Wednesday, December 21, 2011

မီတာခ တက်ကြောင်းအစိုးရကြေညာ


Wednesday, December 21, 2011  Khet Htan
၂ ဆ တိုးကောက်မယ်၊ တိုးတော့ ကောက်မယ် ဖြည်းဖြည်းချင်း တိုးကောက်မယ် စသဖြင့် သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ လျှပ်စစ်မီတာခကို တကယ်ကောက်တော့မယ်လို့ အစိုးရသတင်းစာမှာ ရေးလိုက်ပါပြီ။




လျှပ်စစ်သုံး​စွဲခနှုန်း​ တိုး​မြှင့်​သည့်​အတွက် အိမ်တွင်း​လုပ်ငန်းများ​ ထိခိုက်
Published on December 21, 2011 by မင်းလွင်

အစိုး​ရက လျှပ်စစ်သုံး​စွဲခနှုန်း​ထား​ တိုး​မြှင့်​လိုက်တာဟာ ​အောက်​ခြေလူတန်း​စား​နဲ့​ အိမ်တွင်း​စီး​ပွား​ရေး​လုပ်ငန်း​တွေကို အများ​ဆုံး​ ထိခိုက်နိုင်တယ်လို့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေက ​ပြောပါတယ်။

နိုင်ငံပိုင် သတင်း​စာ​တွေက​နေ ဇန်နဝါရီလကစပြီး​ လျှပ်စစ်မီတာ သုံး​စွဲခနှုန်း​ထား​ကို စီး​ပွား​ရေး​သုံး​အတွက် ၁ ယူနစ်ကို ၅၀ ကျပ်က​နေ ၇၅ ကျပ်နှုန်း​၊​ အိမ်သုံး​အတွက်ဆိုရင်​တော့​ ၁ ယူနစ်ကို ၂၅ ကျပ်က​နေ ၃၅ ကျပ် တိုး​မြှင့်​မယ်လို့​ ​ကြေညာပါတယ်။

ရာခိုင်နှုန်း​အား​ဖြင့်​ စီး​ပွား​ရေး​သုံး​အတွက် ၅၀ ရာခိုင်နှုန်း​ဖြစ်သွား​ပြီး​တော့​ ​နေအိမ်သုံး​အတွက်ဆိုရင်လည်း​ ၄၀ ရာခိုင်နှုန်း​တိုး​သွား​တာပါ။

စား​သောက်ဆိုင်ဖွင့်​ထား​တဲ့​ လုပ်ငန်း​ရှင်တဦး​က “​အောက်​ခြေလူတန်း​စား​ ထိခိုက်မှာပဲ။ ကွမ်း​ယာဆိုင်၊​ လက်ဖက်ရည်ဆိုင်၊​ စား​သောက်ဆိုင်​တွေက မီး​ထွန်း​ပြီး​သုံး​တာ၊​ မီး​ရောင်ကိုသုံး​တာ မီး​အား​ကိုသုံး​တာမဟုတ်ဘူး​။ သူတို့​ ဆုံး​ဖြတ်တာက မီး​အား​ကိုအသုံး​ပြုတာလို့​ ​ပြောရာက​နေ အခု ပါဝါမီတာ​တွေ တက်တာ​ပေါ့​။ တကယ်တမ်း​ ပါဝါမီတာ​တွေ တက်ရမှာ။ ပါဝါမီတာကျ​တော့​ အဲဒီဟာအတွက်တင် မဟုတ်ဘဲနဲ့​ ကျန်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​တွေပါ အကုန်လုံး​ချတဲ့​အခါကျ​တော့​ ကွမ်း​ယာဆိုင်၊​ အ​ကြော်ဆိုင်က စပြီး​ ​ကောက်တာ။ မီး​ထွန်း​ရင် စီး​ပွား​ရေး​လုပ်ငန်း​ လုပ်တယ်ဆိုပြီး​ ထွန်း​တာ။ အခုထိမှာ​လေ မနည်း​ဘူး​ တက်သွား​မှာ။

“​နောက်တခု မီတာထိန်း​သိမ်း​ခဆိုတာ ရှိ​သေး​တယ်။ ကိုယ့်​အိမ်ကိုယ် မီတာချိတ်ထား​တာပဲ။ အဲဒီမီတာထိန်း​သိမ်း​ခက တလကို တ​ထောင်ထည့်​ပေး​ရတာ။ တအိမ်​ထောင်ကို တ​ထောင်ဆို​တော့​ ဗမာပြည်မှာ ရှိတဲ့​ အိမ်​ထောင်စု​ပေါင်း​များ​စွာ တွက်ကြည့်​လိုက်ဗျာ၊​ အဲဒါ ဗလာသက်သက်ဝင်တဲ့​ ​ငွေပဲ” လို့​ ​ပြောပါတယ်။

လျှပ်စစ်သုံး​စွဲရာမှာ အဓိကအား​ဖြင့်​ စီး​ပွား​ရေး​သုံး​နဲ့​ အိမ်သုံး​ဆိုပြီး​တော့​ အစိုး​ရက နှစ်မျိုး​ခွဲထား​ပေမယ့်​ အိမ်တွင်း​တနိုင်တပိုင် လုပ်ငန်း​ လုပ်တဲ့​သူ​တွေကိုလည်း​ စီး​ပွား​ရေး​သုံး​ဆိုပြီး​ စက်ရုံကြီး​တွေသုံး​တဲ့​ နှုန်း​ထား​နဲ့​ တတန်း​တည်း​ထား​ပြီး​ သုံး​စွဲခ​ကောက်ခံပါတယ်။

အစိုး​ရလျှပ်စစ်ဌာနကလည်း​ စီး​ပွား​ရေး​လုပ်ငန်း​သုံး​အတွက် ပါဝါမီတာကို သုံး​စွဲသူ အ​ရေအတွက် လိုသ​လောက်ချ​ပေး​ထား​ခြင်း​ မရှိဘူး​လို့​လည်း​ သိရပါတယ်။
http://burmese.dvb.no/archives/19042

http://www.irrawaddyblog.com/2011/12/blog-post_782.html

0 အကြံပြုခြင်း: