Friday, October 7, 2011

မြစ်ဆုံ​ရေကာတာ ခဏရပ်၊​ ​ပေါက်ကွဲ​တော့​မယ့်​ ဗုံး​တလုံး​ ​ကော်​ဇောနီနဲ့​ ဖုံး​လိုက်​တော့


Published on October 7, 2011 by သန်း​ဝင်း​ထွဋ် ·

မြစ်ဆုံနဲ့​ တရုတ်-မြန်မာ နိုင်ငံ​ရေး​နဲ့​ စီး​ပွား​ရေး​ ​ရှေ့​အ​ရေး​နဲ့​ ​နောက်အ​ရေး​ ​မေး​စရာ​တွေ များ​လာမယ်။

ဒေါ်လာသန်း​ပေါင်း​ ၃,၆၀၀ တန် မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​ကို ဒီအစိုး​ရလက်ထက်မှာ ရပ်ထား​မယ်ဆိုတဲ့​ သမ္မတ ဦး​သိန်း​စိန်ရဲ့​ အချက်ပြသံဟာ တရုတ်နဲ့​ မြန်မာကြား​က နိုင်ငံ​ရေး​အခင်း​အကျင်း​ အ​ပေး​အယူအသစ်ကို ပြတာလား​။ ဒီအစိုး​ရသက်တမ်း​ ၅ နှစ်အတွင်း​မှာ ဒီစီမံကိန်း​ကို ရပ်ထား​မယ်လို့​ သမ္မတ ​ပြောစကား​ဟာ တရုပ်သ​ဘောထား​နဲ့​ တရုတ်နိုင်ငံရဲ့​ အမျိုး​သား​အကျိုး​စီး​ပွား​ကို ဆန့်​ကျင်​နေတယ်။ နအဖလက်ထက်က တရုတ် မဟာမိတ်ဆက် ဆံ​ရေး​မျိုး​က​နေ တခုခု ​သွေဖည်လာပုံ​ပေါက်ပါတယ်။ မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက် ရပ်ထား​ရုံနဲ့​ အ​ဖြေမထွက်​သေး​ပါဘူး​။ “မိမိတို့​အစိုး​ရလက်ထက်”ဆိုတဲ့​ ၅ နှစ်တာသက်တမ်း​အတွင်း​ မြစ်ဆုံက လက်ရှိလုပ်​နေတဲ့​ ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေ ရပ်ထား​ဖို့​ တရုတ်နဲ့​ ဘယ်လိုဆက်ညှိမလဲ။ မြစ်ဆုံ​ရေကာတာကို ခဏရပ်ထား​မယ်ဆိုပြီး​ ​ပေါက်ကွဲ​တော့​မယ့်​ ဗုံး​တလုံး​ကို ​ကော်​ဇောနဲ့​ အုပ်လိုက်တယ်။ အန္တရာယ် တကယ်ပဲ မရှိ​တော့​ဘူး​တဲ့​လား​။

ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်စီမှာ ကာကွယ်​ပေး​မယ့်​ တရုတ်ရဲ့​ဗီတိုကို သိပ်အ​ရေး​တကြီး​ မလို​တော့​ဘူး​၊​ ဗီတို​ဈေး​ကျ​နေပြီလို့​ ဆုံး​ဖြတ်တာဖြစ်​နေသလား​။ အ​မေရိကန်ဘက်က အရိပ်အခြည်ကို ကြည့်​ပြီး​ တရုတ်ကိုအာခံဖို့​ အား​စမ်း​တာလည်း​ ဖြစ်​ကောင်း​ဖြစ်​နေမလား​။

ဧရာဝတီ မြစ်ဆုံကိစ္စ လူထုကြား​မှာ လှုပ်ရှား​မှု​တွေ ထိန်း​မနိုင်သိမ်း​မရ ဖြစ်လာမှာထက် တရုတ်ဆီက နဂါး​မျက်​စောင်း​ကိုပဲ ရင်ဆိုင်လိုက်​တော့​မယ်လို့​ ​ရွေး​ချယ်လိုက်ရတာမျိုး​ လည်း​ ဖြစ်နိုင်လား​။ ဆက်ဆံ​ရေး​သစ်နဲ့​ အကဲစမ်း​နေတဲ့​ အ​မေရိကန်​ကောင်း​ဘွိုင်​တွေက အကာအကွယ် ​ပေး​နိုင်​လောက်​နေပြီလား​။ ​မေး​စရာ​တွေ ရှိမယ်။

အ​ပြောင်း​အလဲကို လိုလား​တယ်လို့​ ယုံကြည်တဲ့​အ​ကြောင်း​ ​ဒေါ်​အောင်ဆန်း​စုကြည် မှတ်ချက်​ပေး​ထား​တဲ့​ သမ္မတသစ်ရဲ့​ အစိုး​ရသစ်အ​နေနဲ့​ ပြည်သူလူထု ​ထောက်ခံမဲပိုရ ​အောင် ဒီလိုဆုံး​ဖြတ်တာ​ရော ဖြစ်နိုင်လား​။

ဒု-သမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ရဲ့​ တရုပ်ပြည်သွား​တောလား​မှာ ငိုချင်း​သံ ကြား​ရ မလား​၊​ ​ချော့​မော့​ဖျောင်း​ဖျ ​ချွေး​သိပ်ရမလား​။ ရင်ထဲအသည်း​ထဲက အပြန်အလှန် ယုံကြည်ခဲ့​တာမဟုတ်တဲ့​ ​ခေါင်း​ကိုင်အဖ သ​ဘောကျပါ့​မလား​။ မြစ်ဆုံပ​ရောဂျက်အစား​ တခြား​ အဖိုး​ထိုက်တဲ့​ အရာတခုခု အစား​ထိုး​ အ​လျော်ပြန်​ပေး​ရ​လေမလား​။

လွှတ်​တော်မှာ​ကြေညာခဲ့​တဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ မြစ်ဆုံကိစ္စ အချက်ပြသံကို တရုတ်က ချက်ချင်း​တုံ့​ပြန်ခဲ့​ရတယ်။ ​နောက်တရက်မှာပဲ ”တရုတ်ကုမ္ပဏီ​တွေရဲ့​ တရား​ဝင်အခွင့်​အ​ရေး​ကို အာမခံသင့်​တဲ့​အ​ကြောင်း​၊​ မြစ်ဆုံဆည်ဟာ တရုတ်-မြန်မာအကြား​ ပူး​တွဲ​ဆောင်ရွက်ခဲ့​တဲ့​ စီမံကိန်း​ နှစ်နိုင်ငံ ဆက်လက်​လေ့​လာ ဆုံး​ဖြတ်သင့်​” ဆိုတာ​တွေ ​ပြောရတယ်။ ”နှစ်ဖက်စလုံး​က ခင်မင်း​ရင်း​နှီး​စွာ အကြံပြုပြီး​တော့​ ဒီလုပ်ငန်း​ကိစ္စ​တွေကို သင့်​တော်သလို ​ဆောင်ရွက်ရ​အောင်” ဆိုတာ​တွေ နိုင်ငံခြား​ရေး​ဌာနက ထွက်​ပြောလာရတယ်။ တရုတ် နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန ​ပြောခွင့်​ရ ​ဟောင်လီ ​အောက်တိုဘာလ ၁ ရက်​နေ့​ စ​နေ​နေ့​ ပိတ်ရက် ရုံး​တက်လိုက်ရတယ်။

လစ်ဗျား​မှာလည်း​ ပြီး​ခဲ့​တဲ့​လကပဲ မြန်မာပြည်မှာလို ကြုံခဲ့​တယ်။ တရုတ်စီး​ပွား​ရေး​ ​ဒေါ်လာဘီလီယံ ၂၀ ​လောက် ရင်း​နှီး​မြှုပ်နှံထား​တဲ့​ လစ်ဗျား​အ​ရေး​မှာ တရုတ်ဟာ နာမည်ပျက် သိက္ခာကျခဲ့​တယ်။ တရုတ်ဟာ ကဒါဖီပြုတ်မကျခင်​လေး​တင် ဇူလိုင်လက လက်နက် ​ဒေါ်လာ သန်း​ ၂၀၀ ဖိုး​ ​ရောင်း​ခဲ့​တယ်။ လုံခြုံ​ရေး​ကောင်စီက တား​မြစ်ထား​တဲ့​ လက်နက်​ရောင်း​ဝယ်မှု ကန့်​သတ်တဲ့​ ဆုံး​ဖြတ်ချက်ကိုလည်း​ ဂရုမစိုက်​တော့​ဘူး​။ ဒါ​ပေမယ့်​ အပြစ်မဲ့​အရပ်သား​တွေကို ကဒါဖီ တိုက်​လေယဉ်နဲ့​ ဗုံး​ကျဲလို့​ ‘​နေတိုး​’ ဝင်ရ​တော့​မယ့်​ အ​ခြေအ​နေမှာ​တော့​ တရုတ်ဟာ သိပ်နာမည်ပျက်ခံပြီး​ ‘ဗီတို’မသုံး​တော့​ဘူး​။ ဒါ​ပေမယ့်​ ​နေတိုး​တပ်​တွေ ဗုံး​ကြဲ​တော့​လည်း​ အပြစ်တင်စကား​ ​ပြောပြန်တယ်။ လစ်ဗျား​သူပုန်​တွေကို မ​ထောက်ခံလို့​ အမျိုး​သား​ အသွင်ကူး​ပြောင်း​ရေး​ ​ကောင်စီက တရုတ်ရင်း​နှီး​မြှုပ်နှံမှု စီး​ပွား​ရေး​ကို ခြိမ်း​ခြောက်ခံခဲ့​ရ​သေး​တယ်။

နောက်ဆုံး​ ကဒါဖီ ပြုတ်ကျ ထွက်​ပြေး​ရ​တော့​မှပဲ တရုတ်က သူပုန်​တွေကို ​ထောက်ခံ၊​ သံခင်း​တမန်ခင်း​ပြန်စဖို့​ ​လေသံပစ်ခဲ့​ရတယ်။ သူ့​ရင်း​နှီး​မြှုပ်နှံမှု​တွေ၊​ အကျိုး​စီး​ပွား​တွေ၊​ သ​ဘောတူစာချုပ်​တွေကို ​နောက်အစိုး​ရ အသိအမှတ်ပြုဖို့​ လုံး​ပန်း​ခဲ့​ရတယ်။ ​ဒေါ်လာ ဘီလီယံ ၂၀။ ဒါအ​ရေး​ကြီး​တယ်။ မိတ်​ဟောင်း​ကြီး​ ကဒါဖီလား​၊​ ​မေ့​ထား​လိုက်​တော့​။ No country for old men!

ဖေ​ဖော်ဝါရီလတုန်း​ကလည်း​ အီဂျစ်အာဏာရှင် မူဘာရက် ပြုတ်ကျခဲ့​တဲ့​ မတိုင်ခင်ထိ ဆန္ဒပြ ပြည်သူလူထုကို ဆူပူရမ်း​ကား​သူ​တွေလို့​ တရုတ်မီဒီယာ​တွေက သုံး​ခဲ့​တယ်။ အီဂျစ်သတင်း​တွေ ​ပေါ်မလာ​အောင် တရုတ်အင်တာနက်ရဲသား​တွေ ပိုက်စိပ်တိုက် လုံခြုံ​ရေး​အထပ်ထပ် ယူရ။ ပိတ်ရဆို့​ရ။ မူဘာရက်လွန်​ခေတ်​ရောက်​တော့​လည်း​ တရုတ်စီး​ပွား​ရေး​က ​နောက်အစိုး​ရနဲ့​ ဆက်လုပ်ဖို့​ ​ပေါင်း​သင်း​ဖို့​ ကြိုး​စား​ခဲ့​ရတာပဲ။ အာဏာရှင်​တွေနဲ့​ ပုလင်း​တူဘူး​ဆို့​ လုပ်​နေတဲ့​ တရုတ်ဟာ ဆန်စဉ်ရာ ကျည်​ပွေ့​လိုက် နိုင်ငံ​ရေး​ပေါ်လစီမျိုး​ လုပ်ရပုံ ​ပေါက်​နေတယ်။

စီး​ပွား​ရေး​နဲ့​ အကျိုး​အမြတ်ပဲ အဓိကထား​ ဦး​စား​ပေး​ကြတဲ့​ တရုတ်အစိုး​ရဟာ ကမ္ဘာ့​အဆိုး​ရွား​ဆုံး​ အာဏာရှင်​တွေဘက်က ဘက်လိုက်ရပ်တည်တဲ့​ မူ​တွေ၊​ ဆက်ဆံ​ရေး​ ​တွေ ထား​ခဲ့​ကြတာ​တွေ အား​လုံး​တွေ့​ခဲ့​ကြရတယ်။ အကျိုး​စီး​ပွား​အတွက်ဆိုရင် ဆာဘီး​ယား​က အာဏာရှင် စလိုဘိုဒန် မီလိုဆီဗစ်ကို သူ့​ရဲ့​အာဏာ​နောက်ဆုံး​ချိန်ထိ ​ထောက်ခံခဲ့​တယ်။ ကမ္ဘာက ပြစ်တင်​ဝေဖန်​နေတဲ့​ကြား​က ဇင်ဘာ​ဘွေသမတ အာဏာရှင် ​ရောဘတ်မူဂါဘီကို ဘီဂျင်း​ဆီ ဖိတ်​ခေါ်ဧည့်​ခံခဲ့​တယ်။ ဗင်နီဇွဲလား​အာဏာရှင် ဟူဂို ရှာဗက်ဇ်နဲ့​ ပလဲနံသင့်​ ​ပေါင်း​ခဲ့​တယ်။ ကမ္ဘာ့​ဆွဲငင်အား​ရဲ့​ ဗဟိုချက်ဟာ တရုတ်ပြည်ကို ​ရောက်လာ​နေပြီလို့​ ဟူဂိုရှာဗက်ကလည်း​ တရုတ် ​ပေါလစ်ဗျူရို​တွေကို ​မြှောက်​ပြော ခဲ့​တယ်။ ​လော​လောဆယ်​တော့​ သူတို့​ အပြန်အလှန် ကျီး​ဖြစ်လိုက် ဘုတ်ဖြစ်လိုက်။

ဒီနှစ်အတွင်း​ အ​ရှေ့​အလယ်ပိုင်း​က အာရပ်​တော်လှန်​ရေး​တွေ​ကြောင့်​ အာဏာရှင်​တွေ အပြိုင်း​အရိုင်း​ ပြုတ်ကျလာတဲ့​အခါ တရုတ်ရဲ့​မူဝါဒ အကျပ်အတည်း​ပိုများ​လာတယ်။ တရုတ်ဟာ သူ့​အမျိုး​သား​ကျိုး​စီး​ပွား​ကိုပဲ ဦး​စား​ပေး​တယ်၊​ အာဏာရှင်​တွေဘက်က လိုက်ခဲ့​တယ် ဆို​ပေမယ့်​ နိုင်ငံတကာက ပြစ်တင်ရှုတ်ချသံ​တွေ ပလူပျံလာတဲ့​အခါ လုံခြုံ​ရေး​ကောင်စီ ဆုံး​ဖြတ်ချက်​တွေမှာ ကာကွယ်မဲမ​ပေး​တော့​ဘဲ လက်​ရှောင်ခဲ့​ရတာ​တွေလည်း​ ရှိခဲ့​တယ်။ ဆူဒန်မှာဖြစ်ခဲ့​။ လစ်ဗျား​မှာဖြစ်ခဲ့​တယ်။

တချိန်တည်း​မှာပဲ တရုတ်ရဲ့​ တပါတီအာဏာရှင်စနစ်ဟာ အ​နောက်​မော်ဒယ် စီး​ပွား​ရေး​ပုံစံ အရ အကျိုး​ဖြစ်ထွန်း​နေမယ့်​ အ​နောက်ရဲ့​မော်ဒယ် လစ်ဘရယ်ဒီမိုက​ရေစီစနစ်ရဲ့​ ခြိမ်း​ခြောက်မှုကိုလည်း​ ရင်ဆိုင်​နေရတယ်။ အင်တာနက်နည်း​ပညာရဲ့​လွတ်လပ်မှုဟာ ထိန်း​ရ ပိုပိုပြီး​ခက်လာတယ်။ ပိုက်ဆံရှိလာတဲ့​ တရုတ်အလယ်လတ်တန်း​စား​ အလွှာ​တွေ က လစ်ဘရယ်ဒီမိုက​ရေစီဆန်တဲ့​ လွတ်လပ်ခွင့်​ကို ပိုပြီး​လိုချင်လာနိုင်တယ်။ ဒါ​ကြောင့်​ အာဏာရှင်​တွေနဲ့​ မဟာမိတ်သ​ဘော ဆက်ဆံ​ရေး​ ချိန်ခွင်လျှာလည်း​ ညှိချင်၊​ အ​မေရိကန် ဩဇာကို ခုခံ​ချေပ အ​လေး​အ​ပေါ့​ အကွက်​ရွှေ့​ချင်ပုံပြတယ်။

တရုတ်ဟာ အထီး​ကျန် ပိတ်ဆို့​ခံ အာဏာရှင်​တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ နပ်တယ်။ လစ်ဘရယ်ဒီမိုက​ရေစီသမား​တွေရဲ့​ ​ချောင်ပိတ်ခံထား​ရတဲ့​ အာဏာရှင်​တွေက လည်း​ သူ့​အ​ပေါ် ပိုပြီး​မှီခိုလာရတယ်။ ဒါ​ပေမယ့်​ အာဏာရှင်နိုင်ငံ​တွေနဲ့​ ဆက်ဆံ​ရေး​အား​ လုံး​မှာ အကျိုး​အမြတ်ရတယ်လို့​တော့​ မဟုတ်ဘူး​။ အကျင့်​ပျက်ခြစား​မှု ဗရမ်း​ဗတာဖြစ်​နေ တဲ့​ အာဏာရှင်နိုင်ငံ​တွေ၊​ အချိန်မ​ရွေး​ ဇာတ်တူသား​စား​ဖို့​ ဝန်မ​လေး​သူ​တွေနဲ့​ ဆက်ဆံ​ရေး​ ဟာ မီး​နဲ့​ကစား​နေရသလိုပဲ။ သူလလည်း​ မနိုင်​တော့​တဲ့​၊​ တခုမဟုတ်တခု အမြဲတမ်း​ ပြဿနာရှာ​နေတဲ့​ ​မြောက်ကိုရီး​ယား​လို အာဏာရှင်​တွေလည်း​ ရှိတယ်။

ခြောက်ပွင့်​ဆိုင် ​ဆွေး​နွေး​ပွဲ​တွေမှာ တရုတ်ကို အရှက်ရ​စေခဲ့​တာလည်း​ မနည်း​တော့​ဘူး​။
တဖက်မှာလည်း​ တရုတ်ဟာ အနီး​ကပ် တပါတီအာဏာရှင်​တွေနဲ့​ သိပ်အဆင်​ပြေတာ မဟုတ်ဘူး​။ သူ့​လိုပဲ တလက်ကိုင်အစိုး​ရ အကျိုး​အမြတ်ပဓါနထား​တဲ့​ ရုရှား​ဟာ အကျိုး​စီး​ပွား​အရာမှာ သူ့​ပြိုင်ဘက်လို ဖြစ်လာတယ်။ သူ့​လိုပဲ တပါတီကွန်မြူနစ် ဗီယက်နမ် နဲ့​ မတည့်​ဘူး​။ ​တောင်တရုပ်ပင်လယ်ကိစ္စ အငြင်း​ပွား​နေရတယ်။ ရုရှား​ကလည်း​ ဂျက်တိုက်​လေယဉ်​တွေ၊​ ​ရေငုပ်သ​င်္ဘော​တွေ ဗီယက်နမ်ဆီကို ​ရောင်း​ပေး​ထား​တယ်။

ဗီယက်နမ်ကလည်း​ အချိန်မ​ရွေး​ စစ်ပြင်လာဖို့​ အရိပ်ပြတယ်။ ကွန်မြူနစ်အစိုး​ရဟာ တရုတ်သံရုံး​ရှေ့​မှာ လူထုဆန္ဒပြပွဲ လုပ်ခိုင်း​ထား​တယ်။ လူထုကြား​မှာလည်း​ တရုတ်မုန်း​တီး​ ​ရေး​ ပွား​များ​လာတယ်။ ဗီယက်နမ် အိမ်နီး​ချင်း​ ဝါဒတူနိုင်ငံနဲ့​ အဲဒီလိုဖြစ်​နေ​ပေမယ့်​ အာဏာရှင်စနစ်က​နေ ​ပြောင်း​လာတဲ့​ ​ပေါ်ထွန်း​စ ဒီမိုက​ရေစီနိုင်ငံ​တွေနဲ့​လည်း​ အဆင်​ပြေ ​နေတာ​တွေ ရှိတယ်။ ဥပမာ၊​ အင်ဒိုနီး​ရှား​။ သူတို့​ချင်း​ အပြန်အလှန် လိုချင်​နေကြတယ်။

တရုတ်အစိုး​ရဟာ လက်​တွေ့​နိုင်ငံ​ရေး​ realpolitik ကိုပဲ ကြည့်​တဲ့​သူ​တွေလို့​ အများ​က ယူဆခဲ့​ကြတယ်။ အာဏာရှင်​တွေကို တရုတ်​တွေ သတိထား​ဆက်ဆံခဲ့​ကြ​ပေမယ့်​ ဆိုး​ကျိုး​တွေပါ ရင်ဆိုင်လာ​နေရတယ်။ ​မော်စီတုန်း​ခေတ်​နောက်ပိုင်း​ တရုတ်​ပေါ်လစီဟာ အမျိုး​သား​အကျိုး​စီး​ပွား​ကို ပိုပြီး​ကြည့်​လာတယ်။ ပိုက်ဆံရမယ်တရုတ် ​ရေနံရမယ်၊​ ​လောင်စာရမယ်ဆိုရင် ဘယ်​နေရာ ဘယ်နိုင်ငံဖြစ်ဖြစ်၊​ ဘယ်ပြည်သူ ဘယ်​လောက်နာနာ စာချုပ်​တွေချုပ်တယ်။ ကျင့်​ဝတ်​တွေ၊​ အိုင်ဒီ​ယော်​လော်ဂျီ​တွေ၊​ အယူဝါဒါ​တွေကို ​ဇောင်း​မ​ပေး​ဘူး​။ အာရပ်ကမ္ဘာက အ​ပြောင်း​အလဲ​လေ​ကြောင်း​ တိုက်ခတ်လာတဲ့​ ​နောက်မှာ​တော့​ တရုတ်ဟာ ​ရှေ့​လျှောက် ပိုပြီး​ မီး​စင်ကြည့်​က၊​ နိုင်ငံ​ရေး​ကစား​ကွက်ကို ထိန်း​ညှိဖို့​ လိုလာနိုင်တယ်။ ပိုက်ဆံချမ်း​သာပြီး​ရင် ဂုဏ်သိက္ခာလည်း​ချမ်း​သာဖို့​ စဉ်း​စား​ရ ​တော့​မယ်။

အာရပ်ကမ္ဘာက အ​ပြောင်း​အလဲ​တွေ ​နောက်ပိုင်း​မှာ အာဏာရှင်​တွေနဲ့​ တရုတ်ရဲ့​ဆက်ဆံ ​ရေး​ မူဝါဒ​တွေ ​ပြောင်း​လဲသင့်​ပြီလား​။ “သတိကြီး​ကြီး​နဲ့​ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ ​နေတယ်၊​ တဖြည်း​ဖြည်း​ ​ပြောင်း​ပါ့​မယ်”ဆိုတဲ့​ မြန်မာအစိုး​ရသစ်ဟာလည်း​ အရင် ‘နအဖ’ လက်ထက်က ​ကောင်း​မွေဆိုး​မွေခံရတယ်လို့​ ​ပြောထား​တယ်။ ‘နအဖ’လက်ထက်က တရုတ်နဲ့​ သ​ဘောတူညီချက်​တွေ၊​ စာချုပ်စာတမ်း​တွေ၊​ MOU (နား​လည်မှုစာချွန်လွှာ) ​တွေ အ​ပေါ် ​နောက်လာမယ့်​ အစိုး​ရသစ်​တွေက ဘယ်လိုကိုင်တွယ် ​ပေါ်လစီထား​မလဲ။

ပြည်တွင်း​မှာလည်း​ တရုတ်ဆန့်​ကျင်​ရေး​စိတ်​တွေ ပိုပြိုပီး​ ထကြွလာ​နေတာ မြင်​နေကြရတဲ့​ ​နောက် ​ရှေ့​လျှောက် တရုတ်နဲ့​ စီး​ပွား​ရေး​ သား​ပေး​သမီး​ယူ​တွေမှာ ဘယ်လိုဆက်ဆံသင့်​ ပြီလဲ … ​မေး​ခွန်း​ထုတ်စရာ​တွေ ရှိလာပါမယ်။

မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက်၊​ ဒီအစိုး​ရလက်ထက် ရပ်ထား​ရုံနဲ့​ အ​ဖြေ မထွက်​သေး​ပါ ဘူး​။ ​နောက်ထပ် ​မေး​စရာ ​မေး​ခွန်း​တွေ ပိုပြီး​ထွက်လာတယ်လို့​တောင် ဆိုနိုင်တယ်။
http://burmese.dvb.no/archives/category/analysis

0 အကြံပြုခြင်း: