Monday, October 31, 2011

NLD မှတ်ပုံတင်လို့  တရားဝင်ပါတီဖြစ်ရင် ပြည်ပက အဖွဲ့ တွေ တရားမ၀င်တော့

ပထမဆုံး သုံးသပ်ချက်က အမျိုးသားဒီမိုကရေစီ၏ ဖြစ်ပေါ်လာပုံ၊ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲ အနိုင်ရခဲ့ ပုံ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ခံရပုံ၊ ဒီပဲယင်းလူသတ်မှုဖြစ်လာပုံမှ သည် ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲ ရေးအထိ သတိတရ ရှိမိသည်။ ၂၀၁၀- ရွေးကောက်ပွဲ မလုပ်ခင်တော့ ဒေါ်အောင်ဆန်းစုကြည် လွပ်လာပြီးသည်နှင့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံမတင်ပုံတို့ မှာ အထူးအားရကြေနပ်စရာ ကောင်းလှပါသည်။ ယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အတိတ်ကာလ နိုင်ငံရေးဖြတ်သန်းမှုများဖြစ်သည်။ ပကတိမျက်မှောက်ကာလမှာမူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးက ပြသနာဖြစ်လာသည်။ ၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ခံနိုင်သေးသောကြောင့် တကြောင်း၊ နိုင်ငံရေးအကျဉ်းသား မလွပ်မြောက်သေးကြောင့် တကြောင်း၊ ၉၀-ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုခြင်းကြောင့်၎င်း၊ စစ်တပ်မှ အာဏာသမိ်းနိုင်သော လုံခြုံရေးနှင့် စစ်ကောင်စီက လွှတ်တော်အထက်တွင် ရှိနေသေး၍၄င်း ဆင်ခြေဆင်လက်တွေ ရှိနေကြသည်။ မှတ်ပုံတင်စေသည့်သူများကတော့ ယခင်က ပြောဆိုထားခဲ့ သော ဂုဏ်သရေရှိစကားများ ၊ သဘောတရားများ၊ လူထုစည်းရေးရုံးရေးများကို လစ်လျှူရှူကာ ပြောနေကြပါပြီ ။
ကျွန်တော်ကတော့မူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မှတ်ပုံတင်ခြင်း ၊ မတင်ခြင်းနှင့် မဆွေးနွေးလိုတော့ ။ တခါက ရွေးကောက်ပွဲဝင်ဖို့  မှတ်ပုံတင်ဖို့  စဉ်းစားနေသည်ကို သတ်ကွင်းထဲဝင်ရန် ပြုလုပ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟု ဆောင်းပါးတစောင်ကို ကျွန်တော်ရေးခဲ့ ပြီးပါပြီ ။ ယင်းသို့ ရေးခဲ့ ၍လည်း ဒေါ်လာတပြားမျှ ကျွန်တော်တို့  မစားခဲ့ ရ ။ ရွေးကောက်ပွဲ ၀င်ရန် အတွက် ပြည်ပနိုင်ငံများသို့  မဲဆွယ်စည်းရုံးကြသူများကို ရွေးကောက်ပွဲ ပွဲစားများဟု ကျွန်တော့်မှာ ရေးခဲ့ သည်။ ခုတော့ မိမိကိုယ်ကို သနားသွားပါပြီ ။ တခုတော့ ရှိသည် ။ ကျွန်တော်တို့ မှာ မမှားခဲ့ ။ ယခုလည်းမှန်နေသည်။ နောင်လည်းမှန်နေပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရှေ့နေကြီး ဦးအောင်သိန်းပြောသလို နောက်ကြောင်းပြန်လှည့်သွားနိုင်သည့် အခြေအနေက ရှိနေခြင်းကြောင့်ဖြစ်သည်။ ယခုကျွန်တော်ပြောချင်သည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်း မတင်ခြင်းနှင့် မပါတ်သက်။ ယင်းကိစ္စကို ကျွန်တော်မဆွေးနွေး ။
ဆွေးနွေးချင်သည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှတ်ပုံတင်လျှင် ပြည်ပမှာ ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရှိနေတော့မည်လား၊ တချိန်တည်းမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့် ပေါင်းအစိုးရ ( NCGUB ) ကကော ဆက်ထားလို့ ဘာအကျိုးကျေးဇူး ရှိနေမည်နည်း။ EBO ဆိုသော ဦးဟန်ညောင်ဝေ အဖွဲ့ ကကော ဆက်ထားလို့  ဘာလုပ်ရမည်နည်း ဆိုသော မေးခွန်းတွေကို စဉ်းစားနေခြင်းဖြစ်သည်။ သူတို့ တွေကို ကျွန်တော်စဉ်းစားမိ၍ ဤကိစ္စကို ဆွေးနွေးချင်လာသည်။ မည်သူ့ ကိုမျ မတိုင်ပင်ဖြစ်၍ မည်သူမျ ကျွန်တော့်ကို မတိုက်တွန်းသောကြောင့် မည်သူနှင့်မျှ မပတ်သက်ကြောင်းကို သိစေချင်သည်။ ယခုပြသနာမှာ ကျွန်တော်ကိုယ်တိုင်တင်သော ဆွေးနွေးချက်ဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် ဖြေရှင်းသော ဆွေးနွေးချက်များသာဖြစ်သည်။ ပြီးတော့ သူတို့ တွေနှင့်လည်း မျက်နှာကြောမတည့်သူများမဟုတ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က -၁၉၉၀-ခုနှစ်တွင် မဲအပြတ်အသတ် အနိုင်ရခဲ့ သော်လည်း အာဏာလွှဲပြောင်းမပေးခဲ့ ။ တချို့ က ထောင်ထဲ ရောက်ကုန်သည်။ တချို့ က စင်ပြိုင်အစိုးရဖွဲ့ ရန် လုပ်သည်။ သည်တော့ ဖမ်းရန် ကြိုးပမ်းသည်။ တချို့ က ဖမ်းဆီးခံရသည်။ တချို့ က လွပ်လာသည်။ ထိုင်းနယ်စပ်ရောက်တော့ ယင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုအမျိုးသားညွန့် ပေါင်းအစိုးရ ( NCGUB ) ကို ဖွဲ့ စည်းသည် ။ NCGUB အနေဖြင့် ဒေါ်အောင်ဆန်းစုကြည့် လွပ်မြောက်ရေး ၊ နိုင်ငံရေးအကျဉ်းသား လွပ်မြောက်ရေးအတွက် လှုပ်ရှားခဲ့ ပြီ ။ သူတို့  အုပ်စု၏ လှုပ်ရှားမှုကြောင့် လွပ်လာသော သူများဟု အမည်နာမ မတပ်လိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်လည်း လွပ်မြောက်နေပြီ။ အခြားသော နိုင်ငံရေးအကျဉ်းသားများလည်း လွပ်မြောက်နေပါပြီ။ နောက်ဆုံးမှာ လူရွှင်တော် ဇါဂနာတောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတူလှုပ်ရှားနေပါပကော။ သို့ ဆိုလျင် ပြည်ပမှာ ရှိနေသော ကျွန်တော်တို့ ၏ အဝေးရောက်မင်းများကို ပြန်ပြောင်းစဉ်းစားရတော့မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အကောင်းဆုံးရှေ့တန်းသမားအဖြစ် တိုက်စစ်မှူး သဖွယ် နေခဲ့ ပါသည်ဟု ဆိုလျင် ယင်းနေရာကို ရနိုင်သော ( NCGUB )- မှာ ခုတော့ဖြင့် မလိုအပ်တော့ပြီဟုမြင်သည်။ ယင်းနေရာကို ရနိုင်သည်ဟု ပြောသည်မှာ အခြားမဟုတ် ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမှ ဆုတွေပေးလျင် တာဝန်ခံလက်ခံယူသူအဖြစ် သွားရောက် ယူတတ်ခြင်းကြောင့်  ယင်းနေရာကို ရနိုင်သည်ဟု ကျွန်တော် ပြောခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဆုဆို၍ သတိရလာသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ အိန္ဒိယနိုင်ငံ၏ လက်နက်ကိုင် တော်လှန်ရေးမျိုးချစ် ခေါင်းဆောင်ကြီး မစ္စတာ နာတာဂျီ ဆူဘေ့ချန်ဒရာဘို့ စ် ဆုအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို -၂၀၀၂- ခုနှစ်က ပေးအပ်ခဲ့ သည်။ ယင်းဆုကို ကာလကတ္တားမြို့ မှာ အဖွဲ့ ချုပ်၏ နိုင်ငံခြားရေး တာဝန်ခံ ဦးရမ်ဂျီးဘားမားက ဆုကို လက်ခံတက်ရောက်ယူခဲ့ သည်။ ငွေသားဆုအဖြစ် အိန္ဒိယနိုင်ငံသုံး ရှူပီးငွေ -၁-သိန်းကို ပေးအပ်ခြင်းဖြစ်သည်။ ယင်းဆုကို ပေးအပ်စဉ် ကျွန်တော်တို့ မှာ ရင်ကော့၍ စင်မြင့်ပေါ်သို့  တက်ရောက် ဂုဏ်ယူခဲ့ကြရသေးသည်။ ယင်းဆုငွေမှာ ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည် လက်ထဲ မရောက်သေး ။ အလွှဲသုံးစား ပြုလုပ်ထားသည်ကို လူတိုင်းသိကြသည်။
ယင်းသို့ ပင် အခြားဒေါ်အောင်ဆန်းစုကြည့်အတွက် နိုင်ငံတကာမှ ဆုများပေးအပ်ထားခြင်းကို ငွေသားအဖြစ် ပေးအပ်ထားခြင်းများလည်းရှိနေရာ ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံရရှိသွားပြီဟု မည်သည့်အခါမျှ မကြားဖူးဖူး။ သို့ အတူ ယင်းဆုငွေများကို အလွှဲသုံးသူများ မရှိနိုင်ဟု မည်သူမျှ မပြောနိုင် ။ အကျင့်စာရိတ္တများ ပျက်ပြားခြင်းနှင့် ပတ်သက်၍ ပြည်ပရှိနိုင်ငံရေး အ၀ိုင်းအ၀န်းအကြောင်းကို ကျွန်တော် မရေးချင် ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာမှ ဂုဏ်ပြုဆုများကိုမူ ဒေါ်စုကိုယ်တိုင် ရရှိခံစားစေချင်သည်။ ယင်းဆုငွေများကို ( NCGUB ) မှ တာဝန်ယူ စစ်ဆေးကာ ဒေါ်စုလက်ထဲရောက်အောင် ပေးအပ်သင့်ပြီ ။ တဆက်တည်းပင် ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအစိုးရများ ၊ သမတများကို တိုက်ရိုက် တယ်လီဖုံးနှင့် ဖြစ်စေ စကိုင်းပီနင့်ဖြစ်စေ ၊ ဗီဒီိယိုနှင့်ဖြစ်စေ အခန်းအနားတွေကို တိုက်ရိုက် ပြောကြားနေပြီဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အတွက်သော်၎င်း၊ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများအတွက်ပင်၎င်း ၊ မည်သို့ မှ ပြည်ပက လှုပ်ရှားစရာမလိုတော့ ။ ဤကားအဝေးရောက် အစိုးရအတွက် အကောင်းဆုံးအဖြေပင်ဖြစ်နေပြီ ။
NCGUB ကို ဖျက်သိမ်းလျှင်ကော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( လွပ်မြောက်နယ်မြေ) ကိုမူ ထားသင့်သလားဆိုသည်က ပြသနာရှိလာသည်။ ရှေ့နေကြီး ဦးအောင်သိန်းပြောသလို နောက်ကြောင်းပြန်သွားနိုင်သည့်အချိန်ထိ မရေမရာမှုကာလ တခုအတွက် ထားသင့်နေသလား စဉ်းစားရတော့မည် ။ ဒေါ်စုက ပြောလျင် ကျွန်တော်တို ဖျက်သိမ်းလိုက်ပါမည် ဆိုသည်မှာ သဘာဝမကျပေ။ အဘယ့်ကြောင့်ဆိုသော နေရာတကာ ဒေါ်အောင်ဆန်းစုကြည် နာမည်တပ်နေ၍ အလုပ်မဖြစ် ။ ယင်းပြသနာမှာ အဖွဲ့ ချုပ်ဝင်တို့  စဉ်းစားရမည့် အလုပ်သာဖြစ်သည်။ လုံးဝမထားသင့်သော အဖွဲ့ မှာကား EBO ဆိုသော ဦးဟန်ညောင်ဝေ အဖွဲ့ ပင်ဖြစ်သည်။ လောလောဆယ် ဦးဟန်ညောင်ဝေမှာ ပြည်တော်ပြန်သည့်သူဖြစ်နေသည်။ ပြည်တော်ပြန်သည့် သူကို အတိုက်အခံ အဖွဲ့ များတွင် မည်သည့်အခါမျှ နေရာမပေးရတော့ ။ သင့်လည်းမသင့်တော် ။ နောက်တခုမှာ သူတာဝန်ခံ ဒါရိုက်တာအဖြစ် ယူထားသော ဒီဗွီဘီ အသံလွှင့်ဋ္ဌါန၌လည်း သူ့ ကို တာဝန်ပေးရန် အကြောင်းမရှိတော့။
EBO တာဝန်ခံ ဦးဟန်ညောင်ဝေမှာ ENC ဆိုသော ဗမာမုန်းတီးရေးအဖွဲ့  တခုကို တည်ထောင်ထားရာ ယင်းအဖွဲ့ ကိုလည်း ဖျက်သိမ်းရမည်ဖြစ်သည်။ အကြောင်းမှာ ဦးဟန်ညောင်ဝေ လုပ်ထားသောအဖွဲ့ မှန်သမျှသည် မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ ဘာမျှ ထူးထူးထွေထွေ ပြောင်းလဲလာအောင် လုပ်ဆောင်ခဲ့ နိုင်ခြင်းမရှိ ။ ပြောင်းလဲအောင် လုပ်ခဲ့ နိုင်ပါသည်ဟု ပြောလျှင်လည်း ဘာမျ ပြောစရာမလိုတော့။ သူ၏ အဓိက ပြစ်မှုကြီးနှစ်ခုမှာ လုံးဝခွင့်မလွှတ်နိုင်သော အချက်နှစ်ချက် ရှိနေသည်။ ဘဘဦးတင်ဦးအား နူရင်ဘတ်လို စစ်ခုံရုံးတင်နိုင်ရန် ဥရောပညီလာခံ၌ တင်ပြခြင်းနှင့် သမိုင်းလိမ် ဘင်္ဂလီ လူမျိုးတို့ နှင့် ကာဇစ်စတန်နိုင်ငံမှာ လူမျို၍ လူမျိုးပျောက်အောင် ပြုလုပ်ခဲ့  သည့်  ညီလာခံ တွင် ဆွေးနွေးခဲ့ ခြင်းဖြစ်သည်။ သမိုင်းလိမ်ဘင်္ဂလီလူမျိုးများမှာ မြန်မာနိုင်ငံ၌ တိုင်းရင်းသားအဖြစ်သာ ရရှိခဲ့ ပါက တနေ့ တွင် မြန်မာနိုင်ငံကို လုံးဝဥသုံလူမျိုသွားစေမည့် အစီအစဉ်များ ချမှတ်ထားခြင်းကို နိုင်ငံရေးအသိရှိသူးများက မြင်သိထားကြပြီးဖြစ်သည်။ မြန်မာနိုင်ငံအရေးအတွက် ယခုဒေါ်အောင်ဆန်းစုကြည်က အားလုံးကို တာဝန်ယူ ဖြေရှင်းပြောဆိုနေပြီဖြစ်သည်။ ယခင်က နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့စဉ်က ဘာမျှ မလှုပ်ရှားနိုင်ခဲ့ သော ဒေါ်အောင်ဆန်းစုကြည်မှာ ယခုဆိုလျှင် သမတကြီး ဦးသိန်းစိန်နှင့်ပင် မျက်နှာစုံညီ ဓါတ်ပုံရိုက်ကာ ဆွေးနွေးနေပြီ ။ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နှင့် မနေ့ ကပင် ဆွေးနွေးနေသေးသည်။ သည်တော့ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် လူ့  အခွင့်အရေးအတွက် အကောင်းဆုံး လှုပ်ရှားနေသည်ကို သိကြမည်ဖြစ်သည်။
ကျွန်တော်တို့  သိထားသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မှတ်ပုံတင်လျှင် ပြည်ပမှာ ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( လွပ်မြောက်နယ်မြေ )သည်၎င်း၊ အဝေးရောက် ညွန့် ပေါင်းအစိုးရသည်၎င်း၊ ဖျက်သိမ်းရန် ဂယက်ရှိနိုင်သည် ။ အကယ်၍ မှတ်ပုံမတင်ခဲ့ လျှင်မူ ဦးဟန်ညောင်ဝေ ဦးဆောင်သော EBO သည်၎င်း ။ ENC သည်၎င်း လုံးဝဖျက်သိမ်းရမည်မှာ အမှန်ပင်ဖြစ်သည်။ အကြောင်းကား မြန်မာနိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်နေခြင်းကြောင်းဖြစ်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၉)တူမောင်ညိုသို့ ပေးစာ



(Choosing Right Path and Real Politics)

ပထမဆုံးပြောချင်တာက မြန်မာ့အရေးအတွက် အစဉ်တစိုက် အကျိုးပြုရေးသားနေတဲ့ တူမောင်ညိုကို ကျေးဇူးတင်ကြောင်းပါ။ နောက်တစ်ကြောင်းကတော့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို တူမောင်ညို လက်ခံမယ်လို့ ယုံကြည်ထားကြောင်းဖြစ်ပါတယ်။ ကိုင်း စလိုက်ရအောင်ဗျာ။

၂၀၁၁ခု အောက်တိုဘာ၂၉ရက်နေ့စွဲနှင့် ရေးသားလိုက်တဲ့ တူမောင်ညိုရဲ့(ပူးတွဲ) ရေးသားပုံက တွန်းတာ မဟုတ်၊ ဆွဲတာ မပီ၊ အောက်ကလိအာဖြစ်နေတော့ စာဖတ်သူများအဖို့ ဒို့အရေးလို့ အော်ပေးရမှာလား၊ တိုက်ဖျက်ပစ်လို့ အော်ပေးရမှာလား ဆိုတာကလည်း မသေချာဖြစ်ရတယ်။ ယောက္ခမနို့ သားမက် မစို့ဝန့် ဆိုသလို၊ တွန်းဆွဲကြီးနှင့် ရောတောရှိဖြစ်နေတာမို့ ဖတ်ရတာက အကောင်းမြင်ဖက်က ကြည့်ရင်တောင် မအီမလည်နိုင်လှပါတယ်။ အဆိုးဖက်က ကြည့်ရရင်တော့ နေ့တစ်ဓူဝ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းက လူထုကို ယုံမှားသံသယ ဖြစ်စေပါတယ်။

ကျနော်တို့ ဒီနေ့ အရေးတကြီး အလိုအပ်ဆုံးက ဒီမိုကရေစီ အင်အားစုတွေအကြား အကွဲအအက် နဲပါးရေးဖြစ်ပြီး၊ အရေးတကြီး မလိုအပ်ဆုံးက အချင်းချင်းကြားက ယုံမှားသံသယတွေ ဖြစ်ပါတယ်။ ဒီနေ့ ဒီအသက်အရွယ်နှင့် ဒီအတွေ့အကြုံမှာ ဖြစ်ချင်တာနှင့် ဖြစ်သင့်/ဖြစ်နိုင်တာတွေကို ရှင်းရှင်းမြင်ယုံသာမက ရဲရဲ ပြတ်ပြတ် ကျင့်သုံးဖို့ လိုပါပြီ။

ဆင့်တန်ဆာ အနာမလုပ်တန်းဆိုရင် ၂၀၀၈ဖွဲ့စည်းပုံကို ထိမ်းသိမ်းစောင့်ရှောက်ပါမည်နှင့် လေးစားလိုက်နာပါမည်ဆိုတာ တူမောင်ညို ဝေဖန်ထောက်ပြသလို အတူတူပါဘဲလို့ ပြောနိုင်ပါတယ်။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ခံနေရဆဲအတွင်း ပြင်ပရှိ ဗဟိုကော်မတီထံကို ပေးပို့ထားတဲ့အချက်ထဲက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်နှင့် ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရန်ဆိုတာကိုလည်း တူမောင်ညိုက တစ်ခုတ်တစ်ရ သတိပေးထောက်ပြပြန်ပါတယ်။ နိဂုံးပိုင်းမှာတော့ ဒီမိုကရေစီ ခိုင်မာရှင်သန်ဖို့ အာဏာရှင်စနစ် ယန္တယားကြီးကို တစ်စမကျန် ဖျက်သိမ်း ဖယ်ရှားပစ်မှသာ ဖြစ်မယ်လို့ ရဲရဲတောက် ရေးသားထားပါတယ်။

အာဏာရှင်စနစ် မကြွင်းကျန်မှ ဒီမိုကရေစီရေး စိတ်ချရမယ်ဆိုတာကို ဘယ်သူမှ မညင်းနိုင်ပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံက စစ်အာဏာရှင်စနစ်ကို နောက်ကွယ်က အာဏာကုန်ပေးထားပြီး ဒီမိုကရေစီစံတွေနှင့် ကင်းကွာတဲ့ ဖွဲ့စည်းပုံဖြစ်တာမို့ ပြင်ပစ်ရမယ်ဆိုတာကလည်း လူတိုင်းသိနေတာပါဘဲ။ မေးခွန်းက ဒီဖွဲ့စည်းပုံ အမြန်ဆုံးနှင့် အထိရောက်ဆုံး ဘယ်လို ပြင်ဆင်မလဲဖြစ်ပါတယ်။ လက်တွေ့ကျကျ ပြင်ဆင်မလား။ ရဲရဲတောက် မိန့်ခွန်းတွေနှင့် ပြင်ဆင်မလား။

အင်အယ်လ်ဒီက ပါတီမှတ်ပုံတင်လျှင်ဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ဝင်လျှင်ဖြစ်ဖြစ်၊ လူထုအကျိုးစီးပွါးတွေနှင့် ဖီလာဆန့်ကျင်နေတဲ့ ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးလမ်းကြောင်းက ဘယ်လိုမှ သွေဖီမှာ မဟုတ်ဘူးဆိုတာကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်လောက်တောင် တူမောင်ညိုက မြင်ထားဟန် မတူပါဘူး။ (ဦးခင်အောင်မြင့်က စစ်သားအမတ် ၂၅%ယူထားတာ မလိုရင် အနာဂတ်မှာ ဖျက်ပစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ အချက်အလက်အနေနှင့် ထောက်ပြခြင်းသာဖြစ်။ ယုံမှတ်၍ ပုံအပ်ခြင်း မဟုတ်။)

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁၊ စက်တင်္ဘာ ၂၇ရက် ပါတီ(၂၃)နှစ်မြောက်နေ့မှာ အတိတ်ကို သင်္ခန်းစာယူပြီး၊ လက်ရှိနှင့် အနာဂတ်အတွက် အကျိုးရှိအောင်အတွက် အတိတ်ရဲ့ ချုပ်နှောင်မှုကို မခံကြဖို့၊ အသစ်အဆန်းကို ရင်ဆိုင်ရဲတဲ့ သတ္တိဆိုတာရှိဖို့ လိုအပ်ကြောင်း၊ အနိုင်ရသူကို ရင်ဆိုင်ရဲတဲ့သတ္တိဆိုတာ လက်ရှိနှင့် အတိတ်ကို ရဲရဲဝန့်ဝန့် ညှိနှိုင်းမှ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊ အတိတ်နှင့် လက်ရှိကို ရဲရဲဝန့်ဝန့်နဲ့ မညှိနှိုင်းတဲ့သူတွေက အနာဂတ်ကို သတ္တိရှိရှိနှင့် ရင်ဆိုင်နိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ကြိုပြီး ထောက်ပြခဲ့ပါတယ်။

ပြောင်းလဲလာတဲ့ အခြေအနေသစ်တွေနှင့်အညီ၊ နည်းသစ်၊ လမ်းသစ်တွေကို မကိုင်တွယ်ရဲတာက လက်တွေ့မကျယုံမက မိမိကိုယ်ကို မိမိယုံကြည်မှု နဲပါးခြင်းကိုလည်း ပြပါတယ်။ စေ့စပ်ဆွေးနွေးပြီး ရယူတဲ့ လွတ်လပ်ရေးဟာ မစစ်ဘူး။ နယ်ချဲ့ကို အပြုတ်တိုက်ပြီး ရယူမဲ့ လွတ်လပ်ရေးသာ လွတ်လပ်ရေးအစစ်ဖြစ်တယ်လို့ဆိုခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (တူမောင်ညိုကို ကွန်မြူနစ်ဟု အမည်တပ်ခြင်း မဟုတ်)ရဲ့ ကြွေးကြော်သံကို ပြန်သတိရမိလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့သလို အတိတ်နှင့် လက်ရှိကို ရဲရဲဝန့်ဝန့် ညှိနှိုင်းရဲဖို့ လိုပါပြီ။ လက်ရှိအခြေအနေတွေနှင့် ကင်းကွာပြီး ကိုယ့်ကိုကိုယ် ပိုတွက်လွန်းတာမျိုး၊ လျော့တွက်လွန်းတာမျိုး နှစ်ခုလုံးက အစွန်းတရားတွေဖြစ်ပါတယ်။

ပြန်စဉ်းစားကြည့်ပါ။ အနှစ်နှစ်ဆယ်လုံးလုံး တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းပေါ်ကို ရောက်လာအောင် အနုနည်းကော၊ အကြမ်းနည်းကောကို အဖွဲ့အစည်းပေါင်းစုံက သုံးစွဲခဲ့ပါတယ်။ အခုလို ကိုးစားလောက်တဲ့ အဆင့်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ ဒီအရှိတရားကို အသိအမှတ်ပြုရပါမယ်။ အပေးအယူ အလျှော့အတင်းလုပ်တဲ့ လမ်းကြောင်းပေါ် တက်လာတဲ့အတွက်လည်း အင်အယ်လ်ဒီကို သွေးကြောင်သွားပြီလို့လည်း မယူဆကြဘူး ထင်ပါတယ်။ ယနေ့အကျဉ်းထောင်တွေထဲက လူများစုဟာ အင်အယ်လ်ဒီဖြစ်သလို ယနေ့ခေါင်းဆောင်တွေဟာလည်း မီးကုန် ရေကုန် အစမ်းသတ်ခံပြီးသား ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ အင်အယ်လ်ဒီဟာ လူထုအကျိုးစီးပွါးလမ်းကြောင်းက ဘယ်သောအခါမှ သွေဖည်သွားမှာ မဟုတ်ပါဘူး။ လိုအပ်ရင် လူထုတိုက်ပွဲ လမ်းကြောင်းကို အချိန်မရွေး ပြန်သွားရဲသူများလည်း ဖြစ်ကြပါတယ်။ အင်အယ်လ်ဒီဟာ သင်တုန်းဓါးသွားပေါ်က ပျားရည်ကို လျှာနှင့် လျှက်ရဲနေသူတွေပါ။ မျက်ကွယ် ကျည်လွတ်မှ ဟိန်းဟောက်နေသူများ မဟုတ်ပါဘူး။

တူမောင်ညိုလို ပြောလုံးမျိုးတွေကို ကြိုမြင်ခဲ့ဟန်ရှိတဲ့ အင်အယ်လ်ဒီက သူ့ရဲ့ ၂၀၁၁၊ စက်တင်္ဘာ ၂၇ရက်၊ ပါတီ(၂၃)နှစ်မြောက်ကြေညာချက်မှာဘဲ ၁၉၄၆ခု ဇန္နဝါရီလ ၂၀ရက် ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေးကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့တဲ့ “ကျွန်ုပ်တို့ အပေးအယူသဘောဖြင့် လျှော့ပေါ့တောင်းဆိုခြင်းသည် ကျွန်ုပ်တို့ စိတ်ဓါတ်ညံ့ဖျင်း၍ မဟုတ်၊ ယခုလိုအခါ၌ ကျွန်ုပ်တို့၏ နိုင်ငံနှင့် ကျွန်ုပ်တို့လူမျိုးအကျိုးကို မြန်မြန်ထက်ထက် သယ်ပိုးချင်သော ဆန္ဒအတွက် ဖြစ်ပေသည်”လို့ ကိုးကားထုတ်ပြန်ခဲ့ဟန် တူပါတယ်။

အင်အယ်လ်ဒီရဲ့ လမ်းကြောင်းကို လွတ်လပ်စွာ သဘောမတူခွင့် ရှိပါတယ်။ မိမိကြိုက်တဲ့ လမ်းကြောင်းကို မိမိ ရွေးချယ် လုပ်ပိုင်ခွင့်လည်း ရှိကြပါတယ်။ တစ်ချိန်ချိန်မှာ တွဲလုပ်ကြရမှာ အသေအချာမို့ ဘုံအကျိုးစီးပွါးကို ဦးတည်ရိုးမှန်ရင် အမြင်မတူတာကို သဘာဝလို့ လက်ခံထားပြီး မထောက်ခံနိုင်ရင်တောင် ကန့်လန့်မခံသင့်ကြောင်းပါဗျာ။


အောင်တင်

အောက်တိုဘာ ၃၁၊ ၂၀၁၁


နိုင်ငံရေးပါတီ မှတ်ပုံတင်ရေးလား – ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလား


တူမောင်ညို

အောက်တိုဘာ ၂၉၊ ၂၀၁၁

အောက်တိုဘာလ (၂၀) ရက်နေ့တွင် အမျိုးသားလွှတ်တော်က အတည်ပြုချက်ဖြင့် ပေးပို့သော “နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင်ပြင်ဆင်ချက် မရှိသကဲ့သို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကလည်း သတ်မှတ်ထားသည့် အောက်တိုဘာ (၂၆) ရက်အထိ ပြင်ဆင်ချက်တစ်စုံတစ်ရာတင်သွင်းခြင်းမရှိသည့် အတွက်ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုထားသည့်အတိုင်း ပြည်သူ့လွှတ်တော်ကသဘောတူကြောင်းဆုံးဖြတ်” တယ်ဆိုတာကို ဖတ်ရပါတယ်။

မကြာခင် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ပေါ်ထွက်လာပါတော့မယ်။

ပေါ်ထွက်လာတဲ့ ပြင်ဆင်ထားပြီးဖြစ်တဲ့ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ” နဲ့အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်မှာလား။

ဒီမေးခွန်းရဲ့အဖြေကို စက်တင်ဘာလ ၃၀ ရက်နေ့ စိမ်းလဲ့ကန်သာတွေ့ဆုံပွဲ အပြီး သတင်းထောက်များနဲ့တွေ့ဆုံမေးမြန်းကြ ရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလိုဖြေကြားခဲ့ပါတယ်။

“NLD အရတော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက် ပြောပေးလို့မရဘူးလေ။ CEC ကို ပထမတင် ပြရဦးမှာပါ။ CEC ကိုတင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောနိုင်မှာဖြစ်ပါတယ်”

CEC အစည်းအဝေးနဲ့မရဘူး၊ အဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေး သို့မဟုတ် အထူးအစည်းဝေးထိုင်ပြီးဆုံးဖြတ်ရမယ်ဆိုတဲ့ အသံလည်းကြားနေရပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်ပေါ်ထွက်လာမယ့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဘက်က သဘောထားကိုသိကြရပါလိမ့်မယ်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရမည်” ဆိုတဲ့ စကားရပ် အစား “လေးစား လိုက်နာရမည်” လို့ ပြင်ဆင်လိုက်ရုံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံနိုင်ပါပြီလား။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရမည်” ဟူသော စကားရပ် အစား “လေးစား လိုက်နာရမည်” ဟုလည်း ပြင်ဆင်လိုက်ရုံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံလို့ရမလား။

ဥပဒေ ဆိုတာ အခြေခံအားဖြင့်ပြောရရင် ဘာလုပ်ရမယ်/ ဘာမလုပ်ရဘူး လို့ပဲ ရေးရိုးရေးစဉ်ရှိတယ်။ လုပ်ရမယ်ဆိုတာကို မလုပ်ရင်သို့တည်းမဟုတ် မလုပ်ရဘူး ဆိုတာကို(ကန့်သတ်တားမြစ်ထားတာကို) လုပ်ရင် ဥပဒေကို ချိုးဖောက်တာပဲ။ အခုပြင်လိုက် တာက လေးစား+လိုက်နာရမည် လို့ပြင်တာပါလို့ဆိုပါတယ်။

“လေးစားလိုက်နာပါမယ်လို့ ဝန်ခံလက်မှတ်ထိုးတယ်” ဆိုတာဟာ “ ဆန့်ကျင်ချိုးဖောက်ခြင်းမပြုပါဘူး၊ ကျေနပ်စွာ လက်ခံပါ တယ်” လို့ ပြောဆို၊ကတိပေးတာနဲ့အတူတူပဲဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သက်ဆိုင်ရာတိုင်းပြည်တစ်ခုမှာရှိတဲ့ တည်ဆဲဥပဒေအားလုံးရဲ့ အခြေခံဥပဒေပင်မဥပဒေ မဟုတ်ပါလား။ အခုပြင်ဆင်လိုက်တာ အခြေခံဥပဒေကိုပြင်ဆင်တာမဟုတ်ပါဘူး။

ရွှေဂုံတိုင်ကြေညာစာတမ်းပါသဘောထားအတိုင်း သို့တည်းမဟုတ် အစဉ်အလာအတိုင်းရှိတဲ့ ဒီမိုကရေစီစံနှုန်းတွေအရဆိုရင် တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘက်က အလွယ်တကူလက်ခံဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

၂၀၁၀ မတ်လ ၂၉ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုဦးစီးအဖွဲ့ အထူးအစည်းဝေးသို့ ဒေါ်အောင်ဆန်းစုကြည်မှာ ကြားတဲ့အချက် ၆ ချက်အနက် အချက်အမှတ် (၁) (၂) (၃) ဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။

- တရားမျှတမှုမရှိ၊ တစ်ဖက်သတ်ရေးဆွဲထားသည့်ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်း ချက်များမှာ ဒီမိုကရေစီနည်းမကျ

- အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်၊

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဆိုတာ ရေးဆွဲပုံရေးဆွဲနည်း (အမျိုးသားညီလာခံကျင်းပပုံ)အစ အတည်ပြုပုံ၊ အတည်ပြုနည်း အဆုံး အားလုံးကို (နအဖ) စစ်အုပ်စုက စိတ်ကြိုက်ချမှတ်ရေးဆွဲအတည်ပြုခဲ့တာပါ။

အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အရလက်တွေ့ပေါ်ထွက်လာတဲ့ (အုပ်ချုပ်ရေး/ ဥပဒေပြုရေး/ တရားစီရင်ရေး ) ဆိုတဲ့ မဏ္ဍိုင် ၃ ရပ်စလုံးကို ကြည့်လိုက်ပြန်တော့လည်း ယခင်စစ်အုပ်စုကထိပ်သီး(ဟောင်း)တွေကသာ အာဏာရဲ့သော့ချက်အကျဆုံး နေရာ တွေကို ချုပ်ကိုင်ထားတာကိုတွေ့ရမယ်။

အမြင်သာဆုံးနဲ့အထင်ရှားဆုံး ကတော့

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(အကလ)ဖြစ်ပါတယ်။

ဒါဟာ သော့ချက် အာဏာကိုင်ထားသူတွေရဲ့ အာဏာပိုင်ကောင်စီဖြစ်ပါတယ်။ယခင်က (နအဖ) စစ်ကောင်စီ၊ ယခု (အကလ)ကောင်စီ။

ဒီကောင်စီထဲမှာ အဆုံးအဖြတ်အကျဆုံးအာဏာဘယ်သူ့ဆီမှာလဲ ၊ လက်တွေ့ကြုံတွေ့ခဲ့ရတဲ့ သာဓကတွေ အရတော့ စစ်တပ် ကိုင်ထားသူသာလျှင်အခရာပါ၊ လောလောဆယ်အနေအထားအရ ဗိုလ်မင်းအောင်လှိုင် ဟာ အခရာမကျပါဘူး၊ ဗိုလ်မင်းအောင်လှိုင်ကို ကိုင်တွယ်ထားသူကသာ အခရာကျပါလိမ့်မယ်။ ဗိုလ်မင်းအောင်လှိုင်ကို ဘယ်သူကကိုင်တွယ်နေသလဲ၊ ဘယ်သူက အမိန့်ပေး၊ ညွန်ကြား နေသလဲ၊ ကန့်လန့်ကာနောက်ကွယ်က ဗိုလ်ချုပ်မှူးကြီးတွေလား၊ ဦးသိန်းစိန်နဲ့ ဦးတင်အောင်မြင့်ဦးလား၊ လွှတ်တော်ဥက္ကဋ္ဌ နှစ် ယောက် လား။

(အကလ) ကောင်စီဝင် ၁၁ ဦးထဲမှာ ဒေါက်တာစိုင်းမောက်ခမ်းကလွဲရင် ကျန် ၁၀ ယောက်ဟာ စစ်တပ်ကလူတွေချည်း ဖြစ်နေတာကလည်း တိုက်ဆိုင်မှု မဟုတ်ပါ။

(အကလ) ကောင်စီဝင် ၁၁ ဦး ထဲမှာ လက်ရှိစစ်တပ်ရာထူးရယူထားတဲ့ ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး (၅) ဦးရှိပါတယ်။ ဒါ့အပြင်ဒုတိယသမ္မတ ၂ ဦးအနက်တစ်ဦး (ဦးတင်အောင်မြင့်ဦး) ကလည်း ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်ထားတဲ့ “စစ်သားကိုယ်စားလှယ်” များက ရွေးချယ်ထားသူဖြစ်ပါတယ်။

စိမ်းလဲ့ကန်သာတွေ့ဆုံပွဲ၊ ဧရာဝတီမြစ်ဆုံဆုံးဖြတ်ချက်၊ အကျဉ်းသားလွှတ်ရေး/မလွှတ်ရေး၊ ဥပဒေပြင်ရေး/မပြင်ရေး စတဲ့ အရာအားလုံးဟာ(အကလ)ကောင်စီကနေ စီးဆင်းလာနေတာဖြစ်တယ်။ ဒါကိုမကြည့်ဘဲ သမ္မတဦးသိန်းစိန်ကစိတ်ကောင်း၊ စေတနာ ရှိတယ်ဆိုတာလောက်သာ ကွက်ပြီးပြောနေကြတော့လည်းခက်တယ်ဗျာ။

(၂၈/၂၀၁၁) နဲ့ (၄၉/၂၀၁၁) “လွတ်ငြိမ်းချမ်းသာခွင့်”၂ ကြိမ်ပေးခဲ့တာကလည်း(အကလ) ကောင်စီရဲ့ သဘောတူညီချက်နဲ့ အညီပေးခဲ့တာပါ။ ဦးသိန်းစိန် သဘောဆန္ဒတစ်ခုတည်းနဲ့မဟုတ်ပါဘူး။

လွှတ်ပေးလိုက်တဲ့ အကျဉ်းသားသောင်းပြောင်းတွေထဲမှာ “နိုင်ငံရေးအကျဉ်းသား” အရေအတွက် မဖြစ်စလောက်သာပါတာ ကတော့ သမ္မတနဲ့( အကလ)ကောင်စီ ရဲ့သဘောထားဖေါ်ပြချက်ပဲဖြစ်ပါတယ်။

ချုပ်ပြီးပြောရမယ်ဆိုရင် လက်ရှိအစိုးရလုပ်နေပုံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံလာအောင် တန်းတူရည် ညှိနှိုင်းဆွေးနွေးရမယ့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲ မဝင်ဝင်အောင် ဇွတ်အတင်းထိုးသွင်းနေသလိုဖြစ်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုလက်မခံနိုင်ကြသေးသူတွေဘက်က ပြောရရင် “ထိန်းသိမ်းစောင့်ရှောက်ရမည်” ဆိုတဲ့ စကားရပ်ကို “လေးစားလိုက်နာရမည်” ဆိုတဲ့ စကားရပ်နဲ့အစားထိုးပြင်ဆင်လိုက်တာဟာ သာမန်ကိစ္စ၊ အပေါ်ယံကိစ္စလေး မျှသာဖြစ်ပါ တယ်။

တကယ့်ဖြေရှင်းရမယ့်ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ထဲမှာပါရှိနေတဲ့ စစ်အာဏာရှင်စနစ်အတွက် အကာအကွယ် ပေးထားတဲ့ ၊ တစ်ဘက်သတ်အသာစီးယူထားတဲ့၊ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်တွေကို ပြင်ဆင်ရေး ဖြစ်ပါတယ်။

အာဏာရှင်(လူပုဂ္ဂိုလ်) ကို (လစ်ဗျားအာဏာရှင်ဗိုလ်မှူးကြီးကဒါဖီ ကိုအဆုံးစီရင်လိုက်သလို) ချေမှုန်းလိုက်ရုံ သို့တည်းမဟုတ် အာဏာရှင်ဟာ (သူ့သဘောနဲ့သူ) ကန့်လန့်ကာနောက်ဝင်သွားရုံနဲ့ စစ်အာဏာရှင်စနစ်ဟာ နိဂုံးချုပ်သွားပြီလို့ သုံးသပ်ပြောဆိုလို့ မရနိုင် ပါဘူး။ အာဏာရှင်စနစ်ကို ခုတ်မောင်းလည်ပတ်စေခဲ့တဲ့ အာဏာရှင်စနစ်ယန္တယားကြီးကိုပါ တစ်စမကျန် ဖျက်သိမ်းဖယ်ရှားပစ်နိုင်မှသာလျှင် ဒီမိုကရေစီစနစ် အတွက် ခိုင်မာတဲ့ အာမခံချက်ရှိနိုင်မှာပါ။ ရှင်သန်အမြစ်တွယ်နိုင်မှာဖြစ်ပါတယ်။

သတိပြုရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို (နအဖ) စစ်အစိုးရက စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့တာဖြစ်တယ်။

(နအဖ) စစ်အစိုးရက “အမွေခံကောင်းတွေ ပေးထားခဲ့ပြီဖြစ်ပါတယ်” လို့လည်း သမ္မတဦးသိန်းစိန်က သူ့ရဲ့ ပထမဆုံး မိန့်ခွန်း မှာထည့်သွင်းပြောကြားထားခဲ့တယ်မဟုတ်လား။

မကြာခင်ပေါ်ထွက်လာမယ့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘယ်လိုတုန့်ပြန်မလဲ။

http://moemaka.com/2011/10/tu-maung-nyo-%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%b1%e1%80%9b%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%ae-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%95%e1%80%b6/

BBC (Anna Jones) ၏ နောက်ကွယ်မှ ......





by Yan Aung on Monday, October 31, 2011 at 5:31am
အခုဖော်ပြမယ့်အကြောင်းအရာတွေကို ရိုဟင်ဂျာဆန့်ကျင်ရေးကို လက်ခံသူကော လက်မခံသူအားလုံးကော သေသေချာချာ လေ့လာဝေဖန်သုံးသပ်စေလိုပါတယ်..။ ရိုဟင်ဂျာအမည်ခံ တစ်ဖက်နိုင်ငံက ဘင်္ဂလီနွယ်တွေနဲ့ နည်းအမျိုးမျိုးနဲ့ ခေါင်းစဉ်မျိုးစုံတတ်ပြီး ပိုက်ဆံယူနေတဲ့ ဒီမိုလုပ်စားအဖွဲ့အစည်းတွေရဲ့  2010 ရွေးကောက်ပွဲ မတိုင်ခင် ပိပိယိယိ ကြိုတင်ကြံစည်ထားတဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်..။ အဲဒီကိစ္စတွေမှာ မီဒီယာတွေလည်း ပါဝင်ပတ်သတ်နေကြပါတယ်..။ အဲဒါတွေကို စုဆောင်းတင်ပြထားပါတယ်..။

ပထမဆုံ  လေ့လာတွေ့ရှိချက်ကို ပြောချင်ပါတယ်..။ bbc သတင်းထောက် Anna Jones ရဲ့ မြေပုံပါတဲ့ ဆောင်းပါးကို သေသေချာချာဖတ်ကြည့်တော့ .. Mark Farmaner of UK-based charity Burma Campaign, describes failure to grant ethnic groups greater autonomy as "the root cause of the instability in Burma".  လို့ သွားတွေ့ပါတယ်…။ အဲဒီတော့ Burma Capmaign UK အဖွဲ့က ပါဝင်ပတ်သက်နေတာ သေချာနေပါပြီ..။

မူရင်းစာသားပါတဲ့ လင့်ကို အောက်မှာ ကြည့်ပါ..။


http://www.bbc.co.uk/news/world-asia-pacific-11595983

အဲဒီတော့ online မှာ ဟိုရှာဒီရှာလုပ်ကြည့်တော့ ဒီပုံကို သွားတွေ့ပါတယ်..။



နောက်တွပ်ရပ်နေသူမှာ Mark Farmaner (Director of Burma Campaign UK) ဖြစ်ပြီး ရှေ့တွင် အမျိုးသမီးများနှင့် တွဲရပ်နေသူမှာ Burmese Rohingya Organisation UK  ရဲ့ ခေါင်းဆောင်ဖြစ်သူ ထွန်းခင် ဖြစ်ပါတယ်..။

အဲဒီပုံကို ကြည့်ခြင်းအားဖြင့် Anna Jones ရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူဆိုတာ .အလွယ်တကူ မှန်းလို့ရပါတယ်..။

Burma Campaign website မှာ လေ့လာရင်းနဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတစ်ခုကို သွားတွေ့ပါတယ်.. ။ သတင်းက ဘူးသီးတောင် မောင်တောမှာ 2010 ရွေးကောက်ပွဲဝင်နေတဲ့ အမျိုးသားဖွံဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (NDPD) ရဲ့ ပံ့ပိုးသူတွေကို မဲဆွယ်ကာလမှာ မြန်မာ နယ်စပ်ဒေသလုံခြုံရေး နစက မှ ဖမ်းဆီးပြီး ရိုက်နှက်တဲ့ သတင်းပါ…။ နစက ဖမ်းတာ မထူးခြားပါဘူး.။ ထူးခြားတာက အဲဒီသတင်းမှာ NDPD ပါတီကို Burma Campaign website မှာ Rohingya Party လို့ သုံးနှုန်းထားပါတယ်..။



မူရင်း စာသားပါတဲ့ လင့်ကို အောက်မှာ လေ့လာကြည့်ပါ..။

http://www.burmacampaign.org.uk/index.php/news-and-reports/news-stories/rohingya-party-supporters-arrested-and-beaten/8

အဲဒီတော့ အဲဒီပါတီဟာ ရိုဟင်ဂျာတွေ  မျက်နှာဖုံးစွပ်ပြီး ၀င်ပြိုင်တဲ့ပါတီဖြစ်တယ်လို့ နားလည်လိုက်ပါတယ်..။
ထူးခြားမှု နောက်တစ်ခုက အဲဒီ ပါတီနဲ့ပတ်သက်သူတွေ အဖမ်းခံရတဲ့  သတင်းကို DVB RFA နဲ့ နိုင်ငံတကာအခြေစိုက် မြန်မာဘာသာလွှင့်တဲ့ မီဒီယာတော်တော်များများက မြိုင်ဆိုင်စွာ ထုတ်လွှင့်သွားတာကို နားထောင်ခဲ့ဖူးလို့ပါပဲ..။ ဒါပေမယ့် လွှင့်သွားတဲ့အချိန်မှာ အဲဒီပါတီဟာ ရိုဟင်ဂျာပါတီဖြစ်ကြောင်း မပါဝင်ပါဘူး..။ အဲဒီပါတီဟာ ဒီမိုကကရေစီ အရေခြုံဝင်လာတဲ့ ရိုဟင်ဂျာပါတီမှန်း မသိပဲ ကျွန်တော်တို့ Blogger တော်တော်များများကလည်း အဲဒီသတင်းကို share လိုက်ကြပါသေးတယ်..။ ဒီမိုနံမည်ပါတော့ ဒီမိုပါတီလို့ ထင်တာကိုး..။
ကံဆိုးစွာနဲ့ အဲဒီပါတီ (NDPD) ဟာ မောင်တောမှာ ကြံ့ဖွတ်ကို အပြတ်အသတ် ရှုံးသွားခဲ့ပါတယ်..။ ကြံ့ဖွတ်က ရခိုင်မှာ အဲဒီပါတီကို ပါဝါသုံး၊ မဲခိုးပြီး နည်းမျိုးစုံသုံးပြီး အနိုင်ယူလိုက်ပါတယ်..။ မဲဆွယ်စည်းရုံးနေတုန်းကလည်း အဲဒီ  ရိုဟင်ဂျာပါတီ (NDPD) နဲ့ ကြံ့ဖွတ်နဲ့ ခဏခဏ ပဋိပက္ခ ဖြစ်တယ်လို့ သိရပါတယ်..။



http://burmese.bnionline.net/index.php/news/narinjara/5468-2010-10-18-06-32-50.html

အဲဒီတော့ ဆရာချိုတူးဇော်ကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ ခင်ရတနာပြောသလို ကြံ့ဖွတ်ထဲမှာ ရိုဟင်ဂျာရှိလို့ ကြံ့ဖွတ်နိုင်သွားတာလား၊ ကြံ့ဖွတ်ကြောင့်ပဲ ရိုဟင်ဂျာပါတီ ရှုံးသွားတာလား သက်သေပါပဲ..။ အောက်က မဲစာရင်းတွေ.. နဲ့ ပုံတွေကို ကြည်ပါ..။



http://aungmeeain.blogspot.com/2010/11/blog-post_7075.html

အဲဒီတော့  အမျိုးသားဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ဆိုတာ ရိုဟင်ဂျာအရေခြုံထားတဲ ပါတီဆိုတာ သေချာနေပါပြီ..။ အဲဒီတော့ သူတို့ရဲ့ ရည်မှန်းချက်က တော်တော် ရင်လေးစရာပါ..။ Facebook မှာ ရိုဟင်ဂျာဘက်က အမြဲတမ်း ပြန်လည်တိုက်ခိုက်တဲ့ Soe Myat ညွန်းတဲ့ Document တစ်ခုကို ဖတ်မိတာကို သတိရပါတယ်..။ အဲဒါက ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ အမျိုးသားပါတီ (ရခိုင်အခြေစိုက်) က ရိုဟင်ဂျာဆိုတာကို လူမျိုးအဖြစ် အသိအမှတ်ပြုထားတဲ့ စည်းရုံးရေးစာအုပ်ပါ..။
အဲဒီစာအုပ်ထဲမှာ ရိုဟင်ဂျာလူမျိုးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ရခိုင်နဲ့ အတူတူ ဆင်းသက်လာတယ်လို့ ဖော်ပြထားပြီး ၁၇ ရာစုရောက်မှ ရိုဟင်ဂျာလို့ အမည်တွင်ကြောင်း ဖော်ပြထားပါတယ်..။
အောက်မှဖော်ပြထားတဲ့ လင့်ကို ဖတ်ကြည့်ပါ..။



https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B4kfEI3k1N5aZDhmMzlmMjMtNjdiNi00MzRjLThiM2UtMGVmMmQyMzc3NjIz&hl=en_US


RFA က အင်တာဗျူးတဲ့ ရိုဟင်ဂျာ ပါမောက္ခ ဒေါက်တာဝါကာအူဒင်ကတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အာရပ်တွေ သင်္ဘောပျက်လို့ ဒီမှာသောင်တင်ပြီး ရိုဟင်ဂျာအဖြစ် အသွင်ပြောင်းသွားတယ်လို့ ပြောသွားပါတယ်..။ (အာရပ်ဆီက ပိုက်ဆံတောင်းလို့ကောင်းအောင်ဖြစ်မှာပါ)။ အဲဒီသမိုင်းကြောင်းနှစ်ခုတောင် မတူပါဘူး..။ ကြုံသလို ပြောနေကြတာပါ..။
အဲဒီစာတွေကို ဖတ်မိရင်  ၁၉၉၀ အမျိုးသားပါတီဆိုတာလည်း  ရိုဟင်ဂျာပါတီတစ်ခုဆိုတာ ငြင်းမရပါဘူး..။ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်ပြီး Burma Campaign UK က ရိုဟင်ဂျာပါတီလို့ ပြောတဲ့ အမျိုးသားဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) နဲ့ အဲဒီ အမျိုးသားပါတီဟောင်းနဲ့ ပတ်သတ်ဆက်စပ်မှုရှိမယ်လို့ ယူဆပါတယ်..။ အဲဒါဆိုရင် သူတို့ရဲ့ အဓိက ဦးတည်ချက်က .. ဘာလဲ… ????
ဘယ်အစိုးရတက်တက်၊ ဘာမူဝါဒ ပေါ်လစီပြောင်းပြောင်း.. ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲဝင်၊ အစိုးရအဖွဲ့ရယူ၊ တိုင်းရင်းသား/ ကိုယ်ပိုင်အုပ်ချုပ်ဖို့ အခွင့်အရေးတောင်း၊ အစရှိသဖြင့် ရသမျှအကုန်ယူဖို့၊ ရခိုင်လူမျိုးတွေ၊ ရခိုင်နယ်မြေတွေကို ၀ါးမျိုးဖို့ ပိပိယိယိ ကြံစည်ထားတဲ့ အစီအစဉ်ပါ..။

အဲဒီ ရိုဟင်ဂျာတွေအတွက် အာရပ်နိုင်ငံတွေအပါအ၀င် (၅၇) နိုင်ငံပါဝင်တဲ့ Organization of International Islamic Cooperation OIC အပြည်ပြည်ဆိုင်ရာ အစ္စလာမ် အဖွဲ့ချုပ်က ဦးဟန်ညောင်ဝေရဲ့ EBU ကို ငွေပေးပြီး ကြိုးစားနေတယ်ဆိုတာလည်း သိသင့်သလောက် သိပြီးကြပါပြီ..။

https://www.facebook.com/note.php?note_id=293347000684323

အဲဒီတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိရှိ တိတိကျကျ အထောက်အထားအခိုင်အမာ ဖော်ထုတ်ဖို့က ကျွန်တော်တို့တာဝန်ပဲဖြစ်ပါတယ်.။ ရိုဟင်ဂျာကို လူ့အခွင့်အရေးလက်နက်အဖြစ်အသုံးချပြီး အမေစုနဲ့ NLD ကို ပစ်နိုင်အောင် ဒီမိုလုပ်စားတော်တော်များများက ဖန်တီးနေကြပါတယ်..။ တချို့ကလည်း အမေရိကန်ကြောင့်လို့ ပြောကြသလို၊ တချို့လည်း အစိုးရ အကွက်ရွှေ့နေတာ လို့ပြောကြပါတယ်..။
ခုအချိန်မှာ ဘယ်သူ့ကိုပဲ လက်ညိုးထိုးနေပါစေ လက်ရှိ ဖော်ညွှန်းနေတဲ့ အထောက်အထားတွေကတော့ သစ္စာဖောက်လောက်ကောင် ဒီမိုလုပ်စားတွေ၊ ကျွန်တော်တို့အားကိုးခဲ့တဲ့ ပြည်ပအခြေစိုက် မီဒီယာတွေ ဖြစ်နေတာက ရင်အနာဆုံးပါ..။  အဲဒီ နောက်ကွယ်က ဘယ်သူပါဝင်လဲဆိုတာကိုလည်း လေ့လာဖော်ထုတ်ဖို့ ကြိုးစားပါဦးမယ်..။ သူငယ်ချင်းများလည်း လေ့လာဖော်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်..။
(စုစည်းတင်ပြသူ - ရန်အောင်)
မည်သူမဆို ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွား ကူးယူ share နိုင်ပါသည်..။

၃၁.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.scribd.com/doc/71080727/31-Oct-2011-Yeyintnge-s-Diary

http://www.ziddu.com/download/17107728/31Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/17107729/31Oct2011Yeyintngesdiary.pdf.html


31 Oct 2011 Yeyintnge's Diary

အချိန်မရွေး နောက်ပြန် လှည့်သွားနိုင်ပါသေးတယ်။



(ရှေ့နေ ဦးအောင်သိန်းနှင့် မေးမြန်းချက်)
Published on October 31, 2011 by နေသွင်

စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ​ ဥပဒေတွေနဲ့​ ပတ်သက်လို့ လွှတ်တော်တွေက ပြင်ဆင်​ အတည်ပြုလိုက်ပါတယ်။ ဒီပြင်ဆင်ထားတဲ့ ဥပဒေကို သမ္မတက လက်မှတ်ထိုးပြီးရင် ဥပဒေအဖြစ် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

ပါတီများ မှတ်ပုံတင်ခြင်း​ ဥပဒေထဲမှာ အသုံးအနှုန်းတချို့နဲ့ ပုဒ်မတချို့ကို ပြင်ဆင်လိုက်တာ လက်တွေ့အရ၊ အနှစ်သာရအရ ဘယ်နေရာတွေမှာ ပြောင်းလဲသွားနိုင်ပါသလဲ၊ ဘယ်လို အကျိုး သက်ရောက်မှု ရှိလာနိုင်ပါလဲ။ အမျိုးသား​ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ​ အကြံပေး​​ရှေ့နေတဦးဖြစ်တဲ့ ဦးအောင်သိန်းကို မေးမြန်းထားပါတယ်။

အဓိက ကတော့ ကျနော်တို့ နားလည်တာကတော့ အ​ချက်​သုံး​ချက်​လို့​​ယေဘုယျ ပြောကြတာပေါ့နော်။ တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုတဲ့ နေရာမှာ လေးစား​ လိုက်နာရမယ်ဆိုတဲ့ အချက်ပါသွားတယ်။ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ဒါတွေက တိုးတက်လာတဲ့ လက္ခဏာ အနေနဲ့ ယူဆပါသလား။

“တစိတ်တပိုင်းအားဖြင့်တော့ တိုးတက်လာတယ်လို့ ကျနော်မြင်ရမှာပါ။”

အဲ့တော့ ထပ်ပြီးတော့ လုပ်စရာတွေတော့ ရှိတယ်လို့ ပြောရမှာပေါ့။

“ဟုတ်ပါတယ်။ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ဟာကတော့ အင်မတန်မှ ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုးကြီး စကားတခုလို ဖြစ်နေတယ်။ ကျနော်တို့က တယုတယနဲ့ မထိရဲ မတို့ရဲ၊ မပြာရဲ မဆိုရဲတဲ့ သဘောမျိုးတောင် ကျရောက်တယ်။ ​လေးစားလိုက်နာတယ်ဆိုတဲ့ စကားလုံးက ပျော့ပျောင်းတယ်ပေါ့ဗျာ။ ဥပဒေတရပ် ပြဋ္ဌာန်းပြီးရင်တော့ ဒီဥပဒေကိုတော့ ကျနော်တို့က လေးစားလိုက်နာ ရတော့မှာပဲလေ။ မလိုက်နာဘူး ပြောလို့မရဘူးလေ။ ဥပဒေ ဖြစ်သွားပြီ။ ​လေးစားလိုက်နာတယ် ဆိုတဲ့ဟာ ပျော့ပျောင်းမှု အနေအထားလေး တခုကို ဖော်ပြတဲ့ သဘောအဖြစ် လက်ခံနိုင်ပါတယ်၊ သဘောကျစရာ ရှိပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံရဲ့ အခြေခံကျတဲ့၊ အဓိကကျတဲ့ ပြဿနာတွေကို မပြင်ဘူးဗျ။”

ဥပမာဆိုရင် ဘယ်လိုမျိုးတွေလဲ။

“ဥပမာ သမ္မတကို သုံးရပ်ကနေ ရွေးချယ်ပေးတာတို့၊ သမ္မတကနေပြီးတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေမှာ ၀န်ကြီးချုပ်တွေကို ရွေးချယ် ခန့်အပ်တာတို့၊ သမ္မတရဲ့ ဩဇာအာဏာက လုံခြုံရေးကောင်စီနဲ့ ဆုံးဖြတ်ရမယ့် ဆိုတဲ့ သဘောထားတွေ ရှိတယ်ပေါ့။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောထားက အဓိက ကျနေတယ်။ အဲဒီ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေ ကြည့်ရင် ၆ ဌာန၊ ၇ ဌာန လောက်က တပ်နဲ့ ပတ်သက်တဲ့ သူတွေ များတယ်ဗျ။ ဆိုတော့ အဲဒါမျိုးကလည်း လူတွေ ပြောနေကြသလို နောက်ပြန်လှည့်သွားစရာ အကြောင်း မရှိတော့ဘူးလို့ ဆိုနေပေမယ့် ဒီကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အချိန်မရွေး အာဏာသိမ်းနိုင်တယ် ဆိုတဲ့ သဘောမျိုးလည်း ပေးထားသလို ဖြစ်နေတယ်။”

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက လွှတ်တော်ထက်တောင် ဩဇာကြီးတဲ့ ပုံစံမျိုး သက်ရောက်နေတာပေါ့နော်။

“ဟုတ်တယ်။ သူက အချိန်မရွေး အရေးပေါ် အခြေအနေ ကြေညာနိုင်တာနဲ့ အမျှ စစ်အုပ်ချုပ်ရေးနဲ့ အဲဒီ အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ ဧရိယာကို သူသွားနိုင်တယ်။ အဲဒီအချိန်မှာ လူ့အခွင့်အရေးတို့၊ တရားစီရင်ရေးတို့ ဘာမှ မရှိတော့ဘူး။ အကုန် ရပ်ဆိုင်းသွားပြီလို့တောင် အခြေခံဥပဒေမှာ တိတိကျကျ ဖော်ပြထားတယ်ဗျ။”

ဒါလည်း တချို့ပြောကြပါတယ်။ သိပ်စောလွန်းအားကြီးတယ်။ ဒီဟာတွေကို ဒီအချိန်မှာ ပြုပြင်ဖို့ သင့်၏မသင့်၏ ဆိုတဲ့အပိုင်းပေါ့။ အန်ကယ်လ်ကရော ဘယ်လိုယူဆပါသလဲ။

“ပြုပြင်ဖို့ သင့်၏ မသင့်၏ ဆိုတာက အချိန်အခါနဲ့ မဆိုင်ဘူးဗျ။ ပြုပြင်ချင်တဲ့ စေတနာနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့တော့ လိုတယ်။ လုံခြုံရေးပိုင်းဆိုင်ရာကို အဓိကထား ဦးစားပေးပြီးတော့ ကြည့်မယ်ဆိုရင် ကျနော်တို့ ဒီဖွဲ့စည်းပုံမှာ နိုင်ငံသားတွေ အခွင့်အရေးက ဘယ်လောက်ထိ ဆုံးရှုံးနေမလဲ ဆိုတာ ကျနော်တို့ ပြန်ငဲ့ကြည့်ဖို့ လိုအပ်တယ်လေဗျာ။ နောက်လည်း ပြင်ရမယ်။ အခုပြင်လို့တော့ မရဘူးလား​ ဆိုတဲ့ မေးခွန်းမျိုး ကျနော့်ဘက်က မေးရင် ဘယ်သူတွေ ဘယ်လို ဖြေကြမလဲ။”

နောက်တချက်က အကျဉ်းကျနေတဲ့လူတွေ ပါတီဝင်အဖြစ်နဲ့ ပါလို့ မရဘူးဆိုတဲ့အပိုင်းလေ။ ဒါကလည်း သူတို့ လျှော့လိုက်ပြီဆိုတာ ရှိပါတယ်။ ဒီအချက်တွေကို ပြင်လိုက်ပြီ ဆိုရင်တော့ အန်အယ်လ်ဒီအနေနဲ့ မှတ်ပုံတင်၏ မတင်၏ ကိစ္စတွေမှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ရှိနိုင်လဲ။

“အကျဉ်းကျတွေထဲကလူတွေကို ပါတီဝင်အဖြစ် မသတ်မှတ်ရဘူးဆိုတာ ဒီမိုကရေစီလမ်းကြောင်းမှာ သွားနေတဲ့ ပါတီရဲ့ တည်ဆောက်မှု အပေါ်မှာ မလိုအပ်ဘဲနဲ့ ၀င်ရောက်စွက်ဖက် ထိန်းချုပ်ထားတယ်လို့ ကျနော့်ဘက်က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူဟာ ထောင်ထဲရောက်သွားတဲ့ ပါတီဝင် တယောက်က ဘယ်လို အကြောင်းကြောင့် ထောင်ထဲ ရောက်တယ်ဆိုတာ ကျနော်တို့ ပါတီကပဲ အဆုံးအဖြတ် ပေးရမှာဗျ။ ပါတီကပဲ သုံးသပ်ရမယ့် ကိစ္စပါ။ သူ့ ပါတီဝင်အဖြစ် ဆက်လက် ရှင်သန်ခွင့် မပြုသင့် မပြုသင့် ဆိုတာ ပါတီပေါ်မှာ မူတည်တဲ့ ကိစ္စရပ်ပါ။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲ ရောက်သွားတဲ့ ပါတီဝင်တယောက်ကို ပါတီဝင် စာရင်းအရ တို့မထားရဘူးဆိုရင် ကျနော်တို့ ရဲဘော်ရဲဘက်တဦးအပေါ်မှာ မျက်ကွယ်ပြုထားသလို ဖြစ်နေတယ်။ အဲဒီလိုသာ သတ်မှတ်ထားမယ်ဆိုရင် အဲဒီပါတီဝင် အဖြစ် အင်အားစုဆောင်းဖို့တောင် နောင် အခက်အခဲအများကြီး ရှိလာနိုင်တယ်လို့ ကျနော်က မြင်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ မှတ်ပုံတင်ရေး မတင်ရေး ဆိုတာကတော့ စီအီးစီက ဆုံးဖြတ်ရမယ့် ကိစ္စရပ်ပါ။ အဲဒီအပေါ်မှာတော့ ကျနော့်အနေနဲ့ အထူးသဘောထား မပေးလိုပါဘူး။ ဗဟိုကော်မတီတရပ်ကနေ အဆုံးအဖြတ်ပြုတယ်လို့ ဖြစ်လာရင် ပါတီဝင်တွေက လိုက်နာ ဆောင်ရွက်ရမှာပေါ့နော်။ ဒါ အများသဘောထား ဆန္ဒကို အနည်းစုက လိုက်နာရမယ်။ အနည်းစုရဲ့ သဘောထားကိုလည်း အများစုက မှတ်တမ်းတင် ထားရှိပြီးတော့ အသိအမှတ်ပြုရမယ်ဆိုတဲ့ ပါတီရဲ့ ကျင့်စဉ်အရ ကျနော်တို့ လုပ်ရ ကိုင်ရမှာပဲလေ။”

ပါတီက မှတ်ပုံတင်ပြီးရင် အနည်းဆုံးသုံးနေရာဝင်ပြိုင်ရမယ်ဆိုတာ အခုအဲဒီအချက်ကိုလည်း သူတို့လျှော့ပေးလိုက်တာပေါ့။ ဘယ်လောက်ထိ ဒီမိုကရေစီကျတဲ့ ကျင့်စဉ်​ အနေအထားကို ရောက်ပြီလို့ အန်ကယ်ယူဆပါသလဲ။

“အဲဒီအချက်ကတော့ ကျနော်လည်း တော်တော်လေး စဉ်းစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီဟာ သူ့သက်တမ်းပေါ့လေ၊ သူ့ရဲ့အခြေခံ အုတ်မြစ်ခိုင်မာမှုအတွက် သူ့မှာတည်ဆောက်ပိုင်ခွင့် ရှိရပါမယ်။ အဲတော့ ပါတီတခုဟာ မှတ်ပုံတင်​ထားပြီးတာနဲ့​​ရွေးကောက်ပွဲဝင်ရမယ်ဆိုပြီးတော့ သတ်မှတ်လို့​ မရပါဘူး။ ရွေးကောက်ပွဲ​ ကာလကို လွန်ချင်လည်းလွန်သွားမယ်။ သူ့ပါတီရဲ့ ခိုင်ခန့်အောင်တည်ဆောက်ဖို့ အရည်အချင်း​ ​ပြည့်ဝသူတွေကို​ ​ရွေးထုတ်ဖို့ မွေးထုတ်ဖို့​ ဆိုတာလည်း ပါတီတရပ်မှာ တာဝန်ရှိတယ်။ အဲဒီတော့ ပါတီမှတ်ပုံပြီးရင် ရွေးကောက်ပွဲကို ၀င်ရမယ်ဆိုတဲ့ စည်းမျဉ်းကို ဖျက်လိုက်တာတော့ ကျနော်ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါမှလည်း ပါတီတွေက အရှည်သဖြင့် တည်တံ့အောင် ကိုယ့်ပါတီရဲ့ ပြုပြင်ရမယ့် အချက်အလက်တွေ ပိုမိုကောင်းမွန်အောင် နိုင်ငံသူ နိုင်ငံသားတွေအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် ဟာတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့ လုံလောက်တဲ့​ အချိန်​ ​ရောက်ပြီဆိုမှ​ ​ရွေးကောက်ပွဲကို ၀င်ကြတာတော့ အကောင်းဆုံးပေါ့။ ဖုတ်ဖတ်ခါပြီး ပါတီထောင်၊ ဖုတ်ဖတ်ခါပြီး ရွေးကောက်ပွဲဝင်၊ ဖုတ်ဖတ်ခါပြီး အာဏာပိုင်နဲ့ပေါင်းပြီး ရွေးကောက်ပွဲမှာ မသမာမှုတွေနဲ့ အနိုင်ရယူသွားတဲ့ ပုဂ္ဂိုလ်မျိုးတွေအတွက်တော့ ဒါက အင်မတန်မှ အရေးကြီးတဲ့ အချက်တချက်အနေနဲ့တော့ ကျနော်မြင်ပါတယ်။”

၉၀ ရွေးကောက်ပွဲကိစ်​ စပြောနေကြတာ ရှိပါတယ်။ ၉၀ ရွေးကောက်ပွဲက အန်အယ်ဒီလည်း နိုင်တာပဲ။ တခြားအနိုင်ရတဲ့ပါတီလည်း တော်တော်များများ ရွေးကောက်ပွဲမ၀င်ကြဘူးပေါ့။ အကယ်၍ ရွေးကောက်ပွဲဝင်တယ်ဆိုတဲ့ အခြေအနေ ဖြစ်သွားရင် ၉၀ ရွေးကောက်ပွဲရလဒ်က အလကားဖြစ်သွားမလား။ ဥပဒေကြောင်းအရ ဘယ်လိုပြောရင်ရမလဲ။

“ကျနော်တို့ကတော့ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲက တရားဝင်​ တည်ရှိခဲ့တာတော့​​ ​ငြင်းလို့မရဘူးပေါ့။ နိုင်ငံတကာကကော၊ ပြည်တွင်းကကော အကုန်လုံး​ အသိအမှတ် ပြုထားတယ်။ ပြန်တမ်းတွေနဲ့​ ထုတ်ပြီး အသိအမှတ်​ ​ပြုထားတာပဲဗျာ။ တည်ဆဲအစိုးရ တရပ်ကနေပြီးတော့ ကျင်းပပေးခဲ့တာပဲ။ အာဏာလွှဲမယ်လို့လည်း ကြေညာခဲ့တာပဲ။ ဒါပေမယ့် ဒါတွေကို ရုတ်ခြည်း​ ပျက်ပြယ်သွားပြီလို့ ပြီးခဲ့တဲ့ တည်ဆဲအစိုးရဆိုတဲ့ စစ်အစိုးရကပဲ ကြေညာသွားတာပဲ။ အဲဒီတော့ ဘာပဲပြောပြော အစိုးရတရပ်ဆိုတဲ့ တာဝန်ယူ လုပ်ဆောင်ထားတဲ့ ကိစ္စရပ်တွေက နောက်အစိုးရက ဆက်လက် တာဝန်ယူရမယ်ဆိုတဲ့ လွှဲပြောင်းတဲ့​ အခါမှာလည်း ပြတ်ပြတ်သားသား ဖော်ပြထားတာပဲ။ အဲတော့ ၉၀ ပြည့်နှစ်ရဲ့ ရလဒ်တာဝန်ဟာ ဒီနေ့ တည်ဆဲအစိုးရမှာလည်း ဆက်လက်ရှိနေသေးတယ်။ အဲဒါဟာ တနည်းနည်းနဲ့တော့ သူတို့ဟာ သဘောသက်ရောက်တဲ့ ပြုလုပ်မှု ဆောင်ရွက်မှု တခုခုတော့ အသိအမှတ်ပြုတဲ့ သဘောတခုခုတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ကျနော့်အမြင်အားဖြင့် အဲဒီလိုမြင်ပါတယ်။ အဲဒါကြီးကို ကျနော်တို့က မသိကျိုးကျွန်ပြုထားမယ်ဆိုရင် အဲဒါကြီးက တောက်လျှောက်​ ကျနော်တို့ ဒီရဲ့ အစိုးရအဆက်ဆက် လွှတ်တော်​ အဆက်ဆက်မှာ ထမင်းလုံးတစ္ဆေခြောက်သလို အခြောက်ခံနေရဦးမယ်လို့ ကျနော်မြင်ပါတယ်။”
http://burmese.dvb.no/archives/17188

၁၁.၁၁.၁၁ မှာ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ဖို့ လှုံဆော် မယ် ဟု ကျယ်ကျယ် ပြန့် ပြန့်  သတင်း ထွက်နေ


by FNG on October 31, 2011

ယခု နိုဝင်ဘာလ ၁၁ ရက် (သောကြာ နေ့ ) တွင် လက်ရှိ မြန်မာ အစိုးရ အကျဉ်းထောင် များ ဉ်
ဖမ်းဆီး ထောင်ချ ထား သည့် နိုင်ငံ ရေး အကျဉ်းသား များ လွတ်မြောက်ရေး အတွက် ဆုတောင်း
ဆန္ဒထုတ် ဖော်ပွဲ များ လုပ် မည် ဟု FNG မှ သတင်း ရရှိ သည်။

ပြီးခဲ့ သည့် စက်တင်ဘာလက ဒေါ်နော်အုန်းလှ ၊ ဦးဝင်းချို ၊ ကိုဟန်ဝင်း အောင် စသည့် တက်ကြွ
လှုပ်ရှား သူ များ နှင့် အဖွဲ့  အစည်း ခြောက် ဖွဲ့  က ပူးပေါင်း ပြီး နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက်
ရေး အတွက် ဆူးလေ စေတီ ၊ ကမ္ဘာ အေး ၊ ရွှေဂုံ တိုင် နှင့် ရွှေတိဂုံ စေတီ တွင် ဆုတောင်း ပွဲ များ
ပြုလုပ် ခဲ့ ကြသည်။

၁၁ ရက်နေ့ တွင် ပြုလုပ် မည့် နိုင်ငံ ရေး အကျဉ်းသား များ လွတ်မြောက်ရေး လှုပ်ရှား မှု သည် ငြိမ်း
ချမ်းစွာ ဖြင့် ပြု လုပ် မည် ဟု အဆိုပါ ဆန္ဒ ထုတ်ဖော် ပွဲ ကို ဦးဆောင် စည်းရုံး လှုပ်ရှား နေ သူ တစ်
ဦးက ပြောသည်။
http://freedomnewsgroup.com/2011/10/31/11-11-11/

ဒေါ်အောင်ဆန်းစုကြည်၊ အောက်တိုဘာ ၃၁၊ ဗေဒါစာကြည့်တိုက်ဖွင့်ပွဲတွင် ဟောပြော



ရွှေဂုံတိုင်မူနှင့် မှတ်ပုံတင်ရေး/ မတင်ရေး


ကိုပေါက် | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပြန်လည် မှတ်ပုံတင်ရေး/ မတင်ရေးနှင့် ပါတ်သက်၍ ပါတီခေါင်းဆောင်များအတွင်း ဆွေးနွေးညှိနှိုင်းကာ ဤရက်သတ္တပါတ်အတွင်း ဆုံးဖြတ်ချက် ချမည့် သတင်းများ ထွက်ပေါ်လာနေသည်။

NLD အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး/မဝင်ရေးနှင့်ပတ်သက်၍ သဘောထားရပ်တည်ချက်အား ၂ဝဝ၉ ဧပြီ ၂၉ ရက်စွဲဖြင့် ‘ရွှေဂုံတိုင် ကြေညာစာတမ်း’ အား ထုတ်ပြန်တုန့်ပြန်ခဲ့ဖူးသည်။

ကြေညာစာတမ်းတွင် ‘နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်၊ ၂ဝဝ၈ အခြေခံ ဥပဒေမှ ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်၊ လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်’ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးထား စဉ်းစားမည်ဟု ပါတီ၏သဘောထားကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၁ဝ နိုဝင်္ဘာ
ရွေးကောက်ပွဲအား မဝင်ဘဲ သပိတ်မှောက်ခဲ့ဖူးသည်။

ဤကြေညာစာတမ်းပါ မူများအပေါ်ယခု ဆက်လက်ရည်တည်မှုအခြေအနေနှင့်ပတ်သက်၍ NLD ဗဟို အလုပ်အမှု
ဆောင် အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းတင်အား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။
nlsheadquater

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပြန်လည် မှတ်ပုံတင်ရေး/မတင်ရေးနှင့် ပါတ်သက်၍ ပါတီခေါင်းဆောင်များအတွင်း ဆွေးနွေးညှိနှိုင်း (ဓါတ်ပုံ မဇ္ဈိမ)

မေး။ ။ အကယ်၍ ပါတီဟာ မှတ်ပုံတင်လိုက်မယ်ဆိုရင် ရွှေဂုံတိုင်ကြေညာစာတမ်းပါ မူတွေအပေါ်မှာရော ဘယ်လို ဆက်လက်ပြီး ရပ်တည်သွားဖို့ ရှိမလဲခင်ဗျ။

ဖြေ။ ။ အဲဒီအခက်အခဲတွေကတော့ ရှိနိုင်တာပေါ့ဗျာ။ ကြုံရင်လည်း ကြုံမှာပဲ။ ဒီဟာတွေကိုလည်း ဖြေရှင်းရမှာ
ပေါ့။ ရွှေဂုံတိုင် ကြေညာစာတမ်း လုပ်တဲ့အချိန်တုန်းက အနေအထားတွေနဲ့ ခုအနေအထားတွေတော့ ဘယ်လောက် ကွာသလဲဆိုတာ ဒါလည်း ပါတီက စဉ်းစားရမှာပေါ့။ ပါတီက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းဖော်ပြခြင်းတော့ ရှိမယ်လို့ ကျနော်လည်း ယုံပါတယ်။

မေး။ ။ ကြေညာစာတမ်းက ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ ပြည်နယ်/တိုင်း စည်းရုံးရေးမှူးတွေရော၊ အမျိုးသမီး လုပ်ငန်းအဖွဲ့၊ လူငယ်လုပ်ငန်းအဖွဲ့တို့ ဆွေးနွေးပြီးမှ ထွက်ပေါ်လာခဲ့တာဆိုတော့ ပါတီရဲ့မူလို့ ပြောနိုင်မလားဆရာ။

ဖြေ။ ။ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ သို့သော် ခုနက ပြောသလို ကာလချင်းတော့ ကွာမှာပေါ့။ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေ ဘယ်လောက်ကွာခြားလဲဆိုတဲ့ သုံးသပ်ချက်တွေအပေါ်မှာတော့ တည်မယ်။ သုံးသပ်ချက် ကွာခြားမှုအပေါ်မှာ ကြည့်ပြီးတော့ ရပ်တည်ချက်တွေလည်း ကွာခြားချက် ရှိနိုင်တယ်လို့
ပြောလို့ရနိုင်တာပေါ့။

မေး။ ။ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုထားတဲ့ အချက် ၃ ချက်ကရော ၂ နှစ်ကျော်အကြာမှာ ဘယ်လောက် ရပြီလို့ ပြောနိုင်မလဲဆရာ။

ဖြေ။ ။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ခုထိတော့ အမှန်အတိုင်းကတော့ မတွေ့ရသေးဘူးပေါ့ဗျာ။
နိုင်ငံရေး အကျဉ်းသား လွှတ်ရေးနဲ့ပတ်သက်လို့ကတော့ တစုံတရာသော အတိုင်းအတာထိတော့ လုပ်ကိုင်နေတယ် လို့ပဲ ယူဆရမှာပဲ။ ခုထိတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့ဟာ အားရကျေနပ်ဖွယ်မရှိဘူးလို့ပဲ ကျနော်တို့
ပြောပါတယ်။ Constitution ပြင်ရေးနဲ့ပတ်သက်လို့တော့ ဘယ်လိုရှိမလဲဆိုတာတော့ စောင့်တော့ နည်းနည်း ကြည့်ရမှာပေါ့။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ သူတို့ထဲမှာ လှုပ်ရှားမှုတွေ ရှိသလား။ သို့မဟုတ်ရင်လည်း NLD ခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲကို ရောက်သွားပြီးတဲ့အချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို အားထုတ်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ပဲ သွားမှာလား။ အဲဒါလည်း နည်းနည်းတော့ ချိန်ကြည့်ရမှာပဲလို့ ကျနော် ထင်ပါတယ်။

မေး။ ။ ဒီအချက်တွေ မရဘဲ မှတ်ပုံတင်လိုက်မယ်ဆိုရင်ကော ဒီမူတွေနဲ့ ငြိစွန်းသွားနိုင်မယ်လို့ကော ယူဆလား ဆရာ။

ဖြေ။ ။ ပြောဖို့ ခက်တော့ ခက်ခက်ပဲ။ ဒီ မူလတောင်းဆိုချက်တွေအတိုင်း ရပ်တည်ရမယ့် ဝတ္တရားတော့ ပါတီမှာ ရှိတာပေါ့။ သို့သော် ပါတီခေါင်းဆောင်ပိုင်းက ဒီဟာတွေနဲ့ပတ်သက်ပြီး ဘယ်လိုရှင်းလင်းမလဲဆိုတဲ့ဟာကတော့ ကိစ္စတမျိုးပဲလို့ ကျနော်ကတော့ အဲလိုပဲ ပြောချင်ပါတယ်။ ပါတီခေါင်းဆောင်တွေမှာ ဒါတွေကိုရှင်းလင်းဖို့ တာဝန်
တော့ ရှိတာပေါ့ဗျာ။ အဲဒါကတော့ စောင့်ကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီကိစ္စက ကျနော်တယောက်ထဲကတော့ ဖြေလို့ သိပ်မလွယ်။ ဘာ့လို့လဲဆိုတော့ ဒါဟာ ပါတီခေါင်းဆောင်ပိုင်း တခုလုံးရဲ့အဆုံးအဖြတ်ပုံစံနဲ့သာ တုန့်ပြန်ဖို့ကောင်းတဲ့ ဟာ ဖြစ်နေတာကိုးဗျ။

မေး။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စီအီးစီ အစည်းအဝေးကို သောကြာနေ့လောက် မျှော်မှန်းထားပါသလားဆရာ။

ဖြေ။ ။ ဟုတ်တယ်။ သောကြာနေ့လောက်ကျမှပဲ။ သောကြာနေ့တောင် ဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူး။ ဒါပေမယ့် ဒီကြားထဲမှာတော့ အစည်းအဝေးတွေဘာတွေရဲ့ အနေအထားက အဲဒီ (မှတ်ပုံတင်ရေး/ မတင်ရေး)ကို ရောက်မယ့် အနေအထား မရှိဘူးလို့ ကျနော် နားလည်တယ်။ သောကြာနေ့အထိကတော့ ဖြစ်ဖို့လမ်းတော့ သိပ်မရှိဘူးလို့ပဲ
ပြောချင်ပါတယ်။
http://www.mizzimaburmese.com/

တကယ့်အပြောင်းအလဲ လိုနေပြီ



By featured, ဧရာဝတီ on October 31, 2011 6:45 pm အယ်ဒီတာ့အာဘော်


လာမည့်နိုဝင်ဘာ ၁၀ ရက်နေ့ဆိုလျှင် စစ်အစိုးရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ ၁ နှစ် ပြည့်လေပြီ။

ယင်း ရွေးကောက်ပွဲကဒီမိုကရေစီနည်းလမ်းမကျခဲ့သော်လည်း ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် လွှတ်ပေးခဲ့ရာမှ စ၍ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ အတွက် မျှော်လင့်ချက်များ ပေးခဲ့သည်။

ထို့ကြောင့် ရွေးကောက်ပွဲအပြီး၁ နှစ်အတွင်း ပြောင်းလဲဖြစ်ပေါ်လာနေသည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပြည်တွင်းကသာ မကဘဲ နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်နေသည်။

လတ်တလော မြန်မာပြည်မှ ပြန်သွားသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ တွင်ကျင်းပမည့် အာဆီယံ ဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရန် ပြုပြင်ပြောင်းလဲရန် ကြိုးစားလိုမှုများ နောက်ပြန် ဆုတ်လိမ့်မည် မဟုတ်ဟု ယူဆကြောင်း ပြောခဲ့သည်။

အာဆီယံသာမကဘဲ အမေရိကန်နိုင်ငံကလည်း ယခု ရက်ပိုင်းအတွင်း မြန်မာအစိုးရနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန် လာဟန်ရှိပြီး သံတမန်ခရီးစဉ် အကူးအလူး စိပ်လာသည်ကို တွေ့ရသည်။

အင်္ဂါနေ့တွင် အမေရိကန် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနှင့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်တို့ မြန်မာပြည်သို့ လာဦးမည်ဖြစ်သည်။

ထို့ပြင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီ ဂျေ နမ်ဘီးယား သည်လည်း မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုများကို လေ့လာရန် မြန်မာပြည်သို့ ၅ ရက်ကြာ ခရီးစဉ်အတွက် လာရောက်နေပြီ ဖြစ်သည်။

သံတမန်ရေးရာ ကိစ္စရပ်များတွင် အမေရိကန်အစိုးရ၊ အာဆီယံ တို့နှင့် ပိုမိုနီးစပ်လာခြင်းက တရုတ်နိုင်ငံ တနိုင်ငံတည်းကို အားကိုးအားထား ပြုနေသည့် လမ်းကြောင်းမှ ခွဲထွက်လာခြင်းဖြစ်သည်ဟု လေ့လာသူများက ယူဆနေကြသော်လည်း
ပြည်တွင်း နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုများနှင့် တိုက်ရိုက် စပ်ဆက် နေသည်ဟု ဆိုနိုင်ပါသည်။

လတ်တလော ပြည်တွင်းနိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာဖြင့် အကောင်း မြင်နေသောကြောင့် အများက ရှေ့ဆက် မျှော်လင့်နေကြသည်မှာလည်း မဆန်းပေ။

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အခြေစိုက် Wall Street Journal သတင်းစာ တွေ့ဆုံမေးမြန်း ခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား စကားပြောဆိုနေခြင်းသည် ၁၉၉၀ ဝန်းကျင်ကာလများက အသားအရောင်ခွဲခြားမှုစနစ်ကို ရပ်စဲရန် တောင်အာဖရိကတွင် နှစ်ဘက်အပြန်အလှန် ညှိနှိုင်းကြခြင်းနှင့် အလားသဏ္ဍန်တူကြောင်း ပြောခဲ့သည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးကို ဆန့်ကျင်ခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ ရာထူးကို ဂုဏ်ယူ ဝံ့ကြွားစွာ ရယူနိုင်ရေးအတွက် ပြည်သူပြည်သားများ၏ အင်တိုက် အားတိုက် ထောက်ခံ အားပေးမှုကို လိုအပ်သည့် နည်းတူ ပြည်ပက လေးစားအသိအမှတ်ပြုသည့် ပြုပြင်တိုးတက်မှုများ ရရှိရန်လည်း အဓိကကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

ပြည်တွင်း ပြည်ပက လေးစားအသိအမှတ်ပြုသည့် ပြုပြင်တိုးတက်မှုများဆိုသည်မှာ ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်မက်များကို ရပ်စဲပေးရေးအား ဆိုလိုခြင်းဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံရေး ဖြစ်ထွန်း ပြောင်းလဲရေးအတွက် ကျရောက်နေသည့် ဖိအားမှာ မြန်မာအစိုးရ အပေါ်ကိုသာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက အတိုက်အခံပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ်ကိုပါ သက်ရောက်နေကြောင်း မြင်တွေ့ရသည်။

ပါတီ တရားဝင်ရန်အတွက် ပြန်လည် မှတ်ပုံ တင်၊ မတင်ဆိုသည့် အရေးကို NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံး စဉ်းစားရတော့မည် ဖြစ်သည်။

အကယ်၍ လွှတ်တော်၌ ပြင်ဆင် အတည်ပြုထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုးပေးလိုက်သည်နှင့် NLD ပါတီ မှတ်ပုံတင်ရေးနှင့် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲဝင်၊ မဝင်ကိစ္စ စဉ်းစားဆုံးဖြတ် ရတော့မည်။

အစိုးရအနေဖြင့် NLD ကို အမြန်ဆုံး မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်စေချင်သည့် ဆန္ဒရှိပုံပေါ်သည်။ သို့မှသာ အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးနှင့် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းရေး ကြိုးပမ်းမှုများအတွက် မျက်နှာပန်းလှမည် ဖြစ်သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်က ချိန်ဆနေပုံရသည်။ အဘယ်ကြောင့် ဆိုသော် ယခုထက်ထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အတည် မဖြစ်သေးသကဲ့သို့ နိုင်ငံရေးအကျဉ်းသားများလည်း မလွတ်သေးပေ။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော နေရာ ၅၀ ခန့်ရှိသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေ လျှင်ပင် NLD အနေဖြင့် အဆင်သင့်ဖြစ်နိုင်၊ မဖြစ်နိုင်ကို ပါတီတွင်းနှင့် မဟာမိတ်ပါတီများအကြား ဆွေးနွေးနိုင်ဖွယ် ရှိသည်။

နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်ချုပ်ချယ် ခံထားရသည့် ပါတီအား ပြန်လည်ထူထောင်ရန် အချိန်တခု လိုအပ်မည်ဆိုလျှင်လည်း အံ့သြစရာမရှိပေ။

နောက်တချက်မှာ လစ်လပ်နေသည့် နေရာ ၅၀ စလုံး NLD က အနိုင်ရသည် ဆိုလျှင်ပင် လွှတ်တော်အတွင်း ဥပဒေပြုနိုင်သည့် အရေအတွက် မဟုတ်သောကြောင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရည်မှန်းချက် ထားမည်ဆိုလျှင်လည်း လက်ခံနိုင်စရာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ခိုင်မာသည့် ခြေလှမ်းကို မြန်မာအစိုးရနှင့် အဓိက အတိုက်အခံ ပါတီတို့ နှစ်ဘက်စလုံး လှမ်းကြရတော့မည်မှာ ရှောင်လွှဲမရသည့် ကိစ္စဖြစ်သည်။

ထိုခြေလှမ်းကို နှစ်ဘက်စလုံးက မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်မာမာ လှမ်းတက်မည် ဆိုလျှင် တိုင်းပြည်အတွက် ကောင်းမွန်သော အလားအလာကို မြင်တွေ့ကြရမည်ဟု ဧရာဝတီက ယူဆသည်။

ထိုသို့မဟုတ်ဘဲ အချိန်ဆွဲ လေးဖင့်နေမည် ဆိုပါက နှစ်ဦးနှစ်ဘက် သံသယများသာ ပြန်လည်ဦးမော့လာပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုသည့် ပန်းတိုင်နှင့် ဝေးနေဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
http://burma.irrawaddy.org/?p=1772

Sunday, October 30, 2011

ရန်ကုန်မြို့ မြို့တော်ခန်းမဘေးရှိ လက်ပစ်ဗုံးနှစ်လုံး

ရန်ကုန်မြို့ မြို့တော်ခန်းမဘေးရှိ ကားမှတ်တိုင်တွင် အောက်တိုဘာလ ၃၀ ရက်နေ့ (ယနေ့ည) ၇ နာရီ ဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ပြင်းထန်မှု မရှိကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုအပြီးတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်စဉ် ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်မှ လက်ပစ်ဗုံးနှစ်ဗုံးကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော မျက်မြင်သက်သေ ခရီးသွားအမျိုးသားတစ်ဦးက The Voice Weekly သို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။

နောက်ဆုံးရရှိသော သတင်းများအရ အဆိုပါ ပေါက်ကွဲမှုမှာ ပြင်းထန်မှု မရှိဘဲ ပေါက်ကွဲသံမှာလည်း မီးခံကြိုး (Fuse) ပြတ်သည့် အသံမျိုးသာ ကြားလိုက်ရကြောင်း၊ ယခုအခါ အဆိုပါပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ အနီးအနားတစ်ဝိုက်နှင့် ဆူးလေအဝိုင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထူထပ်စွာ ချထားပြီး မြို့တွင်း ခရီးသည်တင် မော်တော်ယာဉ်များ အပါအဝင် မည်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း၊ နောက်ဆက်တွဲ လက်ပစ်ဗုံးနှစ်လုံး ထပ်မံတွေ့ရှိသည့်သတင်းမှာ အတည်မပြုနိုင်သေးကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသော ဗုံးနှစ်လုံးအနက် ပထမအလုံးကို ည ၇ နာရီ ၂ မိနစ်တွင် လည်းကောင်း၊ ဒုတိယအလုံးကို ည ၉ နာရီ ၄ မိနစ်တွင်လည်းကောင်း အန္တရာယ်ကင်းရှင်းစွာ ဖောက်ခွဲဖျက်ဆီး ရှင်းလင်းနိုင်ခဲ့သည်။
The Voice Weekly







၁၉၈၉ခုနှစ်က သံလျင်ရေနံချက်စက်ရုံး ဗုံးဖောက်ခွဲမှုဖြင့် အစွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရတဲ့ တောင်ငူထောင်မှ ကိုညီညီဦး

Burma VJ Media Network


ဦးဟန်ယောင်ဝေနှင့်သူ့သမီးအောက်တိုဘာ ၂၈ ရက်နေ့ မနက်ကပြန်လည်ထွက်ခွာ

Burma VJ Media Network

အောက်တိုဘာ ၂၀ ရက်နေ့ ညနေက Air Asia Flight နဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှုးအဖြစ် ယာယီတာဝန်ယူထားတဲ့ ဦးဟန်ယောင်ဝေနှင့် သူ့သမီးတို့နှစ်ဦး အောက်တိုဘာ ၂၈ ရက်နေ့ မနက် Air Asia Flight FD3771 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားစဉ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတာလီ ဂါဝါဟာ မနေ့ညနေ ၇ နာရီက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ

Burma VJ Media Network

မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ် အလည်အပက်ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတာလီ ဂါဝါဟာ မနေ့ညနေ ၇ နာရီက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ၂၀၁၄ ခုနှစ်မှာ မြန်မာအစိုးရသစ်ရဲ့ အာစီယံ ဥက္ကဌ အဖြစ် ထမ်းဆောင်ခွင့်ရရေး ကြိုးပမ်းမှုတွေကိုနားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသွားခဲ့တယ်လို့သိရပါတယ်။
နာတာလီဂါဝါအနေနဲ့ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အပြုသဘောဆောင်ပြီး အရေးပါတဲ့ လုပ်ငန်းစဉ်တွေ ကို ဆောင်ရွက်နေတာတွေကို မြင်တွေ့ခဲ့ရကြောင်းနဲ့ လက်ရှိဖြစ်ထွန်းနေတဲ့အတိုင်း ဆက်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံအပြီး ည ၉ နာရီ ခွဲ ဆီဒိုးနားဟော်တယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားခဲ့ပါတယ်။
နာတာလီ ဂါဝါဟာ သူ့ရဲ့ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် အပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အခြားလူပုဂ္ဂိုလ်အဖွဲ့အစည်း တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
နာတာလီ ဂါဝါအနေနဲ့ ဒီခရီးစဉ်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အင်ဒိုနီးရှားသမ္မတ အပါအ၀င် အခြား အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကိုလည်း ပြန်လည်မျှဝေသွားမှာဖြစ်သလို နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပ ပြုလုပ်မယ့် (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပဲမှာ တင်ပြသွားမယ်လို့သိရပါတယ်ခင်ဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်

Burma VJ Media Network

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ အောက်တိုဘာ ၃၀ ရက် ဒီကနေ့ နေ့လယ် ၁း၀၀ ကနေ ၁း၅၅ အထိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ စတုတ္ထ အကြိမ်မြောက် တွေ့ဆုံခဲ့ကြပါတယ်။
နိုင်ငံတော်က လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေ၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနှင့် လွတ်လပ်စွာ ငွေကြေး လည်ပတ် သုံးစွဲခွင့်ရရှိရေး၏ အရေးကြီးမှုနှင့် ပတ်သတ်၍ အမြင်ချင်း ညီညီညွတ်ညွတ် ဖလှယ်ခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်က ဆောင်ရွက်နေမှုများ၊ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများ ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်

သရက်မြို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာတဲ့ ဆရာတော် ဘဒ္ဒန္တ ဦးကောဝိဒရဲ့ သိက္ခာတော်ထပ် အလှူတော်မင်္ဂလာ အခမ်းအနား

Burma VJ Media Network

သရက်မြို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာတဲ့ ဆရာတော် ဘဒ္ဒန္တ ဦးကောဝိဒရဲ့ သိက္ခာတော်ထပ် အလှူတော်မင်္ဂလာ အခမ်းအနားကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က တက္ကသီလာ မဟာဇေယျာ သိဒ္ဓိပဌာန်း ကျောင်းတိုက်မှာ ဒီကနေ့မနက် ၉ နာရီက ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။
ဒီအလှူပွဲကို ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် သံလွင်လမ်းက ရဟန်း မယ်တော်ကြီး ဒေါ်ခင်ရီနဲ့ ဒေါ်ဝင်းကြည် မိသားစုတို့က ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီအခမ်းအနားကို အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် ဦးဝင်တင် နဲ့ အန်အယ်ဒီ လူမှုအထောက်ကူပြုအဖွဲ့မှ လူငယ်တာဝန်ခံ မဖြူဖြူသင်းတို့အပြင် နိုင်ငံရေးနယ်ပယ်က သူအတော်များများလည်း တက်ရောက်လာခဲ့ကြပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရဲ့ သံဃနာယက ဥက္ကဌဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘဒ္ဒန္တ ဦးကောဝိဒဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့ ဇာတိသားဖြစ်ပါတယ်။
ဆရာတော် ဦးကောဝိဒဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် စစ်အစိုးရက သူ့ကို ထောင်ဒဏ် ၄ နှစ် နဲ့ ၃ လ ချမှတ်ခဲ့တာပါ။
အခုလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာတယ် ဆိုပေမယ့် သူဟာ ထောင်ထဲမှာ ထောင်ဒဏ် ၄ နှစ်နဲ့ ၁လ နေခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျာ။

BURMA NIGHT AT TORONTO'S DIASPORA FESTIVAL!!

Burmese Night at the 11th International Diaspora Film Festival

Saturday November 5th 2011 @ 7pm

In celebration of the first anniversary of the release of Aung San Suu Kyi, the Nobel Laureate leader of Burmese people for democracy, IDFF presents two North American screen debuts:, Lady of No Fear and Burmese Dreaming. This event is hosted by award winning author Karen Connelly, creator of two bestsellers “Lizard Cage” and “Burmese Lessons, A Love Story”. Canadian Campaign for Free (www.cc4fb.org) core members are actively participating in organizing the event.

Place: Innis Town Hall, Toronto, Ontario

Address: 2 Sussex (St. George & Sussex intersection; 1 block south of Bloor,

St. George subway station)



Time: 7 pm

Admission: $10.00

To reserve tickets please email info@diasporafilmfest.com (prefer)

416-571-2150



Full film descriptions and schedule available on IDEF website www.diasporafilmfest.com

7 pm. “AUNG SAN SUU KYI: LADY OF NO FEAR”

First Canadian screening of Danish director Anne Gyrithe Bonne’s acclaimed documentary and 2011 nominee for the prestigious Cinema for Peace Award in Berlin.

The film charts Aung San Suu Kyi’s love story with Michael Aris; her unforgettable journey from Oxford housewife to political leader, international heroine and Nobel Laureate. Friends and relatives speak intimately about ASSK- the woman, friend, wife and mother faced with the heartrending choice between country and family. 58 minutes

8 pm. Burma Talk: hosted by award winning author Karen Connelly

8:30 pm. “BURMESE DREAMING” the story of Burma through the eyes of a Karen child living in a refugee camp

A creative non-fiction documentary by Australian filmmaker and writer Timothy Syrota. Syrota uses a unique combination of film, art, photography, music and social and political commentary to tell the story of Burma through the eyes of a Karen child living in a refugee camp on the Thai-Burma border. Based on a true circumstance, Say Say La reflects on her life through a series of dreams and poetic flashbacks. The film alternates between scenes from the refugee camp and scenes from her childhood, before the Burmese military killed her father and kidnapped her at age five.

Syrota is known for his bestseller Welcome To Burma and Enjoy the Totalitarian Experience. 48 minutes

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၄ ကြိမ်မြောက် တွေ့ဆုံအပြီး သတင်းထုတ်ပြန်ချက်





REE ရှားပါးတွင်းထွက်များ

by Lu Cifer on Sunday, October 30, 2011 at 4:33am

ဓာတ်ပုံ AP
Редкоземельные минералы

၂၀၁၀ထဲမှာ ထူးထူးခြားခြားပဲ Rare Earth Elements ဒါမှမဟုတ် Rare Earth Minerals လို့ခေါ်တဲ့  ရှားပါးတွင်းထွက် သတ္တုတွေကို လူတွေ စိတ်ဝင်တစားဖြစ်လာခဲ့ကြပါတယ်။ ဒါကလည်း ဒီတွင်းထွက်တွေကို အဓိကထုတ်လုပ်ပြီး ကမ္ဘာ့တင်ပို့မှု အားလုံးရဲ့ ၉၇%လောက်ကို နေရာယူထားတဲ့ တရုတ်နိုင်ငံက မကြာခင်နှစ်တွေ အတွင်းမှာ သူ့ရဲ့ တင်ပို့မှုကို  လျှော့ချတာ တွေနဲ့ အတူ နိုင်ငံရေး ကစားတာတွေပါလုပ်လာခဲ့တာမို့  ဂျပန်နိုင်ငံလို REE ၆၀%လောက်ကို တရုတ်ဆီက ပုံမှန်ရယူ သုံးစွဲနေရသူတွေအဖို့ အခက်တွေ့ လာကြပါတယ်။


Earth removing works at Irrawaddy Dam Project

နောက်ဆုံးပေါ် smart phone ကအစ hybrid ကားကနေ  ဒုံးပျံအထိ ကနေ့ခေတ်ရဲ့  လူနေမှုဘ၀အတွက် အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်တဲ့  ပစ္စည်းတွေမှန်သမျှ ဟာ ဒီREE တွေကိုမှီခိုနေရပါတယ်။ ဒါ့ကြောင့် စက်မှုဖွံ့ ဖြိုးတဲ့ ဂျပန်တို့ တောင်ကိုရီးယားတို့ဟာ ကမ္ဘာတလွှား REE ရှာပုံတော်ဖွင့်လာကြပြီး  မြန်မာနိုင်ငံမှာတော့  တောင်ကိုရီးယားက ဒီဇင်ဘာလမှာပဲ ရှားပါးသတ္တုရှာဖွေဖို့ လုပ်လာခဲ့ပါတယ်။

အမေရိကန်ဘူမိဗေဒ လေ့လာစူးစမ်းရေး USGS အဖွဲ့ရဲ့ သတ်မှတ်ချက်အရဆိုရင် ဒီရှားပါးသတ္တု REEတွေဟာ Lanthanide လို့ခေါ်တဲ့  အုပ်စုထဲမှာရှိပြီး  Periodic Table လို့ခေါ်တဲ့ ဒြပ်တွေကို သူတို့ အက်တမ်အလေးဆ အတိုင်းစီထားတဲ့ ဇယားထဲက နံပါတ် ၅၇ ကနေ ၇၁ အတွင်းမှာရှိ နေပါတယ်။ ဒါ့အပြင် တူညီတဲ့ ဂုဏ်သတ္တိတွေရှိတဲ့ နံပါတ် ၂၁ဖြစ်တဲ့ Scandium နဲ့ နံပါတ် ၃၉ ဖြစ်တဲ့  Yittrium တို့ကိုလည်း Lanthanide အုပ်စုထဲမှာ ထည့်သွင်းထားပါတယ်။

ဒီရှားပါး REE သတ္တုတွေကို ပေါ့တဲ့ အုပ်စုနဲ့ လေးတဲ့အုပ်စုအဖြစ် ခွဲခြားနိုင်ပြီး အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာ သုံးစွဲလေ့ရှိတဲ့ နံပါတ် ၃၉ Yittrium နဲ့ နံပါတ် ၆၄ ကနေ ၇၁ အတွင်းမှာရှိတဲ့  လေးတဲ့ ရှားပါးဒြပ်စင်တွေဟာ ပေါ့တဲ့ ဒြပ်စင်တွေလောက် များများစားစား တွေ့ရလေ့ မရှိပါဘူး။

ရှားပါးသတ္တုလို့ နံမယ်ပေးထားပေမယ့်  တကယ်ဆိုရင်သူတို့ကို ကမ္ဘာမြေပေါ်မှာ နေရာအနှံ့ တွေ့ရတတ် ပါတယ်။ ဒါပေမယ့် တသန်းပုံပုံရင် ဆယ်ဂဏန်း ကနေ ရာဂဏန်းလောက်ပဲ အများဆုံးပါဝင်တတ်တာမို့ သူတို့ကို ထုတ်လုပ်ဖို့ ကိစ္စဟာ စီးပွါးရေးအရ တွက်ခြေသိပ်ကိုက်လေ့ မရှိပါဘူး။


Earth removing works at Irrawaddy Dam Project

ရှားပါးသတ္တုတွေ အတော်များများမှာ  Yitrium ပါဝင်လေ့ရှိပြီး  သူတို့ကို အယ်ကာလီကြွယ် တိုးဝင်မီးသင့်ကျောက်တွေ၊ ကာဗွန်နိတ်တွင်းထွက် ၅၀%ကျော် ပါဝင်လေ့ရှိတဲ့ ကာဗွန်နတိုက် တိုးဝင်မီးသင့်ကျောက်တွေနဲ့  အများဆုံးတွဲတွေ့ရလေ့ရှိပါတယ်။   မြန်မာနိုင်ငံမှာတော့ မိုးကုတ်ပတ်ဝန်းကျင် ဒေသ မိုးမိတ်ပတ်ဝန်းကျင်ဒေသတွေမှာ တွေ့နိုင် မယ့်အလားအလာရှိတယ်လို့  ဘူမိဗေဒပညာရှင် တွေကပြောပါတယ်။

ရှားပါးသတ္တုတွေက လူတွေကို တိုက်ရိုက် အန္တရာယ်ပေးတာမျိုး သိပ်မရှိပေမယ့် သူတို့ကိုထုတ်လုပ်ရာမှာ ရလာတဲ့ စွန့်ပစ်ပစ္စည်းတွေမှာ အန္တရာယ်ရှိတဲ့ ရေဒီယိုသတ္တိကြွ ဓါတ်တွေ ပါဝင်နေတတ်တာမို့ ပတ်ဝန်းကျင် လေထု ရေထုထဲရောက်မသွားစေဖို့  သိပ်ကို သတိထားဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့်  သတ္တုတူးဖေါ်မယ့် ကုမ္ပဏီတွေအနေနဲ့   သဘာဝပတ်ဝန်းကျင်အတွက် ဘယ်အတိုင်းအတာထိ ထိခိုက်နိုင်မယ်ဆိုတာကို တွက်ချက်တဲ့  Environmental Impact Accessment ကို နိုင်ငံတကာ စံနှုံးတွေအတို်င်းလုပ်ဆောင်စေဖို့  နိုင်ငံတော်အစိုးရက တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန် သတ်မှတ်ပေးသင့် ပါတယ်။

VOA
သောကြာ, 28 ဇန်နဝါရီ 2011
http://www.voanews.com/burmese/news/science-technology/REE--114839324.html

(ဧရာဝတီမြစ်ဆုံ ရေကာတာ Projects များနဲ့အတူ အရေးကြီးတဲ့ စဉ်းစားစရာ issue တခုမို့ Note အဖြစ် တင်ပေးလိုက်ပါတယ်။)

BBC's ploblem article





BBC News Asia-Pacific
Bleak outlook for Burma's ethnic groups

A Mon girl attends a ceremony in Mawlamyaing village near the Burma-Thai border on 28 August 2007  
Many ethnic groups fear life will be worse, not better, after the polls

Few expect that Burma's elections on 7 November - the country's first in 20 years - will do much more than than secure the military's grip on power.
But there is growing concern that the junta will use the polls to strengthen control over the country's ethnic minorities.
The groups make up 40% of Burma's population. They have been demanding - without success - greater regional autonomy from the majority Burman-led central government since independence from Britain in 1948.
Many have suffered persecution at the hands of the government, with widespread reports of forced labour, torture, village destruction and executions.
Some have reached ceasefire agreements with the authorities, but others are engaged in conflict with Burmese troops.
Tomas Ojea Quintana, the UN's Special Rapporteur for Burma, says the government should be investigated for possible crimes against humanity over its treatment of ethnic minorities.
He also says it must engage in "meaningful dialogue" with them if the elections are to be credible.
Failure to do so, others warn, could lead to an escalation of conflict. But the generals in Nay Pyi Taw do not appear to be listening.

Karenni Kachin Chin Wa Rohingya Shan Karen Mon Rakhine Map showing Burma ethnic diversity
'Strange constitution'
Hundreds of thousands of ethnic voters will be unable to take part in the polls, either because they have been displaced or because in areas deemed too volatile, polling will not take place at all.
Some of the groups are boycotting the polls, echoing the stance of the now-defunct main opposition group, the National League for Democracy (NLD).
The Arakan Rohingya National Organisation (Arno), representing one of Burma's most persecuted minorities, said no credible election could be held under the "strange and undemocratic constitution".

But some 35 ethnic minority parties have nonetheless been approved to run.
Critics say many are little more than proxy parties for the military - the only party representing the Kachin minority in Kachin state, for example, is the Unity and Democracy Party of Kachin State (UDPKS), formed by members of the mass junta-support organisation, the Union Solidarity and Development Association (USDA).
Those genuine ethnic parties that are running say they are doing so with little optimism but in the hope that participation will, in the long run, bring benefits.
"The government has announced that it will hold free and fair elections and we believe and expect this," Sai Ai Pao, leader of the Shan Nationalities Democratic Party (SNDP) told AFP news agency.
"I cannot guarantee it will completely happen. We just hope, that's why we are planning to participate," he said.
Other parties say they have no choice but to stand up and attempt to be counted.
"We, ethnic Chin groups that are very poor, must not waste this advantage," Pu No Than Kap, a member of Chin Progressive Party (CPP), told Mizzima news agency.
"It is also certain that the advantage will not be fully granted and the polls will not be free and fair at all. But we should not fail to seize this advantage."
Power centralised The government has, however, cancelled elections entirely in five key ethnic areas.
The security situation in Kachin, Kayah, Kayin, Mon and Shan states was such that the elections could not be "free and fair", it said in September.



In Shan state, some 17,000 villages will not hold polls, nearly 3,000 villages in Kachin state are affected and nearly 50% of Karen state will have no elections, the Alternative Asean Network (Altasean) reports, disenfranchising an estimated 1.5 million voters in ethnic areas.
Who votes and who does not may in the end have little relevance.
Even if representatives of ethnic groups do secure seats in parliament, they would be far short of the numbers needed to effect legislative or constitutional change.
Moreover, the national government can overrule state-level decisions and the president retains the power to appoint the most senior posts in each state.


It can also declare a state of emergency in any areas where "national solidarity" is deemed to be at risk.
This, say critics, will be used as an excuse to crush ethnic groups whose fighters have not put down their arms.
These armies, many of which have been fighting the government on and off for 60 years, are coming under intense - sometimes brutal - pressure from the government to transform themselves into a single Border Guards Force, under central control.
But the armies say they play a vital role in protecting civilians. They anticipate a major military crackdown after the election.
One member of the Mon National Democratic Front (MNDF) told the BBC earlier this year: "Not only will the election not help in solving all the problems but also it will be the start of more problems.
"This election can be the beginning of the greater revolution I'm afraid. I don't want more violence in Myanmar (Burma)."
Even before the polls took place, there were reports of a major armed stand-off between Burmese troops and the popular Kachin Independence Organisation (KIO).
In preparation for conflict, several armies are forming alliances - promising their support if one is attacked. There are suggestions that such a united front could ultimately strengthen the ethnic cause.
"We now have no real option but to unite, politically and militarily," AFP quoted Kachin spokesman Lahpai Nawdin as saying.
Death sentence Whether or not violence breaks out, many believe Burma's ethnic groups will suffer further post-election.

Volunteers in Shan ethnic dress take part in a voting demonstration in Nay Pyi Taw, Burma (18 Oct 2010)  
Many Burmese voters across the country will be casting their ballots for the first time
Zipporah Sein, general secretary of the Karen National Union (KNU) said the constitution that paved the way for the polls set in place "a death sentence for ethnic diversity in Burma".
"We will be given no right to practice our custom, to speak and teach our languages," Ms Sein told the Irrawaddy newspaper.
"The process of Burmanisation that has already been going on for decades will be accelerated."
Aid agencies and opposition groups agree that unless the needs of Burma's ethnic minorities are addressed and they are fairly represented, there can be no progress in the country.
Mark Farmaner of UK-based charity Burma Campaign, describes failure to grant ethnic groups greater autonomy as "the root cause of the instability in Burma".
"These elections don't come close to addressing that," he said. "In fact, they are a step in the opposition direction."
UPDATE 28 October 2011: The map in this article was temporarily removed on 27 October 2011 to make some changes. It has now been replaced with an updated version which includes a section on the Rakhine people.

http://www.bbc.co.uk/news/world-asia-pacific-11595983

Indonesia Foreign Minister meets Aung San Suu Kyi (Q&A)

ရန်ကုန်မြို့တော်ခန်းမတွင် ယနေ့ည အောက်တိုဘာလ ၃၀ ရက်နေ့ည ၇ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွား

ရန်ကုန်မြို့ မြို့တော်ခန်းမဘေးရှိ ကားမှတ်တိုင်တွင် အောက်တိုဘာလ ၃၀ ရက်နေ့ (ယနေ့ည) ၇ နာရီ ဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ပြင်းထန်မှု မရှိကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုအပြီးတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်စဉ် ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်မှ လက်ပစ်ဗုံးနှစ်ဗုံးကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော မျက်မြင်သက်သေ ခရီးသွားအမျိုးသားတစ်ဦးက The Voice Weekly သို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။

နောက်ဆုံးရရှိသော သတင်းများအရ အဆိုပါ ပေါက်ကွဲမှုမှာ ပြင်းထန်မှု မရှိဘဲ ပေါက်ကွဲသံမှာလည်း မီးခံကြိုး (Fuse) ပြတ်သည့် အသံမျိုးသာ ကြားလိုက်ရကြောင်း၊ ယခုအခါ အဆိုပါပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ အနီးအနားတစ်ဝိုက်နှင့် ဆူးလေအဝိုင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထူထပ်စွာ ချထားပြီး မြို့တွင်း ခရီးသည်တင် မော်တော်ယာဉ်များ အပါအဝင် မည်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း၊ နောက်ဆက်တွဲ လက်ပစ်ဗုံးနှစ်လုံး ထပ်မံတွေ့ရှိသည့်သတင်းမှာ အတည်မပြုနိုင်သေးကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly

နေရာတကာ သတင်းဂျာနယ်

http://www.scribd.com/doc/70888667/swanarrmyaint
swanarrmyaint

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ်တွေ့ဆုံ




ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ်တွေ့ဆုံ

မျိုးသိဏ်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၈ မိနစ်

(မဇ္ဈိမ) ။   ။ အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက်တွေဆုံမှုအဖြစ်
 ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့ ယနေ့မွန်းလွဲပိုင်းက စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ရာ စီးပွားရေး၊ ငွေကြေးကိစ္စ၊ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအပြီး ရန်ကုန်မြို့စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ အတွင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ကို အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအပြီး ရန်ကုန်မြို့စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ အတွင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ကို အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဦးအောင်ကြည် ဖတ်ကြားသည့် နှစ်ဘက်ပူးပေါင်းထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်နှင့် သတင်းထောက်များ၏ မေးမြန်းချက်များနှင့် ပြန်လည် ဖြေကြားချက်များကို မဇ္ဈိမ စာဖတ်သူများကို တင်ပြလိုက်ပါသည်။


ဝန်ကြီး ဦးအောင်ကြည် - “ကျနော့်အနေနဲ့ သတင်းထုတ်ပြန်ချက်ကို ဦးစွာဖတ်ပြပါမယ်။”

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ်ေ အာက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၁၃း၀၀ နာရီမှ ၁၃း၅၅ နာရီအထိ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ယခင်ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ၊ တိုင်းပြည်စီးပွားရေး ဖွံဖြိုးတိုးတက် လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်ရရှိရေးနှင့် လွတ်လပ်စွာ ငွေကြေးလည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၏ အရေးကြီးမှုနှင့် ပတ်သတ်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ၊ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်။”

ဒီလောက်ပါပဲ။

မေး - ဦးအောင်လှထွန်း (ရိုက်တာ) ။      ။ မမစုကို မေးချင်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နည်းနည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးတာ၊ အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့်ပေးတယ်၊ ဆန္ဒပြခွင့်ပေးတယ်၊ နောက်ဆုံးကတော့ ပါတီမှတ်ပုံတင်ဥပဒေပေါ့။ ဒီဥစ္စာတွေက အန်အယ်လ်ဒီပါတီ ပြန်လည်မှတ်ပုံတင်ဖို့အတွက် လုံလောက်တဲ့ လိုအပ်ချက်များ ဖြစ်ပါသလား။

 ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ ကိစ္စက ဒီဥပဒေအပေါ်မှာ မူတည်ပါတယ်။ ဒီဥပဒေ အတည်ပြု့ပီးတော့ ထွက်လာတဲ့အထိ စောင့်ပြီးမှ ပြောနိုင်မယ့် ကိစ္စ ဖြစ်ပါတယ်။ ကျမတို့ ဒီဥပဒေ ထွက်လာပြီဆိုရင် အစည်းအဝေးခေါ်ရမှာပေါ့။ ကျမတို့ ပါတီစည်းကမ်းအရ အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချရပါလိမ့်မယ်။



မေး - ဦးအောင်လှထွန်း (ရိုက်တာ) ။      ။ ဥပဒေပါအကြောင်း အဓိကသုံးချက်က သိထားပြီးပါပြီ။ အန်အယ်လ်ဒီက ဥပဒေပညာရှင်တချို့လဲ  သိထားပြီးပြီ ထင်ပါတယ်။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျမတို့က တိကျတယ်လေ။ ဥပဒေကို ကြည့်ပြီးမှ ပြောနိုင်မှာပါ။ မကြည့်ရသေးပဲ၊ ကျမ မမြင်ရသေးပဲ မပြောနိုင်ပါဘူး။

မေး - ဦးတင်မောင်အေး (အဆာဟိရှင်ဘွန်း) ။   ။ ကျနော်တို့ဒီမှာ ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာ လေးခါရှိပါပြီ။ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတွေကို အများအားဖြင့် သိရပါတယ်။ အဲ့တာ ဘယ်နေရာတွေမှာ ဘယ်လိုပေါ့နော် နည်းနည်းအသေးစိတ်လေး ပြောလို့ရမယ်ဆိုရင် ပြောပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ဖြေ - ဦးအောင်ကြည် ။ ။ ကျနော်တို့ သြဂတ်စ်တုန်းက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကလေး ရှိပါတယ်။ အဲ့ဒီအထဲမှာ ကျနော်တို့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုလုပ်ငန်းတွေသာမက နိုင်ငံရေး စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ကျနော်တို့ သဘောတူညီထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥစ္စာ တော်တော်လေး ပြည့်စုံလုံလောက်တဲ့ အဖြေဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။

suu-kyi-and-aung-kyi-fourth-meet-2

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကို အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက ရန်ကုန်မြို့စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ သတင်းစာရှင်းလင်းပွဲတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) အစိုးရသစ်လက်ထက် လေးကြိမ်မြောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုတွင် တိုင်းပြည်စီးပွားရေး၊ ငွေကြေးဆိုင်ရာ ကိစ္စများ၊ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် စသည့် အရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။


မေး - ကျော်စွာမင်း (ရန်ကုန်တိုင်းမ်စ်) ။  ။ အခုတွေ့ဆုံဆွေးနွေးမှုမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ NLD ပါတီမှတ်ပုံတင်ဖို့ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်လွှတ်ပေးရေး ကိစ္စ၊ နောက်တခါ အန်တီစုနဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံဖို့အတွက် ဆွေးနွေးဖြစ်ခဲ့တာရော ရှိပါသလားခင်ဗျ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့ ဒီကိစ္စတွေ အားလုံးကို ဆွေးနွေးပါတယ်။ အမြဲတမ်းလဲ ကျမတို့ တွေ့တိုင်းလဲ ဒီကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျမတို့ ပေါင်းဆောင်ရွက်ရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေ မို့လို့ပါ။

မေး - ဒေါ်အေးအေးဝင်း (အေပီ) ။ ။ ငွေရေးကြေးရေးနဲ့ ပတ်သတ်တယ်ဆိုတာ ဘာများလဲဆိုတာ နည်းနည်းလောက် ရှင်းပြပေးပါလား။ IMF နဲ့ ပတ်သတ်လို့ ဆွေးနွေးတာမျိုးလား။

ဖြေ - ဦးအောင်ကြည် ။ ။ ခုန ဒီအထဲမှာ ကျနော်တို့ ပါသွားပြီးပါပြီ။ တော်တော်လေး ပြည့်ပြည့်စုံစုံလဲ ပါသွားပြီးပါပြီ။ သေသေချာချာလေး ဖတ်ကြည့်ရင် ခင်ဗျားတို့ တွေ့မှာပါ။ ငွေကြေးလည်ပတ်သုံးစွဲရေးနဲ့ ပတ်သတ်ပြီး အရေးကြီးမှုဆိုတာကတော့ အများကြီးပါပါတယ်။

မေး (သတင်းထောက်တဦး) - နိုင်ငံရေး အကျဉ်းသားများ ဆက်လွှတ်ဖို့ ရှိပါသေးလားခင်ဗျ။ မကြာခင်ပေါ့။

ဖြေ - ဦးအောင်ကြည် ။ ။ လုပ်ငန်းစဉ် တရပ်ကို လုပ်တဲ့ အခါမှ ကျနော်တို့ တလှမ်းပီး တလှမ်း ဆောင်ရွက်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဒါ အားလုံးလဲသိတဲ့အတိုင်းပါပဲ။ ကျနော်တို့က စုံလဲ မခုန်ပါဘူး။ ရပ်လဲ မနေပါဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်။

http://www.mizzimaburmese.com/news/inside-burma/8562-2011-10-30-11-55-49.html


Sunday, October 30, 2011
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လေးကြိမ်မြောက်တွေ့ဆုံ





ပြည်ထောင်စုသမ်္မတ မြန်မာနိုင်တော်အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တို့သည် စိမ်းလဲကန်သာ အစိုးရ ဧည့်ဂေဟာတွင်
အောင်တို့ဘာ ၃၀ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် မွန်းလွဲတစ်နာရီမှ
၁နာရီ ၅၅ ထိ တွေဆုံခဲ့သည်။ယင်းသို့တွေ့ဆုံရာတွင် ယခင်ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်ညီဆောင်ရွက်ပြီး လုပ်ပေးနေသည့်အခြေအနေ၊ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်ရရှိရေး နှင့် လွတ်လပ်စွာငွေကြေး လည်ပတ်သုံးစွဲခွင့် ရရှိရေး တို့ အရေးကြီးမှုနှင့်ပတ်သက်ပြီး အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ တိုးတက်ဖွံ့ဖြိုးမှုအခြေအနေ
များနင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကိစ္စကိုလည်းဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှု
များကို ဆက်လက် ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်။

ဦးအောင်လှထွန်း(ရိုက်တာသတင်းဌာန)

ဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်ပါတယ်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ နှစ်ဦးသဘောဆောင်ရွက်တိုးတက်မှုတွေကို မကြာသေး
ခင်က သိရှိခဲ့ရပါတယ်။ ဥပမာပြောရရင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးတာ၊ လေဘာယူနီယံ
ကို မှတ်ပုံတင် ထိုးပေးတာ၊ ဆန္ဒပြခွင့်ပေးတယ်၊ နောက်ဆုံးကတော့ နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးတာ  ဒါတွေက ပါတီမှတ်ပုံတင်ဖို့ လုံလောက်တဲ့ လိုအပ်ချက်များရှိပါသေးလား။

ဒေါ်အောင်ဆန်းစုကြည်-  ကျမတို့ကဒီ ပါတီမှတ်ပုံတင်ရေးကိစ္စဟာ ဥပဒေပေါ်မူတည်ပါတယ်။ ဒီဥပဒေအတည်ပြုပြီး ထွက်လာတဲ့ အထိစောင့်ပြီးမှ ပြောနိုင်မယ့် ကိစ္စဖြစ်ပါတယ်။ ကျမတို့က ဥပဒေကအထက်မှာ မရှိဘူးဆိုရင် အစည်းအဝေးခေါ်ရမယ်။ ပါတီရဲ့အစည်းအဝေး ဆုံးဖြတ်
ချက်ကို ယူကြမယ်။ ကျမတို့က တိကျတယ်လေ။ ဥပဒေကို မကြည့်ရ သေးဘူး။ကျမ မမြင်ရသေးလို့မပြောသေးတာပါ။

ဦးတင်မောင်အေး(အစာအိရှင်ဘွန်း)

ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့တာလေးကြိမ်ရှိပြီလို့သိရပါတယ်။ အဲတော့ ပူပေါင်းဆောင်ရွက်မယ်ဆိုတာ တွေကို အများအားဖြင့်သိရပါတယ်။  ဘယ်အရာတွေမှာ
ဘယ်လိုပေါ့ အသေးစိတ်ပြောလို့ရတာရှိပါသလား။ ပြောလို့ ရရင် ပြောပေးပါ။
ဦးအောင်ကြည်- ကျွန်တော်တို့ သြဂုတ်လတုန်းက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်လေး
ရှိပါတယ်။ အဲထဲမှာ ကျွန်တော် တို့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုလုပ်ငန်းစဉ်သာမက
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ပူပေါင်း ဆောင်ရွက် ကြမယ်လို့ ကျွန်တော်တို့သဘောတူညီထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ တော်တော်လေး ပြည့်စုံ လုံလောက်
တဲ့ အဖြေဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

ဦးကျော်စွာမင်း( ရန်ကုန်တိုင်းဂျာနယ်)
ဦးအောင်လှထွန်းမေးတဲ့မေးခွန်း နောက်ဆက်တွဲမေးခွန်းလေးပါ။တွေ့ဆုံမေးမြန်းမှုမှာ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပါတီမှတ်ပုံတင်ဖို့ကိစ္စအတွက်ရယ်။ နောက်ကနိုင်ငံရေးအကျဉ်းသာေးတွဆက်လက်လွှတ်ပေးရေးကိစ္စ နောက်တစ်ခါ အန်တီစုအနေနဲ့ နိုင်ငံတော်သမတကြီးနဲ့တွေ့ဆုံဖို့ကိစ္စတွေ ဆွေးနွေးခဲ့တာများရှိပါ
သလား။

ကျမတို့ ဒီကိစ္စတွေကို အားလုံးခြုံပြီးရှင်းလင်းပါတယ်။ အမြဲပဲတိုင်းပြည်ကိစ္စတွေကိုဆွေး
နွေးရှင်းလင်းပါတယ်။  ။ ပူပေါင်းဆောက်ရွက်တဲ့ကိစ္စ၊ ဆက်လုပ်နေတဲ့ကိစ္စတွေ စကားပြော
ပါတယ်။

နိုင်ငံရေးအကျဉ်းသားများဆက်လွှတ်ဖို့ရှိပါသေးလား။ကျွန်တော်တို့က လုပ်ငန်းစဉ်တစ်
ရပ်ကိုလုပ်တဲ့အခါမှာ ကျွန်တော်တို့တစ်လှမ်းပြီးတစ်လှမ်းဆောင်ရွက်တက်တဲ့
သဘာဝရှိပါတယ်။ အားလုံးလဲ သိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့စုံလဲမခုန်ဘူး၊ ရပ်လဲရပ်
အနေပါဘူး။ အားလုံးကျေးဇူးတင်ပါတယ်။

ဇော်တူး

http://luthuorthan.blogspot.com/2011/10/blog-post_1405.html


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်ပြီးလျှင် NLD ပါတီ မှတ်ပုံတင်ရေး စဉ်းစားမည် ဟုဆို
by The Voice Weekly on Sunday, October 30, 2011 at 6:13am

ရန်ကုန် အောက်တိုဘာ ၃၀

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင် အတည်ပြုပြီးလျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထပ်မံ မှတ်ပုံတင်ရေး ကိစ္စကို ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အရပ်သားအစိုးရသစ် လက်ထက်တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက တစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့သော တွေ့ဆုံမှုအပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က " ကျွန်မတို့ ဒီ NLD ပါတီ ပြန်ပြီးတော့ မှတ်ပုံတင်ရေး ကိစ္စဟာ ဥပဒေပေါ်မှာ တည်ပါတယ်။ အဲဒီတော့ ဒီဥပဒေ အတည်ပြုပြီး ထွက်လာတဲ့အထိ ကျွန်မတို့ စောင့်ပြီးမှ ပြောနိုင်မဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေ ထွက်လာပြီဆိုရင် ပါတီ စည်းမျဉ်း စည်းကမ်းအရ အစည်းအဝေး ခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ်။ ကျွန်မတို့က တိကျတယ်လေ။ ဥပဒေကို ကြည့်ပြီးမှ ပြောတယ်။ မကြည့်ရသေးလို့၊ ကျွန်မမမြင်ရသေးလို့ မပြောသေးတာပါ" ဟု ပြောဆိုခဲ့သည်။

၂၀၁၀ ပြည့်နှစ် မတ်လဆန်းတွင် ယခင်အစိုးရက ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်အချို့ကို ပြင်ဆင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တစ်ဦးက အမျိုးသား လွှတ်တော်သို့ အဆိုပြုချက် တင်သွင်းခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လာနိုင်စေရန် ဖြေလျှော့မှု တစ်ခု ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု ယူဆကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။




Saturday, October 29, 2011

ရိုဟင်ဂျာပြဿနာနှင့် မြန်မာ့နိုင်ငံရေး


by Save Irrawaddy on Saturday, October 29, 2011 at 1:41pm
ယခုတလော အင်တာနက်စာမျက်နှာများတွင် ပြည်ပအသံလွှင့်အဖွဲ့အစည်းဖြစ်သည့် ဘီဘီစီမှ ရိုဟင်ဂျာလူမျိုးများကို ရခိုင်ပြည်နယ်တွင် နေထိုင်သော လူမျိုးတစ်မျိုးအဖြစ် ပုံဖော်ထုတ်လွှင့်ခဲ့မှုအတွက် ဝိုင်းဝန်းဝေဖန်နေသည့် ပိုစ့်များ၊ ကွန်မန့်များ နေ့စဉ်တွေ့လာရသည်။ မြန်မာ့နိုင်ငံရေး အကြောင်း အငြင်းအခုံမှ ရိုဟင်ဂျာ ပြဿနာဘက်သို့ လှည့်လာကြသည်။ စာရေးသူအနေဖြင့် ရိုဟင်ဂျာ ပြဿနာထက် ထိုနောက်ကွယ်က ဖြစ်ရပ်တွေကို ပိုပြီးစိတ်ဝင်စားသည်။ ရိုဟင်ဂျာ ပြဿနာမှာ မနေ့တနေ့ကမှ ပေါ်လာသည့် ပြဿနာမဟုတ်။ ဦးနေဝင်းလက်ထက်တည်းက ရှိလာသည့် ပြဿနာ၊ အဘယ့် ကြောင့် ယခုမှ အပြင်းအထန် ငြင်းခုံလာရသနည်း။
အမျိုးသားရေးဆိုသည်မှာ နိုင်ငံရေးတွင် အသုံးချ၍ အကောင်းဆုံးအရာဖြစ်သည်။ အမျိုး၊ဘာသာ၊ သာသနာကို
စောင့်ထိန်းရမည်ဟူသော အစွဲမျိုးက လူမျိုးတိုင်းတွင်ရှိသည်။ ထိုအချက်ကို နိုင်ငံရေးသမားတွေ ကောင်းကောင်း အသုံးချသည်။ ထိုကိစ္စမျိုးကို ပြည်တွင်းရေးမှာ သုံးနိုင်သလို ပြည်ပနှင့် ပတ်သက်သည့် ကိစ္စ တွေမှာလည်း သုံးနိုင်သည်။ ဆိုရလျှင် အာရပ်တွေမှာ နဂိုမူလက သိပ်တည့်ကြသည်မဟုတ်။ ကိုယ့်နိုင်ငံနှင့်ကိုယ် စီးပွားရေးအရ ပြိုင်ဆိုင်နေရသည်။ ထိုအချိန်တွင် အာရပ်-အစ္စရေး ပြဿနာ ပေါ်ပေါက်လာသည်။ နောက်ဆယ်စုနှစ် သုံးခုခန့်အကြာတွင်  အာဖဂန် နစ္စတန်ကို ဆိုဗီယက်တပ်တွေကျူးကျော်လာသည်။ ထိုပြဿနာတွေက အာရပ်အားလုံး အထူးသဖြင့် မွတ်စလင်မ်အားလုံးအတွက် စုစည်းရမည့် အချိန် ရောက်ပြီဟူသော အိုင်ဒီယိုလိုဂျီ အစွဲအလမ်းကို သွတ်သွင်းရာရောက်သည်။ ထိုသို့ဖြင့် ဘာသာရေးကို အခြေခံသည့် အင်အားစုတွေ အာဏာရလာသည်။ အီရန်တွင် အယာတိုလာခါမေနီ အာဏာရလာခြင်းက ထိုအတွေးအခေါ်ကို ရေလောင်းပေါင်းသင်ပေးခဲ့သည်။ ထိုသို့ဖြင့် ယနေ့ အာရပ်ကမ္ဘာသည် ဘာသာရေး အစွန်းရောက်မှုများနှင့် ယင်း၏အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော ဒေါသပေါက်ကွဲမှုများနှင့် ရင်ဆိုင်နေရသည်။ ထိုပြဿနာတွေက အရှေ့ အလယ်ပိုင်းတွင်ပါ မပြီးဘဲ ကမ္ဘာအနှံ့ခြေဆန့်သွား၍ အစ္စလာမ်ဘာသာမှာ အကြမ်းဖက်တံဆိပ် အတပ်ခံရသည်။ ထိုသို့ဖြင့် အစ္စလာမ် ဘာသာဝင် တွေဆိုလျှင် အကြမ်းဖက်တွေအဖြစ်မြင်လာကြသည်။
မြန်မာနိုင်ငံတွင်လည်း ဘာသာရေးကို အသုံးချ၍ နိုင်ငံရေး အမြတ်ထုတ်ခဲ့တာတွေ ရှိသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ကွန်မြူနစ်များ အာဏာရလာပါက သာသနာတော် ညှိုးနွမ်းလိမ့်မည်ဟု အကြောင်းပြ၍ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် ကြိုးပမ်းသည်။ အဓိကမှာ ရွေးကောက်ပွဲတွင် မဲရရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတွေ အားလုံးက သိကြသည်။ တစ်ဖက်မှာလည်း ဘုရားဒါယိကာ ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်တွင် မဲရရှိရန် ရိုဟင်ဂျာတွေကို တရားဝင်ကြောင်း၊ လူမျိုးစုအခွင့်အရေးပေးမည် ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သည်။ ယခုလတ်တလော ပြီးစီးသွားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင်ပင် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက အစ္စလာမ်ဘာသာဝင်တွေကို ဗလီဆောက်ခွင့်ပြုမည်၊ မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ပေးမည်ဟု အပေးအယူဖြင့် ကမ်းလှမ်း၍ အနိုင်ရရှိရန် လုပ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေးကို အမြတ်ထုတ်ခြင်းသည် ယခင်ကလည်းရှိ၊ ယခုလည်း ရှိနေဆဲဟုသာ ဆိုရမည်ဖြစ်သည်။ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သော အစိုးရ ဆိုပါက ၂၀၀၇ သံဃာ့ အရေးအခင်းတွင် သံဃာတွေ အဖမ်းခံရစရာ၊ အသတ်ခံရစရာ အကြောင်းမရှိပေ။ နိုင်ငံရေးနှင့် ဘာသာရေးက ဆန့်ကျင်ဘက် ဖြစ်သည်။ သို့ရာတွင် ဘာသာရေးကိစ္စကား နိုင်ငံရေးတွင် အသုံးတည့်သော လက်နက်တစ်ခုတော့ ဟုတ်နေပြန်သည်။
မကြာသေးမီကာလက မြစ်ဆုံပြဿနာ ရှိခဲ့သည်။ တစ်ဆက်တည်းမှာပင် တရုတ်ကျူးကျော်မှု ပြဿနာကို ပုံကြီးချဲ့ ပြောဆိုလာကြသည်။ တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကြီးထွားလာကြသည်။ ထိုအခြေအနေမျိုးတွင် တရုတ်-မြန်မာအဓိကရုဏ်းက အချိန်မရွေး ထ၍ပေါက်နိုင်သည့် ပူပေါင်း ဖြစ်နေသည်။ တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတကြီး ဦးသိန်းစိန်ကို မြန်မာပြည်ရှိ တရုတ်အမျိုးသားတွေကို ကာကွယ်စောင့်ရှောက်ပါဟု မေတ္တာ ရပ်ခံသည်။ ဒီပလိုမေစီအရမူ တရုတ်တွေကို မထိနှင့်ဟု သတိပေးလိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့်  တရုတ်နှင့် ပြဿနာ အတက်မခံနိုင်။ မြစ်ဆုံပြဿနာကို ဖြေရှင်းပြီးသည့်တိုင် ရခိုင်မှ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို တင်ပို့ရတော့မည်ဖြစ်သည့်အတွက်  ရခိုင်ဒေသခံ တွေနှင့် နောက်ဝင်လာသည့် တရုတ်တွေ ပြဿနာအကြီးအကျယ် တက်နိုင်သည်။ ထို့ကြောင့် တရုတ်တွေနှင့် ပြဿနာမဖြစ်ခင် အငြိုးအတေးတွေ ရှိသည့် ရိုဟင်ဂျာ ပြဿနာကို မြားဦးလှည့်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။ ဘင်္ဂါလီနှင့် ရခိုင်ကား အစဉ်အဆက် တည့်ခဲ့သည်မဟုတ်။ ထို့ကြောင့် နောက်ဝင်လာမည့် တရုတ်အန္တရာယ်ကို အသာထား၊ လတ်တလော ကျောင်းတော်က ရန်စရှိသည့် ဘင်္ဂါလီတွေဘက် မြားဦးလှည့်လာသည်။ ရခိုင်သာမဟုတ် မြန်မာလူထု တစ်ရပ်လုံး ရိုဟင်ဂျာပြဿနာဘက် ပါလာသည်။ ကိုးကွယ်ရာ ဘာသာခြင်း ခြားသဖြင့် ရန်သူလုပ်ရတာ ပိုလွယ်သည်။ တရုတ်ပြဿနာကို ခေတ္တ မေ့သွားကြသည်။
အမျိုးသားရေး အနေဖြင့်ရော သမိုင်းအမြင်အရပါ ကြည့်လျှင် ရိုဟင်ဂျာကို လက်ခံနိုင်စရာမရှိပါ။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုအနေဖြင့် လက်ခံနိုင်စရာမရှိပါ။ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တွေ အများအပြားရှိသည်။ အားလုံးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုတွေနှင့် စုပေါင်း နေထိုင်ကြသည်။ အိမ်ထောင်ပြုကြသည်လည်း ရှိသည်။ အထူးသဖြင့် ဗမာတွေနှင့် ရောထွေးနေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကိုယ် ၎င်းတို့ ဗမာ မွတ်စလင်မ်၊ မြန်မာမွတ်စလင်မ်ဟု သုံးနှုန်းကြပြီး မြန်မာ့ဓလေ့ထုံးတမ်းကို လက်ခံကျင့်သုံးကြသည်။  မြန်မာ့သမိုင်းတလျှောက်တွင်လည်း ပခုက္ကူနယ်မှ အင်္ဂလိပ်ကို တော်လှန်ခဲ့သည့် ဗိုလ်ရာကွတ်၊ အာဇာနည်ကိုးဦးထဲမှ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေး၊ မြန်မာ့လက်ဝှေ့ကျော် ကျားဘညိမ်း စသည်ဖြင့် ဗမာမွတ်စလင်မ်ဟု မြတ်မြတ်နိုးနိုး ခံယူခဲ့သူတွေရှိသည်။ ကျားဘညိမ်းဆိုလျှင် ဘင်္ဂလီလက်ဝှေ့ကျော်ကို သူ့မြေတွင် အနိုင်ထိုး၍ မြန်မာအလံကိုခြုံ၍ အောင်ပွဲခံခဲ့သည်။ ဆိုရလျှင် မြန်မာထဲ မွတ်စလင်မ်တွေသည် လူမျိုးစုကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှု လုပ်ခဲ့ခြင်းမရှိပေ။ မြန်မာလူမျိုး အစ္စလာမ် ဘာသာ အဖြစ်သာ ရောထွေးနေထိုင်ခဲ့သည်။ ထို့ကြောင့် ယခုမှ လတ်တလော ပေါ်ပေါက်လာသည့် ရိုဟင်ဂျာဆိုသည်မှာ မြန်မာမွတ်စလင်မ်များအတွက်ပါ အထူးအဆန်း ဖြစ်နေသည်။ မြန်မာမွတ်စလင်မ်တွေလည်း ထိုအမည်ကို တစ်ခါမျှ မကြားဘူးပေ။ သိလည်း မသိပေ။ မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းတွင် ရခိုင်ဘက်မှ ဘင်္ဂလီအနွယ်များ၊ ဘူးသီးတောင် မောင်းတောဘက်မှ မွတ်စလင်မ်တွေကို အာရကန်ကုလား၊ ခေါ်တောကုလားဟု ခေါ်ကြပြီး ၎င်းတို့နှင့် ဆက်ဆံလိုခြင်း မရှိကြပါ။ ထို အာရကန်၊ ခေါ်တောများကို ရိုဟင်ဂျာဟု ခေါ်မည်ဆိုပါက မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းတွင်ပင် ရိုဟင်ဂျာကို လက်မခံကြောင်း သိနိုင်သည်။ ဗမာမွတ်စလင်မ် အစည်းအရုံးသည် မြန်မာမွတ်စလင်မ်များကို အာရပ်၊ အိန္ဒိယ၊ ပါကစ္စတန် ယဉ်ကျေးမှုများ ဝါးမြိုလာမှုကို ဆန့်ကျင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ထို့ကြောင့် ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မရှိခဲ့။ အထူးသဖြင့် မြန်မာလူမျိုး အစ္စလာမ် ဘာသာဝင်တွေပင် လက်မခံသည့် အချက်ဖြစ်၍ ဘီဘီစီ၏ ဖော်ပြချက် လုံးဝမှားယွင်းကြောင်း သက်သေပြပြီး ဖြစ်သည်။ ရိုဟင်ဂျာကိစ္စကို ဘေးဖယ်၍ ကမ္ဘာပေါ်တွင် သန်းနှစ်ဆယ်ကျော် မျှသော နိုင်ငံပျောက်နေသည့် လူမျိုးစုများအကြောင်းကို စဉ်းစားကြည့်လျှင် မည်သည့်နိုင်ငံကမျှ လက်မခံ၍ တိုင်းပြည်တစ်ခုခုတွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းနေသည့် လူမျိုးစုတွေ အများကြီးရှိသည်။ ထို့ကြောင့် ရိုဟင်ဂျာသည်လည်း ထိုအထဲက တစ်စုသာဖြစ်သည်။ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေခြင်းမှာ မြန်မာနှင့် နယ်နိမိတ်ချင်းဆက် စပ်နေ၍ ဖြစ်သည်။ ရိုဟင်ဂျာသည် ဘင်္ဂါလီလည်း မဟုတ်ပေ။ ဘင်္ဂါလီအုပ်စုဝင်ထဲက လူမျိုးစု တစ်စုသာ ဖြစ်သည်။
ဘင်္ဂါလီစကားပြောသော်လည်း စစ်တကောင်းမြို့တော်တွင် သုံးသည့် ဘင်္ဂါလီစကားမဟုတ်။ ဆိုရလျှင် နယ်စပ်တွင်နေသော လူမျိုးစုတစ်စု ဖြစ်သည်။ ဟိုဘက်ရော ဒီဘက်ရောရှိနေသည်။ ထိုလူမျိုးစုကို ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံ၊ မြန်မာအစိုးရကလည်း လက်မခံ။ ထို့ကြောင့် သူတို့မှာ ဒုက္ခသည်တွေအဖြစ် နေနေရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူသော အမည်ဖြင့် တိုင်းရင်းသားဖြစ်ပါသည်ဟု ဝင်ရောက်ရန် ကြိုးပမ်းလာသည်။ ကိုးကွယ်ရာ ဘာသာတူသော ဘင်္ဂလားဒေ့ရှ်ထက် မြန်မာနိုင်ငံကို ဝင်ရောက်ရန် ကြိုးပမ်းခြင်းမှာ အထက်ကဆိုခဲ့သလို ဦးနုဖန်တီးခဲ့သည့် ပြဿနာ တွေကြောင့် ဖြစ်သည်။ ထိုစဉ်က မဲရရေးအတွက် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားဖြစ်ကြောင်း ဆိုခဲ့သည့် စကားရှိသဖြင့် ယခုလို အခြေအနေမျိုးတွင် အကြောင်းပြချက် ကောင်းကောင်း ပေးစရာ ဖြစ်လာသည်။ နောက်ဆုံးအဆင့် လူသားချင်း စာနာသောအားဖြင့် ထိုဒုက္ခသည်များသည် မြန်မာ့မြေပေါ်တွင် မွေးဖွားခြင်းဖြစ်၍ မြန်မာနိုင်ငံသားအခွင့်အရေး ပေးသင့်သည်ဟု ဆိုသည့်တိုင် လူမျိုးစုအခွင့်အရေးတော့ ပေးရန်မလိုပေ။ ထိုကိစ္စမှာ ဖြစ်လည်းမဖြစ်နိုင်ပေ။  နိုင်ငံသားအခွင့်အရေးပေး၍ ရခိုင်ဓလေ့ထုံးတမ်းသော်လည်းကောင်း၊ မြန်မာဓလေ့ ထုံးတမ်းကိုသော်လည်းကောင်း ခံယူကျင့်သုံးမည်ဆိုပါက မျိုးဆက် နှစ်ဆက်ခန့် အပိုင်းအခြားတွင် ရခိုင်မွတ်စလင်အဖြစ်ဖြစ်စေ၊ ဗမာမွတ်စလင် အဖြစ်ဖြစ်စေ၊ သို့တည်းမဟုတ် အစ္စလာမ်ဘာသာဝင် ရခိုင်စကားပြော ကမန်အုပ်စုဝင် လူမျိုးအဖြစ် ဖြစ်စေ ခံယူခွင့်ပြုနိုင်ရန် ဥပဒေပြဋ္ဌာန်း လုပ်ဆောင်ရမည့် ကိစ္စလည်းဖြစ်သည်။ နိုင်ငံတကာတွင်လည်း နိုင်ငံသားအရည်အချင်း ပြည့်မှီရန် စံနှုန်းသတ်မှတ်ချက် တွေရှိပါသည်။ သို့ရာတွင် ဒုက္ခသည် လူမျိုးစုတစ်စုကို ပြည်နယ်ပေး၍ လူမျိုးစု အခွင့် အရေးပေးသည်ဟူ၍ မရှိပါ။
မည်သို့ပင်ဆိုစေကာမူ ဒုက္ခသည်များကို လက်ခံရမည့် အခြေအနေလည်းရှိသည်။ မိမိနိုင်ငံထဲက လူမျိုးစုမဟုတ်၍ သတ်ဖြတ်မည် ဆိုပါကလည်း ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်၍ လူ့အဖွဲ့အစည်းက ခွင့်မပြုပေ။ ထိုသို့သော အခြေအနေမျိုးတွင် အရာရာကို သတိရှိရန် အရေးကြီးသည်။ စိတ်လိုက် မာန်ပါ ဆုံးဖြတ်ပါက ရိုဟင်ဂျာနှင့်သာမက မြန်မာမွတ်စလင်မ်များနှင့်ပါ သွေးကွဲ၍ ဆူပူမှုတွေဖြစ်လာပြီး အခန့်မသင့်လျှင် မျှော်လင့်ချက်ရှိကာစ တိုင်းပြည် အတွက် နောက်ကြောင်းပြန် သွားနိုင်သည့် ကိစ္စလည်းဖြစ်သည်။ အစိုးရအနေဖြင့်ရော ပြည်သူအနေဖြင့်ပါ ထိုရိုဟင်ဂျာ ပြဿနာကို  အမျိုးသားရေး ပြဿနာအဖြစ် ကိုင်တွယ်ဖြေရှင်းကြရန် အရေးကြီးပါသည်။ သို့ရာတွင် ထိုသို့သော ကိုင်တွယ်ဖြေရှင်းမှုမျိုးသည် နိုင်ငံရေးနှင့် ဆက်စပ်စဉ်းစား၍ မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်ဖို့တော့ လိုပါလိမ့်မည်။ ရိုဟင်ဂျာမှ မဟုတ် မိမိတိုင်းပြည်တွင် မရှိခဲ့သည့် ဓလေ့ထုံးတမ်းကို ယူဆောင် လာပြီး ဝါးမြိုမည့် မည်သည့်လူမျိုးကိုမဆို အမျိုးသားရေးအရ နိုင်ငံရေးအရ တွန်းလှန်ကာကွယ်သွားကြရန် အရေးကြီးကြောင်း သုံးသပ်ကြစေလိုပါသည်။
************************************************************************************


ဒီတသက်ပြန်မတွေ့ကြရတော့ဘူးလို့တောင် ထင်ထားတာအချစ်ရယ်

(ထိုင်းရေဘေးမှတ်တမ်းပုံများမှ)

Source
https://www.facebook.com/photo.php?fbid=2103612071784&set=a.1705031507519.2081761.1289967702&type=1&theater

ရိုဟင်ဂျာ၊ ကိုးကန့်  နှင့် ဒီအေဘီ ပေါ်လစီ





by Moethee Zun on Saturday, October 29, 2011 at 8:38am
ကျနော်တို့  ဒီအေဘီတွင်တာဝန်ယူစဉ်က  ရိုဟင်ဂျာနှင့်ကိုးကန် ကိစ္စကိုဆွေးနွေးခဲ့ရပါတယ်။ တပ်ပေါင်းစုမှချမှတ်ထားသောပေါ်လစီကို
နောက်မျိုးဆက်များသိနိင်ရင် ပြန်ဖေါ်ပြပေးလိုပါတယ်။
ရိုဟင်ဂျာရောကိုကိုးကန့် ပါမြန်မာနိင်ငံများဖြစ်ခွင့်ရှိတယ်။လူအခွင့်အရေးအပြည့်အ၀ရရှိစေရမှာဖြစ်ပါတယ်။ လွတ်လပ်စွာစီးပွားရှာခွင့်၊ကိုးကွယ်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်များရှိကြောင်း အသိမှတ်ပြုထားပါတယ်။နိင်ငံသားအခွင့်အရေးတွေရရှိဖို့လည်း ကျနော်တို့  ထောက်ခံပါတယ်။

၂- ဒါပေမဲ့ သူတို့ ကို မြန်မာ ရဲ့  တိုင်းရင်းသား တမျိုး (  Ethnic)  အဖြစ်အသိမှတ်မပြုပါ။ ရိုဟင်ဂျာဟာ  ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတမျိုးအဖြစ်လည်းအသိမှတ်မပြုကြောင်း ဒီအေဘီမှ ဆုံးဖြတ်ထားပါတယ်။

၃- အလားတူပဲမြန်မာပြည်ရှိ တရုပ်၊အိန္ဒယနွယ်ဘွားများကိုလည်း လူနည်းစုအဖြစ်သာအသိမှတ်ပြုပြီး မြန်မာ ပြည်ဘွားတိုင်းရင်းသားတမျိုး
အဖြစ်အသိမှတ်မပြုပါ။ သူတို့ ဟာ မြန်မာ နိင်ငံသားတဦးအဖြစ် လူအခွင့်အရေးနှင့်နိင်ငံသားအခွင့်အရေးများအပြည့်အ၀ရရှိမှာဖြစ်ပါတယ်။

၎- အမေရိကန်ပြည်ထောင်စုမှာ တရားဝင်လာရောက်လုပ်ကိုင်သူရော၊ခိုးဝင်လာသူတွေရော ဥပဒေကြောင်းအရနိင်ငံသားလျောက်ထားပိုင်ခွင့်တွေရှိပါတယ်။  ဒါပေမဲ့ ရက်အင်ဒီယန်း ကဲ့သို့သော ဌာနေတိုင်းရင်းသားအဖြစ် လျောက်ထားမရသလိုဖြစ်ပါတယ်။

၅- ဒီအေဘီပေါ်လစီ ကို ကျနော်တို့ အဖွဲ့ ပေါင်းစုံပေါ်လစီအဖြစ် ကျင့်သုံးခဲ့ကြပါတယ်။

မိုးသီးဇွန်