Monday, January 3, 2011

မတားပါဘူး စဉ်းစားဖို့ ပြောတာပါ

 Written by လူထုစိန်ဝင်း   
အခုတလော လာသမျှလူတိုင်း တစ်ခုတည်းသော မေးခွန်းကိုပဲ မေးလေ့ရှိတယ်။ နိုင်ငံရေးပါတီတချို့က ပါတီရန်ပုံငွေ ရဖို့အတွက် ကုမ္ပဏီထောင်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်လို့ ပြောနေကြတာနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်ယူဆသလဲ ဆိုတဲ့ မေးခွန်း ဖြစ်တယ်။
ကိုယ့်သမိုင်းကိုယ်ရေးတာ
ဒီလို မေးမလာကြခင် ကတည်းက ဒီကိစ္စကို အထပ်ထပ်အခါခါ စဉ်းစားကြည့်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်လို့ ပြောသူများရဲ့  စကားတွေကိုလည်း သေသေချာချာ နားထောင်ရတယ်။ အားလုံးက ပါတီရန်ပုံငွေအတွက် ကုမ္ပဏီထောင်ပြီး လမ်းဖောက်၊ တံတားဆောက်တဲ့ ကန်ထရိုက်လုပ်ငန်းတွေ လုပ်မယ်။ စိုက်ပျိုးမွေးမြူရေးတွေ လုပ်မယ်။ ရေလုပ်ငန်း လုပ်မယ်။ အိတ်စပို့အင်ပို့ လုပ်ငန်းတွေလုပ်မယ် စသဖြင့် သန်ရာသန်ရာတွေ စိတ်ကူးထားကြတယ်။
ဒီမိုကရေစီ လမ်းကြောင်းမှာက ဘယ်သူမဆို ကိုယ်စိတ်သန်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတာကြောင့် နိုင်ငံရေးပါတီတွေက စီးပွားရေး လုပ်မယ်ဆိုရင်လည်း ဘာမှပြောစရာ မရှိပါဘူး။ သူတို့စိတ်ကြိုက် လုပ်ခွင့် ရှိပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးကြတာပဲ ဆိုတဲ့စကား အရှိသား မဟုတ်လား။
ကိုယ့်မှာလည်း ခေါင်းတစ်လုံးရှိလို့
သူတို့သဘောနဲ့သူတို့ လုပ်တာကို ဘာမှမပြောလိုဘူး။ ဒါပေမဲ့ ကိုယ့်မှာလည်း ခေါင်းတစ်လုံးရှိတာကြောင့် ကိုယ့်ဟာကိုယ် လွတ်လပ်စွာ စဉ်းစားတွေးတောတာတော့ လုပ်ဖြစ်တယ်။ ရှေးတုန်းက လွှတ်တော်တွေ အကြောင်းလည်း ပြန်စဉ်းစားမိတယ်။ ရှေးက လွှတ်တော်ဘတ်ဂျက် အစည်းအဝေးတွေမှာ ၀န်ကြီးတွေက သူတို့ဌာနအတွက် တစ်နှစ်တာ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွေကို လွှတ်တော်မှာ တင်ပြပြီး အသုံးစရိတ် ခွင့်ပြုချက် တောင်းကြရတယ်။ အဲဒီအခါ အတိုက်အခံ အမတ်တွေကထပြီး၊ ဒါလောက်တောင်းတာ များတယ်။ ဒါလောက် မပေးသင့်ဘူး။ ဘယ်ရွေ့ဘယ်မျှ လျှော့ချဖြတ်တောက် သင့်ပါတယ်လို့ ကန့်ကွက်ကြတယ်။
နေ့ရောညပါ အကြိတ်အနယ်
ကန့်ကွက်ချက်တွေကို သက်ဆိုင်ရာဝန်ကြီးက အကျိုးအကြောင်းနဲ့ထပ်ပြီး ရှင်းပြရတယ်။ ကန့်ကွက်သူက မကျေနပ်ရင် မဲခွဲဆုံးဖြတ်ကြရတယ်။ ၀န်ကြီးဌာန တစ်ခုစီရဲ့  အသုံးစရိတ် တောင်းခံချက်တိုင်းကို ဒီလိုပဲလုပ်ကြတယ်။ ဒါကြောင့် ဘတ်ဂျက် အစည်းအဝေးတွေဟာ လနဲ့ချီပြီး ကြာတတ်တယ်။ ပါလီမန် ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ဒီလိုပဲ လုပ်ကြရတယ်။ ကမ္ဘာ့နိုင်ငံကြီးတိုင်းရဲ့ လွှတ်တော်တွေဟာ တစ်နှစ်ပတ်လုံး ရုံးထိုင်ပြီး နိုင်ငံ့အရေး၊ ကမ္ဘာ့အရေးတွေကို ဆောင်ရွက်ကြရတယ်။ တစ်ခါတစ်ရံ ဘတ်ဂျက် အစည်းအဝေးတွေဟာ လေးငါးရက် ဆက်တိုက် နေ့ရောညပါ အကြိတ်အနယ် ဆွေးနွေးကြရတာ မျိုးတွေတောင် ရှိတတ်တယ်။
ဥပမာပြောကြည့်တာ
မြန်မာပြည်က နိုင်ငံရေးပါတီတွေက နိုင်ငံရေးလုပ်ရင်း တစ်ဖက်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကြမယ်ဆိုတော့ အကျိုးစီးပွားချင်း ဆန့်ကျင့်ဘက်ဖြစ်မှု (conflict of interests) ဆိုတာတွေ ပေါ်ပေါက်မလာနိုင် ဘူးလားဆိုတဲ့ အတွေး ပေါ်လာတယ်။ ဒီအလုပ်မျိုးတွေက ၀န်ကြီးဌာနတွေဆီက ကန်ထရိုက်ယူပြီး လုပ်ရမှာ ဖြစ်တယ်။ လွှတ်တော်မှာ အဲဒီဝန်ကြီးဌာနတွေက ဘတ်ဂျက်တင်သွင်းပြီး အသုံးစရိတ် တောင်းခံတဲ့အခါမှာ နိုင်ငံရေးပါတီ အနေနဲ့ဆိုရင် အသုံးစရိတ် လျှော့ချဖြတ်တောက်ဖို့ အဆိုတင်သွင်းရမှာ ဖြစ်တယ်။
ထိပ်တိုက်တိုးလေ့ရှိ
ဒါပေမဲ့ တစ်ဖက်က စီးပွားရေး အပိုင်းကို တာဝန်ယူထားသူတွေ အနေနဲ့ကတော့ ၀န်ကြီးဌာနနဲ့ ဆက်ဆံရေး ချောမွေ့စေချင်တယ်။ မကန့်ကွက်စေချင်ဘူး။ အဲဒီလိုဆိုရင် ပါတီခေါင်းဆောင်တွေ ဘယ်လို ဆုံးဖြတ်မလဲ။ ပါတီ အကျိုးစီးပွားကို ဦးစားပေးမှာလား။ ပြည်သူလူထု အကျိုးစီးပွား အတွက် အစိုးရ အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ဖို့ လုပ်မှာလား။
ဒီလို ကြီးမားတဲ့ နိုင်ငံ့အရေးကိစ္စကြီးတွေ ဆိုတာထား။ ဘာမဟုတ်တဲ့ ဂျာနယ်မဂ္ဂဇင်း လုပ်ငန်း အသေးစားလေး တွေမှာတောင် ဒီလို အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှုတွေက ထိပ်တိုက် တိုးလေ့ရှိတယ်။ ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့က မှန်ရင်မှန်တယ်။ မှားရင်မှားတယ်။ ကောင်းရင်ကောင်းတယ်။ မကောင်းရင် မကောင်းဘူး။ အမှန်အတိုင်း ရေးချင်တယ်။ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်သူက မကောင်းဘူးလို့ ရေးရင်၊ ရေးတဲ့အတိုင်းပဲ ထည့်ချင်တယ်။ ဆေးဝါးအတုတွေ ပေါ်နေရင် အတုတွေ ပေါ်နေတယ်လို့ ရေးချင်တယ်။
ပိုက်ဆံရဖို့ အကွက်ပဲချောင်းနေ
ကြော်ငြာဌာနနဲ့ မားကက်တင်းသမားတွေကတော့ ကြော်ငြာရှင်တွေ ငြိုငြင်သွားမှာ စိုးတဲ့အတွက် မကောင်းတာတွေ မထည့်စေချင်ဘူး။ ပိုက်ဆံပေးနေတဲ့ ကြော်ငြာရှင် စီးပွားရေးသမားတွေ သဘောတွေ့၊ မနောခွေ့စေမယ့် စာမျိုးတွေပဲ ထည့်စေချင်တယ်။ ဂျာနယ်မဂ္ဂဇင်း အဖုံးလုပ်တာကအစ အယ်ဒီတာတွေက ပန်းချီသရုပ်ဖော်ပုံ ကောင်းကောင်းလေးတွေ သုံးချင်တယ်။ ကြော်ငြာနဲ့ မားကက်တင်း သမားတွေကတော့ မင်းသား၊ မင်းသမီးပုံတွေပဲ သုံးစေချင်တယ်။ ပိုက် ဆံထုတ်တဲ့ ထုတ်ဝေသူ ကိုယ်တိုင်က အယ်ဒီတာလုပ်ရင် တော်သေးတယ်။ သူက ထုတ်ဝေသူ သူဌေး နေရာမှာပဲ နေတယ်ဆိုရင်တော့ အယ်ဒီတာတွေ နေ့စဉ် စိတ်ညစ်နေရပြီသာမှတ်။
နေ့စဉ်ဖြစ်နေတာပဲ
တချို့  နိုင်ငံတွေမှာတော့ ရွေးကောက်ခံတော့မယ် ဆိုတာနဲ့ တစ်ပြိုင်နက် သူတို့ပိုင်ဆိုင်သမျှ စည်းစိမ်ချမ်းသာတွေကို လူသိရှင်ကြား ထုတ်ဖော် ကြေညာထားရတယ်။ ဒီလိုလုပ်တာတောင်မှ မသမာမှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေကြတာပါပဲ။ ဂျပန်နိုင်ငံမှာဆိုရင် သက်တမ်းပြည့်အောင် တာဝန်ထမ်းဆောင်ရတဲ့ ၀န်ကြီးချုပ် အတော်ရှားတယ်။ အရှုပ်တော်ပုံ တစ်မျိုးမျိုးကြောင့် ရာထူးက တစ်နှစ်၊ နှစ်နှစ် အတွင်း နုတ်ထွက်သွားရသူတွေ များတယ်။တချို့ဆို တစ်နှစ်တောင် မခံလိုက်ကြဘူး။ တောင်ကိုရီးယား နိုင်ငံရဲ့  အကြီးဆုံး ကုမ္ပဏီကြီးတွေက သူဌေးကြီးတွေအားလုံးလည်း အာဏာရ ပုဂ္ဂိုလ်တွေနဲ့ပေါင်းပြီး ငွေကြေး မသမာမှု အမျိုးမျိုးနဲ့ ထောင်ချခံရ သူတွေချည်းပဲ။ အနောက်နိုင်ငံကြီးတွေမှာလည်း ကင်း တယ် မရှိပါဘူး။ သတင်းစာတွေမှာ နေ့စဉ်လိုလို ဖတ်နေရတယ်။
စိန်နဲ့ သံပရာ
နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာက တိုင်းပြည်တစ်ပြည်မှာ အရေးကြီးဆုံး နယ်ပယ်နှစ်ရပ် ဖြစ်တယ်။ ကိုယ့်နယ်နဲ့ကိုယ် တစ်သီးတခြားစီ ဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်ရတယ်။ ဒီနှစ်ခုကို မရောထွေးသင့်ဘူး။ ရောထွေးလိုက်ရင် နှစ်ဖက်လုံး အကျိုးမရှိဘူး။ နှစ်ဖက်စလုံး ပျက်စီးသွားတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနယ်ပယ်နှစ်ခုဟာ စိန်နဲ့သံပရာလိုပဲ ဓာတ်မတည့်ကြလို့ ဖြစ်တယ်။ တစ်ခုချင်း အနေနဲ့ အသုံးဝင်တယ်။ တန်ဖိုးရှိတယ်။ ဒါပေမဲ့ နှစ်ခုရောလိုက်ရင်တော့ အဆိပ်ဖြစ်သွားတယ်။
နိုင်ငံရေးဆိုတာက နိုင်ငံအတွက်၊ အများအတွက် လုပ်ရတဲ့အလုပ် ဖြစ်တယ်။ ကိုယ်ကျိုးစီးပွား ငဲ့ကွက်လို့ လုံးလုံးမဖြစ်ဘူး။ လိုအပ်လာရင် အသက်ကိုတောင် စွန့်တဲ့အခါစွန့်ပြီး လုပ်ရလေ့ရှိတယ်။ ပရဟိတ သဘောသက်သက် ဖြစ်တယ်။
တန်ဖိုးနဲ့မူ
စီးပွားရေးကတော့ သဘာဝကိုက အမြတ်ရအောင် လုပ်ရတဲ့အလုပ် ဖြစ်တယ်။ အရှုံးခံ အနစ်နာခံပြီး လုပ်ရိုး ထုံးစံမရှိဘူး။ လုပ်ရင်လုပ်တဲ့သူဟာ စီးပွားရေးသမားကောင်းလို့ မခေါ်တော့ဘူး။ ညံ့ဖျင်းတဲ့ စီးပွားရေးသမားလို့ သတ်မှတ်တယ်။ နိုင်ငံရေးသမားက မူနဲ့ဝါဒကို ကိုင်ပြီးလုပ်ရတယ်။ မူကို တန်ဖိုးထားတယ်။ "Value of the principle" ကို အမြဲဆုပ်ကိုင်တယ်။ စီးပွားရေးသမားက အမြတ်ရဖို့အတွက် ဆိုရင် ဘာမဆို အလျှော့အတင်း အပေးအယူ လုပ်နိုင်တယ်။သူက "principle" မူထက် "value" တန်ဖိုးကိုသာ ကြည့်တယ်။ ဒါကြောင့်သူ့ မှာ "principle of the value" တန်ဖိုးအတွက် မူဆိုတာပဲ ရှိတယ်။ မူအတွက် တန်ဖိုးဆိုတာ မရှိဘူး။ နားမလည်ဘူး။ ဂရုမစိုက်ဘူး။
အမြတ်ကို ဦးထိပ်ပန်ဆင်
စီးပွားရေးသမားက ကုမ္ပဏီအတွက် ရှယ်ယာရှင်တွေအတွက် အမြတ်များများရအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲ စဉ်းစားရတယ်။ အမြတ်ကို ဦးထိပ်ပန်ဆင်ရတယ်။ နိုင်ငံရေး သမားကတော့ ပြည်သူလူထု သက်သာချောင်ချိဖို့အတွက် ကုန်ဈေးနှုန်းတွေ ကျဆင်းရေးနဲ့ အခွန်အတုတ်တွေ နည်းနိုင်သမျှ နည်းရေးကို ဆောင်ရွက်ရတယ်။ အခွန်အတုတ်တွေ လျော့ကျစေဖို့အတွက် အစိုးရ အသုံးစရိတ်တွေ လျော့ကျဖို့ လိုတယ်။ အဲဒါကြောင့် လွှတ်တော်ထဲမှာ ၀န်ကြီးဌာနတွေက တင်ပြတောင်းခံတဲ့ အသုံးစရိတ်တွေထဲက တစ်ကျပ် ဖြတ်တောက်ရေး အဆို နှစ်ကျပ် ဖြတ်တောက်ရေး အဆိုတွေ တင်ကြတယ်။ တောင်းတဲ့ထဲက ငွေတစ်ရာမှာ တစ်ကျပ်နှုန်း၊ နှစ်ကျပ်နှုန်း ဖြတ်ပါဆိုတဲ့ သဘောဖြစ်တယ်။
မတားပါဘူး
စီးပွားရေးရဲ့  သဘာဝက အစိုးရက အသုံးစရိတ် များများသုံးလေ လုပ်ငန်း ဆောင်ရွက်မှု ပမာဏများလေ ဖြစ်ပြီး ကန်ထရိုက် များများရ၊ ပစ္စည်းများများ ရောင်းချရတဲ့အတွက် သဘောကျ အားပေးထောက်ခံရတယ်။ များ များ သုံးအောင် နှိုးဆော်တိုက်တွန်းရတယ်။ တကယ်လို့ နိုင်ငံရေးပါတီတွေက ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်ကြမယ်ဆိုရင် ဒီ 'conflict of interests' အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှု ပြဿနာကို ဘယ်လို ကိုင်တွယ်ကြမှာလဲ။ ကုမ္ပဏီ အမြတ် ရဖို့ လုပ်မှာလား။ ပြည်သူလူထု သက်သာချောင်ချိအောင် လုပ်မှာလား။ အစိုးရက အခွန်အတုတ်တွေ များများကောက်ပြီး လုပ်ငန်းတွေ များများလုပ်ဖို့ တိုက်တွန်းမှာလား။ အခွန်အတုတ်တွေ လျှော့ကောက်ပြီး လုပ်ငန်းနည်း နည်းပဲ လုပ်ဖို့ တောင်းဆိုမှာလား။
ဒီအချက်တွေကို စီးပွားရေးလုပ်မယ့် နိုင်ငံရေးသမားတွေ သေသေချာချာ စဉ်းစားစေချင်တယ်။ မလုပ်နဲ့လို့ ပြောတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ လမ်းခရီးမှာ လူတိုင်း လွတ်လပ်စွာ လုပ်ခွင့်ရှိပါတယ်။ မတားပါဘူး။ စဉ်းစားဖို့ပြောတာပါ။

http://www.news-eleven.com/index.php?option=com_content&view=article&id=6540:2011-01-02-13-16-38&catid=78:2009-11-13-06-25-17&Itemid=135

The Voice Weekly Vol.7-4 Jan 3-9 2011

The Voice 7-4 (Final).pdf
1.24MB

The Voice 7-4 (Final)

မောင်အန် သိခဲ့၊ ကြားခဲ့ရတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်

ဒီတခေါက်တော့ မောင်အန် သိခဲ့၊ ကြားခဲ့ရတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြပါရစေ….
ရင်ထဲမှာ ကျလိကျလိနဲ့ မပြောပဲ မနေနိုင်လို့ပါဗျာ….
ဇာတ်လမ်းအစတည်တဲ့နေရာကတော့ ဖိုးစိန်လမ်းထဲမှာ ရှိတဲ့ International Education School ဆိုတဲ့ စာသင်ကျောင်းတစ်ကျောင်းကနေပါ… သူတို့ ကျောင်းနာမည်က …. International Education Centre ပါ…
ဒါပေမယ့် နောက်ကွယ်မှာ ပြောနေကြတာကတော့ ….. Muslim Education Centre တဲ့ (ဘာသာရေးကို ထိခိုက်စေလိုတဲ့ သဘောမဟုတ်ပါဘူး….မောင်အန်ကြားတဲ့အတိုင်းပြောလိုက်တာပါ)…
ဘာကြောင့် အဲသလို နာမည်တွင်သလဲဆိုတော့ ကျောင်းပိုင်ရှင်က Muslim ဘာသာဝင်၊ ကျောင်းအုပ်ချုပ်ရေးပိုင်း ကလည်း Muslim ဘာသာဝင်၊ ကျောင်းမှာ သင်တဲ့ ဆရာ၊ ဆရာမ အများစုကလည်း Muslim ဘာသာဝင်၊ တခြားဘာသာဝင် ဆရာ၊ ဆရာမတွေတော့ ရှိပါရဲ့။ ဒါပေမယ့် ကျောင်းမှာ ကျင့်သုံးနေတာတွေကတော့ Muslim ဘာသာဦးစားပေးပါပဲ….

ဥပမာလေးတွေ ပြောပြမယ်ဗျာ…
ကျောင်းသား၊ ကျောင်းသူတွေ ၆ တန်းရောက်ပြီဆိုတာနဲ့ သူတို့တွေဟာ အတူတူ ကစားခုန်ကစားခွင့် မရှိတော့ပါဘူး… အကြောင်းပြချက်ကတော့ Muslim ဘာသာမှာ ခွင့်မပြုထားလို့ပါတဲ့….
သိပ်မကြာခင်ရက်ပိုင်းအတွင်းက Christian တွေရဲ့ ခရစ်စမတ်ပွဲတော်ကြီး ကျင်းပခဲ့ပါတယ်… ဒါပေမယ့် Christmas သီချင်းတွေ သီဆိုခွင့် မပြုခဲ့ပါဘူး… သီချင်းဆိုတာကိုလည်း အလ္လာက မကြိုက်လို့ပါတဲ့….
အဲသလိုမျိုးလေးတွေကြောင့် သူတို့ကျောင်းကို …. Muslim Education Centre လို့ ပြောကြတာ မဆန်းပါဘူး…
ကဲ… အဓိက ပြောချင်တဲ့ အပိုင်းကိုပဲ ဆက်ပြောတော့မယ်ဗျာ…

နို့မို့ဆို မလိုတာတွေများနေပြီး ဖတ်ရတာ လေးနေမှာစိုးလို့ပါ…
ကျောင်းမှာ ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေ အများစုက နိုင်ငံခြားသားတွေပါ။ နိုင်ငံခြားသားတွေဆိုတာထက် အဓိက ကတော့ တူရကီလူမျိုးတွေပါ… အခြား နိုင်ငံသား ဆရာတွေရှိပေမယ့် နိုင်ငံခြားသား ဆရာတွေရဲ့ ၈၀ ရာခိုင်နှုန်းက တူရကီတွေပါ… ကျောင်းအုပ်၊ ဒုကျောင်းအုပ် စတဲ့ သူတွေအားလုံးက တူရကီတွေပါ…......................

ဇာတ်လမ်းက အဲမှာတင် စတာပဲ…
လူမျိုးရေးခွဲခြားမှုဆန်တဲ့ လုပ်ရပ်တွေ မထင်မှတ်ပဲ ပေါ်လာခဲ့ပါတယ်… အခြားနိုင်ငံသား ဆရာတွေ တော်ရုံတန်ရုံအမှားလောက်ကို လုံးဝလက်မခံပဲ အလုပ်က ထုတ်ပစ်တတ်ပေမယ့် တူရကီလူမျိုး ဆရာတွေအတွက်တော့ ဘယ်လောက်မှားမှား၊ မှားတဲ့အမှားကလည်း ဘယ်လောက်ပဲ ကြီးကြီး မသိကျိုးကျွံပြုပေးထားတာမျိုးတွေ၊ အခြားနိုင်ငံသားဆရာတွေ( မြန်မာလူမျိုးအပါအ၀င်) ဘယ်လောက်ပဲ မိုးပျံအောင် တော်နေပါစေ နေရာမပေးတာတွေ၊ ကျောင်းနဲ့ ပတ်သက်ပြီး အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ဝေဖန်လိုက်တာနဲ့ အလုပ်ဖြုတ်ပစ်တာတွေ၊ နို့ပေမယ့် တူရကီနိုင်ငံကနေ အလွယ်တကူ တင်သွင်းလာတဲ့ ဆရာတွေ ကို ပြန်ကြည့်လိုက်တော့ English လို ပြောတတ်ဖို့နေနေသာသာ A,B,C,D ကိုတောင် အစအဆုံးမှန်အောင် မရွတ်နိုင်လို့ မြန်မာပြည်ရောက်မှ English စာတွေကို တိုးတိုးတိတ်တိတ် ကျိတ်သင်ပေးနေရတာတွေ စသည်ဖြင့်ပေါ့ဗျာ… အမြင်မတော်တာတွေ တော်တော်များခဲ့တယ်ဗျ…

ကျောင်းသားမိဘတွေခမျာမှာတော့ ဘာမှမသိရှာပါဘူး… မြန်မာလူမျိုးမဟုတ်တဲ့ ဖြူဖြူကောင်ကြီးတွေ စာသင်ခန်းထဲမှာ သင်ပေးနေတာကို မြင်လိုက်ရရင်ပဲ ၀မ်းသာပီတိတွေဖြစ်ပြီး ကိုယ့်သားသမီးတွေ နိုင်ငံတကာအဆင့်ပဲ မီသွားသလိုလိုနဲ့ ကျေနပ်နေကြပါလေရဲ့…
ကံက ကောင်းချင်တော့ ကျောင်းသားတွေထဲမှာ အမှန်တကယ်တော်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပါလာခဲ့ပါတယ်… အဲလို ကျောင်းသားမျိုးကိုတော့ ကျောင်းမှာရှိတဲ့ အတော်ဆုံးဆရာတွေနဲ့ သီးသန့် ကိုယ်ဖိရင်ဖိ သင်ကြားပေးပြီး နိုင်ငံတကာပြိုင်ပွဲတွေကို စေလွှတ်ပေးတာမျိုးတော့ ရှိခဲ့ဖူးပြီး နိုင်ငံတကာက ဆုတွေလည်း ရခဲ့ဖူးတော့ ကျောင်းမှာ ဂုဏ်တတ်ရတာပေါ့… ဒါပေမယ့် တခုဆိုးတာက အဲလို သင်ကြားမှုမျိုးကို ကျောင်းသားတိုင်းမရနိုင်ဘူးဆိုတာပါပဲ…. ကျောင်းရုံးခန်းရှေ့မှာ ကြောငြာဆိုင်းဘုတ်ကြီးတွေနဲ့ အဲလို ဆုရခဲ့တဲ့ကျောင်းသားတွေရဲ့ ဓာတ်ပုံ တွေချိတ်ပြထားတော့ မိဘတွေခမျာ ကိုယ့်သားသမီးတွေလည်း ဒီလိုနိုင်ငံတကာက ဆုတွေ ဆွတ်ခူးရရှိလောက်အောင် ထူးချွန်လာကြတော့မယ်ချည်း ထင်နေကြလေရဲ့….

အဆိုးဆုံးဖြစ်ရပ်ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပွားခဲ့ပါတယ်…
မြန်မာနိုင်ငံရဲ့ အစိုးရအသိအမှတ်ပြု ရုံးပိတ်ရက်တစ်ရက်ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့(ဇန်န၀ါရီလ ၅ ရက်နေ့)မှာ ကျောင်းဖွင့်တာပါပဲ…. အချို့ မြန်မာဆရာမတွေက ဒီရက်ဟာ အစိုးရရုံးပိတ်ရက်ဖြစ်လို့ ကျောင်းပိတ်သင့်ကြောင်း ပြောပေမယ့် ကျောင်းအုပ်ချုပ်မှုအပိုင်းကို တာဝန်ယူထားတဲ့ တူရကီလူမျိုးတွေက လုံးဝလက်မခံပါဘူး…. သူတို့ ပေးတဲ့အကြောင်းပြချက်ကတော့ လက်ရှိ စာသင်နှစ်မှာ ကျောင်းဖွင့်ရက် ၁၈၀ မပြည့်လို့ပါတဲ့… ဒါနဲ့ ဆရာမတချို့က သေချာပြန်တွက်ပြတော့ ကျောင်းဖွင့်ရက်က ၁၈၆ ရက်ဖြစ်နေပါတယ်… ဒါကြောင့် ဒီတစ်ရက်တော့ ကျောင်းပိတ်ပေးသင့်ကြောင်းပြောပေမယ့် သူတို့ဖက်က ဆုံးဖြတ်ချက်ချပြီးသား အလုပ်ကို ပြန်ပြင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း ထပ်ပြောပြန်ပါတယ်….

ဆရာမတွေဖက်ကလည်း ကျောင်းဖွင့်ရက်တွေ၊ ကျောင်းပိတ်ရက်တွေ မသတ်မှတ်ခင်ကတည်းက သေသေချာချာ မေးမြန်းပြီးစုံစမ်းပြီးမှ လုပ်ခဲ့ရင် ပိုကောင်းခဲ့မယ်လို့ ထောက်ပြကြပေမယ့် တူရကီ ဆရာသမားတွေက မြန်မာလူမျိုးတွေက သူတို့ကို ကြိုအသိပေးသင့်ပါတယ်တဲ့၊ သူတို့အလုပ်ကို ပိုမိုအဆင်ပြေအောင် ကူညီချင်တဲ့ မြန်မာတွေမရှိဘူးဆိုပြီး မြန်မာတွေဖက်ကို ပြန်လွှဲချပါတယ်တဲ့…. ကဲ ခက်ပြီ… ဘယ်တုန်းကမှ ဘာအကြံဥာဏ်မှ မယူခဲ့ပဲ ပြဿနာတက်တော့မှ အပြစ်ကို ကိုယ့်မြန်မာတွေဖက်ကို ပြန်လွှဲချတယ်တဲ့ …. နောက်ဆုံးအဆုံးသတ်မှာတော့ အဲဒီကျောင်းမှာ ဇန်န၀ါရီလ ၅ ရက်နေ့ဟာ ကျောင်းဖွင့်ရက်ပါ… လုံးဝကျောင်းမပိတ်ပါဘူး… ကရင်လူမျိုးကလွဲလို့ ကျန်တဲ့ မြန်မာဆရာ၊ ဆရာမတွေအားလုံး ကျောင်းတက်ရပါမယ်တဲ့…. ဒါဟာ ကိုယ့်နိုင်ငံမှာ စီးပွားရှာပြီး နိုင်ငံကို စော်ကားလိုက်သလိုပါပဲ….
ကျောင်းမလာတဲ့ ဆရာ၊ ဆရာမတွေကို လစာဖြတ်ပါမယ်တဲ့…. ကျောင်းမှာ အလုပ်လုပ်ဖို့ စာချုပ်စဉ်က စာချုပ်ထဲမှာ ပုံမှန် ခွင့်ရက် ၁၀ ရက်၊ ကျန်းမာရေးခွင့်ရက် အနည်းဆုံး ၅ ရက် စတာတွေကို စာချုပ်ထဲမှာပဲ ထားခဲ့တော့မယ့် သဘောပါပဲ…. ဒ့ါအပြင် ကိုယ့်မြန်မာလူမျိုးတွေကိုသာ ကျောင်းဖွင့်ပြီး ကျောင်းလာခိုင်းနေကြတာ၊ သူတို့ တူရကီလူမျိုး ထက်ဝက်လောက်ကတော့ ဇန်န၀ါရီလ ၃ ရက်နေ့ကိုပါ ခွင့်ယူပြီး အပန်းဖြေခရီးတွေထွက်ပြီး ပျော်ပါးနေကြပါပြီ… ဆက်ပြီး ကြားရတဲ့သတင်းကတော့ ပိုဆိုးပါတယ်…. ကရင်နှစ်သစ်ကူးနေ့ကို ကျောင်းပိတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ဆရာမတွေကို အလုပ်ကထုတ်ပစ်တော့မယ်ဆိုပြီး အသံတွေကြားလာရခြင်းပါပဲ….

ကြားခဲ့ရတာတွေကတော့ဗျာ… ရင်ထဲမှာတော်တော်ခံစားရတယ်….
ကိုယ့်မြန်မာလူမျိုးဆရာ၊ ဆရာမတွေကို လက်ခုပ်ထဲက ရေလို သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်ချင်သလိုလုပ်၊ စော်ကားချင်သလို စော်ကားနေတာလို့ ခံစားရတယ်ဗျာ… ကိုယ့်ဝန်ထမ်းတွေအပေါ်မှာ နည်းနည်းလေးမှ စေတနာမထား၊ လေးစားမှုမရှိတဲ့ လုပ်ရပ်တွေပေါ့ဗျာ…. ဒါက ကြားရတဲ့ သတင်းတစ်ခုပဲ ရှိပါသေးတယ်…. အခုလို အလားတူ အဖြစ်မျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင် များနေပြီလဲဗျာ… မြန်မာလူမျိုးတွေ ဘယ်လောက်တောင် အစော်ကား ခံနေရပြီလဲဗျာ.... တွေးရင်းတွေးရင်းနဲ့ ရင်ထဲမှာ နာကျင်လာခဲ့ရပြီ….

ခင်တဲ့
မောင်အန်
(မြန်မာကျူ့ပစ်ဖိုရမ်)

မေလ်းမှရရှိသည့်အတိုင်းတင်ပါသည်။

၃.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

6 attachments — Download all attachments  
e-bulletin_12-2010.pdfe-bulletin_12-2010.pdf
1669K   View   Download  
3 Jan 2011 Yeyintnge's Diary.doc3 Jan 2011 Yeyintnge's Diary.doc
494K   View   Download  
3 Jan 2011 Yeyintnge's Diary.pdf3 Jan 2011 Yeyintnge's Diary.pdf
2059K   View   Download  
U-Aye-Thar-Aungs-Union-Spirit.pdfU-Aye-Thar-Aungs-Union-Spirit.pdf
4873K   View   Download  
Letter.pdfLetter.pdf
22K   View   Download  
January 2011 Main Report.pdfJanuary 2011 Main Report.pdf
606K   View   Download  

3 Jan 2011 Yeyintnge's Diary.pdf
2.01MB
3 Jan 2011 Yeyintnge's Diary.doc
494KB
3 Jan 2011 Yeyintnge's Diary

SNLD နှင့် ဒေါ်စုတွေ့ဆုံ- ရင်ကြားစေ့ရေးကိစ္စ ပူးပေါင်းဖို့ ဆွေးနွေး

SNLD နှင့် ဒေါ်စုတွေ့ဆုံ- ရင်ကြားစေ့ရေးကိစ္စ ပူးပေါင်းဖို့ ဆွေးနွေး

E-mail Print
ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်မှာ အားသစ် အင်သစ်နဲ့ကြိုးစားသွားကြဖို့ တိုင်းပြည်ကို ဆော်သြလိုက်တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နှစ်ရှည်အကျဉ်းကျနေတဲ့ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ SNLD ပါတီရဲ့  အပြင်မှာရှိ နေတဲ့ ခေါင်းဆောင် တွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နှင့် SNLD ဥက္ကဌ ခွန်ထွန်းဦး
ပါတီပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က - “ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဖြစ်မနေကြိုးပမ်းဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စကို ကျနော်တို့ဘက်ကလည်းဘဲ စွမ်းသလောက်ပါဝင်ကူညီဖို့ သူက ကမ်းလှမ်းလာတယ်။ ကျနော်တို့ကလဲ မမှိတ်မသုန်ကြိုးပမ်းကူညီဆောင်ရွက်ပါမယ်ဆိုတဲ့ အကြောင်းအဓိကထား ဆွေးနွေးခဲ့ကြတယ်။”

SNLD အနေနဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမှာပါလဲခင်ဗျ။

သျှမ်းပြည်တနယ်လုံးမှာရှိတဲ့ လူထုလူတန်းစားအလွှာအသီးသီးကနေပြီးတော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စကို သဘော ပေါက်နားလည်ပြီးတော့မှ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေအကုန်လုံး တက်တက်ကြွကြွပါဝင်လာအောင် ကျနော်တို့ပါတီအနေနဲ့ စည်းရုံးရေးဆင်းတယ်။ ဖွင့်ဆိုရှင်းပြမယ်။ ဒီကိစ္စကိုကျနော်တို့တာဝန်ယူဆောင်ရွက် သွားမယ်။ ဒီဥစ္စာကိုကျနော်တို့ ကတိက၀တ် ပြုခဲ့တယ်။ 

လက်ရှိ မျက်မှောက်နိုင်ငံရေးအခြေအနေက လာမယ့်ရက်ပိုင်းအတွင်းမှာဘဲ လွှတ်တော်တွေပေါ်လာပြီးတော့ ပုံစံစနစ်တခုပြောင်း တော့မယ်မဟုတ်ဘူးလား။ အဲ့တော့ SNLD အနေနဲ့ဘာလုပ်ပေးနိုင်မယ်ထင်မလဲ။

ရှေ့လာမယ့်အနာဂတ်ကျရင်တော့ လွှတ်တော်အတွင်းမှာ နိုင်ငံရေးအခင်းအကျင်းတရပ်အပေါ်မှာပေါ့နော်။ လွှတ်တော်ပြင်ပမှာလဲ ဘဲ  လူထုတရပ်လုံးက စိတ်ဝင်စားမယ့် အခင်းအကျင်းတရပ်ပေါ်ကောင်းပေါ်လာမှာပေါ့။ အဲ့ခါကျရင်တော့ ကျနော်တို့က လွှတ် တော်ပြင်ပကနေ ပြည်သူလူထု အကျိုးရှိရာရှိကြောင်းကိစ္စတွေကိုဆောင်ရွက် နိုင်မယ်။ လွှတ်တော်တွင်းမှာ မဆွေးနွေးနိုင်တဲ့ကိစ္စ ရပ်တွေကို ပြင်ပကနေပြီးတော့ တတ်စွမ်းနိုင်သလောက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ယုံကြည်တယ်။ အဲ့တာကို လုပ်ဆောင်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးတဲ့ကိစ္စမှာ ဒုတိယပင်လုံကိစ္စကော ပါရဲ့လား။ ဘာတွေဆွေးနွေးဖြစ်ပါသလဲ။

အဲဒါကတော့ ကျနော်တို့အကြမ်းအားဖြင့်ဘဲပြောဆိုဖြစ်ပါတယ်။ ထုတ်ပြန်ကြေငြာဖို့လဲမရှိသေးပါဘူး။

လွှတ်တော်ပြင်ပ နိုင်ငံရေးကိစ္စစွမ်းသလောက် လုပ်ဆောင်သွားမယ်ဆိုတော့ ဒီမိုကရေစီရေးလူ့အခွင့်အရေးကိစ္စတွေ ကော ဘာတွေစွမ်းဆောင်ဖို့ရှိပါသလဲခင်ဗျ။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးမရတာမျိုး၊ ရသင့်ရထိုက်တဲ့ကိစ္စတွေမှာ လူထုကို တတ်သိနားလည်ပြီးတော့မှ ရယူနိုင်တဲ့အခွင့်အရေးမျိုးရှိတယ်ဆိုတာကိုရှင်းပြပေးမယ်။ဒီကိစ္စတွေလဲ ပါတာပေါ့ဗျာ။

တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး တိတိပပ ဘာတွေလုပ်ဖို့ရှိလဲဗျ။

ကျနော်တို့ SNLD က သျှမ်းပြည်ကို ဘေ့စ်လုပ်တယ်ဆိုတော့ သျှမ်းပြည်ကိုအဓိကထားပြီးသျှမ်းပြည်ကိုအာရုံစိုက်ပြီး တော့ လုပ်သွားမှာဖြစ်တယ်။ ကျန်တဲ့အပိုင်းတွေကျတော့ ဆိုင်ရာဆိုင်ရာ လူမျိုးစုကိုယ်စားလှယ်တွေ လူမျိုးစု အဖွဲ့အစည်းတွေကလည်း အသီးသီးလုပ်ဆောင်သွားကြလိမ့်မယ်လို့တော့ မျှော်လင့်ရတာပေါ့လေ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ရော နောက်ထပ်တွေ့ဖို့ရှိသေးလား။ နောက်ထပ် ဘယ်နယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက် ဖို့ ရှိပါသလဲ။

ဒေါ်အောင်စုကြည်နဲ့ထပ်မံတွေ့ဆုံဖို့ကတော့ ကျနော်တို့ဥက္ကဌ ခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့ရဲ့ မိသားစုတွေနဲ့ လာရောက်တွေ့ဆုံအားပေးစကားပြောဖို့ရှိတယ်။ ကျနော်တို့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာကျတော့ လူငယ်ထုကြားမှာ  ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာပြီး တော့ မှ ကြိုးပမ်းသွားကြဖို့ သဘောတူညီချက် ရရှိခဲ့ကြတယ်။

ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ကော ဒေါ်အောင်ဆန်းစုကြည်ရော SNLDရောအားလုံးပူးပေါင်းဆောင်ရွက် ဖို့ ဗဟို လုပ်ငန်းစဉ်တရပ်ကော ဆွေးနွေးဖြစ်ပါသလား။

ဆွေးနွေးဖြစ်ပါတယ်။  ၉၀ ခုနှစ်ရွေးချယ်ခံရတဲ့ပါတီတွေဘဲဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲပါ ၀င်တဲ့ ပါတီတွေဘဲဖြစ်ဖြစ် ဒီမိုကရေစီ လိုလားတဲ့အဖွဲ့အစည်းမှန်သမျှ ပူးပေါင်းဆောင်ရွက်သွားဖို့ မူအားဖြင့် သဘောတူ ထားတာရှိတယ်။

လက်ရှိအာဏာယူထားတဲ့ စစ်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီနဲ့သူတို့အပေါ်မှာ ထားတဲ့ မူတွေနဲ့ပတ်သက်ပြီးတော့ကော ဆွေးနွေးဖြစ် ပါ သလားခင်ဗျ။

ကြံ့ခိုင်ရေးနဲ့ နအဖကို ဦးတည်ပြီးပြောတာမျိုးမဟုတ်ပေမယ့်လို့ ပြည်သူလူထုရဲ့ထောက်ခံချက်သာလျင် အဆုံးအဖြတ် ပေးလိမ့် မယ်။   ဒီအချက်ကိုကျနော်တို့မမှိတ်မသုန်ကြိုးစားသွားဖို့ရှိတယ်။ ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ကိုတိုက် ခိုက်ခြင်း မရှိသလို အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လက်ကမ်းကြိုဆိုတာဖြစ်တယ်ဆိုတဲ့အကြောင်းကျနော်တို့ပြော ဖြစ်ပါတယ်။
၁ ဂျန္န၀ါရီ ၂၀၁၁
ဘီဘီစီ ကိုချို - စနေနေ့မနက်ပိုင်း 

http://www.mongloi.org/burmese/index.php?option=com_content&view=article&id=1427:snld-&catid=85:2008-08-01-03-14-40&Itemid=265

၂၀၁၀ မြန်မာ့သတင်း အနှစ်ချုပ်




By ဦးကျော်ဇံသာ စနေ, 01 ဇန်နဝါရီ 2011

၂၀၁၀ ပြည့်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တဲ့ နှစ်တနှစ်ဖြစ်တယ်လို့ ဆိုရင် မှားမယ် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်အတွင်း လူအများ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည် ဖြစ်စေ ပါတီစုံရွေးကောက်ပွဲဆိုတာ မြင်တွေ့ခဲ့ရသလို မြန်မာ့နိုင်ငံရေးမှာ အချက်အချာကျတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် နှစ်ဦးတို့ဟာလည်း ဒီနှစ်အတွင်းမှာပဲ လွတ်မြောက်လာခဲ့ကြပါတယ်။ ၂၀၁၀ နှစ် အစောပိုင်းဖြစ်တဲ့ ဖေဖော်ဝါရီလမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး လွတ်မြောက်ခဲ့ပြီး နှစ်ကုန်ပိုင်းဖြစ်တဲ့ နိုဝင်ဘာလမှာတော့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ် နှစ်ခုနဲ့ တင်ပဲ၂၀၁၀ ဟာ ဘယ်လောက် အရေးပါခဲ့တယ်ဆိုတာ သိသာလောက်ပြီလို့ ဆိုရမှာပါ။

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးကို ဒီနှစ်အတွင်း လွှတ်ပေးမယ်ဆိုတဲ့ အကြောင်းကိုတော့ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက နှစ်ဆန်းပိုင်းကတည်းက ပြောခဲ့ပါတယ်။

တကယ်တော့လည်း စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ဥပဒေအရကို ဆက်လက်ချုပ်နှောင်ထားစရာ မရှိတောတဲ့ အခြေအနေ ရောက်နေခဲ့တာပါ။

ဒါကြောင့်လည်း သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုရမယ်ရှာ အမှုလုပ်ပြီး ထောင်ဒဏ်ပေးလိုက်၊ ဗိုလ်ချုပ်မှူးကြီးက သက်ညှာတယ်ဆိုပြီး နေအိမ်အကျယ်ချုပ် တနှစ်ခွဲဆက်ထားလိုက် လုပ်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ်သူတွေ ဥဒေပညာရှင်တွေ တညီတညွတ်တည်း ဆိုခဲ့ကြတာတွေ့ရပါတယ်။

ဦးတင်ဦး ကို ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ကလေးမြို့ အကျဉ်းထောင်ကတဆင့် ပုဒ်မ ၁၀ (က) နဲ့ နေအိမ်အကျယ်ချုပ်ျ တောက်လျှောက်ချထားတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးကို ဆက်လက် ချုပ်နှောင် ထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ဝေဖန် ရှုတ်ချသံတွေလည်း မိုးမွှန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ဖေဖေါ်ဝါရီလမှာပဲ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးတယောက် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။

“မတရားဘူးလို့ ခံစားရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လုပ်တာကို လည်း မတရားဘူး။ ကျနော်တို့နဲ့ ပတ်သက်လို့လည်း မတရားဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ ဒီမိုကရေစီနဲ့ ဆောင်ရွက်နေသူမှန်သမျှ အားလုံးဝိုင်းဝန်းပြီးတော့ မူအရ လုပ်ကိုင်ဆောင်ရွက်နေသူတွေ ကို ဒီလို တားဆီး ပိတ်ပင်တယ်ဆိုတာက ကျနော်တို့အနေနဲ့ ဘဝင်မကျဘူး။”

ဦးတင်ဦး လွတ်မြောက်လာခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲချုပ်အတွက် တအားတက်စရာ ဖြစ်ခဲ့ရပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရပြုလုပ်မဲ့ ရွေးကောက်ပွဲအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထား၊ ရွှေဂုံတိုင် ကြေညာချက်တို့ကို ဆက်လက်ကိုင်စွဲသွားဖို့ ပြောဆိုပါတယ်။ ဦးတင်ဦးဟာ အခုအခါမှာ နေ့စဉ် ရုံးမတက် နိုင်ကြတော့တဲ့ စစ်ဗိုလ်ဟောင်း လူကြီးတွေထက် ပါတီဝင်ထု လူငယ်ထုနဲ့ နီးစပ်သူ အစေး ကပ်သူဖြစ်တဲ့ အပြင် အာဏာပိုင်တွေကိုလည်း ဦးဝင်းတင်တို့ထက် ပိုပြီးလက်တွေ့ ရင်ဆိုင်ဖို့ ကောင်းတဲ့ နောက်ကြောင်း ရှိခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပါတီဌာနချုပ်မှာ လုပ်လို့ မရတဲ့ လူစုလူဝေးတွေ အခမ်းအနားတွေကို သူရဲ့နေအိမ်မှာပဲ ပေါ်ပေါ်ထင်ထင်ပြုလုပ်ခဲ့ပါတယ်။

ဦးတင်ဦးလွတ်မြောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်ခံရတဲ့ ကိစ္စကို ဥပဒေကြောင်းအရ ပြန်လည်ခုခံနေခဲ့ပါတယ်။

ဒီ ၂၀၁၀ နှစ်ဦးပိုင်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr Gambari နေရာမှာ Mr Vijay Nambia ကို အစားထိုးဖို့ စီစဉ်လာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့အရာရှိ နောက်တဦးဖြစ်တဲ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ Tomas Oje Kintana နှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြန်ပါတယ်။ ဒီတကြိမ် မြန်မာ နိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု မြောက်တဲ့ ပြစ်မှုကျူးလွန်မှုတွေ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့ဘို့ ကုလသမဂ္ဂကို အဆိုပြုခဲ့ပါတယ်။

“ကျနော်ရဲ့  နောက်ဆုံးအစီရင်ခံစာထဲမှာ အခြားအခြားသော လူ့အခွင့်အရေး စုံစမ်းရေးမှူးတွေ ရေးခဲ့ကြ သလိုပဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသော ပဋိပက္ခထဲမှာပါဝင်တဲ့ ဘက်အားလုံးက လူ့အခွင့်အရေး ချိုးဖောက်မှု ပေါင်း မြောက်များစွာဖြစ်နေတယ်။ ဒါဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှု စစ်ရာဇဝတ်မှုကြီး ဖြစ်နိုင် တယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာဥပဒေနဲ့အညီ ဖြေကြားဖို့၊ တာဝန်ယူဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာစစ်အစိုးရမှာ တာဝန်ရှိပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှာ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိနေပါတယ်။ နှစ်ပေါင်းများစွာ တည်ရှိ လာတဲ့ နိုင်ငံတကာ ဥပဒေက ဒီလိုပဲ ပြဋ္ဌာန်းထားတာပါ။ ဒါကြောင့် ဒီကိစ္စဟာ မြန်မာစစ်အစိုးရအတွက် ကောင်းသလား၊ မကောင်းဘူးလား၊ မြန်မာပြည်သူတွေအတွက် ကောင်း သလား၊ မကောင်းဘူးလားဆိုတဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးအရ ပြဌာန်းထားတဲ့ မူပိုင်းဆိုင်ရာ ကိစ္စတရပ် ဖြစ်ပါတယ်။”

မစ္စတာကင်တားနား ထောက်ပြတဲ့အထဲမှာ အဓိကအားဖြင့် တိုင်းရင်းသားဒေသတွေမှာ အစိုးရစစ်တပ် ရဲ့ လုပ်ရပ်တွေကို ညွှန်းဆိုထားတာပါ။ စစ်အစိုးရဟာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု တစုံတရာမရှိဘဲ အပစ် ရပ်ဆိုင်းထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို လက်နက်စွန့်ခိုင်းလို့ မရတဲ့အဆုံး နယ်ခြားစောင့် တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေအဖြစ် အတင်း အသွင်ပြောင်းခိုင်းလာပါတော့တယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ခါတော်မီလုပ်လာတာလည်း ဖြစ်ပါတယ်။



တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြည့်ဝတဲ့ဖယ်ဒရယ်ပြည်ထောင်စု ဖွဲစည်းရေး ကို လိုလားနေကြတာပါ။ စစ်အစိုးရက လုံးဝလိုလားတဲ့လက်ခံတဲ့ အရိပ်အရောင်မတွေ့ ရပါဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေးကဆိုရင် ဖယ်ဒရယ်မူဆိုတာ ပြည်ထောင်စုဖြိုခွဲရေးမူသာ ဖြစ်တယ်လို့ စစ်သူနာပြု တက္ကသိုလ်ကျောင်းဆင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဒီနယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စကြောင့် အပစ်ရပ်အဖွဲ့တွေနဲ့ စစ်အစိုးရအကြား အခြေအနေ တင်းမာ လာတာဟာလည်း ၂၀၁၀ ပြည့် မြန်မာ့နိုင်ငံရေးမှာ ထူးခြားမှုတရပ်ဖြစ်ပါတယ်။ အပြစ်ရပ် အဖွဲ့တွေ အထဲကမှ စစ်အစိုးရနဲ့ ပုလဲနံပသင့်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီလို့ ခေါ်တဲ့ KNLA ဗိုလ်ချုပ်ဌေးမောင်တို့အဖွဲ့၊ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တို့ဟာ စစ်အစိုးရ နဲ့ ရန်သူတွေဖြစ်ကုန်ကြပါတယ်။ တချို့နေရာတွေမှာဆို ထိပ်တိုက်ရင်ဆိုင်မှုတွေ အပြန်အလှန်ပစ်ခတ်မှုတွေတောင် ဖြစ်လာခဲ့ပါတယ်။

၂၀၁၀ မတ်လအတွင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို သပိတ်မှောက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ကြေညာလိုက်ပါ တယ်။

“ ကျနော်က လက်မခံနိုင်ဘူး။ လျှောက်လည်းဘယ်မှာ လမ်းသွားဆုံးမလဲ။ ဂိတ်ဆုံးမယ့်နေရာက ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီးတော့ အောင်စည်ရွန်းမယ့်ဂိတ်မှာ သွားဆုံးမယ်။ ကျနော်က အဲဒါကို သွားနေမှာ မဟုတ်ဘူး။ ကျနော်သွားနေမယ့်လမ်းမှာ စစ်မှန်သော ဒီမိုကရေစီ၊ စစ်မှန်သော လူ့အခွင့်အရေး ပန်းတိုင်ကို ဦးတည်သွားနေတာ။ အဲဒါကို ကျနော်တို့ပြောနေတာ။

ကျနော်တို့ လျှောက်နေပါတယ်။ လမ်းကိုလျှောက်နေတယ်။ ဦးတည်ချက်ကို လျှောက်နေတယ်။ အခုနပြောတဲ့ သူတို့ရဲ့  ဟိုဒင်းတွေမဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းကို လျှောက်နေတာ မဟုတ်ဘူး။ အခုလျှောက်နေတာ ပြည်သူနဲ့အတူ လျှောက်နိုင် အောင် ကြိုးစားနေပါတယ်။ ပြည်သူကို စည်းရုံးနေပါတယ်။ ပြည်သူကို လက်တွဲနေပါတယ်။ ပြည်သူနဲ့ အတူ လျှောက်မယ့်လမ်းကတော့ ဘာလဲဆိုတော့ ဒီမိုကရေစီလမ်း၊ တွေ့ဆုံဆွေးနွေးသွားခြင်းအားဖြင့်၊ ငြိမ်းချမ်းသောအားဖြင့် ဖြေရှင်းသော လမ်း၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းမှုဆိုတဲ့ အခွင့်အရေးတွေရှိရေးဆိုတဲ့လမ်း၊ လူ့အခွင့်အရေးတွေ ပြည့်ဝတဲ့လမ်းကို ကျနော်တို့ လျှောက် နေပါတယ်။

ဟိုလမ်းပေါ်မှာ လျှောက်မှမဟုတ်ပါဘူး။ ဟိုလမ်းက နေပြည်တော်လမ်းလို ကျယ်ပြန့်တဲ့လမ်း ဖြစ်ကောင်း ဖြစ်မယ်။ ဒီရွေးကောက်ပွဲလမ်းဆိုတာ ကျနော်တို့လျှောက်နေတဲ့လမ်းက နယ်ကလမ်းတွေလို ပျက်တဲ့လမ်းတွေ ဖြစ်ကောင်းဖြစ်မယ်။ သို့သော် ကျနော်ကတော့ ကျနော်တို့ပန်းတိုင်နဲ့ ကျနော်တို့ ဦးတည်ချက်ရှိပါတယ်။ လမ်းမလျှောက်ဘဲ နေတာလည်း မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။”

ဒီဆုံးဖြတ်ချက်ကို ဘဝင်မကျ သူတချို့ရှိခဲ့ပေမဲ့ ဒီမိုကရေစီအင်အားစု အများအပြားတို့က ထောက်ခံခဲ့ကြ တာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ NLD ပါတီရဲ့ ဆုံးဖြတ်ချက်ကို နားလည်တဲ့ စကား ဆိုကြပါတယ်။

တဘက်မှာတော့ ရွေးကောက်ပွဲ ဝင်ဖို့လိုလားတဲ့ပါတီတွေ မှတ်ပုံတင်လာကြပါတယ်။ အထင်ရှားဆုံး ကတော့ အာဏာလက်ရှိစစ်အစိုးရကို ကိုယ်စားပြုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပဲ ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်ပြီး စစ်ဗိုလ်ချုပ်ကြီးတွေ ဝန်ကြီး၊ ဝန်ကြီးတွေ အားလုံး အရပ်သားပါတီဝင် အမတ်လောင်းတွေဖြစ်ကုန်ကြပါတယ်။ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ယှဉ်ပြိုင်မှု မဖြစ်နိုင်တဲ့သဘော ပိုမို ပီပြင်လာပြီလို့ သုံးသပ်သူတွေက ပြောဆိုလာကြပါတယ်။

ရွေးကောက်ပွဲကို တနေ့နေ့ ကျင်းပလာနိုးနဲ့ စောင့်စားနေကြချိန်မှာ ဂီရိ (Giri) ဆိုက်ကလုံး တိုက်ခတ်တဲ့ အတွက် ရခိုင်ဒေသအထိ နာခဲ့ရပါတယ်။ တနာရီ (၁၀၅) မိုင်နှုန်း တိုက်ခတ်သွားခဲ့တဲ့ ဒီမုန်တိုင်းကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးပြီး နှစ်သိန်းနီးပါး အိုးအိမ်ဆုံးရှုံးခဲ့ရပါတယ်။

နိုင်ငံရေးဘက်မှာတော့ အာဏာလက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို စိမ်ခေါ်နိုင်လောက်တဲ့ အတိုက်အခံ ပါတီဆိုလို့ တပါတီမှ မပေါ်ထွန်းလာခဲ့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစုဆိုတဲ့ နာမည်ကိုခံယူပြီး မှတ်ပုံတင်ခဲ့ပေမယ့် အင်အားကတော့ ကျန် ပါတီတွေလိုပဲ ခပ်ယဲ့ယဲ့သာ ရှိခဲ့ပါတယ်။

ကြံ့ဖွံ့ကလွဲလို့ ကျန်ပါတီတွေဟာ လှုပ်ရှားစည်းရုံးရေးမှာ ကန့်သတ်မှုတွေ နိုင့်ထက်စီးနင်း ပြုလုပ်တာတွေနဲ့ ရင်ဆိုင်ရတဲ့အကြောင်း ညည်းတွားတိုင်တန်းသံတွေလည်း အမြောက်အများပေါ်ထွက်ခဲ့ပါတယ်။ အဲဒီအထဲမှာ မှ တချို့ဒေသမှာ ဌာနဆိုင်ရာတွေမှာ ကြိုတင်မဲထည့်ခိုင်းတယ်ဆိုပြီး ကြံ့ခိုင်ရေး အတွက် ထောက်ခံမဲတွေ အတင်းရယူသွားတဲ့ကိစ္စကတော့ အကျယ်လောင်ဆုံးပဲလို့ ဆိုရပါလိမ့်မယ်။

ဘာပဲပြောပြော ဒီရွေးကောက်ပွဲဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အမည်ခံစစ်အစိုးရ အနိုင်ယူမယ့် လိမ်ဆင်ကြီးသာ ဖြစ်တယ်လို့ ပြောဆိုသူတွေ အများကြီးပါ။

“ဒီရွေးကောက်ပွဲဟာ သူတို့လိမ်ညာမယ်ဆိုတာကို သိတယ်။ နောက်တခါ သူတို့ ယူနီဖောင်း ဝတ်ထားနေရာ ကနေ ယူနီဖောင်းချွတ်ပြီးတော့ ကြံ့ဖွံ့ဆိုတဲ့ပါတီကို ပြောင်းလိုက်တယ်။ ပြောင်းပြီးတော့ သူတို့ ကိုယ်တိုင် သူတို့မဲကို သူတို့ထည့်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီမဲတွေက ကျနော်တို့ ထည့်စရာမလိုဘူး။ လုံးဝ လက်မခံဘူး ဆိုတာကို ကျနော်တို့ပြတာ”

နိုဝင်ဘာ ၇ ရက်နေ့မှာတော့ မြန်မာတနိုင်ငံလုံးလိုလို ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါတယ်။ ပြည်ပ သတင်းစာ ဆရာတွေကို ရွေးကောက်ပွဲအတွက် လာရောက်သတင်းယူခွင့် လုံးဝမပြုခဲ့အပြင် အဖြေထွက်ပြီးသား ရွေးကောက်ပွဲ ဖြစ်နေတဲ့အတွက်လည်း အုတ်အော်သောင်းနင်း မဟုတ်လှဘူးလို့ ဆိုရပါလိမ့်မယ်။

“ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့  ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ဖို့ဖြစ်တယ်။ ပြည်သူ လူထုက အခုရွေးကောက်ပွဲမှာဝင်တဲ့ ပါတီတွေရဲ့  ပေါ်လစီတွေက ဘာလဲ။ တိတိကျကျ မှန်မှန်ကန်ကန် သိဖို့ လိုအပ် တယ်။ သူတို့မေးချင်တာတွေကိုလည်း မေးခွင့်ရှိရမယ်။ ၇၄ တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းက နေပြီး ဦးနေဝင်းကို အာဏာလွှဲပေးလိုက်ပြီးတော့ ခေါင်းပေါင်းကြီးတွေနဲ့ အရပ်သားအစိုးရ ပေါ်လာတာ။ အခုလည်း ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန်ကို အာဏာလွှဲပေးလိုက်တဲ့အတွက် ခေါင်းပေါင်းကြီးတွေနဲ့ အစိုးရ ပေါ်လာ မှာ။”

တချိန်တည်းမှာပဲ နယ်ခြားစောင့်အသွင်ပြောင်းရေးးကို လက်မခံတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပေါ်မှာလည်း စစ်အစိုးရရဲ့ အကြပ်ကိုင်မှုတွေဟာ အထူးပဲတင်းကြပ်လာခဲ့ပြီး စစ်ရေးအရ အရေးယူ ချေမှုန်းရေးဆီ ဦးတည်လာပါတော့တယ်။ တိုင်းရင်းသားနယ်စပ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေ ပိုလုပ် လာပါ တယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဟာ တိုက်ပွဲအဆင့်ထိ ကြီးထွားလာခဲ့ပါတယ်။

“ကျနော်တို့က ဘယ်လိုပြောမလဲ။ နံပတ်တစ်အချက်က ကျနော်တို့ တိုင်းရင်းသားတွေအားလုံးရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့အထိ မျှော်မှန်းတယ်။ လက်ရှိ ကျနော်တို့နဲ့တွေ့ဆုံတဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်။ ဆိုလိုတာက ကျနော်တို့က ကိုယ်ပိုင်ပြဌာန်းခွင့် ရလောက်တဲ့အထိ မျှော်မှန်းတယ်။ နောက်ပြီးတော့ ဖိနှိပ်ခံ လူတန်းစားတွေအားလုံး လွတ်မြောက်ဖို့အတွက်ထိ ရည်မှန်းချက် ရှိတယ်။ နိုင်ငံရေး အဖြေ ထုတ်ဖို့ စစ်ရေးအရ ကျနော်တို့ ပြောက်ကျားစစ်နဲ့ သွယ်ဝိုက်ပြီး တိုက်ရမယ်။

မြို့ ပေါ်မှာလည်း ဝင်ရောက်ထိုးဖောက်နိုင်ရင်လည်း ဝင်ရောက်ထိုးဖောက်လှုပ်ရှားမှာပဲ။ တကယ်တော့ စစ်ကြီးက မကောင်းဘူး။ စစ်ရဲ့ အနိဋ္ဌာရုံအောက်မှာ လူသားတွေဒုက္ခရောက်နေတယ်။ သူတို့ အဲဒီ အမြင် မှန်နဲ့ ပြန်ပြီးဆွေးနွေးမယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံး၊ အဖိနှိပ်ခံပြည်သူအားလုံးနဲ့ ဆွေးနွေးပြီး တော့ ပြန်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စပြောမယ်ဆိုရင်တော့ နည်းနည်းလေး နီးစပ်မယ်။ ဘာမဟုတ်တဲ့ ကျနော်တို့ တစုတည်းကိုပဲ ဆွေးနွေးမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစုပြီးတစု၊ နှစ်စု အမှည့်ခြွေ သွားမယ်။ ဒါတွေလည်း ကျနော်တို့ အတွေ့အကြုံရှိတယ်။ နည်းနည်းပါးပါး မြင်တတ် တွေးတတ်လာပြီ။”

တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ကြီးထွားလာချိန်မှာပဲ တိုင်းရင်းသားပြည်သူတွေနဲ့ ကမ္ဘာကပါ မျှော်လင့်နေတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် ပေးတဲ့ နေ့ ဟာ ရွေးကောက်ပွဲအပြီး ၆ ရက်မြောက်တဲ့နေ့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို စစ်အစိုးရ အနေနဲ့ သူတို့ စိတ်တိုင်းကျ ကျင်းပခဲ့ပြီး မျှော်လင့်တဲ့အဖြေ ရရှိတော့မယ်ဆိုတာ သေချာစိတ်ချလို့ လွှတ်ပေးလိုက်တယ် ဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး။ တချို့ကလည်း စစ်အစိုးရဟာ သူတို့ရဲ့ မတရား ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာရှုတ်ချနေတာ လျော့ပါးသွားအောင်၊ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက ထောက်ခံ လာအောင် နိုင်ငံရေးကစားကွက်တခုအနေနဲ့ လွှတ်ပေးခြင်းသာ ဖြစ်တယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ဘာကြောင့်ပဲ လွှတ်လွှတ် နိုင်ရေးအကျဉ်းသားတွေကို လွှတ်ပေးရင် ကောင်းတာချည်းပဲလို့ ပြောခဲ့ပါတယ်။

“ကျမလွတ်လာတော့ ကျမရဲ့ အလုပ်ကို ဆက်လုပ်နိုင်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ နိုင်ငံရေးအမြတ် ထုတ်လို့ လွှတ်သည်တိုင် ကျမကတော့ မဝေဖန်ပါဘူး။ လွှတ်ပေးခံရမယ့် နိုင်ငံရေး အကျဉ်းသားအနေနဲ့ ဘာမလုပ်ရ၊ ညာမလုပ်ရဆိုတဲ့ ဝန်ခံချက်တွေ မလုပ်ရဘူးဆိုရင် ကောင်းတဲ့ ဖြစ်ရပ်ပဲ။ ကိုယ့် အလုပ်တွေ ကို ပိုပြီးတော့ လုပ်ခွင့်ရလာတာပါပဲ။”

မြန်မာ့ဒီမိုကရေစီရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက ပြည်သူတရပ်လုံး အတိုင်းအတာနဲ့ ဒီမိုကရေစီကွန်ယက်တခု ဖြစ်ထွန်းလာသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ကျမ အဖွဲ့ချုပ်တခုတည်းနဲ့ လုပ်တာမဟုတ်ဘူးနော်။ ကျမတို့ ဒီမိုကရေစီအတွက် လုပ်နေတဲ့ အစု အဖွဲ့တွေ အားလုံးနဲ့ ပေါင်းပြီးတွဲပြီး လုပ်ချင်တယ်။ ”

ဒါ့အပြင် မြန်မာနိုင်ငံ စစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့နေရာမှာ ထိပ်ဆုံးကပါတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒကို ပြန်ပြောင်းသုံးသပ် သင့်တယ်လို့လည်း ပြောကြား လိုက်ပါတယ်။

“အခုအချိန်အထိတော့ ဒီဝါဒရဲ့  အောင်မြင်မှု အတိုင်းအတာကတော့ သိပ်ပြီးတော့ ထင်ထင်ရှားရှား တော့ သိပ်မရှိဘူး။ ဒါပေမဲ့ အခုအချိန်မှာလည်း ပြန်ပြီးတော့ ဒါကို စီစစ်သင့်ပြီလို့ ကျမထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဟာက နှစ်က တနှစ်ကျော်လာလို့ နှစ်နှစ်ကျော်လာလို့တင်မကပါဘူး။ အခု အချိန်အခါမှာဆိုရင် ရွေးကောက်ပွဲတွေလည်း လုပ်ပြီးပြီ။ အခြေအနေတွေလည်း ပြောင်းလဲတာတွေ မြင်နေရပြီဆိုတော့ အဲဒီ အပြောင်းအလဲမှုတွေပေါ်မှာ အခြေခံပြီးတော့ မူဝါဒကို ပြောင်းလဲဖို့ စဉ်းစား လာသင့်ပြီလို့ ကျမထင်ပါတယ်။”

အဲဒီနောက် ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲရလဒ်တွေကတော့ ကြိုတင်ယူဆထားကြတဲ့အတိုင်းပါပဲ။ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအပြတ်အသတ်အနိုင် ရရှိတယ်လို့ ဆိုပါတယ်။ စစ်အစိုးရနဲ့ အလွမ်း အသင့်ဆုံး ဖြစ်တဲ့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက မြန်မာအစိုးရ ရွေးကောက်ပွဲ ကော်မရှင်ကို ကိုးကားပြီး လွှတ်တော် ၃ ရပ် လုံးမှာ ၀န်ကြီးချုပ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက အမတ်နေရာစုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာ ရာခိုင်နှုန်းအားဖြင့် ၇၆.၄၃ ရာခိုင်နှုန်း ရရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကြံ့ဖွံ့ပါတီပြီးရင် တ၊စ၊ည က ၆၄ နေရာ၊ SNDP ခေါ် ရှမ်းအမျိုးသားတွေရဲ့  ကျားဖြူပါတီက ၅၇ နေရာ၊ RNDP ခေါ် ရခိုင်အမျိုးသားများ ဖွံ့ဖြိုးရေးပါတီက ၃၅ နေရာ၊ NDF အမျိုးသားဒီမိုကရေစီပါတီ အင်အားစုနဲ့ AMRDP မွန်တိုင်းရင်းသားပါတီတို့က ၁၆ နေရာစီအသီးသီး ရရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ရင် ရွေးကောက်ပွဲမတိုင်ခင် ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင် ချက် တစုံတခု လုပ်ချင်တယ်ဆိုရင် အနည်းဆုံးလွှတ်တော်အမတ် ၇၀ ရာခိုင်နှုန်းက အဆိုတင်သွင်းရ မယ်လို့ ပြဋ္ဌာန်းထား လေတော့ အခုရလာဒ်အတိုင်းဆိုရင် နိုင်ငံရေးသမားတွေအနေနဲ့ ရွေးကောက်ခံ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စိတ်ကူးထဲတောင်မထည့်နိုင်တဲ့ အခြေအနေ ဖြစ်သွားတာ တွေ့ရပါတယ်။

တိုင်းရင်းသားဒေသအတော်များများ အနိုင်ရရှိခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေဟာလည်း ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးဆိုတာတွေထက် ဒေသဖွံ့ဖြိုးရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ပူးပေါင်းဆောင်ရွက်ရေးလောက်ကိုပဲ ပြောနေကြပါတယ်။ လက်ရှိအစိုးရအဖွဲ့ဝင် ကြံ့ဖွံ့ ခေါင်းဆောင် တချို့ လည်း နယ်ခရီးထွက်ရင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ နိုင်ငံရေးအခင်းအကျင်းသည်သာ မြန်မာနိုင်ငံရေး ပင်မ ရေစီးကြောင်း ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ အလှည့်အပြောင်းကြီး တရပ် ဖြစ်စေခဲ့တဲ့ သမိုင်းဝင် မှတ်တမ်းကြီးအဖြစ် တွင်ရစ်ပါလိမ့်မယ်။ တဖက်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီရွေးကောက်ပွဲကို ဝင်ရောက်ခြင်းမရှိခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေး ပင်မလမ်း ကြောင်းက သွေဖြည်သွားခဲ့ပြီလားဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တဦးအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အခန်းကဏ္ဍဟာ ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်နိုင်စရာ အကြောင်းမရှိပေမဲ့ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်၊ လုပ်ကိုင် ချက်တွေ ဘယ်လောက်ထိအရေးပါ အရာရောက်နေသလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

နောက်ထပ် စောင့်ကြည့်ကြရမယ့် အချက်တရပ်ကတော့ အကျဉ်းထောင်တွေထဲမှာရှိနေဆဲ နိုင်ငံရေး အကျဉ်းသား တွေပဲ ဖြစ်ပါတယ်။ စစ်အစိုးရဟာရွေးကောက်ပွဲရလဒ်ကို စိတ်ချလို့ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရဲတယ်ဆိုရင် ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ဘာကြောင့် မလွှတ်ရဲတာလဲ၊ ဘာကို ကြောက်နေ သေးသလဲ ဆိုတာ စဉ်းစားစရာပါ။

အထူးသဖြင့် ကျောင်းသားလူငယ်ထု ကျောထောက်နောက်ခံရှိတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး တို့လို၊ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကို တစိုက်မတ်မတ် ကြွေးကြော်နေတဲ့ ဦးခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်တွေကို ကတိက၀တ် တစုံတရာ မရယူဘဲ လွှတ်ပေးမဲ့ ကိစ္စကိုတော့ အာဏာချုပ်ကိုင်လို သူတွေအနေနဲ့ အကြိမ်ကြိမ် ထပ်မံစဉ်းစားကြမှာ မလွဲပါဘူး။

ဒါတွေအားလုံးဟာ ကုန်ဆုံးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၁ ကို လွှဲပြောင်းပေးအပ်လိုက်တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေ ဖြစ်ပါလိမ့်မယ်။
http://www.voanews.com/burmese/

CC4FB founding member Honoured with Canada’s Highest Civilian Award

CC4FB founding member Honoured with Canada’s Highest Civilian Award

Burma Advocate and a founding member of Canadian Campaign for free Burma Honoured with Canada’s Highest Civilian Award

December 31, 2010

Paul Copeland, a Toronto-based human rights and social justice advocate and a founder of the Canadian Campaign for Free Burma (CC4FB), is one of 54 new inductees to the Order of Canada by the country’s Head of State Governor-General the Right Honourable David Johnston.

He is recognized for his “contributions as an advocate for human rights and social justice,” according to a media statement posted on the Governor General of Canada’s website.

Congratulating Paul on his award, a leading Burmese activist and a fellow CC4FB colleague, Zaw Wai Kyaw said “Paul is a tireless, consistent, strong, dedicated supporter for human rights and democracy in Burma,”

A prominent Canadian lawyer with a long and highly reputable record in the legal profession, Paul is a founding member and a spokesperson of the Toronto-based Canadian Campaign for Free Burma (CCFB), as well as, a member of the Advisory Council of the Canadian Friends of Burma (CFOB).

He co-founded the Law Union of Ontario in 1974, was the Vice-President of the Criminal Lawyers Association from 1985-1991, and was, for several years, the Co-President of the Association in Defence of the Wrongly Convicted until the fall of 2008.

Mr. Copeland has been a Bencher (elected Director) of the Law Society of Upper Canada since 1990. He is an avid supporter of Legal Aid; in 2006, he was awarded the Sidney B. Linden Award by Legal Aid Ontario recognition of his work.

Since 1988 Paul has been active working with the democracy movement for Burma.

The Order of Canada, one of the country’s highest civilian honours, was established in 1967, to recognize a lifetime of outstanding achievement, dedication to community and service to the nation.


CANADA TO INVITE BURMESE DEMOCRACY LEADER TO CANADA


Date: December 27, 2010

Prime Minister Stephen Harper today announced the invitation of Burmese democracy leader Aung San Suu Kyi to Canada.

“I am pleased to announce that the Government of Canada has invited Aung San Suu Kyi to Canada to personally accept her honorary Canadian citizenship. We recognize that Aung San Suu Kyi’s immediate priority since her release from house arrest is to focus her energies on consultations and dialogue within Burma, before embarking on international travel. We hope, however, that she will be able at the appropriate time to accept our invitation.

“Aung San Suu Kyi was awarded honorary Canadian citizenship by the Parliament of Canada in 2007. On November 13, 2010, she was released after being held under house arrest for almost 15 years.

“Canada’s policy toward Burma reflects the serious problems that the military regime has created for its people. Canada is proud to have stood firmly with Aung San Suu Kyi and those working for Burmese democracy for these many years.

“Canada once again calls on the Burmese regime to engage in a meaningful, inclusive dialogue with Aung San Suu Kyi and other democratic and ethnic leaders to ensure a better future for all Burmese people, in which their fundamental rights are respected and their long-held desire for the restoration of democracy is realized.”

- 30 -

PMO Press Office: 613-957-5555

This document is also available at http://pm.gc.ca

http://cc4fb.org/

လွတ်လပ်ရေးတိုက်ပွဲသမိုင်းဝင်ဓါတ်ပုံများ


ပေးပို့သူကိုသန့်စင်အားကျေးဇူးတင်ပါသည်။

သခင်တွေရဲ့နိုင်ငံ

by Aung Zaw Bo on Monday, January 3, 2011 at 2:17pm
လွတ်လပ်ရေးရဲ့ အဓိပ္ပါယ်ကို ဖော်ပြတယ်လို့ ယူဆမိတဲ့အတွက် ဆရာတင်မောင်သန်းရဲ့ သခင်နိုင်ငံတော်စာအုပ်ထဲက အမှာစာကို တင်ပေးလိုက်ပါတယ်...

မြန်မာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲလို့မေးရင် ရဲဘော်လေးကအစ ဗိုလ်ချုပ်ကြီးများအဆုံး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရေးပါပဲလို့ ခြေကြမယ်ထင်ပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းပိုက်အုပ်ချုပ်ခဲ့တယ်။ ပြီးတော့ ဂျပန်ဝင်အုပ်ချုပ်တယ်။ နောက် အင်္ဂလိပ်ပြန်ဝင်ပြီး အုပ်ချုပ်တယ်။ ဒီသမိုင်းဖြစ်စဉ်လေးလောက်တော့ မူလတန်းအောင်ပြီးသူတိုင်း သိကြမှာပါ။ ဒါဖြင့် လွတ်လပ်ရေးဆိုတာ ဘာလဲလို့မေးသူကို မေးဖို့မလိုလောက်အောင် ရှင်းလှတဲ့ကိစ္စ မေးရကောင်းလားဆိုပြီး မျက်မှောင်ချုံ့ကြည့်လိမ့်မယ် ထင်ပါရဲ့။ လွတ်လပ်ရေးဆိုတာ တိုင်းတပါးလူမျိုးခြားလက်အောက်ပြန်မရောက်ရေးလို့ သူတိုင်းသိပြီးသားကိုး။ တပ်ထဲက ရဲဘော်ကအစ၊ ဗိုလ်မှူးကြီးတွေအလယ်၊ ဗိုလ်ချုပ်ကြီးတွေအဆုံး မြန်မာပြည်သူပြည်သားတွေ အပါအ၀င် နိုင်ငံရေးသမားတွေအထိ လွတ်လပ်ရေးရဲ့ အဓိပ္ပါယ်နဲ့ သမိုင်းကြောင်းကို ဒါ့ထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း သဘောမပေါက်ကြတာကတော့ မြန်မာပြည်ရဲ့ ကံကြမ္မာဆိုးပါပဲ။

မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ တို့ဗမာအစည်းအရုံးရဲ့ သခင်တွေဟာ အင်မတန်အရေးပါပါတယ်။ ဒီလှုပ်ရှားမှုဟာ အင်္ဂလိပ်အောက်က လွတ်မြောက်ရုံလောက်ပဲလို့ တပ်မတော်ခေါင်းဆောင်အများစုက တိမ်တိမ်လေး မြင်နေပုံရပါတယ်။ မြန်မာတွေဟာ အဲဒီလောက် အတွေးမတိမ်ခဲ့ပါဘူးလို့ တပ်မတော်ခေါင်းဆောင်တွေကို ကျနော်ပြောပြချင်ပါတယ်။

သခင်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်ပါ။ "သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးရရှိ ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက်လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်း၏ လူတန်းစေ့နေရေးထိုင်ရေးတို့ကို ကြံစည်လုပ်ကိုင်သူများကို ဆိုလိုပါသည်။ သို့အတွက် လူတိုင်းလူတိုင်း လူ့အလျောက် လူလိုနေခြင်းနှင့် လူလိုနေထိုင်ရာ ကြံစည်အားထုတ်သူတိုင်း သခင်ဟုခေါ်သည်။ လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ရန်လိုသည်။"

အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ အယူအဆသုံးရပ်ပါနေတာ တွေ့ရပါလိမ့်မယ်။
တစ်- လူတိုင်းလူတိုင်း၏ အခွင့်အရေး ( Human Rights )
နှစ်- လူတန်းစေ့နေထိုင်ရေး ( Economic Rights )
သုံး- လူတိုင်းလူတိုင်း အခွင့်အရေးတူသည့်သခင် ( Equality ) - ဆိုတဲ့ အတွေးအယူ သုံးရပ်ပါပဲ။

၁၉၉၀ ခုနှစ်မတိုင်မီက ဖွံ့ဖြိုးတိုးတက်ရေးဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ( Economic Growth ) လို့ပဲ နားလည်ကြတာများပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးကို စီးပွားရေးဖွံ့ဖြိုးမှု ကိန်းဂဏန်းတခုထဲနဲ့ တိုင်းလို့မရဘူးဆိုတာ နောက်ပိုင်းမှာ လက်ခံလာကြပါတယ်။ ကျနော်တို့ရဲ့ သခင်ကြီးတွေက ဂျီဒီပီတက်ရုံတင်မက၊ လူတိုင်းလူတိုင်း လူတန်းစေ့နေရေးထိုင်ရေးကို မှန်းခဲ့ကြတာပါ။ ဒီသခင်အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အတွင်းအနှစ်သာရပါပဲ။

ဒါပေမယ့် 'လူတန်းစေ့နေထိုင်ရေး' ကြောင့်ပဲ ကျနော်တို့ရဲ့ နိုင်ငံရေးသမိုင်းဟာ ကွန်မြူနစ်နဲ့ဆိုရှယ်လစ် အယူအဆတွေဘက် ပိုညွတ်ခဲ့ရပါတယ်။ လူတန်းစေ့နေထိုင်ရေး ရည်မှန်းချက်က မမှားပါဘူး။ ဒါပေမယ့် အဲဒီကိုရောက်အောင်သွားဖို့ ရွေးချယ်ခဲ့တဲ့ 'တပါတီအာဏာရှင်စနစ်' နည်းလမ်းကသာ လွဲမှားခဲ့တာပါ။ ဒီစနစ်ကပဲ 'လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ရရှိပိုင်ဆိုင်ဖို့' နဲ့ 'လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ဖို့' ပိတ်ပင်ဟန့်တားခဲ့တာကိုး။

လက်ရှိ တပ်မတော်ခေါင်းဆောင်အများစုဟာ လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းရဲ့ လေးနက်တဲ့ ဒီသဘောတွေကို နားလည်ကြပုံ မရဘူး။ ကိုယ့်မင်းကိုယ့်ချင်းကိုလည်း မြန်မာလူမျိုးက အစိုးရဖြစ်ရင် လွတ်လပ်ရေးကိစ္စပြီးပြီလို့ လျှပ်လျှပ်လေး ထင်ကြပုံရပါတယ်။

"နိုင်ငံရေးအရ လွတ်လပ်ရေးရရုံနှင့် ကိုယ့်မင်းကိုယ့်ချင်း အဖြစ်သို့ မရောက်ရှိသေး။ ကိုယ့်မင်းကိုယ့်ချင်းတည်ထောင်ရေးဆိုသည်မှာ ရှေးကကဲ့သို့ တဦးတည်း တယောက်တည်း သက်ဦးဆံပိုင် အာဏာရှင်ဘုရင်တို့ အုပ်စိုနည်းမျိုးမဟုတ်။ အများဖြစ်သော ဆင်းရဲသားများကိုယ်တိုင် ကြီးမှူးအုပ်ချုပ်သော ဆင်းရဲသားမင်း ဆင်းရဲသားချင်းတို့သာ တို့ဗမာများ သဘောဆန္ဒအရ ကိုယ့်မင်းကိုယ့်ချင်း တည်ထောင်ရေးဖြစ်သည်။"

သိပ်ရှင်းပါတယ်။ တစ်- အာဏာရှင်အုပ်စိုးနည်းမဟုတ်ဘူး။ နှစ်- ဆင်းရဲသားတွေရဲ့အစိုးရ။ သုံး- အများသဘောဆန္ဒအရ အစိုးရတည်ထောင်ရေးပါပဲ။ နိုင်ငံရေးသဘောအရ ပြောရရင် ရွေးကောက်တင်မြှောက်တဲ့အစိုးရ (Elected Government) နဲ့ ဆင်းရဲခြင်းလျော့ပါးအောင် ဆောင်ရွက်ရေး (Poverty Alleviation) ဆိုတဲ့ သဘောတွေပါပဲ။

ကဲ- လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက ထားခဲ့တဲ့ အယူအဆ၊ ရည်မှန်းချက်တွေနဲ့ ဒီနေ့တပ်မတော်လုပ်နေတာတွေိဘာများဆက်စပ်နေပါသလဲ။ စပ်ဆိုင်ဖို့ဝေးရော။ ၁၉၆၂ ကတည်းက ဦးနေ၀င်းချမှတ်တဲ့ စနစ်ကြီးလွဲမှားနေမှန်းမသိ၊ ဆက်လက်အမွေဆက်ခံပြီး နိုင်ငံရေးလမ်းကြောင်း ပြောင်းပြန်ကြီးကို လျှောက်မိလျက်ဖြစ်နေပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးကို အသံပြာအော်ဟစ်နေပေမယ့် လက်တွေ့လုပ်ဆောင်နေတာတွေကတော့ အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ သွားတူနေတာ တွေ့ရပါတယ်။

အင်္ဂလိပ်ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးတော်နဲ့ မြင့်မြတ်သော စိတ်နှလုံးကို ဖော်ကျူးခဲ့သလိုပဲ၊ တပ်မတော်ဟာ သူ့ရဲ့ကျေးဇူးတော်ကို ဖော်လို့မဆုံးပါဘူး။ ဒါ့အပြင် တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုပြီး လူထုရဲ့ ကျေးဇူးရှင်နေရာကို ပြောင်းပြန်လုလိုက်ပြန်ပါသေးတယ်။ ဆရာစံကို ငစံ၊ သခင်အောင်ဆန်းကို ငါးကျပ်နဲ့ဖြတ်ခဲ့တဲ့ စော်ကားပုံထက် သာလွန်တဲ့ ရင့်သီးနှိမ့်ချ၊ အောက်တန်းအကျဆုံး အသုံးအနှုံးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို စော်ကားခဲ့ပါသေးတယ်။ လူတဖက်သားကို အောက်တန်းကျကျတိုက်ခိုက်ရာမှာ ဗြိတိသျှထက် တပ်မတော်က ကိုးဆယ်ဆသာပါတယ်။ ၁၉၂၀ ကျောင်းသားသပိတ်ပြီးတော့ မွန်တေဂူအစီရင်ခံစာက အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ပေးဖို့၊ မြန်မာနိုင်ငံဟာ နိုင်ငံရေးနိုးကြားမှုမရှိသေးပါဘူးတဲ့။ တပ်မတော်က ၁၉၈၈ လူထုအုံကြွမှုကြီး ပြီးကတည်းက ဘာပြောနေပါသလဲ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ နိုင်ငံရေးမပြည့်ဝသေးပါဘူးတဲ့။ ဒိုင်အာခီအုပ်ချုပ်ရေးကိုကြည့်ရင် ဘုရင်ခံခန့်ကိုယ်စားလှယ် ၂၃% ရှိသလိုပဲ တပ်မတော်က ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း ၂၅% ယူထားပြန်တယ်ခင်ဗျ။်ဒိုင်အာခီဘတ်ဂျက်နဲ့ စစ်အုပ်စုရဲ့ ဘတ်ဂျက်ကို ယှဉ်ကြည့်လိုက်ပါဦး။ အင်္ဂလိပ်မင်းများလာရင် လက်အုပ်ချီရသလို ဗိုလ်ချုပ်ကြီးများကိုလည်း ကျနော်တို့ ပြည်သူတွေခမျာ လက်အုပ်ချီကြိုဆိုနေကြရတာပဲ မဟုတ်ပါလား။

နယ်ချဲ့ဆန့်ကျင်ရေးတွေ မိုးမွှန်အောင် အော်ဟစ်နေပေမယ့် တပ်မတော်အစိုးရဟာ အင်္ဂလိပ်နယ်ချဲ့က မြန်မာပြည်သူတွေကို အုပ်ချုပ်နှိမ့်ချခဲ့သလိုပဲ ပြုမူမိလျက်ဖြစ်နေတာ ၀မ်းနည်းစွာ တွေ့လိုက်ရပါတယ်။ ဒါကြောင့်လည်း စာဖတ်သူတွေက သတိထားမိချင်မှ သတိထားမိမယ်။ အင်္ဂလိပ်၊ ဂျပန်၊ မာစတာ အုပ်ချုပ်ရေးလို့ ကျနော်ရဲ့ ' သခင်စိတ်ဓါတ်၊ သခင်အကျင့် ' ဆောင်းပါးမှာ ပုဒ်မ ( ၊ ) ခြားပြီး ကျနော်ရေးခဲ့တာပါ။

ယနေ့တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက မျှော်မှန်းခဲ့တဲ့ မြန်မာပြည်သူတိုင်းကို သခင်ဖြစ်အောင် လူဇာတ်ဝင်အောင် ဆောင်ရွတ်ရမယ့်အစား ကိုယ့်ကိုယ်ကို မာစတာဖြစ်အောင် နေထိုင်ဆောင်ရွတ်မိလျက် ဖြစ်နေပါပြီ။ သမိုင်းကိုလည်း ပြန်လှည့်ကြည့်ဖို့ သခင်စိတ်ဓါတ်၊ သခင်အကျင့် ဆောင်းပါးကို ဖတ်ကြည့်လိုက်ပါခင်ဗျား။

တင်မောင်သန်း

လွတ်လပ်ရေးနေ့ အခမ်းအနား ( ကိုရီးယား )

( ၆၃ ) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ( ကိုရီးယား )





လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

တွေ့ ရှိပါကကျေးဇူးပြု၍အကြောင်းကြားပေးပါရန် မေတ္တာ၇ပ်ခံအပ်ပါသည်......


ရနောင်းမြို.(Ranong) ဘန်ကလင်စွယ်လေးလုံရပ်ကွက် (Bangring)မှာနေထိုင်သူ
ဒေါ်ဥမ္မာ (ခ) မမော်၏သားငယ် မောင်ဝင်းပိုင်းထွေး(ခ)ကိုထွေး အသက် ၂၁ နှစ်သည်
၃-၉-၂၀၀၉ ရက်နေ့မှာ ရနောင်မြို့  ပါကျန်ရပ်ကွက်မှပြောက်ကွယ်သွား

သည်။တွေ့ ရှိပါကကျေးဇူးပြု၍အကြောင်းကြားပေးပါရန် မေတ္တာ၇ပ်ခံအပ်ပါသည်......
သားအမြန်ပြန်လာပါ အမေတို့စိတ်ပူနေတယ်....
ဆက်သွယ်ရန်
                ဒေါ်ဥမ္မာ
                ဖုန်း ၀၀၆၆-၈၇၃၈၈၄၆၂၆
                      ၀၀၆၆-၈၃၁၈၀၉၄၇၅




FDB e bulletin_12_2010

http://www.fdburma.org/burmese_datas/e-bulletin/e-bulletin_12-2010.pdf

e-bulletin_12-2010

၂၀၁၁ နှစ်သစ်မြန်မာ ပြည်သူတွေအတွက် အခွန်သစ် Withholding Tax



by Sayar Gyi Jit on Sunday, January 2, 2011 at 12:25am
အားလုံးမင်္ဂလာနှစ်သစ်၂၀၁၁ပါခင်ဗျား..

၂၀၁၁ နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် နအဖ စစ်အစိုးရက withholding tax ၃.၅% စတင်ကောက်ခံမည့်အကြောင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်မှာ ကုန်သည်များကို ရှင်းလင်းချပြသွားပါတယ် လာရောက်ရှင်းလင်းတဲ့ ပြည်တွင်းအခွန်ဌာနမှ ညွှန်မှူး နှစ်ဦးက နအဖအစိုးရဖက်မှ အ ပြင်းအထန်ကာကွယ်ပြောဆိုရင်း တိုတိုပြောရရင်တော့-

၁။ ကုန်သည်များက အမြတ်ခွန်စာရင်းများကို မှန်မှန်မတင်ပြကြလို့ အမြတ်ခွန်မကောက်နိုင်ပဲ commercial tax 10% ကိုသာ သက်ညှာစွာနဲ့ ကောက်ခံခဲ့ရကြောင်း

၂။ ယခု စတင်မိတ်ဆက်မည့် withholding tax ၃.၅% သည် ကြိုတင် ခွန်အမျိုးအစားဖြစ်ပြီး နှစ်စဉ် အမြတ်ခွန်စာရင်းရှင်းလင်းချိန်တွင် ပိုနေပါက ပြန်ပေးမည့် အခွန်မျိုးဖြစ်ကြောင်း

၃။ အိမ်နီးခြင်းနိုင်ငံများတွင်လည်း ဒီလို withholding tax ၃.၅% ရှိလည်းရှိ ကောက်လည်းကောက်ခံပါကြောင်း

၎။ ယခုလောလောဆယ် အမိန့်စာထွက်လာပြီဖြစ်လို့ စတင်အကောင်အထည်ဖော်ရာမှာ ပြည်သူအားလုံးက ၀ိုင်းဝန်းကူညီကြရန်ဖြစ်ကြောင်း တကယ်လက်တွေ့ အကောင်အထည်ဖော်ရာမှာ အဆင်မပြေတော့မှ စာနဲ့ တရားဝင် တင်ပြကြဘို့ ပြောကြားသွားပါတယ်။

အကျယ်ရှင်းလင်းစဉ်မှာတော့ မြန်မာပြည်မှာ AIR MANDALAY တို့ YANGON AIR တို့ တောင် ( AIR BAGAN မပါပါ ) ၁၀နှစ်ကျော် အရှုံးပြခဲ့လို့ နိုင်ငံတော်က သက်ညှာစွာနဲ့အမြတ်ခွန်မကောက်ခဲ့ပဲ commercial tax 10% ကိုသာ သက်ညှာစွာနဲ့ ကောက်ခံခဲ့ရကြောင်း အခြားလုပ်ငန်းကြီးတွေလဲ ထိုနည်း၎င်းပဲဖြစ်ကြောင်း ရှုံးနေတာကို အိပ်စိုက်ပြီးဆက်လုပ်နေတာကိုနားမလည်ကြောင်း ဆက်လုပ်နေတာ ကိုက်နေ လို့ဖြစ်ကြောင်း မကိုက်တော့ရင် ရပ်သွားမှာဖြစ်ကြောင်း တာဝန်မဲ့ ရမ်းကားစွာပြောကြားသွားပါတယ်

ကုမ္ပဏီများ ပြည်သူများဘက်က ထပြောကြစဉ်မှာတော့ ဒီ Withholding Tax ကို နိုင်ငံခြား ကတင်သွင်းသူများ ရောင်းချသူများကတော့ ပေးမယ်မထင်ကြောင်း၊ လောလောဆယ် ပြည်တွင်းကကုန်သည်ကပဲ စိုက်ပေးပြီး တိုက်ရိုက်ခံစားရမှာကတော့ စားသုံးသူပြည်သူတွေပဲဖြစ်ကြောင်း၊ ယခုလို ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းခက်ခဲနေစဉ်မှာ ဒါမျိုး အခွန်မျိုးကိုစဉ်းစားလုပ်ဆောင်သင့်ကြောင်း၊ အမြတ်ခွန်ရှင်းတော့မှ ပိုရင်ပြန်ထုတ်ပေးမယ် လျောက်ကြပေါ့ ဆိုတာကလည်း အစိုးရဆီက ငွေပြန်တောင်းဘို့ဆိုတာ ကျားမြီးပဲပြေးဆွဲလိုက်ခြင်တော့ကြောင်း စသည်တို့ တင်ပြကြပါတယ်။

စာရေးသူအမြင်ကိုတင်ပြရရင်တော့ -

commercial tax 10% ဆိုတာဆောင်ခဲ့ရတုန်းကလည်း စာနဲ့ပေနဲ့ ထွက်လာတာမရှိခဲ့ပဲ ဗိုလ်ချုပ်ကြီးမောင်အေး ခရီးစဉ်တစ်ခုမှာ နုတ်မိန့်နဲ့ပြောခဲ့တာကို ပြန်တင်ပြရဲတဲ့သူမရှိပဲ အားလုံးဆောင်ခဲ့ရတာပါ အဲ အခု Withholding Tax မှာတော့ စာထွက်ပြီးရှင်းလင်းသေးတယ်ဆိုတော့ ပြောတော့ပြောသေးတယ်ဆိုရမှာပေါ့ခင်ဗျာ။

ပြီးတော့ ဒီလို Tax မျိုးဟာ တိုင်းပြည် ချွတ်ခြုံကျပြီး ကုန်းကောက်စရာမရှိချိန်မျိုးကျမှ ကောက်ကြတဲ့အခွန်မျိုးဖြစ်ပါတယ် မြန်မာပြည်လို သဘာဝဓါတ်ငွေ့တွေ သစ်တောတွေ ကျောက်မျက်တွေထုတ်ရောင်းနေတဲ့နိုင်ငံမျိုး၊ ကားပါမစ် ဆိုင်ကယ်ပါမစ် ဟန်းဖုန်းပါမစ် ဌာနဆိုင်ရာလေလံမျိုးစုံနဲ့ တစ်တိုင်းပြည်လုံးက ရှိသမျှပိုက်ဆံ သိမ်းကျုံးကောက်ပြီးတဲ့ အစိုးရ ကောက်စရာမလိုပါဘူး

ပြီးတော့ ကျနော်တို့ အခြားတိုင်းပြည်တွေက ဘာဝယ်ဝယ် export ဖြစ်လို့ VAT တို့ GST တို့ လျော့ပေးတာပဲရှိပါတယ် WITHHOLDING TAX ဆောင်ရတယ်တော့ တစ်ခါမှမကြားဘူးပါ မဆောင်ရဘူးပါ

ကျနော်တို့တိုင်းပြည်ကရောင်းတဲ့အခါမှာလည်း သစ်ပဲရောင်းရောင်း ပဲရောင်းရောင်း ပုဇွန်ရောင်းရောင်း ဆန်ရောင်းရောင်း သူများတိုင်းပြည်ကို WITHHOLDING TAX ဆောင်ရတယ်လို့ မရှိခဲ့ဘူးပါ

နအဖစစ်အစိုးရလက်ထက်မှာ အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ရင် Tax နဲနဲနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ဆွေမျိုးတွေ သားသမီးမြေးမြစ်တွေ တေဇတို့ ဇော်ဇော်တို့ ခင်ရွှေတို့ နေအောင်တို့ ၀ယ်သမျှ white money ဖြစ်ဘို့ အခွန်လျော့ပေါ့ပေးတဲ့ အမိန့်ကျတော့ နှစ်စဉ် တစ်နှစ်ပြီးတစ်နှစ် သက်တမ်းတိုးပေးခဲ့တာ အတော်များများ သတိထားမိကြမှာပါ..Tax ၅၀% ကနေ ၁၅% ထိ လျော့ပေးထားတဲ့ မတရားဥပဒေတစ်ခုပါပဲ..ပြည်သူသန်းပေါင်းများစွာနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး မိမိနိုင်ငံ productivity နဲ့ ယှဉ်ပြိုင်စွမ်းအားတက်စေမဲ့ commercial Tax ကတော့  ၅% လောက်လျော့ဘို့ ( Global recession ကာလမှာ တောင်းတောင်းပန်ပန် တင်ပြခဲ့ကြတာတောင် ) မစဉ်းစားခဲ့တာပါ..

ဒီတော့ ဒီလောက်ပိုက်ဆံတွေရပြီး ဘာဘတ်ဂျက် စာရင်းတစ်ခုမှ တိုင်းပြည်တင်ပြစရာမလိုပဲ စိတ်ကြိုက်လုပ်ခဲ့တဲ့ ဒီစစ်အစိုးရ ဘာလို့ငွေတွေထပ်လိုပြီး အခွန်တွေထပ်ကောက်လာရပြန်တာလဲ

ပြီးတော့ ဒီအခွန်တွေတိုးကောက်ပြီး ဘယ်နေရာတွေမှာ သုံးမှာလဲ ကျနော်တို့အားလုံး နှစ်ပေါင်း၂၀ကျော်ခံခဲ့ကြပြီးလို့ ကောင်းကောင်းနားလည်ကြပါတယ် နေပြည်တော်တည်ဆော က်ဘို့ ဘာမှန်းမသိတဲ့ လှိုဏ်ခေါင်းတွေဖော က်ဘို့ နူကလီးယား စီမံကိန်းလိုမျိုးလုပ်ဘို့ ပြည်သူလူထုကို နှိပ်ကွပ်ဘို့လက်နက်တွေဝယ်ဘို့ အနီးစပ်ဆုံးပြောရရင် အခုလို DKBA တို့ KNU တို့ တိုက်လာရင် အပြတ်နှိမ်နင်းပြစ်ဘို့ နောက်ဆုံးတတ်နိုင်ရင် မန်ယူ ၀ယ်ဘို့ ပြည်သူတွေ ဆန်ပြုတ်နပ်ကျော်သောက်နေနေ သောက်ဂရုမစိုက် ဘောလုံးအသင်းတွေထောင်ပြီး လုပ်ချင်တာတွေပဲလုပ်ဘို့ ဒါတွေပဲသုံးမှာမဟုတ်လားဗျာ.. နောက်ပြီး ခုတစ်ခါ ဘာမှပြန်မပြောရဲဘဲ ငြိမ်ခံပြီးဆောင်နေကြရင်တော့ ဒါနဲ့တင်မက ထပ်လာပါတော့မယ် တစ်ခြားအမည်မျိုးစုံတပ်ထားတဲ့ အခွန်အမျိုးမျိုး..အမှန်ကတော့ ကျနော်တို့ ပြည်သူဆိုတာအခွန်ထမ်းတွေပါ ၊ မှန်မှန်ကန်ကန် ရင်ကော့ပြီးဆောင်ရမှာပါ သူများနိုင်ငံနည်းတူ ပညာရေး ကျမ္မာရေး စီးပွားရေး အခြေခံအဆောက်အဦတွေ သာတူညီမျှ ထိုက်ထိုက်တန်တန် ပြည်သူမျက်နှာမငယ်ရအောင်လုပ်ပေးထားရင်ပေါ့၊

ဒါကြောင့် ယခု အစိုးရလှမ်းလိုက်တဲ့ WITHHOLDING TAX ခြေလှမ်းဟာဖြင့် ကုန်းကောက်စရာမကျန်တော့တဲ့ပြည်သူ့အိပ်ကပ်ထဲက ထပ်ပြီး ရသလောက် နှိုက်လိုက်တဲ့လုပ်ရပ်ပါပဲ ပြည်သူအားလုံး အသိတရားရှိရှိနဲ့ ဆန့်ကျင်တွန်းလှန်ကြဘို့လိုပါကြောင်း COMMERCIAL TAX တုန်းကလို ဓါတ်ဆီ ဒီဇယ်ဈေးတွေ အသားလွတ်တက်တုန်းကလို ငြိမ်ခံနေကြမယ်ဆိုရင်တော့ ကျနော်တို့အားလုံး အသုံးမကျလို့ သတ္တိနဲကြလို့ မှန်ရဲ့သားနဲ့ ပြန်မပြောရဲကြလို့ ခံကြရတာပဲလို့ နှလုံးသွင်းပြီး နအဖ လုပ်သမျှ အားလုံး လေးဘက်ထောက်ခံကြဘို့သာရှိကြောင်း တင်ပြလိုက်ပါတယ်။ မြန်မာတွေ .. မှန်တာကို ရဲရဲပြောကြပါစို့ သတ္တိရှိရှိ ရင်ဆိုင်ကြပါစို့ .. စည်းကမ်းရှိရှိ စုစည်းကြပါစို့.. မတရားတာကိုတွန်းလှန်ကြပါစို့..

လေးစားစွာဖြင့် ( ဆရာကြီးဂျစ် )

Sayar Gyi Jit
ထပ်သိရတဲ့ သတင်းကတော့ ဒီ Withholding Tax ဟာ -
မြန်မာ့စီးပွားရေးဦးပိုင်၊ အစိုးရကို ပစ္စည်းပေးသွင်းရောင်းချသူများ၊ အစိုးရအတွက် စီမံကိန်း ၀န်ဆောင်မှုပေးသူများ၊ main contractor & sub contractor များ ကင်းလွတ်ကြောင်းပါ.. ငြိမ်နေကြသူများရှိပေမဲ့ ...ဒီမတရားဥပဒေကို ကန့်ကွက်လက်မှတ်ရေးထိုးကြဘို့လည်း ပြင်ဆင်နေကြကြောင်းပါ..