Tuesday, January 11, 2011

၁၁.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

5 attachments — Download all attachments  
shinyinmaw (1).pdfshinyinmaw (1).pdf
41K   View   Download  
11 Jan 2011 Yeyintnge's Diary.doc11 Jan 2011 Yeyintnge's Diary.doc
2092K   View   Download  
11 Jan 2011 Yeyintnge's Diary.pdf11 Jan 2011 Yeyintnge's Diary.pdf
4007K   View   Download  
42148535-Letter-to-Former-Comrades-Abroad.pdf42148535-Letter-to-Former-Comrades-Abroad.pdf
56K   View   Download  
Maung Wunna passes away.pdfMaung Wunna passes away.pdf
188K   View   Download  

http://www.mediafire.com/file/r22rvstf6o7lkx8/11%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/zr0o339u1dhisqx/11%20Jan%202011%20Yeyintnge%27s%20Diary.pdf
11 Jan 2011 Yeyintnge's Diary

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ မင်္ဂလာအခမ်းအနားတခုက သတို့သား လုပ်ငန်းခွင်မှာ ဖိအားပေးခံရ


Posted by admin on January 11, 2011

ဇန်နဝါရီလ ၁ ရက်နေ့မှာ မောင်မင်းဆုမွန် နဲ့ မခင်ဝါဝါလှိုင် တို့ရဲ့ မင်္ဂလာအခမ်းအနားကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အတွက် Movie5 မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်မင်းဆုမွန် ဟာ သူ့အလုပ်တာဝန်ထဲမှာ အထက်အာဏာပိုင်တွေရဲ့ ဖိအားပေးခြင်းကို ခံရပါတယ်။
သတိုးသား မောင်မင်းဆုမွန်ဟာ Movie5 မှာ တာယူဝန်ဆောင်ရွက်လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။ အဆိုတော် ထူးအိမ်သင် နဲ့ ညီအကိုတော်စပ်သူလည်းဖြစ်ပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မိသားစုခြင်း ရင်းနှီးသူတဦးလည်း ဖြစ်ပါတယ်။ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ သူ့ရဲ့ မင်္ဂလာပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လာတဲ့အတွက် အာဏာပိုင်တွေဘက်က အမြတ်ဒေါသဖြစ်ပြီး မောင်မင်းဆုမွန်ကို လက်ရှိလုပ်ကိုင်နေတဲ့ တာဝန်မှ နှုတ်ထွက်စာတင်ခိုင်းတာကို ခံခဲ့ရပါတယ်။
Movie5 မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မောင်မင်းဆုမွန်ရဲ့ အပေါင်းအသင်းအသိုင်းအဝိုင်းတွေက သူ့ကို အလုပ်က ထုပ်ပစ်မယ်ဆိုရင် သူတို့ပါ မလုပ်တော့ဘူးဆိုပြီး ထွက်စာဝိုင်းတင်ကြပါတယ်။ ခုဆိုရင် ရုံးသူရုံးသား အပေါင်းအသင်း တွေအားလုံး အလုပ်ထွက်စာဝိုင်းတင်ကြတဲ့အတွက် အထက်အာဏာပိုင်တွေက မောင်မင်းဆုမွန် အပါအဝင် ထွက်စာ တင်သူအားလုံးကို အလုပ်မှာ ပြန်လည်ခန့်အပ်ထားလိုက်ရတယ်လို့ Movie5 အသိုင်းအဝိုင်းမှ ပြောပြလာတဲ့အတွက် သိရှိရပါတယ်။
ပေးပို့သူ … လွင်မြင့်
http://www.naytthit.net/?p=6398

စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စိ္ဈမ) ။      ။ အရွယ်ရောက်ပြီးသူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ရာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တင်းမာမှု ပိုတိုးလာစေနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။

မဇ္ဈိမက လက်ခံရရှိထားသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ မနှစ် နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂၀၁၀ ပြန်တမ်းမိတ္တူအရ  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

စစ်မှုထမ်းဆင့်ခေါ်ရန် တိုင်းဒေသကြီး သို့မဟုတ်
pantann
ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြန်တမ်းမိတ္တူ
ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်ခွင့် ဥပဒေက ခွင့်ပြုထားသည်။

ဆရာဝန်၊ အင်ဂျင်နီယာစသဖြင့် အတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်း နေထိုင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

ကျွမ်းကျင်သူ စစ်မှုထမ်း အမျိုးအစားတွင် ၃ နှစ်အထိ ဝင်ရောက်စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

ထို့အပြင် အရေးပေါ်အခြေအနေတွင် အစိုးရအနေဖြင့် စစ်မှုထမ်းကာလကို ၅ နှစ်အထိ သတ်မှတ်နိုင်ခွင့်လည်း ပေးထားသည်။

ရပ်ကွက်အာဏာပိုင်များက မိမိကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်တွင် နေထိုင်သူများအနက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အရွယ်ရောက်သူများ စာရင်းကို နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့အရောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကို ပို့ရမည် ဖြစ်သည်။

သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂင်္ါ မသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်ကြောင်း သတ်မှတ်ထားသူများ၊ ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်စေရမည်ဟု ဆိုထားသည်။

သို့သော် နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားစောင့်ရှောက်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါး ဖြတ်ရန် ဆေးကုသမှု ခံယူနေသူများနှင့် ထောင်ဒဏ်ကျ ခံနေသူများသည် သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ဖြင့် ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အဖွဲ့အင်အားကို ထိခိုက်လာနိုင်သည်ဟု အင်အား ၁ သောင်းခန့်ရှိမည် ခန့်မှန်းထားသော ကချင်လွတ်လပ်ရေးအဖွဲ့ အရာရှိများက စိုးရိမ်နေကြသည်။

စစ်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းသွားသော ကေအိုင်အို၏ လက်နက်ကိုင်တပ်တွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြား စစ်သည်အင်အားက ၉၀ ရာခိုင်နှုန်းရှိနိုင်သည်ဟု ကချင်အရာရှိတဦးက ပြောသည်။

စစ်မှုထမ်း ဥပဒေသစ်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရန် အင်အားတိုးချဲ့ခြင်းသာ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU)မှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောသည်။

“ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။ စစ်အာဏာရှင် တည်မြဲဖို့အတွက် တိုင်းရင်းသားတွေကို သတ်ဖြတ်ဖို့အတွက် ထုတ်တယ်လို့ မြင်တယ်။ … အတင်းအဓမ္မ စစ်သားစုဆောင်းရေးတွေ ဖြစ်လာနိုင်မယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

စစ်ဆင်ရေးကာလများတွင် ပေါ်တာဆွဲခွင့်ကို တရားဝင်ဖြစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်သည်။

“ဒီဥပဒေက တတိုင်းပြည်လုံးနဲ့ ဆိုင်တယ်လို့ ရေးမထားဘူး။ သူက တိုင်း၊ ပြည်နယ်၊ ခရိုင် ဒါမှ မဟုတ်ရင် အောက်မှာ မြို့နယ်အလိုက် အရေးပေါ်အခြေအနေပေါ် မူတည်ပြီးတော့ ဒီဥပဒေကို ပြဋ္ဌာန်းနိုင်တယ်။ အကယ်၍ မြန်မာပြည်ကြီးမှာ အေးချမ်းနေတယ်၊ ဥပမာ ကရင်ပြည်နယ်မှာ စစ်ဖြစ်တယ်ဆိုရင် ကရင်ပြည်နယ် တခုထဲ လုပ်လိုက်လို့ ရတယ်။ ရှင်းအောင်ပြောရရင် ပေါ်တာကို တရားဝင် ဆွဲလို့ရအောင် လုပ်လိုက်တာပဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။

ရဲအရေးပိုင်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန်ရှိသော်လည်း ပျက်ကွက်သူကို ထောင်ဒဏ် ၃ နှစ်ထိ အပြစ်ပေးခွင့်နှင့် ဟန်ဆောင်ကာ တိမ်းရှောင်လွှဲဖယ်လျှင် ထောင်ဒဏ် ၅ နှစ်ထိ အပြစ်ပေးရန် သတ်မှတ်ထားသည်။

ထို့ပြင် ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကို အရေးပေါ် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း ဆိုထားသည်။

တခြားနိုင်ငံများ၏ ရန်ပြုလာမှုပေါ်မူတည်၍ ထုတ်ပြန်ရမည်ဖြစ်ပြီး လက်ရှိ မြန်မာပြည် အခြေအနေအရ ပြည်ပရန်လည်းမရှိသဖြင့် တိုင်းပြည်အတွက် စည်းလုံးညီညွတ်မှုရယူပြီးမှ အဆိုပါ ဥပဒေများကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“တိုင်းပြည်မှာ တကယ်လုပ်သင့်တာက စည်းလုံးညီညွတ်မှုရအောင် ယုံကြည်မှုရအောင် လုပ်ကိုင်ပေးနိုင်တဲ့ အခြေအနေကျရင် ဒီကစ္စဆွေးနွေးသင့်တယ်။ လုပ်ကိုင်သင့်တယ်ဗျာ၊ ခုတော့ ပြည်ပရန်ဖြစ်လာဖို့ မရှိဘဲနဲ့ လုပ်နေတာက အင်မတန် စဉ်းစားစရာကောင်းတဲ့ အချက်ပါဘဲ”ဟု သူက မဇ္စိ္ဈမကို ပြောသည်။

သို့သော် လေ့လာသူများက ကောင်းကျိုးအားဖြင့် စစ်ပညာတတ်မြောက်သူ များလာနိုင်သည်ဟု ပြောသည်။

အစိုးရသစ် မပေါ်ပေါက်မီ ပြဋ္ဌာန်းလိုက်ခြင်းက စစ်အစိုးရ မလိမ့်တပတ်လုပ်ခြင်းဟု မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။

“စစ်အစိုးရက မလိမ့်တပတ် လုပ်ထားတာမျိုး တွေ့တယ်လေ။ မဆလခေတ်တုန်းက အခြေခံ ဥပဒေ ရေးဆွဲပြီးရင် လူထုကို ၃ ကြိမ် ချပြရတယ်။ လူထုကနေ အမျိုးသား ညီလာခံထဲမှာ ဆွေးနွေးရမယ်။ …သူ့အတွက် လျှို့ဝှက်ပြီး ကလိမ်ကကျစ်လုပ်မယ့် အကြောင်းအရာ တခုခုတော့ ရှိနေလိမ့်မယ်ထင်တယ်”ဟု ဦးဌေးအောင်က ပြောသည်။

စစ်အစိုးရက  အရန်တပ်ဖွဲ့ဲ့ဥပဒေ ကိုလည်း နိုဝင်ဘာလ ၄ ရက်က ထုတ်ပြန်ထားသည်။ စစ်မှုထမ်းတဦး စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့် ရရှိသည့်နေ့ရက်မှစ၍ ၅  နှစ်ထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းရမည် ဖြစ်သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုထားသော တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက်သို့ ထည့်သွင်းမည့် နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ် မအောင်မြင်ဖြစ်နေ၍ စစ်အစိုးရနှင့် ယခင်အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအကြား ဆက်ဆံရေး ယိုယွင်းနေဆဲ ဖြစ်သည်။
http://mizzimaburmese.com/news/inside-burma/6701-2011-01-11-11-38-11.html

ဝိုင်းစုဆိုတဲ့ယုံချင်တယ်သီချင်းလေးကိုနားထောင်ရင်သူ့ရင်ထဲကိုသင်မြင်မှာပါ။ဦးဝင်းကိုနဲ့ဆင်တဲ့သူရအောင်ရှာတတ်ပါ့ဗျာ။

အာဏာရှင်ကြီးတို့ရဲ့ မြေးလေးတွေ ပုံပါအတိုင်း စားစရာ ဝတ်စရာမရှိ မြင်ရရင် ဘယ်လိုနေမလဲ

မန္တလေးမြို့ ဘုရားပွဲတစ်ခုရဲ့ မိုးရေထဲ ရွှံ့ဗွက်ထဲမှာ အဝတ်ဗလာနဲ့ အစာရေစာ ငတ်ပြတ်ပြီး မိန်းမောနေတဲ့ ကလေးငယ်နဲ့ မိခင်


ရန်ကုန်မြို့လည်ကုန်းကျော်တံတားပေါ်မှာ


သူတို့ကျတော့...

လက်ရှိအခြေအနေနှင့်ပတ်သက်၍ABSDFသဘောထားအမြင်ထုတ်ပြန်ချက်။

42148535 Letter to Former Comrades Abroad

SYCB monthly Bulletin for December (Vol.4, Issue-47)

SYCB Monthly Bulletin for December (Vol-4, Issue-47

အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr Paul Gorve နှင့်အဖွဲ့ဝင်များ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ လာရောက်

အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr Paul Gorve နှင့်အဖွဲ့ဝင်များ တောင်ဒဂုံရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ ကြည့်ရှူ



တော်လှန်ရေးအတွက် သူတို့ အစပျိုးလမ်းဖွင့်ပေးမှု



စစ်အစိုးရရဲ့ စစ်မူမထမ်းမနေရ ဥပဒေကြောင့် ထောင်ကျမှာ စိုးလို့ စစ်တပ်ထဲ ၀င်သွားကြမည့် လူငယ်တွေ က ရှိကြမှာပါပဲ ။ ဒါပေမယ့် ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းတွေ ဟာ ဒီမိုကရေစီအင်အားစုတွေပဲခေါ်ခေါ်၊နိုင်ငံရေးအင်အားစု တွေက ဖန်တီးပုံဖေါ်လို့ ဖြစ်ပေါ်လာတာ က နည်းလွန်းပါတယ်။ တကယ်တမ်း ၈၈၈၈ ဆိုတဲ့ ရှစ်လေးလုံးဒီမိုကရေစီတော်လှန်ရေးကြီးမှာတုန်းက တောင်မှ နိုင်ငံရေးသမားဟောင်းတစ်ချို့ က မင်းတို့ သောက်ရူးလေးတွေ ငါတို့ တောင် တစ်သက်လုံးလုပ်လာတာ နေ၀င်းကိုဘာမှတ်နေလို့ လဲ၊အုတ်နံရံခေါင်းနဲ့ မတိုက်ကြနဲ့ လို့ ပြောဖူးခဲ့တာတွေကို အမှတ်ရနေမိပါတယ်။ နောက် ဆက်တိုက်ဖြစ်ပေါ်လာခဲ့တဲ့ အရေးအခင်းတွေဟာ စစ်တပ်က အစပျိုးလိုက်ခဲ့တာချည်းပဲဖြစ်နေ
တာကိုသတိထားမိကြလိမ့်မယ်ထင်ပါတယ်။ ၈၈ အစ မှာ ပိုက်ဆံတွေ သိမ်းတယ်။ ကိုဘုန်းမော်တို့ ကိုစိုးနိုင်တို့  စတဲ့ ကျောင်းသားအာဇာနည်တွေကိုပစ်သတ်တယ်။ တံတားနီ အရေးအခင်းကြီးဖြစ်ပေါ်တယ်။ ဒီလိုပဲ နောက်နောက် အရေးအခင်းတွေ ကိုကြည့်ပါ၊နောက်ဆုံး လောင်စာဆီတိုးမြှင့်တာ သူတို့ လုပ်တယ် ။ ကျောင်းသားခေါင်းဆောင်တွေ က အစပျိုးပြီးလမ်း လျှောက်ပြတယ်။ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးကြီးပေါ်လာတယ်။ ကဲ အခု တော့ လာပြန်ပြီ ၊တစ်တိုင်းပြည်လုံးကို စိန်ခေါ်တဲ့ စစ်မှုမထမ်းမနေရ အမိန့် ကိုခိုးကြောင်ခိုးဝှက် တိတ်တိတ်လေးပြန်တမ်းထုတ်တယ်။ အခုသူတို့ ရဲ့စိန်ခေါ်မှုကြီးကို မြန်မာနိုင်ငံသားအာဇာနည် ညီအကိုမောင် ၊နှမ အမျိုးကောင်းသားတွေက ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ သေချာပါတယ် ။ ဘယ်နိုင်ငံရေး သမားတွေ က မှ မျှော်လင့်မထားတဲ့ တော်လှန်မှုကြီးတစ်ခု ဖြစ်တော့မယ်ဆိုတာပါပဲ။ တော်လှန်ရေးအတွက် လူငယ်များအားလုံးလက်တွဲညီညီ ဟန်ချက်ညီညီနဲ့  ရရာနေရာ၊ရောက်ရာအခန်းကဏ္ဍက နေပြီးစကြပါတော့မယ်။ ငါးပွက်ရာငါးစာချ၊ ဟိုနားစု၊ဒေါ်အောင်ဆန်းစုကြည်နား ဓါတ်ပုံတွဲရိုက်ဖို့ ၊ကိုယ့်နံမည်သတင်းထဲပါဖို့ ၊တကယ့် အရေးကြီးတဲ့ လုပ်သင့်တာတွေကို မလုပ်ပဲ မယောင်ရာဆီလူးနေသူများကိုတော့လူငယ်တွေ ၊ တော်လှန်ရေး ရဲဘော်၊ရဲမေများက ရှောင်ရှားကြမှာပါပဲ။ ထိုသူတွေကလဲ ရှောင်သွားကြမှာပါပဲ။ အခု အမျိုးသားဒီမိုကရေစီရုံးချုပ်သွား၊ လက်တွေ့  ဘာအလုပ်မှ မလုပ်ပဲ နံမည်ကြီးဖို့ ၊လုပ်စားဖို့ ဒေါ်စုဘေးကပ်နေကြသူတွေ အတွက် ဒီတော်လှန်ရေးမှာ နေရာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတကယ်ချစ်တဲ့လေးစားတဲ့ သူတွေက ဘာနံမည်မှ အဖေါ်ပြမခံပဲ နောက်ကွယ်မှာ တကယ်အလုပ်လုပ်နေကြတာပါ။ ဒါကို ဘယ်လိုမှ ထုတ်ဖေါ်ပြောလို့ မရလို့  အခုလို Guiding Stars များဆီကို ပို့ ပေးလိုက်တာပါ။ သူတို့ တွေ က ဒေါ်စုကို အသုံးချဖို့ လုပ် ဆောင်ပြီး နိုင်ငံရေးလုပ်စားကြသူများပါတယ်။ တကယ်လုပ်ဆောင်နေသူ က လက်ခ်ျိုးရေလို့  ရပါတယ်။ အဲဒီမှာ လုပ်နေတဲ့ဦးဆောင်ပါတယ်ဆိုတဲ့သူတွေဟာ စစ်အစိုးရရဲ့မွေးထားတဲ့ ဒေါက်တာနေ၀င်းမောင်တို့နဲ့အနီးကပ်လုပ်ဆောင်နေသူ ထောင်ထွက်တစ်ချို့ က နံမည်ယူ လုပ်ဆောင်နေတာဟာ သိပ်ဝမ်းနည်းစရာကောင်းပါတယ်။ ဒါကို ဘဘ ဦးတင်ဦးက အရည်အချင်း ရှိသယောင်ပြောသွားတာက တော့ ကျန်တဲ့တကယ်လုပ်တဲ့သူတွေက အရည်အချင်းမရှိသလိုဖြစ်သွားတာမို့ အတော်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ က တော့ ဒေါ်စုတို့ ဘေးမှာ တကယ် ဒေါ်စု ဘာဖြစ်ချင်တာလဲဆိုတာကို ဘာသာပြန်မှန်မှန်လုပ်ပြီး
ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသား စစ်စစ်များဖြစ်ကြပါ တယ်။ အမည်ခံတွေလဲ မဟုတ်ပါဘူး။ ထောင်ထဲမှာ လဲ နေခဲ့ဘူးသူတွေများပါတယ်။ လုပ်စား နံမည်ခံလုပ်နေသူတွေမဟုတ်ပါဘူး။စစ်အစိုးရရဲ့ ရွေးကောက်ပွဲကိုထောက်ခံလိုက်၊ မဲပေးရေး တွေ လုပ်လိုက်၊ဒေါ်စုပြန်လွတ်လာတော့ဒေါ်စုဘေးကပ်လိုက်၊နံမည်မွေးနိုင်ငံရေးလုပ်စား နေသူ ၊စိတ်မူမမှန်သူတွေ မဟုတ်ပါဘူး။နိုင်ငံရေးကို အချစ်အမှန်းကင်းကင်းနဲ့ တိုင်းပြည်အကျိုး၊ နိုင်ငံသားများအကျိုးကိုသာလုပ်ဆောင်နေကြပြီး တော်လှန်ရေးစစ်စစ်ကိုအကောင်အထည်ဖေါ် နေကြသူများဖြစ်ပါတယ်။ အခု စစ်အာဏာရှင်များအစပျိုးလမ်းဖွင့်ပေးမှုအပေါ် တိုက်ပွဲခေါ်သံကို စတင်ပြီး အမြန်ဆုံး တိုင်းရင်းသားညီအကိုမောင်နှမများနှင့်လက်တွဲ ကာ စစ်ကျွန်ဇာတ်သွင်းမှု ကို အမြန်ဆုံးတော်လှန်ကြပါစို့  ။။ အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့ ။။။


၈၈ မျိုးဆက်ကျောင်းသားစစ်စစ်လူငယ်များ
Posted by Guiding Star at Tuesday, January 11, 2011
http://guidingstarsofburma.blogspot.com/2011/01/blog-post_528.html မှ

ပါလီမန်ခေတ် နောက်ပိုင်း သမ္မတကြီးများ

               နိုင်ငံတော် သမတကြီး ဦးနေ၀င်း+ဦးစန်းယု+ဦးစိန်လွင်+ဒေါက်တာမောင်မောင်

                                  သမ္မတကြီး ဦးနေ၀င်း၏ စတုတ္ထအကြိမ် လက်ထပ်ပွဲ


၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် အာဏာသိမ်း ခေါင်းဆောင်အဖြစ် နာမည် ကျော်ကြားခဲ့သော တော်လှန်ရေး ကောင်စီခေါင်းဆောင်ကြီး ဦးနေ၀င်း ၄င်းလက်ထက်တွင် နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက် ၏ သားသေနတ်နှင့် ပစ်သတ်ခံရခြင်း ၊ ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခြင်း မြန်မာနိုင်ငံ သမိုင်းတွင် ကျောင်းသားရာကျော်ကို ပစ်သတ်ခဲ့ခြင်း ၊ ကျောင်းသားများကို တောထဲသို့မောင်းထုတ်ခြင်း အထူးအားဖြင့် ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ် ကျောင်း သားတစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦး လည်းပျက်စီးခဲ့ရသည်။ 

ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမှ ကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရ ပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့သည့် ခေါင်းဆောင်ကြီး ဖြစ်သည် ။
ဤခေါင်းဆောင်သည် ပညာဘယ်၍ ဘယ်မျှပညာတတ်ခဲ့သည်ဟု အမှတ်အသားမရှိခဲ့သော် ငြားလည်း မင်္ဂလာ ဆောင်ခြင်းကိစ္စကိုတော့ မကြာမကြာပြုလုပ်သည်ဟု သတင်းစာ ဟောင်းများ တွင် ဖတ်ရူရပါသည် ၊ အိမ်ထောင် ငါးဆက်ကျခဲ့သည်ဟု မှတ်သားရပြီး ပထမဆုံးအိမ်ထောင်မှာ ဒေါ်တင်တင်နှင့် အိမ်ထောင်ကျ ခဲ့ပြီး ဦးငွေစိုးကို ဖွားမြင်ခဲ့ပါသည် ၊ ဒုတိယအကြိမ် ဒေါ်ခင်မေ သန်းနှင့် အိမ်ထောင်ကျပြီး ဒေါ်ကြေးမုံဝင်း ဒေါ်စန္ဒာဝင်းတို့ကို မွေးဖွားခဲ့ပြီး ၊ ၄င်းသည် ၁၉၇၂ခု နှစ်တွင် ကွယ်လွန်သဖြင့် မိန်းမမရှိလျှင် မနေနိုင်သော ခေါင်းဆောင်ကြီးသည် ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့ပြန်သည်၊ ထို့နောက် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မိမယ်နှင့် အိမ်ထောင်ပြုခဲ့ပြီးနောက်ဆုံးတွင် ဒေါ်နီနီမြင့်နှင့် ပြန်လည်အိမ်ထောင်ပြုခဲ့ပြန်ပါသည်။
ခေါင်းဆောင်ကြီး ဦးနေ၀င်းသည် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ကွယ်လွန်ခဲ့သည်။ 

ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)သည် သူ၏ဈာပနကို တပ်မ တော်စစ် သချိုင်္င်း(မင်္ဂ လာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ 

အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။ဤသည်ကား အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်း ၏ ဘ၀တစိတ်တဒေသတည်း။
၎င်းလက်ထက် လုပ်ဆောင်ချက်တချို့မှာ ပြည်တွင်းလက်နက်ကိုင်ဆူပူသောင်းကြမ်းမှု့ကိုအောင်မြင်ခြင်း၊ ကူမင်တန်တရုတ်ဖြူတို့၏ ပြည်ပကျူးကျော်မှု့ကိုအောင်မြင်ခြင်း၊ ဆိုရှယ်လစ်စနစ် ကိုထူထောင်ခြင်း ၊ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခြင်း၊ မဟာဝိဇယစေတီတော် ကိုတည်ဆောက်ခြင်း၊ နိုင်ငံတော်မှလှည့်လှယ်သုံးစွဲနေသောငွေကြေးများကိုတရားမ၀င်ငွေကြေးအဖြစ်အကြိမ်ကြိမ်ကြေငြာခဲ့ခြင်းတို့ ဖြစ်သည် ။
ဦးစန်းယု
ဦးစန်းယုသည် ဦးနေ၀င်းမှ နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲအပ်ပေးသဖြင့် ၁၉၈၁-ခုနှစ်၊ နိုဝင် ဘာ လ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထူးခြားသည့် ပညာအရေချင်းနှင့် လုပ်ဆောင်ချက်ကို တစုံတရာမှတ်သားထားသော စာအုပ်စာတမ်းများကို မဖတ်ရှုခဲ့ရဖူးပါ။
                                                         ဦးစိန်လွင်

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ် သည်။ ဦးစန်းယု နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။


၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ 

ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် "ရန်ကုန်မှ သားသတ်သမား" ဟု ကမ္ဘာက အမည် ပေးခဲ့ရသည်။ သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင် အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နှုတ်ထွက် ပေးခဲ့ရသည်။ အရေးခင်းကာလအတွင်း သူ၏နာမည်ကျော် စကားတချို့မှာ “ဓာတ်တိုင်နှင့် ခွေးသာကျန်ပါစေ ၊ အကုန်ပစ်သတ် ”ဟူ၏။

၂၀၀၂ ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် ဘိုနေ၀င်း အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ သြဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင် ကုသမှု ခံယူပြီး အပြန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အသက် ၈၁ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ သေဆုံးသည်။
                                                        ဦးအေးကို

ဦးအေးကိုသည် ဦးစိန်လွင်နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ တစ်ပတ်သာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည် ၊ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု မှတ်သားခဲ့ဘူး ပါသည်။၎င်းသည် ပြည်ဦးလွင် စစ်တက္ကသိုလ်၏ ဆရာတဦးဖြစ်သည်ဟု သိရပါသည်။
                                                  ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင်သည် ဦးအေးကိုနောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာ ၀န်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒေါက်တာ မောင်မောင်၏ မိန့်ခွန်းတချို့မှာ "ကောင်စီများ၊ ဝန်ထမ်းများနဲ့ ပြည်သူ့ရဲများက ယိုယွင်း ပျက်စီးနေတဲ့ ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ် လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အနီးကပ်ဆုံး ဖြစ်တဲ့ ကာကွယ်ရေး အင်အားစုများကလည်း အကူအညီများ ပေးအပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တို့ အနေနဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အင်အားသုံးပြီး ပြဿနာ တရပ်ကို ဖြေရှင်း ချင်ကြတဲ့ သူတွေ အချိန် ရှိတုန်း ပြေးထားကြပါ" ဟူ၍ မိန့်ခွန်း ပြောကြားခဲ့သည်။

ဒေါက်တာမောင်မောင်ကို ၁၉၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဖ အထက်တန်း ရှေ့နေ ဦးဆင့်၊ အမိ ဒေါ်အေးတင်တို့က မန္တလေးမြို့၌ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက် ရှိသည့်အနက် တတိယမြောက် တဦးတည်သောသား ဖြစ်သည်။

ငယ်စဉ်က မန္တလေးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ယူသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းမှ ၁၀ တန်း အောင်မြင်ပြီး၊ မန္တလေး ဥပစာကောလိပ် သိပ္ပံတန်းသို့ တက်ရောက် ပညာ သင်ကြားသည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ထောက်ပံ့ရေးတပ်သို့ ဝင်ရောက် အမှုထမ်းသည်။

တပ်ကြပ်အဆင့် ရရှိပြီးနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ စစ်တက္ဗသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်း တက်ရောက်သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်သင်တန်းဆင်းပြီး စစ်ဝန်ကြီးရုံး စစ်ပညာ ဌာနကြီးတွင် ဗိုလ်လေး အဆင့်ဖြင့် တာဝန် ထမ်းဆောင်သည်။ တော်လှန်ရေးတွင် ဟင်္သာတခရိုင်၊ မျိုးချစ် ဗမာ့ တပ်မတော် တိုင်း (၁) ဌာနချုပ်၊ ပဲနွယ်ကုန်း၌ တာဝန် ယူခဲ့သည်။

ဒေါက်တာမောင်မောင်သည် ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့ရာ ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၄၆ ခုနှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ အဖြစ် လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ပြန်ကြားရေး ဌာန၊ နယူတိုင်းအော့ဖ် ဘားမား သတင်းစာ အယ်ဒီတာ အဖြစ် လည်းကောင်း၊ ၁၉၄၈ ခုနှစ်၊ နှစ်ဦးပိုင်းမှ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံ မီးရထားဌာန လက်ထောက် အတွင်းဝန် အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။ 
ဒေါက်တာ မောင်မောင်သည် ၁၉၄၉ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဥပဒေ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး၊ ပြန်ကြားရေး ပညာများကို လေ့လာ ဆည်းပူးသည်။ ဟော်လန်နိုင်ငံရှိ Academy of International Law မှ အပြည်ပြည် ဆိုင်ရာ ဥပဒေ ဒီပလိုမာ ရရှိသည်။ ၁၉၅၂ ခုနှစ်တွင် လန်ဒန်မြို့ LINCON’S Inn မှ Barrister-at-Lawဝတ်လုံ အဖြစ် ခံယူသည်။ ၁၉၅၆ ခုနှစ်တွင် ဟော်လန်နိုင်ငံ UTRECHT တက္ကသိုလ်မှ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ဥပဒေပါရဂူ L.L.D. (Doctor of Law) ဘွဲ့ရရှိသည်။ 
ဒေါက်တာ မောင်မောင်သည် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရ လက်ထက် ၁၉၅၉ ခုနှစ်တွင် လက်ထောက် ရှေ့နေချုပ်၊ ရန်ကုန် တက္ကသိုလ် ဥပဒေ ကထိက တာဝန်များ ထမ်းဆောင်သည်။ ၁၉၆၀ ပြည်နှစ်မှ ၁၉၆၂ ခုနှစ် အထိ အမေရိကန်နိုင်ငံ YALE တက္ကသိုလ်၌ ကထိက အဖြစ် စာပေပို့ချ ကျမ်းပြုကာ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ် အတွက် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ 
ဒုတိယအကြိမ် စစ်တပ် အာဏာသိမ်း အဖွဲ့ဖြစ်သည့် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဒေါက်တာမောင်မောင်သည် တရားရုံးချုပ် တရားသူကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမြုတေ ပါတီ ကာလတွင် ပညာရေးရာ ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံတွင် ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။

၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသော အဖွဲ့ဝင် ၉၇ ဦး ပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် ဖြစ်လာပြီး၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး အစိုးရ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ 
ဒေါက်တာမောင်မောင်သည် မဆလ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း မဆလ သက်တမ်းတလျှောက် တာဝန် ထမ်းဆေင်ခဲ့သည်။၁၉၇၈ ခုနှစ်တွင် ဥပဒေ ကော်မရှင် ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ မှသည် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတ အဖြစ်ပါ တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။ 
ဒေါက်တာမောင်မောင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း၊ မဆလ ပါတီက ပေးအပ်ခဲ့သည့် တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့သည်။
ဒေါက်တာမောင်မောင်သည် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဟင်္သာတမြို့နေ ပါလီမန်အမတ် ဦးသန်းတင်၊ ဒေါ်ကျင်မြတို့၏ သမီး ဒေါ်ခင်မြင့်နှင့် လက်ထပ်ခဲ့သည်။ သားသမီး ခုနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့်နှင့် သားသုံးဦး၊ သမီးလေးဦး၊ မြေး ၁၀ ဦးကျန်ရစ်သည်။ 

ဒေါက်တာမောင်မောင်ရေးသားခဲ့သည့် စာအုပ်များ

သွေးနီ ၁၉၄၆၊သက်ရှိရာဇဝင် ၁၉၅၆၊တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ ၁၉၅၉၊နိုင်ငံ တော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော ၁၉၆၅၊မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၉၊ သားမောင် စစ်သည်သို့ ၁၉၇၂၊တရားဥပဒေ အထွေထွေ ဗဟုသုတ ၁၉၇၄၊ပြည်သူ့ဝန်ထမ်းသားသမီးများသို့ ၁၉၈၇The Forgotten Army ၁၉၄၆Burma's Teething Time ၁၉၄၉London Diary ၁၉၅၂Grim War Against KMT ၁၉၅၃Burma in the Family of Nations ၁၉၅၆Burma's Constitution ၁၉၅၉A Trial in Burma ၁၉၆၂Aung San of Burma ၁၉၆၂Law and Custom in Burma And The Burmese Family ၁၉၆၃Burma and General New Win ၁၉၆၉To A Soldier Son ၁၉၇၄ တို့ဖြစ်သည် ဒေါက်တာမောင်မောင်ကို လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားများက ပညာတတ်မပီသသော ခေါင်းဆောင် ၊ ပညာတတ်ပါလျှက် ပညာကို အဘိုးအနားစားဖြင့် တန်ကြေးဖြတ်သူအဖြစ် နာမည်ပျက်ဖြင့် ခေါင်းဆောင် လုပ်သူ ၊ ပညာ ကိုအသုံးမချဘဲ ၊ မသူတော်ကိုဆရာတင်သူ စသဖြင့် စသဖြင့် နိုင်ငံတော်သမ္မတကြီး ဒေါက်တာမောင်မောင်ကို ထိုခေတ်ထိုအခါက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ တီးတိုးတီး တိုး သဖန်းအထိုး ခံခဲ့ရသော ခေါင်းဆောင်တဦးဖြစ်ပါသည် ။ 


ဗိုလ်ချုပ်ကြီးစောမောင်
ဗိုလ်ချုပ်မှူးကြီး စောမောင်သည်  ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃-ရက်နေ့အထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအရ ရုတ်တရက် အနား ယူခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးစောမောင် သည် နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင် ထံမှ အာဏာသိမ်း ခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ဗုဒ္ဒဘာသာကို အသက်နှင့် ထပ်တူယုံကြည်သက်ဝင်သူဖြစ်သောကြောင့် သူ၏ လက်ထက်တွင် သူ၏အ မိန့်ဖြင့်ပြုလုပ်ခဲ့ရသော ဗုဒ္ဒသာသနာတော် သန့်ရှင်းရေး လုပ်ငန်းအတွက် ကြီးစွာသော စိတ်သော ကဝေဒနာ ကိုခံ စားခဲ့ရသည်။
(ဗုဒ္ဓသာသနာတော် သန့်ရှင်းရေးဟူသည် ၀ိနည်းဓမ္မကံနှင့် မလျှော်သော ရဟန်းတော်များနှင့် သာသနာတော်ဆိုင်ရာ ပုဂ္ဂိုလ်များကို သန့်ရှင်းရေးလုပ်ပြီး ထောင်အတွင်း အကျဉ်းချခြင်းကို ဆိုလို သည် ၊ ထိုခေတ်ထိုအခါက ရဟန်းပညာရှိတော်တော်များများနှင့် ၀ိနည်းလေးစားတော်မူသော ရဟန်းတော်များလဲ ထိုထိုဥပဒေတို့ဖြင့် ထောင်သွင်းအကျဉ်းချခြင်း ခံရသည်ဟူ၏။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၃၃-ခုနှစ်၊ ဖေဖော်ဝါရီ ၂-ရက်၊ မန္တလေးတိုင်း၊ ကျောက် ဆည်မြို့နယ်အတွင်းရှိ မြင်းစုကျေးရွာတွင် မွေးဖွားသည်။ စာတိုက်ဌာနတွင် အလုပ်စ တင်ခဲ့၍ အသက် ၂ဝ တွင် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး နှစ်အတန်ကြာ စိတ်ဓာတ်စစ် ဆင်ရေး ဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၄င်းအချိန်တွင် အစိုးရ၏ စစ်တပ်သည် ကရင်သောင်း ကျန်းသူများအား တိုက်ခိုက် နေသည့်ကာလ ဖြစ်သည်။

၁၉၆ဝ ခုနှစ်တွင် ဗိုလ်ကြီးရာထူးသို့ တိုးမြှင့် ခြင်းခံရသည်။ ဝန်ကြီးချုပ်ဦးနုအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရာထူးစဉ်လိုက် တိုးတက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒုတိယဗိုလ်မှူး ကြီး ဖြစ်ခဲပြီး၊ ၁၉၇၈ ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်ခဲ့သည်။ ၁၉၈၅-ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၈၆-ခုနှစ်တွင် ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ အာဏာရစစ်အစိုးရ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည်။

၁၉၈၈ ခုနှစ် သွေးထွက်သံယိုဖြစ်ခဲ့သည့် အရေးတော်ပုံကို တုန့်ပြန်သည့်အနေဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ 

ထိုအချိန်က အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ညာလက်ရုံး ဖြစ်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြု ၍ ဗိုလ်ချုပ်မှူးကြီး စောမောင် ရုတ်တရက် အနားယူခဲ့ပြီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နဝတ၏ ဥက္ကဌ၊ နိုင်ငံ့အကြီးအကဲ၊ ကာကွယ်ရေးဌာန၏ အတွင်းရေးမှူး နှင့် တပ်မတော် ကာကွယ် ရေးဦးစီး ချုပ်အဖြစ် အစားထိုး နေရာယူခဲ့ပြီး ယနေ့တိုင် မြန်မာနိုင်ငံတော်အား ထီးနန်းစိုးအုပ် မင်းလုပ်တော် မူသည်။

အထက်ပါအကြောင်း အရာအားလုံးသည်၊ မြန်မာ့ရေ မြန်မာ့မြေပေါ်တွင် အမှန်တကယ်ဖြစ်ပျက် ခဲ့ သော ကိစ္စများသာ ဖြစ်ပါသည် ၊ သမိုင်းမှန် ကွယ်ရိုးမရှိ ဆိုသကဲ့သို့ မည်သို့ပင် နှစ်ပရိစ္ဆေဒ ကြာမြင့် ခဲ့သည်ဖြစ်စေ တိမ်ကောပပျောက် ရိုးထုံးစံမရှိပါ ၊ နိုင်ငံရှိလျှင် လူမျိုးရှိစမြဲ လူမျိုးရှိလျှင် ဒီ ကိစ္စတွေကို တဆင့်စကား တဆင့်နားဖြင့်သော်၎င်း ၊ စာအုပ်ဖက်ရှု၍၄င်း၊ တနည်းနည်းဖြင့် သိကြမှာ မဟုတ်ပါလားခင်မျာ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ကြောင်းငွေလမင်းတို့က ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။



ဝါးလုံး အလှူခံတော်မူပါဘုရား ၊ အလှူခံတော်မူပါဘုရား

စာရေးသူအသစ်လေးရှင်ရင်မောနဲ့ မိတ်ဆက်ပေးပါရစေ။


ဝါးလုံး အလှူခံတော်မူပါဘုရား ၊ အလှူခံတော်မူပါဘုရား

စစ်မှုမထမ်းမနေရ ဆိုတဲ့  ဥပဒေ သာ အမှန်တကယ် တည် ခဲ့  မယ်ဆိုရင်၊ သွေး ချင်းတို့ ကို တွေးမိတာလေး ပြော ပြချင်ပါ တယ်။
အညာဒေသ တစ်ခုရဲ. ရွာလေးနှစ်ရွာကြားမှာ တောင်ကျချောင်းလေးတစ်ခုခြား နေပါတယ်။ ချောင်းကလေးက သိပ်မကျယ်လှပေမဲ. တံတားမဆောက်နိုင်သေးတဲ့အတွက် အဲဒီနှစ်ရွာကြား ဖြတ်သန်း သွားလာ လိုသူ မည်သူမဆို ချောင်းရေ ကူးရပါတယ်။ လှေနဲ့ ကူး တဲ့ အလေ့ အထလည်း မရှိခဲ့  ပါဘူး။ ပုံမှန်အားဖြင်. ဒူးလောက် ပေါင်လည် လောက်သာရှိတဲ့ ချောင်းရေကို ကူးရတာ မခက်လှပေမဲ့ တောင်ပေါ်မှာ မိုး ရွာလို့  ရေကျလျှင် တော့  ရေစီးသန် လှသလို နက်လည်း နက်ပါတယ်။
တနေ့ မှာ တော့  တဖက်ရွာမှာ အလှူရှိ တဲ့ အတွက် အခြားရွာဘက်မှာ သီတင်းသုံးနေတော်မူတဲ့  ဆရာတော်ကို အလှူရေစက်ချတရား ချီးမြှင့်  ပေး ပါရန် အလှူရှင် ကလျှောက်ထား လာ ပါတယ်။ ကံဆိုး ချင်တော့  အလှူနေ့ မှာပဲတောင်ပေါ်မှာ မိုးသဲလို့  ချောင်းရေက လက်ခုတ်တဘောင်ကျော် လောက်ထိ နက်ပါတယ်။ ကျေး လက်က ဒါယိကာ/မ များက ဆရာတော်တို့ ကို ပင့်  ဖိတ်သည့်  အခါ ကုန်လမ်း ခရီးအတွက် လှည်းနဲ့ အကြိုအပို့  စီစဉ်လှူဒါန်း ကြပေမဲ ၊ ဒီချောင်း ရေကတော့  ဆရာတော်လည်း ရေကူးရမှာ ဖြစ်ပါတယ်။ ဆရာတော်နှင့် ဒါယိကာတစ်ယောက် ဟာအတူ ရေကူးကြပါတယ်။ ချောင်းလယ် လောက် ရောက်တော့  ဆရာတော်ရေနစ်ပါတော့ တယ်။ အတူပါလာတဲ့ ဒါယိကာက ဆရာတော်ဘုရား လက်ပေးပါဘုရား၊ ဆရာတော်ဘုရား လက်ပေးပါဘုရား လို့ အကြိမ်ကြိမ် လျှောက်တင်ပေမဲ့  ဆရာတော်ကလက်မပေး ဘူးတဲ့ ။့ ဒါယိကာက ဆရာတော် ဘာကြောင့်  လက်မပေး တာ လည်း လို့ စဉ်း စားတဲ့ အခါ၊ အဲဒီဆရာတော်ဟာ နှမြောတွန်.တိုလှတယ်လို .နာမည်ရှိသတဲ့ ။
ဒါနဲ့ ဒါယိကာက အင်း ဒီဆရာတော်တော့  ငါမပါးနပ်လျှင် အသက် ဆုံးရှုံး ရချည်ရဲ့ လို့  တွေးမိသ တဲ့ ။ ဧကန်တ ငါလျှောက်တင် တာ ပေး ဆိုတဲ့ စကာလုံးပါလို့ ဖြစ်ရမယ်။ နောက်တမျိုး လျှောက်တင် ကြည့် အုံး မယ် ဆိုပြီး ဆရာတော်ဘုရားဆရာတော်ဘုရားဝါးလုံး အလှူ ခံတော်မူပါဘုရား၊ အလှူခံတော်မူပါဘုရား၊ အလှူခံတော်မူပါဘုရား---- လို့ ပြောင်းပြီးလျှောက်တင် သတဲ့ ။ အဲဒီအခါမှ လက်ပေး တော်မူသတဲ့ ။
အထက်က အဖြစ်အပျက် ကလေးနှင့်  စစ်မှုမထမ်းမနေရ ဆိုတဲ့  ဥပဒေ နှင့်  ဆက်စပ်တွေး တော ကြည့် မိပါတယ်။ ကျမတို့ ရဲ့  ဘဘတပ်ချုပ်ကြီး ကလည်း ပြည်သူလူထုကို လူအရင်းအမြစ် ဖွံဖြိုး မှုတွေ အတွက် ပညာရေး ၊ စီးပွာရေး၊ ကျန်းမာရေး မတည် ပေးရမည်။ တည်ဆောက်ပေးရ မည်။ စောင့်လျှောက်ပေး ရမည်။ အဲဒီ ပေး ဆိုတဲ့  စကာလုံးက ဘဘတပ်ချုပ်ကြီး နှင့်  သဟဇာတ ဖြစ်ဟန် မတူပါ ဘူး။ တိုင်း ပြည်ရဲ့ ပြည်သူလူထု ဆီက ရသမျှ အကုန်လိုချင်ပါ တယ်။ အား လုံးသိကြတဲ့  အတိုင်း တိုင်းပြည်ဧ။ိ အရင်း အမြစ် အား လုံး ကို သဘောရှိသုံး ပြီး လုပ်အာပေး စေခိုင်း တာတွေ၊ ကလေး စစ်သား အတင်းအကြပ်စုဆောင်း တာတွေ ရှိနေခဲ့ တဲ့  အပြင် စစ်တပ်အင်အားကို ပြည်သူတွေ ဆီက အလကား မတ်တင်း ယူချင် ပြန်ပါတယ်။
စစ်ရေးကို နားမလည် တဲ့  ပြည်သူတွေကို စစ်တိုက်ခိုင်း မယ်ဆိုရင် အရေအတွက်ပဲ တိုးလာ မှာ ဖြစ်ပါတယ်။ အရည်အချင်း တက်လာမှာ မဟုတ်ပါဘူး။ အဲဒီလိုမြင်မိပါတယ်။ အခုခေတ်က နည်း ပညာ မြင့် မားမှု က အဓိက ကျတာ ပါ။ ဘဏ် ဖောက်ထွန်း ဝိဇ္ဖာ တွေကို ကြည့် ခြင်း ဖြင့်  သိနိုင်ပါ တယ်။ အရင်တုန်းက ဘဏ် ဖောက်ထွန်း ဝိဇ္ဖာ ၊ သော့ ဝိဇ္ဖာ တွေဟာ ဘဏ်ကို ကိုယ်တိုင် သွားပြီးဖောက်ရတာ ဖြစ်ပါတယ်။ အခုသွားစရာ မလိုတော့ ပါဘူး။ (On line) ကနေ လိုအပ်တဲ့ အချက်တွေကို (bank account, etc.) ယူပြီး ငွေအမြောက်အများ ကို ခိုးယူဖောက် ထွင်း နိုင် ကြပြီဖြစ် ပါတယ်။ နောင် ဆယ် စုနှစ်တွေဆီ လှမ်း မျှော်ကြည့် လိုက်မယ် ဆိုရင် စစ်ရေး မှာ လည်း စစ်မြေပြင် ကို သွားစရာ မလိုတော့  ပဲ (by control system) တိုက်ခိုက်နိုင် တဲ့  ခောတ် ကို ရောက်မလာ ဘူး လို့  ဘယ်ပြော နိုင် မလဲ။ အ ခုတောင် မောင်းသူ မဲ့  လေယာဉ် ပျံသန်း နိုင်ကြပြီပဲ။
သို့ အတွက် ကြောင့်  ပြည်သူတစ် ယောက် အနေဖြင့်  တပ်ချုပ်ကြီးက ခွင့်  ပြု မည် ဆိုလျှင် ဒီလိုတင်လျှောက်ချင်တယ်။
နောင် အနှစ် ၂၀ ကြာသော် မြန်မာနိုင်ငံသား (စစ်ဆင်ရေး အတွက်) တီထွင် ပညာရှင် အမြောက်အများ ကို ဘဘတပ် ချုပ်ကြီး စစ်တပ်သို့  ပင်စင်ယူချိန် ထိ တာဝန် ထမ်းဆောင်ရန် လှူဒါန်း ပါမည်။ (စစ် ရေး အတွက် နိုငိငံ ခြားငွေ အမြောက်အများ သုံး ရန်မလိုတော။့ )
တီထွင် ပညာရှင် များ မွေးထုတ်ရန် ဘဘကြီး ပိုင်ဆိုင်မှုဧ။် ၁၀ % မျှ ကိုသာ တိုင်း ပြည် ဧ။် အနာဂါတ် ရင်သွေး ငယ်တို့  အတွက် ပညာသင်စရိတ် မ တည် ပေး ပါရန် လျှောက် တင်ကြောင်း ပါ ဘုရား။

အတန် ကြာစဉ်းစား ပြီး
အိမ်း အနှစ် ၂၀ အရေး မျှော်တွေးကာ အရင်း အမြတ် တွက်ချက် ပြီး သော်၊ ဒီဆုလဒ်ကို ပေး သနားတော် မူ စေဗျား - - - - -

ရှင်ရင်မော
၁၂. . ၂၀၁၀ 
 
ရင်နှင့် အမျှ -

http://www.mediafire.com/file/2yos1rk7pum8ktr/shinyinmaw%20%281%29.doc

http://www.mediafire.com/file/3p3z7wtge4452b2/shinyinmaw%20%281%29.pdf
shinyinmaw (1)