Sunday, January 9, 2011

ငွေမာဈေးနှုန်းနှင့် ပြည်ပပို့ကုန်မှရငွေ ကျဆင်းမှုဖြစ်ပေါ်နေ

ငွေမာဈေးနှုန်းနှင့် ပြည်ပပို့ကုန်မှရငွေ ကျဆင်းမှုဖြစ်ပေါ်နေသော ဈေးကွက်ဆိုင်ရာ အခင်းအကျင်းများက ထုတ်လုပ်မှုအား ထိခိုက်နိုင် သောကြောင့် ကုန်သွယ်ရေးမြှင့်တင်နိုင်မှု ပြုလုပ်ရန်လိုအပ်နေ PDF Print E-mail
6155
လတ်တလောတွင် အမေရိကန် ဒေါ်လာဈေးကျဆင်းမှု နှင့်အတူ ပြည်ပပို့ကုန်မှရငွေ (earning) ကျဆင်းနေမှုတို့ကြောင့် ထုတ်လုပ်မှုလုပ်ငန်းများကိုပါ သက်ရောက်မှုများ ရှိလာနိုင်ကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးဆိုင်ရာ အခင်းအကျင်းများကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ရန်မှာ ကုန်သွယ်ရေး မြှင့်တင်ရေးနှင့် လျင်မြန်ချောမွေ့အောင် ပြုလုပ်နိုင်ရေးတို့မှာများစွာ အရေးပါနေကြောင်း စီးပွားရေးပညာရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။
"အခုတလော အမေရိကန်ဒေါ်လာဈေးတွေ အရမ်းကျနေတော့ ပို့ကုန်လုပ်ငန်းရှင်အများစု အရှုံးပေါ်တဲ့ အချိန်ရောက်နေတဲ့အတွက် မပို့နိုင်တဲ့အခါ ထုတ်လုပ်မှုပိုင်းကိုပါ သွားပြီးတော့ ထိခိုက်နိုင်ပါတယ်။ ဒီနှစ်ဆိုရင်ဒေါ်လာဈေးကျတော့ ဆန်သမားတွေက သိပ်မပို့နိုင်တော့ဘူး။ ငွေပြန်ဖော်ရင် ရှုံးမယ့်အတူတူ မပို့ဘဲနဲ့ နေကြတာတွေရှိတယ်။ ဒီကြားထဲ မနနြခအ ထိလို့ မပို့ရတာတွေလည်းရှိ တယ်။ နောက်တစ်ခုက ပဲဆိုရင်လည်း အခုပေါ်တော့မယ်ဆိုပေမယ့် ဈေးသိပ်မရှိဘူး။ ပဲထွက်တဲ့အချိန်မျိုး အိန္ဒိယက အ၀ယ်မလိုက်တာပဲဖြစ်ဖြစ်၊ ဒေါ်လာဈေးထပ်ကျလို့ပဲဖြစ်ဖြစ် ဒီနှစ်ခုပေါင်းဆုံမိသွားရင် ထုတ်လုပ်မှုကို ထိခိုက်နိုင်တယ်။ ဈေးမကောင်းရင် ၀ယ်တဲ့သူက တောင်သူဆီကဈေး နှိမ်ပြီးဝယ်မယ်။ အဲဒီတော့တောင်သူ အထိသွားပြီး သက်ရောက်မှုရှိတယ်။ တောင်သူလက်ထဲမှာရှိတဲ့ ပစ္စည်းက တန်ဖိုးမရှိတော့ရင် နောက်နှစ်သူတို့ ထပ်စိုက်ဖို့ ခွန်အားရှိမှာ မဟုတ် တော့ဘူး။ အဲဒီတော့ လတ်တလော ဖြစ်နေတဲ့ အနေအထားက ထုတ်လုပ်မှု အပိုင်းကို သက်ရောက်မှုရှိနိုင်ပါတယ်"ဟု စီးပွားရေးပညာရှင်တစ်ဦး က ပြောကြားခဲ့သည်။
"အမှန်အတိုင်းပြောရရင် မြန်မာနိုင်ငံမှာ အသေးစားလုပ်ငန်းတွေကလည်း အားယူတုန်းပဲရှိသေးတယ်။ တချို့ပစ္စည်းတွေဆိုရင် ပြည်တွင်း မှာထုတ်တာထက် ပြည်ပကနေ၀ယ် ယူတင်သွင်းတာကပိုပြီးတော့တောင် ဈေးသက်သာပါသေးတယ်။ လတ်တလော ပြည်တွင်းမှာ ရှင်သန်ဖို့ရုန်း ကန်နေရတဲ့အချိန် အသေးစားစက် မှုလက်မှုလုပ်ငန်းကနေပြီး ပြည်ပ ငွေရှာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင် သေးပါဘူး။ ပို့ကုန်ကိုပဲဦးစားပေးရမှာပါ။ အထူးသဖြင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်း၊ ရေထွက်ကုန် ပစ္စည်းတွေကို နှစ်စဉ်အားထားနေရတာပါပဲ။ ဒီငွေတွေက ပဲပို့ကုန်လုပ်ငန်းရှင်တွေ လက်ထဲကနေ ထုတ်လုပ်သူတွေလက်ထဲကို ပြန်ရောက်သွားတယ်။ အခုတော့ ရေထွက် ပစ္စည်းတွေရော၊ စိုက်ပျိုးရေးထုတ် ကုန်ပစ္စည်းတွေရောဈေးကျနေတယ်။ ဒီပုံစံအတိုင်း ဘယ်လောက်ရပ်တည် နိုင်မှာလဲမသိဘူး"ဟု လုပ်ငန်းရှင် တစ်ဦးကပြောပြခဲ့သည်။
"အခု အမေရိကန်ဒေါ်လာဈေး ကျနေတာ ကျပ် ၈၂၀ ၀န်းကျင်ပဲ ရှိပါတယ်။ ပြည်ပပို့ကုန်ရငွေကတော့ ကျပ် ၉၀၀ ၀န်းကျင်လောက်ရှိတယ် ဆိုပေမယ့် တချို့ကုန်သည်တွေတောင် Local ဘက်ကိုလှည့်နေကြ တယ်"ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦး က ပြောပြခဲ့သည်။

Export Promotion တွေလုပ်ပေးနိုင်ဖို့ လိုပါတယ်။ ဒါနဲ့အတူ SMEs Development ကိုလည်း သွားရမှာပါ။ ပြီးတော့ ပို့ကုန်မှာ အခွန် ၁၀ ရာခိုင်နှုန်း ဖြတ်နေသရွေ့ trade facilitation မရှိတော့ပါဘူး။ ဒါတွေကို ဖြေလျော့ပေးမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ
လက်ရှိ အနေအထားအရ ပို့ကုန်တင်ပို့မှု အားနည်းနေသေးသည့် အတွက် ကုန်သွယ်ရေးမြှင့်တင်နိုင်မှုကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေကြောင်း စီးပွားရေးပညာရှင်များ က သုံးသပ်ကြသည်။
"Trade Promotion လို့ပြောတာနဲ့ Trade Facilitation ကိုပါ စပြောရတော့မှာပါ။ တကယ်တော့ နိုင်ငံတကာကုန်စည်ပြပွဲတွေ သွားပြီး ပြရုံလောက်နဲ့တော့ Trade Promotion လို့ပြောလို့မရပါဘူး။ ဒါကဈေး ကွက်ရှာတဲ့ သဘောလောက်ပဲရှိမှာပါ။ ကုန်သွယ်ရေး လျင်မြန်ချောမွေ့အောင် လုပ်ဆောင်ပေးနိုင်တဲ့အပိုင်းက အများကြီးအဓိက ကျလာပါတယ်။ ဥပမာ ကုန်သွယ်ရေးမှာ Licensing System ဆိုတာ နိုင်ငံအတော်များများမှာ မရှိတော့ပါဘူး။ ကမ္ဘောဒီးယား နိုင်ငံလို အစစအရာရာကန့်သတ်ပြီး တင်းကျပ်ထားတဲ့ နိုင်ငံမှာတောင် ပို့ကုန်ကိုတင်ပို့မယ်ဆိုရင် လိုင်စင်ကို နောက်မှလျှောက်ရတဲ့စနစ်ကို လုပ်ပြီး ပို့ကုန်ကိုအရင်ပို့ခိုင်းပါတယ်။ ဒါက ဖြေလျော့ပေးမှုတစ်ပိုင်းပါ။ လက်ရှိ အနေအထားက ကုန်သည်တွေဘေး ထွက်ထိုင်နေတဲ့ အနေအထား ဆိုတော့ အခြားဖြေလျော့ပေးမှုတွေနဲ့ အတူ ဘဏ်တွေချင်း ချိတ်ဆက်ဆောင်ရွက်မှုတွေ ပြုလုပ်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်" ဟု Asia Development Research Institute မှပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
"လတ်တလောမှာ ပြည်တွင်းမှာ ထုတ်တဲ့ထုတ်ကုန်တွေက ပြည်ပက ၀ယ်ယူတင်သွင်းတာထက်ဈေး မြင့်နေတတ်ပါတယ်။ အခွန်နှစ်မျိုး ဖြစ်နေတာနဲ့လည်း ဆိုင်ပါတယ်။ ဒါ ကြောင့် အပြင်ကဆက်ပြီး သွင်းနေရတုန်းပါပဲ။ ဒါပေမယ့် လိုင်စင်လျှောက်တာ အပါအ၀င် သင်္ဘောတင်တာက နှစ်လကနေသုံးလအထိ ကြာတတ်ပါတယ်။ လိုင်စင်ကတော့ တစ်ပတ်လောက်ပါပဲ။ အဲဒီအတွက် သုံးလကြာတဲ့ပစ္စည်းကို တစ်လနဲ့လိုချင်တဲ့အခါ စင်ကာပူဘဏ်ကနေ တစ်ဆင့် account တစ်ခုထပ်ဖွင့်ရပါတယ်။ အဲဒီတော့ နှစ်ရင်းရင်းရတဲ့သဘော ရှိတယ်။ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အနေအထားကတော့ တစ်မျိုးပါ။ ဥပမာ LC ဖွင့်တယ်ဆိုတာ ယုံကြည်မှုနဲ့ လုပ်ကြတာပါ။ ကိုယ်က LC  ဖွင့် တာနဲ့သူ့ account ထဲကို ငွေရောက်သွားပြီဆိုပေမယ့် သင်္ဘောတင်ပြီး ပစ္စည်းရောက်မှ ဘဏ်ကထုတ်ပေးတာမျိုး ဆိုတော့ Letter of Credit ကို ဖွင့်ပေးတာပါပဲ။ တကယ်လို့ ပစ္စည်းဈေးကျလို့မရွေးဘူးဆိုရင်လည်း ဒါကိုဘဏ်က သိမ်းလိုက်လို့ ရတယ်။  စာရွက်စာတမ်းတွေရော၊ သင်္ဘောရောရောက်မှ စစ်ဆေးပြီးငွေ လွှဲပေးတာပါ။ ဘဏ်က စိုက်ပေးတဲ့ သဘောဆိုပေမယ့် တကယ်တော့ စိုက်ပေးထားတာမျိုးမဟုတ်ပါဘူး။ ယုံကြည်မှုနဲ့လုပ်ကြတဲ့သဘောတွေ ပါတယ်ဆိုတော့ ဒီလိုမျိုးဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လွယ်ကူချောမွေ့အောင် လုပ်ပေးနိုင်တယ် ဆိုရင်လည်း လုပ်ငန်းရှင်တွေအတွက် ကောင်းပါတယ်"ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှတာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။
"ဥပမာ ပြည်ပကိုဆန်ပို့တယ် ဆိုပါတော့ ဆန်အတွက်ကတစ်ရင်း ရင်းရပါတယ်။ ပြီးတော့ စင်ကာပူ ဘဏ်မှာ စာရင်းဖွင့်ရတယ်။ ပြီးတော့ ဒီကို TT (Telegraphic Transfer) နဲ့ ပြန်လွှဲရတယ်။ ဒီတော့ နှစ်ရင်း ဖြစ်သွားတယ်။ လုပ်ငန်းလည်ပတ်တဲ့ နေရာမှာလည်း အကန့်အသတ်တွေ ရှိလာပါတယ်"ဟု ၎င်းက ဆက်လက်သုံးသပ်ပြခဲ့သည်။
"တိုင်းပြည်ရဲ့ စီးပွားရေးက export ပေါ်မှာ အများကြီးမူတည်ပါတယ်။ GDP တက်တိုင်းလည်း စီးပွားရေးချောင်လည်တယ်လို့ ပြောလို့မရပါဘူး။ ပုံမှန်အားဖြင့်တော့ FDI ၁ ရာခိုင်နှုန်းတက်တိုင်း GDP  က ၀ ဒသမ ၂၁ ရာခိုင်နှုန်းတက်ပါ တယ်။ ဒီလိုပဲ ပြည်ပပို့ကုန် ၁ ရာ ခိုင်နှုန်းတက်တိုင်း GDP  က ၀ ဒသမ ၈၆ ရာခိုင်နှုန်း တက်ပါတယ်။ ဒါက သူတို့နှစ်ခုရဲ့ ပတ်သက်ဆက်နွယ်မှုပါ။ ဒါပေမယ့် တချို့နိုင်ငံတွေကျတော့လည်း GDP  ခေါင်မိုးပေါ် တက်နေပေမယ့် FDI  က မြေကြီးထဲကို ရောက်နေတာမျိုးလည်း ရှိပါတယ်။ နောက်ပြီးတော့ FDI  တက်တယ်ဆိုတာလည်း Registered Capital ကို ယူလို့မရပါဘူး။ နောက်ဆုံးကတော့ တိုင်းပြည်စီးပွားရေးကောင်းဖို့ ပြည်ပ ပို့ကုန်က မောင်းနှင်အားတစ်ခုပါ။ Export Promotion တွေလုပ်ပေးနိုင်ဖို့ လိုပါတယ်။ ဒါနဲ့အတူ SMEs Development ကိုလည်း သွားရမှာပါ။ ပြီးတော့ ပို့ကုန်မှာအခွန် ၁၀ ရာခိုင်နှုန်းဖြတ်နေသရွေ့ trade facilitation မရှိတော့ပါဘူး။ ဒါတွေ ကို ဖြေလျော့ပေးမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ"ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
လက်ရှိအချိန်တွင် လွှတ်တော်ခေါ်ရန် ရက်ပေါင်း ၂၂ ရက်ဝန်းကျင်သာ လိုတော့သောကြောင့် ယင်းကဲ့သို့ ပြည်ပပို့ကုန်၊ သွင်းကုန်များနှင့် ပတ်သက်သော အခွန်ဖြေလျော့ပေး နိုင်မှုများအားလည်း မကြာမီပေါ် လာတော့မည့် လွှတ်တော်တွင် တင်ပြဆွေးနွေးရန် ရှိသည်ဟုလည်း ကြားသိရသည်။
ယနေ့ခေတ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံ တချို့တွင် သယ်ယူပို့ဆောင်မှု ကုန်ကျ စရိတ်များပြားခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ စာရွက်စာတမ်း လိုအပ်ချက်များပြားခြင်း၊ အကောက်ခွန်နှင့် အကောက်ခွန်မဟုတ်သော အတားအဆီးများရှိနေခြင်း၊ Licensing Procedures များ၊ certificate လိုအပ်ချက်များ၊ ထောက်ခံ ချက်များ၊ Custom Procedures များနှင့် အရည်အသွေးဆိုင်ရာ ကန့်သတ်ချက်များစသည်တို့မှာ ကုန်သွယ်မှုအား အတားအဆီးဖြစ်စေသည့် အချက်များဖြစ်နေပြီး နည်းနိုင်သမျှ နည်းအောင်လျှော့ချနိုင်ရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
"Export Promotion ကို သွား ဖို့ ပုဂ္ဂလိကကဏ္ဍကိုမြှင့်တင်ဖို့ လိုသလို ပုဂ္ဂလိကကဏ္ဍမြှင့်ဖို့ကလည်း ပုဂ္ဂလိကတစ်ဦးတည်း သွားလို့မရပါဘူး။ လတ်တလောမှာ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုအတွက်လည်း အဆင်သင့်မဖြစ်သေးပါဘူး။  အခုအချိန်မှာ ree trade ဆိုတာကို ကြောက်နေကြတယ်။ ဒီပေါ်မှာအခွင့်အရေးယူပြီး အပေါ်ကို မတက်နိုင်ကြသေးဘူး။ ree trade မရောက်ခင် ပြည်တွင်းမှာရှိတဲ့ စက်မှုလုပ်ငန်းတွေ အနည်းဆုံး အာဆီယံကွန်ရက်နဲ့တော့ ချိတ်နိုင်ဖို့လိုပါတယ်။ အခုအချိန်မှာ အသာစီးရနေတဲ့ တချို့အခြေအနေတွေက နိုင်ငံခြားက၀င်လာတဲ့ပစ္စည်း တွေကို အခွန်ကောက်လို့ ရနေသေးတယ်။ နောက်ပိုင်းက မလွယ်တော့ဘူး။ နောက်ထပ်နည်းလမ်းရှာပြီး လုပ်ငန်းရှင်တွေကို ၀န်ထုပ်ဝန်ပိုးဖြစ်ရင်လည်း နောက်ဆုံးတော့ ထုတ်လုပ်သူနဲ့ စားသုံးသူဆီကိုပဲ အဲဒီ ၀န်ထုပ်ဝန်ပိုးက ရောက်သွားမှာပါ"ဟု ပညာရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။
အငယ်ထွေး

http://www.news-eleven.com/

မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ရာခိုင်နှုန်း ၀န်းကျင်ရောင်းချခွင့် ရပြီး နိုင်ငံခြား ကုမ္ပဏီများမှ ၈၅ရာခိုင်နှုန်း ရရှိ

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် ဇောတိကစီမံကိန်းမှလည်း ၂၀၁၃ ခုနှစ်တွင် စတင်၍ ပြည်ပတင်ပို့မည်၊ စီမံကိန်းအားလုံးတွင် မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ရာခိုင်နှုန်း ၀န်းကျင်ရောင်းချခွင့် ရပြီး နိုင်ငံခြား ကုမ္ပဏီများမှ ၈၅ရာခိုင်နှုန်း ရရှိ PDF Print
6154a    
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် မုတ္တမကမ်းလွန်ရှိ ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းမှလည်း ၂၀၁၃ ခုနှစ်အတွင်း၌ပင် စတင်၍ ပြည်ပတင်ပို့ရန်စီစဉ်ထားပြီး အဆိုပါစီမံကိန်းနှစ်ခုမှ လက်ရှိ ပြည်ပတင်ပို့နေသည့် ရဲတံခွန်နှင့်ရတနာ စီမံကိန်းနှစ်ခုမှ ထွက်ရှိပမာဏ၏ အနည်းဆုံး တစ်ဝက်နီးပါးအထိ ထွက်ရှိတင်ပို့နိုင်မည့် အနေအထားရှိသည်ဟု သိရသည်။
    လက်ရှိတွင် ရဲတံခွန်နှင့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းနှစ်ခုမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကိုသာ ပြည်ပတင်ပို့နေခြင်းဖြစ်ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်းက အဆိုပါစီမံကိန်းနှစ်ခုမှ ပြည်ပသို့ ၃၇၃ ဒသမ ၈၇၂ ဘီလျံကုဗပေ တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
    "ဇောတိက စီမံကိန်းက ၂၀၁၃ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလ ကြားထဲမှာစပြီး ပြည်ပတင်ပို့နိုင်မှာပါ။ ရွှေစီမံကိန်းကတော့ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့ကစပြီး တင်ပို့နိုင်မှာပါ။ မြန်မာ-တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေအနေနဲ့လည်း ၂၀၁၃ မေလမှာ အပြီးသတ်ဖို့ သတ်မှတ်ထားပါတယ်"ဟု စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က မြန်မာ-မ လေးရှား ရေနံနှင့်သဘာဝဓာတ်ငွေ့ အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
   မြန်မာနိုင်ငံတွင် လက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်ယူနေသည့် စီမံကိန်းနှစ်ခုနှင့် ၂၀၁၃ ခုနှစ်တွင် စတင်၍ ပြည်ပတင်ပို့နိုင်မည့် ရွှေ နှင့် ဇောတိကစီမံကိန်းများမှ ထုတ် ယူတင်ပို့မည့် ပမာဏနှစ်ရပ်ပေါင်း ဆိုပါက အာရှပစိဖိတ်ဒေသတွင် နံပါတ် (၁) ပြည်ပတင်ပို့သည့် နိုင်ငံဖြစ်လာဖွယ်ရှိနေကြောင်း၊ နိုင်ငံအလိုက် သဘာဝဓာတ်ငွေ့တင်ပို့သည့် စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၆ နေရာတွင် ရပ်တည်နေသည် ဆိုသော်လည်း ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အဆင့် ၁၃ နေရာရှိ ဘိုလီးဗီးယားနိုင်ငံကိုပင် ကျော်တက်သွားနိုင်သည်ဟုလည်း လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။
6154     မည်မျှတင်ပို့သည်ဖြစ်စေ လက်ရှိသဘောတူ မြှုပ်နှံလုပ်ကိုင်မှုအရ စီမံကိန်းများ အားလုံးနီးပါးတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှ ၁၅ ရာခိုင်နှုန်းဝန်းကျင် ရောင်းချခွင့်ရရှိပြီး နိုင်ငံခြားကုမ္ပဏီများမှ ၈၅ရာခိုင်နှုန်းဝန်းကျင် အထိရောင်းချခွင့်ရရှိကြောင်း သိရသည်။
    လက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်ယူကာ ပြည်ပတင်ပို့နေသည့် ရတနာစီမံကိန်းတွင် MOGE မှ ရောင်းချခွင့် ၁၅ ရာခိုင်နှုန်းပါဝင်ပြီး နိုင်ငံခြားကုမ္ပဏီသုံးခုမှ ၈၅ ရာခိုင်နှုန်း ရရှိသည်။ ရဲတံခွန်စီမံကိန်းတွင်လည်း MOGE မှ ရောင်းချခွင့် ၂၀ ဒသမ ၄၅ ရာခိုင်နှုန်းရရှိပြီး နိုင်ငံခြားကုမ္ပဏီသုံးခုမှ ၇၉ ဒသမ ၅၅ ရာခိုင်နှုန်း ရောင်းချခွင့် ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိသဘာဝဓာတ်ငွေ့ ထုတ်ယူနေသည့် စီမံကိန်း နှစ်ခုနှင့် ၂၀၁၃ ခုနှစ်တွင် စတင်၍ပြည်ပတင်ပို့နိုင်မည့် ရွှေနှင့်ဇောတိက စီမံကိန်းများမှ ထုတ်ယူတင်ပို့မည့် ပမာဏနှစ်ရပ်ပေါင်းဆိုပါက အာရှပစိဖိတ် ဒေသတွင် နံပါတ်(၁)ပြည်ပတင်ပို့သည့် နိုင်ငံဖြစ်လာဖွယ်ရှိ ...

    ၂၀၁၃ ခုနှစ်တွင် စတင်၍ ပြည်ပတင်ပို့ရန်ရည်မှန်းထားသည့် တည်ဆောက်ဆဲ ရွှေနှင့်ဇောတိက စီမံကိန်းနှစ်ခုတွင်လည်း MOGE အနေဖြင့် ရောင်းချခွင့် ၁၅ ရာခိုင်နှုန်းရရှိပြီး နိုင်ငံခြားကုမ္ပဏီများမှ ၈၅ရာခိုင်နှုန်းရရှိကြောင်း သိရသည်။
    "၂၀၁၃ မှာရွှေနဲ့ဇောတိကသာ စပြီးတင်ပို့မယ်ဆိုရင် ၂၀၁၄၊ ၂၀၁၅ ဆိုရင် Asia Pacific Region မှာ မြန်မာက အင်ဒိုနီးရှားကို ကျော်တက်ပြီး ပထမနေရာ ရောက်သွားမှာသေချာတယ်။ ဒီလိုပဲ ကမ္ဘာ့သဘာဝဓာတ်ငွေ့ တင်ပို့တဲ့ နိုင်ငံစာရင်းမှာလည်း အဆင့် ၁၀ အတွင်း တောင်ရောက်သွားနိုင်တယ်။ လက်ရှိ ရဲတံခွန်နဲ့ရတနာ ကပို့နိုင်တာ ၈ ဒသမ ၂၉ ဘီလျံ ကုဗမီတာဖြစ်ပြီး ရွှေနဲ့ဇောတိက နှစ်ခုပေါင်း ၄ ဘီလျံကုဗမီတာ၊ ၅ ဘီလျံ ကုဗမီတာ ထပ်ထွက်နိုင်လို့ပါ။ ဘာကြောင့်လည်းဆိုတော့ ရွှေနဲ့ ဇောတိကနှစ်ခုပေါင်း  RESERVE  က ၅ ဒသမ ၉၃၂ ထရီလီယံကုဗပေ ရှိတယ်လေ။ လက်ရှိရဲတံခွန်နဲ့ ရတနာ နှစ်ခုပေါင်း RESERVE  က ၁၀ ဒသမ ၆၆ ရှိတယ်လေ။ ဒါကြောင့် တစ်ဝက်နီးပါးလောက်တော့ ထွက်မှာသေချာတယ် ပြောရတာပါ"ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။
ရဲတံခွန်စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ        ရောင်းချခွင့်ရာခိုင်နှုန်း
PETRONAS ၄၀ .၇၅ ရာခိုင်နှုန်း
MOGE ၂၀ .၄၅ ရာခိုင်နှုန်း
NIPPON ၁၉ .၄၀ ရာခိုင်နှုန်း
PTTEP ၁၉ .၄၀ ရာခိုင်နှုန်း
               
ရတနာစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ        ရောင်းချခွင့်ရာခိုင်နှုန်း
TOTAL ၃၁ .၂၄ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း
UNOCAL ၂၈ .၂၆ ရာခိုင်နှုန်း
PTTEP ၂၅ .၅၀ ရာခိုင်နှုန်း
 
ရွှေစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
DAEWOO ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း
OVL ၁၇ ရာခိုင်နှုန်း
GAIL ၈ .၅ ရာခိုင်နှုန်း
KOGAS ၈ .၅ ရာခိုင်နှုန်း
     
ဇောတိကစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ        ရောင်းချခွင့်ရာခိုင်နှုန်း
PTTEP ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း
 ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်ပို့မှု နိုင်ငံအလိုက်ရပ်တည်မှု
နိုင်ငံ    ပမာဏ(ဘီလျံကုဗမီတာ)
ရုရှား    ၁၇၆ ဒသမ ၄၈
နော်ဝေ   ၉၅ ဒသမ ၇၂
ကနေဒါ   ၉၂ ဒသမ ၂၄
နယ်သာလန်    ၄၉ ဒသမ ၆၇
အယ်လ်ဂျီးရီးယား    ၃၁ ဒသမ ၇၇
အမေရိကန်   ၂၉ ဒသမ ၄၆
ကာတာ    ၁၈ ဒသမ ၇၅
တာ့မစ်နစ္စတန်    ၁၆ ဒသမ ၇၃
ဥဇဘက်ကစ္စတန်    ၁၅ ဒသမ ၇၀
ဂျာမနီ    ၁၂ ဒသမ ၈၀
ဗြိတိန်    ၁၂ ဒသမ ၁၇
ကာဇက်စတန်   ၁၀ ဒသမ ၃၀
ဘိုလီးဗီးယား    ၉ ဒသမ ၈၁
အင်ဒိုနီးရှား    ၉ ဒသမ ၆၇
လစ်ဗျား    ၉ ဒသမ ၁၇
မြန်မာ   ၈ ဒသမ ၂၉
အဇာဘိုင်ဂျန်    ၇ ဒသမ ၁၉
အီရန်    ၅ ဒသမ ၆၇
http://www.news-eleven.com/
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၉၀၉ ဘီလီယံကျော် ထွက်ရှိမည့် ကုန်းတွင်း ဓာတ်ငွေ့သိုက်ကြိးများ တွေ့ရှိ ဇန်နဝါရီ ၆
မြန်မာနိုင်ငံ အလယ်ပိုင်း ရန်ကုန်မြို့နှင့် မိုင် ၆၀၀ ခန့်အကွာ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်အနီး၊ ပုထိုးလုံးဒေသတွင် သဘာဝ ဓာတ်ငွေ့ ခိုအောင်းမှု ပမာဏ ကုဗပေ ၉၀၉ ဘီလီယံကျော်နှင့် လေဆီ (ရေနံစိမ်း အပေါ့စား) စည် ၇ သန်းကျော် ထွက်ရှိမည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်များ တူးဖော်တွေ့ရှိကြောင်း ဇန်န၀ါရီလ ၅ရက်နေ့က နိုင်ငံပိုင် မီဒီယာများ မှတဆင့် ထုတ်ပြန် ကြေညာခဲ့သည်။
ပုထိုးလုံး အစမ်းတွင်းများမှာ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ပုလဲ မြို့နယ်နှင့် ကနီမြို့နယ် အတွင်းရှိ ကုန်းပိုင်း ရေနံရှာဖွေရေး လုပ်ကွက်အမှတ် (ဒီ) အတွင်း တည်ရှိပြီး ၃၀၄၈၃၂၀ ဧကကျယ် ၀န်းကြောင်း၊ ယင်းလုပ်ကွက်တွင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်နိုင်ငံ SIPC Myanmar Petroleun Co.,Ltd တို့က ၂၀၀၄ခုနှစ် စက်တင်ဘာလ ၃ရက်နေ့တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေရေး စာချုပ်ချုပ်ဆိုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းလုပ်ငန်းများ လုပ်ကိုင်နေခြင်း ဖြစ်သည်။ အဆိုပါကုမ္ပဏီသည် ပုံတောင်ပုံညာ တောင်ကြောတစ်ဝိုက်နှင့် မုံရွာ ကလေးဝ ယာကြီးလမ်း တစ်ဝိုက်တွင် လွန်ခဲ့သော လေးနှစ်ခန့်ကစ၍ ရှာဖွေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း မုံရွာဒေသခံ တစ်ဦးက ပြောကြားသည်။
SIPC သည် လုပ်ကွက်အမှတ် (ဒီ) အတွင်းရှိ ဂန့်ဂေါ၊ ပုထိုးလုံး၊ မဟူတောင်၊ ကနီ၊ သင်ဂတုန်းနှင့် ယခု ပုထိုးလုံးတွင်းများ၊ MOGE ကလုပ်ကိုင် လျှက်ရှိသော လက်ပံတို၊ ကျောက်ခွက် ဒေသ လုပ်ကွက်အနီးတို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သော Trap ၄၂ခုကို ရှာဖွေ တွေ့ရှိထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
http://thevoicemyanmar.com/index.php?option=com_content&view=article&id=811:2011-01-06-17-34-25&catid=100:news-marker&Itemid=482

လူဘန်ကာလုပ်မလား....

ရှိဖူးပြီးသားဖြစ်တဲ့တောင်ကိုးရီးယားမှာကျွန်းဆွယ်စစ်ပွဲဖြစ်ပြီးနောက်မှာပြဌာန်းခဲ့တယ်..အခြားနိုင်ငံမြောက်ကိုရီးယားကကျူးကျော်လာရင်မိမိနိုင်ငံအသက်
အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်ဖြစ်တယ်။၃နှစ်သင်တန်းအပြင်ကျောင်း(သို့)အလုပ်ကနေမွန်းမံသင်တန်းဆိုတာပြန်သွားရသေးတယ်။အဲဒီအတွက်စက်ရုံကပိုက်ဆံဖြတ်လို့မရဖူး။အချို့ရုပ်ရှင်မင်းသားတွေဆိုသူတို့သင်တန်းသွားတာကိုမှတ်တမ်းတင်ရုပ်ရှင်လေးတောင်လုပ်လိုက်သေးတယ်။ဒါပေမဲ့ဒီလိုသင်တန်းသားတွေကိုသာမန်အချိန်မှာရှေ့တန်းခေါ်ခွင့်မရှိဖူး၁၉၉၆လောက်မှာမြောက်ကိုရီးယားရေငုပ်သင်္ဘောတောင်ကိုရီးယားထဲကတောင်ကုန်းပေါ်မှာစပိုင်လုပ်မဲ့ကွန်မန်ဒိုတွေကိုကမ်းကပ်ပြီးလာချတုန်းကျောက်ဆောင်နဲ့တိုက်ပြီးပြန်မရလို့အကုန်တောင်ပေါ်တင်သွားတာကိုတောနင်းရှာတော့စစ်မှုမထမ်းမနေရအပျော်တမ်းစစ်သားတယောက်ပါသွားတယ်..တောင်ပေါ်ရောက်တော့စစ်ဆင်ရေးအတွက်ပြောကြားနေတုန်းမြောက်ကိုရီးယားကွန်မန်ဒိုတယောက်ကအနောက်ကနေမွှေ့ ထည့်လိုက်တာ၉ယောက်လောက်သေပါရောလား။အဲ့ထဲမှာခုနကအပျော်တမ်းစစ်သားပါပါသွားပါရော။တနိုင်ငံလုံးပွက်လောကိုရိုက်သွားခဲ့တယ်..မြောက် တွေကိုရှာဖွေဖို့တောင်မှာစစ်သားအလုံအလောက်ရှိတဲ့အတွက်စစ်မှုမထမ်းမနေရကိုထုတ်သုံးခွင့်မရှိပါဖူး။ခေါ်သွားတဲ့ဗိုလ်မှုးအရေးယူမခံလိုက်ရပါဖူး။မြောက်ကွန်မန်ဒိုပစ်လိုက်တဲ့အထဲမှာသူပါပါသွားတဲ့အတွက်ပါ။သူတို့နိုင်ငံမှာကတိုင်းတပါးရန်တွန်းလှန်ကာကွယ်ရန်ဆိုတဲ့မျိုးချစ်စိတ်ကြောင့်စစ်မှုထမ်းရတာတရားတယ်..တောင်နဲ့မြောက်စစ်ကလည်းအချိန်မရွေးထဖြစ်နိုင်တာကိုး။အခြားနိုင်ငံတွေအတွက်တော့မလိုသလိုမြန်မာနိုင်ငံအတွက်လည်းမလိုပါဖူး။မြန်မာနိုင်ငံ ဟာလတ်တလောမှာတိုင်းတပါးအိမ်နီးချင်းနိုင်ငံတွေနဲ့အချိန်မရွေးစစ်ထဖြစ်စရာမလိုတဲ့အတွက်ပါ။ဒါဆိုဘာလို့စစ်မှုမထမ်းမနေရဆိုတာကိုဘာလို့ပြဌာန်း ချင်ရတာလဲကိုယ့်လူမျိုးအချင်းချင်းဆွေးနွေးအဖြေမရှာပဲအာဏာရှင်ဝါဒခိုင်မြဲဖို့စစ်သားကိုမီးရထားဘူတာရုံတွေမှာရှာဖွေစုဆောင်းရတာလူပြောများလွန်းလို့တရားဝင်စစ်သားလုပ်နည်းထွင်လိုက်တာပါ.အထက်မှာပြောခဲ့သလိုတောင်နဲ့မြောက်အခြေအနေမျိုးပြည်ပရန်မရှိတဲ့အတွက်ဒီစနစ်မလိုပါဖူး။အခုသူတို့ပြ ဌာန်းချင်တာကအချင်းချင်းသတ်ဖို့ပါ။နိုင်ငံခြားနဲ့တိုက်တာမဟုတ်တဲ့အတွက်မျိုးချစ်စိတ်ဓါတ်လည်းမလိုပါဖူး။ဒီစစ်သားတွေစစ်အာဏာရှင်တည်မြဲဖို့ပြည် တွင်းမှာပဲသုံးမှာပါတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲတိုက်ပွဲဖြစ်ရင်ပေါ်တာနဲ့လူဘန်ကာအဖြစ်လောက်ပဲစည်းကမ်းစနစ်မရှိသုံးကြမှာပါ။လူဘန်ကာ တွေအဖြစ်မခံချင်ရင်ဒီဥပဒေမထွက်ခင်ထဲကကြိုကန်ကြဖို့အားလုံးမှာတာဝန်ရှိပါတယ်။။

ရဲရင့်ငယ်


စစ်သားနှစ်သိန်းကျော်ထွက်ပြေးတယ်။

နအဖ စစ်တပ်ဖွဲ့ စည်းပုံအရ တပ်ရင်းတရင်းဟာ စစ်သာ ၇၇၇ ယောက်ရှိရမှာဖြစ်ပါတယ်။ တပ်ရင်းပေါင်း က ၅၀၀ ခန့် ရှိတယ်။ ဒါကြောင့် ၇၇၇ အမြောက် ၅၀၀ ဟာ တပ်သား ၃၈၈၅၀၀ ( လေးသိန်းနီးပါးရှိရမှာဖြစ်ပါတယ်။ ) ကျနော်တို့ မနပုလောစစ်ဆင်ရေးကာလမှာ တပ်ရင်းတရင်းဟာ ၆၀၀ ကနေ ၇၇၇ ယောက်ကြားမှာရှိပါတယ်။ ခုတော့ တပ်ရင်းတရင်းဟာစစ်သား ၆၀ ကနေ ၁၂၀ ခန့် ပဲရှိပါတော့တယ်။

ဒါကြောင့် တပ်ရင်ပေါင်း ၅၀၀ အတွက် ဟာ တပ်သား ၆သောင်းခန့် ပဲရှိပါတော့တယ်။ ပိုပိုသာသာ ရဲတွေကိုပါပေါင်းလိုက်ရင်း တော့ တသိန်း ၂သောင်း ခန့် ပဲရှိတော့တယ်လို့  ခန့် မှန်းနိင်ပါတယ်။
ဒီထဲမှာကလေးစစ်သား တွေလည်းပါတယ်။ တိုင်းရင်းသားတွေနဲ့ အပြစ်ခတ်ရပ်စဲထားကာလ ၁၂ နစ်ခန့် အတွင်းမှာ စစ်တပ်က တိုက်ရည်ခိုက်ရည်ကျဆင်းလာတယ်။ စိတ်ဓါတ်အလွန်အမင်းကျဆင်လာတယ်။
ခေါင်းဆောင်တပ်မှုတွေရဲ့ လပ်စားမှုချစားမှုတွေ က အဆိုးဝါးဆုံးဖြစ်လာတယ်။ ဥပမာ မြ၀တီမှာတာဝန်ကျတဲ့စစ်ဗျူုဟာမှုဟာ တနေကိုဒေါလာ ၂သောင်းဝင်ငွေရှိတယ်။ ဒီအချိန်မှာတပ်သားအများစုကငတ်နေတယ်။ စုတ်ပြတ်နေတယ်။ ဒီကေဘီအေ တပ်မှုး ဗိုလ်မှုစောလှဘွယ်က အောက်ခြေစစ်သားလေးတွေရဲ့ ဘ၀ကိုသူကိုယ်ချင်းစာတယ်။ သနားတယ်လို့ တောင်ထုတ်ပြောရတဲ့အထိပါ။

ဒါကြောင့် ၁၂ နစ်ကျော်အတွင်းမှာ စစ်သား ၂ သိန်းကျော်ထွက်ပြေးသွားခဲ့ပြီဆိုတာ ကောက်ချက်ချနိင်ပါတယ်။ မြန်မာ စစ်တပ်က တခြားနိင်ငံတကာတပ်ဖွဲ့တွေလို အာဏာသိမ်းတာတွေဖြစ်ဖို့ ထက် အောက်ခြေက ပြို ကျသွားမဲ့အနေထားက ပိုများနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။
ထွက်ပြေးတဲ့စစ်သားအများစုက ကချင်ပြည်နယ်မြောက်ပိုင်းနဲ့  ကရင်ပြည်နယ်၊ ထိုင်းနိင်ငံတွေထဲကိုထွက်ပြေးလာကြပြီ ရရာအလုပ်တွေလုပ်ကိုင်စားသောက်နေကြတယ်လို့ သိရပါတယ်။ အများစုကနယ်စပ်ဒေသ တဖက်နိင်ငံတွေရှိတဲ့ စိုက်ခင်းတွေမှာ စိုက်ပျိးရေးအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေကြပါတယ်။ စစ်မှုမထမ်း အမိန့် ကိုထုတ်ပြန်လာတဲ့ ရည်ရွယ်ချက်ကတော့ စစ်သားလိုအပ်နေတယ်။ ၈၈ အာဏာသိမ်းတော့ပါတီတွေထောင်ကျတယ်။ ကျနော်တို့ လူဘောင်သစ်ပါတီမှာ လူတိုင်းစစ်မှုမထမ်းမနေရ ကျင့်သုံးမယ်လို့ ပေါလစီအနေနဲ့  ပါပါတယ်။ ဒါကို ဒီအချိန်က န၀တ က မကြိုက်ဘူုး။ ကျနော်တို ဒီမိုကရေစီရ ရရင် ဒီပေါလစီကိုကျင့်သုံဖို့  ထည့်တာကတော့ စစ်တပ်က အာဏာသိမ်းတာ၊ စစ်ဝါဒ ကြီးထွားလာမှုကို ထိမ်းညှိနိင်အောင်ရည်ရွယ်ချက်ပါ။

ဒီနေ့ နအဖ က ဒီအမိန့် ကိုထုတ်ပြန်လာတာကတော့ စစ်တပ်ဟာ စစ်အင်အား တသိန်းကျော်ပဲရှိတော့တယ်။ စစ်အင်းအားမလုံလောက်တော့ဘူး ။ စစ်ဆင်ရေးကြီးတွေ လုပ်လာရင်သူတို့ မှာအင်အားမရှိတော့ဘူး။

FACEBOOKမှ

အသက်ပြည့်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ စတင်တော့မည်

2011-01-09
မြန်မာ စစ်အစိုးရက အသက် ၁၈ နှစ်နဲ့ အထက် အမျိုးသား အမျိုးသမီးတိုင်း စစ်မှု မထမ်းမနေရ အမိန့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တယ်လို့ မြန်မာ စစ်အစိုးရရဲ့နိုင်ငံတော် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

AFP
နေပြည်တော်တွင် ၂၀ဝ၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသော တော်လှန်ရေးနေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်ကြောင်းများကို အမိုးဖွင့် ကားသစ်ကြီးပေါ်မှ လှည့်လည် စစ်ဆေးနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးအရ စစ်အာဏာရှင်စနစ် တရားဝင် တည်တံ့အောင် လုပ်ဆောင်ချက်အဖြစ် ဒီမိုကရေစီ အင်အားစုများက ရှုမြင်လျက်ရှိသည်။ (Photo: AFP)
အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ကနေ ၃ နှစ် စစ်မှု မထမ်းမနေရ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဥပဒေအရ စစ်မှုထမ်းလို့ မရတဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် ရှိသူတွေက လွဲလို့ အသက်ပြည့်သူတိုင်း ဒေသဆိုင်ရာ အာဏာပိုင်တွေဆီမှာ စစ်မှုထမ်းဖို့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ဖို့ ပျက်ကွက်ရင်ဖြစ်စေ စစ်မှု မထမ်းရအောင် ရှောင်လွှဲဖို့ ကြိုးစားရင်ဖြစ်စေ အဲဒီလို ကျူးလွန်သူဟာ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမယ်လို့လည်း သိရပါတယ်။

ခုလို ဥပဒေ ပြဋ္ဌာန်းလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လက်ရှိ အနေအထားအရ မှန်ကန်တဲ့ ဥပဒေ မဖြစ်နိုင်ဘူးလို့ ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ယူဆပါတယ်။

မှန်ကန်တဲ့ လုပ်ရပ်တခုတော့ မဟုတ်ဘူးလို့ ကျနော် မြင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဓိကက ပြည်ပကျူးကျော်မှု ပေါ်ပေါက်လာတဲ့ အရေးပေါ် အခြေအနေမျိုးတွေမှာ ဆိုရင် နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းရမယ်၊ တာဝန်ရှိတယ် ဆိုတဲ့ ခံယူချက်ကို ကျနော်တို့ လက်ခံပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်ပကျူးကျော်စစ် မရှိဘဲ၊ ပြည်ပရန် ကာကွယ်ရန် အကြောင်းခြင်းရာတွေ မပေါ်ပေါက်သေးဘဲနဲ့ ပြည်တွင်းစစ်တွေမှာပါ အဲဒါတွေကို အသုံးပြုလာမယ်၊ စစ်မှု မထမ်းမနေရ ဆိုပြီး ပြည်သူတွေကိုပါ အသုံးပြုလာမယ် ဆိုရင်တော့ ဒီဥပဒေဟာဖြင့် မှန်ကန်တဲ့ ဥပဒေတရပ်လို့ ကျနော်တို့ မှတ်ယူလို့ မရပါဘူး

ဒီ ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ပေမယ့် အများပြည်သူ သိရှိအောင် ကြေညာချက် ထုတ်ပြန်ခြင်းမရှိဘဲ နိုင်ငံတော်ပြန်တမ်း အနေနဲ့သာ ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဥပဒေ ပြဌာန်းလိုက်တာနဲ့ ပတ်သက်ပြီး ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းကို အာအက်ဖ်အေ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/junta_to_introduce_mandatory_military_service-01092011084301.html

စွက်ဖက်ခွင့်မရှိ။ ။

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာလင်မယားစကားများတာကစလို့ဆန္ဒပြတာအဆုံးရဲကပဲအရေးပိုင်သလိုရှေ့နေကပဲဝင်ရောက်စွက်ဖက်ခွင့်ရှိတယ်။လူအခွင့်ရေးအဖွဲ့အစည်းဥပမာအမျိုးသမီးရေးရာလိုအဖွဲ့ကိုတိုင်ရင်တောင်အမျိုးသမီးရေးရာကရှေ့နေငှားပြီးဆောင်ရွက်ရတယ်။တိုက်ရိုက်စွက်ဖက်ခွင့်မရှိဖူး..တရားရုံးပြင်ပမှာစည်းရုံးခွင့်၊မီဒီယာကိုလှုံဆော်ခွင့်လောက်တော့ရှိပါတယ်...။လက်ရှိမြန်မာနိုင်ငံမှာကအစိုးရအခေါ်အဖြူရောင်နယ်မြေတွေမှာရပ်ကွက်ဥက္ကဌဆိုတဲ့စနစ်နဲ့သူတိုရဲ့လုပ်ဆောင်ချက်တွေ..နောက်ပြီးကြံဖွတ်တွေနဲ့၂၀၀၀စားတွေကလူတွေကိုချူပ်နှောင်ဖမ်းဆီးတာတွေဟာရဲနဲ့ဥပဒေ၀န်ထမ်းကိစ္စတွေကိုဝင်ရောက်စွက်ဖက်တာဖြစ်လို့ဥပဒေကိစ္စရပ်တွေကိုမှန်ကန်စွာလုပ်ဆောင်နိုင်ခြင်းမရှိတဲ့အတွက်ဒီစနစ်ဟာပပျောက်ရမယ်...