Friday, January 21, 2011

သူ တို. လို နိုင် ငံ ရေး အ ကျဉ်း သား မိ သား စု တွေ ဗ မာ ပြည် မှာ ဘယ် လော က် တောင် ရှိ သ လဲ (ပေးစာ)

ကို ထွန်းနိုင် မိန်းမ ဖော့ကန် ကား ဂိတ် မှာ ကလေး တစ် ဖက် နဲ.  ဖရဲ သီး  ရောင်း နေ ရ တယ် ကူ ညီ ချင် တဲ. လူ ရှိ မ လား Canada တို. England တို.မှာ?
သူ့  မ ကြည်. ရ တာ တော် တော် ပိန် သွား တယ် . သ နား ပါ တယ် ဗျာ!သူ တို. လို နိုင် ငံ ရေး အ ကျဉ်း သား မိ သား စု တွေ ဗ မာ ပြည် မှာ ဘယ် လော က် တောင် ရှိ သ လဲ မ သိဘူး?
ကူ ညီ မဲ. လူ/ အ ဖွဲ့ ကို ရှာ လို. ရ ရင် ရှာပေး ပါ အုန်း....



ညီ လေး*********

......................................................................................

တိုက်ဆိုင်လာလို့ အရင်ကကိုထွန်းထွန်းနိုင်အကြောင်းပို့စ်လေးတခုတင်ဖူးတာပြန်လည်ဖေါ်ပြပေးပါတယ်။

 

19နှစ်အကျဉ်းခံကိုထွန်းထွန်းနိုင်ရဲ့မိသားစုကို..ကိုမင်းကိုနိုင်တို့လိုအားပေးချင်တယ်ဆိုရင်
ဒီမှာလိပ်စာပါ။ ။
မအေးအေးသက်
အမှတ်၁၇၊ ဗောဓိညောင်ပင်လမ်း၊ဖေါ့ကန်ရပ်ကွက်၊အင်းစိန်မြို့၊ရန်ကုန်တိုင်း၊
ဖုန်း(တဆင့်) 951 645638


ကျမ ချစ်တဲ့သူရဲကောင်း (သို့ ) အညတြ ခွပ်ဒေါင်း


Saturday, December 13, 2008

မောင်..
မောင်က ကိုဂျင်မီ မဟုတ်။
ကျမက နီလာသိမ်း မဟုတ်။
တူညီတာက..နိုင်ငံချစ်စိတ်။
မတရားတာ မျိုသိပ်မရတဲ့စိတ်။

မောင်ရဲ့ ဥပဒေမဲ့ ဖိနှိပ်တာ ငုံ့ မခံတတ်တဲ့စိတ်..
ဘယ်သူမှ ကြိုးချည်လို့ မရဖူး။

မောင်ရဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်..
ဘယ်သူမှ ချော့သိပ်လို့ မရဖူး။

ဓမ္မကို လိုလားလို့ 
အဓမ္မများကို ချေမှူန်းတဲ့ အခိုက်..
ထောင်တွင်း (၁၉)နှစ် အကျဉ်းချခံရ..
ဒေါင်းပျိုရဲ့ သွေး၊ မာန် ဘယ်မကျ..
အသေခံ ဆက်လက် ခွပ်မဲ့ပွဲ..
မောင်ရေ..
စိတ်မပူနဲ့ 
ကျမ်းမာအောင်သာ ဂရုစိုက်
မိသားစုနဲ့ဝေးတဲ့ အခိုက်..
ရောက်ရာ အဝေးကြီးက "ထောင်"
စိတ်ကိုသာ ဆောင်ပါမောင်။

ကျမရဲ့ ကားဂိတ်က ဈေးဆိုင်ကလေး..
ချိုမြတဲ့ ဖရဲသီးစိတ် ဘန်းကလေး..
သားနဲ့ ကျမ
ထမင်းလေး ဆီဆမ်းစားနိုင်ကောင်းပါရဲ့။
ကျမ သားကလေး ဝလုံးလေး ဝိုင်းဝိုင်းရေး
သင်ပုန်းကြီးတော့ ကျေတန်ကောင်းပါရဲ့။

နိုင်ငံရေး လှုပ်ရှားသူ လင်တော်ခဲ့တဲ့ ကျမ..
ကျမလေ...အာဇာနည်ရဲ့ မိန်းမ.
အကျဉ်းကျလည်း မကြောက်..
ရှင်ကွဲခွဲ ခြောက်လည်း..မကြောက်
ဥကျင်း က
ဒေါင်းသားပေါက်အတွက်.
အားမာန်နဲ့  ကြိုးစား.
ကျမ ပြုစုသွားမယ်
မောင်ရယ် အားမငယ်နဲ့ 

ဒေါင်းအမျိုးဆိုတာ…ရာဇ၀င်မညှိုးဖူး
ဒေါင်းအဖေ…ဒေါင်းအမေ
ဒေါင်းသားလေး ဒေါင်းသမီးလေးတွေ
သတ္တိသွေးရဲရဲ..
ကျမတို့ ရမဲ့ တနေ့  အောင်ပွဲ။

မောင်
ကောင်းကင်မှာ
ကြယ်စင်တွေ အများကြီးရှိတယ်.
မောင်ဟာ မှိန်တလင်းအရောင်ပေးပေမဲ့
ကြယ်စင်ဟာ ကြယ်စင်ပါဘဲ

မောင်
မြန်မာပြည်မှာ..
ကိုယ်ကျိုးစွန့်ခဲ့တဲ့ အာဇာနည်တွေ အများကြီးရှိတယ်.
မောင်ဟာ အညတြပေမဲ့
အာဇာနည်ဟာ အာဇာနည်ပါဘဲ

အညတြ အာဇာနည်..
မောင်ဟာ
ကျမရဲ့ ရာဇ၀င်ထဲက
ချစ်သော..သုရဲကောင်းစစ်သည်။


မသဒ္ဓါ (၁၂။၁၂.၂၀၀၈)
မောင်ရဲရင့်ငယ်ပြောပြသော ကိုထွန်းထွန်းနိုင် နှင့် ဇနီးသည် သားငယ်လေးအတွက် ဂုဏ်ပြုပါတယ်။



အညတယ ခွပ်ဒေါင်းများ
Photobucket

Photobucket

အင်းစိန်မြို့နယ် ဖေါ့ကန်ရပ်ကွက်တွင် နေထိုင်သော ကိုထွန်းထွန်းနိုင်ကို ပြီးခဲ့သည်လက စစ်ဏာရှင်များက ထောင်ဒဏ်၁၉ နှစ်ချမှတ်ခဲံ့ ပါတယ်။ အထက်တန်းကျောင်းသားထွန်းထွန်းနိုင်သည် ၈၈၈၈ မတိုင်ခင်ထဲက အင်း စိန်မြို့ နယ်တွင်းစည်းရုံးလှုံဆော်မှုများတွင်ပါဝင်ခဲ့ သည်။အင်းစိန်မြို့နယ်တွင် ၈၈၈၈နေ့က ညနေ၃နာရီခွဲတွင် စတင်ဆန္ဒပြခဲ့ပြီး ထွန်းထွန်းနိုင်သည် ကျောင်းသားများကြား အဓိက ချိတ် ဆက်ပေးခဲ့သူတဦး လည်း ဖြစ်သည်။ အရေးအခင်းပြီးသောအခါ NLD လူငယ်ဖြစ်လာသည်။ နအဖမှ NLD အပေါ်ဖိနှိပ်မှုများ စတင်ခဲ့ သည့် အချိန်မှစ၍ အင်းစိန်မြို့နယ် NLD အမာခံအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၈၈မှ၂၀၀၈အတွင်း၎ကြိမ်အဖမ်းခံခဲ့ရပြီး ဒီတကြိမ် အပြစ်ဒဏ် မှာအများဆုံးဖြစ်သည်။ အဖမ်းခံရချိန်တွင်ဇနီးဖြစ်သူနှင့် တနှစ်ခွဲအရွယ် သားငယ်တဦး ကျန်ရစ်သည်။ DVB နှင့်မေးမြန်းခန်း တွင် ဇနီးဖြစ်သူက ""ကားမောင်းထွက်သွားရာကပြန်မလာတော့တာ.. စုံစမ်းလို့လည်း မရဖူး....နောက်ကြမှအဖမ်းခံရမှန်းသိတာ..သူလုပ်စာလေးပဲအားကိုးနေရတာ....ကလေး တဖက်နဲ့ လမ်း ထိပ်မှာ မုန့်ဗန်းလေးနဲ့ ရောင်းရင်း အကိုပြန်အလာပဲ မျှော်နေရ တော့တာပါပဲရှင်.....""
ပထမတွင် ၃နှစ်ချမှတ်ခံရပြီး ပြီးခဲ့သည့်လကထပ်တိုး၍စုစုပေါင်း၁၉နှစ်ချမှတ်ခံခဲ့ရသည်။ ယခုအခါ မိထ္ထီလာ ထောင်တွင် ကျခံနေရပြီး ဇနီးဖြစ်သူမှာ ဖေါ့ကန်ကားမှတ်တိုင်တွင်ဖရဲသီးစိတ်ရောင်းရင်း လမ်း လျှောက် တတ်စအရွယ်သားငယ်လေးနှင့်အတူကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူမှာလည်း တကြိမ် အဖမ်းခံရပြီး ဖြစ်ရာ ဒုတိယ နီလာသိန်းဖြစ်မလာဖို့ဆုတောင်းရန် မှတပါး။။
အညတယခွပ်ဒေါင်းများ အားဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။ ။ (ရဲရင့်ငယ် Blog မှ)
Photobucket

Burma Democratic Concern (BDC-TV Entertainment)

၂၁.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

5 attachments — Download all attachments  
ABMA Journal Volume 2 No 2.pdfABMA Journal Volume 2 No 2.pdf
2862K   View   Download  
NLD Statement.pdfNLD Statement.pdf
99K   View   Download  
shinyinmaw (2).pdfshinyinmaw (2).pdf
38K   View   Download  
21 Jan 2011 Yeyintnge's Diary.doc21 Jan 2011 Yeyintnge's Diary.doc
1510K   View   Download  
21 Jan 2011 Yeyintnge's Diary.pdf21 Jan 2011 Yeyintnge's Diary.pdf
1671K   View   Download  
http://www.mediafire.com/file/bele23xux7u2cb6/21%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/krfu2gbqid5xnx1/21%20Jan%202011%20Yeyintnge%27s%20Diary.pdf
21 Jan 2011 Yeyintnge's Diary

စစ်အစိုးရကိုဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်းမှာမဟုတ်



By ဒေါ်ခင်စိုးဝင်း သောကြာ, 21 ဇန်နဝါရီ 2011
မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုတွေ ဒဏ်ခတ်ထားတာကို လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက သောကြာနေ့ကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ တားဆီးပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်ထားတာကို ရုပ်သိမ်းပေးရေးအတွက် အာဆီယံနိုင်ငံတွေကရော၊ ပြည်တွင်းက နိုင်ငံရေးပါတီတွေကပါ တောင်းဆိုသံတွေ ဆူဆူညံညံ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောဆိုလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေနဲ့ ပုံမှန်ဆွေးနွေးမှုတွေ ရှိနေပြီး ထိရောက်မှုနဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာတွေကိုလည်း မျက်ခြေမပျက် အကဲခတ်သုံးသပ်နေတဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J Crowley) က သောကြာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ အကျပ်အတည်းတွေကို စာနာစိတ်နဲ့ စိုးရိမ်မကင်းဖြစ်ရပေမဲ့ ဒီမိုကရေစီရေးကို လုံးဝပစ်ပယ်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တာဝန်အရှိဆုံးလူတွေ အပေါ်ကို အထူးပစ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ချွတ်ခြုံကျရတာဟာ စစ်အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။ အဂတိလိုက်စားမှုတွေကို ခေါင်းဆောင်ပိုင်းကနေ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေပြီး သဘာဝသယံဇာတ အရင်းအမြစ်တွေကိုလည်း လူထုကို အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် အလျဉ်းသင့် အလွမ်းသင့်သလို ရောင်းချနေကြတာပါပဲ။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းအောင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ ဒီမိုကရေစီ အတိုက်အခံတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ စတင်ဖို့အတွက် မြန်မာစစ်အစိုးရအနေနဲ့ ရေရာသေချာတဲ့ ခိုင်မာတဲ့ခြေလှမ်းတွေ လှမ်းနိုင်အောင်လို့ ဒီပိတ်ဆို့မှုတွေကို ထိန်းထားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ တားဆီးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
http://www.voanews.com/burmese/news/US-Burma-sanctions-01-21-11-114393944.html

ပိုက်ဆံရှိမှ စာသင်နိုင်တော့မှာလား?

ဒီနေ့ ကျနော့်သူငယ်ချင်းတစ်ယောက်က SE သင်တန်းတစ်ခု တက်ချင်တာ သွားစုံစမ်းမယ်ဆိုလို့ ၊ ကျနော်လည်း နည်းနည်းစိတ်ဝင်စားတာနဲ့ သူနဲ့ အတူလိုက်သွားပါတယ်။
ဟိုရောက်တော့ အဲဒီ့သင်တန်းနဲ့ ပတ်သက်တာတွေကို ကျနော်တို့မေးကြပါတယ်။ ဘာတွေသင်မလဲ ၊ ဘယ်နှစ်လတက်ရမလဲ ဆိုတာတွေမေးကြပါတယ်။
သူတို့ ကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြကြပါတယ်။ အပြောကလည်း ကောင်းသလားမမေးနဲ့ ၊ တက်ချင်စိတ်ဖြစ်လာအောင်ကို ပြောနေကြတာ။
သင်တန်းအကြောင်း ၊ ဘာသာရပ် အကြောင်းပြောတုန်းကတော့ အဆင်ကိုပြေနေတာဘဲပေါ့။ ဒါနဲ့ နောက်ဆုံးကျတော့ ကျနော်တို့လည်း သင်တန်းစရိတ်ကို မေးကြည့်လိုက်တယ်။ သူတို့ ပြောလိုက်တဲ့ စရိတ်ကြောင့် ကျနော်လည်း တော်တော် လန့်သွားပါတယ်။ ၁ သိန်းခွဲပါတဲ့ဗျာ။
သင်တန်းကာလကလည်း ၃ လ ခွဲတည်းရယ် ပြီးတော့ ရမယ်ဆိုရင်လည်း ဒီကပေးတဲ့ ရိုးရိုး Certificate လေးဘဲရမှာ။ သင်တန်းကတော့ နာမည်ကြီးသင်တန်းတစ်ခုပါ။တက်ရင်တော့ လည်း တက်တော့တက်သင့်ပါတယ်။
လက်မှတ်ဆိုတာက အရေးမကြီးဘူး တကယ်တတ်ဖို့လိုတာဆိုပေမယ့် ၊ ဒီနေ့ခေတ်မှာ အလုပ်ရှာပြီဆိုရင် သက်ဆိုင်ရာ လက်မှတ်တစ်ခုခု ရှိနေမှ ရှာရတာလွယ်ပါတယ်။ အရည်အချင်းလည်း တကယ်ရှိတယ် ၊ တော်လည်း တကယ်တော်တယ်ဆိုပေမယ့် သက်မှတ်ထားတဲ့ လက်မှတ်တစ်ခုခုမှ မရှိရင် အလုပ်ရဖို့ဆိုတာ တော်တော် ခက်ခဲနေပါတယ်။ အဲဒါကြောင့်လည်း သင်တန်းတွေတက် စာမေးပွဲတွေ ဖြေလုပ်နေကြတာနေမှာပါ။ အဲဒီ့အထဲမှာ ကျနော်တို့လည်း အပါအ၀င်ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဒီနေ့ အဲလိုသင်တန်းသွားစုံစမ်းလိုက်တာ ၊ ကျနော့်သူငယ်ချင်းက တက်တော့တက်ချင်ပေမယ့် ၊ သင်တန်းစရိတ်ကို ကြားရတာနဲ့တင် သူလည်းမတတ်နိုင်လို့ လန့်ပြေးလာခဲ့ရပါတယ်။ ကျနော့် သူငယ်ချင်းက ကိုယ့်ဟာကိုယ် ပိုက်ဆံစုပြီးတက်မယ့်သူပါ။ ၇ သောင်း ၊ ၈ သောင်းလောက်အထိ သူလည်းတတ်နိုင်ပါသေးတယ်။ ဒါပေမယ့် သိန်းကျော်သွားတော့... သူ့အိမ်ကလည်း စိုက်ပေးမှာမဟုတ်တော့ ဒီအတိုင်း စိတ်မကောင်းစွာနဲ့ ပြန်လာခဲ့ရပါတယ်။


ကျနော် ပြောချင်တာက အဲလို သင်တန်းတွေ တက်ချင်ရင် ၊ အဲဒီ့လောက် ပိုက်ဆံတွေပေးမှ ရတော့မှာလား။ လက်မှတ်တစ်ခုကို သိန်းနဲ့ချီပြီးတော့ ၀ယ်နေရပြီလား။ ကိုယ်တိုင်က နဂိုတော်နေတယ်ဆိုရင်တောင် ၊ ပိုက်ဆံမတတ်နိုင်တဲ့ အခါ လိုချင်တဲ့ လက်မှတ်ကို မရနိုင်တော့ဘူးလား။
စီးပွားရေးသမားတွေက ပညာရှင်တွေ ထမင်းစားဖို့ လက်မှတ်လေးတစ်ခုကို ဒီလိုပုံစံနဲ့ ရောင်းစားနေကြတာဟာ ၊ ဘာကြောင့်ပါလဲ။

ကျနော်တို့တွေ သင်တန်းမတက်ဘဲ ကိုယ်တိုင်လေ့လာရင် Online မှာ လေ့လာစရာတွေ အများကြီးရှိတယ်ဆိုပေမယ့် ၊ အဲလိုလေ့လာတဲ့ အခါမှာလည်း Internet သုံးဖို့အတွက် ပိုက်ဆံရှိဖို့လိုပါသေးတယ်။
Internet ထဲမှာ ရှိတဲ့ အကြောင်းအရာတွေက ယနေ့တိုင် အင်္ဂလိပ်လိုတွေက များနေတော့ အကယ်လို့သာ အင်္ဂလိပ်စာမကျွမ်းကျင်တဲ့ သူတစ်ယောက်ဟာဆိုရင် အင်္ဂလိပ်စာသင်တန်းကို သွားတက်ဖို့လိုလာပြန်ပါပြီ။ ထို့အတွက်လည်း ပိုက်ဆံဆိုတာလိုဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလိပ်စာ သင်တန်းနဲ့ ပတ်သက်ရင်တော့ ပညာဒါန လုပ်တဲ့ သင်တန်းတွေ ရှိပါသေးတယ်။ ၀င်ကြေး (သို့) စေတနာ ရှိသလောက် ထည့်ပေးရင် တက်လို့ရပါပြီ။ အင်္ဂလိပ်စာအတွက်တော့ အဲဒီ့နည်းနဲ့ နည်းနည်း အဆင်ပြေနိုင်ပါတယ်။
အကယ်လို့ အင်္ဂလိပ်စာလည်းတတ်တယ် ကိုယ်တိုင်လည်း လေ့လာပြီးလို့ တကယ်တတ်သွားပြီ ဆိုပါတော့ လုပ်ငန်းခွင်ဝင်လို့ မရသေးပါဘူး။ လက်မှတ်တစ်ခုခုရအောင် စာမေးပွဲတွေဖြေရပါဦးမယ်။ အဲဒီ့အခါမှာလည်း ပိုက်ဆံဆိုတာ လိုလာပြန်ပါပြီ။ နိုင်ငံတကာ စာမေးပွဲတွေ ဖြေချင်ရင် စာမေးပွဲကြေးတင် အနည်းဆုံး ၁ သိန်းရှိပါတယ်။ သင်တန်းတက်ဖို့လိုရင် သင်တန်းကြေးပါဦးမှာပါ။

အရာအားလုံးမှာ ပိုက်ဆံဆိုတာ လိုနေပါတယ်။ ကျနော်တို့ဟာ အနည်းဆုံး ၁ သိန်းလောက်မှ မတတ်နိုင်ရင် စာမေးပွဲမဖြေနိုင်တော့သလို ၊ Internet ဖိုးကိုပါ ပုံမှန် မတတ်နိုင်တဲ့ အခါမှာတော့ ပိုဆိုးကုန်ပါပြီ။ ဘာမှကို တတ်လာမှာ မဟုတ်တော့ပါဘူး။

စာမေးပွဲတွေကို Free ပေးဖြေပြီးတော့ တကယ်တော်တဲ့သူတွေကိုသာ ရွေးထုတ်ပြီး အောင်လက်မှတ် ပေးတဲ့ နေရာတွေကောမရှိဘူးလား။
ဒါမှမဟုတ်ရင် Online မှာ e-book အလကားရနိုင်ပေမယ့် ၊ အင်တာနက် မသုံးနိုင်တဲ့သူတွေနဲ့ Connection နှေးလို့ လိုချင်တဲ့စာအုပ်မရတဲ့သူတွေ ၊ ဒါမှမဟုတ်ရင် Rapidshare လိုနေရာမျိုးမှာ တင်ထားတဲ့ စာအုပ်တွေကို လိုချင်ပေမယ့် မရနိုင်တဲ့ သူမျိုးတွေအတွက်ကော ၊ အပြင်မှာ စာအုပ်တွေ မရှိကြဘူးလား။ အပြင်မှာ ရောင်းတဲ့ ရိုးရိုးစာအုပ်တွေကလည်း နည်းနည်းထူပြီးတော့ လူသိများတဲ့ ဘာသာရပ်တစ်ခုခုဆိုရင် အနည်းဆုံး ၁ သောင်းဖြစ်နေပါတယ်။ အဲဒီ့အတွက်ကော စာအုပ်ကို အလကားမပေးနိုင်ရင်တောင်မှ ၊ ဈေးချိုချိုနဲ့ ၀ယ်လို့မရနိုင်တော့ဘူးလား ၊ ဒါမှမဟုတ်ရင် BC နဲ့ AC လိုမျိုး စာအုပ်ငှားပေးတဲ့ မြန်မာပိုင် စာကြည့်တိုက်တွေ ဘာလို့မရှိရတာလဲ။ သူများနိုင်ငံကတောင်မှ စာကြည့်တိုက်လာဖွင့်သေးရင် ၊ ဒီနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကကော ဘာလို့ စာကြည့်တိုက်တွေ လုပ်ပေးပြီးတော့ မြန်မာလူမျိုးအချင်းချင်း ပညာလေ့လာလို့ရအောင် မလုပ်ပေးကြတာလဲ။ ဒါမှမဟုတ် စာကြည့်တိုက်ကရှိရဲ့သားနဲ့ဘဲ လူသိနည်းနေတာလား။ စာအုပ်မစုံသေးလို့ဘဲလား။ စာအုပ်မစုံရင်ကော ၊ ဘာလို့ အလှူငွေဆိုတာမရှိရတာလဲ။ ဘာလို့မ၀ယ်ကြတာလဲ။

နောက်တစ်ခု ကျနော် တွေ့ရတာက ၊ KMD , MCC စတဲ့ Computer Center တွေဟာ IDCS လိုသင်တန်းမျိုးတွေကို ၁၀ တန်းမှာ ထူးချွန်စွာအောင်ခဲ့တဲ့သူတွေကို ပညာသင်ထောက်ပံ့ကြေးပေးပြီးခေါ်နေကြပါတယ်။
ကျနော် ဝေဖန်ချင်တာက အဲလို ထောက်ပံ့ပေးတာဟာ တကယ်တော့ လုံးဝကို မထိရောက်တဲ့ ထောက်ပံ့မှုတစ်ခုပါ။
၁၀ တန်းမှာ ၆ ဘာသာ ၊ ၅ ဘာသာ စသည်ဖြင့် ထွက်တဲ့သူတွေဟာ အဲဒီ့ Center တွေမှာ တက်မယ်ဆိုရင် သင်တန်းကြေးအလကားနဲ့ တက်ရပါတယ်။ စာမေးပွဲကြေး ၄ သိန်းလောက်ဘဲ ကုန်တဲ့သဘောပါ။
ဒါပေမယ့် တကယ်တမ်း သေသေချာချာ ပြန်စဉ်းစားကြည့်ကြပါ ၊ မြန်မာကျောင်းသား အများစုဟာ ၁၀တန်းမှာ အဲလို ဘာသာစုံဂုဏ်ထူး ဒါမှမဟုတ်ရင် အမှတ်ကောင်းကောင်းရခဲ့မယ်ဆိုရင် ဘယ်လိုကျောင်းမျိုးကို ရွေးချယ်ကြပါသလဲ?
သူတို့အားလုံးဟာ ၀ါသနာပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ ဆေးတက္ကသိုလ် သို့တက်ရောက်ကြပါတယ်။ သူတို့ဟာ မိဘရဲ့ ဆန္ဒအရရော ၊ ဂုဏ်တစ်ခုအနေနဲ့ပါ ၊ အမှတ်ကောင်းတာနဲ့ မိမိရဲ့ ၀ါသနာကို မစဉ်းစားဘဲ ၊ ဆေးကျောင်းကိုသာ တက်ကြမယ့်သူမျိုးတွေပါ။
မိမိဝါသနာကိုသာ ရွေးချယ်ပြီးလုပ်မယ့်သူဟာ 1 % လောက်ဘဲရှိမှာပါ။ အဲဒါကြောင့် အဲလိုလူတွေကို ခုနကလို Computer Center တွေက ပညာသင်ဆုပေးတယ်ဆိုတာဟာ ၊ တကယ်တော့ သဲထဲရေသွန်နေကြတာပါ။
အဲဒီ့သင်တန်းကျောင်းတွေဟာ မြန်မာကျောင်းသားတွေကို တကယ်အကျိုးရှိစေချင်တာဆိုရင် ၊ ဂုဏ်ထူးရတဲ့ သူတိုင်းကို ဆုမပေးသင့်ပါဘူး။ အရည်အချင်းစစ်စာမေးပွဲ တစ်ခုခုပြုလုပ်ပြီးတော့ တကယ်ကြိုးစားချင်တဲ့ ၊ အရည်အချင်းရှိမယ့်သူတွေ ၊ ၀ါသနာပါတဲ့ သူတွေကိုသာ ပေးသင့်ပါတယ်။

အဲဒီ့လိုဆိုရင်တော့ ပိုက်ဆံမတတ်နိုင်တဲ့သူလည်း ၊ အဲဒီ့သင်တန်းမျိုးကို အလွယ်တကူတတ်နိုင်မှာ ဖြစ်ပြီးတော့ ၊ ၁၀တန်းတုန်းကတည်းက IT ကို ၀ါသနာပါလို့ ကျောင်းစာသေချာမလုပ်ခဲ့ဘဲ ၊ ဂုဏ်ထူးရနည်းတဲ့သူတွေဟာလည်း အိုင်တီနဲ့ပတ်သက်တဲ့ အဲဒီ့လိုသင်တန်းမျိုးတွေကို တက်နိုင်မှာဖြစ်ပါတယ်။ တကယ်တော်တဲ့သူကို အကျိုးရှိရှိနဲ့ သေချာရွေးချယ်ချီးမြှင့်စေချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် စာမေးပွဲကြေးကိုပါ ထောက်ပံ့ပေးတာမျိုးရှိနေသင့်ပါတယ်။
ကျနော်ဒီလိုရေးနေတာ KMD နဲ့ MCC ဘယ်သင်တန်းကိုမှ ဂုဏ်သိက္ခာချနေခြင်းမဟုတ်တာကို နားလည်စေချင်ပါတယ်။ ကျနော်ကိုယ်တိုင် KMD မှာ သင်တန်းအချို့ကို တက်လာတဲ့သူတစ်ဦးဖြစ်ပါတယ်။
အဲဒါကြောင့် ကျနော်က သင်တန်းအားလုံးကို ကောင်းစေချင်တဲ့သဘောနဲ့သာ အကြံပေးချင်းသက်သက်သာ ဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့က အဲဒီ့လို သင်တန်းတွေကို တက်ကြတဲ့ လူတန်းစား တွေပါ။
အဲဒီ့လိုသင်တန်းမျိုးတွေကို တက်တဲ့သူတွေဟာ ပညာသင်ဆုဆိုတာသာမရှိခဲ့ရင် ပိုက်ဆံတတ်နိုင်တဲ့သူတွေဘဲတတ်ကြတာများပါတယ်။ သင်တန်းကြေးရော ၊ စာမေးပွဲကြေး ပေါင်းရင် ၈ သိန်းခန့်ကုန်မှာပါ။
အဲဒီ့လို ကုန်ကျစရိတ်မျိုးရှိတဲ့အတွက်လည်း ပိုက်ဆံမရှိတဲ့သူမျိုးဟာ တတ်နိုင်ခြင်းမရှိကြတော့ပြန်ပါဘူး။
ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေဟာလည်း မိမိတို့ရဲ့ သားသမီးတွေရဲ့ ၀ါသနာ အရည်အချင်းတွေကို မကြည့်နေတော့ဘဲနဲ့ ၊ IT လုပ်ငန်းဟာ ပိုက်ဆံအရလွယ်တယ် ၊ မြန်တယ်ဆိုပြီးတော့ ငွေ ၈ သိန်းကို လွယ်လွယ်လေးနဲ့ အပုံလိုက်ပစ်ပေးပြီး သင်တန်းတက်စေပါတယ်။
ဒါပေမယ့် သင်တန်းလာတက်တဲ့သူတွေဟာ မိဘရဲ့ ဆန္ဒအရသာ လာတက်တာဖြစ်ပြီး ၀ါသနာလုံးဝမပါတဲ့အခါမှာ စာမေးပွဲတွေ အခါခါကျတာမျိုးတွေ ရှိနေပါတယ်။ အဲဒီ့အခါမှာ မိဘတွေအတွက်လည်း အချိန်ကုန်လူပင်ပန်းဖြစ်စေပါတယ်။
အဲဒီ့လို ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေအနေနဲ့ မိမိရဲ့ သားသမီး ဆန္ဒနဲ့ ၀ါသနာကို အရင်ဆုံးကြည့်ပြီးမှ ထိုသို့သော သင်တန်းတွေကို တက်ခိုင်းတာ သင့်လျော်မယ်ထင်ပါတယ်။ အဲလိုမဟုတ်ရင် မိဘတွေရဲ့ ပိုက်ဆံဟာ အလဟဿဖြစ်ကုန်ပါလိမ့်မယ်။
အကယ်လို့ ပိုက်ဆံတအားပေါနေတယ်ဆိုရင်လည်း ငွေကြေး မတတ်နိုင် သော်လည်း ကြိုးစားပြီးပညာသင်ချင်တဲ့ ကလေးတွေ အများကြီးရှိပါတယ်။ အဲလို ကလေးတွေကို ငွေကြေးထောက်ပံ့လိုက်တာဟာ ကုသိုလ်လည်းရပါတယ်။ အကျိုးလည်းရှိမှာပါ။


ဒီစာလေးကို ကျနော်ဒီနေ့ ကြုံခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်တစ်ခုကနေ အစပြုပြီးတော့ ဆွေးနွေးလိုက်တာဖြစ်ပါတယ်။
ကျနော့် ကိုယ်ပိုင်အတွေ့အကြုံတွေကိုလည်း တစ်ခါထဲထည့်ပြီးတော့ ဆွေးနွေးထားတာပါ။ အရင်ကတည်းက ဒါမျိုးဆွေးနွေးမှုကို ဆွေးနွေးချင်ခဲ့ပေမယ့် ကျနော်ကိုယ်တိုင်က ပိုက်ဆံမတတ်နိုင်တဲ့ သူတွေရဲ့ ခံစားချက်ကို နားမလည်သလို ၊ သူတို့ရဲ့ အခက်အခဲတွေကိုလည်း မသိခဲ့ပါဘူး။ အဲဒါကြောင့် ကျနော်ရေးလိုက်ရင် မှားသွားမှာဆိုးလို့ မရေးခဲ့တာပါ။
ဒီနေ့တော့ ကျနော့်သူငယ်ချင်းဆီကနေပြီးတော့ သူ့ရဲ့ အခက်အခဲတွေနဲ့ ခံစားချက်တွေကို နည်းနည်းမေးပြီးတော့ ဒီစာကိုရေးလိုက်တာပါ။ ကျနော်ရေးတာဟာ အမှားအယွင်းတွေလည်းပါနိုင်ပါတယ်။
တစ်စုံတစ်ယောက်ကို ထိခိုက်စေလို့တဲ့ ရည်ရွယ်ချက်လည်း လုံးဝ မပါရှိပါဘူး။ အကယ်လို့ ထိခိုက်သွားမယ်ဆိုရင်တော့ ကျနော်ဒီနေရာကနေ အနူးအညွတ် တောင်းပန်ပါတယ်။

ဒါပေမယ့် ကျနော် ဒီစာကို ရေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေဟာ ဘယ်လိုဘယ်ပုံနဲ့ ကိုယ် လိုချင်တဲ့ ပညာ ၊ လိုချင်တဲ့ လက်မှတ်မျိုးကို ရနိုင်မယ်ဆိုတာကို ဆွေးနွေးသွားချင်တာပါ။
မြန်မာနိုင်ငံရဲ့ လူငယ်တွေအနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးစေချင်တာပါ။ ပညာရေးနဲ့ ပတ်သက်လို့ အပြုသဘောဆောင်ပြီးဆွေးနွေးပေးကြပါ။
ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေဟာ တစ်စုံတစ်ယောက်ကို အကျိုးရှိစေမယ်ဆိုရင်တော့ အလွန်ကို မွန်မြတ်တဲ့ပြီး အကျိုးရှိစေမှာဖြစ်ပါတယ်။

မြန်မာ IT ဖိုရမ်တွေအနေနဲ့ IT နဲ့ ပတ်သက်လို့ အဓိကဆွေးနွေးရမှာ ဖြစ်ပေမယ့် ဒီလိုပြဿနာမျိုးတွေကိုလည်း ဆွေးနွေးသွားတာဟာ သင့်လျော်မယ်ထင်လို့ ရေးလိုက်တာပါ။ Admin တွေအနေနဲ့ မသင့်လျော်ဘူးထင်ရင်တော့ ကျနော့်စာကို ဖျက်နိုင်ပါတယ်။

မြန်မာ အိုင်တီ လောကတိုးတက်လာစေရန် နှင့် မြန်မာလူငယ်များရဲ့ အိုင်တီနဲ့ ပတ်သက်တဲ့ ပညာရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဆုတောင်းလျက်
$ƴǩǾ
http://www.myanmaritresource.info/t834-freetalk

ကလေးစစ်သား ထောင်သုံးနှစ်

A special interview with Daw Aung San Suu Kyi

နိုင်ငံရေးမှု စစ်ရာမှာ စိတ်ကြွဆေးပြား တိုက် စစ်ဆေးတာကို အမြန်ဆုံးရပ်ပါ


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ (၁၃-၁-၂ဝ၁၁) ရက်နေ့က ရုံးထွက်ပြီး တရားခံအဖြစ် အစစ်ခံလိုတဲ့ ဦးဇေယျ (ခ) သားကြီးဇေယျနှင့် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူ့ကို တရားစွဲထားတဲ့ ပုဒ်မတွေကတော့ တရားမဝင်အသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂)၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) နှင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (ခ) ဆိုတဲ့ အမှု ၃ မှုကို တပြိုင်တည်း ထွက်ဆိုအစစ်ခံမှာလို့ သူက ပြောပါတယ်။ ဘာပြုလို့ သက်သေအဖြစ် အစစ်မခံဘဲ တရားခံအဖြစ် အစစ်ခံရတဲ့ ကိစ္စကို မေးတဲ့အခါမှာ သူ့အနေနဲ့ ယခုအမှုကိစ္စတွေအတွက် သက်သေထောက်အထား တင်ပြရန် မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် တရားခံအဖြစ် အစစ်ခံခြင်းဖြင့် တရားသူကြီးက တိုက်ရိုက်မေးမြန်းမှုကို ဖြေဆိုရုံသက်သက်ပဲရှိတာမို့ ဦးနှောက်ခြောက်စရာ မရှိဘူးဟု ပြောပြသော်လည်း ၎င်းရဲ့ ပြောပြချက်ကို ကျနော့်အနေနဲ့ သဘောမတူနိုင်ပါ။ ဒါကိုလည်း ကျနော် သူ့ကို ရှင်းမပြတော့ပါ။

ဒါနဲ့ ဘာတွေထွက်ဆိုမှာလဲလို့ မေးမြန်းကြည့်တော့ အမှုမှာ ဖြေရှင်းရမယ့် အချက်နှင့် နောက်တခုက သူ့ကို စစ်ကြောရေး ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်မှု မပြုလုပ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ရှိခဲ့ကြောင်း၊ ရက်ပေါင်း ၂ဝ ခန့် စစ်ကြောရေး ပြုလုပ်ချိန်မှာ အစားအစာကျွေးသော်လည်း စားချင်းစိတ် လုံးဝမရှိခဲ့ပါ။ သောက်ရေနှင့် မုန့်ခြောက်ကိုသာ အနည်းငယ် စားသောက်နေရုံဖြင့်  လူက လန်းဆန်းတက်ကြွှလျက်ရှိနေကြောင်း၊ မေးသမျှမေးခွန်းတိုင်းကို ငြင်းဆန်လိုစိတ် မရှိခဲ့ကြောင်း၊ နှုတ်က မေးခွန်းကို ချက်ချင်းတုံ့ပြန်လိုမှု မရှိဘဲ လေးလံစွာ ငြင်းဆိုနေမှုကို သတိထားလျက်ရှိရာမှ စစ်ကြောသူက အသံမာမာဖြင့် “ဟုတ်တယ် မဟုတ်လား၊ ဒါက ဒီလိုဆိုလိုက်တာပဲ မဟုတ်လား” ဟု အဖြေပါတဲ့ မေးခွန်းကို ခေါင်းညိတ်ပြီး “ဟုတ်ပါတယ်” ဟု ပြောဆိုလိုက်ရကြောင်း၊ စစ်ကြောရေးပြုလုပ်သူက ၎င်းရေးသားထားသည့် စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းတော့ ကျနော့်ဘာသာရေးမယ့် ထွက်ဆိုချက်ပေါ်မှာပဲ လက်မှတ်ရေးထိုးလိုကြောင်း ပြောပြတဲ့အခါ လက်မခံတဲ့အတွက် သူတို့ကိုယ်တိုင် ရေးသားထားတဲ့ ထွက်ဆိုချက်ကိုသာ ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုး ပေးလိုက်ရတယ်လို့ ပြောပြတယ်။

ဒါနဲ့ သူက ဆက်ပြောတဲ့အခါမှာ စစ်ကြောရေးရက်၂ဝ ပြုလုပ်တဲ့အခါ ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ အိပ်ချင်လိုစိတ် မရှိခြင်း၊ မေးသမျှကို လေးလံစွာ ခေါင်းညိတ်ခြင်း၊ တခါတရံ စိတ်က ငြင်းဆန်နေလိုသော်လည်း နှုတ်က “အင်း” လိုက်၍သော်လည်းကောင်း၊ ပြောဆိုနေခဲ့ခြင်းဟာ စိတ်အာရုံတလွဲ ဖြစ်ပေါ်လျက်ရှိကြောင်း ဦးဇေယျက ပြောပြပါသည်။ ယင်းကာလမှာ မှတ်မိသလောက် ဝမ်းသွားချင်စိတ်မရှိ၊ ဆီး ၃/၄ ကြိမ် ခန့်ပဲ သွားခဲ့ရာ ယင်းကာလများ၌ သောက်ရေသောက်သုံးမှုသာ ရှိနေကြောင်း၊ အဆိုပါ သောက်သုံးရေထဲတွင် Amphetamines စိတ်ကြွဆေးခတ်ထားခြင်း ဖြစ်တဲ့အတွက် ဖြစ်ရကြောင်း၊ နောက်ပိုင်း၌ သူအမှတ်ရမိ၍ ပြန်စဉ်းစားမိတယ်ဟု ကျနော့်ကို ပြောပြပါတယ်။

ယခုကိစ္စကို တိမ်းရှောင်နေတဲ့ ရဲမှူးဝင်းနိုင်နှင့် ပတ်သက်တဲ့အမှု (အင်းစိန်ထောင်ထဲမှာ ရောက်ရှိနေတဲ့) ရဲတပ်ဖွဲ့က ကိုထက်ခိုင် (ကွန်ပြူတာ ကျွမ်းကျင်သူ) ကို မေးမြန်းကြည့်တော့ စစ်ကြောရေး ပြုလုပ်ချိန်မှာ အနံ့အရသာ မရှိတဲ့ Amphetamines ဆေးပြားများကို သောက်ရေမှာ ထည့်တိုက်လေ့ရှိကြောင်း၊ ယင်း ဆေးပြားများကို စစ်ကြောရေး ပြုလုပ်သူ ရဲများရဲ့ လက်ဝယ် အဆင်သင့်ထားရှိကြောင်း၊ ငယ်ရွယ်သူတို့ကို ခန္ဓာကိုယ် ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးသလို စိတ်ကြွဆေးရည်များ တိုက်ကျွေးပြီး အာရုံချွတ်လွဲအောင် ပြုလုပ်ကြောင်း၊ အသက်အရွယ် ကြီးသူတို့ကိုမူ ခန္ဓာကိုယ် ညှဉ်းပန်းမှု ပြုလုပ်ခြင်း မရှိသော်လည်း စိတ်ကြွဆေးရည် တိုက်ကျွေးမှု ပြုလုပ်ကြောင်း သူက ပြောဆိုပြီး ကိုဇေယျအနေဖြင့် စစ်ကြောရေးက သူ၏ ခံစားချက်ကို  ပြန်ပြောင်းသတိရမိလျက်ရှိကြောင်း ပြောပြပါတယ်။

ဒီလိုစစ်ကြောရေးကာလ ရဲထံ ထွက်ဆိုအစစ်ခံချက်၊ တရားခံက ဖြောင့်ချက် (သို့မဟုတ်) ထွက်ဆိုချက် ပေးရတဲ့ အပေါ်မှာ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄/၂၅/၂၆ တို့အရ အကျုံးဝင်နိုင်သလားဆိုတာကို အဓိကထား စဉ်းစားကြည့်တယ်လို့ ကျနော်က ယူဆပါတယ်။ ဥပဒေအရပြောရင် တရားခံရဲ့ ရဲထံ ထွက်ဆိုအစစ်ခံချက်ကို တရားရုံးမှာ လာရောက်ထွက်ဆို အစစ်ခံနိုင်ခွင့် မရှိသလို၊ သက်သေခံမဝင်ဟု ပြဋ္ဌာန်းထားသော်လည်း လက်ခံစစ်ဆေးနေသော တရားရုံးများက ခွင့်ပြုခြင်း၊ သုံးသပ်ဖော်ပြထားခြင်းတို့ဟာ မြန်မာနိုင်ငံ တရားစီရင်ရေးတရပ်ရဲ့ လွဲမှားအံချော်နေတဲ့ အချက်တရပ်လို့ ထောက်ပြနိုင်ပါတယ်။

အမျိုးသား ထောက်လှမ်းရေး ဥပဒေ တည်ရှိခဲ့တုန်းက စစ်ကြောရေး ပြုလုပ်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ စာတမ်းပြုစုခဲ့သူ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ထွန်းဆိုသူက သူ့ကို စစ်ကြောရေးပြုလုပ်တဲ့ အခါမှာ ဆေးထိုးပြီး အာရုံချွတ်လွဲအောင် စစ်ဆေးခဲ့ကြောင်း၊ ကြာလာသည်နှင့်အမျှ အသက်အန္တရာယ် ဖြစ်နိုင်ကြောင်း မီဒီယာမှာ သူ ပြောသွားဖူးပါတယ်။ ဥပဒေကျောင်းသား မုံရွာက ကိုသက်နောင်စိုး ဆိုရင်လည်း ထောင်ထဲမှာ ဆေးထိုးခံရပြီး ထောင်က လွတ်လာတာ ၅ နှစ်ကျော်၊ ၆ နှစ်ခန့် ရှိတဲ့တိုင် ယနေ့အထိ ကြောင်တောင်တောင် ခံစားဖြစ်ပေါ်ဆဲပါ။ ယနေ့ အင်းစိန်ထောင်ထဲမှာပင် ရှိနေတဲ့ ကိုသန်းမြင့်အောင် ဆိုရင်လည်း စစ်ကြောရေး ပြုလုပ်ခံရပြီးနောက် အမှုရုံးတင်စစ်ဆေး ခံနေရချိန်ထိ စိတ်ကစဥ့်ကလျား ဖြစ်နေလို့ ရွာသာကြီး စိတ်ရောဂါကုဆေးရုံသို့ တင်ပို့ရတဲ့ အခြေအနေ ရှိနေခဲ့ကြောင်း၊ ဒါတွေဟာ စစ်ကြောရေး ပြုလုပ်စဉ်က တရားမဝင်တဲ့ ဆေးကျွေး၊ ဆေးထိုးမှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်တဲ့အတွက် ဥပဒေက ခွင့်မပြုသော နည်းများကို ကျင့်သုံးပြီး ရဲထံ ထွက်ဆိုချက်တခုထဲနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံသွားရမှုများကို ပြန်လည်စုံစမ်းဖော်ထုတ်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေကို န.ဝ.တ စစ်အစိုးရက ဥပဒေ ၁/၉၃ ဖြင့် ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ရည်ရွယ်ချက်အနေဖြင့် “to prevent the danger of narcotic drugs and psychotropic substances which can cause degeneration of mankind, as a national responsibility” ဟု လူသားတို့ကို အညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၏ ဘေးအန္တရာယ်ကို အမျိုးသားရေးတာဝန်ဖြင့် တားဆီးကာကွယ်ရန် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဟု ဖော်ပြခဲ့သော်လည်း ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ အမှုများနှင့် ပတ်သက်ပြီး စစ်ကြောရေး ပြုလုပ်ရာမှာ စိတ်ကို ပြောင်းလဲစေတတ်တဲ့ Amphetamines လို့ ခေါ်တဲ့ အလိုအလျောက် အာရုံကြောစိတ်ကို နိုးကြွစေတဲ့ (ရာမ) ဆေးများ တိုက်ကျွေးစစ်ကြောမှုများ ပြုလုပ်နေပါက နာဇီဂျာမဏီခေတ်ကလို လူညွှန့်တုံးစေတဲ့ လုပ်ရပ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ လုပ်ရပ်အဖြစ်  သုတေသနပြု ဖော်ထုတ်သင့်ပါတယ်။ ကမ္ဘာ့ဆေးပညာရှင် အဖွဲ့များကလည်း ကန့်ကွက်တားဆီးကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

( ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းသည် ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွက် အခမဲ့ ဥပဒေအကျိုးဆောင်ပေးနေသူဖြစ်ပြီး စစ်အစိုးရက သူ၏ ရှေ့နေလိုင်စင်ကို ရုပ်သိမ်းထားသည်။)
http://mizzimaburmese.com/edop/songpa/6754-2011-01-21-07-35-44.html

ရင်နာရမည်က အပိုဆု

အာရှက သူငယ်ချင်း တချို.နှင်. သင်တန်းတစ်ခုမှာ ဆုံဘူးပါတယ်။ ကမ္ဘောဒီယန်းက အမျိုးသားတစ်ဦးက မြန်မာနိုင်ငံ မှတစ်ပါး အခြား အာရှနိုင်ငံ များကိုရောက်ဘူးပြီး ဖြစ်ကြောင်း သူ.ရဲ့  နှစ်ပေါင်း များစွာက ဘဝအိမ်မက်ကတော့  မြန်မာနိုင်ငံကိုလာပြီး တော့  တတ်နိုင်သလောက် ရဟန်း ပြု ဘို့ ပါတဲ့ ။ အနဲဆုံး သုံးလ ရည်မှန်း ထားပါတယ် ဆိုတဲ့ အကြောင်း သင်တန်းနား ချိန်မှာ ပြော လာပါတယ် ။ ဗုဒ္ဓဘာသာ ဝင် အာရှနိုင်ငံ များသို့  ဗုဒ္ဓဘာသာနှင့် ပါတ်သက်၍ ရောက်ဘူး လေ့ လာပြီးသည့်  အပြင် မြန်မာဘုန်းတော်ကြီး တစ်ပါးကိုလည်း ဖူးမြှော်ခွင့် ရပြီးသည့် အချိန်မှစ၍ အလွန်ကြည်ညိုစိတ် ပေါ်ပေါက်လာကာ ထိုအိမ်မက်ကို အကောင်အထည် ဖော်ရန် ဆုံးဖြတ်ချက်ချခဲ့  သည် ဟုဆိုပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး အစစအရာရာ ခြွတ်ချုံ ကျနေတဲ. အချိန်မှာ အခုလိုအသံ မျိုး ကြားလိုက်ရလို့ ၊ “ဪ ဘာသာ ရေးအနေနှင့် ကတော့  တို.နိုင်ငံကို လေးစားကြည်ညို ကြပါသေး လားလို”့ ကြည်နူးပီတိ ဖြစ်မိပါတယ်။ ကျမကကိုယ်ရည် သွေးလို့ မဟုတ်ပဲ သူကိုယ်တိုင် အားတက်သရော မေးမြန်းလာတဲ့  အတွက် စိတ်ပါလက်ပါ ဆွေးနွေးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အထွန်း ကားဆုံးနေရာ ဟာ မြန်မာပါ လို့လည်း သူကဆိုပါသေးတယ် ။
တို့ နိုင်ငံ မြို့တော်ဟောင်း ရန်ကုန်မြို့ မှာ ကမ္ဘာ့ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ရှိပြီး ပြည်တွင်းမှ မြန်မာနိုင်ငံသား မည်သူမဆို ဘွဲ့ တစ်ခုရပြီး သူဖြစ်ပါက BA (Budhism) ဘွဲ့ ကိုလေ့ လာသင်ယူ နိင်ကြပြီဖြစ်ကြောင်း၊ နိုင်ငံခြားသားများ ကိုလည်း ရဟန်းတော်ဖြစ်စေ လူဖြစ်စေ လာရောက်လေ့ လာ ဆည်းပူး ခွင့် ပြုထားကြောင်းနှင့်  ပြည်တွင်းကျောင်း သားများ ကို နေရာထိုင်းခင်း စဉ်းစားမပေးသော်ငြား နိုင်ငံခြားသား ကျောင်းသားများ ကိုတော့  ထိုကျောင်းဝင်း ထဲမှာ ပင် အဆောင် ရနိုင်ပါ ကြောင်း သိသမျှ ဖောက်သည် ချမိပါသည်။ ဒီအကြောင်းအရာက ၂၀၀၇ ရွှေဝါရောင် မတိုင်ခင် ကလေးတင်ပါ။ ထိုသူက သူ့ ရဲ့ အိမ်မက်ကို အကောင် အထည် ဖော်ပြီးလေပြီလား။ ရွှေဝါရောင်ကြောင်. ရဟန်းအဖြစ်ဖြင့် မြန်မာနိုင်ငံကို လာမည့် အရေးမြှော်တွေးကာ အိမ်မက်တွေကိုရေမျှော လိုက်ပြီလား။ မည်သည့်  အခြေအနေ ရှိသည်ကို ဖြင့်  အဆက်အသွယ်မရှိရ်ျ မသိရတော့ ပေ။
ဖိလစ်ပိုင် နိုင်ငံသား တစ်ဦးကတော. သူတို့ နိုင်ငံက ခရစ်ယာန် ဘာသာဝင် အများစု ဖြစ်ကာ ဗုဒ္ဓဘာသာ ဝင်က ၁ % ပဲရှိလို့  ဗုဒ္ဓဘာသာ အကြောင်း သိပ်မသိပေမဲ့  မျက်နှာတော် ကြည်လင်ငြိမ်းချမ်း တဲ့  ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးကို ဖူးတွေ့ လိုက်ရတဲ့  အခါမှာ တော့  သူ့ ရင်တွေအေးမျ သွားတယ် လို့ ဆိုပါတယ်။
လာအို နိုင်ငံသူ တစ်ဦးကတော့  သူတို့ နိုင်ငံကို သံအရာရှိ အဖြစ်နှင့်  တာဝန်ထမ်း ဆောင်တဲ့  မြန်မာမိသားစု တစ်စုနှင့်  ရင်းနှီးကျွမ်းဝင်ကာ မြန်မာသနပ်ခါးကို မြတ်နိုးမိသလို စိတ်အားအထက်သန်ဆုံးက တော့  ပုံတော်ကို ဖူးမြှော်ပြီး ဖြစ်တဲ့  ရွှေတိဂုံစေတီတော်ကို ဖူးမြှော်ရန် ဒီနှစ်နွေမှာ မြန်မာပြည်ကို ဘုရားဖူး သွားမယ်လို့ ဆိုပါတယ်။ ရွှေတိဂုံစေတီတော် အပြင် အခြားတန်ခိုးကြီး ဘုရားများကို ဖူးမြှော် ခဲ့ရန် အကြံဥာဏ်ပေးမိသလို ဖိလစ်ပိုင်က သူငယ်ချင်း ကိုတော့ ခေါင်းငြိမ့် အပြုံးနှင့် တုန့် ပြန်မိပါတယ်။
အထက် က တကယ့်အတွေ့ အကြုံတွေကို စာပိုဒ် အလီလီနှင့်  နိုဒါန်း ချီလာမိတာ အခုတလော ဘလော့ဂ် အချို့ မှာ တွေ.နေရတဲ့ အဆိပ်တွေကို ထုတ်ပစ်မယ်ဆိုတဲ့ (Brain wash) သင်တန်းကြောင့်ပါ။ (Freedom news group) ကတော. သင်တန်းမှာ ကျား/မ မရွေး၊ ကြီးငယ် အလတ် ပါမကျန် မြူးထူး ကခုန်နေကြတာ သင်တန်းမှာကျွေး တဲ့ အစားအသောက်တွေထဲနှင့် ဖျော်ရည်တွေထဲမှာ စိတ်ကြွဆေးတွေခတ် ထားတယ် လို့  ဆိုပါတယ်။ ဖြစ်နိုင်ခြေရှိတယ်လို့  ထင်မိပါတယ်။ ဧရာဝတီကတော့ ထိုသတင်းကို ဖော်ပြထားပေမဲ့  သတင်း အတိအကျ မသိရသေး ဟုဆိုပါတယ်။ ကိုဒီမိုဝေယံ ကတော ရဟန်းတော်တွေရဲ့  သင်္ဃာန်းနှင့်  နစ်စ၊ ဂီတ ဆိုတဲ့  ရှစ်ပါးသီလထဲက သိက်ခါ ပုဒ်နှင့် တော့  ဖီလာဆန့်  ကျင်တယ်လို. ဆိုပါတယ် ။ ကျမ အမြင် ကတော့  ဧရာဝတီက နောက် ထွက်လာဘွယ် ရာရှိတဲ့  အကြာင်းပြချက် ကို စောင့်  မျှော်မိသလို ကိုဒီမိုဝေယံ နှင့်  သဘော ထား အမြင် ချင်း တူညီပါတယ်။
သာသနာကို ရည်ရွယ်ချက် နှင့်  ဖျက်ဆီးလိုက် လေ သလား။ မရည်ရွယ်ပဲ ထိခိုက် သွားစေ တာလား ။ ထိုထို ကာယကံ ရှင် များသာ အသိဆုံး ဖြစ်ပါလိမ်. မည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို ရှေး ပဝေသနီက အခြေ တည်ခဲ့  သည်ဖြစ်ရာ ဘာသာတရားနှင့်  ကိုက်ညီ/ဆန့် ကျင်သည် ထိုထို လူကြီး များ သိတန် ကောင်း ရာသည်။ ဘာသာတရား ကို လောကီ အကျိုးတစ်စုံတစ်ရာ အတွက် အမြတ်ထုတ်ရန် သင့် တော်ပါသလားရှင်။ အသုံးချသည် ထားဦး ဘုရားတော်နှင့်  အညီဆို တော် သေး သည်။ ၂၀၁၀ ခုနှစ် အတွင်းက ဗုဒ္ဓဘာသာကို ကမ္ဘာမှာ အမွန်အမြတ် ဆုံး ဘာသာအဖြစ် အသိအမှတ် ပြုလာကြရာ ကျမတို့ တွေဆည်းကပ် ကိုးကွယ်ခွင့်  ရခဲ့ တဲ့  ထိုသာသနာကို ကိုယ့် လူမျိုး ကိုယ်တိုင်က ဖျက်ဆီးရန် တာ ဆုလိုက်ကြ ပြီလား။ တိုင်းတစ်ပါးတို့  လက် အောက် ကျွန်သဘောက် ဘဝ၊ ဘာသာသာသနာကို ဖျက်ဆီး ခဲ့ကြောင်း သမိုင်း သိစဉ်ကဝမ်းနဲမျက်ရည် လည်ခဲ့ရ။ တစ်မူထူးခြား၊ ကိုယ်ကျွန်ဘဝမှာ တို့ တွေးတို့ သား၊ ကိုယ်တိုင်က သာသနာ ရောင် မှေးမှိန် စေကြောင်း ဖျက်ဆီးခြေမွ ကြမည်ဆိုလျှင်ဖြင့် ရင်နာရမည်က အပိုဆု။



ရှင်ရင်မော
၁.၂၁.၂၀၁၁
ညနေ ၄ နာရီ ၂၂ မိနစ် ၊

shinyinmaw (2)

၂၀၁၀ ရွေးကောက်ပွဲ အပေါ် ကိုမိုးသီးဇွန်၏ သုံးသပ်ချက်


၂၀၁၀ ရွေးကောက်ပွဲ (သို့ ) အ၀ီစိ ငရဲ ရဲ့ ပထမဆုံး - တခါးပေါက်

-မိုးသီးဇွန်-

လေးစားအပ်တဲ့ ရဟန်းသံဃာများ၊ မိဘပြည်သူများ၊ ကျောင်းသားကျောင်းသူများ နှင့် မိတ်ဆွေများခင်ဗျား- ကျနော် မိုးသီးဇွန် ပါ- ကျနော်အခုပြောမဲ့ အကြောင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်ရဲ့ အမြင်တွေဖြစ်ပါတယ်။

မြန်မာပြည်က သေကောင်ပေါင်းလဲ ဖြစ်နေတဲ့လူနာနဲ့ တူတယ်။ ၂၀၁၀ရွေးကောက်ပွဲ က လူနာအတွက် ဆေးကို ဖေါ်နေတာနဲ့ တူနေပါတယ်။ ဒါပေမဲ့ အနာနဲ့ဆေး တခြားစီဖြစ်နေတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ လက်မခံနိင်ပါဘူး။

ဒီရွေးကောက်ပွဲဟာ မြန်မာ ပြည် အတွက် ထွက်ရပ်လမ်း မဟုတ်လို့ ဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တွေကို ဦးမတည်လို့ ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာလဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ မဟာအ၀ီစိ ငရဲ ကိုသွားတဲ့လမ်းမှာ ပထမ တခါးပေါက် သာဖြစ်တယ်။

ဘာကြောင့် လဲ - ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်က ၂၀၀၉ ခုနှစ် အခြေခံဥပဒေ အတိုင်း လုပ်မယ်။ နိင်ငံသား အခွင့်အရေး တွေ ဒီမိုကရေစီနဲ့လူအခွင့်အရေးတွေကို ဒီအခြေခံဥပဒေက ဘယ်လောက် အာမခံ မှာလဲ ဆိုတာကို သံသယရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့-

  • စစ်အာဏာရှင်စံနစ် ကိုပဲ အခြေခံဥပဒေနဲ့ တရားဝင်အောင်လုပ်ထားပြန်လို့ ဖြစ်ပါတယ်။
  • တရားမျှတတဲ့ရွေးကောက်ပွဲ တခုအတွက်လိုအပ်တဲ့ နိင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။
  • လွတ်လပ်စွာလှုပ်ရှား၊စည်းရုံးဟောပြောခွင့်တွေကိုပေးမထားဘူး။
မြန်မာပြည်ဟာ လက်ရှိကြုံနေရတဲ့ အခက်ခဲအကြပ်အတည်းတွေက မလွတ်မြောက်နိင်ပဲ လူမှုဒုက္ခအပေါင်းတွေ ကို ဆက်လက်ရင်ဆိုင်ရမှာ ပဲဖြစ်ပါတယ်။ ရောဂါ နဲ့ ဆေးက တခြားစီဖြစ်နေတယ်။ ဗမာ ပြည်မှာ ဘာရောဂါ တွေ ဖြစ်နေလဲ ဆိုတာ ကြည့်ကြပါစို့။

အခုဗမာပြည်မှာ မဟာအကြပ်ရိုက်မှု (Total Crisis) ဖြစ်နေတယ်။

၁-လူမှုဒုက္ခကြီးကိုရင်ဆိုင်နေရတယ်။ ( Humanitarian Crisis)

ကူးစက်ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်၊ အသားဝါအသည်းရောင်၊ တီဘီ ၊ (လူတွေပြောနေတဲ့ လေးလုံး ရောဂါ၊ ဘီပိုးစီပိုး၊ တီဘီ၊ ငှက်ဖျား ရောဂါ၊ အဟာရမပြည်ဝမှု၊ ကလေးသေနှုန်း များလွန်းနေတယ်။ လူတွေ သက်တမ်းတိုနေတယ်။ )

ဒါဟာ လူတွေအကျင့်စာရိတ္တ ပြသာနာမဟုတ်ပါဘူး။ ဒါဟာ ဆင်းရဲမွဲတေမှုပြသာနာလည်းမဟုတ်ပါဘူး။ စစ် အစိုးရက အသိဥာဏ် နည်းပါးမှု ပြသာနာသာဖြစ်တယ်။ ဥာဏ်နည်းတာရယ်၊ လောဘဇော တိုက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြသာနာဟာ မြန်မာ့လူ့အဖွဲ့စည်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ဆီးသွား ရတဲ့အခြေအနေကို ဆိုက်ရောက်သွားပါတော့တယ်။

တရုပ်ပြည်မှာလည်း အေအိုင်ဒီအက်စ်ရောဂါ သည်တွေရှိတယ်။ သူတို့ အတွက် Global Fund က ၁ ဘီလီယံဒေါ်လာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြန်မာပြည်မှာ စစ်အစိုးရက နိင်ငံတကာ အလျူရှင်တွေကို ကန့်သတ်ချုပ်ချယ်လိုက်တဲ့အတွက် အလျှူရှင်တွေ ပြန်ထွက်သွားကြတယ်။ လူမှုဒုက္ခ (Humanitarian Crisis) ကို ရင်ဆိုင်နေရတယ်။

၂-တရားဝင် အသိမှတ်ပြု မှု အကြပ်တည်း ( Legitimate crisis)

နအဖ စစ်အစိုးရ က ဒီနေပြသာနာတွေကို ကြည့်တဲ့နေရာ မှာ တရားဝင်မှု အကြပ်တည်း (Legitimate Crisis )လို့ ယူဆတယ်။ နိင်ငံတကာက ၀ိုင်းပယ်ထားတာ၊ စီးပွားရေးပိတ်ဆို့ ထားတာဟာ နိင်ငံကြီးတွေက ပြည်တွင်းရေးကိုစွက်ဖက်နေတာ၊ တရားဝင်အစိုးရဖြစ်လာရင် ဒီအကြပ်အတည်းကို ကျော်နိင်မယ်။ ဒီလိုတရားဝင်မှုရဖို့ အတွက်ကတော့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အလွယ်ယူဆနေတယ်။ ၁၉၉၄ ၀န်းကျင်က တိုင်းရင်းသားအဖွဲ့တချို့ နဲ့ အပြစ်ခတ်ရပ်စဲရေး လုပ်တာ။ အာဆီယံထဲကိုဝင်ခွင့်ရဖို့ ကြိုးပန်းတာတွေဟာ တရားဝင်မှုရရင် အရာခပ်သိမ်းပြေလည်မယ်လို့ ယူဆခဲ့လို့ဖြစ်ပါတယ်။ ဒ်ါပေမဲ့ ၁၉၉၇ ခုနစ်မှာ အမေရိကန် က စီပွားရေပိတ်ဆို့ မှုကိုသာကြုံရတယ်။ တရားဝင်အစိုးရလို့ အသိအမှတ်မပြုဘူး။ ဒီတော့ ၂၀၀၀ ခုနစ်မှာတော့ နယူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အိမ်မက်မက်လာကြတယ်။ ဒီလက်နက်ရရင် နိင်ငံတကာဆက်ဆံရေးမှာ Negotiation လုပ်နိင်မယ်။ Balance of Power လုပ်လာနိင်မယ်လို့ ထင်တာကိုး။ လက်တွေ့မှာ အီရန်၊ မြောက်ကိုးရီးယားတို့ဟာ နယူးကလီးလက်နက်အတွက် ကြောင့် ဖိအားပေးမှုတွေခံရတာပဲ အဖတ်တင် နေတော့တယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ နယူးကလီးယား စီမံကိန်းက ဘာနဲ့တူနေလည်းဆိုတော့ ကျနော်တို့ ငယ်ငယ်က ဖတ်ရတဲ့ စာရေးဆရာကြီး ကစ်ပလင်းရေးတဲ့ ဂျန်းဂဲလ်ဘုတ်ခ် ( Jungle Book) ၀ထ္ထု ထဲက မျောက်ဘုရင်ကြီး ကင်းလူဝီ လိုဖြစ်နေတယ်။ မျောက်ကြီးက မီးကိုရရင် တောတခုလုံးကိုထိမ်းချုပ်နိင်မယ်ထင်တာကိုး။ လက်တွေ့မှာ မျောက်က မီးကိုရရင်တောင် လူလို့ အသိမှတ်ပြုဖို့ ကြတော့ မလွယ်ဘူးမဟုတ်လား။

၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ နအဖ ကို အသိမှတ်ပြု လာမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ စစ်အစိုးရအလို ကျ ပါတီ အနိင်ရလည်း - တရားဝင် အစိုးရ ဖြစ်ပြီ၊ ပြသာနာအားလုံး ပြီး၊ ရောဂါအားလုံးပျောက် ဆိုတာ ဖြစ်လာမှမဟုတ်ပါဘူး။ တရားဝင်မှု အကြပ်တည်းကိုဆက်လက်ရင်ဆိုင်ရမယ်။
  • စီးပွားရေပိတ်ဆို့မှု ဆက်ဖြစ်မယ်။
  • ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဥရောပရဲ့  ပိတ်ပင်မှုတွေကိုဆက်လက်ရင်ဆိုင်ရမယ်။
  • နိင်ငံတကာ ငွေလွဲ မှုတွေမှာ ပိတ်ဆို့တားဆီးမှုတွေ ရင်ဆိုင်ရဦးမှာပဲဖြစ်တယ်။

၃- အမှန်တရားနဲ့ တရားဥပဒေ ပျောက်ဆုံးနေမှု (Crisis of Truth and Justice)


ဗိုလ်ချုပ်သန်းရွှေ နဲ့ ဗိုလ်ချုပ်တစုကောင်းမှုကြောင့် မြန်မာ့သမိုင်း မှာ ဘယ်ကာလ ကနဲ့ မတူတဲ့ တရားဥပဒေကင်းမဲ့မှု၊ မင်းမဲ့ နိင်ငံတော်ကြီးဘ၀ကို ကျနော်တို့ ကျရောက်နေကြပြီ။ မြန်မာ ပြည်ဟာ အရာခပ်သိမ်းပြောင်းပြန်ဖြစ်နေတယ်။ အမှန်တရားနဲ့ အမှန်တရားနဲ့ နီးစပ်မှု အားလုံးဟာ ရာဇ၀တ်မှု တခုလို သတ်မှတ်ခံနေရတယ်။

အမှန်တရားဆိုတာ လင်္ကာတပုဒ်လို နားဝင်ချိုခဲပါတယ်။ ပျားရည်စက်တွေလည်းလည်း အမြဲတမ်း ချို မနေဘူး။ ဒါပေမဲ့ အမှန်တရားဟာ လူတယောက်အတွက်ရော လူအဖွဲ့အစည်းအတွက်ပါ တိုးတက်အောင်မြင်ကြီးပွားဖို့အတွက် ၂၄ နာရီလိုအပ်နေတဲ့ ဓါတုဇီဝ တခုလိုဖြစ်နေပါတယ်။ မြန်မာပြည်မှာက အစာ စားစရာမရှိဘူး။ မီးမရှိဘူး။ အင်တာနက်အားလုံးမှာမရှိသေးဘူး။ တယ်လီဖုန်းနေရာအနှံမှမရှိဘူး။ ပညာရေးမရှိဘူး။ အလုပ်မရှိဘူး။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေအိမ်မှာမရှိဘူး။ အဆိုးဆုံးကတော့ အမှန်တရားပါမရှိတော့တာပဲ။ အမှန်တရားထွန်းကားဖို့၊၊ အမှန်းတရားကိုပြောဖို့၊ အမှန်တရားကိုလုပ်ဖို့ ဆိုတာတွေဟာ အစိုးရအဖွဲ့ ထဲမှာရော၊ စီးပွားရေး၊ ပညာရေးနဲ့ ဘာသာရေးမှာပါ အမှန်တရားဟာ မောင်းထုတ်ခံနေရတယ်။

အမှန်ကို ပြောမိလို့ဖမ်းခံထိ၊ အလုပ်ပြုတ်၊ စီးပွားပျက်၊ ဘ၀ပျက်မှုတွေက နေရာအနှံ့ မှာ ဖြစ်နေတယ်။ အမှန်တရားကို ပြောစရာ မရှိတဲ့နောက် ခင်ဗျား ဟာ ဘာပြော စရာကျန် တော့လည်း။ လောကကြီးမှာ ဘာတခုမှာ ကောင်းတာမရှိတော့ဘူးပေါ့။

အမှန်တရား မရှိတော့ တရားဥပဒေဆိုတာလည်း မရှိတော့ဘူး။ ရှေ့ နေဆိုတာ တရားဥပဒေ သို့သွားရာ လမ်းမှ လမ်းပြ မိတ်ဆွေပါ။ ရှေ့ နေကြီးနစ်ဦးကိုထောင်ထဲဖမ်းထည့်လိုက်တဲ့အခါမှာတော့ မြန်မာ ပြည်မှ အမှန်တရား ဆိုတာ မရှိတော့ပါဘူး ဆိုတာကို အိပ်သွန်ဖါမှောက်ပြလိုက်ရသလိုဖြစ်သွားရပါပြီ။

အမှန်တရားမရှိတဲ့နိင်ငံမှာ ကောင်းမြတ်မှုဆိုတာတွေ ဟာ ဘယ်တော့မှမရှိဘူး ဆိုတာပြောပါရစေ။ တိုးတက်မှု၊ ကြီးပွား အောင်မြင်မှု၊ပျှော်ရွှင်မှု၊ သုခ၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ မျှော်လင်ချက်နဲ့ ပြည့်စုံမှုဆိုတာတွေဟာ မရှိတော့ဘူး။ အမှန်တရားမရှိတဲ့ အတွက် ခုကျနော်တို့ ရှင်သန်ရာ ခေတ်ဟာ အမှောင်ခေတ် ပဲ လို့ပြောရမှာပဲဖြစ်တယ်။

၎-စီးပွားရေးအကြပ်အတည်း (Economic Crisis)


၁၉၈၈ ခုနစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသွားတဲ့အခါမှာ စစ်အစိုးရက မဆလ ခေတ် ကလို တခါးပိတ် စီးပွားရေးကနေ တခါးဖွင့် စီးပွားရေးစံနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ပြီ။ သူတို့စကားနဲ့ပြောရရင် - ဈေးကွက်စီးပွားရေးစံနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေးပါ။ လက်တွေ့ ဖြစ်နေတာက လွတ်လပ်တဲ့ဈေးကွက် စံနစ်ဖြစ်မလာပဲ လက်ဝါးကြီးအုပ် ဈေးကွက် စီးပွားရေးနစ် ဖြစ်နေတယ်။ ဒီစီးပွားရေးစံနစ်က ဗိုလ်ချုပ်သန်းရွေ မိသားစုနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေး မျှသာဖြစ်နေတယ်။ အများတကာ အများစု လူထုကြီးမှာ တော့ စီးပွားရေး အခွင့်အလမ်းတွေကို တန်တူညီမျှ ဆောင်ရွက်ခွင့်မရှိဘူးဖြစ်နေတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် မကြုံဖူးမကြားဖူးလောက်အောင် ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက် နေတယ်။ အမေရိကန်မှာ လွင့်ပြစ်ထားတဲ့ကားတစီးက မြန်မာ ပြည်မှာ ဒေါ်လာ ၁သောင်းလောက် ဖြစ်နေ တယ်။ ဒေါ်လာသုံးသောင်း လောက်ရှိတဲ့ ကား တစီးက ဒေါ်လာ ၁ သိန်းကျော်ဖြစ်နေတယ်။ ထိုင်းနိင်ငံမှာ ဒေါ်လာ ၂၀ လောက်တယ်လီဖုန်းက မြန်မာ ပြည်မှာ ဒေါ်လာ ၂၀၀ လောက်ပေးနေရတာတွေဖြစ်လာတယ် နိင်ငံတကာမှာ ဓါတ်ဆီဈေးက တပီပါကို ဒေါ်လာ ၃၇ ဒေါ်လာလောက်ဖြစ်နေပေမဲ့ မြန်မာပြည်မှာ ဓါတ်ဆီဈေးက အဆမတန်ကြီးနေတုန်းဖြစ်လာတယ်။ ဒီလိုဖြစ်နေရတာကတော့ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားမှုအပေါ်မှာ သန်းရွေမိသားစု နှင့် အသိုင်းအသိုင်းကို အကျိုးအမြတ်တွေဖြစ်နေလို့ပါပဲ။

ဒါဟာ မတော်တဆမှုမဟုတ်ပါဘူး။ ဒါဟာ စီးပွားရေးပေါ်လစီတွေကိုနားမလည်လို့မဟုတ်ပါဘူး။ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်ဗိုလ်ချုပ် တွေရဲ့  တပ်မတော်သားတွေနဲ့ ပြည်သူတွေအပေါ်မှာ ကြင်နာတရားကင်းပြီး ရက်စက်လွန်းလှတဲ့ ဂုတ်သွေးစုတ် ခေါင်ပုံဖြတ် နေတဲ့ လုပ်ရပ်တွေကြောင့်သာ ဖြစ်ပါတယ်။

နောက်တခုက စီးပွားရေးလုပ်ငန်းတွေရှင်သန်ဖို့အတွက် အဓိက လိုအပ်နေတဲ့ -
  • လွတ်လပ်တဲ့ဈေးကွက်စီးပွားရေစံနစ် နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိဘူး
  • စွမ်းအင်မရှိဘူး။
  • ဘဏ်စံနစ်တွေပျက်စီးနေတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေပင်ငွေရင်း စိုက်ထုတ်မချေးပေးဘူး။
  • လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်နဲ့၊ တယ်လီဖုံးလုပ်ငန်းတွေ အကုန်လုံးက သေလုမျောပါးဖြစ်နေတယ်။
ဒီတော့ မြန်မာ့စီးပွားရေး ဘိုးတော်ဘုရားလက်ထက်ကထည်းက လိုပဲ ကုန်ကြမ်း ကိုထုတ်ရောင်းစားနေတဲ့ နိင်ငံတခုအဖြစ် က တက်ကို မတက်နိင်ဘူး။

ဒီအခြေအနေမှာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အကျင့်ပြက်လပ်စားမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ကျနော်တို့ ဗမာပြည်ဟာ ဘာလုပ်ငန်းမှ လုပ်ကိုင်စားသောက်လို့မရတဲ့ မဟာ စီးပွားပျက်ကပ်ကြီး ဖြစ်ပေါ်နေရခြင်း ဖြစ် ပါတယ်။

၅-တည်ငြိမ်မှု အကြပ်အတည်း ( Crisis of Stability )


စစ်အုပ်စု အုပ်ချုပ်နေတဲ့နှစ်ပေါင်း ၅၀ နီးပါးမှာ မြန်မာပြည်ဟာ တည်ငြိမ်စွာ ဖြစ်ပေါ်မတိုးတက်ခဲ့ရဘူး။ နအဖရဲ့ မတရားဖိနိပ်မှု ၊ နိင်ငံရေးတင်းမာမှုတွေ၊ စီးပွားပျက်ကပ်၊ ပြည်တွင်းစစ်နဲ့  ရောဂါကပ်ဆိုးတွေကြောင့် လူတွေ ဘ၀တွေက တည်ငြိမ်မှုတခုမှ မရှိဘူး။ ခုဆိုရင် မြန်မာ မျိုးနွယ်စုတည်ရှိမှုကို ခြိမ်းခြောက်နေတာ က အမှန်ဖြစ်လာနေတယ်။ မိသားစုဘ၀တိုင်းက တည်ငြိမ်မှု ကိုမရှိတော့ဘူး။ ဆောက်တည်ရာမရဖြစ်နေကြတယ်။ မိမိနေထိုင်နေရာဝန်းကျင်ဟာ ဘယ်နေ့ရွေ့ ရမယ်လဲ။ ဘယ်နေ့ဖျက်ရမယ်လဲ။ ဘယ်နေ့မှာ အသိမ်းခံရမယ်လဲ ဖြစ်နေတယ်။ ကိုယ်ဘ၀က ဘာဖြစ်မလဲ - ဘာလုပ်ကိုင်စာရမလဲ ဘယ်ကိုသွားရမလဲ စကော်ထဲ ဇီးဖြူသီး ထည့်လိမ့်သလို လူတွေရဲ့ နေစဉ်ဘ၀ က ဘာမှကိုမတည်ငြိမ်တော့ဘူး။ လူတွေတင်မဟုတ်ဘူး တပ်မတော် သားတွေပါ တည်ငြိမ်တဲ့ဘ၀ကိုရဖို့ ဆိုတာမသေချာတာဘူး။ ဘယ်တော့အဖြုတ်ခံရမလဲ။ ဘယ်တော့ အရပ်ဖက်ကိုအရွေ့ ခံရမလဲဖြစ်နေကြပြီ။ စစ်အစိုးရအဆက်အဆက်အောက်မှာ နိင်ငံတော်ဟာ မတည်ငြိမ်ဘူး။ ပြည်သူလူထုဟာ မတည်ငြိမ်ဘူး။

၆-မျော်လင့်ချက်များ နဲ့  ယုံကြည်ချက်များ ပျောက်ဆုံးနေမှု (Crisis of Hope, vision and Trust)

နောက်ထပ်ဖြစ်နေတဲ့ ပြသာနာတခုကတော့ လူတွေဟာ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်များ ပျောက်ဆုံး သွားရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တာပဲ။ လူတယောက်ရဲ့  ဘ၀ခရီးစဉ်တလျောက်လုံးကို မျှော်လင့်ချက်နဲ့  မောင်းနှင်းနေတာဖြစ်ပါတယ်။ မျှော်လင့်ချက်မရှိတဲ့နောက်မှာတော့ ဘာယုံကြည်ချက်မှလည်း မရှိတော့ဘူး။ လူတယောက် ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မှု တခါးဝ နားရောက်လာပြီဆိုရင်တော့ ရှေ့ ဆက်တိုးလို့မရပဲ အရာတခုက ပိတ်ပင်ထားဆီးနေတာကိုခံရတော့တာပဲ။ ဒီအရာက တော့ စစ်အာဏာရှင် စံနစ်ဖြစ်ပါတယ်။ ဒီစံနစ်က လူတဦးရဲ့  ဘ၀ မျှောင်လင့်ချက်တွေကို ပိတ်ပင်ထားတဲ့ အရာ ဖြစ်နေပါတော့တယ်။

ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြတ်စွာ ဘုရားက ဇတိသညာ - လူတွေဟာ ကိုယ်မွေးဖွားရာ ဇတိကို အလွန်သံယောဇဉ်ကြီး တယ်လို့ ဆိုတယ်။ အခုမြန်မာ ပြည်သားတွေဟာ မွေးဖွားခဲ့ရာနေရာတွေက စွန်ခွာ ထွက်ပြေးနေကြရသလို ဖြစ်နေပါတယ်။ ဗမာပြည်ဟာ သူတို့အတွက်မျှော်လင့်ချက်များရှင်သန်ရာ နေရာမဟုတ်တော့လို့ ပါပဲ။

ဆေး ကဘာဘဲ

စစ်အာဏာရှင်စံနစ် နဲ့ စစ်ဗြူရိုကရေစီ ယန္တရားတွေကို ဖြိုချပြစ် ရပါမယ်။ ပြည်တွင်းစစ်မီးကိုအဆုံးသတ်ရမယ်။ ဒီမိုကရေစီစံနစ် ထွန်းကားလာအောင် အားပေးရမယ်။ ကာကွယ်ရမယ်။ ထိမ်းသိမ်းရမယ်။ လူတိုင်းတန်းတူစွာ အခွင့်အရေးရပိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေးစံနစ်ကိုကျင့်သုံး ရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုဆန်ကျင်ပြီး လူထုတိုက်ပွဲတွေကို ဖေါ်ထုတ်ပြီးလူထုအစိုးရဖွဲ့စည်းနိင်အောင်ကြိုးစား ရမယ်။

တပ်မတော်သားများ တွေကို ကျနော်ပန်ကြားလိုပါတယ်။

ခင်ဗျားတို့ တခုပဲလုပ်စရာလိုပါတယ်။ အမေရိကန်၊တရုပ်၊ရုရှား၊အိန္ဒိယနဲ့ ထိုင်းနိင်ငံက စစ်သားတွေလို Professional Soldiers စစ်သား ပီပီသသ နေကြပါ။ လူတဦးတယောက်အပေါ်သစ္စာရှိတာဟာ ပြည်သူလူထု တရပ်လုံးကို သစ္စာကို ဖေါက်နေတာလို့ အဓိပ္ပါယ်ထွက်နေပါပြီ။ ပြည်သူလူထုကိုကာကွယ်ပါ။ ကျောင်းသား တွေနဲ့ လက်တွဲပါ။ အနာဂတ်သစ်ကို ဖန်တီးဖို့ အချိန်ကြပြီ။ သင့်ကို ပြည်သူလူထုကအလိုရှိနေပြီလို့ ပြောပါရစေ။

အပြစ်ခပ်ရပ်စဲရေးအဖွဲ့ များ


အထူးသဖြင့် ကချင်အမျိုးသားအစည်းအရုံ၊ ၀ပြည်သွေးစည်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ။ ကလလတ၊ရလလဖ၊ ဒီကေဘီအေ ရဲဘော်များ ပြန်လာကြပါ။ နအဖ စစ်အစိုးရက ခင်ဗျားတို့ ပြည်သူတွေရဲ့ ဘ၀ကို တိုးတက်အောင်လုံခြုံအောင် ငြိမ်းချမ်းအောင်မလုပ်ပေးနိင်ဘူး ဆိုတာ ခင်ဗျားတို့ မြင်နေပြီဖြစ်ပါတယ်။

မနပုလောမှာ ခင်ဗျားတို့ကိုကျနော်တို့ ကတိပေးခဲ့တယ်။ တိုင်းရင်းသားအခွင့်အရေးတွေအတွက် တူမီးတဖက် ကလောက်တဖက် ကိုင်ပြီး ကျနော် တို့ ၈၈ မျိုးဆက်တွေ အတူတိုက်ပွဲဝင်မယ်ဆိုတဲ့ ဒီကတိကို ကျနော်တို့ တသက်လုံးစောင့်ထိမ်းသွားမယ်။

ခင်ဗျားတို့လည်း တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒကို လေးစားပါ။ ပြောင်းလဲလုပ်ဖို့ အချိန်ကောင်းကိုရောက်နေပြီ။ မနောက်ကျ ကြပါစေနဲ့။

မျိုးစပါးတွေစုဆောင်းပါ။ သေနပ်ပြောင်းတွေတိုက်ထားပါ။ လှံစွပ်တွေသွေးထားပါ။ ကတုတ်ကျင်းတွေနက်နက်တူးထားပါ။ အရင်လို လက်တွဲ ပြီးအတူတိုက်ပွဲဝင်ကြပါစို့ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒီချုပ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ ဝင်တွေ ကို ကျနော်တိုက်တွန်းခြင်းတာကတော့-

မုန်းတိုင်းလာတော့မယ်။ မုန်းတိုင်းက ဘယ်ဟာ ဘုရားထီးတော်လဲ ၊ ဘယ်ဟာ အမိုက်ပုံးလဲဆိုတာ မသိပါဘူး။ အကုန်လုံးကို ဆွဲချတတ်ပါတယ်။ ရန်သူရော မိတ်ဆွေကိုရော တိုက်ခိုက်ပါတယ်။ အဖွဲ့ချူပ်ကို ခိုင်ခံ့ အောင်ကျောက်အုပ်တွေနဲ့ အစားထိုးသင့်ပြီ လို့ပြောခြင်တယ်။ စွန့်လွတ်အနစ်နာခံတိုက်နေတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစံနမူနာယူပါ။ စေ့စပ်ရေး ဟာ မဖြစ်နိင် တော့ဘူး။ လူထုတိုက်ပွဲတွေဖေါ်ထုတ်ပါ။ အစိုးရဖွဲ့ နိုင်ဖို့ပြင်ပါလို့ တိုက်တွန်းလိုပါတယ်။

ကျောင်းသားကျောင်းသူများ နဲ့ အနာဂတ်လူငယ်များ

တကယ်က လူအဖွဲ့ စည်းမှာ လူကြီးနဲ့ ကလေးပဲရှိတယ်။ အသက်၁၈ နစ်ကျော်သူတိုင်းဟာ ဆေးပညာအရ၊ တရားဥပဒေအရ လူကြီးဖြစ်လာကြပြီ။ လူငယ်ပေမဲ့လူကြီးလို့ခံယူဖို့ လိုနေပြီ။ ဒီနေ့ မြန်မာ့သမိုင်းဟာ ခင်ဗျားတို့ကိုမျှောင်လင့်နေကြတယ်။ အားကိုးနေကြပါတယ်။ ခင်ဗျားတို့ ဟာ နိင်ငံတကာ ရဗ် - ဟစ်ပေါ့ ဂီတတွေကို သိနေရင် ဒီမိုကရေစီနဲ့ လူအအခွင့်ရေး လှုပ်ရှားမှု ဟာလည်း သိဖို့ မခက်လှပါဘူး။ စစ်အစိုးရက မသိနိင်အောင်လုပ်ထားပေမဲ့ ခင်ဗျားတို့က သိနိင်အောင်ကြိုးစားရင် သူတို့တားဆီးလို့ မရဘူး။ မြန်မာ ပြည်မှာ ဖြစ်နေတာတွေကို ခင်ဗျားတို့ သိပါတယ်။ အမှားနဲ့ အမှန်တိုက်ပွဲမှာ ပွဲကြည့်ပရိသတ်မရှိဘူး။ တာဝန်သိမှု Responsibility ကို သိပါလို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောခြင်တာကတော့-

၂၀၁၀ ရွေးကောက်ပွဲဟာ ငရဲ ကိုသွားတဲ့ ပထမတခါးပေါက်သာဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ လက်ခံလို့ မရပါဘူး။ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး တွေကို အလေးနက်မထားဘူး။ တခါးဖွင့် စီးပွားရေး စံနစ်ကို အာမခံချက်တွေ မရှိဘူး။ ၁၉၇၄ ခုနစ်အခြေခံဥပဒေအတိုင်းပဲ အာဏာရှင်စနစ်သက်ဆိုးရှည်အောင် စစ်ကျွန်ပြုမှုကို အတည်ပြု ပေးထားတာ မျှသာဖြစ်တယ်။

မြန်မာ ပြည်ဟာ ပြောင်းလဲမှု ဖြစ်ကိုဖြစ်တော့မယ်။ အောင်ပွဲ ခံကိုခံမယ်။ ဒီမိုကရေစီရကိုရမယ်။ အထွေထွေ လူမှုဒုက္ခတွေဟာ နိဂုံးချုပ်ကိုချုပ်ရမယ်။ စစ်အစိုးရ ဗိုလ်ချုပ်တွေကိုယ်တိုင် သူတို့ဟာ သမိုင်းလားရာကို ဆန့်ကျင်ဖက်သွားနေသူတွေ အမှန်တရားနဲ့ တခြားဖက်ကိုရောက်နေသူတွေ အရှုံးကိုရင်ဆိုင်နေရပြီဆိုတာ သိနေပြီ။

တော်လှန်ရေးဘယ်တော့အောင်ပွဲခံမလဲ လို့ မေးရင် အောင်ပွဲခံနေရသူတွေ ဟာ ငါတို့ ပဲဆိုတာကိုသိတဲ့နေ့ ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နေ့ပဲ လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကျနော်မိုးသီးဇွန်ပါ။

ဇန်န၀ါရီ ၂၈-၂၀၀၉

WFWW- လွတ်မြောက်ရေး အသံ မှ စီစဉ်ထုတ်လုပ်သည်။

၁၁၃နှစ်ပြည့်အာဇာနည်ဦးရာဇတ်မွေးနေ့ ဆုတောင်းပွဲ(ရန်ကုန်)


ယနေနံနက်11း00နာရီတွင်အာဇာနည်ခေါင်ဆောင်ဆရာကြိးဥိးရာဇတ်၏(113)ကြိမ်မြောက်မွေးနေဆုတောင်ပွဲကိုဗမာမွတ်စ္စလင်လူငယ်များကရန်ကုန်မြို.လယ်ရှိ.နေအိမ်တခုတွင်စု.ပေါင်းကျဉ်းပပြု.လုပ်ခဲ.ကြကြောင်းသိ.ရပါသည်။အဆိုပါအခမ်းနားသို.မွတ်စ္စလင်လူငယ်များအပါအ၀င်ဖိတ်ကြားထားသေားလူငယ်စုစုပေါင်း50ခန်.တက်ရောက်ကြကြောင်း။အဆိုပါအခမ်းအနားတွင်ဆရာကြိးဥိးရာဇတ်အားရည်စူးပြိးကျမ်းမြတ်ကုရအာန်ဖတ်ကြားခါစုပေါင်းဆုတောင်းပေးခဲ.ကြပြိးဆရာကြိး၏လွတ်လပ်ေ၇းကျိုးပမ်းမှု့များအကြောင်းကိုလည်းလူငယ်များအခြင်းခြင်းဆွေးနွေးခဲ.ကြောင်းထို့နောက်မိဘမဲ.ခလေးငယ်12ဥိးအတွက်ဆောင်များကို လည်း လှူတမ်းခဲ.ကြကြောင်းသိ.ရပါသည်။



ကိုရီးယား သဘောင်္ပေါ်မှ မြန်မာလူမျိုး ၁၁ဦး ပြန်လည်လွတ်မြောက်(ကိုရီးယား ကွန်မန်ဒိုများမှစီးနင်းခဲ့)

TODAY သတင်းဌာနကမနေ့ကထုတ်လွှင့်သွားခဲ့တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အင်တာဗျူး (ရုပ်/သံ)



http://www.dawnmanhon.com/ မှရယူပါသည်။

ABMA ဂျာနယ် အတွဲ (၂) အမှတ် (၂)

ABMA Journal Volume 2 No 2