Wednesday, February 2, 2011

၂.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
2 Feb 2011 Yeyintnge's Diary.doc2 Feb 2011 Yeyintnge's Diary.doc
1869K   View   Download  
2 Feb 2011 Yeyintnge's Diary.pdf2 Feb 2011 Yeyintnge's Diary.pdf
3649K   View   Download  
SYCB Monthly Bulletin for January 2011 (Vol-5, Issue-48).pdfSYCB Monthly Bulletin for January 2011 (Vol-5, Issue-48).pdf
3290K   View   Download  

http://www.mediafire.com/file/z9jdzsy5jvya1dq/2%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/vsj52ohceobcydb/2%20Feb%202011%20Yeyintnge%27s%20Diary.pdf
2 Feb 2011 Yeyintnge's Diary

လူကြီးလူငယ် ပူးပေါင်းရန် ဒေါ်စု တိုက်တွန်း



ချင်းမိုင် (မဇ္ဈိမ) ။     ။ နိုင်ငံ့ကောင်းကျိုးအတွက် လူကြီးနှင့် လူငယ် ပူးပေါင်းရန် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းမောင် (ဝါးခယ်မ) ၏ ၉၂ နှစ်မြောက် မွေးနေ့ပွဲတွင် ပြောကြားခဲ့သည်။

လူကြီးနှင့် လူငယ် အပြန်အလှန် လေးစားပြီး၊ နိုင်ငံ့ကောင်းကျိုးအတွက် ပူးပေါင်းလုပ်ကိုင်ရန် တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။

“ဒီခေတ်လူငယ်တွေဟာ နောင်တခေတ်ရဲ့
ds3s
ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်(ဝါးခယ်မ) ၏ ၉၂နှစ်ပြည့်မွေးနေ့ပွဲတွင် ဂုဏ်ပြုစကားပြောကြားနေသောဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်ဖြစ်ရမယ်၊ ခေါင်းဆောင်ဖြစ်မယ့် လူတွေဟာ အရည်အချင်း ရှိဖို့၊ လူကြီးနဲ့ လူငယ် အပြန်အလှန် လေးစားဖို့ လိုတယ်၊ လူငယ်တွေက ခေတ်မီနည်းပညာတွေ ပိုပြီးတော့ နားလည်ကျွမ်းကျင်မယ်၊ အဲဒီလို ကျွမ်းကျင်မှုနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံတွေ ဆက်စပ်ပြီးတော့ ကောင်းမွန်အောင် ဆောင်ရွက်သွားဖို့ တိုက်တွန်းတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သခင်သိန်းမောင်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ တာမွေနတ်ချောင်းရှိ မဟာသန္တိသုခ ဘုန်းကြီးကျောင်းတွင် ယနေ့မနက် ကျင်းပရာ စာရေးဆရာကြီးများဖြစ်သည့် ဒဂုန်တာရာနှင့် ပါရဂူ၊ NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဖြိုးမင်းသိန်းနှင့် ဧည့်ပရိသတ် ၄ဝဝ ခန့် တက်ရောက်ခဲ့သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/6833-2011-02-02-11-13-53.html

လူ့အခွင့်အရေးကောင်စီက နအဖ အနေနဲ့ ဘာတွေလုပ်သင့်သလဲ နောက်ထပ် တောင်းဆိုချက်က ဇွန်မှာ ပြန်ထွက်မယ်



ချင်းမိုင် (မဇ္ဈိမ)။    ။ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ပထမဆုံးအကြိမ် ကြားနာပွဲတွင် ကုလအဖွဲ့ဝင် နိုင်ငံပေါင်း ၇ဝ ကျော်မှ တင်သွင်းသည့် အကြံပြုချက် ၁၇ဝ ကျော်ကို စုစည်းပြီး အမေရိကန်၊ တောင်ကိုရီးယားနှင့် လစ်ဗျားနိုင်ငံတို့က ကြီးကြပ်၍ ဇန်နဝါရီ ၃၁ ရက်က တင်သွင်းခဲ့ရာ အများစုကို နအဖ ကိုယ်စားလှယ်များက လက်မခံကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကပြောသည်။

ကုလအဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေကို ကုလလူ့အခွင့်အရေးကောင်စီက လေးနှစ် တကြိမ် ပုံမှန်သုံးသပ်သည့် Universal Periodic Review- UPR အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလလူ့အခွင့်အရေးကောင်စီ၌ အရင်လ ၂၇ နှင့် ၃၁ ရက်တို့က ကျင်းပ ပြီးစီးခဲ့သည်။

လူ့အခွင့်အရေးကောင်စီ၌ မည်သည့်နိုင်ငံများက မည်သို့ အကြံပြုသည်။ လက်ခံသည့် အကြောင်း အရာများ၊ လက်မခံသည့် အကြောင်းအရာများကို အသေးစိတ် သိနိုင်ရန် မဇ္ဈိမက ဦးအောင်မျိုးမင်း ကို မေးမြန်းထားသည်။

--------------------------------------------------------------------------------------------------------------------------------------

အကြံပြုချက် ဘယ်နှစ်ခုရှိပါလဲ။ နအဖ ကိုယ်စားလှယ်က ဘာတွေကို လက်ခံပြီး ဘာတွေကို လက်မခံနိုင်တာလဲ။

မြန်မာပြည်က ရွေးကောက်ပွဲက ကောင်းလွန်းလို့ အာရှမှာ စံနမူနာအဖြစ်တောင် တင်ပါတယ်လို့ ပြောတဲ့အချိန်မှာ လူတွေ အကုန်လုံး ဝါးကနဲ အသံထွက်လာတယ်။
အကြံပြုချက် ၆၄ ခုကို သူတို့ လက်ခံတယ်။ ၄၆ ခုကိုတော့ ဒီဇွန်လမတိုင်ခင်မှာ စုံစမ်းပြီးတော့ အကြောင်းပြန်မယ်။ အချက်ပေါင်း ၇ဝ ကိုတော့ သူတို့ လက်မခံဘူး။ အဲဒီတော့ ၁၇ဝ ကျော်။ တချို့ဟာက သူတို့ ထည့်တောင် မပြောဘူး။ ဥပမာ ဒေါ်စုနဲ့ တွေ့ဖို့ပြောတဲ့ဟာမျိုးတွေ။ နောက်ပြီး စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး အရေးယူဖို့။ ကျူးလွန်တဲ့သူတွေကို ချက်ချင်းအရေးယူဖို့ကိစ္စ။ အမေရိကန်က ပြောသွားတဲ့ NLD ပါတီကို အရင်ရွေးကောက်ပွဲမတိုင်ခင်က အဆင့်အတန်း အတိုင်းပဲ ပြန်ပြီး နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပြုဖို့ အဲဒီအချက်တွေ သူတို့က လုံးဝ ထည့်ပြီးတော့ မစဉ်းစားဘူး။

အဲဒီအချက်တွေက ကုလသမဂ္ဂရဲ့ မူဝါဒဖြစ်တဲ့ တခြားပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရဘူး ဆိုတာနဲ့ ကွဲလွဲတဲ့အတွက် ဒါတွေကိုလဲ ဆန့်ကျင်ပါတယ်ဆိုပြီးတော့ ပြောသွားတယ်။

သူတို့ကို သိပ်ပြီး ပြင်းပြင်းထန်ထန်မပြောတဲ့ အာဆီယံနိုင်ငံတို့၊ တရုတ်တို့၊ တခြားနိုင်ငံလေးတွေ ကပြောတဲ့ဟာကို လက်ခံပါ့မယ်ဆိုပြီးပြောတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ပြီးတော့ လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်ဖို့ လိုတယ်ပြောတဲ့ အမေရိကန်၊ ချက်၊ နယ်သာလန်၊ ဂျာမနီတို့ပြောတဲ့ဟာတွေကတော့ သူတို့ လိုက်နာဖို့မရှိဘူး။ လက်မခံနိုင်ဘူးလို့ ပြောတယ်။

ဥပမာ အမေရိကန်က တင်ပြတဲ့အချက်ထဲမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လူ့အခွင့်အရေးနဲ့ မကိုက်ညီတာတွေရှိတယ်။ အထူးသဖြင့် အပိုဒ် ၄၄၅ ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ဖြစ်နေ တဲ့အတွက် ဒါကို ပြန်ပြီးပြင်ဆင်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့လိုတယ်။ အဲဒါတွေကို နိုင်ငံရေးရှုထောင့်က ပြောတယ်ဆိုပြီး တော့ မလုပ်နိုင်ဘူးလို့ ပြောတယ်။

အာဆီယံနိုင်ငံတွေနဲ့ တရုတ်က ဘာတွေ ပြောတာလဲ ခင်ဗျ။

အာဆီယံက ၉ နိုင်ငံစလုံး ပြောတာပဲ။ မြန်မာနိုင်ငံက သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း သွားနေတာ တွေ့ရတယ်။ အခုဆိုရင် UPR မှာ ပါဝင်လာတာ တွေ့ရတယ်။ နာဂစ်တုန်းက ကူညီမှုတွေကို ခွင့်ပြု တယ် ဆိုတာတွေကိုပဲ ကောင်းတယ်ဆိုတာမျိုး ပြောတာများတယ်။ ထူးထူးခြားခြား စင်္ကာပူနဲ့ မလေးရှားကတော့ ဒုက္ခသည်ကိစ္စဖြေရှင်းဖို့၊ နိုင်ငံမဲ့ကိစ္စတွေဖြေရှင်းဖို့ ဆိုတာ ထည့်ပြောသွားတယ်။ ကျန်တာကတော့ နအဖကို လူ့အခွင့်အရေးတိုးတက်နေပါပြီ။ ပူးပေါင်း ဆောင်ရွက်ဖို့ လုပ်ဆောင်သင့်ပါတယ်ဆိုတဲ့ သဘောပြောသွားတာတွေ့ရတယ်။ တရုတ်ကတော့ ထုံးစံအတိုင်းပဲ ဒီလိုမျိုး ဝိုင်းဝန်းဖိအားပေးတာ မလုပ်သင့်ဘူး။ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်နေ တဲ့နေရာတွေ ရှိနေပြီဆိုပြီးတော့ စီးပွားရေး၊ လူမှုရေး ရှုထောင့်ကနေ မြန်မာနိုင်ငံကို ကာကွယ်ပြီး ပြောဆိုသွားတယ်။

နအဖ ကိုယ်စားလှယ်တွေထဲက မနေ့က ငြင်းဆိုတာက ဘယ်သူပါလဲ။ သူတို့အဖွဲ့ စုစုပေါင်း ဘယ်နှစ်ယောက်ရှိလဲခင်ဗျာ။

ဒေါက်တာထွန်းရှင်ပဲပေါ့။ လက်ရှိ ဒုတိယရှေ့နေချုပ်။ သူကခေါင်းဆောင်ပြီးလာတာ။ စုစုပေါင်း ၂၇ ယောက်။ ၂၇ ရက်နေ့ကတော့ လူ ၁၂ ယောက်လောက်ပဲ အဓိကပြောသွားတယ်။ မနေ့ကတော့ အနှစ်ချုပ်ပေါ့။ ဘယ်အချက်တွေကို ဒီမှာ မေးခွန်းထုတ်မယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားတဲ့ အစီရင်ခံစာကို စင်ပေါ်တက်ပြီး ဖတ်ပြသွားတဲ့ သဘောမျိုးပဲရှိတယ်။ ဥပမာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ကော်မရှင်မှာပါတဲ့ အမျိုးသမီး (ပါမောက္ခဒေါက်တာမြင့်ကြည်)က ပြောတယ်။ အမျိုးသမီးကိစ္စဆို အမျိုးသမီးရေးရာကပြောတယ်။ နိုင်ငံရေးအကျဉ်းသားဆိုရင် အကျဉ်းဦးစီးဌာနကပြောတယ်။ လာကထဲက စာရွက်တွေကိုင်ပြီး တာဝန်ပေးထားတဲ့ သဘောမျိုး။

အဲဒီထဲမှာ ဦးကျော်တင့်ဆွေပါတယ်။ သူက အာဆီယံ လူ့အခွင့်အရေးကော်မရှင်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့လူဖြစ်တယ်။ အဲဒါကို ကုလမှာ ကျတော့ သူ့ကိုယ်သူ ကော်မရှင်နာလို့မပြောဘူး။ မြန်မာပြည်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကို အကြံပေးတဲ့သူဆိုပြီးတော့ ပြောသွားတယ်။ အာဆီယံ မှာ လူ့အခွင့်အရေးကော်မရှင်တွေက အစိုးရနဲ့ ပတ်သက်မှုမရှိပဲနဲ့ လွတ်လပ်တဲ့ လူတွေဖြစ်ဖို့ အတွက် ကျနော်တို့ပြောနေတယ်။ ဒီမှာကျတော့ လူ့အခွင့်အရေးကိစ္စကို အမှန်အတိုင်း မတင်ပြပဲနဲ့ အစိုးရဘက်ကနေ ကာကွယ်ပြီး ပြောတယ်။ သူ့ကိုသူ ကော်မရှင်နာလို့တောင် မကြေညာရဲတဲ့ ပုံစံဖြစ်နေတယ်။

တခြားထူးထူးခြားခြား မှတ်သားလောက်စရာ ပြောဆို တုန့်ပြန်မှုတွေရှိရင် ရှင်းပြပါအုံး။


မြန်မာပြည်မှာ စစ်တပ်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေကို သူတို့ လုံးဝသည်းညည်းမခံတဲ့ ပေါ်လစီ ရှိပါတယ်လို့ ပြောတာတွေ၊ နိုင်ငံရေး အကျဉ်းသား လုံးဝမရှိဘူး၊ နောက် မြန်မာနိုင်ငံက ဘယ်တော့မှ လက်နက်ကိုင် တိုက်တဲ့ အခြေအနေမျိုး မရောက်ခဲ့ဖူးဘူး၊ ပညာရေးကလဲ ကျောင်းတိုင်းမှာ ကွန်ပျူတာ တလုံးစီ ထားနိုင်ပြီဆိုတဲ့ ဟာတွေက ပြောရဲတဲ့လူကို ကျနော် အံ့သြတယ်။ နောက်တခါ မြန်မာပြည်က ရွေးကောက်ပွဲက ကောင်းလွန်းလို့ အာရှမှာ စံနမူနာအဖြစ်တောင် တင်ပါတယ်လို့ ပြောတဲ့အချိန်မှာ လူတွေ အကုန်လုံး ဝါးကနဲ အသံထွက်လာတယ်။

ကုလရဲ့ တခြားပြည်တွင်းရေး ဝင်မစွက်ရဘူးဆိုတဲ့ မူဝါဒကို အမြဲတမ်း အကာကွယ် ယူမသွားနိုင်ဘူးလား။

အပေါ်ပိုင်းက ဟန်ပြတော့ ခွင့်ပြုတယ်။ တကယ်တန်း တိတိကျကျ တောင်းဆိုတဲ့အရာတွေကျ တော့ လက်မခံနိုင်ဘူးပြောတယ်။
အဲဒါပဲ အမြဲတမ်း အကာအကွယ် လုပ်နေတာပဲလေ။ ဒါပေမဲ့ ဒီ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အချက်တွေကတော့ သူတို့ ငြင်းလို့မရတဲ့ဟာမျိုး။

အကြံပြုချက် ၆၄ ချက်ကို လက်ခံတယ်ဆိုတာက ဘယ်လိုဟာမျိုးတွေလဲခင်ဗျ။ အကြမ်းဖျဉ်းပေါ့။

ယေဘုယျအရမ်းဆန်တဲ့အရာတွေ။ တိတိကျကျ ချက်ချင်းလုပ်လို့ မရနိုင်တဲ့အရာမျိုး။ ဥပမာ နိုင်ငံတကာစာချုပ်တွေကို လက်မှတ်ထိုးဖို့အတွက် လေ့လာပါ့မယ်ဆိုတာမျိုး။ မြန်မာပြည်က ဥပဒေတွေ ပြန်ပြီးတော့ စောင့်ကြည့်ပါမယ်။ ပြန်သုံးသပ်ပါ့မယ်ဆိုတာမျိုး။ နောက်တခါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ပါ့မယ်ဆိုတာမျိုး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်။ ကုလသမဂ္ဂမှာရှိတဲ့ လူ့အခွင့်အရေးကောင်စီလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်။ ကလေးစစ်သားပပျောက်ဖို့အတွက် ကြိုးစားလုပ်ဆောင်ပါ့မယ်ဆိုတာမျိုးပဲရှိတယ်။ တကယ့်ကို တိတိကျကျနဲ့ ချက်ချင်းလက်ငင်း လုပ်ရမယ့်အရာမျိုးကို သူတို့က လက်မခံဘူးဆိုတဲ့ ပုံစံပြတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောတော့ တကယ် ဖြစ်နိုင်မယ် ထင်ပါလား။

ကျနော်တို့ တွေ့ရတဲ့အချက်က သူတို့လက်ခံမယ်ဆိုတဲ့ထဲမှာ နိုင်ငံတကာနဲ့ ပူးပေါင်းမယ်ပြောတယ် ဗျာ။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းမယ်ဆိုရင် လာတဲ့ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ဆေးရေး အရာရှိတို့၊ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ဝန်ထမ်းတွေကို နိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ် သွားပိုင်ခွင့်ရှိမယ် ဒါကိုတော့ သူတို့ခွင့်မပြုဘူး။ အဲဒီတော့ အပေါ်ပိုင်းက ဟန်ပြတော့ ခွင့်ပြုတယ်။ တကယ်တန်း တိတိကျကျ တောင်းဆိုတဲ့အရာတွေကျ တော့ လက်မခံနိုင်ဘူးပြောတယ်။ အရှေ့နဲ့အနောက်နဲ့က တော်တော်လွဲနေတယ်။

ICRC တို့ ILO ရုံးတွေ ပြည်တွင်းမှာ ဖွင့်ခွင့်ပြုပြီး ပူးတွဲလုပ်ဆောင်နေတာပဲ မဟုတ်ဘူးလား။

အဲဒီလိုမျိုး ပူးပေါင်းလုပ်ဆောင်တယ် ပုံစံမျိုးပြောတယ်။ ICRC ကို သူတို့သိပ်မပြောဘူး။ အဓမ္မ လုပ်အားစေခိုင်းမှုတွေကို ILO နဲ့ ပူးပေါင်းပြီးတော့ လုပ်မယ်ဆိုတာ ဘယ်လောက်အချိန်မှာ ဘယ်လိုပြီးအောင် လုပ်မလဲ။ တိကျတဲ့ အရာတွေကျတော့ သူတို့လက်မခံဘူး။

ကလေးစစ်သားနဲ့ပတ်သက်တာကို နည်းနည်းထပ်ပြောပြပါအုံး။ မြန်မာစစ်တပ်မှာ ကလေးစစ်သား အရေအတွက် ဘယ်လောက်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်း ပြောဆိုကြပါလဲ။

အခု အမြင့်ဆုံးပြောနေတဲ့ လူ့အခွင့်အရေးအရ စုံစမ်းစစ်ဆေးမှု ကော်မရှင်တွေ ဖွဲ့မယ် ဆိုတာက နောက်ထပ်တဆင့် ကုလသမဂ္ဂက လုပ်ဆောင်နိုင်တဲ့ ခြေလှမ်းတိုးတဲ့တချက်ပဲ။
ကလေးစစ်သားနဲ့ ပတ်သက်လို့ကတော့ သူတို့က အစောကြီးထဲက ဒါတွေက လုပ်ပြီးပါပြီ။ ၂ဝဝ၄ က စပြီးတော့ အရွယ်မရောက်သေးသူ စစ်မှုထမ်းခြင်း တားဆီးရေး ကော်မတီလဲ ဖွဲ့ပြီးပါပြီ။ ချိုးဖောက်တဲ့ စစ်အမှုထမ်းတွေကိုလဲ အရေးယူတယ်။ ၂ဝဝ၂ ကစပြီး ကလေးစစ်သား ၄၄ဝ ကို အိမ်ကို ပြန်ပို့နိုင်ခဲ့တယ်။ ဒါကို ဆက်လုပ်မယ် ပြောတယ်။ တပ်တွေကို လွတ်လွတ် လပ်လပ် သွားပြီးတော့ စစ်ဆေးခွင့်တွေ၊ ထွက်ပြေးလာတဲ့ ကလေးတွေကို ပြန်ပြီး တပ်ပြေးမှုနဲ့ မဖမ်းဖို့ ကိစ္စတွေကျတော့ သူတို့မပြောဘူး။ အရေအတွက်က အရင် ၆ဝ,ဝဝဝ ပဲသုံးနေတုန်းပဲ။ ဒီထက်လျော့ဖို့တော့ မရှိဘူး။ နောက်ပိုင်း ထပ်တိုးတာတွေ ရှိနေတာကိုး။ အဲဒါက နအဖ တခုပဲ။ ကျန်တဲ့အင်အားစုတွေက ၆ဝဝဝ လောက်ပဲရှိတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တာ၊ နောက်ပြီး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ဆိုတာ တွေရော ဘယ်လို တုန့်ပြန်ပါသလဲ။

အဲဒါကို တောင်းတဲ့နိုင်ငံတွေက ချက်၊ အမေရိက၊ ဂျာမနီ၊ သြစတြေးလျ၊ ကနေဒါ တွေ။ ပူးပေါင်းဆောင်ရွက်မယ့် ပုံစံတော့ မရှိဘူး။ အပြစ်ပေးအရေးယူ တဲ့ဟာတွေ စုံစမ်းစစ်ဆေးတာတွေ လက်မခံတဲ့စာရင်းထဲမှာ ထည့်ထားတယ်။

အခု UPR အစည်းအဝေးရဲ့ နောက်ဆက်တွဲက ဘာတွေ ရှိအုံးမလဲ။ ဘယ်တော့လဲဗျ။

အခု သူတို့တွေက ဒါတွေကို လက်ခံတယ်၊ လက်မခံဘူးဆိုတာ ပြောတယ်။ ဒီအပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုပေါ်မှာ မူတည်ပြီးတော့ လူ့အခွင့်အရေးကောင်စီကနေ နအဖ အနေနဲ့ ဘာတွေလုပ်သင့် သလဲဆိုတဲ့ နောက်ထပ်တောင်းဆိုချက်က ဇွန်မှာ ပြန်ထွက်မယ်။ နအဖ အနေနဲ့ ဘာတွေခွင့်ပြု သင့်တယ်။ ဒါမှမဟုတ် ကုလအေဂျင်စီတွေနဲ့ ဘာလုပ်သင့်တယ်။ နိုင်ငံတကာအနေနဲ့ ဘာလုပ် သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေတော့ ထွက်လာမှာပဲ။

ကုလက မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်အပေါ် ဆုံးဖြတ်ချက်တွေ ချလာတာ အခုဆို အနည်းဆုံး နှစ်ပေါင်း ၂ဝ ကျော်ပြီ။ ထိထိရောက်ရောက် ပြောင်းလဲတာ မတွေ့ရပါဘူး ဆိုတော့ ကုလရဲ့ သဘောသဘာဝက ဘယ်လို ရှိတာလဲခင်ဗျ။

ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အချိန်တွေကြာပြီ။ အစိုးရကလဲ ပူးပေါင်း ဆောင်ရွက်မှု မရှိဘူးဆိုတော့ ချက်ချင်းလက်ငင်းကြီး ရှင်းနိုင်တဲ့သဘောမျိုး မရှိဘူး။ ဒါပေမဲ့ အခု အမြင့်ဆုံးပြောနေတဲ့ လူ့အခွင့်အရေးအရ စုံစမ်းစစ်ဆေးမှု ကော်မရှင်တွေ ဖွဲ့မယ် ဆိုတာက နောက်ထပ်တဆင့် ကုလသမဂ္ဂက လုပ်ဆောင်နိုင်တဲ့ ခြေလှမ်းတိုးတဲ့တချက်ပဲ။

လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲနေကြတဲ့ အနေအထား ကိုရော သိထားသလောက် ရှင်းပြပေးပါလား။

သူ့မှာ အဖွဲ့ဝင်နိုင်ငံ ၅၄ နိုင်ငံ။ ဒီနှစ်ထဲမှာ ဥက္ကဋ္ဌက ထိုင်းနိုင်ငံဖြစ်တယ်။ ကျန်တဲ့နိုင်ငံတွေ ကတော့ ဒေသအလိုက် ခွဲတမ်းကျထားတဲ့နိုင်ငံတွေရှိတယ်။ အမေရိကန်လဲ ဒီထဲမှာပါတယ်။ စုံစမ်းမှုကော်မရှင်ဖွဲ့ဖို့က လက်မခံတဲ့ နိုင်ငံတွေလဲ ရှိတယ်။ တဝက်ဆီလောက်တော့ ရှိတယ်။ လက်မခံနိုင်တာက အထူးသဖြင့် အာဆီယံနိုင်ငံတွေက ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ နောက် တော်တော်များများ အာဖရိကဘက်မှာရှိတဲ့ တချို့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေရှိတဲ့ နိုင်ငံတွေက လက်ခံနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘက်က အဓိကထားပြီး စည်းရုံးနေရတာက အနောက်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေ၊ လက်တင်အမေရိကနိုင်ငံတွေ။

လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ ၁၄ ဖွဲ့ပေါင်းထားတဲ့ Burma Forum on the Universal Periodic Review (BF-UPR) ကလဲ စည်းရုံးလှုပ်ရှားမှုတွေ ရှိခဲ့တယ်ဆို။ ရှင်းပြပေးပါလား။

ဒီအဆင့်အထိက ကျနော်တို့ သူတို့နဲ့ တိုက်ရိုက်ပြောလို့မရဘူး။ ဇွန်လကျရင် မျက်နှာချင်းဆိုင် ပြောလို့ရပြီ။ သူတို့ပြောတဲ့ဟာကို သီးသန့် နောက်ထပ် အစီအစဉ်တခု လုပ်တယ်။ အဲဒီမှာ တချို့ အမေရိက၊ ဘရာဇီး၊ မလေးရှား၊ ချက် အစိုးရမစ်ရှင်တွေ လာတယ်၊ ဂျနီဗာမှာရှိတဲ့ အန်ဂျီအိုတွေ၊ မီဒီယာတွေတက်တယ်။ ကုလ ဝန်ထမ်းတွေ။ သူတို့တွေက ပြန်ပြီး သိချင်တဲ့အချက်တွေမေးတယ်။ နအဖတွေပြောသွားတာနဲ့ လွဲနေတာဘာတွေရှိလဲ ဆိုတာတွေ ကျနော်တို့ကိုမေးတယ်။

BF-UPR က အရင်လ ၂၇ ရက် UPR မစခင်ကထဲက ရှင်းလင်းပြောဆိုတာတွေ လုပ်နေတာ မှုတ်လား။

ဟုတ်တယ်။ ကျနော်တို့အနေနဲ့က အစီရင်ခံစာတင်တယ်။ ပြီးတော့ နအဖကို ဘယ်လိုမေးခွန်း မေးသင့်တယ်၊ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ကြိုပြီးတော့ အစိုးရမစ်ရှင်တွေကို စည်းရုံးရတာ။ ကျနော်တို့ တိုက်ရိုက်ပြောခွင့်မရှိဘူး။ အရင်က မြန်မာနိုင်ငံအကြောင်း မပြောတဲ့ ပါကစ္စတန်တို့ အယ်ဂျီးရီးယားတို့က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာကိစ္စ၊ အဲဒါကို ထောက်ပြ ပြောတယ်။ မလေးရှားဆိုရင် သူ့တိုင်းပြည်မှာ ဒုက္ခသည်ပြဿနာတွေ ထောက်ပြသင့်တယ်ဆိုတာ သူတို့ အဲဒီအတိုင်းပဲ ပြောသွားတယ်။
http://www.mizzimaburmese.com/interview/6836-2011-02-02-13-11-31.html

နာဂစ်ဒေသမှာ လိုအပ်ချက်တွေရှိနေဆဲပါ။

ကြွက်တွေကို ဟင်းလျာအဖြစ် စားသုံးကြတဲ့ အပြင်၊ ရောင်းစားကြတာလည်း ဓလေ့တခုလိုဖြစ်နေပြီ။ ဆင်းရဲလွန်းလို့ပါ။ ဒါတွေက တကယ့် အဖြစ်အပျက်တွေပါ။
Face Book မှ...

အကြိမ်ကြိမ် ဖွင့်ဖို့ကြိုးစားခဲ့တဲ့တံခါးများ ( သို့မဟုတ်) အီဂျစ်နိုင်ငံရေးအကြပ်အတည်း -( အောင်မိုးဝင်း )


အမေရိကန်အသံလွှင့်ဋ္ဌာနတွေမှာ အီဂျစ်နိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့အင်တာဗျူးတွေ ပြည့်နှက်
နေခဲ့တယ်။ အမေရိကန်ပြည်ထောင်စုအတွက်တော့ နိုင်ငံခြားရေးမူဝါဒအကြပ်အတည်းကိုရင်ဆိုင်နေရတယ်။ ဘရက်အိုဘားမား အစိုးရအဖွဲ့က အီဂျစ်နိုင်ငံရဲ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုတွေကို စံနစ်တကျမြင်ချင်နေတယ်လို့ထုတ်ဖေါ်ပြောကြားခဲ့ပေမဲ့၊
ရီပတ်ပလင်ကန်ခေါင်းဆောင်တချို့မှာ စိုးရိမ်စိတ်တွေရှိနေတယ်။ တကယ်တော့ အစ္စရေး၊ ဆော်ဒီအာရေဗီးယားနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ခေါင်းဆောင်တွေကြားမှာ “မွတ်စလင်ညီအကိုတော်များ” ရဲ့လှုပ်ရှားမှုတွေကို အနီးကပ်သုံးသပ်နေပြီး၊ အတွင်းကြိတ်ဆွေးနွေးနေကြရတယ်။
အီဂျစ်နိုင်ငံရေးအခြေအနေကိုတင်ပြတဲ့အခါ၊ ရှုထောင့်နှစ်ခုကနေတင်ပြချင်ပါတယ်။
(၁) လူထုလှုပ်ရှားမှုဆိုင်ရာရှုထောင့်
(၂) နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာရှုထောင့်- ဆိုတဲ့သုံးသပ်ရှုမြင်မှုအမြင်တွေပဲဖြစ်တယ်။

လူထုလှုပ်ရှားမှုဆိုင်ရာရှုထောင့်

အီဂျစ်ပြည်သူလူတုလှုပ်ရှားမှုကို အဓိကဦးဆောင်နေတဲ့အဖွဲ့အစည်းနှစ်ခုရှိတယ်။ လစ်ဘရယ်ဝါဒီ၊ မာ့က်စ်ဝါဒီတွေ နဲ့ အမျိုးသားရေးဝါဒီတွေ
မဟာမိတ်လုပ်ဖွဲ့စည်းထားတဲ့ ဒီမိုကရက်တစ်ပြောင်းလဲမှု ( အီဂျစ်) ( Demoratic Change in Egypt) ဆိုတဲ့အဖွဲ့၊ အာရပ်ဝေါဟာရ မှာတော့ဒီအဖွဲ့ကို Kafiya ( လုံလောက်ပြီ ) လှုပ်ရှားမှုအဖွဲ့လို့ခေါ်တယ်။ မူဘာရက် ရဲ့ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးအကြပ်အတည်းဆိုက်မှု၊ အစိုးရအဖွဲ့ရဲ့ခြစားမှု၊ အာဏာရှင်နိုင်ငံတခုတည်ဆောက်မှုတွေဟာ တော်လောက်ပြီ လို့ ကြွေးကြော်ရင်း အတိုက်အခံတပ်ပေါင်းစုအဖွဲ့
အဖြစ်ရပ်တည်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်။ တကယ်တော့ အီဂျစ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေက အခုမှ ဝုန်းကနဲပေါ်ပေါက်လာခဲ့တာမဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ် က စပြီး၊ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအဖွဲ့ဟာ အလုပ်သမား၊ လယ်သမားတွေရဲ့ နစ်နာချက်တွေကိုတောင်းဆိုတိုက်ပွဲဝင်ဖို့အတွက် စက်ရုံအလုပ်ရုံတွေ၊ လယ်ယာမြေတွေဆီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတယ်။ မူဘာရက်အစိုးရကို ဖြုတ်ချဖို့ကြိုးစားခဲ့ကြတယ်။

နောက်တဖွဲ့ကတော့ မွတ်စလင်ညီအကိုတော်များအဖွဲ့ ဖြစ်တယ်။ အဲ့ဒီအဖွဲဟာအာရပ်ကမ္ဘာမှာ လူမှုလှုပ်ရှားမှုတွေကို အကြီးမားဆုံး
လုပ်ကိုင်နိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ဂါဇာကမ်းမြောင်၊ အနောက်ဘက်ကမ်းနဖူးနဲ့ ဂျော်ဒန် နိုင်ငံတို့မှာ နိုင်ငံရေးပါတီထောင်ပြီး အတိုက်အခံအုပ်စုတွေအပေါ်သြဇာကြီးမားတဲ့အဖွဲ့တခုအဖြစ် ရပ်တည်နိုင်ခဲ့ကြတယ်။ အီဂျစ်နိုင်ငံမှာ တော့ အီဂျစ်သမ္မတ နာဆာ ကို လုပ်ကြံဖို့ကြိုးစားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ၁၉၅၄ ခုနှစ်ကတည်းက တရားဝင်အဖွဲ့အစည်းတည်ထောင်ခွင့်ကို ဖျက်သိမ်း
ခံခဲ့ရတယ်။ နာဆာလက်အောက်မှာ မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့ခေါင်းဆောင်အများအပြား ဖမ်းဆီးသတ်ဖြတ်ခံရတယ်။
ဒါပေမဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ဟာအီဂျစ်လူထုလှုပ်ရှားမှု ကို ဦးဆောင်နေတဲ့ အကြီးမားဆုံးအဖွဲ့ဖြစ်တယ် လို့
အနောက်အုပ်စုနဲ့အမေရိကန်ပြည်ထောင်စုတို့က ယုံကြည်နေကြတယ်။ တကယ်တော့ မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့
လူမှုရေး၊ ပညာရေးလှုပ်ရှားမှုတွေက အရှိန်မြင့်သထက်မြင့်လာခဲ့တယ်။ နိုင်ငံရေးပါတီ အဖြစ်တရားဝင်ရပ်တည်ခွင့်မရှိတော့တဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့ဟာ သူတို့ရဲ့အဖွဲ့ဝင်တွေကို တသီးပုဂ္ဂလိကနိုင်ငံရေးသမားတွေအဖြစ် မွေးဖွားလေ့ကျင့်ပေးလိုက်ပြီး၊ မူဘာရက်အစိုးရက ကျင်းပခဲ့တဲ့ ၂၀၀၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့တယ်။ ရွေးကောက်ပွဲမှာ ၂၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တယ်။ မွတ်စလင်ညီအကိုတော်များအဖွဲ့ အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေတွေဟာ အတိုက်အခံနိုင်ငံရေးပါတီအားလုံးပေါင်း အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်းထက် များတယ်။

(၂) နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ရှုထောင့်

မွတ်စလင်ညီအကိုတော်များနဲ့ပတ်သက်တဲ့ အငြင်းပွားဘွယ်အချက်အလက်တွေ၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအမြင်တွေကိုတော့
“အရှေ့အလယ်ပိုင်းနိုင်ငံရေး”အကြောင်းဆွေးနွေးတဲ့အခါ ကျမှ အသေးစိတ်တင်ပြသွားပါမယ်။ အော်တိုမန်အင်ပါယာ၊ ဗြိတိသျှအင်ပါယာရဲ့ဒုတိယကမ္ဘာစစ်အပြီးအကြံအစည်၊ စစ်အေးတိုက်ပွဲအားပြိုင်မှု၊အကြမ်းဖက်သမားများအပေါ်
စစ်ဆင်ရေးစီမံကိန်းကြွေးကြော်သံများကို အသုံးချနေသည့် အာဏာရှင်နိုင်ငံများအကြောင်း ပါဝင်နေပါလိမ့်မယ်။

ဒါပေမဲ့ အရေးကြီးတဲ့သမိုင်းဆိုင်ရာအချက်အလက် သုံးခုကိုတော့ ကြိုတင်စဉ်းစားထားစေချင်ပါတယ်။

(က) အီဂျစ်နိုင်ငံရေးကိုကြည့်လိုက်မယ်ဆိုရင်စစ်တပ်ခေါင်းဆောင်အဆက်ဆက်ကသာ နှစ်ပေါင်း (၆၀) ကျော်အာဏာချုပ်ကိုင်
ထားခဲ့တာကိုတွေ့ရမယ်။ အီဂျစ်-ဆူဒန် မင်းဆက်မှစပြီး၊ နာဆာ၊ အန်(န) ဝါ ဆဒက်၊ မူဘာရက် လက်ထက်အထိကြည့်ပါ။ အီဂျစ်ပြည်သူတွေအတွက်တော့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတည်ဆောက်ခွင့်ဆိုတာ တခါမှမရခဲ့ပါဘူး။

(ခ) အီဂျစ်နိုင်ငံရဲ့ဒေသဆိုင်ရာအရေးပါမှု၊ လွှမ်းမိုးမှုတွေက ကြီးမားပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံရေးမှာ မဟာဗျူဟာအရ အရေးပါသလို၊ အီဂျစ်နိုင်ငံရဲ့ယဉ်ကျေးမှု၊ အနုပညာဖန်တီးမှု၊ ဘာသာရေးအတွေးအခေါ်တွေဟာ အာရပ်ကမ္ဘာကို လွှမ်းမိုး
ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်တူနီးရှားနိုင်ငံရဲ့နိုင်ငံရေးအခြေအနေလိုတော့ လွယ်လွယ်ကူကူပြောင်းလဲဖို့မလွယ်ကူပါ။ အင်အားကြီးနိုင်ငံတွေ အပါအဝင် ဆော်ဒီအာရေဗီးယား၊ အစ္စရေးနိုင်ငံတို့ရဲ့ ပါဝင်ပတ်သက်မှုတွေကလည်း အနာဂတ်နိုင်ငံရေး
ဆုံးဖြတ်မှုမှာ အရေးပါနေပြန်ပါတယ်။

(ဂ) ဆူးအက်တူးမြောင်းအကြပ်အတည်း၊ ၁၉၆၇ ခြောက်ရက်ကြာစစ်ပွဲနဲ့ အန်(န)ဝါဆဒက် ကို လုပ်ကြံခဲ့တဲ့ အစ္စလာမ်ဘာသာရေး
အဖွဲ့အစည်းတွေရဲ့အနောက်အုပ်စုအပေါ်အမြင်တွေ ကို လေ့လာစေချင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဖိနှိပ်တဲ့အာဏာရှင်တွေကို အန်တုငြင်းဆန်နေကြတဲ့ အီဂျစ်ပြည်သူတွေနဲ့အတူ ရပ်တည်ကြရပါအောင်ပါ။

ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ Democratic Change in Egypt ရဲ့လှုပ်ရှားမှုတွေကိုတင်ပြထားပါတယ်။

သောတရှင်များခင်ဗျား

၁၉၅၆ မှာဖြစ်ပွားခဲ့တဲ့ ဆူးအက်တူးမြောင်းအရေးအခင်းကို မှတ်မိကြပါလိမ့်မယ်။ ဗြိတိန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသကို
ချုပ်ကိုင်လွှမ်းမိုးထားဖို့အတွက် အီဂျစ်နဲ့ အီရတ်နိုင်ငံတွေဟာ အသက်တမျှအရေးပါတယ်ဆိုတဲ့အချက်ကို သဘောပေါက်နေခဲ့ပေမဲ့၊
အီဂျစ်အမျိုးသားရေးဝါဒီ “နာဆာ” ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကတော့ သူတို့အတွက်စိုးရိမ်စရာတခုဖြစ်လာခဲ့ပါတယ်။
အီဂျစ်သမ္မတ “နာဆာ”ဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဆီက လက်နက်အများအပြားဝယ်ယူလိုက်ပြီး
ဆိုဗီယက်ပြည်ထောင်စုနဲ့နီးကပ်သွားမှု၊ မော်စီတုန်းရဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ်ကို တရားဝင် အသိအမှတ်ပြုမှုတွေကြောင့်၊
ဗြိတိန် နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အီဂျစ်နိုင်ငံ “အက်ရှ်ဝမ် ရေကာတာ” ဆောက်လုပ်ရေးစီမံကိန်းမှာ ကူညီထောက်ပံ့
ပေးထားတဲ့သူတို့ရဲ့ငွေတွေကို ရုတ်သိမ်းလိုက်ပါတယ်။ “နာဆာ” ကလည်း ဆူးအက်တူးမြောင်းကို ပြည်သူပိုင်သိမ်းပိုက်လိုက်ပြီး အနောက်အုပ်စုကိုအာခံလိုက်တယ်။ဗြိတိန်၊ပြင်သစ်နဲ့အစ္စရေးနိုင်ငံတို့ဟာ အီဂျစ်ကိုဝင်ရောက်တိုက်ခိုက်လိုက်တဲ့အတွက် ဆူးအက်တူးမြောင်းအရေးအခင်းစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဆူးအက်တူးမြောင်းပြဿနာဟာ စစ်အေးတိုက်ပွဲကာလ အရှေ့အလယ်ပိုင်း
ဒေသရဲ့မဟာဗျူဟာကိုပြောင်းလဲနိုင်ခဲ့သလို၊ စစ်အေးတိုက်ပွဲ ရဲ့ အားပြိုင်မှုတွေပေါ်မှာအခွင့်ကောင်းယူပြီး နိုင်ငံရေးအာဏာကို
ချုပ်ကိုင်လာတဲ့ အာဏာရှင်တွေ ကလည်း အရှေ့အလယ်ပိုင်းနိုင်ငံရေးစင်မြင့်ပေါ်မှာ ရောက်ရှိလာခဲ့ပါတယ်။
“နာဆာ” သေဆုံးအပြီး၊ အန်(န)ဝါ ဆဒက် လက်ထက်မှာတော့ အမေရိကန်ပြည်ထောင်စုနဲ့နီးစပ်တဲ့ မူဝါဒတွေဆီ ပြောင်းရွေ့
လိုက်ပါတယ်။ ဒါပေမဲ့၁၉၈၁ မှာ “အန်(န)ဝါ ဆဒက်”တယောက်လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ လေတပ်အရာရှိ
တဦးလည်းဖြစ်၊ “ဆဒက်”လက်ထက်မှာ ဒုတိယခေါင်းဆောင်တဦးဖြစ်တဲ့“မူဘာရက်”အာဏာရလာခဲ့ပါတယ်။

“အန်(န)ဝါ ဆဒက်”လက်ထက်မှာ အစ္စရေးနိုင်ငံဆီအလည်သွားရောက်ခဲ့သလို၊ အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့တယ်။
ဒါကြောင့်လည်း အာရပ်အဖွဲ့ချုပ်ရဲ့ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ မူဘာရက် အာဏာရအပြီး ၈နှစ်အကြာမှာတော့
အာရပ်အဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်နိုင်ငံအဖြစ်ပြန်လည်ရောက်ရှိလာခဲ့တယ်။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန်ပြည်ထောင်စုနဲ့
ပူပေါင်းဆောင်ရွက်ခဲ့တာကြောင့် အီဂျစ်နိုင်ငံဟာ အနောက်အုပ်စုအတွက်အရှေ့အလယ်ပိုင်းဒေသ စစ်ရေးမဟာမိတ်နိုင်ငံ
တခုဖြစ်လာခဲ့တယ်။ နိုင်ငံစီးပွားရေးပြန်လည်တည်ဆောက်မှုအတွက် အနောက်အုပ်စုဆီမှထောက်ပံ့မှုတွေလည်းရလာခဲ့ပြီး၊
လစ်ဘရယ် စီးပွားရေးစံနစ်ကိုဖေါ်ဆောင်ခဲ့တယ်”

အီဂျစ်သမ္မတ မူဘာရက်ဟာ နိုင်ငံတကာဆီက အထောက်အပံ့တွေကိုရယူပြီးသူ့ရဲ့တည်မြဲမှုကို ရေရှည်ခိုင်မာအောင်ကြိုးစားခဲ့ပါတယ်။
၁၉၉၇ မှာ မူဘာရက်အစိုးရဟာ မြေယာဆိုင်ရာပြုပြင်ပြောင်းလဲမှုတရပ်ကိုပြုလုပ်ခဲ့ပါတယ်။မြေရှင်ကြေးရှင်တွေရဲ့မတရားလွှမ်းမိုး
ချုပ်ကိုင်မှုကိုကာကွယ်ထားတဲ့ “နာဆာ” ရဲ့မူဝါဒနဲ့လမ်းခွဲလိုက်ပြီး၊ မြေရှင်ကြေးရှင်တွေကို အခွင့်အရေးဖောဖောသီသီပြန်လည်ပေးအပ်ခဲ့
ပါတယ်။ဒါပေမဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံရေးဖိနှိပ်မှုစက်ဝန်းထဲမှာသာ ပြုလုပ်ခဲ့တယ်။ ၁၉၉၀ နှစ်ကာလ
အတွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ဖမ်းဆီးထိန်းသိမ်းခံရသူ ခြောက်သောင်းနီးပါးရှိခဲ့ပြီး၊ အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပမ်းမှုတွေ၊
လုပ်ကြံသတ်ဖြတ်မှု၊ သေဒဏ်အပြစ်ပေးမှုတွေကလည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့တယ်။စီးပွားရေးပြုပြင်ပြောင်းလဲရေး မူဝါဒတွေဟာ
အောင်မြင်မှုမရှိခဲ့ပါ။ စက်ရုံအများအပြားပိတ်ခဲ့ရသလို၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေဟာလည်းကျဆုံးခဲ့ရတယ်။
ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်လာတယ်။ အဓိက အစားအစာဖြစ်တဲ့ ပေါင်မုန့် ပြတ်တောက်မှုတွေလည်း
ကြုံတွေ့လာခဲ့တယ်။ ဒါကြောင့်လည်း လူထုရဲ့မကျေနပ်မှု၊ ဒေါသတွေက ပြင်းထန်သထက် ပြင်းထန်လာခဲ့တယ်။

“ ၂၀၀၃ မှာ အမျိုးသားရေးဝါဒီတွေ၊ လစ်ဘရယ်ဝါဒီတွေနဲ့ လက်ဝဲနိုင်ငံရေးသမားတွေက စုပေါင်းဦးဆောင်ပြီး “တော်လောက်ပြီ” လို့
အမည်ရတဲ့ “ ကဖီရာ” အဖွဲ့ကိုဖွဲ့စည်းလိုက်ကြတယ်။မူဘာရက်အစိုးရဲ့ရွေးကောက်ပွဲမဲလိမ်မှုတွေ၊ လူထုအပေါ်ဖမ်းဆီးနှိပ်စက်မှုတွေ၊
အာဏာရှင်တိုင်းပြည်တည်ဆောက်မှုတွေအပြင်၊ မြေယာမြေသိမ်းပိုက်မှု၊ အလုပ်ဖြုတ်ခံရမှုနဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေ အထိန်းအချုပ်မဲ့
ကြီးစိုးလာမှုကို ရပ်ဆိုင်းပစ်ဖို့တောင်းဆိုကြတယ်။ “နိုင်းမြစ်ကမ်းဘေးက ဆရမ်ဒူ ဆိုတဲ့ရွာလေးမှာငွေရှင်ကြေးရှင်တွေဟာ
အစိုးရလက်ကိုင်ဒုတ်တွေကို အသုံးချပြီး လယ်မြေတွေကိုအတင်းအဓမ္မသိမ်းယူကြတဲ့အခါ၊ လယ်သမားတွေက ဆန္ဒပြ ခုခံ
ကာကွယ်ကြတယ်။ လယ်သမားတွေရဲ့လှုပ်ရှားမှုဟာ မူဘာရက်အစိုးရကို အာခံတဲ့သင်္ကေတတခု အဖြစ်တည်ရှိလာခဲ့တယ်။
ဒီသင်္ကေတ ကို သယ်ဆောင်ဖို့အတွက် ကျနော်တို့တတွေဟာ လယ်သမားတွေနဲ့အတူရပ်တည်တိုက်ပွဲဝင်ကြတယ်။
အဲ့သလိုပဲ ကိုင်ရိုမြို့တော်အနီးက ရမန်ဒါဆိုတဲ့ဒေသအတွင်းက စက်ရုံတွေမှာလုပ်ကိုင်ရတဲ့ အလုပ်သမားတွေရဲ့
အလုပ်ခွင်အခြေအနေဟာအရမ်းဆိုးဝါးလာခဲ့တယ်။ စက်ရုံအလုပ်သမားတွေက ဖျားနာမှု၊ အလုပ်ခွင်အခြေအနေ ပိုမိုကောင်းမွန်လာစေမှုနဲ့
အလုပ်ရှင်တွေရဲ့မတရားလုပ်ဆောင်နေမှုကို အစိုးရအနေနဲ့အရေးယူပေးဖို့တင်ပြတဲ့အခါတိုင်းအာဏာရပါတီရဲ့အမာခံလူတွေ
ကြီးစိုးထားတဲ့ အလုပ်သမားသမဂ္ဂတွေဟာ ချွေးသိပ်နည်း၊ခြိမ်းခြောက်နည်းတွေသုံးပြီး အလုပ်သမားတွေရဲ့ နစ်နာချက်တွေကို
ဘာတခုမှလုပ်မပေးခဲ့ကြဘူး။ဒါကြောင့် စက်ရုံအလုပ်သမားတွေဟာဘဝတူလုပ်ဖေါ်ကိုင်ဘက် အလုပ်သမားတွေကို တိုင်ပင်၊
ကော်မတီတွေတွေဖွဲ့ကြတယ်။ ကိုင်ရို၊ ဟီလာမြို့အပါအဝင် စက်မှုဇုံအားလုံးမှာတည်ရှိနေတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့
ပူးပေါင်းဆောင်ရွက်မှုကော်မတီကိုထပ်မံဖွဲ့စည်းခဲ့ကြတယ်။ စက်ရုံတွေလည်ပတ်မှုရပ်ဆိုင်းသွားအောင် သိမ်းပိုက်ဆန္ဒပြကြတယ်။
အလုပ်ရှင်တွေနဲ့ အစိုးရလက်ကိုင်တုတ်တွေရောက်လာပြီး အလုပ်သမားတွေကို စက်ရုံတွေက နှင်ထုတ်တဲ့အခါ
စက်ရုံအလုပ်သမားတွေက လမ်းမပေါ်ထွက်လာခဲ့ကြတယ်။ မူဘာရက်ရဲ့ စက်ရုံတွေကို ပုဂ္ဂလိကပိုင်စီးပွားရေးမူဝါဒတွေကို
စတင်လိုက်ကတည်းကအလုပ်သမားဆန္ဒပြမှုစုစုပေါင်း (၇၁၂) ခုထက်မနည်းဖြစ်ပွားခဲ့တယ်။ အလုပ်သမားတသန်းကျော်
ပူးပေါင်းပါဝင်ခဲ့ကြတယ်။ အလုပ်သမားထုကြားမှာလည်း ကျနော်တို့အဖွဲ့ဝင်တွေက အများကြီးရှိနေတော့ ကျနော်တို့ရဲ့“ လုံလောက်ပြီ”
ဆိုတဲ့ တပ်ပေါင်းစုဟာ အလုပ်သမားလှုပ်ရှားမှုတွေကို ဦးဆောင်ပါဝင်နိုင်ခဲ့ကြတယ်။”

သောတရှင်များခင်ဗျား

မူဘရက်ရဲ့နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးမူဝါဒတွေမှားယွင်းမှုတွေဟာ လယ်သမားအလုပ်သမားလူတန်းစားတွေတင်သာမက၊
တတိုင်းပြည်လုံး ခါးစီးခံကြရမဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ဒါကြောင့်လည်း အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ တူနီးရှားနိုင်ငံမှာ
အာဏာရှင်ကိုဖြုတ်ချပစ်လိုက်ကြတဲ့အခါ၊မူဘာရက်အစိုးရအပေါ်ဒေါသထွက်နေကြတဲ့ လူထုဟာ အုံကြွပေါက်ကွဲခဲ့ကြပါတယ်။
လူထုလှုပ်ရှားမှု၊ အတိုက်အခံပါတီတွေရဲ့အခြေအနေ၊ အစိုးရရဲ့တုန့်ပြန်မှုတွေကတူနီးရှားနဲ့အီဂျစ်နိုင်ငံတွေမှာ ဘယ်လိုကွာခြားပါသလဲ။
နောက်တပတ်မှာ ဆက်လက်တင်ပြသွားပါမယ်။သောတရှင်တို့လည်း လူထုဒုက္ခတွေကို ခံစားနားလည်၊ ဦးဆောင်တိုက်ပွဲဝင်မဲ့စိတ်ဓါတ်တွေ
ပိုင်ဆိုင်ကြပါစေ။

အောင်မိုးဝင်း





SYCB monthly Bulletin for January 2011 (Vol.5, Issue-48 )

SYCB Monthly Bulletin for January 2011 (Vol-5, Issue-48).pdfSYCB Monthly Bulletin for January 2011 (Vol-5, Issue-48).pdf
3290K   View   Download  
SYCB Monthly Bulletin for January 2011 (Vol-5, Issue-48)

Burma Today News Update (February 2, 2011)

Burma Today news updates are as follows:

Freedom Demonstrations spread across in Africa, Middle East, and Arab world (News Report) February 2, 2011
အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာက လွတ်မြောက်ရေး ဆန္ဒပြပွဲများ


Regime’s Parliament and the Reporters (News Report)
မြန်မာစစ်အာဏာရှင်များရဲ့ ကြပ်ပြေးလွှတ်တော်နဲ့ သတင်းသမားများရဲ့ ဒုက္ခ (ကိုညီ၊ ဒီမို)


8 Days after Egypt Demonstration (News Report)
၈ ရက်ကြာပြီဖြစ်တဲ့ အီဂျစ်က ဆန္ဒပြပွဲများ


Demonstration against Regime's Parliament in Japan (Photo News)
ဂျပန်နိုင်ငံ တိုကျိုတွင် ပြုလုပ်တဲ့ စစ်အာဏာရှင်လွှတ်တော်အား ဆန္ဒပြပွဲ (ဒီမိုဝေယံ၊ ဦးသန်းဝင်း)


Photo Essay from Kyaw Thu (Photo Essay)
ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်းနဲ့ မျိုးဆက်သစ်တို့ဖြင့် စတည်ခြင်း (ကျော်သူ)


Interview about Burma's 2010 Election: A Comprehensive Report
မြန်မာစစ်အစိုးရအလိုကျ ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း


Burma's 2010 Election: A Comprehensive Report - Press Release


Burma's 2010 Election: A Comprehensive Report


Mizpah Shrine Circus Show in Fort Wayne, Indiana (Photo Album)
အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းတွင် ပြသတဲ့ ဆပ်ကပ်ပွဲ (ခင်မောင်လေး)


Karen in Japan Honor 62nd Anniversary of Karen Revolution Day (Photo News)
၆၂ နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား (တိုကျို၊ ဂျပန်) (အေးနန္ဒာအောင် - ဂျပန်)


Seminar for Founding Ordinary Hero Award Committee (Photo News)
အညတရသူရဲကောင်းဆု ချီးမြှင့်ရေးကော်မတီဆိုင်ရာ အစည်းအဝေး (တိုကျို၊ ဂျပန်) (ဒီမိုဝေယံ)


Burma Issue Demonstration in Japan (Photo News)
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပေါ်ပေါက်ရေး တောင်းဆိုဆန္ဒပြပွဲ (တိုကျို၊ ဂျပန်) (ဒီမိုဝေယံ)


Burma Today Articles

ကျနော်တို့ လိုချင်တာက (ဇော်မိုးအောင်) ယနေ့မြန်မာသို့ ပေးစာ


လူ့အခွင့်အရေး မချိုးဖေါက်ဖို့ ဘာကြောင့် မပြောကြတာလဲ ( အပိုင်း ၂) (Sanction ရုပ်သိမ်းချိန် မတန်သေး) ရွှေပြည်စိုး (စာဖတ်သူအမြင်)



Information Desk 
Burma Today Inc.
PO Box 300986
Brooklyn, NY 11230 USA

5 attachments — Download all attachments  
20110131_shwepyisoe.pdf20110131_shwepyisoe.pdf
82K   View   Download  
110202_bty_bur_zaw_moe_aung.pdf110202_bty_bur_zaw_moe_aung.pdf
108K   View   Download  
110202_bty_bur_egypt.pdf110202_bty_bur_egypt.pdf
321K   View   Download  
110131_bty_bur_egypt.pdf110131_bty_bur_egypt.pdf
205K   View   Download  
110131_bty_bur_regime.pdf110131_bty_bur_regime.pdf
233K   View   Download  

javascript:void(0)