Saturday, February 5, 2011

သန်းရွှေသေပြီ…

အသံဖိုင်ရယူလိုလျှင်ဒီမှာနှိပ်ပါ
 

သန်းရွှေသေပြီ…(Than Shwe pass away) by yeyintanada


သန်းရွှေသေပြီ…

စိုင်းစိုင်းသန်းရွှေ(ကနေဒါ)+၀တ်မှုံကြိုင်ကြိုင်(အမေရိကား)


(သန်းရွှေသာရှောသွားရင်~~ နင်တကယ်ကျေနပ်လား
သန်းရွှေသာရှောသွားရင် ~~~ငါတကယ်ပါ Breakdance ကမလို့ 
သန်းရွှေသာရှောသွားရင် ~~နင်တကယ် ပျော်မှာလား
သန်းရွှေသာရှောသွားရင် ~~ငါတကယ်ပါ နတ်ကနားပေးမလို့ )၂

18 နှစ်ပြည့် တဲ့ သူတွေ ~~စစ်မှုထမ်းရတော့ မယ်တဲ့ 
ကြားလိုက်ရတဲ့ သတင်း ဆိုးကြောင့်  ~~နေရတာခက်ခဲ
သူထုတ်ခဲ့ တဲ့ ဥပဒေအားလုံး ~~သူကိုယ်တိုင်ဘဲချိုးဖောက်သည်
ဗိုချုပ်တွေဆိုရင်လဲ ~~သူကိုယ်တိုင်ဘဲဖြုတ်ပစ်သည်
ဘိုခင်ညွန့် တဖွဲ့ လုံးလဲ ~~မြောင်းထဲရောက်သွား
အတွေး~   တွေနဲ့ ငါပေါက်ကွဲ ~~ငါ့ ရင်မှာလှိုက်မော
ငါလေစဉ်းစားမိတာက~~ အား ~~လေယာဉ်ပျံ ကြီးမောင်းရမလားလို့ 
စုံစမ်းကြည်တယ်စပ်စုမိတယ် လေယာဉ်ဘယ်နှစ်စီးရှိသလဲလို့ 
F16 တစင်းမှမရှိတော့ ~~ဖီလင်နဲနဲအောက်တာပေါ့ 
တေဇ နဲ့ ဇော်ဇော် ကလဲ ~~ဂွင်နဲနဲတော့ ရိုက်တာပေါ့ 
တိုင်းမှုးတွေလဲစားတာများလို့ ~~နင်ကုန်ပီ
ရှေ့ တန်းကစစ်သားတွေလဲ ~~ပိုးလိုးပက်လက်လန်ကုန်ပီ
ယိုးဒယားနယ်စပ် ~~ကရင်ပြည်နယ်မှာ တိုက်ပွဲတွေကဆက်ဖြစ်
စစ်ကူတွေကိုထပ်လွှတ် ~~ပေါ်တာတွေထပ်ဆွဲပစ်
မလိုချင်ဘူး ~~ထပ်လွှတ်လေယာဉ်နောက်တစင်း
ဒါပေမဲ့ လဲ လမ်းတ၀က်မှာဘဲစက်ချွတ်ယွင်း ~~ပျက်ကျ

18 နှစ်ပြည့် ~~ပီအချစ်လေး
မိန်းခလေးလဲ~~စစ်တိုက်စေမယ်တဲ့ 
လက်ထပ်မှ~~ဖြစ်မယ်အချစ်လေး
အိမ်ထောင်သည်အမျိုးသမီးမပါ~~ တော်ပါသေး
သေကွဲသာကွဲလိုက်ချင်ရဲ့ ~~ ရှင်မွေးလွန်းနဲ့ နန္ဒာလို
ရှင်ကွဲ ကွဲကာသေရာပါမဲ့ ~~ဒါန်ရာမျိုး
ငါမပြောရက်ပါ ~~မယ်သီလရှင် သွားဝတ်လိုက်ဘို့ 
လူဖြစ်ခဲ့ တာ~~ ၁၈နှစ်ပြည့် တာ~~ ငါတို့ ရဲ့ အပစ်တွေဘဲလို့ 
အကြောင်းမဲ့ ~~ဒီ  ဥပဒေကိုထုတ်တာမဟုတ်
နင်သိဘို့ ပြောချင်လို့ ~~ တပ်ရင်းတွေမှာတတ်သားမရှိဘူး
ပေါ်တာတွေစွဲ  “အား” လုံးဝမရတော့ ဘူး
ကလေးစစ်သား~~သုံးတယ်ဆိုပီး
လူ့ အခွင့် အရေးအဖွဲ့ ကအော်လို့ ~~ ပျားတုတ်






ငါ့ မှာတလမ်း ၀င်တလမ်းထွက်
နင်နေတဲ့ ရပ်ကွက်~~၃ရက်ဆက်တိုက် သန်းကောင်စရင်းကောက်မတဲ့ 
ငုတ်တုတ် ~~ငါအတွေးနဲ့ စီးမျော
အရင်တုန်းက ကြန့် ဖွန့် အဖွဲ့ ဝင် ကဒ်ပြားလေးကိုပြရင်ကောင်းမလား
ဟန်းဖုန်းလေးကိုင်ရမလားလို့ ~~ ကြန့် ဖွန့် အဖွဲ့ ဝင်ခဲ့ ဘူးတာကို
အရင်တုန်းက၀ါးရင်းတုတ်ဆို ~~စစ်ထဲရောက်ရင် G3 မို့ 

ဘုန်းကြီးတွေကိုနှိပ်စက်ခဲ့ တာ ~~ဒီတခါငါဝတ်လည်ပီလား
ထူးအိမ်သင်သီချင်းလိုမျိုး ~~အိုမေမေရေ ကယ်ပါဦးလား
ဘုန်းကြီးဝတ်ရင်ကောင်းမလား ~~သာသန၀န်ထမ်းဆိုကင်းလွတ်တယ်တဲ့ 
လူပြန်ထွက်လိုက်ရင်လဲ ~~အပြင်မှာဘာမှမလုတ်တတ်ဘူး
ချေတဖက်ပြတ်တွေမြင်ရင် ~~ငါစဉ်းစားရင်းကြက်သီးထလို့ 
သေရာပါ ပါမှာဘဲ ~~ကိုယ်ထောင်တဲ့ မိုင်း ကိုယ်ပြန်နင်းမိလို့ 

(18 နှစ်ပြည့် ပီအချစ်လေး ~~မိန်းခလေးလဲစစ်တိုက်စေမယ်တဲ့ 
လက်ထပ်မှဖြစ်မယ်အချစ်လေး ~~အိမ်ထောင်သည်အမျိုးသမီးမပါ တော်ပါသေး
သေကွဲသာကွဲလိုက်ချင်ရဲ့  ရှင်မွေးလွန်းနဲ့ နန္ဒာလို
ရှင်ကွဲ ကွဲကာသေရာပါမဲ့ ဒါန်ရာမျိုး
ငါမပြောရက်ပါ မယ်သီလရှင်သွားဝတ်လိုက်ဘို့ 
လူဖြစ်ခဲ့ တာ ၁၈နှစ်ပြည့် တာ ငါတို့ ရဲ့ အပစ်တွေဘဲလို့ )၂

(သန်းရွှေသာရှောသွားရင် ~~နင်တကယ်ကျေနပ်လား
သန်းရွှေသာရှောသွားရင် ~~ငါတကယ်ပါ Breakdance ကမလို့ 
သန်းရွှေသာရှောသွားရင် ~~နင်တကယ် ပျော်မှာလား
သန်းရွှေသာရှောသွားရင်~~ ငါတကယ်ပါ နတ်ကနားပေးမလို့ )၂

၅.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
Democracy.pdfDemocracy.pdf
505K   View   Download  
5 Feb 2011 Yeyintnge's Diary.pdf5 Feb 2011 Yeyintnge's Diary.pdf
1272K   View   Download  
5 Feb 2011 Yeyintnge's Diary.doc5 Feb 2011 Yeyintnge's Diary.doc
701K   View   Download  

http://www.mediafire.com/file/p4qzwfkx9tp9lnq/5%20Feb%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/k9zxnpsow849166/5%20Feb%202011%20Yeyintnge%27s%20Diary.doc

5 Feb 2011 Yeyintnge's Diary

“ရုပ်သေးရုပ် ကြိုးရှုပ်လွှတ်တော်နဲ့ မြွေပူရာ ကင်းမှောင့်”

တရားမျှတမှုမဲ့ အာဏာနဲ့အတင်းအကျပ် လုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ ၃၁ ရက်နေ့မှာ လွှတ်တော်ခေါ်ခဲ့ပြီး အစိုးရအဖွဲ့ဖွဲ့ဖို့လုပ်နေပါပြီ။ တပ်မတော်ကိုယ်စားလှယ်လို့ခေါ်တဲ့ စစ်ဦးစီးချုပ်က ရွေးချယ်ပေးလိုက်တဲ့ စစ်ဗိုလ်တွေကို လည်း ယူနီဖောာင်းအပြည့်အစုံနဲ့ ဆွမ်းဆံထဲ ကြွက်ချေးရောတွေ့နေရပါပြီ။

snl
သူတို့ဟာ ပြည်သူလူထုကိုယ်စလှယ် မဟုတ်သလို ပြည်သူ လူထုရဲ့ သြဇာကိုခံယူမယ့်သူတွေလည်းမဟုတ်ပါဘူး။ စစ်ဦး စီးချုပ်ဆိုသူ စစ်ဗိုလ်ချုပ်ကြီးရဲ့ အမိန့် အာဏာကိုသာနာခံ ပြီး စစ်အာဏာရှင်တွေရဲ့အကျိုးစီးပွားကိုပဲ ဦးလည်မသုံ ထမ်းရွက်ပေးကြမယ့်သူတွေပါ။ စစ်ယူနီဖောင်းမဝတ်တဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့ကိုယ်စလှယ်တွေအများစု၊ စစ်ယူနီ ဖောင်းဝတ် ကိုယ်စလှယ်တွေက ၂၅%၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့အရပ်သားကိုယ်စလှယ် အနည်းစုနဲ့ ဖွဲ့စည်းထားတဲ့ အနာဂတ် ဒီမိုကရေစီ မြန်မာနိုင်ငံကြီးကို တည်ဆောက်မယ့် လွှတ်တော်ကြီးပါ။ လွှတ်တော်ထဲရောက် မှ ဒီမိုကရေစီအခြေခံမူတွေနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲယူဖို့တင်ပြ တိုက်တွန်းမယ့် ပြည်သူ့ကိုယ် စလှယ်ဆိုသူများလည်း ပြောမယုံ ကြုံဖူးမှသိ နေကြသလို စပြီး ခေါင်းညှိမ့်နေ ကြရပါပြီ။ “အားလုံးကောင်းပါတယ် ခင်ဗျား” လို့ ထောင်ဘာယာတွေ အော်သလိုပေါ့လေ။
ယူနီဖောင်းဝတ် စစ်ကိုယ်စလှယ်တွေ နဲ့စစ်အစိုးရရဲ့လက်ကိုင်ဒုတ်ကြံ့ဖွံ့ ကိုယ်စလှယ်တွေ စုစုပေါင်းက ၁ဝဝဝ ကျော် လူများစုနဲ့ ပြည်သူလူထုရွေးချယ်လိုက်တဲ့ နိုင်ငံရေးပါတီကိုယ်စလှယ် တသီးပုဂ္ဂလ အရပ်သားကိုယ်စားလှယ် ၂ဝဝ ကျော် လူနည်းစု ဖြစ်နေတဲ့အတွက် အရေးပါတဲ့ရာထူးနေရာတွေကို ရွေးချယ်တင်မြှောက်ရာမှာ အမည်စာရင်းတင် သွင်းခွင့်သာရပြီး မဲခွဲရွေးချယ်ကြမယ်ဆိုရင်တော့ ဘယ်သူတွေပဲရမယ်ဆိုတာက ရှင်းပါတယ်။ လွှတ်တော်တွင်း ဆွေး နွေးပြောဆိုမှုမှာလည်း သူနိုင်ကိုယ်နိုင် စကားပြိုင်ပြောလို့ မဖြစ်ပါဘူး၊ မပြောကြရပါဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးဆိုသူက လွှတ်တော်အမတ်တွေကို သတိပေးနေပါပြီ။ ပြည်တွင်း ပြည်ပ ဘယ်သတင်းဌာနကိုမှ သတင်းရ ယူခွင့်မပေးတဲ့ အလွန် ဒီမိုကရေစီပြည့်ဝတဲ့ လွှတ်တော်အစည်းအဝေးတွေပါပဲ။ လွတ်တော်ထဲရောက်ဖို့က အရေးကြီး တယ်လို့ ဆိုခဲ့ကြတဲ့ အမတ်မင်းများ ဘာပဲလုပ်ခွင့်ရကြမယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။ မပေါက်သေးရင် လည်း အဆင့်မြင့်တယ်ဆိုတဲ့ လွှတ်တော်ကြီးမှာ ဆက်ပြီးလေ့လာနိုင်ကြပါတယ်။
တချိန်တည်းမှာပဲ စစ်အစိုးရရဲ့အလိုတော်ကို ဖြည့်ဆည်းပေးပြီး အကျိုးလိုလို့ ညောင်ရေလောင်းချင်ကြတဲ့ နိုင်ငံရေး ပါတီတွေ နဲ့ NGO လို့ အမည်ခံပြီး တတိယလမ်းနဲ့ စီးပွားရှာ တိုင်းပြည်အတွက် ကျနော်တို့လည်း လုပ်နေပါတယ်လို့ ဆိုပြီး မြန်မာနိုင်ငံရဲ့သမိုင်းစာမျက်နှာပေါ်မှာ ဝင်ချင်တင်ချင်သူတွေက တစခန်းထလာနေကြပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂ နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုလာနေကြပါတယ်။ အရေးယူပိတ်ဆို့မှု လုပ်ထားတဲ့နိုင်ငံတွေကို တင်ပြတောင်းဆိုကြတာကတော့ ထားပါ တော့လေ။ ဒါပေမယ့် နေအိမ်အကျယ်ချုပ်နှစ်ပေါင်းများစွာ ကျခံနေခဲ့ရပြီး ဘာမှပတ်သက်မှုမရှိခဲ့တဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကပဲ ဒီလိုအရေးယူပိတ်ဆို့မှုလုပ်ဖို့ တောင်းဆိုလို့ချမှတ်ထားသယောင်၊ အားပေးအား မြှောက်လုပ်နေသယောင် စစ်အာဏာရှင်အစိုးရကပြည်သူတွေကို ပေးပို့နေတဲ့သတင်းမှားကို သံယောင်လိုက်ပြီး အ ရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးရေး လုပ်ဆောင်ပေးဖို့ တောင်းဆိုလာကြတာတွေ့ရပါတယ်။ အဲဒီနိုင်ငံရေး ပါတီ တွေနဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာပြည်အကြောင်း၊ စစ်အစိုးရအကြောင်း၊ ကိုယ့်ပြည်သူလူထုရဲ့လူမှုစီးပွားရေး ဘဝအ ကြောင်း တကယ်ပဲ ဘာမှ မသိခဲ့ကြဘူးလား။ အတော်အံသြစရာကောင်းပါတယ်။ ဒေသအဖွဲ့ကြီးဖြစ်တဲ့ အာဆီယံနိုင် ငံတွေက တောင်းဆိုနေကြတာကတော့ နားလည်ပေးလို့ရပါတယ်။ အော် သူတို့တိုင်းပြည်တွေရဲ့အကျိုးစီးပွားပေပဲ၊  စစ်အာဏာရှင်အစိုးရက မျက်နှာသာပေးပါမှ၊ ကြည်ဖြူနှစ်လိုပါမှ သူတို့တိုင်းပြည်တွေနဲ့ ပြည်သူလူထု၊ စီးပွားရေးလုပ် ငန်းရှင်ကြီးတွေ အကျိုးရှိနိုင်ကြမယ် မဟုတ်ပါလားလို့ပေါ့လေ။ တရုတ်နိုင်ငံလည်း အလားတူပါပဲ။
ဒါပေမယ့် ကျနော်တို့တိုင်းပြည်က ပြည်သူထဲက နိုင်ငံရေး လူမှုရေး စီးပွားရေးကို သိကိုသိရမယ့် ပါတီတွေ၊ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ NGO အမည်ခံ မြန်မာပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်နေပါတယ်ဆိုတဲ့ အဖွဲ့တွေရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ အဲဒီမြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေဟာ ဘာဖြစ်လို့ချမှတ်ထား ရတာလဲ။ ဘယ်သူတွေကို အဓိကဦးတည်ထားတာလဲ။ တကယ်တန်းထိခိုက်နစ်နာနေတဲ့ သူတွေကရော ဘယ်သူတွေ လဲ ဆိုတာလောက်ကတော့ သိထား၊ နားလည်ထားကြဖို့ သင့်ပါတယ်။ ဘယ်သူတွေက အဲဒီစီးပွားရေး အရေးယူပိတ် ဆို့မှုတွေကို အမြန်ဆုံးရုတ်သိမ်းပေးစေချင်နေကြတာပါလဲ။ တောသူတောင်သားလယ်သမားတွေ၊ အလုပ်သမားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ သာမန်အခြေခံပြည်သူလူထုတွေဆီက အသံတွေပါလား။ သူတို့ကတော့ အများစုသိတောင်သိ ကြပုံမရပါဘူး။ သူတို့သိနေတာက စစ်အာဏာရှင်အစိုးရက သူတို့တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိနှိပ်ချုပ်ချယ်နေတာ၊ အဓမ္မ အလုပ်ခိုင်းနေတာ၊ ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ ရှိစုမဲ့စုလေးတွေကို အတင်းအဓမ္မ သိမ်းပိုက်ယူငင်နေတာ။ မတရား အမှုဆင်ဖမ်းဆီးထောင်ချနေတာ။ ရှိသမျှ ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ တနည်းမဟုတ်တနည်း ဒုက္ခပေးဖို့ ကြိုးစား နေတာ၊ တိုင်းပြည်ပိုင် ပြည်သူလူထု ပိုင်ပစ္စည်းတွေကို အလွဲသုံးစားရောင်းချ ကိုယ်ကျိုးရှာနေကြတာတွေကိုပါပဲ။
အမေရိကန်ရဲ့ စီးပွားရေးအရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့်၊ ဥရောပသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် တော့ သူတို့ရဲ့အကျိုးစီးပွားပျက်စီးဆုံးရှုံးစရာ မရှိကြပါဘူး။ တိုင်းပြည်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကြီးတွေကို ကိုင် တွယ်ထိမ်းချုပ်နေတာ သဘာဝသယံဇာတပစ္စည်းတွေကို ထင်သလို ချယ်လှယ်အသုံးချနေကြရောင်းပစ်နေကြတာ ဟာလည်း စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဆွေမျိုးသားချင်းတွေ၊ အလိုတော်ရိတွေပဲ ဖြစ်တယ်ဆို တာလည်း ရှင်းရှင်းလင်းလင်းသိနှင့်ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီ စီးပွားရေးအရေးယူ ပိတ်ဆို့မှုတွေကြောင့်တော့ သူတို့ တွေရဲ့ဘဝကို တကယ်တန်း ထိခိုက်နစ်နာ အထူးတလည်ခံစားနေ စရာအကြောင်းမရှိပါဘူး။ ကတ်သတ်ပြောသူတွေ က ပြောလာကြရင်လည်း ပြည်သူလူထုရဲ့အကျိုးစီးပွားကို သွယ်ဝိုက်ထိခိုက်မယ်ဆိုရင်တောင် ဝ.ဝဝဝ၁% လောက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လို့ ပြောရမှာပါပဲ။ အပြစ်ရှာသူ ဝံပုလွေကတော့ နင်မဟုတ်လည်းနင့်အဖေလို့ပြောမှာ ပါပဲ။
အဲဒီ စီးပွားရေးအရေးယူပိတ်ဆို့မှု ချမှတ်ထားတဲ့ နိုင်ငံကြီးတွေက အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ လွှတ်တော်အမတ်တွေ က အဲဒီ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို ရမ်းသမ်းပြီးပြီးရောချမှတ်ခဲ့ကြတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက စစ်အစိုး ရရဲ့လုပ်ရပ်တွေ၊ ပြည်သူလူထုရဲ့ ပကတိအခြေအနေတွေ၊ သတင်းမီဒီယာတွေက တင်ပြချက်ဝေဖန်သုံးသပ်ချက် တွေ၊ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သူတို့နိုင်ငံကိုယ်စားပြု သံတမန်တွေရဲ့အစီရင်ခံတင်ပြမှုတွေ အားလုံးကို အသေအချာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်စဉ်းစားပြီးမှ လွှတ်တော်အဆင့်ဆင့်မှာ မဲခွဲဆုံးဖြတ်၊ နောက်ဆုံးသဘောတူ ထောက်ခံသူလူများ စုရဲ့ သဘောတူထောက်ခံမှုနဲ့ သမတ ဖြစ်သူက လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေနဲ့အတူ မြန်မာနိုင်ငံက အာဏာသိမ်းအစိုးရကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့၊ အဲဒီအချိန်က အကျဉ်းချထားခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထောင်ချ ထားတဲ့ နိုင်ငံရေးသားတွေ အားလုံးလွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်သားခေါင်းဆောင်တွေနဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်တွေ ကိုရော နောက်ဆုံးရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း တရားမျှတ လွတ်လပ်ပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ ရွေးကောက် ပွဲမျိုးကို ကျင်းပပေးဖို့ တောင်းဆိုခဲ့တာတွေအားလုံးကို စစ်အာဏာရှင်အစိုးရက ဘာတခုမှ လိုက်လျှောအလျှော့ပေး တာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ရက်စေ့လို့ မတတ်သာလို့ လွှတ်ပေးလိုက်တာကလွဲလို့ သူတို့ဘက် က ဘာမှနာခံလိုက်လျှောခဲ့တာ မရှိသေးပါဘူး။ အဲဒီလိုအခြေအနေမှာ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်း ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုမယ်ဆိုရင်ရော အလွယ်တကူ လိုက်လျှောရုတ်သိမ်းပေးနိုင်ခြေ ရှိပါ့မ လား။ အဲဒီနိုင်ငံတွေက နိုင်ငံခေါင်းဆောင်တွေနဲ့ လူထုကိုယ်စလှယ်တွေဟာ အလကားလူတွေ မဟုတ်ပါဘူး။ မြန်မာ နိုင်ငံ စစ်အာဏာရှင် ဗိုလ်ချုပ်တွေလို ဘာမှ ကတိသစ္စာမရှိ တာဝန်မသိ တာဝန်မကျေပွန်တဲ့သူတွေ မဟုတ်ကြပါဘူး။ အာဏာမှအာဏာ ဆိုပြီး ကျားကုတ်ကျားခဲ ကုတ်တွယ်နေကြသူတွေလည်း မဟုတ်ပါဘူး။ ကိုယ်လုပ်ထားတဲ့ လုပ်ရပ် အပေါ် ကိုယ်တာဝန်ယူရဲသူတွေ ဖြစ်ပါတယ်။ မလွယ်ကူပါဘူး။ ငြင်းလည်းငြင်းဆန်ထားခဲ့ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက လုံးလုံးစွန့်ခွာပြီး လူမှုအထောက်အကူပြု လုပ်ငန်းတွေကိုပဲ လုပ်ဖို့၊ စစ်အစိုးရ ရဲ့ သံသယတွေ ကင်းစင်သွားအောင် သူမ လုပ်ချင်တဲ့ဆန္ဒတွေ လုပ်မယ့်အရာတွေကို လက်အားလုံးဖြန့်ပြဖို့ စစ်အာ ဏာရှင်တွေရဲ့ လူဝတ်လဲ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံယုံကြည်ဖို့ စစ်အစိုးရက ပြောခိုင်းသမျှ အရှက်မ ရှိ သွားရောက်တွေ့ဆုံပြောကြားခဲ့တဲ့ အရေခြုံ တိုင်းကျိုးပြည်ပြု ပုဂ္ဂိုလ်မျိုးတွေလည်း ပေါ်လာနေပါပြီ။ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖိုးတန်တဲ့အချိန်တွေကို သွားပြီးအလွဲသုံးစားလုပ် ဖျားယောင်းသွေးဆောင်သိမ်း သွင်းတာမျိုးတွေကို မလုပ်ကြပါနဲ့။ သူခိုးက လူလူဟစ်ဆိုတဲ့ မြန်မာဆိုရိုးစကားလေးလို မလုပ်ကြပါနဲ့။ ကိုယ်ကျိုးစီးပွား ကိုပဲကြည့်ပြီး ကိုယ့်တိုင်းပြည် ကိုယ့်ပြည်သူလူထု အကျိုးစီးပွားကို လုံးဝငဲ့ကြည့်ဖို့ စိတ်မဝင်စားကြတဲ့ သူတွေက စစ် အာဏာရှင်တွေနဲ့ ပူးပေါင်းနေကြပါပြီ။
ကျနော်တို့ လူထုခေါင်းဆောင်နဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတွေအားလုံးကသာ မ မေ့မလျှော့ သတိ တမံ ဥာဏ်မြေကတုတ် လုပ်ကြရင်း စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်းလင်းပစ်ကြဖို့ ညီညွတ်စည်း လုံးမှုအင်အားကို တသားတည်း ပြသကြရန်သာ။    ။
စိုးနေလင်း
http://www.naytthit.net/?p=7881

ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာ

dassk
ကိုလွဏ်းဆွေရဲ့ဘလော့ဂ်မှာပါတဲ့ အက်စစ် ရဲ့ လက်ပေးသတ်တဲ့အပုပ်ချစာကို တင်ပေး နိုင်တဲ့ ကိုလွဏ်းဆွေ ရဲ့ နိုင်ငံရေးအမြင်နဲ့ ပါတ်သက်ပြီး အတော်စိတ် မသက်မသာခံစား မိလို့ ဒီစာကို ရေးလိုက်ပါတယ်။ ကိုလွဏ်း ဆွေ ရဲ့ ဒီမိုကရေစီသမားတွေ ဆင်ခြင်နိုင်ရန် အတွက် တင်ဆက်ပါတယ်။ စာရေးသူရဲ့ အာဘော်လို့ အမှာစကားနဲ့ တင်ဆက်ထား ပေမဲ့ စာပါအကြောင်းအရာတွေကတော့ ဒီ စာကို ကိုယ့်ဘလော့ဂ်မှာ တင်ဆက်နိုင်တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးခွန်းထုတ်ခြင်စိတ် ပေါ်မိတာအမှန်ပါပဲ။
အက်စစ်ဆိုတဲ့ အမှောင်ထဲက ဟောင်သံတခု အတွက်တော့ တုံ့ပြန်စရာ မရှိပါဘူး။ ဒီလို ဒီ မိုကရေစီလိုလားသလိုလိုပြောပြီး အလင်း ကြောက်တဲ့ အမှောင်ထဲက ဟောင်သံတခု အတွက် အညံ့ဆုံး ကျောက်ခဲတလုံးနဲ့တောင် မထိုက်တန်ပါဘူး။ အဲဒီကျောက်ခဲကမှ လမ်း ခင်းဖို့ အသုံးဝင်နိုင်ပါသေးတယ်။
ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်ဟာ ဒီမိုကရေစီ ချိန်ပီယံလို့ အမည်ခံနေကြတဲ့ လင်းနို့လိုလိုကြွက်လိုလို ရေဒီယိုနဲ့အွန်လိုင်း သတင်းဌာန ဆိုတာတွေကြားမှာ ပြည်တွင်းပြည်ပက ဗမာလူထုအတွက် သတင်းအချက်အလက်နဲ့ အသိပညာတွေကို အကောင်းဆုံး တင်ဆက်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီတခါတော့ သမီး ဟိုစစ်တပ်ကြီးနဲ့ တခါတည်း မှားတာပါ ဆိုသလို ဖြစ်သွားပြီပေါ့ဗျာ။ ကိုလွဏ်းဆွေအနေနဲ့ ဒီအပုပ်ချစာ တင်ခြင်းအားဖြင့် ဗမာပြည် ဒီမိုကရေစီ ထူ ထောင်ရေးမှာ ဘယ်လိုအကျိုးရလာဒ်တွေ ရနိုင်လေမလဲဆိုတဲ့ မျှော်လင့်ချက် တင်လေသလဲတော့ မသိပါဘူး။
ကျနော်သာ သန်းရွှေဆိုရင်တော့ ကိုလွဏ်းဆွေကို ဆုတော်လာဒ်တော်တွေ ချီးမြှင့်မိမှာ အမှန်ပါ။ အက်စစ် ဆိုတဲ့ အ မှောင်ထဲက သူရဲဘောကြောင် ငတိအတွက်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ပြီးတော့ ဒီစာကို ကော်ပီ သန်းချီရိုက်ပြီး ဗမာအနှံ့ လေယာဉ်ပျံနဲ့ ကြဲချလိုက်ဦးမယ်။
လူမှုအဆောက်အဦ တခုကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ လူထုကိုယ်တိုင် မဖြစ်မနေပါ ဝင်ရမှာ ဖြစ်သလို ခေါင်းဆောင်မှု (Leadership) ဆိုတာကလည်း အရေးကြီးပါတယ်။ ကျုပ်တို့ကိုယ်တိုင်ပါခဲ့ကြတဲ့  ရှစ်လေး လုံးအရေးတော်ပုံကြီးထက် ကြီးမားကျယ်ပျံ့တဲ့ လူထုလှုပ်ရှားမှုမျိုး ဗမာပြည်သမိုင်းမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခေါင်း ဆောင်မှုကင်းမဲ့တဲ့အတွက် ဘာတွေဖြစ်သွားသလဲ သမိုင်းကသက်သေပါပဲ။ ခေါင်းဆောင်မှုဆိုတာ အဲဒီလှုပ်ရှားမှုထဲက လူထုရဲ့ ရင်းနှီးပေးဆပ်မှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ ဆုံချက်ဖြစ်တယ်။ လူထုမျှော်မှန်းချက်ကို ရောက်အောင် လမ်းညွှန်ထိမ်းကျောင်းပေးရေးဖြစ်တယ်။ လိုအပ်ချက်ကတော့ ခေါင်းဆောင်မှုနဲ့ လူထုအကြားပေါင်းကူးဆက် သွယ်ရေးဖြစ်တယ်။ ခိုင်မာပြတ်သားပြီး သစ္စာရှိ ရဲရင့်တဲ့ ဒုတိယတန်း၊တတိယတန်းခေါင်းဆောင်တွေဟာ ခေါင်း ဆောင်မှုနဲ့လူထုအကြားက အသက်သွေးကြောပေါင်းကူး တံတားဖြစ်တယ်။ ဒီလိုပေါင်းကူးမှု မရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ဘယ်လိုစွမ်းရည်မှ မပြနိုင်ဘူး။ လူထုနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်၊ လူထုနဲ့ ဆက်စပ်ခွင့်မရှိတဲ့ ခေါင်းဆောင်ဆို တာ တပ်မရှိတဲ့ စစ်သေနာပတိလိုပါပဲ။
ဒီသဘောတရားကို ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေတောင် သိပါတယ်။ ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ဆက် စပ်ဖို့ ကျိုးစားတိုင်း စစ်အာဏာရှင်တွေက ဖမ်းထိန်းလိုက်တယ်။ ပေါင်းကူးလိုဖြစ်တဲ့ ဒုတိယတန်း၊ တတိတန်း ခေါင်း ဆောင်တွေဆိုတာ ထောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရတယ်။ တချို့ အပြင်မှာ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ရိုက်သတ်တာ ခံရတယ်။
ဗမာပြည် နိုင်ငံရေးကို ဝေဘန်ချင်ရင် ပထမအချက်အနေနဲ့ မထူးဇာတ်ခင်းနေတဲ့ ပြည်တွင်းဖြစ် စစ်အာဏာ ရှင်တွေ အကြောင်း သိဖို့လိုတယ်။ ဒုတိယ ဗမာလူထုရဲ့ ဘဝအမြင်နဲ့ အချောင်သမားပေါလှတဲ့ ဗမာပြည်နိုင်ငံရေး လောကအ ကြောင်း အကြမ်းဖျင်း သိဖို့လိုတယ်။ နောက်ဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဘန်ချင်ရင်တောင် သူ့ အကြောင်းကိုလည်း သိဖို့လိုပါသေးတယ်။ တခုတော့ ရှိပါတယ်။ သူ့ကို လူထဲက လူတယောက်၊ လူထုထဲက လူထု ခေါင်းဆောင်တယောက်ထက် ပိုပြီး တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မမျှော်လင့်ဖို့တော့ လိုတာပေါ့။ သိတဲ့အတိုင်း ကျုပ်တို့ ဗမာလူမျိုး ဆိုတာကလည်း တဖက်သားကို သူဘာကြောင့် အဲသလိုလုပ်သလဲ၊ သြော်.. သူဒီလိုလုပ်တာ ဒါ့ ကြောင့်ကိုးလို့ မတွေးသလို သူဒါလုပ်တာတော့ အတော်ကောင်းသွားပါလား ဆိုပြီး အသိအမှတ်ပြုဖို့ထက် ငါဆိုရင် ဘာကြီးဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး အပြောသန်တဲ့လူမျိုး ဖြစ်နေတယ်။
ဒီနေ့ ဗမာစစ်အုပ်စုဆိုတာ ပြည်တွင်းဖြစ် စစ်စစ်ဖြစ်တယ်။ ဘယ်နိုင်ငံ ဘယ်အင်အားကြီးကမှ မွေးထုတ်ခဲ့တာမဟုတ် သလို ဘယ်နိုင်ငံကိုမှလည်း မှီခိုရပ်တည်နေတာ မဟုတ်ဘူး။ ဒီနေ့ တရုတ်ကြီးနဲ့ ပြေလည်နေတယ် ဆိုတာလည်း အ ပြန်အလှန် အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ သူ့အာဏာကို ထိပါးလာရင်တော့ တရုတ်ကြီးလဲ နိုးပဲလုပ်မှာ သေချာ တယ်။ ကျန်တာမကြည့်နဲ့ သူ့အာဏာကိုထိပါးမဲ့ အခြေအနေ ရောက်လာတော့ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေ ကိုသတ်၊ ဘုန်းကြီးကျောင်းတွေကို ရန်သူ့စခန်းတခုလို ဝင်စီး တိုက်ခိုက်ဖျက်ဆီးခဲ့တာ တကမ္ဘာလုံး အမြင်ပါပဲ။ ဒီနေ့ နိုင်ငံတကာ အရေးအယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဘို့ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ဟောင်နေကြတဲ့ အချောင်သမား လုပ်စားတွေ သိဖို့က အမေရိကန်တို့၊ အီးယူတို့က အဲဒီ့ဆန်ရှင်တွေ ရုတ်ပြီး အပြုသဘော ဆက်ဆံမယ်ဆိုရင်လည်း ဒီသဘောပဲ။ အမေရိကန်သော အီးယူသော ဘာမှ ထည့်မတွက်ပဲ သူ့အာဏာထိရင် နိုးပဲ ပြောမှာပဲ။ ဒီတော့ ဆန်ရှင် ရုတ်သိမ်းရေးဆိုတာ စစ်အုပ်စု အကျိုးသက်သက်သာ ဖြစ်တယ်။ အရေးအယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးက တဆင့် ပေါင်းပြီး ပြောင်းဖို့ စစ်အုပ်စုကို ဖျောင်းဖျမယ်ဆိုတာ အရူးအိပ်မက် သက်သက်သာ ဖြစ်တယ်။
အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို ထင်တိုင်းကြဲ ခိုး ဝှက်လု ယက်ရုံမက သောင်းသိန်းချီတဲ့ ကိုယ့်ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနဲ့ ရဟန်း သံဃာမကျန် သတ်ဖြတ်လာခဲ့သူ တွေ ဖြစ်တယ်။ ဒီလို ဆွေစဉ်မျိုးဆက် ဆပ်မကုန်နိုင်တဲ့ သူတို့ရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် ကျူးလွန်းခဲ့တဲ့ ရာဇဝတ်ကြွေးတွေကို သူ့တို့သာလျင် အသိဆုံး ဖြစ်တယ်။ စစ်သည် စစ်သား တပ်မတော်ဆိုတာကတော့ ဓားစာခံ သက်သက်ပဲ။ ဒါကြောင့်လည်း ဒီဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ပြီး အာဏာကိုရတဲ့နည်းနဲ့ ဖက်တွယ်ထားကြတာ ဖြစ်တယ်။ တခုတည်းသော သူ့တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။ ပြောရရင်တော့ သေမထူး နေမထူး ဇာတ် ခင်းနေကြတာပဲ။ ဒီဗိုလ်ချုပ်တွေရဲ့ အကြောက်တရားနဲ့ အတ္တလောဘကတော့ ဘုရား၊ တရား၊ သံဃာတောင် စော် ကားရဲတဲ့အထိ ဆိုးသွမ်း ယုတ်ကန်းနေကြတယ်။ ဒီလို မထူးဇာတ်ခင်းနေတဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ဆိုတာ တော်တန်ရုံ ကျစ်လစ်တဲ့ စည်းရုံးရေး အင်အားနဲ့ မဖြစ်နိုင်ဘူးဆိုတာ တကယ်တမ်း တိုက်ပွဲထဲမှာ ပါဝင်နေသူတိုင်း မြင်နိုင်ပါ တယ်။
တကယ်တော့ ဒီစစ်အာဏာရှင် ငရဲသားတွေကို ဗမာပြည် နိုင်ငံရေး လောကထဲ ကျောပိုးသည်လာ သူဟာ နိုင်ငံရေး သမားတွေပဲ ဖြစ်တယ်။ လူထုမဟုတ်ဘူး။ အဲဒီ့ မစွန့်ဘဲ စားချင်တဲ့ နိုင်ငံရေးသမားတွေ ကိုယ်အာဏာမြဲဘို့အတွက် နိုင်ငံရေး ပြဿနာကို အာဏာအရင်းအခံဖြစ်တဲ့ လူထုအကြားမှာ ဖြေရှင်းဖို့ မကြိုးစားပဲ လူထုအစေခံ လက်နက်ကိုင် တပ်ကို အသုံးချခဲ့ကြလို့ စစ်ခေါင်းဆောင်တွေ ဇာတ်ပျက်သစ္စာဖောက်ပြီး အာဏာရှင်စနစ် ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလို့ လူထုက ၁၉၅၆ နဲ့ ၁၉၆၀ ရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့ နိုင်ငံရေးလုပ်တဲ့ ပါတီတွေကို မဲမပေးပဲ စစ်အာဏာရှင် အန္တရာယ်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အချိန်က မမှီတော့ဘူး။ စကားတခုရှိတယ်၊ ( The State ruin by   politic and politicians, but not by nature,culture and religion) နိုင်ငံတော်ကို ဖျက်ဆီးတာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဘာသာရေးနဲ့ သဘာဝတရားတွေ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေသာဖြစ် တယ်။
ဒီနေ့ခေတ် တချို့သော အမည်ခံနိုင်ငံရေးသမားတွေရော ဟိုဖက် လွတ်လပ်ရေးခေတ်က အချောင်သမားတွေနဲ့ ဘာ ကွာလို့လဲ။ ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်နေကြတာပဲ မဟုတ်လား။ လူထုဆိုတာကတော့ လက်ညှိုး ထိုးခံ သက်သက်ပဲ။ ၈၈ ပြီးစ ဒီမိုကရေစီ ရေစီ်းမြင်တုန်းကလည်း ဒီမိုကရေစီ ဆိုပြီး ပါလိုက်တာပဲ။ အခု စစ်ကျွန်ရွေး ကောက်ပွဲ ဆိုတော့လည်း ခွေးမစင်ငတ်သလို ပြေးဝင်ဟပ်လိုက် ကြတာပဲ။ ပြီးတော့ သူတို့လို ခွေးဇာတ်မခင်းနိုင်တဲ့ သူတွေကို ကိုယ့်ခေါင်းဆောင်ပါမချန် ဟောင်ကြ အူကြသေးတယ်။ ဒီလိုခွေးတစီစီနဲ့ တော်လှန်ရေးရထားကြီးကို ဘယ် လိုခေါင်းတွဲမောင်း ခေါင်းဆောင်က လိုရာခရီးရောက်အောင် မောင်းနိုင်ပါ့မလဲ။ ဒီကြားထဲ ကတ္တီပါအိတ်စွပ်ထားတဲ့ သံ လက်သီး အက်စစ်လို ခွေးဆိုးက ပါသေးတယ်။
ဒီခေါင်းဆောင် ဆိုသူတွေပဲ ကိုးဆယ်ခု ရွေးကောက်ပွဲမှာ လူထုက အာဏာအပ်နှင်းထားတာကိုတောင် စစ်အာဏာ ရှင်တွေ ကြောက်ပြီး တာဝန်ရှောင်ခဲ့ကြတာ၊ လက်နက်ကိုင်မယ်ဆိုပြီး နယ်ခြားထွက်လာကာ အင်ဂျီအို ခိုင်းတာတွေပဲ ရွေးလုပ်ပြီးတော့ အကျဉ်းကျနေတဲ့ ဒေါ်စုကို လက်ညှိုးထိုး ဆင်ခြေရှာကြတယ်။ ၈၈ ပြီးစ ပုသိမ်မှာ ရန်ကုန် မြေနီကုန်း မှာ အသက်ဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး လူထုကို ဦးဆောင်ဖို့ ကြိုးစားတယ်။ ဘယ်မှာလဲသူ့နောက်လိုက် သူ့ပါတီဝင် တွေ။  ၉၈ က အညာစုမှာ ပိတ်မိနေတယ်။ ကိုးဆယ်ခြောက် ရန်ကုန်မှာ၊ ၂၀၀၃ ဒီပဲရင်းမှာ ကြံ့ဖွတ်တွေက သတ်ဖို့ လုပ်တယ်။ ဘယ်မှာလဲ သိန်းချီရှိတယ်ဆိုတဲ့ ပါတီဝင်တွေ။ ခေါင်းဆောင်ဆိုသူတွေ။ နယ်စပ်က လက်နက်ကိုင် ဆိုသူ တွေကကော အဲဒါတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ပွဲ ဘယ်နှပွဲ တိုက်ခဲ့သလဲ။ ပြည်တွင်းမှာကော ဘာတွေ ဖောက်ခွဲ ပြခဲ့ကြသလဲ။ ကိုယ်ကဖြင့် တူတူတန်တန် ဘာမှ မလုပ်ပဲ ခေါင်းဆောင်းကို အပြစ်ရှာတယ်။ ဒါဟာ ဖောက်ပြန်တာပဲ။ ရန်သူကို အလုပ်ကြွေးပြုတာပဲ။
လူတကာသိပြီးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး စွန့်လွှတ်မှုတွေကို ဒီမှာ မပြောတော့ပါဘူး။ တော် လှန်ရေး အကျိုးကိုမျှော်ကိုးပြီး သူ့အခန်းကဏ္ဍကိုပဲ ပြောချင်ပါတယ်။ စစ်အုပ်စုဟာ သူ့စိတ်တိုင်းကြ နိုင်ငံရေး အခင်း အကျင်းကို ဖန်တီးသွားခဲ့ပါပြီ။ ရုပ်သေး အစိုးရတခုကို ရွေးကောက်ပွဲ တခုနဲ့ လုပ်သွားတယ်။ လူထု မျှော် လင့်တောင့် တတဲ့ ဒီမိုကရေစီ မဆိုထားတဲ့ နိုင်ငံရေး ပုံစံတခုလို့တောင် ပြောမရတဲ့ အခင်းအကျင်းဖြစ်တယ်။ စစ်အာဏာရှင်က စစ် အာဏာရှင်ပါပဲ။ နိုင်ငံတကာကို ဝင်ဆန့်ရုံ သက်သက်အတွက် လုပ်ခဲ့တယ်ဆိုတာ ကလေးအစ ခွေးအဆုံး တလော ကလုံး သိပါတယ်။ နိုင်ငံတကာ ဆိုတာတွေကလည်း သိပါတယ်။ သို့သော်လည်း ကိုယ်ကျီုးစီးပွား ပဓာနလွှမ်းမိုးနေတဲ့ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်တိုင်းပြည်ကမှ ဒီဗိုလ်ချုပ်တွေရဲ့ ကလိမ်ခြုံဇာတ်ထုတ်ကို အရေးမလုပ်ကြတော့ပါဘူး။ ပြေလည်အောင် ပေါင်းဖို့ပဲ စိုင်းပြင်းနေကြပါပြီ။ တချို့သော နိုင်ငံကြီးတွေကတော့ မသူတော် ဗမာဗိုလ်ချုပ်တွေနဲ့ ပေါင်းဖက်ရတာကို သိပ်စိတ်မသန့်ဘူးနဲ့ တူပါတယ်။ သူတို့ လက်ဝေခံတွေရဲ့ ပါးစပ်ကတဆင့် ဒီအရပ်သား ရုပ်သေးအစိုးရမှာ ဒေါ်စုကပဲ နိုင်ငံခြားဆက်ဆံရေးတာဝန် ယူတော့မယောင်၊ ဒေါ်စုရဲ့ ဦးဆောင်မှုက မပြည့်ဝသယောင် တီးတိုးဝါဒဖြန့်နေကြတယ်။ တဖက်ကလည်း စစ်အုပ်စုနဲ့ ပေါင်းသင်းတာ၊ စစ်အုပ်စု မကြိုက်တာ မလုပ်မပြောတာ လက်တွေ့နိုင်ငံရေးလိုလို ဆိုနေကြတယ်။
ဒါပေမဲ့ စစ်အုပ်စု ကိုယ်တိုင်ကတော့ ဒီအခင်းအကျင်းသစ်ဟာ သူတို့အာဏာ တည်မြဲရေးအတွက် မခိုင်မာဘူးဆိုတာ သိပါတယ်။ ဒါက နိုင်ငံရေး အန္တိမ မဟုတ်သလို သူတို့ရဲ့ အောင်ပွဲလို့လဲ မပြောနိုင်ဘူး။ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD, CRPP ထဲက ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တွေ၊ အကျဉ်းထောင်တွေထဲက ၈၈ ကျောင်းသား ခေါင်းဆောင် တွေ ရှိနေသေးသရွေ့ ဗမာလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲတွေ ရှိနေတုန်းပဲဆိုတာ စစ်အုပ် စုသိထားပါတယ်။ ဒီတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေးအစိုးရ ထူထောင်နိုင်တာဟာ စစ်အုပ်စုအတွက် အောင်ပွဲ မဟုတ်သလို ဒီမိုကရေစီအရေးအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးရှိတဲ့ လူထု ဒီမိုကရေစီတိုက်ပွဲ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို သေးသိမ်း မှေးမှိန်အောင် အားထုတ်နေတယ်။ ဒါဟာ သူ့တို့ လက်ငင်း မဟာတာဝန် ဖြစ်တယ်။ နောက်တချက်ကလည်း စစ်အုပ်စုအတွက် မခံချင်စရာကောင်းတာက ဗမာလူထုသာမက ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်းစုကြည်ကို ဗမာ ပြည်လူထုခေါင်းဆောင်အနေနဲ့ လက်ခံအသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကို ခြေဖျက်နိုင်မှသာ စစ်အုပ်စုရဲ့ ရုပ် သေးအစိုးရက လူရာဝင်နိုင်မှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်မှုကို သေးသိမ်းမှေးမှိန်အောင် စစ်အုပ်စုက လက်ရှိအချိန်အထိ ကိုယ်တိုင် မ လုပ်နိုင်သေးဘူး။ အခင်းအကျင်းသစ်ကြောင့် သူတို့ထဲက လူအပြောင်းလဲ နေရာအပြောင်းလဲတွေ အသားကျအောင် စီမံနေရတုန်းပဲ။ လောလောဆယ် ဒီတာဝန်ကို ဆောင်ရွက်နေတာက လက်ရှိအခင်းအကျင်းသစ်ကို တကယ်ခိုင်မာတဲ့ အပြောင်းအလဲတို့ ထင်ယောင်မှားနေကြတဲ့ လုပ်စားသမား တွေပဲဖြစ်တယ်။ ငါးမင်းဆွေဆိုတဲ့ နိုင်ငံရေး အုတ်ကြား မျက်ပေါက်က စတယ်။ ဟိုတလောကလည်း ဧရာဝတီမှာ ဗမာကြီးဆိုတဲ့ နာမည်နဲ့ ဒေါ်စုနဲ့ NLD ရဲ့ နိုင်ငံ ရပ်တည် ချက်ကို မထိတထိ လှီးဖဲ့သွားတယ်။ အခု အက်စစ်ရဲ့ အပုပ်ချစာကတော့ ဗြောင်အကျဆုံးပဲ။ လူထုဘဝကို စာနာသ ယောင် သကြားလေးတော့ အုပ်ထားတယ်။ အရင်ကတော့ ဦးဝင်းတင်ကိုအဓိက ဦးတည်တိုက်ကြတယ်။ အခုတော့ ဒေါ်စု ကိုပါ ဖွင့်တိုက်လာတာ ဖြစ်တယ်။
အကြောင်းကို စိစစ်ကြည့်ရင် ဒီအချောင်သမားတွေ စစ်အုပ်စုနဲ့ ပေါင်းပြီးသွားချင်နေတဲ့ လူထုအတွက် မပါတဲ့ “ငါ့ဒီမို ကရေစီ” လမ်းကြောင်းမှာ ဒီခေါင်းဆောင်တွေက အတားအဆီးဖြစ်နေတယ်။ ဒီခေါင်းဆောင်တွေရှိနေသရွေ့ လူထုကို နှပ်ချနှပ်စား လုပ်လို့ မရနိုင်ဘူးလေ။ ဒီတော့ ခေါင်းဆောင်မှုကို ဖြိုဖျက်ရတော့တာပဲ။ သေးသိမ်အောင် လုပ်ကြရ တော့တာပဲ။ ဒါမှလဲ ခေါင်းဆောင် လုပ်စားခွင့် ရလာမှာ ဖြစ်သလို စစ်အုပ်စုကလည်း သဘောကျ တော်ကောက်ခံရ မှာကိုး။
ဒီတော့ ကိုလွဏ်းဆွေရေ၊ ပြည်တွင်း ပြည်ပက အချောင်သမား ပေါင်းစုံတို့ရဲ့ မထိတထိ ထိုးနှက်တာ ခံနေရတဲ့ ကျွန်တော်တို့ တိုက်ပွဲရဲ့ ခေါင်းဆောင်မှု (Leadership) ကို နိုင်ငံရေးအရ ဝိုင်းဝန်းကာကွယ်ဖို့ရာ ဒီမိုကရေစီလို လားသူ တိုင်းရဲ့ တာဝန်ပါပဲ။ လက်နက်၊ ထောင်၊ တရားရုံးနဲ့ မတရားဥပဒေ အဆောင်အယောင် ယန္တယားတွေနဲ့ တိုင်းပြည် ဘဏ္ဍာတိုက်ကို ဖင်ခုထိုင်ထားတဲ့ ရန်သူကို တိုက်ဖို့ ဆိုတာက လူထုပါရုံနဲ့တင် မပြီးနိုင်ဘူး။ ခေါင်းဆောင်မှုဆိုတာ လည်း အရေးတကြီး လိုအပ်ချက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့က ခေါင်းဆောင်မှုကို မျက်လုံးအိမ်သဖွယ် စောင့်ရှောက်ကြလို့ ဆိုကြတာပဲ။ လက်ရှိ ခေါင်းဆောင်မှု ဆိုတာဟာ ၈၈ အရေးတော်ပုံရဲ့ လက်ကျန် ရလာဒ်တခု လည်း ဖြစ်တယ်မဟုတ်လား။ သူတို့ရဲ့ နိုင်ငံရေး အမြင်ကို သဘောမတူနိုင်ရင်တောင် ကိုယ်ယုံကြည်ရာလမ်းကို ရွေး လျှောက်ကြရင်း ဒီခေါင်းဆောင်မှုကို နိုင်ငံရေးအရ ကာကွယ်ထိန်းသိမ်းသွားကြရမှာပဲ။ ဒီနေ့ အထိတော့ လူထုက သူ တို့အပေါ် ယုံကြည်နေဆဲပါပဲ။ ဒီယုံကြည်မှုက အခွင့်အခါပေါ်တဲ့အခါ အလွယ်စည်းရုံးလှုံ့ဆော်ပြီး အောင်ပွဲကို သယ် ဆောင်သွားနိုင်ပါတယ်။ နိုင်ငံရေး ဆိုတာကလည်း အခွင့်အခါမကျဘဲ ကိုယ်ထင်ရာ ဇွတ်လုပ်ပြန်ရင်လည်း တဖျတ် ဖျတ်ခုန်တဲ့ ငါး လှော်တက်စာ မိသွားသလို ကြုံရတတ်တယ် မဟုတ်လား။
နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး ထပ်ဆင့်ပါးလိုက်ချင်ပါတယ်။ ဆရာ မောင်ထင်က ကျနော် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် သစ္စာ ဖောက် ဖြစ်တတ်တယ်မှတ်ထား ပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး ယူရပါတယ်။ ဒါတွေက ကာယ သတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် ဘောဂသတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာဏသတ္တိနည်းရင် အသိအ ဉာဏ် ဆင်ခြင် တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ပဲ သစ္စာဖောက်ဖြစ်တတ်တယ်။ ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက် ရင်း ကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိ ဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင်လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့ လွှမ်းမိုးမှုခံရ တတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တ သတ္တိပဲ သူမရှိရင် သူ့က သတ္တိတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တိမခိုင်ရင် အကုန်ယိုင်လဲသွား တတ်တယ်။ အ ကျင့်သီလ ကင်းတဲ့သူကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေကြောင့် သူတပါးက အကြပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက် ဖြစ်တတ်တယ်။ ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်ကြွေးပြုမဲ့ နိုင်ငံရေး လုပ်မယ်ဆိုရင် ဒီသတ္တိငါးပါးကို အစဉ်တစိုက် အားဖြည့်နေရ ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဆရာမောင်ထင် ပြော သလို သစ္စာဖောက် ဖြစ်တတ်ပါတယ်။ သာဓကအနေနဲ့ လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော် လုပ်ကြံမှုထဲက ကိုသုခ အကြောင်း စာကလေး ထည့်ပေးလိုက်တယ်။
ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ နတ်သုဒ္ဓါထဲ မစင်တခဲ မြင်လိုက်ရသလို အော့နှလုံးနာမိလို့ ဒီစာကို ရေးမိပါတယ်။ ဘာ ပဲပြောပြော ကိုလွဏ်းဆွေဘလော့ဂ်ဟာ ဗမာလူထုအတွက် အတိုင်းအတာတခုအထိ အသိဉာဏ် အလင်းဆောင်ခဲ့သလို ဆက်လက်ထွန်းလင်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေလို့ ဆိုငြား သော်လည်း တချို့သော ရန်သူ့ရန်သူတွေဟာ ကိုယ့်အတွက်လည်း ရန်အန္တရာယ်ဖြစ်တတ်ပါတယ် ဆိုတဲ့အကြောင်း မေတ္တာ စကားလက်ဆောင် ပါးအပ်ပါတယ် ကိုလွဏ်းဆွေ။
ရဲဘော်ကျော်သန်း
၅၊ ၂၊ ၂၀၁၁။
အက်ဆစ်ဆောင်းပါးမူရင်းလင့်ခ်
http://www.naytthit.net/?p=7925

ဦးဖိုးသာအောင် (နော်ဝေး) နှင့်  ပြည်ပရောက် နိုင်ငံရေး ဂုရု ကြီးများ ဆီသို့  အိပ်ဖွင့်ပေးစာ

by Bo Aung Din on Saturday, February 5, 2011 at 5:04am
ဦးဖိုးသာအောင် ရေးထားတဲ့ စာလေးတွေကို ကြည့်ပြီး အမှားတွေကို ကျွန်တော် တို့ သိလိုက်ရပါတယ်။ မှားချင်မှားမယ်ပေါ့။ လူဆိုတာ အမှားနဲ့ တော့ မကင်းပါဘူး။……စိတ်ထဲ ပြောချင်တာလေးတွေ ဖြစ်လာတာနဲ့  ပြောဖြစ်တာပါ။

ဦးဖိုးသာအောင်ရဲ့ note ထဲက
ပထမအမှားမှာ ကိုးဆယ်ရွေးကောက်ပွဲရလဒ်အတိုင်း စစ်အစိုးရ၏ ညစ်ပတ်မှုကို လက်မခံဘဲ မိမိတို့ဖာသာ အစိုးရဖွဲ့ရမည်ကို ကြောက်ပြီး မဖွဲ့ခဲ့ကြခြင်း၊

ပထမ အမှား ဆိုတဲ့ကိစ္စလေးကို ပြောပါ့မယ်။ အစိုးရရဲ့ ညစ်ပတ် မှူကို လက်ခံပဲ အစိုးရအသစ်ဖွဲ့ ဖို့ ကို ကြောက်ပြီး မဖွဲ့ ခြင်း ဆိုသည့် ကိစ္စလေးပါ။ သင် ဗမာပြည်အကြောင်းကို သိပါသလား။ ကြောက်သည်ဟု ပြောလိုက်ခြင်းကတော့ တော်တော်လေးကို လွန်သွားပါပြီ။ သင်ဆိုလျှင်ရော မည်သို့ လုပ်မည်နည်း။ လူဆိုသည်မှာ မိမိ အခြေအနေ ကို မိမိ ပြန်လည် သုံသပ်ဖို့ လိုပါသည်။ အာဏာကိုင်ထာပြီး လက်နက်ကိုင်ထားသူ က ညစ်ပတ်ပါပြီ ဟု သင်သိနေပါက .. သင်နှင့် သင့်အဖွဲ့ အစည်း တစ်ခုလုံး ထောင်ထဲရောက်မည့် ကိစ္စ သင်သာခေါင်းဆောင်ဆိုလျင် လုပ်မည်လား။... ဦးဖိုးသာအောင်ခင်ဗျား... စဉ်းစဉ်းစားစားပြောစေလိုပါတယ်။

ဒုတိယအမှားမှာ ဒေါ်စုကို ဗဟိုလ်ပြုလွန်းသဖြင့် ဒေါ်စုအကျယ်ချုပ်ကျနေလျှင် အလုပ်မဖြစ်ခြင်း၊ ဒါသည်မူထက် လူသာပဓာန ဖြစ်နေခြင်း၊

ဒုတိယ အမှား ကို တော့ လက်ခံပါတယ်။ ကျွန်တော်လဲ အဲ့ဒီလို ယူဆပါတယ်။ အဖွဲ့ အစည်းတရပ်အနေ နဲ့ လှုပ်ရှားမှုတွေ အဆက်မပြတ် ရှိသင့်တယ်။ လူသည် မူထက် ပဓာန ဖြစ်နေသည်ကို ဝေဖန် ခြင်းက တော့ ဒီ အမှား အတွက် ဆို လျင် ဘာမှ မဆိုင်ပါ။

တတိယအမှားမှာ ရိုးသားပွင့်လင်းမှု မရှိခြင်း၊ တိုင်းအဆင့်မှ အောက်ခြေအထိ ဗဟိုမူ ၀ါဒလမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို သိခွင့်မရှိခြင်း၊
ဒေါ်စုအိမ်ချုပ်ကျနေသဖြင့်ဟု အကြောင်းပြကာ တိုက်ပွဲလမ်းစဉ်ညွှန်ကြားမှု လုံးဝမရှိဘဲ ရေစုန်မျောနေခြင်း၊

တတိယ အမှား နှင့် ဒုတိယ အမှားက တစ်ခုထဲ လို ဖြစ်နေပါတယ်။

စတုတ္ထအမှားမှာ မည်သည့်ပုံစံ ဒီမိုကရေစီ စနစ်မျိုးကို ကျင့်သုံးမည်ဟု ဆိုသော ဦးတည်ရည်မှန်းချက် မှုန်ဝါးနေခြင်း၊
ဒီကိစ္စကို မေးတိုင်း မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် လူထုဆန္ဒနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်ကို သွားမည်ဟုသာဆိုကြပါသည်၊

စတ္တုထ အမှား ....  မည်သည့် ပုံစံဒီမို ကရေစီကျင့်သုံးမည်ဆိုခြင်းကို မေးနေ ခြင်းမှာ မုန့် ဆီကျော်ဘယ်နေမှန်း မသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုခြင်းကို မေးနေ သလို ဖြစ်နေသည်။ အဆင့်တွေ ကျော်နေလေ ပြီ။

ပဉ္စမအမှားမှာ အိမ်နီးချင်းနိုင်ငံများနှင့် အဆင်ပြေအောင် ပေါင်းသင်းရမည်ဖြစ်ပြီး မည်သည့်နိုင်ငံနှင့်မျှ အပေးအယူလုပ်သည့် နိုင်ငံရေးမျိုးကို မလုပ်ဘဲ ကိုယ့်ပြည်သူနှင့်ကိုယ် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမည်သာဖြစ်ကြောင်း ဆိုသည့် အယူအဆကို တရားသေ အစွဲကြီးစွာ ဆုတ်ကိုင်ထားခြင်းနှင့်

ပဉ္စမအမှား.... စစ်အစိုးရ အမှားကို ပြောခြင်းလော... ဒေါ်အောင်ဆန်းစုကြည် ကတော့ တက်နိုင် သမျှ အပေးအယူ လုပ်နေပါသည်။


ဆဌမနှင့် နောက်ဆုံးအမှားမှာ ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ပြီး နောက်တက်မည့် အစိုးရသစ်နှင့် ဆွေးနွေးချင်ပါသည်ဟု ရှေနောက်မညီသည့် ကမ်းလှမ်းချက်များ ရှိနေခြင်းတို့ပင် ဖြစ်ပါသည်၊ ပြီးသွားပြီ ဖြစ်သဖြင့်လည်း ပြင်လို့မရနိုင်တော့ပါ၊
ဆဌမနှင့် နောက်ဆုံးအမှား ... ဦးဖိုးသာအောင် သာဆိုလျင်ရော.. ဘယ်အစိုးရတက်တက် လှည့်မကြည့်ဘူး မဆွေးနွေးဘူးလို့ ဆိုလိုပါသလား...

ကျွန်တော်တို့  က ဝေဖန် ဆွေးနွေးတာတော့ တော်တော်ကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်နေပါပြီ။ ခက်တာက ယခု ဦးဖိုး သာအောင်လို နိုင်ငံရေး အမှားတွေကို ဝေဖန် ထောက်ပြနိုင်သူတွေရော။ ပြည်ပရောက်နိုင်ငံရေး သမားတွေ ရော ... ဘာလို့ ပြည်တွင်းထဲကို ကိုယ်တိုင် ကိုယ်ကျ လာပြီး မလုပ် ရသလဲ။ နိုင်ငံရေး တကယ်နားလည်သူတွေ ပြည်တွင်းမှာ မလိုအပ်လို့ လား။ မိမိ နိုင်ငံကို မချစ်တာ လား။ တိုင်း ပြည်ကောင်းစားမှာကို လစ် လျူရှူ ပြီး။ စာလေး တစ်ကြောင်းး နှစ်ကြောင်းရေး တိုင်းပြည်ကို ချစ်ပါတယ် ပြောနေမှာလား။ တကယ်ရော ဘာကိစ္စ လာမလုပ်ကြသလဲ။ မေးခွန်းတွေ များပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တိုက်ခိုက် ပြီး နိုင်ငံေ၇း နယ်ပယ် အတွင်း နာမည် ယူ ချင် သူများ များနေပါသည်။ ထိုသူများ အားလုံး ကို ကျွန်တော် ပြောစရာ တစ်ခုပဲ ရှိသည်။ သင်တို့ အရည် အချင်း မှန် ပါက ဒီလို တိုက်ခိုက်စရာ မလိုပါဘူး ၊ အရည်အချင်း ရှိသူအတွက် နေရာ ဆိုတာ အလိုလို ပေါ်ပေါက်ပြီးသားပါ။ သူများတကာကို ဝေဖန် ပြောဆိုပြီးမှ နေရာ ယူ နေရပြီ ဆိုလျင် မိမိကိုယ် မိမိ အရည် အချင်း မရှိသူများဟုသာ မှတ်ပါလေ။

နောက် တစ် ခု.... သင်တို့ က ဘာနည်းလမ်းမှ မစဉ်းစားနိုင်ပဲ .. ဝေဖန် ဖို့ လောက် ပဲ တက်ကြသည်။ သင်တို့ ဝေဖန် နိုင်သော အဆင့်ရော ရှိကြသလား ဆိုသည်ကို စဉ်းစား ဆင်ခြင်စေချင်သည်။ တကယ် လက်တွေ့ ထဲ ထဲ ၀င်ဝင် လုပ်နေသူများ က အခက် အခဲတွေကို သိပါသည်။ ကိစ္စတစ်ခုကို ကိုယ်တိုင်လဲ ဘာမှ မလုပ် ၊ လုပ်လည်း မလုပ် တက်၊ လုပ် လည်း မလုပ်၊ ပဲ တကယ်လုပ်နေသူများ ၏ အခက် အခဲကို မသိပဲ ဝေဖန် ပြောဆိုခြင်းကား အလွန်ဆိုးသည်။ ဒေါ်အောင်ဆန်း စုကြည်ကို ဗဟိုပြုလွန်းခြင်း ဆိုသည့် ကိစ္စ ကို လဲ ပြောချင်သေးသည်။ ဒေါ်အောင်ဆန်း စုကြည်လို ပုဂ်ဂိုလ် မျိုးကို ဗဟို မပြုပါက ဘယ်သူ့ ကို ဗဟို ပြုရမည်နည်း။ ဦးဖိုး သာအောင်ကို ဗဟို ပြုရမှာလား။ ထိုသို့ ပြောခြင်း အားဖြင့် ပါတီ ရှိ လူအားလုံး နှင့်  အမေစု ကို ချစ်မြတ် နိုးသူများ သည် အသုံးလုံးလုံး မကျသူ များဟု ပြောခြင်း နှင့် ထပ်တူဖြစ်နေသည်။
အရည်အချင်းရှိသော အနစ်နာ ခံနိုင်သော မင်းကိုနိုင်တို့ ကဲ့သို့  အမေစု မရှိလဲ ဆက်လက် ရပ်တည် ဦးဆောင် နိုင်သူတွေကို ဦးဖိုးသာအောင် အပြင်မှာ တွေ့ မိပါသလား။

တကယ်တော့ ဝေဖန် ပုတ်ခက် ရုံသက်သက် လို ဖြစ်နေပြီး တကယ့် အမှားတွေကို ထောက် ပြတဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ်။နောက်ဆုံးမှာတော့ ဘယ်လို လုပ်သင့်သလဲ ဆိုတာ...စိတ်ကူးယဉ်လုပ်သင့်တဲ့ အရာ မဟုတ်ပဲ လက်တွေ့ လုပ်လို့ ရတဲ့ လုပ်သင့်တဲ့ အရာလေး တွေ အကြံဥာဏ်ရှိရင် ထည့်ပေးသင့်တယ်။

ညံ့တာကတော့ ကျွန်တော်တို့ ပြည်သူတွေ နဲ့  ပါတီတွင်းလောက်တက်မှုတွေ ကြောင့် ဖြစ်နိုင် ပါတယ်။ လက်လဲ လက်ခံပါတယ်။ ဒါပေမယ့် ဦးဖိုး သာအောင် ထင်သလောက် တော့ မညံ့ဖျင်းပါဘူး။မရနိုင်သေးတာ ညံ့တယ်။ဝန်ခံပါတယ်။ ကျွန်တော်တို့ က တော့ ညံ့တာကို ပြင်ယူမှာပဲ။ အထိခိုက်အသက်သာဆုံးနည်း နဲ့  ဦးဖိုး သာအောင် ပြောသလို မအောင်မြင် သေးတဲ့ အနုနည်းနဲ့ ပဲ ဆက်လုပ်နေမှာပါ။နောက်တစ်ခု .. ဦးဖိုးသာအောင် ဝေဖန် ထားတဲ့ အထဲမှာ လက်နက်ကိုင်တော်လှန်လဲ မအောင် မြင်။ အနုနည်းလဲ မအောင်မြင်ဆိုတော့ ဘာကို လုပ်မလဲလို့ မေးရင် ယူဂျီဆိုတာကို ၀င်လာဦးမယ်။ ယူဂျီဆိုတာက ခေတ်အဆက်ဆက် မအောင်မြင်တဲ့ အပြင် လူမသိသူမသိ မိုက်ရူးရဲ ချာတိတ်တွေ အသက် ဆုံးမယ့် ကိစ္စ။
အဲ့ဒီ့တော့ ဗျာ။ ဦးဖိုးသာအောင်ရာ.. ဘယ်လို လုပ်လုပ် မင်းတို့  ရမှာ မဟုတ်ဘူးလို့ သာပြောလိုက်ပါတော့လား။


နောက်တစ်ခု ထက်ပြောဦးမယ် ဗျာ.... မြန်မာ့ဒီမို ကရေ စီ အေ၇းဟာ ရှုံး နိမ့်သွားပြီလို့  ဦးဖိုးသာအောင် ခံယူရင် ဦးဖိုးသာအောင် အတွက်တော့ ရှုံး နိမ့်သွားပါပြီ။ မိမိ ကိုယ်တိုင်က လက်မြောက် အရှုံးမပေးသရွေ့  ဒီမိုကရေစီ အရေး သည် မည်သည့် အခါ မျှ ရှုံးနိမ့်မည် မဟုတ်ပါ။ အခက် အခဲ ပေါင်းစုံ ရှိပါစေ။ ကျွန်တော်တို့ က တော့ မည်သည့် အခါ မျှ လက်မြှောက်အရှုံးပေးမည် မဟုတ်ကြောင်း။ ကျွန်တော် တို့ သည် စိတ်ဓါတ် ခဏတဖြုတ် ကျကောင်း ကျမည်။ သို့ ပေမယ့် အသက်ထွက်သွားသည့်တိုင်အောင် မိမိ က အရှုံး မပေးသမျှ ဘယ်တော့ မှ မရှုံးဘူး ဆိုသည်ကို တော့ အသိပေးလိုက်ပါရစေ။

"ရောင်နီလာ နံနက်ခင်းဆီသို့ " ( အပိုင်း ၅ ) ( မောင်မောင်ဝမ်း )

"ရောင်နီလာ နံနက်ခင်းဆီသို့ " ( အပိုင်း ၅ ) ( မောင်မောင်ဝမ်း ) feb04,2011

"နွေမှာ ငုနဲ့ပိတောက်လှိုင်မည်။
မေမှာ စုနဲ့ခမောက်နိုင်ပြီ ။”

။။။။။။။
ဒီမိုကရေစီဆိုတာကို လက်ခံရင် ရွေးကောက်ပွဲကို လက်ခံရတယ် ၊။ ဒီနေရာမှာ ရွေးကောက်ပွဲဆိုတာကို သေသေချာချာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုပါလိမ့်မယ်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလည်း ဖြစ်ဖို့လိုတယ် ။ ဒါပေမယ့် ရွေးကောက်ပွဲတိုင်းကတော့ ဒီမိုကရေစီကို ဖြစ်ထွန်းပါမယ်လို့ အာမ မခံနိုင်ပါဘူး ၊။ မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေမှာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထွန်းကားနေသေးတဲ့ နိုင်ငံတွေရှိနေပါတယ်။
။။။။။။။
ဒီနေ့ ကျနော်တို့တတွေ ဆုံနေကြ အမှတ်တရ လဘက်ရည်ဆိုင်လေးမှာပဲပြန်ဆုံဖြစ်ကြတယ်။ပူပြင်းလှတဲ့ အညာနေရဲ့အောက်ကဖြတ်ပြီးရောက်လာတဲ့ လူငယ်တွေအတွက် သူတို့ရဲ့စိတ်ဓါတ်ခံယူချက်၊ယုံကြည်ချက်တွေကိုလေးစားမိပါတယ်။ အားလုံးမရှက်နိုင်တော့ဘူး အကျီချွှတ်သူကချွှတ်၊ပုဆိုးကို ဒူးအထိတင်ပြီး ထားသူကထား ချွှေးတွေတရွဲရွှဲ ၊ ၈၈ လူထုအရေးတော်ပုံတုန်းက ကျောင်းသားခေါင်းဆောင်တဦးပြောသွားတာကို သတိရမိတယ်…..“ နေပူတာ နေ၀င်းပူတာလောက်မဆိုးသေးပါဘူးတဲ့ ” အဲဒီလိုပြောရမလိုဖြစ်နေပြီ အခုလည်း အညာနေပူတာဟာ..စစ်အာဏာရှင် နအဖ ပူတာလောက်မဆိုးလို့ အားလုံးစုံနေကြရတာမဟုတ်လား၊

“ အကို..၈၈ လူထုအရေးတော်ပုံမှာ..စစ်တပ်က အာဏာသိမ်းတော့..လူတွေတော်တော်များများသေကြတယ်ဆို ” စန်းမောင်က သူ့အကျီနဲ့ ခန္ဓာကိုယ်ကို တဖြတ်ဖြတ်ခပ်ရင်းကမေးလာတော့
“ စစ်ဦးဘီလူး ဆိုသလိုပါပဲကွာ..တနိုင်ငံလုံးမှာရှိတဲ့မြို့နယ်တော်တော်များများအပါဝင် ရန်ကုန်၊မန္တလေးမြို့ကြီးတွေမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို သတ်ဖြတ်ခဲ့တာနည်းရော့လား…ငါထောင်ထဲရောက်တော့ တပ်ကထောင်ကျလာတဲ့ တပ်ကြပ်ကြီးတယောက်နဲ့တွေ့တယ်..သူပြောဘူးတာရှိတယ်ကွ..၈၈ ဖြစ်နေတော့ သူကရှေ့တန်းမှာရောက်နေတာတဲ့..နောက်သိပ်မကြာခင် နောက်တန်းကပြန်ခေါ်လို့ပြန်လာရတယ်တဲ့…နောက်တန်းတပ်ကိုပြန်ရောက်တော့လည်း ..တပ်ထဲကနေအပြင်ကိုလုံးဝပေးမထွက်ဘူး…နောက်တရက်မှာ တပ်ရင်းမှုးကဘာပြောလာသလည်းဆိုတော့…အခုမြို့တွင်းမှာ ဗကပ( ဗမာပြည်ကွန်မြူနစ်ပါတီ)ကသူတွေရောက်ပြီး ဆူပူသောင်းကျန်းနေကြတယ်…အဲဒါတွေကို ငါတို့နှိမ်နင်းရမယ်….ဆိုတော့ကာ ကျနော်တို့ကလည်းရှေ့တန်းမှာ ဗကပ နဲ့တိုက်နေရတာဆိုတော့…တွေ့ကြပြီ..ဒီတခါတော့ တောထဲမှာမဟုတ်တော့ဘူး..မြို့ထဲမှာ..အပြတ်ကို…ရှင်းမယ်ဆိုတဲ့စိတ်တွေက ကျနော်တို့စိတ်ထဲမှာ ကိန်းအောင်းနေတယ်.. သပိတ်စခမ်းတွေ..ဆန္ဒပြသူတွေကို ကျနော်တို့အထက်အရာရှိတွေက ပစ်ခိုင်းတော့ ကျနော်တို့စိတ်ထဲမှာ တကယ် ဗကပတွေထင်နေတာဗျတဲ့…ဒါနဲ့ ကျနော်တို့လည်း ပစ်တာပဲတဲ့..နောက် ကျနော်တပ်ထဲပြန်ရောက်တော့…စဉ်းစားတယ်…ရဲဘော်တွေနဲ့လည်းပြောဖြစ်တယ်…ဗကပတွေက.. သေနပ်တွေ.. လက်နှက်တွေလည်းမပါကြဘူး..နောက်ပြီး..အသက်အရွယ်ကလည်း ငယ်ငယ်လေးတွေအများကြီးပါတယ်..သံဃာတွေရော..ကောင်မလေး ငယ်ငယ်လေးတွေရောဆိုတော့ နည်းနည်းတော့ စိတ်ထဲမှာ တမျိုးဖြစ်မိတယ်..ဒါပေမဲ့ သဲသဲကွဲကွဲမသိခဲ့ဘူးတဲ့….နှစ်ကာလ အတန်ကြာမှ..ကျနော်တို့သိတာတဲ့…အဲသလို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တာ…”

“ အဲဒီလို ရက်စက်မှု့ကတော့လွန်လွန်းပါတယ်ဗျာ..လူထုက ဒီမိုကရေစီနဲ့လူ့အခွင့်ရေးအတွက်တောင်းဆိုလို့..သတ်ဖြတ်တာကို ကျနော်အရမ်းမုန်းတီးတာပဲ..ရှေ့တန်းမှာ သေနပ် သေနပ်ခြင်းမို့ယှဉ်ပစ်ရပါတယ်ဆိုတာ..တော်သေးတယ်..အခုဟာက လက်နှက်မဲ့ပြည်သူတွေကို တဘက်သပ် နှိပ်ကွပ်သတ်ဖြတ်တာကို..မခံနိုင်ဘူး ..ကျနော်တို့ ကောင်းကောင်းမကြုံရပေမဲ့..ခံစားရတယ်”

“ မှန်တာပေါ့..ကိုသွေးရာ…” ထက်အောင်က ထပ်ဆင့်ထောက်ခံပြောလိုက်တဲ့အခါ…တကယ်တော့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေ သွေးမြေကျခဲ့ရတာဟာ..အခုမှမဟုတ်ပါဘူးလေ..လွတ်လပ်ရေးတိုက်ပွဲကာလတုန်းကလည်း လွတ်လပ်ရေးမို့..လွတ်လပ်ရေးရပြီးတော့လည်း အယူအဆမျိုးမျိုး ကွဲပြားကြပြီး ပြည်တွင်းစစ်လိုဖြစ် အချင်းချင်းပြန်တိုက်ကြ…နောက် ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်း…တောထဲတောင်ထဲမှာအပါဝင်..မြို့ပြတွေမှာပါ သေကျေပျက်စီးရတဲ့နိုင်ငံသားတွေဆိုတာ နည်းရော့လား…..စစ်ခေါင်းဆောင်တွေကို..နိုင်ငံရေးအာဏာမှာ မက်မော ယစ်မူးအောင်လုပ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို တွေးမိတိုင်း ..ဒေါသဖြစ်မိတယ်…သူတို့အာဏာရရေးအတွက်..စစ်တပ်ကိုအသုံးချရာက..စစ်ခေါင်းဆောင်တွေ အဆက်ဆက်က နိုင်ငံရေးအာဏာမှာ ယစ်မူးသွားတာကိုး…..စိတ်ထဲမှာ တရိပ်ရိပ်ပေါ်လာတဲ့ အတွေးတွေစဉ်းစားနေခိုက်….

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဘယ်လိုပေါ်လာတာလည်းရှင်းပြပါဦးဗျ ”

“ စစ်တပ်က ၈၈ အရေးတော်ပုံကြီးကိုဖြိုခွင်းပြီး အာဏာသိမ်းလိုက်တယ်…နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေးအဖွဲ့ ( န-၀-တ )ဆိုတာဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်တယ်လေ…ဒါပေမဲ့ သူတို့က ကျေငြာတယ်…ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲကိုကျင်းပပေးပါမယ်…ဆိုပြီး နိုင်ငံရေးပါတီတွေထူထောင်ခွင့်ပေးခဲ့တယ်….အဲသလို ပါတီတွေထူထောင်ခွင့်ပေးတဲ့ အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD )ကို ဖွဲ့စည်းခဲ့တယ်..အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှုးတာဝန်ယူခဲ့တယ်လေ..အဲဒီတုန်းက ပါတီတွေဖွဲ့စည်းလိုက်ကြတာ ရာကျော်သွားတယ်…ဒါပေမဲ့ အင်အားအရ..လူထုထောက်ခံမူ့အရဆုံးကတော့..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့….နောက်တော့..န၀တ ကကျေငြာချက်တခုထုတ်တာ..၁၉၉၀ မေလမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးမယ်ဆိုတာ…ပြောခဲ့တယ်…အဲဒီတုန်းက..စစ်အာဏာရှင်ထဲမှာ ခေါင်းဆောင်က …ဗိုလ်ချုပ်မူးကြီးစောမောင်….သူက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူ့တည်ဆောက်ရေးအဖွဲ့( န၀တ) ရဲ့ဥက္ကဌ…သူက အတိအလင်းလူထုကို ကတိပေးခဲ့တယ်…..ဒါကတော့ ရွေးကောက်ပွဲပြီးရင်..အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပေးပြီး..စစ်တပ်က စစ်တန်းလျှားပဲပြန်ပါ့မယ်ဆို ပြောခဲ့တာ…”

“ အကို့..ဘယ်လို..ဘယ်လို..စစ်တပ်က စစ်တန်းလျှားပဲပြန်မယ်…နားရှိလို့သာကြားရတယ်.အကိုရာ..ယုံတောင်မယုံဘူး ” ချမ်းမြေ့ကပျာယိပြာရာဝင်ပြောလိုက်တော့ ကျနော်ပြုံးမိလိုက်တယ်……..

“ ဒါနဲ့ ၁၉၉၀ မေလ မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့တော့..တနိုင်ငံလုံးအတိုင်းတာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာခိုင်နှုန်း ရှစ်ဆယ်ကျော် အနိုင်ရခဲ့တယ်ကွ….ငါတို့ပျော်လိုက်ကြတာကွာ မပြောပါနဲ့တော့…ရွေးကောက်ပွဲမှာ ငါအပြင်မှာရှိနေသေးတယ်….ပြီးမှ ထောင်ကျတာ…အဲဒီအချိန်တုန်းက စည်းရုန်းရေးဆင်းခဲ့ရတဲ့ အချိန်တွေကို စဉ်းစားမိတိုင်း သတိရတယ်ကွာ…အဲဒီတုန်းက..ဆောင်ပိုဒ်လေးကို မှတ်မိသေးတယ်ကွ……စု နိုင်မှချမ်းသာမည် တဲ့ နောက် တခုက…. နွေမှာငုနဲ့ပိတောက်လှိုင်ပြီ မေမှာစုနဲ့ခမောက်နိုင်ပြီ …….

“ အကို ပိုက်ဆံစုမှ ချမ်းသာမယ်ဆိုတာ ဘာကိုပြောတာလည်း..နောက်ပြီး ခမောက်ဆိုတာကရော ဘာလုပ်တာတုန်း ”

“ ဆိုလိုတာက ..ဒီလိုပါ..စု ဆိုတာ ပိုက်ဆံစုတာကိုပြောတာမဟုတ်ပါဘူး..အန်တီ ဒေါ်အောင်ဆန်းစုကြည် နံမည်ကိုသုံးလိုက်တာပါ…ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်မှ တိုင်းပြည်တိုးတက် ချမ်းသာမယ်ဆိုတဲ့ အဓိပ္ပါယ်ကို လှလှပပ သုံးထားတာပါ….စုနိုင်မှ ချမ်းသာမည်တဲ့….ခမောက် ဆိုတာက ရွေးကောက်ပွဲမှာ..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သုံးစွဲခဲ့တဲ့ ရွေးကောက်ပွဲ သင်္ကေတ အမှတ်တံဆိပ်ပေါ့…”

“ စုနိုင်မှချမ်းသာမည်ဆိုတဲ့…ဆောင်ပိုဒ်လေးယူထားတာ မိုက်တယ်ဗျာ…စုနိုင်မှချမ်းသာမည်…စုနိုင်မှချမ်းသာမည်….ဂွတ်…ကျနော်ကြိုက်တယ်ဗျာ ” ထက်အောင်က ပါးစပ်က ပွစိပွစိရေရွတ်ရင်း လက်ဖျောက်တီးလိုက်တယ်။ သူကတဆက်တည်း…

“ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရပြီးတော့..ဘာတွေဆက်ဖြစ်လာလဲ ”

“ စစ်အာဏာရှင်များက ဘာလုပ်လိုက်သလည်းဆိုတော့..စောစောကငါပြောခဲ့တဲ့…လူထုကိုကတိပေးခဲ့တဲ့..ဗိုလ်ချုပ်မှုးကြီးစောမောင် ကိုရာထူးကဖယ်ရှားပစ်လိုက်ပြီးနေအိမ်မှာ အကျယ်ချုပ်ထားလိုက်တယ်ကွ…သေတဲ့အထိ သူလည်း အကျယ်ချုပ်ဘ၀နဲ့နေသွားရတယ်…သူ့ကိုရာထူးကဖယ်ရှားပစ်လိုက်ပြီး သိပ်မကြာပါဘူး..သူလည်းသေတာပါပဲ…ဗိုလ်ချုပ်မှုးကြီးစောမောင်ကို ဖယ်ရှားအပြီး အဖွဲ့အစည်းနံမည်ကိုလည်း ပြောင်းပစ်လိုက်တယ်…န၀တ ကနေ နအဖ ( နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ ) ဆိုပြီး …တခါ…..နောက်တက်လာတဲ့..အခုလက်ရှိ ဗိုလ်ချုပ်မူးကြီးသန်းရွှေ နဲ့ စစ်ခေါင်းဆောင်တွေက ဘယ်လိုစီစဉ်သလည်းဆိုတော့….ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်းလျှားကပြန်ပါမယ်လို့ပြောတာ..သူတို့မဟုတ်ဘူးတဲ့…ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်တဲ့ န၀တ ကပြောတာတဲ့ အခုဟာက ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဦးဆောင်တဲ့ နအဖ ဖြစ်သွားပြီတဲ့ ---အဲဒီလိုကွ ”

“ နားလှည့်ပါးရိုက်တယ်ဆိုတာ ဒါမျိုးပေါ့…”

“ အေးပေါ့..စန်းမောင်ရာ..မင်းပြောသလို နားလှည့်ပါးရိုက်အစီအစဉ်တွေပါပဲ….ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အာဏာလွှဲမပေးတဲ့ အပြင် ပါတီဝင်တွေ…ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို ထောင်တွေချပစ်လိုက်တယ်….နောက်တော့..အမျိုးသားညီလာခံဆိုတာကို ကျင်းပတယ်…အမျိုးသားညီလာခံကို ကျင်းပပေးပြီး..အဲဒီကနေ.ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲမယ်…၁၉၉၀ မှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့..အမျိုးသားညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရေးမှာပဲ တာဝန်ရှိတယ်ဆို ဖိတ်ကြားခဲ့တယ်လေ…

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာလွှဲပေးရမှာကို မပေးတော့ပဲ..အကြောင်းတွေပြ…စစ်အာဏာရှင်တွေက ဆက်အုပ်ချုပ်တာပေါ့နော်….” ဘေးနားမှာ အတန်ငယ်ငြိမ်နားထောင်နေတဲ့ ကိုသွေးက၀င်ထောက်လိုက်တယ်…..

“မှန်တာပေါ့…လုံးဝ အာဏာလွှဲမပေးတော့ပဲ…ပစ်ပယ်လိုက်တယ်…ရွှေးကောက်ပွဲရလာဒ်ကို အကောင်ထည်ဖော်မပေးတော့ပဲ သူတို့က အမျိုးသားညီလာခံကျင်းပတယ်လေ....အဲဒီမှာလည်း သူတို့စိတ်ကြိုက်ရွေးချယ်ထားတဲ့..သူတွေကို ခေါ်တာကွ…နောက်တခါ အခုမင်းတို့ သိနေကြတဲ့..ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း ( ကြံ့ဖွတ် ပေါ့ကွာ )ဆိုပြီး လူမူ့ရေးအသင်းကြီးကိုဖွဲ့စည်းလိုက်တယ်…အဲဒီအသင်းကို အထူးအစီအစဉ်တွေချမှတ်ပြီးကြီးထွားလာအောင်လုပ်တော့တယ်….မင်းတို့သိတဲ့အတိုင်း အခွင့်ရေးသမားတွေတော်တော်များများ ကြံ့ဖွတ်ထဲရောက်ကုန်ကြတယ်…….

“ အဲဒီအချိန်မှာအန်တီစု ကဘာတွေလုပ်နေသလည်း အကိုရ ”

“ အန်တီစုက ၁၉၈၉ အာဇာနည်နေ့ကထည်းက သူ့ကိုနေအိမ်အကျယ်ချုပ်ထားခြင်းခံလိုက်ရတယ်လေ…ရွှေးကောက်ပွဲလုပ်တော့ရော..ပြီးတော့ရော…သူကအပြင်မှမရှိဘူး ဘာမှလုပ်လို့မရအောင်..သူ့ကို ကန့်ထားလိုက်တာ ..နောက် အမျိုးသားညီလာခံကျင်းပတော့လည်း..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ..ညီလာခံတက်မဲ့သူနဲ့..ညီလာခံကိုဆန့်ကျင်တဲ့သူတွေဆိုပြီး နှစ်ပိုင်းကွဲသွားတယ်….တကယ်တော့ အမျိုးသားညီလာခံဆိုတာကလည်း..စစ်အစိုးရကို သက်ဆိုးဆက်ရှည်အောင် ကျားကန်ပေးဘို့ ရည်ရွှယ်ချက်ရှိရှိ ချမှတ်လုပ်တဲ့ဟာပါ……မင်းတို့စဉ်းစားလေ..တပ်မတော်ဟာ..အနာဂါတ်ဦးဆောင်မှု့အခန်းကဏ္ဍမှာ ပါဝင်ရမယ်ဆိုကတည်းက..ဘယ်လိုလုပ်..ဒီမိုကရေစီ..ဟုတ်တော့မှာလည်းကွာ.” ကျနော်စကားအဆုံး စန်းမောင် စိတ်ထဲမှာ တခုခုကိုအစာမကျေတဲ့ ပုံစံဖြစ်နေတာကို သတိထားမိလိုက်တယ်…..

“ ရွှေးကောက်ပွဲရလာဒ်ကို စစ်အာဏာရှင်တွေက မျက်ကွယ်ပြုလိုက်တာကို…အတိုက်အခံတွေက ဘာမှပြန်မလုပ်ဘူးလားဗျ….အဲဒီအချက်က ကျနော်တို့လူငယ်တွေစိတ်ထဲမှာ မတင်မကျဖြစ်မိတယ် ….”

“ ဘယ်မလုပ်ပဲ..နေမလည်းကွာ…အားလုံးတတ်နိုင်သလောက်ဝိုင်းကြိုးစားကြတာပေါ့…ဒါပေမဲ့ ခက်တာက..တို့ရဲ့အားနည်း ချက်တွေမှာ…လုပ်သင့်တာကို မလုပ်မိလိုက်ပဲ..မလုပ်သင့်တာတွေကိုလုပ်လိုက်မိတဲ့အခါ…မဖြစ်သင့်တာတွေဖြစ်လာကြတာပေါ့ ”

“ အကိုဘာကိုဆိုလိုတာလည်း ရှင်းပြပေးပါ့လား ”

“ ငါ့အမြင်လေးတခုပါ..မှားတယ်မှန်တယ်..အားလုံးဝိုင်းဆုံးဖြတ်ကြည့်ပေါ့နော….၁၉၉၀ ရွေးကောက်ပွဲပြီးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နိုင်အပြီးမှာ..စစ်အာဏာရှင်တွေက အင်တင်တင်လုပ်လာတယ်ကွ..အာဏာလွှဲပေးဘို့ပေါ့…အဲဒီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေအပါဝင် ပါတီခေါင်းဆောင်တွေက ဂန္ဒီညီလာခံဆိုတာကို ရန်ကုန်မြို့ ကထင်ရှားတဲ့ ဂန္ဒီခန်းမမှာ ကျင်းပကြတယ်…လူထုအားလုံးမျှော်လင့်နေတာက အဲဒီညီလာခံကတဆင့်..လူထုအစိုးရဖွဲ့ဘို့ကို မျှော်လင့်ကြတာ..ဒါပေမဲ့ဖြစ်မလာပါဘူး…အစိုးရဖွဲ့ဘို့ကြိုးစားခဲ့တဲ့သူတွေသာထောင်ထဲနှစ်ရှည်လများရောက်သွားပြီး တချို့ကတောထဲထွက်ပြေးပေါ့..ဒါပေမဲ့ ပြည်ပကနေပြီးတော့…အဝေးရောက်ညွန်ပေါင်းအစိုးရဆိုပြီးတော့..တော့ဖွဲ့နိုင်ခဲ့တယ်…ဒါကလည်း.. ထင်သလောက်ဖြစ်မလာခဲ့ပါဘူး…..တချို့ကတော့ စစ်အစိုးရခင်းပေးတဲ့လမ်းပေါ်မှာပဲ…တရားဥပဒေဘောင်အတွင်းက..လျှောက်မယ်ဆို…အမျိုးသားညီလာခံကိုတက်ရောက်ခဲ့ကြတယ်..ညီလာခံအတွင်းမှာ…ဘယ်လောက်ပဲ အဆိုတွေတင်သွင်း တင်သွင်း အတိုက်အခံတွေရဲ့လိုလားချက်တွေကို စစ်အစိုးရက လက်မခံပါဘူး..ပယ်ချတာချည်းပါပဲ….စစ်အစိုးရက..သူလိုချင်တဲ့ပုံစံကိုပဲ..မရ..ရအောင်သွပ်သွင်းခဲ့တယ်… တကယ်တော့ အမျိုးသားညီလာခံရဲ့ အနှစ်သာရက..စစ်အာဏာရှင်တွေကို..အပြည့်အ၀ အကာကွယ်ပေးဘို့ပြဌာန်းပေးရမဲ့…ဥပဒေတွေပါ…နောက်တခါ အတိုက်အခံဘက်က တချို့တွေရဲ့အယူအဆမှာ..လူထုအုံကြွတော်လှန်မှု့ကိုအလေးပေးရမှာကို စိုးရွံ့ကြတယ်ကွ….”

“ ဒါ ..သိပ်မှန်တယ်အကို..” ကိုသွေးက အားပါးတရ ၀င်ထောက်ခံရင်း….

“တော်တော်များများကဘာပြောကြသလည်းဆိုတော့…လူထုတွေသွေးမြေကျမှာဆိုးတယ်….ဥပဒေဘောင်ထဲကပဲသွားတာ ကောင်းပါတယ်..ဘာဖြစ်တယ်ပေါ့…ဥပဒေဘောင်ဆိုတာကရော..ဘယ်သူတွေရဲ့ဘောင်လည်း..စဉ်းစားပါဦး…စစ်အာဏာရှင်တွေကို အကာကွယ်ပေး..သက်ဆိုးရှည်မဲ့ဘောင်တွေချည်းလို့ ကျနော်ထင်တယ် အကို….နောက်ပြီး လူထုတော်လှန်ရေးဆိုတာ..အကြမ်းမဖက်တဲ့နည်းနဲ့ အုံကြွတဲ့အရာ…လူထုဆန္ဒတွေကို လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ဖော်ထုတ်ပြသသင့်တဲ့အရာလို့ ကျနော်မြင်တယ်….တခါမရ..နှစ်ခါ..သုံးခါ..အကြိမ်ကြိမ်အဖန်ဖန်ကြိုးစားရမှာပဲ…ဒီနည်းနဲ့မသွားလို့.. ဘယ်နည်းနဲ့သွားသင့်သလည်းဆိုတာ..စဉ်းစားကြည့်တော့..ကျနော်လည်း မစဉ်းစားတတ်တော့ဘူး…ဒီအတိုင်း ဥပဒေဘောင်တွင်းက..ဥပဒေဘောင်အတွင်းကနဲ့လုပ်နေလို့ကတော့..ကျနော်တို့မျှော်လင့်နေတဲ့..လွတ်လပ်တဲ့ဒီမိုကရေစီက..ရွှေပြည်တော်မျှော်တိုင်းဝေးနေဦးမှာပဲလို့ထင်တယ်….”

ကိုသွေးက စကားအဆုံး သက်ပြင်းတချက်ချသံကိုကြားလိုက်အပြီး…..


“မှန်တာပေါ့ကွာ..အကြမ်းမဖက်တဲ့နည်းရဲ့အသက်က..လူထုစည်းရုံးရေးနဲ့..လူထုအားပဲ..အရာရာလူထုကညီရင်ရပါတယ်…နိုင်ငံတကာကိုကြည့်မယ်ဆိုရင်..ဒီမိုကရေစီအောင်ပွဲဆင်နိုင်တဲ့နိုင်ငံတော်တော်များများ..လူထုအုံကြွတော်လှန်ခြင်းကို အကြမ်းမဖက်လမ်းစဉ်နဲ့သွားကြတာများပါတယ်…ဒီနည်းကို..နိုင်ငံတကာကလည်းထောက်ခံတယ်….ငါ့အမြင်ပြောရရင် အကြမ်းဖက်တော်လှန်ခြင်းကို..စစ်အစိုးရက သိပ်မစိုးရိမ်ဘူးကွ…သူတို့လန့်တာ..အကြမ်းမဖက်တဲ့နည်းနဲ့လုပ်ဆောင်လာမဲ့ လူထုတော်လှန်ရေးပဲ…အဓိကအချက်ထဲမှာ..တခုခုလိုချင်ရင်..တခုခုပေးဆပ်ရမှာပဲ….မတတ်နိုင်ဘူးကွ..ဘာမှမပေးရင်..ဘာမှဖြစ်လာမှာမဟုတ်တာတော့သေချာတယ်ကွ….ငါလည်း ပြည်သူလူထုသွေးမြေကျတာ..ဘယ်မြင်ကြပါ့မလည်းကွာ…သေသေချာချာစဉ်းစားကြည့်ပါ…အခုလည်းတို့ရဲ့ဘ၀တွေဟာသေတာနဲ့ဘာခြားနားနေလို့လည်း….လူ့ဘ၀ကိုထူထောင်ဘို့မပြောနဲ့…ထမင်းကို နပ်မှန်အောင် စားဘို့တောင် မလုံလောက် နိုင်လှတဲ့..အခြေနေမှာ..ရွေးစရာလမ်းလည်း..သိပ်များများစားစားမရှိတော့ပါဘူး….ဥပမာပြောရရင် နေထိုင်မကောင်းဖြစ်လို့ဆေးထိုးရမယ်ဆိုရင်တောင်မှ..ရောဂါသက်သာဘို့ ကိုယ့်အသားအနာခံ..ဆေးထိုးခံရတဲ့ပေးဆပ်မူ့ကိုပေးရသေးတာပဲ….”

“ဒါမှန်တာပေါ့….အကိုပြောနေကျ ဟာပြန်ပြောမယ်နော် ( Freedom is not free )လွတ်မြောက်မူ့ဆိုတာ အလကားမရဘူး ..ဒါပပဲ..အကိုရာ….တကယ်တော့ ကျနော်မြင်တာပြောရရင်…တချို့လူကြီးတွေက..အခုလိုလူထုတော်လှန်ရေးကို မျက်ကွယ်ပြုပြီး..ဥပဒေဘောင်စကားခနခဏပြောနေတာ..သူတို့ထောင်ထဲရောက်မှာဆိုးလို့ထင်တာပဲ… ဘယ်သူကရောက်ချင်မှာလည်းဗျာ..မလွဲသာလို့ဝင်သွားရမယ်ဆိုလည်း…သိပ်လွမ်းမနေတော့ပါဘူး…ကျနော်တို့ကလည်း ဥပဒေလွတ် စည်းလွတ်ဘောင်လွတ်တွေလုပ်မဲ့သူတွေမဟုတ်ပါဘူး….ဥပဒေဆိုတဲ့နေရာမှာ တရားမျှတတဲ့ဥပဒေတွေကိုဆိုလိုတာနော်…အဲဒီဘောင်အတွင်းမှာ..ကျနော်တို့ရှိမယ်….စစ်အစိုးရကို အကာကွယ်ပေးနေမဲ့ဥပဒေဆိုရင်တော့..အဲဒီဘောင်အပြင်မှာပဲ..လူထုကြီးကရှိနေဦးမှာပါပဲ…”

ထက်အောင်ပြောသွားတဲ့စကားတွေဟာတကယ်တော့ ဒီနေ့လူငယ်ထုရဲ့ရင်ထဲမှာရှိနေတဲ့ ခံစားမူ့အမှန်တွေပါ….

“ ငါထောင်ထဲမှာတုန်းက..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလူကြီးတယောက်နဲ့ဆုံခဲ့တယ်..သူ့ကို ငါမေးကြည့်တယ်..ဆရာ တချို့အတိုက်အခံခေါင်းဆောင်တွေမှာ..လုပ်သင့်တာတွေကို လုပ်နိုင်ရက်မလုပ်ပဲဆင်ခြေတွေနဲ့ကျားကန် …ကျောခိုင်းရတာလည်းဆိုတာကို ကျနော်တော့နားမလည် လိုက်မမှီတော့ဘူးပြောတော့…သူကဘာပြောသလည်း..သိလား…ထောင်ကျမှာကြောက်လို့ပေါ့ကွာတဲ့..ဒါနဲ့ အကိုကထပ်မေးတယ်..ထောင်ကျမှာကြောက်တော့ရော..အချိန်တန်တော့..တချို့တလေကလွဲလို့ ..တော်တော်များများ တန်းစီရောက်ကြတာပါပဲ..အချိန်စောတာနဲ့ နောက်ကျတာပဲကွာတာပါ…နောက်ဆုံးအနှစ်ချုပ်လိုက်တော့…မလုပ်ဖြစ်တာပဲ အဖတ်တင်ခဲ့ပါတယ်….တကယ်လို့ လုပ်သင့်တာတွေကိုလုပ်ခဲ့မယ်ဆိုရင်တောင် တခုခုရလာဒ်တော့ထွက်လာနိုင်မယ်လို့ထင်တာပါပဲ…ဆိုတော့…သူက..ငါလည်းဒီလို အမှန်စကားတွေပြောမိလို့..ပါတီကတောင် အထုတ်ခံခဲ့ရတယ်ကွာတဲ့……မှန်တာပြောရင်ရွာပြင်အထုတ်ခံရတတ်တယ်ဆိုတာ..ဒါမျိုးရှိမှာပေါ့ကွာဆိုပြီး တဟားဟားရီတော့တာပဲ….သေသေချာချာစဉ်းစားကြည့်တော့..တို့လူတွေတော်တော်များများမှာလည်း.. စစ်အာဏာရှင်တွေက တခုခုလမ်းကြောင်းခင်းလိုက်ပြီဆို..ဒါကြီးကို ကမ္ဘာတည်သရွေ့ထင်ကုန်ကြတာကွ…လူထုအားနဲ့ဖြုတ်ချရင်တောင်မဖြစ်နိုင်တော့ပါဘူးလို့ လက်မှိုင်ချကြတော့တာ…ဒီလိုသာဖြစ်စတမ်းဆိုရင်..ကမ္ဘာမှာ..ဒီမိုကရေစီလွတ်မြောက်လာတဲ့ တိုင်းပြည်ဆိုတာ..ရှိနိုင်စရာအကြောင်းမရှိတော့ဘူးပေါ့…ပြောမယ်ဆိုရင် ကျန်ပါသေးတယ်ကွာ…မင်းတို့လူငယ်တွေသာ..စိတ်ဓါတ်ခွန်အားတွေပြင်းထန်နေပါစေ…ဒို့မျှော်မှန်းတဲ့ ပန်းတိုင်ဟာ..တနေ့မှာရောက်ကိုရောက်ရမယ်ဆိုတာ..ငါယုံတယ်ကွာ….ဒီနေ့တော့ဒီလောက်နဲ့ နားကြရအောင်………..။

အပိုင်း ၆ ဆက်ပါဦးမည်

လေးစားစွာဖြင့်-

မောင်မောင်ဝမ်း