Thursday, September 1, 2011

ဧရာဝတီမြစ်ကြီး​ကို အသက်ရှင်​စေချင်တယ် (ဆရာ​မောင်ဝံသနှင့်​ ​မေး​မြန်း​ချက်)


Published on September 1, 2011 by ရွှေအောင်

ဧရာဝတီမြစ် တိမ်​ကောပ​ပျောက်သွား​စေမယ့်​ ဧရာဝတီမြစ်ဆုံစီမံကိန်း​ တည်​ဆောက်​နေမှု ရပ်တန့်​ပေး​ဖို့​ ဧရာဝတီကို ထာဝရရှင်သန်​စေလိုသူများ​အဖွဲ့​က သမ္မတဦး​သိန်း​စိန်ထံ ဒီက​နေ့​ လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆိုလိုက်ကြပါတယ်။


စာရေးဆရာ မောင်ဝံသ (ဓာတ်ပုံ - myanmarisp.com)

လက်မှတ်​ရေး​ထိုး​ လှုပ်ရှား​မှုမှာ ပါဝင်လက်မှတ်​ရေး​ထိုး​တဲ့​ စာ​ရေး​ဆရာ၊​ သတင်း​စာဆရာ ​မောင်ဝံသကို ​မေး​မြန်း​ထား​ပါတယ်။

ဆရာလက်မှတ်ထိုး​တာ စာ​ပေပညာရှင် တ​ယောက်အ​နေနဲ့​ ထိုး​တာလား​၊​ ဒါမှမဟုတ် မြန်မာပြည်သား​ တ​ယောက်အ​နေနဲ့​ ထိုး​တာလား​။ ဘာ​ကြောင့်​ လက်မှတ်ထိုး​တယ်ဆိုတာ ​ပြောပြ​ပေး​ပါ။

“နှစ်ခုစလုံး​အ​နေနဲ့​ပေါ့​ဗျာ။ မြန်မာပြည်သား​ တ​ယောက် အ​နေနဲ့​အဆင့်​က ပထမ​ပေါ့​။ ဒုတိယက​တော့​ ကျ​နော့်​ရဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ပေါ့​။ စာနယ်ဇင်း​သမား​ပေါ့​၊​ သတင်း​စာသမား​ စာ​ရေး​ဆရာ။”

ဒီဧရာဝတီက ဘယ်​လောက်အထိ အ​ရေး​တကြီး​ ကယ်တင်ဖို့​ လိုအပ်​နေပြီလို့​ ဆရာထင်မြင် ယူဆမိပါသလဲခင်ဗျ။

“ကျ​နော်က​တော့​ ဖတ်ထား​တာ​တွေက​တော့​ အများ​ကြီး​ဗျ။ ​နောက် ကျ​နော်တို့​ စာနယ်ဇင်း​တွေမှာ ပြည်တွင်း​ စာနယ်ဇင်း​တွေမှာ ​တွေ့​ရတာ​တွေလည်း​ အများ​ကြီး​ပဲ​လေ။ ပြီး​တော့​ ကျ​နော့်​မိတ်​ဆွေ ဓာတ်ပုံဆရာ​တွေ၊​ ​နောက် ကျ​နော်မိတ်​ဆွေ ခရီး​သွား​ပြီး​တော့​ ခရီး​သွား​ဆောင်း​ပါး​တွေ ​ရေး​တဲ့​ ပုဂ္ဂိုလ်​တွေ၊​ သူတို့​ဆီက ဓာတ်ပုံ​တွေလည်း​ ​တွေ့​ရတယ်။ ​ဆောင်း​ပါး​တွေလည်း​ ဖတ်ရတယ် အ​ခြေအ​နေက ​ပြောရရင်​တော့​ အများ​ကြီး​ပေါ့​။ ဒါ​ပေမယ့်​ ခြုံ​ပြောလို့​ရှိရင် ဒါက တိုင်း​ပြည်အတွက် အ​ရေး​ကြီး​တဲ့​ ကိစ္စ ဖြစ်​နေတယ်။ အဲဒီ​တော့​ ကျ​နော်တို့​ကလည်း​ ဒါကို ဝင်ပြီး​တော့​ မိမိရဲ့​ ဆန္ဒကို ​ဖော်ထုတ်ရတာ​ပေါ့​။”

ဘယ်​လောက် အ​ရေး​တကြီး​ လိုအပ်​နေပြီလဲ။

“ကျ​နော်တို့​က ဧရာဝတီမြစ်ကြီး​ကို အသက်ရှင်​စေချင်တယ်ဗျာ။ ရှင်သန်​စေချင်တယ်။ ဧရာဝတီမြစ်ကြီး​ အန္တရာယ်ကင်း​စေချင်တယ်။ အဲဒါပါပဲ လိုရင်း​ပြောရမယ်ဆိုရင် အဲဒါပါပဲ။ အဲဒီ​တော့​ အန္တရာယ်အလား​အလာ​တွေ ရှိ​နေတယ် အန္တရာယ်​တွေကို မြင်​နေရတယ်​ပေါ့​ဗျာ။ ဒီအတိုင်း​ ဆက်သွား​မယ် ဆိုလို့​ရှိရင်​တော့​ ဧရာဝတီ မြစ်ကြီး​အတွက်က ရင်​လေး​စရာ​ကောင်း​တယ် အဲဒီလို မြင်ရပါတယ်။”

အစိုး​ရက သတင်း​စာရှင်း​လင်း​ပွဲမှာ ဧရာဝတီမြစ်စုံ ​ရေကာတာနဲ့​ ပတ်သက်ပြီး​ ​မေး​တဲ့​အခါမှာ အစိုး​ရအဖွဲ့​ တာဝန်ရှိ ​ပြောသွား​တဲ့​ အထဲမှာ သူတို့​လည်း​ ရမ်း​မလုပ်ပါဘူး​၊​ သူတို့​လည်း​ ဧရာဝတီကို ချစ်ပါတယ်​ပေါ့​။ ဒီအ​ပေါ်မှာ ဆရာတို့​ အခု ကမ်ပိန်း​နဲ့​ ​ပေါင်း​စပ်ပြီး​ ​ပြောရင် ဘယ်​လောက်အထိ အကျိုး​သက်​ရောက်မှု ရှိလာနိုင်လဲ။ ဘယ်​လောက်အထိ ​မျှော်လင့်​နိုင်မလဲ ဆရာ။

“အဲဒီလို ​ပြောတာကို ကျ​နော်တို့​က​တော့​ ကြိုဆိုတယ်​လေ။ ဒါ​ပေမယ့်​ လုပ်စရာရှိတာ ဆက်လုပ်သွား​မယ်လို့​ ​ပြောတာထက်စာရင် ဒါကို ချိန်ချိန်စစနဲ့​ လုပ်တယ်၊​ ဘက်​ပေါင်း​စုံက ​လေ့​လာပြီး​ ဆက်ပြီး​တော့​ လုပ်သင့်​ မလုပ်သင့်​ကို ​ဆောင်ရွက်သွား​မယ် ဆိုတဲ့​ သ​ဘောထား​မျိုး​ ​ပြောတာကို ကျ​နော်တို့​က သ​ဘောကျတယ်။ အဲဒီအတိုင်း​ပဲ ဖြစ်​စေချင်တယ်​လေ။

“ဆိုလိုတာက ကျ​နော်တို့​ကပဲ တဖက်သတ် အစိုး​ရိမ်ကြီး​နေတယ် ဆိုတာ ဆိုရင်လည်း​ တကယ့်​ကို ခိုင်လုံတဲ့​ အ​ကြောင်း​အရာ​တွေနဲ့​ ​ပြောရင် ကျ​နော်တို့​က ဟိုဘက် ဒီဘက် ​လေ့​လာလို့​ ရတာ​ပေါ့​။ အခု ကျ​နော်တို့​က ဒီဘက်က ဒါကို ဆက်လုပ်မယ်ဆိုတဲ့​ အရင်လုပ်ထား​တဲ့​ ပုဂ္ဂိုလ်​တွေဘက်က ​ပြောတာဆိုရင် သတင်း​စာ ​ဆောင်း​ပါး​ ၂ ပုဒ်​လောက်ပဲ ကျ​နော် ​သေချာ ဖတ်ရ​သေး​တယ်။ ဒါ​ပေမယ့်​ တဖက်က ဆိုကျိုး​တွေ ဖြစ်နိုင်တယ်ဆိုတဲ့​ အ​ကြောင်း​ကြ​တော့​ ​တော်​တော်များ​တယ်ဗျ။ ကျ​နော် သိသ​လောက်က​တော့​။ အဲဒီလို ဖြစ်​နေတယ်။ အဲဒီ​တော့​ နှိုင်း​နှိုင်း​ချိန်ချိန်နဲ့​ လုပ်သွား​မယ်ဆိုတဲ့​ သ​ဘောထား​ရှိတယ် ဆိုရင်​တော့​ ​ကောင်း​ပါတယ်။”

ဧရာဝတီနဲ့​ ပတ်သက်ပြီး​ ပြည်သူ​တွေ သိသင့်​တယ်ထင်တဲ့​ ဒါမှမဟုတ် တမျိုး​သား​လုံး​ သိသင့်​တယ်ဆိုတဲ့​ အပိုင်း​လေး​ ​ပြော​ပေး​ပါလား​။

“ဧရာဝတီမြစ်​ကြောင်း​ ကမ်း​ရိုး​တ​လျှောက်မှာ ​နေတဲ့​ လူ​တွေက​တော့​ ကျ​နော်တို့​ထက်​တောင် ပိုသိဦး​မယ်ဗျ။ ​နောက်တခါ အခု ​ပြော​နေကြတဲ့​နေရာ မြစ်စုံ​ဒေသမှာရှိတဲ့​ လူ​တွေအတွက်လည်း​ ပို​နေမှာပဲ။ ကျ​နော်တို့​က မလိုအပ်ဘဲနဲ့​ ပုံကြီး​ချဲ့​တဲ့​ သ​ဘောလည်း​ ဘယ်လိုမှ မဖြစ်ချင်ဘူး​။ မဖြစ်​စေချင်တာ ပြည်သူ​တွေ ကိုယ်တိုင်ကလည်း​ ဒီအ​ပေါ်မှာ စိတ်ဝင်စား​ပြီး​တော့​ ​လေ့​လာပြီး​တော့​မှ ကိုယ့်​ဆန္ဒကိုယ် ​ဖော်ထုတ်ကြဖို့​ အဲဒီလို ကျ​နော်က တိုက်တွန်း​ချင်တယ်။”

ဒီဧရာဝတီနဲ့​ ပတ်သက်ပြီး​ ​ရေး​သား​ပြောဆို​နေတာ​တွေက ပုံကြီး​ချဲ့​တယ်လို့​ ​ပြောမယ်ဆိုရင် ​ရပါသလား​။

“ကျ​နော်က​တော့​ အဲဒီလို မမြင်ဘူး​လေ။ ကျ​နော်က​တော့​ ပုံကြီး​ချဲ့​တာ မဟုတ်ဘူး​။ ဒီလူ​တွေက တကယ့်​ကို မျက်မြင်​ရေး​တဲ့​လူ​တွေဗျာ အများ​ကြီး​ ရှိပါတယ်။ ဓာတ်ပုံ​တွေ ရိုက်ခဲ့​တဲ့​လူ​တွေ၊​ ရုပ်ရှင်​တွေ ရိုက်ခဲ့​တဲ့​လူ​တွေ အဲဒီလို လူ​တွေ အများ​ကြီး​ ရှိပါတယ်။ အဲဒီ​တော့​ ဒီလို လူ​တွေကျ​တော့​ ကျ​နော်က လူ​တွေကိုပါ သိ​နေတာ​လေ။ ဒီလူ​တွေက မဟုတ်တာ ​ပြောမယ့်​သူ​တွေ မဟုတ်ဘူး​။ ပုံကြီး​ချဲ့​မယ့်​ လူ​တွေလည်း​ မဟုတ်ဘူး​။ အဲဒီလို ကျ​နော် ယုံကြည်မှုနဲ့​ ​ပြောတာပါ။”

ဒီ​လောက် ကျယ်ကျယ်​လောင်​လောင် ဧရာဝတီနဲ့​ ပတ်သက်ပြီး​ ဝိုင်း​ဝန်း​ ​ပြောဆို​နေတဲ့​ကြား​က အခုလို လက်မှတ်ထိုး​ ​တောင်း​ဆိုမှု​တွေလည်း​ ​ပေါ်လာပြီဆို​တော့​ ဒီလို လှုပ်ရှား​မှု​တွေ၊​ ဒီလို ​ရေး​သား​ဖော်ပြမှု​တွေက ဘယ်​လောက် အတိုင်း​အတာထိ ​မျှော်လင့်​နိုင်မလဲ ဆရာ။

“ဒါက​တော့​ဗျာ သူတို့​ အခု ဆက်ပြီး​တော့​ ဒါကို လုပ်သင့်​မလုပ်သင့်​ ဆိုပြီး​ မူဝါဒ ဆုံး​ဖြတ်တဲ့​ ပုဂ္ဂိုလ်များ​က ဒါကို ထည့်​စဉ်း​စား​လိမ့်​မယ်လို့​ ကျ​နော် ထင်ပါတယ်။ ကျ​နော်တို့​ အခုလို စာနယ်ဇင်း​တွေမှာ ​ပြောခွင့်​၊​ ဆိုခွင့်​၊​ ​ရေး​ခွင့်​၊​ သား​ခွင့်​ အဲဒီလို ရ​နေတာကိုကပဲ ​ကောင်း​တဲ့​ အလား​အလာပဲ​လေ။”
http://burmese.dvb.no

0 အကြံပြုခြင်း: