Saturday, January 22, 2011

၂၂.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
22 Jan 2011 Yeyintnge's Diary.pdf22 Jan 2011 Yeyintnge's Diary.pdf
2238K   View   Download  
22 Jan 2011 Yeyintnge's Diary.doc22 Jan 2011 Yeyintnge's Diary.doc
1909K   View   Download  
1_2011_dpns commentary_21_jan_11.pdf1_2011_dpns commentary_21_jan_11.pdf
41K   View   Download  

http://www.mediafire.com/file/7s1p9ip86gacp7f/22%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/jx6s8bkn7hx8jhz/22%20Jan%202011%20Yeyintnge%27s%20Diary.pdf
22 Jan 2011 Yeyintnge's Diary

မြန်မာသင်္ဘောသားတွေ လွတ်ပြီ


‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ ( 2011-01-22 )


2011-01-22
ဇန်နဝါရီလ ၂၁ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်မှာ စစ်အစိုးရရဲ့ စစ်မှု မထမ်းမနေရ ဥပဒေနဲ့ ပတ်သက်တဲ့အမေးကို ‘ဒီဥပဒေ ထုတ်သင့် မထုတ်သင့် သေသေချာချာ စဉ်းစားရုံတင်မက အများပြည်သူ နားလည်အောင် ရှင်းပြပြီး ပြည်သူတွေရဲ့ တုန့်ပြန်မှုကိုလည်း အလေးအနက်ထားဖို့ လိုအပ်ကြောင်း’ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
Photo: RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီ ဌာနချုပ်ရုံးတွင် ၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က လူငယ်များအား မိန့်ခွန်းစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါ့အပြင် Ms. Elke Kuijper (နယ်သာလန်)၊ ဦးစိန် (ဂျပန်) နဲ့ အမေရိကန် ပြည်ထောင်စုက ကိုအောင်ဇော်ရှား၊ ကိုနေလင်း၊ ကိုစောဘလက်ဇင် နဲ့ ဦးကျော်သိန်းစိုး တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ထားပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၂၁)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၁၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၁၄)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ် နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ် အမေးအဖြေ အစီအစဉ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။ အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org ဖြစ်ပါတယ်။ မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီ အဆင့်မတိုး



By ကိုကျော်ကျော်သိန်း စနေ, 22 ဇန်နဝါရီ 2011

ဒဏ်ခတ် အရေးယူထားတာတွေကို အမေရိကန်က လောလောဆယ်ရုပ်သိမ်းပေးဖို့ အစီအစဉ် မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်တွေထဲမှာ သိသာထင်ရှားတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်သေးတာက အဓိက အကြောင်းပြချက်တခုဖြစ်ပါတယ်။ အဲဒီအချက်ကို သက်သေပြု ထောက်ခံတဲ့ အစီရင်ခံစာတစောင် မကြာသေးခင်ကပဲ ထွက်လာတာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီညွှန်းကိန်းဟာ ၁၆၃ မှာရှိနေတာကို တွေ့ရပါတယ်။ နိုင်ငံပေါင်း ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းကို သုတေသန ပြုစုပြီး အစီရင်ခံစာထုတ်ပြန်ခဲ့တာကတော့ The Economist မဂ္ဂဇင်းရဲ့ သုတေသနအဖွဲ့ခွဲတခုဖြစ်တဲ့ The Economist Intelligence Unit (EIU) ဖြစ်ပါတယ်။

နိုင်ငံ ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းကို အမျိုးအစားတွေ ခွဲခြားသတ်မှတ်ထားတာမှာ ဒီမိုကရေစီ အပြည့်အ၀ရှိတဲ့နိုင်ငံတွေ၊ အပြစ်အနာအဆာ ရှိတဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီနဲ့ တပါတီ ဒါမှမဟုတ် အာဏာရှင်စနစ် ရောထွေး ကျင့်သုံးတဲ့နိုင်ငံတွေ၊ အာဏာရှင်အစိုးရ အုပ်ချုပ်တဲ့နိုင်ငံတွေဆိုပြီး အတန်းအစားလေးခုနဲ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို တော့ အာဏာရှင်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံတွေထဲမှာ ထည့်သွင်းထားပါတယ်။

ဒီမိုကရေစီအဆင့်အတန်းကို စံနှုန်းသတ်မှတ်ချက်ငါးခုနဲ့ တိုင်းတာပြီး ညွှန်းကိန်း သတ်မှတ်ထားတာ ဖြစ်ပြီးတော့ စုစုပေါင်းအမှတ် ကို ၁ ကနေ ၁၀ ထိ ပေးတာမှာ မြန်မာနိုင်ငံကတော့ ၁ ဒဿမ ၇၇ မှတ် ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုပြဌာန်းခဲ့၊ ၂၀၁၀ ခုနှစ်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတော့ မြန်မာစစ်အစိုးရက သူတို့ရဲ့ ဒီမိုကရေစီရေး လမ်းပြမြေပုံ အဆင့်ခုနစ်ဆင့်ကို ဆက်တိုက်အကောင်အထည် ဖော်ခဲ့တယ်ဆိုပေမဲ့ အဲဒီဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းမှာ ဘယ်လို အပြောင်းအလဲမှ မဖြစ်စေခဲ့ဘူးဆိုတဲ့ သဘောပါပဲ။ ၂၀၀၈ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံဟာ ဒီအဆင့်အတိုင်းပဲရှိခဲ့ပြီး နှစ်နှစ်အတွင်း ဒီမိုကရေစီအဆင့်အတန်း ဘာမှ အပြောင်းအလဲမရှိခဲ့ပါဘူး။ ထူးခြားချက်တခုအနေနဲ့ တွေ့ရတာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှု တိုင်းတာချက်ကို ရမှတ် ၅.၆၃ ပေးထားတာပါပဲ။ ဒါဟာ အစီရင်ခံစာထဲမှာပါတဲ့ နိုင်ငံအတော်များများနဲ့နှိုင်းယှဉ်ရင် အတော်လေးမြင့်တယ်လို့ ဆိုရမှာပါ။ နိုင်ငံရေးယဉ်ကျေးမှုဆိုတာကတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိရေချိန်အပါအ၀င် နိုင်ငံရေးအပေါ် ဘယ်လောက် တိမ်းညွှတ်မှုရှိတယ် ဆိုတာကို တိုင်းတာချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံထက် ဒီမိုကရေစီအဆင့်အတန်း နိမ့်ကျတဲ့နိုင်ငံက လေးနိုင်ငံပဲရှိပြီး အဲဒီနိုင်ငံတွေကတော့ ဥဇဘက်ကစ္စတန်၊ တာခ်မေနစ္စတန်၊ ချာ့ဒ်နဲ့ မြောက်ကိုရီးယားတို့ ဖြစ်ပါတယ်။ ဒီမိုကရေစီအပြည့်အ၀ရှိတဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းငါးနိုင်ငံကတော့ နော်ဝေး၊ အိုက်စ်လန်၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ နယူးဇီလန်နိုင်ငံတို့ ဖြစ်ပါတယ်။

EIU အဖွဲ့ရဲ့ ဒီမိုကရေစီတိုင်းတာချက် စံနှုန်းအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ဟာ ဒီမိုကရေစီ အဆင့်အတန်းတမျိုးမျိုးမှာ နေထိုင်နေကြရတယ်ဆိုပေမဲ့ ၂၀၀၈ ခုနှစ်ကတည်းကနေဆိုရင် တကမ္ဘာလုံးမှာ ဒီမိုကရေစီအဆင့် ကျဆင်းလာနေတယ်လို့ ၂၀၁၀ ပြည့်နှစ်အတွက် ဒီမိုကရေစီညွှန်းကိန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
http://www.voanews.com/burmese/news/Burma-democracy-01-22-11-114413989.html

ရဲဘော်သန်းလွှင်(ခ)သော်ဇင် ကိုယ်ရေးအကျဉ်း(၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျဆုံး)


 

ရဲဘော်သန်းလွှင်(ခ)သော်ဇင် ကိုယ်ရေးအကျဉ်း

by Absdf Hq on Thursday, January 20, 2011 at 12:49am
ရဲဘော် သန်းလွင် (ခ) သော်ဇင်

ကိုယ်ပိုင်အမှတ် ၃၃၅၄
ဗဟိုကော်မတီဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)
၈ ဒီဇင်ဘာ ၁၉၆၇ - ၁၉ ဇန်နဝါရီ ၂၀၁၁


ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖခင် ဦးရွှေထွန်း၊ မိခင် ဒေါ်တင်မေ တို့မှ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် တတိယမြောက်သားဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလ၌ မော်လမြိုင်တက္ကသိုလ် တွင် ဒုတိယနှစ် (ဘူမိဗေဒအဓိက) တက် ရောက်နေဆဲဖြစ်သည်။ အရေးတော်ပုံကာလအတွင်း ကျိုက်ထိုမြို့နယ် သပိတ်ကော်မတီ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ (ကျိုက်ထိုမြို့နယ်ကိုယ်စားလှယ်)၊ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (SDF) ၏ စည်းကမ်းထိမ်းသိမ်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းသည့်နေ့တွင်ပင် လက်နက်ကိုင်တော်လှန်ရေးအတွက် ကရင်ပြည်နယ် သေ့ဘောဘိုး သို့ ထွက်ခွာ လာခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များ အတွင်း မကဒတ (ကျောင်းသားတပ်မတော်)၊ သေ့ဘောဘိုးစခန်းတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး ၁၉၈၉-၉၁ ကာလများ အတွင်း မကဒတ၊ ကျောင်းသားတပ်မတော်၊ အမှတ် ၂၀၄/၂၀၅ ပူးတွဲစစ်ကြောင်း၌ ဆေးမှူးတာဝန်ဖြင့် ကရင်အမျိုးသားအစည်း အရုံး တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မာနယ်ပလော ခံစစ်တွင် နော်တ စစ်မျက်နှာပြင်တွင်လည်းကောင်း၊ ၁၉၉၂-၉၃ ခုနှစ်များအတွင်း မယ်ညောခီး စစ်မျက်နှာပြင်တွင် လည်းကောင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အလယ်ပိုင်းဒေသ အထူးအလုပ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ အလယ်ပိုင်းဒေသတွင် မတင်တင်နွယ် နှင့် အိမ်ထောင်ကျသည်။

၁၉၉၆ ခုနှစ် မကဒတ ပေါင်းစည်းရေးညီလာခံတွင် အမှတ် ၆ နယ်မြေ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက် ခဲ့သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလ တွင် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အခြေစိုက် အမှတ် ၈ တပ်ရင်း တွင် ပြန်လည် တာဝန်ထမ်းဆောင်သည်။

၁၉၉၉ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်တွင် ဒုတိယ စစ်ရေးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယတန်း (စစ်ရေး) အဖြစ် တာဝန်ပေးအပ် ခံခဲ့ ရသည်။ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ဗဟိုစစ်ကော်မရှင်၏ ရုံးအဖွဲ့မှူးတာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းကာလအတွင်း ၁၉၈၈ မှ ၂၀၀၆ ခုနှစ် ကာလများအတွင်း ကျောင်းသားတပ်မတော် ၏ ထိခိုက်ဒဏ်ရာ၊ ကျဆုံး၊ သေဆုံး စာရင်းများ ထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် သြဂုတ်လ တွင် မကဒတ အဋ္ဌမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေး တာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဋ္ဌမအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဗဟိုဘဏ္ဍာရေးဌာန တာဝန်ခံ အပြင် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် မကဒတ နဝမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် တာဝန်ပေး အပ်ခံခဲ့ရသည်။

တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၂ နာရီ တွင် ဦးနှောက် သွေးကြောပြတ်၍ ကျဆုံးသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်နွယ် နှင့် ရင်သွေးများဖြစ်သော သမီး ယမုံသော်၊ သား ဝသုန်သော် နှင့် သမီး နဒီသော် တို့ ကျန်ရစ် ခဲ့သည်။

ကြယ်တွေကောက်နေသူ .......... မောင်လွမ်းဏီ

by Hlaing Bwa Maung on Wednesday, January 19, 2011 at 11:56am

ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။

အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီးယမုံ။

ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်တွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ၀သုန်သော် ၊ တနေ့ သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။

အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော်ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။

အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော်သော်ဇင်၊ ကိုသန်းလွင်တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။


မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁
ယနေ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ “ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁/၂၀၁၁) ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စားလှယ်များ”

လူထုဆက်ဆံရေး ဌာန
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
1_2011_dpns commentary_21_jan_11