Friday, January 7, 2011

၇.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

6 attachments — Download all attachments  
7 Jan 2011 Yeyintnge's Diary.doc7 Jan 2011 Yeyintnge's Diary.doc
1833K   View   Download  
7 Jan 2011 Yeyintnge's Diary.pdf7 Jan 2011 Yeyintnge's Diary.pdf
2250K   View   Download  
ABMA Journal Volume 2 No 1.pdfABMA Journal Volume 2 No 1.pdf
3659K   View   Download  
NDD Monthly Chronology Events December - 2010.pdfNDD Monthly Chronology Events December - 2010.pdf
483K   View   Download  
Union Spirit.pdfUnion Spirit.pdf
4873K   View   Download  
46418392-UN-office-4-1-2011-b.pdf46418392-UN-office-4-1-2011-b.pdf
3941K   View   Download  

http://www.mediafire.com/file/vwvd6msh3bo8h55/7%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/y4suvsdga5yw1dr/7%20Jan%202011%20Yeyintnge%27s%20Diary.pdf
7 Jan 2011 Yeyintnge's Diary

အဆင့်၃ဆင့်နဲ့ဒုတိယပင်လုံ...

နအဖမှ လက်နက်ရိက္ခာ၊ အင်အား အစုံအလင်ဖြင့် ကေအဲန်ယူနယ်မြေ သို့ ရောက်ရှိလာ


Submitted by Karen Information Center on Friday, 7 January 2011
ဇန်န၀ါရီလ ၇ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
နအဖ စစ်အစိုးရ တပ်ဖွဲ့ဝင်များသည် ဗျူဟာအလိုက် တပ်ရင်းပေါင်းများစွာဖြင့် ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၇) နယ်မြေများကို ရှင်းလင်းရန် လက်နက်ကြီးငယ်၊ ရိက္ခာ၊ ဆေးပစ္စည်း အစုံအလင်ဖြင့် ဇန်န၀ါရီလ ၅ရက်နေ့က နယ်စပ်ဘက်ကို ရောက်ရှိလာသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
TE စစ်ကား၊ ဆယ့်နှစ်ဘီးကားကြီးများနှင့် ခြောက်ဘီးကားများတွင် စစ်သားများ၊ စစ်သူနာပြုများနှင့် ထောင်အကျဉ်းသားများ တင်ဆောင်လာသည့် ကားတန်းများ မြ၀တီတောင်ပေါ်လမ်းအတိုင်း ဇန်န၀ါရီလ ၄ရက်နေ့က တက်လာသည်ကို ကိုယ်တိုင်မြင် တွေ့ခဲ့သူ ခရီးသည်တဦးက ပြောသည်။
“လက်နက်အကြီးအသေး စက်လက်အစုံပါတဲ့ စစ်ကားတန်းဟာ ယာဉ်ကြောပြောင်းပြန်နဲ့ ၄ရက်နေ့ နေ့လည် ၁၂နာရီကျော်မှာ တက်လာတယ်။ သူတို့တက်လာတော့ ရာနဲ့ချီတဲ့ ခရီးသည်တင်ကားတွေ၊ အရပ်သားကားတွေက တောင်ပေါ်လမ်း ချောက် ကမ်းပါးအနားက အလှူခံနေရာမှာ ရပ်ထားပေးရတယ်။ ကားတွေက ကျနော် ရေကြည့်သလောက် ၂၈စီးရှိတယ်။ အရပ်သား ကားတွေဖြစ်တဲ့ ၁၂ဘီးကား၊ ၆ဘီးကားတွေလည်း ချောဆွဲခံရလို့ ပါလာတာထင်တယ်။”ဟု ပြောသည်။
ထိုသို့ တက်လာသည့် ကားတန်းထဲတွင် အရပ်သားကားများဖြစ်သည့် ဆယ့်နှစ်ဘီးကား ၆စီး၊ ခြောက်ဘီးကား ၆စီးနှင့် စစ်ကား TE ခြောက်ဘီးကား ၁၆စီးတို့ပါဝင်ပြီး ၎င်းကားများအနက် အမျိုးသမီး စစ်သူနာပြုဦးရေ ၄၀ခန့်ရှိ စစ်ကားတစီးအပြည့်နှင့် လုံခြုံရေးစစ်သား ၁၀ဦးနှင့် ရဲဘက်အကျဉ်းသား ၅၀ခန့်စီ တင်ဆောင်ထားသည့် စစ်ကား ၇စီး ပါဝင်ကြောင်းလည်း အဆိုပါမြင် တွေ့ခဲ့သူက ဆိုသည်။
သူက “တီအီးစစ်ကားတစ်စီးမှာဆိုရင် စစ်သူနာပြုမလေးတွေက ငယ်ငယ်လေးတွေ အယောက် ၃၀-၄၀လောက် ပါမယ်ထင် တယ်။ နောက် ရဲဘက်တွေ အပြည့်တင်လာတဲ့ကားက ၇စီး။ တစီးကို လုံခြုံရေးစစ်သား ၁၀ယောက်စီလောက် ပါတယ်။ နောက်ထပ် တီအီးကား ၉စီးမှာလည်း စစ်သည်အင်အားက အနည်းဆုံး ၅၀လောက်စီ ရှိမယ်။ ဒါလည်း လက်နက်ခဲယမ်းအ ပြည့်၊ အမြှောက်တပ်တွေ၊ ဆေးတပ်တွေနဲ့ ကျနော် မြင်ခဲ့တာနော်။”ဟု ပြောသည်။
ဖားအံမြို့ခံတစ်ဦးက “ပြီးခဲ့တဲ့ရက်က နအဖ စစ်ကြောင်းတွေက ထောင်သားတွေကို ပေါ်တာခေါ်ပြီး လှိုင်းဘွဲနဲ့ မြ၀တီဘက် တက်သွားတယ်။ ထောင်သားတွေကတော့ ဖားအံ (တောင်ကလေး)ထောင်က အနည်းအကျဉ်းလောက်ပဲ။ အထက်က ပါလာ တာများတယ်။”ဟု ပြောသည်။
ယခုတက်လာသည့် နအဖ တပ်များမှာ စကခ(၁၂) နည်းဗျူဟာ(၁)နှင့် (၂)လက်အောက်ခံ ခလရ(၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် ခမရ(၅၄၅) တပ်ရင်းများဖြစ်ပြီး ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် ထိပ် တိုက်ရင်ဆိုင်နေရသည့် နအဖတပ်များမှာ ချူကလီးဒေသတွင် စကခ(၁၉) နည်းဗျူဟာ(၂)မှ ခလရ(၂၉၉)ကလည်းကောင်း၊ အူးကလေးထာ့ရွာတွင် ခမရ(၅၈၆)ကလည်းကောင်း အခြေစိုက်လှုပ်ရှားနေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။
ဒီကေဘီအေမှ ဗိုလ်မှူးစောဆန်းအောင်က “နအဖတွေက ဝေါ်လေကို မဖြစ်မနေ တိုက်ဖို့အတွက် တက်လာတာပဲ။ သူတို့က ချူကလီးနဲ့ ကျိုက်ဒုံကြားက ပေ ၃၀ရှိတဲ့ နယ်စပ်မဟာဗျူဟာလမ်းကနေ ၀င်လာဖို့များတယ်။”ဟု သုံးသပ်ပြောဆိုသည်။
အလားတူ ဖားအံမြို့အခြေစိုက် နအဖ တပ်မ(၂၂) လက်အောက်ခံ နည်းဗျူဟာ(၂၂၂)သည် ကမမောင်းကျေးရွာဘက်သို့ လည်းကောင်း၊ နည်းဗျူဟာ(၂၂၃)သည် ရှမ်းရွာသစ်သို့လည်းကောင်း ဇန်န၀ါရီလ ၅ရက်နေ့က ရောက်ရှိနေပြီဖြစ်ကြောင်း ကေ အဲန်ယူ တပ်မဟာ(၇)မှ တပ်မှူးတစ်ဦးက ယခုလို ပြောသည်။
၎င်းက “နအဖ တပ်မ(၂၂)ရဲ့ ဗျူဟာနှစ်ခုက ကမမောင်းကနေ မြစ်ဆုံအောက်ဖက် မယ်ပရွာအထိ ရှင်းလင်းရေးအတွက် သူတို့ ဌာနချုပ်ကနေ ၄ရက်နေ့မှာထွက်လာပြီး ၅ရက်နေ့မှာ ရောက်လာတယ်လို့ ကျနော်တို့ သိရတယ်။ နည်းဗျူဟာ(၂၂၂)ဆို ကမ မောင်းဘက်ကို ရောက်နေပြီ။ နည်းဗျူဟာ(၂၂၃)ကတော့ မာနယ်ပလောဂွင်ကို ရှင်းဖို့အတွက် ရှမ်းရွာသစ်ကို ရောက်နေပြီလို့ ကြားတယ်။”ဟု ယနေ့ ပြောဆိုသည်။
ထိုသို့ ရောက်ရှိလာသည့် နည်းဗျူဟာ(၂၂၂) လက်အောက်ခံတပ်များမှာ ခမရ (၂၀၉)၊ (၂၀၁)၊ (၂၀၂)နဲ့ (၂၀၅)တို့ဖြစ်ပြီး နည်း ဗျူဟာ(၂၂၃) လက်အောက်ခံတပ်များမှာ ခလရ(၈၁)၊ ခမရ(၂၀၄)၊ (၂၀၈) တပ်များမှာ ဆင်ဖြူတောင်(ကဆောဝါးလေး)ဒေသ များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကေအဲန်ယူဘက်က ခန့်မှန်းလျှက်ရှိသည်။
နအဖ စစ်ကြောင်းများ ယခုလို အင်အားအပြည့်ဖြင့် ရောက်ရှိလာခြင်းသည် သောင်းကျန်းသူများကို အမြစ်ပြတ်အောင် ချေမှုန်း ရန် ရည်ရွယ်ချက်ဖြစ်ပြီး ယခုအချိန်ထိ စစ်ရေးလှုပ်ရှားမှု မရှိသေးကြောင်းနှင့် ဆက်လက်၍ နအဖတပ်များ ထပ်မံ တက်လာ မည့် အခြေအနေတွင် ရှိနေကြောင်းလည်း မြ၀တီမြို့ရှိ နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
http://www.kicnews.org/?p=4726

စီးပွားရေး ဒဏ်ခတ်မှုဥပဒေ



By ဦးအောင်ခင် & မညိုညိုလွင် သောကြာ, 07 ဇန်နဝါရီ 2011

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်တဲ့ ဗမာစစ်အစိုးရကို စီးပွားရေးဒဏ်ခတ် အရေးယူထားတာတွေ ရုတ်သိမ်းဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း အနောက်တိုင်းစာနယ်ဇင်းလောကမှာ ရေးသားပြောဆိုရေးသားနေကြပါတယ်။ ဒဏ်ခတ်အရေးယူတာကို ရုတ်သိမ်းပြီး ဗမာအစိုးရနဲ့ လက်တွဲလုပ်ကိုင်ဖို့ အမေရိကန်အစိုးရက စဉ်းစားသင့်တယ်လို့ အကြံပေးသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူတဲ့ အမေရိကန်ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုကိုယ်စားပြုတဲ့ပါတီအဖြစ် အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့အတွက် မြန်မာ့ဒီမိုကရေစီ အက်ဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင် (၂၈) ရက်နေ့မှာ အမေရိကန်ကွန်ဂရက် လွှတ်တော်က ပြဌာန်းတယ်လို့ ဥပဒေနိဒါန်းမှာ ရေးထားပါတယ်။ ဒီ ဥပဒေကို ပြဌာန်းရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဒီပဲယင်းမှာ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်လည်း ပါဝင်နေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထု ကိုယ်စားပြုတဲ့ပါတီအဖြစ် တရားဝင် အသိအမှတ်ပြုတယ်လို့ ဖော်ပြပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တာတွေ သိသိသာသာလျှော့နည်းမှု၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးမှု၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုဝေးခွင့် နဲ့ ကိုးကွယ်ခွင့်ရှိမှု၊ အရပ်သားအစိုးရဖွဲ့စည်းမှု စတာတွေကို တွေ့မြင်ရမှသာ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေကို ရုတ်သိမ်းနိုင်မယ်လို့ ဆိုပါတယ်။ အန်အယ်လ်ဒီ ကို ပြည်သူ့ကိုယ်စားပြုပါတီအဖြစ် တရားဝင်သတ်မှတ်ကြောင်း ၂၀၀၃ အမေရိကန် ဥပဒေမှာ ဖော်ပြတာဟာ ပါတီနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်သလို ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၀၃ အမေရိကန်ဥပဒေ ရုတ်သိမ်းဖို့ကိစ္စဟာ အန်အယ်ဒီရဲ့  ရပ်တည်မှုနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန်ဥပဒေရဲ့  မွန်မြတ်တဲ့ ရည်မှန်းချက်တွေဟာ အကောင်အထည်ပေါ်ဖို့ ခက်ခဲပါတယ်။ ဒီလို အနေအထားမှာ ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းဖို့ ကြိုးစားတာဟာ ရှေ့ မျက်နှာနောက်ထားပြီး လုပ်ရမယ့်ကိစ္စ ဖြစ်နေပါတယ်။

တကယ်တော့ အမေရိကန်ပြည်တွင်းက တောင်းဆိုတာတွေကို လိုက်လျောတဲ့အနေနဲ့ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေကို ပြဌာန်းလိုက်တာဖြစ်တဲ့အတွက် ရည်ရွယ်ချက် အောင်မြင်ရေးကို အဓိက မထားဘူးလို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။ ဗမာအစိုးရကို ဒဏ်ခတ်အရေးယူတဲ့ မူဝါဒကျင့်သုံးလို့ အမေရိကန် အကျိုးစီးပွား မထိခိုက်ပါဘူး။ ဒါကြောင့်လည်း မြန်မာ့ကိစ္စမှာ မူဝါဒရေးရာပိုင်းကို ဦးစားပေးနေတာ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်တာခြင်း တူကြပေမယ့် အမေရိကန်အစိုးရဟာ ဗမာစစ်အစိုးရနဲ့ ဆက်ဆံရာမှသာ မူဝါဒရေးရာကို ရှေ့ တန်းတင်ပြီး တရုတ်နဲ့ ဆက်ဆံရာမှာတော့ လက်တွေ့အကျိုးစီးပွားကို ဦးစားပေးတဲ့လမ်းစဉ်ကို ကျင့်သုံးပါတယ်။ ဖယ်ဒရယ်ဥပဒေ (၅) ခု ပြဌာန်းပြီး ဗမာအစိုးရကို စီးပွားရေးဒဏ်ခတ် အရေးယူထားတာ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ အသိုင်းအဝိုင်းကို ရွေးပြီး စီးပွားရေးဒဏ်ခတ်တာဟာ စစ်ဗိုလ်ကြီးစိုးတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လိုဟာမျိုးတွေကို ထိခိုက်စေပါတယ်။

ဒီလုပ်ငန်းကြီးတွေမှာ အလုပ်လုပ်တဲ့ အလုပ်သမားက လူနည်းစုပါ။ ဒဏ်ခတ်မှုကြောင့် အလုပ်ပြုတ်သွားတဲ့ အလုပ်သမားဦးရေဟာ တသိန်းပတ်ဝန်းကျင်လောက်ပဲ ရှိမယ်လို့ ခန့်မှန်းပါတယ်။ အလုပ်သမားဦးရေ သိန်း (၃၅၀) ကျော်ထဲက တသိန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားတာပါ။ အမေရိကန် ဒဏ်ခတ်မှုကြောင့် ဗမာအလုပ်သမားတွေ မနစ်နာပါဘူး။ တရုတ်အလုပ်သမားတွေ အများအပြား ဝင်လာတာကသာ ဗမာအလုပ်သမားများကို ထိခိုက်နိုင်ပါတယ်။ နှစ်ပေါင်းအတော်ကြာ စီးပွားရေးဒဏ်ခတ် အရေးယူနေပေမယ့် ဗမာစစ်အစိုးရဟာ ပြောင်းလဲသွားတာ မဟုတ်လို့ မြန်မာ့ဒီမိုကရေစီအရေးကို အမေရိကန်အစိုးရက အားပေးချင်တယ်ဆိုရင် ဒဏ်ခတ်အရေးယူတဲ့နည်းကို မသုံးဘဲ အကူအညီပေးပြီး ဖျောင်းဖျပြောဆိုတဲ့နည်းကို ကျင့်သုံးရလိမ့်မယ်လို့ စောဒကတက်သူတွေလည်း ရှိပါတယ်။

အနိုင်ကျင့်ပြီး နှိပ်စက်ညှဉ်းပန်းအပြုအမှုတွေ ကွယ်ပျောက်သွားရင် ဒဏ်ခတ်အရေးယူမှု နိဂုံးချုပ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူအောင် လုပ်နေသူဟာ ဗမာစစ်အစိုးရသာ ဖြစ်ပါတယ်။ ဒဏ်ခတ်အရေးယူအောင် လမ်းခင်းပေးနေသူဟာ ဗမာစစ်အစိုးရပါ။ ဗမာစစ်အစိုးရကို အကူအညီပေးရုံနဲ့ ကောင်းမွန်တဲ့အစိုးရ ဖြစ်မလာနိုင်တာကို သမိုင်းက သက်သေပြနေပါတယ်။

အမေရိကန်ဘက်က ကြည့်ရင်လည်း ဒဏ်ခတ်တဲ့ဥပဒေနဲ့ အမိန့်တွေ ထုတ်ပြန်ရတာ လွယ်ကူသလောက် ရုတ်သိမ်းရာမှာ အခက်အခဲရှိတယ်လို့ လွန်ခဲ့တဲ့နှစ် ဇူလိုင်လ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ ကွန်ဂရက်လွှတ်တော် သုတေသနစာတမ်းမှာ အာရှရေးရာ သုတေသီ Michael F. Martin က သုံးသပ်ပါတယ်။ သမ္မတအမိန့်နဲ့ ဖယ်ဒရယ်ဥပဒေတွေမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေ ထပ်နေတာကတကြောင်း မူးယစ်ဆေး၊ ဘာသာရေး လွတ်လပ်မှု၊ လူကုန်ကူးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေတာကတကြောင်းမို့လို့ ကိစ္စတခုကို ရုတ်သိမ်းလိုက်ရုံနဲ့ အခြားကိစ္စတွေမှာ ကင်းလွတ်သွားမယ်လို့ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ မြန်မာပြည်တွင်းမှာ လူ့အခွင့်အရေး အခြေအနေကောင်းမွန်လာမှသာ ဒဏ်ခတ်အရေးယူမှု နိဂုံးချုပ်ဖို့ အလားအလာရှိကြောင်း ကွန်ဂရက်လွှတ်တော် သုတေသီ Michael F. Martin က သုံးသပ်ထားပါတယ်။
http://www.voanews.com/burmese/

ဒေါ်စုနဲ့ဆွေးနွေးခဲ့တဲ့ လူငယ်အချို့ အမျိုးသားလူငယ်ကွန်ယက် ဖွဲ့စည်း



By မသင်းသီရိ သောကြာ, 07 ဇန်နဝါရီ 2011

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲအပြီး ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူထဲက လူငယ်တချို့ဟာ အမျိုးသားလူငယ် ကွန်ယက် ဆိုတဲ့အဖွဲ့တခုကို ထူထောင်လိုက်ပါတယ်။ လူငယ်အချင်းချင်းကြား အပြန်အလှန် ဆက်သွယ်နိုင်မယ့် ဒီကွန်ယက်ကနေ လူမှုရေးနဲ့အတူ နိုင်ငံရေး ဆိုင်ရာတွေမှာပါ ပူးပေါင်းဆောင်ရွက်သွားဖို့ ကြိုးစားသွားမယ်လို့လည်း အဖွဲ့ဦးဆောင်သူတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေတွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုတွေကနေ လူငယ်တွေကြား လူမှုရေး နိုင်ငံရေးအသိစိတ်ဓါတ်တွေ ပိုပြီး တက်ကြွနိုးကြားလာရာကနေ အခုလို အမျိုသားလူငယ်ကွန်ယက်ဆိုတဲ့ အဖွဲ့ကို စတင်ဖြစ်ခဲ့တာလို့ ဒီလူငယ်ကွန်ယက်အဖွဲကို ဦးဆောင်သူတွေက ပြောပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစံနစ်တရပ် နိုင်ငံမှာ ဖြစ်ထွန်းလာဖို့ လူထုကွန်ယက်ကြီးတခု ထူထောင် လှုပ်ရှားဖို့ကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာအခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ လူငယ်တွေထဲက တချို့ စုပေါင်းပြီး အခု ကွန်ယက်က လူငယ်အချင်းချင်းကြား အပြန်အလှန် ဆက်သွယ်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဒီလူငယ်ကွန်ယက်အဖွဲ့ကို ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

“ဒီအဖွဲ့လေး ဖြစ်လာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်တဲ့အပေါ်မှာ ဖြစ်ပေါ်လာတာပဲ။ အန်တီပြောတယ်လေ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ရမယ်။ ဆိုတော့ ဘယ်လိုဖွင့်မလဲ။ ခောတ်ကလည်း အိုင်တီ ခောတ်ဆိုတော့ ကျနော်တို့ အိုင်တီနဲ့ ဖေ့စ်ဘုက်လေးတခု လုပ်ကြမယ်။ ဂူးဂဲလ် အဖွဲ့တွေ လုပ်ကြမယ်ပေါ့။ အဲဒီလို ပြောဖြစ်ကြတယ်။ ပထမဦးဆုံးကတော့ အဖွဲ့ချင်းအလိုက် စဉ်းစားထားတာ ကတော့ အဖွဲ့ချင်းအလိုက် ကိုယ့်အလုပ်တွေ ကိုယ်လုပ်မယ်။ ကိုယ့်အဖွဲ့နဲ့လုပ်တဲ့ဟာတွေကို အပြန်အလှန် သတင်းပေးကြမယ်။ ပြီးလို့ရှိရင် တဖက်နဲ့တဖက် လိုအပ်တာတွေကို capacity building ပေါ့။ အပြန်အလှန် ကူညီတဲ့ သူလိုအပ်တာ ကိုယ်ဖြည့်ပေး၊ ကိုယ်လိုအပ်တာ သူဖြည့်ပေးဆိုတဲ့ဟာမျိုး လုပ်ကြမယ်။ နောက်ပြီးတော့ ကွန်ယက်ကြီးတခုလုံးအနေနဲ့ကတော့ တလတခါ ဖြစ်စေ၊ ၂ လတခါဖြစ်စေ အလှူအတန်း လုပ်တဲ့ဟာမျိုးတို့ သွေးလှူတဲ့ဟာမျိုးတို့ အဲဒီလို လူမှုရေးလုပ်ငန်းတွေ စလုပ်မယ်လို့ ကျနော်တို့ ရည်ရွယ်ထားတယ်။ အသေးစိတ်ကတော့ ကျနော်တို့က မလုပ်ရသေးဘူး။”

ဒီလူငယ်ကွန်ယက်အဖွဲ့ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ ရက်နေ့က စတင်ထူထောင်ခဲ့ပြီး မနေ့ ၆ ရက်နေ့ကနေစပြီး စတင်လှုပ်ရှားနေပြီလို့လည်း သူက ပြောပါတယ်။

“ရန်ကုန်ပတ်ဝန်းကျင်က လူငယ်တွေပေါ့။ ပဲခူးကပါတယ်။ သံလျင်ကပါတယ်။ ကျောက်တန်းကပါတယ်။ နေရာအစုံပဲ။ ခရမ်းကပါတယ်၊ သုံးခွကပါတယ်။ ရန်ကုန်မြို့တွင်းကတော့ အဖွဲ့မျိုးစုံပေါ့။ နောက်တခုက ကျတော့လည်း နယ်ဝေးမှာရှိတဲ့လူငယ်တွေ ရန်ကုန်ကိုမလာနိုင်ဘူးဗျာ။ ဒါပေမဲ့ ဒီအဖွဲ့ထဲမှာပါချင်တယ် ဆိုလို့ရှိရင်လည်း သူတို့တွေ ပါဝင်ခွင့်ရှိရမယ်။ ဒီအတွက်ကိုလည်း ကျနော်တို့ စဉ်းစားတယ်။ ပြီးတော့ ရန်ကုန်အနေနဲ့ဆိုရင်လည်း ကျနော်တို့ အဖွဲ့ ၃၀ ကျော်ကျော်လောက် ရှိတယ်။ နယ်ကနေ လာချိတ်တယ် ဆိုလို့ရှိရင် ကျနော်တို့ အခုလောလောဆယ်မှာ အဖွဲ့တွေ အများကြီးပဲဗျ။ ကျနော်ထင်တယ်။ အခု အဖွဲ့ ၆၀ ကနေ ၇၀ လောက်ကို ချိတ်ဆက်ထားတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါလေးကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန် ဆက်လုပ်မလဲဆိုတာကတော့ network ကတော့ ချဲ့သွားမှာပဲ။ ဒါပေမဲ့ ဘာတွေ ဆက်လုပ်မလဲဆိုတာကို ပြောဖို့ကတော့ စောသေးတယ်။ ပထမဦးဆုံး ကနဦးခြေလှမ်းအစကတော့ လူမှုရေးလုပ်ငန်းပဲ။”

အမျိုးသား လူငယ်ကွန်ယက်အဖွဲ့ကို ဦးဆောင်သူထဲက တဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်း ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နယ်မြို့ အသီးသီးက လူငယ်တွေနဲ့တွေ့ဆုံပြီး နိုင်ငံရေး၊ လူမှုရေးနဲ့ ပညာရေးဆိုင်ရာ အခြေအနေတွေအပြင် အခြား နိုင်ငံရေးရာကိစ္စများအပေါ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီမိုကရေရရှိရေး ဆိုတဲ့ ပန်းတိုင်ကြီးကို သွားနိုင်ဖို့အတွက် လူမှုရေးကွန်ယက်ကြီးကနေ လှုပ်ရှား ဆက်သွယ်သွားဖို့ ကြိုးစားနေတဲ့ NLD ပါတီအဖို့ အခုလို လူငယ်ကွန်ယက်တခု ဖြစ်လာတာ ကြိုဆိုတယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့ကိုဖွဲ့ဖို့ တရားဝင် ညွှန်ကြားထားတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

“NLD အနေနဲ့ အဲဒီလိုလုပ်ပါဆိုပြီး စာနဲ့ပေနဲ့ ဒါမှမဟုတ် တရားဝင်ခေါ်ပြီးတော့ ပြောခိုင်းတာ လုပ်ခိုင်းတာတော့ မရှိဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေနဲ့တွေ့ဆုံတဲ့ပွဲမှာ ပြောခဲ့တာက လူငယ်တွေအချင်းချင်းပဲဖြစ်ဖြစ်၊ လူငယ်နဲ့ အဖွဲ့ချုပ်ပဲဖြစ်ဖြစ်၊ ကျန်တဲ့တိုင်းနဲ့ပြည်နယ် တိုင်းရင်းသားတွေနဲ့ပဲ ဖြစ်ဖြစ် အမြဲတမ်း ဆက်သွယ်ရေး ကောင်းနေရမယ်။ ဆက်သွယ်ရေး ကောင်းမှသာ ဒီကွန်ယက်ကလည်း ဖြစ်လာမှာ။ အားလုံးက မြန်မာနိုင်ငံရေးကို အားလုံးစိတ်ဝင်စားလာအောင် တဦးနဲ့တဦး အဆက်အသွယ် ရှိနေဖို့ အရေးကြီးတယ်လို့ အဲဒီလို ပြောခဲ့တယ်။ အဲဒါအပေါ်မှာ ဆောင်ရွက်တာလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကွန်ယက်ဖွဲ့တာကို အဲန်ကယ်လ်တို့ ကြိုဆိုရမှာပဲ။ ကွန်ယက်ဖွဲ့တာကလည်း တဦးနဲ့တဦး ဆက်သွယ်နိုင်ဖို့ ဆောင်ရွက်တာ၊ အားလုံး တဦးနဲ့တဦး ဒီလိုပဲ ဆက်သွယ်မှုရှိနေဖို့က အရေးကြီးတဲ့ကိစ္စ လို့လည်း အဲန်ကယ်လ်တို့ ထင်ပါတယ်။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/NLD-Burma-01-07-11-113080764.html

လူကုန်ကူးမှုများတွင် UNHCR နှင့် IOM ၀န်ထမ်းများ ပါဝင်ပတ်သက်


အမေရိကန်နှင့် အနောက်နိုင်ငံအချို့သို့ တရားမ၀င် ဒုက္ခသည်အယောင်အဆောင်များကို
ဒုက္ခသည် များ အဖြစ် ဖန် တီးပေးပြီး လူကုန်ကူးမှုဆောင်ရွက်ရာတွင် UNHCR ,IOM နှင့်ဒုက္ခသည်စခန်းမှတာဝန်ရှိ သူအချို့ပူးပေါင်းလုပ်ဆောင်နေကြသည်မှာ အချိန်ကာလ
အတော်ကြာ မြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် အမှု ထမ်းဖူးသူ တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။ အစစ်အမှန် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ထွက်ပြေးလာကြ သည့်ကရင်ဒုက္ခသည် မိသားစုများနေရာတွင် လူအစားထိုးဆောင်ရွက်ကြခြင်းဖြစ်သည်။ လူတဦးအစားထိုးခမှာ
ဘတ်ငွေ၁သိန်း ၅သောင်းမှ ၂ သိန်း ထိပေါက်ဈေးရှိသည်။ 


အစား ထိုးမှု များ တွင် ကရင် ဒုက္ခသည် များ သာမက မြန်မာ နိုင်ငံရေး အကျဉ်းသား
များ နှင့် အကျဉ်းသား ဟောင်းများ ၏ နာမည် များ ကို ပါ အစားထိုးဖော်ပြသည် ။အချို့ 
နိုင်ငံရေး အကျဉ်းသားများ မှာ ထပ်မံ ထောဒဏ် အပြစ်ပေး ခံရပြီး မြန်မာ အကျဉ်းထောင်
ထဲတွင် ရှိသော် လည်း ၎င်း တို့ ၏ နာမည် များ နှင့် အစားထိုး လူစားများ
မှာ အမေရိကန် နှင့် ဥရောပ နိုင် ငံများ တို့ ရောက် နှင့်နေပြီး ဖြစ်သည်။


မိသားစုဝင် ၆ဦး ၇ဦးထိ လူစားထိုးမှုများရှိသည်။ ထိုသို့လူစားထိုးရာတွင် ကာယကံရှင်မိသားစုမှာ တဦးလျင် ဘတ်ငွေ ၁သောင်း၅ထောင်မှ ၂သောင်းထိသာရကြပြီး UNHCR , IOM ၀န်ထမ်းများနှင့် ဒုက္ခသည်စခန်း တာဝန်ရှိသူတို့ခွဲဝေယူကြသည်။ UNHCR မှဝန်ထမ်း အောင်ကျော်ဦးမှာ မြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ တရုပ်သူဌေးများ ၏  မသိသူမရှိ ဖြစ် သည်။
မြန်ပြည်၇ှိသူဌေးများသည် အမေရိကန် ပြည်ဝင်ခွင့်ရရန်ခက်ခဲသောကြောင့် ဒုက္ခသည်ယောင်ဆောင်ပြီး အမေရိကန်သို့ထွက်ခွာသွားကြသည်မှာ ထောင်နှင်ချီရှိနေပြီဖြစ်သည်။ ထိုသူများမှာ ဒုက္ခသည်စခန်းတွင်တညကိုမအိပ်ဘူးသူများဖြစ်ကြသည်။ လုပ်ငန်းစဉ်အဆင့်ဆင့်စစ်ဆေး မှုများတွင် ရန်ကုန်မှလေယာဉ်ဖြင့်မနက်ထွက်လာ ဘန်ကောက်မှနေ မဲဆောက်သို့ ညကားစီး
ထိုမှတဆင့် ဒုက္ခသည်စခန်းတွင်သွားရောက်အစစ်ဆေးခံပြီး ညနေတွင်ဘန်ကောက်သို့ပြန် ပြီးမြန်မာပြည်သို့ လေယာဉ်ဖြင့်ပြန်ကြကြောင်းသိရသည်။ အချို့မှာနောက်ဆုံးထိုင်းနိုင်ငံမှ ထွက်ခွာမည့်ရက်တွင် IOM အကူအညီဖြင့် ဘန်ကောက်လေဆိပ်မှစောင့်ဆိုင်းပြီးအမေရိကား သို့ထွက်ခွာကြသည်။
နောက်တမျိုးလူစားထိုးခြင်းမှာ ကာယခံရှင် မှာငွေကြေးတပြားတချပ်မှမရဘဲ စခန်းအာဏာပိုင်နှင့် UNHCR, IOM ၀န်ထမ်းများပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။ ဒုက္ခသည်စခန်းနေထိုင်သော ဒုက္ခသည်မိသားစုမှာ TBBC ထောက်ပံ့သော ရိက္ခာမလောက်ငှသောကြောင့် အပြင်သို့လနဲ့ချီပြီး အလုပ်ထွက်လုပ်နေကြသူများဖြစ်ကြသည်။ ထိုအချက်ကိုအခွင့်ကောင်းယူပြီး လူးစားထိုးကြခြင်းဖြစ်သည်။ တနှစ်စောင့်အမေရိကန်ကမခေါ်၊ ၂နှစ်စောင့်မခေါ်လို့ အမေရိကန်သံရုံးကခိုင်းစေထားသော OPE(Oversea Processing Entity)  (IRC) ရုံးကိုသွားမေးတော့အခါမှာ မိမိ မိသားစုအားလုံး နာမည်ဖြင် အမေရိကန်ရောက်နေကြာင်းသိကြရသည်။

တချို့မှာယနေ့ထက်တိုင်လုံးဝသိရှိခြင်း မရှိသေးပေ။လွန်ခဲ့သည့် တစ်လကျော်က မဲလ ဒုက္ခသည် စခန်း မှ နိုင်ငံခြား သို့ ထွက်ခွာအသင့် ဖြစ်နေ သည့်မြန်မာ-ကရင် လူမျိုး လင်မယား နှစ်ဦး မှာ နာမည် နှင့် လူအစား ထိုး ပြီး ၀င်ရောက် လာခြင်း ကို ၎င်း တို့ ထွက် ခွာမည့်  သက်ဆိုင်ရာနိုင်ငံမှ စစ်ဆေး
တွေ့ ရှိသဖြင့် အရေးယူစီစစ်ရာ ထိုလင်မယားနှစ်ဦးမှာ မဲဆောက် ထောင်ထဲ တွင် ထောင်ဒဏ်အပြစ်ပေး အကျဉ်းကျခံနေရ သော်လည်း ၎င်းတို့ အား ပွဲ စားလုပ်ပေး ခဲ့သည့် စခန်းမှ တာဝန် ရှိသူ များ ၊ ထိုင်းလူမျိုး အချို့ နှင့် ဒုက္ခသည် များ ပြည်ပထွက်ခွာရေး ဧဂျင်စီ အချို့ မှ ၀န်ထမ်းများ မှာ မူ အရေး ယူခြင်း မခံရ ဟု ပေးစာတွင် ဖော်ပြထားသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ၏အိပ်ဖွင့်ပေးစာ

UN office 4.1.2011 b

ငရဲမကြောက်..ဖိနပ်စီးတဲ့ ..ဒေါ်ကြိုင်ကြိုင်..





.မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်...


ဒီနေ့ည APသတင်းဓာတ်ပုံတွေ လျှောက်ကြည့်နေရင်းက  တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ ပြီးခဲ့တဲ့နှစ် အိန္ဒိယခရီးစဉ်အတွင်း မဟာဗောဓိ စေတီတော်ရှေ့မှာ ရိုက်ထားတဲ့ သတင်းဓာတ်ပုံ တစ်ပုံကို သတိထား မိလိုက်ပါတယ်..။ အရင်ကလည်းဒီပုံကို သတိထားမိပေမယ့် ခုမှအမေစု အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်တွေ သီလရှင်တွေကို ဆွမ်းလောင်းတဲ့ နေ့ကသတင်းဓာတ်ပုံနဲ့ နှိုင်းယှဉ်ကြည့်မိရင်းနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ..။ တော်တော်များများလည်း တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ ဒီဓာတ်ပုံကို သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနေ့ည သတင်းရေးမယ် စိတ်ကူးထားတာက နအဖရဲ့ မြောက်ကိုရီးယားနဲ့ လျွှို့ဝှက်တည်ဆောက်နေတဲ့ ဖျောက်ဆိတ်ပင် ရေဒါစခန်းအကြောင်းပါ..။ ရေးဖြစ်တာကတော့ ဒေါ်ကြိုင်ကြိုင် ငရဲမကြောက် ဖိနပ်စီးထားတဲ့ အကြောင်း ရေးဖြစ်သွားတာပါ..။

ပုံAP
တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ ပြီးခဲ့တဲ့နှစ့် ဇူလိုင်လက အိန္ဒ္ဒ္ဒိယနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ မဟာဗောဓိ စေတီတော်ရှေ့မှာ ရိုက်ထားတဲ့ ပုံမှာ တပ်ချုပ်ကြီးက ဖိနပ်ချွတ်ပြီး ဒေါ်ကြိုင်ကြိုင်ကို ဖိနပ်စီးထားလျှက် တွေ့ရတာပါ..။ ကဲကော်ဇောနီ ခင်းထားတဲ့ ဘုရားပရဝဏ် အတွင်း ဖိနပ် စီးခွင့်ရှိမရှိ သိရအောင် အောက်ကပုံနဲ့ ယှဉ်ကြည့်ရအောင်ဗျာ... ။  စီးခွင့်ရှိတယ် ဆိုရင်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ စောင့်ထိန်းသင့်ပါတယ်..။ စီးခွင့်ရှိမရှိ ဆိုတာကိုတော့ အိန္ဒိယက ဆရာတော် အရှင်ထာဝရကို မေးကြည့်ပေးပါဦးမယ်။

ဒီပုံမှာတော့ အားလုံး ဖိနပ်ချွတ်ထားတာ တွေ့ရပါတယ်..။ ၂၀၀၇ခုနှစ် နံပတ်တစ် တရားခံ တပ်ချုပ်ကြီး ကတော့ ဖိနပ်စီး ထားမထား သိရအောင် ခြေသလုံးပေါ်အောင် ပုဆိုးတောင် မ... ပြထားလိုက်ပါသေးတယ်..။ (သတင်းရေးတော့မယ် ဆိုတာသိလို့ထင်ပါတယ်)..။

ဆိုလိုချင်တာကတော့ ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်အပေါ်မှာ ဘယ်လောက်အထိ သြဇာညောင်းမညောင်းနဲ့ ပြောင်းပြန် တွေးကြည့်ရင်လည်း ဒေါ်ကြိုင်ကြိုင် တပ်ချုပ်ကြီးအပေါ် ဘယ်လောက်အထိ သြဇာ ပါဝါရှိတယ် ဆိုတာပါပဲ..။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တစ်သက်မှာ အမြဲမရောက်နိုင် တစ်ခေါက်တစ်ခါသာ ရောက်ဖြစ်တဲ့ ဒီလိုဘုရားပွင့်ရာ အရပ်က မဟာဗောဓိစေတီတော်မှာ ဖိနပ်မစီးပဲ မပူဇော်နိုင် ဓာတ်ပုံအရိုက် မခံနိုင်တော့ဘူးလားဗျာ..။ နောက်အောက်မှာ လည်း ကော်ဇောနီခင်းထားတာပါ...။

ပြီးခဲ့တဲ့လက ကြေးမုံသတင်းစာမှာ ပါတဲ့  တပ်ချုပ်ကြီးတို့ မိသားစု ဘုရားပရဝဏ်အတွင်း အလှူဒါန ပြုနေတဲ့ ပုံမှာလည်း အာလုံးက ဖိနပ်ချွတ်ပြီး လှူဒါန်းနေပေမယ့် မြေးဖြစ်သူကတော့ ဖိနပ်စီးလျှက်နဲ့ တွေ့ရတဲ့ပုံကို ကိုနစ်နေမန်း ဘလော့(ဂ်)မှာ ဖတ်လိုက်ရပါတယ်..။ နအဖနဲ့ အပေါင်းအပါ တွေရဲ့ဘာသာတရား အပေါ် သက်ဝင်ယုံကြည်မှု တကယ်ရှိမရှိဆိုတာ အာဏာနဲ့သာသနာ ယှဉ်လာတဲ့ အခါမှာ အာဏာအတွက် ငရဲမကြောက် သာသနာကိုတောင် ဘယ်လို စော်ကားခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်..။ အခုလတ်တလော  လုပ်တိုင်းဖြစ်နေပြီး အကုသိုလ်ကံတွေ အကျိုးမပေးသေးတဲ့ အချိန်မှာတော့  မိုးမမြင်လေမမြင် သွေးနားထင်ရောက်စရာ ဖြစ်နေပေမယ့်..  မိမိပြုခဲ့တဲ့ ကြီးမားတဲ့ အကုသိုလ်ကံ စေတနာတွေဟာ တစ်နေ့ မလွဲမသေ မိမိထံ ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်..။

 ပုံ GETTY IMAGE
ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးအတွက် စံနမူနာယူစရာ အဖွဲ့ချုပ်ရုံးရှေ့ ဆွမ်းလောင်းပွဲမှာ ရဟန်း၊ သံဃာ၊ သီလရှင်တွေကို ဖိနပ်ချွတ်လျှက် အရိုအသေပြု ခဲ့ပုံကို ပြင်သစ်အမျိုးသမီး သတင်းထောက်က မှတ်တမ်းတင်ခဲ့ပါတယ်..။
 
http://www.demowaiyan.co.cc/

ကျွန်တော်ပြောချင်တဲ့ Sanction အကြောင်း နိဂုံးပိုင်း...ဒေါက်တာလှိုင်မြင့်

ကိုမောင်မောင်ဝမ်း..
 
အခုနောက်ဆုံ့းအပိုင်းကို ပို့ လိုက်ပါတယ် ။  ပထမ နစ်ပိုင်းကို လူတော်တော်များများ လက်ခံကြ နားလည်ပေးကြတဲ့အတွက် အားတက်မိသလို....စာရေးဖို့ အားပေး..တိုက်တွန်းခဲ့တဲ့...ဆာင်းပါးကို ၀က်ဆိုဒ်ကြိးတွေဆီမှာတင်ပေး...ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာဖေါ်ပြပေးတဲ့...ကိုမောင်မောင်ဝမ်းကို အထူးကျေးဇူးတင်ပါတယ် ။  တိုင်းပြည်အတွက်  တိုက်ပွဲကို ကျရာတာဝန်ကနေ ..အခွင့်သာသလို ပံ့ပိုးခွင့်ရတာကျေးဇူးပါ ။
 
ကနေ့ ရေးမဲ့ ပါမစ်တွေကိစ္စ ရေးနေတုံးမှာတင်..Australia နိုင်ငံ Macquarie University က ပါမောက္ခ Dr. Sean Turnell ရဲ့  ထိုင်းနိုင်ငံ ရွှေ့ ပြောင်းအလုပ်သမားတွေကနေ ပြည်တွင်းမိသားစုတွေဆီပြန်ပို ငွေ့ဟာ..ထိုင်းတနိုင်ငံထဲကနေတင်..တနစ်ကို ဒေါ်လာပေါင်း..သန်းငါးရာကျော်ရှိတယ်လို့   လေ့လာချက် ထွက်လာပါတယ် ။ မလေးရှား...ဂျပန်..ဥရောပ နိုင်ငံအားလုံးက ပြန်ပို့ တဲ့ငွေတွေတွက်ကြည့်ရင်  တနစ်ကို မြန်မာတွေ ပြည်တွင်းကို ပြန်ပို့ ငွေဟာ...စုစုပေါင်း ( နစ်စဉ် ) ဒေါ်လာသန်းပေါင်း ၁၅၀၀ (  1.5 billion )  ရှိနိုင်ပါတယ်အဲဒီငွေတွေအားလုံးကို  ဟွန်ဒီ  နဲ့ ဘဲလွှဲနေပါတယ် ။ အဲဒါကို  ပြည်ပရောက် စီပွားရေးပညာရှင်ကြိးတွေက တခါတခါ ဝေဖန်ဆွေးနွေးတတ်ကြပါတယ် ။ ပြည့်စုံမှုတော့မရှိခဲ့ပါ ။ 
 
ဒီထက်ပိုတာက...ကျောက်မျက်ရတနာရောင်း( မှောင်ခို ) ရောင်းလိုံရတဲ့ငွေကြေးတွေကလဲ တနစ်တနစ်ကို မနည်းလှပါဘူး ။ သူတို့ လဲ ဟွန်ဒီပါဘဲ ။ သူတို့ ပါပေါင်း၇င် တနစ်ကို ဒေါ်လာ ( နစ်ဘီလျှံ ) လောက် ငွေမဲကို ငွေဖြူလုပ်နေကြတာပါ ။
 
ကောင်းပြီ...အဲဒီလောက်များတဲ့ငွေတွေကို..ဟွန်ဒီတွေက ဘယ်လိုလုပ်  မြန်မာကျပ်ငွေနဲ့  လဲပေးနိုင်နေကြတာလဲ  ဆိုတာကို ထိုပညာရှင်ကြိးတွေ ဆွေးနွေးချက်တွေမှာ  မပါထားသလို... ဘာလို့ မစဉ်းစားကြတာလဲ မေးချင်လာပါတယ် ။ ဘာလို့ မဆွေးနွေကြရတာပါလဲ  သိချင်လာပါတယ် ။ သူတို့ က ပိုသိမှီသူတွေဆိုတော့ သူတို့ ဘယ်လိုပြောမယ်တော့ ကျနော်မသိပါ ။  ကျနော်ကြားဖူးထားတာ..သိထားတာလေးတွေကို မျှဝေလိုက်ပါတယ် ။
 
တကယ်တော့ ဒီလောက်ပမာဏကြိးမားတဲ့ငွေလွှဲ လုပ်ငန်းဟာ..အမေရိကန်အစိုးရသိရင်..လက်ပိုက်ကြည့်နေမယ်မထင်ပါဘူး ။ ဒါအင်မတန်ကြိးမားတဲ့ ငွေမဲခ၀ါချမှုကြိးဖြစ်နေလို့ ပါ ။  အဲဒီငွေမဲ ကိုငွေဖြူဖြစ်အောင် ခ၀ါချမှုကြိးကို  ခင်ဗျားတို့ ကျနော်တို့  အားလုံး အားပေးမိလျှက်ဖြစ်နေကြပါတယ် ။  အဲဒီခ၀ါချမှုကြိးဟာ..သန်းရွှေ နဲ့  ကြိုင်ကြိုင်တို့   ခိုးထားတဲ့    ပါမစ်နဲ့ ပြည်သူတွေရဲ့ ငွေကို ကျစ်ယူထားတာကို..ဒေါ်လာလဲပေးရုံမက...အဲဒီဒေါ်လာတွေကို..စင်ကာပူအရောက်  ပို့ ပေးနေမိလျှက်သား ...ကို မသိဘဲ ကူပေးမိလျှက်သားဖြစ်နေတယ်ဆိုတာ..ဘယ်သူတွေ စဉ်းစာမိကြပါသလဲ
 
ဟုတ်ကဲ့ခင်ဗျာ........အတိုက်အခ့တွေကသန်းရွှေကို သူခိုးကြိးလို့ တော့ ကလော်တုတ်နေကြတယ် ..ပြိးကိုယ်တိုင်ကသူခိုးနေတာကို ၀ိုင်း ကူညီနေမိကြတာကို..အခုကျနော်ထောက်ပြလိုက်ပါပြီ ။  ရင်နာတာ မဖြစ်ကြပါနဲ့  ။ ကျနော်အရင်ကထဲက တချို့  အသံလွှင့်ဌာနကြိးတွေနဲ့  မိတ်ဆွေတွေဆီ ဖြန့် ခဲ့ပါတယ် ။ ဘယ်သူကမှ အလေးမထားကြ..သိပြိးဖုံးဖိထားကြတာလဲရှိကြပါမယ် ။
 
ဟုတ်ကဲ့ပါ ...ဘယ်နိုင်ငံကဘဲငွေလွှဲလွှဲ...ထိုင်း..မလေးရှားကနေလွှဲရင်လဲ...အားလုံးဟာ..စင်ကာပူကိုဘဲ ရောက်ပါတယ် ။ စင်ကာပူမှာ....တေဇ အဆက်အသွယ်လူတွေဆီကိုဘဲရောက်ပါတယ် ။  တေဇက စင်ကာပူရောက်လာတဲ့ ဒေါ်လာတွေအကုန်လုံးကို...အဲဒီမှာတင် .နိုင်ငံတကာ ဘဏ်တွေမှာဘဲ မြုပ်သိမ်းထားလိုက်ပါတော့တယ် ။    မြန်မာနိုင်ငံထဲကို ပြန်မပို့ ပါဘူး ။  ဟာဒါဆို တနစ်ကို..နစ်ဘီလျှံလောက်ငွေ..မန်မာကျပ်ငွေနဲ့  ( သိန်းပေါင်း )နစ်ကုဋေ  ဆိုတဲ့ အလွန်များပြားလှတဲ့ငွေတွေ  ကိုသူဘယ်လိုလုပ် အမ်းပေးနိုင်ပါသလဲ...မေးစရာဖြစ်လာပါပြီ ။
 
ဟုတ်ကဲ့ ...ကားပါမစ်..ဖု့းပါမစ်..ပါမစ်တွေကနေ သူတို့ ရထားတဲ့မြန်မာကျပ်ငွေကလဲ...တနစ်တနစ်ကိုတင်...ကျပ်ငွေ(.သိန်း )ပေါင်း.နစ်.ကုဋေ မကရှိထားတယ်လေ ။ သူတို့ ရထားတဲ့ အလွန်များပြားလှတဲ့မြန်မာငွေ တွေကို  ဒေါ်လာ လဲနိုင်အောင်  ချင်ဗျားတို့ ..ကျနော်တို့က  ဒေါ်လာတွေ တေဇ လူတွေလက်ထဲလွှဲပေးနေမိကြတယ်လေ ။  ကဲအခုကျတော့...ဒေါ်လာဈေးကကျ...မြန်မာငွေဈေးတက်လာတာကိုပင်  သူတို့  ( န.အ.ဖ ) လက်ထဲဒေါ်လာတွေ ပိုလျှံနေအောင်ဝင်လာလို့ နဲ့   လိမ်ထားပါသေးတယ် ။
 
တကယ်က အခုဆိုရင်ဖုံးဆိုတာ ပါမစ်စံနစ်မရှိတော့ဘူး....အခြားနိမ်း ( ငြောင်းပြီ  )..ကားလဲပါမစ်မရှိတော့သလောက်ဖြစ်သွားပြီ ။ အဲဒီတော့ သူတို့ ပြန်အမ်းနိုင်တဲ့ မြန်မာငွေ လက်ထဲနည်းသွားပြီ ။ ရှင်းရှင်းလေး.....န.အ.ဖ အနေနဲ့ တရားဝင် ပို့ ကုန်ကရတဲ့ငွေ  (  ဓါတ်ငွေ့ ရောင်းရတဲ့ငွေတွေ...ကျောက်မျက်ရောင်းရတဲ့ငွေတွေကို...မှောင်ခိုဈေးကွက်ထဲ ဘယ်တုံးက  ထဲ့ဘူးလို့ လဲ ) ။  သူတို့ ကတောင် အရင်တုံးက ဒေါ်လာငွေလိုနေလို့ တဖက်လှဲ့ နဲ့ တောင် ၀ယ်ဘူးတာတွေရှိကြပါတယ်  ။  (  ဒေါ်လာတွေ ) ဘယ်တုံ့းက မှောင်ခိုဈေးကွက်ထဲ..၀င်လာဖူးလို့ လဲ ။  လိမ်တဲ့သူ က လိမ်နေကြ..ဒါသူတို့ အလုပ်... လူလိမ်တွေက  ရသလိုလိမ်မှာဘဲ...။  ယုံတဲ့သူက ..ထမင်းစားတဲ့ဥိးဏှောဏ်နဲ့   ချင့်ချိန်ပြိး ယုံကြပါလို့ ဘဲပြောချင်ပါတယ်
 
ရှင်းရှင်းလေး..ပါမစ်နဲ့ ဝိုက်ထားတဲ့ငွေတွေ ခန်းသွားလို့ ....ပြန်အမ်းပေးနိုင်တဲ့ မြန်မာကျပ်ငွေပမာဏ  နည်းသွားလို့   မြန်မာငွေ ဈေးပြန်တက်လာတာပါ ။   ဘာမှစီးပွားရေးခိုင်မာလာလို့ မဟုတ်ပါဘူး  ။  စိးပွာေးရေး  လက်ဝါးကြိးအုပ်ထားတာ မလွှဲသာဘဲ လျှော့လိုက်ရလို့ ..ဒေါ်လာဈေး ပြန်အပြောင်းဘက်လျှဲ့ လာတာပါ ။  နယ်စပ်တွေဘာတွေ က နဲနဲ သာ ရှိတာပါ ။
 
တခုတော့ရှိတယ်...ဘိန်းထွက်ချိန်ဆိုရင်..နယ်စပ်တွေမှာ နိုင်ငံခြားငွေတွေ ( ဘိန်းဖို့းပေးချေငွေတွေ လှိမ့်ဝင်လာချိန်...နစ်တိုင်း..ဒီအချိန်ဆို ဒေါ်လာဈေးကျတတ်ပါတယ် ။  ဒေါ်လာကုန်သယ်တိုင်း ဒီအချိန်ဆို  ဒေါ်လာထုတ်ရောင်း..ကျပ်ငွေကိုင်ထား..တတ်ကြပါတယ် ။  ဘိန်းရာသီ ဒေါ်လာဈေးကျတဲ့..( graph )ဂရပ်ရှိပါတယ် ။  နစ်စဉ်..၁၅ -ကနေ ၂၀ % လောက်အတက်အကျရှိတတ်ပါတယ် ။ ဒါပေမဲ့အခုကျတာက....၃၀ % အထက်ဖြစ်နေတယ် ။ ကျချိန်က နဲနဲစောနေတယ် ။ ကြည့်ကြသေးတာပေါ့ ။  နစ်စဉ် မတ်လဆန်းတို ပြန်တက်လာပါတယ် ။
 
နောက်  နိုင်ငံတော်က ( န.အ.ဖ ) က ကုန်ဈေးနုံးတွေ ရံဖန်ရံခါ တက်လာရင်...ကုန်သည်ကြိးတွေကိုခေါ်ကြိမ်း...ဆရာလုပ်ပြိး...ဘယ်သူသေသေ ငတေမာတဲ့စိတ်ကို  သတင်းစာခေါင်းကြိးပိုင်းတွေနဲ့ အပြစ်တင် ..သူတို့ ကျတော့သူတော်ကောင်းတွေလိုလို..လုပ်တယ် ။ ကားတွေကို  ပါမစ်တွေနဲ့ မတရားခေါင်ခိုက်အောင် ဈေးတင်...ဖုံးပါမစ်တွေ နဲ့အသားလွတ်ကျစ်ဈေးတင်တာကျတော့...( မတင်သင့်တာကိုကျတင်ပြိး ) ဒါငတေမာပြိးရောစိတ်ထက်ကို ယုတ်ညံ့ပါတယ် ။  ဒါပြည်သူတွေကို..sanction ပါဘဲ ။ တိုင်းပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ တွေကို ပြည်သူတွေ ကို မပေးဘဲ..ပြိုင်ဘက်နိုင်ငံကိုပေးတာကတော့..သူခိုးဓါးရိုးကမ်းတဲ့..ဧရာမ sanction ကြိးပါဘဲ ။
 
ထိုင်းနယ်စပ်တွေမှာ...ထမင်းဟင်းချက်ဖို့ ..မြန်မာတွေက..ထိုင်းတွေဆီကနေ...ကိုယ့်တိုင်းပြည်ကထွက်တဲ့ဓါတ်ငွေ့ ကို ဈေးကြိးပေးပြိး..(  ပြန် ) ၀ယ်သုံးနေရပါတယ်
 
နောက်  အသားလွတ် sanction တခု ထပ်ပြောပါမယ် ။  ကျနော် ဒါကို ပြည်ပစိးပွားရေးပညာရှင်ကြိးတချို့ နဲ့   အသံလွှင့်ဌာနကြိးတချို့ ဆီကို အကြိမ်ကြိမ်ပေးပို့ ဖူးပါတယ် ။  ဆရာသမားကြိးများ ( အာစရိယ ကြိးများက ) အလေးတောင်မပေးကြပါ ။  စုံးစမ်းကြပါပြောလဲ...ဒီကိစ္စဟာ နိုင်ငံရေးမဟုတ်လေလို့ လား... သူ့ တို့ စဉ်းစား တွက်ချက်တဲ့  နိုင်ငံရေးမှာ  အလုပ်သမားတွေ  အသားလွတ်ဖြတ်အရိတ်ခံနေရတာ..အလေးမထားလို့ လား.. ။  .ကြိုင်ကြိုင် စားခွက် ထိခိုက်သွားမှာ စိုးကြလို့ လားမသိ...။
 
ကျနော် ၂၀၀၂ -ကုန်မှာထောင်ကလွတ်ပါတယ် ။   ၂၀၀၃..ဖေဖေါ်ဝါရီလ...၂-ရက်မှာ ထောက်လှမ်းရေး ဗိုလ်မှုးချုပ်ကိုကျော်သိန်းက ဆွမ်းကျွေးဖိတ်ပါတယ် ။ ဆွမ်းကျွှေးအပြိးမှာ  သူက   ( ခင်ဗျား..ဘဏ်တွေကနေငွေတွေထုတ်ခိုင်းနေတာ  ဘာလို့လဲမေးပါတယ် ) ...ဟုတ်ကဲ့ ကျနော်က အဲဒီရက်ပိုင်းမှာ..ညီအကိုမောင်နှမတွေအားလုံးကို  ဘဏ်တွေအခြေအနေမကောင်းတော့ဘူး ။  ငွေတွေထုတ်..ရွှေ သို့ မဟုတ် ဒေါ်လာကိုင်ထားကြ တိုက်တွန်းပါတယ် ။
 
ကျနော်ရှင်းပြလိုက်ပါတယ် ။ (  ဒါနိုင်ငံရေးမဟုတ်  ကျနော် မိသားစုတွေရဲ့ ငွေဟာ ကျနော်ငွေလို့ သဘောထားလို့ ..ပြိး အပြင်လူ  ဘယ်သူ ကိုမှ မပြောတဲ့အကြောင်း  )  ရှင်းပြပါတယ် ။  သူ့ ကိုလဲ တဆက်ထဲ..( ခင်ဗျား ဗိုလ်ချုပ်ခင်ညွှန့် ကို  ဘဏ်တွေ..ကွဲတော့မယ်ဆိုတာ တင်ပြပါလားဆိုတော့. ) .( ကိုလှိုင်မြင့်..ကျနော်တို့ က ကွဲမယ်ထင်တာမပြောနဲ့   ကွဲမယ်ယူဆတာလောက်မပြောနဲ့ ..ကွဲဖို့ သေခြာရင်တောင် တင်ပြခွင့်မရှိပါဘူး ။  အမြင်တင်ပြရင်  နားကားသွားမယ်တဲ့ ။ ဖြစ်ပျက်တာဘဲ  ရီပို့ လုပ်ရတာပါတဲ့ )
 
ကျနော်လိုဘဲ  ဗိုလ်ချုပ်ခင်ညွှန့် ကလဲ..တပ်ချုပ်ကြိးကိုဘာမှတင်ပြခွင့်မရှိဘူး ။ ကျနော်တိုက န.အ.ဖ ဆိုပေမဲ့...တကယ်က တခေါင်းထဲ ကချုပ်ကိုင်ထားတာ... တခေါင်းထဲက ဆုံးဖြတ်နေတာ.....ကျနော်တို့ ( န.အ.ဖ ဆိုတာကတတွေက ) နံမည်ခံသက်သက်ပါတဲ့  ။ ကျနော်တော်တော်ဖြုံသွားပါတယ် ။  ဖေဖေါ်ဝါရီ ၂ -ရက်နေ့ မှာ...သူနဲ့ ပြောခဲ့တာ....နောက် တပတ်အကြာ...ဖေဖေါ်ဝါရီ..( ၁၀ ) ရက်နော့ မှာ  ခင်ညွှန့် အမိန့် နဲ့  ဘဏ်တွေ ပိတ်လိုက်ရပါတယ် ။
 
အထည်ချုပ်လုပ်ငန်းတွေမှာ  ကြိုင်ကြိုင် နဲ့ မောင်အေးတို့ မိသားစုတွေ အသားလွတ် ရိတ်စားနေကြပါတယ် ။ ဒီလောက် မသေရုံတမယ်  ဆင်းဆင်းရဲရဲလုပ်ကိုင်နေကြရတဲ့အလုပ်သမားမိသားစု ပါးစပ်ထဲ..သွားနေတဲ့...အစာကို လုယက်ယူရက်တာ  အံ့ပါရဲ့ ဗျာ ။  သူခိုးဓါးမြတွေတောင်....ကိုယ်ထက်နိမ့်ပါးသူဆီကဘယ်တော့မှမခိုးကြဘူး ။  သူခိုးဆိုတာ  နေ့ တိုင်းမခိုးကြဘူး ။ တခါတလေဘဲခိုးတာ ။  ပြိးတကယ့်အချီကြိး  ဂွင်ကြိးကြိးကျမှခိုးကြတာ  ။ ကိုယ်ထက်ဆင်းရဲသူတွေဆီက  ( ဘယ်တော့မှ မခိုးကြပါဘူး  )  သူခိုးဆိုတဲ့သူတွေမှာ..သူခိုးစည်း..ဓါးမြစည်းဆိုတာ ရှိကြပါတယ် ။   သူတို့ က ကုသိုလ်ယူရင်းပြန်တောင  သူတို့ ထက်ဆင်းရဲတဲ့သူတွေကိုကူညီတတ်ကြတယ် ။  သူခိုးဆိုပေမဲ့  လူကြိးလူကောင်းစိတ် မပျောက်သွားသေးဘူး  ။
 
အခု ကြိုင်ကြိုင်တို့ က  သူခိုးတွေ  ဓါးမြတွေ ထက်ကို  စိတ်ဓါတ်နိမ့်ကျနေပါတယ်  ပြိးတတိုင်းတပြည်လုံးကလူတွေကို..သူတို့ ကိုအာဏာနဲ့  လက်အုပ်ချီခိုင်းတာ..ကျနော်ရင်အနာဆုံးပါ ။  ကျနော်သာ အကျပ်ကိုင်ပြိး လက်အုပ်ချီရမယ်ဆို..ရင်ကော့ လက်ပိုက်ထားလိုက်ပါမယ် ။ ထောင်ထဲမှာ.နိုင်ငံရေးအကျဉ်းသားတွေ က ( ပုံစံ )ခေါ်ရင် ထိုင်မပေးခဲ့ကြဖို့ တိုက်ပွဲဝင်ခဲ့ကြသူတွေကို ကျနော် ဒီနေရာကနေ ( ဥိးညွှတ်အလေးပြုပါတယ် ) ။
 
သူတို့ က စက္ကန့် မလပ်  အချိန်ပြည့်ခိုးနေကြတာ ။  ကိုယ်ထက်နိမ့်သူလဲ..ငတ်လို့ သေချင်သေ..တပြားရလဲ....နိုက်တာဘဲ  ။  အဲဒီ.ပြားတွေ များလိုက်ရင် ကုဋေ ကုဌာ ဖြစ်တယ်ဆိုပြိး..ယူရက်ကြတယ် ။ သူခိုးက သူစားဖို့ လောက်သာ ခိုးတာ  ။ သူတို့ က စိန်တွေ အကြိးကြိးတွေဝတ်ဖို့ ..ခိုးထားတာလဲထားစရာနေရာမရှိတော့လောက်အောင် များနေပြီ ။
 
အထည်ချုပ်လုပ်ငန်းရှင်တွေကိုမေးကြည့်ကြပါ ။ တခြားလုပ်ငန်းရှင်တွေနဲ့ မတူတာက..တခြားလုပ်ငန်းရှင်တွေက..ကုန်ပစ္စည်းတင်ပို့ ကြပါတယ် ။  ပို့ ပြိးရင်..နိုင်ငံခြားက ၀ယ်သူပေးချေတဲ့ဒေါ်လာကို  နိုင်ငံခြားဘဏ်မှာ  ဘဏ်စာရင်းကို...ဒေါ်လာနဲ့ စာရင်းဖွင့်ထားလို့ ရပါတယ် ။  ပြည်တွင်းမှာထုတ်သုံ့းချင်ရင်တော့   (  F.E.C )  နဲ့ဘဲပေးပါတယ် ။ နိုင်ငံခြားက ကုန်ပစ္စည်းတင်သွင်းရင်  အဲဒီဒေါ်လာကို နိုင်ငံခြားကိုလွှဲပေးလိုံရပါတယ် ။
 
အထည်ချုပ်လုပ်ငန်းရှင်ကတော့..ပို့ ကုန်မဟုတ်ဘူး  ။  ကန်ထရိုက်အလိုက် နိုင်ငံခြား အထည်( အချုပ် ) အပ်သူဆီက  လုပ်အားခ ( ချုပ်လုပ်ခ ) ကိုဘဲယူကြရတာလေ ။ အဲဒီမှာ  ကြိုင်ကြိုင်တို့ က ပါဝါကိုင်ပြီး...လက်တလုံးခြားနဲ့  လုပ်အားခတွေကို ရိတ်တော့တာဘဲ ။ ဘယ်လိုရိတ်သလဲဆိုရင်..(  ရှင်းအောင်..သေသေခြာခြာ ဖတ်စေချင်ပါတယ် ) ။
 
နိင်ငံခြားအထည်အပ်သူဆီကနေ  ချုပ်လုပ်ခ ( လုပ်အားခ ) ကိုပေးခြေလာရင်..သူတို့ က ရန်ကုန်ကနိုင်ငံခြားကုန်သွယ်မှုဘဏ်ကိုငွေပေးချေရပါတယ် ။ ဒေါ်လာနဲ့ပေါ့ ။  အဲဒီမှာ..အထညိချုပ်လုပ်ငန်းရှင်က..ဒေါ်လာကို ဘဏ်စာရင်းဖွင့်ခွင့်မရကြပါဘူး ။  နိုင်ငံခြားဘဏ်ကနေ..ငွေစာရင်း (  F.E.C )  ချလန်လေးဘဲပေးပါတယ် ။ ဘဏ်မှာ ငွေထုတ်ခွင့်မရှိပါဘူး ။ အဲဒီစာရွက်ကို..( သိမ်ဖြူလမ်းနဲ့ ..ကုန်သည်လမ်းဒေါင့်မှာရှိတဲ့ )  F.E.C  ရုံးဆိုတာရှိပါတယ်  ။  အလဲကောင်တာမှာ သွားလဲလှယ်ကြရပါတယ် ။
 
အဲဒီမှာ...ကောင်တာ ( ၂၀ ) လောက်ရှိပါတယ် ။ ကောင်တာတွေထဲမှာ  ကြိုင်ကြိုင်မိသားစုပိုင်တခု..မောင်အေးသမိးပိုင်တခု ရှိပါတယ် ။  အခုနက အထည်ချုပ်ပိုင်ရှင်ဟာ  သူရလာတဲ့ ချလန်ကို.....အထည်ချုပ်လုပ်ငန်းရှင်များအဖွဲ့ က ခိုင်းစေတဲ့အတိုင်း......ဒီတခေါက်တော့..ြိကိုင်ကြိုင်ရဲ့ ကောင်တာ....နောက်တခေါက်..မောင်အေး...ဒီလို ညွှန်ပေးလိုက်ပါတယ် ။  အဲဒီမှာ  ( ဥပမာ ပေါ့ )  လုပ်အားခ  ဒေါ်လာ နစ်သန်းဖိုး ထုတ်တယ်ပေါ့ ။
 
ပထမ တစ်သန်းကို...F.E.C ရဲ့ ပြင်ပပေါက်ဈေး.( ၁၀၀၀)၀န်းကျင်နဲ့ လဲလှယ်ပေးပါတယ် ။  အဲဒီမှာလဲ...တကယ့်ပေါက်ဈေးထက် နည်းတဲ့ဈေးနဲ့ ဘဲလဲပေးတာပါဘဲ ။ ဘာမှအကွန့် မတက်ရဲကြပါဘူး  ။ ။  ဒုတိယ တသန်းကိုတော့..အကောက်ခွန်ဌာန ရဲ့ ပေါက်ဈေး  (  ၄၅၀ ကျပ်နုံး )......(ဒီဈေးကလဲ..၉၆ ..ဇူလိုင်မှာ ကျနော်ဆီက ဥိးကြည်မောင်အတွက်ရေးထားတာမိပြိး..တလအကြာ ..၉၆- ဇူလိုင်လက....စတင် ကျင့်သုံ့းတာပါ  ) နဲ့ ဘဲ လဲပေးပါတယ် ။ အဲဒီငွေတွေက တကယ်တော့..စက်ချုပ်သမလေးတွေ ရရမဲ့ငွေတွေကို  ဗြောင်မိုက်ကျေးခွဲယူလိုက်တာပါဘဲ ။
 
အဲဒီတော့  အထည်ချုပ်ရှင်ဟာ...အထည်ချုပ်လုပ်ခ...နိုင်ငံခြားအပ်သူဆီက..လုပ်အားခ...ဒေါ်လာနစ်သန်းဟာ...US ဒေါ်လာနဲ့ ရတဲ့အတိုင်းသာ..တခြားလုပ်ငန်းတွေလို ကုန်ပစ္စည်းတင်သွင်းခွင့်ရကြမယ်ဆိုရင်...သူရတဲ့ဒေါ်လာနစ်သန်းတန်ဖိုးဟာ...ကျပ်ငွေ....သန်း၂၅၀၀ လောက်နဲ့ ညီမျှတဲ့ငွေရပါမယ်  ။
 
အခုတော့ FEC နဲ့ လဲရသေးတယ် ။  ပြိးဈေးက နိမ်ထားသေးတော့..ပထမ ဒေါ်လာတသန်းအတွက်က..ကျပ်ငွေ သန်း ( ၁၀၀၀ ) ဘဲရရှာပါတယ် ။ ဒုတိယတစ်သန်းအတွက်ကျတော့....ကျပ်ငွေ  သန်း ( ၄၅၀ ) ဘဲရပါတော့တယ် ။ နစ်ခုပေါင်းဆို..ကျပ်ငွေ..သန်း..၁၄၅၀ ဘဲရပါတော့တယ် ။ ကျပ်ငွေသန်းတစ်ထောင်  သူတို့ ပါးစပ်ထဲရောက်မဲ့ ငွေတွေကို ..အလွန်ဆင်းရဲရှာနေတဲ့...ကြိုင်ကြိုင်က ဖြတ်စား..အုပ်ထားလိုက်ပါတယ် ။
 
ဒေါ်လာနဲ တွက်ရင်..လုပ်အားခ ဒေါ်လာ နစ်သန်း ရှိတိုင်း...န.အ.ဖ က FEC နဲ့လဲပေးတာကိုက တခါနာပြန် ။ ဒီထက်ဆိုးတာက  ကြိုင်ကြိုင်တို့ က..ဖြတ်စားတာက...နစ်သန်းထဲကနေ...( ဒေါ်လာ ငါးသိန်း ) လောက် ဖြတ်ဝိုက်ထားပါတယ်
 
တနစ်တနစ်ကို အထည်ချုပ်လုပ်အားခ...သန်း ( ၄၀၀ ) နိးပါးရနေတော့..ကြိုင်ကြိုင်တို့ ..တနစ်တနစ်ကို အထည်ချုပ်သမလေးတွေ ပါးစပ်ပေါက်ကနေ ခိုးစားနေတာ..ဒေါ်လာနဲ့...နစ်စဉ်..ဒေါ်လာ သန်းတရာ ( 100.million ) ရိတ်စားနေတာဟာ..sanction ထက်ကိုဆိုးဝါးနေပါတယ်
 
အခုပြောတာတွေဟာ..အထည်ချုပ်လုပ်ငန်းရှင်..အရာရှိကြိးတဥိးရဲ့  ရင်ဖွင့်ချက်ပါခင်ဗျာ ။ နံမည်တော့ မထုတ်ဖေါ်ပါရစေနဲ့ ခင်ဗျာ ။  ဒီလိုမတရားယူနေတာဟာ...ယုတ်မာပက်စက်မှုဆိုတာ အင်မတန်ထင်ရှားနေပါတယ် ။  နောက်တက်လာမဲ့ လွှတ်တော်မှာ  အမတ်မင်များကို ဒီကိစ္စ  စုံစမ်းပြိး...ဒီလိုမတရားရယူထားတာတွေကို အလုပ်သမားတွေကို ပြန်ထုတ်ပေးနိုင်းရေးတောင်းဆို တိုက်ပွဲဝင်ကြရပါမယ် ။
 
အိန္ဒိယ သမတကြိးပေးလိုက်တဲ့..လူမှုပြစ်ချက် ( ရ ပါး ) ထဲက ထိပ်ဆုံးက...WEALTH   WITHOUT  WORK  ( www.khoe ) ..လုပ်အားမရှိဘဲ ကြွယ်ဝမှု  ဆိုတာ ဒါမျိုးပါဘဲ ခင်ဗျာ ။    လူမှုပြစ်မှု  ၀ကိဆိုဒ်ပါဘဲ ။
 
SANCTION ကိုဘယ်သူက စတင်လုပ်ခဲ့တာကတော့  ရှင်းပါတယ် ။ အခု SANCTION  ကိုရုတ်သိမ်းဖို့   တိုင်းသူပြည်သားတွေအကျိုး တကယ်မျှော်ကိုးတယ် ဆိုရင်  န.အ.ဖ ဟာ ကိုယ်စတင်ခဲ့တာကို ပထမ ( အရင် ) ပြန်ရုတ်သိမ်းပေးရပါမယ်  ။ တရားဝင်လဲ ကျေညာပေးရပါမယ် ။  ပြိးမှ ဒေါ်အောင်ဆန်းစုကြည် ကိုဝေဖန်ပါ ။  ဒေါ်အောင်ဆန်းစုကြည်ကိုလဲ..နိုင်ငံခြား အစိုးရတွေနဲ့ဆွေးနွေးစကားပြောတဲ့အခါ  သူမရဲ့  သြဇာ..တာဝန်ခံနိုင်မှု ကို ပေးထားရပါမယ် ။ ဗလိုင်းချည်းအော်နေရုံနဲ့   သဘာဝမကျပါဘူး ။  ဥိးဏှောဏ်ရှိရှိ ပြောကြဆိုကြပါ ။
 
နောက်ပြောချင်တာကတော့...အခုလွှတ်တော်ကြိးမှာ..ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ  ဘာအာဏာမှမရှိ.ဘဲ..သမတက ထင်သလို စိတ်ကြိုက်ရွေးထားတဲ့ ၀န်ကြိးတွေနဲ့ ကက်ဘိနက်ဖွဲ့  ထင်သလို ကျဲကြမယ်ဆိုရင်.....အပြတ်ပြောလိုပါတယ် ။  အာဏာပြန်သိမ်းဖို့ သာ အမိန့် စာထုတ်ထားလိုက်ပါ ။  ကနေ့ လူငယ်တွေကို..အူကြောင်ကြားလုပ်ဖို့ မစဉ်းစားပါနဲ့ ဘဲပြောပါမယ် ။ ကနေ့ လူငယ်တွေကို...စစ်အုပ်ချုပ်ရေးနဲ့ ထိန်းလို့ ရကောင်းရပါမယ် ။  လွှတ်တော်နဲ့  မလှိမ့်တပတ် ထိန်းလို့ ရမယ်ထင်ထားရင်...
 
နောက် ဥိးခင်မောင်ဆွေတို့ လို..အဖွဲ့ ချုပ်ကလူတွေကို  စိးပွားရေးလုပ်ခွင့်တွေ  တကယ်ခွင့်ပြုမယ်ဆိုရင်...ကျနော်အထက်ကပြောခဲ့တဲ့...နိုင်ငံတော်အတွက် အလွန်လိုအပ်နေတဲ့..လျှပ်စစ်စွမ်းအင်ကို...ဒီရေကနေ ( ဧရာဝတီတိုင်း နဲ့  ရခိုင် ) ထုတ်ပေးဖို့ ...ကျနော် က အဲဒီအတိုက်အခံအဖွဲ့ ကို နည်းလမ်းမျှဝေဖို့ အဆင်သင့်ရှိပါတယ် ။ န.အ.ဖ ကသာ စေတနာမှန် ပြမယ်ဆိုရင်....တနိုင်ငံလုံး..ကျေးရွာအားလုံးကို မိးလင်းစေရပါမယ်
 
န.အ.ဖ ပေါ်မှာဘဲ မူတည်နေပါတယ် ။ နောက်  သဘာဝဇီဝလောင်စာကို   သန်းရွှေက..ကြက်ဆူစီမံကိန်းကိုအတင်းဇွတ်လုပ်နေပါတယ် ။  ဗေဒင်ယတြာ အနေနဲ့ လုပ်တာဆိုရင်တော့ မဝေဖန်လိုပါ ။  တကယ့် အကျိုးအမြတ်ရချင်လို့ ဆိုရင်တော့...အီန္ဒိယမှာ..( BP ) ကုမ္မဏိဟာ...၂၀၀၂ နစ်မှာ ဒေါ်လာ သန်း၇၀ ဖိုး စမ်းသပ်ပါတယ် ။ သုသေသနပြုပါတယ်  ။ ဖြစ်နိုင်ခြေရှိလို့ ..ဒေါ်လာ သန်း ( ၂၀၀ ) ဖိုးအစမ်းလုပ်လိုက်တာ ၀က်ဝက်ကွဲရှုံးသွားပါတယ် ။
 
ကျနော်တို့ နိုင်ငံမှာ  ဇိဝလောင်စာ  လုပ်ရမဲ့စီမံကိန်းသီးနှံ ရှိပါတယ် ။  လူပေါင်း သန်းနဲ့ချီ အလုပ်ပေးထားနိုင်သလို...နိုင်ငံခြားကပါ လာရေက်ရင်းနှိကြပါမယ် ။ ( ဘာလဲ ) ဆိုတာတော့....သိချင်ရင်မေးပါ  ။ ဖြေဖို့ အဆင်သင့်ပါ ။  နိုင်ငံခြားကထုတ်တဲ့စာအုပ်စာတမ်းတွေနဲ့ အကိုးအကားနဲ့ ချပြပေးပါမယ် ။ ဘာမှလဲ သိပ်အရင်းအနှိးကြိးကြိးမလိုအပ်ပါဘူး  ။  ခင်ဗျားတို့ မှာလဲ  ဥိးဏှောဏ်ကောင်းတွေရှိပါတယ် ။  ခိုးဖို့ ..အထက်ကပ်ဖို့ လတ်ထိုးရာထူးတက်ဖို့ ဘဲ စဉ်စားနေကြတာတွေ ရပ်တန်းပြိး  တီထွင်ကြံဆကြံဆကြပါအု့းဘဲ  ပြောလိုပါတယ် ။
 
နောက်ဆုံးအနေနဲ့   ကျနော် တကယ်ကြုံခဲ့ နားလည်ခဲ့တဲ့ဥပမာလေးကို  စာဖတ်ပရိတ်သတ်အပေါင်းကော..န.အ.ဖ ကိုပါမျှဝေလိုပါတယ် ။ တခြားမဟုတ်ပါဘူး...မြတ်စွာဘုရားရှင်ရဲ့   မေတ္တာကိုလက်ကိုင်ပြုထားရင်...အာဏာလက်နက်ကို ကိုင်စရာမလိုပါဘူးဘဲပြောချင်ပါတယ်
 
ကျနော်၂၀၀၂ နစ်ကုန်မှာထောင်ကလွှတ်လာတော့....လှည်ကူးမြို့ နယ်  ငါးဆူတောင်ကျေးရွာမှာ....အိမ်ခြံလေးရှိတော့...ထောင်ကလွှတ်စ...ရန်ကုန်မှာဆေးခန်းဖွင့်ဖို့ ..အခန်း၎ားပါတယ် ။  ကြော်ငြာထဲပါလို့ ၎ားပါတယ် ။ ပထမနေ့ အိုကေပေါ့ ။ ပိုင်ရှင်က ၀မ်းပမ်းတသာ..နောက်နေ့  စာချုပ်ဖို့ သွားရင်..( အမက..အမေက...ပြန်လာပြိး နေမှာမို့  ) နဲ့ အကြောင်းပြ  ဖျက်ပါတော့တယ် ။  တအိမ်ဆို  စရံပါပြန်လျှော်ရှာပါတယ် ။ ကျနော်မယူပါဘူး  ။  အဲဒီငွေမျိုးကျနော်မစားရဲဘူး  ။ သူများဆီက မသထာဘဲရတဲ့ငွေ မျိုးကိုကြောက်တယ် ။ ပြန်ထွက်ရင်...အဆိုးဖက်ထွက်တတ်ပါတယ် ။  အဲဒီအိမ်တွေဟာ...နောက်ရက်တွေမှာလဲ  ကြော်ငြာတွေထဲ ထဲ့ထားပါတယ် ။ ကိုမောင်မောင်းဝမ်းပြောတဲ့  ဘ၀ပျက်ရေးစီမံကန်းပါ ။ သူတို့ လို အတ္တစိတ်ထားရင်  တနစ်အတွင်းတိုက်ကြးကားကြးတွေ ပိုင်စေ၇မယ်ဆိုသူတွေက...ဆေဒခန်းဖွင့်ဖို့ အခန်းတောင် ၄ားမရအောင်ယုတ်မာပါတော့တယ် ။
 
အဲဒီမှာ ငါးဆူတောင်သွားပြိး  ၀က်မွေးပါတယ် ။  မိတ်ဆွေတွေ...ယောက်မခတွေက ၀က်အထိးမွေး ( အသားတိုမွေး ) ပြိး ၀က်သတ်သမားဆီရောင်းဖို့  ဘဲ အတင်းတိုက်တွန်းဘကပါတယ် ။ ကျနော်က ၀က်မကြာခဏမွေးဖူးပါတယ် ။ ကျနော် ၀က်အသားတိုးမွေးတာ စိတ်တော်တော်ထိခိုက်လို့ပါ ။ အဲဒီတော့ အမ ဘဲမွေးပါတယ် ။ သူတို့ က  အမတွေက ၀က်ပေါက်ရင်..၁၂ ကောက်ပေါက်ရင်..ခြောက်ကောင်တင်ရင်..အိုကေတယ်ပေါ့ ။ ရှစ်ကောင်ဆိုရင်အမြတ်ထွက်တယ်ပေါ့..။ ရှစ်ကောင်တင်ဖို့ မလွယ်ကြောင်း..စေတနာနဲ့ တားကြပါတယ် ။
 
ကိုဝင်းမြင့်ဆိုသူ  ( တရုတ်လူမျိုး ) မှာ ၀က်သားဖေါက်ခြံရှိပါတယ် ။  အကောင် တရာကျော်မွေးထားသူပါ ။  သူကလဲ  စေတနာနဲ့   ၀က်မ- မမွေးဖို့ တားပါတယ်  ။ တခါ နစ်ရပ်ကွက် ( ရပ်ကွက်-၂ ) ဘက်မှာ...တရုတ်လုပ်ငန်းရှင်တွေမွေးထားတဲ့ ဧရာမ ခြံကြိးရှိပါတယ် ။  လူစိမ်းတွေ ၀င်ကြည့်ချွင့်မရှိပါ ။ ကျနော်က ကိုဝင်းမြင့်အကူနဲ့  ၀င်ကြည့်ခွင့်ရခဲ့ပါတယ် ။ သူတို့ က တရုတ်စာအုပ်ကြိးတွေနဲ့ ..တိုင်ဝမ်က သင်တန်းဆင်းလားသူတွေလို့ ဆိုပါတယ် ။
 
ကျနော် ၀က်မတွေ ဘဲ မွေးပါတယ် ။  ကျနော်ဝက်မကြိးတွေ သားမွေးတော့...သူတို့ အားလုံး  ကျနော်ကိုလာပြိး  ဆရာတင်မေးမြန်းကြရပါတယ် ။ ကျနော်ဝက်မကြိးတကောင်က..နို့ တိုင် ( ၁၄  ) တိုင်ပါပါတယ်..ပေါက်တော့..( ၁၅ ) ကောင်ပါ ။ နစ်လနေတော့  အဲဒီ ( ၁၅ ) ကောင်းစလုံးရှင်တယ် ။ သန်မာတာလဲ ..အားလုံးက တဆိုဒ်ထဲ ။ နောက်တကောင်ထပ်ပေါက်တယ် ။  နို့ တိုင် ( ၁၂ ) တိုင်..ပေါက်တော့ ( ၁၃ ) ကောင်...( ၁၃ ) ကောင်စလုံးရှင်တယ် ။ ကျနော်ဝက်မကြိးလေးကောင်ပါ  ။
 
အဲဒီမှာ..ကျနော်သူတို့ ဝက်မတွေပြုမူနေတာတွေကို  လက်တွေ့ လိုက်ပြလိုက်ပါတယ် ။ သူတို့ တွေဟာ တိုင်ဝမ်သင်တန်းဆင်တွေ  ၀က်တွေထောင်ချီမွေးနေပေးမဲ့ ..၀က်တွေမှာ  ခံစားချက်ရှိတယ်...လူလို  ခံစားချက်..စိတ် ကို ထဲ့မစဉ်းစားကြပါဘူး ။ တိရိဆန် ရဲ့ စိတ်ခံစားချက်ကို ထဲ့တွက်စရာမလိုလို့  တွက်ထားကြသူတွေပါ ။
 
ကျနော်လက်တွေ့ ပြချက်ကတော့..ကျနော် ၀က်မကြိးတွေ.. ကိုယ်ဝန်ရင့်မာနေချိန်မှာ....ကျနော်က သူတို့ ကို..လှဲသိပ်ပြီးကျောကိုပွတ်သပ်ပေး...မုံလာဥ..ကဇွနါ်းရွက်လေးကိုပါးစပ်ပေါက်အထိ  ခွန့် ကျွှေးပါတယ် ။  ကြင်ကြင်နာနာ  ယုယုယယ ပြုစုပေးပါတယ် ။  သမိးကြိး  သမိးလေး နဲ့ ကြင်ကြင်နာနာ ခေါ်ဆိုပါတယ် ။ ၀က်မကြိးသားပေါက်ချိန်  လူက ၀င်ကူပေးရပါတယ် ။  အဲဒီအချိန်မှာ  ကျနော်က တခြားသူ..ကို အ၀င်မခံဘဲ တယောက်ထဲ ၀က်မကြိးကို ကိုင်ပါတယ် ။  ၀က်မကြိးဆိုတာ...မိခင်စိတ်တအားပြင်းထန်နေချိန်...သူ့ ကလေးကို သူစိတ်အချရဆုံးလူနဲ့ ဆို..အသာတကြည့် လက်ခံတယ် ။ .၀က်ကလေးတွေအော်ရင်  ၀က်မတိုင်းက  ( ဂေါ..ဂေါနဲ့  ) ရုံးထတော့တာ..မိခင်မေတ္တာလေ  ။ 
 
သန်းရွှေမြေးလေးကို  ငယ်ငယ်က ဗိုလ်မှုးတွေ  ဗိုလ်ကြိးတွေ ထိမ်းကြရပါတယ် ။  ဒီကောင်လေး မှောက်လဲလို့  ဒူးကွဲရင်..မှာကို..အဲဒီဗိုလ်မှုးတွေ  သေမလောက် ပူပန်ကြရတာ  ။  သူတို့ ကို  ဗောဓိတစ်ထောင်ဆရာတော်က  မေးထားလို့ ..သူတို့  ရင်ဖွင့်တာတွေပါ ။
 
အဲဒီလို သူစိတ်အချရဆုံး..အခင်မင်ဆုံးလူ သူ့ ကလေးတွေကိုင်ပေးနေတော့..၀က်မကြိးက စိတ်ချလက်ချနဲ့  ဗိုက်ထဲမှာကျန်တဲ့..သားလေးတွေကို..ဘာဆေးမှထိုးပေးစရာမလိုဘဲ..အပူအပင်ကင်းကင်းနဲ့  ဟော..တကောင်  ဟောတကောင်..မွေးလိုက်တာ..သူလဲမပင်ပန်း...ပြိးနို့ တွေ တိုက်တော့တာပါဘဲ ။ သူ စိတ်မပူပင်ရ..သားဇောနဲ့   ဒေါသမထွက်ရတော့..နို့ ထွက်ကလဲကောင်းတော့  ၀က်သားလေးတွေ  လုံးတစ် ၀တိုနေကြတော့တာပါဘဲ ။
 
အားလုံး တဆိုဒ်ထဲ ရဖို့ ဆိုတာ ၀က်မွေးဖူးသူတိုင်းသိကြပါတယ် ။ အင်မတန်ခက်ပါတယ် ။
 
အဲဒီမှာ ကိုဝင်းမြင့်ကို  သူခြံမှာဝက်ပေါက်တော့  ခေါ်သွားပါတယ် ။ သူကလဲဝက်ပေါက်ရင် ကိုယ်တိုင် စီမံချင်တာလေ ။  အဲ  သူက ၀က်ကို မွေးတာ စိးပွားရေးတွက်မွေးတာ ။  ၀က်တွေအပေါ် ခင်မင်စိတ်ထားရမှန်းမသိဘူးလေ ။  ၀က်မကြိးတွေက အစားကျွှေးရင်..နားရွက်ခတ်တော့ လူကိုပေတယ်  စင်ကျန်ကုန်တတ်တယ်လေ ။  အဲဒီအခါသူက ၀က်တွေကို ရိုက်..သူတပည့်ကလဲ ရိုက်ဆိုတော့..သားမွေးချိန်မှာ...မိခင်ဇော..သားဇော  နဲ့ ကျတော့  ၀က်မကြိးက  သူ့ ကို ရက်စက်သလို...သူ့ သားလေးတွေကို  ချတော့မယ်  တွက်ထားပြိးလေ ။ အဆိုးဆုံးက ကိုဝင်းမြင့်အသံကြားတာနဲ့  ၀က်မကြိးတကောင်ကဆို ခြံခုန်ထွက် လိုက်တော့တာ  ။
 
နောက်တော့ သူတို့ ကျနော်နည်းကို ကျင့်သုံးလာပါတော့တယ် ။ နောက် ကျနော် ထိုင်းဘက်ထွက်ခါနီးတော့ ကျနော် ၀ကိမကြိး နစ်ကောင်ကို  ( မွေးစားညီ ) ကိုပေးလိုက်ပါတယ် ။  သူကလဲ လက်ကြမ်းတော့  အဲဒီဝက်မကြိးကလေးတွေ  မွေးအပြိး ၀က်မကြိးက နို့ မချပေးလို့ ..၀က်ကလေးတွေ ..တပတ်အတွင်း အကုန်သေကုန်ပါတယ် ။
 
ဝက်မကြိးက တခြားတိရိဆန် နဲ့ ကွာတာက...၀က်ကလေးတွေဟာ..သူတို့  တခါစို့ ဘူးတဲ့ နို့ တိုင်ကို..(  အသေ  ) မှတ်ထားပါတယ် ။ အခြားတကောင်က သူနို့ တိုင်ကို ဥိးထားရင်အတင်းအော်နေတော့တာ  ။ လုနေကြတာ ။ အဲဒါဆို ၀က်မကြိးက နို့ ကို လုံးဝချမပေးပါဘူး ။ အားလုံး ကိုယ့်နို့ တိုင်ကို နေ၇ာမှန်ရသွားရင်..၀က်ကလေးတွေအော်သံက ပြောင်းသွားပါတယ်  ။  အဲဒီကျမှ ၀က်မကြိးက..( ဂူး  ဂူး ) အသံပြိုပြိးနို့ ချပေးပါတယ် ။  ၀က်ကလေးတွေလဲ...တပြွှတ်ပြွှတ်နဲ့ စို့  ကြရပါတယ် ။  အဲဒီလိုဘဲ  သူ စိတ် မချရင်..မလုံခြုံဘူး  ခံစားရရင် နို့ မချတော့တာပါဘဲ ။ ၀က်ကလေးတွေ ကြိုက်သလောက်စို့   သူကချမပေးရင် တစက်မှ မကျပါဘူး  ။
 
န.အ.ဖ ကို ပြောလိုပါတယ် ။  မြန်မာနိုင်ငံဟာ..( ထေရ၀ါဒ  ) အထွန်းကားဆုံး နိုင်ငံပါ ။ ထေရ၀ါဒ ဟာ မေတ္တာတရားပေါ်မှာ  အဓိက ပြုပါတယ် ။ တနည်းမြန်မာတွေဟာ မေတ္တာတရားကို..လေ့လာတယ်  ။ ကျင့်ကြံကြတာအများစုပါ ။ တနည်းမေတ္တာကို  ခံစားနိုင်အားသိပ်ကြိးမားသူတွေပါ  ။  တနည်း မေတ္တာ အတုနဲ့ ညာလို့ မရတဲ့ လူမျိုးပါ ။ ကိုယ်အပေါ်တဖက်သားဘယ်လို သဘောထားတယ်ဆိုတာကို...မြန်မာတွေက ..ခံစာနိုင်အား (  SENSE ) လုပ်နိုင်စွမ်းအားမြင့်တဲ့လူမျိုးဆိုတာကို..နိုင်ငံကိုအုပ်ချုပ်သူတွေ  အခြေခံအဖြစ် သိထားဖို့  (  လုံးဝ ) လိုအပ်ပါတယ် ။
 
အခုကျနော်ဟာ  Australia နိုင်ငံကို အမြန် ရောက်ခဲ့ပါတယ် ။  န.အ.ဖ ကျေးဇူးကြောင့်..သေဘေးက လက်တလုံးခြားလွတ်လာပြိးရောက်ခဲ့ရတာပါ ။  မလေးရှားထောက်လှမ်းရေးပေးတဲ့အသက်ဘဲရှိပါတော့တယ် ။  ကျနော်မလေးရှားထောက်လှမ်းရေးတွေရဲ ကျေးဇူးကို အမြဲ မေတ္တာမျှဝေပါတယ် ။
 
ကျနော် ဒီမှာ...မူကြိုကျောင်းမှာ...သင်တန်းခြောက်လတက်ပြိး ( Certificate- 3 ) နဲ့  မူကြိုကျောင်းမှာ ကျောင်းဆရာလုပ်နေပါတယ် ။ ကျနော်လုပ်တဲ့ကျောင်းက..ဆေးရုံကြိးက ၀န်ထမ်းတွေရဲ့ မိသားစုတွေကိုဘဲ လက်ခံပါတယ် ။  ထု့းစံအတိုင်း..မိဘတွေက ချမ်းသာ...ဆရာဝန်..သူနြာု့ကလေးတွေ...တဥိးထည်းတွေကများများ....ဒီမှာက ဆူ..အော်ငေါက် လုပ်ခွင့်က လုံးဝမရှိပါ ။
 
ကျနော်ကလဲ အော်ငေါက်တာကို  လက်မခံတဲ့သူပါ ။ အဲဒီမှာ..နဲနဲဆူတတ် အော်တတ်သူတွေ နဲ့  တကယ့်  ဆိုးပေ့ဆိုတာတွေ ကြုံရင်...ဆရာမတွေ  လက်မြောက်ကြရတော့တာပါဘဲ ။  မိဘတွေ ခေါ် နစ်ဘက်ညှိနိုင်းကြရပေါ့  ။ တကြိမ်တော့  တကယ့်အော့ကျောအလန်ဆုံး ကျောင်းသား ကို မနိုင်ကြတော့ဘူး  ။ ဘာလုပ်ရမှန်းမသိဖြစ်နေကြပါတယ် ။
 
ကျနော်ကလဲ လူသစ်....အာရှလူမျိုးဆိုတော့ အထင်ကကြိးစရာမရှိ ။ ကြားထဲ..ကျန်ဆရာ..ဆရာမတွေအားလုံးက..အနိမ့်ဆုံး..( Diploma  ) ဒီပလိုမာ ရှိကြတာ ။ ဘွဲ့ ရတွေ..ဘွဲ့ လွန်တွေနဲ့ ချည်းပါ ။ လုပ်သက်က ၂၅ နစ်..၃၀ တွေပါရှိတယ် ။ နောက်ဆုံး  ကျောင်းအုပ်ကို ကျနော်က..အဲဒီကလေး..(  န့မည်ပြောခွင့်မရှိပါ  ) ( J  ) ကို ကျနော် နစ်ပတ်လောက် ကြိုးစားပြုပြင်ခွင့်ပေးပါတောင်းဆိုလိုက်ပါတယ် ။ သူကလဲ ဘယ်လိုမှမတတ်နိုင်တော့လို့ စမ်းကြည့်ပါ  ။ ခွင့်ြု့ပုပါတယ် ။
 
ကျနော်က သူ့ ကိုသူ့ မိသားစုတွင်း  ခံစားချက်လေးတွေမေးတယ် ။ သူငယ်ချင်းလို ဆွေးနွေးလိုက်တာ...တနာရီလောက်ဘဲ ကြာပါတယ် ။ ဒီခြောက်နစ်သားလေးဟာ..( ဂ-ငယ်ကွေ့ ..U-  TURN ) လုပ်သလိုကိုပြောင်းသွားပါတယ် ။ မေတ္တာ ထားပြိး သူ ခံစားချက်လေးတွေကိုနားထောင်..သူကောင်းတာလေးတွေက ဘယ်လို..ငါမင်းကျောင်းကြိးရောက်သွားရင် မင်းကို အမြဲအမှတ်ရနေမှာ စတာတွေဘဲ ပြောလိုက်တယ် ။ ဒီကကလေးတွေ ငါထိမ်းရတာ..နဲနဲခက်တယ် ။ မင်းကိုသူတို့  စံနမူနာ ထားတော့ ငါ့ကိုကူညီပါ စတာတွေဘဲပြောလိုက်ရပါတယ် ။  သူဟာ တနစ်တခါ အခုကျန်ေဆီကိုလာတွေ့ ပါတယ် ။ သူတယောက်ဘဲလာတွေ့ ပါတယ် ။  အခုအထိလဲလိမ်မာသွားပါတယ် ။
 
ကျောင်းအုပ်ကြိးကော..တခြားဆရာဆရာမတွေကော..မိဘတွေကပါ.. (  Billy...it's a MAGIC  ) လို့ ကိုပြောယူလာကြရပါတယ် ။ ကျနော်လဲ အဲဒီကနေ ( ထန်းတက်လက်မှတ်ရလိုက်တာ..) ဒီကျောင်းမှာ..permanent ရဖို့ က အနိမ့်ဆုံး...Diploma ရထားဖို့ သတ်မှတ်ချက်ကို..ကျနော်အတွက်  ဒါရိုက်တာဘုတ်အဖွဲ့ က ( ချွှင်းချက်နဲ့   ) ကျနော်တဥိးထဲ..ဒီပလိုမာမရှိဘဲ...Permanent ခန့် ပေးပါတယ် ။
 
အဲီးထန်းတက်လက်မှတ်နဲ့   အခုအထိ ကျနော်က တခြားဆရာဆရာမတွေ ကိုင်လို့ မရတဲ့သူတွေကို  နစ်စဉ်ကိုင်ရပါတယ် ။  အဲဒီဆိုးပေ့တွေကလဲ..ကျနော်မှကျနော်...တခြားသူတွေကလဲ..အဲဒီကလေးတွေ  ငိုအော်သောင်းကျန်းရင်..ကျနော်ကိုရှာ..ကျနော်တခွန်းလေးပြောလိုက်တာနဲ့ ...ပြေလယ်သွားပါတယ် ။ ကျနော် လက်သုံ့းကတော့...My  good lovely  boy ပါဘဲ
 
ကျနော် န.အ.ဖ ကို ပြောလိုတာကတော့...မြန်မာနိုင်ငံသားတွေ ဘ၀ တိုးတက်စေချင်တဲ့ တကယ့် စေတနာ အရင်းခံ ပြမယ်ဆိုရင်  ကျနော်ပြန်လာပြိး  ကူညီပါ့မယ်ဆိုတာပါဘဲ ။
 
ကျနော်တို့ နိုင်ငံကြိးမှာ..တခြားနိုင်ငံတွေနဲ့ မတူတဲ့ ..လူအရင်းအမြစ်..သဘာဝ အရင်းအမြစ်တွေရှိပါတယ် ။  တကယ့်စေတနာ မှန်ရှိရင်...နစ်ပိုင်းအတွင်း..အနိမ့်ဆုံး လုပ်ခကို..တနေ့ ..၃..၄ ဒေါ်လာ ပေးနိုင်ပြိး နိုင်သားတွေ ကြွယ်ဝလာရင် အလုပ်တွေဟာ ..ကိုင်းကျွှန်းမှီ..ကျွှန်းကိုင်းမှီ ဆင့်ကဲဆတင့်ကဲ ပေါ်လာပါမယ် ။ နိုင်ငံတော်ကြိးလဲ ငြိမ်းချမ်းသာယာလာစေရပါမယ် ။
 
သန်းရွှေ တခါတခါ စိတ်ကူးယဥိတတ်တဲ့..သာလွန်မင်းတရားကြိးဝင်စားတာ...ဆိုတာ..သာလွန်မင်းတရားကြိး  ရဲ့ ထင်ရှားလှတဲ့ ဥပဒေကြိးကိုဘဲ ပြန်လေ့လာပါအုံး တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။
 
နောက်တပတ် ဆောင်းပါးမှာ  သာလွန်မင်းတရားကြိးအကြောင်းနဲ့   သာလွန်မင်းတရာကြိးနဲ့ ခေတ်ပြိုင်...အိန္ဒိယ နိုင်ငံက နိုင်ငံတော်ကိုအကြွှယ်ဝစေဆုံ့း ဘုရင်ကြိး နစ်ပါး နိုင်းယှဉ်ချက် ဆောင်းပါးရေးပါမယ် ။ 
 
ဒေါက်တာလှိုင်မြင့်

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

2011-01-07
ဒီတပတ် ဇန်နဝါရီလ၇ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ ကိုထွေး (ပြင်သစ်)၊ ကိုထွေးလေး (ရန်ကုန်)၊ ဦးခင်မောင်စိုး (မန္တလေး)၊ မသွယ်သွယ်ဇော် (မလေးရှား)၊ ကိုနောင်နောင် (ဂျပန်)နဲ့ မမြကြေးမုံ (နော်ဝေ) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဇန်နဝါရီ ၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃၁ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃၁)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ် နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ် အမေးအဖြေ အစီအစဉ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။ အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org ဖြစ်ပါတယ်။ မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ABMA ဂျာနယ်ကို အတွဲ( ၂ )၊အမှတ်( ၁ )

ABMA Journal Volume 2 No 1

ဒေါ်အောင်ဆန်းစုကြည်အတွက် စာရင်းတင်သွင်းထောက်ခံကြစို့ ၊