Tuesday, January 4, 2011

၎.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ




8 attachments — Scanning for viruses...  
2.jpg2.jpg
539K   View  
1.jpg1.jpg
513K   View  
4 Jan 2011 Yeyintnge's Diary.doc4 Jan 2011 Yeyintnge's Diary.doc
1813K   View  
4 Jan 2011 Yeyintnge's Diary.pdf4 Jan 2011 Yeyintnge's Diary.pdf
3023K   View  
46271631-၆၃နှစ်မြောက်-လွတ်လပ်ရေးနေ့-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏-စီးပွားရေးသုံးသပ်ချက်စာတမ်း-၊-သဘာပတိမိန့်ခွန်းနှင့်-ကြေငြာချက်များ(2).pdf46271631-၆၃နှစ်မြောက်-လွတ်လပ်ရေးနေ့-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏-စီးပွားရေးသုံးသပ်ချက်စာတမ်း-၊-သဘာပတိမိန့်ခွန်းနှင့်-ကြေငြာချက်များ(2).pdf
731K   View  
The Voice 7-4 (Final).pdfThe Voice 7-4 (Final).pdf
1267K   View  
NLD-04-01-11.docNLD-04-01-11.doc
1826K   View  
Baleba.pdfBaleba.pdf
14K   View  


4 Jan 2011 Yeyintnge's Diary.doc
1.77MB
4 Jan 2011 Yeyintnge's Diary.pdf
2.95MB

4 Jan 2011 Yeyintnge's Diary

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား NLD ရုံးချုပ် (ရုပ်သံ)

ကျနော်ပြောခြင်တဲ့ Sanction အကြောင်း (၁...၂)


ကိုမောင်မောင်ဝမ်းက      SANCTION  အကြောင်းရေးထားရာမှာ  သဘောလောက်သာရေးထားတော့ တချို့ တလေ သဘောမပေါက်နိုင်သလို..ပြည့်ပြည့်စုံစုံ ပိုမြင်လာအောင် ကျနော် ထပ်ဖြည့်စွက်ရေးသားချက် ဖြစ်ပါတယ် ။  သူ့ အပေါ်ကျော်လိုစိတ်မဟုတ်သလို..ကျနော် သိတာလဲ ပြိးပြည့်စုံတယ်မဟုတ်ပါ...အများကြိး ဖေါ်ပြစရာတွေ တပုံ့တပင်ကြိးပါ ။ ကျနော်သိသမျှ လေးသာရေးလိုပ်တာပါ ။          

 န.အ.ဖ ဘက်ကနေ  ငါးမင်းဆွေလို  လူ့ စည့်ကမ်းတောင် လေးစားလိုက်နာမှု မရှိ  နိုက်ကလပ်တွေမှာ  ကလေကချေမတွေကိုသာယာနေတဲ့ သူ ကနေတဆင့်  တဘက်လှဲ့ ပြောခိုင်းတာဟာ  န.အ.ဖ မှာ သတ္တိမရှိဘူးဆိုတာ ပြနေသလို ..ကိုမောင်မောင်ဝမ်း ရေးတဲ့အတိုင်း...Sanction ကို စလိုပ်တာသူတို့ က စလုပ်တာပါ ။

အဲဒီ Sanction အကြောင်း ပြည့်ပြည့်စုံစုံလေး  ဆွေးနွေး မယ်ဆိုရင် ...Sanction ဆိုတာ..နစ်ဥိးနစ်ဘက် မပြေလည်လို့ ..မဆက်သွယ်တော့တာပါဘဲ ။ မြန်မာနိုင်ငံမှာ...၈၈၈၈ အရေးအခင်းကြိးပေါ်လာတယ် ။ ပြည်သူလူထုက  အပြောင်းအလဲလိုလားလာတယ် ။  ပြောင်းပေးဖို့ ပြောလာတာပါဘဲ ။  ပြောဖို့  အခွင့်မရတော့..အုံကြွလာရတာပါဘဲ ။  အဲဒီတော့ ဘာလို့ အုံကြွရတာပါလဲ ။  တွေ့ ဆုံဆွေးနွေးခွင့် မပေးလို့  ။ အာဏာပိုင်တွေက တွေ့ ဆုံဖို့ လမ်းပေါက်ကို ဖွင့်မထားပါဘူး ။

အာဏာကိုပြည်သူတွေက နင်းအပ်ထားတဲ့ (  ဒီမိုကရေစိ ) နိုင်ငံကြိးတွေမှာ...ပြည်သူကိုကိုယ်စားပြုထားတဲ့  ပြည်သူ့ ကိုယ်စားလှယ်တွေကနေ  တဆင့်ဆွေးနွေးခွင့်ရရှိနေပါတယ် ။ အာဏာကို ( ဓါးပြတိုက် ) လုယူထားတဲ့  အာဏာရှင်  လူလိမ်တွေအုပ်ချုပ်ရင်...လူလိမ်ဆိုတော့....အမှန်တရားကို ရင်မဆိုင်ရဲတော့...တွေ့ ဆုံဆွေးနွေးရေးကို...သေမတတ်ကြောက်ကြတယ် ။  ရနိုင်သမျှ လိမ်ညာ  လမ်းလွှဲဖို့ ဘဲကြိုးစားတယ်

အရင်းခံကို စစ်မယ်ဆိုရင်...တွေ့ဆုံဆွေးနွေးရေးဆိုတာ...အမှန်တရား..ကို ကိုင်ထားနိုင်သူတွေရဲ့  ၇ပ်တည်ချက်ပါ ။ အမှန်တရားကို ဆုတ်ကိုင်ထားသူဟာ  သတ္တိအလိုလိုရှိပြိးသားပါ  ။  ဒီအမှန်တရားကို ဆုတ်ကိုင်းထားတဲ့..နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူတွေ  ကို အမှန်အတိုင်း...ဥပဒေနဲံ့ အညီ  တရားမျှတစွာ  အမှုရင်ဆတိုင်ခွင့်မပေးထားတာဟာ.....တရားရင်ဆိုင်ခွင့်မပေးရဲတာ..မမှန်တဲ့သူတွေရဲ့  သူရဲဘော ကြောင်တာကိုပြနေတာဘဲ ။

တနည်းအားဖြင့် န.အ.ဖ. သန်းရွှေ ဟာ...အမှန်တရားဆိုတာသူ့ မှာပြစရာမရှိ...လိမ်ညာနေရသူဆိုတော့....တွေ့ ဆုံဖို့ ပြောလာရင်...ပွဲပျက်အောင် အမျိုးမျိုးလှဲ့ ကြံစည်နေတော့တာပါဘဲ ။

ဥပမာလေးတခုပေးပါမယ် ။  န.၀.တ. ( ယခင်က န၀တ ) တက်ခါစက...၈၉ မှာ  အခု သမိုင်းကိုလိမ် ဇာတ်လမ်းရိုက်ခဲ့တဲ့  ဒါရိုက်တာတင်သန်းဥိးရိုက်ကူးလိုက်တာပါဘဲ ။ ( အဖေနင့်သားများ ) ဟုထင် ဇါတ်လမ်းမှာ...အိမ်ကြိးကို...ပထမအိမ်ပိုင် အဖေဖြစ်သူ ( ဥိးနု ) က တရားယောင်ယောင် ပုတိးကြိးနဲ့ ကြောင်နေလို့  ညီအကိုတတွေ  ဒီအိမ်ကြိးကို သူပိုင်ငါပိုင် အငြင်းပွားနေလို့  အကိုအကြိးဆုံးက(  ထုံးစံအတိုင်း....မင်းသားကြိး ငဖါး..ညွှန့် ဝင်းပေါ့ )  မလွှဲ မရှောင်သာဘဲ..သေနတ်ကိုင်ပြိး..ဒီအိမ်ကြိးကို..ကောင်းအောင်ပြန်ပြုပြင်ရတယ်..ဘယ်လိုသာယာလာတယ်ပေါ့ ။ (  ဒီဇါတ်လမ်းမှာ...ပါဝင်သရုပ်ဆောင်ခဲ့တဲ့..၈၈၈၈ မှာပါဝင်ခဲ့ပြိး န.၀.တ . ဇါတ်ကောင်ပြန်လုပ်ခဲ့သူ ( ဆေးသမား ) ဇါတ်ကောင်ဟာ..ငယ်ငယ်ရွယ်ရွယ်နဲ့ ....မာလကီးယားသွားရပါတယ် ။)

အခု အဲဒီအိမ်ကြိးဥပမာနဲ့ဘဲ ကျနော်ပြန်ဆွေးနွေးပါမယ် ။ အခုကျနော်တို့ တိုင်းပြည်မှာဖြစ်နေတာ..ဘက်နစ်ဘက်ပါ ..မကျေလည်မှုပါ  ။ တတိုင်းပြည်လုံးလဲ န.အ.ဖ ဘက်က မရှိပါဘူး ။  တတိုင်းပြည်လုံးလဲ..ဒေါ်အောင်ဆန်းစုကြည်ဘက်က မရှိပါဘူး ။  ဒါကို  အရှိကိုအရှိအတိုင်း...အမှန်တရားကို  လက်ခံသူတိုင်း လက်ခံပါမယ်  ။  ပြည်သူလူထုကတော့ လက်ခံပါမယ် ။ လူလိမ်တွေကတော့ လက်ခံမှာမဟုတ်ပါ ။  လက်မခံသူဟာ  လူလိမ်ဆိုတာ သတ်မှတ်လို့ ရသွားပါပြီ ။  ( ရှင်းတယ်လေ ။ )

တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာဟာ...ပြည်သူမှာတည်ပါတယ်လို့   န.အ.ဖ ကိုယ်တိုင် တရားဝင်အခြေခံဥပဒေမှာ ဆိုညွှန်းထားပြိးပါပြီဒီတော့ ဒီအိမ်ကြိးကို  ပြည်သူလူထုက ဘဲပိုင်ပါတယ် ။  ဒါကိုတော့ န.အ.ဖ က ငြင်းချင်လား  .ငြင်းချင်ရင်..တင်သန်းဥိးကိုပြန်နိုးပြိး..အသစ်ပြန်ရိုက်  ။  ကောင်းပြီ ။ ဒီအိမ်ကြိးကို  ပြည်သူကိုယ်စား အုပ်ချုပ်ဖို့ ..ပြည်သူလူထုက သူတို့ ကိုယ်စားရွေးချယ်သူ က ဒီအိမ်ကြိးကိုအုပ်ချုပ်ရပါမယ်  ။  ဒီဇါတ်လမ်းရိုက်တုံးက....စစ်တပ်က အိမ်ခန်း လေးခန်းရှိတယ်ထား ( ဥပမာပေါ့ ) ။  တခန်းကို  သူပိုင်မယ်လို့    အဲဒီတုံးက...မဆိုထားသေးပါဘူး   ။   မပါသေးပါဘူး ။   အခုကျမှ လေးခန်းထဲက တခန်းကို ပိုင်ရုံမကတော့ဘူး အဲဒီအခန်းပိုင်သူက...သူ့ လူတွေကို ကျန်အခန်းတွေကအစ  အားလုံးသူစိတ်ကြိုက်လုပ်မဲ့သူ  ပိုင်စေရမယ်လုပ်လာပြန်တယ် ။  တနည်း အခန်း စိမံရေးကို...သူ့ လူတွေကဘဲ  စိမံမယ် နစ်ပြန်တက်လုပ်လာပါတယ် ။

အိမ်တခု ကို သူပိုင်ကိုယ်ပိုင်  တရားတဘောင်ဖြစ်ကြရင်...တရားရုံးမှာ ရင်ဆိုင်ကြရတယ် ။ တရားရုံးမရောက်ခင်...ရပ်မိရပ်ဖ...ဆွေမျိုးလူကြိးထဲက မျှမျှတတ..တရားသဖြင့် ဆုံးဖြတ်တတ်သူ..( တနည်းလူကြိးလူကောင်းစိတ်ထားရှီသူ..အများရိုသေလေးစားသူ ) တွေက ကြားဝင်ညှိနိုင်းပေးကြတာ မြန်မာ့ထုံးတမ်းဓလေ့ပါ ။ ကနေ့  ဒေါ်အောင်ဆန်းစုကြည်ကို...နိုင်ငံခြားသားနဲ့ ယူထားလို့  ဝေဖန်နေသူတွေ မြန်မာ့ဓလေ့ ကို လက်ခံနိုင်မလား ကိုယ့်ကိုအရင်မေးပါအုံး ။

ကဲကနေ  ၉၀  ခုနစ်မှာ...့ ပြည်သူလူထုကြိးက...န.၀.တ ကိုယ်နိုင်ကြိးမှုးကျင်းပပေးခဲ့တဲ့..ကမ္ဘာကပါ မျှမျှတတ ရှိတယ် လို့ လက်ခံထားတဲ့ ..ဘယ်သူကမှလဲ မဲလိမ်တယ် မဲခိုးတယ် စောဒက မတက်ခဲ့တဲ့ ရွေးကောက်ပွဲမှာပြည်သူလူထုက သူတို့ ကိုယ်စား အဖွဲ့ ချုပ်ကိုရွေးချယ်ပေးခဲ့ပါတယ် ။ န.၀.တ. အနေနဲ့ ရွေးကောက်ပွဲမတတိုင်ခင်က ...ဒေါ်အောင်ဆန်းစုကြည် ကတွေ့ ဆုံဆွေးနွေးချင်ပါတယ်တောင်းဆိုတော့...ပါတီတွေ တပုံကြိး..ပါတီထောင်တာနဲ့ ..ပြည်သူကိုကိုယ်စားပြုတာမဟုတ် လုပ်ပါတယ် ။ ရွေးကောက်ပွဲပြိးပြန်တော့...ပြည်သူ့ ကိုယ်စားပြုသူပေါ်လာတော့...စကားတမျိုးပြောင်းလိမ်ပြန်တယ် ။

ဒီတွေ့ ဆုံဆွေးနွေးရေး ဆိုတာ ပြည်သူတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်ပါ ။  နိုင်ငံတော်အာဏာဟာ ပြည်သူလူထု မှဆင်းသက်၏ လို့ ဆိုထားတဲ့ န.အ.ဖ စာသားအတိုင်းရဲ   နိင်ငံသူနိုင်ငံသားတွေရဲ့ ..နိုင်ငံရေးအရ..့ ရပိုင်ခွင့်ပါ ။  တွေ့ ဆုံခွင့်မပေးတာဟာ...ဒါ နိုင်ငံရေး Sanction ပါ ။ ငါ့မှာ သေနတ်ရှိတယ် ။ မင်းဘာလုပ်ချင်လဲ ။ ငါမှာအာဏာရှိတယ် ။ ငါညစ်ပတ်မယ် ဘာတတ်နိုင်လဲဆိုတာဟာ...ဒါအာဏာကို လိုသလိုသုံးပြိး အကြမ်းဖက်တာဘဲ ။ အကြမ်းဖက်မှုဘဲ ။  အကြမ်းမဖက်ပါဘူးဆိုရင်...ပြည်သူက သူတို့ ကိုယ်စားပြောချင်ပါတယ်...သူတို့ ကိုယ်စား...ဒေါ်စုကို ကိုယ်စားပြုပြောခိုင်းနေပါပြီ

။  ၉၀  ခုနစ်မှာ  NLD က အမတ်နေရာ...၈၂ %  နဲ့ တိုင်းရင်းသားတွေက..၁၅ % စုစုပေါင်း မဟာမိတ် ဖွဲ့ ထားတာ...၉၇ % ကိုယ်စားပြုထားတဲ့အဖွဲ့ ကိုတောင်...စကားမပြောနိုင်ဘူး  လုပ်ထားတဲ့ န.အ.ဖ ကို အရင်သွားပြောပါအုံး ။

ဒါကိုငြင်းချင်သေးလား ။  န.အ.ဖ ဟာ အကြမ်းဖက်သူ မဟုတ်ပါဘူး ငြင်းချင်သေးလား ။  ရပါတယ် ။ ငြင်းချင်ရင်..ပထမဆုံး အကြမ်းဖက်မှုမြန်သမျှကို..ရှုံ့ ချပြရပါမယ် ။ ဒုတိယအဆင့် ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့အကြမ်းဖက်မှု မှန်သမျှကို..အဖြစ်မှန်ဖေါ်ထုတ်ပေးရပါမယ် ။  စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့ ပြိး..ထွက်ဆိုလိုသူတွေကို ဖိတ်ခေါ်ရပါမယ် ။ အဲဒါမလုပ်ဘဲ တဘက်လူကို အကြမ်းဖက်မှုဘဲပြောနေတာကတော့...ပြည်သူလူထုကို  နစ်ပြန်ဆော်ကားနေတာပါဘဲ ။

အခုပြောနေတဲ့...SANCTION ဆိုတာ  အဲဒီကစလိုက်တာပါဘဲ ။  ဘာပြောချင်ပါသလဲ...မောင်သန်းရွှေ ။ ငါးမင်းဆွေ  တော့ သန လို့ ..မမေးတော့ပါဘူး  ။

ကိုင်းအခု  ကြည့်ရအောင်....ကျောင်းသားခေါင်းဆောင်တွေကို မတရားအမှုတွေဆင်ဖမ်းတယ် ။ ဘယ်မလဲ  တရားရုံးမှာ  နစ်ဖက်ရှေ့ နေတွေ၎ားရမ်းခွင့်ရှိရဲ့ လား ။ နစ်ဖက်ထုချေခွင့် ရှိရဲ့ လား ။ ဒါလဲ ဥပဒေကြောင်းအရ...Sanction လုပ်ထားတာပါဘဲ ။ ပြိးထောင်ချတယ် ။ နယ်ဝေးထောင်တွေကို ပို့ တာက မိသားစုတွေ မလာနိုင်အောင် ..တနည်းမထောက်ပ့နိုင်တော့ အထဲမှာငတ်ပြတ်ချို့ တဲ့နေအောင်...ဒါလဲ sanction မခေါ်ရင်  ဘယ်လိုခေါ်မလဲ ။  ဖြေပါအုံး သန်းရွှေ ။

ဒီထက်ပို  ရိုင်းတာက...ပတ်စပို့ ( passport ) လျှောက်ရင်..နိုင်ငံရေးကင်းရှင်းကြောင်း...အလုပ်လျှောက်ရင်..နိုင်ငံရေးကင်းရှင်းကြောင်း ..အစိုးရအလုပ်တင်မဟုတ်...NGO အလုပ် ပုဂလိက အလုပ်တွေမှာကို..လိုက်ကျပ်နေပါတယ် ။ နောက်ဆုံး အရိုင်းဆုံးကတော့...သန်းရွှေ ကိုယ်တိုင် အခုကြံ့ ဖွတ်ပါတီ ကြိးမှာ တရားဝင် နာယက အနေနဲ့  လုပ်နေပြိး  သူက ပြည်သူလူထုကိုကျတော့..နိုင်ငံရေးကင်းရှင်းကြောင်း ၀န်ခံချက်ထိုးခိုင်းတာကတော့....

ဒီလိုထိုးခိုင်းတာဟာ  သူတို့ ကိုယ်တိုင်  sanction ကျင့်သုံးနေတာပါ ။  အခုအင်တာနက် ..ဖုံ့းလျှောက်ရင်လဲ  နိုင်ငံရေးကင်းရှင်းမှဆိုတာ..လုပ်ထားပါတယ် ။

ဒီနိုင်ငံရေးကင်းရှင်းကြောင်း  ထိုးခိုင်းတာက  ဘာလို့ လဲမေးရပါမယ် ။  နိုင်ငံရေးလုပ်သူဟာ...တိုင်းပြည်အတွက်  အန္တရာယ်ဖြစ်သူလို့ သတ်မှတ်ရင်...ဘာလို့ နိုင်ငံတော်က...တရားဝင်ပါတီ မှတ်ပုံတင်ထုတ်ပေးရတာလဲ ။  ဖုံးလျှောက်တာ နိုင်ငံရေးကင်းရပါမယ်ဆိုထားရင်...န.၀.တ. တက်ခါစ..၉၀.ခုနစ်ရွေးကောက်ပွဲ မှာ မှတ်ပုံတင်ရင်....ဖုံး တလုံးချပေးပြိး မက်လုံးပေး...ပါတီတွေများရင် မဲကွဲမယ်ဆိုတဲ့..ယူဆချက်နဲ့  ..ဖုံ့းတွေ ချပေးပါတယ် ။ နိုင်ငံရေးပါတီတွေအတွက်  သိးသန့် ဖုံးတွေ ။  အခုနိုင်ရေးသမားအိမ်ဆို ဖုံ့းတပ်ဆင်ခွင့်ပိတ်ထားတာဟာ....sanction မခေါ်ရင်  ဘာလဲ ။

နောက်ဆုံ့း...ဒေါ်အောင်ဆန်းစုကြည် ကို အနောက်နိုင်ငံတွေ ကနေ စိ့းပွားရေးပိတ်ဆို့ ထားတာတွေ  ရုတ်သိမ်းပေးဖို့ ..တဖက်လှဲ့ နဲ့ တွန်းလာပါတယ် ။ တောင်းဆိုလာပါတယ် ။  ဒေါ်အောင်ဆန်းစုကြည့်အနေနဲ့ ...ဒါကို တောင်းဆိုပေးပိုင်ခွင့်မရှိပါဘူး ။  ဘာလို့ လဲဆိုတော့...အခု..န.အ.ဖ ကျင့်သုံးနေတဲ့..ကျနော်အထက်က ထောက်ပြခဲ့တဲ့ န.အ.ဖ က ကိုယ်တိုင်ကျင့်သုံးနေတဲ့..ညစ်ပတ်ပိတ်ဆို့ မှုတွေကို...ဘယ်သူကှိုမလုပ်တော့ပါဘူး တာဝန်ခံမှာလဲ ။  အခုပိတ်ဆို့ တာ ရုတ်သိမ်းဖို့ တောင်းဆိုရတာက..ဒီပိတ်ဆို့ မှုတွေကြောင့် ပြည်သူလူထု စိးပွားရေးကျပ်တည်းရပါတယ်လို့ ဆိုထားတာ  ။ ဟုတ်ပါတယ် ။

ဒါပေမဲ့ န.အ.ဖ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ဟာ  ပြည်သူကိုကိုယ်စားမပြုပါဘူး..အကြိမ်ကြိမ်ပြောနေတယ် ။  ပြောခဲ့တယ်  ။ အခုပြည်သူက ရွေးကောက်ထားတာ..ကိုယ်စားပြုပေးထားတာ...သူတို့ ကြံ့ ဖွတ်အမတ်တွေပါလို့ မကြာခင်ပြောလာပါမယ် ။  အဲဒီကျရင်ဘယ်လိုရှင်းကြမလဲ ။

ဒီထက်ပိုအရေးကြိးတာက..အခုသန်းရွှေက   တရားဥပဒေအရ....နောက် နစ်လနေရင် လွှတ်တော်ပေါ်လာရင်...အာဏာမရှိတော့ဘူး ။ အာဏာဟာလွှတ်တော်မှာတည်တော့မယ် ။  အဲဒီပေါ်လာတဲ့အစိုးရက...ဒေါ်အောင်ဆန်းစုကြည် အပေါ်ဘယ်လို သဘောထားမလဲ ။  ပိတ်ဆို့ တာတွေ ရုတ်သိမ်းပေးပါပြော...ပြိး ပြန်ဖမ်းလုပ်နေအုံးမှာလား  ။

စောင့်ကြည့်ပါအုံးဘဲပြောရပါမယ် ။  ပိတ်ဆို့ လာတာ  ကြာပြီ ။ အခုအရေးတကြိးဖုတ်ပူမိးတိုက် ရုတ်သိမ်းဖို့ မလိုသေးပါဘူး ။

နောက်  ဒါထက်အရေးကြိးတာက...နိုင်ငံခြားတိုက်ရိုက်ရင်းနှိးမြုပ်နံမှုတွေ (  FDI...Foreign  Direct  Investment ) တွေ ၀င်လာပါမှ တိုင်းသူပြည်သူလူထု အလုပ်အကိုင်းရ၀င်ငွေတွေ တိုးလာပါမယ် ။ အဲဒီလို နိုင်ငံခြားတိုက်ရိုက်ရင်းနှိးမြုပ်နှံမှုတွေ ၀င်လာဖို့ က..  ( တစ် ).စိုက်ပျိုးရေး စကားနဲ့ ပြောရရင်..ရာသီဥတုမှန်ရပါမယ် ။  ရာသီဥတု တည်ငြိမ်ရပါမယ် ။ မှန်ကန်ရပါမယ် ။ တနည်း နိုင်ငံရေးတည်ငြိမ်ရပါမယ် ။   (  နစ်  )ကတာ့...ရေခံ   မြေခံ ကောင်းရပါမယ် ။ တနည်း FDI တွေ ၀င်လာနိုင်အောင်...လိုအပ်တဲ့....အခြေအနေတွေ ရှိနေရပါမယ် ။

တစ်  ဖြစ်တဲ့နိုင်ငံရေးတည်ငြိမ်အောင်က  အခြေခံဥပဒေမှာကိုက...လိုအပ်ရင် စစ်တပ်က အာဏာပြန်သိမ်းခွင့်ရှိစေရမယ်ဆိုထားတာကိုက..နိုင်ငံရေးမှာ   စစ်တပ်က ထင်သလို လုပ်ခွင့်ပေးထားတာ....ဆိုတော့  တည်ငြိမ်မှု က  အခြေခံဥပဒေမှာကို....စဉ်းစားသာကြည့်တော့မောင်....နောက် ပြည်သူနဲ့ နစ်ဘက် မပြေလည်နေတာ..အနောက်နိုင်ငံက  အရင်းအနီးအကြိးကြိးလုပ်နေသူတွေက  လူအ လူန တွေ မှတ်နေလို့လား...ရင်းနှီးတဲ့နုင်ငံရဲ့ နိုင်ငံရေးကို  တဖက်သတ်ပြောတာနဲ့ လက်ခံ မဲ့လူအတွေ ထင်နေလို့ လား ။

နိုင်ငံရေးတည်ငြိမ်ဖို့  ပြာသူလူထု ကိုယ်စားလှယ် နဲ့တွေ့ ဆုံရမယ်လေ ။  ဗမာပြည်သူတွေကို  သေနတ်မိုးပြိး  ရွှီးပါ..ရပါတယ် ။  နိုင်ငံခြားသားတွေကို သွားရွှီးတာကတော့....ကိုယ်လူ ကိုယ်ဥိးဏှောဏ်ကို လဲကိုယ်စစ်ကြည့်အုံး ။ ၉၃ ခုနစ်က..လတ်စားမှုနဲ့ အရေးယူခံလိုက်ရတဲ့ ( သူခိုးအကြိးစားကြိး  ဗိုလ်ချုပ်ထွန်းကြည် ( ကုန်သွယ်ရေးဝန်ကြိးက  အင်ဒိုနီးရှား  ခရိးစဉ်မှာ..တဖက်ဝန်ကြိးက ဒေါ်အောင်ဆန်းစုကြည်လို့  မေးလာပါတယ် ။ ကိုယ်တော်က ဘယ်သူ့ ကိုမေးနေတာလဲပေါ့  ။ အတည်ပေါက်နဲ့ ..ဟိုက ထက်ရှင်းပြတော့မှ  အော်..ဟိုအမျိုးသမိးကိုမေးနေတာကိုး...အေးဗျာ မြန်မာနိုင်ငံမှာ ခင်ဗျားပြောနေတဲ့အမျိုးသမိးကို လူတွေက..ရှိတယ်လို့ ကို သတိမထားကြတော့ဘူး ။  တံမျက်စီးလှဲလိုက်လို့ မြောင်းထဲ ပုရွက်ဆိပ်တကောင် ရောက်သွားသလိုပေါ့..သတိကိုမရကြတော့ဘူး ။.. ဗိုလ်ချုပ်ထွန်းကြည်ဆိုတာ..အခုနိုင်ငံရေးစိတ်ဝင်စားနေသူ လူငယ်တွေက ဘယ်သူလဲ မေးလာကြပါမယ် ။  ဒေါ်စု က မြောင်းထဲမှာလား...ထွန်းကြည်က မြောင်းထဲမှာလား ။  သမိုင်းကို လိမ်လို့ မရပါဘူး ။

 နစ်    အဲဒီအခြေအနေတွေကတော့...ထိပ်ဆုံးက...တည်ငြိမ်ပြိး...တာရှည်စိတ်ချရတဲ့  လုံလောက်တဲ့ စွမ်းအင်ရရှိဖို့ လိုပါတယ် ။ စွမ်းအင်အတွက်က...မြန်မာနိုင်ငံက စွမ်းအင်ထုတ်ရောင်းရအောင်လုံလောက်ပါတယ် ။ ဒါပေမဲ့ န.အ.ဖ ကိုယ်တိုင်က ပြည်တွင်းသုံး အတွက် နဲနဲလေးမှမပေးဘဲ...တဖက်နိုင်ငံတွေမှာ ပိုပြိး  FDI တွေ သူတို့ ဆီဝင်အောင်....ရေလာမြောင်းပေးလုပ်ပေးပြိးမှ....ဒေါ်စုအပေါ်ပုံချနေတာကတော့....သူခိုးဓါးရိုးကမ်းပြိး  ကယ်ကြပါအော်နေတာဘဲ။  နိုင်ငံတော်က ထွက်တဲ့  စွမ်းအင်ကို ပြည်တွင်းသုံး မချန်ဘဲ တဖက်နိုင်ငံထုတ်ရောင်းတာ....မရိုးသားဘူးဆိုတာ ရှင်းနေတာဘဲ ။  သန်းရွှေ က ကုန်စည်ပြပွဲတွေမှာ...ကျုပ်က နိုင်ငံသားတွေ ပိုင်တဲ့လုပ်ငန်းရှင်ကြိးတွေ ပေါ်လာအောင်  နိုင်ငံခြားစိးပွားရေးတွေကို  ဖွင့်မပေးသေးဘူး  ကြိုးစားကြ ပြောတာလဲ..ဒီပါးစပ်ဘဲ ။  နိုင်ငံသားတွေ လုပ်ငန်းရှင်ဖြစ်အောင်ပြောပြိး  စွမ်းအင်အားလုံး  သူခိုးဓါးရိုးကမ်းတာလဲ  ဒီပါးစပ်ပါဘဲ ။

အဲဒီတော့  ဒီစွမ်းအင်တွေကို စိမံခန့် ခွဲနေသူက..သန်းရွှေ...FDI တွေ လာဖို့  ဒီလိုစွမ်းအင် ကိစ္စတွေကို   ဒေါ်စုက သန်းရွှေ ရဲ့ သဘောထားမသိနိုင်ဘဲ..ဘယ်လိုအာမခ့နိုင်မလဲ ။   ဒေါ်စုက လာပါ...လာပါခေါ်တယ် ။ ကောင်းပြီ   ဟိုက ဒေါ်စုကို ယုံရမှာလား  သန်းရေအကို ယုံရမှာလား ။ နောက် စာချုပ်ကြပြီတဲ့...စာချုပ်ပါသဘောတူညီချက်တွေဘယ်လို ရေးကြမလဲ ။ ဒေါ်စုနဲ့ချုပ်ရမှာလား  သန်းရွှေနဲ့ ချုပ်ရမှာလား ။

နောက် သဘောတူစာချုပ်တော့ချုပ်ကြပြီတဲ့.. အလုပ်မှာအဆင်မပြေတာလေးတွေဖြစ်ရင်  ဒေါ်စုက ခေါင်းခံရမှာလား ။ အများကြိးပါ ။ တခါအရေးကြိးဆုံးက  ကဲကောင်းပြိ..ကုမ္မဏိကြိးတွေ ၀င်လာပါပြီတဲ့ ။ အဲဒီမှာအလုပ်သမားခန့် ကြပါပြီတဲ့ ။  ဒေါ်စုလူတွေက နိုင်ငံရေးသမားတွေ..သူတို့  နဲ့ သူတို့ မိသားစုတွေ မခန့် ရ လုပ်လာပြန်အုံးမယ် ။ sanction တွေ  ။ အလုပ်သမား  ခန့် ထားရေးမှာ  လူသားအရင်းအမြစ်မှာ...ကုမ္မဏိတွေကို သူတို့ စိတ်ကြိုက်ခန့် ထားခွင့်ပေးရပါမယ် ။  ထောက်လှန်းရေး ကစီစစ်တာတွေ...ထောက်လှန်းရေးပတ် pass   ရသူတွေဘဲ ခန့် ထားရေး...ဘယ်သူ့ တူ  ဘယ်သူ့ သမိး ဆိုပြိး ဖိအားပေးခန့် တာတွေလုပ် ။  အဲဒီလူတွေကအလုပ်ထဲမှာ ထော်လော်ကန့် လန့် လုပ်  လူစွာလုပ်တာတွေ ခံကြရတဲ့ ကုမ္မဏီတွေ တပုံကြိး ။ အဲဒီသူတွေကိုထုတ်ပစ်ရင် လုပ်ငန်းလိုင်စင်ဖျက်သိမ်းခံရ  အဆင်မသင့်ရင်လူပါထောင်ချခံကြဂသူတွေ တ့ပုံတပင်ကြိးပါ ။

ဒီလိုပြသနာတွေကို  ဒေါ်စုက   မဖြစ်စေရပါဘူး  အာမခံနိုင်ဖို့  အခြေအနေရှိမှ...ဒေါ်စုက ပြည်သူတွေကိုယ်စားပြုထားပါတယ်ဆိုတာကို န.အ.ဖ မှ လက်ခံလာမှ  ဒေါ်စုက ပါဝင်လျှင် အားလုံး အာမခံပြိးပြောနိုင်ဆိုနိုင်  သဘာဝလဲကျပါမယ် ။  အဲဒီလို စိမံမှု ပါဝါ  ဒေါ်စုကိုမပေးအပ်ဘဲ....ရီရတယ် ။

နောက် ဒါထက်ပိုအရေးကြိးတာက...စိးပွားရေးပိတ်ဆို့ ထားတာ ရုတ်သိမ်းစေချင်တဲ့ အဓိက ရည်ရွယ်ချက်က   ပြည်သူလူထု စားဝတ်နေရေးချောင်လည်ဖို့  ။   နိုင်ငံတော်ကြိးအတွက် ..နံပတ်တစ်မဟုတ်  ပြည်သူလူထုအတွက်  နံပတ်တစ် ။  ရှင်းတယ်နော် ။  ကောင်းပြိး ပြည်သူလူထု အလုပ်တော့လူတွေတော်တော်များများ  အလုပ်ရကြပါပြီတဲ့ .အခုရနေသလို...တနေ့ မှ တစ်ဒေါ်လာခွဲ ( တလ -မှ ဒေါ်လာ ၂၅  )ေ လာက်ဘဲရနေကြမယ်ဆိုရင်...ဒါပြည်သူလူထု စားဝတ်နေရေးချောင်လည်ဖို့ မဟုတ်ဘဲ ..ပြည်သူလူထုက  ကျွန်လုပ်ခနဲ့ မသေရုံတမယ် ဘ၀ ဆက်ခဲ့ရတာ..မ.ဆ.လ ခေတ်ကနေဆို..နစ်ပေါင်း..၅၀ ပြည့်တော့မယ် ။

လုပ်အားခ ကို နိုင်ငံတကာကို  မှီချင်ရင်  နိုင်ငံတကာစံတွေဖြစ်တဲ့ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ထားပေးရပါမယ် ။  ဒီလိုသတ်မှတ်ရင်  ခေတ်မှီဖွံ့ ဖြိုးတိုးတက်ပါတယ် ပြောချင်ရင်..ထိုင်းနိုင်ငံ က အနိမ့်ဆုံး လုပ်ခ နဲ့  နိုင်းယှသ်ပြိးသတ်မှတ်သင့်ပါတယ် ။

နောက်ဆုံးဗျာ....နိုင်ငံခြားအရင်းအနှီးဘဲ  မျှော်နေကြရအောင်...ကျနော်တို့ နိုင်ငံမှာ  အားလုံးမွဲနေကြလို့လား ။  အရင်းအနှိးတောင် ကိုယ်တိုင်မထုတ်နိုင်ကြတော့ဘူးလား ။  ပြန်ဆန်းစစ်တော့.ပြည်သူလူထု လက်ထဲက ငွေကို..န.အ.ဖ က....ကားပါမစ်..ဖုံးပါမစ်..လုပ်ငန်းပါမစ် ဆိုတဲ့ ပါမစ်တွေ နဲ့ ကျစ်ယူတယ် ။  ပြည်သူလူထု ပိုင်သမျှ အခုတော့ ကြိုင်ကြိုင် တို့ ..မောင်အေးတို့ လက်ထဲ တစတစ ရောက်ကုန်တယ် ။

ထားပါ။  သန်းရွှေမြေး..နေရွှေသွေးအောင်ဆိုရင်..ကမ္ဘာ့  မှာ  တဥိးထည်းသော...TEENAGE  BILLIONAIRE   ဖြစ်နေပါတယ် ။ အသက်နစ်ဆယ်အောက် ကမ္ဘာ့တဥိးထည်းသော ဘီလျှံနာ ဖြစ်နေပါတယ် ။  နိုင်ငံခြားကလူတွေကိုတော့  လာပါ ဗမာပြည်မှာ ရင်းနှီရင် ဘယ်လို အကျိုးအမြတ်ရပါမယ်လက်ယတ်ခေါ်နေပြိး..ကိုယ်တိုင်ကြတော့ ဘာလို့  နိုင်ငံခြားမှာ ၀ှက်ထားကြရတာပါလဲ ။

အဖြေက ရျင်းနေပါတယ် ။  မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်ကြောင်း  သန်းရွှေမိသားစုက လက်တွေ့  (  လျှီု့ ဝှက် ) လက်တွေ့ ပြနေတာပါဘဲ ။


န.အ.ဖ  ဟာ တိုင်းသူပြည်သားတွေ  လက်ထဲရှိရှိသမျှ ဓနဥစ္စာ.ပိုင်ဆိုင်မှုတွေကို....ကားပါမစ်..( တနစ်ကိုကားပါမစ်..၃၀၀၀၀- ခန့် ကို ပျှမ်းမျှ..ပါမစ်တစ်စောင်ကို...ဒေါ်လာ.တစ်သောင်းခွဲ  ( ၁၅၀၀၀--) နုံး နဲ့  အသားလွတ် ရိတ်ယူတော့..တနစ်ကို ကားပါမစ်ကနေ...ပြည်သူတွေပိုင်တဲ့ငွေကြေး...ဒေါ်လာ..သန်းပေါင်း...၅၀၀ ခန့်  နစ်စဉ်ရိတ်ယူ  သဲ့ယူလိုက်ပါတယ် ။   ကားကိုပါမစ်ျကင့်သုံးခဲ့တာ...ဆယ်နစ်ကျော်ကျော်ဆိုတော့..သန်းပေါင်း...( ၅.၀ ) ဘီလျှံ  ( 5.0 ) Billions အသားလွတ်ဝိုက်ယူထားပါတယ် ။
ကားပါမစ်ကို  သန်းရွှေ က အဓိက ကိုင်ထားပြိး  မောင်အေးကို  နဲနဲပါးပါး လုပ်ခွင့်ပေးပါတယ် ။

ဖုံးပါမစ်ကလဲ..ဖုံးတလုံးကို..ကုမ္မဏိကနေ အရစ်ကျနဲ့ ယူတယ်...ပြိးပြည်သူတွေဆီကနေ...ဖုံးတလုံး.( ၄ားရမ်းတာနော် ..အပိုင်ပေးတာမဟုတ်သေး ) တလု့းကို တရားဝင်အစိုးရဈေးနုံးက..ဒေါ်လာ..၁၅၀၀
..အပြင်ဈေးနုံးကဒေါ်လာ
..၃၀၀၀.ကနေ  .၄၀၀၀ အထိရောက်အောင်တင်းကျပ်ပြိး ဈေးတင်ရိတ်လိုက်တော့..နှစ်စဉ်..ဖုံးအလုံး၃၀၀၀၀-ခန့် ချပေးတော့....
ဖုံးကနေတင်...ဒေါ်လာ..သန်းတစ်ရာခန့်   အသားလွတ်ရိတ်ယူပါတယ်
။ ဖု့းေ၇ာင်းစားလာတာ..ကတော့ ဆယ့်ငါးနစ်မကဆိုတော့..ပြည်သူ့ ငွေတွေ..ဒေါ်လာသန်းပေါင်း..( ၁.၅ ) ဘီလျှံ လောက်အသားလွတ်ယူလိုက်ပါတယ် ။  (  ကုမ္မဏိကနေ  သူတို့ ယူထားတဲ့ဈေးက...တိုင်တွေ တာဝါတွေ  စက်တွေ အာလုံးထဲ့တွက်မှ..ဖု့းတလုံးကို..ဒေါ်လာ ၄၀၀ လောက်ကုန်ကျတာ ကို..ပြည်သူတွေက..၃၀၀၀ ) ပေါ်ရတာဘဲ ။

စုစုပေါင်း..ဒီဖုံး နဲ့ ကားပါမစ်နစ်ခုထဲကတင်...ပြည်သူ့ ငွေတွေ..ဒေါ်လာ နဲ့ ဆို.. ဆယ်နှစ်အတွင်းမှာတင်....ဒေါ်လာသန်းပေါင်း..ရ.၀ ဘီလျှံ..အစိုးလက်ထဲနဲ့ ..ကြိုင်ကြိုင်တို့ တ၀က်ဆီခွဲယူလိုက်ကြပါပြီ ။

ပြည်ပအခြေစိုက်စိးပွားရေးပညာရှင် ကြိးများက  ဒီရိတ်ထားတဲ့ ငွေ..ဒီမျှကြိးမားတဲ့ ငွေပမာဏ နဲ့   ပြည်သူတွေ ငွေခန်းခြောက်သွားတာကို ထဲ့မဝေဖန်ကြတာ  မမြင်ကြလို့ လား..ကျနော်မသိတတ်ပါ ။ အရေးမကြိးလို့ လား  ။ ကျနော်စဉ်စားမရပါ။

 အခု  သူတို့ က ဒီငွေတွေ အပြင်တခြား  မြေချပေးတာ...လုပ်ငန်းပါမစ် ..စတဲ့ ..ပြည်သူငွေကိုညှစ်ယူတဲ့  ပါမစ်နို့ ညှစ်စီမံကိန်းကြိးနဲ့  မတ၇ားရယူထားတဲ့ငွေတွေက..ဘီလျှံ ပေါင်း..၁၅..ဘီလျှံ...အထက်မှာ  သူတို့ ပိုင်ဆိုင်ထားပါတယ် ။  သူတို့ အုပ်ချုပ်ရေးမခိုင်မြဲတာ သူတို့  သိနေလို့ တိုင်းပြည်မှာပြန်မရင်းနှီးကြဘဲ....တပါးနိုင်ငံတွေမှာ  ၀ှက်ထား..ခိုးပြိးရင်းနှိးထားကြပါတယ် ။


နိုင်ငံခြားတိုင်းပြည်တွေကို  လက်ယက်မခေါ်ခင်  ကိုယ်ပိုင်တာကို အရင်ပြန်ရင်းနှီးကြပါအုံး  ။ ဒီကြားထဲ..မသာကောင်လေးက မန်ချက်စတာယူနိုက်တက်ကို  ၀ယ်ဖို့ အထိပင် အဖိုးကို ပူဆာတယ်ဆိုတာ  မဆန်းပါဘူး ။ သူတို့ မှာမတရားနည်းနဲ့ ရထားတဲ့ငွေတွေ..ဒေါ်လာ  ဘီလျှံ..ဆယ်ဂဏန်းဘက် နီးပါတယ် ။

န.အ.ဖ ဟာ နိုင်ငံအရေးလုပ်သူကိုမဆိုထားနှင့်  နိုင်ငံရေးသမားနှင့် ပတ်သက်သူကိုပင်  မညှာတာပါ။   ကိုမောင်မောင်ဝမ်းရေးခဲ့ဆောင်းပါးထဲပါသလို...ဘာမှ လုပ်ကိုင်စားလို့ မရတော့အောင်  ဘ၀ပျက်အောင်  သူတို့ ကိုယ်တိုင် SANCTION လုပ်ပါတယ် ။  ဒေါ်အောင်ဆန်းစုကြည်ကို  သွားတွေ ဆုံရုံလေးနဲ့ တင် ဘ၀ပျက်အောင် sanction လုပ်ပါတယ် .။   အနုပညာရှင်တွေ  စာရေးဆရာတွေ ကို  အနုပညာ လုပ်ကိုင်ခွင့်ကိုပိတ်လိုက်ပါတယ် ။ 

အဲဒီလိုပိတ်ပင်ရအောင်...ဘယ်ဥပဒေထဲမှာမှ ရေးထားတာ...ညွှန်ကြားချက်ထုတ်ထားတာမရှိပါဘူး ။  သူတို့ လုပ်တဲ့လူမှုရေး တွေမှာတော့ အနုပညာရှင်တွေကို..မပါမနေရပါခိုင်းပြိး...တကယ်လူမှုရေး အဖွဲ့ တွေကွိုသွားကူလို့ ပိတ်ပင်တာဟာ...ဥပဒေမဲ့ sanction ပါဘဲ ။

အခုဆို ပိုဆိုးလာပါတယ် ။ လူမှုရေးလုပ်တဲ့ ဥိးကျော်သူ ကို ငွေကူတဲ့သူတွေကိုပါ  ရန်လုပ်လာပါတယ် ။ 

ဒါဘာကိုပြသလဲဆိုရင်....နိုင်ငံအရေး( အများအကြိုး ) လုပ်နေပါတယ်ဆိုတဲ့...သန်းရွှေဟာ  လူမှုရေးစိတ်ဓါတ်ရှိသူ ( ပရဟိတ စိတ်ရှိသူ ) တွေကိုပင်.....ဒီလူတွေဟာတရက်  တိုင်းသူပြည်သားတွေအရေး စဉ်းစားလာမဲ့ သူတွေ..တရက်ငါ့ကို  ရန်သူလို့ မြင်လာမဲ့သူတွေ လို့ ..potential enemy လို့ရှုမြင်ထားတာမို့ ...အဲဒီလူမှုရေးလုပ်သူတွေကို  ညစ်ပတ်တော့တာပါဘဲ။ 

သူဟာ  အတ္တကြိးများလွန်းတော့....ဒီပရဟိတ္တ  စိတ်ရှိသူတွေနဲ့   ရေရှည်အတူတွဲလို့ မရဘူးဆိုတာ သိနေပါတယ်  ။

သန်းရွှေရဲ့ ထောက်လှမ်းရေးတွေက  NLD အဖွဲ့ ဝင်တွေ   နိုင်ငံရေးသမားတွေကို  နိုင်ငံရေးဆက်မလုပ်နဲ့  မိသားစုအရေးဘဲ လုပ်မယ်ဆိုရင်...ငွေသိန်း ထောင်ချီချေးပေးမယ်  လုပ်ငန်းတွေချပေးမယ် နဲ့ အကျပ်ကိုင်တယ်  စည်းရုံးပါတယ် ။   ရှင်းရှင်းကတော့..
အများအရေးစဉ်းစားရင်  ရန်သူ.အဖြစ် အကျပ်ဆက်ကိုင်မယ်....အတ္တ ( တကိုယ်ကောင်းစိတ်  ) မွေးမယ်ဆိုရင် ကူညီမယ်..ဘော်ဒါပေါ့လေ.....အနောက်နိုင်ငံတွေ ကျင့်သုံးတဲ့ ...CARROT  &  STICK  ...မုန့် စာမလား..မစားရင်..ဒုတ်စာမိမယ် အထိခြိမ်းခြောက်ပါတယ် ။ 

ကျနော်ကိုလဲထောင်က လွှတ်စမှာ...နစ်ကြိမ်..နှမ်းတစေ့နဲ့  ဆီမဖြစ်ပါဘူး...မိသားစုတွေ ဒုက္ခရောက်ရတာ ကြာပြီ...သူတို့ အလုပ်ချပေးမယ်..တနှစ်အတွင်းတိုက်ကြိးကားကြိးတွေနဲ့  ဖြစ်လာစေရမယ်ပေါ့ ..တခြား အဖွဲ့ ချုပ်လူတွေကိုလဲ  သိန်း..၅၀၀၀ -အထိအတိုးမဲ့ငွေချေးပေးမယ်..လုပ်ငန်းတွေချပေးမယ်..ဆွယ်လဲဆွယ်တယ်..ခြိမ်းလဲခြိမ်းခြောက်တာ  တပုံတပင်ကြိးပါ ။

အခုဆို  အဆိုတော်တွေ အနုပညာရှင်တွေကို...အနုပညာ လုပ်ကိုင်ခွင့်ပိတ်ပင်တဲ့အထိ ယုတ်မာပြလာတာ...ဒါ SANCTION အယုတ်မာဆုံး sanction ပါဘဲ ။  အနုပညာအဖွဲ့ အစည်း..စည်းမျှဉ်းထဲမှာ...လူမှုရေးမလုပ်ရဆိုတဲ့တားမြစ်ချက်မှ မရှိထားဘဲ ..ဒါဟာဥပဒေမဲ့ sanction လုပ်တာဖြစ်ပါတယ် ။

နောက်တခုက  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့   ( ကျနော် တဥိးထဲအမြင်ပါ ) န.အ.ဖ ဟာတကယ်ဘဲ ပိတ်ဆို့ မှုတွေကို သူတို့ ကိုယ်တိုင် ရုတ်သိမ်းစေလိုတဲ့ ကိစ္စဟာ.....တကယ်အစစ်ဆိုတာပေါ်လွင်လာအောင်.....စိးပွားရေး ( ပြည်သူတွေအတွက် တကယ် စံပြစိးပွားရေး ) တခုဖေါ်ဆောင်နိုင်အောင်...ဒေါ်အောင်ဆန်းစုကြည် မှနေပြိး...နိုင်ငံခြားနဲ့ စိးပွားကုန်သွယ်ဖို့ ....ကုမ္မဏီလုပ်ငန်းတခုလျှောက်ထားပြိး..ပထမဥိးဆုံး...အနေနဲ့ ( ဥပမာ ) အထည်ချုပ်( ချုပ်ထည်တွေ ) ကို တင်ပို့ တာ လုပ်စေချင်ပါတယ် ။

အဲဒီအထည်တွေကို  ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေက  promotion လုပ်ပေးကြမယ်ဆိုရင်...န.အ.ဖ လိုချင်တဲ့ ဈေးကွက်ဖွင့်ပေးတာ ပိုမြန်သွားပါမယ် ။  အလုပ်သမားတွေကိုလဲ  လူလူသူသူ လုပ်ခပေးလာနိုင်ပါမယ် ။  န.အ.ဖ သာ နိုင်ငံသူ နိုင်ငံသားတွေ အတွက် တကယ်  ပိတ်ဆို့ တာတွေ ပွင့်စေချင်တယ်ဆိုရင်..ဒေါ်စုက လက်တွေ့ ပွင့်လာအောင် ကိုယ်တိုင်  ပို့ ကုန်တွေကိုတင်ပို့ ပေးဖို့ ..အဆင်သင့်ပါခင်ဗျာ ။

အဲဒါဆို...သန်းရွှေ လက်ခံနိုင်ပါမလား ။  ဖွင့်ပေးမယ်လေ ။ ပါးစပ်နဲ့ တောင်မဟုတ်ဘူ်း လက်တွေကို ကိုယ်တိုင်ကိုယ်ကျဖွင့်ပေးမယ်လေ ။   အခုဒေါ်စုသာ အဲဒီလို ကုန်သွယ်ခွင့်ကုမ္မဏီထောင်ဖို့ လျှောက်ထားလိုက်ရင်...သန်းရွှေ ခွင့်ပြုမယ်  မပြုဘူးဆိုတာကို... အဖြေဘယ်လိုဖြစ်လာမယ်ဆိုတာကို......၉-တန်း ၁၀ တန်း..ကလေးတွေတောင်သိပါတယ်.. ။ 


ဒါပေမဲ့  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေ အကျိုးကိုမျှော်ကိုးပြိးတကြောင်း.....ပြည်သူပေါ်ထားတဲ့  သန်းရွှေရဲ့ စိတ်ထားအမှန်ကို ပြည်သူတွေ  လက်တွေ့ ကျကျ ကိုယ်တိုင်ကိုယ်ကျ သိမြင်လာအောင်...ကုမ္မဏီတခု  ကိုမှတ်ပုံတင်ခွင့်လျှောက်လိုက်စေချင်ပါတယ် ။( ကျနော်တဥိးထဲအမြင်ပါ )..ဒီကိစ္စကို ဝေဖန်ချက်ပေးကြပါခင်ဗျာ ။


 SANCTION  ဆိုတာ ဘယ်သူကစတာလဲ..ဘယ်သူကဆက်လုပ်နေတာလဲ  လက်တွေ့ ကြည့်ကြရအောင်ပါ ။  ပါးစပ်ပါတိုင်း  လျှောက်အော်မနေပါနဲ့  ။ သူခိုးဓါးရိုးကမ်း...ကိုယ်ပြိုင်ဘက်နိုင်ငံ( ထိုင်းနဲ့  တရုတ် )ကို....ဓါတ်ငွေ့ တွေ ထိုးရောင်းတာကိုလဲ အရင်ရပ်ပါ အုံးခင်ဗျာ ။

န.အ.ဖ ဟာ  ဒေါ်အောင်ဆန်းစုကြည်ကို   အသရေဖျက်ဖို့ ...တိုင်းသူပြည်သားတွေ  ငတ်ပြတ်နေတာဟာ....သူတို့ အုပ်ချုပ်တာ..လတ်ပေးလတ်ယူမှုလွန်ကဲလွန်းလို့ စိးပွားပျက်ရတာကို..၀န်မခံဘဲ...ဒေါ်အောင်ဆန်းစုကြည်အပေါ်  ပုံ့ချပြိး  တချက်ခုတ်နှစ်ချက်ပြတ်လုပ်ချင်တာ သက်သက်ပါ ။  အခုsanction ကိစ္စအော်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ ထိမယ်...သူတို့ ကိုမထိဘူး ထင်နေတာကိုက...ဥိးဏှောက်က ကလေးသာသာ ဘဲရှိတယ်ဆိုတာ ပြလိုက်တာပါဘဲ ။

တကယ်တော့ သန်းရွှေဥိးဏှောက်ဟာ  ပေါ့သေးသေးမဟုတ်ပါဘူး ။  အလွန်ပါးနပ်တဲ့ ဥိးဏှောက်ပါ ။ တော်လို့ လဲ ..အရည်အချင်းဘာမှသိပ်မရှိဘဲ ဒီနေရာကိုရောက်အောင်  နဲ့  မြဲနေအောင်လုပ်နိုင်တာပါ ။ ဒါပေမဲ့ သူ့ ဟာ  သူ့ ဥိးဏှောက်ရဲ့ ..၉၀ %  နဲ့ သူ့ အချိန်တွေရဲ့ ..၉၀ % ကို...သူ့ အာဏာတည်မြဲရေး...သူ့ သားစဉ်မြေးဆက် အာဏာဆုပ်ကိုင်ထားနိုင်းရေးဘက်ကိုပဲ  ဥိးစားပေးစဉ်းစားနေတာမို့ တိုင်းပြည်အရေးကို မစဉ်းစာနိုင်တာပါ ။ ခိုးထားတာတွေများလာလေ  ပိုပိုပြိးပူပင်ရလေ ဖြစ်လေဘဲ  ။

တခုတော့ ရှိပါတယ် ။ ကျနော်ဟာ..၉၃..ကနေ ၉၆ ( အဖမ်းခံရချန်အထိ )  ပြည်ပကို ငါးတင်ပို့ ပါတယ်  ။  အဲဒီတော့...ထုံ့းစံအတိုင်း...၀န်ကြိးတွေ နဲ့ တိုင်းမှုးတွေက   အစည်းအဝေးမကြာခဏခေါ်တော့ ...လုပ်ငန်းရှင်တွေအားလုံးက  လိုအပ်တာတွေကို တင်ပြကြရပါတယ် ။  ထုံးစံအတိုင်းပေါ့  ၀န်ကြိးတွေ  တိုင်မှုးတွေ မျက်ကိုကြည့်  စကားမမှားအောင် ကြည့်ပြောကြရပါတယ် ။ ၀န်ကြိးတွေကလဲ  မထင်ရင် ဟိန်းဟောက်တာပါဘဲ ။ အခုထောနေတဲ့..ယုဇနဥိးဌေးမြင့်တို့ အပါအ၀င်ပေါ့ ။

အဲဒီတော့ ကျနော်ကတော့  လိုအပ်တာကို...အပိုင်ချည်တုတ်ပြိး...လက်မံခံမချင်း ထပြောတော့တာပါဘဲ ။

အဲဒီမှာ..ရေလုပ်ငန်းဝန်ကြိး....ဗိုလ်မှုးချုပ်မောင်မောင်က ကျနော်ပြောတာ  တင်ပြတာတွေကို.. စတင်လက်ခံလာပါတယ် ။  သဘောကျလာပါတယ် ။  နောက်ပိုင်းမှာ..် ကုန်သွယ်ရေးဝန်ကြိးဒု-ဗိုလ်ချုပ်ကြိးထွန်းကြည် နဲ့ တည်ရတော့တာပါဘဲ ။  ကျနော်က ထုံးစံအတိုင်း  အချက်အလက်နဲ့ မလျှော့ဘဲ ဆက်တင်တာပါဘဲ ။ ပထမတော့ ခေါ်ကြိမ်းတယ် ။  ခင်ဗျား လူကြိးတွေနဲ့ စကားပြောရင်  မရိုင်းရဘူးဘာညာပေါ့  ။ နောက်တော့  သူတို့ တသက်မှာ  ( ကျနော်အထင်ပါ )..ကျနော်လို သူတို့ ကိုခံပြောရဲသူ  ကျနော်တယောက်တလေဘဲ...တွေ့ ဘူးတာလား..ကျနော်ပြောတာတွေကိုဘဲ တကယ်သဘောကျလို့ လားမသိ..ကျနော်ကို...ဗိုလ်ချုပ်မောင်မောင်...ဒု-ဗိုလ်ချုပ်ကြိးထွန်းကြည်တဆို့ က မကြာခဏ  ခေါ်ပြိးဆွေးနွေးပါတော့တယ် ။

အဲဒီလိုဆွေးနွေးတော့ ဗိုလ်ချုပ်ထွန်းကြည်က   ( ခင်ဗျားဗျာ...နိုင်ငံရေးမလုပ်တော့ပါဘူး  ခံဝန်ချက်လေးရေးတင်ပေးပါလားဗျာ  တဲ့  ။ ခင်ဗျားကို တွေ့ ဆုံခွင့်ကျနော်မှာ မရှိဘူး ။ ခင်ဗျားအရောင်ကြောင့်..ပြိး တပ်ချုပ်ကြိးဆီကအရာရှိပါလာထိုင်နေတာ)  ပေါ့လေ ။  ကျနော်ကလဲ.. (.ဗိုလ်ချုပ်ကြိးလဲ အခု နိုင်ငံအရေးလုပ်နေတာဘဲလေ  ။ ရာထူးယူထားတော့ ကိစ္စမရှိဘူးပေါ့  ။ ကျနော်လဲနိုင်ငံအရေး  ရာထူးတောင်မယူဘဲ လုပ်နေတာ..ဘာပြသနာရှိလဲပေါ့  ) ။   အဲဒီမှာသူက  (  ဟာ...ခင်ဗျားက မန်းလေပြဲလေ လူစားဘဲ  )  ဆိုပြိး ပြောပါတယ် ။

အဲဒီတုံးက   ဗိုလ်ချုပ်ထွန်းကြည်နဲ့  ဆွေးနွေးခွင့်မရှိတော့.. အခု ၀န်ကြိးဥိးအောင်သောင်းအပါအ၀င်  ဒု-၀န်ကြိးတွေနဲ့ ... ဆွေးနွေးရတာပေါ့ ။ အဲဒီတုံးက..သူက ပိန်သေးသေးလေး ။  အခုရုပ်နဲ့တခြားဆီ  ။  ၀န်ကြိးနဲ့ ကတိုက်ရိုက်ဆွေးနွေးခွင့်မရှိတဲ့လေ ။ ပြိးဆွေးနွေးချက်တွေ  အသံကူးထားတာတွေကို  သန်းရွှေ ရုံးကအရာရှိက ယူသွားပြိး နောက်မှ ၀န်ကြိးတွေဆီပြန်ပို့ တာ ။  ဗြောင်ထိုင်နားထောင်တယ်...၀င်မပြောဘူး.. အသံဖမ်းစက်ကလဲ ဗြောင်ဘဲ ။

ထားပါတော့..နောက်တော့..၉၆ -မေလမှာ ကျနော်ကိုဖမ်းပါလေရော....အခု  နံမည်ကျော်..မသာကောင်လေး  နေရွှေသွေးအောင်..မွေးနေ့ ညပေါ့ဗျာ...မေလ ၂၂ -ရက်နေ့ ည ပေါ့ ။ မသာကောင်လေး  ငါးနစ်ပြည့်ည မှာ  ကျနော်မျိုးကို( ငါးည ) နဲ့ အဖမ်းခံရပါလေရော။  မှတ်မှတ်ရရလေးပေါ့ ။  သန်းရွှေတို့ ကြိုင်ကြိုင်တို့ က အချစ်ဆုံးမြေးလေး ကုသိုလ်ပိုရဖို့ ...အဲဒီနေ့ ကလူတွေကို တန်းစီပြိးဖမ်းထဲ့လိုက်တာပါဗျာ ။ ဘယ်လိုကုသိုလ်လဲတော့မသိပါဘူး ။

အဲဒီမတိုင်ခင်လေးမှာ..အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်...စိးပွားနင့် စိမံရေးရာ ကော်မတီဥက္ကဌ ဥိးကြည်မောင်မှ(ပင်လုံဥိးခင်မောင်..တောင်ကြိးကိုယ်စားလှယ်ဥိးကျော်ခင်  )တို့ မှတဆင့်...ကျနော်ကို  နိုင်ငံတော်စိးပွားရေး  ရေတိုရေရှည်စီမံကိန်းတွေ ရေးခိုင်းလာပါတယ် ။  ကျနော်ရေးထားတာ...စာမျက်နာ ၁၈ မျက်နာ ခန့် အရမှာ  လာဖမ်းတော့...  ဒါတွေပါ အဖမ်းခံရတဲ့အထဲပါသွားပါရော ။

အဲဒီမှာ...ငထောက်တွေ    ကျနော်ဆီကနေ  မြေု့ကြိးတွေလဲတွေ့ ကော...ကျနော့်အိမ်ဖုံးကနေ.. အထက်ကို ချက်ချင်းဖုံးဆက်ပါလေရော...မြေပုံကြိးတွေ မိတယ် ။ (  ၄+၅ ပေ ) ရှိတဲ့ မြေပုံ.ကြိး ( ငါ်းချပ် )...(   သုံးမိုင်ကို..တစ်လက်မ နုံး နဲ့  ) ဆွဲထားတဲ့မြေပုံတွေ တွေ့ သွားတာကိုး ။  အဲဒီမှာ  အဲဒီမြေပုံနဲ့ ဆိုင်တာတွေကို  အဓိက ဆက်စပ်ရှာဖွေတာ လုပ်ပါတယ် ။ အိမ်ကို
ည.( .၁၂.၃၀ ) ၀င်ရှာတာ..  နံက် ( ၄.၃၀ ) မှပြိးပါတော့တယ်။  စာအုပ်တွေ ရှာတယ်  မွှေတယ် ။ သူတို့ လူနဲ့ ထောင်ထားတဲ့ အစိုးရဆန့် ကျင်ရေးစာရွက်နစ်ခုကို အိမ်ထဲ ၀င်ဝင်ချင်း..ပထမဆုံး...ဆွဲထုတ်ပါတယ် ။ တခုကဆို..စာအုပ်ဘီဒိုနစ်ခုကြားမှာ...တိပ်နဲ့ ကပ်ထားတာပါ  ။ အဲဒါသူတို့ ထောင်ထားတဲ့စာရွက်ပါ ။


အိမ်ဖေါ်အဖွားကြိးက ထောက်လှမ်းရေးသတင်းပေးဖြစ်နေတာကိုး..။  နောက် ကျနော်ထောင်ကျပြိး  ကြာမှသီရတယ်။

နောက်   စစ်ကြောရေးမှာ..အဓိက က ကျနော်ရေးထားတဲ့   ဒီမိုကရေစီခေတ်..မှာ လုပ်ဆောင်ရမဲ့ စိးပွားရေးစီမံကန်းတွေ..ဘယ်လို အောင်မြင်အောင် လုပ်ရမယ် ဆိုတာတွေကို အဓိက ထားစစ်ပါတယ် ။ ကျနော်ဆိကနေ...

( ၁ ) သံလွင်မြစ်ပေါ်က  မီဂါဝပ်..၆၀၀၀ ခန့် ရှိ( တာဆန်းရေအားလျှပ်စစ် ) ထိုင်းနိုင်ငံနဲ့..၈ျပန်တို့ ပူးတွဲ..ပြိး ( ခိုး ) တိုင်းတာထားတဲံ စီမံကိန်းစာအုပ်.....( စာမျက်နှာ..၄၀ -ခန့် ဟုထင် )

( ၂ )ကယားပြယ်နယ်ထဲက..( နံမည်မေ့နေ ) မီ၈ါဝပ်..၁၀၀၀ ကျော်..ရေအားလျှပ်စစ်  စီမံကိန်းစာအုပ် ( ထိုင်း နဲ့ Australia ) တိုင်းတာထားတာပါ ။  

( ၃ )နောက်..့ကရင်ပြည်နယ်ထဲက ....Australia..SNOWY   MOUNTAIN နဲ့ ထိုင်းတို့ ပူးတွဲလေ့လာထားတဲ့..ကျိန်ခ၇မ် ( သို့ )..ကျိန်တလီ( ဟုထင် ) ရေအားလျှပ်စစ်စီမံကိန်းစာအုပ်...စတာတွေတွေ့ ပြိး တော်တော်လေး ဖြုံနေကြပါတယ် ။  ဒီလိုနိုင်ငံခြားကတောင် စိတ်ဝင်တစားခိုးဝင်လာတိုင်းထားတာ...နိုင်ငံကိုအုပ်ချုပ်နေသူတွေက ဘာမှ တိုင်းတာရ  လေ့လာရကောင်းမှန်းတောင်မသိတာ...စဉ်းစားသာကြည့်ကြပေတော့ ။  သူတို့ မှာ စိးပွားရေးအမြင်မှ အားမပေးသလို...စစ်ရေးအမြင်ဘဲ ထိပ်ထားတာကိုး ။  တိုင်းပြည်စိးပွားရေးဥိးမော့ဖို့  စွမ်းအင်ဘယ်လောက်အရေးကြိးတယ်ဆိုတာကို တောင်သူတို့  မစဉ်းစားမိကြဘူး ။ မသိတော့...တွေ့ သမျှဓါတ်ငွေ့ တွေ ဈေးပေါပေါ နဲ့ ရောင်းစာဖို့ ဘဲ  သိတော့တယ် ။


ဒီ..စီမံကိန်းစာအုပ်တွေကို...ထိုင်းကုမ္မဏိတခုကပေးထားတာပါ ။ မြေပုံတွေလဲ ထိုင်းကုမ္မဏိက  အဂ်လန်ကနေမှာပေးထားတာပါ ။

နောက်ဆုံး  ကျနော်ဆီကနေ...အခု နိုဝင်ဘာလ - ၂ -ရက်နေ့ က စာချုပ်ချုပ်ဆိုလိုက်တဲ့..(
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ကြိး) ပါသွားပါတယ် ။ အခု အာရှရဲ့ အကြိးဆုံး စက်မှုဇုံဖြစ်လာမဲ့  ဧရာမစီမံကိန်းကြိးပါ ။  အဲဒီစီမံကိန်းကြိးနဲ့ ရာထားချက်အဖြစ်  အခုနပြောတဲ့ မြေပုံကြိးတွေအပေါ်မှာ...ရေကြောင်းအ၀င်အထွက်...ဆိပ်ကမ်းနေရာ..ကုန်တွင်းပိုင်းမှာဆက်သွယ်မဲ့လမ်းကြောင်းနေရာတွေ..ကို အမှတ်အသားတွေနဲ့   မှတ်ထားတာတွေပါနေပါလေရော  ။

By ဒေါက်တာ လှိုင်မြင့်

Share via ကိုမောင်မောင်ဝမ်း

Link to part-1............. http://www.facebook.com/note.php?note_id=184738141539023

Link to part-2 B............http://www.facebook.com/note.php?saved&preview&note_id=186892724656898%EF%BB%BF


အဲဒီမှာ...နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိမည်  ဆိုထားသူတွေနဲ့ ကျနော်နဲ့ အကြိးအကျယ်  ပြသနာ ဖြစ်ရပါလေရော  ။  စစ်ရေးအမြင်ရှိရမယ်ဆိုသူတွေက..ဒါကျနော်က..အမေရိကန် ကောင်စစ်ဝန်နဲ့ အဆက်ရှိထားတော့...ဒါထားဝယ်ကို   ထိုင်းနဲ့ အမေရိကန်ပူးတွဲတိုက်ပြိး ပြန်သိမ်းပိုက်ဖို့ ..စစ်ဆင်ရေးစိမံချက်လို့ စွပ်စွဲပါလေရော ။   ရှင်းပြလို့လဲမရ ။  တစွပ်ထိုး..တယူသန်...ကျနော်ကို အတင်းဝန်ခံခိုင်းပါတယ်  ။  ၀န်ခံရင် သေဖို့ သာပြင်ပေတော့..ဘာတွေ ဆက်ထပ် ညစ်မေးမေးအုံးမယ်သာတွက်ကြည့်တော့   ။ 

နောက်ဆုံး ကျနော်ကို ၀န်မခံလို့ဆိုပြိး....ကျနော်ကို ငြင်းဆဲပါလေရော ။   စစ်ဆင်ရေးထင်တာနဲ့  အမှုကတော်တော်ကို ကြိးနေပြီ  ။  ကျနော်ကို  ဆိုင်ကယ်စိးခိုင်းပါတယ်..ပထမတခေါက် ပြုတ်ကျသွားတယ်.. ငါး- မိနစ်တောင် မလုပ်နိုင်ဘူး  ။    လဲသွားလဲမရဘူး  အတင်ထူပြိးနောက်တခါက်ထပ်လုပ်ခိုင်းတယ်....ဒုတိယတခေါက်မှာ..ဖနှောင့်အောက်မှာ...သံချေးတက်နေတဲ့ သံမှိုတွေ လေးငါးခု ချထားပါတော့တယ်  ။  ကျနော်လဲကြောက်ကြောက်နဲ့ တောင့်ခံထားလိုက်တာ...သတိရတော့....ကျနော်က ကြမ်းပြင်ပေါ်မှာ....ကျနော်မေးကို လက်နဲ့ ညှစ်ထားပြိး...ပါးကိုရိုက် ပုတ်ပြိး...ဆရာ..ဆရာနဲ့ ..လှုပ်နိုးနေတာ ဘဲသိတော့တယ် ။  ကျနော့်အထင် ကျနော်..သတိလစ်ပြိး  တက်သွားတယ်လို့ ဘဲ့ထင်မိပါတယ်    ။ မသိဘူး..။ လူတကိုယ်လုံးလဲ  ချွေးတွေ ရွှဲရွှဲ ဆိုနေပါတော့တယ်  ။

ဘယ်သူသေသေ ငရွှေမာရင် ပြီးရော ......

ကျနော်သတိရတော့..ကျနော်ကိုဖိထားတာဘဲ သိတယ် ။  ငါဘယ်ရောက်နေတာပါလိမ့်   ဘယ်သူတွေငါ့ကိုဖိထားတာလဲဘဲ..မှတ်မိတော့တယ် ။  လူလဲမျှော့ခွေသွားတော့တယ်  ။ ထိုင်တောင်မထိုင်နိုင်တော့ဘူး  ။ သူတို့ လဲ လန့် သွားလားမသိ...ငြာတာတာလားမသိ..နောက်ပိုင်း သိပ်မကြမ်းတော့ဘူး ။

နောက်ကွယ်ကဘယ်သူတွေပါသေးတုံးနဲ့  ။   ပါတဲ့သူတွေကို ( ထိုင်းလူမျိုး  နဲ့  ဂျာမဏိလူမျိုး  ) ၀န်ခံရပါတယ် ။ ထိုသူတွေကိုလဲ ဖုံးဆက်မေးပုံရပါတယ်  ။  နောက်ဆုံး..ကျနော် ရေးထားတဲ့အထဲက တချို့ နဲ့  ကွန်ပျူတာ ဒစ်ကဒ် disket ထဲက ပါတာတွေ ကိုဖတ်ခိုင်းပြိး  ရှင်းပြရပါတယ် ။  ဒါတောင် အထက်ကထပ်မေးလို့ နဲ့  လူကလဲ..ရက်ဆက်မအိပ်ရတော့ ခေါင်းတွေက ထုံထိုင်းမှိုင်းနေ..လူကလဲ နာတွေချီဖျားလာ နဲ့တော်တော်လေးခံရပါတယ် ။ ( အာလုံး...မြောက်ည မှာ...တရက်က တစ်နာရီ..ကျန်ရက်တွေမှာ...နံက်မိုးလင်းခါနိုး..(  နာရီဝက် ) ဘဲပေးအိပ်ပါတယ် ။ ..ခြောက်ရက်မှာစုစုပေါင်း..( သုံးနာရိဘဲ ) အိပ်ရပါတယ် ။


အဆိုးဆုံးက ရေမတိုက်တာပါဘဲစကားပြောရင်းအသံငုတ်သွားပါတယ် ။  အဲဒီအခါ မှာရေကို ခွက်တ၀က်ဘဲတိုက်ပါတယ် ။  အဲဒါဆို နောက်ထပ်  ခြောက်နာရီလောက် အသံပြန်ထွက်လာပါတယ် ။

အဲဒိကျမှ  သူတို့က လက်မခံချင် ခံချင် နဲ့  လက်ခံပါတယ် ။  ပြိးပြောသေးတယ်....စိတ်ကူးယဉ်စီမံကိန်းတဲ့လေ ။    ၉၄ ၉၅ တလျှောက်လုံး  သန်းရွှေက ရချိုင်ပြည်ဘက်ကို ခရီးအကြမ်ကြမ်ထွက်ပြိး...သတင်းစားမျက်နဖြုံးမှာ  ကျောက်ဖြူရေနက်စီမံကိန်း လုပ်နေချိန် ကိုး ။    နိုင်ငံတော်အုပ်ချုပ်နေသူတွေက..သူတပါးတိုင်းပြည်တွေက  အဝေးကနေသိနေတာကို.... သိလို့ စီမံချက်ရေးထားတာကိုတောင်...မဟာစစ်ရေးအမြင်ရှိပညာရှိကြိးများက...ဒါထိုးစစ်ဆင်မဲ့စီမံကိန်းတဲ့လေ ။  စိတ်ကူးယဉ်စီမံကိန်းတို့ ပြောတာသာ စဉ်းစားကြည့်ကြပါတော့ ။  ကြားထဲက ငထွားက ခံရတယ် ။  အဲဒီလောက်တော်ကြသူတွေက နိုင်ငံတော်ကို ဥိးဆောင်နေကြတာ ။


ထားတော့...ဒါထက်ပိုပြိး စိတ်ပျက်ဖို့ ကောင်းတာ...လာပါပြီ  ။  စာဖတ်သူတွေတော့မသိ  ကျနော်ကတော့ တော်တော်လေးကို..ဖျားသွားတယ် ။ ကျနော်က လူဆရာဝန်ပါ ။ စီပွားရေး အထူးသဖြင့်နိုင်ငံတော် စီမံကိန်းတွေကို  ထိစပ်မိသမျှလေးလောက် သိနိုင်သူပါ ။  ဒါပေမဲ့ ကျနော် က တွေးတောတတ်တဲ့အကျင့်လေး...လေ့လာတတ်တဲ့အကျင့်လေးရယ်  ပြောရဲဆိုရဲတာလေးတော့ ရှိတယ် ။  တချို့ ဆရာဝန်ကြိးတွေ ကျနော်အကြောင်းသိကြပါတယ် ။ စိးပွားရေးအမြင်က ဘာမှမရှိပါဘူး  ။

ကျနော်ကို  စစ်ကြောရေးလုပ်တာ..အားလုံး..၁၃ -ရက်ကြာပါတယ် ။ ကျနော်ကိုစစ်ကြောတာပြိးမှ ကျနော်နြဲ့ပိုင်တူနိးပါး အဖမ်းခံထားရသူတွေကို ( လူ ၃၀ ၀န်းကျင်ရှိပါမယ် )...ရေချိုးချပါတော့တယ် ။ အားလုံး နစ်ပတ်ကျော်...ရေမချိုးကြရပါဘူး ။ စစ်ကြောရေးမှာ..နိုင်ငံရေးစစ်ချက်က..(.၁၁ )မျက်နာ ( ခန့်  )လက်မှတ်ထိုးပေးရပါတယ် ။  စိးပွားရေးစစ်ချက်ကတော့..၄၆ မျက်နာလောက် လက်မှတ်ထိုးပေးရပါတယ် ။

စိးပွားရေးစစ်ချက်တွေကို  တမျက်နာကို  လက်မှတ်..ခြောက်ခု ကန့် လန့် ဖြတ် ထိုးပေးရပါတယ် ။ အဲဒီနောက်..တလ ခန့် အရမှာ..ထောက်လှမ်းရေးက ဗိုလ်မှုး ( ဇော်လင်း ) နဲ့  အမည်ထုတ်မပြာတဲ့ အရာရှိကြိးတယောက် ကျနော်ကို အချုပ်ထောင်မှာလာတွေ့ ပြိး ...ဆွေးနွေးပါတယ် ။   ဗိုလ်မှုးဇောလင်းကဘဲ အမေးအဖြေ လုပ်ပါတယ် ။  ထိုအရာရှိက  လုံးဝ ၀င်မပြောဘူး ။ ဘေးကနေ  ကျနော်ကို စိုက်ကြည့်ဘဲနေပါတယ် ။  ( ၃ ) နာရီခန့် ကြာပါတယ် ။  ကျနော်ကိုပထမဆု့း..ကျနော်မှတ်စု စာအုပ်ထဲက အချက်အလက်တွေ...လူကြိးတွေ ( နေ၀င်း..သန်းရွှေ..ခင်ညွှန့်  ) တို့အပေါ်  ကျနော်မှတ်ချက်ရေးထားတာလေးတွေကို  အစာမကြေ့ပုံရတယ် ။ အဲဒါတွေအသေးစိတ်မေးတယ် ။



နောက်   တပ်မတော်ကြိးပြိုကျမယ်ရေးထားတာ ကို အသေးစိတ်ရှင်းလင်းခိုင်းပါတယ် ။  နောက်မှ ကျနော်..စိတ်ကိုစစ်တာဖြစ်ကြောင်း ပြောပြပါတယ် ။ ပြိးမှ ခင်ဗျားက  ခံယူချက်ကို စွဲစွဲမြဲမြဲကိုင်ထားသူဆိုတာကိုကျနော်တို့ က သိထားပြိးသား...ခင်ဗျားကို..၁၉၇၁ ခုနစ်ကထဲက စောင့်ကြည့်နေခဲ့တာကောသိလားပေါ့ ။ ထားပါတော့..နောက်ဆုံး..ကျနော်လက်ရှိနိုင်ငံရေးအမြင်တွေမေးတယ် ။ ရေးတယ် လက်မှတ်ထပ်ထိုးခိုင်းတယ် ။

ပြိးမှ...ကျနော်ကို  သူတို့ ကို နိုင်ငံတကာက..ပိတ်ဆို့ လာတော့မယ်  ။ အဲဒီအတွက်  သူတို့ ကို လက်တွဲပြိး..လုပ်ဆောင်ပေးမယ်ဆိုရင်.. အကြံပေးလုပ်ပေးမယ်ဆိုရင်...ရက်ပိုင်းအတွင်းပြန်လွှတ်ပေးမယ်ပေါ့ ။ ကျနော်က  (  ဟာဗျာ..ကျနော်က ပညာရှင်မှမဟုတ်တာ..ခင်ဗျားတို့ မှာ..THINK  TANK လို အဖွဲ့ ကြိးရှိတာဘဲ....ပါမောက္ခကြိးတွေ...ပါရဂူကြိးတွေနဲ့  ဖွဲ့ ထားတာတွေရှိထားတာမို့ . ) .ပြောတော့  ။  ပြန်ပြောချက်ကို  ကျနော်တ်ာတော်လေးကို ဖျားသွားတယ် ။


လူကြိးတွေက   အဲဒီအဖွဲ့ က ပါရဂူကြိးတွေ  ရ-ယောက်ပေါင်းရဲ့ ခေါင်းက  ခင်ဗျားခေါင်းလောက်မထွက်ဘူးပြောလာတော့..ကျနော်တော်တော်လေး..........ကြောင်သွားတယ် ။ ဘာဆက်ပြောမှန်းတောင်မသိတော့ဘူး  ။ နောက်မှ  ခင်ဗျားတို့  ကျနော်ကို ပင်ကိုအရှိထက်အထင်ကြိးတာ  သိပ်ပိုနေပြီ ။ ကျနော်က စိပွားရေး အယူအဆ ( သီအိုရီ ) ကိုမပြောနဲ့ ..စိပွားရေးနဲ့ ဆိုင်တဲ့အခေါ်အဝေါ်တွေ ကိုတောင် မသိပါဘူး ။  ကျနော်  သူတို့ ထက်သာတာက...ကျနော် သင်မိ ကြားမိ ဆွေးနွေးမိတာ..မြင်တာကို...ဘယ်သူ့ ကိုမဆို ရဲရဲ  ပြောရဲတာ ဘဲရှိတာပါ ။

ကျနော်  သူတို့ ကိုဥပမာလေးတခုပေးလိုက်ပါတယ် ။  ခင်ဗျားတို့ က..ဆီးချို..သွေးတိုး  နှလုံးရော၈ါ..ရောဂါစုံ ရှိနေတဲ့ လူမမာကြိးနဲ့ တူတယ် ။  ဆရာဝန်ဆီပြတော့ ဆရာဝန်က စမ်းသပ်တယ်..တိုင်းတာတယ်...ဆေးကုမယ်ဆိုတော့..ခင်ဗျားတို့ က  ဆရာဝန်ကလဲ ( ပါရဂူ ကြိးတွေကလဲ  ) ကြောက်တတ်တဲ့လူတွေ ။  အဲဒါကို ခင်ဗျားတို့ ကလဲ..သောက်ရမဲ့ ဆေးဘဲပေး..သွေးတက်နေတာ လာမပြောနဲ့ ...ဆိးချိုနေတာ  သွေးချိုနေတာလာမပြောနဲ့ ....အစားလျှော့ရမှာ..လေ့ကျင့်ခန်းလုပ်ရမှာလာမပြောနဲ့ ..ခြိမ်းခြောက်ထားတော့..ဟိုလူတွေခမြာ....သိသော်လဲ..တွေ့ မိစဉ်းစားမိသော်လဲ..မပြောရဲကြတာပါ ။   မသိတယ်ဆိုတာ မဖြစ်နိုင်ဘူး ။ ကြောက်နေလို့ ..မပြောရဲကြတာပါဘဲ  လို့ ဘဲ ပြန်ပြောနိုင်ခဲ့တယ် ။ 

 ဂျပန်က  THINK  TANK အဖွဲ့  တခုကို..၉၃ ၀န်းကျင်က လေ့လာခွင့်ပြုခဲ့ပါတယ်   အတိုင်ပင်ခံ ခန့် ပါတယ်  ။ နိုင်ငံတော်စိးပွားရေးဆိုတာက...နိုင်ငံရေးနဲ စိးပွားရေးဆိုတာ့က...ဒင်္ဂါးပြားတခုရဲ့ ..ခေါင်းနဲ့ ပန်း မျက်နာနစ်ခုကိုကျောချင်းကပ်ထားတာပါဘဲ ။  ( လုံးဝ ) ကို ခွဲခြားလို့ မရနိုင်တဲ့ကိစ္စပါ ။ အဲဒီတော့ ဟိုက ထု့းစံအတိုင်းနိုင်ငံရေးကို (  နဲနဲလေး ) ထဲ့သုံးသပ်ထားတာပါတာနဲ့   ပြန်တော့လုပ်ထဲ့လိုက်ပါတယ် ။

ကျနော် နောက်ပိုင်း  စဉ်းစားမိတိုင်း...အော် ငါဘာမှသိပ်သိသူမဟုတ်မှန်း ကိုယ့်ကိုသိတာပေါ့ ။  ဒီဘာမှမသိသူကို..ဆရာလာတင်တော့...တိုင်းပြည်အတွက်တွေးမိတိုင်း  ကျောချမ်းမိတယ်ဗျာ  ။  ဘာမှမသိတဲ့သူတွေက  အာဏာကိုအကုန်ယူထား...ပြိးတိုင်းပြည်ကို...ဒေါက်တာရမ်းကု နည်းနဲ့ ချကြတော့မှာဆိုတာ တွေးမိတိုင်း  စိတ်မကောင်းရပါ ။  ငါ့ကိုဆရာလာတင်မှတော့  လူလွှဲနေတာထက်...သူတို့ ဘာမှမသိမတတ်ဘူးဆိုတာ  သိပ်ရှင်းနေပါပြီ ။

အဲဒိတော့ စာဖတ်သူအပေါင်းသိအောင်ပါ  ။ ကနေ့  န.အ.ဖ လုပ်လိုက်တဲ့ ထားဝယ်ရေနက်စိမံကန်း...ရေအားလျှပ်စစ်စီမံကန်းဆွေဆိုတာ....သူများနိုင်ငံက ..နိုင်ငံတော်စိးပွားရေးအတွက် အလွန်အရေးပါတဲ့ စိမံကိန်းကြိးတွေမို့ ...တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို..အကူအညီတောင်းပြိး...ခိုးတိုင်းတာရေးဆွဲထားတာတွေကို...ကျနော်ကို ပေးထားတာတွေကနေ   ကျနော်ကိုဖမ်းတော့သူတို့ ရသွားတာတောင်....ပထမ စိတ်ကူးယဉ်စီမံကိန်းလေးဘာလေးနဲ့ .....စစ်ရေးအမြင်နဲ့ ..တကယ့်စီမံကိန်းပါလို့ ပြောတာကိုပင်မယုံ....လူကို ငြင်းပန်းနှိပ်စက်..အတင်းဝန်ခံခိုင်းတဲ့အထိ..အမြင်တော်ကြတာ သိရအောင်မျှဝေလိုက်တာပါ ။  ကျနော်တော်ကြောင်းတတ်ကြောင်းလဲ မယူဆပါ ။ အထက်မှာပြောထားသလိုဘဲ..မှန်တယ်..ဖြစ်နိုင်တယ်ထင်ရင် ပြောရဲတာဘဲ ရှိတာပါခင်ဗျာ ။

အခုထားဝယ်ရေနက်ဆိပ်ကမ်းဟာ...ကျနော်ဆီကနေရတာ မဟုတ်ဘူး ငြင်းချင်ရင်....ဗိုလ်ခင်ညွှန့်  မသေသေးပါဘူး..ဗိုလ်မှုးဇော်လင်း..ကျနော်ကိုစစ်တဲ့ ဗိုလ်ကြိးစိုးဝင်းနဲ့  အဖွဲ့ တွေ....ရဲသတင်းတပ်ဖွဲ့ ဝင်  ရ ယောက်ရှိနေပါသေးတယ် ။  ဒီစီမံကိန်းကြိးကို  သတင်းရလို့  ဥိးနေ၀င်းကပင် ခင်ညွှန့် ဆီကနေ တောင်းယူတယ်ဆိုတာ..ကိုအေးဇော်ဝင်း..အေးနေ၀င်းတို့ ပြောပြလို့ လဲ သိရပါတယ် ။  ဥိးနေ၀င်းက  ဒီကောင်လေးဒါကိုမြင်တာ တော်တော် ခေါင်းပြေးတာဘဲ လို့  ပြောခဲ့ပါသည် ။

အချုပ်ကာလမှာလဲ..ဥိးဝင်းထိန် အပါအ၀င် အားလုံးကို  ထားဝယ်ရေနက်ဆိပ်ကမ်းမှအစ..ကျနော်ရေးထားတဲ့ စိးပွားရေးစိမံကိန်းတွေအကြောင်းအကုန်ပြန်ပြောပြောပြခဲ့ရာ..ထောက်လှမ်းရေးမှ နစ်ကြိမ်သတိပေးပြိး..တတိယအကြိမ်တွင်  နောက်ထပ်ပြောနေပါက.....စစ်ခွေးတိုက်ပို့ ပစ်မည်အထိ ခြိမ်းချောက်ခံခဲ့ရပါသည် ။

ကျနော်ဟာ....အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ....လျှို့ ဝှက် ကိုယ်ပျောက်ပါတီဝင်တဥိး ဖြစ်တာမို့ ...ကနေ့   န.အ.ဖ ဖေါ်ဆောင်နေတဲ့  ထားဝယ်ရေနက် စိမံကိန်းဟာ...အမျိုးသားဒီမိုကရေစီရဲ့  ကိုယ်ပိုင်ကြံဆ ထားတဲ့ စိမံကိန်းဖြစ်ကြောင်း..အားလုံးကို အသိပေးလိုက်ပါတယ်

နဂိုတည်းက လိမ်ပါမယ်ဆိုတာကို မသိကြဘူးလားဗျာ။

အဲဒီတော့  စကားချုပ်အနေနဲ့  ပြောချင်တာကတော့  ယနေ့ မြန်မာနိုင်ငံမှာ  စိးပွားရေး  ကျဆင်းနေရတာက...

( ၁ )  နိုင်ငံသူနိုင်ငံသားတွေ  ပိုင်ဆိုင်တဲ့  ကိုယ်ပိုင်ဓန  ဥစ္စာတွေ ကုန်ခမ်းနေတာက....အဓိ့ ကျတဲ့အကြောင်းရင်းပါ ။  အဲဒီဓနတွေဟာ...ကြိုင်ကြိုင်တို့   ကားပါမစ်  ဖု့းပါမစ်စတဲ့ပါမစ်တွေနဲ့  ..မြုံးနဲ့ ငါးထောင်ဖမ်းသလို..အ၀င်ဘဲရှိတယ်  ။ အထွက်ပြန်မရှိတော့တာက အဓိက ဖြစ်ပါတယ် ။  တိုင်းပြည်မှာ ငွေတွေခမ်းပြိး..သူတို့  ပြန်မရင်းနှီးဘဲ  ၀ှက်ထားတာ အဆိုးဆုံ့းပါဘဲ ။

အဲဒီမတရာချမ်းသားထားတဲ့ငွေတွေကို တိုင်းပြည်မှာ  ကိုယ်တိုင်ပထမဆုံးပြန်လည်ရင်းနီးကြပါ ။ နိုင်ငံခြားတိုင်းပြည်တွေမှာ ၀ှက်ထားတာလုံခြုံတယ်  ထင်ရင်  တရက် ဒုက္ခကောင်းကောင်းရောက်သေရပါမယ် ။


( ၂ ) လတ်စားမှု ဆိုးဝါးလွန်းတာကြောင့်  လာရောက်ရင်းနှီးမိတဲ့ကုမ္မဏီကြိးတွေ ခွက်ခွက်လန်အောင် ရှုံးပြေးကြရတာအများကြိးပါ ။ စာချုပ်တုံးကတော့..ဟိုဘက်က..ဒီလိုဒီလို ပြသနာဖြစ်လာရင် ဘယ်လိုလုပ်မလဲ လို့ မေါ်ရင်  ရတယ်..လူကြိးပြိးရင်ပြိးတယ် ဘာညာနဲ့ ပေါ့ ။ ပြိးတကယ်ပြသနာပေါ်လာတော့  အထက်က သိသွားလို့ နဲ့ ငွေညှစ်တော့တာပါဘဲ ။  ကြာတော့ မခံနိုင်တော့ဘဲ ပြေးကြရတာပါဘဲ ။

ဒါကြောင့်န.အ.ဖ အနေနဲ့   sanction တွေကိုတကယ်ဘဲ ရုတ်သိမ်းစေချင်တယ်ဆိုရင်..ပထမ ဆုံးက လွန်လွန်မင်းမင်း ဖြစ်နေတဲ့ အကြိးအကျယ်လတ်စားမှု ကို  အရေးယးတိုက်ဖျက်ပေးရပါမယ် ။ ( ကျနော်ကို..ဗိုလ်မှုးဇော်လင်း  တို့ လာဆွေးနွေးတုံးက..ကျနော်က သူ၂ို့ ကို နိုင်ငံရေးစိးပွားရေး  အကြံပေးပါမယ် ။ ဒါပေမဲ့ ကျနော်အတွက် နစ်ချက်  ဖေါ်ဆောင်ပေးစေချင်ပါတာ် လို့ တောင်းဆိုခဲ့ပါတယ် ။

( ပထမ ) တချက်က..ငါးနစ်အတွင်း....နေ့ စားအလုပ်သမားလုပ်ခ ကို အနိမ့်ဆုံး..( ၃ -ဒေါ်လာ ) ဖြစ်လာအောင် ရည်မှန်းချက် ( တားဂတ် ) ထားရေး  နုင့်  (  ဒုတိယ ) နိုင်ငံတော်မှာ လွန်လွန်ကဲကဲ  လတ်စားမှုတွေကျု ထိမ်းသိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ် ။  သူတို့  အခန်းအပြင်ထွက် ဖုံးဆက်တယ် ။  ပြိးလူကြိးက ခင်ဗေားအတွက်  ဘာဖြစ်ချင်တယ်သာတောင်းပါတဲ့ ။  တိုင်းပြည်အရေးက သူတို့  တာဝန်ပါပေါ့  ပြန်ပြောလာတယ် ။

ကျနော် ဗြောင်ဘဲ ပြောလိုက်တယ် ။  ပထမ တချက်က ကျနော့်နိုင်ငံရေး..။   ရတယ်  ။ မတောင်းဘဲထားလို့ ရတယ် ။  ဒုတိယတချက်က  နိုင်ငံတော်ကိုတကယ်တိုးတက်စေချင်ရင်....အိမ်ကိုသစ်နဲ့ ဆောက်ထားရင်..ချတွေကို မရှင်းရင်...အဲဒီအိမ်ဟာ....ပြင်ပ လေမုန်တိုင်း ဒါဏ်ကြောင့် ပြိုမှာထက်  ချစားလို့  ပြိုကျမှာဘဲ လိုေ့ပြာလွှတ်လိုက်ပါတယ် ။

( ၃ ) နိုင်ငံရေး သမားတွေကို  စိးပွားရေး လူမှုရေး လုပ်ကိုင်ခွင့်ပိတ်ထားတာတွေကို  ပထမဆုံး ပြန်လည် ရုတ်သိမ်းပေးရပါမယ် ။ နောင် မပိတ်ပင်တော့ပါဘူး အာမခံချက် အရင်ပေးရပါမယ် ။ တဆက်ထဲ..ပတ်စပို့ လျှောက်ထားခြင်း..အလုပ်လျှောက်ထားခြင်းစတာတွေမှာ...နိုင်ငံရေးကင်းရှင်းဘော့င်း  ခံဝန်ချက်ထိုးခိုင်းစေခြင်းကို လုံးဝ ရုတ်သိမ်းရပါမယ် ။

( ၄ ) နိုင်ငံတော်စိးပွားရေး လုပ်ကိုင်ခွင့်ကို...ယခုပေါ်ပေါက်လာမဲ့ လွတ်တော်က ဆုံးဖြတ်ပိုင်ခွင့်ပေးထားရပါမယ် ။  ၀န်ကြိးကက်ဘိနက် အဖွဲ့ ကသာ ချုပ်ကိုင်ထားမယ် ။ ပြည်သူ့ ကိုယ်စားလှယ်တွေ ပါဝင်ဆုံးဖြတ်ခွင့် ဘေးချိတ်ထားမယ်ဆိုရင်...ပြည်သူတွေကို  sanction လုပ်ထားတာမို့ ...ကျေကျေလည်လည် ပြန်လည်စဉ်းစားရပါ လို့ အသိပေးလိုပါတယ် ။

( ၅ ) နိုင်ငံတော်  စိးပွားရေးတိုးတက်လာဖို့ ဆိုရင်..နိုင်ငံတော်သမတ သည် စစ်ရေးအမြင်ရှိသူဖြစ်ရမည်ဆိုတဲ့ ကန့် သတ်ချက်ကို ပြန်လည်သုံးသပ်ရပါမည် ။ ကနေ့  စစ်ရေးအမြင်ရှိသူ  သန်းရွှေ ဉ်းဆောင်နေတာ...နိုင်ငံတော်မှာ  နိုင်ငံခြားဝင်ငွေတွေ တု့တပင်ကြိးရရှိသော်လည်း..နိုင်ငံတော် စီပွားရေးတွင် စက်ရုံတွေဆောက်သော်လည်း  စိပွားရေးအမြင် မရဗှိတော့ ဘာစီမံကိန်းမှ မအောင်မြင်ပါ ။ ပိုဆိုးသည်က နိုင်ငံဗတာ် ၀င်ငွေတွေကို စိ့းါားရေး..ကျနန်းမာရေး  ပညာရေးတွင် နဲ့ါးဏါားသုံးပြိး စစ်ရေးတိုးချဲွှု့သာလုပ်ခဲ့တာ လက်တွေ့ ဖြစ်နေပါတော့သည် ။

ယခု နိုင်ငံတော်သည်...စစ်ရေးက အရေးကြိးနေသည်လား...စိပွားရေးကအရေးကြိးနေသည်လား  ကို လွှတ်တော်မှ ဆုံးဖြတ်ချက်ပေး၇ပါမည် .။  စိးပွားရေးက ပိုအရေးကြိးနေလျှင်  နိုင်ငံတော်သမတ သည် စိးပွားရေးအမြင်ရှိသူဖြစ်ရန် ပြင်ဆင်ပေးရပါတော့မည် ။ သို့ မဟုတ်ပါက  ဂျပန်စိးပွားရေးပညာရှင်အဖွဲ့ ရဲ့ အကြံပြုချက်ကိုပင် ..စိပွားရေးအမြင်မရှိသူ က မောင်းထုတ်ခဲ့သော သာဓကများရှိခဲ့ဘူးပါပြီ ။

( တတိယနင့် နိဂုံးပိုင်း ) ကိုဆက်လက်တင်ပြပါမည် ။

By ဒေါက်တာ လှိုင်မြင့်

Share via ကိုမောင်မောင်ဝမ်း

လက်ပစ်ဗုံးကိုင်၍ဆန္ဒပြသူစောသံမဏိ

Blink Hacker Group ကို ဘယ်လိုယုံကြည်ရမှာလဲ

ကျွန်တော်သည် ကွန်ပျူတာပညာရပ်ကို စိတ်ဝင်စားသည့် ပြည်တွင်းမှ လူငယ်တစ်ဦးဖြစ်ပါသည်။
အခုတလော ကျွန်တော်တို့ လူငယ်များအကြားတွင် ရေပန်းစားနေသော Blink Hacker Group နှင့် ပတ်သက်တဲ့ သံသယ ဖြစ်စရာ အကြောင်းအရာများကိုရေးသားပေးပို့ရခြင်းပဲဖြစ်ပါတယ်။
YeThurein 01

ခေတ်လူငယ် (ကြံ့ဖွတ်) စာမျက်နှာကို BHG ထိန်းချုပ်ထားသည်

by Ye Min Tun on Tuesday, January 4, 2011 at 1:57pm
ခေတ်လူငယ်ကို BHG မှ   4th January, 2011 - 1:48pm ((UTC-05:00) Eastern Time (US & Canada) အချိန်ထိ ထိန်းချုပ်ထားသည် ကျနော်ဝင်ကြည့် ထားသော ဓါတ်ပုံပြသလိုက်ပါသည်။ စစ်အစိုးရဒေါက်တိုင်များကို ဆုံးမနေတဲ့ BHG ကို အားပေးလျှက်..


ရဲရင့်ငယ်မှတ်ချက်..

အချိန်ကြာမြင့်စွာထိန်းချူပ်လိုလျှင်ငွေကြေးကုန်ကျမှုများစွာရှိပါသည်။။
 BHGအနေနှင့်နအဖဘက်တော်သားမဟုတ်ခဲ့ရင်တောင်အချိန်ကြာမြင့်စွာထိန်းချုပ်နိုင်မည်မဟုတ်ပါ။  

ဘလဲ့ဘ (ဦးဌေးဇော်...အင်းဝ)

Baleba

၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးသုံးသပ်ချက်စာတမ်း ၊ သဘာပတိမိန့်ခွန်းနှင့် ကြေငြာချက်

၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးသုံးသပ်ချက်စာတမ်း ၊ သဘာပတိမိန့်ခွန်းနှင...

http://nldlajb.blogspot.com/2011/01/blog-post_2079.html

NLD-04-01-11