင်းများ၊ ပထမရက်များတွင် အံ့သြတကြီး ကြည့်နေသည့် မြို့လူထု၊ ထို့နောက် လက်ခုပ်သံများ၊ အအေးဗူးများနှင့်ရေဗူးများကို အပြေးဝယ်ကြ၊ သံဃာတော်များအား ကပ်ကြ။

တရက်၊ နှစ်ရက်၊ သုံးရက်မှသည် ၄၊ ၅၊ ၆ ရက်၊ ၇ ရက်လောက်တွင် မြို့လူထုက သတိထားမိလာသည်၊ တမင်စောင့်ကြည့် လာသည်၊ နောက်တော့ သံဃာတော်များနောက်က လိုက်ပါ လမ်းလျှောက်သည်။ ရက်ဆက် ခရီးဝေးလျှောက်ခဲ့ရ သောကြောင့် ခြေဗလာများ သွေးဖြင့်နီရဲခဲ့ကြသည်၊ မနေနိုင်သော ဒကာများက ခေတ္တ ရပ်ဖို့တောင်းပန်ပြီး ပတ်တီးများ စည်းပေးကြသည်။ လမ်းလျှောက် သံဃာတော် အရေအတွက်၊ လူအရေအတွက် တရက်ထက် တရက် များလာသည်။

ကျမ ရုံးသို့လာရာလမ်း ဖြစ်သည့် ၄၆ လမ်းထိပ်တွင် စစ်ကားများတန်းစီ ရပ်တံ့နေသည်။ တစီး၊ နှစ်စီး၊ သုံးစီးမက၊ အစီးပေါင်းများစွာပေါ်တွင် မျက်နှာသေနှင့် စစ်သားများ။ လက်ပတ်အနီများနှင့် အသင့်အနေအထား ရှိနေသည်။ အမိန့် တစုံတရာကို စောင့်ဆိုင်းနေဟန် ငြိမ်သက်နေသည်။ သံဃာတော်များကတော့ နေ့ဆွမ်းစားပြီးချိန်မှ စ၍ မပျက်မကွက် ထွက်လျှောက်မြဲ။

“ကိုဇာဂနာနဲ့ ကိုကျော်သူတို့တွေ ရွှေတိဂုံဘုရားပေါ်မှာ ဆွမ်းကပ်ကြတာ”
“ဖုန်းထဲကို မက်ဆေ့ခ်ျ ဝင်လာပြီ၊ မြေနီကုန်းရောက်ပြီတဲ့”
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံရှေ့က ဖြတ်နေပြီ”
“ဒေါ်အောင်ဆန်းစုကြည် ထွက်လာတယ်တဲ့”

သတင်းစကား အမျိုးမျိုး ကျမတို့ မီဒီယာတိုက်ခန်းကျယ်ဆီ လွင့်လာသည်။ ထိုကာလတွင် ကျမတို့ မီဒီယာတိုက်ကြီး၌ အင်တာနက် ရှိသည်၊ တီဗီရှိသည်။ သို့သော် ထိုအင်တာနက်က သော့ခတ်ခံထားရသည်၊ ထိုတီဗီက စစ်အစိုးရ စိစစ် ဖြတ်တောက်ပြီးမှ အလွှင့်ခံရသည့် CNN၊ BBC စသည်တို့ကို ဖွင့်ထားသည်။ သံဃာတော်များ သတင်းမပါ။ ရန်ကုန် မြို့လယ်က မီဒီယာ တိုက်ကြီးပေါ်တွင် ထိုင်ရင်း သတင်းအမှောင်ချ ခံထားရသည့် အယ်ဒီတာများကို ပြပါဆိုလျှင် ကျမတို့ပဲ ဖြစ်မည်။

ကျမအလုပ်က သတင်းထောက်အလုပ် မဟုတ်သောကြောင့် အပြင်ထွက်ဖို့ခက်သည်။ ခဏတဖြုတ် လက်ဖက်ရည်သောက် ဆင်းရုံသာ ထွက်နိုင်သည်။ ရုံးမှာထိုင်ပြီး ဖောင်ပိတ်အမီ သတင်းများ၊ ဆောင်းပါးများကိုတည်းဖြတ်၊ ဘာသာပြန်စရာရှိပြန်၊ စာစီသမားများထံ စာမူများချပေး၊ ပရုစစ်နေရသည်။ သတင်းထောက်များကတော့ ကံကောင်းသည်။ အပြင်ထွက်ခွင့်ရများ ဖြစ်သောကြောင့် သူတို့ယူလာသည့် သတင်းစကားကို ကြားပြီး ဘာတွေဖြစ်နေသည်ကို ခန့်မှန်းရသည်။

ညနေ ရုံးအဆင်းကျမှ အင်တာနက်ဆိုင် ကမန်းကတန်းပြေးဝင် သတင်းဖတ်ရသည်။ အမှောင်ထဲကလူ ဖြစ်သောကြောင့် တုံးတယ်ပဲ ဆိုဆို ဘယ်ဝက်ဘ်ဆိုက်တွင် ဘာရှိမှန်းပင်မသိ။ နိုင်ငံခြားရောက်နေသည့် သူငယ်ချင်းများထံ သတင်း လှမ်းမေး ရသည်လည်း ရှိသည်။ ဘယ်လောက် အူကြောင်ကြောင် နိုင်လိုက်ပါသလဲ။ ဘလော့ဂ် ဆိုသည့် အရာ ရှိကြောင်းကို ထိုစဉ် အခါကျမှ တအံ့တသြ သိရသည်။ အင်တာနက်အား သော့ခတ်သိမ်းထားသည့် မီဒီယာတွင် အယ်ဒီတာ လုပ်နေရသူ မဟုတ်လား။

သော့ခတ်ထားသည့် အင်တာနက် ဆိုသည်ကို ကျမ နည်းနည်း ရှင်းပြပါမည်။ ကျမတို့၏ ဆရာသမား တိုက်ပိုင် အယ်ဒီတာချုပ်က ရုံးတွင် အင်တာနက်ဆင်ပြီး လိုင်းခွဲ ၂ ခုထုတ်ထားသည်။ ကြိုး ၂ စ ထုတ်ထားခြင်း ဖြစ်သည်။ ကြိုးတစကို သူ့အခန်းထဲက ကွန်ပျူတာတွင် တပ်၍ ကျန်တစကို ကွန်ပျူတာ တလုံးနှင့် လူတယောက်ဆန့်သာရုံ အခန်းဖွဲ့ တပ်ဆင် ပေးထားသည်။ ထို မှန်ခန်းငယ်ကလေးကို အမြဲသော့ခတ်ထားပြီး အင်တာနက် သုံးလိုသူက သုံးလိုသော အကြောင်းကို ပြော၍ ရုံးအဖွဲ့ထံမှ သော့ကိုတောင်းယူရသည်။ ထို့ကြောင့်ကျမက သော့ခတ်ထားသော အင်တာနက်ဟု ဆိုခြင်းဖြစ်သည်။ ထိုအင်တာနက်ကို အသုံးပြုလို ကြသော်လည်း ရုံးရှိ လူကုန်က ကျားမြီးဆွဲရသည်ထက် ကြောက်ကြသည်။ အသုံးမပြုရဲကြ။

ရွှေဝါရောင် အကြောင်း ပြန်ဆက်ရလျှင် ညနေရုံးအဆင်း အင်တာနက်ဖွင့်ကြည့်ပြီး သိရသည့် သတင်းများနှင့် ကျမတို့ သတင်းထောက်များ ပြန်ပြောသည်ကို ဆက်စပ်ပြီး ခန့်မှန်းကြရသည်။ ညကျတော့ ပြည်ပအခြေစိုက် ရေဒီယိုများ နားထောင်ကြကာ သတင်း အပြည့်အစုံကို သိရသည်။

စက်တင်ဘာ ၂၃ ရက်လောက် ရောက်တော့ ကျမတို့ မနေနိုင်ကြတော့။ သံဃာတော်များ၏ လမ်းလျှောက် မေတ္တာပို့ ဆုတောင်းသံကလည်း ပိုမို ကျယ်လာပြီ၊ လူထုတလည်း လိုက်ပါလာပြီ၊ ကျမတို့၏ တိုက်ပိုင် ဆရာသမားကိုယ်တိုင် သူ့ကားဖြင့် ထွက်ကြည့်ကာ ဓာတ်ပုံ ထွက်ရိုက်နေပြီ။ ကျမတို့ သတင်းထောက်များ၊ အယ်ဒီတာများအားလုံး တနေ့တနေ့ ဒီအကြောင်းပဲ ပြောနေကြသည်။ အစိုးရရုံးများတွင် လုပ်ကိုင်နေသည့် သူငယ်ချင်းများ၏ ပြောစကားအရ သူတို့ ရုံးရောက်သည်နှင့် ပြန်ထွက်ခွင့်မရတော့၊ မနက် ၉ နာရီခွဲလောက်တွင် အစိုးရရုံးသူရုံးသားများ အားလုံး အထဲဝင်ရပြီး တံခါးများ ပိတ်လိုက်ကြသည်။ ညနေ ရုံးဆင်းမှ ထွက်ခွင့်ရသည်။

ကျမတို့ ဆာငတ်သည်က သတင်း။ ညဘက်တွင် သတင်းအတွက် ကျမတို့ အားကိုးအားထားရာက တရုတ်လုပ် ရေဒီယို ကလေးများ ဖြစ်သည်။ အသံလွှင့်ချက်များအရ သတင်းများကို ခန့်မှန်းရသည်။ ထိုကာလက လျှပ်စစ်ပစ္စည်းဆိုင်များတွင် ရေဒီယိုများ ပြတ်လပ်သွားသည်ကို အမှတ်ရသည်။

ရုံးတွင်တော့ မဖြတ်မတောက်သည့် CNN၊ BBC နှင့် ထိုအချိန်က စတင် ခေတ်စားလာသော အယ်လ်ဂျာဇီးယား၊ DVB တို့ကို ကြည့်ချင်သည်။ ကျမနှင့် လုပ်ဖော်ကိုင်ဖက် အယ်ဒီတာတယောက်က ကျမတို့ ဆရာသမားအား တောင်းဆိုသည်။

“ဆရာ ကျနော်တို့ကို စလောင်း တပ်ပေးပါလား။ ဒါမှ ကျနော်တို့ သတင်းတွေ အပ်ဒိတ်ဖြစ်မှာ။ အခုတော့ ကျနော်တို့ ဘာမှ မသိရဘူး။ သူများတွေကြေညာမှ သိရသလို ဖြစ်နေတယ်”

ကျမတို့ ဆရာသမား စဉ်းစားသွားသည်။ လက်ခံသည်။ သူကိုယ်တိုင်လည်း တိုက်ပိုင်ဆိုသည်ထက် သတင်းသမားဟု အမြဲဆိုတတ်သူကိုး။ ထိုအချိန်က သံဃာတော်များ အောင်ပွဲခံရန် နီးစပ်နေပြီဟု သူကိုယ်တိုင်လည်း ယုံကြည်နေပုံရသည်။ ကျမတို့လည်း အပြောင်းအလဲတခု ဖြစ်တော့မလားဟု စိတ်လှုပ်ရှားမိသည်။ အမှန်အတိုင်းပြောရလျှင် လူထုတရပ်လုံး ပါဝင်ခဲ့သည့် ၈၈ ကာလကို ပြန်သတိရပြီး စိတ်ကူးယဉ်ကြည့်မိကြသည်။

၂၄ ရက်နေ့ကျတော့ ကျမတို့ရုံးမှာ ထိုင်မနေနိုင်ကြတော့။ သံဃာတော်များနှင့် လူထု လမ်းလျှောက်သည့်နောက် လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဘယ်လိုပုံစံနှင့် သွားနေလဲ၊ ဘာကြောင့် စစ်အစိုးရက မဖြိုခွင်းသေးတာလဲ၊ အသင့်အနေအထားနှင့် အခြေအနေကို စောင့်ကြည့်နေတာလား၊ ဒါမှမဟုတ် သံဃာတော်များဖြစ်သောကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ပီပီ အရေးမယူဘဲ လွှတ်ပေးထားတာလား ဆိုသည့် လားပေါင်းများစွာဖြင့် ကျမတို့ လိုက်သွားကြသည်။

မြေနီကုန်းရောက်နေပြီ ဆိုသည့်စကားကြောင့် ကျမတို့ မြေနီကုန်းထိ ဘတ်စ်ကား စီးသွားကြသည်။ ဟိုရောက်တော့ သံဃာတော်နှင့် လူတန်းကြီးကို တွေ့လိုက်သည်။ ကျမစိတ်ထဲ ၈၈ အရေးအခင်းကို သွားသတိရမိသည်။ သို့သော် တူတာတော့ မတူ၊ နည်းနည်းတော့ ကွဲနေသည်။ လူထုက အားပေးသည်၊ ကျောင်းသားများပါသည်၊ သို့သော် လူထု အကုန်မပါ အခြေအနေ စောင့်ကြည့်နေပုံ ရသည်၊ အစိုးရဝန်ထမ်းများ ပါခွင့်မရ၊ ကျောင်းသားများက တကွဲတပြားစီ ဖြစ်နေသည်။ ကျမ မျက်မှန်းမတန်းမိသည့် သတင်းသမားများ ဓာတ်ပုံရိုက်နေသည်။

လူတန်းထဲတွင် ကျမ မျက်မှန်းတန်း မိသူ စာပေနယ်မှ လူပိုများသည်။ သံဃာထုကတော့ တနေ့ထက်တနေ့ များလာသည်။ “အေးချမ်းကြပါစေ၊ ငြိမ်းချမ်းကြပါစေ” ဆိုသည့် အသံများ ပိုကျယ်လာသည်။ ကျမတို့ မြေနီကုန်းမှတဆင့် ကြည့်မြင်တိုင်အထိ လိုက်သွားကြသည်။ မြန်မာ့အသံရှေ့ ရောက်တော့ ချန်နေရစ်ခဲ့သည်။ ရုံးပြန်ရဦးမည်၊ အလုပ်က တဝက်တပြက်။

ရုံးပြန်ရောက်တော့ ကျမတို့လိုပဲ ဆန္ဒထုတ်ဖော်သူများနောက် လိုက်၍ ဓာတ်ပုံရိုက်ယူခဲ့သူ ဆရာသမားက တက်ကြွနေသည်။ သူ့ကိုကြည့်၍ ကျမတို့လည်း ဝမ်းသာမိသည်။ ကျမစိတ်ထဲ မျှော်လင့်မိသည့် အပြောင်းအလဲများထဲတွင် စာပေစိစစ်ရေး အောက်က လွတ်မြောက်လိုသည့် အပြောင်းအလဲကို မျှော်လင့်မိခြင်းက ပိုများနေသည်ဟု ဝန်ခံရပါမည်။ နိုင်ငံရေး အပြောင်းအလဲ တခုခုမှသည် မီဒီယာအပြောင်းအလဲ ဖြစ်လာလေမလား။ တပတ် တပတ် စိစစ်ရေးက ဖြုတ်ပယ်လိုက်သော သတင်းများကို ကြည့်ကာ နှမျောနေရသည့်အဖြစ်၊ ဆောင်းပါးရေးလျှင် အနှောင့်လွတ် အသွားလွတ် ရေးနေရသည့် အဖြစ်တို့ကို စိတ်ကုန်လှပြီ။  

၂၅ ရက်နေ့။ မအားလပ်သဖြင့် မေတ္တာပို့ဆုတောင်းသူများ နောက်သို့ မလိုက်နိုင်တော့။ သို့သော် ညနေခင်း ဆူးလေ ဘုရားအကွယ်မှ ထွက်လာသည့် သံဃာထုနှင့် လူတန်းကြီးကို စောင့်ကြည့်ဖြစ်သည်။ သံဃာတော်ကော လူတန်းကြီးပါ မဆုံးနိုင်အောင်ရှည်လျားလှသည်။ ကျမ၏ စိတ်ထဲတွင် မသိုးမသန့် ဖြစ်မိသည့်အချက်ကတော့ ခါတိုင်း နေ့များတွင် သာသနာ့အလံကို အရင်ဆုံးမြင်နေကျ၊ ထိုနေ့က ခွပ်ဒေါင်းအလံကို သာသနာ့အလံများကြားတွင် မြင်တွေ့ လိုက်ရသည်။

ဘေးက ကျမထက် ငယ်သည့် သူငယ်ချင်းအယ်ဒီတာကို ကျမက “မနက်ဖြန်တော့ တခုခုဖြစ်တော့မယ် ထင်တယ်” ဟု ပြောမိသည်။ အထင်ဖြင့် ပြောခြင်း မဟုတ်ကြောင်း ကျမဘာသာသိသည်။ စစ်အစိုးရ၏ လက်စလက်နကို ၈၈ ကာလတုန်း ကတည်းက ကြုံခဲ့ပြီး ဖြစ်သောကြောင့် တကြောင်း၊ စစ်ကားများ၊ လုံထိန်းကားများ အဆင်သင့် အနေအထားဖြင့် ရန်ကုန်မြို့ကြီးကို စစ်မြေပြင်ကဲ့သို့ ဆင်ယင် ထားသောကြောင့်တကြောင်း ခန့်မှန်းပြောလိုက်ခြင်းသာ ဖြစ်သည်။ သူငယ်ချင်းက ရေဗူးများ ဝယ်ပြီး သံဃာတော်များကို ကပ်နေသည်။

ထိုနောက်ပိုင်း ဖြစ်ရပ်များကတော့ အားလုံးအသိပင်။ သံဃာတော်များကို ရိုက်နှက်ဖြိုခွင်းခဲ့သည်။ ရန်ကုန်မြို့ကြီးက တစပြင်သဖွယ် ဖြစ်ခဲ့သည်၊ ဂျပန်သတင်းထောက် ပစ်သတ်ခံရသည်၊ မကြားရတာ ကြာပြီဖြစ်သည့် သေနတ်သံကို ကြားရသည်။ လူစုလူဝေးကြီး၏ ကမ္ဘာမကျေ သီချင်းသံကို မြို့လယ်တွင် ပြန်ကြားရသည်။ ကျမတို့မျက်စိရှေ့တွင်ပင် ရုံးက ကြော်ငြာတာဝန်ခံ ညီမလေးတယောက် သေနတ်သံများကြားမှ ပြေးလာပြီး အကြောက်လွန်ကာ မူးမေ့သတိလစ်သွားသည်။

အဖြစ်အပျက်များက မြန်ဆန်သလို၊ ကောလာဟလများကလည်း အမျိုးမျိုး။ မဂ္ဂင် ကျောင်းတိုက် ဝင်စီးခံရသည့်သတင်း၊ လူများ အစုလိုက်အပြုံလိုက် အဖမ်းခံရသည့်သတင်း၊ သံဃာတော်များ သွေးမြေကျသည့် သတင်းများ။ သို့သော် တချို့ ကိစ္စများအား အကြားနှင့်သာ ခန့်မှန်းနေရခြင်း ဖြစ်သည်။ အင်တာနက်ဆိုင်များကိုလည်း မသွားရဲကြတော့။  မြန်မာ့ ရုပ်မြင်သံကြားကတော့ စတင် ဝါဒဖြန့်သည်။ မေတ္တာပို့ဆုတောင်းသည့် သံဃာတော်များအား သံဃာတုများဟု စွပ်စွဲသည်။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ ကိုယ်တိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ ကျမတို့မှာ ရေဒီယိုများကိုသာ အားကိုးကြရတော့သည်။ ကြားရသမျှ အသည်းတယားယား၊ တောက်တခေါက်ခေါက်။ ပြောင်လိမ်နေသည်ကို သိသိကြီးနှင့် ဒီတိုင်း ထိုင်ကြည့်နေရခြင်းဖြစ်သည်။

မကြာခင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြသည်။ မြင်ရကြားရသူ အားလုံး အလွန်အံ့အားသင့်သွားကြသည်။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်ခံထားရသည်။ အနှစ် ၂၀ နီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး မီဒီယာများ၌ တွေ့လိုက်ရခြင်း ဖြစ်သောကြောင့် လူအများ တအံ့တသြဖြစ်ကြရတာ မဆန်း။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြခွင့် ရသော သတင်းဂျာနယ်များက ဝက်ဝက်ကွဲ ရောင်းရသည်။ ကျမတို့ ဆရာသမားလည်း အတော်ပျော်နေသည်။ သို့သော် ကျမကတော့ မပျော်နိုင်။ လူထုကို လှည့်ဖျားဖို့ ကြိုးစားနေမှန်း သိသိကြီးနှင့် ပျော်နေနိုင်သော ဆရာသမားကိုလည်း အံ့သြသည်။

ဆရာသမား၏ အပြောင်းအလဲကို ကြည့်၍ ကျမတဦးတည်း တော်တော် စိတ်ပျက်မိသည်။ သူ့ စကားလုံးများက ရွှေဝါရောင်ကာလက တမျိုး၊ အနှိမ်နင်းခံလိုက်ရပြီး အစိုးရဝါဒဖြန့် ဒီရေထဲ လိုက်ပါ စီးမျောချိန်၌ တမျိုး။ ကျမ မနှစ်မျို့နိုင်။ ကျမလိုပဲ ကျန်သည့် သတင်းထောက်များ၊ လုပ်ဖော်ကိုင်ဖက် အယ်ဒီတာများလည်း မနှစ်မျို့ကြ။ သို့သော် ပြောလည်း မပြောရဲကြ။

ဒီလိုနှင့် လပတ်အစည်းအဝေး ကျင်းပချိန်ရောက်လာသည်။ ဆရာသမားက လမ်းဖွင့်ပေးသည်။ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို သွားတော့မည်၊ ထိုအချိန်တွင် သူ့သတင်းတိုက်ကလည်း ဒီမိုကရေစီနှင့်အံဝင်ခွင်ကျ ဖြစ်နေရမည်၊ ထို့ကြောင့် သူ့ဝန်ထမ်းများကလည်း ဒီမိုကရေစီဆန်ဆန် စကားပြောတတ်ရမည် စသည်ဖြင့် နားထောင်ကောင်းသော စကားလုံးများကို တန်ဆာဆင် ပြောဆိုတော့သည်။ ကျမကတော့ အတွေ့အကြုံအရ အန္တရာယ်ရနံ့ကို ခံစားမိသည်။ သနားစရာကောင်းသည်က ကျမနှင့် လုပ်ဖော်ကိုင်ဖက် အယ်ဒီတာ မောင်ငယ် ဖြစ်သည်။

ဆရာသမား၏ ဒီမိုကရေစီ တွင်တွင်သုံးသော မိန့်ခွန်းကြောင့် အားတက်သွား၍ ထင်သည် ရွှေဝါရောင်လှုပ်ရှားမှု ကာလက ကျမတို့ တောင်းဆိုခဲ့သည့် စလောင်းတပ်ပေးရေးကိစ္စကို ပြန်အစဖော်သည်။ သတင်းတွေ အချိန်နှင့်တပြေးညီ သိရရန် စလောင်းက အရေးကြီးသည် မဟုတ်လား။

သို့သော် ဆရာသမားက လှလှပပကလေး ရူးချင်ယောင် ဆောင်လိုက်သည်။

“မင်းတို့ကို ဆရာ စလောင်းတပ်ပေးချင်ပါတယ်။ ဒါပေမယ့် မင်းတို့က စလောင်းတပ်ပေးရင် သတင်းနားထောင်မှာ မဟုတ်ဘူး။ ရုပ်ရှင်ကြည့်နေကြမှာ။ မဖြစ်ပါဘူး။ မတပ်ပေးတော့ဘူး” ဆိုသည့်စကားများ ပြောလာသည်။ ကျမက မျှော်လင့်ပြီးသား။ သတင်းမကြည့်ဘဲ ရုပ်ရှင်ထိုင်ကြည့်နေရလောက်အောင် ကျမတို့အားလုံး ကလေးများ မဟုတ်ကြတော့ ဆိုသည်ကို စိတ်ထဲကသာ ပြောဖြစ်သည်။ စလောင်းကို ဒီမိုကရေစီကျကျ တောင်းခံမိသော မောင်ငယ်အယ်ဒီတာကတော့ မှတ်သွားပြီ။

ကျမလည်း မှတ်သွားသည်။ ပြောင်လိမ်သည့် စစ်အစိုးရ၊ ရူးချင်ယောင်ဆောင်သော ဆရာသမား၊ အင်္ဂါမစုံသော ပုဂ္ဂလိက သတင်းဂျာနယ်များ၊ သတင်းဂျာနယ် ဈေးကွက်ကြီးအတွင်း အိမ်ကြက်ချင်း ခွပ်နေကြသော မီဒီယာသမားအမည်ခံများ။ အစကတည်းက သိသော်လည်း ထိုအချိန်တွင်တော့ လက်ပါမြှောက်မိတော့သည်။

ရွှေဝါရောင်အပြီးတွင် စစ်အစိုးရ၏ ကမ်းကုန်အောင် ဆိုးရွားရက်စက်မှုကို ကျမတို့အားလုံး မျက်ဝါးထင်ထင် မြင်လိုက်ကြရပြီ။ ထိုဆိုးရွားမှု၊ ပုပ်ပွ နံစော်နေမှုများကို အများပြည်သူ သိရှိစေရန် ရေးသားဖော်ပြခွင့်မရှိသည်ကို ထားဦး၊ ကျမတို့ ဂျာနယ်တိုက် ကလေး အတွင်းတွင်တော့ လွတ်လပ်စွာ ပြောဆိုခွင့် ရချင်မိသည်။ အချင်းချင်း လွတ်လပ်စွာ သတင်းဖလှယ်ခွင့်၊ မနှစ်သက် သည်ကို ဝေဖန်ခွင့် အနည်းငယ်ဖြစ်ဖြစ် လိုချင်မိသည်။ ကန်းနေသော၊ ပင်းနေသော မီဒီယာသမားတော့ မဖြစ်လိုပါ။

ဤစာကို ရေးနေရခြင်းက ကျမဆရာသမားကို တိုက်ခိုက်ချင်သောကြောင့် မဟုတ်ပါ။ သူ့အပေါ်တွင်လည်း မည်သည့် အာဃာတမှ မထားပါ။ တခြားသော မည်သည့် ပြည်တွင်း စာနယ်ဇင်းသမားများကိုမှ မတိုက်ခိုက်ပါ။ ပြည်တွင်း စာနယ်ဇင်း လောကကို ကျောခိုင်းထွက်လာခြင်းက ကျမ၏ ပုဂ္ဂလိက ခံစားချက် သက်သက်၊ ကျမ တဦးတည်းနှင့်သာ သက်ဆိုင်ပါသည်။ ကျမ၏ လုပ်ဖော်ကိုင်ဖက်များကို ယခုအချိန်ထိ ကျမချစ်သည်။ သူတို့၏ တချို့သော အနစ်နာခံ လုပ်ရပ်များကိုလည်း လေးစားသည်။ ပြည်တွင်းတွင် မီဒီယာဖြင့် စီးပွားရှာနေရ သူများ၏ အဆင်ပြေသလို မီးစင်ကြည့် ကနေရသော ဘဝများကို ကျမ နားလည်ပါသည်။ 

အခုတော့ လက်ပ်တော့ပ်များ ပေါများလာချိန်၊ ဝါယာလက်စ် အင်တာနက်များလည်း ပေါ်လာပြီ ဖြစ်သောကြောင့် ထို မီဒီယာ တိုက်ကြီးတွင် အင်တာနက်ကို သော့မခတ်တော့ကြောင်း လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိရပါသည်။ လက်ကိုင်ဖုန်းများလည်း ပေါများလာပြီ။ ကျမတို့ တောင်းဆိုခဲ့ကြသော စလောင်းလည်း တပ်ထားပြီဟုသိရသည်။ ၄ နှစ်ဆိုသော အချိန်ကာလအတွင်း အပြောင်းအလဲများစွာ ဖြစ်နိုင်သည် မဟုတ်ပါလား။
http://www.bur.irrawaddy.org/index.php/special/2010-03-04-07-10-48/7448-2011-09-29-09-36-12


ဂျပန်အမျိုးသမီးကို သတ်သည်ဟုစွပ်စွဲခံရသူအား ရုံးတင်စစ်ဆေးတော့မည်


ဧရာဝတီ Friday, 30 September 2011 11:52

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံ - ညောင်ဦး ဒေသသို့ လာရောက် လာပတ်ရင်း ဗုဒ္ဓဟူးနေ့က ကျောက်ပန်းတောင်းမြို့တွင် အသတ်ခံခဲ့ရသော ဂျပန်နိုင်ငံမှ Ms.Shiramatsu Chiharu ၏ အမှုအခင်းတွင် တရားခံဟု ယူဆရသူ ကျောက်ပန်းတောင်း နယ်သား ကိုမင်းသိုက်အား မုဒိမ်းမှု၊ လူသတ်မှုများဖြင့် လာမည့် အောက်တိုဘာလဆန်းတွင် တရားရုံးတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အလောင်းကို စက်တင်ဘာ ၂၉ ရက်နေ့မှာ ရင်ခွဲစစ်ဆေးတယ်။ အသေးစိတ်အချက်အလက် တွေကို ပြောလို့မရပါဘူး။ တရားရုံးမှာ တင်ပြမယ်။ ဒီလူသတ်မှုကို အထက်က လူကြီးတွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားပါတယ်။ လူသတ်မှုနဲ့ အမှုဖွင့်ထားပေမယ့် မုဒိမ်းမှုမြောက်၊ မမြောက် ဆက်ပြီးစစ်နေပါတယ်။ စစ်ဆေးချက်အရ မုဒိမ်းမှု ပါနိုင်ပါတယ်။ ရက်ပိုင်းအတွင်း တရားရုံးတင်နိုင်မယ်” ဟု မန္တလေးတိုင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတဦးက ပြောသည်။

ဂျပန်နိုင်ငံသူ အသတ်ခံရမှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာနကလည်း မှုခင်းဖော်ထုတ်ရေး အဖွဲ့များ အားဖြည့်ကာ စုံစမ်းစစ်ဆေးမှုများ တပြိုင်နက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အသတ်ခံရသူ Ms.Shiramatsu သည် စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မှ ညောင်ဦးသို့ အဲပုဂံလေကြောင်းလိုင်းနှင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့နယ် ရွှေအိုးကြီးဟိုတယ်တွင် တည်းခိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမှ ကျောက်ပန်းတောင်းသို့ ခရီးသည်တင်ကားဖြင့် သွားရောက်ခဲ့သည်။

၎င်းသည် နေ့လယ် ၁ နာရီကျော်ခန့်တွင် ကိုမင်းသိုက်၏ ဆိုင်ကယ်ကို ငှားရမ်း၍ ညောင်ဦးသို့ ပြန်လာခဲ့ကြောင်း၊ ကားလမ်း ဘေးရှိ ရှုခင်းများကို ခရီးသည် အမျိုးသမီးက ဓာတ်ပုံ ဆင်းရိုက်ခဲ့ပြီး ညနေ ၆ နာရီတွင် ဆိုင်ကယ်ကယ်ရီ မောင်းသူ ကိုမင်းသိုက်က ခရီးသည်အမျိုးသမီးကို ကျောက်ပန်းတောင်း - ညောင်ဦးလမ်း တနေရာတွင် အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် လည်ပင်းညှစ်ခံရပြီး သတိလစ် မေ့မြောသွားခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာဒေသခံအချို့က မသင်္ကာ၍ သက်ဆိုင်ရာသို့ တိုင်ကြားပြီး ကိုမင်းသိုက်ကို ဖမ်းဆီးကာ သတိလစ်နေသော ခရီးသည်အမျိုးသမီးကို ဆေးရုံတင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း လမ်းခုလတ်တွင်ပင် သေဆုံးခဲ့ကြောင်း ကျောက်ပန်းတောင်း ရဲစခန်းက အမှုဖြစ်စဉ်တချို့ကို ရှင်းပြသည်။

ပုဂံ-ညောင်ဦး- ကျောက်ပန်းတောင်းမြို့များတွင် ဂျပန်နိုင်ငံသူ အသတ်ခံရမှုသတင်းက ပျံ့နှံ့နေပြီး ဒေသခံများက သေဆုံးသွားသော ဂျပန်အမျိုးသမီးအတွက် ၀မ်းနည်း စိတ်မကောင်းဖြစ်နေကြသည်ဟု သိရသည်။

“ဒီဖြစ်ရပ်က ယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပါတယ်။ တယောက်တည်း လာလည်တဲ့ အမျိုးသမီး အသတ်ခံရလို့ နောက်ခရီးသည်တွေ လာရဲပါတော့မလားလို့ စိုးရိမ်မိတယ်။ ကိုယ့်နိုင်ငံ လာလည်တဲ့ဧည့်သည်ကို အိမ်ရှင်တွေက စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဘယ်လိုကြောင့်ပဲ သေသေ၊
ကိုယ့်ပိုင်နက်ထဲမှာ သေတာ ကိုယ့်မှာ လုံးဝ တာဝန် မကင်းဘူး။ အပြစ်ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးရမယ်” ဟု ပုဂံ ဟိုတယ်တခုမှ အမည်မဖော်လိုသော မန်နေဂျာတဦးက သုံးသပ်သည်။

Ms.Shiramatsu Chiharu သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ သုံးလဗီဇာဖြင့် လာရောက်လည်ပတ်သူ ဖြစ်သည်။
http://www.bur.irrawaddy.org/index.php/news/7454-2011-09-30-04-53-40

မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆို


ဧရာဝတီ Friday, 30 September 2011 17:33
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံအပြီးတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဆိုသော သတင်းအား ကြိုဆိုကြောင်း ပြောသည်။


dassk uaungkyi
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ထောက်ထားပြီးတော့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ ပြည်သူ့အသံ နားထောင်တာ ကောင်းပါတယ်။ ဒီဟာက အစိုးရတိုင်း လုပ်ရမယ့် အလုပ်ပါ။ ပြည်သူ့အသံနားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်မှုတွေကို တကယ်ပဲ လေးလေးနက်နက် နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်။ ကျမအနေနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တတိယအကြိမ်မြောက် တွေ့ဆုံရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီ မြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ပြည်တွင်း တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေဘောင် ပြင်ပတွင် ရောက်ရှိနေသော လက်နက်ကိုင်များ ဥပဒေဘောင်အတွင်း ရောက်ရှိရေးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေး စသည့်အချက် လေးချက်ကို အဓိက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာ များနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘော တူညီထားကြောင်း ဦးအောင်ကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်၊ မ၀င် သိရှိလိုကြောင်း သတင်းထောက်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲများကို မူအရ မဆန့်ကျင်ပါကြောင်း၊ ရွေးကောက်ပွဲ အခြေအနေနှင့် ပုံစံကို ကြည့်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေကြားသည်၊

“ကျမတို့က ရွေးကောက်ပွဲကို မူအရ မဆန့်ကျင်ဘူး။ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံတယ်။ ဒီလိုရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ၊ အခင်းအကျင်း တွေကိုပဲ ကျမတို့ ကြည့်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။

ဝန်ကြီး ဦးအောင်ကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် အစိုးရနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ပြောဆိုခဲ့သည်။
http://www.bur.irrawaddy.org/index.php/news/7461-2011-09-30-10-34-55


စပ်ဟန်ညောင်ရွှေဒီဗွီဘီကိုအာဏာသိမ်းလိုက်ပြီ...


DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်.. အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်.. ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်..



ဒီကိစ္စဘယ်သူအစဆွဲတာလဲ...ဟန်ယောင်တောင်တောင်ဘေဖြေပါ....
ဦးအေးချမ်းနိုင်နဲ့ ဦးခင်မောင်ဝင်းတို့ အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပဲ
နဲ့ဘာလို့မတရားရာထူးအချခံရတာလဲ..ဘာလို့သူတို့နေရာ
ဟန်ယောင်တောင်တောင်ဘေယူပြီးကောင်းအောင်ဆက်လုပ်မယ်ပြောရတာလဲ...



Press Statement: possible embezzlement of funds in DVB

Share

Comments (0)
Press Statement: possible embezzlement of funds in DVB thumbnail
By DVB
Published: 30 September 2011
1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.

2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.
3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.
4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.
5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.
6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.
Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.
(Harald Bockman)
Contacts:
1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632.
Author: Category: News
http://www.dvb.no/news/press-statement-possible-embezzlement-of-funds-in-dvb/17912

Thursday, September 29, 2011

လက်ရှိနိုင်ငံ့အရေးရှင်းရှင်းလေးဖြစ်စေချင်ပါသည်။





၁၉၈၈နောက်ပိုင်း၈၈၈၈ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေကအရှိန်မြင့်နေဆဲကာလ၊၈၈၈၈အရှိန်ကရှိနေဆဲ။န၀တအစိုးရကို
ထိုစဉ်အချိန်ကဒေါ်အောင်ဆန်းစုကြည်အပါအ၀င်ရဲရင့်ငယ်တို့အားလုံးမတရားတဲ့အမိန့်အာဏာဟူသမျှတော်လှန်သည့်လမ်း
ကြောင်းပေါ်လျှောက်ခဲ့သည်။ဦးစောမောင်၊ဦးသန်းရွှေလက်ထက်ညဖက်လမ်းပေါ်အရူးထွက်လျှင်အရူးကိုတောင်ပစ်သတ်သည့်
ကာလမှာဆန့်ကျင်သည့်လမ်းသည်သာအကောင်းဆုံးဖြစ်ခဲ့သည်။

အသက်၄၀ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကလည်းလိုက်လျောညီထွေစွာဦးဆောင်ပေးခဲ့၍လူထုခေါင်းဆောင်အဖြစ်တ ညီတညာထဲအပ်နှင်းခဲ့ကြတာပါ။အဲ့ဒီအချိန်ကမတရားတဲ့အမိန့်အာဏာဟူသမျှတော်လှန်သည့်လမ်းကြောင်းသည်မှားသည်ဟု
အခုနေအကျိုးအကြောင်းထောက်ပြလျှင်အဲ့ဒီမှားသည့်အထဲတွင်ရဲရင့်ငယ်တို့လည်းပါပါသည်။မှားသည်ဟုတော့ဘယ်တုန်းကမှ
ရဲရင့်ငယ်မခံယူခဲ့ပါ။အဲဒီအချိန်ကစစ်အစိုးရဆက်ဆံရေးကလူမဆန်စွာနိုင်ထက်စီးနင်းဆက်ဆံသည့်ကာလဖြစ်သည်။

ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကျသည်။အနှစ်၂၀ကျော်နိုင်ငံရေးရေစုံမျောတော့သည်။ ဒေါ်အောင်ဆန်း
စုကြည် နေအိမ်အကျယ်ချူပ်ကျချိန် ဒေါ်အောင်ဆန်းစုကြည် ကိုအသာထားပြီး ယခု ဒေါ်အောင်ဆန်းစုကြည် ဦးသိန်း
စိန်နဲ့ဆွေးနွေးသလို ကိုယ့်လမ်းကိုဖေါက်ပြီး ဦးသန်းရွှေကိုမည်သူဆွေးနွေးနိုင်ခဲ့သလဲ။လူထုခေါင်းဆောင်ဖြစ်အောင်မည်သူ
ကြိုးစားခဲ့သလဲ။ရဲရင့်ငယ်လည်းဆွေးနွေးဖို့နေနေသာအပြင်မှာတောင်မမြင်ဖူးပါ။ကောင်းပါတယ်...နောက်ဘ၀ရေစက်ဆုံ
နေအုံးမယ်။

မိမိကိုယ်ကိုလူထုခေါင်းဆောင်မလုပ်နိုင်လို့လူထုခေါင်းဆောင်ပြန်အလွှတ်ကို"တွေ့ဆုံဆွေးနွေးရေး"ဆိုတဲ့ဆောင်ပုဒ်နဲ့ပြည်တွင်း
ပြည်ပ၀ိုင်းအော်ခဲ့ကြတာမဟုတ်လား။အခုတွေ့ဆုံဆွေးနွေးနေပြီလေ။သင့်ရဲ့ကြိုးပမ်းမှုအရာထင်တာသင်ဂုဏ်ယူမယ်ဆိုဂုဏ်
ယူလို့တောင်ရပါတယ်။

ဥပမာတခု...
လူတယောက်အခြားလူတယောက်နဲ့အခြေအတင်စကားပြောနေတယ်။အခြားလူအနောက်မှာသူ့တပည့်တွေ၂၀လောက်
ရပ်နေတယ်။ကိုယ်အနောက်မှာ၂၀မဟုတ်တောင်၁၅ယောက်လောက်ပါရင်လေသံကိုတင်းတင်းလေးပြောလို့ရတာပေါ့။
ကိုယ်တယောက်ထဲထီးထီးကြီးဆိုတော့လည်းလေသံကိုတမျိုးပြောင်းရတာပေါ့။ဒါလောကရဲ့နိယာမပဲ...

သင်အားမလိုအားမရဖြစ်နေလား....
အဲ့ဒီ၁၅ယောက်ထဲသင်ပါအောင်ကြိုးစားပါ။

မပါချင်ဖူးလား။
သင်မပါလဲ၊အဲဒီတယောက်ကဟို ၂၁ယောက်ဖိသတ်လို့သေရင်သာသေသွားမယ်။သူနောက်မပါတဲ့သင့်အပေါ်ဘယ်တော့မှ
သစ္စာဖေါက်မှာမဟုတ်ဖူး။ဘာလို့လည်းဆိုတော့သူဟာ " အာဇာနည် " မို့လို့ပါ ။ ။









ဧရာဝတီမြစ်ဆုံကိစ္စချင့်ချိန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဦးခင်အောင်မြင့်ပြော



အမျိုးသားလွှတ်တော်တွင် ဧရာဝတီမြစ်ဆုံကိစ္စအား အမျိုးသားရေးဖြစ်သောကြောင့် ချင့်ချင့်ချိန်ချိန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နယကမှပြောကြား

by Myit Makha Mediagroup on Thursday, September 29, 2011 at 8:35am
ငြိမ်းဆက်လင်း(မြစ်မခ)
စက်တင်ဘာလ ၂၉၊ ရန်ကုန်မြို့။

ယနေ့ ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် နာယက ဦးခင်အောင်မြင့်မှ မြစ်ဆုံနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ ဗီဒီယိုခွေအား ကိုယ်စားလှယ်များအား ဖွင့်ပြခဲ့ပြီးနောက် နာယကကြီးမှ ဧရာဝတီမြစ်ဆုံကိစ္စမှာ အမျိုးသားရေးကိစ္စဖြစ်သောကြောင့် ချင့်ချင့်ချိန်ချိန် စဉ်းစားရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

`နာယကကြီးက Documentaryအခွေဖွင့်ပြုပြီးတော့ဒီကိစ္စကအမျိုးသားရေးကိစ္စဖြစ်တဲ့အတွက် သေချာလေ့လာထားကြပါ၊ ချင့်ချင့်ချိန်ချိန်ဆောင်ရွက်ရပါမယ်လို့ ပြောကြားခဲ့ပါတယ်`ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။

အဆိုပါ ဧရာဝတီမြစ်ဆုံစီမံကိန်းနှင်ပတ်သက်သော ဆွေးနွေးပွဲ မှတ်တမ်းအား ရိုက်ကူးထားသော ဗီဒီယိုအား ပြသရခြင်းမှာ ထိုဆွေးနွေးပွဲကျင်းပစဉ်တွင် နာယကကြီးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များမှ ကမ္ဘောဒီယားနိုင်ငံသို့ သွားရောက်နေကြသောကြောင့်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဒေါက်တာမြတ်ဥာဏစိုးအနေဖြင့် အဆိုတင်သွင်းရန်အတွက် လွန်ခဲ့သော လများကတည်းကပင် ကြိုးစားခဲ့ဖူးကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

`ကျနော်ကလည်း မြစ်ဆုံကိစ္စကို တော်တော်စောပိုင်းကတည်းက တင်ထားတာပါ၊ လွန်ခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ရွှေ့ဆိုင်းထားဖို့ ပြောလာတဲ့အတွက် အဆိုမတင်သွင်းလို့ရသေးပါဘူး`ဟု မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး အဆိုတင်သွင်းရန် ကြိုးပမ်းခဲ့ကြောင်းဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။

မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများမှ အဆိုတင်သွင်းရန် ကြိုးစားခဲ့ကြသော်လည်း ရွှေ့ဆိုင်းထားရသောကြောင့်
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၀င်ရောက်ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း၊ လွှတ်တော် နှစ်ရပ်ပေါင်းဆွေးနွေးဆုံးဖြတ်မည်လားဟုလည်း ထင်မှတ်နေကြောင်း ဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။
`ဥက္ကဋ္ဌကြီးကိုယ်နှိုက်ကပဲ ဦးဆောင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို သဘောထားကို မေးပြီးတော့ ဆုံးဖြတ်လိုက်မလား မခန့်မှန်းတတ်သေးပါဘူး`ဟု ဒေါက်တာမြတ်ဥာဏစိုးက မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်တွင်မည်ကဲ့သို့ဆွေးနွေးပြီး၊ မည်ကဲ့သို့ ဆုံးဖြတ်မည်ကို မခန့်မှန်းတတ်သေးကြောင်း ပြောဆိုသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းကလည်း လွှတ်တော်တွင်းဆုံးဖြတ်မှုမှာ ပြည်သူ့ဆန္ဒနှင့်အညီဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း စက်တင်ဘာ ၂၂ရက်နေ့က ရန်ကုန်မြို့၊ Gallery 65 တွင်ကျင်းပခဲ့သော The Sketch of A River Exhibitionတွင် တွေ့ဆုံမေးမြန်းခဲ့ရာ ဖြေဆိုပေးခဲ့ခြင်းဖြစ်သည်။
`ပြည်သူ့ဆန္ဒနဲ့အညီ လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ကျမှာပါ၊ နိုင်ငံတော်သမ္မတကြီးကလည်း ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုမှာ မဟုတ်ဘူးလို့ကျမ ယုံကြည်ပါတယ်`ဟု ဒေါက်တာ ညိုညိုသင်းက ပြောဆိုသည်။

ပြည်သူလူထုအနေဖြင့် လွှတ်တော်တွင်းမှ မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ချက်ချမည်ကို စိတ်ပါဝင်စားလျက်ရှိနေကြပြီး ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များနှင့် နယ်ပါယ်အင်္သီးသီးမှ ပညာရှင်များကလည်း ကန့်ကွက်နေကြသည်ကို ပြည်တွင်းပြည်ပ မီဒီယာများမှ ရေးသားချက်များတွင် တွေ့မြင်ရသည်။

`သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေကတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မဲ့အမြင်နဲ့ကန့်ကွက်ကြပါတယ်။ ကျနော်တို့လို သာမန်ပြည်သူတွေကတော့ အမျိုးသားရေးအမြင်နဲ့ကန့်ကွက်ပါတယ်၊ လူ ၁၀ဦးမှာ ၁၀ ဦးစလုံးက ဧရာဝတီမြစ်ဆုံစီမံကိန်း ကိစ္စကို ကန့်ကွက်နေကြပါတယ်ခင်ဗျာ`ဟု စက်တင်ဘာ ၂၂ရက်နေ့က ရန်ကုန်မြို့၊ ယောမင်ကြီးလမ်းရှိ Gallery 65 တွင်ကျင်းပခဲ့သော ဧရာဝတီ ဓါတ်ပုံပြပွဲတွင် တက်ရောက်ခဲ့သော ရန်ကုန်မြို့၊ အင်းစိန်ကြို့ကုန်းတွင်နေထိုင်သူ ပြည်သူတစ်ဦးဖြစ်သော ဦးခင်မောင်ကြည်က ပြောသည်။

မြန်မာစစ်တပ်ထဲက အပြောင်းအလဲလေးပါ

တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းနေရာကို အများစိတ်ဝင်စားနေပါတယ်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာကို ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ညိုစော
စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး နေရာကို စစ်အင်ဂျင်နီယာကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်လင်းဒွေး
စစ်အင်ဂျင်နီယာကျောင်းအုပ်ကြီးနေရာကို ယခုကချင်တပ်များကို တိုက်ခိုက်နေသော တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်စိုး ပြောင်းလဲခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံမေးမြန်းခြင်း



(၂၀ စက်တင်ဘာ ၂၀၁၁) အပိုင်း (၂) ပြည်သူ့ခေတ် ဂျာနယ်မှ

by Lu Maw on Thursday, September 29, 2011 at 10:06am

ဖြေ ။  ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးဆိုတာ ဒါက အင်မတန်မှ ယေဘုယျလည်း ကျတယ် ၊ ကျယ်ပြန့်တဲ့ ကိစ္စလည်းဖြစ်တယ် ။ အဲဒီဟာက အစိုးရက ဦးဆောင်ပြီး လုပ်ရမှာပေါ့ ။ ဒါပေမဲ့ ကိုယ့်ဘာသာကုယ်လည်း လုပ်ယူရမှာပေါ့ ။ ကျွန်မတို့ အနေနဲ့ ဆင်းရဲမှု ဆိုတာဘာလဲ ၊ အဓိပ္ပာယ် ဖော်တာက စရမှာပေါ့ ။ နောက်ဆုံးကျတော့ အခု အဓိပ္ပာယ်ဖော်ပုံက လူတစ်ယောက်ဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ သူ ဆင်းရဲတယ်လို့ ခံစားရရင် ၊ သူမှာ လိုအပ်နေတဲ့ အချက်တွေ ရှိနေတယ်လို့ ခံစားရတယ်ဆိုရင် ဆင်းရဲတာပဲ ။ ဥပမာ - လူတိုင်း ကြက်သားစားနေတဲ့ အသိုင်းအ၀ိုင်းမှာ ပဲစားရတဲ့လူက ဆင်းရဲတာပေါ့ ။ လူတိုင်းပဲစားရတဲ့ အသိုင်းအ၀ိုင်းမှာဆိုရင် ထမင်းချည်းပဲစားရတဲ့ လူက ဆင်းရဲတာပေါ့ ။ ဒီလိုဟာမျိုးတွေ ရှိတယ်ပေါ့ ။ဲဒီတော့ ၊ ဆင်းရဲမှုပပျောက်ရေးဆိုတာ အင်မတန် ကျယ်ပြန့်တဲ့ ကိစ္စပဲ ။ တစ်နည်းအားဖြင့် ပြောရရင် ပြည်သူလူထုရဲ့  လူနေမှုစနစ်မြှင့်တင် ပေးရးပါ။ poverty reduction ဆိုတာ တစ်ဘက်ကနေ ကြည့်လိုက်ရင် ပြည်သူ လူထု ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရေးပဲ။ အဲဒါအတွက်ကတော့ ကျွန်မတို့လည်း တတ်နိုင်သလောက် လုပ်တာပဲ ။ ဒီလို ပညာရေး ဘက်ကနေ ကူညီတယ်ဆိုတာ ဒါလည်း အဆင့်အတန်းမြှင့်ပေးတာပဲ ။ ကျန်းမာရေး ဘက်က ကူညီတယ်ဆိုရင်လည်း အဆင့်အတန်း မြှင့်ပေးတာပဲ ။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ တာဝန်သိတဲ့ အစိုးရက ၀င်ပြီးလုပ်ဆောင်ရမယ့် ကဏ္ဍတွေကအများကြီးရှိပါတယ်။


                ပြည်သူလုပ်နိုင်တဲ့ အတိုင်းအတာ

မေး ။  ကျန်းမာရေး ပညာရေး ဆင်းရဲမွဲတေမှုလျော့ပါးရေးတို့မှာအစိုးရ လုပ်နိုင်တဲ့ အပိုင်းက အဓိကလို့ ပြောချင်တာပေါ့ ။

ဖြေ ။  အင်မတန်မှအရေး ကြီးပါတယ် ။ ကျွန်မကလေ ဒီမိုကရေစီကို ဦးတည်တဲ့လူဆိုရင် အစိုးရကအဓိကကျတယ်ဆိုတဲ့ အသုံးအနှုန်းကိုတက်နိုင်သမျှ ရှောင်ချင်တယ် ။ ပြည်သူတွေ အဓိကကျတယ် ဆိုတာသာဖြစ်ရမယ် ။ ဒါပေမဲ့ အစိုးရမှာတာဝန်အများကြီးရှိတဲ့ ကဏ္ဍတွေက ရှောင်လို့မရဘူး ။

မေး ။  စောစောက အစိတ်အပိုင်းတွေမှာ အစိုးရမဟုတ်တဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ ပြည်သူတစ်ဦးချင်းတွေရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာက ဘယ်လောက်အထိရှိလဲ ။

ဖြေ ။  ဒါကတော့ လုပ်ယူရမှာပဲ ။ ဘယ်လောက်ထိ ရှိလဲဆိုရင် ဒီတိုင်းပြည်မှာ သိပ်ပြီးတော့မရှိသေးဘူး ။ ဒါပေမဲ့ အခု ကျွန်မပြောသလိုပေါ့ ။ civil society တွေက စလာပြီ ၊ လမ်းစပေါ်လာပြီ ၊လှုပ်ရှားလာပြီ ၊ အားယူလာပြီပေါ့ ။ ဒါတွေကိုပိုပြီး လုပ်နိုင်ဖို့ ပိုပြီးအားတွေများလာဖို့ဆိုတာ ပြည်သူတွေကလည်း ရုန်းကန်ရမယ် ၊ဒီဟာကိုလည်း အစိုးရအနေနဲ့ အားပေးရမယ် ။ ပိုပြီး အားယူနိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးရမယ် ။


                ကူညီနိုင်တဲ့အင်အား

မေး ။ ဆင်းရဲနွမ်းပါးမှုက တစ်ပြည်လုံး အတိုင်းအတာနဲ့ ရှိနေတဲ့အနေအမှာ ဆင်းရဲတဲ့လူအချင်းချင်းပြန်ပြီးကူညီနိုင်တဲ့ အင်အားက ရိုးရိုး စဉ်းစားရင် တော်တော်နည်းနေမယ်လို့ထင်ရတာပေါ့ ။ အစိုးရက သူကိုယ်တိုင် သိပ်ပြီးမစွမ်းဆောင်နိုင်တဲ့ အချီန်မှာ civil society  ကတစ်နည်းနည်းနဲ့ အားကောင်းရှင်သန်လာတဲ့အခါမှာ စောစောကပြောတဲ့ အစိုးရလာက်က သာလျှင်လုပ်နိုင်တယ်လို့ ယူဆရတဲ့ ကြီးကျယ်တဲ့ အလုပ်မျိုးတွေကိုပါ civil society အဖွဲအစည်းတွေ အင်အားစုတွေက လုပ်နိုင်မလား ။

                  မူချပြီးလုပ်ရမှာတွေ အများကြီး

ဖြေ ။  အစိုးရကမှသာ လုပ်နိုင်တယ်ရယ်လို့ မဟုတ်ဘူး ။ အစိုးရက ပိုပြီးထိထိရောက်ရောက် လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ဥပမာ - ပညာရေး ကဏ္ဍမှာ မြန်မြနဆန်ဆန် တိုးတက်ချင်လို့ရှိရင် civil society တွေလုပတာကို စောင်နေလို့မရဘူး ။အစိုးရက မူချပြီးလုပ်ရမှာတွေ အများကြီးရှိတယ် ။ ဥပမာ -ကျောင်းတွေပြုပြင်ရေး ကျောင်းကသင်ရိုးညွှန်းတမ်းတွေပြုပြင်ရေး ၊ ဒါတွေလုပ်ရမှာ အစိုးရကလုပ်ရမှာ ။ ကျွန်မတို့လို civil society  တွေကဘာလုပ်သလဲဆိုတော့ အခမဲ့ကျောင်းတွေပေါ့ ။ အခမဲ့ကျောင်းတွေက မူလတန်းအဆင့်ကနေ စပြီး သင်ရတယ် ။ဒါပေမဲ့ အခုအထက်တန်းအဆင့်အထိ ရောက်ပါပြီ ။ဒါပေမဲ့ သင်ရိုးညွှန်းတမ်းကတော့ ဒါ အစိုးရ ဆုံးဖြတ်ထားတာ။ ကျွန်မတို့ဒီကျောင်းတွေ ဖွင့်ရတယ်ဆိုတာကိုကပဲ အစိုးရကျောင်းတွေ မလုံလောက်လို့ ၊ ပြီးတော့တချို့ ကိစ္စတွေမှာ အစိုးရက ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်တာတွေရှိတယ် ။ အပြင်ကလူတွေလုပ်ရတာအကန့်အသတ်နဲ့ လုပ်ရတာ ။ နိုင်ငံတကာကအကူအညီတွေ အခုလည်း ရယူနေတာပဲ။ အခုဆိုရင် နိုင်ငံတကာကပံ့ပိုးထားတဲ့  NGO တွေ အများကြီးရှိတယ် ။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၊ အခုဘုန်းတော်ကြီးပညာသင် ကျောင်းတွေ ဆိုရင် နိုင်ငံတကာကဖွံ့ဖြိုးရေး ကူညီမှု အဖွဲတွေကနေ ထောက်ပံ့ထားတဲ့ ကျောင်းတွေ အများကြီး ရှိတယ်။ အများကြီးဆိုတာ တကယ်တော့ အမှန်ပြောရရင် တိုင်းပြည်တစ်ပြည်လုံးနဲ့ ကြည့်လိုက်ရင် မများဘူးပေါ့ ။ ဒါပေမဲ့ နည်းနည်းများလာပြီလို့ ပြောရမှာပေါ့။


                    သြဇာရှိနိုင်တဲ့ အခြေအနေ

မေး ။  အစိုးရပိုင်းက လုပ်တာ သိပ်အားနည်းနေလို့ရှိရင် civil society တွေက လုပ်တာသိပ်အားများလာရင် သူက ပိုပြီး လွှမ်းမိုးသွားနိုင်သလား ။ သို့မဟုတ် မလွှမ်းမိုးတောင် သူရဲ့ ဆောင်ရွက်ချက်တွေသည် ပိုပြီး ကြီးကြီးမားမား သိသိသာသာကြီး ဖြစ်လာနိုင်ပါသလား ။

ဖြေ ။  သိသာမှုတော့ ဖြစ်နိုင်ပါတယ် ။ ကျွန်မ လေ့လာ ကြည့်တဲ့အခါမှာတော့ အင်အား အင်မတန်ကြီးတဲ့တိုင်းပြည်တွေမှာတောင်မှ အစိုးရကိုလွှမ်းမိုးတာထက် အစိုးရ အပေါ်မှာ သြဇာ ရှိနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပဲဖြစ်လာပါတယ် ။ ဥပမာဆိုလိုရှိရင် အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးမှာ ကြည့်မယ်ဆိုရင် civil society တွေက တော်တော်သန်ပါတယ် ။ အဲဒီတော့ lobby group တွေက အစိုးရရဲ့ ဆုံးဖြတ်ချက်တွေ ဘာတွေအပေါ်မှာ သြဇာ ရှိလာတာပေါ့ ။

မေး ။  အခုတလော ဖြစ်နေတဲ့ မြစ်ဆုံ ပြသနာကို အကြောင်းပြုပြီး သဘာဝပတ်ဝန်းကျင်ကိစ္စမှာ လူတွေစိတ်ဝင်စားမှု ပိုများလာပါတယ် ။ အစ်မအနေနဲ့ ကျွန်တော်တို့  တိုင်းပြည်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဘယ်လောက်ကြီးမားတယ်လို့ မြင်ပါသလဲ ၊ အဲဒီအပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်မှုကော ဘယ်လောက်လိုအပ်နေတယ်လို့ မြင်ပါလဲ။


                    ပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဖြေ ။  ထိန်းသိမ်းစောင့်ရှောက်မှုကတော့ အတော့်ကိုလိုအပ်နေတယ် ။ ပြည်သူတွေကို ပညာပေးဖို့ပဲ ။အများပြည်သူက သိမှ ၊ ပတ်ဝန်းကျင်က လူတိုင်လူတိုင်ဟာ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ အသိရှိမှ ။ ဥပမာ -ပလတ်စတစ် အိတ်လေးတစ်အိတ် လွှင့်ပစ်လိုက်ရင် ပေါ့ပေါ့တန်တန် မဟုတ်ဘဲ ငါ ဒါကို ဒီနာဒမှာလွှင့်မပစ်ဘူး ။ ဟိုနားမှာ အမှိုက်တောင်းရှိတဲ့အထိုသွားမယ်။ အမှိုက်တောင်းရှိတဲ့နေရာ ရောက်မှပဲ ထည့်မယ် ၊ အဲဒီလို အသိလေးပေါ့ ။ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ကျောင်းက ကိုသင်တယ် ။ ကလေးတွေကို ငယ်ငယ်ကတည်းက ဒီအသိတွေ ထည့်ပေးရမယ် ။ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ထိန်းသိမ်းရမယ် ၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် ကိုယ်တာဝန်ယူရမယ်။

နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာရေး

မေး ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုပါဝင်လာဖို့အတွက် ကျတော့ရော လူထုကို ပညာပေးဖို့ ဘယ်လို လုပ်နိုင်ပါသလဲ ၊ အစ်မဘယ်လိုမြင်လဲ ။

ဖြေ ။ လုပ်နိုင်တဲ့နည်းတွေအများကြီး ရှိပါတယ် ။ ဥပမာ - မီဒီယာကလည်းလုပ်နိုင်တာပဲ ၊ မဂ္ဂဇင်းတွေ ဂျာနယ်တွေထဲမှာ ဒီကိစ္စတွေအကြောင်းထည့်ရမယ် ၊ ပြည်သူတွေ ဖတ်တဲ့လူတွေက သိအောင်လို့ပေါ့ ။ ဒါတွေကကျောင်းမှာကတည်းက သင်၇မှာ။ ကလေးတွေက ငယ်ငယ်ကတည်းက မဖြစ်မနေ သင်ယူရတဲ့ပုံစံမျိုး ၊ ကျောင်းရောက်တော့ မဖြစ်မနေသင်ယူရတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ ဂျာနယ်ကျတော့ ဖတ်ချင်မှ ဖတ်မှာပေါ့ ။ ဖတ်ချင်တဲ့လူဖတ်မယ် ၊မဖတ်ချင်တဲ့လူမ ။ ဒါပေမဲ့ ကျောင်းတွေမှာ သင်မယ်ဆိုရင်တော့ အလိုလို ကျောင်းတက်တဲ့ လူတိုင်က သိသွားတာပေါ့ ။အစိုးရမှာအများကြီးတာဝန် ရှိတယ်ဆိုတာ ဒါတွေပါ။  ကျွန်မတို့ အခမဲ့ ကျောင်းတွေမှာဆိုရင် ကျွန်မတို့ ဆရာတွေက သင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဒီအသိတွေ ရှိအောင်လို့ပါ ။ ကျွန်မတို့ကျောင်းတွေက တစ်တိုင်းပြည်လုံးကကျောင်းတွေနဲ့စာရင် နည်းနည်းလေးပဲ ။ လူဦးရေ ဘယ်လောက်ရှိလဲ ၊ ရာဂဏန်းလောက် ရှိတာ ။ အခုဆိုရင် ထောင်ဂဏန်းလောက် ရှိတာပေါ့ ။ ဒါလည်း အင်မတန်မှ နည်းပါတယ် ။ ကျွန်မတို့တိုင်းပြည် အတိုင်းအဆနဲ့ ဆိုရင်ပေါ့။

၂၉.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16580953/29Sep2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16580954/29Sep2011Yeyintngesdiary.pdf.html

29 Sep2011 Yeyintnge's Diary

မြန်မာစစ်ပြေးဒုက္ခသည်များ မ ၀င်နိုင်ရန် တရုတ်ရဲများ နယ်စပ် စောင့်ကြပ်


Thursday, 29 September 2011 07:00 Written by KNG

uka photo2
မြန်မာနယ်စပ် မုန်းကို၏ မျက်နှာချင်းဆိုင် မန်ဟိုင်းတရုတ်နယ်စပ်မြို့တွင် မကြာမီက အသစ်တည်စောင်ပြီးသော တရုတ် တိုက်ခိုက်ရေးတပ် PLA တပ်စခန်း။
ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံထဲ မ ၀င်နိုင်ရန် တရုတ်ရဲများက နယ်စပ်တစ်လျှောက် စောင့်ကြပ်နေသည်ဟု ဒုက္ခသည်များ ပြောသည်။
သံလွင်မြစ်အနောက်ဘက်ခြမ်း တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် ဖောင်းဆိုင်၊ မုန်ကိုး၊ ၀မ်ဒင်၊ ပန်ဆိုင်း၊ မူဆယ်၊ နောင်းတောင်နှင့် နမ့်ခမ်းမြို့အထိ တရားဝင် ၀င်/ထွက်ပေါက်များအပြင် တရားမ၀င် ခိုးပေါက်များကိုပါ တရုတ်ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိသည်ဟု ၎င်းဒေသခံများ ပြောသည်။

ယခင်က နယ်စပ်တစ်လျှောက်နေထိုင်သူများသည် ၎င်းတို့၏ အသေးစား စီးပွားရောင်းဝယ်ရေးအတွက် နိုင်ငံကူးလက်မှတ်မလိုဘဲ နယ်စပ်ဖြတ်ကျော် သွားလာနေကြသော်လည်း ယခုအခါ ထိုသို့ဖြတ်သန်း၍ မရတော့ကြောင်း ဆက်ဆိုသည်။

တရားဝင် နယ်စပ် ၀င်/ထွက်ပေါက်ရှိသည့် မူဆယ်နှင့် မုန်းကိုမြို့များမှာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သူများကိုသာ ၀င်/ထွက်ခွင့်ပြုနေသည်ဟု ၎င်းဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၄ ရက်မှစ၍ မြန်မာအစိုးရတပ်က မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ စစ်အခြေစိုက်စခန်းများအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာချိန်တွင် စစ်ဘေးလွတ်ရာဒေသများနှင့် တရုတ်နယ်စပ်ဖက်သို့ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာခြင်းဖြစ်သည်။
border-gate-myenတပ်မဟာ ၄ ဒေသမှ ပြည်သူ ၂၀၀၀၀ ကျော် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် တရုတ်နယ်စပ်သို့ ထွက်ပြေးနိုင်သည်ဟု ၎င်းတပ်မဟာ ၄ မှ KIA အရာရှိတစ်ဦးပြောသည်။

လတ်တလော  မြန်မာအစိုးရထိန်းချုပ်သည့် ရှမ်းပြည်မြောက်ပိုင်းမှ လာရှိုး၊ ကွတ်ခိုင်၊ နမ်ဖတ်ကာ၊ နမ်အွမ်၊ မူဆယ်၊ ကြူကုတ်၊ မုန်ကိုး၊ ဖောင်းဆိုင် မြို့များတွင် စစ်ပြေးဒုက္ခသည် ရာနှင့်ချီ ရောက်ရှိနေကြကာ ၎င်းတို့အား ကချင်ခရစ်ယာန်ဘုရားကျောင်းများက စားဝတ်နေရေး စီစဉ်ပေးနေကြသည်ဟု ယင်းဘုရားကျောင်းများမှ သိရသည်။

တရုတ်နယ်စပ် ပန်ဆိုင်းနှင့် မုန်ကိုးမြို့တွင် မြန်မာပြည်သူ့ရဲတပ်ဖွဲ့ဝင်များက စစ်ပြေးဒုက္ခသည်များကို တရုတ်ဘက်သို့ဝင်ရောက်ခြင်းမရှိရန် တားမြစ်ကာ ယင်းဒေသရှိ ကချင်ခရစ်ယာန် ဘုရားကျောင်းများတွင်သာ နေထိုင်ကြရန် ညွှန်ကြားသည်ဟု ၎င်းဒေသရောက် စစ်ပြေးဒုက္ခသည်များက ပြောသည်။

ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ် မုန်ကိုးမြို့၌ စစ်ပြေးဒုက္ခသည်များအား ကိုင်တွယ်စည်းကြပ်ရာတွင် တရုတ်နှင့် မြန်မာအစိုးရ အာဏာပိုင်များက အတူတကွ ပူးပေါင်းဆောင်ရွက်နေကြသည်ကိုတွေ့ရသည်ဟု တရုတ်နယ်စပ်အာဏာပိုင်များနှင့် နီးစပ်သူများကဆိုသည်။

ထို့အတူ စက်တင်ဘာလ (၂၇) ရက်က မုန်ကိုးနှင့် မျက်နှာချင်းဆိုင်မန်ဟိုင်းမြို့ ဟိုတယ်တစ်ခုတွင် တည်းခိုနေသော သံသယရှိဖွယ် မြန်မာနိုင်ငံသား ၃ ဦးအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲဖြစ်လာချိန် KIO က တရုတ်အာဏာပိုင်များထံ လူသားချင်းစာနာမှုဖြင့် စစ်ပြေးဒုက္ခသည်များကို လက်ခံပေးရန် တောင်းဆိုခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိဟု KIO အရာရှိများပြောသည်။

ဆက်လက်၍ စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်ဒေသသို့ ထပ်မံရောက်ရှိလာနေကြသည်ဟု နယ်စပ်တွင်နေထိုင်သူများက ဆိုသည်။
http://kachinnews.com/burmese/news/

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံထပ်တင်ရေး မဆုံးဖြတ်ရသေးပါ


Published on September 29, 2011 by ​အေး​နိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ရေးကို ဘာမှ မဆုံးဖြတ်ရ သေးပါဘူးလို့ ပါတီပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်းကို ကိုအေးနိုင်က မေးမြန်းထားပါတယ်၊။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ နီးကပ်လာပြီဆိုပြီး တချို့သတင်းတွေမှာ သဘောဆောင်ပြီးတော့ ရေးပါတယ်။ အဲဒါတွေ ဘယ်လောက်ထိအောင် မှန်လည်းဆိုတာ ဦးဉာဏ်ဝင်း ရှင်းပြပေးပါလား။

“ကျနော်တို့ ဒီနိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ကိစ္စ သူတို့တွေရဲ့ issue တွေထဲမှာ စဉ်းစားတဲ့အထဲမှာ ဒါတချက်အပါအ၀င်ရှိတယ်။ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးပါဘူး။”

တလောတုန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသေးစိတ်ပြန်လည် လေ့လာနေတယ် ဆိုပြီးတော့လည်း ကြားနေရတယ်။ အဲဒါက ဒီအတွက် ပြင်ဆင်တယ် နီးစပ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တာမျိုး သတင်းထုတ်လို့ ရလားခင်ဗျာ။

“အဲဒီလိုတော့ မဟုတ်ဘူး။ ကျနော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ထပ်ခါထပ်ခါ ကျနော်တို့ချည်းးပဲ မဟုတ်ဘူး။ အားလုံးပဲ ဖတ်နေကြတာ။ ထပ်ခါထပ်ခါ ဖတ်ပြီး ဆွေးနွေးတယ်။ ဒါပေမယ့် ဒီကိစ္စအတွက်လို့တော့ ပြောလို့မရပါဘူး။”

ဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြင်ဆင်ဖို့အတွက် အန်ကယ်တို့က တောင်းဆိုထားတဲ့ အချက်တွေကို အစိုးရဘက်ကနေ လိုက်လျောလို့ရှိရင် အန်ကယ်တို့ဘက်ကကော အရန်သင့် ရှိနိုင်တဲ့ အခြေအနေမျိုးကိုကော နီးစပ်နိုင်သလား။

“ကျနော်တို့ ပြင်ဆင်ဖို့ တောင်းဆိုထားတာ မရှိသေးဘူး။ ကျနော်တို့ မကြိုက်တဲ့အချက်တွေကို ဖော်ပြပြီးတော့ ကြေညာချက်ထုတ်ခဲ့တာပဲ ရှိတယ်။ ဘာလုပ်ပေးပါလို့ တောင်ဆိုတာမျိုး ကျနော်တို့မှာ မရှိသေးဘူး။”

သတင်းတွေ ထွက်ပေါ်နေတဲ့ အဖွဲ့ချုပ်ကနေ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့်ကိစ္စက မဖြစ်သေးဘူးဆိုတဲ့ သဘောလားဗျာ။

“လုံးဝမဆုံးဖြတ်ရသေးပါဘူး။”
http://burmese.dvb.no/archives/16060

တလှမ်းပြီးတလှမ်းရှေ့တိုးလှမ်းကြရအောင်


Posted by admin on September 29, 2011

ညနေအိမ်ပြန်ရောက်ရောက်ချင်းပဲ DVB ရုပ်မြင်သံကြားအစီအစဉ်ကိုဖွင့်ကြည့်လိုက်တော့ မနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့ တဲ့သူတွေကို အစိုးရက လိုက်ဖမ်းနေကြောင်း၊ စစ်တွေမှာလည်း ရဟန်းသံဃာတချို့ကို ထိန်းသိမ်းလိုက်တယ်လို့ ကြေ ညာသွားတာတွေ့ရတယ်။ တပြိုင်တည်းမှာပဲ နေ့ခင်းကဖတ်လိုက်ရတဲ့ မဇ္ဒ္စ္ဏ္ဈိမသတင်းဌာနက သတင်းတပုဒ်ထဲမှာ KIO ပြောရေးဆိုခွင့်ရှိသူဦးလနန်က မြန်မာစစ်တပ်က အင်အား ၈၀၀ လောက်နဲ့ KIO တပ်မဟာ (၄) တို့ လေးရက်ကြာ တိုက် ပွဲဖြစ်နေကြောင်း၊ နှစ်ဘက်အကျအဆုံးများရှိနေကြောင်း၊ စစ်ရေးနဲ့ ဖိအားပေးပြီး နိုင်ငံရေးအရဆွေးနွေးဖို့ အကြပ်ကိုင် တာဖြစ်တာမို့ စစ်ပြေငြိမ်းရေးဟာမလွယ်တော့ဘူးလို့ မှတ်ချက်ချပြောဆိုတာကို ပြေးသတိရမိပါတယ်။

လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် မွေးဖွားလာတဲ့ ပြည်တွင်းစစ်ရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးတဆင့်ပြီး တ ဆင့်ကြီးထွားလာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးဂါထာကိုရွတ်၊ ဥုံဖွမန်းပြီးပျောက် စေလို့ အမိန့်ပေးရုံနဲ့ ပြဿနာအားလုံးပြေလည်သွားမယ်လို့ ဘယ်သူကမှ မယုံကြည်ကြပါ။ သတင်းစာဆရာကြီး လူထု စိန်ဝင်းက “လမ်းလျှောက်တဲ့အခါ ခြေတလှမ်းပြီးတလှမ်း လှမ်းကြရသလို ဒီမိုကရေစီခရီးကိုလည်း တလှမ်းပြီး တလှမ်း ရှေ့တိုးလှမ်းကြရမှာဖြစ်တယ်” လို့ ပြောလိုက်တာဟာ အင်မတန်မှ နာယူလက်ခံကျင့်သုံးရမယ့် ကျင့်စဉ် တရပ်ဖြစ်ပါ တယ်။ သည်သဘောကို ခံယူနားလည်ထားပါမှ ဒီမိုကရေစီရေးဖြစ်စဉ်တလျောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာ ဝကို နားလည်သဘောပေါက်ပြီး စိတ်ဓာတ်ကျတာ၊ တွေဝေတာ၊ ယုံမှားသံသယရှိတာတွေကင်းကင်း စင်စင်နဲ့၊ ဇွဲရှိရှိနဲ့ အခက်အခဲတွေကျော်လွှားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးပန်းတိုင်ကို လှမ်းကိုင်နိုင်မှာဖြစ်ပါတယ်။

အပြောင်းအလဲတွေဖြစ်လာပြီဆိုတာနဲ့ ဘက်နှစ်ဘက်စလုံးမှာ ဒီအပြောင်းအလဲအပေါ်ချက်ချင်းလက်မခံနိုင်ကြသူတွေ ရှိကြစမြဲပါ။ တောင်အာဖရိက အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားသမိုင်းမှာဆိုရင် နယ်လ်ဆင်မန်ဒဲလားနဲ့ သမတ ပက်ဘိုသာတို့ တွေ့ဆုံဆွေးနွေးအပြီး အပြောင်းအလဲများ အစပျိုးလုပ်ဆောင်နေချိန်မှာတောင် လူဖြူလူမည်း အဓိကရုဏ်းတွေကြောင့် လူရာနဲ့ချီသေဆုံးခဲ့ရတဲ့ သာဓကများ ရှိပါတယ်။ ANC ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်၊ တောင်အာဖ ရိက ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ခရစ်ဟာနီဟာ အဲသည့်ကာလမှာပဲ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်လ်ဆင်မန်ဒဲလားခေါင်းဆောင်တဲ့ အမျှော်အမြင်ကြီးတဲ့ ANC ခေါင်းဆောင်များက သူတို့ရဲ့ အရှိန်အဝါနဲ့ Destructive Elements တွေကို ထိန်းနိုင်ခဲ့သလို သမတဒီကလပ် ဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် နောက်ဆုံးမှာတော့ လူဖြူလူမည်းမခွဲခြားပဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်တဲ့ တောင်အာဖရိကနိုင်ငံသစ်ကို ထူထောင်နိုင်ခဲ့တာကို ကျနော်တို့ပြည်သူတွေ အတုယူသင့်ပါတယ်။ ဘယ်လိုအတားအ ဆီးတွေ၊ အခက်အခဲတွေကြုံရပါစေ နာကျင်ခါးသီးမှုတွေကို မျိုသိပ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဖို့ သက်ဆိုင်သူအားလုံးက အလေးမူရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်စေဖို့အတွက် အခြေခံလိုအပ်ချက်တွေထဲမှာ သည်းခံမှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှု၊ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်လိုမှုဆိုတဲ့ စိတ် နေစိတ်ထားများဟာရှေ့တန်းကတန်းစီနေရာယူထားရပါမယ်။

ရန်ကုန်ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး တိုင်းသိပြည်သိလူထုကလေးစားကြည်ညိုရတဲ့ ဆရာလူထုစိန်ဝင်းက “မြစ်ဆုံရေကာ တာကိစ္စ တနိုင်ငံလုံးစိတ်မကောင်းဖြစ်နေတာ နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြ ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာမဖြစ်သင့်ဘူး။ တဆင့်ပြီးတဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန် ပေးသင့်တယ်။ ဒီဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားသူတွေက ဖျက်လိုဖျက်ဆီးလုပ်မယ့် အန္တရာယ်ကကြီးမားတယ်။ ပြည်သူတရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်” လို့ ပြောကြားတာတွေ့ရတော့ ရတက်မ အေးဖြစ်နေတဲ့သောကများ အနည်းငယ်တော့လျော့ကျသွားပါတယ်။ Eleven Media Group က CEO ဒေါက်တာသန်း ထွဋ်အောင်နဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကအထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်တို့ကလည်း အာရပ်ပုံစံတော်လှန် မှုဟာ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေများနဲ့ လျော်ကန်မှုမရှိဘူးလို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောစကားကို ကိုးကားပြီး သည်အချိန်မှာ သည်လိုနည်းမျိုးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကိုတိုးမြှင့်တဲ့အပေါ်သဘောမတူကြောင်း ပြော တာတွေ့ရပါတယ်။

ဘက်နှစ်ဘက်စလုံးမှာ အပြောင်းအလဲများအပေါ် လက်မခံနိုင်တဲ့ အင်အားစုများရှိနေတာတွေ့နေရပေမယ့် ထိန်းထိန်း သိမ်းသိမ်းလုပ်ကိုင်နိုင်စွမ်းရှိနေတာတွေ့ရတာ အားတက်စရာပါ။ အစိုးရအဖွဲ့ထဲမှာ ဦးဇော်မင်း၊ ဦးကျော်ဆန်းတို့လို ပုဂ္ဂိုလ်မျိုးတွေရှိနေပေမယ့် သူတို့လည်း ဆန္ဒအရမဟုတ်တောင် ဘဝအရအပြောင်းအလဲများကို လက်ခံကြရမယ့် အရိပ် အယောင်များတွေ့နေရပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ “ကာလုံ” ဟာ အရင်တော်လှန်ရေးကောင်စီ၊ နဝတ၊ နအဖ လို အာ ဏာအရှိဆုံးစစ်ကောင်စီပဲဖြစ်ပါတယ်။ အရေးကြီးဆုံးအပြောင်းအလဲများအတွက် အဆုံးအဖြတ်ကို သူကပဲပေးမှာပါ။ အခုလည်း တပ်မတော်ရဲ့ပုံမှန်ခေါ်ယူနေကျ (၄) လပတ်အစည်းအဝေးကို ပုံမှန်ကျင်းပချိန်ထက် (၂) လ စောပြီး ခေါ် ထားပါတယ်။ သည် (၄) လပတ်အစည်းအဝေးတွေက စစ်တပ်ရဲ့ တိုင်းပြည်နဲ့ပတ်သက်တဲ့မူ ပေါ်လစီလုပ်ငန်းစဉ် တွေ ချမှတ်လေ့ရှိတယ်ဆိုတာသတင်းမဟုတ်ပါ။ သည်အစည်းအဝေးကပဲ တိုင်းပြည်ရဲ့ရှေ့ရေးကို ဆုံးဖြတ်မှာဖြစ်ပါ တယ်။ စစ်တပ်ရဲ့ထုံးစံအတိုင်းပါပဲ “ကာလုံ” က ချမှတ်ထားပြီးဖြစ်တဲ့ မူ ပေါ်လစီလုပ်ငန်းစဉ်တွေကို တပ်မှူးတွေကို အသိပေး ရှင်းပြဖို့က များပါတယ်။ “ကာလုံ” ရဲ့ အလုပ်တွေကို စစ်တပ်က ထောက်ခံမှုရဖို့လုပ်တဲ့အစည်းအဝေးပါ။ စစ်တပ်တွင်း ညီညွတ်ရေးလုပ်တာဆိုလည်း မမှားပါ။

သည်အခြေအနေတွေကိုကြည့်ရင် ကြံ့ဖွံ့အစိုးရက ဘယ်အတိုင်းအတာအထိ ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပူးပေါင်းဆောင် ရွက်မယ်ဆိုတာ မကြာတော့တဲ့ကာလ (ဘယ်နည်းနဲ့မှ သည်နှစ်မကျော်ပါ) အတွင်းမှာ လူသိရှင်ကြားပြောရတော့မှာ ဖြစ် ပါတယ်။ စီးပွားရေးစကားနဲ့ပြောရရင် သူရောင်းမယ့်ဈေးကိုသတ်မှတ်ရတော့မှာပါ။ နိုင်ငံရေးအကျဉ်းသား များလွှတ်ရေး ပါဝင်တဲ့လွှတ်တော်က သမတဆီကိုတရားဝင်မေတ္တာရပ်ခံထားတဲ့အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ NLD ပါတီ တရားဝင် ရပ်တည်ရေး၊ တိုင်းရင်းသားအဖွဲ့များနဲ့ ဆက်ဆံရေးနဲ့ ၂၀၀၈ အခြေခံဥပဒေကိစ္စတို့မှာ သူတို့အတွက် အနိမ့်ဆုံးနဲ့ အမြင့် ဆုံးဈေးတွေကို “ကာလုံ” က အခုလောက်ဆို သတ်မှတ်ပြီးဖြစ်လောက်ပါပြီ။

သေချာတာကတော့ လိုချင်သလောက်ရမှာမဟုတ်ပါ။ ရသင့်သလောက်ရဖို့ပဲလိုပါတယ်။ သည် ရချက်ကတဆင့် မှန် ကန်တဲ့၊ ဖြောင့်မတ်တဲ့လုပ်ဟန်နဲ့ ပြည်သူလူထုရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုက ရေစီဖြစ်ထွန်းရေးကို တလှမ်းချင်းတိုးသွားကြရမှာမဟုတ်ပါလား။ မိုင်တထောင်ခရီးကို ခြေတလှမ်းကစရတယ်လို့ ဆိုပါ တယ်။ ဒီမိုကရေစီခရီးရှည်ကို အခု မြင်တွေ့နေရတဲ့ခြေတလှမ်းကပဲ စကြပါစို့လား။

မြင်းရည်တက်ဦးသာ

27th, September 2011
http://www.naytthit.net/?p=20284

လယ်သမားများပိုင်မြေ ဗိုလ်မှူး တစ်ဦး ရောင်စား၍ လယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်


News Date:9/29/2011 < ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပျားတဲရွာအနီးမှ လယ်သမားများပိုင် မြေများကို မြေစာရင်းဦးစီးဌာနတွင် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက သူ့အမည်ဖြင့် နာမည် ဖေါက်ပြီး ရောင်စားသွားသဖြင့် လယ်သမားများမှာ လယ်မဲ့ယာမဲ့ ဘ၀သို့ အလိုလိုနေရင်း ရောက်ရှိသွားကြရသည်ဟု သတင်း ရရှိသည်။

Pya-Tae-village Arakan
ဗိုလ်မှူး စန်းမောင်မောင် ရောင်းစားသွားသော မြေကွက်တွင် အိန္ဒိယ ကုမ္ပဏီမှ စီမံကိန်း စတင်နေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

အဆိုပါ မြေကွက် ဧရိယာမှာ ၂၄ ဧက ရှိပြီး ဗိုလ်မှူး ဦးစန်းမောင်မာင်ဆိုသူက အိန္ဒိယ ကုမ္ပဏီ တစ်ခုသို့ သိန်းကျပ် (၄၀၀) ဖြင့်ရောင်းစားသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ လူငယ် တစ်ဦးက" အဲဒီ ဗိုလ်မှူး ဦးစန်းမောင်မောင်က အဲဒီမြေတွေကို မြေစာရင်းဌာနမှာ သူ့နာမည် ဖေါက်ပြီး Punj Loyd ဆိုတဲ့ အိန္ဒိယ ကုမ္ပဏီကို ရောင်းစားသွားတာပါ။ အခု အဲဒီ ကုမ္ပဏီက မြေကွက်တွေမှာ စီမံကိန်း စတင်နေပါပြီ" ဟု ပြောသည်။

ရွာသာများမှာ ၎င်းတို့ပိုင်သော လယ်မြေများ၊ စားကျက်မြေများကို အိန္ဒိယကုမ္ပဏီမှ စက်ကရိယာများဖြင့် လာရောက် တူးဖေါ်ပြီးမှ မိမိတို့ လယ်မြေများ အသိမ်းခံရသည်ကို သိရှိကြရသည်ဟု သူက ဆိုသည်။

" ကျွန်တော်တို့ သိရသလောက် ဗိုလ်မှူး စန်းမောင်မောင်က ခယက လက်ထက်မှာ ကျောက်ဖြူမှာ တာဝန်ကျဖူးတယ်လို့ သိရပါတယ်။ သူက မြေတိုင်းဌာနက ၀န်ထမ်းတွေကို ငွေနည်းနည်းပေးပြီး အဲဒီမြေတွေကို သူ့နာမည်နဲ့ ဖေါက်ပြီးတော့ ရောင်းစားသွားတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူတွင် တာဝန်ကျခဲ့သော စစ်ဘက်ဆိုင်ရာ လူကြီးများသည် နိုင်ငံခြား စီမံကိန်းများ တည်ဆောက်မည့် နေရာများ၊ ဂတ်စ်နှင့် ရေနံပိုက်လိုင်း ဖြတ်သန်းမည့် နေရာများကို မြေပုံများကို ကြည့်ပြီး သိရှိထားသဖြင့် အဆိုပါ နေရာများကို မြေတိုင်း ဦးစီးဌာနနှင့် ပေါင်းပြီး မိမိပိုင် မြေအဖြစ် ဂရမ်ဖေါက်ထားခဲ့ကြသည်ဟု သိရသည်။

ထိုအထဲတွင် ယခင် အနောက်ပိုင်းတိုင်းမှူး ဖြစ်ခဲ့သော ပြည်ထဲရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် မောင်ဦးလည်း ပါဝင်ကာ ကျောက်ဖြူမှ (၆) မိုင် အကွာတွင် တည်ရှိသော ဂုံးချိန်ကျေးရွာရှိ အများပြည်သူပိုင် မြေကွက် တစ်ခုကို မိမိပိုင်လုပ်ကာ ဒေးဝူး ကုမ္ပဏီကို ကျပ်သိန်း ၄၀၀ ဖြင့် ရောင်းစားသွားခဲ့သည်။

" ကျောက်ဖြူမှာ နေရာကောင်းမှန်သမျှ စစ်ဗိုလ်ချုပ်တွေ လက်ထဲကို ရောက်သွားပါပြီ။ ဒေသခံတွေမှာ ဘယ်ကို တိုင်ကြားရမှန်းလည်း မသိဘူး။ တိုင်ကြားရင်လည်း အဖမ်းခံရမှာကို စိုးပြီး ဘယ်သူမှ လိုက်မလုပ်ရဲဘူး။ ကျောက်ဖြူမြို့နယ်မှာ လယ်တွေ၊ စားကျက်တွေ တ၀က်ခန့်က ပြည်သူတွေရဲ့ လက်ထဲမှာ မရှိတော့ဘူး" ဟု တခြား ကျောက်ဖြူ ဒေသခံ တစ်ဦးကလည်း ပြောသည်။

ယခုကဲ့သို့ ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို Punj Loyd ကုမ္ပဏီက မြေတူးစက်များဖြင့် တူးဖေါ်နေသဖြင့် ရွာသာများမှာ မျက်ရည် တလည်လည်ဖြင့် ဖြစ်နေပြီး အဆိုပါ ကိစ္စကို မည်သို့ ဆက်လုပ်ရမည်ကိုလည်း မသိဘဲ ဖြစ်နေကြသည်ဟု သိရသည်။

၎င်းအပြင် ဂတ်စ်နှင့် ရေနံပိုက်လိုင်းဖြတ်သန်းမည့် နေရာများကိုလည်း မြေတိုင်းဌာနမှ အလံနီများ စိုက်ထူထားပြီး ပိုက်လိုင်း ဖြတ်သန်းရာနေရာကို အကျယ် ကိုက် (၅၀) သိမ်းယူမည်ဟု သတင်းထွက်နေသဖြင့် ရွာသားများ နောက်ထပ် လယ်မြေများ ဆုံးရှုံးမည်ကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။ 

http://www.narinjara.com/detailsbur.asp?id=3509


ခရီးသွား ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်း အနီး အသတ်ခံရ


ဇွဲခန့် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မကွေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်အနီး ဂျပန်နိုင်ငံသူ အမျိုးသမီးတဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည်ဆိုသော သံသယဖြင့် ဆိုင်ကယ် တက္ကစီသမား တဦးကို ဖမ်းဆီးထားသည်ဟု ရဲက ပြောသည်။

“ဂျပန်အမျိုးသမီးက ညောင်ဦး သွားချင်လို့ ဆိုပြီးတော့ လိုက်ပို့ရင်းနဲ့ ဆိုင်ကယ် တက္ကစီသမား ကနေပြီးတော့ သန့်စင်ခန်းထဲမှာ မုဒိမ်းကျင့် တာပေါ့နော်။ ဖြစ်တဲ့နေရာက ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်ပေါ့” ဟု
ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ဗုဒ္ဒဟူးနေ့ နေ့လယ် ၃ နာရီခွဲခန့်က ဂျပန်နိုင်ငံသူမှာ ညောင်ဦးမြို့သို့ လှည့်လည် ကြည့်ရှုရန် အတွက် ဆိုင်ကယ် ငှားစီးလာစဉ် ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမရွာအနီး၌ အခင်းဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အင်းမရွာသားများမှ ယင်းသံသယရှိသူ ဆိုင်ကယ်တက္ကစီ မောင်းသမား ကိုမင်းသိုက်ကို ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။

“ရွာသားတွေက ဖမ်းပြီးတော့ ကြိုးနဲ့ တုတ်ထားတာ။ ကြိုးနဲ့တုတ်ပြီးမှပဲ ရဲစခန်းကို လှမ်းအကြောင်း ကြားတာ။ ရဲစခန်းက လာပြီးတော့ နယ်ထိန်းတယောက်နဲ့ သူနဲ့ကို လက်ထိပ် တွဲချည်ပြီးတော့ ရဲစခန်းကို ပို့တာ။ ရဲတွေ အဲဒီ အခင်းဖြစ်တဲ့ နေရာကို ရောက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးက သေနေပြီ။ ဓါးနဲ့ ထိုးသတ်တာ” ဟု အင်းမရွာမှ ထမင်းဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ကိုမင်းသိုက်ကို ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃ဝ၂၊ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူ၏
နောက်ကြောင်းနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသွားသူ ဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ မည်သူမည်ဝါ ဖြစ်ကြောင်းကို ရဲစခန်းမှ အတည်မပြုနိုင်သေး
သော်လည်း AFP သတင်းတရပ်တွင်မူ မစ္စစ် Chiharu Shiramatsu ဖြစ်သည်ဟု ဖော်ပြထားပြီး အသက် ၃၁ နှစ်
အရွယ် ရှိသည်။
http://www.mizzimaburmese.com/

ဧရာဝတီ ပြီးတော့လာပါပြီ ထမန်သီ

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်ရေး အိန္ဒိယ စဉ်းစားနေ
2011-09-28

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ အကောင်အထည် ဖေါ်မယ့် ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံပိုင် NHPC ကုမ္ပဏီကြီးက ရှေ့လထဲမှာ သူတို့ အစိုးရထံ အသေးစိတ် အစီရင်ခံစာ တစောင် တင်သွင်းမှာ ဖြစ်ကြောင်း NHPC ရဲ့ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားလိုက်ပါတယ်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံ အပေါ် တရုတ်အစိုးရရဲ့ သြဇာ လွှမ်းမိုးမှုကို ထိမ်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ချင်းတွင်း မြစ်ဝှမ်းဒေသမှာ ထမန်သီ နဲ့ ရွှေစာရေး ရေအား လျှပ်စစ် စီမံကိန်းတွေကို အိန္ဒိယသုံး ရူပီးငွေ သန်းပေါင်း ၂ သိန်းကျော် အကုန်ခံပြီး တည်ဆောက်ပေးဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။

ဒီစီိမံကိန်းတွေနဲ့ ပတ်သက်ပြီး လေ့လာရေး အစီရင်ခံစာ ပြုစုဖို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက သန်းပေါင်း ၄၀၀ အကုန်အကျ ခံခဲ့ပြီး၊ လေ့လာ တွေ့ရှိချက်တွေကို အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန နဲ့ မြန်မာနို်င်ငံ စွမ်းအင် ၀န်ကြီး ဌာနတို့ကို တင်ပြသွားမှာ ဖြစ်တယ်လို့ Mr. Bhargava က ပြောပါတယ်။

စီိမံကိန်းတွေ အကောင်အထည်ဖေါ်သင့် မသင့် ဆိုတာနဲ့ ပတ်သက်လို့တော့ အိန္ဒိယ အစိုးရက ဆုံးဖြတ်ချက် ချရမှာ ဖြစ်ကြောင်း၊ ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းကနေ လျှပ်စစ်ဓါတ်အား မီဂါဝတ် ၁၂၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး အိန္ဒိယ နိုင်ငံက လျှပ်စစ်ဓါတ်အား အများစု ရရှိမှာ ဖြစ်ကြောင်းလည်း NHPC ကုမ္ပဏီ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားသွားပါတယ်။
http://www.rfa.org/burmese

လူရွှင်တော် ဇာဂနာ လွတ်ပြီလို့ ကြားရ


2011-09-29

နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ RFA က စုံစမ်း သိရှိရပါတယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခြင်း ရှိမရှိတော့ မသိရသေးပါဘူး။

သူ့ကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာပြီး မနက်ဖန် မနက် လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပြီး မိသားစုတွေကို ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ ပို့ဆောင်မယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဒီသတင်းကို သူတို့ဘာမှ မသိကြောင်း ဒီကနေ့လည်ပိုင်းထိတော့ ကိုဇာဂနာ မြစ်ကြီးနားထောင်ထဲမှာ ရှိနေသေးကြောင်း ကြားရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းကပြောပါတယ်။

ဒီနေ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် လူရွှင်တော် ကိုဇာဂနာနဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ပြန်လွတ်လာသလား ဆိုပြီး သတင်း မီဒီယာတွေက မိသားစုတွေကို ဆက်သွယ်မေးမြန်း နေကြတယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်ကို မိသားစုတွေ သွားမတွေ့နိုင်တာ ၃ လလောက် ရှိနေပြီး လာမယ့် အောက်တိုဘာလ ၁၈ ရက်မှာ ကျရောက်မယ့် ကိုမင်းကိုနိုင် မွေးနေ့ မတိုင်ခင်တော့ သွားတွေ့ဖို့ ရည်ရွယ်ထားတယ်လို့ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲနဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောဆိုဆွေးနွေး တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ သလို၊ ဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း နိုင်ငံတော် သမ္မတ အနေနဲ့ အခြေခံ ဥပဒေပါ လုပ်ပိုင်ခွင့်နဲ့အညီ သင့်တော်တဲ့ အချိန်မှာ အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ရှိနေတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပြန်လွတ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေစဉ်မှာ အခုလို ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ ကြားရခြင်းပါပဲ။

ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပေမယ့် တခြား သတင်းဌာနတွေရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။
http://www.rfa.org/burmese/news/political-prisoners-09292011083604.html

Wednesday, September 28, 2011

UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER



http://www.demowaiyan.co.cc/2011/09/blog-post_9580.html မှတဆင့်ရယူဖေါ်ပြပါသည်

ထူးအိမ်သင် ရဲ့ ရာဇ၀င်များရဲ့ သတို့သမီး

၂၈.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://www.ziddu.com/download/16564906/28Sep2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16564907/28Sep2011Yeyintngesdiary.doc.html

28 Sep2011 Yeyintnge's Diary

ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရန် ကုလညီလာခံမှာ​ မြန်မာနိုင်ငံခြားရေးဝန်ကြီး​ တောင်းဆို (မေး​​မြန်း​ချက်)

Published on September 28, 2011 by ​အေး​နိုင်
မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂအထွေထွေ​ ညီလာခံတွင်းမှာ တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးက အစိုးရသစ်လက်ထက် မြန်မာပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်နေမှု၊ စီးပွားရေး ဖွံဖြိုးအောင် လုပ်ဆောင်မှု၊ လူနေမှု ဘ၀မြှင့်တင်ရေး လုပ်ငန်းတွေနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးတွေ လုပ်နေတယ်လို့ တင်ပြခဲ့ပါတယ်။
သမ္မတရဲ့ ပထမ​ လွတ်ငြိမ်းသက်သာခွင့်​ အမိန့်နဲ့ အကျဉ်းသား နှစ်သောင်းဝန်းကျင်ကို လွှတ်ပေးခဲ့ပြီး ဖြစ်သလို မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့်​ အမိန့် ထပ်ထုတ်ပြန်ဖွယ် ရှိတယ်လို့လည်း ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။
ညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ အာရှလူ့အခွင့်အရေးကော်မရှင်ကို မေးမြန်းရာမှာ မြန်မာအပေါ် ဒဏ်ခတ်မှု မရုပ်သိမ်းသင့်သေးပါဘူးလို့ ဖြေဆိုပါတယ်။
ကိုအေးနိုင်က ကော်မရှင်ပြောခွင့်ရသူ ဦးမင်းလွင်ဦးကို မေးထားပါတယ်။မြန်မာပြည်မှာ သိသာထင်ရှားတဲ့ ဒီမိုကရေစီဖော်ဆောင်မှုတွေ၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းတွေ၊ ပြည်သူတွေရဲ့ လူနေမှု ဘဝတွေ မြှင့်တင်တဲ့ လုပ်ငန်းတွေမှာ ဖော်ဆောင်နေတာ လုပ်ဆောင်ပြီးသွားပြီလို့ ဒါကြောင့် ဆန်ရှင်(sanction) ရုတ်သိမ်းချိန် တန်ပြီလားဗျာ။
“ပထမဦးဆုံး ပြောရမယ် ဆိုရင်တော့ အစိုးရသစ် တက်လာတာ ၆ လပဲ ရှိပါသေးတယ်။ ၆ လအတွင်းမှာ လိုအပ်တဲ့ ဥပဒေတွေကိုတောင်မှ ပြင်ဆင်ပြဌာန်းဖို့ လုပ်တုန်းပဲ ရှိပါသေးတယ်။ ဥပဒေ တခုရယ်လို့ ပီပီပြင်ပြင် မပြဌာန်းသေးပါဘူး။ နောက်ပြီးတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကိုလည်း သိသိသာသာ ခွင့်ပြုထားတာတွေ ကျနော်တို့ မတွေ့ရှိရသေးပါဘူး။ ဘာကြောင့် ဒီလို ပြောရလဲဆိုရင် မနေ့ကပဲ ဒီ ပြည်သူတွေ စုဝေးဆန္ဒပြပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေကို တင်သွင်းမယ် ဆိုတာကို သိရတယ်။ မနေ့တနေ့က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေပေါ်မှာ မူတည်ပြီးတော့ အရင်တုန်းက ဆန္ဒပြခွင့် မရှိဘူး။ အခုတော့ ဘုရားပေါ်တက် ဆုတောင်းခွင့်ပြုထားတယ်။ လမ်းလျောက်စီတန်း လှည့်လည်ခွင့် ပြုထားတယ် ဆိုတာမျိုး တွက်ရင်တော့ ကျနော်တို့ အများကြီး မှားလိမ့်မယ်လို့ ကျနော် ပြောချင်တယ်။ ဒါတွေဟာ ယုံကြည်လို့ မရသေးတဲ့ အခြေအနေ ဖြစ်တယ်ဆိုတာကို သိဖို့လိုတယ်။ နိုင်ငံတကာကလည်း ဒီ အချက်အလက်တွေကို အသေးစိတ် စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်။ နောက်တချက်က ဒီ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အတိအကျ အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းနိုင်ဖို့လိုတယ်။ ဥပမာအားဖြင့် ပြောရရင် တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အတိအကျ အကာအကွယ်ပေးတဲ့ ဥပဒေတွေ ခုချိန်ထိ ထွက်လာတာ ကျနော်တို့ မတွေ့ရသေးပါဘူး။ ဒါကြောင့် အချိန် စောလွန်းသေးတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”
ဦးဝဏ်ဏမောင်လွင်ရဲ့ ပြောဆိုချက်ထဲမှာ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ဆိုလို့ရှိရင် နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အာမခံထားတယ် ဆိုပြီးတော့ ပြောပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာအနေနဲ့လည်း ဆန်ရှင်တွေ ရုတ်သိမ်းချိန်တန်ပြီဆိုတာ တင်ပြတာရှိတယ်။ ဒီဟာနဲ့ ပတ်သက်လို့ရော။

“နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အာမခံထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ပြည်တွင်း လက်ရှိကျင့်သုံးနေတဲ့ ဥပဒေ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်လျှင် နိုင်ငံသားတွေရဲ့ အခွင့်အရေး ခံစားခွင့် ရှိတယ်လို့ ပြောတယ်။ အဲဒီတော့ ပြည်တွင်း လက်ရှိကျင့်သုံးနေတဲ့ ဥပဒေ ဥပမာအားဖြင့် ကျနော်ပြောရရင် ပြည်သူတွေ ဆန္ဒထုတ်ဖော်တဲ့ ပြဌာန်းမယ့် ဥပဒေ အခု ပြတောင် မပြဌာန်းရသေးဘူး။ ပြန်ဌာန်းလို့ရှိရင် ဘယ်လိုအချက်တွေ ပါမယ်မှန်း ကျနော်တို့ မသိရသေးဘူး။ အဲဒီတော့ အဲဒီအချက်တွေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကတော့ ကွန်စတီကျူးရှင်းမှာပါတဲ့အတိုင်း လွတ်လပ်ခွင့်တွေ အပြည့်အဝ ခံစားနေရပါပြီလို့ ဘယ်လို ပြောနိုင်မလဲ။ ဒါတွေကို ကျနော်တို့ ပြန်စဉ်းသားမိဖို့ လိုပါယ်။ ဒါတွေဟာ နိုင်ငံတကာက ထင်ယောင်ထင်မှားဖြစ်အောင် ဟန်ပြပြောဆိုနေတာတွေပဲ ဖြစ်တယ်လို့ ကျနော်ကတော့ မြင်တယ်။”>မြန်မာအစိုးရကနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကို ဩဂုတ်လ ၁၈ ရက်ကနေ ပြန်ပြီးတော့ ငြိမ်းချမ်းရေး ကိစ္စဆောင်ရွက်ဖို့ရယ်၊ နောက်တချက်ကတော့ သမ္မတကြီး ကိုယ်တိုင်ကနေပြီးတော့ amnesty (လွတ်ငြိမ်းချမ်းသာခွင့်) ဆိုပြီးတော့ သုံးပါတယ်။ ၁၆ ရက် မေ ၂၀၁၁ တုန်းက (ဂျုလိုင်အထိ) ဆိုရင် amnesty ပေးတဲ့အတွက် အကျဉ်းသား ၂ သောင်း ပြန်လည် လွှတ်ပေးသွားပြီလို့ ပြောတယ်။ လွတ်ငြိမ်းချမ်းသာခွင့်လို့ သုံးလို့ ရပါသလားဗျာ သမ္မကြီးက လွှတ်လိုက်တဲ့ ၂ သောင်းကလေ ဘယ်လိုမျိုး ယူဆပါသလဲ။

“သမ္မတကြီးလွှတ်လိုက်တဲ့ ကိစ္စကတော့ ကျနော်တို့ ဒီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၁ ပါ ပြဌာန်းချက်နဲ့ အညီ လွှတ်ပေးတာဖြစ်တယ်။ ကင်းလွှတ်ခွင့် ပေးတာဖြစ်တယ်။ amnesty ဆိုတာကတော့ အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အမိန့်မျိုး မဟုတ်ဘူး ဆိုတာကို ကျနော်တို့ သိတယ်။ ဒါကြောင့် ဒီတခေါက်လည်း ဦးဝဏ်ဏမောင်လွင်ကနေပြီးတော့ ကုလသမဂ္ဂမှာ သင့်လျော်လျောက်ပတ်တဲ့ အချိန်မှာ အန်နက်စတီကို ထုတ်ပြန်ဖို့ ရှိတယ်လို့ ထပ်မံပြီး ပြောဆိုခဲ့တာ ဖြစ်တယ်။ ယခင်ပေးခဲ့တဲ့ ဥစ္စာက amnesty မဟုတ်ပါဘူး။ ပြစ်ဒဏ်က ကင်းလွတ်ခွင့်အနေနဲ့ပဲ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။”
၆ လတာ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ကာလတွေကို ခြုံငုံကြည့်လို့ရှိရင် မြန်မာပြည်မှာ ဆန်ရှင်တွေ ရုတ်သိမ်းနိုင်လောက်အောင် ဖြစ်ထွန်း တိုးတက်မှုတွေ ရှိပြီလို့ ပြောလို့ရပါသလား။ အာရှလှု့အခွင့်အရေးကော်မရှင် အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျာ။


“ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံအတွင်းမှာ ထိုက်သင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိတယ်လို့ ဆိုနေသော်လည်းပဲ သိသာထင်သာတဲ့ ပြောင်းလဲမှုတွေ မရှိသေးတာကို ကျနော်တို့ တွေ့ရတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စ၊ နောက်ပြီးတော့ တောင်သူလယ်သမားတွေ လယ်ယာမြေတွေ ဆုံးရှုံးနေရတဲ့ကိစ္စ၊ အလုပ်သမားတွေ ဖိနှိပ်ခံနေရတဲ့ ကိစ္စ၊ ကလေးစစ်သားတွေ ယခုတိုင် စစ်တပ်တွင်းကနေပြီးတော့ ပြန်လည်ခေါ်ယူလို့ မရသေးတဲ့ ကိစ္စရပ်တွေက ရှိနေဆဲပဲ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး အခြေအနေအရ တိုးတက်မှု မရှိသေးဘူးဆိုတာကိုပဲ ကျနော်တို့ ပြောချင်ပါတယ်ခင်ဗျ။”
http://burmese.dvb.no/archives/16011


သဘာဝဓာတ်ငွေ့ တရုတ်ကိုရောင်းထား၍ ဒေသအကျိုးမသုံးနိုင်


Published on September 27, 2011 by အံ့ဘုန်းမြတ်

ရခိုင်ပြည်နယ် ကမ်းလွန်ဒေသက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ဒေသအကျိုး အတွက် အနည်းငယ်တောင် အသုံးပြုလို့ မရဘူးလို့ စွမ်းအင်ဝန်ကြီးက ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကနေ ဒေသမီးလင်းရေး အသုံးပြုဖို့ အစီအစဉ်ရှိမရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဘရှင်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မေးမြန်းတာကို စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက အဲဒီလိုဖြေကြားလိုက်တာလို့ မြေပုံမြို့နယ် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။

“ဒါတွေက တရုတ်ပြည်ကို ရောင်းထားတာ။ အဲဒီမှာသတ်မှတ်ချက်အတိုင်းပဲ အပြည့်ပေးရမှာမို့လို့ ဖောက်ပြီးတော့ သုံးစွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စာချုပ်စာတမ်းနဲ့ လုပ်ထားတာမို့လို့ အဲဒီအတိုင်း မပြည့်မီရင် လျော်ပေးရမှာ ဖြစ်တယ်။ အဲဒါကြောင့် ဒီတောင်းဆိုချက်ဟာ မဖြစ်နိုင်ဘူးလို့ သူက ပြန်ဖြေပါတယ်။ ဘာတခုမှကို မရလိုက် ပါဘူး။ သူတောင်းစားလိုပေါ့ဗျာ။ လက်ဖြန့်ပြီး တောင်းခံတော့လည်း မပေးဘူးဗျ။”

စွမ်းအင်ဝန်ကြီးရဲ့ အခုပြောကြားချက်ဟာ ပြီးခဲတဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောဆိုခဲ့တာနဲ့ ကွဲလွဲနေပါတယ်။ လျှပ်စစ်ဝန်ကြီးက ရခိုင်ကမ်းလွန် ‘ရွှေ’ သဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍတွေကို ဦးစားပေး ပို့လွှတ်မယ်လို့ ပြောခဲ့တာပါ။

စွမ်းအင်ဝန်ကြီးရဲ့ ပြောဆိုချက်မှာ ကိုရီးယားနိုင်ငံ ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။

ဒီစီမံကိန်းက ထွက်ရှိမယ့် သဘာဝဓာတ်ငွေတွေကို တရုတ်နိုင်ငံကို စီမံကိန်း ကာလ နှစ် ၃၀ ရောင်းချဖို့ သဘောတူထားတာပါ။

ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကိုတော့ ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်ပေးမယ်လို့လည်း စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ ပြည်နယ်တွင်းက ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေကို ပြည်နယ်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးဆိုင်ရာ ကဏ္ဍတွေမှာ အနည်းငယ် ပြန်လည် အသုံးပြုပေးဖို့ ဒီအရင်ကလည်း ရခိုင်ကိုယ်စားလှယ်တွေက လွှတ်တော်တွင်း မေးမြန်းဖို့ ကြိုးစားခဲ့ကြပေမယ့် ပယ်ချခံရဖူးပါတယ်။
http://burmese.dvb.no/archives/15998

ဗုဒ္ဓ ဆင်းထုတော်များ မဖွယ်မရာ ပြုလုပ်ခံရ၍ စစ်တွေတွင် မကျေနပ်မူတိုးပွား





News Date:9/28/2011



ထွန်းထွန်း
----------
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။



The-Buddha-images-perverted-by-muslim
စစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။

၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကိုစက်တင်္ဘာလ၂၃ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာအတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေလုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိတက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင်ပါတယ်"ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံမွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟုသူက ပြောသည်။

"အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁)ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်" ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များကအထူး ခံပြင်းနေကြောင်း သိရသည်။

ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

" အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာလုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်းမဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု သူက ပြောသည်။

ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင်ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။
http://www.narinjara.com/detailsbur.asp?id=3506