Monday, January 10, 2011

၁၀.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

9 attachments — Download all attachments (zipped for
  English (US)
Filename encoding menu
)  
10 Jan 2011 Yeyintnge's Diary.pdf10 Jan 2011 Yeyintnge's Diary.pdf
3667K   View   Download  
10 Jan 2011 Yeyintnge's Diary.doc10 Jan 2011 Yeyintnge's Diary.doc
1703K   View   Download  
Never Be A Slave Under SPDC Military Rule.pdfNever Be A Slave Under SPDC Military Rule.pdf
1219K   View   Download  
facebook twitter.docfacebook twitter.doc
27K   View   Download  
အမျိုးသားပြန်လည်သင့်မြတ်ရေး.docအမျိုးသားပြန်လည်သင့်မြတ်ရေး.doc
42K   View   Download  
union.pdfunion.pdf
26K   View   Download  
46568151-Request-for-NLD-Youths.pdf46568151-Request-for-NLD-Youths.pdf
106K   View   Download  
shweyatu 2010-1-11.pmd.pdfshweyatu 2010-1-11.pmd.pdf
757K   View   Download  
HRDP report about Human Rights and Election 2010.pdfHRDP report about Human Rights and Election 2010.pdf
979K   View   Download  
http://www.mediafire.com/file/x1p8ccpeslxxuna/10%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/wewcbw6yacdq6c4/10%20Jan%202011%20Yeyintnge%27s%20Diary.pdf
10 Jan 2011 Yeyintnge's Diary

ဘုရားစူးပါ့စေ တကယ့်အဖြစ်လေး


Posted by admin on January 10, 2011 


http://www.egyptsearch.com
အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။
ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀၀ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင်တန်းနိုင်ပါတယ်။
ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေ ပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀၀ ရာက သုံးမ လောက်တော့ သူ့ဇနီး စုဆောင်းထားတဲ့ ငွေလေးကို အရင်းအနှီးပြုပြီး အတိုးအများကြီးမယူဘဲ နှစ်ဦး နှစ်ဖက် အလုပ် ဖြစ်ယုံ ဈေးသည်တွေကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်နေပါပြီ။ ထမင်းစားချိန်  ဧည့်သည်လာရင် ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမ အဖွား အမြဲပြောပြောနေတတ်တာက ကမ္ဘာမှာ မြန် မာလူမျိုးက ဧည့်ဝတ်ကျေတဲ့ လူမျိုးတွေတဲ့။
ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့ နှစ်မှာ အဖေ ပင်စင်ယူလိုက်ပါတယ်။ အဖေ့ ပင်စင်  ငွေ ၆၀၀ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ ကျမ လည်းကျူရှင်သင်၊ အဖေ လည်းကျူရှင်သင်တော့မှ ကျောင်းနေဆဲ မောင်နဲ့ ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည် တခွက်ကို ၃ ကျပ်လောက် ဖြစ်နေပြီဆိုတော့ လက် ဖက်ရည် အရမ်းကြိုက်တဲ့ ကျမ အမေ လက်ဖက်ရည်လျော့သောက်နေရပါပြီ။
၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမ အဖေဆုံးပါး သွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမ အမေက လစဉ် ငွေ ၃၀၀ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်း ကျန်သောမိခင်ကို စောင့်ရှောက်ကြလေတော့ အမေ မျက်နှာ မ ငယ်ရပေမဲ့၊ အကယ်၍ အဖေ့ ပင်စင်ငွေ ၃၀၀ ကျပ်နဲ့သာ အမေရပ်တည်ရမယ်ဆိုရင် ဘယ်လိုမှ ရပ်တည်နိုင်မှာ မ ဟုတ်ပါဘူး။ ဆန်တပြည်ကို ၅၀ ကျပ်နဲ့ ၆၀ ကျပ် ကြားထဲမှာ ရှိပါတယ်။ ကက အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီး စနဲ့ ခရီးဆုံးကို ငွေ၂၀၀ ကျပ် ကျသင့်တဲ့အချိန်ပါ။
၂၀၀၃ မှာ ကျမ အမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ်မယ် ဆိုရင် ထောက်ခံစာ ယူရမယ်၊ သေစာရင်း အိမ်ထောင်စုစာရင်း ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့  ကျမတို့ ညီအမ တွေလဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့ မိသားစု ရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီ အချိန် ရောက်တော့ ဆန်တပြည်တောင် ၅၀၀ ကျော်လောက်ရှိပါတယ်။ အမေရတဲ့ ငွေ ၃၀၀ ဟာ ကလေးမုန့်ဖိုးသာသာ ပါ ပဲ။
၂၀၀၈ ခုနှစ် ကျမတို့ မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့ ရပါတယ်။ မန္တလေး လမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့ အကြောင်း ပြောပြချင်မိလို့ပါ။ မန္တလေးလမ်းထိပ်မှာ မနက် ၉ နာရီနဲ့ ၁၀ နာရီ ကြားဆိုရင် အသားခပ်လတ် လတ် အဝတ်အစားနွမ်းပါးပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလား ပြောင်ပြောင်လေး ရှေ့ချပြီး ထိုင် နေလေ့ ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်းတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါ။ ၁၀ နာရီကျော်လာရင် စစ်ကိုင်းလမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို အမြဲလမ်းလျောက် လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲ ဝင်လာပြီး မုန့်ဟင်းခါး ၂၀၀ ဖိုး ရောင်းပါလို့ သူက ပြောပါတယ်။ ကျမဆိုင်က အလုပ်သမားတွေက တပွဲ ၃၀၀ ရောင်းလို့ ၂၀၀ ဖိုးဆိုရင် မရောင်းရဲဘူးလို့ ပြောပါတယ်။ ကျမ ဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေး လိုက်ပါပြောမှ ဆိုင်က ကလေးတွေက ရောင်းပေးလိုက်ပါတယ်။
သူက မုန့်ဟင်းဖတ် မပါလဲရတယ်၊ မုန့်ဟင်းရည် ပိုထဲ့ပါလို့ ပြောပါတယ်။ ကျမက အဲဒီ အဖွားကြီးကို စိတ်ဝင်စား နေ တာ ကြာပြီမို့လို့ အဖွားခဏ ထိုင်ပါလို့ ပြောပြီး မေးလိုက်ပါတယ် “အဖွားက အိမ်မှာ ထမင်းနဲ့စားမလို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ် ပေါ်လာလို့ ဒီမှာ အဝစားသွား ပါလားလို့ ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါ ငြင်းဆန်ပြီး အိမ်မှာအဖိုးကြီး ဆာနေလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်က ကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ တုန်းက ဆန်တပြည်ကို အညံ့ဆုံး ဆိုရင်တောင် ၉၀၀ လောက် ပေးရပါတယ်။
တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေးရောင်းဖို့ ပြောပါတယ်။ ကျမလဲ သနားလို့ သူ့ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန်ရဖို့ ကျမ မမျော်လင့်ပါဘူး။ ဒါပေမဲ့ နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေ တသီချည်းပေးပါတယ်။ လူတော်တော် များများက အ ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။
သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀၀ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀၀ ကျပ်ကို ပေးသွားတတ်ပါတယ်။
ကျမရဲ့ ဆိုင်နားမှာဘပဲ အသက် ၇၆ နှစ် ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနားယူထားတဲ့ အဖိုးကြီးလဲ ရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီ ခေတ်ကိုလဲ မှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။ အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါးမစားပါ ဘူး၊ သက်ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေး အလကားပေးနေကြပါ။ အဖိုးက ကိုယ်ချင်းစာ စကားပြောရှာပါတယ်။ ညီး လောင်စာဖိုး ကုန်မှာပေါ့တဲ့။ အဖိုးမှာ သားတယောက် ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံတယ်တဲ့။ အဖိုးက သူ့ပိုင်တဲ့အိမ်ကို တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများစားစား မရပါဘူး။
အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲပဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာ ဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့တွေ့တော့ ကျမက အဖိုးနေမကောင်းဘူးလား လို့မေးလိုက်တော့ အဖိုးက သွေးတိုး နေလို့တဲ့၊ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါ သွားရင် ငွေ ၁၅၀၀၊၂၀၀၀ လောက် ကုန် တာ သမီးရဲ့ သွေးတိုးတိုင်း ဆေးခန်းပြေးရရင်  အဖိုး ထမင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ ဘဝ ဟာ အတော်ကို အောက်ကျနောက်ကျ နိုင်ကြပါတယ်။ တယောက်ထဲနေတဲ့ အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေရပါတယ်။ ချွေတာတဲ့ အနေနဲ့ နေ့တိုင်းလက်ဖက်ရည် မသောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ် ကိုပဲ အိမ်မှာ ဝယ်သောက်ပါတယ်။  လက်ဖက်ရည် တခွက်ကို ၂၅၀-၃၀၀ လောက်ပေးရပါတယ်။
ဒီလိုနဲ့ ကျမဟာ အမြဲတန်း ဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ် မသွားတာ သတိပြု နေမိပါတယ်။ ကျမ ရင်ထဲမှာ စိတ်ပူနေမိတာ အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာပဲ  ကျမ ရဲ့ ကိစ္စတခုရှိလို့ တောင်ဒဂုံဘက်ကို သွားရပါတယ်။ အတော် တိုက်ဆိုင်တယ်လို့ပြော ရမှာပါ။ ကျမသွားတဲ့ လမ်းထဲ က တဲအိမ်တလုံးရဲ့ အိမ်ရှေ့ မျက်နှာစာမှာ ထိုင်နေတဲ့ အဖွားကိုတွေ့ပါတယ်။ ကျမ ထိတ်ကနဲ ဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီ ရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။
အမက ညီမ… ဖွားမိနဲ့ သိလားတဲ့၊ ကျမက သိတယ်လို့ ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ ယောက်ကျားက တောကျောင်းဆရာ၊ သူတို့ခေတ်က ၇ တန်းအောင်ရင် တောပိုင်းမှာ မူလတန်းဆရာလုပ်လို့ ရတယ်လေ။  ပင်စင်စားကြီးပေါ့၊  သားထောက်သမီးခံလဲမရှိဘူး၊ ဖွားမိက ပညာမတတ် ရှာဘူး။ သူ့ခင်ပွန်းကိုပဲ မှီခိုနေရတာ။ အဖိုးကြီး  အိပ်ရာထဲ လဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခတွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်း ကဆိုရင်  အဖိုးဂျာနယ်လေးဘာလေး ရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ လုပ်ကိုင်ကျွေးမွေး နေရတာတဲ့၊ အသက် ကြီးမှ ပင်ပင်ပန်းပန်း လုပ်နေရတယ်တဲ့။ အဲဒီ အမက ဖွားမိလုပ်တဲ့ အလုပ်ကို သေချာသိပုံမရလို့ ကျမလဲ ပြောမပြခဲ့ ပါဘူး။
ကျမ ပြန်ခါနီးတော့ ဖွားမိအိမ်ကို ဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့နဲ့လေးပါ။ အိမ်မိုးထားတဲ့ ဓနိတွေလဲ ပေါက် ပြဲ နေပါတယ်။ ထရံတွေလဲ ဆွေးမြေ့ နေပါတယ်။ အိမ်မှ တကဲ့ကို အိမ်ဖြစ်တယ်ဆိုရုံလေးပါပဲ။  အဖွား ဘာဖြစ်လို့ ဆိုင်ဘက်  မလာတာလဲလို့ ကျမက မေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကို လှမ်းကြည့် လိုက်တော့ အိမ်ထဲက အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုးတယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကို လှမ်း ကြည့်တာကို အဖွားက သိသွားတော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာ ကြာပြီ၊ အရင်ကတော့ ဆေးခန်းမှန် မှန်သွားနိုင်တယ် အခုတော့ ဆရာဝန် မပြနိုင်တာတောင် ကြာသွားပြီ” တဲ့ ။ ကျမက ဘာရောဂါလဲမေးတော့ ကျောင်း ဆရာ ဘဝတုန်းက ရှူခဲ့ရတဲ့ မြေဖြူမှုန့်တွေကြောင့်ရော၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာတွေရော ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊နုလုံး၊ ရင်ကျပ်၊  အို…အစုံဘဲ။ ပိုက်ဆံ ချမ်းသာရင်တော့ သက်သက်သာသာ နေနိုင်မှာပေါ့။ အင်း အခုတော့ သူလဲ ခံစားရတာမသက်သာ၊ အဖွားလဲ သူ့ကို မြင်ရတာ မသက်သာဘူး သမီးရယ်တဲ့။
ကျမ လည်း တတ်နိုင်သလောက် ငွေလေးကို အဖွားလက်ထဲ ထည့်ပေးတော့ အဖွားမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာ မဟုတ်လေတော့ အများကြီး မပေးနိုင်ပေမဲ့ ကျမ မိဘတွေသာဆိုရင် ဆိုတဲ့ အတွေး ကြောင့် ကျမ ပေးခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာ အဟာရကိုသုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါ တယ်။ ဒါဆို ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုတော့ လျော့ရမှာပေါ့။ ကျမ လဖက်ရည် မသောက်ရတာက ပြဿနာတခု မဟုတ်ဘူးလေ။
အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီး မြေးမြစ်တွေကို မှီခို နေ ရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဖာ သာပဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေ ဖြစ်နေပါပြီ။ ငယ်ဘဝ အတွေ့အကြုံတွေကို စားမြုံပြန်ရင်း ရသေ့ စိတ်ဖြေ နေကြရတဲ့  ဘဝတွေပါ။
ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလည်း ကိုယ်ဖာသာကိုယ် မရပ်တည်နိုင်ကြတော့ သားသမီး မြေးမြစ်တွေကိုပဲ အား ကိုး နေကြပါတယ်။ ကျမရဲ့ ကြီးဒေါ်ကပြောပါတယ် “ အသက်ရှည်တယ်ဆိုတာ လူတွေ လိုချင် တမ်းတ တဲ့ အရာဖြစ် ပေမဲ့ မြန်မာပြည်က အသက်ကြီးရွယ်အိုတွေ ဆိုတာက ဝဋ်ဒုက္ခကြီးတဲ့ လူတွေပဲ ဖြစ်ရမယ်တဲ့လေ။ ကိုယ်တိုင်လဲ မ ချမ်းသာ၊ သားသမီးမြေးမြစ်တွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
ကြီးဒေါ်ရဲ့ အယူအဆ အတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့အမေ က ဝဋ်ဒုက္ခနည်းသူတွေများလား ဆိုတဲ့အတွေးနဲ့ ကျမရင်ထဲမှာ မတင်မကျ ခံစားရပါတယ်။
ခင်ငြိမ်းသစ်

http://www.naytthit.net/?p=6305 မှ

We are listening to what Daw Suu is saying. We heard what Daw Su said.

ဖရုံကာကျွန်းအနီး ကျောက်ဆောင်တစ်ခု ရေပေါ်မှ ပေါ်ထွက်လာ

1/10/2011
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်းအနီး ပယ်လယ်ပြင်တွင် ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ထူးခြား ဆန်းကြယ်စွာ ထွက်ပေါ်လာကြောင်း သတင်း ရရှိသည်။

ထွက်ပေါ်လာသော ကျောက်ဆောင်မှာ ရေပေါ်သို့ အမြင့် ၁၀ ပေခန့် ထိုးထွက် ဖြစ်ပေါ်နေသည်ဟု သိရသည်။


Sittwe-sea-mount
ငါးဖမ်းသမား ဘုတ်ပိုင်ရှင် ကိုလှကျော်မြင့်က “ ဒီရေ ကျသွားတဲ့ အချိန်ဆိုရင် ၁၀ ပေထိ ထိုးထွက်နေပြီး ဒီရေ တက်ချိန်ဆိုရင် လေး- ငါးပေထိ ပေါ်ထွက်နေပါတယ်။ အရင်က အဲဒီနေရာမှာ ခုလို ကျောက်ဆောင် မရှိတဲ့ အတွက် လူတွေကတော့ အနားမကပ်ရဲဘဲ ဖြစ်နေကြပါတယ်။ ခုလို ကျောက်ဆောင်ပေါ်တာက ထူးခြားဆန်းကြယ်တဲ့ အတွက် ငါးဖမ်းသမားတွေကတော့ အမျိုးမျိုး ပြောနေကြပါတယ်” ဟု ပြောသည်။

အခု ကျောက်ဆောင်ပေါ်လာသော နေရာမှာ စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ၇ မိုင်ခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။

အဆိုပါ ကျောက်ဆောင်မှာ ဒီဇင်္ဘာလ နောက်ဆုံးအပတ်ခန့်က ရေပေါ်သို့ ရွှေ့လျား ပေါ်ထွက်လာသဖြင့် အစပိုင်းတွင် ငါးဖမ်းသမားများက ရေနဂါးဟု ထင်ကာ စက်လှေများကို ထွက်ပြေးခုတ်မောင်းခဲ့ကြကြောင်း နောက်ပိုင်းတွင်သာ ကျောက်ဆောင်ဟု သိရှိသဖြင့် အနီးအနားမှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်ဟု သူက ပြောသည်။

“ အခုတော့ လူတွေက အနားကို စက်လှေနဲ့ သွားကြည့်ကြတယ်။ ဒါပေမယ့် သိပ်အနီးကပ်ပြီးတော့ မသွားရဲကြဘူး။ လူတွေကတော့ ရေအောက်မှာ မီးတောင်ရှိနေတဲ့ အတွက် မီးတောင်ပေါက်ကွဲမယ့် အနေအထားကြောင့် ခုလို မြင့်တက်လာတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

Sittwe-sea-mount
အဆိုပါ ဖရုံကာကျွန်း အနီးတ၀ိုက်တွင် ရွံ့မီးတောင်များ အများအပြား တည်ရှိနေပြီး ရေအောက်တွင်လည်း မီးတောင်များ ပျံ့နှံ့ တည်ရှိနေကြောင်း သိရသည်။ အဆိုပါ နေရာ အနီး တ၀ိုက်တွင် ငါးများ အထူးကျက်စားသဖြင့် ပြည်တွင်း ငါးဖမ်းသမားများသာမက ပြည်ပ ငါးဖမ်းသမားများလည်း တန်ကေးခေါ် စက်လှေကြီးများကို အသုံးပြုကာ ငါးများကို ဖမ်းဆီးကြသည်ဟု သိရသည်။

ယခုကဲ့သို့ ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ရွှေ့လျား ထွက်ပေါ်လာခြင်းကို စစ်တွေတွင် သိရှိသူ နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။

http://www.narinjara.com/detailsbur.asp?id=2965

HRDP report about Human Rights and Election 2010

HRDP Report About Human Rights and Election 2010

DKBA ဖလူးဒေသ အတွင်း တိုက်ပွဲ အခြေအနေ


DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်
ဧရာဝတီ Monday, 10 January 2011 18:25
E-mail Print
ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။

ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့် ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး ၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ တပ်ဘက်မှ လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင် ၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက် ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNUပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့် ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

၎င်းက ဆက်လက်ပြီး“လက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။

တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။

မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကိုရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ထားသဖြင့် အခြားတောလမ်းများမှ လာရောက်ရန်ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
http://www.bur.irrawaddy.org/index.php/news/5453-dkba-

တာ့ကော်ကျိုးနဲ့ ကဆောဝါးလေးကြားက လေးဒေး နေရာမှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်
Posted by admin on January 10, 2011 0 Comment

ဒီကနေ့ ဝေါလေဒေသ တပ်ကော်ကျိုးနဲ့ ကဆောဝါးလေးကြားမှာ နအဖ စကခ (၁၂) လက် အောက်ခံ ခမရ ၅၄၉ နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေ ဒီနေ့ နေ့လည် ၂ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နအဖ ဘက်မှ ၁၅ ဦးထိခိုက်ခဲ့တယ်လို့သိရှိရပြီး ဒီကေဘီအေဘက်မှလည်း ၂ ဦး ထိခိုက်ဒဏ် ရာ ရခဲ့ပြီး နအဖ ဘက်က တိုက်ပွဲထဲမှာ အသုံးပြုဖို့ခေါ်လာတဲ့ အကျဉ်းသား ၆ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယခု ဝေါ်လေဒေသ ထိုးစစ်အတွက် နအဖ ဘက်က တပ်ရင် ၁၀ ကို အသုံးပြုပြီး အင်းစိန် မော်လမြိုင် ဘားအံ တောင် ကလေးက အကျဉ်းသားစုစုပေါင်း ၈၀၀ ကို တိုက်ပွဲအတွင်းမှာ အသုံးပြုဖို့ ခေါ်လာတယ်လို့လဲ ကြားသိရပါတယ်။ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ လေးဒေးလို့ခေါ်တဲ့ နအဖ စခန်းဟောင်း နေရာတခုဖြစ်ပါတယ်။ ထိုစခန်းနေရာဟာ ၁၉၈၉ ခုနှစ်က ဖလူးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ အရေးကြီးတဲ့ စခန်းကုန်း တနေရာဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ ကလို့ထူးဘော ဗျူဟာမှ ဗိုလ်ဆန်းအောင်က ပြောပြသွားပါတယ်။

အကျဉ်းသားများကို ရှေ့တန်းစစ်မျက်နှာတွင် ပေါ်တာအဖြစ်ခေါ်ဆောင်
နော်အဲဏီ၊ ကောင်းဝါ

ပြာသိုလဆန်း ၆ရက်။ဇန်နဝါရီ ၁၀၊၂၀၁၁။

နော်အဲဏီ(ဇန်နဝါရီ-၁၀)။ ။နအဖစကခ (၈) လက်အောက်ခံ တပ်ရင်းများနှင့် ဒီကေဘီအေဗျူဟာမှူး စောကျော်သက် အဖွဲ့သည် မနေ့ကနှင့် ဒီနေ့ တွင် မြ၀တီ -ဝေါ်လေ ကားလမ်းဘေးရှိ တပ်ခေါ်ကျိုးတောင်တန်း၊ ကဆောဝါးလေး တောင် တန်း တစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယခုတစ်ကြိမ်ဖြစ်ပွားသော တိုက်ပွဲများတွင် နအဖဘက်မှ အကျဉ်းသားများကို ရှေ့တန်းတွင် ရိက္ခာများ ၊ ကျည်ဆံများ သယ်ရန်ခေါ်ဆောင်လာခဲ့သည်။ အကျဉ်းသားများကို ၅ ယောက်တစ်တွဲ ခါးတွင်ကြိုးချည် ၊ ခြေထောက်တွင် သံကွင်းများချိတ်ထားပြီး ပစ္စည်းတွေထမ်းခိုင်းသည်ဟု ဗိုလ်မှူးချုပ် စောလားပွယ်က ပြောပါသည်။

“ အကျဉ်းသားတွေကို ၅ယောက်တစ်တွဲ ခါးမှာကြိုးချည်ထားတယ် ၊ ခြေထောက်မှာလည်း သံကွင်းတွေ ချိန်ထားတယ်၊ ကျနော်တို့ ပစ်တဲ့အခါမှာ အကျဉ်းသားတွေကို ရှောင်ပြီးပစ်မရဘူး ၊ သူတို့က နအဖ တွေနဲ့ရောနေတယ်၊ အကျဉ်းသားတွေ ထိချင်လည်း ထိမှာပေါ့”

အချို့အကျဉ်းသားမျာကိုမူ မိုင်းရှင်းကရိယာအနေဖြင့်အသုံးပြုရန် ခေါ်ဆောင်လာသည်ဟု ဒီကေဘီအေ စစ်ဆင် ရေးမှူး စောဆန်းအောင်မှ ပြောပါသည်။

“တချို့ အကျဉ်းသားတွေကို ပေါ့နော် သူတို့က ရှေ့ကနေသွားခိုင်းတာတွေရှိတယ်၊ မိုင်းရှင်းကရိယာအနေနဲ့ သူတို့ အသုံးပြုနေတာပေါ့နော်၊ သူတို့ကဝေါ်လေကိုသွားပြီး တပ်ချိန်းမယ် ၊ ပြီးရင်ရိက္ခာပို့မယ်၊ အဲဒါ သူတို့လမ်းကြောင်း ရှင်းနေတယ်”

ရှေ့တန်းတွင် အကျဉ်းသားများကို ပေါ်တာအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် အေအေပီပီမှ ကိုတိတ်နိုင်ကတော့ ယခုလိုသုံးသပ်ပြောဆိုခဲ့ပါသည်။

“အခုဆိုရင်တော့ ဖားအံနဲ့မော်လမြိုင်ဆိုတာကတော့ ရှေ့တန်းနဲ့ပိုနီးတာနေမှာပေါ့လေ စစ်ဖြစ်တဲ့နေရာနဲ့ ပိုနီးတာပေါ့၊ အရင်တုန်းကလည်း ဒါမျိုးသာဓကတွေ တောက်လျှောက်ရှိခဲ့တယ်လေ၊ ဥပမာ သူတို့က နှစ်နည်းနည်းကျတဲ့သူတွေ ၊ လေးငါးခြောက်လ ကျတဲ့သူတွေကို ခေါ်သွားပြီးတော့ လွတ်ပေးမယ်ဆိုပြီး လုပ်တာတွေရှိတယ်၊ အဲဒီအခါမှာလည်း အဲဒီလိုပေါ်တာလိုက်သွားတဲ့အခါမှာ တခါတည်း သေတမ်းစာပါ ရေးရတဲ့ အနေအထားမျိုး ကြုံရတာရှိပါတယ်၊ ဒီရှေ့တန်းပေါ်တာဆွဲ မယ်ဆိုလို့ရှိရင် အမွေတွေဘယ်သူ့ကို လွဲခဲ့မလဲ ၊ အမွေလွဲခဲ့မယ့်လူရှိလား၊ နာမည်တွေရေး ၊ မှတ်ပုံတင်နံပါတ်တွေရေးခဲ့ ဆိုတဲ့ဥစ္စာမျိုးတွေ လုပ်တာရှိပါတယ် ၊ ထုံးစံရှိပါတယ်၊ ဆိုတော့ အဲဒီအခြေအနေမျိုးမှာတော့ တစ်အချက်က ပေါ်တာလိုက်ရတဲ့ သူတစ်ယောက်အတွက်က အကျဉ်းထောင်ထဲကနေ သူတို့ထွက်သွားရတယ်၊ ပြီးတော့ သူတို့မိသားစုအတွက် အမွေဆက်ခံမယ့်လူအတွက် လက်မှတ်ထိုးခဲ့ရတော့ သူတို့ရဲ့စိတ်ထဲမှာ တော်တော်ကို စိတ်မကောင်း တာတွေရှိပါတယ်၊ သူတို့တွေကို ရှေ့တန်းမှာ မိုင်းရှင်းကိရိယာအနေနဲ့လည်း အသုံးပြုတာရှိပါတယ်၊ မှတ်တမ်းမှတ်ရာတွေမှာလည်း ရေးထားတာတွေ ရှိပါတယ်၊ ဒါမျိုးဆိုတာက လူ့အခွင့်အရေးကို အကြီးအကျယ် စော်ကားတဲ့ကိစ္စပဲလို့ ကျနော်တို့က သတ်မှတ်ထားပါတယ်။”

နိုဝင်ဘာလ (၈) ရက်နေ့မှစပြီးဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ယခု တိုက်ပွဲက အပြင်းထန်ဆုံး တိုက်ပွဲဖြစ် သည်ဟု ဒီကေဘီအေဘက်မှ သုံးသပ်ပြောဆိုပါသည်။

နအဖဘက်တွင် ထိခိုက်ဒါဏ်ရာရမှု ရှိသည်ဟု လည်း ဒီကေဘီအေဘက်က ပြောပါသည်။ ၄င်းတို့အနေနဲ့က အကျဉ်းသားများ ထိခိုက်မှု ရှိမရှိကိုတော့ အတည်ပြု မပြော ဆိုနိုင်ပေ။
http://www.kaowao.org/b/2011news-january-10a.php

Here is the official e-mail of NLD.

ရွှေရတု (2010-1-11)

shweyatu 2010-1-11

National Youth Network သို့ .==============>>>>>>>

Request for NLD Youths

အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၂)


အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ ()

တိုင်းပြည်ချစ်စိတ်နှင့်မျိုးချစ်စိတ်

တိုင်းပြည်ချစ်စိတ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေး ရေးအတွက် အလွန်အရေးကြီးတဲ့ အခြင်းအရာဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓါတ်ရှိရုံတင်မက ဒီပြည်ထောင်စုကြီး၊ ဒီ တိုင်း ပြည်ကြီးကိုချစ်တဲ့စိတ်၊ ပြည်သူလူထုတွေကိုချစ်တတ်တဲ့စိတ်မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရေရှည် တည်တံ့နိုင်မှာဖြစ်တယ်။ တိုင်းပြည်ချစ်စိတ်ဟာ အမျိုးသားပြန်လည်သင့်မြတ်မှုရေရှည်တည်တံ့ရေးအတွက် အုတ်မြစ်ဖြစ်တယ်လို့ဆိုခြင်ပါတယ်။ ဒါကြောင့်တိုင်းပြည်ချစ်စိတ် (ပြည်ထောင်စုချစ်စိတ်)ရှင်သန်တိုးပွားရေး အ တွက် အင်တိုက်အားတိုက် လုပ်ဆောင်သင့်ကြပါတယ်။

ခေတ်သစ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်သည့်နေရာမှာ လူတိုင်းလူတိုင်း၊ လူမျိုးစုတိုင်း၊ နိုင်ငံသားတိုင်း အုတ်တချပ် သဲတပွင့်အဖြစ် စုစည်းပါဝင်နိုင်အောင်၊ ပြည်ထောင်စုအကျိုးစုစည်းသယ်ပိုးလာအောင် စည်းရုံးလုပ် ဆောင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျနှုပ်နိုင်ငံဟာ အိမ်နားနီချင်းနိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်ပြီး မြန်မြန်ဆန်ဆန်တိုးတက်လာမှာဖြစ်တယ်။ အခြေခံအားဖြင့်တော့ မြန်မာနိုင်ငံဟာ ချမ်းသာကြွယ်ဝဖို့အတွက် ရေခံမြေခံကိုသဘာဝက ပေးထားပြီးဖြစ်ပါတယ်။ ပြည်သူများကသာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြမယ်ဆို ရင် ကမ္ဘာ့အလယ်မှာ အောက်ကျနောက်ကျ ဖြစ်စရာအကြောင်းဘာမှမရှိနိုင်ပါ။ အောက်ကျနောက်ကျ အခြေ အနေများက ကင်းဝေးဖို့အတွက် ပြည်သူတစ်ယောက်ချင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်တွေ ရှင်သန်လာဖို့ လိုအပ်ပါမယ်၊ ပြည်သူတစ်ယောက်ချင်းမှာ တိုင်းပြည်ချစ်စိတ် ရှင်သန်ထက်မြက်ဖို့လိုအပ်ပါမယ်။ ပြည်ထောင်စု အကျိုးစုစည်းသယ်ပိုးဖို့ စည်းရုံးဆောင်ရွက်ရာမှာ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုတဲ့ ဆောင်ပုဒ်မျိုးထက် တိုင်းပြည်ချစ်စိတ် ရှင်သန်ထက်မြက်ရေးဆိုတဲ့ ဆောင်ပုဒ်ကို အလေးပေးသုံးသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်တိုင်းပြည်လုံး လူမျိုးစု များအားလုံးကို လွမ်းခြုံစည်းရုံးတဲ့နေရာမှာ ပိုပြီးအား force ပါတယ် လို့မြင်တဲ့အတွက်ဖြစ်တယ်။

လူ့သဘာဝအရ ဂုဏ်ယူစရာများကြုံလာရင် လူမျိုးနာမယ်တပ် ဂုဏ်ယူတတ်ကြတယ်။ ဒီလိုဘဲ တခါတရံမှာ လူ တစ်ယောက်မကောင်းပြုမိတာကိုပင် လူမျိုးနာမည်နဲ့ကိုင်တုတ်တတ်ကြတယ်။ “ဒီကောင် တစ်ယောက်မကောင်း တာနဲ့ဘဲ ငါတို့လူမျိုး တစ်မျိုးလုံးထိခိုက်တယ်.. တမျိုးလုံးနာမည်ပျက်တယ်” စသဖြင့် အပြောခံရသူလူမျိုးက ခံစားပြောဆိုတတ်ကြတယ်။ လူမျိုးတစ်မျိုးက တစ်မျိုးကိုစော်ကာမော်ကားပြုမိတဲ့အခါမျိုးမှာ အမျိုးကိုထိရင် မချိအောင်နာတယ် ဆိုတဲ့သုံးနှုံးပြောဆိုတတ်ကြပါတယ်။ ဒါဟာ မျိုးချစ်စိတ်အခြေခံကြောင့်လို့ဆိုနိုင်ပါတယ်။ လက်တွေ့မှာ မျိုးချစ်စိတ်လို့ ဆိုလိုက်တာနဲ့ ကိုယ့်အမျိုးကိုချစ်တဲ့၊ ကိုယ့်လူမျိုးကိုချစ်တဲ့၊ စိတ်ဆိုတဲ့ဘက်ကို ဆွဲစဉ်းစားတတ်ကြပါတယ်၊ အလေးပေးစဉ်းစားတတ်ကြပါတယ်။ ဒီလိုစဉ်းစားတာကလည်း သဘာဝတော့ကျပါ တယ်။ ဒီမျိုးချစ်စိတ်မျိုးကို လူမျိုးရေးမျိုးချစ်စိတ် racial patriotic လို့ ဆိုလို့ရနိုင်မယ်ထင်ပါတယ်။ မြန်မာ နိုင်ငံဟာ national sovereignty state အမျိုးသားအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက်မျိုးချစ်စိတ် ဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ လူမျိုးအားလုံးခြုံငုံပါဝင်တဲ့ချစ်စိတ်ဖြစ်တယ်လို့ ဆိုရင်လည်းရနိုင်ပါတယ်။ အမျိုးသားမျိုးချစ် စိတ်လို့ ဆိုလို့ရနိုင်မယ်ထင်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ မတူကွဲပြားသည့်လူမျိုးစုများ စုစည်းနေထိုင်တဲ့နိုင်ငံဖြစ်တာကတစ်ကြောင်း၊ မျိုးချစ်စိတ်လို့ ပြောရင် အထက်ဆိုခဲ့သလို ကိုယ့်အမျိုး၊ ကိုယ့်လူမျိုးဘက်ကို အလေးပေးစဉ်းစားတတ်တာကတစ်ကြောင်း၊ လူမျိုးစုတန်းတူရေးပြသနာများရှိနေတာကတစ်ကြောင်း တို့ကြောင့်မျိုးချစ်စိတ်ဓါတ်ရှိရေး၊ မျိုးချစ်စိတ်ဓါတ် ရှင် သန်ထက်မြက်ရေး ဆိုတဲ့ဆောင်ပုဒ်များ၊ ကြွေးကြော်သံများဟာ တနိုင်လုံး၊ လူမျိုးအားလုံးကို လွမ်းခြုံ စုစည်း စေဖို့ရာမှာ တွန်းအား(force) နည်းတယ်လို့မြင်ပါတယ်။ တိုင်းပြည် ချစ်စိတ်ရှင်သန်ထက်မြက်ရေးဆိုတဲ့ ကြွေးကြော်သံ၊ ဆောင်ပုဒ်က မျိုးချစ်စိတ်ရှင်သန်ရေး ဆောင်ပုဒ်ထက် တနိုင်ငံလုံးကိုလွမ်းခြုံစုစည်းအား ပိုပြီး ပါ တယ်လို့မြင်ပါတယ်။

မျိုးချစ်စိတ်ကို မြန်မာစာဦးစီးဌာနထုတ် အင်္ဂလိပ်မြန်မာ အဘိဓါန်မှာ nationalism လို့ ဖေါ်ပြပါတယ်။ patriotism နဲ့လည်း ဆင်တူပါတယ်။ ပညာရေးဝန်ကြီးဌာနထုတ် မြန်မာ- အင်္ဂလိပ် အဘိဓါန်မှာ မျိုးချစ်ဟူသော ဝေါဟာရကို patriot ဟုဖေါ်ပြထားပါတယ်။ online planet dictionary က patriot ကို a person who loves (and serves) his country ဟူ၍ လည်းကောင်း၊ ရှေ့ဆောင်အဘိဓါန်က a person who loves and is ready to defend his country ဟုလည်းကောင်း ရေးသားထားပါတယ်။ ဆိုတော့ကာ မြန်မာနိုင်ငံသား (မည်သည့် လူမျိုးစု၊ မည်သည့် လူမျိုးမဆို၊ မည်သည့်ဘာသာဝင်မဆို) ဘယ်သူမဆို တိုင်းပြည်ကိုချစ်ပြီး တိုင်းပြည်အတွက် ပြည်သူတရပ်လုံး အတွက်အလုပ်အကြွေးပြုသူဟာ မျိုးချစ်ပုဂိုလ်ဖြစ်တယ်၊ ဆိုတဲ့သဘောဖြစ်ပါတယ်။ အဲဒီလိုအလုပ်အကြွေးပြု စိတ်ကို တိုင်းပြည်ချစ်စိတ် national patriotism လို့ဆိုလို့ရမယ်ထင်ပါတယ်။

တိုင်းပြည်ချစ်စိတ်(မြန်မာဝေါဟာသဘောအရ)ဆိုတာ တိုင်းပြည်အတွင်းရှိ လူမျိုးစုအားလုံး၊ ပြည်သူအားလုံးကို ချစ်ခြင်းဆိုတဲ့ သဘောသက်ရောက်ပါတယ်။ တိုင်းပြည်တွင်းက လူမျိုးတစ်မျိုးမျိုး ဘဲချစ်တဲ့စိတ်မွေးမယ်ဆိုရင် ဒါ တိုင်းပြည်ချစ် စိတ်ရှိသူလို့ဆိုလို့မရတော့ဘဲ၊ လူမျိုးရေးမျိုးချစ်စိတ်ရှိသူသာဖြစ်မယ်။ လူမျိုးကြီးဝါဒ သို့မဟုတ် ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒ မွေးမြူကျင့်သုံးတာသာဖြစ်ပါမယ်။

တိုင်းပြည်ချစ်စိတ်ဘက်ကို အလေးပေးပြောနေလို့ မျိုးချစ်စိတ်မရှိရဘူးလို့၊ ဆိုလိုတာမဟုတ်ပါဘူး၊ မျိုးချစ်စိတ် ဆိုတာလည်းရှိသင့်တဲ့အရာပါ။ မျိုးချစ်စိတ်ဟာရှိသင့်တဲ့အရာဖြစ်သလို သိသင့်တဲ့အရာလည်း ရှိပါတယ်။ မျိုးချစ် စိတ်မှာ ကောင်းတဲ့အခြင်းအရာများရှိသလို မကောင်းတဲ့အခြင်းအရာများလည်းရှိပါတယ်။ ကောင်းတဲ့အခြင်းအရာ က မျိုးချစ်စိတ်ဟာ ကိုယ့်လူမျိုးရဲ့ လူမျိုးရေးလက္ခဏာ၊ နိုင်ငံရေး အဆင့်အတန်း၊ စာပေ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်စေတာဖြစ်တယ်။ မျိုးချစ်စိတ်မရှိရင် မိမိတို့လူမျိုးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံး စံ၊ စာပေတွေတိမ်ကောသွားပြီး နှောင်မှာ လူမျိုးပါပပျောက်သွားတတ်ပါတယ်။
တဖက်မှာ မျိုးချစ်ဝါဒရဲ့ မကောင်းတဲ့ အချင်းအရာတွေလည်းရှိတယ်။ တရားလွန် မျိုးချစ်ဝါဒီများ၊ အစွန်းရောက် လူမျိုးရေးမျိုးချစ်ဝါဒီများပေါ်လာတတ်တယ်။ ဒီလိုတရားလွန်မျိုးချစ်များ တနည်းအားဖြင့်မျက်ကန်းမျိုးချစ်တွေ ပေါ်လာခဲ့ရင် လူမျိုး အခြင်းခြင်းအကြား ပဋ္ဋိပက္ခများဖြစ်လာပြီးစုစည်းမှုပြိုကွဲနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်ကျိုးအမြတ်ရှာဖို့ မျိုးချစ်စိတ်ကိုအသုံးချမဲ့ အမည်ခံမျိုးချစ်တွေလည်းပေါ်လာတတ်ပါတယ်။

မတူကွဲပြားတဲ့လူမျိုးများ၊ စုပေါင်းနေထိုင်တဲ့နိုင်ငံမှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အပြန်အလှန်လေးစားဖို့လိုအပ်တယ်။ လူမျိုးတစ်မျိုးရဲ့ အထူးသဖြင့် လူနည်းစုများရဲ့ နိုင်ငံရေးအဆင့်အတန်း၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများကို အသိအမှတ်ပြုဖို့၊ အလေးထားအားပေးဖို့လိုအပ်တယ်။ အဲဒီလိုမှမဟုတ်ဘဲ လူမျိုးတစ်မျိုးက တစ်မျိုးကို၊ တစ်က တစ်ခုကို လွမ်းမိုးမှု ဖိနှိမ်မှုတွေရှိနေ မယ်ဆိုရင်၊ ခွဲခြားမှုတွေရှိမယ်ဆိုရင်၊ စာပေ ယဉ်ကျေးမှု တစ်ခုက တစ်ခုကို ဇွတ်လွမ်းမိုးဖို့ လုပ်မယ်ဆိုရင်၊ အစွန်းရောက်စိတ်များပေါ်လာပြီး မလိုလားအပ်တဲ့၊ ပဋ္ဋိပက္ခဖြစ်မှုတွေနဲ့ကြုံရ တတ်ပါတယ်။ ရှိနေတဲ့၊ ရှိခဲ့တဲ့ စုစည်းညီညွတ်မှုတွေလဲ ပြိုကွဲသွားနိုင်ပါတယ်။

တိုင်းပြည်ချစ်စိတ် ဆိုရာမှာတော့ တစ်တိုင်းပြည်လုံး၊ တိုင်းပြည်တွင်းရှိပြည်သူတရပ်လုံးကို ချစ်တဲ့စိတ်၊ လူမျိုး အားလုံးအတွက် အကျိုးပြုတဲ့စိတ်ဖြစ်လို့ လူမျိုးရေးအရ ပဋ္ဋိပက္ခဖြစ်မှု ကင်းဝေးစေနိုင်မှာဖြစ်တယ်။ ဒါကြောင့် အင်အားတောင့်တင်းတဲ့ ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်တဲ့နေရာမှာ တိုင်းပြည်ချစ်စိတ် ရှင်သန်ထက်မြက် ရေးအတွက် နိုးဆော်တိုက်တွန်းဆောင်ရွက်သင့်ကြပါကြောင်း တင်ပြလိုက်ရပါ တယ်။

ဝင်းမောင်
၉ ရက် ဇန္နဝါရီလ၊ ၂၀၁၁ ခုနှစ်။
Union                                                            

လော်ဘီတို့ တော်ပြီဗျို့..............


 များမကြာမီ သတင်းပတ်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ငါးမင်းဆွေဆိုလား-ဖားမင်းဆွေဆိုလား။ ပေါကြောင်ကြာင်လူတယောက်က စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ရမ်းရမ်းကားကားလာ ရောက်ပြောဆိုသွားတယ်လို့ သိရတယ်။ သူဟာ အမေရိကန်လူပေါ ယက်ထောပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကိုလာပြီး အကြောင်းမဲ့လာနှောက်ယှက်တဲ့ ဒုတိယမြောက် လူပေါတယောက်လို့ ပြောရမယ်ထင်ပါတယ်။

နာမည်က ငါးမင်းဆွေဆိုပေမဲ့ စစ်အစိုးရကို ဖားတဲ့ ဖားဆောင်းပါးတွေ ရေးနေသူမို့ ပြည်သူလူထုကတော့ သူ့ကို ဖားမင်းဆွေလို့ ခေါ်ကြတယ်။ ငါးမင်းဆွေ-ဖားမင်းဆွေဆိုပြီး နာမည်က နှစ်မျိုးရနေတော့ ဖားတပိုင်း ငါးတပိုင်းမင်းဆွေလို့ ခေါ်ရင်ပိုပြီး အဆင်ပြေမယ် ထင်တယ်။

သူက အမေရိကန်တို့ အီးယူတို့က စစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာကို ဒေါ်အောင်ဆန်းစုကြည်ကဘဲ လုပ်နေသလိုလို။ ဒီကိစ္စကို မလုပ်ဘို့ လာရောက်ပြောဆိုခဲ့တာပါ။ သူမှ မဟုတ်ပါဘူးလေ။ စစ်အစိုးရ လက်ပါးစေတော်တော်များများက ဒီလိုဘဲ စွပ်စွဲပြောဆိုနေကြတာပါ။ ပြီးတော့ ပြည်သူတွေ စီးပွားရေးကြပ်တည်းနေတာတွေဟာ စီးပွားရေးပိတ်ဆို့မှုကြောင့်လို့လဲ ပြောကြပြန်တယ်။


ဒါဟာ တော်တော် အဓိပ္ပါယ်မဲ့တဲ့ ပြောဆိုမှုပါ။ တကယ်တော့ မြန်မာပြည်သူတွေ စီးပွားရေးအရ လိုတာထက်ပိုပြီး ရုန်းကန်နေရတာဟာ အခုမှ မဟုတ်ပါဘူး။ စစ်တပ်က အာဏာစယူခဲ့တဲ့ ၁၉၆၂ ခုနှစ် ကတဲကပါ။

အဲဒီအချိန်ကတဲက ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ အကြီးစားလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်း။ အလယ်အလတ်နဲ့ အသေးစားလုပ်ငန်းတွေလည်း တားဖြစ်ချုပ်ကိုင်ခံခဲ့ကြရနဲ့။ တိုင်းပြည်ထဲမှာ ဆန်ရှား၊ ဆီရှား၊ ဆားရှား၊ ဆေးရှား ဘာမဆိုအကုန်ရှား ဖြစ်ကုန်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။

ကုန်ပစ္စည်းမှန်သမျှ မှောင်ခိုခေတ်။ အဲဒီခေတ်က အမျိုးသမီးကြီးတယောက် မန္တလေးမြို့ကနေ ဇာတိအညာမြို့ကလေးတမြို့ကိုအပြန် မိဘဆွေမျိုးတွေကို ကန်တော့ဘို့၊ လက်ဆောင်ပေးဘို့ ကျားဝတ်ပုဆိုး ငါးထည်သယ်လာတာ လမ်းမှာ ဆိုရှယ်လစ်စီးပွားရေးပုဒ်မနဲ့ အရေးယူအဖမ်းခံ အချုပ်ကျခဲ့ဘူးပါတယ်။ စာရေးဆရာနိုင်ဝင်းဆွေရဲ့ (မသိန်းရှင်ဆီပို့ပေးပါ) ဆိုတဲ့ နာမည်ကြီး ဘ၀သရုပ်ဖေါ်ဝတ္ထုထဲက ညှိညှိရဲ့ ထန်းလျက်မှောင်ခိုသည်ဘ၀ဟာ စိတ်ကူးယဉ် မဟုတ်ပါဘူး။

လက်တွေ့ မြန်မာပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲပင်ပန်းမှုတွေပါဘဲ။ ကွယ်လွန်သူ စစ်အာဏာရှင်ကြီး ဦးနေ၀င်းရဲ့ မရေမရာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ ပြည်သူတွေရင်ဆိုင်ခံစားခဲ့ရတာ ဆရာနိုင်ဝင်းဆွေ ၀တ္ထုထဲကထက်ဆိုးတဲ့ ဘ၀တွေတောင်ရှိခဲ့သေးတယ်ဆိုတာ ဆိုရှယ်လစ် စီးပွားရေးစနစ်ခေတ်ကို မှီလိုက်သူတိုင်း သိကြပါတယ်။

အဲဒီအချိန်က ဘာစီးပွားရေးပိတ်ဆို့မှုမှ မရှိခဲ့ပါဘူး။ စစ်ဗိုလ်တွေ အာဏာယူပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေကို အမှန်တကယ် နားမလည်ဘဲ လေဖမ်းဝရမ်းချီ -သူများဆိုရှယ်လစ်ဆိုလို့ ဆိုရှယ်လစ်ပြီး တောင်လုပ်မြောက်လုပ် အရူးအီးအီးပမ်းလုပ်ခဲ့ကြတဲ့ဒဏ် ပြည်သူလူထုခံခဲ့ကြရတာပါ။


ဒီလိုအခြေအနေဆိုးကြီးနဲ့ ၂၆ နှစ် ဖြတ်သန်းလာခဲ့ရတဲ့ ပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာတော့ တပြည်လုံးအတိုင်းအတာနဲ့ အုံကြွတော်လှန်ခဲ့ကြတယ်။ ဒါကြောင့် စစ်တပ်အစိုးရတွေဟာ ၁၉၈၈ ခုနောက်ပိုင်းနှစ်တွေမှာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်လုပ်ဆောင်ပေးခဲ့ရတယ်။ ဒါပေမဲ့လည်း စစ်အစိုးရတွေလုပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ အလွှမ်းသင့်စီးပွားရေးသမားတွေသာ လက်ဝါးကြီးအုပ်စနစ်မို့ ပြည်သူလူထုကတော့ သူတို့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရှိလာလို့ မဆလခေတ်လောက် ကုန်ပစ္စည်းမရှားတာ တခုကလွဲရင် တခြားတခြား ဘ၀ပြဿနာတွေကတော့ ပိုမိုကောင်းမွန်လာတာမရှိဘဲ တိုးပြီးရင်ဆိုင်နေရဆဲပါ။

တကယ်တော့ မြန်မာပြည်လို သယံဇာတပေါကြွယ်ဝပြီး လူဦးရေလည်း သိပ်ကြီးမများလှတဲ့ တိုင်းပြည်တခုမှာ စားဘို့၊ ၀တ်ဘို့၊ နေဘို့ ဆိုတာလောက်ကတော့ ဘယ်သူဘဲ အစိုးရလုပ်လုပ် အထိုက်အလျောက်တော့ နေနိုင်၊ စားနိုင်၊ ၀တ်နိုင်ကြတာချည်းပါဘဲ။ မြန်မာပြည်မှာ နေထိုင်နေသူအားလုံး အစိုးရဖိနှိပ်မှု တစုံတရာသာ မရှိဘူးဆိုရင် နေရေးလည်း အထိုက်အလျောက်တော့ ရနိုင်တယ်။ စားရေးလည်း အထိုက်အလျောက်တော့ ရနိုင်တယ်။ ၀တ်ရေးလည်း အထိုက်အလျောက် ရနိုင်ကြပါတယ်။

မြန်မာပြည်ကပြည်သူတွေဟာ လူတဦးခြင်း မိသားစုတခုခြင်း ရင်ဆိုင်ဖြေရှင်းရမဲ့ ပြဿနာလောက်ကို ဖြေရှင်းနိုင်ကြပါတယ်။ အိမ်တအိမ်မှာ အိမ်ထောင်ဦးစီးတယောက် အလုပ်အကိုင်ကောင်းကောင်းတခုရှိရင်တောင် မြန်မာပြည်အနေအထားက အထိုက်အလျောက်နေလို့ရတဲ့ ကာလတွေရှိခဲ့ဘူးပါတယ်။


စစ်အစိုးရလက်အောက်မှာ ပြည်သူလူထု ရင်ဆိုင်ခံစားနေရတာက စစ်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ၊ လောဘဇောတိုက်မှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ (ဘ၀ မလုံခြုံမှု ပြဿနာ)လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။

ဘယ်တိုင်းပြည်က ပြည်သူဘဲဖြစ်ဖြစ် ပြည်သူပြည်သားတွေရဲ့ ဘ၀လုံခြုံဘို့

(၁) လူတဦးခြင်း (သို့) မိသားစုတခုခြင်းက ကြိုးစားရုန်းကန်ဖြေရှင်း ဆောင်ရွက်ရတဲ့ အပိုင်း

(၂) အုပ်ချုပ်သူအစိုးရက ပြည်သူလူထုအတွက် ဦးဆောင်ကြိုးစားဖြေရှင်းပေးရတဲ့ အပိုင်း ဆိုပြီး နှစ်ပိုင်းရှိပါတယ်။

မြန်မာပြည်သူတွေဟာ နံပတ်တစ် လူတဦးခြင်း၊ မိသားစုတခုခြင်း ဖြေရှင်းဆောင်ရွက်ရမဲ့ အပိုင်းတွေကို အရင်ကရော အခုရော လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။ ကိုယ့်အိမ်၊ ကိုယ့်ခြံ ကိုယ့်ဝန်းကို သူခိုးသူဝှက်မ၀င်အောင် လုံခြုံအောင် ကာရံဘို့၊ ခြံခတ်ဘို့၊ သံဆူးကြိုးကာဘို့၊ သံပန်းတပ်ဆင်ဘို့ကို ကိုယ်အတိုင်းအတာနဲ့ကိုယ် လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တတိုင်းတပြည်လုံး တရားဥပဒေစိုးမိုးဘို့ဆိုတာကိုတော့ အစိုးရက ဦးဆောင်ဦးရွက်ပြု တာဝန်ယူမှသာ ရနိုင်မှာ ဖြစ်ပါတယ်။

င်္From Ar Kar..

အိမ်တအိမ်မှာ၊ မိသားစုတခုမှာ အချိန်အတိုင်းအတာတခုနဲ့ လျှပ်စစ်မီးရရှိနိုင်ဘို့ သင့်တော်တဲ့ မီးစက်၊ အင်ဗာတာ၊ အသေးစားဘက်ထရီမီးချောင်း၊ မီးတိုင်ဆိုတာမျိုးရရှိဘို့ လူတိုင်းအိမ်တိုင်း မိသားစုတိုင်း လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး ၂၄ နာရီ မီးလင်းဘို့ ဆိုတာကတော့ အစိုးရကလုပ်မှသာ ရနိုင်ပါမယ်။

တိုင်းသူပြည်သားတယောက် နှာစေးချောင်းဆိုးဖြစ်တာ တုတ်ကွေးဖြစ်မျိုး အသေးစား ကျန်းမာရေးပြဿနာမျိုးကို လူတဦးခြင်း မိသားစုတခုခြင်းက ဖြေရှင်းလို့ ရပေမဲ့ကင်ဆာလို အေအိုင်ဒီအက်(စ်)လို၊ ဒါမှမဟုတ် ခွဲစိတ်ကုသရမဲ့ ရောဂါမျိုး အကြီးစားကျန်းမာရေးပြဿနာများအတွက်တော့ အုပ်ချုပ်သူအစိုးရတရပ်ရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေး အစီအစဉ်တွေရှိမှသာ အဆင်ပြေနိုင်မှာပါ။

မိသားစုတခုက ကလေးတယောက် စာရေးတတ်ဖတ်တတ်ဘို့ လောကဓါတ်စာသင်ကျောင်းကို ပို့ရင်ပို့။ မပို့နိုင်ရင်တောင် ဘုန်းတော်ကြီး ပညာသင်ကျောင်းကိုပို့ပြီး စာတတ်အောင်လုပ်လို့ရပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတကာအဆင့် ပညာရေးစနစ် ကောင်းမွန်ဘို့ကတော့ အစိုးရရဲ့တာဝန်ပါ။

စစ်အစိုးရဟာ အစိုးရဆိုတဲ့ အုပ်ချုပ်သူတို့ ထမ်းဆောင်အပ်တဲ့ အထက်ကပြောခဲ့တဲ့ကိစ္စမျိုးတွေကို တာဝန်ခံ လုပ်ကိုင်ဘို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီတာဝန်တွေကို မလုပ်နိုင်တာလား၊ မလုပ်ချင်တာလား၊ လုပ်နိုင်လောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး မပြည့်မီတာလားဆိုရင်တော့ အချက်သုံးချက်လုံးဘဲ ဖြစ်နိုင်ပါတယ်။

ပြည်သူလူထု လက်တွေ့ဘ၀မှာ ကြုံတွေ့ခံစာနေရတာက နိုင်ငံတနိုင်ငံမှာ လျှပ်စစ်မီး (၂၄) နာရီလင်းအောင် အစိုးရက လုပ်သင့်တယ်။ မလုပ်တော့ လူဦးချင်း မိသားစုတခုခြင်းက ကိုယ့်မိသားစုကလေး မီးလင်းနိုင်ဘို့ မီးစက်ဝယ်ဘို့ ရုန်းကန်ရတယ်။ အင်ဗာတာလို မီးအားမြှင့်စက်လို ပစ္စည်းတွေဝယ်ဘို့ အနိမ့်ဆုံးအဆင့် တရုတ်မီးတိုင်ကလေးဝယ်ဘို့ ကြံစည်ရတယ်။ မိမိရဲ့မိသားစု အဆင့်အတန်းအလိုက် သိန်းနဲ့ချီတဲ့ ငွေကို အပိုသုံးရှာဖွေနေကြရတယ်။ ဆင်းရဲသားမိသားစုတွေ ကျေးလက်တွေမှာ ဘက်ထရီမီးကလေးထွန်းနိုင်ဘို့ စားသောက်ရေးထဲကဖဲ့ပြီး ကုန်ကျရတယ်။


ကျန်းမာရေးဘက်မှာ ဆိုရင်ကော။ သာမာန်အားဖြင့် တပြည်လုံးအတိုင်းအတာနဲ့ ကလေးမီးဖွားဘို့၊ အရေးပေါ်ခွဲစိတ်ကုသဘို့၊ အေအိုင်ဒီအက်စ်လို ကပ်ရောဂါဘေးတွေအတွက် အစိုးရရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးအစီအစဉ်တွေ ပျက်ယွင်းနေတဲ့အခါ မိသားစုတခုမှာ ကြီးကြီးမားမား ကျန်းမာရေးပြဿနာမျိုး ကြုံလိုက်တာနဲ့ တသက်လုံး စုဆောင်းလာသမျှ ငွေကို ထုတ်ပြီး သုံးစွဲရတော့တယ်။ မိသားစုတခုမှာ လူတယောက် မကျန်းမာပြီဆိုရင် ကျန်မိသားစုဝင်တွေက တသက်လုံး စုဆောင်းလာတဲ့ ရွှေပြောင် ငွေပြောင်နဲ့ လူမွဲစာရင်းဝင်သွားတယ်။ နောက်ထပ် မိသားစုဝင်တယောက် မကျန်းမာရင် ကုသစရာ ငွေမရှိတော့တဲ့အထိ ဖြစ်နေကြရတယ်။

နောက်တခု ပညာရေး ဘယ်ကစပြီး ဘယ်လိုပျက်စီးအောင်လုပ်ပြစ်မှန်းမသိတဲ့ ပညာရေးစနစ်အောက်မှာ ပြည်သူလူထုဟာ မိမိတို့ရဲ့သားသမီးကလေးတွေ ပညာတတ်ဘို့ ကျူရှင်စရိတ် ဂိုက်ငှားစရိတ်တွေအတွက် လုံးပမ်းနေကြရတယ်။

ပြည်တွင်းတက္ကသိုလ်တွေက အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ဘို့ သင်နည်းအထောက်အကူပစ္စည်းတွေ မပြည့်စုံဘူး။ မတတ်ဘူး။ ဒီတော့ ကိုယ့်သားသမီးသူများနည်းတူ လူတလုံး သူတလုံးဖြစ်ဘို့ နိုင်ငံရပ်ခြားသွားပြီး ပညာသင်ဘို့ အားထုတ်ကြရတယ်။ ဒီလိုနဲ့ ပြည်သူတွေမှာ မပင်ပန်းသင့်ဘဲ ပင်ပန်းနေကြရတာ လက်တွေ့ပါဘဲ။


ပြီးတော့ စစ်အစိုးရဟာ သူကိုယ်တိုင်က ပြည်သူ့လိုအပ်ချက်တွေကို ရောင်းသူ ကုန်သည်လုပ်နေတယ်။ ကုန်သည်မှ မတရားအမြတ်ကြီးစား ကုန်သည်။ ကုန်ပစ္စည်းတွေကို ရှားပါးအောင် လုပ်ထားတယ်။ ပြီးတော့ သစ္စာခံမှုအပေါ် မူတည်ပြီး ပါမစ်ချစနစ်နဲ့ မတရားရောင်းကုန် ဖြစ်စေတယ်။

ဂျပန်နိုင်ငံ ကားသချိုင်းတွေက ကားအစုတ် တသိန်းတန်ကို မြန်မာပြည်မှာ ပါမစ်ဈေးသိန်းရာကျော်ဖြစ်ပြီး လူထုကို ပြန်ရောင်းစားတယ်။ မြန်မာပြည်မှာ သိန်း ၃၀၀-၄၀၀ လောက်ဖြစ်နေတဲ့ ဂျပန်ကားတွေဟာ ဂျပန်မှာ ကုမ္ပဏီထုတ်အသစ်စက်စက်မှ ဒေါ်လာ ၃၀၀၀-၄၀၀၀ ၀န်းကျင်ဘဲ ရှိတယ်။ မြန်မာပြည်မှာသာ ဖက်စပ်ထုတ်ရင် ဒေါ်လာ ၂၅၀၀-၃၀၀၀ လောက်နဲ့ ထုတ်လုပ်နိုင်လောက်တယ်။ ဒီလိုသာ ထုတ်လုပ်နိုင်ရင် ကားအသစ်တစီးမှ သိန်း ၃၀ ၀န်းကျင်ဘဲကျမယ်။ ကားတစီးတန်ဘိုးက မူလတန်ဘိုးထက် ဆယ်ဆလောက်မြှင့်နေတာ စစ်ဗိုလ်တွေ မတရားလုပ်စားနေတာ မဟုတ်ဘူးလား။

မြန်မာပြည်မှာ ဖက်စပ်လာလုပ်တဲ့ ဂျပန်စူဇူကီးကုမ္ပဏီရဲ့ အစီရင်ခံစာတခုမှာ သူတို့ကုမ္ပဏီအနေနဲ့ နှစ်စဉ်ကားစီးရေတိုးပြီး ထုတ်လုပ်ချင်တယ်။ ဒီအကြောင်းကို မြန်မာစစ်အာဏာပိုင်တွေကို ဘယ်လိုပင်တင်ပြသော်လဲ အဘယ်အကြောင်းကြောင့် တိုးပြီးထုတ်လုပ်ခွင့် မပြုသည်ကို စဉ်းစား၍ မရနိုင်အောင်ဖြစ်ရသည်လို့ ဖတ်ခဲ့ရဘူးပါတယ်။ အဲဒါ ဘာမှမဟုတ်ပါ။ ဂျပန်ကုမ္ပဏီက ကားတွေထုတ်ပြီး ထုတ်လုပ်မှုစရိတ် +အမြတ် တန်ဘိုးလောက်နဲ့သာ ပြည်သူတွေကို ရောင်းချလိုက်ရင် သူတို့ ပါမစ်နဲ့လုပ်စား၊ ရိုက်စား ဈေးကွက်ပျက်မှာစိုးလို့ပါဘဲ။


ပြီးတော့ လူထုအတွက် လိုအပ်တဲ့ဆက်သွယ်ရေးကိရိယာ တယ်လီဖုံးတမျိုးနဲ့တင် လူထုအပေါ်က ခေါင်းပုံဖြတ်စားသွားတာ ငွေတွေ မနဲပါ။ ထောင်ဂဏန်း သောင်းဂဏန်းလောက်နဲ့ ပေါပေါများများချပေးရင် ရနိုင်ပါလျက် ရှားကုန်လုပ်။ သစ္စာခံမှုနဲ့ ပါမစ်ထုတ် ရောင်းစားတာကို ပြည်သူတွေက လက်ကိုင်ဖုံးတလုံးကို တန်ဘိုး (၄၅ သိန်း) လောက်အထိ ပေးပြီး ၀ယ်သုံးခဲ့ကြရတယ်။

အခုထိ ၅ သိန်းတန်ဖုံး ၆ သိန်းတန်ဖုံးစသဖြင့် တိုင်းသူပြည်သားတွေကို နင်တို့ ဘယ်လောက်ပေးနိုင်သေးသလဲ။ ပေးနိုင်သလောက်ပေးပြီး ၀ယ်လိုက်ကြဦး။ ရှိတဲ့ငွေလေး ထုတ်၊ တယ်လီဖုံးတွေ ၀ယ်သုံးကြဦးနဲ့ လုပ်စားနေတာ။ နောင်ကျရင် တသောင်းတန်ဖုံးအထိ လာမယ်။ တောရောမြို့ပါမကျန် မိသားစုတိုင်းဆီက ရှိသမျှငွေတွေ ခြစ်ချုပ်ယူသွားတယ်လို့ဘဲ ပြောရမှာပါဘဲ။ ဈေးကွက် စီးပွားရေးက စစ်အသိုင်းအ၀န်း ဈေးကွက်ဖြစ်နေတာလေ။

နောက်တခုက အခွန်အကောက်။ နေရာအနှံ့မှာ ကြီးလေးတဲ့ အခွန်အကောက်တွေနဲ့ ပြည်သူတွေမှာ ၀န်ပိနေတယ်။ အခွန်အကောက်သက်သာခွင့် ရသင့်တဲ့ ပြင်ပပညာရေး ကျန်းမာရေးလုပ်ငန်းခွင်တွေနဲ့ အသေးစားလုပ်ငန်းရှင်တွေအပေါ်မှာတော့ အခွန်တွေ တိုးကောက်တယ်။

တိုင်းသူပြည်သား လူငယ်ကလေးတွေ မင်္ဂလာဦးဇနီးမောင်နှံရဲ့ မင်္ဂလာပွဲ ကြွေးမွေးဧည့်ခံစရိတ် ၅ သိန်းကျရင် အခွန်က ၅ သောင်း ဆောင်ပေးရပေမဲ့ တရားမ၀င်လုပ်ငန်း ဘောလုံးဒိုင်တွေ၊ ချဲဒိုင်တွေ၊ နှစ်လုံးဒိုင်တွေဆီက သိန်းကုဋေနဲ့ ချီတဲ့ နေ့စဉ်လည်ပတ်ငွေတွေကတော့ တရားဝင်အခွန်အဖြစ်က ကင်းလွတ်နေပြီး တရားမ၀င်ဆက်ကြေးတွေအဖြစ် အာဏာပိုင်စစ်ဗိုလ်ကတော်တွေရဲ့ ချိတ်ထမီဘိုးနဲ့ စိန်ဘိုးဖြစ်သွားတယ်။


နောက်ပြီးတော့ တိုင်းပြည်ရဲ့သယံဇာတတွေ ရောင်းချထားတဲ့ ငွေတွေကို အလကား အရေမရအဖတ်မရ ကြပ်ပြေးမှာ မလိုအပ်သေးတဲ့ အဆောက်အဦးတွေဆောက်၊ မြို့သစ်တည်၊ မြေအောက်လှိုဏ်ဂူတွေကို ဒေါ်လာဘီလျံနဲ့ချီ အကုန်ခံတူးလားတူးရဲ့။ အနုမြူဗုံးလုပ်ဘို့ ကြံလိုကြံ၊ ဘာတွေလဲ မသိဘူး။

လုပ်သမျှ လူထုအတွက် လုံးဝမပါ။ မရောင်ဆီလူး အလုပ်တွေနဲ့ တိုင်းပြည်ငွေတွေ ကုန်ခမ်းနေတာလေ။

အခုဆိုရင် တိုင်းပြည်ရဲ့ ၀င်ငွေ ထွက်ငွေ ဘဏ္ဍာရေးစာရင်းရှင်းတမ်း မကြေငြာတာ ဘယ်လောက်ကြပြီလဲ။ Accountability and transparency ပျက်နေတာ ဘယ်မျှကြာပြီလဲ။ တိုင်းပြည်ဝင်ငွေ ဘယ်က ဘယ်လောက်ဝင်ပြီး ဘယ်မှာ ဘယ်လောက်သုံးသလဲ။ ဘယ်လိုသုံးခဲ့သလဲ ဘဂျက်ရှင်းတမ်း မကြေငြာတာ နှစ်ဘယ်လောက်ကြာနေပြီလဲ။

အမှန်စင်စစ် တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေက စစ်တပ်ကဗိုလ်တွေ တိုင်းရင်းသားဒေသတွေမှာ ရွာတွေဝင်တော့ ရွာသားတွေက စစ်တပ်လာပြီဆိုတာနဲ့ ထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာထဲကို စစ်တပ်ရောက်တော့ ရိက္ခာမပါတဲ့စစ်တပ်ဟာ ရွာသူရွာသားတွေရဲ့ စပါးကျည်ထဲက စပါးဆွဲ၊ ပြောင်းဆွဲ၊ လူးဆွဲ၊ ကြက်တွေ့တော့ ကြက်ဆွဲ သတ်စား၊ ၀က်တွေ့တော့ ၀က်ဆွဲ သတ်စား၊ နွားတွေ့တေ့ နွားဆွဲ သတ်စားရာကနေ ရာထူးတက်ပြီး အာဏာဖင်ထိုင်ခုံတွေနဲ့ မြို့ပြရောက်လာတော့ ကားဆွဲ၊ တိုက်ဆွဲ၊ ခြံဆွဲ တိုင်းပြည်ဘဏ္ဍာလည်း ကိုင်ခွင့်ရရော။ ပြည်သူ့ဘဏ္ဍာ သူတို့ဘဏ္ဍာ ဥစ္စာမှတ်ပြီး သူတို့ငွေစားရင်းထဲ ဆွဲသွင်းလိုက်ကြတာကစတဲ့ အဓမ္မဇာတ်လမ်းတွေကြောင့်သာ မတော်မတရား မကြားကောင်း မနာသာတွေဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေရတာပါ။

ဘယ်သူသေသေ ငရွှေမာရင် ပြီးရော ......

ပြောရတာ အတော်ခက်ပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ စစ်ဗိုလ်ချုပ်တွေ တယောက်နဲ့တယောက် မေးထိုးပြီးသူက အိမ်ရပြီ။ ငါလဲ အိမ်ရမှ။ သူက မော်တော်ကား ဘယ်လောက်တန် ဘယ်နှစ်စီးရပြီ။ ငါက ဘယ်နှစ်စီးဘဲ ရသေးတယ်။ ရှာလိုက်ဦးမှ။ ပြည်သူ့ဘဏ္ဍာထဲက နှိုက်လိုက်ဦးမှ။ မိုက်ကြေး ခွဲလိုက်ဦးမှ။ သူ့သားကတော့ ဘာကုမ္ပဏီ ထောင်ပြီးပြီ။ ငါ့သားက ဘာကုမ္ပဏီ ထောင်လိုက်မှ။

အမယ်လေး…..လေး။ အိမ်အလုံး ၁၀၀ နဲ့လည်း မကျေနပ်။ အလုံး ၂၀၀ လည်း မကျေနပ်။ ရှန်ဟိုင်းအထိ အိမ်တက်ဝယ်ကြ။ ကိုယ့်သားကိုယ့်သမီး ကိုယ့်မြေးအတွက်တင် မကဘူး။ ဗိုလ်ချုပ်အဘကြီးတွေရဲ့ ကီးပင်း (keeping) မော်ဒယ် စမောလေးအတွက်ပါ။
တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားလမ်းမှာ အိမ်နဲ့ခြံ ၀ယ်ပေးဦးမှ လုပ်နေကြတာလေ။

ဒါတင်မက ပြည်သူ့ငွေ ကဲ့ထုတ်ပြီး ကိုယ့်ဘဏ်စာရင်းထဲ မြန်မာငွေနဲ့ မြန်မာဘဏ်ထဲငွေစုတာ ခေတ်မစားတော့။ နိုင်ငံခြားဘဏ်မှာ ဒေါ်လာနဲ့ထား။ စပွန်ဆာ အဘဗိုလ်ချုပ်ကြီးတွေကောင်းလို့ မော်ဒယ်သမီးတွေတောင် ဒေါ်လာသိန်းဂဏန်းနဲ့ ရှော့ပင်း (shopping) ထွက်နေနိုင်ကြတယ်။ ဒါပေမဲ့ စစ်အစိုးရလုပ်တဲ့ စီးပွားရေး စီမံကိန်းတွေထဲမှာ သာမန်ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာများလုပ်ခဲ့ပါသလဲ။

သာမန်ပြည်သူထဲက အမှန်တကယ် တက္ကစီမောင်းစားသူ လူတယောက် တက္ကစီတစီးပိုင်ခွင့်ရဘို့ လုပ်ပေးခဲ့ဘူးပါသလား။

ဆိုက္ကားနင်းစားရသူ သာမန်လူတယောက် ဆိုက္ကားပိုင်ဆိုင်ဘို့ စီမံကိန်းချခဲ့ဘူးပါသလား။ ငွေကျပ် ၁၀၀ ချေးတိုင်း ၁၀ ကျပ်က ၅၀ ကျပ် အတိုးနှုန်းလောက်ပေးပြီး ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စားတွေအတွက် အသေးစားချေးငွေ အစီအစဉ်မျိုး လုပ်ပေးခဲ့ဘူးပါသလား။


စစ်တပ်သစ္စာခံ ဗိုလ်မှူးတွေ ဗိုလ်မှူးကြီးတွေသာ ပါရမီတက္ကစီ စီးရေအများကြီးပိုင်တဲ့ တက္ကစီအုံနာ အကြီးစားကြီးတွေ ဖြစ်သွားတယ်။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏ်ီကသာ မော်တော်ကားလိုင်းထောင်စားတဲ့အထိ လုပ်နေကြတယ်။ အခု နောက်ပိုင်း ပြည်သူတွေကြားမှာ ပြောဆိုနေကြတာက ဗိုလ်ချုပ်မှူးကြီးသန်းရွေရဲ့သားမက်လို့ သတ်မတ်ထားတဲ့ ကိုတေဇက ကွန်းယာဆိုင်ထောင်ပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ဆိုက္ကားထောင်တော့မယ်တဲ့။

ဒီလိုနဲ့ ပြည်သူအများစုက လုပ်စားစရာ အကွက်အကွင်းမရှိသလောက်ဖြစ်ပြီး ဒုက္ခရောက်နေကြရတာပါ။

ဒါကို စစ်ဗိုလ်တွေအကြိုက် အောင်သွယ်လား။ လော်ဘီလား။ လောဘစ်လား။ အနောက်နိုင်ငံတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တားဆီးတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့ထားတာကြောင့် ပြည်သူတွေ အထိနာပါတယ်လို့ အမေရိကန်လွှတ်တော်သွားပြီး ရွေနားတော်သွင်းသူက သွင်း၊ ပြည်တွင်းဂျာနယ်တွေမှာ အေးချင်းရေးသူက ရေး၊ အနောက်တိုင်းရဲ့ ဒဏ်ခတ်မှုတွေ လျော့ကျစေဘို့ စစ်ဗိုလ်ချုပ်တွေဘက်က ပြည်သူ့အပေါ် ရက်စက်မှုတွေကို တရစ်လောက်လျှော့ချဘို့တော့ တလုံးတပါးမှ ပါးစပ်မဟကြဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြောဆိုနေတာကတော့ တဖက်သတ်ဆန်လွန်းပါတယ်။

ငါ့စကားနွားရနိုင်လွန်းလှပါတယ်။


ကိုလော်ဘီတို့ကို မေးကြည့်ချင်တာက ဘယ်စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းစေချင်တာလဲ။

General sanction ဆိုတဲ့ အထွေထွေစီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကိုလား။ target sanction ဆိုတဲ့ ဗိုလ်ချုပ်တွေနဲ့ အလွမ်းသင့် စီးပွားရေးသမားတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကိုလား။

General sanction ဆိုတဲ့ပိတ်ဆို့မှုကို ဖွင့်ပေးလိုက်ရင် ပြည်သူတွေပိုကောင်းလာမလား။ ဟင့်အင်း မထင်မိပေါင်၊ ဝေးပါသေး။ အခုလဲ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာစစ်အစိုးရနဲ့ စီးပွားရေးဆက်ဆံမှု မလုပ်ကြဘူးဆိုပေမဲ့ အာစီယံတို့ တရုတ်တို့ အိန္ဒိယတို့လို နိုင်ငံတွေက စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေကြတာပါဘဲ။

လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဂရုမစိုက်ဘဲ လောဘဇောတိုက်နေတဲ့ အစိုးရအချင်းချင်း ကုန်သွယ်နေတဲ့ စီးပွားရေးကို လိင်တူဆက်ဆံရေး ကုန်သွယ်မှုလို့ နာမည်ပေးရင် ကောင်းမယ်ထင်တယ်။ တကယ်တော့ ဒီနိုင်ငံတွေနဲ့ လုပ်နေတဲ့ ကုန်သွယ်မှု တန်ဘိုးနဲ့တင် မြန်မာပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးချင်ရင် ရနိုင်ပါတယ်။

ဒါပေမဲ့ လက်တွေ့အခြေအနေမှာ ဘယ်လိုဖြစ်နေသလဲဆိုရင် ဥပမာ- မြန်မာပြည်မှာ အထည်ချုပ်လုပ်ငန်းတွေက နှစ်စဉ် ဒေါ်လာငွေ သန်း ၄၀၀ လောက် အမြတ်အစွန်းရနေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်အားစိုက်ထုတ် လုပ်ကိုင်နေကြရတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမလေးတွေရဲ့လုပ်အားခကတော့ ဘ၀၀မ်းစာဖူလုံအောင် မရရှိကြပါဘူး။ ဘာလို့လဲဆိုတာ့ ဒီလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရရှိနိုင်ဘို့ ဗိုလ်ချုပ်တွေကို တရားဝင်ရော တရားမ၀င်ရော (over table – under table) ပေးနေရာတာတွေကြောင့် အောက်ခြေက အလုပ်သမားလူတန်းစားဆီ (လုံးဝ လုံးဝ) မရောက်နိုင်တော့ လို့ပါဘဲ။

ပြောတာတွေလဲ သိပ်ကိုများသွားပြီ။ ဒီထက်မက ပြောချင်ပါသေးတယ်။ ပြောချင်တာမှ လက်တွေ့အခြေအနေမှန်တွေကို တကမ္ဘာလုံးကိုသိအောင် ခြေလျင်ပတ်ပြီး ပြောချင်တယ်။ စစ်အစိုးရနဲ့ ပုလင်းတူဘူးဆို နိုင်ငံခြားအစိုးရတွေရဲ့ရုံးတွေရှေ့ ငုတ်တုတ်ထိုင်ပြီး ပြောချင်တယ်။



နောက်ဆုံးအနေနဲ့ လိုရင်းအနှစ်ချုပ် ပြောချင်တာကတော့ စစ်အစိုးရဘက်က ပြည်သူအပေါ် ရက်စက်မှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထားတာမျိုး အထွေထွေတားမြစ်ထားမှု (sanction) တွေ တခုမှမလျှော့ပေးသေးဘဲနဲ့တော့ အနောက်တိုင်းရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု sanction တွေလည်း လျှော့ပေးစရာ မလိုသေးဘူး။

ပြည်သူ့မျက်နှာတကယ် ငဲ့ကြည့်တယ်ဆိုရင် ဆက်လက်ထားရှိနေသင့်သေးတယ်။ စီးပွားရေးပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဘို့ ပြောဆိုနေကြတဲ့ ကြားပွဲစား အောင်သွယ်တော် ကိုလော်ဘီတွေရဲ့အသံတွေ ကြားရ၊ ဆောင်းပါးတွေဖတ်ရတာလည်း ပြည်သူလူထုက နားကလောတယ်။ မျက်စိ နောက်တယ်။ တော်လောက်ကြပါပြီ ဆိုတာပါဘဲ။

မင်္ဂလာနိုင်ငံသစ်ကို ကြိုဆိုလျက် နိုင်ငံသားအားလုံးကို လေးစားသော

မမခင်

(21.12.10- 9.00 PM)
http://www.yoma3.org/?p=1799

Share via Dorn Med


၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏
ဘီရုမာ Tuesday, 04 January 2011 17:42 ကာတွန်း