Friday, February 4, 2011

၎.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

5 attachments — Download all attachments  
4 Feb 2011 Yeyintnge's Diary.doc4 Feb 2011 Yeyintnge's Diary.doc
1337K   View   Download  
4 Feb 2011 Yeyintnge's Diary.pdf4 Feb 2011 Yeyintnge's Diary.pdf
2232K   View   Download  
e-bulletin_1-2011.pdfe-bulletin_1-2011.pdf
2022K   View   Download  
110204_bty_bur_journalist_in_egypt.pdf110204_bty_bur_journalist_in_egypt.pdf
643K   View   Download  
VOB799KK.pdfVOB799KK.pdf
440K   View   Download  
http://www.mediafire.com/file/5hxcnp65ccn676n/4%20Feb%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/do5yj5k8bothbg3/4%20Feb%202011%20Yeyintnge%27s%20Diary.doc
4 Feb 2011 Yeyintnge's Diary

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ ( 2011-02-04)

2011-02-04

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

2011-02-04
ဒီတပတ် `လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ်မှာ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် သဘောထားကို ဒီရက်ပိုင်းအတွင်း တရားဝင် ကြေညာပါမယ်။ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို နိုင်ငံရေးနည်းဗျူဟာတခုအနေနဲ့ သုံးနေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေ ရှိသလို တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်ပဲ ထိခိုက်တယ်ထင်လို့ ရုပ်သိမ်းပေးစေချင်တဲ့သူတွေလည်း ရှိပါတယ်၊ ဒါတွေ မှန်မမှန် သေချာသုံးသပ်ပြီး ဘယ်လို ဆက်လုပ်သင့်သလဲဆိုတာ အဖြေတခု ရှာရမှာပါ” ဆိုတဲ့ အဖြေစကားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်များ ကြားရပါမယ်။
Photo: AFP
ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အကြို ရန်ပုံငွေ ဈေးရောင်းပွဲကို ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အိန္ဒိယနိုင်ငံက Mrs. Jaya Jaitly ၊ ဂျပန်က ကိုသန်းထိုက်၊ ဗြိတိန်က ကိုရဲမာန်ထူး၊ စပိန်က မယဉ်မင်းသူ ၊ ဂျာမနီက မန်းအောင်လွင်နဲ့ အမေရိကန် ပြည်ထောင်စုက ဦးမောင်မောင်လွင်တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားထားပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဖေဖော်ဝါရီ ၄)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၂၈ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၂၈)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၂၁ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၂၁)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၁၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၁၄)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ် နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ် အမေးအဖြေ အစီအစဉ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။ အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org ဖြစ်ပါတယ်။ မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

စီးပွားရေး ဒဏ်ခတ်မှု ရုတ်သိမ်းရေး

စီးပွားရေး ဒဏ်ခတ်မှု ရုတ်သိမ်းရေး

ဗမာစစ်အစိုးရကို အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး အခုတလော အချေအတင် ဆွေးနွေးပြောဆိုလာတာကို တွေ့ရပါတယ်။ အမေရိကန် အစိုးရက ၁၉၉၀ ခုနှစ်ကစပြီး အရေးယူလာခဲ့တာမို့ အခုဆိုရင် အနှစ် (၂၀) ကျော်သွားပါပြီ။ ၁၉၉၀ မှာ ကုန်ဆုံးတဲ့ (၂) နိုင်ငံ အထည်အလိပ်စာချုပ်ကို သက်တမ်းမတိုးဖို့ အမေရိကန်အစိုးရ ဆုံးဖြတ်လိုက်တာဟာ ပထမဦးဆုံး အရေးယူချက် ဖြစ်ပါတယ်။ နောက်တော့ မြန်မာပြည်မှာ အမေရိကန်က ရင်းနှီးမြုပ်နှံမှုတွေ ထပ်မလုပ်ဖို့ ၁၉၉၇ မေလမှာ သမ္မတ ကလင်တန် က ပြဌာန်းလိုက်ပါတယ်။ လူ့အခွင့်အရေးအုပ်စု က စီးပွားရေး ဦးစားပေးအုပ်စုကို အောင်နိုင်လိုက်တဲ့ သဘောဖြစ်ပါတ်။
ဒါကြောင့်မို့ တဖတ်သတ် စီးပွားရေးဒဏ်ခတ်တာ အကျိုးရှိရဲ့  လား၊ ရည်ရွယ်ချက် အောင်မြင်ရဲ့ လာဆိုတာကို ကွန်ဂရက်လွှတ်တော်မှာ ကြားနာပွဲတွေ ကျင်းပခဲ့ပါတယ်။ ကြားနာပွဲတွေမှာ ဒဏ်ခတ်မှုကို ထောက်ခံသူတွေရှိသလို ဒဏ်ခတ်တာဟာ ဒီမိုကရေစီအရေးနဲ့ အမေရိကန်အတွက် အကျိုးမရှိကြောင်း ထွက်ဆိုသူတွေ ရှိပါတယ်။ အခုအချိန်အထိ ဒဏ်ခတ်အရေးယူတဲ့ဖက်က အနိုင်ရနေတဲ့အတွက် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူရတာ ဖြစ်ပါတယ်။
အမေရိကန် က ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားတဲ့အတွက် အမေရိကန်နဲ့ ဗမာနဲ့ ဆက်သွယ်ပြီး စီးပွားရှာနေတဲ့နိုင်ငံတွေမှာ ပြဿနာရှိလာနိုင်ပါတယ်။ အမေရိကန် ဒဏ်ခတ်မှုဥပဒေနဲ့ အကြုံးဝင်တဲ့ကိစ္စမှာ ဗမာစစ်အစိုးရနဲ့ ပူးပေါင်းဆောင်တဲ့ တတိယနိုင်ငံက ကုမ္မဏီတွေကို အရေးယူနိုင်ပါတယ်။ ဥပမာ - အမေရိကန် ထုတ်ပစ္စည်းကို မြန်မာပြည်ပို့ပေးတာမျိုး အမေရိကန်မှတ်ပုံတင်သင်္ဘောနဲ့ မြန်မာပြည်ကို ပစ္စည်းပို့ပေးတာမျိုးကို အရေးယူနိုင်ပါတယ်။ အမေရိကန်နဲ့ အလုပ်လုပ်နေတဲ့ အာဆီယံကုမ္မဏီဟာ ဗမာစစ်အစိုးရနဲ့ ရောထွေးယှက်တင်ဖြစ်လာရင် အမေရိကန်အရေးယူတာကို ခံရဖို့ အလားအလာရှိပါတယ်။ ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားသ၍ မြန်မာနဲ့ အမေရိကန်နဲ့ ဆက်သွယ်နေတဲ့ ကုမ္မဏီတွေ ရတက်မအေးစရာ ဖြစ်နေတာကြောင့် ဒဏ်ခတ်မှုကို အာဆီယံကရုတ်သိမ်းစေချင်တာ ဖြစ်ပုံရပါတယ်။
ဒဏ်ခတ်အရေးယူတဲ့အတိုင်း လိုက်နာကျင့်သုံးရဲ့  လားဆိုတာကို ဘဏ္ဍာရေးဌာန လက်အောက်ခံ OFAC နိုင်ငံခြားဥစ္စာပစ္စည်း ထိန်းချုပ်ရေးရုံးက တာဝန်ယူစောင့်ကြည့်ရပါတယ်။ ဒဏ်ခတ်အရေးယူမှုမှာ ပြဌာန်းထားတဲ့ စည်းမျဉ်းတွေကို အဓိပ္ပါယ်ဖွင့်ဆိုမှု၊ အပြစ်ပေးမှု၊ လုပ်ပိုင်ခွင့် လိုင်စင်ချပေးမှု စသည်တို့ကို OFAC ရုံးက ဆုံးဖြတ်ရပါတယ်။ အမေရိကန်ရဲ့  ဒဏ်ခတ်မှုဟာ အခွင့်ထူးခံ စစ်အုပ်စုကို မထိခိုက်ဘဲ သာမန်လူတန်းစားကိုသာ ထိခိုက်တယ်ဆိုပြီး အဝတ်အထည် စက်ရုံတွေပိတ်လိုက်လို့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေကို ထောက်ပြကြပါတယ်။ အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှုဟာ သန်း (၃၀) ကျော်ရှိတဲ့ တောင်သူလယ်သမားတွေကို မထိခိုက်ပါဘူး။ မြန်မာ့လယ်ယာထွက်ပစ္စည်းတွေကို အမေရိကန်မှာ မသုံးပါဘူး။ စစ်ခေါင်းဆောင်အသိုင်းအဝိုင်းကိုသာ ရွေးပြီး ဒဏ်ခတ်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
မဆလအစိုးရကို နိုင်ငံခြားက ကူညီထောက်ပံ့နေတုန်း မြန်မာပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့် ရောက်သွားပါတယ်။ မြန်မာ့စီးပွားရေးကို စစ်ဗိုလ်လက်ဝါးကြီး အုပ်ထားတာမို့ စစ်ဗိုလ်အသိုင်းအဝိုင်းကို ဒဏ်ခတ်အရေးယူတာဟာ စစ်ဗိုလ်လူတန်းစားကိုသာ အခွင့်အလမ်း ဆုံးရှုံးစေပါတယ်။ မြန်မာပြည်မှာ လွတ်လပ်တဲ့ စီးပွားရေးအင်အားစုမရှိဘဲ စစ်ဗိုလ်ရဲ့ လက်ဝေခံ အင်အားစုသာ ရှိပါတယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူတာဟာ အရပ်သားကို မထိခိုက်ဘဲ စစ်ဗိုလ်တွေကိုသာ ထိခိုက်တယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ လုပ်ငန်းကြီးတွေကို စစ်တပ်ကပိုင်ပြီး သာမန်အရပ်သားတွေက လက်လုပ်လက်စားနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ လုပ်နေရတာကို နယူးဇီလန်နိုင်ငံက စီးပွားရေးပါမောက္ခ Dr. Alfred Oehlers က သုံးသပ်ထားပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှုဟာ စစ်ဗိုလ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကိုသာ ထိခိုက်စေပါတယ်။ ပြည်သူလူထုအများစုကို ထိခိုက်စေတယ်ဆိုတာဟာ ဗမာစစ်အစိုးရရဲ့  ဝါဒဖြန့်ချက်တခုသာ ဖြစ်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အများဆုံးကဏ္ဍဟာ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ရေအားလျှပ်စစ် နဲ့ မိုင်းလုပ်ငန်းတွေ ဖြစ်ကြပါတယ်။ ဒီလုပ်ငန်းတွေမှာ နိုင်ငံခြားအတတ်ပညာနဲ့ နိုင်ငံခြားပစ္စည်းတွေကိုသုံးပြီး လိုချင်တာကို ထုတ်ယူသွားကြတာကြောင့် ဒေသခံတွေ အကျိုးခံစားစရာ အခွင့်အလမ်းမရှိပါဘူး။ ဒါကြောင့် မြန်မာပြည်က နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ တိုင်းပြည်တိုးတက်ရေးအတွက် လိုအပ်တဲ့အခြေခံကို မတည်ဆောက်ပေးနိုင်ဘူးလို့ Australia နိုင်ငံ Sydney မြို့  Macquaire တက္ကသိုလ် ဘောဂဗေဒပါမောက္ခ Dr. Sean Turnell က မနှစ်က သုံးသပ်ပါတယ်။ သင့်လျှော်မှန်ကန်တဲ့ စီးပွားရေးလမ်းစဉ်ကို အကောင်အထည် ဖော်ဖို့မပြောနဲ့ ဆွေးနွေးနိုင်တဲ့ အခြေအနေတောင် မရှိပါဘူး။ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ယူနေပေမယ့် စီးပွားရေးပြုပြင်ပြောင်းလဲဖို့ အလားအလာ မတွေ့ရသေးပါဘူး။
စီးပွားရေး ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းလိုက်လို့ ဗမာအစိုးရမှုဝါဒ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးလိုက်ပေမယ့် လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ရှိနေတုန်းပါ။ အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းလိုက်ရင် အမေရိကန်ကုမ္မဏီတွေသာ မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ အခွင့်အလမ်းရရှိသွားနိုင်ပါတယ်။

ဒု သမ္မတ ရာထူးနဲ့ လွဲခဲ့ရတဲ့ ရခိုင် တိုင်းရင်းသား

ဒု သမ္မတ ရာထူးနဲ့ လွဲခဲ့ရတဲ့ ရခိုင် တိုင်းရင်းသား

နေပြည်တော်၌ ယမန်နေ့က ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်မှ ဒု သမ္မတ အဖြစ်လျာထားခြင်း ခံခဲ့ရသော ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်သည် မဲအပြတ်အသတ် ရှုံးနိမ့်ကာ ဒု သမ္မတ ဖြစ်ခွင့်ကို လက်လွှတ်လိုက်ရပြီဖြစ်သည်။

RNDP ဥက္ကဌ ဒေါက်တာ အေးမောင်၏ ပထမ အကြိမ်လွှတ်တော်အတွင်း အတွေ့အကြုံများကို ဧရာဝတီ သတင်းထောက် မင်းနိုင် သူ က ဆက်သွယ် မေးမြန်းထားသည်။

ဒေါက်တာ အေးမောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲရုံမှူးတဦးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၉ ခုနှစ် ၄ လပိုင်းတွင် မွေးမြူရေးနှင့် ကုသရေး လက်ထောက် ညွှန်ကြားရေးမှူး အဖြစ်မှ အငြိမ်းစားယူကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် RNDP ကို ထူထောင်ခဲ့သည်။

ဒေါက်တာအေးမောင် ၏ ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁၂ နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၈ နေ ရာ ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင်၂၃ နေရာနှင့် တိုင်းရင်းသား လွှတ်တော် မဲဆန္ဒနယ်တွင် ၁ နေရာ စုစုပေါင်း မဲ ဆန္ဒနယ် ၄၄ နေရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၃၅ ခုတွင် အနိုင်ရခဲ့သည်။
Dr.Aye-Maung-RNDP
ဒေါက်တာအေးမောင် (ဓာတ်ပုံ - မြန်မာ့အလင်း)
RNDP မှာ ၂၀၁၀ ရွေးကောက်ပွဲဝင် အရပ်သားပါတီများအနက် ရာခိုင်နှုန်းအများဆုံး အနိုင်ရခဲ့သည့်ပါတီဖြစ်ကာ အမျိုးသား လွှတ် တော် တွင်လည်း ဒေါက်တာ အေးမောင်ကို ဒု သမ္မတ အဖြစ် ကျန် ဒီမိုကရက်တစ် အရပ်သားပါတီများက အဆိုတင်သွင်းခဲ့ကြ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်များ ကြီးစိုးထားသည့် လွှတ်တော်အတွင်း မဲခွဲရွေးချယ်ရာ ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်မှ ဒုသမ္မတအဖြစ် အမည်တင်သွင်းခံရသည့် ဖလုံ-စဝေါ် ပါတီမှ ဦးစောသိန်းအောင် နည်းတူ ဒု သမ္မတ ဖြစ်ခွင့်ကို လက်လွှတ်ခဲ့ရသည်။

ရခိုင် တိုင်းရင်းသား ဒေါက်တာ အေးမောင်သည် စစ်တွေ လူရည်ချွန် တဦးဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် မွေးမြူရေးနှင့်ဆေးကုသရေး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

အသက် ၅၄ နှစ်ရှိ ဒေါက်တာအေးမောင်သည် အထက်တန်းပြ ဆရာမ အငြိမ်းစား ဇနီးသည် ၊ သားသမီး ၂ ဦးနှင့်အတူ စစ်တွေမြို့တွင် နေထိုင်လျက်ရှိသည်။

မေး။   ။ ဒီကနေ့ လွှတ်တော်တွင်း ဒုသမ္မတရွေးချယ်မှုနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။

ဖြေ။   ။ ကျနော်တို့ အမျိုးသားလွှတ်တော်အတွင်းမှာ ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကပဲ မဲအသာစီးနဲ့ ဒုသမ္မတနေရာ ရသွားပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်းပဲ ပြည်ခိုင်ဖြိုးပါတီကပဲ ရသွားပါတယ်။

မေး။   ။ မဲအသာစီးနဲ့ဆိုတော့ ဘယ်နှစ်မဲအကွာနဲ့ ဆရာက ရှုံးနိမ့်ခဲ့တာလဲ။

ဖြေ။   ။ ကျနော်ရတာက ၂၇ မဲပါ။ ၁ မဲက ပယ်မဲဖြစ်သွားပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ၁၄၀ မဲရသွားပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ကျနော် ကြားသလောက် ဖလုံ-စဝေါ်ပါတီက ဦးစောသိန်းအောင်က မဲ၄၀ ရရှိပြီးတော့ ကျန်တဲ့မဲအားလုံးကို ဦးသိန်းစိန်က ရရှိသွားတယ်လို့ ကြားပါတယ်။

မေး။   ။ မနေ့က ပြုလုပ်ခဲ့တဲ့ ဒု သမ္မတ အရည်ချင်းပြည့်မီမှု ရှိမရှိ ရွေးချယ်စဉ်မှာ ဘာတွေ ကြုံတွေ့ခဲ့ရပါသလဲ။

ဖြေ။   ။ ဒု သမ္မတ ရွေးတဲ့အခါမှာ ကန့်သတ်ချက်လေးတွေ ရှိပါတယ်။ ဖွဲ့စည်းပုံထဲမှာ ဒုသမ္မတဟာ စစ်ရေးအမြင် ရှိရမယ် ဆိုတဲ့ အချက်ပါပါတယ်။ စစ်ရေးအမြင်နဲ့ပတ်သက်လို့ ကျနော်တို့ အရပ်သားကိုယ်စားလှယ် ၂ ဦးကို အရည်အချင်း ပြည့်မီတယ်လို့ သူတို့ သတ်မှတ်ပါတယ်။ ဆိုတော့ လွှတ်တော် ၂ ရပ်စလုံးမှာ ဒုတိယသမ္မတနေရာကိုလည်း အရပ်သား ကိုယ်စားလှယ် တဦးဟာ အရွေးချယ် ခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ လမ်းတော့ ပွင့်သွားတယ်ပေါ့ဗျာ။ အဲဒါလေးတခုပါပဲ။

မေး။   ။ စစ်ရေးအမြင်နဲ့ပတ်သက်လို့ ဘာတွေ မေးမြန်းပါသလဲ။

ဖြေ။   ။ ကျနော်တို့ကို မေးတာမြန်းတာမရှိပါဘူး။ စိစစ်ရေးအဖွဲ့ဝင် ၇ ဦးက ကျနော်တို့ ကိုယ်ရေးအကျဉ်းကို တနေရာမှာ သွားကြည့် တာမျိုးလောက်ပဲ ရှိမှာပါ။ ကျနော်တို့ကို သီးသန့်ခန်းလေး တခုအတွင်းမှာ ထိုင်ခိုင်းထားတယ်။ နောက် အာလာပ သလ္လာပ
လေး ပြောကြတယ်ပေါ့ဗျာ။ အဲလောက်ပဲပြောပြီး ပြီးသွားပါပြီလို့ ပြောပါတယ်။ လွှတ်တော်ရဲ့ မြင်ကွင်းကတော့ တရားမျှတမှုရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက အင်အားများတာကိုး။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီတွေက အင်အား ၃၀ လောက်ပဲ ရှိပါတယ်။ ဆိုတော့ ယှဉ်ပြိုင်ပွဲက လွတ်လပ်တရားမျှတပါတယ်။

မေး။   ။ မနေ့က ဒု သမ္မတရာထူးအတွက် စိစစ်မှုမှာ မေးခွန်းတခုမှကို မဖြေဆိုခဲ့ရတာလားဗျ။

ဖြေ။   ။ မှန်ပါတယ်။ ကျနော် ဘာမှလည်း မဖြေခဲ့ရပါဘူး။ ကျနော်တို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးကိုလည်း သူတို့ ရပြီးသားဖြစ်မှာပါ။

မေး။   ။ တိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်တဦးဖြစ်တယ်။ လွှတ်တော်ထဲကို ရောက်တော့လည်း ကျန် ဒီမို ကရက် တစ် ပါတီတွေရဲ့ ရွေးချယ်မှုအရ ဒု သမ္မတရာထူး လျာထားခံရတဲ့ အထိဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ဒု သမ္မတအဖြစ် ရွေးချယ် မခံခဲ့ရဘူး။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲ။

ဖြေ။   ။ ကျနော်တို့ သဘောပေါက်ပါတယ်။ လွှတ်တော်အရပ်ရပ်ရဲ့ ဥက္ကဌ နဲ့ ဒု ဥက္ကဌ နေရာတွေကို ပြည်ခိုင်ဖြိုး ပါတီကပဲ ရယူ လိုက်တယ်ဆိုကတည်းက ၀င်ပေါက်စည်းကို ပိတ်လိုက်တယ်ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ တစုံတခုကိုတင်မယ်။  ဥပဒေကြမ်းတခုကို တင်မယ်ဆိုရင် ဒီခုံပေါက်က ၀င်မှ ရမှာကိုး။ နောက် နိုင်ငံတော်သမ္မတတို့ ဘာတို့ဆိုတာလည်း အတွင်း စည်း ထဲမှာ ရှိတာကိုး။ လုံခြုံရေးအားဖြင့်ရော အခြေအနေအရပ်ရပ်ကို ပြန်ကြည့်ရင် တရားမျှတတယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဖွဲ့ကြတော့မယ်။ ပြည်ထောင်စုတရားရုံးတို့ ခုံရုံးတို့  ဆိုတာတွေ ဖြစ်လာတော့ မှာကိုး။ အဲဒီအဖွဲ့တွေအတွင်းမှာ တိုင်းရင်းသားအဖွဲ့စုံ ၊ ပါတီစုံက ပုဂ္ဂိုလ်တွေ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့တော့ လိုပါလိမ့်မယ်။

ကျနော်ဆိုလိုတာက ပါတီကြီးတရပ်အတွင်းက တိုင်းရင်းသားတွေကို ဆိုလိုတာမဟုတ်ဘူးနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက် က မြန်မာ့ဆိုရှယ်လစ်ပါတီကြီးအတွင်းမှာလည်း တိုင်းရင်းသားတွေ ပါခဲ့တာပဲ။ ရှိခဲ့တာပဲ။ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတကာက လက်ခံလောက်တဲ့ အစိုးရဖြစ်ဖို့ဆိုရင် အသွင်မတူတဲ့ တိုင်းရင်းသားပါတီတွေ ၊ ပါတီစုံက ပုဂ္ဂိုလ်တွေကို ထည့်သွင်းနိုင်ဖို့ လိုပါတယ်။ မိမိပါတီက လူမှ မိမိစိတ်ချမယ်ဆိုတဲ့ အမြင်မျိုးကတော့ ကျဉ်းမြောင်းတယ်လို့ ထင်ပါတယ်။ ကိုယ့်လက်ထဲမှာရှိတဲ့ဟာ ကိုယ် အကုန်ယူလိုက်ရင်တော့ ရတာပေါ့ဗျာ။ ကျနော်ပြောတာက မျှတခြင်း ၊ ပွင့်လင်းမြင်သာခြင်း ၊ လွတ်လပ်ခြင်း ၊ ဒီမိုကရေစီ အနှစ်သာရမှာ အများစုက အနည်းစုရဲ့ ဆန္ဒတွေကို ဘယ်လောက်အလေးအနက်ထားသလဲ။ အနည်းစုရဲ့ရည်မှန်းချက်တွေကို အများစုက ပယ်ချတာမျိုးမဖြစ်အောင်ဆိုတာတွေကို အလေးအနက်ထားစေချင်ပါတယ်။

ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကတော့ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ငြိမ်းချမ်းစေချင် တယ်။ ငြိမ်းချမ်းမှုကို ရပြီးကာမှ ဖွံ့ဖြိုးတိုးတက်မှုကို ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်ဗျာ။ အဲတော့ ပြည်တွင်း ငြိမ်းချမ်းရမယ်။ အပစ်အခတ်အကုန် ရပ်စဲရမယ်။ နောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်နိုင်တဲ့အဆင့်ရောက်အောင် ကျနော်တို့တွေဟာ ကြိုးစားကြရမယ်။ အကုန်လုံးက လက်ခံနိုင်တဲ့ အခြေအနေလေး ရောက်သွားတာ ကျနော်တို့ တွေ့ချင်ပါတယ်ဗျာ။ အဲဒါကျနော်တို့ရဲ့ ဆန္ဒပါပဲ။
Dr-Aye-Mg
ဒေါက်တာအေးမောင် (ဓာတ်ပုံ -နိရဉ္ဖရာ)
မေး။   ။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ တိုင်းရင်းသားပါတီတွေစုပေါင်းပြီး တိုင်းရင်းသားတွေထဲက ဒု သမ္မတ တဦးပေါ်ထွက် လာရေး ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။ အခု ကြံ့ခိုင်ရေးပါတီက ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်း ဟာ ဒု သမ္မတတဦး ဖြစ်သွားပြီဆိုတော့ ဆရာတို့ရဲ့ ဆန္ဒပြည့်ဝသွားပြီလို့ ပြောလို့ရပါသလား။

ဖြေ။   ။ ခင်များတို့အမြင် ဘယ်လိုရှိမလဲမသိဘူး။ ကျနော်တို့ အမြင်က  ပါတီကြီးတခုမှာတော့ တိုင်းရင်းသားပေါင်းစုံရှိနေမှာပဲ။ ကျနော်တို့ဆိုလိုတာက မတူကွဲပြားတဲ့အမြင်မျိုးတွေပါရင် ပိုကောင်းမယ်။ မတူကွဲပြားတဲ့ အယူအဆရှိတဲ့သူတွေပါတဲ့ နိုင်ငံတော်ရဲ့အဖွဲ့အစည်းတခုဖြစ်ခဲ့ရင် ပြည်တွင်းကလူတွေလည်း ၀မ်းသာကြမယ်။ ပြည်ပကလည်း ကျေနပ်ကြမယ်။ ကျနော်တို့ အပေါ်မှာလည်း အမြင်ကြည်စွာနဲ့ ဖြစ်သွားစေချင်တဲ့သဘောကို ပြောတာပါ။

မေး။   ။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် စ၀်ရွှေသိုက်တို့ မန်းဝင်းမောင်တို့ နောက်ပိုင်းမှာ နိုင်ငံတော်အဆင့် ရာထူးကြီးတွေမှာ တိုင်းရင်းသားတွေ အနေနဲ့ ဘာကြောင့် မရရှိတော့တာပါလဲ။ အခုချိန်မှာရော ပါဝင်ခွင့်ရှိနေပြီလား မရှိသေးဘူးလား ။ ဘယ်လို  ရှိပါသလဲ။

ဖြေ။   ။ ပြည်ထောင်စု စစ်မှန်အောင် ဖန်တီးကြမယ်ဆိုရင်လေ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာ စာရွက်ပေါ်မှာပဲ ရေးလို့ မပြီးဘူးလေ။ လူမျိုးကြီးတခုဟာ အခွင့်အရေးကို နည်းယူနိုင်ရမယ်လေ။ ကျနော်တို့ တိုင်းရင်းသားလူမျိုးငယ်လေးတွေရဲ့ အခွင့်အရေးတွေကိုလည်း ဖော်ပေးနိုင်ရမယ်လေ။ ဒါမှလည်းပဲ နိုင်ငံကြီးသားပီသမှာပေါ့ဗျာ။ ဟန်ဆောင် ပန်ဆောင်မဟုတ်ဘဲနဲ့ အနှစ်သာရရှိရှိ ပေးဖို့ လိုတယ်လေ။ လူမျိုးစုံပါနိုင်အောင် ၊ လူနည်းစုမို့ ချန်ထားခဲ့တာမျိုးမဖြစ်အောင် ၊ လူမျိုးကြီးမို့လို့ အကုန်လုံးကို သိမ်းကျုံးယူတာမျိုးမဖြစ်အောင် ၊ အမြင်ကြီးကြီးနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ကြရမှာပါ။

မေး။   ။ အခုဆိုရင် ပြည်ခိုင်ဖြိုးပါတီကပဲ နိုင်ငံ့ရဲ့အမြင့်ဆုံးအဆင့် ရာထူးတွေကို သိမ်းကျုံးယူသွားပြီဆိုတော့ နိုင်ငံရေးပြဿနာ
တွေ ဖြေရှင်းရာမှာ  ဒီမိုကရက်တစ်အရပ်သားပါတီ ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်နိုင်မှုက ဘယ်လောက်အထိ ရှိနိုင်ပါဦးမလဲ။

ဖြေ။   ။ ဒီလိုပါ။ ကျနော်တို့ မီးပွိုင့်တခုဖြတ်ရင် အနီကနေ အစိမ်းရောက်ပြီးမှ ဖြတ်လို့ရတာကိုး။ အနီကနေ အစိမ်းမရောက်ခင် အ ၀ါကလေး ဖြစ်နေချိန်မှာ စောင့်ကြရတာာကိုး။ ဆိုတော့ ကျနော်တို့က အ၀ါရောင်လေးကို စောင့်နေကြတာပါ။
http://www.bur.irrawaddy.org/index.php/interview/4-interview/5651-2011-02-04-05-34-46

ဒေါက်တာလွမ်းဆွေဘလော့မှဆောင်ပါးရှင်အက်စစ်သိစေရန်...

http://drlunswe.blogspot.com/2011/02/blog-post_9262.html
မှာဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တာဖတ်ရတယ်..ဒေါ်အောင်ဆန်းစုကြည်နေရာမှာအက်ဆစ်ကိုပြောင်းပြီးထားပေးမယ်..
တလလောက်ခံနိုင်အောင်ပဲခေါင်းဆောင်လုပ်ကြည့်ပါ။ဆောင်းပါးလေးရေးဝေဖန်တာမျိုးနဲ့တကဲ့ပြည်တွင်းမှာရင်ဆိုင်နေရတာတွေကို
မတိုက်ခိုက်ပါနဲ့။မြင်သာအောင်ပြောပြရရင်စစ်တပ်ဟာဖွဲ့စည်းပုံကြောင့်ပဲဖြစ်ဖြစ်၊ပြည်သူကိုလေးစားလို့ပဲဖြစ်ဖြစ်အီဂျစ်လိုထိုင်းလို
မျိုးလောက်ပဲကြားနေ တတ်ရင်တောင်မြန်မာနိုင်ငံရဲ့မြို့ပြနိုင်ငံရေးပြောင်းလဲခဲ့တာကြာရောပေါ့။မြို့ပြနိုင်ငံရေးတောင်ဘာမှဖြစ်မလာ
သေးတာတိုင်းရင်းသားအရေးကတော့အရှည်သဖြင့်ပေါ့။
ရဲရင့်ငယ်၁၉၉၉ကမှမြန်မာနိုင်ငံကထွက်လာတာ..
ရန်ကုန်ပျောက်ကြားတိုက်ပွဲတွေမှာဖိနပ်ကျွတ်ကျန်ခဲ့တဲ့အကြိမ်ပေါင်းရေလို့တောင်မရဖူး..အော်ပြေးပြေးတဲ့အဆင့်တောင်ထောင်
နှတ်ခမ်းသီနေတာ၊ဒေါ်အောင်ဆန်းစုကြည်တို့လိုနေရာကလူတွေ။။။
အေးလွင်ဖေါ်ကောင်လုပ်တဲ့ဦးခွန်ထွန်းဦးတို့ ဆွေးနွေးတာပဲရှိသေးတယ်။အန္တရာယ်ရှိတယ်ဆိုပြီးနှစ်ရာနဲ့ ချီပြီးတောင်ထောင်ချထား
တာ။ဒီပဲယင်းမှာဒေါ်အောင်ဆန်းစုကြည်ကိုအပြီးလုပ်ကြံတာတွေ၊အာဏာရှင်ဦးသန်းရွှေကစစ်တပ်ကိုခါးပိုက်ထဲထဲ့ထားရုံမကစွမ်းအား
ရှင်ဆိုတာကိုတောင်ထပ်မွေးထားပြီးအတိုက်အခံသမားတွေကြီးရင်ကြီးသလိုငယ်ရင်ငယ်သလိုအမှည့်ချွေချွေလာတာအနှစ်၂၀အတွင်း
မှာတော် တော်ကြီးကိုနဲ့ သွားခဲ့တယ်။၂၀၀၇သံဃာ့အရေးအခင်းကလည်းတနိုင်ငံလုံးအတိုင်းအတာမဖြစ်ခဲ့ဖူး။အမြတ်ကတော့လူငယ်
တွေအတွေ့ အကြုံရပြီးနိုးကြားလာတာပဲ။ဒေါ်အောင်ဆန်းစုကြည်တို့လိုတရားဝင်ရပ်တည်နေသူတွေဟာကြေငြာချက်ထုတ်တာက
အစသတိထားရတယ်. အချိန်မရွေးအာဏာရှင်ကစိတ်ရူးပေါက်ရင်ပေါက်သလိုဒုက္ခပေးခဲ့/ပေးနေဆဲမို့ပါ။လုပ်သင့်တာကို၉၀အနိုင်ရပြီး
ထဲကလုပ်ခဲ့တာပဲအာဏာလက် မစွန့်ချင်လို့ဖိနှိပ်နေတဲ့ဦးသန်းရွှေကြောင့်ညီလာခံပျက်ခဲ့ရတာအဖမ်းခံရတာ၊ဒါလေးတွေကိုမြင်ယောင်
ရင်ဆောင်းပါးတွေလည်းမှန်မှန် ကန်ကန်ရေးနိုင်ကြပါလိမ့်မယ်..
ဒီအချိန်မှာဝိုင်းနဲ့တာပဲလုပ်လို့ရမယ်..မီဒီယာတွေကွန်ယက်တွေစသဖြင့်ပေါ့။တိုင်းရင်းသားအဖွဲ့တွေနဲ့ဒေါ်အောင်ဆန်းစုကြည်တသား
ထဲဖြစ်သွား ဖို့ဘယ်လိုလုပ်မလဲဆိုတာကိုလဲစဉ်းစားကြစေချင်တယ်..စာတွေ့ နဲ့လက်တွေ့တခြားစီပါကိုအက်စစ်။ဖြစ်နိုင်တဲ့နည်းလမ်း
ကောင်းလေးတွေသာရေးဖို့အကြံပြုပါတယ်။
ရဲရင့်ငယ်သဘောကတော့တနှစ်ထဲနဲ့မပြီးမဲ့နိင်ငံရေးမှာဒေါ်အောင်ဆန်းစုကြည်ကိုကြားသာမြင်သာတဲ့နေရာလေးမှာပဲရှိနေစေချင်တော့
တယ်။။ အကြံကောင်းတွေရသလိုနံရံကိုခေါင်းနဲ့တိုက်ရဲသူတွေလည်းတဖွားဖွားပေါ်လာလို့ ပါ။ ။

Voice of Burma Information Group Issue No.799, January 30, 2011

VOB799KK

Egypt Unrest (Day 11) Update News. -Burma Today -

Egypt Unrest (Day 11) Update News.




Information Desk 
Burma Today Inc.
PO Box 300986
Brooklyn, NY 11230 USA

110204_bty_bur_journalist_in_egypt.pdf110204_bty_bur_journalist_in_egypt.pdf
643K   View   Download  
110204_bty_bur_journalist_in_egypt

FDB e bulletin_1_2011

http://www.fdburma.org/burmese_datas/e-bulletin/e-bulletin_1-2011.pdf
e-bulletin_1-2011