Friday, November 25, 2011

“နေပြည်တော်လွှတ်တော် အစည်းအဝေး တက်ရောက်သည့် အမတ်ဦးခင်ရွှေ တစ်လ ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျသုံးစွဲဟုဆို”

ရန်ကုန်၊ နိုဝင်ဘာ ၁၆


နေပြည်တော်တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အမျိုးသားလွှတ်တော်အမတ်ဦးခင်ရွှေက

တစ်လလျှင် ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျခံနေရသည်ဟု ၄င်းကပြောသည်။ ထိုသို့ ကုန်ကျခံနေခြင်းမှာ

အများပြည်သူအတွက်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အနေဖြင့် လမ်းကြောင်းမှန်သွားနိုင်ရေးအတွက်

အစည်းအဝေးတက်ရောက်ရာတွင် ဟိုတယ်တည်းခိုစရိတ်ငွေသာဖြစ်သည်ဟု ၄င်းကပြောသည်။

၎င်းက “အမတ်တစ်ယောက် တစ်လရတာမှသုံးသိန်း၊ ဟိုတယ်ငှားနေရတာက တစ်ရက်ကို လေးသိန်း

ကုန်တယ်”ဟု ဆိုသည်။ အမတ်များ လွှတ်တော်အစည်းအဝေးတက်ရောက်ရာတွင် နိုင်ငံတော်မှ နေထိုင်

စားသောက်စရိတ်တာဝန်ယူထားသော်လည်း ဟိုတယ်တည်းခိုစရိတ်ကျပ်လေးသိန်းဖြင့် တည်းခိုနေထိုင်

သူမှာ ဦးခင်ရွှေတစ်ဦးတည်းသာဖြစ်သည်။

ဦးခင်ရွှေသည် ဇေကမ္ဘာစီးပွားရေးလုပ်ငန်းစု၏ ဥက္ကဌဖြစ်ပြီး လွှတ်တော်တွင် စီးပွားရေးလုပ်ငန်းရှင်မှာ

ဦးခင်ရွှေနှင့်ဦးဌေးမြင့် နှစ်ဦးသာရှိသည်ဟု ဦးခင်ရွှေက ပြောသည်။

၎င်းက “ရှိတဲ့ငွေက သားစဉ်မြေးဆက်သုံးလို့ မကုန်ဘူး၊ ဘာမှမလုပ်ဘဲလည်းနေလို့ ရတယ်၊ လူများ

ပြောတာထက်ပိုပြောနိုင်လို့  အချိန်တွေ ငွေတွေအကုန်ခံပြီးလုပ်နေတာ၊ ဒါကိုတော့ အသိအမှတ်ပြုပေးပါ”

ဟု နိုဝင်ဘာ ၁၅ ရက်က ယုဇနဂါးဒင်းဟိုတယ်၌ကျင်းပသည့် မြန်မာ့ခရီးသွားဘုတ်အဖွဲ့ ၏ မဲခေါင်ခရီးသွား

သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။


ဇွဲဝဏ္ဏ (ကျုံပျော် )


(ပြည်တွင်းထုတ်၊ ဧရာဝတီသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၇)

ကိုအောင်မျိုးထွန်းပေးပို့သည်။

1 အကြံပြုခြင်း:

Anonymous said...

မပြည့်တဲ့အိုးကြီးက သိပ်ဘောင်ဘင် ခတ်တာပဲဗျာ။ ဒီလူကြီး သူသိပ်ချမ်းသာကြောင်း လူတွေကို အရမ်းသိစေချင်နေတယ်။ ယဉ်ယဉ်လေးနဲ့ ရူးနေပြီထင်ပါတယ်၊ ဗွေမယူကြ ပါနဲ့၊ သူ့မဲဆန္ဒနယ် တွံတေး ကော့မှူးကလူတွေ ကိုစည်းရုံးပြီး ဒီအမတ်ကြီးကို အယုံအကြည်မရှိကြောင်း လက်မှတ်စုပြီး လွှတ်တော်ကိုစာပို့နိုင်ရင်ကောင်းမယ်။ ဒီလူကြီး ရူးနေပြီဗျ။။။။။။။