Monday, February 7, 2011

ညွှန်း ရ မယ် ဆို ရင် ရ တော့ တရုပ်ပြည် က တ ရုပ် မ လှ လှ လေး ၊ တွေ က ဘဲ ကြာ ကြာ ခံ မယ် ထင် ရ ပါ ပ ။


ထင်တဲ့ အတိုင်းပါဘဲ ခင်ဗျာ ၊ အခု စီဒီအမ်အေ ၈ဝဝ ဖုန်းတွေ နဲ့ တွဲ သုံးရတဲ့ အင်တာနက်စနစ် က စပေးခါစ တပါတ် လောက်ဘဲ အဆင်ပြေသလို ရှိပါတယ် ၊ အခု အချိန် မှာ တော့သုံးရတာ အတော် ဆိုးနေ ပ ဗျာ။ သုံးလို့ ကောင်းတယ် ညွှန်းကြလွန်း လို့ သူသူ ငါငါ တန်းစီတိုးပြီးဝယ်လိုက်ကြတာ အခု ဆို သုံးသူ တွေ အတော်များသွာပါပြီ။ လိုင်း တွေ ကြပ်သွား လို့ လားမသိပါ ဗျာ ၊ အခု တော့ ဘယ်သူ မှကောင်းကောင်း သုံး လို့ မရ တော့ ပါဘူး။

သုံးလိုက် ရင် ဂူဂယ်ပုံလေး ပေါ်တာ က အမြန်သားဗျ ၊ ဖြတ် ကနဲ ၊ လှစ် က နဲ ပါ ဘဲ ၊အဲဒါ မျိုးပေါ်လာလို့ နိပ်ပီ လို့ တော့ မထင် လိုက် ပါနဲ့ခင် ဗျာ ၊ စီဒီအမ်အေ ၈ဝဝ ရဲ့အင်တာနက် က ၊ နိဒါန်း နဲ့ နိဂုံး တတွဲထဲ ထင် ပါ ရဲ့ ဗျာ ၊ အင်တာနက် ရဲ့ နိဒါန်း က လဲဂူဂယ် ရုပ်ကလေးဖြစ်သလို ၊ အင်တာနက် ရဲ့ နိဂုံး ကလည်း ဂူဂယ် ရုပ် ကလေး မှာ ဘဲအဆုံးသတ် နိဂုံးချုပ် ပါ တယ် ။ ဂူဂယ်ရုပ်လေး ပြီးသွားရင် ဘာမှဆက်မသွားတော့ ပါဘူးဘာ တခု မှ ၊ ပို တိုး လို့ ၊ တုပ် တုပ် မှ မ လှုပ် တော့ ပါ ခင်ဗျာ။

ဘရောက်ဆင် က လဲ ၅ မိနစ်လောက် စောင့် ရ သလို ၊ အင်မေ့ဂ်ျ အရုပ် ပေါ်တာ က လဲတိုးလို့ တန်း လန်း ပြတ် နေ တတ်သလို ၊ ဒေါင်း လုဒ်ဆွဲ လဲ ၊ ခန ခန ရပ် နေတော့လင့် တွေ ပြုတ် ပြီး ဖိုင် ဆုံးသွား ရ တာ များ ပါ တယ်။ ဂျီတော့ ပြောတာ ၊ ဗွီဇက်အိုပြော တာ အတွက်အသံပိုင်း က လုံးဝ ပြော မရ သလို ၊ ပီဖင်ဂိုလ် က လဲ ပိတ်ထား ပါသေးတယ် ၊ လိုင်း တက် တာ က ဖြတ် ကနဲ လာ လိုက် ၁ဝမိနစ်လောက် ရပ် နေလိုက်နဲ့ သုံး ရ တာ ဘယ်လို မှ အဆင် မပြေ တော့ပါဘူး ခင် ဗျာ ၊ လော့ဂ်အင် ဝင်လဲ တော်တော်နဲ့ မချိတ် ပါ၊ ပြီးတော့ကွန်နက် လုပ် တိုင်း ကိုယ့် ဖုန်း နံပါတ်ကြီးကလဲ ပေါ်နေ ပရိုင်ဘေစီ က ( နိုး ) ၊ စီ ကျူ ရီ တီ က တော့ လုံး ဝ ၊ လုံး ဝ ၊တကယ့် ကို အမျိုးကောင်း ၊ အကောင်းစား အင်တာနက် ပါ ခင်ဗျာ ။

မ ဝယ် ရ သေး တဲ့ သူ များ ၊ ဝယ် ဘို့ များ စဉ်း စား ကြ ရင် ၊ လက် ရှိ သုံး နေ တဲ့ သူတွေ ရဲ့ ဒုတ်ခ ကို အရင် လေ့လာကြည့် ကြ ပါဦး ခင် ဗျာ ။ ဒါ တွေ ပေါ်လာတော့သရီးဂျီ မိုဒမ် ရောင်း တဲ့ လူ တွေ က တနေ့ ဈေး တမျိုး ရိုက် ရောင်း လိုက် ကြ တဲ့ ဒုတ်ခမိုဒမ် နဲ့သုံး လို့ နှေးတာ ၊ နက်ဝပ်ပါ တဲ့ ဟန်းဆက် နဲ့ သုံး မှ အဆင် ပြေ တယ် ပြောလို့ ဟန်းဆက် ကောင်းကောင်း ဈေးကြီးကြီး နဲ့ ဝယ်သုံးတော့လဲ အဆင် မပြေဂျာနယ် တွေ က ဝါယက်လက် ဝိုင်ဖိုင် ပါ တဲ့ အန်ဒရိုက် အိုအက်စ် ပါ တဲ့ စမတ်ဖုန်းကို ၃ ပုံးလောက် ပေး ပြီး ဝယ်သုံး မှ အဆင်ပြေတယ် ညွှန်း လို့ ဝယ်ကြ ပြန် တော့ဘာ တခု မှ ထူး မလာ ၊ နောက် ဆုံး ဆိုင် တွေ က ညွှန်း တဲ့ အတိုင်း ဖြစ် မလာ တော့ပက်လက် လန် ရ တာ ဘဲ အဖတ် တင် ပါ တယ်။

ဆိုင်တွေ က မရောင်း ရ သေး ခင် တော့ ရွှန်း ရွှန်း ကို ဝေ လို့ ချို ပြုံး ရွှင် ဂရုတစိုက်ရှိ ကြ ပေ မဲ့ ၊ ပိုက်ဆံ ချေပြီး သွားလို့ က တော့၊ သူ့ ပစ်စည်း သူ့ ဟန်းဆက် ၊ သူ့ မိုဒမ်ဝယ် မိတာ ကိုယ့် ထိုက် နဲ့ ကိုယ့် ကံ ၊ ကိုယ် (အ) ရင် ကိုယ် ခံ လိုက် တော့ ပုံစံ မျိုး ပါဘာ တခုမှ လှည့် မကြည့် ၊ ပြန် မလုပ် ပေးတော့ ပါ ဘူး ၊ တရုပ်ပြည်ဖြစ် ပစ်စည်း တွေကို ဟိုဟာ ကောင်းနိုးနိုး ၊ ဒီ ဟာ ကောင်းနိုးနိုး ၊ စမ်း တဝါးဝါး ပါ ဘဲ ။

အခု လို ဖြစ် နေတာ ကို မြန်မာ့ ဆက်သွယ်ရေး ကို မေးကြည့် တော့ ၊ ဟာ အကို ရေကျွန်တော် တို့ မြန်မာ့ ဆက်သွယ်ရေး က ဒီ ဝန်ဆောင်မှုကို မပေး ပါ ဘူး ၊ ပုတ်ဂလိ ကကုန်ပဏီ ( အီလိုက် ) ဆိုတာ က လုပ် တာပါ ၊ (အီ လိုက် ) ကုန်ပဏီ ကို မေးကြည့် ပါ တဲ့

ကုန်ပဏီ ကို မေးကြည့် တော့ ၊ ဒီ မှာ ဘရာသာ ၊ ကျွန်တော် တို့ ကုန်ပဏီ က ဆားဗစ် ကအပြည့် ပေးထားတာ ပါ ၊ ကပ်စတမ်မာ တွေအတွက် ကုန်ပဏီ က မမြတ်ချင် နေ ပါစေလူထု အတွက် အရှုံးခံ လုပ် ပေးထားတာ ၊ ဒါ ပေ မဲ့ အင်တာနက် လိုင်း ဆိုတာက ဘရာသာသိတဲ့ အတိုင်း မြန်မာ့ ဆက်သွယ်ရေး က ပေး သလောက် ဘဲ ရ တာ ပါ။သူ တို့ ကို ဘဲ ပြန်မေးကြည့် ပါ တဲ့ ၊ ဒီ တော့ ၊ လမ်း ကဆုံး သွား ပြီ ပေါ့ ဗျာ ၊

သူတို့ ယူတဲ့ တမိနစ် လေးကျပ် ၊ တနာရီ ၂၄ဝ ဆိုတာ ၊ အမြန်နှုံး ဘယ်လောက် ရှိတယ် လို့လဲ ပြော မထား ပါဘူး ၊ ကွန်နက်ရှင် ကောင်းမယ်မကောင်း မယ် လဲ အာ မ မခံဘူးဗျ။အခု အင်တာနက် ဆိုင်တွေ မှာ ထိုင် သုံးရင် ၊ သုံး တဲ့ ကွန်ပျူတာ တွေ က ဆိုင် က ရင်း ရ ပါတယ်။ ဆိုင် နေရာ တိုက်ခန်း ငှား ရ ပါ တယ် ။ စားပွဲ ကုလားထိုင် ဝယ်ပြီး ရင်း ရ ပါ တယ်ပီးရင် ကွန်နက်ရှင် အတွက် လစဉ်ကြေးတွေ ကလဲ ပေး ရ ပါ သေးတယ် ၊ မီတာ ခ ၊ မီးစက်ခ နဲ့ ၊ ဝနိထမ်း လဲအငှားထား ရ ပါ သေးတယ် ၊ စည်ပင် နဲ့ မြန်မာအင်ဖိုတက် ကိုလုပ်ငန်းလိုင်စင်ခတွေ ဆောင်ရ ပါ သေး တယ်ဒါ တောင် အင်တာနက်ဆိုင်မှာ က တနာရီ ၃ဝဝ ဘဲ သုံးခ ပေး ရ တာပါ။

အခု စီ ဒီအမ်အေ အင်တာနက် က တနာရီ ၂၄ဝ ဆို ပေ မဲ့ ၊ သုံးသူ ဘက် က ငါးသိန်းသုံးသောင်း တန် ဆင်းကဒ် ဝယ်ရ ပါ သေး တယ် ၊လက်တော့ ကွန်ပျူတာ ကိုယ့် အတွက် ၆ သိန်းတန် ထပ် ဝယ်ရ ပါ သေး တယ် ၊ နောက်ပြီး ငါးသောင်းတန် ဖွတ်ကျား သရီးဂျီ မိုဒမ် တို့ ၊၂ သိန်းခွဲတန် ဖွတ်ကျား တရုပ် စမတ်ဖုန်း တို့ က လဲ နောက်ထပ် ဝယ် ရ ပါ သေးတယ်။

အွန်လိုင်း အင်တာနက် ဆိုင် သဘော မျိုး စဉ်းစားရင် ၊ ဒီ အတွက်အီလိုက် ကုန်ပဏီ ဘက် က ဘာ မှ အထူး အထွေ ကုန်ကျ စရိတ် မရှိပါဘူး၊၊ လူ တွေ ကို ဘလာချီ သက်သက် မဲ့ ရိတ် လိုက် တာပါ ။ ရိတ် တာ က လဲ ရိတ် ပါ ဗျာ ၊ဒါ ပေ မဲ့ အင်တာနက် ဆိုင် မှာ ပုံမှန်သုံး လို့ ရ နေ တဲ့စပိဒ် မျိုး လောက် တော့ ရ သင့် တာပေါ့ ဗျာ ၊ အခု တော့ သူ ရ တဲ့ ဘန်ဝဒ် နဲ နဲ လေး ကိုလူ တွေ ကို အချဉ်ဖမ်း ပြီး အများကြီး ပြန် ရောင်း သလို ဖြစ် နေတော့ ဘယ်သူ မှ ကောင်းကောင်း သုံး လို့ မရ တော့ ဘူး ဖြစ် သွား ရ ပြီ ပေါ့ ဗျာ။

နောက် ထပ် လဲ အင် တာ နက် ပါ တဲ့ ဂျီ အက်အမ် တွေ ထပ် ရောင်း ဦးမယ် ဆို တော့နောက် ဆို ဘယ်သူ မှ ကောင်း ကောင်း သုံးလို့ ရမယ် မထင်တော့ ပါဘူး။တကယ် တော့ ဈေး နှုန်း က အရေး မကြီး ပါ ဘူး ၊ တကယ် သုံး လို့ ရ ဘို့ က အရေးကြီးပါ တယ် ၊ ကိုယ် မှန်း ထားတဲ့ အရည် အသွေး ၊ အခြေ အနေ အတိုင်း တော့ သုံး လို့ရသင့် တာပေါ့ ဗျာ ၊ ဥပမာ လေဆိပ် ကို အချိန်မီ ဆင်း ဘို့ လို တယ် ဆိုပါ ဆို့ ၊
သေချာ တဲ့ တိုင်စီ ငှားစီးရင် ကား ခ လေးထောင် နဲ့ ၊ ကိုင်း ကိုင်း လဘက်ရည်ဘိုး ၅ဝဝ ဘဲပေးပါ၊ လေဆိပ် ပို့ ပေးမယ် ၊ ရောက် ချိန် တော့မမေး နဲ့ ဆို တာ မျိုး နဲ့ ဆို ရင် ၊လေးထောင်ပေး ရ တဲ့ တိုင်စီ ကို ဘဲ စီး ရ မှာ ပါ ။ လဘက်ရည်ဘိုးလောက် နဲ့အလကားနီးပါး ပို့ပေးမယ် ဆိုတဲ့ မသေချာ တဲ့ ၊ မောင်မင်းကြီးသား ရဲ့ ကား ကို တော့ဘယ် သူ က စီး ရဲ ကြ မှာ လဲ ခင် ဗျာ။

အခု လဲ အင်တာနက် သုံးတယ် ဆိုတာ ကိုယ် က အသုံး လို တဲ့ အချိန် မှာ ပြေပြေ လည်လည်လေး သုံးချင် တာ ပေါ့ ဗျာ ၊ အခု တော့မနက်စောစော သုံး လို့ ရ သလား ဆို တော့ လဲမသေချာ ၊ နေ့ ခင်း ဘက် က ပို ဆိုး ၊ ညနေ ကျ တော့ လဲ အဆင် မပြေ ၊ ည နက် ကျတော့ လိုင်း က ခရု ပက်ကျိ ဆို တော့ ၊ ဝန်ဆောင်မှု အပြည့် ပေး နေ ပါ တယ် ဆို တဲ့အီလိုက် ကုန်ပဏီ ခင် ဗျာ ၊ နည်းနည်း လေး တော့စဉ်းစားကြည့် ပါ ဦး ခင် ဗျာ။လူတွေ ကို ဘလာချီ ရိုက် တာ လဲ ရိုက် ပေါ့ ဗျာ ၊သုံး သူ ဘက် ကို လဲ ၊ နဲ နဲ တော့ ၊ ကိုယ် ချင်းစာပေး ကြ ပါ ဦး ခင် ဗျ။

အခုလဲ တရုပ်ကားပြပွဲတွေ မှာ တရုပ်ပြည်ဖြစ် ကားတွေ တော်တော် ရောင်း ရ ပါ တယ်အစ တုံး က ၅ဝဝ က နေ ၃ဝဝ တန် ကြား ကားတွေလာရောင်း သမျှ အကုန် ရောင်း ရပါတယ် ။ မြန်မာပြည် ကားဈေး ကွက် က သိတဲ့ အတိုင်း ပါ ဘဲ ၊ ကား အဟောင်း တွေတောင်ကဘာပေါ် က ၊ ဘယ် နိုင်ငံမှာ မှ မပေါက် တဲ့ ဈေးတွေ ဆို တော့ ၊ ၃ဝဝ လောက် နဲ့နံပါတ် အမြင့် ကားသစ်ကြီး စီးရ မယ် ဆိုတော့ ဝယ်ကြ တာပေါ့ ဗျာ။ ကား ကို ဝယ်စီး ရင်းကိုယ့် လက် ထဲ ကိုယ် သုံးရင်း နဲ့ ကားဈေး က တက် လာ တာ မျိုး ၊ ကိုယ် သုံးပြီးသားကားဟောင်း ပြန်ရောင်းရင် ဈေးအမြင့် ဈေးကောင်း ရ နိုင် တာ က မြန်မာ တစ်နိုင်ငံ ဘဲ ရှိပါတယ်

အခု တော့ ကား လာ ရောင်း တဲ့ တရုပ် ကုန်ပဏီတွေ များလာ တော့ အချင်းချင်း ဈေး ဖိုက်ကတာ ဈေးတွေ ထိုးကျပြီး သိန်း တရာ လောက်ဈေး လျော့ ရောင်း နေ ကြ တာ တွေ့ ရ ပါတယ်။ တချို့ တရုပ် ကား ကုန်ပဏီ ဆို ရင် ၊ သူ့ ဆီ က ကား ဝယ်လိုက် တာ နဲ့( ရွှေရှစ်ကျပ်သား ) ချက်ချင်း လက် ဆောင် ပြန်ပေး တာ တွေ တွေ့ ရ ပါ တယ်။ဒီ တော့ သူ တို့ ဈေးရင်း က ဘယ်လောက် ရှိ သလဲမှန်းကြည့် လို့ ရ ပါ တယ်။

တကယ်တော့ အဲဒီ တရုပ် ကား အသစ် ဆိုတာ အရောင်လေး လက် နေ ပြီး ၊ နံပါတ် အမြင့်ရ တာ ဘဲ ရှိတာပါ ၊ အနား ကပ်ပြီး သေချာ လဲကည့် ပါ ဦး ၊ ကား နား မှာ ကပ် နေ တဲ့မိုဒယ်မလေး တွေ ကို ပြော တာ မဟုတ်ပါဘူး ၊ ကား ပြ ပွဲ က မိုဒယ် တွေ က တော့အဝေးက ကြည့်ရင် ဝင်းပြီး အိနေ သလိုပါ။ ဒါပေမဲ့ သေချာကြည့် ရင် သူတို့ လဲ ဘဲ ၊ သူတို့ကြော်ငြာပေး နေတဲ့ တရုပ်ကား အတိုင်း ပါ ဘဲ ၊ တံခါး ပေါက်တွေ ကို ဆွဲ ဖွင့် ကြည့်တခါ ဖွင့် ပြီး တခါပိတ် ရင် အသံ တမျိုးဆီ မြည်ပါတယ် ၊ ဒါ က ကား တံခါးတွေ မညီ ဘဲရွဲ့စောင်း နေ တဲ့သဘော ၊ ချောင် နေ တဲ့ သဘော ပါ။ ကူ ရှင်တွေ က အစ ညံ့ ပါတယ်။

အခု မြန်မာပြည် မှာ နိုင်ငံခြား သံရုံး တွေ က ၊ သူတို့ ရုံး တွေ မှာ ၊ သူတို့ လူ တွေဘာ ကား တွေ သုံး နေ လဲ လေ့ လာ ကြည့် ကြ ပါ ဦး ခင် ဗျာ။အမေရိကန် သံရုံး ဆို အမေရိကန် လုပ် ရှယ်ကား တွေ သုံး ပါ တယ်။ဂျပန် သံရုံး ဆို ဂျပန် လုပ် ရှယ်ကား တွေ သုံး ပါ တယ်။ဂျာမဏီ သံရုံး ဆို ဂျာမဏီ လုပ် ရှယ်ကား တွေ သုံး ပါ တယ်။အင်္ဂလန် သံရုံး ဆို အင်္ဂလန် လုပ် ရှယ်ကား တွေ သုံး ပါ တယ်။ပင်သစ်သံရုံး ဆို ပြင်သစ် လုပ် ရှယ်ကား တွေ သုံး ပါ တယ်။ကိုရီယား သံရုံး ဆို ကိုရီးယား လုပ် ရှယ်ကား တွေ သုံး ပါ တယ်။တရုပ် သံရုံးကတော့ တရုပ်နိုင်ငံ လုပ် ၊ ဘယ် ရှယ်ကား တွေ မှ မ သုံး ပါ ခင်ဗျာ ။အမေရိကန်၊ ဂျပန် ၊ ဂျာမဏီ နိုင်ငံလုပ် ကားတွေ ဘဲ သုံးတာ တွေ့ရ မှာပါ။

စဉ်းစားကြည့် ပါ ခင် ဗျာ ၊ ဒီ တရုပ် ကား က တကယ် ကောင်း လို့ က တော့ဒီ တရုပ်သံ ရုံး က လူ တွေ တရုပ် ကား ကို ဘဲ သုံး မှာ ပေါ့ဗျာ ၊ အခု လို သူ့ ကားအကြောင်း သူ အသိဆုံး မို့ တရုပ်နိုင်ငံသားတွေ က တခြားနိုင်ငံ က ကားတွေ ကို သာ ဝယ် စီးနေကြတာ ကို ကျွန်တော် တို့ မြန်မာနိုင်ငံသား တွေ ကို အချဉ် လာ ဖမ်းပြီး ၊တရုပ်လုပ် ကား တွေကို ဈေးပေါပေါ နဲ့ မြန်မာပြည် ထဲ ၊ လာ ရောင်း နေ ကြတာပါ။

တရုပ် ဟန်းဆက် တွေ လဲ ဒီ အတိုင်း ပါ ဘဲ ။ နဂိုက ခုနှစ်သောင်းလောက် ရောင်းတဲ့ ဟန်းဆက်တွေ စီဒီအမ်အေ ၄၅ဝ တွေ လဲ အများကြီးပေးရော တသိန်းလောက် ဈေးဖြစ်သွား ပါတယ် ။ အခု စီဒီအမ်အေ ၈ဝဝ တွေ ခေတ်စားလာတော့ ခု န ဟန်းဆက် ကအခုငါးသောင်းလောက်ဘဲ ဈေးရှိတော့ ပါ တယ်။ ဒါတောင် အခု ဒီ ဟန်းဆက်မျိုး ဝယ်ရင်တရုပ် စောင် အကြီးကြီး တထည် အပို လက်ဆောင်ပေး ပါ သေး တယ်။

မကြာသေး တဲ့ နှစ်တွေ က ဘဲ စစ်တပ် တို့ တချို့ အစိုးရ ရုံး တွေ မှာ တရုပ်လုပ် ဖောကားတို့ ၊ ဘလက် တို့ ၊ ကွမ်ကျူ တို့ ၊ လမ်ဂျန် တို့တရုပ်ကား အသစ်ချပ်ချွတ်တွေ အများကြီးဝယ် သုံးကြပါတယ် ၊ အခု ၂ နှစ် ၃ နှစ် အတွင်း အဲဒီ ကားတွေ လမ်းပေါ် မတွေ့တော့ ပါဘူးအကုန် ပျက်ကုန် ဂျုန်းဂျုန်း ကျ ကုန်ပါဘီ။ ဘာ မှ သုံး မရ တော့ ပါဘူး ၊ စုတ်ပြတ် နေလွန်းလို့လေလံ ပစ်နိုင်တဲ့ အဆင့် တောင်မကျန် တော့ ၊ မရှိတော့ ပါဘူး။

အစိုးရဌာနတွေ က နှစ် အကြာကြီး သုံးခဲ့ ပြီး ၊ သုံး မရ လို့ လေလံ ပစ် လိုက် တဲ့ တီအီး တို့ဟီးနိုး တို့ ၊ တိုယိုတာ တို့ ၊ အီဆူဇူး တို့ ဆို ၊လေလံဆွဲ ပြီး အပြင်ရောက် သွားရင်ကွ ရွ နေ အောင် ၊ ပြန် ထွက် လာ ပါ တယ် ၊ ဂျပန်ကား လေလံ ပြစ်ပြီးသား ပြန် ပြင်သုံးတာတောင်တရုပ်ကား အသစ်ချပ်ချွတ် ထက် အများ ကြီး ပို သာ ပါ တယ်။တကယ် ဈေးကွက်စီးပွားရေး စနစ် ဆိုရင် မြန်မာ ကားဈေးကွက်မှာ တခြား နိုင်ငံခြား ကားတွေ ပါ ယှဉ်ပြိုင်ခွင့် ပေးသင့်ပါတယ် ၊ တန် တယ် ထင် တဲ့ လူ ဝယ် စီးကြ မှာ ပေါ့ ဗျာ။

တန် ဘိုး ရှိ တာ နဲ့ ဈေး ကြီး တာ အဓိတ်ပါယ် လုံး ဝ မတူ ပါဘူး။သုံး မရ တာ နဲ့ ဈေး ပေါ တာ ၊ ခွဲ ခြား သိ မြင် တတ် ဘို့ လို ပါတယ် ခင် ဗျာ။

အခုတော့ တရုပ် ပစ်စည်း က ဈေး ပေါ တယ် ၊ တန် လွန်း တယ် နဲ့ နောက် ဆုံး တော့အမှိုက်တွေ ဘဲ ပုံလာတော့ မှာ ပါ။ တရုပ် စက် ကတရက် နဲ့ စုတ် သွား တယ် လို့ ဆိုရိုးထား ရ မ လိုပါ ။ ဘယ် တရုပ် ပစ်စည်း က မှ ၊ ကြာ ကြာ မ ခံ ကြ ပါ ဘူး ခင် ဗျာ။အဲ ၊ အဲ ၊အဟမ်း ၊ ကြာ ကြာ ခံ မဲ့ တရုပ် ပစ်စည်း ကို ညွှန်း ရ မယ် ဆို ရင် ရ တော့ ဗျာ ၊တရုပ်ပြည် က တ ရုပ် မ လှ လှ လေး ၊ တွေ က ဘဲကာ ကြာ ခံ မယ် ထင် ရ ပါ ပ ဗျား ။


 
မြန်မာကျူ့ ပစ်ရီပို့ တာ

၇.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

7 attachments — Download all attachments  
Weekly Political Events Regarding the Post Election (0524.pdfWeekly Political Events Regarding the Post Election (0524.pdf
176K   View   Download  
7 Feb 2011 Yeyintnge's Diary.doc7 Feb 2011 Yeyintnge's Diary.doc
2327K   View   Download  
7 Feb 2011 Yeyintnge's Diary.pdf7 Feb 2011 Yeyintnge's Diary.pdf
5579K   View   Download  
RFA Q&A 5-2-11.pdfRFA Q&A 5-2-11.pdf
146K   View   Download  
Internet_Social_Networking_and_Youth_in_Burma.pdfInternet_Social_Networking_and_Youth_in_Burma.pdf
705K   View   Download  
Analysis on Law of Pyidaungsu Government.pdfAnalysis on Law of Pyidaungsu Government.pdf
204K   View   Download  
ABMA Journal Volume 2 No 3.pdfABMA Journal Volume 2 No 3.pdf
2585K   View   Download  

http://www.mediafire.com/file/wf6x99o6jv3yx4m/7%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/5zlfgtqdqfduf9a/7%20Feb%202011%20Yeyintnge%27s%20Diary.pdf
7 Feb 2011 Yeyintnge's Diary

ဒု-သမ္မတလောင်း ဒေါက်တာအေးမောင်ရဲ့  လွှတ်တော်သစ်အပေါ် အမြင်သုံးသပ်ချက်



By ဦးသိန်းထိုက်ဦး တနင်္ဂနွေ, 06 ဖေဖော်ဝါရီ 2011
မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်ရဲ့  ပထမသတင်းအပတ်အတွင်းမှာပဲ လွှတ်တော်သဘာပတိတွေ အပါအဝင် နိုင်ငံတော်သမ္မတ နဲ့ ဒု-သမ္မတတွေကို ရွေးချယ်ခဲ့ကြပါပြီ။ ဒီလို ရွေးချယ်ရေးလုပ်ငန်းစဉ်တွေ ဘယ်လောက်အထိ မျှတမှုရှိပါပြီလဲ။ ပြည်သူလွှတ်တော်ဟာ တိုင်းပြည်ရဲ့  အနာဂတ်၊ ပြည်သူတွေရဲ့  အကျိုးစီးပွားကို ရှေ့ တန်းတင်နိုင်မယ့် ဥပဒေတွေ ချမှတ်ဖို့ ဘယ်လောက်အထိ ဆောင်ရွက်လာနိုင်ပြီလို့ မျှော်လင့်နိုင်ပါပြီလဲ။ နေပြည်တော်မှာ ရောက်နေသူများထဲက ဒု-သမ္မတအဖြစ် အမည်စာရင်း တင်သွင်ခံခဲ့ရသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင် ကို ဦးသိန်းထိုက်ဦး က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒေါက်တာအေးမောင် က ဒု-သမ္မတတွေ အမည်စာရင်းတင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ရှင်းပြပါတယ်။

ဦးအေးမောင် ။ ။ နိုင်ငံတော်သမ္မတနဲ့ ပတ်သက်လို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေမှာ စစ်ရေးအမြဲဆိုတာ ပါတယ်။ အဲဒါကို အရပ်သားတွေ တင်ခွင့်ရှိတဲ့ဆိုတဲ့တခုနဲ့ ကျနော်က တင်ခဲ့တာပါ။ ဒုတိယအနေနဲ့ အမျိုးသားလွှတ်တော်မှာ တင်ရတဲ့ ရည်ရွယ်ချက်က အမျိုးသားလွှတ်တော် ဒုတိယ သမ္မတလောင်းမှာ တိုင်းရင်းသားထဲက ရှိချင်တဲ့ဆန္ဒ ကျနော်တို့မှာရှိလို့ အခုလို တင်သွင်းခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားလွှတ်တော်မှာရှိတဲ့ အင်အားက ၁၆၈ ဦး ရှိပါတယ်။ အဲဒီအထဲမှာ ပြည်ခိုင်ဖြိုးပါတီအင်အားက ၁၂၉ ဦးရှိပြီး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အင်အားက ၅ ဦး ရှိပါတယ်။ တခြားအင်အားစုတွေလည်း ရှိကြတာပေါ့။ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေ စုစုပေါင်းအင်အားက ၃၀ ကျော်ကျော်လောက်ပဲ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အင်အားက ၇ ဦးပဲ ရှိပါတယ်။ ကျနော်တို့ကို ထောက်ခံအားပေးခဲ့တဲ့ အင်အားက ၂၇ ဦးဆိုတော့ ၇ ဦးအပြင် တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေက အယောက် ၂၀ လောက် ထောက်ခံမဲပေးတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ၁၂၉ ဦးရှိတဲ့ ကြံ့ခိုင်ရေးပါတီက ၁၄၀ နဲ့ နှိုင်းယှဉ်ကြည့်ရင် သုံးသပ်နိုင်မယ်လို့ ထင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒေါက်တာအေးမောင်အနေနဲ့ သမ္မတ ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့် ရွေးချယ်မှုတွေကတော့ ဘယ်လောက်အထိ ထင်သာမြင်သာရှိတယ်၊ ပွင့်လင်းမှုရှိတယ်လို့ သတ်မှတ်နိုင်ပါသလဲ။

ဦးအေးမောင် ။ ။ လွှတ်တော်ထဲမှာ ပြန်လည်ရွေးချယ်တဲ့ကိစ္စတွေက တော်တော်လေး ထင်သာမြင်သာ ရှိပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ထင်သာမြင်သာ ရှိပေမယ့် အခုနလို အတိုက်အခံတွေဖက်က မဲတွေ သိပ်နည်းနေတဲ့အတွက် ဒီလွှတ်တော်ထဲမှာ အတိုက်အခံဘက်က ပီပီပြင်ပြင် အသံထွက်နိုင်တဲ့အနေအထား ရှိတယ်လို့ ပြောနိုင်ပါ့မလား။

ဦးအေးမောင် ။ ။ အတိုက်အခံအင်အားကတော့ လွှတ်တော်နှစ်ရပ်လုံးမှာပါ။ ပြည်သူ့လွှတ်တော်မှာဆို ၄၅ ဦးလောက်က ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုက အများဆုံးပါ။ အမျိုးသားလွှတ်တော်မှာဆိုရင် ၃၃ ယောက်လောက်ပဲ ရှိပါတယ်။ ၁၆၈ ဦးကို အမျိုးသားလွှတ်တော်ထဲမှာ ၃၀ နီးပါးလောက်က ပျောက်သွားမယ့် သဘောပေါ့။ ဒါပေမဲ့ အဆိုတစ်ရပ်ကို တင်တယ်ပြုတယ်ဆိုတဲ့ အသံဟာ ပြည်သူတွေကြားမှာ ပျံနှံနေမှာ ဖြစ်ပါတယ်။ ပြည်သူတွေရင်ထဲမှာရှိတဲ့ ဥစ္စာတွေကို လိုအပ်ရင်လိုအပ်သလို တင်ပြသွားဖို့ အစီအစဉ်ရှိထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ လွှတ်တော်နဲ့ ပတ်သက်လို့ ဝေဖန်သံတွေ ထွက်နေပါတယ်။ အတိုက်အခံရယ်လို့ ပီပီပြင်ပြင် မရှိဘဲနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် မရှိဘူးဆိုပြီးတော့ ဝေဖန်သံမျိုးတွေပါ။ သတင်းကန့်သတ်မှုတွေလည်း ရှိနေတယ်ဆိုပြီးတော့။ ဆိုတော့ လွှတ်တော်အတွင်းမှာ ဒေါက်တာအေးမောင်တို့အနေနဲ့ ကန့်သတ်ပိတ်ပင်မှုတွေ ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ရပါသလား။ ကန့်သတ်မှုတွေရှိတယ်လို့ ပြောနိုင်လား။

ဦးအေးမောင် ။ ။ ရှိပါတယ်။ ကျနော်တို့ အဆိုတခုကို တင်မယ်ဆိုရင် ၁၅ ရက်ကြိုတင်ရပါတယ်။ ဥပဒေကြမ်းတခုကို တင်မယ်ဆိုရင် ရက်ပေါင်း ၃၀ လွှတ်တော်ရဲ့  ဥက္ကဌကို အဆိုတင်ရပါတယ်။ လွှတ်တော်ရဲ့  ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးမှတဆင့်။ မေးခွန်းလေးတခု မေးမယ်ဆိုရင် ဆယ်ရက်လောက် ကြိုတင်ရပါတယ်။ အဲဒါမျိုး စည်းကမ်းကန့်သတ်မှုတွေ ရှိပါတယ်။ အဲဒီမှာ စောင်ထိန်းရမယ့် တာဝန်ဝတ္တရာတွေလည်း ရှိပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မပြိုကွဲအောင်၊ တို့တာဝန် သုံးပါးကို စောင့်ထိန်းရပါတယ်။ ဘာသာ၊ သာသနာကို ထိခိုက်မယ့် အသုံးအနှုန်းတွေလည်း မသုံးရပါဘူး။ ပုဂ္ဂိုလ်ရေး ထိခိုက်မယ့် အသုံးအနှုန်းတွေလည်း မသုံးရပါဘူး။ ကျနော်တို့မှာ စောင့်စည်းရမယ့် ဝတ္တရားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ အများနဲ့ ပတ်သက်တဲ့အဆိုတွေတော့ ဖြစ်မယ်။ အများနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေကို ပြည်သူလူထုတွေ တကယ်အကျိုးရှိမယ့်၊ ရှိနိုင်မယ်လို့ ယူဆတဲ့ မူကြမ်းတချို့ ကိုတော့ ဒီမိုကရက်တစ်အင်အားစု တော်တော်များများက တင်သွင်းနေမယ်လို့ ယူဆပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အများအတွက် အကျိုးရှိမယ်ဆိုတဲ့ ယူဆတဲ့ ဥပဒေကြမ်းတွေကို ဒေါက်တာအေးမောင် တို့ဘက်က တင်သွင်းပေမယ့် တင်သွင်းခွင့် ရလိုက်တာသာ ဖြစ်ပြီးတော့ ဘယ်လိုမှ အတည်ပြုချက် မကျနိုင်ဘူး။ မဲအများစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးဘက်က ယူထားတဲ့အတွက်ကြောင့် ဒီ အဆိုပြုချက်တွေက အဆိုပြုရုံသက်သက်ပဲ သဲထဲရေသွန်း ဖြစ်သွားမယ့်ဆိုပြီးတော့ ဝေဖန်ကြတာမျိုးတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဒေါက်တာအေးမောင် ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

ဦးအေးမောင် ။ ။ အဲဒီအဆိုက မှားတယ်လို့ များပါတယ်။ ကျနော်တို့ အခု ဒုတိယ သမ္မတလောင်းရွေးတာကို ကြည့်ရင် သိပါတယ်။ တကယ့်တကယ် လွှတ်တော်ထဲမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်လာပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ရင်ထဲကဆန္ဒမှန်ကို တကယ်ထုတ်ပြနိုင်ချေက နည်းတယ်လို့ ယူဆပါတယ်။ ကိုယ့်ရဲ့  ပါတီရဲ့  အလံတော်အောက်မှာပဲ ယူဆချက်တခုအောက်မှာပဲ ကျနော်တို့ ဒီအတိုင်းဆို ဒီအတိုင်းပဲ အဲဒီသဘောမျိုးနဲ့ ဦးတည်ပြီးသွားနေတာတော့ အများကြီးပေါ့။ ဆိုလိုတာက ကျနော်တို့ ကျနော်တို့အဆိုဟာ ပြည်သူကို အကျိုးပြုစေတယ်။ များတဲ့ အင်အားများတဲ့ပါတီတခု၊ အင်အားရတဲ့အုပ်စုက အဆိုကို ပစ်ပယ်ခဲ့ရင် ကျနော်တို့ အဆိုက အဆိုတင်သွင်းခွင့်တောင် ရှိနိုင်ချေနည်းပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီအနေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးကိစ္စတွေကို အလေးထားပြီး တင်ပြမယ်ဆိုတာမျိုး စောစောပိုင်းက ကြားခဲ့တာတွေ ရှိပါတယ်။ အခုအချိန်အထိ တိုင်းရင်းသားနယ်မြေတွေရဲ့  ဖွံ့ဖြိုးရေးကိစ္စတွေ ဘယ်လောက်အထိ တင်ပြပိုင်ခွင့် အနေအထား ရနေပါပြီလဲ။

ဦးအေးမောင် ။ ။ ကျနော်တို့ လက်ရှိအခြေအနေကို ပြန်သုံးသပ်ကြည့်ရင် ကျနော်တို့က လွှတ်တော်ရဲ့  ဥက္ကဌ တို့၊ ဒု-ဥက္ကဌတို့ အကုန်လုံးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းပြည်နယ်ကြီးလွှတ်တော် အကုန်လုံးမှာ ပြည်ခိုင်ဖြိုးပါတီက ယူသွားတာပါ။ အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြောဆိုနိုင်ချေရှိတဲ့ အဆိုတို့၊ ဥပဒေကြမ်းတို့ မေးခွန်းတို့ အကုန်လုံးဟာ လွှတ်တော်ဥက္ကဌရဲ့  လက်ထဲကို ရောက်သွားပါပြီ။ ပြည်ခိုင်ဖြိုးပါတီကပဲဖြစ်ဖြစ် တကယ်၍ လုံခြုံရေးအားဖြင့် စိတ်ချယုံကြည်ရတဲ့ ပုဂ္ဂိုလ်နဲ့ ဖွဲ့စည်းထားတယ်ဆိုတဲ့ကိစ္စဟာ အင်မတန်မှ ကျနော်တို့ဘက်က အင်မတန် သဘောလည်းတူပါတယ်။ ထောက်လည်းခံပါတယ်။ လက်ရှိ အခြေအနေကို သုံးသပ်တယ်အခါမှာ အဲဒါမျိုးပါ။ ဆိုတော့ ကျနော်တို့ မြင်သာထင်သာရှိတဲ့ ပျော့ပျောင်းညင်းသာတဲ့ အပြောင်းအလဲမှုမျိုးဟာ မကြာခင် လွှတ်တော်အတွင်းမှာ ပေါ်ပေါက်လာမယ့် အဖွဲ့အစည်းမျိုးစုံ ရှိပါလိမ့်မယ်။ လွှတ်တော်ဥပဒေကြမ်း ကော်မတီတို့၊ တခြား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ဝန်ကြီးအဖွဲ့တွေ ဘာညာပေါ်လာပါလိမ့်မယ်။ အဲဒီဥစ္စာမှာ ဘယ်လောက်အထိ ဆွေးနွေးခွင့်ရှိသလဲဆိုတာကတော့ ပျော့ပျောင်းညင်းသာမှု ရှိမရှိက လာမယ့် အခင်းအကျင်းကို သုံးသပ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိဝင်ပေါက်တွေ အကုန်လုံးက ပိတ်ထားတယ်ဆိုတာက လက်ရှိ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လက်ရှိ သူရဲ့  လုံခြုံရေးစည်းကို ခိုင်ခိုင်လုံလုံ စတယ်လို့ပဲ သုံးသပ်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ကျနော် အခုန မေးတာက တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားဒေသတွေရဲ့  ဖွံ့ဖြိုးမှု။ အထူးသဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ တင်ပြပိုင်ခွင့်တွေ ရှိနေပါပြီလဲ။

ဦးအေးမောင် ။ ။ အဲဒီ တင်ပြပိုင်ခွင့်ဆိုတာကလည်း ပြည်နယ်ဥက္ကဌပေါ်မှာလည်း မူတည်မှာပေါ့။ ပြည်နယ်ဥက္ကဌနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ကလည်း ပြည်ခိုင်ဖြိုးပါတီက ဖြစ်နေတာကို။ ကျနော်တို့က ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းကို စဖို့အတွက် - ဒေသဖွံ့ဖြိုးရေးစတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်နိုင်ချေ ရှိမရှိ။ ကျနော်တို့ အဆိုပြုတဲ့ဟာက တကယ်ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းကို ရှိနေတဲ့ အဆိုပြုချက်ဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးပါတီမှာပါတဲ့ ရခိုင်တိုင်းရင်းသားများက ကျနော်တို့အဆိုကို လက်ခံနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီ ဦးတည်ချက်နဲ့ပဲ ကျနော်တို့ ဆွေးနွေး အဆိုတင်သွင်းကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုပါလီမန်မှာလည်း ဒီအတိုင်းပါပဲ။ ကျနော်တို့က တိုင်းရင်းသားဒေသတခု ဖွံ့ဖြိုးရေးကို အဆိုတင်သွင်းတဲ့ - ဥပမာ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီပါတီက အဆိုတင်တဲ့ အဆိုဟာ ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တယ်ဆိုရင် ကျနော်တို့က ထောက်ခံမှာပါ။ ရခိုင်အမျိုးသားပါတီအနေနဲ့ ထောက်ခံမှာပါ။ နည်းတူပဲ ပြည်ခိုင်ဖြိုးပါတီမှာပါတဲ့ တခြားတိုင်းရင်းသားတွေက ထောက်ခံပေးနိုင်မယ်ဆိုရင် အဲဒီ ထောက်ခံပေးတယ်ဆိုတဲ့ အသံ၊ ကန့်ကွက်တယ်ဆိုတဲ့ အသံဟာ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့  ရင်ထဲမှာ ရောင်ပြန်ဟပ်သွားပါလိမ့်မယ်။ အဲဒီဥစ္စာရဲ့  အဖြေဟာ ကျနော်တို့ လိုလာချက်ပါ။

ဦးသိန်းထိုက်ဦး ။ ။ ဒီနေရာမှာ ကျနော်တို့ စောဒကတက်နိုင်တာတခုက အခုန ဒေါက်တာအေးမောင်ပြောတဲ့ အပေါ်ထပ် အဆောက်အအုံ လွှတ်တော်ဥက္ကဌတွေ ဖြစ်လာမယ့်၊ နောက်ပြီးတော့ တိုင်းပြည်ရဲ့  ဦးစီးဦးဆောင် ဖြစ်ခဲ့မယ်သူတွေက အခုမှ တိုင်းပြည်ရဲ့  အုပ်ချုပ်ရေးအာဏာကို ရယူခဲ့ကြတဲ့လူတွေ မဟုတ်ပါဘူး။ အရင် နှစ်ပေါင်းများစွာကတည်းက တိုင်းပြည်မှာ သူတို့က စစ်တပ်အကြီးအကဲတွေအဖြစ် တာဝန်ယူခဲ့ကြသူတွေပါ။ သူတို့သာ တိုင်းရင်းသားအကျိုးကို ကြည့်ပြီးလုပ်မယ်ဆိုရင် အရင်ကတည်းက ပြောမယ်ဆိုရင် အရင် နှစ်ပေါင်းများစွာကတည်းက လုပ်ခဲ့မယ့်လူတွေလို့ ပြောလို့ရနိုင်တဲ့အတွက် အခုအချိန်ကြမှ ထူးထူးခြားခြား မျှော်လင့်ချက်မျိုးတွေ ရှိနိုင်ကြပါ့မလား။

ဦးအေးမောင် ။ ။ ကျနော်တို့က ကာလတခု စောင့်တဲ့အခါမှာ မီးပွိုင့်ကြီးလိုပေါ့ - မီးနီ၊ မီးဝါ၊ မီးစိမ်း ဆိုတာ ရှိတာကို။ အဲဒီတော့ မီးအနီက ကြာလွန်းရင် မီးပွိုင့်ကြီး ပျက်နေလို့လားဆိုတဲ့ ဥစ္စာကို ကားစီးလာတဲ့လူတွေက သုံးသပ်ကြမှာပဲ။ အနီပြပြီးရင် အစိမ်းပြမှာပေါ့။ စိမ်းတဲ့ကာလမှာ ဝါကြအုန်းမယ်။ ဝါတဲ့ကာလလေးပဲ ကျနော်တို့လိုတယ်၊ စိမ်းလည်းလိုတယ်၊ အနီလည်း လိုတယ်။ အနီကာလများရင်လည်း မီးပွိုင့်ကြီးက ပျက်လို့လားလို့ လူထုကပဲဖြစ်ဖြစ် ကားစီးလာသူတွေကပဲပဲဖြစ်ဖြစ် မီးပွိုင့်ကို ပြဿနာရှာတာမျိုး မဖြစ်ဖို့လိုတယ်။ အကုန်လုံးဟာ ပြောင်းချင်တဲ့လမ်းကြောင်းကို သွားတာမို့ ကျနော်တို့အမြင်မှာ မီးအဝါနဲ့ ပတ်သက်တဲ့ လမ်းတလမ်းလိုတယ်လို့ ထင်တယ်။ အဲဒီတော့ မီးဝါကာလဟာလည်း ကာလအတိုလေးတခု ဖြစ်မယ်လို့ ထင်ပါတယ်။ မကြာခင်မှာ ကာလတိုလေးတခုကို ဖြတ်သန်းပြီးတဲ့အခါ ကျနော်တို့လိုချင်တဲ့ မီးစိမ်းပြတဲ့ ကာလကို ရောက်မယ်လို့ မှန်းပါတယ်။ အဲဒီကာလလေးမှာ ကျနော်တို့ အခုနလို မီးအနီကာလက အခက်အခဲတွေဟာ မီးအဝါကာလမှာ ပျော့ပျောင်းမယ်၊ မီးအစိမ်းကာလမှာ ထင်သာမြင်သာ ပိုပြီးဖြစ်လာမယ်။ သတင်းလွတ်လပ်ခွင့်လည်း ပိုများလာမယ်ဆိုတဲ့ သဘောပါ။ အဲဒီကာလလေးကိုတော့ ကျနော်တို့ မျှော်မှန်းထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ကြည့်ရင် နိုင်ငံတော်သမ္မတနဲ့ သမ္မတက ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် (၁၁) ဦးပါတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က တိုင်းပြည်ကို အဓိက အုပ်ချုပ်မယ်။ ဒီ ကောင်စီက နိုင်ငံတော်ဥသျှောင်အဖွဲ့အစည်းမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ မြန်မာပြည်က ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရ ပေါ်တယ်ထားအုန်း နိုင်ငံတော် အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်အောက်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအောက်ကို ရောက်မယ့်သဘောမျိုးဆိုပြီး ဝေဖန်ကြတာမျိုးတွေလည်း ရှိကြပါတယ်။ လွှတ်တော်က ထိန်းချုပ်နိုင်တာမျိုးထက် သမ္မတနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကပဲ ဆက်ပြီး တိုင်းပြည်ကို ထိန်းချုပ်မယ့်သဘောမျိုး မဖြစ်နိုင်ဘူးလား။ အာဏာရှင်ဆန်တဲ့ စစ်အုပ်ချုပ်ရေးအောက်က လွတ်မြောက်နိုင်မယ့် အနေအထားမျိုးကို မျှော်လင့်နိုင်ပါ့မလား။

ဦးအေးမောင် ။ ။ လက်ရှိ ဖွဲ့စည်းပုံ အခြေအနေက ကျနော်တို့ သုံးသပ်တာက အမေရိကန်နိုင်ငံရဲ့  ဖွဲ့စည်းပုံ အခြေခံရဲ့  တစိတ်တဒေသလည်း ပါပါတယ်။ အဲဒီတော့ ကျနော်တို့က direct သမ္မတကို ပြည်သူလူထုက တိုက်ရိုက်မဲပေးခွင့် ရှိတဲ့ အခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သမ္မတနဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပ်နှင်းထားတဲ့ ပြန်စီစစ်ကြည့်တဲ့အခါမှာ သမ္မတကပဲ မိမိရဲ့  သဘောဆန္ဒနဲ့ လျှော်ညီတဲ့ ပုဂ္ဂိုလ်ကို အစိုးရအဖွဲ့မှာ ပါဝင်အောင် သူက ဖိတ်ခေါ်နိုင်တယ် - အမေရိကန်သမ္မတလိုပဲ။ အဲဒီ သဘောလည်း ရှိပါတယ်။ သမ္မတရဲ့  အပေါ်မှာ - နိုင်ငံဦးသျှောင်ရဲ့  တာဝန်က အင်မတန်မှ ကျယ်ပြန့်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့  အရည်အချင်းဟာ နိုင်ငံသူနိုင်ငံသားအားလုံးအပေါ်မှာ စေတနာ နဲ့ သမာသမတ်ရှိဖို့က အင်မတန်မှ အရေးကြီးသလို၊ အင်မတန် အရည်အချင်းနဲ့ ပြည်စုံတဲ့ သမ္မတမျိုး ဖြစ်မှသာလျှင် ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ၊ တကယ်တမ်း ဥပဒေရဲ့  အကာအကွယ်ကို ပြည့်ပြည့်ဝဝ ရမယ့် အခြေအနေရှိပါတယ်။ နိုင်ငံတော် သမ္မတဖြစ်မယ့် ပုဂ္ဂိုလ်တွေမှာပါတဲ့ အကုန်လုံးဟာ အင်မတန်ကို တာဝန်ကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သလို ကျနော်တို့ မေတ္တာပို့သပါတယ်။ မိမိတို့ တိုင်းသူပြည်သား အကုန်လုံးအပေါ် ရင်ဝယ်သားအဖြစ် စောင့်ရှောက်ပါ။ မိဘသဖွယ် စိမံခန့်ခွဲပါ။ ပြည်သူတွေရဲ့  ရပိုင်ခွင့် အပြည့်အဝကိုလည်း ရပိုင်ခွင့်ရှိအောင် စီမံခန့်ခွဲပေးပါဆိုတဲ့ မေတ္တာကို ပို့နေရုံကလွဲပြီး ကျနော်တို့မှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့  အကာအကွယ်ကို ရနေဖို့ ဆုတောင်းနေတဲ့ သဘောရှိပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒီ လွှတ်တော်သွားတက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး တဖတ်က မဲခွဲပြီးတော့ ဆုံးဖြတ်တာပါ။ တဖတ်က ဆုံးဖြတ်ချက်တွေကို အတည်ပြုရုံ၊ အတိုက်အခံ ရှိတာမျိုး ဖြည့်ပေးဖို့ သူတို့ဖက်က အကြောင်းပြနိုင်ရုံ သက်သက်သွားတက်တာ ဖြစ်ပြီးတော့ ဒီ လွှတ်တော်အစည်းအဝေးက တစုံတရာ လွတ်လပ်ခွင့်လည်းမရှိ၊ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခံနေရတဲ့ နေရာဆိုပြီး ပြောကြတာရှိပါတယ်။ အဲဒီတော့ ဒေါက်တာအေးမောင်အနေနဲ့ ဒီလွှတ်တော်တက်တာကနေပြီး တစုံတရာ အကျိုးရှိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါသလား။

ဦးအေးမောင် ။ ။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အတည်ပြုခဲ့ကြတဲ့ ကာလတခု ရှိပါတယ်။ အဲဒီလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ကျင်းပပေးတဲ့ ကာလတခု ရှိပါတယ်။ အခုတခါ ၂၀၁၁ မှာ လွှတ်တော်ကြီးကို ရောက်ပြီးတဲ့အခါမှာ ကျနော်တို့က လွှတ်တော်အတွင်းမှာပဲ စည်းဝိုင်းအတွင်းမှာ ဆွေးနွေးကြတာတွေကို တွေ့ရပါတယ်။ အဲဒီမှာ လွှတ်တော်သဘာပတိရှေ့ မှာ ရွေးကောက်ပွဲတွေ လုပ်ကြတာရှိတယ်။ သမာသမတ် အင်မတန် ကျပါတယ်။ အင်မတန်ကို တိကျပြီး၊ မြင်သာထင်သာ ရှိပါတယ်။ အဲဒါတွေကို သတင်းစာတွေမှာ သေသေချာချာ မဲအရေအတွက်နဲ့ ရေးထားတာကို တွေ့ပါတယ်။ အင်မတန်ကို အစဉ်အလာကောင်းတခုအနေနဲ့ လွှတ်တော်အတွင်းက ဥစ္စာကို လွှတ်တော်ပြင်ပကို ပြည်ထောင်စုနယ်မြေအားလုံးမှာ ပျံနှံအောင် လုပ်ပေးဖို့ လိုပါလိမ့်မယ်။ အဲဒါက လာမယ့် ငါးနှစ်ကာလမှာ လုပ်လာမယ့် ရွေးကောက်ပွဲတွေ ရှိလာလို့ သုံးသပ်တင်ပြတာပါ။ အဲဒီကာလမှာ နိုင်ငံတကာရဲ့  ဆင့်ခေါ်မှုကိုဖြစ်ဖြစ်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုဖြစ်ဖြစ် ကျနော်တို့ တင်ပြဖိတ်ခေါ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုပါပဲ လွှတ်တော်ရဲ့  ငါးနှစ် သက်တမ်းကာလအတွင်းမှာ လွှတ်တော်အတွင်းက မြင်ကွင်းကို ပြည်သူတွေ direct ခံစားကြည့်ရှုလာနိုင်အောင် မီဒီယာလွတ်လပ်ခွင့်ကိုလည်း ကာလတခု၊ အတိုင်အတာတခုမှာ ကျနော်တို့ ပြည်သူတွေ ပြည်သူလွှတ်တော်အချင်းချင်း ဆွေးနွေးတင်ပြပြီးကာမှ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားပြီးမှ လွှတ်တော်အတွင်းမှာ တင်ပြတောင်းဆိုမှုတွေကို လုပ်သွားနိုင်မယ်လို့ ကျနော်ပြောချင်ပါတယ်။
http://www.voanews.com/burmese/news/democracy-forum/burma_forum_02-06-2011-115339069.html

အစိုးရသစ်ကနေ အမျိုးသားရင်ကြားစေ့ရေး ဘယ်လောက်မျှော်လင့်နိုင်မလဲ



By ဦးသားညွန့်ဦး တနင်္ဂနွေ, 06 ဖေဖော်ဝါရီ 2011

ပြီးခဲ့တဲ့ အပတ်အတွင်းမှာ လွှတ်တော်အသီးသီးရဲ့ ဥက္ကဋ္ဌတွေကို ရွေးချယ်လိုက်ပြီ ဖြစ်သလို နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ အဓိက ရင်ဆိုင်နေရတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြဿနာကိုတော့ အစိုးရသစ်၊ လွှတ်တော်သစ်ကနေ ကိုင်တွယ် ဖြေရှင်းနိုင်မယ့် လက္ခဏာ မရှိသေးဘူးလို့ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေက ယူဆကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိ လွှတ်တော်သစ်ကနေ အမျိုးသား ညီညွတ်ရေးအတွက် အစပြုနိုင်တဲ့ လမ်းစတွေ ပေါ်နိုင်တယ်လို့ မျှော်လင့်သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လွှတ်တော်ကနေ ရွေးချယ်လိုက်တဲ့ နိုင်ငံတော် သမ္မတ ဦးဆောင်ပြီး မကြာခင်မှာတော့ အစိုးရသစ်တရပ် ဖွဲ့စည်းရတော့မှာပါ။ ဒါပေမဲ့လည်း နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်တပ်အပေါ် အာဏာ ချုပ်ကိုင်ထားဦးမယ်လို့လည်း အများက ယူဆနေတုန်းပါ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က မလုပ်ခဲ့တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို နောက်တက်လာမယ့် အစိုးရကလည်း လုပ်မယ့်ပုံ မရှိဘူးလို့ ဥရောပ မြန်မာရုံး ဒါရိုက်တာ ဦးဟန်ညောင်ဝေက ယူဆပါတယ်။ နယ်စပ်ဒေသ တိုင်းရင်းသားတွေနဲ့ တင်းမာနေတဲ့ အခြေအနေဟာလည်း လက်ရှိ ဖွဲ့စည်းပုံအရဆိုရင် အစိုးရသစ်ရော လွှတ်တော်သစ်ပါ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အခြေအနေ မရှိဘဲ စစ်တပ်နဲ့ပဲ သက်ဆိုင်တဲ့သဘော ဖြစ်နေတယ်လို့ သူက သုံးသပ်ပါတယ်။

“ကျနော်ထင်တာ ဒီအစိုးရသစ် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေအရ ဆိုရင် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ကိစ္စက တပ်မတော်နဲ့ဆိုင်တယ်၊ လုံခြုံရေးနဲ့ဆိုင်တယ် ဆိုတော့ ပြည်ထောင်စုလွှတ်တော်ထဲမှာ ဆွေးနွေးမယ် ဆိုရင်တော့ ဆွေးနွေးနိုင်ပါတယ်၊ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုရင် တိုင်းရင်းသားတွေ တန်းတူ လိုလားတဲ့ အချက်တွေ၊ ဒီဟာတွေက အခြေခံဥပဒေနဲ့ ဆိုင်တာပါပဲ။”

ဒါပေမဲ့လည်း လွှတ်တော်သစ်ကနေ အမျိုးသား ရင်ကြားစေ့ရေးအတွက် အစပျိုးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ ဦးဟန်ညောင်ဝေက ယူဆပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးနိုင်ဖို့ လွှတ်တော်က အစပြု ကြိုးပမ်းနိုင်တယ်လို့ သူက မြင်ပါတယ်။

“ထောင်ထဲမှာ ရောက်နေတဲ့ ခေါင်းဆောင်တွေ အများကြီး ရှိပါတယ်။ အဲဒီ ထောင်ထဲမှာ ရှိနေတဲ့ ခေါင်းဆောင်တွေကို လွှတ်တော်ကနေပြီး လွတ်ငြိမ်းချမ်းသာခွင့်လား၊ ဘာလား အဲဒါတွေ လုပ်ပေးတယ်ဆိုရင် ဒီနေရာမှာ ပြန်လည် သင့်မြတ်ရေးအတွက် အများကြီး အကျိုးဖြစ်နိုင်တယ်လို့ မြင်ပါတယ်။”

လွှတ်တော်ထဲ ၀င်ခဲ့ကြတဲ့ ဒီမိုကရေစီ အတိုက်အခံနဲ့ တိုင်းရင်းသား အချို့ကလည်း အခြား နိုင်ငံရေးကိစ္စတွေထက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ပြည်ပရောက်တွေ ပြန်လာခွင့်ပေးဖို့ ဆိုတဲ့ ဥပဒေကြမ်းတခု တင်မယ်လို့ ပြောကြ ဆိုကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီ မဲအားကောင်းတဲ့ လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ၊ တပ်ကိုယ်စားလှယ်တွေရဲ့ မဲမပါဘဲနဲ့တော့ ဒီဥပဒေကြမ်းဟာလည်း အကောင်အထည် ပေါ်လာမှာ မဟုတ်ပါဘူး။

နိုင်ငံရေး အကျဉ်းသားလွှတ်ဖို့ မပြောနဲ့၊ မကြာသေးခင်ကပဲ တချို့ နိုင်ငံရေး အကျဉ်းသားတွေကို ရပ်ဝေး နယ်ထောင်ပြောင်းတာတွေတောင် ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“ပုံမှန်အားဖြင့်ဆိုရင်တော့ အစိုးရသစ်တရပ် ဖွဲ့လာပြီးပြီဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုကို လိုချင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာရဲ့ ထောက်ခံမှုကို လိုချင်လို့ပဲဖြစ်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့်တွေတော့ ပေးလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလို ပေးတဲ့အခါမှာလည်း အများစုကတော့ ရိုးရိုး သာမန်အကျဉ်းသားတွေကို လွှတ်ပေးတာ များပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေက အရေအတွက် တချို့တော့ ပါနိုင်တယ်။ ဒါပေမဲ့ အကုန်လုံး လွတ်လာနိုင်မယ့် အနေအထားမျိုးကိုတော့ ကျနော်တို့ မမြင်ပါဘူး။”

အခုက အစိုးရသစ် အပြောင်းအလဲလည်း ဖြစ်မယ်ဆိုတော့ အရင်ကလို နိုင်ငံရေး အကျဉ်းသား အရေအတွက်တွေ တစုံတရာ ကျသွားမယ်၊ အဖမ်းအဆီးတွေ နည်းသွားမယ်လို့ရော ယူဆဖွယ် ရှိလားခင်ဗျ။

“အဲဒီလိုမျိုးတော့ ယူဆဖွယ် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ် ဖွဲ့လာပြီးရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သူတို့ ဘယ်လိုသဘောထားမလဲ၊ ဒီအတိုင်းပဲ ဆက်ပြီး လွှတ်ပေးထားမှာလား၊ ဒါမှမဟုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မတရားသင်း အဖြစ်နဲ့ ကြေညာပြီးတော့ ဒီလူတွေက ဆိုင်းဘုတ်ဖြုတ်မပေးဘူး၊ ဆက်ပြီး လှုပ်ရှားမှုတွေ ရှိနေဦးမယ်ဆိုရင် ဖမ်းတာဆီးတာတွေ ဖြစ်လာနိုင်တယ်။ အလားတူပဲ တိုင်းရင်းသား ပါတီတွေကိုလည်း လုပ်လာနိုင်တာတွေ ရှိတယ်။

“အခု နယ်စပ်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့်လည်း အဖမ်းအဆီးတွေက နယ်စပ်ဒေသမှာဆိုရင် တောက်လျှောက် ဖြစ်နေတာ ရှိပါတယ်။ ဒါကြောင့် ဒီအဖမ်းအဆီးတွေက လျော့သွားမယ့် အနေအထားမျိုးကိုတော့ ကျနော်တို့ သိပ်မတွေ့ရသေးပါဘူး။”

ဦးဟန်ညောင်ဝေကတော့ အခုရှိလာတဲ့ လွှတ်တော်သစ် အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်နိုင်ဖို့ မျှော်လင့်ချက် မရှိပေမဲ့လို့ ပြည်နယ်အဆင့် လွှတ်တော်တွေမှာ တိုင်းရင်းသားတွေနဲ့ လက်ရှိ အာဏာပိုင်အကြား ကနဦးအဆင့်အားဖြင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေတော့ ရှိထားတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအရကြည့်မယ် ဆိုရင်တော့ အများကြီး လုပ်လို့မရဘူး။ ဒါပေမဲ့ အဲဒီ ပြည်နယ်လွှတ်တော်တွေက သူ့လူမျိုးရဲ့ အခွင့်အရေးပေါ့၊ စာပေဖြစ်ဖြစ်၊ စကားဖြစ်ဖြစ်၊ ဘာသာဖြစ်ဖြစ် အဲဒါတွေ လုပ်နိုင်တယ်ဆိုရင် ညီညွတ်ရေးအတွက်၊ ပြန်လည် သင့်မြတ်ရေးအတွက် အများကြီး အကျိုးဆောင်သွားနိုင်ပါတယ်။”

မနေ့က မြန်မာအစိုးရထုတ် သတင်းစာတွေထဲမှာတော့ အခုလွှတ်တော်တွေဟာ ပြီးခဲ့တဲ့ လမ်းပြမြေပုံကို လက်မခံတဲ့ လူနည်းစုလေးကလွဲလို့ တနိုင်ငံလုံး အတိုင်းအတာ ပြည်ထောင်စုအားလုံး၊ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အတိုက်အခံတွေ တွေးသလို အမျိုးသား ရင်ကြားစေ့ရေးဟာ လက်တလော အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာလို့ မြန်မာအာဏာပိုင်တွေဘက်ကတော့ ယူဆပုံ မရပါဘူး။ ဒါကြောင့်ထင်ပါတယ်၊ နိုင်ငံရေး လှုပ်ရှားသူတွေကတော့ လာမယ့် အစိုးရသစ်၊ လွှတ်တော်သစ်ကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို အလေးပေး ကိုင်တွယ်မယ့် လက္ခဏာ အခုအချိန်အထိ ရေးရေးတောင် မမြင်ရသေးဘူးလို့ ယူဆကြပါတယ်။
http://www.voanews.com/burmese/news/myanmar-new-parliament-government-115446174.html

ပါတီဖျက်သိမ်းခံရမှု NLD ကုလ လူ့အခွင့်အရေးကောင်စီ တိုင်မည်



By ဦးကျော်ကျော်သိန်း တနင်္လာ, 07 ဖေဖော်ဝါရီ 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ပိုင်ခွင့် အထူးအယူခံကို အပြီးသတ် ပယ်ချလိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အတော်များများကို ဖောက်ဖျက် ကျူးလွန်တယ်ဆိုပြီး ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး ကောင်စီကို တင်ပြ တိုင်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD တာဝန်ရှိသူတွေ ဒီကနေ့ တနင်္လာနေ့မှာ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြပြီးတဲ့နောက်မှာ အခုလို ဆုံးဖြတ်ချက် ချခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့်အတွက် အထူးအယူခံ လျှောက်ထားခဲ့တာမှာ NLD ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ဖို့ တရားဝင် မှတ်ပုံတင်ရေး ငြင်းဆန်ခဲ့တာကြောင့်ဆိုပြီး နေပြည်တော်မှာ ရုံးထိုင်တဲ့ တရားရုံးချုပ်ကနေ အထူးအယူခံကို ပယ်ချခဲ့ပါတယ်။ အဲဒီလို ပယ်ချတာဟာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အတော်များများကို ဖောက်ဖျက်ကျူးလွန်တာ ဖြစ်တယ်ဆိုပြီး NLD က လူ့အခွင့်အရေးကောင်စီကို တင်ပြ တိုင်ကြားဖို့ ပြင်ဆင်နေတာပါ။

“အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ တိုင်းပြည်မှာ Rule of Law တရားဥပဒေ စိုးမိုးမှု မရှိဘူး၊ ဒီအမှုမှာ ပေါ်လွင်နေတယ် ဆိုတဲ့ဟာကို အဓိကပါ။”

NLD ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထူးအယူခံကို ပယ်ချခံရပြီးတဲ့နောက် မြန်မာနိုင်ငံ တရားရေးစနစ်မှာ ဥပဒေလမ်းကြောင်းအရ နောက်ထပ် လုပ်စရာ ဘာမှ မရှိတော့ဘူး၊ လမ်းကုန်သွားပြီဆိုပြီး NLD ဘက်က အရင်က ပြောထားဖူးပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး ကောင်စီကို တင်ပြတာမှာ သူတို့ဘက်ကနေ ခိုင်ခိုင်မာမာ တင်ပြနိုင်မယ်ဆိုရင် လူ့အခွင့်အရေး ကောင်စီကနေ သူတို့ဘက်ကို အလေးသာ ဆုံးဖြတ်ပေးမယ်လို့ NLD က မျှော်လင့်ထားပါတယ်။

အခု NLD ဘက်က ထောက်ပြတဲ့ အချက်ထဲမှာ အဓိကဖြစ်တဲ့ Rule of Law တရားဥပဒေ စိုးမိုးမှုဟာ မြန်မာနိုင်ငံမှာ ပျက်စီးနေခဲ့တာ အတော်ကြာပြီလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ပညာရှင်တွေက မကြာခဏ ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ အခုအချိန်မှာ သမ္မတလည်းရွေးပြီး လွှတ်တော် အစည်းအဝေးတွေလည်း ကျင်းပနေ၊ အုပ်ချုပ်ရေး ပုံစံတခုကလည်း မကြာခင်မှာ ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေက တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာမယ့်ဆီ ရှေးရှုသွားလိမ့်မယ်လို့ ဦးဉာဏ်ဝင်းကတော့ မျှော်လင့်မထားပါဘူး။

“လက်ရှိ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပြောရရင် ကျနော်တော့ အကောင်းမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု အစိုးရဖွဲ့တာတို့၊ သမ္မတရွေးတာတို့ အားလုံးက ဘာမှ အပြောင်းအလဲ မမြင်ဘူး။ ဘာဖြစ်လို့ အပြောင်းအလဲ မမြင်လဲဆိုတော့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ဆိုတာကြီးကို ဆောင်ရွက်ပြီးကာမှ နအဖဆိုတာ ရှိနေတယ်ဗျ၊ ဥပဒေအရ။ အဲဒါကိုက ဘာမှ အပြောင်းအလဲ မရှိဘူးလို့ ကျနော် အဲဒီလိုပဲ ပြောချင်တယ်။”

တရားဥပဒေစိုးမိုးမှု ရှိတယ်ဆိုတာက တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိတာ၊ ဥပဒေရှေ့မှောက်မှာ နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှရှိတာ၊ နိုင်ငံသူ နိုင်ငံသားတွေကို အာဏာပိုင်တွေက တရားလက်လွတ် မတရားပြုမူ လုပ်ဆောင်တာမျိုးတွေကနေ အကာအကွယ်ပေးတာ စသည်အားဖြင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ တည်ဆောက်ရေးမှာ တရားဥပဒေ စိုးမိုးမှု ရှိဖို့ရာဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။

“အဓိက အကျဆုံးပဲ။ တိုင်းပြည် Rule of Law မရှိဘဲနဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ဆိုတာ မရှိနိုင်ဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီက Rule of Law နဲ့ တတွဲတည်းပဲ ကျနော်တို့ ရှုမြင်ပါတယ်။”

NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့်အတွက် တရားဥပဒေကြောင်းအရ ကြိုးစားနိုင်တဲ့ အခွင့်အလမ်းတွေ ကုန်သွားပြီဖြစ်ပြီး လက်ရှိမှာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့ပေမဲ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်အရပ်မှာ ဆိုင်းဘုတ်တင် အလံထောင်ထားတဲ့ ပါတီရုံးချုပ် ဆက်ရှိနေသေးသလို လှုပ်ရှားမှုတွေကလည်း ရှိနေဆဲပါ။ အခုချိန်ထိတော့ NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို မြန်မာအာဏာပိုင်တွေဘက်က သိသိသာသာ ဟန့်တားတာမျိုး မရှိသေးပါဘူး။
http://www.voanews.com/burmese/news/nld-hrc-115473184.html

ABMA ဂျာနယ် အတွဲ (၂) အမှတ် (၃)

ABMA Journal Volume 2 No 3

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေသစ်စစ်တမ်း

Analysis on Law of Pyidaungsu Government

Weekly Political Events Regarding the Post Election (0524-2011)

Weekly Political Events Regarding the Post Election (0524

ဗြိတိသျှကောင်စီမှ နွေရာသီရက်တို သင်တန်းများ ဖွင့်လှစ်မည်



နွေရာသီကျောင်းပိတ်ရက် နှင့် တိုက်ဆိုင်၍ ကျောင်းသား၊ ကျောင်းသူများအားလုံး အားလပ်ရက် အတွင်းတွင် အင်္ဂလိပ်ဘာသာအား အခြေခိုင်ခိုင် အဆင့်မြင့်မြင့် သင်ကြားလေ့လာနိုင်ရန်အတွက် ရည်ရွယ်၍ ဗြိတိသျှကောင်စီမှ နွေရာသီရက်တို သင်တန်းများကို ပထမဦးဆုံးအနေဖြင့် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ အဆိုပါသင်တန်းများအား အသက်(၇) နှစ် မှ (၁၇) နှစ် အတွင်းကလေးများအားလုံး တက်ရောက်နိုင်ပြီး အသက်(၇)နှစ်မှ (၉)နှစ်၊ (၁၀)နှစ်မှ (၁၂)နှစ်၊ (၁၃)နှစ်မှ (၁၅)နှစ် နှင့် (၁၆)နှစ်မှ (၁၇)နှစ်အရွယ် ဟူ၍ အဆင့် (၄) ဆင့် ခွဲခြားဖွင့်လှစ်သွားမည်ဖြစ်သည်

သင်တန်းများသည် လက်တွေ့လုပ်ဆောင်မှုများကို အခြေခံထားပြီး သင်ကြားမှု အထောက်အကူပြုပစ္စည်း မျိုးစုံကို အသုံးပြုမည် ဖြစ်သည့်အတွက် ကလေးများ၏ စိတ်ဝင်စားမှုကို ပိုမိုရရှိစေမှာဖြစ်ပါသည်။ ဥပမာအားဖြင့် (၇) နှစ် မှ (၉) နှစ်အရွယ် ကလေးများအား ပုံပြင်များကို အခြေပြု၍ သင်ကြားပေးမှာ ဖြစ်ပြီး (၁ဝ) နှစ် မှ (၁၂)နှစ် အရွယ် ကလေးများကို အကြောင်းအရာများကို အခြေပြု၍ သင်ကြားပေးသွားမည် ဖြစ်သည်။ (၁၃)နှစ် မှ (၁၅) နှစ် ကျောင်းသားများကို DVD သင်ခန်းစာများ ဖြင့် သင်ကြားပေးမှာ ဖြစ်ပြီး (၁၆) နှစ် မှ (၁၇) နှစ် အရွယ် ကျောင်းသားများ အတွက် ၎င်းတို့ကိုယ်တိုင် လက်တွေ့ကျကျပါဝင် လုပ်ဆောင်နိုင်မည့် သင်ကြားနည်းများကို အခြေခံထားပါသည်။ သင်တန်းများအားလုံးသည် ကလေးများ တက်ကြွပျော်ရွှင်စွာဖြင့် အင်္ဂလိပ်စာစွမ်းရည် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ထားပါသည်။

သင်တန်းကာလမှ (၁၃) ရက်ကြာမည်ဖြစ်ပြီး စုစုပေါင်း သင်ကြားချိန် နာရီ (၃ဝ) ခန့်ရှိမည်ဖြစ်ပါသည်။ မတ်လ (၂၃) ရက် တွင်စတင် ပြီး ဧပြီလ (၈) ရက် နေ့တွင် ပြီးဆုံးမည့်အဆိုပါသင်တန်းများအား တနင်္လာနေ့မှ သောကြာနေ့ အတွင်းနံနက်ပိုင်း သို့မဟုတ် နေ့လည်ပိုင်းများတွင် သင်ကြားသွားမည် ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများ ထိရောက်စွာ လေ့လာသင်ယူနိုင်ရန် သင်တန်းသားဦးရေ ကန့်သတ်ထားပြီး တစ်တန်းလျှင် အများဆုံး (၁၈) ဦးသာ လက်ခံမည်ဖြစ်သည်။ တက်ရောက်လိုသူကလေးများ အနေဖြင့် အရည်အချင်းစစ်စာမေးပွဲ (Placement Test) ဖြေရန် မလိုပဲ အသက်ခွဲခြားနိုင်ရန် အတွက် မွေးစာရင်း (သို့မဟုတ်) သန်းခေါင်စာရင်း ယူဆောင်လာ၍ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှစတင်ကာ ကြိုတင်စာရင်း ပေးနိုင်ပါသည်။

လူကြီးများအတွက် အလားတူရက်တိုသင်တန်း (Intensive Courses) များကိုလည်း တချိန်ထဲတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူကြီးတန်း (၁၈ နှစ်နှင့် အထက်) တက်လိုသူများမှာမူ အရည်အချင်းစစ်စာမေးပွဲ (Placement Test) ဖြေဆိုရမည်ဖြစ်ပါသည်။

သင်တန်းများအကြောင်းအသေးစိတ်အချက်များ နှင့် သင်ကြားမည့်နည်းစနစ်များ အား Myanmar Network (www.myanmar-network.net) သို့ဝင်ရောက် ကြည့်ရှု၍ဖြစ်စေ၊ ဖုန်းနံပါတ် ၂၅၆၂၉၀၊ ၂၅၆၂၉၁၊ ၂၅၄၆၅၈ သို့ ဆက်သွယ်၍ ဖြစ်စေ၊ englishcourses@mm.britishcouncil.org သို့ email ပေးပို့၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Visit Myanmar Network at: http://www.myanmar-network.net/?xg_source=msg_mes_network

အင်တာနက်၊ လူမှုကွန်ယက်များ နှင့် မြန်မာလူငယ်

Internet_Social_Networking_and_Youth_in_Burma

အမှာစာ
ကျနော် ဒီစာတမ်းလေးကို ယခုလို ထုတ်ဝေရန် အတွက်ရေးသားခြင်း မဟုတ်ပါ။ ပြည်ပ အဖွဲ့အစည်းတစ်ခုအတွက် သတင်းအချက်များ စုစည်းတင်ပြပြီး ရေးသားထားခြင်းသာ ဖြစ်ပါသည်။ယခု ထိုအဖွဲ့အစည်းမှလည်း ထုတ်ဝေပြီး ဖြစ်သဖြင့်ယခုလို အီးဘုတ်လေး အဖြစ် ပြန်လည် ထုတ်ဝေပါသည်။ရေးသားထားသော အချိန်မှာ ရွေးကောက်ပွဲမတင်ခင်ကာလ အထိသာ ပါဝင်ပြီး နောက်ပိုင်း
သတင်းအချက်အလက်များ မပါဝင်ပေ။

ထွန်းထွန်းအောင်

မြန်မာ့အင်တာနက်၊ မြန်မာလူငယ်များနှင့်လူမှုကွန်ယက်ဝဘ်ဆိုဒ်များလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က
လာမည့် စစ်အစိုး၏ ရွေးကောက်ပအွဲ ပြီး ၆ ရက် အကြာနေအိမ်အကျယ်ချုပ်က လွှတ်မြောက်တာနှင့် မျိုးဆက်သစ်လူငယ်တွေနဲ့ တိုကရိုက်ဆက်သွယ်လို့ ရအောင် လူမှုရေးကွန်ယက်တစ်ခုဖြစ်တ့ဲ (Twitter) ကို သုံးချင်ပါတယ်လို့ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုအဲဒီလို ကြားလိုက်ရတော့  “ လို့ ခံစားရတယ်လို့ရန်ကုန်မြို့နယ် လူငယ်တစ်ဦးက ပြောပါတယ်။
ယခုလက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လပ်တော့ကွန်ပြူတာတစ်လုံးရှိပြီး အင်တာနက်ကိုတော့ သုံးစွဲခွင့်မရှိကြောင်း သိရပါသည်။
မြန်မာ့အင်တာနက်မြန်မာနိုင်ငံမှာ အင်တာနက်ကို ၂၀၀၀ ခုနှစ်က စတင်ပြီးချိတ်ဆက်ခဲ့ပါသည။် သ့ေို သ်ာလည်း လကရှ်ိစစ်အစိုးရက
ယူအက် Networking Company တစ်ခုဖြစ်တဲ့ Fortinetမှ နည်းပညာအကူအညီနဲ့ ဆင်ဆာဖြတ်တောက်မှု၊ပိတ်ဆ့မှိုတွေမှုတွေကို ပြုလုပ်ခဲ့ပါသည်။အဲဒီလိုပိတ်ဆ့မှိုတွေမှုထဲမှာ အခမဲ့ အသုံးပြုနိုင်တဲ့အီးမေးလ်တွေ၊ နိုင်ငံရေးနဲ့ သက်ဆိုင်တ့ဲ ၀ဘ်ဆိုဒ်တွေနဲ့
ပြည်ပသတင်းမီဒီယာတွေရဲ့ ၀ဘ်ဆိုဒ်တော်တော်များများကို ပိတ်ဆ့ခို့ဲပါတယ်။ ဒါအပြင်သာမန်ပြည်သူတွေ မသုံး စွဲနိုင်အောင်လည်း Providerခကို အဆမတန် ဈေးမြှင့်ထားခဲ့ပါသည်။Internet Service Provider များယခုလက်ရှိမြန်မာနိုင်ငံတွင် Internet Service Providerနှစ်ခုက ၀န်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။တစ်ခုက Yadanarpon Internet Service Provider နှင့်Ministry of Post and Telecommunication (MPT)တြို့ဖစ်ကြောင်း သိရပါသည။်
ဇေကမ္ဘာ ဦးခင်ရွှေ၏သားပိုင်သော Redlink Companyကမူ Yadanarpon Internet Service Provider တစ်ဆင့်Internet Connection ရယူပြီး WiMax WirelessBroadband ပြန်လည် ရောင်းချပေးနေသည်ဟု
သိရသည်။ မြန်မာ့အင်တာနက် သုံးစွဲသူအများစုမှာ ရုံး၊ကုမ္ပဏီ၊ သင်တန်းကျောင်း၊ အင်တာနက်ကဖေးများမှသာအများဆုံး အသုံးပြုကြပြီး ကိုယ်ပိုင်အိမ်၌တပ်ဆင်အသုံးပြုသူများ နည်းပါးသေးကြောင်း သိရသည်။၂၀၀၇ ခုနှစ်မတိုင်ခင် မြန်မာ့အင်တာနက်အခြေအနေ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်အထိမြန်မာ့နိုင်ငံရေးနှင့် အင်တာနက်နည်းပညာမှာ ဘာမှမပတ်သတ်သယောင် ရှိခဲ့သည်။ ယခင်က ဘလောဂ်ရေးသားကြသူများအားလည်း အချိန်ဖြုန်းနေသူများဟုယူဆသူများလည်း ရှိခဲ့ဘူးသည်။ ထိုအချိန်ကဘလောဂ်ရေးသားသူ အများစုမှာ ကွန်ပြူတာနည်းပညာကိုစိတ်ဝင်စားသူ လူငယ်များသာ ဖြစ်ကြသည်။ရေးသားသည့် အကြောင်းအရာများမှာလဲ
ကိုယ်ရေးကိုယ်တာနှင့် ကွန်ပြူတာ နည်းပညာအကြောင်းများသာ များကြသည်။ အဲဒီအချိန်ကအင်တာနက် သုံးစွဲမှာ ၆၀၀ ကျပ်မှ ၈၀၀ ကျပ်အထိရှိခဲ့သည်။ အချို့ဆင်ခြေဖုန်းရပ်ကွက် အင်တာနက် ကဖေးရှားပါးသောနေရာများတွင် ၁၀၀၀ ကျပ်အထိ ရှိခဲ့သည်။
၂၀၀၇ ခုနှစ်နောက်ပိုင်း မြန်မာ့အင်တာနက်အခြေအနေ၂၀၀၇ နောက်ပိုင်းတွင် အင်တာနက်သုံးစွဲခများ တစ်နာရီ
သုံးစွဲခ အတွက် ၃၀၀-၄၀၀ ကျပ်အထိကျဆင်းလာခဲ့သည်။ သ့ေို သ်ာအင်တာနက်ဆိုင်များအတွက် အစိုးသ့ေို ပးဆောင်ရသည့်
ISP Fee (150 FEC/ 512 Kilobit Per Sec)မှာပြောင်းလဲမှု မရှိသေးပေ။ သ့ေို သာ် ၂၀၀၇
နောက်ပိုင်းတွင် ဘလောဂ်ရေးသားသူများ အလွန်တိုးပွားကြသည်။ ကွန်ပြူတာနည်းပညာ စိတ်ဝင်စားသူလူငယ်များတင်မကတော့ပဲ နယ်ပယ်အစုံ၊
အသက်အရွယ်စုံမှ လူအများဘလောဂ်ရေးသားလာကြတာ တွေ့ရသည်။ရေးသားသည့် အကြောင်းအရာမှာလဲ နိုင်ငံရေး၊နည်းပညာ၊ စာပေ၊ ဘာသာရေး၊ လူမှုရေး စသည်ဖြင့်စုံလင်လာသည်ကို တွေ့ရသည်။ နဂိုကအလေးမမူကြသည့် အင်တာနေရှင်နယ် အဆင့်မြန်မာမီဒီယာကြီးများတွင် ဘလောဂ်ဂါကဏ္ဍများပင်ထည့်သွင်းလာခဲ့ကြသည်။ယနေ့ လက်ရှိအခြေအနေမြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာန၏ ၂၀၀၉ ခုနှစ်
သတင်းစာရှင်းလင်းပွဲများအရ မြန်မာ့နိုင်ငံတွင်အင်တာနက်လိုင်း ၀ယ်ယူသုံးစွဲသူပေါင်း ၆ သောင်းကျော်ရှိသည်ဟု သိရသည်။ ယနေ့ကာလတွင် ပိုမိုများပြားလာနိုင်သည်။ ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးဆိုင်ပေါင်း ၆၅၆ နီးပါး ရှိသည်ဟု သိရသည်။ယခုအခါ ရန်ကုန်မြို့နေ အင်တာနက်အသုံးပြုသူအများစုသည် မိမိတို့ အိမ်၌ Redlink၀ါယာလက် ကွန်နက်ရှင် ကို ၀ယ်ယူသုံးစွဲမှုများရှိလာကြောင်း သိရသည်။ ရန်ကုန်ကအင်တာနက်ဆိုင်ပိုင်ရှင်လူငယ်တစ်ဦးက “၂၀၀၉ ခုနှစ်ကောက်ယူထားတဲ့ စစ်တမ်းအရတော့ ရန်ကုန်မှာအင်တာနက်ဆိုင်ပေါင်း ၅၅၀ ရှိတယ်။ အဲဒါကြောင့်အင်တာနက်အသုံးပြုခတွေ ၃၀၀-၄၀၀ ဖြစ်ကုန်တာ’’ လို့ပြောပြပါသည်။ရွေးကောက်ပွဲကာလအတွင်း ဖြစ်လာနိုင်မည့် အခြေအနေ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင် စစ်အစိုးရမှအင်တာနက်လိုင်းကို လုံးဝဖြတ်တောက်ဖူးခဲ့သည့်
အတွေ့အကြုံရှိထားသဖြင့် လာမည့် ရွေးကောက်ပွဲကာလတွင် စစ်အစိုးရမှ သတင်းအမှောင်ချသည့်အနေနှင့်အင်တာနက်ကို ဖြတ်တောက်ထား နိုင်သည်ဟု အချို့ကထင်ကြေးပေးနေကြသည်။ အချို့Networkingပညာရှင်အချို့ကမူ လုံးဝမဖြတ်တောက်လျှင်တောင်
အမြန်နှုန်းကို အဆုံးစွန်ဆုံးအထိ လျော့ချထားနိုင်သည်ဟုခန့မှ်န်းထားကြသည်။အင်တာနက် သုံးစွဲသူများသူ မြန်မာလူငယ်များ
ရန်ကုန်ရှိ အင်တာနက် သုံးစွဲသူများ၏အသက်အရွယ်ပျှမ်းမျှကို မေးမြန်းကြည့်ရာ “အသက် ၂၀အောက်က ၃၀ ရာခိုင်နှုန်း၊ ၂၀ မှ ၃၀ အထိက ၆၀
ရာခိုင်နှုန်းနဲ့ ၃၀ ကျော်ကတော့  ၁၀ ရာခိုင်းနှုန်းလောက်သာရှိတယ်။’’ လို့ အင်တာနက်ဆိုင်ပိုင်ရှင် ပြောပါသည်။မြန်မာ့အင်တာနက်သုံးစွဲသူများနှင့် လျှပ်စစ်မီးကဏ္ဍမြန်မာနိုင်ငံတွင် ဆည်ကြီးများကိုတည်ဆောက်ပြီးစွမ်းအင်များ ထုတ်လုပ်ပီး အိမ်နီးချင်း နိုင်ငံများကိုရောင်းချနေသော်လည်း မြန်မာပြည်သူအများစုမှာလျှပ်စစ်မီးအား လုံလောက်စွာ သုံးစွဲခွင့် မရရှိသေးပါ။
ထ့အို တူ မြန်မာ အင်တာနက်အသုံးပြုသူအများစုမှာလဲလျှပ်စစ်မီး မကြာခဏ ပျက်တောက်ရ မှုကြောင့်စိတ်ပျက်စရာများ ကြုံတွေ့ရသည်။ လျှပ်စစ်မီးပျက်လျှင်မီးစက်များဖြင့် ပြန်လည် လည်ပတ်ကြရသည်။ အချို့သောအင်တာနက်ဆိုင်များသည် မီးပျက်လျှင် အင်တာနက်
အသုံးပြုခ တိုးမြှင့်၍ မယူကြသော်လည်းအချို့ဆိုင်များသည် သာမန် အင်တာနက်သုံးစွဲခထက်ကျပ် ၂၀၀ ပိုမိုတောင်းယူသည်ဟု သိရပါသည်။
မြန်မာ့အင်တာနက် အသုံးပြုသူများနှင့် SocialNetworking Website များမြန်မာအင်တာနက် အသုံးပြုအများစုမှာ Social Networkဆိုဒ်များထဲတွင် Facebook ကို အသုံးအများဆုံးဖြစ်သည်။Twitter ကိုတော့ ကွန်ပြူတာ၊ အင်တာနက်နှင့်အတော်အတန် ရင်းနှီးပြီးသူများ၊ အတွေ့အကြုံရှိသူများသုံးစွဲကြကြောင်း တွေ့ရသည်။ Linkedin အားကုမ္ပဏီဝန်ထမ်းများ၊ Professional များ၊ နှင့်ဂျာနယ်လစ်များသာ သုံးကြသေးသည်။Email Serviceမြန်မာ့အင်တာနက်အသုံးပြုသူများသည် အီးမေးလ်အတွက် Google မှာ Gmail Service ကိုသာအသုံးအများဆုံးဖြစ်သည်။ အခြားသော Free Serviceအီးမေးလ်များကို ပိတ်ဆ့တိုားဆီးထားသည်။ အခြားသောWeb-based mail များသုံးစွဲကြသော်လည်းအလွန်အင်မတန် နည်းပါးကြောင်း တွေ့ရသည်။မြန်မာပြည်တွင်း၍ အင်တာနက် မြန်နှုန်းအလွန်အမင်းကျဆင်းနေသည့် ကာလတွင်အသုံးပြုသူများသည် Browser မှ အီးမေးလ် စစ်ခြင်း၊ပေးပြို့ခင်း၊ လက်ခံခြင်းများ မပြုလုပ်နိုင်ပဲ Gtalk မှChatting ပြုလုပ်နိုင်ကြောင်း တွေ့ရသည်။မြန်မာလူငယ်များနှင့် အင်တာနက်
ရန်ကုန်မှ အင်တာနက်ဆိုင်ပိုင်ရှင်လူငယ်တစ်ဦး၏အဆိုအရ လာရောက်သုံးစွဲသူများ ၅၀ ရာခိုင်နှုန်းနီးပါးသည် Chat ပရိုဂရမ်များသုံးစွဲကာ
မိတ်ဆွေသူငယ်ချင်းများနှင့် စကားပြော၊ ဆက်သွယ်ကြပြီး၊၃၀ ရာခိုင်နှုန်းမှာ Game ကစားကြကြောင်း၊အခြားဖျော်ဖြေရေးအတွက် သုံးစွဲသူမှာ ၂၀ ရာခိုင်နှုန်းနီးပါရှိကြပြီး၊ ပညာရေး၊ ဗဟုသုတ အတွက် သုံးစွဲသူများမှာ ၁၀ရာခိုင်နှုန်းသာ ရှိကြကြောင်း သိရသည်။သ့ေို သာ် အချို့ လူငယ်များသည် အင်တာနက်မှ နေ၍မိမိတတ်စွမ်းသမျှ ဒေသတွင်း သတင်းများ၊ ဓါတ်ပုံများအားမိတ်ဆွေ အပေါင်းအသင်းများထံ ဖြန့်ဖြူးကြသူများလည်းရှိကြသည်။ပညာရေးစိတ်ဝင်စားသူများသည် ပညာသင်ဆုနှင့်ပတ်သတ်သော သတင်းများ၊ ၀ဘ်ဆိုဒ်များ အားအထူးစိတ်ဝင်စားကြသည်။ ထ့အို တူ အလုပ်အကိုင်စိတ်ဝင်စား ကြသော လူငယ်များသည် ပြည်တွင်း၊ ပြည်ပNGO များမှ အလုပ်ခေါ်စာများ၊ သင်တန်း သတင်းများအားအထူးစိတ်ဝင်စားကြသည်။မြန်မာအင်ထရာနက် (Myanmar Intranet)အခု စစ်အစိုးရက စမ်းသပ်ထုတ်လွှင့်နေတ့ဲ ရတနာပုံ WebPortal ကြီး အောင်မြင်သွားခဲ့ရင် မြန်မာ့ အင်တာနက်အသုံးပြုသူတွေအတွက် အင်တာနက် ပေးမသုံးတော့ပဲမြန်မာပြည်တွင်း၌သာ အသုံးပြုနိုင်မည့် အင်ထရာသာအသုံးပြုခွင့်ပေးတော့မည် သတင်းများထွက်ပေါ်လျှက်
ရှိနေသည်။ ရတနာပုံ ၀ဘ်ပေါ်တယ်သည် နိုင်ငံအဆင့်ရှိဝဘ်ပေါ်တစ်ခုဖြစ်ပြီး၊ Gmail နှင့် Gtalk ကို အစားထိုးသုံးစွဲနိုင်မည့် Ymail, Ytalk အစီအစဉ်များ ပါဝင်သည်။Facebook တ့ကို့ဲ Social Networking ဆိုဒ်များအားအစားထိုးနိုင်မည့် Social Networking အစီအစဉ်များပါဝင် သည်။ထြို့ပင် သတင်းအချက်အလက်များအနေနှင့်လည်းဝန်ကြီးဌာန၏ ၀ဘ်ဆိုဒ်များ၊ Web Directory များ၊ခရီးသွားလာရေးနှင့် ဆိုင်သော သတင်းအချက်အလက်များပါဝင်သည်။ ဖျော်ဖြေရေးနှင့်ပတ်သတ်သော FM Radio အစီအစဉ်၊ ဗေဒင်၊အွန်လိုင်းဂိမ်း စသည်တ့လို ည်း ပါဝင်သည်။ထ့အို ပြင် စစ်အစိုးရ၏ အဓိက ၀ါဒဖြန့သ် တင်းစာကြီးနှင့်နှစ်ခုဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာကြီးနှစ်ခုအားလည်း ထို Web Portal ပေါ်တွင် ထပ်မံ ဖော်ပြထားပါသည်။ထို Web Portal ကြီးအား အမေရိကန် ဒေါ်လာ ၈ သန်းအကုန်ကြခံကာ တည်ဆောက်နေကြောင်းလည်းသိရသည်။ရွေးကောက်ပွဲအကြိုရက်များအတွင်းရန်ကုန်မြို့ရှိအင်တာနက် နှင့် အင်တာနက်ဆိုင်များ၏အခြေအနေစစ်အစိုးရ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၁၈အလိုကာလတွင် ရန်ကုန်မြို့တွင် အင်တာနက် မြန်နှုန်းမှာအလွန်အမင်းဆိုးဆိုးရွားရွားဖြစ်သဖြင့် အင်တာနက်အသုံးပြုသူများ စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်းသိရသည်။ အင်တာနက်မြန်နှုန်းများ ကျဆင်းလာခြင်းသည်ရွေးကောက်ပွဲနှင့် သက်ဆိုင်သော သတင်းများအား ပြည်ပသတင်းမီဒီယာများသို့ ပေးပြို့ခင်းမှ ကာကွယ်ရန်ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ သ့ေို သ်ာအင်တာနက်အသုံးပြုသူများသည် Browser မှ
ဂျီမေးလ်ဖြင့် မပေးပ့နိုင်သော်လည်း အသုံးပြုနိုင်သေးသည့်Gtalk ဖြင့် ဆက်လက် ပေးပြို့ကသည်။

စုစည်းတင်ပြသူ --- ထွန်းထွန်အောင်