Wednesday, January 26, 2011

၂၆.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/i3w54m88hk57wdo/26%20Jan%202011%20Yeyintnge%27s%20Diary.pdf
26 Jan 2011 Yeyintnge's Diary

မင်းတြားကြီး သန်းရွှေနဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၂)

မင်းတြားကြီး သန်းရွှေ နဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၁)

ဒီလကုန်ရင် နေပြည်တော်မှာ လွှတ်တော် ခေါ်တော့မယ်။ အစိုးရ အုပ်ချုပ်ရေး ပြောင်းသွားမယ်လို့ ယူဆသူ တချို့ ရှိပေမယ့် မြန်မာ လူထု အများစုကတော့ ဘာမှ မပြောင်းဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းအပါ မိသားစုဝင်တွေ စိတ် ထင်တိုင်း ကျဲနေတာကို တရားဝင်မှု ပြုပေးရုံ လွှတ်တော် အမည်ခံ သက်သက်ပဲလို့ ဆိုကြတယ်။ လာမယ့် အစိုးရသစ်ကလည်း ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ခေါင်းဆောင်လုပ်ရင်လုပ်၊ မလုပ်ရင် သူ့သစ္စာခံတွေကို သူကောင်းပြု ခန့်ထားမှာ လို့လည်း ပြောကြတယ်။

ဘယ်သူပဲ တက်တက် အစိုးရ အဖွဲ့ဝင်တွေဟာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ကြေညာရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားကတော့ အစိုးရသစ်ကို ဆက်ပြီး ဦးဆောင်မယ်လို့ သတင်းပြေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအ၀င် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းနဲ့ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ အပြင် နေပြည်တော်က စစ်အာဏာပိုင်တွေ အတွက် ဒီ ဥပဒေက အရာမ၀င်ဖြစ်နေရတယ်။ ဥပဒေအထက်မှာ ထင်ရာဆိုင်းနေကြတဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အပေါင်းအပါတွေ အကြောင်း တစေ့တစောင်းကို ဧရာဝတီ က ဖော်ထုတ် တင်ပြအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

Chief-Ge.-Than-Shwe-and-Wife
ပြီးခဲ့သည့် ၂၀၁၁ ခု ဇန်န၀ါရီ ၄ ရက်က နေပြည်တော်၌ ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ ညစာ စားပွဲတွင် အစိုးရ အဖွဲ့ဝင်များကို နှုတ်ဆက်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် (ဓာတ်ပုံ - AP)
ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းက နိုင်ငံတော် အစည်း အဝေးတွေမှာ သူများထက်မြင့်တဲ့ ထိုင်ခုံနဲ့ ထိုင်လေ့ရှိပါတယ်။ လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာတော့ မိသားစုဝင် တွေပါ သူများထက် ခေါင်းတလုံး ပိုမြင့်ချင်ကြတယ်။ နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ ကြတယ်၊၊ ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ ဘယ်လောက်အထိ ချမ်းသာ ကြွယ်ဝတယ်ဆိုတာ မသိနိုင် လောက်အောင်ပါပဲ။

လေ့လာ သုံးသပ်သူတွေ အဆိုအရ နိုင်ငံတော် ဘဏ္ဍာငွေ ရှင်းတမ်းမှာ တဒေါ်လာ ၆ ကျပ်နဲ့ စာရင်းပြထားလို့ ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့  ဂက်စ်ရောင်းရ ငွေတွေဟာ စင်ကာပူ ဘဏ်တွေမှာ စာရင်းဖွင့် အပ်ထားကြောင်း သိရတယ်။ အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့ ဒု ဗိုလ်ချုပ်ကြီး တင်အေးက တာဝန်ယူရတယ်။ တရုတ်ပြည် ပီကင်းနဲ့ ရှန်ဟိုင်းမှာလည်း အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။

ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။ ကာကွယ်ရေး ၀န်ကြီးဋ္ဌာန အသိုင်းအ၀ိုင်းတွေ အဆိုအရ ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေ မကြာခဏ တိုင်းခန်းလှည့်လည် သလိုမျိုး ခရီးထွက် တတ်တယ်၊ သူတို့ ရောက်လာရင်လည်း ရောက်ရာ အရပ်က တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊ ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊ စူပါ မားကက်တွေကို ရောက်ရင်လည်း လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ လက်ဝတ်ရတနာ တွေကိုလည်း တိုင်းမှူး တပ်မမှူး ကတော် တွေက ဗန်းနဲ့ ယူပြရတယ်။ သူတို့က ကြိုက်တာရွေးပြီး တခါယူရင် အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက် ယူတယ်။ အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက နောက်ကနေ လိုက်ရှင်းပေးရတယ်။ ဒီမိသားစု စိန်ကြိုက်တတ်ပုံကိုတော့ ၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် ကြည့်လိုက်ရတဲ့ သမီးတော် သန္တာရွှေ ရဲ့ မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ အမြည်းအစမ်း သဘောတွေ့လိုက်ကြရပါတယ်။

ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့ လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေအားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။ လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။ လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။ လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့ ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့်ယူတဲ့သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။

နေပြည်တော်နဲ့ မေမြို့မှာလည်း အကောင်းဆုံး အိမ်တွေ ခြံတွေကို ပိုင်ဆိုင်ထားလို့ အားမရဘူး။ ရန်ကုန်မြို့က အင်းလျားကန် အနီးတ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ ဆိုတဲ့ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်မြေတွေကိုလည်း ယူထားပြီးပြီလို့ သိရတယ်။ ရန်ကုန် ပြည် လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄) တပ်နေရာတွေကိုလည်း အခု ဖယ်ရှားခိုင်းပြီး သူတို့မိသားစု ယူထားတယ်လို့ သိရတယ်။

အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင် မိသားစုအမွေမှု ဖြစ်နေတဲ့အိမ်(မြို့နယ် ငြိမ်ဝပ် ပိပြား ရေး ရုံးဟောင်း) ကို ရဟတ်ယာဉ် ပျက်ကျလို့ ကွယ်လွန်ရသူ ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို ပေးပေမယ့် မယူတဲ့ အတွက် ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက နာမည်ခံပေး ထားရတယ်။ စီးပွားရေး အသိုင်းအ၀န်းမှာတော့ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ပေးနေရတဲ့ ကိုယ်စားလှယ်လို့ ပြောနေကြတယ်။ ပုဂ္ဂလိက ဆေးရုံလုပ်ဖို့  ဦးတေဇ ၀ယ်ယူလိုက်တဲ့ အင်းလျားကန်ထိပ်က ကန်သာယာဆေးရုံမှာလည်း သမီးတွေရှယ်ယာ ငွေ ပါတယ်၊ ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာက ဦးတေဇပိုင် ဟိုတယ်တွေမှာလည်း ရှယ်ယာထည့်ထားတယ်လို့ သိရတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး သောင်းကျန်းတာကတော့ နောက်ဆုံး ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။ တရားဝင် ကုမ္ပဏီထောင်ပြီးတော့ စီးပွားရေး လုပ်တာမဟုတ်ဘဲ အဘိုး အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန် မျက်နှာပြပြီး ပွဲစားစီးပွားရေးမျိုး လုပ်နေတာပါ။

သူ့လုပ်နည်းလုပ်ဟန်က တချို့ကုမ္ပဏီတွေ တရားမ၀င် ပစ္စည်းတွေသွင်းလာရင် အကောက်ခွန်ဌာနက အစစ်အဆေးမခံရ အောင် တရားဝင် အခွန်မဆောင်ရအောင် ဆိပ်ကမ်းမှာရှင်းပေးတယ်။ ၀န်ဆောင်မှု အနေနဲ့ကတော့ ပစ္စည်းအမျိုးအစားပေါ် မူတည် ပြီး ပိုက်ဆံယူတယ်။ ဒါ့အပြင် ရန်ကုန်မြို့က မြေနေရာတွေမှာ အလုပ်လုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးတွေ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း လုပ်တယ်။

အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့ မနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းသံရုံးဘေးက ဖျာပုံမမြနွယ်ခြံလို့ လူသိများတဲ့ မြေကွက်ကြီး ကို ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ နိုင်ဂရု(Naing Group)က ကုလားသူဌေးတွေ ၀ယ်ယူရာမှာ မြို့တော် စည်ပင်က အတည်မပြုပေးတဲ့ အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ် သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို နားချပေးခိုင်း တာပါ။

ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေကိုမှ ဗိုလ်မထားပါဘူး။ နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့ အတွင်းရေးမှူး(၁)သီဟသူရ တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်ကြီး ဟောင်း တေဇာစောဦး လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ ဆိုင်ကို နောက်လိုက်တွေ စေလွှတ်ပြီး ဖျက်ဆီးပြခဲ့သလို သူပွဲစားလုပ်နေတဲ့ ပြည်သူ့ ဥယျာဉ်ထဲက မြေကွက်နဲ့ ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က ၀င်လာလို့ နောက်လိုက်တွေကို ရိုက်နှက်ဖို့ ခိုင်းစေခဲ့ဖူးပါတယ်။

အနိုင်ကျင့်တဲ့နေရာမှာတော့ အဘိုးခြေရာမီပါတယ်။ ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း Facebookမှာ ရေးမိတဲ့ အမေရိကားနေ သူငယ်ချင်းတယောက်ကို မြန်မာပြည် ပြန်အလာ ရဲနဲ့ ဖမ်းခိုင်းပြီး ဒုက္ခပေးခဲ့တာကြောင့် မိဘများ အခက် ကြုံခဲ့ရတယ်။၂၀၀၉ ခုနှစ် တုန်းကလည်း စင်ကာပူမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက် အလားတူမကောင်းကြောင်း ရေးမိတဲ့ အတွက် ရန်ကုန်မြို့က အဲ့ဒီ သူငယ်ချင်းမိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု၊ လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချတောင်းပန်ခိုင်းတဲ့အတွက် မိဘတွေမှာ သား ဇော ကြောင့် ရှက်ရှက်နဲ့ပဲ ဦးချတောင်းပန်ခဲ့ရတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရုံး ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦး က ဖိုးလပြည့်ကားရှေ့မှာ ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး ဆုံးမသြ၀ါဒ ပေးခဲ့တာကို အဲဒီဗိုလ်ကြီး က သတိအနေအထားနဲ့ နာယူရတယ်လို့လည်း သိရပါတယ်။
အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား ပြည်တွင်းခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့ အပေါင်းအပါ အုပ်စုရောက်လာခဲ့လို့ အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ အတန်းမှာ နေရာယူထားတဲ့ ဦးရွှေမန်းရဲ့သား အောင်သက်မန်း က အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို ပြောင်းပေး လိုက်ရတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့ မတရားမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားပါဘူး။ အရည်အချင်း ပြည့်ဝ၏ မပြည့်ဝ၏ နောက်ထား။ အာဏာရှင်ကြီး ဦးနေ၀င်း လက်ထက်ကတောင် မလုပ်ခဲ့တဲ့ စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ သမီးတွေကို အကြီးတန်း သံတမန် ရာထူးတွေ ခန့်ထားခဲ့တယ်။ သမီးတွေကတော့ သံတမန်အလုပ်ထက် သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို အချိန် မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ လုပ်တယ်။ သားတွေဖြစ်တဲ့ ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ တို့ကတော့ နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့ မြန်မာပြည်အနှံ့ လက်ညှိုးထိုး မလွဲအောင် မှိုလိုပေါက်နေတဲ့ လောင်စာဆီ ဆိုင်တွေကို ပိုင်ကြတယ်။ နာမည်ကြီး ဂျေဒိုးနတ်ဆိုလည်း ထွန်းနိုင်ရွှေ ပိုင်တာပဲ။ ကျောက်မျက်ကုမ္ပဏီ မြန်မာ ဗွီအီးအက်စ် ဆိုလည်း ကိုမိုးနီဆိုတဲ့ စီးပွားရေးသမား တယောက်နဲ့ တွဲလုပ်တယ်။ ပဲခူးမှာလည်း သစ်အချောထည် စက်ရုံထောင်ထားသေးတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို ချယ်လှယ်ပိုင်ခွင့်၊ ထင်ရာဆိုင်းပိုင်ခွင့်ရှိနေတာဟာ ရှေးဘ၀ ကုသိုလ် ကြောင့် ဒီဘ၀မှာ အကျိုးပေးတာလို့ နှစ်နှစ်ကာကာ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ရှေးကုသိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်း ချွတ်မချွတ်နဲ့ သက်ဆိုင်နေကြောင်း သူတို့ ကောင်းကောင်းကြီး သဘောပေါက်နေကြတယ်။

ဗိုလ်ချုပ်မှူးကြီး အသက်အရွယ် ထောက်လာလို့ နားချင်တယ်ဆိုတာတောင် ဒေါ်ကြိုင်ကြိုင်က နားခွင့်မပေးဘူးလို့ သိရပါတယ်။

လက်ရှိ စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးဟာ နောက်တက်လာမယ့် စစ်ခေါင်းဆောင်တွေကို စိတ်မချသလို အာဏာရှင် ဦးနေ၀င်းလို ကျ ဆုံးခန်းရောက်မှာမျိုးကို စိုးရိမ်တဲ့အတွက် သီဟ သူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးတင်အေးကိုလည်း လက်ရှိ စစ်တပ် ခေါင်းဆောင် ငယ်တွေကို စိတ်ချလက်ချ လွှတ်မထားဖို့ ပြောဆိုကြောင်း သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်ဟာ နာမည်သာရှိပြီး တပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကတော့ မရှိသေးပါဘူး။ 

သမ္မတကြီးပဲ လုပ်မှာလား၊ နာယက ကြီးပဲ လုပ်မှာလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ မကြာခင် ရုပ်လုံးပေါ်လာလိမ့်မယ်လို့ ယူ ဆ ရပါတယ်။ လူတွေကတော့ အနားယူတယ်ဆိုတာ အနားကပ်တော့မှ သိမ်းကျုံးယူသွားတယ်လို့ ဆိုကြတယ်။ တကယ် အနားယူတယ်ဆိုဦးတော့ မိသားစု အနာဂတ် လုံခြုံရေး စိတ်ချရအောင် ဗိုလ်ချုပ်မှူးကြီး စီမံထားပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းမှာ နာမည်ကြီးခဲ့ပြီး မကြာခင်က အငြိမ်းစားယူသွားတဲ့ ဗိုလ်မှူးကြီး သန်းဟန်ကို Eagle Security ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီဖွဲ့စေပြီး မိသားစုလုံခြုံရေးကို လက်ရှိ စောင့်ရှောက် ခိုင်းထားတယ်လို့ သိရပါတယ်။

နောက်လာမယ့် အပိုင်း (၂) မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း အကြောင်း တင်ပြပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။

မင်းတြားကြီး သန်းရွှေနဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၂)

ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတာ ယဉ်ကျေးတဲ့ လူအဖွဲ့ အစည်းတိုင်းရဲ့ပြဋ္ဌာန်းချက်ပါ။ ဒါပေမယ့် စစ်ထောက်လှမ်းရေးမှူး ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အပါအ၀င် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို လာဘ်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှုတွေနဲ့စွပ်စွဲလို့ ဖမ်းဆီးအပြီး တပ်မတော် ထိပ်တန်းခေါင်းဆောင် နံပါတ် ၃ နေရာကို အရှင်မွေးတော့ နေချင်း ညချင်းကြီးကာ ရောက်လာသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က ဒီစကားကိုပြောတော့ လူတွေက ကောက်ချက်ချကြတယ်။ “အပြောကတော့ ရွှေမန်း” တဲ့။ အခုလာမယ့် အစိုးရ အသစ်မှာလည်း သမ္မတလား၊ လွှတ်တော် ဥက္ကဋ္ဌလား။ ရှေ့တန်းက သတင်းပြေးနေပါ တယ်။ ဘာပဲဖြစ်ဖြစ် ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုကတော့ အတိအလင်းကြေညာရမှာပါ။ ကြေညာသည် ဆိုဦးတော့ အပြောလောက်နဲ့တင် မပြီးပါ။ မှတ်ကျောက် အတင် ခံဖို့တော့ လိုပါတယ်။ အခုထက်ထိတော့ သူရ ဦးရွှေမန်းကို အက ကတော့ ချိုမိုင်မိုင် လောက်ပဲလို့ ပြောဆို သံတွေသာ ဆူညံနေရဲ့။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်

သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်း ဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်သူပုန်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ်  အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ယာယီအဖွဲ့ဝင် ဖြစ်လာတယ်။ ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစုတတ်တော့ အရှင် မွေးတော့ နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ်အဆက်ကို ထိန်း ပေး ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိတချို့ကတော့ ပြောကြ တယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်းအတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရတယ်။

ဗိုလ်ချုပ်ကြီး ရွှေမန်းကလည်း တပ်အသိုင်းအ၀န်းအတွင်းမှာ လူရှိန်အောင် စမတ်ကျကျ နေတတ်တယ်၊ အနေအထိုင်ဟော့ဟော့ ရမ်းရမ်းမရှိ၊ အသောက်အစားကလည်း လူကြီး လူကောင်းဆန်ဆန်။ တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့ မတူဘဲ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနဲ့ သူ့ကို စမတ်ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။ ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင် တခြား ဗိုလ်ချုပ်တွေလို မိန်းမကြိုက်တတ်တာကိုတောင် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိဘူးလို့ ပြောရမယ်။

စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ ဓမ္မတာပါပဲ၊ ဒါပေမယ့် သူ့ရှေ့က မျိုးချစ် ဗိုလ်ချုပ်ကြီးတွေနဲ့ မတူတာကတော့ သူရ ဦးရွှေမန်း က နိုင်ငံတကာအမြင် ပိုရှိတယ်လို့ ဆိုရမယ်။ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဦးရွှေမန်းဟာ ပြည်တွင်း ဖြစ်ထက် ထိုင်းနဲ့ အနောက်တိုင်းသူတွေကိုမှ ပိုပြီး အာသီသရှိသတဲ့၊ ဆက်သွယ်ရေး လမ်းကြောင်းကတော့ သူ့သား အောင်သက်မန်းရဲ့ဆရာ ဦးတေဇ ပါပဲ၊ အဲပုဂံ နဲ့ ဘန်ကောက်က သွားပင့်လာပြီး ရန်ကုန်က ထိပ်တန်း ဟိုတယ်ကြီးတွေမှာ ပျော်ပါးသတဲ့။

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။

အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။ နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လတ်တလောပြီးဆုံးသွားပြီဖြစ်တဲ့ နအဖ စစ်ကောင်စီရဲ့ အစည်းအဝေးက ထွက်လာတဲ့ သတင်းအရ သူရ ဦးရွှေမန်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူရမယ်လို့ ဆိုတယ်။ လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကို ကြေညာတဲ့အခါ“ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။     ။

နောက်လာမယ့် အပိုင်း (၃) မှာ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး အကြောင်း တင်ပြပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။
http://www.bur.irrawaddy.org/

NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို

NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် မပြုလျှင်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးလျှင် အမေရိကန် အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် စဉ်းစားမည် မဟုတ်ကြောင်း အမေရိကန် အဆင့်မြင့် သံတမန်တဦးက ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက အင်ဒိုနီးရှား အခြေစိုက် ဂျာကာတာပို့စ် သတင်းစာကို အင်္ဂါနေ့က အထက်ပါအတိုင်းပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ အတွက် အာဆီယံ ဥက္ကဌ ဖြစ်သည်။

ဂျိုးဇက် ဝိုင် ယွန်းက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားခြင်းကို ရုတ်သိမ်းရန် မစဉ်းစားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရန်၊ နိုင်ငံနှင့်အ၀န်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန်  ပြောခဲ့သည်။

ဂျိုးဇက် ဝိုင် ယွန်း၏ ပြောကြားချက်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးရေး ပြောဆိုပြီး တပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများတွေ့ဆုံရာ၌ “မနှစ်က မြန်မာပြည်မှာ ကျင်းပသွားတဲ့  ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေအပေါ်မှာ အပြုသဘောဆောင်ပြီး တုန့်ပြန် သွားသင့်တယ်” ဟု ပြောခဲ့ကြကြောင်း ဂျာကာတာပို့စ် သတင်းစာတွင် ပါရှိသည်။

ဂျာကာတာပို့စ် သတင်းစာအရ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်း ပေးရန် ပြောကြားရာတွင် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များကို ထုတ်ဖော်ပြောဆိုခဲ့သေးကြောင်း သိရသည်။

“အာဆီယံ ၀န်ကြီးတွေ တောင်းဆိုတာ သိပ်ကိုကောင်းတဲ့ တောင်းဆိုချက်ပါ။ ဒါကို မြန်မာအစိုးရက လေးလေးနက်နက် သဘောထားပြီး စစ်စစ်မှန်မှန် အကောင်အထည် ဖော်သင့်တယ်လို့ ကျနော် ထင်ပါတယ်” ဟု ဂျိုးဇက် ဝိုင် ယွန်းက သတင်းစာကို ပြောသည်။

ထို့အပြင် နိုင်ငံတကာ တောင်းဆိုချက်များအတိုင်း မြန်မာအစိုးရက လိုက်လျောမှသာလျှင် အမေရိကန် အစိုးရဘက်မှ ကောင်းမွန်သည့် တုန့်ပြန်မှုကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က အမေရိကန်နိုင်ငံ ၀ါရှင်တန်တွင် အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပီ ဂျေ ခရိုးလေးအား သတင်းထောက်များက မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်၍ ရုတ်သိမ်းရန် အမေရိကန် အစိုးရ အနေနှင့် အစီအစဉ်ရှိ မရှိ မေးမြန်းရာတွင် ၎င်းက ရုတ်သိမ်းရန် အခြေအနေ မရှိသေးကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

သူက ဆက်လက်၍ အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာအစိုးရနှင့် ၎င်းတို့၏ အပေါင်းအပါ စီးပွားရေး အုပ်စုများကိုသာ ပစ်မှတ်ထား၍ ချမှတ်ထားခြင်း ဖြစ်ပြီး မြန်မာပြည်သူလူထုအပေါ် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာပြည်သူလူထုရဲ့အရေးကို အမှန်တကယ်စိုးရိမ်ကြောင့်ကြ စိတ်တွေ ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ စီးပွားရေး အခြေအနေက မြန်မာအစိုးရမှာပဲ လုံးဝဥဿုံတာဝန်ရှိတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာပြည်တွင် ရှိသည့် သယံဇာတပစ္စည်းများကို မတရား ခိုးယူ ဖြုန်းတီးနေသူများမှာ စစ်အစိုးရ ခေါင်းဆောင်များသာ ဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ပြုလုပ်နေသည်မှာလည်း မြန်မာစစ်ခေါင်းဆောင်များသာ ဖြစ်ကြောင်း သူကပြောသည်။

“ကျနော်တို့ဘက်က စီးပွားရေးပိတ်ဆို့နေတာက မြန်မာပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲနိုင်ဖို့၊ အကျဉ်း သားတွေ လွတ်လာဖို့၊ စစ်အစိုးရက စပြီး ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတရပ်ကို စပြီး အကောင်အထည်ဖော်ဖို့ပါ။ ဒါတွေအားလုံးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်ထိန်းထားတာပါ” ဟု ၎င်းကဆိုသည်။

ဂျိုးဇက် ဝိုင် ယွန်းသည် NLD ပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် တိုက်တွန်းပြောဆိုနေသော်လည်း NLD ၏ ရှေ့နေများက ပါတီဖျက်သိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ တနင်္လာနေ့က အထူးအယူခံအတွက် နေပြည်တော်တွင် လျှောက်လဲချက်များ တင်ခဲ့ရသည်။ သို့သော်တရားရုံးက မည်သည့် ဆုံးဖြတ်ချက်မှ မချခဲ့ပေ။     ။
http://www.bur.irrawaddy.org/index.php/news/5570-nld------

ကိုဝင်းဗိုလ်-ABSDFရဲဘော်ဟောင်း(1962-2011)


အသုဘရှု့အခမ်းအနား
11:30 AM to 1:30 PM
January 29, 2011
Jerret Funeral Home
1141 St. Clair Ave West, Toronto, ON. M6E1B1

သဂြို င်္လ်အခမ်းအနား
January 29, 2011,
Beechwood Cemetery
7241 Jane Street, Concord , ON. L4K 1A7

Ko Win Bo (1962-2011)
Regret to inform you that Ko Win Bo passed away at 9:30 AM, January 26, 2011. He had been suffering with cancer for the past few months. His condition worsened since last week and he died at St. Joseph hospital in Toronto just before he reached at his 50 in May.
His funeral is taking place at Jerrett Funeral Home from 11:30 AM to 1:30 PM on Saturday, January 29, 2011, where Buddhist religious service will follow. Then, he will be laid to rest at Beechwood cemetery at Jane St and HW 407 on the same day.

U Thant documentary by U Aung Zaw Htet(DVB)



ဦးသန့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျွှန်တော်လုပ်ထားတဲ့ရုပ်သံမှတ်တမ်းလေးပါ။
လေးစားစွာဖြင့်
အေးမင်းစိုး
=====================

ရန်ကုန် တိုင်းဒေသကြီးသည် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု ဒုတိယအမြင့်ဆုံး ဒေသဖြစ်၍ ရေချိုတွင်းများ ရေငန်ပြောင်းလဲလာ

ရန်ကုန်တိုင်းဒေသကြီးသည် မြေအောက်ရေထုတ်ယူ သုံးစွဲမှု ဒုတိယမြောက် အများဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်ခြင်းကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေချိုရေတွင်းများ ရေငန်အဖြစ်ပြောင်းလဲလာကြောင်း ရေအရင်းအမြစ်နှင့်ပတ်သက်၍ သုတေသနစာရင်းပြုစုခဲ့သူ (Ecov)လူမှုရေးအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးဝင်းမျိုးသူကပြောသည်။

ရေငန်ရေတွင်းအဖြစ် ပြောင်းလဲလာသောမြို့နယ်များမှာ လှိုင်မြစ်အနီးရှိ မြို့နယ်များဖြစ်ကြောင်း ရေငန်အဖြစ်ပြောင်းလဲလာခြင်းကို ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် ကြုံတွေ့ရကြောင်း လှိုင်မြစ်ကမ်းအနီး၌ နေထိုင်ကြသူများက ပြောသည်။ အလုံမြို့နယ် အောင်ဇေယျလမ်းတွင်နေထိုင်သူတစ်ဦးက ယင်းတို့နေထိုင်ရာလမ်းရှိ ရေချိုတွင်းများသည် ရေငန်တွင်းအဖြစ်ပြောင်းလဲလာပြီး၊ အသစ်တူးဖော်သော ရေတွင်းများသည်လည်း နောက်တစ်လခန့်တွင် ရေငန်အဖြစ်သို့ ပြောင်းလဲလာကြောင်း ယင်းရေကို သောက်သုံးရေအဖြစ်သုံးရာတွင် ကိုယ်ခန္ဓာ၌ ယားပိန့်များထွက်ခြင်းနှင့် အ၀တ်အထည်များ ၀ါကျင်ကျင်အရောင်ဖြစ်ခြင်းများ ကြုံရကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ယခုလက်ရှိ ရေချိုတွင်းရေများ ရေငန်အဖြစ်ပြောင်းလဲလာရခြင်းကို ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် အဖြစ်များကြောင်း သိရသည်။ “ရေချိုတွေ ဘာကြောင့်ငန်တယ်ဆိုတာ သေချာတိုင်းတာမှုမရှိပေမယ့် ရန်ကုန်မြို့ဟာ ရေအရင်းအမြစ် ထုတ်ယူသုံးစွဲမှုမှာ မန္တလေးမြို့ပြီးရင် ဒုတိယလိုက်တော့ ထုတ်သုံးတာများတော့ လစ်ဟာနေတဲ့ရေချို နေရာတွေအစား ရေငန်တွေတိုးဝင်လာတာဖြစ်မယ်” ဟု Ecov လူမှုရေးအဖွဲ့အစည်းမှ အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

သောက်သုံးရေ ပြည့်ဝစွာရရှိရေးသည် ယခုနှစ် နောက်ပိုင်းရာသီဥတုပြောင်းလဲလာခြင်းနှင့် ရေချိုသိုလှောင် ထိန်းသိမ်းထားနိုင်သည့် သစ်တောများ ပြုန်းတီးမှုများနှင့် ဆက်စပ်နေသောကြောင့် အမျိုးသားအဆင့်အနေဖြင့် ပြုလုပ်ရန်လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် မြေအောက်ရေချိုထုတ်ယူ သုံးစွဲရာတွင် အလွန်အကျွံသုံးစွဲရန်မသင့်သော ဒေသကြီးသုံးခုရှိပြီး ယင်းတို့မှာ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ ဖြစ်သည်။ ယခုနှစ် နွေရာသီတွင် ရာသီဥတုပူပြင်းမှုနှင့် ယမန်နှစ် မိုးရာသီကမိုးရွာသွန်းမှုရက် လျော့နည်းခဲ့ခြင်းကြောင့် မြန်မာပြည်အလယ်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအချို့တွင် ရေချိုရရှိရန် ခက်ခဲခဲ့သည်။

စောင့်မျှော်နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း (DAWEI DEEP SEA PORT)

Written by ဇော်မိုးဦး (မြိတ်)   
AddThis Social Bookmark Button
w61618
ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ထိန်ကြီးရွာကမ်းခြေ
w61619
ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ထိန်ကြီးရွာကမ်းခြေ
w61620
ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့သွားသောလမ်း ဖောက်လုပ်ထားမှုကို ထိန်ကြီးရွာမှ တွေ့ရစဉ်
ဒီတစ်ခေါက် ထားဝယ်ရောက်ခဲ့တော့ ဒေသခံတွေကြားမှာ နေ့စဉ်နီးပါးမျှ ပြောဆိုနေကြတဲ့ အကြောင်းအရာကတော့ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်တဲ့ အကြောင်းရာတွေပါပဲ။ သူတို့ နေ့စဉ်ပြောနေကြတဲ့ ကိစ္စတွေထဲမှာ ရေနက်ဆိပ်ကမ်း ကြောင့် ထားဝယ်မြို့ ဘယ်လောက်အထိ စီးပွားရေး တိုးတက်လာနိုင်တယ်၊ အလုပ်ကိုင် အခွင့်လမ်းတွေမှာ ဒေသခံတွေ အနေနှင့် ဘယ်အတိုင်းတာအထိ ရရှိလာနိုင်မလဲ။ အခုဆို အိမ်ဈေးတွေ တက်လာတဲ့ အကြောင်းတွေ၊ လမ်းဖောက်လုပ်မယ့် အနေထားတွေ စသဖြင့် အမျိုးမျိုး ထင်မြင် သုံးသပ်နေကြတာ တွေ့ရတယ်။ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး သူတို့ အတော်လေး မျှော်လင့်ထားတာ တွေ့ရတယ်။ ဘွဲ့ရလူငယ် တစ်ချို့ကလည်း ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး အင်တာနက်မှ ရသမျှ အချက်လက်တွေနှင့် ဂျာနယ်တွေက သတင်းအချက်လက်တွေ စုဆောင်းနေတာ တွေ့ရတယ်၊သူတို့အနေနှင့် ထားဝယ် ရေနက်ဆိပ်ကမ်းမှာ အလုပ်တစ်ခုခုရဖို့ စိတ်အားထက်သန်နေသလို၊ အချက်အလက်တွေနှင့် ပတ်သက်လာရင် ခရီးသွားတွေ မေးလာရင် ပြန်ဖြေနိုင်ဖို့၊ အလုပ်နှင့်ပတ်သက်လာရင် အထောက်ကူရဖို့ လေ့လာနေတာ တွေ့ရတယ်။
ထားဝယ်မှ နဘုလယ်သို့ မိုင် ၂၀ ကျော်ခရီး
ထားဝယ်မှ ရေနက်ဆိပ်ကမ်းသို့ သွားဖို့ဆိုရင် မောင်းမကန် အပန်းဖြေစခန်းက မပါမဖြစ်။ ဒီလမ်းက သွားမှဖြင့်တော့ မောင်းမကန်ကို လူတိုင်း ၀င်လည်ကြလိမ့်မည်။ ထားဝယ်မြို့မှ မောင်းမကန်ကို မိနစ် ၃၀ ခရီးရှိပြီး
အကွာဝေးကတော့ ၁၀ မိုင် ခရီးရှိ သည်။ ထားဝယ်မှ မောင်းမကန်ကို ကတ္တရာလမ်း ခင်းထားပြီး ဒီလမ်းတစ်လျှောက်မှာ အရေးပါလာမယ့် ကမြောကင်း တံတားကို ဖြတ်သန်းလိုက်တော့ လောင်းလုံးမြို့နယ်ကို စ၀င်လာပြီ။
လမ်းဆုံမှာတော့ ဗိုလ်မှူးဗထူး ရုပ်တုကြီးက ခံ့ညားစွာ တည် ရှိနေသည်။ ၎င်းသည် လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာဇာတိ ဖြစ်သည်။ တစ်ချိန်ကျလို့ ဒီနေရာကနေ ခရီးသွားတွေ အသွားများလာရင် ဗိုလ်မှူးဗထူး ရုပ်တုဟာ ခရီးသွားများ အတွက် အမှတ်တရ နေရာလေးတစ်ခု ဖြစ်လာဖို့ ရှိတယ်၊ ဗိုလ်မှူးဗထူး ရုပ်တုရဲ့ ဘယ်ဘက်ကို ချိုးကွေ့သွားရင် လောင်းလုံးမြို့နယ်ကို ရောက်မှာဖြစ်ပြီး ညာဘက်ကို သွားရင်တော့ မောင်းမကန် ကမ်းခြေ၊ ရေနက်ဆိပ်ကမ်းဘက်ကို သွားရာလမ်းကို ရောက်မယ်၊ မောင်းမကန်ကို သွားတဲ့လမ်းကတော့ အရင် တိုင်းပဲ ထူးထူးခြားခြား ပြောင်းလဲမှုတွေ မရှိသေးပါဘူး၊ မောင်းမကန်ရောက်တော့ ရေနက်ဆိပ်ကမ်းကို သွားဖို့စီစဉ်ကြတော့ သူငယ်ချင်းတွေထဲက ကိုမိုးဝေတစ်ယောက်ပဲ ပါလာတော့တယ်၊ အချိန်ကလည်း နေကျဲကျဲတောက်ပူနေတဲ့ နေ့လည်အချိန်ကြီး။ သွားရမှာက ဝေးတယ်၊ နေရာလည်း ခေါင်တယ်ဆိုတော့ သိပ်မလိုက်ချင်ကြတော့ဘူး။
ရေနက်ဆိပ်ကမ်းကို သွားဖို့ သူငယ်ချင်း ကိုမိုးဝေနှင့် ဆိုင်ကယ်ခရီး စတင်လိုက်ပြီး မောင်းမကန် ရေပူစမ်းကို စတင် ဖြတ်သန်းလိုက်သည်။ ရေပူစမ်းက မောင်းမကန် စံပြကျေးရွာအပိုင် ဖြစ်ပြီး ဒီနေရာမှာတော့ လမ်းအနေထားက သိပ်ပြီး မကောင်းသေး။ ကတ္တရာလမ်းပျက်ပုံစံမျိုး ဖြစ်နေပြီး ရေပူစမ်းကို လွန်လာတော့ ပန်းတင်အင်း စံပြကျေးရွာကို ရောက်သည်။ ရေနက်ဆိပ်ကမ်းအတွက် အသုံးပြုရန် လမ်းဖောက်ထားသော မြေသားလမ်းကို စတင် ဖြတ်သန်းလာပြီး လမ်းမှာ မောင်း၍ကောင်းသော လမ်းအနေထား ဖြစ်သည်။ မြေသားပေါ်မှာ ကျောက်စရစ်လေးများ ကြိတ်ထားသည့် ပုံစံဖြစ်ကာ သွားလာရ အဆင်ပြေအောင် ပြုလုပ်ထားတာ တွေ့ရသည်။ လမ်းကို ရွာထဲမှ ဖောက်လုပ်ထားပေမယ့် အိမ်တွေကိုတော့ ဖြတ်သန်းပြီး လုပ်ဖို့ မရှိကြောင်း၊ လမ်းနှင့်ကပ်လျက် အနေထား ရှိနေသော အိမ်တစ်အိမ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။ အဆိုပါ လမ်းမှာ ယာယီအနေထားသာ ရှိသော်လည်း ရေနက်ဆိပ်ကမ်း စီမံကိန်းကြီး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်လျှင် တစ်လမ်းသွားပုံစံထက် တိုးချဲ့လာရန် ရှိနေကြောင်း သိရသည်။ ပန်းတင်အင်းရွာ လွန်လာတော့ မူးဒူး ရွာကို စတင် ၀င်ရောက်လာပြီ။ အဲဒီရွာတွေမှာ ဥယျာဉ်လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြတာ တွေ့ရသည်။

ထားဝယ်မြို့ကြီးကတော့ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး ရုန်းကြွလာနေပြီ ဖြစ်သလို အနာဂတ် လူငယ်များ အတွက်လည်း ၁၀ နှစ် စီမံကိန်းဖြင့် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းကြီးမှာ . . .
''အခု ကျွန်တော်တို့ ရေဖြူမြို့နယ်ထဲက ၀င်လာနေပြီ၊ အရင်က ဒီနေရာတွေကို သွားလာဖို့ မလွယ်ဘူး၊ လမ်းကကြမ်းသလို နယ်မြေလည်း အရမ်းကြမ်းတယ်၊ အရင် သဲလမ်းတွေ ဖြစ်ပြီး ဒေသခံတွေပဲ မောင်းတတ်တယ်၊ အခု ဒီလိုလမ်းတွေ ဖောက်လုပ်ပေးလိုက်တော့ ဒီဒေသလည်း အထိုက်လျောက် ဖွံ့ဖြိုးလာသလို သွားလာလည်ပတ်တဲ့ သူတွေလည်း များလာတယ်''ဟု ကိုမိုးဝေက ဆိုင်ကယ်မောင်းရင်း ရှင်းပြပါသည်။ လမ်းက တစ်ရွာနှင့်တစ်ရွာ ပြတ်လှသည်။ မြေသားတစ်လျှောက်တွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး လမ်းဆိုင်းဘုတ်လေးတွေ ထောင်ထားတာ တွေ့ရသည်။ အင်္ဂလိပ်အက္ခရာ အစီစဉ်အလိုက် ရေနက်ဆိပ်ကမ်း ဘက်မှ စိုက်ထူလာတာ တွေ့ရသည်။ မူးဒူးရွာကို လွန်လာတော့ နဘုလယ်ရွာ အပိုင်ထဲကို ရောက်လာပြီ၊ နဘုလယ်ရွာ မ၀င်မီ တစ်ဖာလုံခန့် အလိုမှာတော့ ထားဝယ်ရေနက်ဆိပ်သို့ သွားရာလမ်းနှင့် ထိုင်းနိုင်ငံသို့ သွားရာလမ်းကို ရောက်လာတယ်၊ ဒီနေရာက ထိန်ကြီးကျေးရွာ ဖြစ်ပြီး လမ်းဆုံဖြစ်တယ်၊ တစ်လမ်းက ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ဖြောင့်တန်းစွာ ဖောက်လုပ်ထားသည့် လမ်းဖြစ်ကာ တစ်လမ်းကတော့ မောင်းမကန်မှ နဘုလယ်ကို ဖောက်လုပ်ထားတာ တွေ့ရသည်။
ထိန်ကြီးရွာနှင့် ရေနက်ဆိပ်ကမ်း
မောင်းမကန်မှ နဘုလယ် ၁၃ မိုင် ခရီးက ဒီမှာ အဆုံးသတ်သည်။ မောင်းချိန်က ၄၅ မိနစ်ခရီး ရှိပြီး ထားဝယ်မှ ဆိုရင်လျင်ဖြင့် ၂၃ မိုင်ကြာချိန်က တစ်နာရီကျော် ရှိသည်။ ထိန်ကြီးရွာမှာရှိတဲ့ ရေနက်ဆိပ်ကမ်းကို သွားဖို့
အရှေ့မှာရှိတဲ့ မြေသားလမ်းကနေ ၀င်လိုက်ရတယ်၊ လမ်းဆုံလမ်းကတော့ သွားလို့မရဘဲ သဲလမ်းအနေထား ဖြစ်သည်။ ထိန်ကြီးရွာထဲမှာတော့ လမ်းတွေ အများအပြား ဖောက်လုပ်ထားပြီး လူနေအိမ်ခြေတွေနှင့်တော့ ဝေးသည်။
စက်မှုမြို့တော်အတွက် လမ်း တွေ အရင် ဖောက်လုပ်နေပြီး အခြေခံ အဆောက်အအုံ တည်ဆောက်မှုတွေ မတွေ့ရသေးပေ။ မြို့ပတ်လမ်းလို ပုံစံတွေ ဖောက်လုပ်ထားပြီး စက်မှုမြို့ တည်ဆောက်မည့် နေရာတွင် လတ်တလော လွင်ပြင်များ၊ တောချုံများသာ တွေ့ရသည်။ထိန်ကြီးကျေးရွာရှိ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နေရာ ရောက်တော့ ကမ်းခြေအနေထားကို လိုက်လေ့လာမိသည်။ ''ကမ်းခြေက လျှောစောက် အရမ်းနက်တယ်၊ အဘလှေကလေးထားတဲ့ နေရာမှာဆို ရေက အရမ်းနက်နေပြီ၊ ကမ်းခြေအထိ ကို လမ်းဖောက်လုပ်ထားပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေကို တစ်လပိုင်းလောက်မှ လုပ်မယ်လို့တော့ ပြောသံကြားတယ်။ ဒီမှာက ရှမ်းတွေ(ထိုင်းလူမျိုးများကို ဆိုလို)ပဲများပြီး ၈၀ လောက်ရှိမယ် ထင်တယ်။ ဗမာလူမျိုး အလုပ်ကြမ်းသမားတွေက ၂၀ လောက်ပဲ ရှိပြီး သူတို့ရဲ့ တစ်ရက် လုပ်အားခက ကျပ် ၃၅၀၀ ရကြတယ်။ အဘတို့ရွာကို လျှာထားမှုအထဲမှာ ပါတယ်လို့ ပြောပေမယ့် အခုထိတော့ ပြောင်းဖို့ မကြားရသေးပါဘူး။ လမ်းဖောက်လုပ်မှုတွေမှာပါတဲ့ ဥယျာဉ်တွေ၊ လယ်တွေကို သတ်မှတ်တွက်ချက်မှုတွေနှင့် ပေးမယ်လို့ ဆိုပေမယ့် တစ်ယောက်မှ ရတဲ့အသံ မကြားရသေးပါဘူး။ ဆိပ်ကမ်းဆောက်လုပ်ဖို့က ဟိုးဘက်အော်ထိပ်ကနေ ဒီဘက်အော်ထိပ်အထိ ရှိတယ်။ အဲဒီ အထဲမှာ နောက်ဆိုရင် ဘာမှနေထိုင် လုပ်ကိုင်ခွင့် ရှိမယ် မထင်တော့ပါဘူး''။ ရွာက တံငါသည် အဘိုးအိုတစ်ဦးရဲ့ စကားသံ ဖြစ်သည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ထိန်ကြီးရွာ ကမ်းခြေတွင် ဒေသခံ တံငါသည် မိသားစုများ၏ ယာယီတဲလေးတွေ နှစ်ဆယ်ကျော်လောက်ရှိပြီး ယင်းကမ်းခြေကို မှီပြီး အသက်မွေးဝမ်းကျောင်း ပြုကြကြောင်း သိရသည်။''မောင်းမကန်ကနေ စက်ဘီးလေးတွေနှင့် ငါးလာဝယ်တဲ့ သူတွေကို အားကိုးရတယ်။ ငါးဝယ်တဲ့ စက်ဘီးသမားတွေကလည်း အမြဲတမ်း မလာနိုင်။ ဒီကနေ သွားရောင်းဖို့ ဆိုတာကလည်း ကုန်းလမ်းခရီးကဝေး၊ ရေလမ်းခရီးကလည်း တစ်နာရီခွဲကြာ ခုတ်မောင်းဖို့ ဒီဇယ်က သုံးဂါလန် လိုတယ်။ ဖမ်းမိတဲ့ငါးတွေက ပါကေးအဆင့်လောက်ပဲရှိတဲ့ ဈေးမကောင်းတဲ့ငါးတွေ၊ အခုလည်း ရေနက်ဆိပ်ကမ်းကြောင့် သူတို့ နန်းတော်တွေလည်း ဘုံပျောက်ဖို့ နီးနေပြီ''ဟု ဒေသခံတစ်ဦးကဆိုသည်။ ရေနက်ဆိပ် ကမ်း တည်ဆောက်မည့် နေရာမှာ မောင်းမကန်နှင့် လွန်စွာ ဆင်တူပြီး လှပသည့် ကမ်းခြေတစ်ခုအဖြစ် တွေ့ရသည်။ သံပိုက်လုံးတွေ သံရက်မကြီးတွေလောက်ပဲ တွေ့ရသေးပြီး စက်တွေကိုတော့ မတွေ့ရသေးပါ၊ ထိန်ကြီးကျေးရွာရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ကားလမ်းဖောက်လုပ်ရာတွင် ထိန်ကြီးမှကလုံးထားရွာသို့ ဖောက်လုပ်သွားမည် ဖြစ်ပြီး ရေး-ထားဝယ် ကားလမ်းမကြီးကို ဖြတ်သန်းသွားမည် ဖြစ်ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ထိန် ကြီး-ကန်ချာနဘူရီ လမ်းမသစ်ကြီးကို ကီလိုမီတာ ၁၀၀ အထိ တိုင်းတာမှုများ ပြုလုပ်ပြီးကြောင်း၊ ထိုနေရာတွင် ထိုင်းနိုင်ငံရှိ ခရိုင်လေးခုခန့်က နီးကပ်စွာ ရှိနေပြီး ထို ခရိုင်လေးခုတွင် စက်မှုဇုန်ကြီးများ ရှိနေသည်။ ထိုင်းနိုင်ငံ အနေဖြင့် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းသည် ထိုင်းဘတ်ဘီလျံ ၁၀၀ ကုန်ကျခံကာ တည်ဆောက်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ အကျိုးစီးပွားအတွက် များစွာအရေးပါမည့် စီမံကိန်းကြီး တစ်ခုဖြစ်ကာ အောင်မြင်စွာ တည်ဆောက်နိုင်ပါက ရေမိုင် ၁၂၅၀ ခန့်ကို လေးရက်ပိုသွားနေရသည့် ပင်လယ်ကူးသင်္ဘောကြီးများ မာလက်ကာ ရေလက်ကြားကို ဖြတ်သန်းသွားစရာ မလိုဘဲ မြန်မာနိုင်ငံကို ၀င်လာကြတော့မည် ဖြစ်သည်။
တန်ချိန် ၅၀၀၀၀ ခန့်ရှိ သင်္ဘောကြီးများသည် ရေနက်ဆိပ်ကမ်းတွင် လာရောက် ဆိုက်ကပ်ပြီး ကုန်းလမ်းခရီးမှ ကုန်ပစ္စည်း လတ်လတ်ဆတ်ဆတ် တင်ပို့နိုင်မည် ဖြစ်သည်။ထားဝယ် ရေနက်ဆိပ်ကမ်းဟု ခေါ်နေကြသည့် ထိန်ကြီး ရေနက်ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမှု အဓိက ဆိပ်ကမ်းအဖြစ် အသုံးပြုမည်ဟု သိရသည်။ ထားဝယ်မြို့ရှိ အာဇာနည်လမ်းမကြီးမှ ဖြောင့်တန်းဖောက်လုပ်ထားသည့် မေတ္တာလမ်းကို အသုံးမပြုဘဲ ထားဝယ်မြို့မှ မိုင် ၂၀ ကျော်ဝေးသည့် ထိန်ကြီး-ကလုံးထား-ထိုင်းနိုင်ငံကို ကားလမ်းဖောက်မည် ဖြစ်သည်။ဘာပဲဖြစ်ဖြစ် ထားဝယ်မြို့ကြီးကတော့ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး ရုန်းကြွလာနေပြီ ဖြစ်သလို အနာဂတ် လူငယ်များအတွက်လည်း ၁၀ နှစ် စီမံကိန်းဖြင့် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းကြီးမှာ အခွင့်လမ်းတွေ ရှိလာနိုင်တယ်၊ လူငယ်၊ လူလတ်ပိုင်း လုပ်ငန်းရှင်လေးတွေလည်း သူတို့နှင့် သင့်တော်မည့် စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေသလို လုပ်ငန်းရှင်ကြီးတွေလည်း နေရာစုံမှ ရောက်ရှိနေကာ ထားဝယ်မြို့ရဲ့ စီးပွားရေး အလားလာများကို အကဲခတ်နေကြပြီ။

http://www.news-eleven.com/

မြန်မာဘုရင်က ဒုတိယမြောက်ဂျော့ဘုရင်ထံ ပေးခဲ့သည့်စာ နှစ် ၂၅၀ ကြာပြီးနောက် အဓိပ္ပာယ် ဖော်ထုတ်နိုင်ခဲ့

ဗစ်တိုးရီးယားဝပ်
(ဒီပီအေ)
ခင်အောင် ဘာသာပြန်သည်။
အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)

မြန်မာဘုရင်တစ်ပါးက ၁၇၅၆ ခုနှစ် ဒုတိယမြောက်ဂျော့ဘုရင်သို့ ပေးပို့ခဲ့ သော ရွှေအစစ်ဖြင့် ခတ်ထားသည့် ရွှေပြားထက်တွင် ရေးထွင်းထားသော ယင်းပေးစာကို သုံးနှစ်တိုင်တိုင် သုတေသနပြုပြီးနောက်တွင် ကျွမ်းကျင်သူများက နောက်ဆုံးအနေဖြင့် အဓိပ္ပာယ် ဖော်ထုတ်လိုက်ပြီဖြစ်ကြောင်း ဟန်နိုဗာ စာကြည့်တိုက်၏ အကြီးအကဲဖြစ်သူ ဂျော့ရုပဲလ်က ဇန်န၀ါရီလ ၁၃ ရက်နေ့ တွင် ကြေညာလိုက်သည်။

မြန်မာဘုရင် အလောင်းဘုရားက အင်္ဂလန်နိုင်ငံ၏ ဒုတိယမြောက် ဂျော့ဘုရင်သို့ ၁၇၅၆ ခုနှစ်တွင် ရေးသားပေးပို့ခဲ့သော အလျား ၅၅ စင်တီမီတာနှင့် အနံ ၁၂ စင်တီမီတာရှိသည့် ပတ္တမြား ၂၄ လုံး စီခြယ်ထားသော အဆိုပါ ရွှေ သ၀ဏ်လွှာသည် ဖတ်ရှုနိုင်စွမ်းသူမရှိ သောကြောင့် ဂျာမနီပြည် ဟန်နိုဗာမြို့ရှိ လိုက်ဘ်နစ္စအထိမ်းအမှတ် စာကြည့်တိုက်၏ လုံခြုံသော အမိုးခုံးတိုက်ခန်းကြီးတွင်း၌ လဲလျောင်းနေခဲ့သည်မှာ နှစ်ပေါင်း ၂၅၀ ရှိပြီဖြစ်သည်။

အဖိုးအနဂ္ဃထိုက်တန်သည့် ကျောက်မျက်များ စီခြယ်ထားသော ၎င်းသ၀ဏ်လွှာတွင် လှပခံ့ညားစွာ စီကုံးရေးသား မှုများဖြင့် တန်ဆာ ဆင်လျက် အလောင်းဘုရားဘုရင်မင်းမြတ်သည် ပုသိမ်မြို့ကြီးတွင် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု လက်တွဲလုပ်ဆောင်ရေးကို အားပေးအားမြှောက်ပြုသည့်အနေဖြင့် သင်္ဘောဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ၎င်း၏ခွင့်ပြုချက်အား အတည်ပြု ဖော်ပြခဲ့သည်။

မြန်မာအက္ခရာများဖြင့် ရေးသားထားသော အဆိုပါပေးစာအား "ကြီးမြတ်သော စေတနာသဒ္ဓါ တရားရှိသော၊ ထီးဆောင်းမင်းတကာ တို့၏ မင်းဖြစ်သော၊ အဖိုးအနဂ္ဃထိုက်တန်သည့် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ပယင်းတွင်းတို့၏ အရှင်သခင်၊ ဆင်ဖြူ ဆင်နီနှင့် ဆင် အမျိုးမျိုးတို့အရှင်" သို့ လိပ်စာမူထားပြီး နောက် ဆက်လက်၍ "အင်္ဂလိပ်နိုင်ငံ၏ မြို့တော်ကြီးအား စိုးမိုးအုပ်ချုပ်သည့် အဆွေတော် ဘုရင်မင်းမြတ်အား မေတ္တာပို့သ နှုတ်ခွန်းဆက်သပါကြောင်း" ၎င်းပေးစာတွင် ဖော်ကျူးခဲ့သည်။

အဆိုပါ ဆင်စွယ်ကြုတ်အတွင်း၌ ထည့်သွင်းထားသောပေးစာတွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၌ တာဝန် ထမ်းဆောင်လျက်ရှိပြီး ပုသိမ်မြို့တွင် နေထိုင်လျက်ရှိကြသည့် ဗြိတိသျှလူမျိုးတို့၏ အကြီးအကဲလည်းဖြစ်သူ မစ္စတာ ဟန်နရီဘရွတ်စ် မြန်မာနိုင်ငံတွင် ရှိနေ မှုအကြောင်းကိုလည်း ရည်ညွှန်းဖော်ပြထားကြောင်း တွေ့ရှိရသည်။

ပေးစာတွင် "အကြည်တော်မင်းမြတ်၏ သံတမန်တော် ဟန်နရီဘရွတ်စ်၏ ဦးနှိမ်လျှောက်ထားချက်အရ အကြည်တော်၏နိုင်ငံမှ သင်္ဘောများဆိုက်ကပ်ရန် ၎င်းညွှန်ပြသောအရပ်ဒေသတွင် ဆိပ်ကမ်းတည်ဆောက်ခွင့်ပြုလိုက်ပါသည်။

"ဘုရင့်တံဆိပ်တော် ခတ်နှိပ်ထားသော အမိန့်စာချွန်တော်ကို အင်္ဂလိပ် ဘုရင်မင်းမြတ်၏ အရာရှိထံ ပေးပို့ထားပြီးဖြစ်၍ ပုသိမ်မြို့ဝန် အား အဆိုပါ (ဆိပ်ကမ်းတည်ဆောက်ရန်) မြေကွက်ကို တိုင်းတာပြီး လွှဲပြောင်းပေးအပ်ရန်လည်း ညွှန်ကြားထားပြီးဖြစ်ပါသည်။

"နိုင်ငံအချင်းချင်းတို့၏ ဘုရင်မင်းမြတ်များအကြား ရင်းနှီးသော မိတ်သင်္ဂဟဖြစ်လာသောအခါ ၎င်းတို့အနေဖြင့် မင်းတစ်ပါး၏ အကူ အညီလိုမှုကို အခြားမင်းတစ်ပါးက ဖြည့်ဆည်းပေး နိုင်ပြီး မိမိတို့ကလည်း ယင်းလိုအပ်မှုကို ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်" ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရှိရ သည်။

ဒေါက်တာယတ်ဂ်လေဒါကမူ အဆိုပါ ပေးစာအား မြန်မာဘုရင်၏ပိုင်နက်ကို နိုင်ငံခြားကျူးကျော်သူများက ခြိမ်းခြောက်မှုပြုသည့် ကာလတွင် ပေးပို့ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

စစ်ပွဲအကြီးအကျယ်တိုက်ခိုက်နေသော အချိန်ကာလတွင် အဆိုပါပေးစာ ကို အိန္ဒိယနိုင်ငံ မဒရတ်စ်မြို့သို့ ဆောင်ယူသွားပြီး ၎င်းမှ တစ်ဆင့် လန်ဒန်မြို့သို့ ဆက်လက်ပေးပို့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံပစ်က ဒုတိယမြောက် ဂျော့ဘုရင်လက်သို့ ဆက်သ လိုက်သည်။

တစ်ဖန် ဂျော့ဘုရင်က ဂျာမနီနိုင်ငံ ဟန်နိုဗာရှိ တော်ဝင်စာကြည့်တိုက်သို့ မဆိုင်းမတွ ပို့ဆောင်လိုက်ပြန်ရာ ၁၇၅၈ ခုနှစ်၊ မတ်လတွင် ယင်းပေးစာ အား အဆိုပါစာကြည့်တိုက်အတွင်း၌ ထားသိုလိုက်ပြီး တရားဝင် ပြန်ကြားစာ တစ်စောင်တလေမှ ပေးပို့ခြင်းမရှိခဲ့ပေ။
၁၇၆၈ ခုနှစ်တွင် တော်ဝင်စာကြည့်တိုက်သို့ သတ္တမမြောက် ဒိန်းမတ်ဘုရင် ခရစ္စတီယန် ရောက်ရှိခဲ့စဉ်က အဆိုပါ ဆင်စွယ်ကြုတ် အတွင်း၌ ထည့်သွင်း ထားသည့် ရွှေသ၀ဏ်လွှာကို ပျက်စီးယိုယွင်းမှုအချို့ ဖြစ်စေခဲ့ပြီး ၎င်းကို အဓိပ္ပာယ်ဖော်ထုတ်ရန် ပိုမိုခက်ခဲ စေခဲ့သည်။

၆၂နှစ်မြောက်ကရင်တော်လှန်ရေးနေ့တွင်ကေအန်န်ယူကရင်အမျိုးသားအသည်းအရုံးဥက္ကဌစောတာမလာဘောမိန့်ခွန်း

_62__years_Karen_revolution_day_Burmese_Language

Leading a Common Approach to the Commission of Inquiry on Burma

A submission to the Human Rights Consultation with Foreign Affairs Canada – January 25, 2011 Ottawa

Canadian Friends of Burma (CFOB) and Canadian civil society organizations would like to encourage the Government of Canada to play an active role in the international call for the implementation of a UN ‘Commission of Inquiry’ into gross human rights violations, specifically ‘crimes against humanity’ and ‘war crimes’ in Burma.  Such an inquiry could investigate reports of human rights and humanitarian law violations in Burma, through the mechanisms of the Human Rights Council, the Security Council, the General Assembly, or the office of the Secretary General.

Just last week, another report was launched documenting human rights violations and calling for a UN inquiry.  Written by the Physicians for Human Rights, “Life under the Junta: Evidence of Crimes Against Humanity in Burma’s Chin State” further indicates that human rights violations in the north-western part of Burma are tantamount to ‘crime against humanity’. Please see the report at http://burma.phrblog.org/report/

All three opposition parties, eighty-two individual MPs and Senators and a number of Canadian civil society organizations including labour unions and Burmese dissident communities in Canada have all voiced their support for the Inquiry.

And the Government of Canada has already indicated support for such an inquiry:

“Canada supports both the UN Special Rapporteur’s work on human rights abuses in Burma, and the idea of a UN Commission of Inquiry into human rights abuses by the Burmese regime,” said the Minister Lawrence Cannon in a videotaped message sent to CFOB on Sept. 3. “We will work with our allies in the international community to develop a common approach to support the recommendations that the Rapporteur will present to an upcoming session of the UN General Assembly,” he added.

Please see a video message of the Foreign Minister at http://www.youtube.com/watch?v=8wQeCdf0LM0

Canadians are not alone, thirteen other countries have also made a public commitment to the call: Australia, UK, Czech Republic, Slovakia, US, Hungary, New Zealand, Netherlands, French, Ireland, Lithuania, Estonia and Argentina.  

CFOB and Canadian civil society organizations would like to see Canada take the opportunity of the 16th regular session of the UN Human Rights Council, to develop this common approach to support the call for a Commission of Inquiry.

The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org

Please see news articles and statements below:

Message of Support for a Commission of Inquiry from Canadian Foreign Minister

ABSDFရဲဘော်ဟောင်းကိုဝင်းဗိုလ်ကျဆုံး

၂၆ရက်ဒီနေ့မနက်၉နာရီမှာABSDFရဲဘော်ဟောင်းကိုဝင်းဗိုလ်သည်ကင်ဆာရောဂါဖြင့်ကနေဒါနိုင်ငံတိုရန်တိုမြို့တွင်ကွယ်လွန်သွား ပါသည်။ဇနီးသည်နှင့်အတူသမီးငယ်၃ဦးကျန် ရစ်ပါသည်။စနေနေ့တွင်သဂြိုင်္လ်မည်ဟုသိရပါသည်။အသေးစိတ်ကိုထပ်မံဖေါ်ပြပါမည်။