Tuesday, December 13, 2011

နိုင်ငံရေး အကျဉ်းသားတွေ ဇန်န၀ါရီ | ရွေးကောက်ပွဲ မတ်လ

by FNG on December 13, 2011
FNG၊ ၊ဖမ်းဆီး ထားတဲ့ နိုင်ငံရေး အကျဉ်းသား တွေ ကို ရှေ့  နှစ် ဇန်န၀ါရီလ မှာ လွှတ်ပေးပြီး
၊ ကြားဖြတ် လွှတ် တော်ရွေးကောက် ပွဲ ကို မတ်လ မှာ ကျင်းပ မယ် လို့  ကုလသမဂ္ဂ အထွေထွေ
အတွင်းရေး မှုး ချုပ် ဟောင်း ဦးသန့်  ရဲ့  မြေးဖြစ်သူ ဦးသန့် မြင့် ဦးက ရိုက်တာ သတင်းဌာန ကို
ပြောပါတယ်။

ဖမ်းဆီးထား တဲ့ အကျဉ်းသား တွေ အကုန် လုံး သို့  မဟုတ် အများစု ကို ရှေ့ လမှာ ပြန်လွှတ်ပေး
မယ့်ပုံ ရှိ ပြီး ကြားဖြတ်ရွေးကောက် ပွဲ ကို တော့ ဖေဖော်ဝါရီလ သို့ မဟုတ် မတ်လ ထဲ မှာ ကျင်း
ပမှာ ဖြစ်တယ် လို့  စင်္ကာပူ နိုင်ငံ ကို ရောက်ရှိ နေတဲ့ ဦးသန်းမြင့် ဦးက နိုင်ငံခြား သတင်းထောက်
တွေ ကို ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ဟာ ၀င်ရောက် အရွေးခံမယ်၊ လွတ်လပ်ပြီး တရားမျှတမှု လည်းရှိ
မယ်၊ ဒေါ်အောင်ဆန်းစုကြည် လည်းလွှတ်တော် အမတ် ဖြစ်လာမယ် ၊ လို့  သူ က ဆက်ပြောပါတယ်။

ပြီးခဲ့ တဲ့ ရက်ပိုင်းက ပဲ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပူးပေါင်းပြီး နိုင်ငံရေး ဆက်လုပ် နိုင်
မယ့် နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေး မယ် လို့  ပြောခဲ့ ပါတယ်။

အောက်လွှတ်တော် ဥက္ကဌ ဖြစ်တဲ့ ဦးခင်အောင်မြင့် က တော့ မနေ့ က ရန်ကုန် မြို့  က သူ့  ရဲ့  နေအိမ်
မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့  တွေ့ ဆုံ ခဲ့ ပါတယ်။

ဦးသန်းမြင့် ဦး ၏ နိုင်ငံရေး အကျဉ်းသား ပြန်လည် လွတ်မြောက်ရေး သတင်း နှင့် ပတ်သက် ပြီး
ရန်ကုန် မြို့ ရှိ နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံထား ရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦး ၏ မိခင်
ဖြစ်သူက ” လွှတ်မှ ပဲ လွှတ်တယ် ဆိုတာ ယုံလိုက် တော့ မယ်။ အခု ဘယ်စကား မှ မယုံ ရဲ သေး
ဘူး လို့  “FNG ကို ပြောပါတယ်။

စာရေးဆရာ နဲ့  သမိုင်းပညာရှင် တစ်ဦး လည်း ဖြစ်ပြီး မြန်မာ နိုင်ငံ နဲ့ အိမ်နီးချင်း နိုင်ငံ တွေ ရဲ့ ဆက်
ဆံ ရေး ကို လေ့လာ သူ သုတေသီ တစ်ဦး ဖြစ်တဲ့ ဦးသန်းမြင့်ဦးက ဒီလို ပြန်လွှတ်တာ ဟာ ဥရောပ
သမဂ္ဂ နဲ့  အမေရိကန် ရဲ့  အရေးယူဒဏ်ခတ်မှု တွေ ကို ဖယ်ရှား နိုင်ဖို့  ဆောင်ရွက် ချက် တစ်ခုပဲ
လေ ဟု သုံးသပ် ပြောကြား သည်။

ကြားဖြတ် ရွေးကောက်ပွဲ ဟာ ရွေးကောက်ပွဲ ကြီး ထပ်မံ ကျင်းပဖို့  ကြေငြာ ပြီး သုံးလ နေမှသာ
လို့  ပြီးခဲ့တဲ့ လက အစိုးရ အဆင့် မြင့် အရာ ရှိ ကြီး တစ်ဦးက တရား ၀င် ပြောသွား ခဲ့ ပါတယ်။
http://freedomnewsgroup.com/2011/12/13/pp-freeing-soon/#more-23241

0 အကြံပြုခြင်း: