Saturday, January 1, 2011

အလင်း...အမှောင် နှင့် ဒေါ်အောင်ဆန်းစုကြည်...


Photographs by Redux for TIME

The Voice ဂျာနယ် ရုံးချုပ်တည်ရှိရာ ရန်ကုန်မြို့ သမ္မတဟော်တယ်ရှေ့ တွင်၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့ တွင်ငါးမင်းဆွေဆန္ဒပြမယ်တဲ့......


NgaMinSwe vs Voice Journal http://www.demowaiyan.co.cc/2011/01/voice.html

၁.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

4 attachments — Download all attachments  
1 Jan 2011 Yeyintnge's Diary.doc1 Jan 2011 Yeyintnge's Diary.doc
237K   View   Download  
1 Jan 2011 Yeyintnge's Diary.pdf1 Jan 2011 Yeyintnge's Diary.pdf
1150K   View   Download  
46125074-Htun-Aung-Gyaw-Rebuilding-Civil-Society.pdf46125074-Htun-Aung-Gyaw-Rebuilding-Civil-Society.pdf
68K   View   Download  
SU-RFA Q 30-12-10.mp3SU-RFA Q 30-12-10.mp3
1804K   Play   Download  


http://www.mediafire.com/file/b8mepk8tbvt2cfr/1%20Jan%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/f3nq1tpat0r1r4o/1%20Jan%202011%20Yeyintnge%27s%20Diary.doc
1 Jan 2011 Yeyintnge's Diary

Htun Aung Gyaw - Rebuilding Civil Society

Htun Aung Gyaw - Rebuilding Civil Society

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ RFA အပတ်စဉ်အမေးအဖြေ အစီအစဉ်(၁.၁.၁၁)


2011-01-01
ဒီဇင်ဘာလ ၃၁ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ဦးခင်အောင် (စင်္ကာပူ)၊ ကိုမင်းဆက်ဟိန်း (ဗြိတိန်)၊ ကိုကြည်လင်း (ပဲခူး)၊ ဦးဇာဂရဗုဒ္ဓိ (သီရိလင်္ကာ)၊ ဒေါက်တာမြင့်ချို (သြစတြေလျ) နဲ့ ကိုစောကျော်ကျော်မင်း (ထိုင်း-မြန်မာ နယ်စပ်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

(Photo: AFP)
ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည် (အလယ်) သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီဇင်ဘာ ၃၁ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃၁)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ် နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။   


လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့  DASSK@rfa.org ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

အဆိုတော် ထူးအိမ်သင် ရဲ့ ညီမင်္ဂလာဆွမ်းကြွေးအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ကြွရောက်ချီးမြှင့်

မောင် မင်းဆုမွန် နှင့် မခင်ဝါ၀ါလှိုင်တို့ မင်္ဂလာဆွမ်းကြွေး
ရန်ကုန်တိုင်း တာမွေမြို့နယ် မဟာသန္တိသုခ ဗုဒ္ဓသာသနစင်တာ
( ၁.၁.၁၁ )



လွတ်လပ်ရေးကျိန်စာ



By ဦးအောင်ခင် & မညိုညိုလွင် သောကြာ, 31 ဒီဇင်ဘာ 2010

လာမယ့် အင်္ဂါနေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေးရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေအားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့  လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ လွတ်လပ်တဲ့နိုင်ငံသားတွေက ကိုလိုနီခေတ်ကို ပြန်လည်တမ်းတနေတာဖြစ်လို့ လွတ်လပ်ရေးရတာဟာ ကျိန်စာသင့်သလို ဖြစ်နေပါတယ်။

လွတ်လပ်တဲ့ မြန်မာပြည်ရဲ့  ထင်ရှားတဲ့ အသွင်လက္ခဏာတခုက မိမိအာဏာတည်မြဲရေးကို အဓိကထားတာပါ။ ဒီနေရာမှာ ဗမာမင်းလက်ထက်နဲ့ အတော်တူနေပါတယ်။ သီပေါမင်းဟာ မိမိအာဏာတည်မြဲဖို့ဆိုရင် လူကြီးကလေးပါမကျန် သတ်ပစ်ပါတယ်။ မင်းအဆက်ဆက် အသစ်တက်တိုင်း အန္တရာယ်ပေးနိုင်တဲ့ ပြိုင်ဘက်တွေအားလုံး အသတ်ခံရတာ မြန်မာ့ဓလေ့ပဲလို့ အင်္ဂလိပ်အရာရှိ Sir J.G. Scott က လွန်ခဲ့တဲ့ အနှစ်တရာကျော်လောက်က သုံးသပ်ခဲ့ပါတယ်။ အခုခေတ် မြန်မာပြည်မှာတော့ အန္တရာယ်ပေးနိုင်တဲ့ မင်းလောင်းတွေကို အရင်လို သတ်မပစ်ဘဲ ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်ညှဉ်းပန်းပါတယ်။

ကိုလိုခေတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေချမ်းသာပြီး မြန်မာပြည်သူပြည်သားတွေ ဆင်းရဲကြပါတယ်။ ရန်ကုန်စီးပွားရေးလောကကို အိန္ဒိယအနွယ်ဝင်တွေ လွှမ်းမိုကြပြီး မန္တလေးစီးပွားရေးလောကကို တရုတ်တွေကြီးစိုးကြပါတယ်။ အခုခေတ် မန္တလေးဟာလည်း တရုတ်မြို့ တော် ဖြစ်နေသလို ကိုလိုနီခေတ် ရန်ကုန်ဟာ ဟိန္ဒိုမြို့ တော် ဖြစ်ခဲ့ပါတယ်။ ဟိန္ဒိုစကားမတတ်ရင် ရန်ကုန်မြို့ မှာ လူရာမဝင်ပါဘူး။ ကိုလိုနီခေတ် မြန်မာပြည်ကို အင်္ဂလိပ်အရာရှိတစုက အုပ်ချုပ်ပြီး ယနေ့မြန်မာပြည်ကို ဗမာစစ်ဗိုလ်တစုက အုပ်ချုပ်ပေမယ့် အနှစ်သာရကတော့ အတူတူပါ။ လူတစု ကြီးပွားချမ်းသာရေးအတွက် ပြည်သူလူထုအများစု အနစ်နာခံနေကြရပြီး နိုင်ငံခြားကုမ္မဏီတွေနဲ့ အစိုးရအသိုင်းအဝိုင်းသာ ကြီးပွားချမ်းသာနေကြပါတယ်။

တိုင်းသူပြည်သားတွေ မလွတ်လပ်ရင် လွတ်လပ်ရေးမရသေးဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်ပါတယ်။ ဂျပန်ခေတ် ၁၉၄၄ သြဂုတ်လ (၁) ရက်နေ့ ရန်ကုန်ဂျူဗလီခန်းမမှာ ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနှစ်လည်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့မိန့်ခွန်းဟာ အခုခေတ်ကို ပြောသလို ဖြစ်နေတာကို တွေ့ရပါတယ်။ “တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးအရသာကို မခံစားရသေးဘူး၊ ခံစာရသူတွဟာ လူနည်းစုသာဖြစ်တယ်။ အဲဒီလူနည်းစုဟာ ဘယ်သူတွေလည်းဆိုရင် ကျနော်အပါအဝင် အထက်ပိုင်းက အစိုးရအရာရှိကြီးတွေ၊ ဒီလူတွေကို ကပ်မြှောင်နေပြီး စားသောက်နေသူတွေ၊ အမြတ်အစွန်း ကြီးကြီးယူပြီး လူတွေရဲ့  ဒုက္ခကို ရင်းနှီးပြီး စီးပွားရှာနေတဲ့ ခေတ်ပျက်သူဌေးတွေ၊ ဒီလူတွေလောက်ပဲ လွတ်လပ်ရေးအရသာကို ခံစားရတယ်။ လွတ်လပ်ရေးဟာ အများသိကြတဲ့အတိုင်း စာပေါ်မှာ ရေးထားတဲ့ လွတ်လပ်ရေးပဲ ရှိသေးတယ်။ ကျုပ်တို့ရှေ့ ဆက်ပြီး စခန်းသွားနိုင်၊ စွန့်စားနိုင်မှ လွတ်လပ်ရေး အကောင်အထည်ကို မြင်ရလိမ့်မယ်” လို့ ဂျပန်စစ်တပ်အောက်က လွတ်လပ်ရေးအကြောင်း ပြောသွားခဲ့ပါတယ်။

လက်တစုပ်စာ လူနည်းစုက ပြည်သူလူထုအများစုကို အုပ်ချုပ်တဲ့အခါ စစ်တပ်ကို အားကိုးရပါတယ်။ ကိုလိုနီအစိုးရအဖို့ တိုင်းပြည်တပြည်လုံး ငြိမ်ဝပ်ပြီး ပိပြားနေပြီး ကိုယ်လိုချင်တာကိုရဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ မြန်မာပြည်ကို ခေတ်မီနိုင်ငံဖြစ်အောင်လုပ်ဖို့ စိတ်မကူးပါဘူး။ မြန်မာတပြည်လုံးကို သိမ်းပိုက်လိုက်တဲ့ ၁၈၈၅ ခုနှစ်ကစပြီး ၁၉၄၇ ခုနှစ်မှာ ဂျပန်ရောက်လာတဲ့အထိ နှစ်ပေါင်း (၆၀) နီးပါး ကျင့်သုံးခဲ့တဲ့ အင်္ဂလိပ်အုပ်ချုပ်ရေးစနစ်ဟာ စစ်အုပ်ချုပ်ရေးတမျိုး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်သုံးပြီး လူ့အဖွဲ့အစည်းတွေကို အနိုင်ကျင့်တာဟာ ကိုလိုနီဓလေ့သာ ဖြစ်ပါတယ်။ ကိုလိုနီစစ်တပ်ရဲ့  တာဝန်ဟာ ကိုလိုနီအရှင်သခင်တွေရဲ့  အမိန့်ကို နာခံဖို့သာ ဖြစ်ပါတယ်။

ယနေ့ လွတ်လပ်ရေးရတာ အနှစ် (၆၀) ကျော်လာပေမယ့် မြန်မာပြည်သူပြည်သားတွေဟာ မလွတ်လပ်သေးကြောင်း နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်က သက်သေပြနေပါတယ်။ ဗမာစစ်အစိုးရဟာ ဗေဒင်၊ ယတြာ၊ အတိတ်နိမိတ်တွေကို ယုံကြည်ပြီး လက်နက်အားကိုးနဲ့ ကြီးစိုးနေတုန်း ဖြစ်ပါတယ်။ အတတ်ပညာရှင်၊ အသိပညာရှင်တွေရဲ့  အကြံဥာဏ်ကို မလေးစားဘဲ ဘိုးတော်နဲ့ ဗေဒင်ပညာကို အားကိးနေတဲ့ ဗမာစစ်အစိုးရပါ။ ကွဲလွဲတဲ့ သဘောထားရှိသူတွေကို စစ်အစိုးရက ရန်သူလို သဘောထားတတ်ပါတယ်။ ကိုလိုနီအစိုးရအဖို့ တပြည်လုံး ငြိမ်ဝပ်ပိပြားနေပြီး ကိုယ်လိုချင်တာကိုရဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။

ကိုလိုနီအစိုးရနဲ့ ဖက်ဆစ်ဂျပန်အဖို့ အာဏာဆိုတာ အထက်ကလာတဲ့ အမိန့်ပါ။ အမိန့်နာခံအောင် ပြည်သူလူထုကို သွေးဆောင်ဖြားယောင်းမယ်၊ ကြောက်အောင်လုပ်မယ်၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ငြိမ်ဝပ်ပိပြားအောင် အမိန့်နာခံအောင် လုပ်တာဟာ အင်္ဂလိပ်နယ်ချဲ့ နဲ့ ဂျပန်ဖက်ဆစ်ရဲ့  နည်း ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာဟာ ပြည်သူလူထုဆီက လာတယ်ဆိုတာကို အင်္ဂလိပ်နယ်ချဲ့  နဲ့ ဂျပန်ဖက်ဆစ်တွေက လက်မခံနိုင်ပါဘူး။ ဗမာစစ်အစိုးရလည်း လက်မခံနိုင်တာမို့ မြန်မာပြည်သားတွေ မလွတ်လပ်သေးဘူးလို့ ပြောနိုင်ပါတယ်။
http://www.voanews.com/burmese/

၁.၁.၁၁ ရက်နေ့ပြေတီဦး & အူဝဲ တို့ရဲ့ကြောင်းလမ်းပွဲလေးပါ။








" ရောင်နီလာ နံနက်ခင်းဆီသို့”- အပိုင်း ( ၁ )

ကျနော်တို့ လူထု တော်တော်များများ မျှော်လင့်နေကြတာ ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်လိုက်ပြီဆိုရင်ကို နေ့ချင်းညချင်း တိုင်းပြည်ဟာ ၀ုန်းကနဲ ဖွံ့ဖြိုးတိုးတက် သာယာသွားလိမ့်မယ်လို့ ထင်ကြတာကိုး၊။
ဒီလို ထင်မြင်ယူဆချက်များကိုလည်း အဆိုး မဆိုသာပါဘူး၊ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးနဲ့ပတ်သက်လာရင် သားကြောဖြတ်ခံထားရတာဆိုတော့ နိုင်ငံရေး သဘောတရားအရာမှာ အားနည်းရှာတယ်၊ယနေ့လူငယ်ထုရဲ့ရိုက်ခတ်လာတဲ့ အသံတွေကို နားစွင့်ကြည့်မယ်ဆို သိသာတယ်၊သူတို့က ရိုးရိုးသားသားပဲ ၊ နိုင်ငံရေး နားမလည်ဘူး၊။မသိဘူး၊။ဒါပေမယ့် မခံချင်စိတ်တော့ရှိတယ်၊။
လူငယ်တွေ ကျနော်တို့နိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေးနဲ့စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်မှု့တိုက်ပွဲမှာ စိတ်ပါဝင်စားလာတာဟာ နိုင်ငံအတွက် အလားအလာကောင်းတရပ်လို့ ယုံကြည်မိပါတယ်။ဒါကို အတွေ့အကြုံရှိတဲ့ လူကြီးတွေက နွေးထွေးစွာ လက်ကမ်းကြိုဆိုရမယ်၊ကောင်းမွန် မှန်ကန်တဲ့လမ်းကြောင်းတွေကို လမ်းညွှန်ပေးနိုင်ရမယ်။
ကျနော်ငယ်ငယ်က နိုင်ငံရေးကို စ စိတ်ဝင်စားကာစ ...မသိလို့ သိတဲ့လူတွေတချို့ဆီ လိုက်လံဆည်းပူးခဲ့ ဖူးတယ်၊စလာကတည်းက သမားဂုဏ်တွေပြပြီး ကျနော်နားမလည်နိုင်တဲ့ စကားလုံးကြီးတွေနဲ့ ထုတော့ စိတ်တွေ အရမ်းပျက်သွားခဲ့ဖူးတယ်။
”အော်..နိုင်ငံရေးဆိုတာ ဒီလောက်တောင် ခက်ခဲနက်နဲပါလား..ငါ လိုက်လို့မမှီနိုင်ပါဘူးလေ..”ဆိုတဲ့ သိမ်ငယ်စိတ်တွေ ၀င်ခဲ့ဖူးတယ်။ အဲသလိုလူတွေက သူတို့သိထားတဲ့ အရာတွေ အခြား လူသိအောင် လက်ဆင့်ကမ်းချင်တာက နည်းနည်း။ သူတို့တော်ကြောင်း၊တတ်ကြောင်းကို တနည်းအားဖြင့် သွယ်ဝိုက် ကြွားနေတာတွေက များနေလို့..ရှောင်ခဲ့ရဖူးတယ်။


ဒီသင်ခန်းစာတွေအပေါ်ကိုကြည့်ပြီး ယနေ့လူငယ်တွေအပေါ် ကိုယ်ချင်း စာတယ်၊။ဒါ့ကြောင့် နားအလွယ်ဆုံး စကားလုံးတွေ ဥပမာတွေကို အချိန်ယူပြီး စဉ်းစားတယ်၊ပြီးတော့ ရိုးစင်းတဲ့ရှင်းလင်းချက် တွေနဲ့ ရှင်းပြပေးချင်တယ်၊


တချို့က ဒီမိုကရေစီကို လွဲမှားစွာ ခံယူနေတာတွေလည်းရှိတယ်၊။ကျနော်သိသလောက် အလွယ်ကူဆုံး ရှင်းလင်းချက်တွေနဲ့ရှင်းပြချင်တယ်။လူငယ်တွေ နားမဆန့်တဲ့စာတွေနဲ့ရှင်းပြမယ်ဆို သူတို့က “ဟင်”ကနည်းဆို လှည့်ထွက်သွားတတ်ကြ တာမဟုတ်လား၊ ကျနော်ရှင်းပြမယ့်သဘောက ဆယ်တန်းအောင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က ဆယ်တန်းဖြေမယ့် ကျောင်းသားငယ်ကို လမ်းညွှန်ပေးတဲ့ အဆင့်လောက်ပါ၊ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊။ကျနော့်ရဲ့ရည်ရွှယ်ချက်က မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရေးကို တစိတ်တဒေသ နားလည်စေချင်လို့၊ နိုင်ငံတနိုင်ငံမှာ အဲဒီလူထုဟာ နိုင်ငံရေးကို နားမလည်ဘူး၊ နားမလည်လို့ စိတ်မ၀င်စားဘူးဆိုရင် အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ဟာ သူလုပ်ချင်ရာ လုပ်မှာပဲ၊။ ဒါကလည်း ရှင်းပါတယ်..။ တန်ဘိုးကို နားလည်မှ တန်ဘိုးဆိုတာ ထားတတ်တာကိုး၊ တန်ဘိုးနားမလည်တော့ တန်ဘိုးထားရကောင်းမှန်းမသိတော့ဘူး ၊။

” အော်..ငါတို့ရသင့်တာ ဒီလောက်ပါပဲလား..ဘုရားပေးသလောက်ပေါ့ ” ဆိုတဲ့အတွေးအခေါ်တွေနဲ့ရပ်တည်နေကြမှာ အမှန်ပဲ။ ပမာပြောရရင်..ကျနော့်ရှေ့တည့်တည့်မှာ အရမ်းတန်ဘိုးကြီးပါတယ်...ဆိုတဲ့ကျောက်စိမ်းအရိုင်းတုံးကြီးတတုံး လာပစ်ချထားကြည့်..။ ဒီကျောက်တုံးကြီးကလည်း ရှုတ်လိုက်တာ ဆို ကျနော်ကန်ထုတ်ပစ်လိုက်မှာ အမှန်ပဲ.. ကျနော်မှ အဲဒီတန်ဘိုးကိုဖြတ်နိုင်တဲ့ အသိ မရှိတာ..။ တန်ဘိုးကို သိတဲ့သူများကျ အသည်းအသန်ကို တူးဖော်ထုတ်လုပ်နေကြတာ မဟုတ်လား၊

နောက်တခုက နိုင်ငံရေးမှာ အယူအဆမှားရင် အလုပ်မှားတယ် ။ အလုပ်မှားရင် အကုန်လိုက်လွဲကုန်တော့တာပဲ။ အဲဒါ သိပ် အန္တရာယ်များတယ်။ ကျနော် ဒီဆောင်းပါးကို ရေးနေရင်းကနေ မေးခွန်းတချို့ထုတ်ကြည့်ချင်တယ်…..။


-ကျနော်တို့ မြန်မာနိုင်ငံသားတွေ နအဖ အပါအ၀င် အာဏာရှင်စနစ်ကို ဘာလို့ အလိုမရှိတာလဲ ?

- ကျနော်တို့ လိုချင် ဖြစ်ချင်နေတာတွေက ဘာလဲ ?

အဲဒီ မေးခွန်းနှစ်မျိုး ကျနော်တော်တော်များများကို မေးကြည့်ခဲ့ဖူးတယ်၊။ နအဖ စစ်အာဏာရှင်ကို ဘာ့ကြောင့် အလိုမရှိတာ လဲ၊ မကြိုက်တာလဲ ဆိုတဲ့ အရာအပေါ်မှာ တော်တော်ပြောနိုင် ဖြေနိုင်ကြပေမယ့် လို့ ကျနော်တို့လိုချင်တာ ဖြစ်ချင်နေတာ ဘာလဲ ဆိုတဲ့မေးခွန်းအပေါ်မှာ တော်တော်များများကေ၀၀ါးသွားကြတာ များတယ်။

နိုင်ငံရေးဆိုတဲ့ပြဿနာကို ဖြေရှင်းရာမှာ အရပ်ပြော ဇာတ်ပြောတွေနဲ့ ပြောလို့မရတော့ဘူး၊။ စနစ်ကျရတယ်၊။ စံချိန်စံညွှန်း ဥပဒေသတွေနဲ့ ညီညွှတ်ရတယ်၊။ကျနော်တို့ တော်တော်များများက နိုင်ငံရေးလို့ပြောလိုက်တာနဲ့ အစိုးရကို ဆန့်ကျင်မယ်၊အစိုးရဆန့်ကျင်ရေးစကားတွေချည်းပြောကြမယ်၊ရေးကြမယ် ဒီလောက်တွေပဲများကြတယ်၊ဒီထက်ကျော်ပြီး စဉ်းစားကြတာနည်းတယ်၊။နအဖစစ်အာဏာရှင် မကောင်းကြောင်းပြောရတာ ကတ္တရာစေးပေပါကို အိုးမဲ သွားသွားခြစ်နေရသလိုပဲ။(နဂိုကတည်းက မဲပြီးသား ...ကိုယ်က အိုးမဲသွားခြစ်လည်း ထူး မဲမလာတော့ပါဘူး။) ၊မပြောမဖြစ်လို့ ပြောရတဲ့အခါကြတော့လည်း တမျိုးပေါ့၊။။။။။

ကျနော်တင်ပြချင်တဲ့အချက်ထဲမှာ ကျနော်တို့လိုချင်နေတာ..ဖြစ်ချင်နေတာ ဘာလဲဆိုတာကို အလေးပေး တင်ပြသွားချင်တယ်…. ဒါမှ ကျနော် အထက်မှာရေးသားထားခဲ့သလိုပဲ တန်ဘိုးကို သိနားလည်လာလိမ့်မယ်လို့ ယုံကြည်တယ်၊ တန်ဘိုးကို သိမှ လိုချင်လာမယ်၊ လိုချင်လာရင် အားထုတ်လာကြမယ်။


ကျနော်တို့အားလုံး သိထားတာက..စစ်အာဏာရှင်ပဲဖြစ်ဖြစ် ...ရိုးရိုးအာဏာရှင်ပဲဖြစ်ဖြစ်....မကြိုက်ဘူး။။၊ကြုံတုန်းပြောချင် သေးတယ်။အာဏာရှင်ဆိုတဲ့နေရာမှာ စစ်အာဏာရှင်တစ်ခုထဲကို မရည်ညွှန်းပါနဲ့။ အားလုံးသောအာဏာရှင်ကို ရည်ညွှန်းပါတယ်။ တိုက်ထုတ်ပါ၊ စစ်အာဏာရှင် မဟုတ်ဘဲ အရပ်သားအစိုးရထဲမှာ အရပ်သားအာဏာရှင်တွေလည်းရှိတယ် ။


ဥပမာ-ဖိလစ်ပိုင်နိုင်ငံက ဖယ်ရှားခံလိုက်ရတဲ့ သမ္မတဟောင်း မားကို့စ် လိုမျိုး ။(ပြမယ်ဆိုရင်တော့ အများကြီးပေါ့)၊ နောက် တစ်ပါတီအာဏာရှင် ဘယ်အာဏာရှင်ကိုမှ လက်မခံပါနဲ့၊ဘယ်အာဏာရှင်မှ လူထုကောင်းကျိုးမပေးဘူး၊ကျနော်ဘာ့ကြောင့်ဒီလိုပြောနေရသလဲဆိုရင် ကျနော်တို့လိုချင်နေတဲ့ အရာထဲမှာ ဒီမိုကရေစီအရေခွံခြုံလာပြီး အာဏာရှင်စနစ်ကို ပြန်အသက်သွင်းချင်နေတဲ့သူတွေ အဖွဲ့အစည်းတွေရှိနေလို့ ဒီလိုခွဲခွဲခြားခြားပြောပြရတာဖြစ်ပါတယ်။

ကျနော့်သဘောကို ပြတ်ပြတ်သားသား ထပ်ပြောချင်တယ်၊စစ်အာဏာရှင်မှ မဟုတ်ဘူး။ဘယ်အာဏာရှင်မှ မကြိုက်ဘူး။ အလိုမရှိဘူး၊အမြဲဆန့်ကျင်တိုက်ထုတ်သွားမယ်။

ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လိုချင်တယ်။ ဒီမိုကရေစီဆိုတာဘာလဲ။လူ့အခွင့်ရေးဆိုတာဘာ လဲ ?

ခြေတလှမ်း လှမ်းတက်ကြည့်ရအောင်။ ဒီမိုကရေစီလိုချင်တယ်လို့အကြမ်းဖျင်းအားဖြင့် ဖြေကြည့်လိုက်ပါ…။

စစ်အစိုးရက ပြောလာလိမ့်မယ် သေချာတယ်…။


” ခင်ဗျားတို့လိုချင်နေတဲ့ ဒီမိုကရေစီ ကျနော်တို့ပေးပါမယ်..လို့ အာမခံ ရုံမက..၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတောင် ပြဌာန်းပြီးပြီလေ..စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာ…ဒီမိုကရေစီပဲလေ…ပေးပါမယ်..”လို့ ပြောနေတဲ့ဟာ ဘာလို့တောင်းနေရသေးတာလဲ..။ ကဲ...ဒါကို ဘယ်လိုပြန်ပြောကြမလဲ ။

ကျနော်တို့လိုချင်တာ.... စစ်မှန်သောဒီမိုကရေစီ…။
ဒါဆို .. စစ်မှန်တဲ့ ဒီမိုကရေစီရဲ့သဘောတရားက ဘာလဲ၊ သူ့ရဲ့ ၀ိသေသ လက္ခဏာရပ်တွေက ဘာတွေလဲ၊

။ဒီတော့ ကျနော်တို့ ကွဲကွဲပြားပြားဖြစ်ဖို့ လိုပြီ… ဒီမိုကရေစီဆိုရုံနဲ့ မလုံလောက်တော့ဘူး၊

စစ်အစိုးရကလည်း ဒီမိုကရေစီပြောနေတာပဲ၊
ကွန်မြူနစ်ကလည်း ပြည်သူ့ဒီမိုကရေစီ..တဲ့၊
မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)တုန်းကလည်း ဒီမိုကရေစီကျင့်သုံးပါတယ်..တဲ့၊

ကျနော်တို့လိုချင်တာ ဘယ်လို ဒီမိုကရေစီပုံစံလဲ? ဒီမိုကရေစီဆိုတာ-------။


တခါက ကျနော့်ဒေသမှာ ”အမှတ်တရ” ဆိုတဲ့ လဘက်ရည်ဆိုင်လေးတစ်ဆိုင်ရှိတယ် ။ အဲဒီဆိုင်က ပိုင်ရှင်ကလည်း ကျနော်နဲ့နိုင်ငံ ရေး ဆွေးနွေးဖော် ဆွေးနွေးဘက်ဆိုတော့ ကျနော်အားတဲ့အချိန်မှာ အမှတ်တရ လဘက်ရည်ဆိုင်ကို လာလာထိုင်တယ်လေ။ များသောအားဖြင့် ကျနော်တို့နိုင်ငံရေးလှုပ်ရှားသူ အများစု စုဝေးရာ နေရာလေးဆိုလည်း မမှားပါဘူး၊။ဆိုင်ရဲ့ဖွဲ့စည်းပုံကလည်း ကျယ်တယ် ။ စားပွဲခုံက အပုလေးတွေ ။ ခုံသေးလေးတွေနဲ့ဝိုင်းဖွဲ့ထိုင်ကြရတာ ။ စားပွဲတ၀ိုင်းနဲ့တ၀ိုင်းကလည်း ကပ်မနေဘူး။ အဲဒီတော့ ဆွေးနွေးစရာရှိတဲ့ ကိစ္စတွေဆို လွတ်လွတ်လပ်လပ် စုပေါင်းဆွေးနွေးလို့ကောင်းတယ်…..။၁၉၈၈ နောက်ပိုင်းမှာ ဒီ လဘက်ရည်ဆိုင်လေးဟာ လူပိုစည်လာတယ် ပြောလို့ရမလား မသိဘူး၊။ ထောက်လှမ်းရေးများကလည်း အချိန်ပြည့် မျက်စိ ဒေါက်ထောက်ကြည့်တတ်တဲ့နေရာပေါ့၊

ကျနော်တို့နိုင်ငံရေးအင်အားစုများသာ ပျောက်တဲ့သူ ပျောက်သွားလိုက် ...။ ပေါ်တဲ့သူပေါ်လာလိုက်နဲ့ဖြစ်နေပေမယ့် ဆိုင်လေးကတော့ ပြောင်းလဲ မသွားဘူး ။ကျနော်လည်း ထောင်ထဲဝင်သွားပြီး ပြန်ထွက်လာတော့ မကြာခဏဆိုသလို အမှတ်တရ လဘက်ရည်ဆိုင်လေးကို ရောက်ဖြစ်ပါတယ်။ ဒီတခါထူးခြားတာက ဒီဆိုင်လေးမှာ ကျနော်နဲ့ နိုင်ငံရေးအကြောင်း ဆွေးနွေးကြတဲ့သူတွေဟာ အရင်သူတွေမဟုတ်တော့ဘူး။နောက်ထပ်မျိုးဆက်သစ်လူငယ်တွေဖြစ်လာ ကြတယ်။ကျနော်လာတတ်တဲ့အချိန်လောက်ဆိုရင် သူတို့တတွေလည်း ရောက်ရောက်လာတတ်ကြတယ်။မြို့ကလည်းမြို့ သေးလေးဆိုတော့ ဘယ်သူဘာလဲ ဆိုတာ သဲသဲကွဲကွဲ သိသာပါတယ်။

အခု ကျနော်နဲ့လာရောက်ဆုံစည်းတဲ့ လူငယ်တွေ ဘယ်သူဘယ်ဝှာဆိုတာကိုလည်း ကျနော်သဘောပေါက်ပြီးသားပါ၊ ကျနော်နဲ့ အမြဲစကားဝိုင်းဖွဲ့လာတတ်တဲ့ ပင်တိုင် လူငယ် လေးဦးရှိတယ် ။သူတို့က ချမ်းမြေ့၊ထက်အောင်၊စန်းမောင်ရယ်။ ကိုသွေးရယ်။ (ကိုသွေးဆိုတာ သူ့ကလောင်နာမည်ပါ။ကျနော်တို့က တော့ သူ့ကို နာမည်အရင်းဖျောက်ပြီး ကိုသွေးပဲ ခေါ်ကြတယ် ။)

အားလုံးက မြို့မှာရှိတဲ့ ကောလိပ်မှာ တက်နေတဲ့ ကျောင်းသားတွေ၊သူတို့မှာချစ်စရာကောင်းတာက စာအုပ်စာပေတွေ ဖတ်တတ်တဲ့အကျင့်ရှိတာရယ်၊ရိုးသားတာရယ်၊အများအကျိုးသယ်ပိုးလို စိတ်ရှိတာရယ်က လူငယ်တွေကြားမှာ နည်းနည်းထူးခြားနေသလိုပဲ။သူတို့သိချင်တာကိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးတတ်သလို မသိရင်လည်း ရိုးသားစွာ မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်။

တနေ့ကျနော်နဲ့ အမှတ်တရ လဘက်ရည်ဆိုင်လေးထဲမှာ သူတို့လေးဦးနဲ့ ဆုံစည်းမိရာက အစ… ကိုသွေးက စကား စလာတယ်….။

“အကို.....ဒီမိုကရေစီဆိုတာကို အလွယ်ဆုံးနဲ့နားလည် အလွယ်ဆုံး ရှင်းပြပေးပါလား”

သူတို့သိချင်နေတဲ့အကြောင်းအရာကို စမေးလာတယ် ။ အားလုံးရဲ့အာရုံပြုမှု့တွေက ကျနော့်ဆီ စုပြုံရောက်လာရင်း……

“တတ်နိုင်သလောက်တော့ ရှင်းပြပေးပါ့မယ်…ဒါပေမယ့် ငါရှင်းပြချင်တဲ့ဟာတွေက ဘာမှနိုင်ငံရေးကို နားမလည်တဲ့သူတွေကို ဦး တည်ချင်တယ်…တော်လို့ သိလို့တော့ မဟုတ်ဘူးနော်..ငါသိသလောက်ကို ဖောက်သည်ချတဲ့ သဘောပါ..မင်းမေးလို့..ငါပြောပြမယ့် ဒီမိုကရေစီသဘောတရားဆိုတာကို အခြေခံအဆင့်လောက်က စကြတာပေါ့ကွာ”

“ကောင်းတာပေါ့ အကိုရာ..ကျနော်တို့က လုံးလုံးကို နားမလည်တာပါ..ဒါပေမယ့် နိုင်ငံရေးကို စိတ်ဝင်စားတယ်..ကိုယ့်နိုင်ငံကို တိုးတက်စေချင်တဲ့ ဆန္ဒတွေရှိတယ်..ဒါပေမယ့် ကျနော်တို့ကို ကောင်းကောင်းရှင်းပြနိုင်တဲ့သူတွေနဲ့ကလည်း အလှမ်းဝေး နေတယ်လေ..စာတွေလိုက်ဖတ်ပြန်တော့လည်း.. ကောင်းကောင်းနားမလည်ဘူးဗျ..ရေးထားတဲ့စာတွေက အရမ်းမြင့်တယ်”

ကျနော်သဘောပေါက်ပါတယ်။ဒီနေ့လူငယ်ထုမှာဖြစ်နေတဲ့ပြဿနာက အဲဒီဟာပါ၊

“ဒီလိုကွ..အဟမ်း..အဟမ်း..”

ကျနော်ချောင်းတချက်ဟန့်လိုက်တော့ နားထောင်နေတဲ့အထဲက ချမ်းမြေ့ဆိုတဲ့လူငယ်လေးက...

“ အကို.. ဆရာကြီးဂိုက်တွေ မပါစေနဲ့နော်.. ကျနော်တို့ မှီမှာ မဟုတ်ဘူး”

သူက ကျနော့်ကို လှမ်းနောက်လိုက်တယ်။

“မပါပါဘူးကွ..စိတ်ချပါ…ဒါပေမယ့် ပဲကိုင်တာလောက်တော့ ရှိကောင်းရှိမှာပေါ့ကွာ..(ပဲကိုင်ဆိုတဲ့ ဘန်းစကားက အိုင်တင်ခံတာကို ပြောတာပါ။) ဒါက တို့နိုင်ငံရေးလောကမှာ စတိုင်တမျိုးဖြစ်နေတာကိုးကွ… ”

အားလုံး ၀ိုင်းရီသံတွေ ဆူညံသွားကြတယ်။

“ဒီမိုကရေစီ ဘာလို့ ပေါ်ပေါက်လာတာလည်းဆိုတော့….ဟိုတုန်းက နိုင်ငံတွေ အရပ်ဒေသတွေမှာ အုပ်ချုပ်တဲ့သူတွေက..အာဏာကို သူတို့စိတ်ကြိုက် အသေဆုတ်ကိုင်ထားတတ်ကြတယ်။ အစဉ်အဆက်လည်း သူတို့သဘောကျပဲ လွှဲပြောင်းပေးတယ်…။ ဥပမာ..ဘုရင်စနစ်ကွာ…။ဖအေက အာဏာကို ဆုတ်ကိုင်ထားပြီး သူသေတော့လည်း..သားတို့...ညီတို့ စသဖြင့်ပေါ့...လက်သင့်ရာ လွှဲပြောင်းပေးသွားတာ..ပြည်သူလူထုဆိုတာ..အုပ်ချုပ်သူမင်းများရဲ့ ပြုသမျှခံ ဘ၀ပဲ...။လူထုဆန္ဒဆိုတာ ဘာမှကို မရှိတာ...။ အုပ်ချုပ်သူ ဘုရင်က ဒါဆို ဒါပဲ..ဒါလုပ်ဆို ဒါလုပ်ပဲ။ မှားမှားမှန်မှန်..သူက သေစေဆို သေစေပဲ..။ရှင်စေဆို ရှင်စေပဲ..။ကောင်းစားစေဆို ကောင်းစားစေပဲ..”

ကျနော်ပြောအပြီး......ကိုသွေးက ထပ်မေးတယ်။


“အဲဒီခေတ်အခါက..ဟစ်တိုင်တို့ ဘာတို့ ရှိတယ်လို့တော့ ကြားဖူးတယ်..။လူထုက ပြောစရာ..ရင်ဖွင့်စရာတွေရှိရင်..အဲဒီဟစ်တိုင်ကနေ သွားအော်ပေါ့..။အဲဒါကိုလည်း ရှင်းပြပေးပါလား”

“အဲဒါက အားလုံးသောသူတွေ မဟုတ်ပါဘူး..အမြော်အမြင်ကြီးမားတဲ့ဘုရင်ပဲ ပြောပြော...အုပ်ချုပ်သူပဲ ပြောပြော..သူတို့က ခွင့်ပြုထားတာပါ…။တနည်းအားဖြင့် ဒါဟာ ဒီမိုကရေစီရဲ့အစလို့လည်း ပြောမယ်ဆို ပြောနိုင်ပါတယ်”

အားလုံး ငြိမ်သက်စွာ နားထောင်နေကြတယ်။စိတ်ဝင်တစားရှိနေကြတာ သိရတော့ ကျနော်လည်း တော်တော် အားတက်လာတယ်။

“လူထုရဲ့ဆန္ဒကို အုပ်ချုပ်သူက အသိမှတ်ပြုလာရတော့တာပေါ့ကွာ…ဒါပေမယ့်လည်း သက်ဦးဆံပိုင် အုပ်ချုပ်သူတော်တော်များများကတော့ မရပါဘူး..သူတို့လုပ်ရပ် မှန်မှန်မှားမှား..သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်လာရင်..အရေးယူအပြစ်ပေးတာပဲ..။ဝေဖန်လို့မရဘူး..။ ပဒေသရာဇ် အာဏာရှင်စနစ်ပဲ..တချက်လွှတ်အမိန့်ပဲ..အာဏာက သူ့တို့ပါးစပ်ဝမှာလေ”

“ဒါဆို အခု နအဖ စစ်အာဏာရှင်များလိုပေါ့”

စကားတလုံးမှ ၀င်မပြောဘဲ ငြိမ်နားထောင်နေတဲ့ ထက်အောင်က အခုမှ ၀င်မေးလာ တော့..ကျနော်က ထက်အောင်ဘက်ကို လှည့်ကြည့်ရင်း…..


“ သေချာတာပေါ့… နအဖ ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင်က ဘုရင်ကြောင်..ကြောင်နေတာကိုး.. သူတို့အတွေးအခေါ်တွေက လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီ ကျန်ရစ်နေပြီကွာ..နအဖကို ခဏထားပါဦး။ အဲဒီကို မရောက်သေးဘူး”

ဘေးနားမှာရှိတဲ့ချမ်းမြေ့က ထက်အောင်ကို တံတောင်နဲ့အသာလေး လှမ်းတွတ်လိုက်တယ်..။ မင်းကလည်း လျှာကိုရှည်တယ်ဆိုတဲ့သဘော။

“ဒါပေမယ့် အဲဒီ့ သက်ဦးဆံပိုင် ဘုရင်ကို မကြိုက်လို့ ပုန်ကန်ခြားနားတဲ့သူတွေလည်းရှိတယ်…ခက်တဲ့တချက်က အဲဒီပုန်ကန်ခြားနားသူများက အာဏာကို ဆုပ်ကိုင်လိုက်ပြီဆို..သူတို့လည်း ဘာမှထူးမလာဘူး..။အရင်အုပ်ချုပ်သူ ဘုရင်လိုပဲ ဖြစ်လာတော့ တယ်..။ အစားထိုးစရာ စနစ်မရှိဘူး..။ဒါနဲ့ပဲ သံသရာလည်နေတာ..။ အဲဒီစနစ်နေရာမှာ အစားထိုးဖို့ တော်လှန်တဲ့အတွေးအခေါ် သူတို့မှာမရှိကြဘူး..။ အာဏာမှန်သမျှကို အုပ်ချုပ်သူကပဲ ချုပ်ကိုင်ထားတယ်လေ”

သောက်လက်စ မီးသေနေတဲ့ဆေးပေါ့လိပ်တိုလေးကို မီးညှိလိုက်ရင်း သုံးဖွာလောက် ဖွာထုတ်ပစ်လိုက်တယ်။တန်းလန်းဖြစ်သွားတဲ့ စကားစကို ပြန်ကောက်ရင်းက…..


“နောက်တော့ ဘီစီ၅၀၈လောက်မှာ ဂရိနိုင်ငံ အေသင်မြို့သားတွေက တော်လှန်တဲ့အတွေးအခေါ်တရပ်ကို စတင်ခဲ့ကြတယ်ကွ…။အဲဒါကတော့ ..ဒီမိုကရေစီအတွေးအခေါ် အစပေါ့…။သဘောကတော့ကွာ..အာဏာကို အုပ်ချုပ်သူတွေဆီမှာ ပုံအပ်ထားတဲ့ အစဉ်အလာကြီးကို ရိုက်ချိုးပစ်ပြီး အာဏာကို ပြည်သူကပဲ ပိုင်စိုးရမယ် ဆိုတာကို ပုံဖော်ခဲ့ကြတာလေ ။ ပြည်သူအားလုံး တန်းတူညီမျှမှု့ရှိရမယ်၊ ပြည်သူအားလုံး လွတ်လပ်မှု့ရှိရမယ်ဆိုတဲ့ အခြေခံတရားတွေပါ ပေါ်ထွန်းလာခဲ့တယ် ”

ငြိမ်နားထောင်နေတဲ့ ချမ်းမြေ့ဆီက စကားသံထွက်လာတယ်…..

“ ကျနော် သိပ်မရှင်းဘူး ဖြစ်နေတယ် အကိုရ… အာဏာကို ပြည်သူက ဘယ်လိုပိုင်စိုးရမှာလဲ…”

“အရင်တုန်းက တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ပဲ ပြောပြော။ အုပ်ချုပ်သူပဲ ပြောပြော ။ သူက အထွတ်အထိပ် အာဏာကို သူလိုချင်သလို သုံးစွဲခဲ့တယ် ။ သူ့သဘော သူ့ဆန္ဒ သူ့အလိုကျ ကနေ..ပြောင်းပြန်ဖြစ်သွားတယ်ပေါ့ကွာ။ တိုင်းပြည်မှာရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်သူကပဲဆုံးဖြတ်ပေးရမယ်…ပြည်သူကပဲ တာဝန်ခံပေးရမယ်..အုပ်ချုပ်သူဆိုတာ..ပြည်သူခိုင်းတာပဲ လုပ်ရမယ်..အုပ်ချုပ်သူက သူ့သဘော သူ့ဆန္ဒနဲ့ သူလုပ်ချင်ရာ လုပ်လို့မရဘူးလို့ ဆိုလိုတာ.. အဲဒါကို ဒီမိုကရေစီလို့ ခေါ်တာ.. ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကိုက ပြည်သူ့အုပ်ချုပ်ရေး...တဲ့ ”

ငြိမ်နားထောင်နေတဲ့ စန်းမောင်ဆီက စကားသံ ထွက်လာတယ်…..။
“ ပြည်သူက အများကြီး ။ ဘယ်လို လုပ် အုပ်ချုပ်မှာလဲ အကိုရ.. ။ အကုန်လုံး အုပ်ချုပ်လုပ်ကိုင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ..။ ဒီ လူအများကြီး ရဲ့တူညီတဲ့သဘောဆန္ဒတွေကို ရဖို့ …ဘယ်လို စုရုန်းကြမလဲ.. ဘယ်လို ဆုံးဖြတ်လုပ်ကိုင်ကြမလဲ.. တခုခု လုပ်မယ်ကြံတိုင်း..လူတွေအများကြီး လာကြ ဆွေးနွေးကြ....တိုင်ပင်ကြ..ဆုံးဖြတ်ကြဆိုတာ..ဒီနေ့လို ခေတ်မှာ သန်း ပေါင်းများစွာ ရှိတဲ့ လူတွေနဲ့ဆို ဘယ်လွယ်လိမ့်မလဲ..အဲဒါ ဘယ်လိုလုပ်ကြတာတုန်း”

ကျနော် တော်တော်ဝမ်းသာသွားတယ် ။ စန်းမောင် ရဲ့အမေးဟာ သိပ်ထိမိတဲ့အမေး…။ သူ့ရဲ့ပုခုံးကို လှမ်းပုတ်ရင်း…

“လူငယ်ဆိုတာ..ဒီလိုမှကွ..ကိုယ်သိချင်တာကို ရိုးရိုးသားသား..မေးနိုင်ရမယ်..။ဒါမှသိမှာ..။ငါမဖြေနိုင်ဘူးဆိုရင်..ဖြေနိုင် အောင် စာတွေလိုက်ရှာကြည့်မယ်..။လူပုဂ္ဂိုလ်တွေ လိုက်မေးကြည့်မယ်..။ ပြီးရင် ငါပြန်ပြောပြမယ်..။ငါလည်း မသိတာကို သိချင်ဟန် ဆောင်ရတာ မုန်းတယ်……ငါလည်း အများကြီးတော့ မသိပါဘူးကွာ..အမေရိကန် သမ္မတကနေဒီ ပြောသွား သလိုပါပဲ…။
လောကမှာ ကျနော် မသိတာဟာ သမုဒ္ဒရာကြီးဆိုရင်.. ကျနော်သိတာဟာ ရွက်လှေလေးတစ်စီးပါ..တဲ့။

“ ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ်တရပ် မွေးဖွားနိုင်လိုက်တဲ့အခါ..တိုက်ရိုက်ဒီမိုကရေစီနဲ့ ကိုယ်စားပြုဒီမိုကရေစီဆိုတာ တခါထပ်ပြီး ရှိလာပြန်တယ် ”

ချမ်းမြေ့က လှုပ်လှုပ်ရွရွ ဖြစ်လာပြီး မေးမယ်အလုပ်.......။

“ချမ်းမြေ့......မင်းမေးမှာ ငါသိတယ်တယ်...ဆက်ပြောပါ့မယ်..။ တိုက်ရိုက်ဒီမိုကရေစီဆိုတာကတော့….ဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စ တွေကို လူထုကြီးက စုဝေးပြီး လုပ်ဆောင်တဲ့အရာပေါ့ကွာ။ ဒါပေမယ့် လူဦးရေ နည်းနည်းလေးသာ ရှိတဲ့နေရာတွေအတွက် ပြဿနာ မရှိပေမယ့် .....ဒို့နိုင်ငံလို လူဦးရေ အများကြီး ရှိနေတဲ့ အခါကျတော့ ပြဿနာရှိတာပေါ့ ။ ဘယ်လိုလုပ် လူတွေ စုဝေးနိုင်လိမ့်မလဲ…။ တခါ တိုင်းရေးပြည်ရာ ကိစ္စဆိုတာကလည်း တခါတည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူးလေ ။ အမြဲတန်းလောက်ရှိနေတာပဲ..။ အဲဒီအခါမှာ အခက်အခဲတွေ ရှိလာ တယ်………။ အဲဒီလိုဆိုတော့ ကိုယ်စားလှယ်တွေ ရွေးချယ်ရတော့တာပေါ့..။ အုပ်စုလိုက် ဒါမှမဟုတ် ဒေသအလိုက် ကိုယ်စားလှယ်တွေကို လူထုက ရွေးပေးရတယ်..။ လူထုကလည်း သူ့ကို တာဝန်ခံ ရွေးပေးရသလို ကိုယ်စားလှယ် လုပ်သူကလည်း လူထုအတွက် လူထုဖြစ်စေချင်တဲ့ဆန္ဒတွေကို အကောင်ထည်ဖော်ပေးရတယ်..။ ကိုယ်စားလှယ်ဆိုတာ လူထုအများကြီးကို ကိုယ်စားပြုပေးရတဲ့ အနည်းစုလေး ဖြစ်သွားတာပေါ့။ အဲသလို လုပ်လိုက်တော့ လူတွေ အများကြီး စုရုံးစုဝေး စရာမလိုတော့ဘူးပေါ့ကွာ..။

နောက်သဘော တခုက တို့ရပ်ကွက်ထဲမှာ သာရေးနာရေးလုပ်ဖို့  ရပ်ကွက်က ဆင့်ခေါ်လို့သွားပြီဆိုပါတော့ မင်းတို့ တအိမ်လုံး သွားကြမှာလား..မလိုပါဘူး။ ကိုယ့်အိမ်မိသားစုထဲက တစ်ယောက်ကို လုပ်ပိုင်ခွင့်ပေးလွှတ်လိုက်တာပဲ မဟုတ်လား..။ သူက မင်းတို့မိသားစုရဲ့ ကိုယ်စားလှယ်ပေါ့”

“ရှင်းသွားပြီ..အကိုရေ...ရှင်းပြီ..အာဏာရှင်စနစ်များနဲ့တော့ကွာပါ့နော်..အာဏာရှင်စနစ်တွေက အုပ်ချုပ်သူတွေတင် မကဘူး။သူ့ဆွေစဉ်မျိုးဆက်ပါ ဘာမဆိုင်ညာမဆိုင်နဲ့..အာဏာကို ဖဲ့သုံးနေကြတာ…။နအဖပဲ ကြည့်လေ...ဗိုလ်ချုပ်မှုးကြီးက သူတင် မကဘူး..အာဏာကို သူ့မိန်းမရော..သားတွေ သမီးတွေရော..နောက်ဆုံးမြေး အထိပါ ပေးထားတာ..။သူတို့ကို ဘယ်လူထုက ရွေးချယ်တင်မြှောက် အာဏာအပ်နှင်းထားလို့လဲ”


ကိုသွေးက စကားကို ထောက်ခံပြောရင်း ဒေါသသံတွေတောင် ပါလာတယ်။

“ဒါ့ကြောင့် အာဏာရှင်မှန်သမျှဟာ ဒီမိုကရေစီကို ကြောက်ကြတာပေါ့….. ငါကြားဖူးတာလေးတော့ ရှိတယ်ကွ.. ” ဘေးနားမှာ မျက်လုံးလေးမှေးပြီး နားထောင်နေတဲ့ ထက်အောင်က ၀င်လာတယ်။

“ တခါက .. ဒေသတခုမှာ ပွဲတော်ကျင်းပတော့.. ဥပဒေတခုထုတ်တယ်တဲ့.. ။ အဲဒီ ဥပဒေက .. ဤပွဲတော်အတွင်း မည်သူမျှ အရက်သေစာသောက်စားပြီး.. မူးယစ်ရမ်းကား ခွင့်မပြု...။ ပြုလုပ်လာပါက..ဥပဒေအရ ပြင်းပြင်းထန်ထန်..ထိပ်တုန်းခပ်ခံရမည်။ပုံ…….သူကြီးသား သူငယ်ချင်း .....တဲ့။

ဒီလိုပဲပေါ့ကွာ”

အားလုံး ၀ါးကနဲ ပွဲကျသွားကြတယ်။အညာနေရဲ့ ပူပြင်းလှတဲ့ အပူရှိန်အောက်မှာ ကျနော်တို့ရဲ့ဆွေးနွေးပွဲ လဘက်ရည်ဝိုင်းလေးကတော့ အပူထဲက အိုအေစစ်လေးတခုလိုပါပဲ ။ ကျနော်တို့ဆွေးနွေးနေတာ အဆင့်မြင့်နိုင်ငံရေးကြီးတွေ မဟုတ်ပါဘူး ၊။ သို့သော် အဲဒီလို ဒီမိုကရေစီအခြေခံသဘောတရားလေးတွေကိုတောင်မှ လူငယ်တွေအတွက်..သိဖို့ အခွင့်အလမ်းတွေက နည်းနေတာ မဟုတ်လား၊။ နည်းနည်းလေးပဲ သိသွားပါစေဦး။ ကျနော် ကျေနပ်ပါတယ်။ သုညထက်စာရင် တစ် ဖြစ်လာတာပေါ့၊။

(ကိုးကားချက်-) http://vansangva.com/

အပိုင်း ( ၂ ) ဆက်ပါဦးမည်။

အားလုံးကို လေးစားစွာဖြင့်-

   ( မောင်မောင်ဝမ်း )

AFP သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မရွှေဇီးကွက်ရဲ့ ၅၂နှစ်ပြည့် မွေးနေ့ခံစားမှုပုံရိပ် ပန်းချီကားပြပွဲ သို့တက်ရောက်ကြည့်ရှု့