Saturday, January 15, 2011

ပြေးစရာ မြေမရှိပါ...ကိုကိုအောင်(ဆန်ဖရန်စစ္စကို)


ပြေးစရာ မြေမရှိပါ

လူတခု ပူမှုရယ်ကဆယ်ကုဋေ ဆိုတာ
စာပေမှာသာ ရှိတာပါ လို့
ယခင်အခါ ဆိုရှာပေတဲ့
ယခုအခါမှာတော့
ဘုံကမ္ဘာတကွေ့မှာ ကြုံလာတွေ့မှ
ဟုတ်လှပါပေ့လို့
ဓလေ့စကား ပြောကြားရပါတော့မယ်။

ပေးစရာငွေမရှိ
ပြေးစရာမြေမရှိ ဆိုတာလဲ
တကယ်ကြုံလာတွေ့မှ
အပါယ်ဘုံမှာမွေ့နေရပါလားလို့
သတိထားမိလာတော့တယ်။

ဘယ်လိုခေတ်နဲ့
ဘယ်လိုစံနစ်ကြောင့်
လူစင်စစ်ဖြစ်ရက်နဲ့
ခွေးဝက်တွေထက်အနေဆိုး
အသရေညှိုးနေရပါလိမ့်။
စစ်အာဏာရှင်ခေတ်
စစ်အာဏာရှင်စံနစ်ကြောင့်
စစ်ထဲမ၀င်မနေရ
ဥပဒေထုတ်လိုက်ပြန်ပြီဗျ။

အသက်၁၈-နှစ်အထက်
၃၅-နှစ်အောက်
ယောက်ျားစင်စစ်ဖြစ်ခဲ့ရင်
စစ်ထဲမ၀င်မနေရ တဲ့။
အသက်၁၈-နှစ်အထက်
၂၇-နှစ်အောက် ယောက်ျားမဟုတ်တဲ့
အားနွဲ့တဲ့ မိန်းမသားဖြစ်ပစေ
တာဝန်တကယ်ကြေတဲ့ စစ်ရဲမေဖြစ်ရမတဲ့။

လူငယ်တွေရဲ့အလောင်းတွေနင်းပြီး
ပြည်တွင်းစစ် ခင်းမယ့်
အရူးမင်းရဲ့ စစ်ဗျူဟာသနင်း။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
Jan-14-2011
PDF - _414_No Place To Run

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် တစ်ဦးရဲ့ နိုင်ငံရေးဘဝထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုရေးကို ဇောင်းပေးပြီး ရိုက်ကူးထားပါတယ်။

Lady of No Fear ဒေါ်အောင်ဆန်းစုကြည် အကြောင်းရိုက်ထားတဲ့ ဇာတ်ကား
လန်ဒန်မြို.မှာ ဇန်နဝါရီလ ၆ ရက်နေ့က အထူးပွဲ ပြသခဲ့ပါတယ်။နိုင်ငံတကာမှာ သိကြတဲ့ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် တစ်ဦးရဲ့ နိုင်ငံရေးဘဝထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုရေးကို ဇောင်းပေးပြီး ရိုက်ကူးထားပါတယ်။
 
Lady by ytrm
http://soundcloud.com/ytrm-1/lady

ရောင်နီလာ နံနက်ခင်းဆီသို့ အပိုင်း ( ၁ မှ ၃ )

Democracy(2)

NLDခေါင်းဆောင်မှလူငယ်ကွန်ယက်သို့ .....

46915527 National League for Democracy and National Youth Network Meet

အမျိုးသားလူငယ်ကွန်ယက်သတင်းလွှာ

46915581 National Youth Network Newsletter