Monday, October 24, 2011

ဂျပန်နိုင်ငံသူ SHIRAMATSU CHIHARU ကိုသေဆုံးအောင်ပြုလုပ်ခဲ့သူ အပြစ်ဒဏ်ကျ

၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ကန်သာယာကျေးရွာနှင့် ပျဉ်းမကန်ကျေးရွာကြား တွင် ဖြစ်ပွားခဲ့သော ဂျပန်နိုင်င်ငံသူ သေဆုံးခဲ့မှုအား ကျူးလွန်ခဲ့သူ ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးမင်းသိုက်အား အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၁နာရီခွဲတွင် မြင်းခြံခရိုင် တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရမည်ဟု အမိန့်ချမှတ်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အတည်ပြုမှသာ အတည်ဖြစ်မည် ဖြစ်ကြောင်း သိရပါတယ်။

...........................

မြင်းခြံတရားရုံးက သေဒါဏ်တောင် ချလို့ရသလား။

............................

နောက်ကလူတွေသင်ခန်းစာယူ ဖို့ ထိပ်ဆုံးကလူကို လိုအပ်တဲ့ ပြစ်ဒါဏ်ထက်ပိုချတာကတော့ တရားခံ ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ မြင်ပါတယ်။
ဥပဒေ အတိုင်းပဲ လုပ်သင့်ပါတယ်။

..........................

မြန်မာနိုင်ငံမှာ.. တစ်ခြားလူမျိုး သေရင် သေဒဏ်ပေးတယ်..
ထားလိုက်ပါတော့.. ဒါပမယ့်.. သူတို့ နိုင်ငံမှာ
မြန်မာလူမျိုးတစ်ယောက်သေသွားရင် အဲလိုပြစ်ဒဏ်မျိုး ပေးပါသလား...

.........................


ရွှေဝါရောင်တော်လှန်ရေးအတွင်းက ဂျပန်လူမျိုး သတင်းထောက်.

နာဂအိ ခန်းဂျိကို လူမြင်ကွင်းမှာ ပစ်သတ်တဲ့ တရားခံနဲ့ အာဏာပိုင်တွေကိုတော့

မသေမချင်း ရာထူးတိုးပြီး သူကောင်းပြုစေလို့များ

အမိန့်ချလိုက်လေသလားလို့

..........................


"တရားဥပဒေမှာ နောက်လူတွေသင်္ခန်းစာရအောင် မလုပ်ရဲအောင်လုပ်ပြတယ်ဆိုရင် အဲဒီဟာက တရားဥပဒေမဟုတ်ဘူး။ မတရားဥပဒေပါ။"

..........................

လူသတ်မှုအတွက်ပြစ်ဒဏ် Punishment for murder.

(ပုဒ်မ ၃၀၂) (Section 302)
ဥပဒေဖွင့်ဆိုချက်
(၁)မည်သူမဆို-
(က)တသက်တကျွန်းဒဏ် စီရင်ခြင်း ခံရသည့်အတွင်း သို့တည်းမဟုတ်
(ခ)တင်ကူးကြံရွယ်ချက်ဖြင့် သို့တည်းမဟုတ်
(ဂ)ဤရာဇသတ်ကြီးအရ ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သောပြစ်မှုကို
ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်ပြင်
ငွေဒဏ်လည်းချမှတ်နှိုင်သည်

.......................


mrsorcerer mail group မှ..

2 အကြံပြုခြင်း:

Son Of Burma - မြန်မာပြည်သား said...

သေဒဏ်ဆိုတာ နဲတောင်နဲသေးတယ် ... လူတဖက်သား ... အထူးသဖြင့် နိုင်ငံခြားသားတယောက်ကို နှမချင်းမစာမနာ လုပ်တဲ့သူ၊ တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကို ဖျက်တဲ့သူ၊ စိတ်ဓါတ်အောက်တန်းကျတဲ့သူ၊ ကိုယ်ကျင့်တရား ဖောက်ပြားတဲ့သူ၊ ထမင်းကျွေးတဲ့ လက်ကိုကိုက် Animal ထက်မိုက်တဲ့သူ၊ ကိုယ်ချင်းစာစိတ်ကင်းမဲ့ပြီး ရာဂဖောက်ပြားတဲ့သူ ... လောကကြီးနဲ့ မထိုက်တန်ဘူး ....

Anonymous said...

စံပြလုပ်သင့်တယ်ဆိုပေမယ့် သေဒဏ်တော့ မထိုက်သင့်ပါ။
ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ ဒီလိုမျိုး ကြုံတဲ့အခါ ဘယ်သူမှ အရေးတယူ မလုပ်ကြပါဘူး။
နိုင်ငံခြားသွားဖူးတဲ့သူတိုင်း အသိပါ။ သူများနိုင်ငံမှာ ဘယ်လောက် မျက်နှာငယ်ရလဲ။ (ပညာရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပတ်သက်ပြီး တစ်ခုမှ အထင်ကြီးစရာ မရှိတဲ့နိုင်ငံကို ဘယ်နိုင်ငံကမှ မလေးစားတာ ကိုယ်တွေ့ပါ)
ီအခြား ရိုက်မှု၊ လူသတ်မှု တွေထက်တော့ အပြစ်ကြီးတာ အမှန်ပဲ။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသားနဲ့ သက်ဆိုင်တဲ့ အက်ဥပဒေအတိုင်းပဲ အရေးယူသင့်တယ်။