Saturday, January 29, 2011

ရဲရင့်ငယ်ပါဝင်သည့် ‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

2011-01-29
စစ်အစိုးရရဲ့ လုပ်ရပ်တချို့ကို လက်မခံ နိုင်ပေမယ့် တပ်မတော်အပေါ် မုန်းတီး ရန်လိုစိတ် မရှိတာကို တပ်မတော် ခေါင်းဆောင်တွေနဲ့ တပ်မတော်သား တွေ သဘောပေါက်ရင် တိုင်းပြည်အတွက် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို နားဆင်ရမှာပါ။


AFP
နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)
သံဃာနဲ့ နိုင်ငံရေး ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စာချုပ်၊ တပ်မတော်သားတွေ အတွေးအခေါ် ပြောင်းလဲရေး၊ ပြည်ပရောက် မြန်မာတွေ မြန်မာ့ ဒီမိုကရေစီရေးမှာ ပိုမို ပါဝင်လာအောင် ဘယ်လိုလုပ်မလဲ စသဖြင့် အရှင် ရာဇိန္ဒလင်္ကာရ (သီရိလင်္ကာ)၊ ဦးတင်မောင်ဝင်း(စင်္ကာပူ)၊ ဘလော့ဂါရဲရင့် နဲ့ ကိုဇော်နိုင်(ကနေဒါ)၊ ကိုမင်းဇော်၊ ဒေါ်ယာစ်မင်း ဗားညား (အမေရိကန်ပြည်ထောင်စု) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားထားပါတယ်။
ရဲရင့်ငယ်ပါဝင်သည့် ‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ by yeyintanada
ဇန်နဝါရီ ၂၈ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၂၈)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၂၁ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၂၁)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၁၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၁၄)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ် နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ် အမေးအဖြေ အစီအစဉ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။ အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org ဖြစ်ပါတယ်။ မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ရဲဘော်ဝင်းဗိုလ်ဈာပနအခမ်းအနား(၂၉ရက်၁လပိုင်း၂၀၁၁ခုနှစ်)

မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း

မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း

ကျနော်တို့မျိုးဆက် လူငယ်ကြားထဲမှာ ဟာသတွေရှိတယ်။  တကယ်လို့ အခုနေ ကောက်ကာငင်ကာ သေတော့ မယ်ဆိုရင် သမိုင်းတွင်လောက်အောင် ဘယ်လိုစကားမျိုးချန်ထားရစ်ကြမလဲပေါ့။
ဥပမာဗျာ - ဆရာတော် ဦးဝိစာရထင်တာပဲ။ လိမ္မာရစ်ကျပါလို့မှာတယ်။ ဆရာဗန်မော်တင်အောင်က “လူတယောက်ရဲ့ တန်ဖိုးဆိုတာ -”  အစချီပြီး သမိုင်းတွင်လောက်တဲ့စကားကို ပြောခဲ့တယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝက စာကြည့်စားပွဲရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “လူတယောက်မှာ အရေးအကြီးဆုံးဟာ ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု” ဆိုတာကို ကပ်ထားဖူးတယ်။ ကျနော့်သူငယ်ချင်း ကဗျာဆရာတယောက်က ဘုရားပုံတော်မှာ “ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုလုပ်သူ” ဆိုပြီးရေးထားတယ်။ ဂုဏ်တော်ကိုးပါးထဲက သူအကြည်ညိုဆုံးဂုဏ်တော်ကို ရေးထားတာလို့ပြောတယ်။ သူကိုးကွယ်လိုက်ပုံက ရှင်းတယ်။ ဘာကျမ်းကိုးကျမ်းကားမှမပါဘူး။  မအပ်မရာပြောရရင် ဘုရား ပရိနိဗ္ဗာန်မပြုခင်လေး မှာသွားတဲ့ “မမေ့မလျှော့၊ မပေါ့မဆ” ဆိုတာကိုတောင် ကျနော်တို့ အလွတ်ပေးတာ မဟုတ်ဘူး။  ကျနော်တို့ စကားနဲ့ “ပညာပါတယ်” ပေါ့။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ တိုတိုပဲပြောတယ်။ “မ-အ ရအောင် သမိုင်းသင်တာ” တဲ့။ ကျနော်တို့က ရှင်းရှင်းပြောရင် ကြိုက်တယ်။ တောင်စဉ်ရေ မရတွေ၊ ဝေ့ကာဝိုက်ကာတွေကို နားထောင်ဖို့ပျင်းတယ်။ (အချိန်မရတာတော့ မဟုတ်ဘူးဗျ)။ သမိုင်း သင်ထားပေးမယ့်လည်း “အ” ကြတာပါပဲ။ “ သမဂ္ဂကို သမဂ္ဂနဲ့ တိုက်ရမယ်” တဲ့။ စာဖတ်နာတဲ့ သူငယ်ချင်းတယောက် ရွှတ်နောက်နောက်ပြောတော့ ရယ်ကြတယ်။ ဟိတ်တလုံး ဟန်တလုံးနဲ့ ပြောရင် ရယ်စရာလို့ထင်တာလည်း ကျနော်တို့မျိုးဆက်ပဲ။


ကျနော့်အမေရှေ့မှာ သွားပြောလို့မရတာကို တနေ့က ကျနော်တို့ သူငယ်ချင်းတွေ ဆုံတုန်းပြောကြတယ်။ ဇာတ်ကြီးဆယ်ဘွဲ့ထဲက သုမေဓာလည်းပါတယ်။ နောက် - ဘုရားလောင်းမျောက်မင်းတို့၊ ဆဒ္ဒန်ဆင်မင်းတို့။ ဟုတ်ဟုတ်-မဟုတ်ဟုတ် တော်တော်နာတဲ့ ဇာတ်တွေပဲတဲ့။ တယောက်ကပြောတော့ ရယ်ကြတယ်။ ဥပမာ- မမှီတဲ့ကြိုး (နွယ်) နေရာမှာ မိမိကိုယ်နဲ့ ဝင်ဆက်ပေးနေတဲ့ ဘုရားလောင်းမျောက်မင်း ကိုယ်ပေါ်ကို ဒေဝဒတ်လောင်းလျာက အားနဲ့ ခုန်ချတာမျိုး။ ဆဒ္ဒန်ဆင်မင်းက သူ့အစွယ်ကို သွေးသံတရဲရဲ ကိုယ်တိုင် အနာခံ ဖြတ်ပေးလိုက်တာမျိုး။ သုမေဓာရသေ့က တန်းခိုးနဲ့ ဖန်ဆင်းလို့ ရပေမယ့် မဖန်ဆင်းဘဲ ရွှံ့ဗွက်လမ်းမှာ ဘုရားလျှောက်ဖို့ ခန္ဓာကိုယ်ကို ဝမ်းလျားမှောက်ခင်း ပေးတာမျိုးပေါ့။ ကျနော်တို့က သဘောကျတယ်။ တေမိဇာတ်မှာ စကားပြောတဲ့ အပြစ်တွေကို သိလို့ စကား မပြောတဲ့ ဘုရားလောင်းကို ကျနော်တို့က ခေတ်စကားနဲ့ပဲ “တော်တော်ပညာပါတယ်” လို့ချီးကျူးကြတယ်၊ တကယ်တော့ ကျနော်တို့ စကားဝိုင်းမှာ အစဉ်အလာ ဗုဒ္ဓ ဘာသာဝင်တွေချည်းပဲ။ ဒါပေမဲ့ ကျနော်တို့က ဥာဏ်မီသလောက်လေးပဲပြောကြ-နောက်ကျတာပါ။
တယောက်ကဆို သူကြိုက်တဲ့ ကဗျာတောင်ရွတ်ပြသွားသေးတယ်။
“အာဇာနည်တွေကို လေးစားတယ်။
ကိုယ်ဟန်ပြမယ်တွေကို ပြစ်မှားတယ်။
လူသားဆန်တာ တရားတယ်” တဲ့။  “ဟေးကနဲ” အော်ကြတယ်။ ကျနော်တို့က ဒီလို။
ကျနော်တို့ (၁၀) တန်းတက်တဲ့ (၁၉၉၇) တုန်းက။ ဒီမှာ ကျနော်ဘာလို့ သက္ကရာဇ်ကိုပါ ထည့်ထားလဲဆိုတော့ ကျနော်တို့သူငယ်ချင်းတွေ အများစု (၁၉၈၀) ဖွား ဆိုတာကို သိစေချင်လို့ပါ။ ပညာရှင်တယောက် (ဖူကူယားမားလား။ တော်ဖလာလား မသေချာပါ) က (၁၉၈၀) နောက်ပိုင်း မွေးတဲ့အုပ်စုကို မျိုးဆက်တဆက်အဖြစ် သတ်မှတ်တာနဲ့ တိုက်ဆိုင်နေလို့ပါ။ အမြဲတမ်း ကဆုန်ပေါက်နေတဲ့ ကျနော်တို့ အုပ်စုကို ဆရာမက “ငါးပျက်ရေ” လို့ ကင်ပွန်းတပ်တယ်။ ငါးပျက်ရေဆိုတာ ငါးဖမ်းတဲ့ လူတွေသုံးတဲ့ စကားလို့ ဆရာမက ရှင်းပြပါတယ်။ ငါးဆိုတဲ့အမျိုးက အုံနဲ့ကျင်းနဲ့ နေတာကိုးဗျ။ ငါးသလောက်အုပ်ကို ဖမ်းမိတဲ့ရေဆိုရင် တံငါသည်တွေ ပွပေါက်တိုးတာပေါ့။ ငါးသလောက်က ဈေးကောင်းရတာကိုး။ ငါးပျက်ကျတော့ ဈေးပေါတော့ ငါးပျက်ရေဆိုရင် ကိုတံငါတွေ တွက်ခြေမကိုက်ဘူးပေါ့။ အားအားရှိရင် ဘော်လုံးကန်တယ်။ ခုံခေါက်ပြီး သီချင်းဆိုတယ်။ အစဉ်အလာအရ တုန်အောင်ကြောက်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း နောက်တိနောက်တောက်လုပ်တယ်။ (တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ဘာသာတရား ကိုတောင် နောက်တောက်တောက် လုပ်လာတာကြည့်တော့) ကျနော်တို့ကတော့ ငါးသလောက်ခေါ်ခေါ်၊ ငါးပျက်ခေါ်ခေါ် ရယ်နေလိုက်တာပဲ။ လပတ်စာမေးပွဲတွေဆိုလည်း ကြုံသလို၊ ဖြစ်သလို ဖြေတယ်။ အမြဲတမ်းအဆင့် (၁) ရတဲ့ ကျောင်းသားတယောက် လပတ်မှာကျတာလည်း ကျနော်တို့ အသုတ်ပဲ။ စကားစပ်လို့ပြောရရင် ကျနော်တို့ရှေ့က နောင်တော့်၊ နောင်တော်ကြီးတွေဆိုရင် လပတ်မှာ ဂုဏ်ထူးတွေ စီစီရီရီ ဖူးလို့-ပွင့်လို့။ ဆရာမတွေက ချီးမွမ်းခန်းဖွင့်လို့ကို မဆုံးဘူး။ တကယ်တမ်း စာမေးပွဲကြီးကျတော့  ဘာတခုမှ ဂုဏ်ထူး ပါမလာတော့ဘူး။ ဒါလည်း ဆရာမတွေက မလျှော့သေးဘူး။ ကျနော်တို့ “ငါးပျက်အဖွဲ့” ကတော့ ဘာမှ အတင်းမလုပ်ကြပါဘူး။ ကျောင်းမှန်မှန်တက်-စာမခက်ပေါ့။ အားတဲ့အခါ လေသေနတ်ကွင်းမှာ လေသေနတ်ပစ်တယ်။ ကြုံရင်ကောင်မလေးတွေကို စာလိုက်ပေးလိုက်သေးတယ်။ ရုပ်ရှင်ရုံသွားချင်လည်း သွားလိုက်သေးတယ်။ လက်ဖက်ရည်ဆိုင်မှာ သီချင်းနားထောင်တယ်။ (တီဗွီဂိမ်းတွေ၊ ကာရာအိုကေတွေ သိပ်ခေတ်မစားသေးဘူး)။ ဒါပေမဲ့ ဆယ်တန်း အောင်စာရင်းလည်းထွက်ရော အားလုံးဂုဏ်ထူးတွေနဲ့။ ဆရာမစကားနဲ့ ပြောရရင် ငါးသလောက် ရေဖြစ်သွားတာပေါ့။ ဆရာဝန်ရော၊ အင်ဂျင်နီယာရော ကျနော်တို့အသုတ်မှာ ကျနော်တို့ကျောင်းက အများကြီးထွက်တယ်။
အဓိက ပြောချင်တာက လူတွေအမူအကျင့် ပြောင်းသွားသလို မျိုးဆက်ချင်း အမြင်တွေမတူတော့တာကိုပါ။  မျက်မှန်ထူထူ၊ ဆံပင်ဘုတ်သိုက်၊ စာအုပ်ထူထူတွေ ဖတ်ပြ၊ ရိုကျိုးပြ၊  ဘုရားတရားကိုင်းရှိုင်းပြနေမှ၊ လိမ္မာတယ်၊ စာကြိုးစားတယ်လို့ ထင်တဲ့အမြင်တွေ ခေတ်မမီတော့ပါဘူး။ တက္ကသိုလ်ရောက်တော့လည်း အလားတူ အဖြစ်အပျက်တွေ အများကြီး တွေ့ရတယ်။ ရှေးဟောင်းဓာတ်ရှင်ထဲက အလွမ်းရုပ်နဲ့ ဘုရားကယ်ပါ၊ သိကြားမ-ပါ ဆိုတာမျိုးကို ကျနော်တို့မျိုးဆက်က မယုံကြည်ကြတော့ပါဘူး။ ကျမ်းဟောင်းထဲကဆိုတိုင်းလည်း ကျနော်တို့ မယုံကြည်ကြတော့ပါဘူး။ ပြောရရင် ဒါလည်းဗုဒ္ဓဝါဒ (ဝိဘဇ္ဇဝါဒ) လို့မှတ်သားဖူးပါတယ်။ ဥာဏ်မီသလောက်ပဲ စဉ်းစားလက်ခံကြတဲ့ မျိုးဆက်လို့ပြောချင်တာပါ။
ဖြတ်သန်းလာတဲ့ အသံတွေကို နားထောင်ကြည့်ရင် သိသာပါတယ်။ သီချင်းကြီး၊ ခေတ်ပေါ်သီချင်း၊ ပေါ့ပ်၊ ရော့ခ်၊ ရက်(ပ်)၊  ပန့်(ခ်)၊ နောက်ဆုံး ဟစ်ဟော့ပ်။ အဆင့်ဆင့် ပြောင်းလဲမှုမှာ အမြန်ဘက်ကို ရွေ့လာတာလို့ သတ်မှတ်ရင် ရနိုင်ပါတယ်။ ဒီလိုပြောလို့ အဟောင်းတွေကို မခံစားဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ စန္ဒယားချစ်ဆွေပဲဖြစ်ဖြစ်၊ မန္တလေး သိန်းဇော်ဖြစ်ဖြစ်၊ ထူးအိမ်သင်ဖြစ်ဖြစ် ကျနော်တို့ မျိုးဆက်က ခံစားလိုက်တာပါပဲ။ အောင်ရင်ရဲ့ ရေဒီယို ပြန်ဆိုတေးဆိုလည်း ကျနော်တို့က ရက်စ် Yes ပဲ။ အတိအကျတော့ ဟုတ်ချင်မှ ဟုတ်မယ်။ လူကြီးတွေထဲမှာ (တချို့တလေကလွဲလို့) ဟစ်ဟော့ပ်ဆိုရင် မျက်မှောင်ကျုံ့တာက ခပ်များများ။  အလွယ်ဆုံး တခုပြောရရင် မြို့မငြိမ်း သီချင်း စာသားတွေနဲ့ ဒီဘက်ခေတ် ဂီတတွေ ရောနှော အော်ဟစ်ရတာကို ကျနော်တို့ လူငယ်တွေက သဘောကျတယ်။ ဂန္ထဝင်သမားတွေက ကျေနပ်မှာမဟုတ်ပါဘူး။
ကျနော် စာဖတ်စက ဆရာကြီး ဒဂုန်တာရာရေးတဲ့ ရုပ်ပုံလွှာထဲက သခင်အောင်ဆန်းတို့၊ သခင်ဗဟိန်း၊ ညိုမြ တို့ကို သိပ်သဘောကျခဲ့တယ်။ သူတို့လို သိပ်ဖြစ်ချင်ခဲ့တယ်။ နိုင်ငံရေးလုပ်တဲ့ ခေါင်းဆောင်တွေလည်း ဒီလိုပဲ ဖြစ်မှာပဲလို့ လှေနံဓားထစ် ထင်ခဲ့တယ်။ ကလေးအတွေးပေါ့လေ။ နောက်တော့ စာအုပ်ထဲက ဇာတ်ကောင်တွေနဲ့ အင်မတန်ကွာတဲ့ နိုင်ငံရေးသမားတွေကို အပြင်မှာ တွေ့တော့ တော်တော် “ရှော့” ရသွားဖူးတယ်၊ နောက်တခါ ဆရာ ဒဂုန်တာရာ နောက်ပိုင်းရေးတဲ့ စာအုပ်တအုပ်မှာပဲ ကျောင်းသားဘဝတုန်းက နိုင်ငံရေးသမားလို့ သူမြင်တဲ့လူတွေ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ ဆိုရှယ်လစ်ခေတ်တွေမှာ အာဏာရလာတဲ့အခါ ရုပ်ပုံလွှာ ပြောင်းသွားတာကို ဖတ်ရတော့ စိတ် သက်သာရာ ရသွားတယ်။ ဆရာက နိုင်ငံရေးသမား၊ အုပ်ချုပ်ရေးသမား (အစိုးရသမားထင်တယ်) ဆိုပြီး ခွဲပြတယ်။ နိုင်ငံရေးသမားဆိုတာ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုး (တိုင်းပြည်အကျိုး) အတွက်ဆောင်ရွက်သူလို့လည်း ဆရာက အဓိပ္ပါယ် ဖွင့်ပြတယ်။
တက္ကသိုလ်တုန်းက စာအင်မတန်ဖတ်တဲ့ သူငယ်ချင်း တယောက်ရှိတယ်။ ကျနော်တို့ခေတ် ပညာရေးစနစ် ညံ့ဖျင်းတာ၊ ဆရာတွေ ညံ့ဖျင်းတာကို ပြောကြရင်းနဲ့ သူက စဉ်းစားစရာ စကားတခွန်းပြောတယ်။ “တကယ်လို့ ကျောင်းပြီးလို့ ဒီကျောင်းမှာ ကထိက ဖြစ်လာခဲ့ရင် မင်းဘာတွေကို သင်မလဲတဲ့”။ သူပြောချင်တာ ရှင်းပါတယ်။ ကျနော်တို့ တတ်သလောက် မှတ်သလောက်လေးကိုပဲ ကျနော်တို့လောက် မတတ်ပေမယ့် မျှော်လင့်ချက်ကြီးတဲ့ ကလေးတွေကို ကျနော်တို့ သင်ဖြစ်ဖို့ များပါတယ်။ ဒါဆိုရင် ကလေးတွေခေတ်ကျရင်၊ ကျနော်တို့လို ခံစားချက်မျိုး ပြန်ပေါ်လာဦးမှာပဲ။ ဆက်တွေးကြည့်တော့ အင်မတန် ကြောက်စရာကောင်းတဲ့ ကွင်းဆက်တခုကို မြင်လာတယ်။
- - အဟောင်း
- - အဟောင်း
- - အဟောင်း
ခေါင်းထဲစဉ်းစားမိသမျှ ဘာအဟောင်း၊ ညာအဟောင်း အစုံပါပဲ။
သွေးသစ်လောင်းထားတဲ့ အဟောင်းသံသရာများ ဘယ်တော့ဆုံးမလဲ။  ကမ္ဘာကြီးကို ကျနော်တို့ မျက်ခြေပြတ်ဖူးပြီ။ ရှေးမင်းများကို ကျနော်တို့ အပြစ်တင်ကြဖူးပြီ။ ဥခွံဟောင်းထဲမှကြည့်လျှင် မြင်မြင်သမျှ ဝါကျင်ကျင် ဖြစ်နေတော့မည်။ ဒီနေရာမှာ ဒေါက်တာသန်းထွန်းပြောတဲ့ စကားတခွန်းလောက် ကိုးကားသင့်တယ် ထင်ပါတယ်။ “ကိုယ်ရေးထားတဲ့စာကို နှစ်တချို့လောက်ကြာရင် ပြန်ဖတ်ကြည့်ကွ။ ဘာမှပြောစရာ၊ ပြင်စရာမရှိ၊ အိုကေဆိုရင် သေချာပြီ။ ဒီနှစ်အတွင်းမှာ မင်း ဘာစာမှ မဖတ်လို့၊ ဘာအလုပ်မှ မလုပ်လို့ပဲ” တဲ့။
ခံစားမှု အဟောင်းနှင့် ချဉ်းကပ်မှုအဟောင်းကို ပြန်ဆန်းစစ်ဖို့ ကျနော်တို့ရော၊ မျိုးဆက်ဟောင်းတွေရော အမြင် ကျယ်ကျယ် ဖွင့်ကြရတော့မည့် အချိန်လို့ မြင်လာတယ်။ အာရုံသစ် ခံစားမှုကို ကျနော်တို့ မျိုးဆက်များ ရင်ခုန်ကြပါသည်။ မျိုးဆက်ဟောင်းများလည်း ရင်ခုန်မည် ထင်ပါသည်။ တနည်းအားဖြင့်  “မြနန္ဒာ” သီချင်းကို ကျနော်တို့ ဆိုပါတော့မည်။ အဟောင်းအတိုင်းတော့ အတိအကျမဟုတ်။ လက်ခုပ် ဝိုင်းတီးပေးကြဖို့ပါ။
နေနေ
http://www.maukkha.org/

၂၉.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/slr2rcobi6xxedb/29%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/tki6x38hqi9376o/29%20Jan%202011%20Yeyintnge%27s%20Diary.pdf
29 Jan 2011 Yeyintnge's Diary

The Voice Weekly Vol.7-8

The Voice 7-8

စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၄၅)
ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့်နာခံမှု အကြောင်းကို မြန်မာ့တပ်မတော်ရဲ့ အမိန့်နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၂)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။     ။ ၁၉၉၉ခုနှစ်မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့တွေရဲ့တပ်မှူးကြီး လည်းဖြစ် ယူဂိုဆလားဗီးယား စစ်ပွဲရဲ့ တပ်မှူးကြီးလည်းဖြစ်တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့ လက်ထောက်ကတော့ ဒုတိယ တပ်မှူးကြီး ဗြိတိသျှ ဗိုလ်ချုပ်ကြီး Michael Jackson ပါ။ ဒီအခြေနေမှာ ဗိုလ်ချုပ်ကြီး Michael Jackson ပါဝင်လာခဲ့ပုံကို အဆိုတော် James Blunt က အခုလို ဆက်ပြီးပြောပြပါတယ်။
James Blunt ။     ။ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်မှာ ရေဒီယိုဆက်သွယ်ရေးစက်ပေါ်ကို ဗိုလ်ချုပ်ကြီး Mike Jackson တက်လာခဲ့ပါ တယ်။ အဲဒီတုန်းက အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ကို ဗိုလ်ချုပ်ကြီး Mike Jackson ပြောလိုက်တဲ့ စကားလုံးအတိုင်း အတိအကျ ပြန်ပြောရမယ်ဆိုရင်၊ ကျုပ်ရဲ့ ရဲဘော်တွေက တတိယကမ္ဘာစစ်ကြီး ဖြစ်အောင် စပြီးလုပ်လိုက်ကြတဲ့ အဖြစ်မျိုး ကျုပ်အဖြစ်မခံနိုင်ဘူးလို့ သူက ပြောခဲ့တာပါ။ ကျနော့်တပ်ကိုလည်း လေယာဉ်ကွင်းကို သွားပြီး ၀ိုင်းမယ့်အစား ကားလမ်းတလျှောက်မှာပဲ စနစ်တကျ စုစည်းထားဖို့  ဗိုလ်ချုပ်ကြီး Mike Jackson က ပြောခဲ့ပါတယ်။
ဦးရော်နီညိမ်း။     ။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရစဉ်က တရားခံ မြောက်ကိုရီးယား သူလျှိုတွေကို မိမိစစ်သည် တွေ အသေခံပြီး အရှင်လက်ရ ဖမ်းဆီးရမယ်ဆိုတဲ့ အထက်ကအမိန့်ကို သန်လျင်မြို့ ခလရ (၉၀) တပ်စု တစ်စုထဲက commando (ကွန်မန်ဒို) တွေအဖြစ် အရွေးခံထားရတဲ့စစ်သည်တွေက အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပြီး အသေခံသွားကြတာဟာ၊ ဘာကြောင့်လဲလို့ ပြန်ပြီးသုံးသပ် ကြည့်လို့ ရပါတယ်။ အထက်ကနေ ဒီအကြောင်း ဒီအကြောင်းတွေကြောင့် အသေခံသင့် ခံရမယ်ဆိုတဲ့ အမိန့်ကို ပေးရတဲ့ ရည်ရွယ်ချက်က မိမိ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး ဆည်ယူဖို့ ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် ဖြစ်တာကို၊ လိုက်နာရမယ့် စစ်သည်အားလုံးက လက်ခံ နားလည် နေကြကြောင်း တွေ့ရှိရပါတယ်။ ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ အငြင်းပွါးစရာမရှိသလို ဒီစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် ဟာ စစ်သည်တွေ အသေခံသွားရနိုင်ပေမယ့်၊ တိုင်းပြည်အတွက် ဂုဏ်သိက္ခာ ပြန်တက်နိုင်တဲ့ ကောင်းသောအကျိုးဆက် ဖြစ်တယ်ဆိုတာကို အမိန့်ကိုလိုက်နာရမယ့် စစ်သည်အားလုံးက နားလည် သဘောပေါက်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဗိုလ်ကြီး James Blunt အမိန့်မနာခံခဲ့ သလို ကြားကနေ ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့အမိန့်ကို ၀င်ရောက်ပိတ်ဆို့ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Michael Jackson ဟာလည်း အမိန့်နာခံဖို့ ပျက်ကွက် ခဲ့ပါသလားလို့ ဘီဘီစီ ရေဒီယို Channel 5 နိုင်ငံရေးကဏ္ဍ အစီအစဉ်တင်ဆက်သူ John Pienaars က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ လ ၁၄ ရက်နေ့က ဗိုလ်ချုပ်ကြီး Michael Jackson ကို တွေ့ဆုံမေးမြန်းခန်းမှာ မေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Michael Jackson ။     ။ အမိန့်မနာခံဘူးလို့ ပြောကြကြေးဆိုရင် James Blunt က ဘယ်သို့ဘယ်ပုံ အမိန့်မနာခံဘူးဆိုတာ တော့ ဗိုလ်ချုပ်ကြီး Wesley Clerk က အသေးစိတ် ပြောလိမ့်မယ် မဟုတ်ဘူးဗျ၊ ရုရှတပ်တွေ ပရစ္စတီးနား (Pristina) လေဆိပ်ကို ဦးတည်ချီ တက်နေကြပြီ ဆိုတာကို ရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့နေ့ မတိုင်ခင် တစ်ရက်မှာ၊ ဒီအကြပ်အတည်း စပြီးတော့ ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ ကျနော့်အထက် ဗိုလ်ချုပ်ကြီး Wesley Clerk က ဒေသခံတွေက တောင်းဆိုလို့ တနည်းအားဖြင့် ကျနော်တို့ကို ဖိတ်ခေါ်လို့ ပရစ္စတီးနား လေ ဆိပ်မှာ ကျနော်တို့  NATO တပ်တွေ အခြေပြုဖို့ ရောက်လာကြတာပါ ဆိုပြီး ရုရှားတွေကို ခပ်တင်းတင်း ရင်ဆိုင်ထားတဲ့ အခြေအနေမျိုး ဖြစ်ချင် တယ်။ ဒါက တကယ့်ကို အတိမ်းအစောင်းမခံတဲ့ အခြေအနေပါ။ ကျနော်တို့ ဒီ ကိစ္စကို လက်တွေ့ကျကျ မျက်နှာချင်းဆိုင် မဖြေရှင်းနိုင်ခင်အထိ ဒီအကြပ်အတည်းဖြစ်နေတာ (၇၂) နာရီ ကြာခဲ့ပါတယ်။ James Blunt က ဒါဟာ စစ်ပွဲ ကြားမှာ နိုင်ငံရေး အမြတ်ထုတ်ချင်လို့ ဖြစ်လာရတဲ့ အခက်အခဲ အကြပ်အတည်းလို့ ထောက်ပြခဲ့တာပါ။ ကျနော်တို့ကလည်း ဒီအလုပ်ဟာ ကျနော်တို့ စစ်သားတွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။
ဦးရော်နီညိမ်း။     ။ အနောက်နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့တွေမှာ အကွဲကွဲအပြားပြားသော နိုင်ငံတွေက တပ်မတော်တွေနဲ့ ဖွဲ့စည်းထားတာ ကြောင့် အမေရိကန်ဗိုလ်ချုပ်ကြီးရဲ့အမိန့်ကို ဗြိတိသျှစစ်ဗိုလ်က မလိုက်နာတာဟာ NATO ရဲ့ စစ်ခုံရုံးကို ရောက်စရာရှိရင် ရောက်မှာ ဖြစ်ပေ မယ့်၊ နိုင်ငံမတူတဲ့ တပ်မတော်နှစ်ခုက စစ်အရာရှိတွေကြားက ပြဿနာလို့လည်း စောဒက တက်လို့ရပါတယ်။ ဒါကြောင့် ဒါဟာ စစ်တပ်ရဲ့ အမိန့်နာခံမှု မနာခံမှု အကြောင်းအရာနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စစ်တပ်ချင်း မတူတာတို့ နိုင်ငံချင်း မတူတဲ့ စစ်အရာရှိ နှစ်မျိုးနှစ်စားကြားက အမိန့်နာခံမှု မနာခံမှု ဆိုတာထက် အထက်ကပေးအပ်လာတဲ့ အမိန့်ဟာ ဘာရည်ရွယ်ချက်နဲ့ ပေးတာ လဲ၊ အကျိုးဆက်က ဘာဖြစ်နိုင်သလဲဆိုတာကို အမိန့်ပေးခံရတဲ့ လက်အောက်စစ်သည် တစ်ဦးရဲ့ စဉ်းစားဆင်ခြင်ပုံကို ရှုမြင်သုံးသပ်ကြည့်လို့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က တောင်ဘက်အစွန်ဆုံး ခရစ္စတီး (Christie) ကျွန်းပေါ်မှာ အပြစ်မဲ့ သာမန် အရပ်သူအရပ်သားတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ တသွေမတိမ်း လိုက်နာဆောင်ရွက် သတ်ပစ်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်အရာရှိကြီးငယ်တွေကို ပြန်ပြီးလေ့လာ သုံးသပ်ကြည့်တဲ့အခါမှာလည်း အားလုံးဟာ ဗြိတိသျှစစ်တပ်က စစ်ဗိုလ်ကလေး ဗိုလ်ကြီး James Blunt လိုပဲ မြန်မာနိုင်ငံရဲ့ ခေတ်ပညာတတ် စစ်အရာရှိတွေ ဖြစ်ကြတာကို တွေ့ရှိရပါတယ်။ ခြားနားမှုကတော့ အထက်ကအမိန့်ဟာ ဘာရည် ရွယ်ချက်နဲ့ပေးတာလဲ၊ အကျိုးဆက်က ဘာဖြစ် နိုင်သလဲဆိုတာကို စဉ်းစားဆင်ခြင်မှု မရှိခြင်းဆိုတာကို တွေ့ကြရပါတယ်။ စစ်မြေပြင်မှာသာ ရန်သူနဲ့ရင်ဆိုင်တိုက်ခိုက်နေရချိန်မှာ အထက်အမိန့် အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့် စစ်မြေပြင်မဟုတ်တဲ့နေရာမှာ မိမိရဲ့ရန်သူမဟုတ်တဲ့ သာမန်အရပ်သူ၊ အရပ်သား တွေ အမျိုးသမီးတွေ ကလေးတွေပါမကျန် သတ်ပစ်လိုက်ကြသူတွေရဲ့ အထက်အမိန့်အတိုင်း နာခံမှုမှာ စဉ်းစားဆင်ခြင်ပြီး လိုက်နာခဲ့ကြခြင်း မဟုတ်တာကို ၁၉၉၈ခုနှစ် ခရစ္စတီး (Christie)ကျွန်း ကြည်း-ရေ-လေ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်း ထွဋ်က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
ဦးအောင်လင်းထွဋ် ။     ။ ဗိုလ်ချုပ်ကြီးကြည်မင်းက အားလုံးပေါ့လေ ကျနော်တို့အပါအ၀င် အားလုံးကိုခေါ်ပြီးတော့ ဘာပြောလဲတော့ အခု ဖမ်း ထားတဲ့ (၅၉)ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ်ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ် ကြီးကြည်မင်းကို ဆက်သွယ်ရေးစက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။ ဗိုလ်ချုပ်သူရမြင့်အောင် အခု စစ်ရေးချုပ်လုပ်နေတဲ့လူက ဘာပြောလဲဆိုတော့ “ဒါ အထက်အမိန့်ပဲ၊ အကုန် သတ်ပစ်ရမှာပေါ့”ဆိုပြီးတော့မှ သူက စပြောပါတယ်။ ဆက်ပြီးတော့ ရှင်းရှင်းပြောရရင်တော့ အမိန့်ပေးလိုက်တဲ့ အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ ပစ်သတ်ပြီးတော့မှ သောင်ပြင် မှာမြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။ ၁၉၉၇ခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလ ပတ် (စစ်ရုံးချုပ် အစည်းအဝေး) တခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံး ရှင်းပစ်”ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီ အမိန့်ကို အကောင်အထည်ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၃)၏ ကစထမှူး အဖြစ်မှ၊ တပ်မတော်စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူးချခံရပြီး ကွယ်လွန် သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) ဘ၀တုံးက ရွာသူရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ်ဆိုတာ၊ သူ အသိဆုံးပါ။ “အစိပ်သားတောင် မချန်နဲ့”ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးသတ်ပစ်ဆိုပြီးတော့ တရားဝင်အမိန့်ပါ။ တရားဝင်အမိန့်ဆိုတာ စစ် ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ ပြောလိုက်တဲ့စကားပါ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ဖြစ်ရလဲဆိုတဲ့ အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသားဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်း ခြောက်ပြီး အတင်းအကြပ်ပြောင်းရွေှ့ပစ်ခြင်းကို မြန်မာ့တပ်မတော်တွင် “ရွာစုသည်”ဟု တရားဝင်ခေါ်ဝေါ်သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့အခါကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ဟာမျိုးနဲ့၊ လူတွေကို သတ်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။
ဦးရော်နီညိမ်း။     ။ ဒီနေရာမှာ မြန်မာ စစ်တပ်ထဲမှာ အရိုးစွဲနေပြီးတော့ ဒီစကားကို ကြားလိုက်ရရင် အထက်အမိန့်ကို “ကျိုးကြောင်းဆင်ခြင်ဖို့ မလို လိုက်ကို လိုက်နာရမယ်” လို့ မှတ်ယူသွားစေတဲ့ စကားတခွန်းဟာ မြန်မာ့တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပါတယ်။ "ရေဗူး ပေါက် တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်" ဆိုတဲ့ “ကောင်းတာရော မကောင်းတာရော အထက်ကခိုင်းရင် ဘာမှမစဉ်းစားနဲ့ လိုက်သာ လုပ်" ဆိုတဲ့ အတွေးအခေါ် ဖြစ်ပေါ်စေတဲ့ ဒီစကားရပ်နဲ့ ပတ်သက်ပြီးတော့ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ်အပတ်စဉ်(၃)က ဗိုလ်သင်တန်း ဆင်းခဲ့တဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဗီအိုအေက မေးကြည့်ခဲ့ပါတယ်။
ဦးတင်ဦး။     ။ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟိုင်နန်ကျွန်းမှာ ရဲဘော်သုံးကျိပ် သန္ဓေတည်ပြီးတော့ ဗမာ့လွတ်လပ်ရေးတပ်မတော် စ ဖြစ်လာတာ ကိုး၊ ဂျပန်မှာက သူတို့ စစ်သားတွေနဲ့ ပတ်သက်လို့ မနက်ကို သစ္စာဆိုရတယ်ပေါ့ဗျာ။ သစ္စာ (၄) ချက်က အဲဒီ ဂျပန်တပ်မတော် ကနေပြီးတော့ training ကနေပြီး ဆင်းသက်လာတဲ့ သစ္စာ(၄)ချက် ပဲ။ ပထမဦးဆုံးက (ဂျပန်ဘာသာနှင့်) gunjin ha chusetsu wo tsukusu wo honbun to subeshi "နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်" ဆိုတဲ့ စကားပေါ့။ နောက် ဒုတိယကတော့ (ဂျပန်ဘာသာနှင့်) gunjin ha reigi wo tadaskiku subeshi "အမိန့်ကို နာခံပါမယ်" ဆိုတဲ့ သဘောပေါ့။ အဲဒီလို ကျနော်တို့ ဆိုလာကြရတာပေါ့နော်။ အဲဒါကို မြန်မာလို ပြန် လိုက်တဲ့ အခါကျတော့ ဒုတိယအပိုင်းက "အထက်မှပေးသော အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်" ပေါ့။ အဲဒီလိုဖြစ်လာတာပေါ့။ နောက် တခုက ဟိုတုန်းက slogan ကလည်းပဲ ဒီတနိုင်ငံလုံးမှာ ဂျပန်ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဆိုတော့၊ ကျနော်တို့တိုင်းပြည်ကို ပါလာတာက ဘာလဲဆိုတော့ ကြွေးကြော်သံတခုက “တသွေး၊ တသံ၊ တမိန့်” ဆိုတာ ပါလာတာကိုး ဗျ။ “တသွေး၊ တသံ၊ တမိန့်” ဆိုတာ စစ်အတောအတွင်း တုန်းက ကြွေးကြော်သံဖြစ်တော့ အဲဒီဟာရဲ့ အရှိန်က ပါလာခဲ့တယ်။ အမိန့်နာခံမှုဆိုတာမှာ ဂျပန်ကလည်း သိတဲ့အတိုင်းပဲဗျ၊ သူတို့စစ်တပ်က လေ့ကျင့်ခန်းကလည်းပဲ ကျနော်တို့  (ဂျပန်ဘာသာနှင့်) meirei ha meirei da ၊  “meirei” ဆိုတာရှိတယ်။ meirei ဆိုတာ အမိန့်ဗျ။ “meirei ha meirei da” ဆိုတဲ့ စကားလုံးက အမြဲတမ်း စစ်သင်တန်းပေးတဲ့ အခါတိုင်းမှာ ပြောတဲ့စကား။ “meirei ha meirei da” ရဲ့ အဓိပ္ပါယ်က “အမိန့်ဟာ အမိန့်ပဲ”။ ဘာမှ လျှောက်ပြီးတော့ ပြန်ပြောလို့ မရဘူး၊ ဒါနဲ့ ပတ်သက်တာ အားလုံးကို မင်းက ပေးတဲ့အတိုင်း လိုက်ရ မယ်။” ဒီလိုဟာမျိုးပေါ့ဗျာ။ အဲဒီဟာက နေပြီးတော့ လာခဲ့တဲ့ကိစ္စဟာ တောက်လျှောက် ဖြစ်လာတာကိုး။ ဒီ အမိန့်နာခံမှုဆိုတဲ့ အမိန့်ပေးတဲ့ နေ ရာမှာ စကားလုံးတွေက ဘာထွင်လာသလဲဆိုတော့၊ ပြောတဲ့နေရာမှာ စစ်သားနားလည်အောင် ဆိုပြီးတော့ ပြောရင်းနဲ့၊ အမိန့်ပေးလိုက်လို့ရှိရင် “အမိန့်အ တိုင်း လုပ်၊ ဘာမှ ပြန်မပြောနဲ့” ဆိုတာမျိုး ဖြစ်လာရအောင် အပေါ်က အုပ်ချုပ်တဲ့လူ၊ ခိုင်းတဲ့လူက၊ အမိန့်ပေးတာကို ဘာပဲဖြစ်ဖြစ် ရအောင်လုပ် ရမယ်။ မရတာ မရှိရဘူး။ ဒီဟာဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ အခါကျတော့ စကားလုံးဟာ သုံးလိုက်တဲ့ အခါကျတော့ “ရေဗူးပေါက် တာ ငါမလို ချင်ဘူး၊ ရေပါတာ လိုချင်တယ်”၊ စစ်မြေပြင် ထွက်သွားတဲ့အခါမှာ “ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာ လိုချင်တယ်” အဲဒီလိုဟာ တွေက သုံးလာကြတာပေါ့။ အဲဒီ စကားလုံးက အဓိပ္ပါယ်တော့ သိပ်မရှိလှဘူးဗျ။
ဦးရော်နီညိမ်း။     ။ အဲဒီဟာက ခုန အန်ကယ် ပြောသလို အဓိပ္ပါယ် သိပ်မရှိလှပေမယ့်လည်း၊ တော်တော်လေးတော့ ထိရောက်ခဲ့ပုံ ရတယ်။ တပ်ထဲမှာလည်းပဲ အဲဒီအတိုင်း အထက်က ပြောလိုက်ရင် အောက်က လိုက်လုပ်ရမယ့် လူကလည်း၊ ဒီစကားလုံးကို ကြားလိုက်တာနဲ့ “ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်”  ဆိုတဲ့ဟာနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုပြီး သူ့ကို တာဝန်တခုခု ပေးလိုက်ပြီဆိုရင် သူကလည်း ခေါင်းထဲမှာ အဲဒါက လျှောကနဲ ၀င်သွားပြီးတော့ ဘာမှ စဉ်းစားစရာမတော့ဘူး။ ဒီဥပမာက ခေါင်းထဲမှာ၊ အဲဒီဟာက တော်တော် ထိထိရောက် ရောက်ရှိခဲ့တာပေါ့ နော်။ ဒီ လက်သုံးစကားကြီးနဲ့။
ဦးတင်ဦး။     ။ တခုတာ့ ရှိတာပေါ့ဗျာ၊ ထိထိရောက်ရောက်တော့ ရှိတာပေါ့။ ဒါပေမယ့် စစ်ရဲ့ အောင်မြင်ရာ အောင်မြင်ကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်အ၀၀မှာ ထိရောက်အောင်မြင်နိုင်စေဖို့ အတွက် အကောင်းဘက်ကို အကျိုးသက်ရောက်မယ့်ဟာကို ရည်စူးပြီး ပြောတာပဲ ဖြစ်ရ မယ်ပေါ့။
ဦးရော်နီညိမ်း။     ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား အပတ်စဉ်ကဏ္ဍ” မှာ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၃)ကို ဆက်ပြီး တင်ဆက်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/

စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၁)

ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့စီးပွားရေးဖိုရမ် ဟောပြောချက်



http://www.irrawaddyblog.com/