Friday, January 28, 2011

အိမ်ဆိုတာ....

ကိုနစ်ဘလော့မှ...
http://www.mediafire.com/file/a9tu8c3plivjj5x/niknayman.doc
niknayman

၂၈.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

5 attachments — Download all attachments  
niknayman.docniknayman.doc
17K   View   Download  
28 Jan 2011 Yeyintnge's Diary.doc28 Jan 2011 Yeyintnge's Diary.doc
1526K   View   Download  
28 Jan 2011 Yeyintnge's Diary.pdf28 Jan 2011 Yeyintnge's Diary.pdf
2998K   View   Download  
niknayman.docniknayman.doc
18K   View   Download  
niknayman.pdfniknayman.pdf
182K   View   Download  
http://www.mediafire.com/file/n0eur3h6g7ovp3g/28%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/b86g0pa0bh2v6ic/28%20Jan%202011%20Yeyintnge%27s%20Diary.pdf
28 Jan 2011 Yeyintnge's Diary

တူးနီးရှား၊ အီဂျစ် လူထုဆန္ဒပြပွဲများ နဲ့ မြန်မာပြည်

တူးနီးရှား၊ အီဂျစ် လူထုဆန္ဒပြပွဲများ နဲ့ မြန်မာပြည်

ဓာတ်ပုံ AP
Angry Egyptian protestors shout anti-government slogans during a third straight day of demonstrations, in Suez, Egypt, January 27, 2011

ထပ်ဆင့် ဖြန့်ဝေရန်

ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင်မယ့် ပထမဦးဆုံး ပါတီစုံလွှတ်တော်အစည်းအဝေးတွေကနေ လူထု အကျိုးပြုဥပဒေနဲ့ ပြဌာန်းချက်တွေ မျှော်လင့်လို့ မရနိုင်သေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ မြန်မာပြည်မှာပေါ်ထွက်လာမယ့် လွှတ်တော်အသစ်ထဲမှာ စစ်အစိုးရနဲ့ နီးစပ်သူ အများစုသာဖြစ်နေပြီး အတိုက်အခံ အနည်းငယ်သာရှိတဲ့အတွက် ရေရှည်မှာ လူထုအကျိုးပြုဥပဒေတွေကို ပြဌာန်းနိုင်စွမ်း မရှိဘဲ အခုလက်ရှိ လူထုအုံကြွမှုတွေဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ တူနီးရှား (Tunisia) နဲ့ အီဂျစ် (Egypt) နိုင်ငံတို့လို အခြေအနေမျိုးတွေ ပေါ်လာဖွယ်ရှိတယ်လို့လည်း ဆိုကြပါတယ်။ မြန်မာနိုင်ငံ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမိုးသီးဇွန် ကို ဦးသန်းလွင်ထွန်း က  ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးမိုးသီးဇွန် ။ ။ လာမယ့် လွှတ်တော်ကော၊ အစိုးရအသစ်ဆီကရော ဘာမှသိပ်ပြီး မျှော်လင့်လို့ ရမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဥပမာ လွှတ်တော်ခေါ်မယ် ဆိုပါစို့။ အဲဒီလွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေ လိုက်နာရမယ့်စည်းကမ်းတွေ ချတာတို့၊ ပါလီမန်ဥက္ကဋ္ဌရွေးတာတို့ အဲဒါတွေ လောက်ပဲ လုပ်အုံးမယ်။ နောက်တခုကတော့ သမ္မတကို ရွေးမယ်။ အစိုးရဖွဲ့စည်းမယ်၊ အဲဒါပဲ။ ကျန်တာ ဒီနေ့ဗမာပြည်က ပြည်သူအားလုံးလိုလားနေတဲ့ မျှော်မှန်းနေတဲ့ ပြဿနာတွေကိုဖြေရှင်းမယ့် အဖြေတွေ၊ နည်းလမ်းတွေကိုတော့ ဘာမှဆွေးနွေးမှာမဟုတ်ဘူး၊ ဘာမှ ထွက်လာမှာ မဟုတ်ဘူးလို့ ကျနော်တော့ အဲဒီလိုပဲမြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဆိုလိုတာက မြန်မာနိုင်ငံအတွက် အဓိကအပြောင်းအလဲတွေအဖြစ် လိုအပ်နေတဲ့ ဥပမာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာ လိုအပ်နေတဲ့ ဥပဒေပြုမှုရေးရာတွေကို လတ်တလော မဆွေးနွေးနိုင်သေးဘဲနဲ့ အစိုးရသစ်ဖွဲ့ရေးပေါ့နော်။ သမ္မတရွေးချယ်ရေး၊ ဒုတိယသမ္မတရွေးချယ်ရေး၊ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ရေး ဒီကိစ္စတွေနဲ့ပဲ ပထမပိုင်းမှာ အလုပ်များနေမယ်ဆိုတဲ့သဘောပေါ့။ နောက်ပိုင်းမှာရော ဥပဒေပြုမှုအခွင့်အလန်းတွေရလာပြီဆိုလို့ရှိရင် ဖြစ်လာနိုင်တဲ့ အနေအထားတွေရှိလား။
ဦးမိုးသီးဇွန် ။ ။ အဲဒါမျိုးကို ကျနော်တို့ မဆလ ပါတီ လက်ထက်တလျှောက်လုံးမှာလည်း အစိုးရရှိတယ်၊ လွှတ်တော်လုပ်ခဲ့ကြတယ်။ Constitution တွေ ရှိခဲ့ကြတယ်။ လူတွေအားလုံးက သူတို့လွှတ်တော် လေးနှစ်တကြိမ် ခေါ်တိုင်းခေါ်တိုင်း ကျနော်တို့အားလုံး မျှော်လင့်ခဲ့ကြတယ်လေ။ ဒီပြဿနာတော့ ဖြေရှင်ပေးမယ်ထင်တယ်။ စီးပွားရေးပြဿနာတော့ ဖြေရှင်းပေးမယ်ထင်တယ်-စသည်ဖြင့်ပေါ့။ အဲလိုဖြေရှင်းလိုက်တိုင်းမှာ သူတို့ ဖြေရှင်းမသွားကြဘူး။
အခုဒီကနေ့ နအဖ စစ်အစိုးရသွားတဲ့လမ်းကြောင်းကလည်း မဆလ က လုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ။ ဒါပေမဲ့ ပြဿနာက ဘာဖြစ်လဲဆိုတော့ တချို့လူတွေက မျက်စိလည်နေကြတယ်။ အဲဒီအပေါ်မှာ မျှော်လင့်နေကြတယ်။ အဲဒီထဲမှာ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါပါတယ်ဆိုတဲ့ လူတွေတောင် ပါသွားတာကိုး။ တိုင်းရင်းသားတွေကိုယ်တိုင်က ပါနေကြတာကိုး။ အရင်နဲ့မတူတော့ဘူး၊ ပြောင်းလာမယ်လို့ မျှော်လင့်နေကြတယ်။ သူတို့ရဲ့ကိုတာတွေ၊ သူတို့ရဲ့အခွင့်အလမ်းတွေ ရလာလိမ့်မယ်လို့ မျှော်လင့်တယ်။ ကျနော်တော့ အဲလိုမမြင်ဘူး။ မမျှော်လင့်ဘူး။ နောက်လာမယ့် ဥပဒေတွေ အကုန်လုံးဟာလည်း သူတို့ရဲ့ အကျိုးစီးပွားတွေကိုပဲ အကုန်လုံး ဖက်တွယ်ကာကွယ်သွားမယ့်ဟာတွေပဲ ဖြစ်နေမှာပဲ။
ဦးသန်းလွင်ထွန်း။       ။ ဒီနေရာမှာ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပြီးတော့ ဆွေးနွေးချင်တဲ့ အကြောင်းအရာက ဘာလဲဆိုတော့ အခု မြန်မာနိုင်ငံမှာ အခု လက်ရှိ ရှိနေတဲ့ ပေါ်ပေါက်လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ကြည့်မယ်ဆိုလို့ရှိရင် စစ်တပ်ကိုလိုလားတဲ့ အုပ်ချုပ်သူ အာဏာပိုင်တွေကို လိုလားတဲ့သူ အများစုပါနေတဲ့ လွှတ်တော်ဖြစ်နေပြီးတော့  ကျန်တဲ့နေရာတွေမှာကတော့ အတိုက်အခံတွေပိုင်းက နည်းနည်းရောထွေးနေတဲ့ လွှတ်တော်အမျိုးအစားဆိုတော့ ဒါက ဘာနဲ့ သွားတူနေလဲဆိုတော့ အခုလောလောဆယ် အုံကြွမှုတွေဖြစ်နေတဲ့ တူနီးရှား နဲ့ အီဂျစ်နိုင်ငံက ပြဿနာတွေနဲ့ အလားတူနေတယ်လို့ ကျနော်သွားမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အထူးသဖြင့် အီဂျစ်မှာဆိုလို့ရှိရင်လည်း အာဏာရှင် မူဘာရက်ခ် (Hosni Mubarak) အုပ်ချုပ်နေတဲ့ လူအများစုနဲ့ အတိုက်အခံဘက်က အနည်းစုပါတဲ့ လွှတ်တော်နဲ့ ဆက်သွားနေခဲ့တာ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ ကျော် ရှိလာခဲ့ပြီလေ။ ဆိုတော့ ဒီကြားထဲမှာမှ ဒါတွေက ပြည်သူလူထုအနေနဲ့ လိုချင်တာတွေဖြစ်မလာတော့  အခု အုံကြွမှုတွေ ဖြစ်နေတာကို မြင်ရတယ်မို့လား။ အဲဒါနဲ့ ပတ်သက်လို့ရော ဘယ်လိုသုံးသပ်သလဲ။
ဦးမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်။ ဦးသန်းလွင်ထွန်း ထောက်ပြသွားသလိုပဲလေ။ အာရပ်ကမ္ဘာ - တူနီးရှား၊ အီဂျစ် မူဆလင်နိုင်ငံတွေမှာဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေ ပြန်ကြည့်ရင် သူတို့တောင်းဆိုမှုတွေက ကျနော်တို့ ၈၈ က တောင်းဆိုမှုတွေပဲ။ အကုန်လုံးက ပထ၀ီအနေအထား လူမျိုးရေး၊ ဘာသာရေး ကွဲတယ်ဆိုပေမဲ့  နိုင်ငံရေး ပြဿနာက တထပ်တည်းလို့တောင် ချွတ်စွတ်တူနေတာကို သွားတွေ့ရတယ်။ သူတို့တောင်းနေတာ ရှင်းရှင်းလေးပဲ။ မူဘာရတ်ခ် ထွက်ပေး၊ တူနီးရှားမှာဆိုလည်း  တူနီးရှားအစိုးရ ထွက်ပေး။ ဘာကြောင့်ထွက်ခိုင်းတာလဲ။ လာဘ်စားမှုတွေကြောင့် ထွက်ခိုင်းတာ။
ဘာကြောင့် ဒီလှုပ်ရှားမှုကြီးတွေ ဖြစ်လာသလဲ။ စီးပွားရေးပြဿနာ၊ လူမှုအခွင့်အလမ်းတွေ၊ တရားမျှတမှုမရှိတဲ့ ပြဿနာတွေ။ ဗမာပြည်မှာလည်း ဒီအတိုင်း ဖြစ်ခဲ့တာကိုး။ ဒီနိုင်ငံတွေကလည်း  မစဉ်းစားခဲ့ကြဘူး။ အဲဒီခေါင်းဆောင်တွေကို ပြန်ကြည့်လိုက်ရင်လည်း ကျနော်တို့ ဗမာပြည်က စစ်အာဏာရှင်တွေ၊ စစ်ဗိုလ်တွေလိုပဲ။ အကုန်လုံးက လာဘ်စားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အများကြီး ဖြစ်နေတယ်။ ဒါကို ကမ္ဘာ့ပြည်သူတွေက မခံစားနိုင်တော့ဘူးဗျ။ ဒါကြောင့်မို့လို့ ဒီ မီးတောက်တွေကလည်း ဗမာပြည်ကို ကူးလာအုံးမှာပဲ။ အပြန်အလှန်ပေါ့။ ဒီလိုဖြစ်နေအုံးမှာပဲလို့ ကျနော်မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အီဂျစ်နဲ့ တူနီးရှား အခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ လွှတ်တော်တွေထဲမှာ အတိုက်အခံတွေ ရှိသင့်သလောက်ရှိပေမဲ့ ဥပဒေဘောင်ထဲကနေပြီးတော့  ပြင်ဆင်ဖို့ ကြိုးစားတဲ့နေရာမှာ မအောင်မြင်ဘဲနဲ့ လူထုအတွက် အခွင့်အလမ်းတွေ  ထွက်မလာခဲ့တဲ့အတွက် နောက်ဆုံး အုံကြွရတဲ့သဘော ဖြစ်နေတာပေါ့။ ဒါဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ အခြေအနေအရကရော ဒီလိုအလားတူ ဖြစ်လာနိုင်သလား။
ဦးမိုးသီးဇွန် ။ ။  အများကြီး အလားအလာတွေ ရှိနေတယ်။ လွယ်လွယ်လေးပဲ ကျနော်တို့ စဉ်းစားကြည့်မယ်။ ဗမာပြည်မှာ နိုင်ငံရေး၊ စီးပွားရေး အခြေခံကျကျကို ကျနော်တို့ ပြောင်းလဲချင်တယ်။ ဥပမာလေးတခု ကျနော်ထောက်ပြမယ်။ သမ္မတနေရာမှာ ဗိုလ်ချုပ်သန်းရွှေကို မလိုချင်ကြတော့ဘူး။ စစ်တပ်ကလည်း မလိုချင်ဘူး။ တိုင်းရင်းသားတွေလည်း မလိုချင်ဘူး။ ကျနော်တို့လည်း မလိုချင်ဘူး။ အဲဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ တနှစ်လောက်အထိကို လူထုထဲမှာပေါ့နော်၊ ကောလဟာလ သတင်းလေးတွေ ကျနော်တို့လည်း ကြားတယ်။ ဗိုလ်ချုပ်ရွှေမန်းကတော့ဖြင့် သမ္မတဖြစ်မယ်၊ မဆလ ခေတ်မှာ ဦးနေ၀င်းကြီး ကို မလိုချင်တော့ဘူး။ မလိုချင်တော့ ဦးစန်းယုများ ဖြစ်မလား၊ ဗိုလ်ချုပ်အေးကိုများ ဖြစ်မလား၊ အဲလိုပေါ့ ဒုတိယတယောက်ကို ပြန်မျှော်နေခဲ့ကြတယ်။ လူတွေအားလုံးက အနည်းဆုံးမှာတော့ ဒီအစိုးရအဖွဲ့မှာ ဗိုလ်ချုပ်သန်းရွှေကို သမ္မတအဖြစ် မမြင်ချင်ကြတော့ဘူး။ အဲဒါက ဒီနေ့ ထူးခြားတယ်ဗျ။ ဒီနေ့ အီဂျစ်မှာ မူဘာရတ်ခ် နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်လာတယ်။ အသက် ၈၂ နှစ်ရှိပြီ။ သူ့ကို မလိုချင်တော့ဘူး။ မကြည့်ချင်ကြတော့ဘူး၊ ဒါ လူတွေရဲ့ ကနေ့ဖြစ်နေတာ။
ဒါပေမဲ့ အခု လွှတ်တော်ကြီးခေါ်ပြီးလို့ အစိုးရဖွဲ့ရင် သမ္မတလို အကြီးဆုံး၊ အများဆုံး အာဏာရှိတဲ့နေရာမှာတော့ ဗိုလ်ချုပ်သန်းရွှေပဲ ရှိမယ်။ လူတွေက အာဏာအများဆုံးရှိတဲ့ နေရာမှာ ဗိုလ်ချုပ်သန်းရွှေကို မမြင်ချင်တော့ဘူး။ ဒါပေမဲ့ ဖြစ်လာအုံးမှာပါ။ ဗိုလ်ချုပ်သန်းရွှေပဲ ဖြစ်နေတာ။ အဲဒါ ကျနော့်ရဲ့အမြင်ပေါ့။ အဲဒီလို အပြောင်းအလဲလုပ်မှာမဟုတ်ဘူးဆိုတာကို ပြနေတာ။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဓိကကတော့ အာဏာရ အုပ်စုတွေရဲ့ ပြဿနာက ဒီလို အာဏာကို ထိပ်ဆုံးက ထိန်းချုပ်ထားတဲ့လူတယောက် တည်မြဲနေလို့ရှိရင် သူတို့အတွက်၊ သူတို့အထဲမှာ အကွဲအပြဲ မရှိဘဲနဲ့ တည်မြဲမယ်ဆိုတော့ ဘာပဲပြောပြော သူတို့မှာလဲ ရွေးစရာလမ်းမရှိဘဲနဲ့ ထိပ်ဆုံးမှာပဲ အာဏာကို ကိုင်ထားတဲ့လူကို မှီနေရတယ်ဆိုတဲ့ သဘောပေါ့။
အလားတူပဲ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို ကြည့်မယ်ဆိုလို့ရှိရင်လဲ အထူးသဖြင့်ပေါ့နော်၊ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုလို့ရှိရင် မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးလွတ်လပ်ခွင့် ဒီမိုကရေစီရေး လွတ်လပ်ခွင့်တွေနဲ့စာလို့ရှိရင် သူတို့ အဓိကထားတာကတော့ ဒေသတွင်း တည်ငြိမ်ရေးဆိုတော့ ဒေသတွင်း တည်ငြိမ်ရေးကို လောလောဆယ် ထိန်းပေးထားတာက စစ်အုပ်စုလို့ပဲ မြင်နေတယ်ဆိုတော့ သူတို့က ဆက်ထောက်ပံ့ပေးနေတယ်။
ဦးမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်၊ အဲဒါကလည်း ဒီအာဏာရှင်တွေကို သက်ဆိုးရှည်စေတာပေါ့လေ။ အခု ကျနော်တို့ဒေသအတွင်းမှာဆို တရုတ်က ဗမာပြည်ရဲ့တည်ငြိမ်ရေးပေါ့ဗျာ။ ဗော်လကန်လို မပြိုကွဲသွားနိုင်အောင်က ဒီစစ်တပ်ပဲရှိတယ်။ ထိုင်းနိုင်ငံက policy maker တွေလည်း အဲဒီလိုပဲ မြင်ကြတာတွေရှိတယ်။ ဒီ နအဖ ပဲ ထိန်းနိုင်အုံးမယ်၊ ဒါကြောင့်မို့လို့ ငါတို့ ဆက်သွားမယ်။ နအဖ က ဒီဗမာပြည်ဟာ မတည်ငြိမ်ဘူး၊ ပြိုကွဲသွားရင် ဒီရဲ့အကျိုးသက်ရောက်မှုတွေက တို့နိုင်ငံတွေလည်း လာပြီး ဆက်မယ်လို့ သူတို့ လွဲမှားစွာနဲ့ အဲဒီလို ကောက်ချက်ချတယ်။
အရှေ့အလယ်ပိုင်းမှာ ပြန်ကြည့်ရင်လဲ အလားတူပဲ။ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ interests က ဘာလဲ။ အကျိုးစီးပွားက - သူတို့ရဲ့ အကျိုးစီးပွားက တကယ်တော့ လောင်စာပဲ။ အမေရိကန် foreign policy တခုလုံး။ ဒီလောင်စာကို အရှေ့အလယ်ပိုင်းက ရနေဖို့အတွက် ဒီနိုင်ငံမှာ အာဏာရှင်တွေ ဖြစ်နေတယ်၊  ဆော်ဒီအာရေးဗျမှာ ဖြစ်နေတယ်၊ အီဂျစ်မှာဖြစ်နေတယ်၊ ရှိတာပဲ။ အဲဒါ သူ့မဟာမိတ်တွေပဲ။ အဲဒါတွေ အကုန်လုံးမှာ ဖြစ်နေတဲ့ လာဘ်စားမှုတွေ၊ အာဏာ အလွဲသုံးစားမှုတွေကို လျစ်လျှူရှုခဲ့တယ်။ တလျှောက်လုံးပဲ။
ကျနော်တို့ဒေသမှာ တရုတ်က ကျနော်တို့ ဗမာနိုင်ငံအပေါ်မှာ ထားနေတဲ့ပေါ်လစီလိုပဲ။ အမေရိကန်က Middle East မှာထားတယ်။ ဒီအတိုင်းပဲ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေ မပြောဘူး။ အဲဒီတော့ ဘေးထွက်တွေက ဘာတွေဖြစ်လာလဲ၊ အကြမ်းဖက်မှုတွေဖြစ်လာတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်လာတယ်၊ ဆင်းရဲမှုတွေဖြစ်လာတယ်။
အခု ဒီနေ့ကမ္ဘာကြီးက သူတို့ကိုယ်တိုင်ကို၊ ဒီနိုင်ငံကြီးတွေ ကိုယ်တိုင်ကိုက ဒီပေါ်လစီ အတိုင်းဆက်သွားလို့ ရအုံးမှာလားဆိုတာ မေးခွန်းရှိလာတယ်။ တကမ္ဘာလုံး ပြည်သူတွေက မေးလာကြပြီ။ အဲဒါ ဘာလဲ ဆိုလို့ရှိလို့ရှိရင် ဒီအတိုင်း ဆက်သွားလို့မရဘူး။ လုံခြုံရေးကို ဦးစားပေးထားပြီးတော့ ကျန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဒုတိယ ပစ်ပယ်ထားတာဟာ အလွန်အန္တရာယ်များတဲ့ ဖြစ်ရပ်ကြီးဆိုတာကို ဒီလှုပ်ရှားမှုကြီးက တဖြည်းဖြည်း သက်သေပြနေတယ်။  ဗမာပြည်မှာလည်း ဒီအလားတူ ဖြစ်နေအုံးမှာပဲ။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့်ပေါ့နော်၊ လူငယ်တွေ ဦးဆောင်တဲ့ လူထုအုံကြွမှုတွေ တကယ့်ကို အလုံးလိုက် အရင်းလိုက် ဒီရေတွေလို ဖြစ်လာတဲ့ အခါကျတော့ ပြည်ပနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ ဦးစားပေးထားတော့၊ အာဏာရှင်တွေကို ကျားကန်ပေးထားပြီးတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုတဲ့ တကယ့်တန်ဖိုးတွေကို လျစ်လျှူရှုထားတဲ့ဟာက အမှားဖြစ်လာနေသလားဆိုတာကို ဒီဘက်မှာလည်း တော်တော်လေး ဆွေးနွေးမှုတွေ ရှိလာနေတယ်လေ။ ဒါပေမဲ့ ဒီနေရာမှာ ဗမာပြည်ဘက်က အခြေအနေကို ပြန်သွားမယ်ဆိုလို့ရှိရင် မြန်မာပြည်မှာက အီဂျစ်တို့ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ခဲ့သလို လူငယ်တွေဦးဆောင်တဲ့၊ လူငယ်တွေကနေပြီးတော့ လှုပ်ရှားတက်ကြွတဲ့ အခြေအနေတွေ ထပ်ဖြစ်လာနိုင်ပါအုံးမလား။ အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာ ဖြစ်တဲ့ကိစ္စက ခေတ်သစ် အင်တာနက် ၀န်ဆောင်မှုကိစ္စတွေ၊ အင်တာနက်တွေကနေပြီးတော့ တယောက်နဲ့တယောက် စည်းရုံးပြီးတော့ အကုန်လုံးရှေ့ထွက်လာကြတယ်။ တယောက်နဲ့တယောက် သတင်းစကားတွေပါးပြီးတော့ ညီညီညာညာ လုပ်ကိုင်ကြတယ်ဆိုတဲ့ အနေအထားရှိတယ်လေ။ ဒီလိုကိစ္စမျိုးမှာက ဗမာပြည်မှာ အလားတူ ဖြစ်လာနိုင်ပါ့မလား။
ဦးမိုးသီးဇွန် ။ ။ အများကြီးဖြစ်နိုင်တယ်၊ ဦးသန်းလွင်ထွန်း။ ကျနော်တော့ အဲဒါကို ယုံကြည်တယ်။ တူနီးရှားမှာရှိတဲ့ လူငယ်တယောက်နဲ့ မြန်မာလူငယ်တယောက်ဟာ communication ပေါ့။ သူတို့အချင်းချင်းက အရင်က မသိကြဘူး။ အခုဟာက အကုန်လုံးက communicate ဖြစ်သွားတယ်ဗျ။ ဒီနေ့ ပြဿနာက အာဏာရှင်တွေ သက်ဆိုးရှည်နေတဲ့အကြောင်းက  ဒီဆက်သွယ်ရေးကို ဖြတ်လိုက်တာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ DVB (Democratic Voice of Burma) အင်တာဗျူးတခုမှာ အဲဒီတချက်ကို ထောက်ထားပါတယ်။ အဲဒါဘာလဲဆိုရင် ဆက်သွယ်ရေးပဲ - ဒီနေ့အရေးအကြီးဆုံးက။ ]
ဒီနေ့ Global ဆက်သွယ်ရေးစနစ် ပြောင်းသွားတယ်။ အဲဒါကြီးက အာဏာ (power) - People power ကြီးဖြစ်သွားပြီးတော့ လူတွေလက်ထဲကို ရောက်လာတယ်။ အဲဒါ ဘာတွေလဲဆိုရင် အင်တာနက်တွေ facebook တွေ၊ twitter တွေ အဲဒါတွေနဲ့ ဗမာလူငယ်နဲ့ တူနီးရှားလူငယ်နဲ့ ဆက်သွယ်မိသွားပြီး အာဖရိကမှာရှိနေတဲ့ လူငယ်ထုနဲ့ ရန်ကုန်က လူငယ်ထုနဲ့ ဆက်သွယ်လို့ ရသွားကြပြီ။ အဲဒီတော့ သူတို့အချင်းချင်းက သတင်းတွေကို share လာနိုင်တဲ့ အခွင့်အလမ်း၊ အဲဒီတော့ သူတို့ဒေသအတွင်းထဲမှာလဲ ဒီလူငယ်တွေဟာ တယောက်နဲ့တယောက် သတင်းအချက်အလက်တွေ share လို့ရသွားတယ်၊ ဆက်သွယ်လို့ရသွားတဲ့အတွက် ခုနက အာဏာရှင်တွေဟာ လှုပ်ရှားလာတယ်။ အခုနက နိုင်ငံကြီးတွေရဲ့ ချထားတဲ့ ပေါ်လစီတွေ၊ လုံခြုံရေးကိုပဲ concentrate ပေါ့လေ၊ အာရုံစိုက်ထားတဲ့ ဒီပေါ်လစီတွေဟာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။
အဲဒီတော့ ဒီမှာလည်း ပြဿနာတွေ ရှိနေသေးတယ်။ မင်းတို့ လုံခြုံရေး ပြဿနာတခုတည်း မဟုတ်ဘူး။ ငါတို့ရဲ့စားဝတ်၊ နေရေးပြဿနာ၊ မတရားဖိနှိပ်မှု ချိုးဖောက်မှုပြဿနာ။ ဒါတွေရှိတယ်ဆိုတာ ကျနော်တို့က တယောက်နဲ့တယောက် information တွေ ပြောလို့ရတယ်။ အဲဒီ information တွေကို သွားထားပြီးတော့ ကပ်ထားရတဲ့နေရာတွေ ဖြစ်လာတယ်။
အရင်တုံးကဗျာ။ ဗကသ မှာ ကျနော်လုပ်ခဲ့တုံးက ညဘက်မှာ တညလုံး စာရွက်တွေ သွားဝေကြတယ်။ စာရွက်လေးတထောင်ကို ကျနော်တို့က လက်နဲ့လှည့်ပြီး ဝေနိုင်တာ။ အခု ကျနော်အီးမေးလ်တခုကို ထုတ်လိုက်ရင် သောင်းနဲ့ သန်းနဲ့ချီပြီးတော့ နာရီပိုင်းအတွင်းမှာ ပြန့်သွားအောင် လုပ်နိုင်လာတယ်။ အဲဒါဟာ communication ပဲ။ ဒီ communication global ဆက်သွယ်ရေးစနစ်ကြီး ပြောင်းလာတာဟာ အဖိနှိပ်ခံပြည်သူတွေအတွက် အာဏာကြီးတခု၊ power ကြီးတခု ဖြစ်လာပြီးတော့ ဒီ အုပ်ချုပ်တဲ့၊ လာဘ်စားတဲ့ အစိုးရတွေကို ခြိမ်းခြောက်မှုဖြစ်လာတယ်။ ဒါကြောင့်မို့လို့ ဦးသန်းလွင်ထွန်းမေးထားတဲ့ မေးခွန်းကို ဖြစ်နိုင်တဲ့ အလားအလာတွေ သိပ်များနေတယ်လို့ ကျနော်တော့ မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ၁၉၈၈ ခုတုံးက ဆိုလို့ရှိရင် မြန်မာပြည်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ မဖြစ်ခင်က ဖိလစ်ပိုင်မှာ သမ္မတ Ferdinand Marcos ထွက်ပြေးရတဲ့ အရေးအခင်းမျိုးတွေ ပေါ်ခဲ့တယ်။ အဲဒီအချိန်တုံးကတောင်မှပဲ ကျောင်းသားတွေ၊ လူငယ်တွေအနေနဲ့ မြင်သမျှ၊ ကြားသမျှလေးလောက်နဲ့ inspiration လို့ခေါ်တဲ့ ဒီ အားကျမှု၊ အတုယူမှုတွေ ပေါ်လာပြီးတော့ ၁၉၈၈ အရေးအခင်းဆိုတာ ပေါ်လာခဲ့တယ်လေ။  အခု ဒီ တူနီးရှားတို့၊ အီဂျစ်တို့မှာ ဖြစ်ခဲ့တဲ့ အနေအထားမျိုးဆိုလို့ရှိရင် ဒီ ခေတ်သစ်အင်တာနက် ၀န်ဆောင်မှုတွေ၊ ဆက်သွယ်ရေး စနစ်တွေအရ လူတွေပိုပြီးတော့ နားလည်သဘောပေါက်မယ့် သိရှိလာတဲ့ အနေအထားမျိုး ရှိနေတာပေါ့။
ဦးမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်၊ အဲဒါကိုပဲ ပညာရှင်တော်တော်များများက ပြောကြတယ်လေပေါ့ဗျာ။ paradigm shift သူတို့သုံးကြတယ်။ စံနှုန်းတွေပြောင်းသွားတယ်။ ကျနော်တို့ခေတ်တုံးက စံနှုန်းတွေက ချထားခဲ့တဲ့ စံနှုန်းတွေ၊ ဥပမာ knowledge ကို ကျနော်တို့ ဘယ်လို ရယူမလဲ။ လမ်းဘေးစာအုပ်ဆိုင်တွေက ဖတ်တယ်။ Senior ပေါ့။ ၇၄၊ ၆၈ မျိုးဆက်တွေဆီက information တွေကို ယူတယ်။ သူတို့ရဲ့ စံနှုန်းတွေဆီက လေ့လာပြီးယူခဲ့ကြတယ်။ ဒီနေ့လူငယ်တွေကကျတော့ ကွန်ပြူတာနဲ့ ယူတယ်။ အင်ဖော်မေးရှင်းနဲ့ ယူတယ်။ သူတို့ရဲ့ ဒီ information  သတင်းအချက်အလက်တွေ ယူတဲ့ပုံတွေက ပြောင်းသွားတယ်၊ ပိုမြန်လာတယ်။ အဲဒီ အတွက်လည်း လှုပ်ရှားမှုတွေက အရမ်းကိုမြန်မယ်။ တခုတော့ ရှိတာပေါ့လေ။ ကျနော်တို့က လွယ်လွယ်တော့ ပြောင်းလဲမှာမဟုတ်ဘူး။ ကျနော်တို့ အားသွန်ခွန်စိုက် ရုန်းကန်ရအုံးမယ်ဆိုတဲ့ မေးခွန်းကလည်း ရှိနေသေးတယ်။ အခက်အခဲ စိန်ခေါ်မှုကြီးပေါ့။ ဒီလောက်တင် ကျနော်တို့ရပ်ထားလို့ မရဘူး။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ ၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှု ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမိုးသီးဇွန်ကို ဆက်သွယ်မေးမြန်းထားတာပါ။
http://www.voanews.com/burmese

နိုင်ငံခြား ရေနံဓါတ်ငွေ့ ကုမ္မဏီများ



By ဦးအောင်ခင် & မညိုညိုလွင် စနေ, 29 ဇန်နဝါရီ 2011

ကျောက်ဖြူ၊ ကုမင် မြန်မာ-တရုတ် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း စတင် အကောင်အထည်ဖော်နေတုန်း မြန်မာပြည် အလယ်ပိုင်းဒေသမှာ တရုတ်ကုမ္မဏီက သဘာဝဓါတ်ငွေ့တွင်းကြီးတခု ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ သတင်း ဒီလအစောပိုင်းက ထွက်လာပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်တဲ့အတွက် ဒေသခံ ပြည်သူလူထု ဘဝပျက်သွားတဲ့ သာဓကတွေ ရှိပါတယ်။ တနင်္သာရီကမ်းလွန်က ရတနာဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဒုက္ခရောက်နေရတဲ့ ဒေသခံတွေဘက်က Unocal ကုမ္မဏီကို အမေရိကန်မှာ တရားစွဲတဲ့အတွက် လျှော်ကြေးပေးလိုက်ရတဲ့ သာဓကတွေက ထင်ရှားပါတယ်။

မြန်မာပြည်မှာ ပထမဆုံး ဓါတ်ငွေ့ထုတ်ယူတဲ့ ကုမ္မဏီတွေဟာ ပြင်သစ် Total နဲ့ အမေရကန် Unocal ဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ တိုင်းသူပြည်သားတွေကို လစ်လျူရှုနေတဲ့ ဗမာစစ်အစိုးရနဲ့ လက်တွဲလုပ်ကိုင်တာဟာ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ အပြုအမှု ဖြစ်တယ်ဆိုပြီး ဥရောပနဲ့ အမေရိကန်မှာ ရှုတ်ချကြပါတယ်။ အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  စည်းရုံးလှုပ်ဆောင်မှုကြောင့် ဗမာစစ်အစိုးရနဲ့ လက်တွဲနေတဲ့ ရေနံကုမ္မဏီတွေဟာ ကြာလာရင် နာမည်ပျက်ဖို့သာ ရှိပါတယ်။ ဒါကြောင့်မို့ ဗြိတိသျှ Premier ကုမ္မဏီ၊ အမေရိကန် Texaco နဲ့ Unocal ကုမ္မဏီတွေဟာ သူတို့ပိုင်တဲ့ အစုရှယ်ယာကိုရောင်းပြီး မြန်မာပြည်က ထွက်ခွါသွားကြပါတယ်။ Unocal ဟာ သူပိုင်တဲ့ အစုရှယ်ယာကို အမေရိကန် Chevron ကုမ္မဏီကို ရောင်းလိုက်တဲ့အတွက် ဓါတ်ငွေ့လုပ်ငန်းတွေမှာ အနောက်တိုင်းကုမ္မဏီဆိုလို့ Total နဲ့ Chevron သာ ကျန်ပါတယ်။

ရတနာဓါတ်ငွေ့လုပ်ငန်းမှာ အစုရှယ်ယာ အများဆုံးထားတဲ့ ပြင်သစ် Total ကုမ္မဏီကတော့ ပိုက်လိုင်းဒေသမှာ ပြည်သူ့အကျိုးသယ်ပိုးနေတာမို့ ဒေသခံတွေ အကျိုးခံစားရကြောင်း လွန်ခဲ့တဲ့နှစ်က (၆၆) စာမျက်နှာ အစီရင်ခံ ထုတ်ဝေပါတယ်။ ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ အခြေခံ အဆောက်အအုံ တိုးတက်ရေးအတွက် ရတနာဓါတ်ငွေ့လုပ်ငန်းက ရင်နှီးမြုပ်နှံပုံတွေကို ဖော်ပြထားပါတယ်။ ပထမတော့ ပိုက်လိုင်းနဲ့ အနီးဆုံး ကျေးရွာအချို့ ကိုသာ ကူညီနိုင်ခဲ့ပါတယ်။ အခုတော့ ဒေသခံ ငါးသောင်းကျော်ဟာ ပညာရေး၊ ကျန်းမာရေး နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့အကျိုးကို ခံစားနေရပါတယ်။ ပိုက်လိုင်းဆောက်လုပ်စဉ်က လူပေါင်း (၂၅၀၀) ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ပိုက်လိုင်းမှာ အလုပ်သမား (၈၀၀) လုပ်ကိုင်နေတဲ့အထဲမှာ မြန်မာပြည်သားက (၉၅) ရာခိုင်နှုန်း ဖြစ်ပါတယ်။

ပိုက်လိုင်းဒေသတင်မက။ မြန်မာတပြည်လုံးမှာရှိတဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ကုသိုလ်ဖြစ် လုပ်ငန်းအများအပြားကိုလည်း Total က ကူညီထောက်ပံ့ပါသေးတယ်။ ကုလသမဂ္ဂ စီမံကိန်းတွေကိုလည်း Total ကုမ္မဏီက ငွေကြေးထောက်ပံ့ကြောင်း ဖော်ပြထားပါတယ်။ ဒီမိုကရေစီ အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  စည်းရုံးလှုံဆော်မှုကြောင့် မြန်မာပြည်က ထွက်ခွါသွားခဲ့တဲ့ အနောက်တိုင်းကုမ္မဏီတွေရှိသလို ကျန်ရှိနေတဲ့ အနောက်တိုင်းကုမ္မဏီတွေက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သဘောဖြစ်ပါတယ်။ အခုတော့ မြန်မာ့သယံဇာတ ထုတ်ယူရေးမှာ အဓိကပါဝင်နေသူဟာ တရုတ် ကုမ္မဏီတွေ ဖြစ်နေပါတယ်။ တရုတ်ကုမ္မဏီတွေဟာ အမြတ်အစွန်းရဖို့ကိုသာ အဓိကထားတဲ့အတွက် Total ကုမ္မဏီလို ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်နိုင်ပါ့မလားလို့ မေးစရာရှိလာပါတယ်။

တရုတ်ရဲ့  ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းကြောင့် ဒေသခံ ပြည်သူလူထုတွေ ဒုက္ခရောက်ရင် ဘယ်အဖွဲ့က ပြည်သူ့ဘက်က ရပ်တည်မှာလည်းဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တရုတ် အရပ်သားအဖွဲ့အစည်းဟာ သူတို့ဆီက ပြဿနာကိုတောင် ဖြေရှင်းနိုင်ကြသေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီမရှိတဲ့ တရုတ်ပြည်မှာ အရပ်သားအဖွဲ့အစည်းဟာ အနောက်တိုင်းမှာလို စည်းရုံးလှုံဆော်နိုင်တာ မဟုတ်ပါဘူး။ အမေရိကန်ကုမ္မဏီက လျော်ကြေးပေးသလို တရုတ်ကပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်ကုမ္မဏီတွေကို မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံခွင့် ပိတ်ပင်ထားတာဟာ မြန်မာပြည်သားတွေအတွက် အခွင့်အလမ်း ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ မြင်တွေသူရှိပါတယ်။

အာဖရိကတိုက်မှာ တရုတ်ကုမ္မဏီတွေ ရင်းနှီမြုပ်နှံတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေတာ တွေ့ရပါတယ်။ အလုပ်သမားတွေကို မတရားခိုင်းမှု၊ ဒေသဆိုင်ရာ စည်းမျဉ်းမလိုက်နာမှု၊ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်ကို ဖောက်ဖျက်မှု၊ လုပ်ခနည်းနည်းပေးမှု၊ အကျိုးခံစားခွင့်ကင်းမဲ့မှု၊ စတာတွေဟာ တရုတ်လုပ်ငန်းရှင်တွေရဲ့  လုပ်ရိုးလုပ်စဉ် ဓလေ့တွေပဲလို့ ဆိုပါတယ်။ Zambia နိုင်ငံက တရုတ်ပိုင် ကျောက်မီးသွေးတွင်းမှာ လုပ်ငန်းခွင့်အခြေအနေ ဆိုးဝါးစုတ်ပြတ်လွန်းတာကို မကျေနပ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလမှာ Zambia က သမိုင်း အလုပ်သမားတွေ ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေကို တရုတ် မန်နေဂျာက သေနတ်နဲ့ပစ်လို့ (၁၁) ဦး ဒဏ်ရာရသွားတာဟာ တကမ္ဘာလုံးသိတဲ့ ဖြစ်ရပ်ပါ။ ဒါကြောင့် တရုတ်ကုမ္မဏီတွေဟာ ဒေသခံလူထုကို ဂရုမစိုက်ဘူးဆိုတဲ့ အယူအဆ ပေါ်ထွက်လာတာ ဖြစ်ပုံရပါတယ်။

မြန်မာ့အရေးမှာတော့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့တွေက အများဆုံး လှုပ်ရှားပါတယ်။ ဒီလို အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  သဘောထားကို ထည့်သွင်းစဉ်းစားတာဟာ အနောက်တိုင်းကုမ္မဏီတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ် Total နဲ့ အမေရိကန် Chevron တို့ဟာ နောက်ဝင်လာတဲ့ တရုတ်ကုမ္မဏီတွေ အတုယူရမယ့် စံနမှုနာကောင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
http://www.voanews.com/burmese

NLD ရပ်တည်ခွင့်ပယ်ချမှု လူ့အခွင့်ရေးညီလာခံတင်မည်



By ကိုဇော်ဝင်းလှိုင် သောကြာ, 28 ဇန်နဝါရီ 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး အတွက် အထူးအယူခံဝင်ထားတဲ့ကိစ္စကို နေပြည်တော် တရားရုံးချုပ်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းပြီး နိုင်ငံတကာ ဥပဒေနည်းလမ်းအရ ဆက်လက် ကြိုးပမ်းသွားမယ်လို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီအမှုကို ဒီကနေ့မနက်ကပဲ နေပြည်တော်တရားရုံးချုပ်မှာ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့အဖွဲ့က ပယ်ချလိုက်တဲ့အကြောင်း ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီကနေ့မနက် ၁၀ နာရီမှာ ကျနော်တို့အမှုနဲ့ပတ်သက်ပြီးတော့ တရားသူကြီးချုပ် ဦးအောင်တိုးရယ်၊ ဒု-ချုပ် ဦးထွန်းထွန်းဦးရယ်၊ ဦးချစ်နွယ်ရယ် သုံးယောက်ပါ။ သူတို့ ဒီကနေ့အမိန့်ချပါတယ်။ ကျနော်တို့က ဥပဒေပြဿနာ ၅ ရပ်ရှိတယ်။ အရေးယူလောက်တဲ့ ဥပဒေပြဿနာဆိုပြီး အဲဒီလိုတင်ပြတာကို ဒီပြဿနာတွေ မရှိပါဘူးဆိုပြီးတော့ ကျနော်တို့ရဲ့ လျှောက်လွှာကို ပယ်လိုက်တာပါ။”

အခု ပယ်လိုက်ပြီဆိုတော့ ဒီကိစ္စက ဥပဒေလမ်းကြောင်းအရ ပြီးသွားပြီလား။ -

“ဥပဒေလမ်းကြောင်းအရ အယူခံခွင့် အခွင့်အရေးတွေက နောက်ဆုံး ဖြစ်သွားပါပြီ။”

ကျနော်တို့ တဖက်မှာကြားရတာက နိုင်ငံတော်တရားသူကြီးချုပ်ထံမှာ ထပ်ပြီးတော့ အယူခံခွင့်ရှိသေးတယ် ဆိုလားလို့ပါခင်ဗျား။ -

“ဒီလိုပါ။ အဲဒီဟာက တရားသူကြီးချုပ်မှာ ချွင်းချက်အာဏာတွေ ရှိတယ်။ ဒါပေမဲ့ ဒါဟာ တရားသူကြီးကို အယူခံခွင့်အခွင့်အရေး မဟုတ်ပါဘူး။ ဒီဟာလည်း ကျနော်တို့ လျှောက်မှာမဟုတ်ပါဘူး။”

တကယ်လို့ တရားသူကြီးချုပ်ထံမှာ လျှောက်လဲချက်ပေးချင်တယ်ဆိုရင်တော့ ပေးခွင့်ရှိသေးတယ် ဆိုတဲ့သဘောပေါ့။ -

“ဟုတ်တယ်။ ကျနော်တို့ လျှောက်လွှာတင်ရင်လည်း တင်နိုင်တာမဟုတ်ဘူး။ တင်တင် မတင်တင် သူပြင်နိုင်တယ်။ သူ့မှာ ဒီဥစ္စာက ဥပဒေအရပေးထားတာ။ အဲဒီတော့ ဒါဟာ အယူခံအခွင့်အရေး မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ မလျှောက်ဘူး။”

NLD ဗဟိုဥပဒေ အထောက်ကူပြုအဖွဲ့ဝင်လည်းဖြစ်၊ ဒီအမှုကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ ဥပဒေလမ်းကြောင်းအရ ဒီကိစ္စကို ရှေ့ဆက်လုပ်စရာ မရှိတော့ပေမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းပြီး လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်လို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ဒါက ကျနော်တို့က ပြီးသွားပြီဆိုရင်တော့ အထက်ရုံးတရားရုံး ပြီးသွားပြီဆိုရင်တော့ ကျနော်တို့ နိုင်ငံတကာနဲ့ပတ်သက်ပြီး လုပ်နိုင်အောင်လို့တော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ဒီဟာနဲ့ပတ်သက်တာအားလုံး မျှတမှုမရှိကြောင်းကိုတော့ ကျနော်တို့ဘက်က အထောက်အထားအပြည့်စုံနဲ့ တင်ရမှာပေါ့ဗျာ။ အဲဒီလို တင်ဖို့ပဲ ဆုံးဖြတ်တယ်။ စိတ်ကူးတယ်လေ။ အဲဒီတော့ ဒါကတော့ တင်ဖြစ်သွားမယ်လို့ ကျနော်တို့က တွက်ဆထားပါတယ်။”

ပြည်တွင်းမှာ ဥပဒေလမ်းကြောင်းအရ ဆက်ပြီးအလုပ်လုပ်လို့မရတဲ့နောက်ဆုံး နိုင်ငံတကာမှာရှိတဲ့ ဥပဒေလမ်းကြောင်းတွေနဲ့ ဒီကိစ္စကို ဆက်ပြီး ဆောက်ရွက်သွားမယ်ဆိုတဲ့ သဘောလားခင်ဗျ။ -

“ဟုတ်တယ်။ အဲဒါကတော့ အခုရှိသမျှ ဒီဥပဒေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို အပြည့်စုံ လုပ်ထားတာ အသင့်ရှိပြီးသားဖြစ်တယ်။ အဲဒါကို ဦးဉာဏ်ဝင်းတို့ ပြန်ရောက်လာပြီးရင် ဒီကိစ္စနဲ့ပတ်သက်တာအားလုံး အမြန်ဆုံး ကုလသမဂ္ဂမှာ အခုလုပ်နေတဲ့ လူ့အခွင့်အရေးကောင်စီကို အမြန်ဆုံးရောက်အောင် ကြိုးစားပြီး တင်မယ့်သဘောပေါ့။ အဲဒါပေါ့။ လူ့အခွင့်အရေးကောင်စီနဲ့ သွားရတော့မယ့်သဘောပါပဲလေ။”

အဲဒီတော့ ဒီကိစ္စ ရက်ပိုင်းအတွင်း ဖြစ်လာမယ်ပေါ့။ -

“ဟုတ်တယ်။ အဲဒါ ကျနော်တို့ ပြန်လာမယ့်လူတွေ စောင့်နေတာ။ ကျနော်တို့ ကော်မတီထိုင်ပြီးရင် ချက်ချင်းကို မြန်မြန်ဆန်ဆန်ကို လုပ်မယ်ခင်ဗျ။”

ဒါပေမဲ့ ဒီကြားထဲမှာ အဲဒီဟာကိုတင်ထားတဲ့ အတော်အတွင်းမှာ NLD ရဲ့ ရပ်တည်ချက်က ဘယ်လိုဖြစ်သွားမလဲ။ -

“ဒီအတိုင်းပဲဖြစ်မယ်။ NLD နဲ့ပတ်သက်ရင် ဒီအတိုင်းပဲနေမှာပဲလေ။ လုပ်စရာရှိတာ လုပ်နေမှာပဲပေါ့။ ကျနော်တို့က အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်နေတဲ့ဟာပဲ။ လုပ်နေမယ့်ကိစ္စအ၀၀ကလည်းပဲ ဒီနေ့ လုပ်နေသမျှ အားလုံးဟာလည်း လူထုအကျိုးပြု အထောက်အကူပြုတဲ့ နိုင်ငံရေးပဲ လုပ်နေတာပဲလေ။”

တကယ်လို့ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရလည်း လုပ်ရတာမဖြစ်နိုင်တော့ဘူး ဆိုရင်လည်း ဒီအတိုင်းပဲ ဆက်ပြီး ရပ်တည်သွားမလား။ -

“အဓိက ကတော့ ရှင်းနေပါတယ်လေ။ ကျနော်တို့ရဲ့ အဖွဲ့အစည်းက ကျနော်တို့ကို ဘယ်လိုပဲ ပျက်တယ်ပြုတယ် တရားရုံးကဖြစ်တယ် ပြောသော်လည်းပဲ ဥပဒေလမ်းကြောင်းအရ လုပ်နိုင်တာအားလုံးကို ကျနော်တို့ လုပ်ဖို့ကြိုးစားရမှာပေါ့။ အထူးသဖြင့်ကတော့ဗျာ အဓိကအင်အားကတော့ ပြည်သူလူထုပဲ။ ဒီနေ့ ပြည်သူလူထုနဲ့ ပတ်သက်တာ အားလုံးကို ကျနော်တို့က ထဲထဲဝင်ဝင်ပေါ့။ ဒါ လူမှုရေး၊ နိုင်ငံရေးကိစ္စရော လုပ်ကိုင်ပေးနေတာပဲ။ အဲဒီတော့ လူထုရဲ့ ထောက်ခံအားပေးမှုကြောင့် ကျနော်တို့ လုံးပမ်းနေတယ်လေ။ အဲဒီ လူထုထောက်ခံမှု အားလုံးရရင် ကျနော်တို့ဟာ ဒီအတိုင်းပဲ မားမားမတ်မတ် ရပ်တည်သွားနိုင်တယ်ပေါ့။ ဒီလိုပြောရအောင်ဗျာ၊ မယိမ်းမယိုင် ကျောက်တိုင်ကဲ့သို့ မတုံမလှုပ် ဆက်လက်ပြီးတော့ အေးချမ်းငြိမ်းချမ်းစွာ နည်းလမ်းများကို ရှာကြံပြီးဆောင်ရွက်သွားမယ် ဆိုတဲ့သဘောပဲ။ ဒါပါပဲ။”

တဖက်မှာ NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် ရပ်တည်ခွင့်ရရေးအတွက် နိုင်ငံတကာဥပဒေတွေ နည်းလမ်းအရတွေရော ဆက်ပြီးတော့ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ မကြာခင်မှာ အစိုးရသစ်တရပ် ကလည်း ပေါ်တော့မယ်ဆိုတော့ ဒီအစိုးရသစ်နဲ့ရော တွေ့ဆုံဆွေးနွေးရေးကိစ္စတွေကို တဖက်မှာလုပ်ဖို့အစီအစဉ် ရှိပါသလားခင်ဗျ။ -

“အမှန်ကတော့ ကျနော်တို့က အမြဲတမ်း တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်တာကို ဖွင့်ထားတာပဲလေ။ ဆွေးနွေးပွဲကို ခေါ်တယ်ဆိုရင် ကျနော်တို့က အသင့်ပဲလေ။ ကျနော်တို့ ဆွေးနွေးမှာပေါ့။”

သဘောက သူတို့နဲ့ဆွေးနွေးပြီး အဆင်ပြေသွားရင် ပိုပြီးတော့ကောင်းတာပေါ့။ -

“ကောင်းတာပေါ့။ သိပ်ကောင်းတာပေါ့ဗျ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောပေါင်းများပါပြီ။ ကျနော်တို့ အခုလို အချိန်မျိုးမှာ တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်း ညီရာညီကြောင်း ဒါတွေကို ကျနော်တို့ လုပ်ကိုင်သွားနိုင်တဲ့ ဟာတွေ ရှိတယ်။ ဒါတွေကို ဆွေးနွေးပြီး လုပ်ကိုင်လို့ရတယ်လို့ အမြဲတမ်း သူ ဖွင့်ထားတာပဲခင်ဗျ။”

နေပြည်တော်တရားရုံးချုပ်က NLD တရားဝင်ရပ်ခွင့် အယူခံကို ပယ်ချလိုက်ပြီးနောက် ရှေ့ဘာဆက်လုပ်မယ် ဆိုတာတွေကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြောပြခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အတွက် စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရည်တည်ခွင့် မရတော့သလို ဖြစ်သွားစေခဲ့တဲ့အတွက် ဒီကိစ္စကို NLD က တရားစွဲဆိုပြီး အကြိမ်ကြိမ် အယူခံဝင်ခဲ့ပေမဲ့ စစ်အစိုးရအာဏာပိုင်တွေက အခု နောက်ဆုံးအဆင့် အယူခံကိုပါ ပယ်ချလိုက်တာဖြစ်ပါတယ်။

နှစ်ဖက် အကျိုးဆောင်ရှေ့နေတွေရဲ့ နောက်ဆုံး လျှောက်လဲချက်တွေကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့က နေပြည်တော် တရားရုံးချုပ်မှာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/NLD-burma-01-28-11-114797129.html

ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်ဝက်ဘ်ကိုပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
Reference ID Created Released Classification Origin
09RANGOON539 2009-08-18 10:10 2010-12-12 21:09 SECRET Embassy Rangoon


VZCZCXYZ0000
OO RUEHWEB

DE RUEHGO #0539/01 2301059
ZNY SSSSS ZZH
O 181059Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9364
INFO RHEHNSC/NSC WASHDC IMMEDIATE
S E C R E T RANGOON 000539

SENSITIVE
SIPDIS

E.O. 12958: DECL: 08/18/2019
TAGS: PGOV PREL BM
SUBJECT: BURMA: SENIOR GENERALS START A CONVERSATION; HOW WILL WE RESPOND?

REF: A. RANGOON 535
B. RANGOON 536

C. RANGOON 527
D. RANGOON 534

Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)

အကြောင်းအရာ။     ။ မြန်မာနိုင်ငံ- ဗိုလ်ချုပ်မှူးကြီးက စကားစတင် ပြောဆိုလာခြင်း။ မိမိတို့ မည်သို့ တုံ့ပြန်မည်နည်း။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။     ။ နိုင်ငံရေး-စီးပွားရေးဌာန အကြီးအကဲ ဂျင်နီဖာ ဟာဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
၁။ (S) မြန်မာ ထိပ်တန်းဗိုလ်ချုပ်များက ဆီးနိတ်အမတ် ဝက်ဘ် လာရောက်ခြင်းကို အသုံးချပြီး ၎င်းတို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြလိုသော အချက်များမှာ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုခြင်း၊ ဝါရှင်တန် နှင့် တိုက်ရိုက်ဆက်ဆံလိုပြီး အထူးသံတမန်တဦး (စစ်အစိုးရ၏ အတွင်းလူဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးသူ ဦးသောင်း) ကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်ကြောင်းတို့ပင် ဖြစ်သည်။ သန်းရွှေ သူ့လက်သီးဆုပ်ကို ဖြေချလိုက်သည်မှာ (အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဆုံးအကြိမ်  ၎င်းနှင့်တွေ့ဆုံခွင့်ပေးခြင်း၊ "ချစ် ကြည်ရေး"ကို ပြသသောအားဖြင့် အမေရိကန် အကျဉ်းသားတဦးကို ပြန်ပို့ ခြင်း) ကို ထောက်ထား၍ သေချာနေပါသည်။   ဗိုလ်ချုပ်များသည် အကြောင်းပြန်ကြားချက်ကို မျှော်နေပါလိမ့်မည်။ (UNGA) (ကုလသမဂ္ဂအထွထွေ ညီလာခံ) အပြီးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို ဝါရှင်တန်ရှိ သံရုံးသို့ သွားရောက်ခွင့် ပေးသင့်ပါသည်။ မျှော်လင့်ချက်များ အပြန် အလှန် ဖော်ပြနိုင်ရေးအတွက် ကျွန်ုပ်တို့  ဦးသောင်းနှင့် မကြာမတင် မှာ ဆွေးနွေးသင့်ပြီး ထိုမှတဆင့် ဝါရှင်တန် အဆင့် ဆွေးနွေးပွဲဆီသို့ တက်လှမ်းသင့်ပါသည်။ တချိန်တည်းမှာပင် စစ်အစိုးရနှင့် "ပြတ်သားသော" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဆွေးနွေးပွဲဖြစ်မြောက်အောင် အတိအလင်းရော တိတ်တဆိတ်ပါ အားပေးသင့်ပါသည်။ ဆွေးနွေးပွဲ ကာလအတွင်းမှာလည်း ကျွန်ုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖြစ်အောင် ကြိုးပမ်းသင့်ပါသည်။ အကျဉ်းချုပ်- ပြီးဆုံး။

လက်သီးဆုပ် ဖြေလိုက်ပြီလား။
---------------
၂။ (S) ပထမဦးဆုံး အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်၏ သန်းရွှေနှင့် တွေ့ဆုံမှုသည် မျှော်လင့်မထားဘဲ ဖြစ်ပေါ်လာခဲ့သည်။ သူ နားစွင့်ရုံ နားစွင့်နေသည်မှာ ပေါ်လွင်လှပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သူ့ကို ပြောနေစဉ်မှာပင် စိတ်ဆိုးဟန်သော်လည်းကောင်း၊ မုန်းတီးဟန်သော်လည်းကောင်း မပြခဲ့ချေ။ သူက ဆီးနိတ် အမတ် ဝက်ဘ်ကို ပြုံးပြ နှုတ်ခွန်းဆက်ပြီး နွေးနွေးထွေးထွေး လက်ဆွဲနှုတ်ဆက်ခဲ့ပါသည်။ ဆွေးနွေးပွဲတလျှောက်လုံး သူက "မိတ်ဆွေများ"၊ "ချစ်ကြည်ရေး"ဟူသော စကားများကို လှိုင်ဘောလယ်အောင် ပြောခဲ့သည်။

၃။ (S) သန်းရွှေနှင့် ဝန်ကြီးချုပ် သိန်းစိန်တို့ ဆီးနိတ်အမတ် ဝက်ဘ်နှင့် တဦးချင်းစီ တွေ့ဆုံဆွေးနွေးရာ၌ စာရွက် တမျိုးတည်းကို ကိုင်၍ ဆွေးနွေးကြသည် (ရည်ညွှန်းချက် က နှင့် ခ)။ သူတို့နှစ်ဦးစလုံးပင် ယခင်က သည့်ထက် အဆင်ပြေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေး အကြောင်းကို ဖေါ်ပြကြပြီး လက်ရှိဆက်ဆံရေးလည်း ပို၍ ကောင်းလာလိမ့်မည်ဟု အလေးတင်း ဖေါ်ပြခဲ့ကြသည်။ "တိုက်ရိုက်" နှင့် အပြန်အလှန် ဆက်ဆံရေး၊ နေပြည်တော်နှင့် တိုက်ရိုက် ဆက်သွယ်သော ဦးသောင်းကို အထူးသံတမန်အဖြစ်ခန့်အပ်ရေးကို တောင်းဆိုခြင်း၊ နှစ်ဖက်စလုံး သံအမတ်အဆင့်များကို တိုးမြှင့်ရန် အကြံပြုခြင်း တို့ဖြင့် ဗိုလ်ချုပ်များဘက်က လက်ကမ်းလာနေခြင်းသည် ရှင်းနေပါ သည်။

၎။ (S) ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် အမေရိကန်အစိုးရအဖို့ လွန်စွာအရေးပါနေကြောင်း၊ ဤပြဿနာသည် အမှန်တကယ်ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ဖြေရှင်းပေးရမည့်ပြဿနာဖြစ်ကြောင်း ဆီးနိတ်အမတ် ဝက်ဘ်၏ ပြောစကားကို သန်းရွှေနှင့် သူ၏ ထိပ်တန်း ဗိုလ်ချုပ်များ ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ ဒေါ် အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စကို သန်းရွှေနှင့်ပြောသောအခါ၌ သန်းရွှေက တိုတိုတုတ်တုတ်ပင် တုံ့ပြန်ပါသည်။ ကတိကဝတ်မပေးခဲ့ချေ။ ဆီးနိတ်အမတ်က စကားကို ဖြတ်လိုက်ပြီး အခြားအကြောင်းအရာဘက်သို့ လှည့်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ငြင်းပယ်သော အဖြေကို စောင့် သည်ထက် တိုးလို့တန်းလန်း ထားလိုက်ခြင်းက ပိုကောင်းသည်ဟု သူက နောက်ပိုင်းမှာ ကျွန်ုပ်တို့ကို ပြောပြခဲ့သည်)။ သို့ရာတွင် သန်းရွှေအဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မကောင်းကြောင်း စကားစရန် အခွင့်အရေးယူခဲ့ပုံရပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက သန်းရွှေ သဘော ထားပြောင်းသွားပုံရသည်ဟု သူတို့ထင်ကြောင်း၊ ဆွေးနွေးပွဲလုပ်ရန် အသင့်ရှိသည်ဟု မျှော်လင့်ရကြောင်း ကျွန်ုပ်တို့ကို လည်းပြော၊ ထို့နောက် ဆီးနိတ်အမတ် ဝက်ဘ်ကိုလည်း ပြောခဲ့သည်။   

မျှော်လင့်ချက်များ မြင့်မားနေသည်။
-------------------
၅။ (S) စစ်အစိုးရ၏ ကြံရွယ်ချက်များကို နောက်ထပ် ညွှန်ပြနေသည်မှာ အင်္ဂလိပ်သာသာနှင့်ရော မြန်မာဘာသာနှင့်ပါ ထုတ် ဝေသော အစိုးရ အာဘော်သတင်းစာ မြန်မာ့အလင်းပင် ဖြစ်သည်။ ထိုသတင်းစာ၏ ခေါင်းကြီးပိုင်းက ဆီးနိတ်အမတ် ဝက်ဘ်၏ အလည်အပတ် လာရောက်ခြင်းကို အောင်မြင်မှုအဖြစ် "ခရီးရှည်ကြီး၏ ပထမခြေလှမ်း" ဟူသော ခေါင်းစဉ် ဖြင့် သြဘာပေး ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏  နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းရေးနှင့် နှစ်နိုင်ငံအကြား ကွဲလွဲမှုများ လျှော့ပါးရေး သဘောထားကြောင့် ဆီးနိတ်အမတ် ဝက်ဘ်နှင့် ထက်ထက်သန်သန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဆောင်းပါးက ဖေါ်ပြခဲ့သည်။ ဆီးနိတ်အမတ်၏ အလည်အပတ်ခရီးသည် "နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် ပထမဆုံးခြေလှမ်း မိုင်ပေါင်း (၁,ဝဝဝ) ခရီး၏ ပထမဆုံး ခြေလှမ်း" ဖြစ်သည်ဟု နိဂုံးချုပ် ရေးသား ထားသည်။

၆။ (S) လောလောဆယ် မြန်မာအစိုးရပိုင်း ပုဂ္ဂိုလ်များထဲမှာရော၊ သာမန်ပြည်သူများထဲမှာပါ အားလုံးနီးပါးက ဆီးနိတ်အမတ်၏ တွေ့ဆုံ ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပို၍ အကောင်းဘက်သို့ ရှေ့ရှု လာမည်ဟု မျှော်လင့်နေကြသည်။ အလည်အပတ်ခရီး နောက်ပိုင်း အမျိုးသားနေ့ ဧည့်ခံပွဲ၌ သံတမန်အရာရှိများကို ဆုတောင်း ပေးသူများ ဝိုင်းဝိုင်းလည်နေခဲ့ကာ ဆက်ဆံရေးကောင်းမွန်လာရေးဆီ ရှေ့ရှုသော တိုးတက်မှုများအတွက် ကျေနပ်မိကြောင်း ဖေါ်ပြခဲ့ကြသည်။ ဤခရီးအကြောင်းသည် ရန်ကုန်တမြို့လုံး လက်ဖက်ရည်ဆိုင် စကား ဖြစ်လျက်ရှိကာ လူအတော်များများက နောင်ရေရှည်မှာ ဖြစ်လာနိုင်မည့် အလားအလာများကို တွက်ဆကြည့်နေကြ သည်။ 

၇။ XXXXXXXXXXXX

ကျွန်ုပ်တို့က ရှေ့တိုး၍ လက်ကမ်းခြင်း
------------
၈။ (S) ဗိုလ်ချုပ်များက သူတို့အဖို့ အရေးလည်းကြီး၊ ကျေအေးမှုလည်းရနိုင်သော ခြေလှမ်းကြီးတလှမ်းကို လှမ်းခဲ့ပြီ ဟု ယုံ ကြည်နေသည်မှာ သေချာပါသည်။ သန်းရွှေက အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဦးဆုံး အကြိမ် တွေ့ဆုံ ခဲ့သည်။ (စစ်အစိုးရသည် နိုင်ငံအချင်းချင်း ဝါစဉ်အလိုက် ဆက်ဆံနေသော လောကမှာ ပြစရာ တခုရလာခြင်းကို အသုံး ချနေသည်ဖြစ်ရာ ဤကိစ္စသည် အထူးကြီးကျယ်သော ကိစ္စကြီးတခုဖြစ်သည်။ တရုတ်ပြည်က (နအဖ) အဖွဲ့ဝင်များကို ၎င်းတို့ အမျိုးသားနေ့ အခမ်းအနား တက်စေခြင်း၊ ကျွန်ုပ်တို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကို လက်ခံ တွေ့ဆုံခြင်းတို့ကို ကြည့်ပါ)။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒဏ်ခတ်ပိတ်ပင်မှုကို ရုပ်သိမ်းပေးပြီး နောက်ပိုင်း စစ် အစိုးရက ဆီးနိတ်အမတ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ (မှတ်ချက်- ကျွန်ုပ်တို့သိရ သလောက် ဆီးနိတ်အမတ် ဝက်ဘ်က ခရီးမသွားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း မရှိ ချေ။ သို့ရာတွင် ဤသို့တောင်းဆိုလိမ့်မည်ဟု စစ်အစိုးရက ကြိုတွက်မိကာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ လိုခြင်း ရှိ- မရှိ မေးခဲ့သည်။ မှတ်ချက်-ဆုံး)။ ကျွန်ုပ်တို့က သိပ်အရေးမကြီးပါဟု အကြောင်းပြန်ခဲ့သည်။ သို့ရာတွင်အရေး ကြီးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ချစ်ကြည်ရေး စိတ်ဓာတ်ကို ပြသောအားဖြင့် စစ်အစိုးရက အမေရိကန် အကျဉ်း သားတဦးကို ပြန်ပို့ပေးခဲ့သည်။

၉။ (S) ဗိုလ်ချုပ်ကြီးများက အမေရိကန်၏ တုံ့ပြန်မှုကို မျှော်လင့်နေပါလိမ့်မည်။ မကြာမီမှာ ပြန်ကြားပေးလိမ့်မည် ဟုလည်း မျှော်လင့်နေပုံရပါသည်။ လောလောဆယ် ကျွန်ုပ်တို့အနေနှင့် အမေရိကန်အစိုးရသည် CODEL ၏ ရလဒ်ပေါ်မှာ အခြေခံကာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ  အကြီးအကျယ်ပြောင်းလဲမှုများ လုပ်သင့်သည်ဟု မယုံကြည်ကြပါ။ သို့ရာတွင် တိုက်ရိုက် ဆက်သွယ်မှု လုပ်ရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံပေးရေးအတွက် စဉ်းစားသင့်ကြောင်းနှင့် အချိန် ကြာလာသည်နှင့်အမျှ မည်သို့ဖြစ်လာနိုင်ဖွယ်ရှိသည်ကို စဉ်းစားသင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည်မိသည်ကား အမှန်ပင် ဖြစ်ပါသည်။ ဤအခြေအနေ၌ ဝါရှင်တန်အနေနှင့် ထည့်သွင်းစဉ်းစားရန် အောက်ပါ အကြံပြုချက်များကို ကျွန်ုပ်တို့ ဖေါ်ပြ အပ်ပါသည်။ 

နိုင်ငံခြားရေးဝန်ကြီးကို ၀ါရှင်တန်သို့ သွားခွင့်ပြုသင့်သည်။
-------------
၁ဝ။ (S) နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းသည် (UNGA) အပြီး ဝါရှင်တန်ရှိ  မြန်မာသံရုံး မွမ်းမံ ပြင်ဆင်နေသည်ကို သွားကြည့်လိုကြောင်း ဖေါ်ပြပြောဆိုခဲ့ကြသည်။ ဤကိစ္စ သည် အမေရိကန်အစိုးရဖေါ်ပြသော အတုံ့အပြန် ချစ်ကြည်ရေး အရိပ်လက္ခဏာတရပ်အဖြစ် မြင်နေပုံရပါသည်။ နိုင်ငံခြား ရေး ဝန်ကြီးက အစိုးရပိုင်း ပုဂ္ဂိုလ်များ အချင်းချင်း တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုကြောင်း အရိပ်လက္ခဏာများကို ကျွန်ုပ်တို့ မတွေ့ရပါ။ မကြာမီက ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်၏ ဂယက်ရိုက်ခတ်မှုများနှင့် (၂ဝဝ၇) စက်တင်ဘာ နှစ်ပတ်လည် ဖြစ်ရပ်များ၏ အဓိပ္ပာယ်လေးနက်မှုကို ကျွန်ုပ်တို့ သိရှိပါသည်။ သို့ရာတွင် Post နေထိုင်မည့် ကာလ၊ သို့မဟုတ် ဆက်ဆံမှုတို့နှင့်ဆိုင်သော ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ ချမှတ်သည့်တိုင် ဝါရှင်တန်သို့ သွား ရောက်လည်ပတ်ခွင့်ကို အကြီးအကျယ် ထောက်ခံခဲ့သည်။

ဦးသောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများကို ရှာသင့်သည်။
---------
၁၁။ (S) ဦးသောင်းနှင့် ပွဲဦးထွက် တွေ့ဆုံရေးအစီအစဉ်ချမှတ်ရေး၊ သူ၏ အခန်းကဏ္ဍ၊ သူ၏ အခွင့်အာဏာတို့ကို စုံစမ်း လေ့လာရေး၊ ထိပ်တန်းဗိုလ်ချုပ်များနှင့် သူ တွေ့ဆုံနိုင်မည့်အဆင့်တို့ကို သိရှိရေးအတွက် မကြာမီမှာ သူနှင့်တွေ့ဆုံ ဆွေးနွေး မည့် နည်းလမ်းများ ရှာသင့်ပါသည်။ သူ့ကို ယာယီတာဝန်ခံ (Charge) အဆင့်မှာ ထားလျက် ဝါရှင်တန်အခြေစိုက် အစိုးရပိုင်းပုဂ္ဂိုလ်တဦး နှင့် (DAS အဆင့်မှာ ဖြစ်ကောင်းဖြစ်မည်) တတိယနိုင်ငံ တနိုင်ငံမှာ ပွဲဦးထွက် တွေ့ဆုံပြီးနောက် သင့်တော်သော အဆင့်တဆင့်သို့ တက်လှမ်းသင့်သည်။ ဦးသောင်းကို ပြောကြားရာ၌ ဝန်ကြီးချုပ်တင်ပြသော မြောက်ကိုရီးယားပြဿနာ၊ စစ်သုံ့ပန်းနှင့် စစ်အတွင်း ပျောက်ဆုံးသူများ (POW/ MIA) ရုပ်ကြွင်းများ ရှာဖွေရေး ကဲ့သို့ ကိစ္စများ၌ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်စလုံး အနိုင်-အနိုင်ဟု ယူဆရသော ကိစ္စများ ရှာဖွေဖော်ထုတ်ရေး အပါအဝင် ပြဿနာများကို ဖူးခက် (Phuket) ဆွေးနွေးပွဲများမှာ ဆွေးနွေးပြီး နောက် ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ သတ်မှတ်ရေးတွင် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်း ပြော ကြားသင့်သည်။

စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်စေရေး တိုက်တွန်းသင့်သည်။
-----------------
၁၂။ (S) ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်ထက်ပို၍ ရှင်းရှင်းလင်းလင်း မြင်ထားပုံမရချေ။ သူ၏ ထိပ်တန်းဦးစားပေး လုပ်ငန်း သည် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ရန်ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ ခိုင်မာပြတ်သားမှုလည်းရှိ ပျော့ပြောင်းမှုလည်းရှိသော ရပ်တည်ချက်ကိုလည်း ကောင်း၊ ဒဏ်ခတ်မှုများ (ရည်ညွှန်းချက် ဃ) အပါအဝင် ကိစ္စရပ်များတွင် စစ်အစိုးရနှင့် ဘုံရပ်တည်ချက် ပူးပေါင်းရှာလို သော ဆန္ဒကိုလည်းကောင်း အလေးထား ဖော်ပြခဲ့သည်။ -------။ ကျွန်ုပ်တို့က ဤအချက်များနှင့်ပတ်သက်၍ အကြံပြုစာ တစောင်ကို အောင်ကြည်ထံ ယာယီတာဝန်ခံမှနေ၍ ပေးပို့ခဲ့သည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် ညှိနှိုင်းကာ သူ၏ ရပ် တည်ချက်ကို ကမ္ဘာက ရှင်းရှင်းလင်းလင်း သိစေရန်နှင့် သူသည် တင်းမာပြီး အလျှော့ပေးခြင်း မရှိဟူသော စစ်အစိုးရ၏ အာဘော်ကိုလည်း ချေဖျက်ရန် သူ့ပြောစကား အချို့ကို အများသိအောင် ထုတ်ဖော်ပေးသင့်သည်။ အပြင်မှ မြန်မာနိုင်ငံ လာရောက်သူများ တိုင်းပြည်အခြေအနေကို မျှမျှတတ မြင်တတ်အောင် ကြိုးစားနေသရွေ့ ထိုသူတို့ အလည်အပတ်လာသည်ကို သူက ထောက်ခံအားပေးကြောင်း၊ စစ်အစိုးရနှင့် တွေ့ဆုံသည်ကိုပင် ထောက်ခံအားပေးကြောင်းကိုလည်း အများသိအောင် ဆောင်ရွက်ပေးသင့်ပါသည်။

အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခြင်း
---------------
၁၃။ (S) ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ချုပ်ကာလသည် ဥပဒေအရဆိုလျှင် သိပ်မကျန်တော့ချေ။ သို့ရာတွင် လက်တွေ့မှာ မည်သို့ ဖြစ်လာမည် မသေချာချေ။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို (အခြားသော နိုင်ငံရေးအကျဉ်းသား များနှင့်အတူ) လွှတ်ပေးရန် တလျှောက်လုံး တောင်းဆိုလာခဲ့ရာ လောလောဆယ်မှာ သူ့ကို သူ့ပါတီဝင်များ၊ အပြင်မှ အလည်အပတ်လာရောက်သူများနှင့် တွေ့ဆုံခွင့်ပေးရန်လည်း စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့်တွေ့ဆုံသော အခါများ၌ သူသည် သူ့ လွတ်မြောက်ရေးကိစ္စကို ပြောဆိုခဲ့ဖူးခြင်း မရှိချေ။ သို့ရာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီ ရပ်တည်ချက်အကြောင်း ဆွေးနွေးမှုများ အပါအဝင် NLD နှင့် ဆွေးနွေးမှုများ လုပ်ရန်လိုအပ်ကြောင်း အလေးထားပြောခဲ့သည်။ သူ့အရိပ်အကဲကို ကြည့်ကာ သူ့ကို ဧည်သည့်များ နှင့် ပုံမှန်ဆိုသလို အနှောင့်အယှက်ကင်းစွာ တွေ့ခွင့်ပေးရန် စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ တကယ်တမ်း စစ်အစိုးရဘက်က သူ့ကို အိမ်ချုပ်ချထားရာ၌ သတ်မှတ်ထားသော ချုပ်ချယ်မှုများကို လျှော့ပေးပြီး သူနှင့် အဓိပ္ပာယ်ရှိ သော ဆွေးနွေးပွဲလုပ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘက်က မည်သို့ တုံ့ပြန်သင့်သည်ကိုလည်း စဉ်းစားသင့်ပါသည်။ အလုပ် အမှုဆောင် အဖွဲ့ဝင်များကပင်လျှင် ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ကျနေစဉ်မှာ စစ်အစိုးရနှင့် ဆွေးနွေးပွဲဖြစ်မြောက်ပြီး တိုးတက်မှုများ ရလာနိုင်ဖွယ်ရှိသည် ဆိုနေကြသည်။

၁၄။ (S) ဆီးနိတ်အမတ်ဝက်ဘ်၏ အလည်အပတ်ခရီးအပြီး နောက်ဆက်တွဲအနေနှင့် သံရုံးအဆင့်က ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားကာ NLD နှင့် စစ်အစိုးရတို့ ကြိတ်ဝိုင်း ဆွေးနွေးပွဲကို တိုးတက်လာအောင် အမေရိကန် ဘက်က အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းကို စုံစမ်းမေးမြန်းသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ ကြိုးပမ်း မှု အောင်မြင်ပါက ဝါရှင်တန်အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို သွားရောက်တွေ့ဆုံရန် ဖြစ်နိုင်ပါလိမ့်မည်။ Post ဆီသို့ ပုံမှန်သွား ရောက်နေကျအတိုင်း သွားရင်းလည်း တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ အခြားသံတမန်အဖွဲ့များကလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရန် စဉ်းစားကာ ကျွန်ုပ်တို့နှင့် ညှိနှိုင်းလျက် ရှိပါသည်။

ကျွန်ုပ်တို့ လက်တွေ့ ကျရမည်၊ ဆွေးနွေးပွဲ ဆက်လုပ်နေရမည်။
--------------------
၁၅။ (S) ဆီးနိတ်အမတ် ဝက်ဘ်နှင့် တွေ့ဆုံဆွေးနွေးမှု တလျှောက်လုံးမှာ အောင်ဆန်းစုကြည်က "ကျမတို့မှာ ရည်မှန်းချက်တွေ အတိအကျ ရှိပါတယ်။ လိုအင်ဆန္ဒတွေလဲ အတိအကျရှိပါတယ်။ ဒါပေမဲ့ ကျမတို့က လက်တွေ့လုပ်သူတွေ ဖြစ်ပါတယ်။ ကျမတို့ ဖြေရှင်းနည်းတခုကို လိုချင်ပါတယ်" ဟု သူ၏ လက်တွေ့လုပ်လိုသော စိတ်ဓာတ်ကို အလေးထား ပြောကြားခဲ့သည်။ စစ်အစိုးရနှင့် ကြိုတင် စည်းကမ်းသတ်မှတ်ချက် မပါဘဲ ဆွေးနွေးလိုသည် ဟုလည်း သူက အလေးထား ပြောကြားခဲ့ပါသည်။ ၂ဝဝ၇ အတွင်းက အောင်ကြည်ကို "ဆွေးနွေးပွဲကို ရပ်မပစ်ပါဘူးလို့ သဘောတူထားကြရအောင်၊ ဆွေးနွေးရာမှာတော့ တဆင့်ပြီး တဆင့် ဆွေးနွေးသွားကြပါစို့" ဟု ပြောခဲ့ကြောင်း ဆီးနိတ် အမတ်ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည်။ ကျွန်ုပ်တို့၏ အမြင်အရဆိုလျှင် အမေရိကန် အစိုးရအနေ နှင့် ပြဿနာများကို တဆင့်ပြီးတဆင့် ရှင်းသွားရင်း ဆွေးနွေးပွဲများဆက်လုပ်သွားကာ ဤရည်မှန်းချက် ပေါက်မြောက် အောင် ကြိုးပမ်းသွားသင့်ပါသည်။ စစ်အစိုးရ၏ ယခုကမ်းလှမ်းချက်များကို တုံ့ပြန်ခြင်းဖြင့် ဤလုပ်ငန်းကို စနိုင်မည်ဟု ကျွန်ုပ်တို့ မြင်ပါသည်။


VAJDA
http://mizzimaburmese.com/special/burma-related-leaked-us-cables/6659-2010-12-30-09-50-32.html

ပင်လုံစိတ်ဓာတ် တည်တံ့ရေး CRPP တိုက်တွန်း


မြင့်မောင် | သောကြာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၃ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိ) ။ ။ ပင်လုံစိတ်ဓာတ် တည်တံ့နိုင်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ယနေ့ တိုက်တွန်းလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ မျှော်မျန်းခဲ့သည့် ပြည်ထောင်စု တိုင်းပြည်မျိုးကို ပြန်လည်ဖော်ဆောင်ရန် ပင်လုံစိတ်ဓာတ် လိုအပ်နေသောကြောင့် ယခုကဲ့သို့ တိုက်တွန်းရကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် အခြေခံဥပဒေကလည်း သူ့လမ်းညွှန်ချက်တွေအတိုင်း ဖြစ်ပေါ်မလာဘဲ အစိုးရအဆက်ဆက်က မကျင့်သုံးခဲ့ဘူး။ ယနေ့ခေတ် အာဏာပိုင်များက ပင်လုံစိတ်ဓာတ်ကို ခေါင်းထဲကို ထည့်သွင်းစဉ်းစားမှု မရှိတဲ့အတွက် ယခုအခါ ပင်လုံစိတ်ဓာတ် ကွယ်လုနီးပါးရှိနေတယ်’’ ဟု CRPP အဖွဲ့ဝင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’ကျနော်တို့အနေနဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်နေတဲ့အတွက် ဒုပင်လုံညီလာခံကို ပြန်လည်ခေါ်ယူပြီးတော့ ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ပြန်လည်တူးဆွပေးတဲ့ သဘောပါ” ဟု ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့အကြို စာပေဟောပွဲကို နေ့လည် ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ရာ ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်အကြောင်း ပြောဆိုခဲ့သည်။

ပင်လုံစိတ်ဓာတ်နှင့်ပတ်သက်၍ ပူးကျင်ရှင်းထန်က ’’ဟိုတုန်းက နေမဝင်သော အင်ပါယာအုပ်ချုပ်သော တိုင်းပြည်ဟာ ကျနော်တို့နဲ့ လက်နက်အားဖြင့် အများကြီး ကွာတယ်။ ဒါပေမဲ့ ကျနော်တို့ လက်နက်မဟုတ်ဘဲနဲ့ နှလုံးရည်အားဖြင့် ပင်လုံစာချုပ်ရတဲ့ သဘာတူညီချက်အရ ကျနော်တို့ ညီညီညာညာ လွတ်လပ်ရေး တောင်းတဲ့အခါမှာ လွတ်လပ်ရေး ရတယ်။ အဲဒါ ပင်လုံညီညွတ်ရေး စိတ်ဓာတ်ပဲ’’ ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

ဟောပြောပွဲတွင် သဘာပတိအဖြစ် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ဆောင်ရွက်ကာ၊ CRPP အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ စိုင်းစောအောင်ကလည်း ပင်လုံညီလာခံအကြောင်း ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ မွန်နှင့် ရခိုင်ပြည်နယ်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့မှ NLD ဗဟိုအလုပ်အမှုဆောင်များ အပါအဝင် နိုင်ငံရေးစိတ်ဝင်စားသည့် လူငယ် ၁ဝဝ ခန့် တက်ရောက်ခဲ့သည်။

ဖဆပလ ညီလာခံမှစ၍ ပင်လုံညီလာခံ ဖြစ်တည်မှု၊ ခွဲထွက်ရေး မဟုတ်သည့် ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စု နိုင်ငံသစ် ပေါ်ပေါက်ရေး ရည်မှန်းချက်များကို CRPP တာဝန်ရှိသူများက ဟောပြောခဲ့ပြီး၊ NLD လူငယ်နှင့် ပြင်ပမှ လူငယ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

“ယနေ့ကာလနဲ့ လျော်ညီတဲ့ ဒုတိယပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေးအတွက် လိုအပ်ချက်တွေ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပင်လုံစိတ်ဓာတ် ဆက်နွှယ်နေပုံ၊ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကိစ္စတွေကို အကျေအလည် ရှင်းလင်းဆွေးနွေးခဲ့ကြတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေ အခြေခံသည့် လွှတ်တော်ခေါ်ရေးသည် လက်ရှိပြည်တွင်းရေး ပြဿနာများ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးအောက်မှုအောက်တွင် ဆောင်ရွက်မှသာလျှင် ရနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေးဆိုတာ ကျမတို့ ရည်မှန်းလုပ်ဆောင်နေတဲ့ အချက်ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ’’ ဟု နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မဇ္ဈိမသတင်းထောက်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး သဘောတူညီမှုပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

ဒုတိယပင်လုံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း ကလေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ကာ ကျင်းပရန် စတင်အဆိုပြုခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ခဲ့ပြီးနောက် ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ရန် တာဝန်လွှဲပြောင်းပေးခဲ့သည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ၇ ချက်မှာ -

(၁) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ရမည်။

(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိရမည်။

(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။

(၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်းအခွင့်အရေးနှင့် ဥပဒေ သက်သေခံမှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင်၊ တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။

(၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်း ထားရှိစေရမည်။

(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာ စိုးမိုးပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိရမည်။

(၇) ရာဇဝင်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ဂုဏ်ကျကိသရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေပြု၍၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုလျက်၊ နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။
http://www.mizzimaburmese.com/news/inside-burma/6813---crpp-.html

အမှန်တရားအတွက် ဆိတ်ဆိတ် မနေနိုင်

ကိုယ့်တိုင်းပြည် တဖြည်းဖြည်း ဇီဝိန်ချုပ်နေတာကို ကြည့်နေရတာ ကြေကွဲစရာ ကောင်းပါတယ်။ မြန်မာပြည်မှာ ဒီကနေ့ ဖြစ်နေတာတွေကို ကြည့်ရတာ မြန်မာနိုင်ငံသား သန်းပေါင်း များစွာသော တခြားလူတွေအတိုင်း ကျနော့်မှာ စိတ်ပျက်အားလျော့လိုက်၊ အော့နှလုံး နာလိုက်၊ ဒေါသထွက်လိုက်ပေါ့။ အခြေအနေတွေကတော့ ၁၉၈၈ စစ်တပ် အာဏာသိမ်းတုန်း ကတည်းက ကျခဲ့တဲ့သွေးတွေ မတိတ်သေးဘူးလို့ပဲ ဆိုရမယ်။

မြန်မာပြည်မှာ အနှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ မနှစ်ကရွေးကောက်ပွဲဆိုတာကလည်း ဒီ သွေးထွက်သံယိုမှု တွေကို လိမ်လည်မှုဆိုတဲ့ ပိတ်စိမ်းပါးနဲ့ပတ်ပြီး ရပ်တန့်အောင်ကြိုးပမ်းတဲ့ အားထုတ်မှုတခုပဲ ဖြစ်ပါတယ်။“ရွှေဝါရောင်တော်လှန်ရေး” လို့ အမည်တွင်တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့ပြီး မကြာခင်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာရ ဗိုလ်ချုပ်ကြီးတွေက ကြေညာခဲ့တာဟာ တိုက်ဆိုင်မှု လုံးဝ မဟုတ်ပါဘူး။ သွေးချင်းနီနေတဲ့ ခန္ဓာကိုယ်တွေရဲ့ မှတ်တမ်း ပုံရိပ်တွေကို ချေဖျက်ပစ်ဖို့ သူတို့ တခုခု လုပ်မှကို ရမှာလေ။

နိုင်ငံရပ်ခြားက လက်တဆုပ်စာ “မြန်မာ့အရေး ကျွမ်းကျင်သူတွေ” စစ်အစိုးရကို မျက်နှာလို မျက်နှာရ လုပ်နေသူတွေနဲ့ အခြေ အနေကို ဂဃနဏ မသိတဲ့ တလွဲ ဆံပင်ကောင်း လူသားချင်းဆိုင်ရာ အကူအညီပေးသူတွေက တမျိုးပြောနေပေမယ့် မြန်မာပြည် ဟာ အခုထိ အနှစ် ၂၀ ကျော် ဒဏ်ရာဒဏ်ချက်တွေက ပြန် နာလန် မထနိုင်သေးဘူး။ ဘက်လိုက်မှုမရှိတဲ့ ဘယ် မြန်မာပြည်သား မဆို နိုင်ငံဟာ လူမှုရေး၊ စီးပွားရေး ဆုတ်ယုတ်မှုတွေကြားမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပဲလို့ ပြောမှာပါ။ စစ်အစိုးရရဲ့“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ခေတ်သစ်မှာ နောက်ထပ် နိုင်ငံရေး အကျပ်အတည်း ဒါမှမဟုတ်လည်း တိုင်းရင်းသား ပဋိပက္ခ အခြေခံ ပြည်တွင်းစစ် ကိုပဲ မျှော်လင့်လို့ ရမှာကိုး။

နာကျင်စရာတွေ ပြည့်နှက်နေတဲ့၊ သွေးထွက်လွန်နေတဲ့ မြန်မာပြည်ကို မျက်နှာလွှဲခဲပစ် ဥပေက္ခာပြုလိုက်ဖို့ ကျနော်တို့ နှလုံးသားနဲ့ ဦးနှောက်က ခွင့်မပြုခဲ့ဘူး။ ဖိစီးနှိပ်စက်မှု ဒါမှမဟုတ်လည်း ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်အောင် အိမ်နီးချင်း ထိုင်းနိုင်ငံဆီ တိမ်းရှောင်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသား၂ သန်းလောက်ရဲ့မျက်ဝန်းတွေကလည်း ကျနော်တို့ကိုတုန်လှုပ်အောင် လှုပ်နှိုးနေခဲ့တယ်။

ကံကောင်းတာကတော့ ပြည်တွင်းနဲ့ ကမ္ဘာတဝန်းက မြန်မာပြည်သူ သန်းပေါင်းများစွာဟာ အခြေအနေဆိုးက ရုန်းထွက်နိုင်အောင် တွန်းလှန်နေကြတာပါပဲ။ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်မကြီးနာမည်ကို ယူထားတဲ့ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ အနေနဲ့ ကျနော်လည်း ကျနော့်နည်း ကျနော့်ဟန် တွန်းလှန်နေခဲ့ပါတယ်။ ပြည်ပရောက် အခြား စာနယ်ဇင်းသမားတွေ နဲ့ ပူးပေါင်းပြီး စစ်အစိုးရရဲ့ မုသာဝါဒ လှိုင်းတွေကို တားဆီး တွန်းလှန်ရင်း အမှန်တရား သတင်းမြစ်ကြီးကို စီးဆင်းစေခဲ့တယ်။

စာနယ်ဇင်းသမားတွေအနေနဲ့ အမှန်တရားကို ပြောရမယ်ဆိုတာကို ယုံကြည်တဲ့အတွက်နဲ့ သတင်းရင်းမြစ် အသီးသီးက ရလာတဲ့ အချက်အလက် ပုံစံအမျိုးမျိုးကို တင်ပြရတဲ့အတွက် ဘယ်လိုမှ နောင်တမရခဲ့ဘူး။ နိုင်ငံရေးအရလည်း ဘယ်သူ့ဘက်ကိုမှ ကျနော် တို့ ဘက်လိုက်ပြီး မရပ်တည်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားနည်းချက်တွေကို ကျနော်တို့ ရှာဖွေ ထောက်ပြခဲ့သလို စစ်အစိုးရနဲ့ အခြား အရေးပါတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမှားအယွင်းတွေကိုလည်း ကျနော်တို့ ရှာဖွေဖော်ပြခဲ့တယ်။ ဒါပေမယ့် အမှန်တရားကို ရိုးရိုးသားသား ပြောဆိုရဲသူ သတ္တိရှင် သူရဲကောင်းတွေဘက်က ကျနော်တို့ အမြဲတမ်း ရပ်တည်ပြီး တင်ပြခဲ့တာဖြစ်ပါတယ်။

ဒါဟာ အမြဲတမ်း လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ ၁၉၉၃ ခုနှစ် ဧရာဝတီ စတင် တည်ထောင်စဉ်ကတည်းက ပုံမှန်ထွက်ရှိခဲ့တဲ့ ပုံနှိပ်မဂ္ဂဇင်းကို အဆုံးသတ်ဖို့ မကြာသေးခင်ကပဲ ကျနော်တို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတယ်။ အကန့်အသတ်ရှိတဲ့ လူအင်အားနဲ့ ငွေကြေး အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးပြုပြီး ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်ဆီ ရောက်အောင် ကြိုးစားမယ် ဆိုတဲ့စိတ်ကတော့ မြင့်မြင့်မားမား ရှိနေဆဲပါ။ လောလောဆယ်မှာလည်း မြန်မာ၊ အင်္ဂလိပ် ဝက်ဘ်ဆိုဒ်တွေနဲ့ ဘလော့အပြင် နော်ဝေးနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံအတွက် ရုပ်မြင်သံကြားအစီအစဉ်တွေနဲ့ ဝါရှင်တန် အခြေစိုက် လွတ်လပ်  သော အာရှ အသံအတွက် ရေဒီယို အစီအစဉ်တခုကိုလည်း ကျနော်တို့ စီစဉ်ထုတ်လုပ်နေပါတယ်။

အဲဒီ ကြိုးပမ်းအားထုတ်မှုတွေအားလုံးအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ အထောက်အပံ့ကို အမှီသဟဲ ပြုရပါတယ်။ ဒါ့ကြောင့် လည်း ဘဏ္ဍာရေးအခြေအနေဟာ အမြဲတမ်း အနိမ့်အမြင့်နဲ့ ကြုံတွေ့နေခဲ့ရတယ်။ ဒါပေမယ့် အခက်အခဲတွေကြားကပဲ ကျနော်တို့ ရှင်သန် ကြီးထွားနိုင်ခဲ့တယ်။ ဧရာဝတီဟာ ၁၉၉၃ စတင်တည် ထောင်ချိန်မှာ သတင်းထောက် ၂ ယောက်၊ ၃ ယောက်နဲ့ ငွေကြေး အထောက်အပံ့ အမေရိကန်ဒေါ်လာ ၂၀၀၀ လောက်ပဲ ရှိခဲ့ရာကနေ မနှစ်ကဆိုရင် ပြည်တွင်းပြည်ပ သတင်းထောက်တွေအပါအဝင် ဝန်ထမ်း ၆၀ နီးပါးနဲ့ လုပ်ငန်းလည်ပတ်ခဲ့တဲ့အပြင် ဘတ်ဂျက်ကလည်း ဒေါ်လာ တသန်း နီးပါး ရှိခဲ့ပါတယ်။ ဘဏ္ဍာရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အဝေးကြီးလိုနေသေးတယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေမှာ ဘယ်သူမှ ဝင်မစွက်နိုင်အောင် အမြဲတမ်း ထိန်းသိမ်းကာကွယ်ခဲ့ပါတယ်။ ဒီအပေါ်မှာလည်း အလှူရှင်အများစုက လေးစား အသိအမှတ်ပြုကြတယ်။            

မကြာသေးခင်ကတော့ အလှူရှင်အသိုင်းအဝိုင်းမှာ ကျနော်တို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ မြင်တွေ့ခဲ့ရတယ်။ စစ်အစိုးရက ဝေဖန် အတိုက်အခံပြုသူတွေကို ချိနဲ့သွားအောင် စစ်ဆင်ရေးလုပ်နေချိန်မှာ အလှူရှင်တချို့က ကျနော်တို့ကို စွန့်ခွာဖို့ လုပ်လာခဲ့ကြတယ်။ အလှူရှင်အဖွဲ့တခုက ကျနော်တို့မသိဘဲ အခြားအလှူရှင်တွေဆီကို မနှစ်တုန်းက အီးမေးလ် တစောင် ပို့ခဲ့ပါတယ်။ ကျနော်တို့ဟာ သူတို့ရဲ့ အထောက်အပံ့နဲ့ ဆက်ပြီး မထိုက်တန်တော့ဘူးလို့ သူတို့အနေနဲ့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း စာထဲမှာ ဆိုခဲ့ပါတယ်။ ကျနော်တို့ကို “အလှူရှင် နောက်မြီးဆွဲ” တွေလို့လည်း အီးမေးလ်ထဲမှာ စွပ်စွဲထားသေးတယ်။ ဒီအသုံးအနှုန်း ဟာ စစ်အစိုးရကို သံယောင်လိုက်တဲ့ အသုံးအနှုန်းပါ။ ဒီ “သတင်း” ကို စစ်အစိုးရရဲ့သတင်းဌာနတွေက အလျှင်အမြန် ထုတ်လွှင့်ကြ တဲ့ အပြင် ဧရာဝတီ ဇတ်သိမ်းခန်း ရောက်တော့မယ်လို့တောင် ဆိုကြတယ်။

ငွေတွေကို မြန်မာပြည်ထဲမှာ သုံးတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့ အလှူရှင်တချို့ရဲ့အေးစက်သွားတဲ့ ဆက်ဆံရေးဟာ  ကျနော်တို့ချည်း သက်သက်အတွက်တော့ မဟုတ်ပါဘူး။ ရေရှည်ထောက်ပံ့ခဲ့ကြတဲ့ အလှူရှင်အများစုရဲ့ အကူအညီကို ကျနော်တို့ ဆက်လက် ရယူသွားနိုင်သေးပေမယ့် အန္တရာယ်ရှိနေတဲ့ အနေအထားတခုကတော့ အလှူရှင်တချို့အနေနဲ့ စစ်အစိုးရရဲ့လမ်းကြောင်း ဖြစ်တဲ့ ပြည်ပက လူမှုအခြေပြု အဖွဲ့တွေနဲ့ ဒုက္ခသည် အကူအညီ ပေးရေးအဖွဲ့တွေကို ကူညီနေတာဟာ မြန်မာပြည် ပဋိပက္ခကို ကြာရှည်စေယုံ သက်သက်ပဲဖြစ်တယ်ဆိုတဲ့ လမ်းကြောင်းကို ခင်းနေကြတာပဲ ဖြစ်တယ်။ ရွေးကောက်ပွဲဟာ မြန်မာပြည် ကို အကျပ်အတည်းကြားက လွတ်မြောက်သွားစေမယ့်လမ်းလို့ သူတို့က ဆိုကြတယ်။

သူတို့ တကယ်ပဲ အဲ့ဒီလို ယုံနေကြသလား။

မြန်မာ့ နိုင်ငံရေးကို ချိန်ချိန်ဆဆနဲ့ လေ့လာစောင့်ကြည့်နေသူ ဘယ်သူမဆို ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ အပေါစား ဟာသပြဇာတ် သက်သက် ဆိုတာကလွဲလို့ အခြား ဘယ်လိုပုံစံနဲ့မှ အသိအမှတ်ပြု မရ ဖြစ်နေရတယ်။ ဒါပေမယ့် မယုံနိုင်စရာကောင်းတာက စစ်အစိုးရလက်ဝေခံ အဖွဲ့အစည်းတချို့ဟာ သူတို့ကိုယ်သူတို့ နိုင်ငံတကာအလှူရှင်တွေအတွက် အလားအလာရှိတဲ့ “ပါတနာ” တွေလိုမျိုး ပြုမူဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး လှစ်ဟပြဖို့ ကျနော်တို့ရဲ့ အားထုတ်မှုနဲ့ ရွေးကောက်ပွဲ သတင်းပေးပို့ချက်တွေအပေါ် အနုတ် သဘော ဆောင်တယ်လို့ ကျနော်တို့ကို အနောက်နိုင်ငံသား အလှူရှင် တချို့က ဝေဖန် ကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ စာနယ်ဇင်း လောကအတွက် အဆုံးစွန် အံချော်မှုလို့ပဲ ဆိုရပါတော့မယ်။ စာပေစိစစ်ရေး ရဲ့ ပြုသမျှ ခံနေရတဲ့ ပြည်တွင်းက ကျနော့် လုပ်ဖော်ကိုင်ဖက်တွေက စာနာ နားလည်ပေးကြတယ်။ ဧရာဝတီ ကလည်း “လွတ်လပ်”တဲ့ ကမ္ဘာကြီးမှာ နေတဲ့သူ တချို့ မကြားချင်တဲ့ သတင်းဆိုးတွေကိုမှ ဖော်ထုတ် တင်ပြနေတာကိုး။

ပြည်တွင်း စာနယ်ဇင်းသမားတွေက သိပါတယ်။ မကြာသေးခင်က ပြည်တွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ “ပုဂ္ဂလိကပိုင်ပြုရေး” ဆိုတာတွေဟာ တိုင်းပြည်ရဲ့ ဓနဥစ္စာကို စစ်အစိုးရရဲ့ အပေါင်းအပါ ဒါမှမဟုတ် ဆွေမျိုးတွေဆီ တရားဝင် လွှဲပြောင်းတာသာဖြစ်ပြီး ဒါဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှု လက္ခဏာ မဟုတ်ဘူးဆိုတာ သူတို့ သတင်းရေးမရဘူး။ ငါ့မြင်း ငါဆိုင်း စီးပွားရေးလုပ်ငန်း ရှင်တွေ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားလုပ်တဲ့အခါတိုင်း ရာဂဏန်း ဒါမှမဟုတ် ထောင်ချီတဲ့ ပြည်သူတွေ သူတို့အိမ်ကနေ ကတိုက်ကရိုက် မောင်းထုတ်ခံရတာမျိုး သူတို့ သတင်းရေးမရဘူး။ အလားတူပဲ ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေက ရန်ကုန်မှာရှိတဲ့ နိုင်ငံ ပိုင် အချက်အချာ နေရာတွေနဲ့ အဓိက အဆောက်အအုံတွေကို သိမ်းယူတာ ဒါမှမဟုတ် စစ်အစိုးရ အပေါင်းအပါတွေက သန်းချီတဲ့ ဒေါ်လာတွေကို လုံခြုံအောင် စင်ကာပူဘဏ်တွေမှာ အပ်နှံထားတာတွေနဲ့ ဈေးကြီးတဲ့ ကွန်ဒိုတွေ နိုင်ငံခြားမှာ ဝယ်တဲ့ကိစ္စမျိုးတွေကိုလည်း ပြည်တွင်းမီဒီယာတွေက ရေးသား တင်ပြလို့ မရပါဘူး။ ဒီတော့ ဒီလိုကိစ္စမျိုးတွေကို ထုတ်ဖော်တင်ပြဖို့တာဝန်ဟာ ကျနော်တို့ ပုခုံးပေါ် ကျရောက်လာပါတယ်။

ချုပ်ရရင် ကျနော်တို့ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ဘူး၊ မကြာခင် ဆုံးခန်းတိုင်သွားတော့မှာလို့ ဗိုလ်ချုပ်ကြီးတွေနဲ့ အပေါင်းအပါတွေ က ထင်ချင် ထင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့အထင် မှားပါလိမ့်မယ်။ ကျနော်တို့အလုပ်ကို ကျနော်တို့ တခုတ်တရ ထိန်းထားနိုင်တာဟာ အနောက်နိုင်ငံတွေကရတဲ့ ငွေကြေးအထောက်အပံ့ကြောင့် မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်တွေကို ကြား သိချင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့်သာ ဖြစ်ပါတယ်။ စစ်အစိုးရက သူတို့ရဲ့သိခွင့်ကို ငြင်းပယ်နေ သမျှ ကျနော်တို့ရဲ့ တိုက်ပွဲဟာလည်း ဆက်လက် တည်ရှိနေမှာပါ။

ဇန်နဝါရီ ၂၅ ရက်နေ့ Wall Street Journal မှာ ပါတဲ့ Speak Truth to Burma by Aung Zaw ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။
http://www.bur.irrawaddy.org/index.php/editorial/2009-02-27-05-56-44/5584-2011-01-28-07-03-23

လွှတ်တော်အောက်ခြေလူတန်းစား

လွှတ်တော်ကိုယ်စားလှယ်များ အနေအစားခက်

E-mail Print
“ရေချိုးမယ် ဆိုပြီး ရေခလုတ် ဖွင့်လိုက်တော့ ရေအနီရောင်တွေ ထွက်လာတယ်။ ဒီနေ့ အထိတော့ ရေမချိုးသေးဘူး” ဟု  လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှ ရေချိုးခန်းတခု၏ အခြေအနေကို ပြောပြသည်။

parliament_form_Naypyi_Taw_by_economist
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံကို အဝေးမှမြင်ရစဉ်(ဓာတ်ပုံ - economist)
ဦးဘရှင်သည် ဇန်ဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး တက်ရောက်ရန် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် မြို့တော်သစ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုရန် စီစဉ်ပေးထားသည့် စည်ပင်ဧည့်ရိပ်သာသို့ ရောက် ရှိနေသည်မှာ ၂ ရက်ခန့်ရှိပြီ ဖြစ်သည်။

၎င်းသည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျောက်ဖြူ မြို့နယ်မှ အရွေးချယ် ခံထားရသော ကိုယ်စားလှယ် ဖြစ်သည်။

လာမည့် တနင်္လာနေ့တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်သို့ အရပ်သားနှင့် တပ်မတော်သား ကိုယ်စားလှယ်ပေါင်း ၆၆၄ ဦး တက်ရောက်ကြမည် ဖြစ်ပြီး ပထမဦးစွာ ကျမ်းသစ္စာ ကျိန်ဆို၍ လွှတ်တော်အတွက် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများ၊ သဘာပတိ အဖွဲ့နှင့် ဒု-သမ္မတ များကို ရွေးချယ်ကြမည် ဖြစ်သည်။

ကိုယ်စားလှယ်များ နေထိုင်ရန် စည်ပင် ဧည့်ရိပ်သာအား သီးသန့် စီစဉ်ပေးထားသော်လည်း တခြားသော နေရာများ၌ နေထိုင်လိုပါက  သက်ဆိုင်ရာကို အကြောင်းကြား၍ နေထိုင်နိုင်သည်ဟု ကိုယ်စားလှယ်များက ဆိုသည်။

စစ်အစိုးရ သတ်မှတ်ပေးထားသော စည်ပင်ဧည့်ရိပ်သာ၌ အခက်အခဲ တချို့ရှိသော်လည်း  အထွေထွေစရိတ်များ ကြီးမြင့်မှုကြောင့် တခြားသို့မပြောင်းနိုင်ကြဘဲ အဆိုပါ ဧည့်ရိပ်သာ၌ပင် ကိုယ်စားလှယ် အများစုက နေထိုင်ကြသည်ဟု သိရသည်။

သို့ရာတွင် ကြံ့ဖွံ့ပါတီ၏ ထိပ်တန်း ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်များသည် အဆင့်မြင့် ဟိုတယ်ကြီးများ၌ တည်းခိုကြသည်။

“ကျနော်က Mount Pleasant ဟိုတယ်မှာပဲ တည်းပါတယ်။ အကုန်လုံးကတော့ စပါယ်ရှယ်ပါပဲ။ ဒီဟိုတယ်က နေပြည်တော်မှာ အကောင်းဆုံးနဲ့ ဈေးအကြီးဆုံး ဟိုတယ်တခုပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေက ပြောသည်။

ထိုဟိုတယ်၏ တည တည်းခိုစရိတ်သည် အနည်းဆုံး ကျပ် ၅ သောင်းမှ ၄ သိန်း အထိရှိပြီး ဒေါ်လာငွေဖြင့်သာ လက်ခံသော ဟိုတယ်တခု ဖြစ်သည်။

ဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ၏ တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ် ကိုယ်စားပြုကာ အမျိုးသား လွှတ်တော်မှ အနိုင်ရထားသော ကြံ့ဖွံ့ကိုယ်စားလှယ် ဖြစ်သည်။

“ကျနော်က လွှတ်တော်ပြီးတဲ့အထိ ဟိုတယ်မှာပဲနေမယ်။ အစည်းအဝေးကိုလည်း ကိုယ့်ကားနဲ့ကိုယ် တက်မှာပါ။ ဟိုတယ်အသင်းရဲ့ ဥက္ကဋ္ဌ ဆိုတော့ အကုန်လုံးနီးပါးက အလကားလို ရပါတယ်” ဟု ဦးခင်ရွှေက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် အစိုးရ စီစဉ်ထားသည့် စည်ပင်ဧည့်ရိပ်သာ၏ ထမင်းဆိုင်များ၌ ကိုယ့်အစီအစဉ်နှင့်ကိုယ်မိမိ ကြိုက်နှစ်သက်ရာ ဟင်းများကို မှာယူစားသုံးနိုင်ပြီး ထမင်းဟင်း စုပုံထားသည့် ထမင်းတပန်းကန်လျှင် ၁၅၀၀ ကျပ် ပေးရ သည်ဟု သိရသည်။ ထပ်မံမှာယူပါက ဟင်းအမျိုးအစားပေါ် မူတည်၍ အပိုကြေး ပေးရမည်ဖြစ်သည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အများစုမှ အပ တခြားသောနိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များသည် ဈေးချိုသော စည်ပင်ဧည့် ရိပ်၌သာ နေထိုင်ကြသည်ဟု သိရသည်။ ဧည့်ရိပ်သာ၏ တညတည်းခို စရိတ်သည် ၁၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်ရှိသည်။

စည်ပင်ဧည့်ရိပ်သာသည် လွှတ်တော်အဆောက်အအုံနှင့် ၁၀ မိုင်ခန့်ဝေးကွာပြီး အကြိုအပို့ မော်တော်ကားများ စီစဉ်ထားမည်ဟု ကိုယ်စားလှယ်များက ပြောသည်။

စည်ပင်ဧည့်ရိပ်သာရောက် ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သောက်ရေအား ပြင်ပမှ ၀ယ်ယူသောက်သုံး၍ အဆင်ပြေကြသော်လည်း ရေချိုးခန်းမှ အနီရောင်ရေကြောင့် အခက်ကြုံနေကြသည်ဟု သိရသည်။

လွှတ်တော် စတင်တော့မည် ဖြစ်သော်လည်း လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကိုယ်စားလှယ် အများစုက မသိကြသေးဟု ဆိုကြသည်။

“လွှတ်တော်နဲ့ ပတ်သက်ပြီး ဘာမှ မသိသေးတော့ ဘာတွေ ဆွေးနွေးရမယ်ဆိုတာ လွှတ်တော်ထဲ ရောက်တဲ့နေ့မှပဲ သိရမယ်။ ဘယ်နှရက်ကြာမယ် ဆိုတာလဲ မသိသေးပါဘူးဗျာ” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။

ဦးစိုးဝင်းသည် ၁၉၉၀ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ရွေးကောက်ခံခဲ့ရသော ကိုယ်စားလှယ် တဦးဖြစ်ပြီး ယခုလွှတ်တော်သည် ၎င်းအတွက် ပထမဆုံး တက်ရောက်ရမည့် လွှတ်တော်ဟု ဆိုသည်။

“ထူးထူးခြားခြား စိတ်လှုပ်ရှားမှုမျိုးတော့ မရှိပါဘူး” ဟု ဦးစိုးဝင်းက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ် ဦးမင်းမျိုးတင့်လွင် ကလည်း “လွှတ်တော်ဆိုတာက ကျနော်တို့အတွက် အစိမ်းသက်သက်ကြီး ဖြစ်နေတယ်။ တိုင်းရင်းသား အရေးတွေ ဆွေးနွေးပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှသေချာ မသိသေးပါဘူး” ဟု ဆိုသည်။

ကိုယ်စားလှယ်များသည် လွှတ်တော်တက်ရောက်ရန် လှုပ်ရှားတက်ကြွ နေကြသော်လည်း ပြည်သူများကမူ လွှတ်တော်နှင့် ပတ်သက်၍ သိရှိမှု၊ စိတ်ဝင်စားမှု နည်းကြောင်း သိရသည်။

ရန်ကုန်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကလည်း နိုင်ငံရေးစိတ်ဝင်စားသူ တချို့မှအပ ပြည်သူလူထုက လွှတ်တော် အကြောင်း သိခြင်း၊ စိတ်ဝင်စားခြင်း မရှိကြဟု ပြောသည်။

“မဆလ ခေတ် လွှတ်တော်က တပါတီစနစ်၊ အခုလွှတ်တော်က ပါတီစုံပါဝင်တယ်။ ဒီမိုကရေစီ ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေ ပါဝင်တာက မဆလနဲ့ကွာတယ်။ ဒါပေမယ့် ထုတ်ထားတဲ့ ဥပဒေတွေက တင်းကျပ်နေတော့ မဆလ လွှတ်တော်နဲ့ ဘာမှ မထူးခြားပါဘူး” ဟု ၎င်းက ဆိုသည်။

ဦးစိုးဝင်းက စည်ပင်ဧည့်ရိပ်သာ၌ ကြံ့ဖွံ့ပါတီဝင်တချို့နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီကိုယ်စားလှယ် တချို့ တည်းခိုလျက်ရှိကြောင်း၊ သို့သော် မိတ်ဆွေအဖြစ် နှုတ်ဆက်ရုံမှအပ နိုင်ငံရေးနှင့်ပတ်သက်သော ဆွေးနွေးပြောဆို မှုများမရှိကြကြောင်း ပြောသည်။

ကိုယ်စားလှယ်များ၏ နေထိုင်စားသောက်မှု စရိတ်များကို သက်ဆိုင်ရာ လွှတ်တော်ရုံးအဖွဲ့ထံ၌ သတ်မှတ်ချိန်အတိုင်း ထုတ်ယူရန် ခွင့်ပြုထားကြောင်း ဦးစိုးဝင်းက ဆိုသည်။

ကိုယ်စားလှယ် တဦးလျှင် ကျပ် ၃ သိန်းထုတ်ပေးသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ် ဦးမင်းမျိုးတင့်လွင်က ပြောသည်။

ကိုယ်စားလှယ်အများစုသည် လွှတ်တော်အဆောက်အအုံသို့ ယခုထိ မရောက်ဘူးကြသေးကြောင်း ပြောကြသည်။

“အထဲကိုတော့ မရောက်ဖူးသေးဘူးဗျ။ ဒါပေမယ့် အဝေးက လှမ်းမြင်နေရတာတော့ တကယ့်နန်းတော်ကြီး အတိုင်းပါပဲဗျာ” ဟု မွန်ပါတီ၏ ကိုယ်စားလှယ် ဦးမင်းမျိုးတင့်လွင်က ဆိုသည်။
http://www.bur.irrawaddy.org/index.php/news/5585-2011-01-28-11-14-21

ကိုဝင်းဗိုလ်အတွက် သံဝေဂ စာတမ်း

___________

ရောင်နီလာနံနက်ခင်းဆီသို့ ( အပိုင်း ၄ )

သမိုင်းသင်တယ်ဆိုတာ “ မအ ” အောင်လို့ ဆိုပြီး သမိုင်း ပါမောက္ခကြီး ဆရာ ဒေါက်တာသန်းထွန်းကပြောခဲ့ဘူးတယ်။ ပစ္စုပန်တည့်တည့်ရှု့ပါဆိုတာ လောကုတ္တရာအရမှန်ပေမဲ့ လောကီခရီးစဉ်မှာတော့ အတိတ်ဖြစ်ခဲ့တဲ့ သမိုင်းဟာ သိပ်အရေးပါလှပါတယ်။သမိုင်းကိုချန်လှပ်ပြီး ပစ္စုပ္ပန်နဲ့အနာဂါတ်ကိုလှမ်းဘို့ဆိုတာ ဆားမပါတဲ့ဟင်းတခွက်ကိုစားရသလိုပဲဖြစ်နေပါလိမ့်မယ်။

ဒီနေ့ မနက်စောစော ကျနော့်ဆီကို ကိုသွေးတို့ လေးယောက်သားအုပ်စုရောက်လာကြတယ်လေ၊သူတို့ပြောပြမှ ဘုန်းကြီးဆွမ်းကြွေးဖိတ်ထားလို့သွားကြမလို့တဲ့..အကို့ကိုလည်းဖိတ်ခိုင်းလို့လာခေါ်တာတဲ့..မြို့မရပ်ကွက်ထဲက မသီရိစု တို့အိမ်မှာ..ကျနော် သီရိစုကို သိနေတာတော့ကြာပါပြီ..သူက နိုင်ငံရေးနဲ့ပတ်သက်လာရင် အမြဲတက်ကြွနေတတ်သူတယောက် နောက် မဟုတ်မခံစိတ်ရှိတယ်၊အမှန်တရားကိုမြတ်နိုးတတ်တယ်၊ ထက်အောင် ကတဆက်ထဲ..မက်ဆေ့တခုပါထပ်ပေးလာတယ်..ကျနော်တို့အေးအေးဆေးဆေးဆွေးနွေးဘို့ အိမ်အပေါ်ထပ်မှာစီစဉ်ထားတယ်တဲ့…ဒါနဲ့ ကျနော်လည်း လူငယ်အုပ်စုတွေနဲ့ထလိုက်လာခဲ့တယ်….ဘုန်းကြီးဆွမ်းကြွေးတဲ့ သီရိစုတို့ အိမ်ရောက်တော့ လူလည်းသိပ်မရှိတော့ပါဘူး….သူကကျနော်တို့ အုပ်စုကိုလှိုက်လှိုက်လှဲလှဲကြိုဆိုရင်း….

“ ချမ်းမြေ့တို့အုပ်စုတွေ လာမှလာပါ့မလားလို့..ငါဖြင့်မျှော်နေလိုက်ရတာ..တခါတည်း ကိုမောင်မောင်ဝမ်း ပါခေါ်လာတော့ ၀မ်းသာလိုက်တာဟယ်….နောက်တောင်ကျနေတယ်.. ” သီရိစုကပြောပြောဆိုဆိုနဲ့ မုန့်ဟင်းခါးပွဲတွေကိုပြင်ရင်းပြောနေတော့ စန်းမောင်က……

“ အင်း..နောက်ကျသွားတော့ မုန့်ဟင်းခါးဟင်းရည်တော့….ရေရောပြီးလောက်ပြီးထင်တယ်..”

“ စန်းမောင်ရယ်..ငါနင်တို့ဘို့ သီးခြားကိုဖယ်ထားတာ..မပူပါနဲ့..ရေမရောပါဘူး..စိတ်ချပါ…ရေနွေးပဲရောတာပါ ” အားလုံးပွဲကျသွားကြတယ်..အညာမုန့်ဟင်းခါးကိုအားရပါးရစားအပြီးမှာတော့..သီရိစုက…ကျနော်တို့အားလုံးကို သူ့အိမ်အပေါ်ထပ်ခေါ်သွားပြီး လဘက်ရည်၊ အချိုပွဲတွေနဲ့ဧည့်ခံတယ်..

“ ဒါက..အထူးအစီအစဉ်လေ….အောက်ထပ်မှာဆို..ဧည့်သည်တွေလာရင်..စကားကောင်းကောင်းပြောလို့မရမှာဆိုးလို့..အ ပေါ်ထပ်မှာ စီစဉ်ထားတာ…နိုင်ငံရေးစကားဝိုင်းလေး..လုပ်ချင်နေတာကြာပြီ…အခြေနေမပေးတာနဲ့..မလုပ်ဖြစ်သေးတာ..ထက်အောင် တောင်ပြောမိသေးတယ်..အမ..တို့မိန်းခလေးတွေမှာခက်တယ်..ယောကျာင်္းလေးတွေလို..လဘက်ရည်ဆိုင်ထိုင်ဘို့က လည်းမသင့်တော်ဆိုတော့..ငါ နင်တို့နဲ့ရော..အကို..ကိုမောင်မောင်ဝမ်းနဲ့ရော နိုင်ငံရေးအကြောင်းဆွေးနွေးတာတွေ အရမ်းနားထောင်ချင်တာဟယ်….” သီရိစုက လဘက်ရည်ခွက်ထဲကို လဘက်ရည်လိုက်ဖြည့်ပေးရင်းနဲ့ပြောလိုက်တော့…

“လောကမှာ အဲဒါကြောင့်ပြောတာပေါ့..ပြဌာန်းထားတဲ့ ဥပဒေက..ပြန်ဖျက်လို့ရတယ်..” ကျနော်စကားစလိုက်တယ်ဆိုရင်ပဲ..အားလုံးက လဘက်ရည်ခွက်တွေကိုသောက်မလို့ဟန်ပြင်ရင်းကနေ နားစွင့်လိုက်ကြတယ်…

“ မပြဌာန်းပဲနဲ့ တည်နေတဲ့ ဥပဒေကဖျက်လို့ကိုမရဘူး…” ဆိုတော့ စန်းမောင်က..လဘက်ရည်ခွက်ကိုချလိုက်ပြီး

“ အကို..ဘာကိုဆိုလိုတာလည်း..ရှင်းပြပေးပါ့လား ”

“ ဒီလိုကွာ..ဥပမာ…ဥပဒေတခုကို အစိုးရက ဒါမှမဟုတ် လွှတ်တော်က ပြဌာန်းလိုက်ပြီဆိုပါတော့…အဲဒီ ဥပဒေကို လက်မခံနိုင်တော့တဲ့ အခါ ပြန်ဖျက်လို့ရတယ်…တို့ အခု နအဖက ပြောနေတဲ့ ဟာတခုကွာ…လွှတ်တော်ထဲကို အလိုအလျှောက် စစ်ဗိုလ် တမတ်သား ( ၂၅ % ) ပါရမယ်ဆိုတဲ့ ကိစ္စ…ဒါကို တချိန်မှာ..အားလုံးက လက်မခံနိုင်လို့ ပယ်ချမယ်ဆို..ပယ်ဖျက်လို့ရတယ်ကွ….”

“ ဒါ ..ရ..ရမှာပေါ့ အကိုရ..မရလို့ဘယ်ဖြစ်မလည်း..ကျနော်တို့ ၀ိုင်းကြိုးစားရမယ်…” ကိုသွေးက ပျာရိပျာယာဝင်ပြောလိုက်တယ်…

“ မှန်တယ်…ဒါ ပြဌာန်းထားတဲ့ အရာ..တနည်းအားဖြင့် နအဖ စစ်အာဏာရှင်တွေက ပြဌာန်းထားတဲ့ ဥပဒေ..လိုက်နာတဲ့သူတွေ ရှိသလို မလိုက်နာတဲ့သူတွေလည်း ရှိနေတာပဲ…ဒါပေမဲ့ ဘယ်သူက ပြဌာန်းထားမှန်းမသိတဲ့ ဥပဒေကြ..အားလုံးလိုက်နာကြရတယ်ဗျ.. ဖျက်လို့လည်းမရဘူး….ဥပမာကွာ..ယောကျာင်္းတို့မျက်ရည်မြေ၀ယ်မကျကောင်း ဆိုတာမျိုး…ဘယ်သူက ပြဌာန်းသွားမှန်းလည်းမသိဘူး..တို့အားလုံးကလည်း တသွေမတိမ်းကို လိုက်နာနေကြရတာ…” ကျနော့်စကားအဆုံး အားလုံးရီကြတယ်…ချမ်းမြေ့က…

“ ဟုတ်တယ်နော်..အကို..ကြံကြံဖန်ဖန်လည်း..ပြောတတ်တယ်..အကိုရာ…”

“ ဟေ့ကောင်..ငါ့ကို စွတ်အထင်မကြီးနဲ့ဦး..အဲဒါ ငါပြောတာမဟုတ်ဘူး..စာရေးဆရာကြီး ဦးအောင်သင်းပြောတာ..အခုလည်း..သီရိစုပြောတာ ငါစဉ်းစားမိလို့ပါ…မိန်းခလေးတွေ လဘက်ရည်ဆိုင်မထိုင်ရလို့..ဘယ်သူကပြဌာန်းသွားမှန်းမသိဘူး..ဖျက်လို့လည်းမရဘူး..အားလုံးသောမိန်းခလေးနီးပါးမျှ..ဒီဥပဒေကို လိုက်နာနေကြတာဗျ ..ဟား..ဟား… ” ကျနော်ကပြောပြောဆိုဆို ရီမိလိုက်တယ်..ရီသံအဆုံးမှာ…စန်းမောင်ကစကားစလာတယ်…

“ အကို..ဒီနေ့..ဘယ်အကြောင်းအရာဆွေးနွေးမယ်လို့ စဉ်းစားလာလည်း ”

“ ဒီနေ့..ရှစ်လေးလုံးလူထုအရေးတော်ပုံဆိုတာ..ဘာလည်းဆိုတဲ့ အကြောင်းအရာကိုဆွေးနွေးချင်တယ်..ဘာဖြစ်လို့လည်းဆိုတော့..ဒီနေ့နိုင်ငံရေးလှုတ်ရှားမှု့တော်တော်များများမှာ..ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ဂယက်ဟာအဓိက ကျတယ်ဆိုမမှားလောက်ပါဘူး…ဒီအရေးတော်ပုံကြီးကနေ..လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေ တော်တော်များများကိုမွေးထုတ်ပေးခဲ့တယ်..စစ်အာဏာရှင်ခေါင်းဆောင်တွေကိုဖြုတ်ချနိုင်ခဲ့တယ်..ဒီမိုကရေစီရေးးလှုတ် ရှားမှု့တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ခဲ့တယ်…ဒါပေမဲ့ စစ်အာဏာရှင်စနစ်ဆိုးကိုတော့ ဖြုတ်မချနိုင်သေးဘူး..အခုထိပေါ့ကွာ.” အားလုံးက စိတ်ဝင်တစားမှင်သက်နားထောင်နေရာမှ…ချမ်းမြေ့က.

“ ကျနော်တို့က ရှစ်လေးလုံးဖြစ်တော့ ကလေးတွေပဲရှိသေးတယ်..ဘာမှကိုကောင်းကောင်းမသိတာ…အခုနောက်မျိုးဆက်တွေဆို ရှစ်လေးလုံးပြီးမှမွေးလာတာတွေများတော့..လုံးလုံးကိုမသိသလောက်ပဲအကိုရေ..နောက် ဒီအရေးတော်ပုံကြီးကို စစ်အာဏာရှင်နဲ့လက်ပါးစေတွေက..အမျိုးမျိုးပုံဖျက်ကြတော့..လူငယ်တွေတော်တော်များများခမျာ..သို့လော..သို့လော တွေဖြစ်နေကြတယ်..ဘယ်ဟာကိုယုံရမှန်းမသိဘူး..စာပေလွတ်လပ်ခွင့်ကလည်းမရှိဆိုတော့..သမိုင်းတွေပျောက်..ပြောင်းတည်းပြောင်းပြန်တွေဖြစ်တာကဖြစ်နဲ့….ကျနော်တို့ဆို သိချင်တာမှ တအားပဲ ..”

“ ငါ တတ်နိုင်သလောက် သမိုင်းမှတ်တမ်းတွေကို ဖတ်ခဲ့ရတာတွေရော၊သူများအတွေ့အကြုံတွေရော၊ကိုယ်တွေ့တွေရောပေါ့ကွာ….လူငယ်တွေအနေနဲ့ ဒီသမိုင်းကိုသိထားသင့်ပါတယ်..အပြည့်စုံမဟုတ်တောင်..တစိတ်တဒေသပေါ့….တကယ်တော့ ၈၈-အရေးတော်ပုံကြီးက ရုတ်တရက်ဝုန်းကနဲ ကောက်ကာငင်ကာဖြစ်လာခဲ့တာမဟုတ်ပါဘူး..ဒီလိုအားကောင်းလာဘို့အတွက်..နှစ်ပေါင်းများစွာ သန္ဓေတည်လာခဲ့တာပါ…..ပြောမယ်ဆို.. တို့နိုင်ငံက..၁၉၄၈ လွတ်လပ်ရေးရပြီး ပါတီစုံဒီမိုကရေစီခေတ်ကို ၁၄နှစ်လောက်တော့ ဖြတ်ခဲ့ဘူးတယ်..၁၉၆၂ ထိပေါ့..အဲဒီ့ကြားကာလမှာ နိုင်ငံရေးသမားတွေရဲ့မညီညွတ်မှု့တွေ..အယူအဆပြင်းထံမှု့တွေကြောင့်..ပါတီစုံဒီမိုကရေစီလမ်းကြောင်းကနေ..စစ်အာ ဏာရှင်လက်ထဲရောက်ခဲ့ရတယ်..တကယ်တော့..အဲဒီကာလက..စစ်ဗိုလ်တွေကို..နိုင်ငံရေးမှာနေရာပေးပြီး ပုခုံးထမ်းတင်ပေးခဲ့တဲ့..နိုင်ငံရေးခေါင်းဆောင်တွေမှာတာဝန်ရှိတယ်ကွ….” ကျနော်ကစကားအဆုံး..သောက်လက်စကျန်နေတဲ့..လဘက်ရည်တကျိုက်ကို မော့လိုက်အပြီး..နားထောင်နေတဲ့ လူငယ်တွေ လှုတ်တိလှုတ်ရွဖြစ်လာတာကိုသိလိုက်တယ်….

“နိုင်ငံရေးခေါင်းဆောင်ဟောင်းကြီးတယောက်ကပြောဘူးတယ်…၁၉၆၂မှာ စစ်တပ်က ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ စစ်အာဏာရှင်တစုက အာဏာသိမ်းလိုက်တော့..အဲဒီကာလက ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနုဆို ဘယ်လောက်ထိခံလိုက်ရသလည်းဆိုတော့..သူ့ကို ဖမ်းအပြီး..သူကတခြားသူတွေကိုမေးတယ်.ဗိုလ်ချုပ်နေ၀င်းကိုလည်း ဘယ်မှာ ဖမ်းထားသလည်းတဲ့..ကဲစဉ်းစား သာကြည့်ပေတော့..ဦးနုက..သူ့ကိုဖမ်းတာ…ဗိုလ်နေ၀င်းလို့တောင်မသိရှာဘူး..သူ့စိတ်ထဲမှာ ဗိုလ်နေ၀င်းလည်း သူတို့နဲ့အတူရော အဖမ်းခံရတယ်ထင်တာ..ဦးနေ၀င်း ( ဗိုလ်ချုပ်နေ၀င်း ) က အဲလို ပိပိယိယိ နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေကို..အယုံသွင်းပြီးမှ..လုပ်ချလိုက်တာ..အပိုင်ကို အာဏာသိမ်းပစ်လိုက်တာ…အဲဒီကစလိုက်တဲ့ စစ်အုပ်ချုပ်ရေးဟာ..အခုထိတိုင်ကို အဆုံးမသတ်သေးဘူးဆိုပါတော့ကွာ..”

“ဒါဆို..စစ်အုပ်ချုပ်ရေးသက်တမ်းက..နှစ်ပေါင်း ၅၀လောက်ရှိပြီပေါ့နော်”

“အေးပေါ့..ဘယ်လိုပဲ နံမည်တွေပြောင်းလာပြောင်းလာ..စစ်အုပ်ချုပ်ရေးကတော့ပြောင်းလည်းမလာခဲ့ပါဘူး..အဲဒီတုန်းက ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းဗုံးထောင်ဖြိုပစ်လိုက်တယ်လေ..ရဟန်း ရှင်လူကျောင်းသားပြည်သူတွေအများကြီး အသက်ပေးခဲ့ရတာပေါ့…လွတ်လပ်ရေးတိုက်ပွဲတွေကစလို့..သမိုင်းဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားမဂ္ဂ ဟာ..တရားဝင်ရပ်တည်နေရာကနေ..တရားမ၀င်အဖွဲ့အစည်းအဖြစ်သတ်မှတ်လိုက်တယ်…အဲဒီကနေ အဆက်ဆက် လူထုတိုက်ပွဲတွေဆင်နွဲလာလိုက်တာ..ဦးသန့်အရေးခင်း၊မှိုင်းရာပြည့်အရေးအခင်း တော်တော်လေးဖြစ်ခဲ့ပါတယ်….ဒီလိုနဲ့..၁၉၆၂ ကစစ်အာဏာသိမ်း ဗိုလ်နေ၀င်းအစိုးရက မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံတနိုင်ငံအဖြစ်ပုံသွင်းခဲ့တယ်..မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုတဲ့ တခုတည်းသောအဖွဲ့အစည်းနဲ့..တိုင်းပြည်ကိုချီတက်ခဲ့တာပေါ့….အာဏာသိမ်းပြီးလို့သိပ်မကြာတယ်ဆိုရင်ပဲ..တိုင်းပြည်မှာရှိနေတဲ့ ပုဂ္ဂိလိကပိုင် အခန်းကဏ္ဍကိုချက်ခြင်းဖျက်သိမ်းပစ်လိုက်တယ်..ပုဂ္ဂိလိကလုပ်ငန်းရှင်တွေရဲ့လုပ်ငန်းတွေအကုန်ပြည်သူပိုင်သိမ်းလိုက် တယ်….ပိုင်ဆိုင်မှု့စည်းစိမ်းဥစ္စာတွေ အသိမ်းခံလိုက်ရတယ့် လုပ်ငန်းရှင်တွေဆိုတာ နည်းလားကွာ..တနိုင်ငံလုံးပဲ..”

“ ဟုတ်တယ် အကို ..ကျမ တို့အဘိုးပိုင်ခဲ့တဲ့ ရေနံတွင်းတွေတောင် ပြည်သူပိုင်အသိမ်းခံလိုက်ရတာ..အဖွားဆို ဒီစိတ်နဲ့ဆုံးသွားတာ..ပြန်တွေးကြည့်ရင်ရင်နာစရာကြီးနော်..လူတွေ သွေးတွေချွှေးတွေနဲ့ရှာဖွေထားတဲ့ ဥစ္စာဓန ကို ဓါးပြတိုက်ယူလိုက်သလိုပဲ ” သီရိစု ရဲ့စကားသံတွေထဲမှာခံပြင်းဒေါသသံတွေပါလာတယ်…

“ လက်ဝဲစနစ်ရဲ့လူတန်းစားညီမျှရေးမူကလည်း စလာလာခြင်း ဆောက်နဲ့ထွင်းလိုက်သလိုပဲနော်…လူထုက အနှစ်နှစ်အလလ သွေးတွေချွှေးတွေနဲ့ရုန်းကန်ရင်းရလာတဲ့ ပိုင်ဆိုင်မှု့တွေကို ..သိမ်းပြီးမှ တိုင်းပြည်တည်ဆောက်တယ်ဆိုကထဲက ..အစမကောင်းတော့တာ သေချာနေသလိုပဲ..”

“ စန်းမောင်ပြောမယ်ဆိုလည်းပြောလောက်ပါတယ်…နောက်ဒီထက်ထပ်ဆိုးသွားတာက ..တံခါးပိတ်စီးပွားရေးမှုဝါဒကိုကျင့်သုံးလိုက်တာပဲ..”

“ တံခါးပိတ် စီးပွားရေးမူဝါဒဆိုတာ..ဘာလည်း အကို ” ထက်အောင်ကမေးလိုက်တော့…

“နိုင်ငံတကာက တို့နိုင်ငံကို စီးပွားရေးလာရင်းနှီးမြူတ်နှံမှု့မှန်သမျှ..လက်မခံတော့ဘူး…ကိုယ့်လူထုရဲ့အားနဲ့ကိုယ့်နိုင်ငံကိုထူထောင်မယ်..ဆိုရှယ်လစ်လူ့ဘောင်ဆီကို အရာက်လှမ်းမယ်ပေါ့ကွာ….” အဖြေကိုကျေနပ်သွားဟန်ရှိတဲ့ ထက်အောင် ကခေါင်းလေးတငြိမ့်ငြိမ့်နဲ့….

“ပြောမယ်ဆို တိုင်းပြည်က တဖြေးဖြေးနဲ့ ဆင်းရဲတွင်းနက်လာလိုက်တာ..ကမ္ဘာ့ဖွံ့ဖြိုးမှု့အနိမ့်ကျဆုံးနိုင်ငံစာရင်းထဲမှာပါသွားတယ်..ဒီလိုနဲ့ ၁၉၈၇ လောက်မှာ အစိုးရကနေ လက်ရှိသုံးစွဲနေတဲ့ငွေစက္ကူတွေကို တရားမ၀င်ငွေစက္ကူများအဖြစ်အမိန့်ကျေငြာစာနဲ့ ကျေငြာလိုက်တဲ့ အခါမှာတော့..လူထုရဲ့ဒေါသတွေဟာ..အထွတ်အထိပ်ထိရောက်သွားတယ်ပဲပြောပါတော့…လူတွေပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေဟာ..သာမန်စက္ကူစုတ်လောက်တောင်တန်ဘိုးမရှိဖြစ်သွားခဲ့တယ်လေ..ဒါပေမဲ့လည်း လူထုကြီးက၀ုန်းကနဲပေါက်ကွဲထွက်မလာသေးဘူး….ဒေါသတွေကိုမြိုသိပ်ထားကြတယ်….ဒီလိုနဲ့ ၁၉၈၈ ခုနှစ်မတ်လ ထဲမှာ ရန်ကုန်စက်မှု့တက္ကသိုလ်ကျောင်းသားတွေနဲ့..အရပ်သားတွေ လဘက်ရည်ဆိုင်မှာရန်ဖြစ်ရာကအစ..အုံကြွမှု့တွေဖြစ်လာတော့..အစိုးရက ကျောင်းသားတွေကို ပစ်ခပ်နှိမ်နင်းတယ်..အဲဒီလိုနှိမ်နင်းတဲ့အတွက် ..အခုမင်းတို့လည်းကြားဘူးပါတယ်..ကျောင်းသား ကိုဖုန်းမော်နဲ့ ကျောင်းသားတွေသေဆုံးခဲ့ရတယ်…အဲဒီဂယက်ဟာ..ရန်ကုန်စက်မှု့တက္ကသိုလ်ကနေ ရန်ကုန်တက္ကသိုလ် ( ပင်မ ) အပါဝင် ကျောင်းအသီးသီးကို ကူးစက်သွားပြီး…ကျောင်းသားဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ခဲ့တယ်..တခါ အဲဒီကျောင်းသားတွေကိုပါ အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့လို့..ကျောင်းသားအများအပြားသွေးမြေကျခဲ့ရပြီး..ရာနဲ့ချီအဖမ်းခံခဲ့ရတယ်…ကျောင်းတွေကိုလည်း ပိတ်ပစ်လိုက်တယ်…အဲဒီလှုတ်ရှားမှု့များဟာယာယီအားဖြင့်တော့ ခနငြိမ်သွားတာပေါ့…ဒါပေမဲ့ ၁၉၈၈ ဇွန်လ ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းသားလှုတ်ရှားမှု့တွေကို ပြန်လည်အကောင်ထည်ဖော်ခဲ့ကြတယ်..ဇွန်လ ကျောင်းသားလှုတ်ရှားမှု့မှာ တခုထူးခြားတာက..ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းကို..အစပျိုးခဲ့တာရယ်..ကျောင်းသားအရေးတော်ပုံကြီးကနေ..တနိုင်ငံလုံးအရေးတော်ပုံကြီးပေါ် ပေါက်ဘို့ကို မှုချမှတ်နိုင်ခဲ့တာတွေကတော့..ကျောင်းသားတွေရဲ့မှတ်တိုင်တခုပေါ့ကွာ…အဲဒီကစလို့ ကျောင်းသားတွေရဲ့ရင်ထဲနှလုံးသားထဲမှာ နိုင်ငံရေးဆိုတဲ့စိတ်တွေဝင်ရောက်လာပြီး…မတရားမှု့မှန်သမျှကိုတော်လှန်မှရမယ်ဆိုတဲ့ အသိတွေကိန်းအောင်းလာကြတယ်…ဇွန်ကျောင်းသားလှုတ်ရှားမှု့ကိုလည်း အကြမ်းဖက်ဖြိုခွင်းခံရပြန်တယ်..ကျောင်းသားလူငယ်တွေ ဒီလှုတ်ရှားမှု့မှာလည်း အသက်တွေပေးခဲ့ရပြန်တယ်..ကျောင်းတွေကိုပိတ်လိုက်လို့ နယ်အသီးသီးက ကျောင်းသားတွေအိမ်တွေပြန်ကြတော့..အားလုံးရဲ့စိတ်တွေထဲမှာ ဒီတပါတီ အာဏာရှင် မဆလ ( မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ) ကိုဖြုတ်ချမှဖြစ်မယ်ဆိုတဲ့ အသိစိတ်တွေက အသီးသီးကိန်းဝပ်လာကြတယ်လေ..တခါ ဒီကြားထဲမှာ မဆလ ပါတီညီလာခံလုပ်တော့ ပါတီဥက္ကဌကြီး ဦးနေ၀င်း ( ဗိုလ်ချုပ်နေ၀င်း )က လူထုကိုစိန်ခေါ်တဲ့ မိန့်ခွန်းပြောခဲ့တယ်လေ…တိုင်းပြည်မှာ ဆူဆူပူပူလုပ်တဲ့သူမှန်သမျှ သတိနဲ့သာနေကြပေတော့ ..စစ်တပ်ဆိုတာ..မိုးပေါ်ထောင်မပစ်ဘူး..ပစ်ရင်.မှန်အောင်ပစ်တယ်ဆိုတဲ့ စကားက..လူထုကိုစိန်ခေါ်လိုက်သလိုဖြစ်သွားတယ်….” နားထောင်နေရာက အားလုံးလှုတ်လှုတ်ရွရွဖြစ်သွားတာကို သတိထားမိလိုက်တယ်…ချမ်းမြေ့က..

“ တိုင်းပြည်ခေါင်းဆောင်တဲ့သူက..ဒီလို လူမိုက်စကားပြောရဲတာ..အံ့ပါရဲ့ဗျာ ”

“ အော်..လူမိုက်ပါဆိုနေမှ..ပြောထွက်တော့မှာပေါ့..” သီရိစုက နှုတ်ခမ်းကိုစူရင်းပြောလိုက်တော့….

“ အဲဒီအချက်ကလည်း လူထုကိုစိန်ခေါ်လိုက်သလိုမျိုးဖြစ်သွားတယ်လေ…ဒီလိုနဲ့ ရန်ကုန်က ကျောင်းသားခေါင်းဆောင်တွေက တိုက်ပွဲခေါ်သံနေ့ကိုသတ်မှတ်ပေးလိုက်တယ်..အဲဒီ့ရက်ကလည်း တိုက်တိုက်ဆိုင်ဆိုင် သိပ်လှတဲ့နေ့ပေါ့ သြဂုတ်လ ၈ ရက် ၁၉၈၈ ဆိုတော့ ( ၈.၈.၈၈ ) ဖြစ်နေတာပေါ့..အဲဒီနေ့ကို တနိုင်ငံလုံးလူထုဆန္ဒပြပွဲကြီးကျင်းပဘို့ ရေဒီယိုသတင်းဌာနတွေကတဆင့် ထုတ်လွှင့်လိုက်တယ်လေ….အဲဒီရက်မတိုင်မှီမှာကို နယ်မြို့တချို့မှာ ဆန္ဒပြပွဲတွေစတင်လာခဲ့တယ်…သြဂုတ်လ ၈ ရက် ၁၉၈၈မှာတော့ တနိုင်ငံလုံး တောနေလှေအောင်း မြင်းဇောင်းမကျန် လူထုဆန္ဒကိုထုတ်ဖော်ပြသခဲ့တဲ့နေ့ထူးနေ့မြတ်ဖြစ်ခဲ့တာပေါ့…”

“ အဲဒီ လူထုဆန္ဒပြပွဲက ဘာတွေကိုပြကြတာလည်းဟင် ”

“ ငါကလည်းပြောရင်းနဲ့ အဓိက အကြောင်းအရာတခုကိုမေ့သွားတယ်…အဓိက အချက်ကတော့

----ဒီမိုကရေစီရရှိရေး

---တပါတီ အာဏာရှင်စနစ်ဖျက်သိမ်းရေး

---လူအခွင့်ရေးအပြည့်အ၀ရရှိရေး

--ကျောင်းသားသမဂ္ဂ တရားဝင်ပြန်လည်ဖွဲ့စည်းခွင့်ရရေး…ဒါတွေပေါ့ ……”

“ ၈၈ လူထုအရေးတော်ပုံကြီးက ကမ္ဘာမှာတော်တော်ထင်ရှားခဲ့တဲ့ လှုတ်ရှားမှု့ကြီးတခုလို့တော့ ကြားဘူးတာ..အကိုရှင်းပြမှပဲ…ရိုးတိုးရိပ်တိတ်သိတော့တယ်..အစက ဘာမှန်းကိုမသိတာ..”

“ ဒီအရေးတော်ပုံကြီးကပဲ..အခုမင်းတို့ ငါတို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကိုမွေးထုတ်ပေးလိုက်တာပဲလေ..” အတန်ကြာငြိမ်နားထောင်နေတဲ့ ကိုသွေးက ကြားဖြတ်ဝင်လာပြီး..

“ ဒီအရေးတော်ပုံကြီးမှာ..စစ်တပ်က အာဏာသိမ်းလိုက်တယ်နော်..ခုထိပဲဆိုပါတော့…ဒီတော့ အကိုရာ ကျနော်မေးချင်တာ..ဒီ အရေးတော်ပုံကြီးကနေ..ဘာတွေများအမြတ်တွေရလိုက်သလည်း…”

“ ကိုသွေး မင်းမေးလိုက်တဲ့မေးခွန်းလေးက သိပ်တန်ဘိုးရှိတယ်ကွ…တကယ်တော့ ၈၈ လူထုအရေးတော်ပုံကြီးကို စစ်အာဏာရှင်နဲ့ လက်ပါးစေတွေက ပုံဖျက် မဟုတ်မမှန်သတင်းတွေနဲ့ဝါဒဖြန့်ခဲ့လို့ တချို့လူငယ်တွေရဲ့စိတ်ထဲမှာ သို့်လော သို့လော သံသယတွေဖြစ်နေကြတယ်…၈၈ မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ..ဆူပူမှု့မဟုတ်ဘူးကွ..အကြောင်းမဲ့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်ခဲ့ပါတယ်ဆိုတဲ့…အရာလည်းမဟုတ်ဘူး..အရေးအခင်းလည်းမဟုတ်ဘူး..၈၈ ဟာလူထုအရေးတော်ပုံ..လူထုက တပါတီ အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်လို့တောင်းဆို ဆန္ဒပြခဲ့တဲ့ အရေးတော်ပုံကြီးပါ…ဒီအရေးတော်ပုံကြီးကနေ တို့တတွေအမြတ်ရလိုက်တာကတော့..တပါတီ အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီလမ်းကို ခင်းပေးလိုက်ရတယ်ကွာ..တပါတီအာဏာရှင် သမ္မတ အဆက်ဆက်ကိုဖြုတ်ချနိုင်ခဲ့တယ်…ဒီမိုကရေစီဆိုတဲ့ အသံတနိုင်ငံလုံးညံသွားစေခဲ့တယ်..လူထုရဲ့ကြားမှာ အရင်ကထက် နိုင်ငံရေးနိုးကြားမှု့တွေ ထက်သန်လာစေခဲ့တယ်….စစ်တပ်က ..အာဏာသိမ်းပြီးတိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ပေမဲ့လည်း..သူတို့ပါးစပ်ဖျားကနေ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို မဖြစ်မနေသုံးလာရတယ်…နောက်ပြောမယ်ဆို..လူထုရှေ့ဆောင်ပါတီ..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမွေးထုတ်ပေးနိုင်ခဲ့တယ်..လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် ခေါင်းဆောင်တွေကို ပေါ်ထွန်းလာစေနိုင်ခဲ့တယ်…တံခါးပိတ်စီးပွားရေးစနစ်ကနေ..တံခါးဖွင့် ဈေးကွက်စီးပွားရေးစနစ်ကိုပြောင်းလည်းကျင့်သုံးလာရတယ်…အများကြီးအမြတ်တွေရပါတယ်..ဒါပေမဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကိုတော့ အရောက်မလှမ်းနိုင်သေးဘူးပေါ့..”

“ ဒါဆို နိုင်ငံရေးလောကမှာပြောပြောနေတဲ့ အကြမ်းမဖက်လမ်းစဉ်ဆိုတာကရောဘာကိုပြောတာလည်း…၈၈ လူထုအရေးတော်ပုံကြီးက..အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်နဲ့ ပြုလုပ်ခဲ့တာလို့ကြားဘူးလို့ပါ..”

“ အကြမ်းမဖက်လမ်းစဉ်ဆိုကထဲက..တို့ရဲ့တိုက်ပွဲကို အနုနည်းနဲ့ လူထုအားကိုယူပြီးတော့ပဲ..ကိုယ်လိုချင်တာကိုတောင်းဆိုခဲ့တာကိုဆိုလိုတာပါ..လက်နှက်ကိုင်တိုက်ခဲ့တာမဟုတ်ဘူး… အကြမ်းဖက်တဲ့ဘယ်လုပ်ရပ်ကိုမှ..တို့မလုပ်ခဲ့ဘူး ” ကျနော့်ရဲ့စကားအဆုံး ထက်အောင်က….

“ ခေါင်းဖြတ်တာတွေ..စက်ရုံတွေဖျက်ဆီးခဲ့တာတွေလည်းရှိခဲ့တယ်နော်..အဲဒါက ဘယ်လိုဖြစ်တာလည်း အကိုရ ”

“ ဒီလုပ်ရပ်ကို..နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကျောင်းသားအဖွဲ့စည်းတွေ ဘယ်သူမှမလုပ်ခဲ့ပါဘူး..ဒီလိုဖြစ်သွားအောင်လည်း အဲဒီကာလက..အာဏာရှင်တသိုက်က သူတို့အာဏာစွန့်ရမှာဆိုးလို့..အဓိပ္ပါယ်ရှိရှိ.မကောင်းကြံစည်ခဲ့တာပေါ့ကွာ..တိုင်းပြည်ရဲ့အုပ်ချုပ်ရေး ယန္တရားကြီးကိုရပ်တန့်ပစ်လိုက်တယ်လေ…အဲဒီအခါမှာ…သူတို့ရဲ့ လူတွေကိုလွှတ်ပြီး..မင်းမဲ့စရိုက်တွေဖြစ်အောင်..သူတို့ပဲစလုပ်ခဲ့တာပါ….”

“ တော်တော်ယုတ်မာတာပဲနော် ” စန်းမောင်ရင်ထဲမှာခံပြင်းနေပုံရတယ်..အားလုံးက ကျနော့်ရဲ့စကားသံကိုနားစွန့်နေကြရင်း…..

“ ဒီလို မင်းမဲ့စရိုက်တွေကို ဖန်တီးပေးထားမှ..စစ်တပ်က အာဏာသိမ်းရတာကောင်းမှာပေါ့..ဒီယုန်မြင်လို့ ဒီခြုံထွင်တာတွေပေါ့…ဒါရှင်းပါတယ်..တကမ္ဘာလုံးကလည်းသိပါတယ်…ဒါပေမဲ့ ..သူတို့ဘာတွေပဲလုပ်လုပ်..၈၈ လူထုအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့..ဒီမိုကရေစီရှင်သန်ရေးစိတ်ဓါတ်တွေကတော့..ဘယ်သူဖျက်လို့မှ..ပျက်မသွားပါဘူးကွာ…..

-------------အရေးတော်ပုံ…..အောင်ရမည်။

အပိုင်း ( ၅ ) ဆက်ပါဦးမည်။

လေးစားစွာဖြင့်

မောင်မောင်ဝမ်း

ရန်ကုန်မြို့မှ ပေးစာ