Thursday, February 10, 2011

၁၀.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

6 attachments — Download all attachments  
10 Feb 2011 Yeyintnge's Diary.doc10 Feb 2011 Yeyintnge's Diary.doc
2072K   View   Download  
10 Feb 2011 Yeyintnge's Diary.pdf10 Feb 2011 Yeyintnge's Diary.pdf
2663K   View   Download  
Agreement Between The Governmant of Singapore & Myanmar for Avoidance of Double Taxtation(2).pdfAgreement Between The Governmant of Singapore & Myanmar for Avoidance of Double Taxtation(2).pdf
147K   View   Download  
hhh.pdfhhh.pdf
68K   View   Download  
The Voice 7-9.pdfThe Voice 7-9.pdf
1031K   View   Download  
ya la lay.pdfya la lay.pdf
61K   View   Download  

http://www.mediafire.com/file/oafexgq71aefnkb/10%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/2ivcdzyasah6ndg/10%20Feb%202011%20Yeyintnge%27s%20Diary.pdf
10 Feb 2011 Yeyintnge's Diary

အစိုးရသစ်ကို အမေရိကန် လက်တွေ့ကျ ဆက်ဆံရေးနဲ့ ပိတ်ဆို့မှု ပူးတွဲကျင့်သုံးမည်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး။
ဓာတ်ပုံ VOA
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး။
အမေရိကန် ပြည်ထောင်စု အနေနဲ့ နောက်တက်လာမယ့် မြန်မာအစိုးရ အဖွဲ့သစ်နဲ့ ဆက်ဆံညှိနှိုင်းပြီး လက်ရှိ ကျင့်သုံးနေတဲ့ လက်တွေ့ကျ ဆက်ဆံရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ပူးတွဲ မူဝါဒကို ဆက်လက် ကျင့်သုံးသွားမယ်လို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး (Larry Dinger) က ဗွီအိုအေကို ပြောပါတယ်။ ၀ါရှင်တန်မြို့တော် အမေရိကန် နိုင်ငံခြားရေးဌာနမှာ သူ့ကို သွားရောက် တွေ့ဆုံခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြပေးထားပါတယ်။
အနှစ် ၂၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အရပ်သား အစိုးရအဖွဲ့ အမည်စာရင်းကို သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း တဖြစ်လဲ ဦးသိန်းစိန်က နေပြည်တော် လွှတ်တော်မှာ တင်သွင်းခဲ့ပြီး ဖြစ်တာမို့ အစိုးရအဖွဲ့သစ် မကြာခင် အတည်ပြု ပေါ်ထွက်လာပါတော့မယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ လက်ရှိမူဝါဒဖြစ်တဲ့ လက်တွေ့ကျ ဆက်ဆံကျင့်သုံးရေး မူဝါဒနဲ့ ပိတ်ဆို့ဒဏ်ခတ်ရေး ပူးတွဲမူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု သံရုံးတာဝန်ခံ သံမှူးကြီး လယ်ရီ ဒင်းဂါးက ဗွီအိုအေကို ပြောကြားပါတယ်။
“ကျနော့်အမြင်အရတော့ အခုတက်လာတဲ့ အစိုးရဟာ အစိုးရသစ် တခုရယ်တော့ မဟုတ်ပါဘူး။ မြင်နေကျ မျက်နှာတွေပါပဲ။ ဒါပေမဲ့ အရင်ကတော့ အဲဒီ အစိုးရ အဖွဲ့ဟောင်းထဲက လူတွေဟာ ရွေးကောက်ပွဲ အပေါ်မှာပဲ အာရုံစိုက်နေခဲ့ကြပြီး ဆွေးနွေးပြောဆိုဖို့ သိပ် အခွင့်အရေး မရှိခဲ့ပါဘူး။ ဒါကြောင့် အခုအချိန်မှာတော့ ဒီလူတွေဟာ အရင်လူတွေပဲ ဖြစ်နေပေမဲ့လည်း အမြင်နဲ့ ရပ်တည်မှု ပြောင်းလာတာမျိုးတွေ ရှိလေမလား၊ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ ပိုပြီး လိုလားတာတွေ ရှိမလားဆိုတာ တီးခေါက်ကြည့်ဖို့ လိုနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အင်မတန် နက်နဲတဲ့ ပြဿနာတွေကို မဖြစ်မနေ ဖြေရှင်းဖို့ လိုနေပါတယ်။”
ဝါရှင်တန်မြို့တော်ကို ခေတ္တ ပြန်ရောက်နေတဲ့ အမေရိကန်သံရုံး တာဝန်ခံ သံမှူးကြီး လယ်ရီ ဒင်းဂါး ပြောသွားတာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့စဉ်ကတည်းက အစိုးရ အဆက်ဆက်နဲ့ သံအဆက်အသွယ် မပြတ်ခဲ့သလို အခုလည်း ဆက်ဆံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အခုလက်ရှိ ဆက်ဆံရေးဟာ သံမှူးကြီးအဆင့် ဆက်ဆံရေးသာဖြစ်ပြီး မကြာခင်မှာ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံဖို့ အလားအလာတွေများ ရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဒါဟာ ၀ါရှင်တန်မှာ ရှိနေတဲ့ မူဝါဒရေးရာ ချမှတ်သူတွေ သုံးသပ်ရမယ့်ကိစ္စ ဖြစ်ကြောင်း၊ လက်ရှိ ကျင့်သုံးနေတဲ့ ဆက်ဆံရေး မူဝါဒ ဘယ်လောက်အထိ တိုးတက်မှုရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်နေကြောင်းနဲ့ လတ်တလောမှာတော့ ဒီလို သံအမတ်ကြီးအဆင့် တိုးမြှင့်ပြီး ပြန်ဆက်ဆံဖို့ အခြေအနေ မမြင်သေးပါဘူးလို့လည်း မစ္စတာ ဒင်းဂါးက ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ လက်တွေ့ကျ ဆက်ဆံရေး မူဝါဒအရ ပူးတွဲပြီး ကျင့်သုံးနေတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေး အစီအစဉ်တွေရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း သူက အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီးတော့ သုံးသပ်လာစေဖို့ပါပဲ။ နိုင်ငံရေး လှုပ်ရှားသူတွေကို မဖမ်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး ဖိအားပေးဖို့၊ အစိုးရက လုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံး ဘက်ပေါင်းစုံ ပါဝင်လာစေရေး လမ်းဖွင့်ပေးစေဖို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို နိုင်ငံရေး အတိုက်အခံတွေ၊ အဖွဲ့အစည်းတွေ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်စေဖို့၊ ခြုံပြီးပြောရရင် မြန်မာနိုင်ငံရဲ့ ကောင်းမွန်တဲ့ အနာဂတ်အရေးကို စဉ်းစား လုပ်ဆောင်လာရေး စစ်အစိုးရကို တွန်းအားပေးဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။”
အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သာမန်ပြည်သူတွေ ပိုအထိနာပြီး ဆင်းရဲမွဲတေမှု လမ်းကြောင်းပေါ်ကို ပိုပြီး တွန်းပို့နေသလို ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ သူက ငြင်းဆိုခဲ့ပြီး မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု ပြဿနာဟာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့တဲ့ မမှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေကြောင့်သာ ဖြစ်ပြီး အဂတိ လိုက်စားမှု၊ မူဝါဒရေးရာ ဆုံးဖြတ်ချက် မမှန်ကန်မှု စတာတွေကလည်း အဓိက ပြဿနာတွေ ဖြစ်ကြောင်း မစ္စတာ ဒင်းဂါးက ပြောသွားခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတရပ်က ထောက်ပြထားတာနဲ့ ကိုက်ညီနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စစ်တမ်းမှာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း အပြောင်းအလဲတွေပါ အလိုက်သင့် ဖြစ်ပေါ်လာစေဖို့အတွက် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဘယ်လို၊ ဘယ်အချိန်၊ ဘယ်လို အခြေအနေမျိုးတွေမှာ ပြန်ပြီး သုံးသပ် ပြောင်းလဲသင့်သလဲ ဆိုတာကို ဆွေးနွေးလိုပါကြောင်း ကမ်းလှမ်းထားတာနဲ့ ပတ်သက်ပြီး အမေရိကန် သံမှူးကြီး လယ်ရီ ဒင်းဂါးက...
“ဆက်ဆံညှိနှိုင်းရေးဆိုတဲ့ လုပ်ငန်းစဉ်ဟာ တစိုက်မတ်မတ် ရွေ့လျား လှုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံနဲ့ အခြေအနေအားလုံး သုံးသပ် ဆွေးနွေးနိုင်ဖို့ ကျနော်တို့ အမြဲ ကြိုးစားနေပါတယ်။ အစိုးရနဲ့ ဆက်ပြီး ပြောဆို ဆွေးနွေးသွားမှာ ဖြစ်သလို အတိုက်အခံတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးနဲ့လည်း စဉ်ဆက်မပြတ် တွေ့ဆုံမှုတွေ လုပ်နေပါတယ်။ နေပြည်တော်ကို ကျနော် လစဉ် သွားသလိုပဲ အကျယ်ချုပ်က လွတ်မြောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကျနော် မကြာခဏ တွေ့ဆုံဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စု အစိုးရ မူဝါဒရေးရာ သုံးသပ်သူတွေ အနေနဲ့ အခြေအနေကို စဉ်ဆက်မပြတ် လေ့လာ သုံးသပ်နေပြီး လိုအပ်သလို ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်သွားမှာဖြစ်ကြောင်း လက်တွေ့ကျ ဆက်ဆံရေး မူဝါဒသစ်ကို ကြေညာစဉ်ကတည်းက ပြောကြားထားပြီး ဖြစ်ပါကြောင်းလည်း ၀ါရှင်တန်မြို့တော်ကို ခေတ္တ ပြန်လည်ရောက်ရှိနေတဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး တာဝန်ခံ သံမှူးကြီး လယ်ရီ ဒင်းဂါးက ဗွီအိုအေကို ရှင်းပြသွားခဲ့ပါတယ်။
http://www.voanews.com/burmese/news/us-burma-policy-115683229.html

(Update) ကနေဒါတိုရန်တိုတွင်မြန်မာတဦးကားအလုခံရပြီးဆေးရုံသို့ ရောက်


ဒဏ်ရာတွေ များပေမဲ့ အားလုံး သူ မှတ်မိ စကား ပြောနိုင်ပါတယ် ၊ မကြာခင်ပြန်လည် ကောင်းသွားဖို့ ဆုတောင်းပေးကြပါ ၊ ICU ကနေ မကြာခင် ရက်များ အတွင်းမှာ အပြင် သာမန် အခန်းကို ထုတ်ပေး လိမ့်မယ် လို့  ထင်ပါတယ် အခြား ဘာမှ သယ်ဆောင်သွားခွင့် ၊ ၀င်ခွင့် တွေ့ ခွင့် မလွယ်သေးပါဘူး ။သူဟာ Newcomer တွေကိုအကူအညီအများဆုံးပေးနေသူတဦးဖြစ်ပြီးအစိုးရဌာနတွင်လည်းမြန်မာစကားပြန်အဖြစ်အမှုထမ်းနေသူတဦးလည်းဖြစ်တာကြောင့်တိုရန်တိုမှမြန်မာများလွန်စွာမှ စိတ်မကောင်းဖြစ်နေကြပါတယ်။


watch Video 1

watch Video 2


A teenager has been charged with attempted murder after a violent carjacking in the city’s east end.

Toronto Police say the accused allegedly stabbed a 66-year-old man multiple times and then fled in the victim's car.

The victim was found in the hallway of an apartment complex at 1 Eccleston Dr. around 7:15pm on Tuesday.

He was rushed to hospital with injuries considered serious but not life-threatening.

"It was pretty gruesome from the blood in the building. Outside the front door there was quite a lot of (blood)," said resident Paul McNeil.

The teen allegedly crashed into a tree as he attempted to drive away and then fled on foot.

The 17-year-old, who cannot be named under the Youth Criminal Justice Act, was arrested hours after the alleged attack. He has been charged with attempted murder, aggravated assault, robbery, possession of property obtained by crime, dangerous operation, and fail to comply recognizance.

“I think everybody involved needs help,” the teen’s lawyer, Moishe Reiter, said on Wednesday. “That’s my impression at this point. But it’s early and I don’t have a great deal of information yet.

The accused appeared briefly in court on Wednesday
2011/02/09 | CityNews.ca Staff

နာမည်မရှိသော အစိုးရ သို့ မဟုတ် သိန်းစိန်အစိုးရ အလိုမရှိ

ပြည်တွင်းမှ လူငယ်တချို့ က ယခုအစိုးရကို ဘယ်လိုနာမည်မှဲ့  ခေါ်ရမှန်း မသိဟု ပြောလာသည်။ ထို့ ကြောင့် လူငယ်အချို့ နှင့် စကားပြောဖြစ်သည်။ သူတို့ က တော်တော်ပြင်းထန်သော အုပ်စုတွေဖြစ်သည်။ မကြာခင် အစိုးရကို အလိုမရှိကြောင်း ကြေငြာသော ပိုစတာကမ်ပိန်းများ ပြုလုပ်ကြတော့မည်ဟုဆိုသည်။ ဤအကြောင်းအရာကို အင်တာနတ်ကွန်ယက်နှင့် မပြုလုပ်ဝံ့ဟု ပြောဆိုကြသည်။ မီးမလာ၍ အင်တာနတ်ထိုင်ချိန် နည်းသော်လည်း ထိုင်မိသောအခါ မိမိ့၏ အီးမေးလ်များ လုံခြုံရေးမည်မျှ ရှိမည်နည်းဟု သူတို့ မှာ စိုးရိမ်စိတ်တွေ ရှိနေကြောင်း ပြောဖြစ်ကြသည်။ အထူးသဖြင့် အစိုးရကို အလိုမရှိကြောင်း သူတို့ က ကမ်ပိန်းလုပ်ကာ လှုံ့ ဆော်ကြမည်ဆိုလျှင် မည်မျှ အတိုင်းအတာအထိ ရောက်နိုင်မည်နည်းဟု တွက်ချက်ကြသည်။ အီဂျစ်မှာလို အင်တာနတ်မှ တူးနီးရှားလို အင်တာနတ်မှ ပြောစရာလို နေအုံးမည်လားဟု ပြောဆိုကြပါသည်။ မည်သို့ ပင်ဆိုစေ လူငယ်များထံမှ အစိုးရအလိုမရှိ ဆိုသော ပိုစတာကမ်ပိန်း တခုအကြောင်းကိုတော့ သည်ကနေ့ ကြားလိုက်ရသည်။ တခုခုကိုတော့ သူတို့  ယုံကြည်ကြသည်။ ယင်းမှာ သိန်းစိန်အစိုးရကို အလိုမရှိကြောင်း လက္ခဏာတခုခုပြချင်နေကြသည်။
နအဖစစ်အစိုးရ၏ ယခုလွှတ်တော်မှ ဖွဲ့ စည်းပေးလိုက်သော အစိုးရကို စာဖတ်သောဦးသိန်းစိန်က သမတရာထူးဖြင့် ဦးဆောင် အုပ်ချုပ်ပါမည်ဟု ဇေကမ္ဘာဦးခင်ရွှေက ပြောဆိုသံကြားမိလိုက်သည်။ စာဖတ်သောဦးသိန်းစိန်မှာ နအဖလက်ထက်တွင် ၀န်ကြီးချုပ် လုပ်နေစဉ် မည်ကဲ့သို့  တိုင်းပြည်တိုးတက်အောင် လုပ်ခဲ့ ပါသနည်းဟု စောဒကတက်ချင်သည်။ ဘာမျှ မလုပ်ဆောင်ခဲ့  ဟုသာ ပြောဆိုစရာရှိသည်။ ဆိုရလျင် ဒီလူ ဒီလှေတွေနှင့် ဘယ်လှေဖြင့် သွားသွား ဘယ်ကမ်းဘဲရောက်ရောက် စစ်ဖိနပ်ရာသာ အထင်းသားကျန်ရစ်ခဲ့ မည်။ ကောင်းတာ ဆို၍ ကျန်တာဘာမျှရှိနေလိမ့်မည် မဟုတ်။ အကြောင်းမှာ သူတို့ စိတ်ထဲမှာ စစ်သွေးကြွစိတ်များသာ ရှိနေသည်။ ရုပ်သေးအစိုးရလို ဖြစ်နေသည့် သူတို့ မှာ ဘာမျှ လုပ်ပိုင်ခွင့်လည်း ရှိမည် မဟုတ်သလို လွှတ်တော်ကိုယ်စားလှယ်အမတ်များနှင့် ၀န်ကြီးချုပ်တွေကအစ အားလုံးလက်ညိုးထောင် ခေါင်းညိတ်ကြသူများမဟုတ်သေး။ သမတပင်လျှင် ခေါင်းညိတ်နေရမည့် ဒင်းတို့ ဘ၀မှာ လက်ကလေးပိုက်ပြီးနေရသော ဦးနေ၀င်းလက်ထက်က သမတဦးစန်းယုနှင့် အတူတူပင် ဖြစ်နေသည့် ဘ၀နှင့် တထေရာတည်း။
ဤအစိုးရကို အဘယ့်ကြောင့် အမေရိကန်အစိုးရမှ ဆက်ဆံနေအုံးမည်ဟု ပြောနေသနည်းကို မခန့် မှန်းနိုင်။ ဘာကိုများမျှော်လင့်၍ ဆက်ဆံနေချင်သည်လဲ ဆိုသည်ကို မစဉ်းစားတတ်။ ဒီမိုကရစီလမ်းကြောင်း သွားနေသော နိုင်ငံများနှင့် စစ်အာဏာရှင်စနစ်ဖြင့် သွားနေသော လမ်းကြောင်းတို့ မှာ မည်သည့်အခါမျှ လမ်းဆုံမရှိချေ။ ထာဝရမျှဉ်းပြိုင်ဖြစ်နေလိမ့်မည်သာ။ နိုင်ငံရေးဆိုသည်က တူရာပေါင်းပြီး အသွင်မတူလျှင် လမ်းခွဲ ဆောင်ရွက်နိုင်သည်ဟု ပြောဆိုခြင်းမှာ မှန်ကန်သော်လည်း ယင်းမှာစံနစ်ဆိုးတခုကို အသွင်ကူးပြောင်းရေးအတွက် လုံလောက်သော အကြောင်းပြချက်မဟုတ်။ နိုင်ငံတခု၏ စနစ်ဆိုးတခုကို အသွင်ကူးပြောင်းရေးအတွက် အသွင်သဏ္ဍန်တူညီသော လူထုလူတန်းစားများမှ တညီတညွတ်တည်း လိုချင်သော အခြေအနေရှိနေရန်အထူးလိုအပ်သည်။ လူထုကလိုချင်သော်လည်း အုပ်ချုပ်သူအစိုးရက ဖီလာဆန့် ကျင်နေလျင် ယင်းအစိုးရကို ဖယ်ရှားရေးသည် အဓိကဖြစ်သည်။ ယင်းအစိုးရမျိုးကို အလိုမရှိကြောင်း တသံတည်းထွက်နေရမည်ဖြစ်သည်။
ကနေ့ မပြုတ်ကျလျင် မနက်ဖန် ပြုတ်ကျရမည်။ မနက်ဖန် ပြုတ်မကျလျင် သန်ဖက်ခါ ပြုတ်ကျရမည်ဟု အီးဂျစ်သမတ မူဘာရက်ကို အလိုမရှိသော အီဂျစ်ဘလော့ဂါ လူငယ်တဦးက သတင်းစာများမှ ရေဒီိယိုများမှ ထုတ်ဖေါ်ပြောလိုက်သည်ကို တွေ့ လိုက်ရသည်။ သူတို့ ၏ ကြွေးကြော်သံအတိုင်း မူဘာရက်အလိုမရှိ ဆိုသော ကြွေးကြော်သံမှာ သူတို့ နိုင်ငံသာမဟုတ်။ တကမ္ဘာလုံး ညံနေတော့သည်။ ဘာကိုမျှ တွေ့ ဆုံဆွေးနွေးရန် မတောင်းဆိုတော့။
သေခမ်းရှင်ခမ်း ပြတ်နေကြပြီ။ သံယောဇဉ်တွေ ကုန်နေကြပြီ။ သံယောဇဉ်တွေ မကုန်သော မူဘာရက် ၏ အလိုတော်ရိများကမူ လမ်းမပေါ်မှာ တန်ပြန်တိုက်ခိုက်လာနေကြသည်။ ယင်းမှာ ယင်းနိုင်ငံ၏ ပြသနာကို ဖြေရှင်းနိုင်သော အခြေအနေကောင်း တရပ်မဟုတ်မှန်း နိုင်ငံတကာက သိသည်။
မြန်မာနိုငံ၏ အနေအထားမှာ အီ၈ျစ်လို နိုင်ငံမျိုးနှင့် လှုပ်ရှားရေးအသွင် သဏ္ဍန်မတူနိုင်။ စစ်အစိုးရက လက်ထဲမှာရှိနေသော သေနတ်ကို သေသေချာချာ အသုံးချသည်။ ဘုန်းကြီးကော သီလရင်ကော သူတောင်းစားကော ဆိုက္က်ားသမားကော ကိုယ်ဝန်ဆောင်ကော ချန်မထား။ အကုန်လုံးပစ်သတ်မည်။ သည်လိုစိတ်ထားစိတ်ယုတ် ရှိနေသော စစ်အစိုးရနှင့် လက်နက်မဲ့ ပြည်သူတို့ မှာ မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်။ တခြားလူကို မပြောနှင့် ။ သူတို့ အချင်းချင်းပင် ဇတ်တူသားစားနေသေးသည်။ ၁၉၈၈- ခုနှစ်က ဒီမိုကရေစီအရေးတော်ပုံ ကို အကောင်းဆုံး ဖြေရှင်းအနိုင်ယူခဲ့ သော န၀တစစ်အစိုးရ၏ သစ္စာအရှိဆုံး နွားကြီးခင်ညွန့် မှာ ယခုအချိန်တွင် ခွေးလုံးလုံးဖြစ်သွားသည်။ အတွင်းရေးမှူး-၂- မှာမူ အသက်သေဆုံးခဲ့ ရပြီ။ သည်တော့ သူတို့ မှာ သစ္စာတရားဆိုသည်မှာ ဘယ်လိုမျှ မရှိ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသေဆုံးလျှင် သန်းရွှေအုဌ်ဂူကို မည်သူက ထိမ်းသိမ်းထားမည်နည်း။ ၀ှက်ထား၍လည်း ရမည်မဟုတ်။ တနေ့  ပြန်လည်ရှာတွေ့ သည်နှင့် ယင်းအုဌ်ဂူကို ဖနောင့်စာကျွေးကြမည်မှာ သေချာသည်။ သူတယောက်တည်းမဟုတ်။ နအဖစစ်အုပ်စုတခုလုံး အုဌ်ဂူများကို ပြောခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ပြုခဲ့ သော ကံတရားက ယင်းအချိန်မှာ သူတို့ အပေါ် မျက်နှာသာပေးမည်မထင်။
အတည်မပြုနိုင်သော သတင်းတပုဒ်အရ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကို ဖမ်းဆီးထားလိုက်ပြီ ဆိုသော သတင်းကြားရသည်။ ဖြစ်နိုင်ခြေ အများဆုံးရှိသည်ဟု သုံးသပ်မိသည်။ သူတို့ မှာ တဦးအပေါ် တဦးကောက်ကျစ်နေသူများ ဖြစ်ရာ
ဖမ်းဆီးထားလိုက်ပါပြီဟု ပြောသည်နှင့် လူတွေက အလိုလို လက်ခံယုံကြည်ပြီးသား ဖြစ်နေပြီ။ နေပြည်တော်မှလာသော သတင်းတပုဒ်မှာ ဦးသိန်းစိန်ကို စစ်တပ်ကိုယ်စားလှယ်များမှ ဘ၀င်မကျဖြစ်နေသည်ဟု ကြားရသည်။ အကြောင်းမှာ ကြံ့ဖွံ့ကိုယ်စားလှယ်များကို နေရာပေးသည်ထက် အာဏာအပြည့်အ၀ပေးထားသလို လဒ်စား၍ရသော နေရာများစွာတွင် ပို၍နေရာပေးထားသည်ဟု သတင်းထွက်နေသည်။ သမတလစာငွေ သိန်း( ၅၀ ) ကိုလည်း ကြံ့ဖွံ့က ၀န်ကြီးတွေ၏မိသားစုများကို ပထမဆုံးလက်ဆောင်အဖြစ် ဦးသိန်းစိန်မှ ပေးမည်ဖြစ်ကြောင်း ဇေကမ္ဘာဦးခင်ရွှေက ပြောဆိုကြောင်း အသံတွေကြားနေရသည်။
ယခုလွှတ်တော်က ရွေးချယ်လိုက်သော အစိုးရအဖွဲ့ ဝင်များမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီမှာ ကျမ်းသစ္စာကျိန်ဆိုရမည်လား ။သို့ မှမဟုတ် လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုရမည်လား မဝေခွဲတတ်ဖြစ်နေကြသည်။ လောလောဆယ်မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီးနောက် နိုင်ငံတကာတွင် သာသနာ့ဥသျှောင် အဖွဲ့ အစည်းဖြစ်ပေါ်လာရာ ယင်းအဖွဲ့ အစည်းနာမည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြိုက်နှစ်သက်၍ နိုင်ငံ့ဥသျှောင် အဖွဲ့ တခုကို ဖွဲ့ စည်းရန် ပြုလုပ်နေပြီဟုလည်း သိရသည်။ နိုင်ငံဥသျောင် အဖွဲ့ ထံတွင် ကျမ်းသစ္စာကျိန်ဆိုရမည်ဖြစ်ရာ လွှတ်တော်တွင် ကျိန်ဆိုရသည်ထက် ကြောက်စရာကောင်းသည်ဟု ပြောဆိုနေကြသည်။ ထူးခြားနေမူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်ထံတွင် ကျမ်းသစ္စာကျိန်ဆိုရာ၌ မတ်တပ်ရပ်ပြီး ကျိန်ဆိုရခြင်းမဟုတ်ဘဲ ကြမ်းပြင်တွင် ပုဆစ်ဒူးတုပ်ကာ လက်ဆယ်ဖြာ ထိပ်မှာမိုး ရှိခိုးပြီး ကျိန်ဆိုရမည်ဟု နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေသော ဟိုတယ်၌ ပြောဆိုနေကြကြောင်း ကြားသိရသည်။
နောက်ဆုံးရ သတင်းတပုဒ်မှာ ဦးသိန်းစိန်အနေဖြင့် မည်သည့်နည်းနှင့်မျှ လက်မလှုပ် ခြေမလှုပ်သာ ဖြစ်နေရသည်ဟု ဆိုသည်။ ယခင်က အတွဲညီခဲ့ သော နိုင်ငံခြားရေးဝန်ကြီး ဦးညဏ်ဝင်းမှာ ၀န်ကြီးပြုတ်သွား၍ ခေါင်းစားနေသည်ဟု ဆိုသည်။ ဦးညဏ်ဝင်းပြုတ်သွားရခြင်းမှာ လွန်ခဲသော့နှစ်က ကုလသမဂ္ဂညီလာခံကို တက်ရောက်စဉ် နယူယောက်မြို့ မှာ ဖိနပ်ဖြင့် ပစ်ပေါက်ခံရမူနှင့်ပတ်သက်၍ ယင်းအချိန်ကပင် ဦးသိန်းစိန်နှင့် ပဏာမစားတော့သောကြောင့် ပြုတ်သွားခြင်းဟု သုံးသပ်နေကြသည်။ နယူးယောက်မြို့ မှ ဒီမိုကရေစီအတိုက်အခံများက ဦးသိန်းစိန်နှင့် ဦးညဏ်ဝင်းတို့ နှစ်ဦးကို ကုလညီလာခံတက်ရောက်မည့်ဆဲဆဲ ဖိနပ်ဖြင့် ပစ်ပေါက်သောကြောင့် နယူးယောက်ရဲများ ယင်းအချိန်၌ အလုပ်ရုပ်သွားရသည်။ ယင်းဖိနပ်ပေါက်ခံရသော ဦးသိန်းစိန်အကြောင်းကို တကမ္ဘာလုံးမှ လူတိုင်းသိရှိကြပြီးဖြစ်ရာ ပူပူနွေးနွေး လွှတ်တော်ကိုယ်စားလှယ်များ သိအောင် အသိပေးလိုက်ရပါသည်။ အထူးသဖြင့် ဦးညဏ်ဝင်းမပါသောကြောင့် ယခုအစိုးရမှာ အကြံပေးမရှိဖြစ်နေရသည်။ သည်တော့ ယခုလွှတ်တော်မှ ဖွဲ့ စည်းလိုက်သော သူဦးဆောင်သည့် အစိုးရကို ပါတီစုံအစိုးရဟု ခေါ်ဝေါ်ရမလား။ သို့ တည်းမဟုတ် အရပ်သားအစိုးရဟု ခေါ်ဝေါ်ရမလား မည်သို့ မျှ မဝေခွဲနိုင်မှန်း ဖြစ်နေသည်ဟု သိနေကြသည်။ ပါတီစုံအစိုးရဟု ခေါ်ဝေါ်လိုက်သည်နှင့် ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲ အရိပ်မဲကြီးက လွှမ်းခြုံခြောက်လှန့် နေသဖြင့် ယင်းအမည်ကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြိုက်နှစ်သက်ဖြစ်နေသည်ဟု ဆိုသည်။ သမတဦးသိန်းစိန်မှာ သူ့ အစိုးရကို သူကိုယ်တိုင် နာမည်မပေးနို်င်လောက်အောင် အခွင့်အာဏာ မရှိဖြစ်နေသောကြောင့် လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်မည်ဟု သတင်းတွေ ထွက်ပေါ်နေသည်။ စာဖတ်သောဦးသိန်းစိန်မှာ စာအုပ်စာပေထဲမှ အသိပညာမရဘဲ မိမိအစိုးရကို အမည်ရွေးရန် ယတြာကောင်းကောင်း ပြုလုပ်ရအုံးမည်ထင်သည်။ မည်သို့ ပင်ဆိုစေ နာမည်မရှိသောအစိုးရ သို့ မဟုတ် သိန်းစိန် အစိုးရကို အလိုမရှိ ဆိုသော ပိုစတာကမ်ပိမ်းကိုမူ လူငယ်တွေက ဦးဆောင်လှုပ်ရှားကြတော့မည် ဆိုခြင်းကိုမူ ကြားနေရခြင်းသည်ပင် မင်္ဂလာတပါးပေတည်း။

ခိုင်အောင်ကျော်( နယူးယောက် )

အနာဂါတ်ကို ဘယ်သူကြိုသိနိုင်သလဲ( မောင်မောင်ဝမ်း )


(မောင်မောင်ဝမ်း )

စစ်အာဏာရှင်များက လွှတ်တော်ခေါ်ပေးပြီး အစိုးရလည်းဖွဲ့ရော..ကျနော်တို့ အတိုက်အခံအင်အားစုများအပါဝင် တော်တော်များများ..စိတ်ထိခိုက်မူ့တွေဖြစ်ကုန်ကြတယ်ဆိုတာအားလုံးလည်းသိနေကြပါတယ်။ပိုဆိုးတဲ့အချက်က တယောက်နဲ့ တယောက် တဖွဲ့နဲ့တဖွဲ့ အပြစ်တွေဖို့ပြီး သူ့ကြောင့်၊ငါ့ကြောင့်၊ ဒီလိုမလုပ်လို့ --ဟိုလိုမလုပ်လို့နဲ့ ပြောဆိုဝေဖန်မူ့များလည်းညံထွက်လာပါတယ်။ကိုယ်ပစ်ရမဲ့မြှားတွေဟာပစ်မှတ်ရှိရာကိုမရောက်နိုင်တော့ပဲ..ကိုယ့်အင်အားစုတွေရဲ့အပေါ်ပြန်ကျနေတဲ့ အလားနဲ့သဏ္ဍန်တူနေတယ်ဆိုရင်လွန်များသွားမလား၊စဉ်းစားကြည့်ရအောင်ပါ-------------
ကျနောတက္ကသိုလ်ကျောင်းသားဘ၀မှာ..နိုင်ငံရေးကိုစိတ်ဝင်စားပြီးနိုင်ငံရေးစာပေတွေဖတ်..စကားတွေပြော. .ဆွေးနွေးပွဲတွေလုပ်နေတုန်းကပေါ့..၈၈လူထုအရေးတော်ပုံကြီးလည်းမပေါ်ပေါက်သေးဘူး….မတ်လ၊ဇွန်လကျောင်းသားလှုတ်ရှားမူ့တွေလည်းမဖြစ်သေးဘူး ( ဒါပေမဲ့ နည်းနည်းတော့ အချိန်ကပ်နေပြီ )…ကျနော်က ရန်ကုန်တက္ကသိုလ်ဝန်းထဲက အင်းဝဆောင်မှာနေတော့လှည်းတန်းလမ်းမတို့ပြည်လမ်းမတို့နဲ့ကနီးတယ်လေ..နေ့စဉ်မကြာခနအပြင်ထွက်တိုင်းရောက် ဖြစ်တယ်…အမြဲတွေ့နေကြမြင်ကွင်းတခုကတော့စစ်ကားတွေတ၀ီဝီ..၀စီမှုတ်သံတညံညံနဲ့..ဖြတ်သန်းသွားလာနေတဲ့ နိုင်ငံတော်အကြီးအကဲများလို့ခေါ်တဲ့သူများရဲ့ယာဉ်တန်းတွေပါ..၊ကားတွေပေါ်မှာလက်နှက်ကိုင်လုံခြုံရေးအပြည့်ပါယုံတင်မက..သူတို့သွားလေရာလမ်းတလျှောက်က..ဘေးဝဲယာလမ်းမတွေပေါ်ကအိမ်ဝိုင်းခြံဝန်းတွေထဲမှာလည်းလုံခြုံရေးစစ်သား များကလည်း..နေရာယူထားသေးသဗျ၊ သူတို့ကိုကြည့်ပြီး ကျနော့်စိတ်ထဲမှာဘာဖြစ်လာသလည်းဆိုတော့…ဒီလိုလူတွေကို အန်တုပြီးတော်လှန်ဘို့ဆိုတာဖြစ်ရောဖြစ်နိုင်ပါ့မလား..တို့မှာကလက်နှက်ဆိုလို့..ဓါးမြှောင်တချောင်းတောင်ကောင်းကောင်းရှိတာမဟုတ်…ကျနော်တို့ဆွေးနွေးခဲ့ဘူးတဲ့..လူထုအုံကြွတော်လှန်မူ့နဲ့ဆိုတာကရော..အပြောလွယ်သလောက်အလုပ်ရော ဖြစ်ပါ့မလား…နောက်တခါမြို့ထဲကိုသွားတိုင်းပြည်သူ့လွှတ်တော်အဆောက်အဦရှေ့ကဖြတ်ဖြတ်သွားရတော့..လွှတ်တော်ကျင်းပနေချိန်များဆို…သက်ဆိုင်ရာကိုယ်စားလှယ်တွေရဲ့ခမ်းနားထည်ဝါမူ့တွေ…အဆောင်မှာပျင်းလို့ရုပ်မြင်သံကြားကြည့်တဲ့အခါတိုင်းရှောင်လို့မရပဲကြည့်နေရတဲ့နိုင်ငံတော်ခေါင်းဆောင်ဆိုသူများရဲ့လှုတ်ရှားမူ့နေ့တဓူဝမှတ်တမ်းတွေ… ပြည်သူတွေအပိုင်းကိုကြည့်မယ်ဆိုရင်လည်း..အစိုးရလှုတ်ရှားဆောင်ရွက်နေမူ့မှန်သမျှကိုပြစ်တင်ဝေဖန်ရှုတ်ချဆန့်ကျင်သူဆိုတာမတွေ့ရလောက်အောင်ရှားပါးဆိုတော့..အားလုံးကိုခြုံလိုက်ရင်သိမ်ငယ်စိတ်မသိမသာဝင်ခဲ့မိတယ်..ဒီလိုအနေထား မျိုးမှာလက်ရှိခန့်ခန့်ညားညားတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ)ကိုဖြုတ်ချဘို့ဆို တာ လေထဲ တိုက်အိမ်ဆောက်ရသလိုမျိုးများလား ဆိုတဲ့အတွေးတွေက ကိုယ့်ကိုယ်ကိုယ်ခြောက်လှန့်ခံရတာ မကြာခနပါ။ အဆင်မသင့်ရင်..ဘ၀ပျက်နိုင်မဲ့ကိန်းဆိုတော့ကြောက်တာသိပ်မဆန်းဘူးထင်ပါတယ်။မဆလအစိုးရကိုတော်လှန်တိုက် ခိုက်ဖယ်ရှားပစ်ရမယ်ဆိုတဲ့ကိစ္စမှာကျနော်အဲဒီအချိန်အခါကနိုင်ငံရေးအတွေးခေါ်တွေ၊အယူအဆတွေဘာတွေသိပ်သိတာမဟုတ်ပါဘူး၊တိုင်းပြည်ရဲ့နိမ့်ကျလာတဲ့စီးပွားရေး၊လူထုရဲ့ဆင်းရဲမွဲတေမူ့၊ပညာရေးကျန်းမာရေးအဆင့်တန်းပျက်စီးလာမူ့တွေကိုမြင်တွေ့တိုင်း အုပ်ချုပ်သူအစိုးရကိုကြည့်ပြီးငြိုညင်လာရာက ဆန့်ကျင်ချင်တဲ့စိတ်တွေ ဖယ်ရှားပစ်ချင်တဲ့ခံစားမူ့တွေ ကိန်းအောင်းလာခဲ့တာဆိုပိုမှန်ပါလိမ့်မယ်။ ဒီလိုစိတ်တွေဝင်ပြီး မပြောပလောက်ဘူးလို့ထင်တဲ့လှုတ်ရှားမူ့များကိုလည်း မရဲပဲနဲ့ကျွှဲပြဲစီးနေရသလို လုပ်ခဲ့မိပါတယ်။ ဒါပေမဲ့..နောက်လာလတ္တံ့သော တနှစ်ကျော်ကျော်လောက်အတိုင်းအတာမှာ အဆိုပါမဆလတပါတီအာဏာရှင်အစိုးရဟာဘုန်းဘုန်းလည်းပြိုကျပြီးမြန်မာ့လူထုကြားမှာမျက်နှာပမ်းမသာမယာဖြစ်သွားလိမ့်မယ်ဆိုတာ တန်ခိုးရှင်တယောက်ကပြောမယ်ဆိုရင်တောင် လုံးလုံးယုံကြည်ခဲ့မိမှာမဟုတ်တာသေချာပါတယ်လေ၊ အဲဒီအချိန်အခါတုန်းက အမြင့်နေရာတွေမှာရှိခဲ့တဲ့ အာဏာပိုင်များဟာလည်း နောက် တနှစ်ခွဲလောက်အကြာမှာ ငါတို့ဟာ ခွေးကျဝက်ကျနဲ့လူတွေရဲ့အကြည့်စိမ်းတွေအောက်မှာထာဝရရောက်သွားတော့မယ်ဆိုတာကိုနည်းနည်းလေးမှစိုးရိမ်မူ့မရှိမှာသေချာပါတယ်။လူထုကလည်းမဆလတပါတီအာဏာရှင်အစိုးရကိုကမ္ဘာတည်သရွေ့ထင်နေမိသလိုအုပ်ချုပ်နေသူများကလည်း သူတို့နေရာအသီးသီးမှာ ကမ္ဘာတည်သရွေ့ထင်ခဲ့မိမှာမလွဲပါဘူး၊
ယခုနအဖစစ်အာဏာရှင်များလက်ထက်လွှတ်တော်ကနေပေါ်ပေါက်လာမဲ့အစီအစဉ်များကိုကျနော်ခံစားကြုံတွေ့ခဲ့ရတဲ့အရာများနဲ့ချိန်ထိုးပြမယ်ဆိုရင်တောင်မှ..အရင်ကဖြစ်ခဲ့တဲ့ပုံသဏ္ဍန်ကတမျိုး…အခုဖြစ်နေတဲ့ပုံစံကတမျိုးမတူဘူးလို့ ဆင်ခြေတွေနဲ့ ဆန့်ကျင်ခံရင်တောင်မှခံရနိုင်ပါတယ်။ အနတ္တ ( ဘယ်အရာမှအစိုးမရခြင်း ) ကိုအစိုးရချင်တာ လူသားတွေရဲ့သဘာဝပါ ၊ အနတ္တဆိုတဲ့ တရားသဘောကိုမဆင်ချင်နိုင်လို့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်များဟာ ကမ္ဘာတည်သရွှေ့ကိုစိတ်ကူးယဉ်နေတာပေါ့နော။တူနီးရှားသမတဟာလွန်ခဲ့တဲ့နှစ်ကငါနောက်ထပ်တနှစ်အကြာတိုင်းပြည်ကထွက်ပြေးရတော့မယ်ဆိုစဉ်းစားမိပါသလား….စဉ်းရောစဉ်းစားမယ်ထင်ပါသလား….ထို့အတူအီဂျစ်သမတကြီးမူဘာရတ်ဟာ..ငါ့ကိုတတိုင်းပြည်လုံးက..ဆန့်ကျင်လိမ့်မယ်ဆိုကြိုတင်ပြင်ဆင်ထားမူ့တွေနဲ့အသင့်လုပ်ထားတယ်ထင်ပါသလား…….ဝေးပါတယ်…သူတို့ကိုယ်သူတို့စဉ်းစားနေမှာကတော့..ကမ္ဘာကုန်တည်သရွေ့ငါအာဏာရှိနေမှာပဲဆိုတဲ့အတွေးများသာဖြစ် နေပါလိမ့်မယ်…၊ထို့နည်းတူစွာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်က မရှုမလှဇာတ်သိမ်းသွားရတဲ့သူတွေရဲ့ဖြစ်စဉ်တွေအများကြီးပါ။
ကျနော်လေ့လာမိသလောက်အာဏာရှင်နိုင်ငံတွေမှဒီမိုကရေစီပြောင်းလည်းလာတဲ့နိုင်ငံတွေကပြည်သူတွေတော်တော်များများဟာဒီမိုကရေစီနိုင်ငံတော်မရောက်သေးခင်အာဏာရှင်အအုပ်ချုပ်ခံဘ၀မှာသူတို့အုပ်ချုပ်သူအစိုးရဘာပဲလုပ်လုပ်…အတည်ထင်သွားမိတတ်ကြတာပါပဲ၊အုပ်ချုပ်သူလုပ်သမျှကိစ္စအ၀၀ကိုကြီးကျယ်ခန်းနားပြီးပယ်ဖျက်လို့မရနိုင်လောက် အောင်ခိုင်မြဲတယ်လို့ယူဆမိတတ်ကြပါတယ်၊အုပ်ချုပ်သူများကလည်းသူတို့အတွက်ကမ္ဘာကုန်တည်သရွေ့ဆိုတဲ့လေထဲတိုက်အိမ်နဲ့ပြောတတ်ဆိုတတ်လေတော့…လူထုခမျာပိုရှိန်ကြတော့တာပေါ့။ဒီအထဲကမှဖောက်ထွက်လာတတ်တဲ့လူနည်းစုလက်တဆုတ်စာလူစုကစတင်လို့ဘ၀ပျက်သွားတဲ့အာဏာရှင်အဆက်ဆက်တွေဆိုတာသမိုင်းစာမျက်နှာတွေပေါ်မှာအထင်အရှားမြင်တွေ့နိုင်ပါတယ်။
နောက်တခါဘာကိုစဉ်းစားမိသလည်းဆိုတော့..ကျနော်တို့ငယ်ငယ်ကအရပ်ထဲမှာရှိတဲ့ဘောလုံးအသင်းကိုသွား သတိရမိပါတယ်…တရပ်ကွက်နဲ့တရပ်ကွက်ဘော့လုံးပြိုင်ကြတဲ့အခါနိုင်တဲ့နေ့ဆိုရင်ပျော်တပြုံးပြုံးနဲ့ပြန်လာကြပေမဲ့ရှုံးတဲ့နေ့ဆိုသူ့ကြောင့်ငါ့ကြောင့်ဆိုတဲ့အပြစ်တွေကိုမပြတ်တမ်းစွပ်စွဲရန်ဖြစ်ကြတော့တာပဲ၊ဒါပေမဲ့အခုလက်ရှိနိုင်ငံရေးကိုသုံးသပ်ကြည့်ရအောင်ပါ….ကျနော်တို့ ရှုံးနေတာလား…ဘယ်သူမှ တိုက်ပွဲတခုကို ဖန်တီးတိုက်ခိုက်တဲ့ အခါ ရှုံးအောင်ကို တိုက်မယ်ဆိုတဲ့သူ ရှိနိုင်မယ်မထင်ပါဘူး၊ ဟာကွက် ပျော့ကွက်တွေဆိုတာ..နေရာတိုင်းမှာရှိနေတာပါ၊ ကျနော်နဲ့ facebook ပေါ်မှာလူငယ်တွေတွေ့ကြတော့..သူတို့မေးတာတခုရှိတယ်…သူတို့နိုင်ငံရေးကိုစိတ်အားထက်သန်တယ်..သူတို့တိုက် လို့ရောရနိုင်ပါ့မလားတဲ့….ကျနော်ပြန်ပြောမိတဲ့စကားရှိပါတယ်….ငါတို့ခေတ်တုန်းက ကိုယ်ယုံကြည်တာလေးတွေကိုရေးဘို့ ဝေငှဘို့ဆိုတာတော်တော်ခက်တဲ့ကိစ္စတခုပါ..ကျောင်းသားလှုတ်ရှားမူ့တွေလုပ်တော့တောင်သဘောထားယုံကြည်ချက် တွေကိုသိနိုင်ဘို့ဖရောင်းစက္ကူကိုကညစ်နဲ့ရေးမီးချောင်းအရှည်နဲ့လှိမ့်ဖြန့်ခဲ့ရတာ..ဘယ်လောက်ဖြန့်နိုင်မလည်းကွာ…. ဒါတောင် မဆလ အစိုးရကို အလဲထိုးနိုင်ခဲ့တယ်..မင်းတို့ခေတ်မှာ တခြားဟာ မကြည့်နဲ့ facebook လိုဟာမျိုးထဲမှာ ကိုယ်ယုံကြည်တာတွေတင်ရေး..လူသိန်းနဲ့ချီပြီးရောက်သွားတာ….စဉ်းစားသာကြည့်တော့နောက်တခါမြန်မာပြည်မှာတခုခုမဖြစ်လိုက်နဲ့ကမ္ဘာနဲ့အ၀ှမ်းမိနစ်ပိုင်းလေးအတွင်းမှာအကုန်ရောက်သွားပြီ….တော်တော်များများသိကုန်ပြီ၊လုပ်သင့်တာတွေကိုပြင်ဆင်နိုင်ပြီ…ဘယ်လောက်ကွာလည်း..ဘယ်လောက်ကွာလည်း…..ဒီလိုအခြေနေရပ်တွေကြောင့်လည်းဗိုလ်ချုပ်မှုး ကြီးကိုယ်တိုင်ဝန်ခံရတာမဟုတ်လား..မီဒီယာထိန်းချုပ်ဘို့ခက်တယ်ဆိုတာ..၊ဒီလိုအခြေနေမျိုးမှာဒီလိုအစိုးရမျိုးမှပြုတ်မကျဘူးဆိုရင်..အဲဒီအခါကျမှ ငါတို့တော်တော်ညံ့နေသေးတယ်လို့ဝန်ခံပစ်မယ်။နောက်ဆုံးမပြုတ်ရင်တောင်မှ ပြောင်းရမယ်၊
ကျနော်အားလုံးကိုမေးချင်တာတခုရှိတယ်..နအဖစစ်အာဏာရှင်များဟာ..သူ့ဟာသူလည်းဒီအတိုင်းနေရင်ရတာပါပဲ…ဘာလို့ရွေးကောက်ပွဲကျင်းပ..လွှတ်တော်လုပ်….တချို့စစ်ဗိုလ်တွေကိုကြိုက်မှန်းသိမကြိုက်မှန်းသိ..ယူနီဖောင်းချွှတ်… နိုင်ငံရေးတွေထဲဝင်ခိုင်း စသဖြင့်ပေါ့..အဲဒါတွေ..ဘာလို့လုပ်နေဘို့လိုတာလည်း…..
ကျနော့်အမြင်ကိုပြောကြည့်မယ်….နိုင်ငံတကာထောက်ခံမူ့အတွက်လုပ်နေတာ
ဘာလို့နိုင်ငံတကာထောက်ခံမူ့လိုချင်တာလည်း………..
နိုင်ငံတကာက စီးပွားရင်းနှီးမြူတ်နှံမူ့တွေလိုချင်လို့…နောက်တခါ သူတို့ရဲ့နိုင်ငံရေးသြဇာကို ခိုင်ခံ့ချင်လို့
သူတို့ရည်မှန်းတဲ့အတိုင်းဖြစ်လာမယ်လို့ထင်သလားလို့မေးမယ်ဆိုရင်..မထင်ပါဘူးလို့ပဲဗြောင်ပြောပရစေ…၊ဒါဆို တိုင်းပြည်စီးပွားရေးက ဒုံရင်းဒုံရင်းနဲ့ပဲချာလပတ်ရမ်းနေဦးမှာပါ..၊ လာရောက်ရင်းနှီးမြူတ်နှံမဲ့သူတွေရှိခဲ့မယ်ဆိုရင်တောင်မှ မဖြစ်ညစ်ကျယ်အဆင့်ထက်မပိုနိုင်လောက်ပါဘူး၊ ဒါဆို ဗျူဟာကျကျစီစဉ်ထားတဲ့ ရွှေးကောက်ပွဲနဲ့ လွှတ်တော်ဟာ အကျိုးအနည်းငယ်ရှိနိုင်တာကလွဲလို့ မှန်းချက်နဲ့နှမ်းထွက်တော့ကိုက်မဲ့အစီအစဉ်မရှိဘူးဆိုတာကြိုမြင်နေရပါတယ်။
တကယ်တော့၈၈လူထုအရေးတော်ပုံကြီးကစလို့..စစ်အာဏာရှင်များရဲ့လွှတ်တော်ပေါ်ပေါက်လာချိန်ထိ အတိုက်အခံဒီမိုကရေစီအင်အားစုများရဲ့လှုတ်ရှားမူ့များဟာအရေးနိမ့်သွားပြီလက်လွတ်ဆုံးရှုံးသွားပြီလို့တော့ကျနော်လုံးဝမမြင်မိပါဘူးစီးပွားပုံစံတခုနဲ့ပြောရရင်ရင်းနှီးမြုတ်နှံပြီးအမြတ်ရရှိဘို့ကြိုးစားနေချိန်ကာလမှာ စီးပွားပျက်နေပြီလို့မြင်မယ်ဆိုရင် နဂိုကထဲကဒီစီးပွားမလုပ်တာအကောင်းဆုံးပါ၊တကယ်လုပ်ဆောင်နေရသူတွေမှာအခက်ခဲတွေတလှေကြီး အန္တယာယ်တွေ အနန္တ နဲ့ရင်ဆိုင်နေရတာပါ…မြန်မာ့ဒီမိုကရေစီရေစီးကြောင်းဟာ ရပ်တန့်နေသေးတာမဟုတ်ပါဘူး ဆက်လက်စီးဆင်းမြဲပါ။
နောက်တခါတူနီးရှားတို့အီဂျစ်တို့နဲ့ အရှေ့အလယ်ပိုင်းမှာဖြစ်ပျက်နေတဲ့ကိစ္စများဆီ တချက်လှည့်ကြည့်ရအောင်ပါ ၊ တူနီးရှားနဲ့ အီဂျစ်မှာ လူထုအုံကြွမူ့တွေဖြစ်နေတော့ ကျနော်တို့နေထိုင်ရာဒေသမှာ တူနီးရှားတွေ အီဂျစ်တွေရှိပါတယ် သူတို့နဲ့ကျနော်တွေ့ဆုံရင်းစကားတွေပြောဖြစ်ခဲ့ပါတယ်။တူနီးရှားတယောက်ကဘာပြောသလည်းဆိုတော့….သူတို့လူထုက တော်လှန်လို့သာ တော်လှန်တာတဲ့ တကယ်တော့ အခုထွက်ပြေးသွားတဲ့ အာဏာရှင်ခေါင်ဆောင် အစိုးရကို တော်တော်ကြောက်ကြတယ်တဲ့….တခါ..အီဂျစ်တွေကလည်းဒီအတိုင်းပဲပြောပါတယ်..အီဂျစ်မှာရှိနေတဲ့ပြည်သူလူထုကြီးဟာမူဘာရတ်အစိုးရကိုဒီလောက်ထိရဲရဲဝံ့ဝံ့အုံကြွတော်လှန်လိမ့်မယ်လို့တောင်သူတို့မထင်မိခဲ့ဘူးတဲ့…လူထုဟာ..အစိုးရကိုတော်တော်ကြောက်ရွံ့ကြတယ်တဲ့……..ကျနော်စိတ်ထဲမှာကောက်ချက်လေးတခုတော့ရှိနေပြီ…ဒါနဲ့ပဲသုတေသနတခုလိုသဘောထားပြီး…ကျနော်လိုက်လံစစ်တမ်းကောက်ကြည့်ခဲ့တယ်အများကြီးတော့မဟုတ်ပါဘူး..လက်လှမ်းမှီသလောက်ပေါ့ အမေရိကားမှာနေထိုင်နေတဲ့ တူနီးရှား ၊ အီဂျစ် ၊ တောင်ကိုရီးရား ။ တောင်အာဖရိက၊ ဘော့စနီးယား စတဲ့ နိုင်ငံသားတွေထဲက တချို့ကိုစစ်တမ်းကောက်ကြည့်တဲ့ အခါ အောက်ပါ အဖြေတွေ ထွက်လာခဲ့တယ်…..
  • လူထုတရပ်လုံးဟာ ကြောက်ကြောက်နဲ့ပဲတော်လှန်ခဲ့တယ်
  • နိုင်ငံရေးကိုယုံကြည်လုပ်ဆောင်သူတော်တော်များများဟာပထမမှာလူထုရဲ့နိုင်ငံရေးလိုက်ပါဆောင်ရွက်နိုင်မူ့အားကိုကြည့်ပြီး ၊ နိုင်ငံရေးသမားများရဲ့လုပ်ဆောင်ချက်တွေ ကိုယ်ကျိုးစီးပွားအတွက်လုပ်ဆောင်မူ့တွေကိုမြင်ပြီး စိတ်ဓါတ်တွေကျဆင်းခဲ့ကြတယ် အားမရမူ့တွေဖြစ်ခဲ့တယ်
  • မိမိ တော်လှန်လိုတဲ့ အာဏာပိုင်များရဲ့ ခန်းနားထယ်ဝါမူ့တွေ ၊ ရက်စက်မူ့တွေ ၊နှိပ်ကွပ်မူ့တွေကိုကြည့်ပြီး တော်လှန်ရေး ဘယ်တော့မှအောင်မြင်ဘို့မလွယ်တော့ပါဘူးလို့ ထင်ရောင်မှားမိကြတယ်
  • တော်လှန်ရေးတကယ်အောင်မြင်တဲ့အခါမှာတော့ဒါတွေအားလုံးကွယ်ပျောက်သွားပြီးအိပ်မက်တခုလိုတောင်ခံစားခဲ့ရတယ်…ဆိုတဲ့ စတဲ့ စတဲ့ ကောက်ချက်တချို့ကိုရခဲ့ပါတယ်။
မြန်မာနိုင်ငံကနိုင်ငံရေးကိုယုံကြည်ချက်ကြောင့်စိတ်ဝင်စားသူပဲဖြစ်ဖြစ်လုပ်ဆောင်နေသူများပဲဖြစ်ဖြစ်အားလုံးနီးပါး လောက်ဟာလည်း..သူတို့ခံစားခဲ့ရပုံတွေ…ကြုံတွေ့ခဲ့ရပုံတွေ….အားမရဖြစ်ခဲ့ရပုံတွေနဲ့တသားထဲတထပ်တည်းမဟုတ်တောင် သိပ်တော့ခြားနားမူ့မများလောက်ပါဘူး အထက်ဖော်ပြပါအချက်ထဲမှာ (မိမိ တော်လှန်လိုတဲ့ အာဏာပိုင်များရဲ့ ခန်းနားထယ်ဝါမူ့တွေ၊ရက်စက်မူ့တွေ၊နှိပ်ကွပ်မူ့တွေကိုကြည့်ပြီးတော်လှန်ရေးဘယ်တော့မှအောင်မြင်ဘို့မလွယ်တော့ပါဘူးလို့ ထင်ရောင်မှားမိကြတယ်)ဆိုတဲ့ အချက်က သိပ်အရေးကြီးတယ်ဗျ ကျနော် တို့ ၈၈ လူထုတော်လှန်ရေးကြီးဟာ အရှိန်တော်တော်မြင့်မားနေတဲ့အချိန်ကိုရောက်နေတာတောင်မှ မဆလ တပါတီအာဏာရှင်များဟာ လွှတ်တော်ကြီးကို ခန်းခန်းနားနားကျင်းပပြီး လုပ်ကောင်းနေတုန်း အကြောင်းမသိသူများဆိုရင် “ ရှိန် ” သွားလောက်တယ်။အခုလည်း ဒီလိုပါပဲ ခပ်တည်တည်နဲ့ နေပြည်တော်မှာ ခန်းခန်းနားနားကြီးကြီးကျယ်ကျယ် လွှတ်တော်ကြီးကျင်းပနေတာဆိုတော့ မတွေ့ကြုံဘူးသေးတဲ့ ၊ တွေ့ကြုံပါတယ်ဆိုရင်တောင်မှ မခံစားဘူးသေးတဲ့ သူများအတွက်တော့ “ ရှိန် ”မယ်ဆို ရှိန်လောက်ပါပေတယ်။ဒါဟာလူထုတော်လှန်ရေးကိုမျက်ကွယ်ပြုပြီးစဉ်းစားချက်တွေပါ……၈၈လူထုတော်လှန်ရေးကြီးဖြစ်ခါနီးလောက်မှာကျနော်နဲ့နီးစပ်ရာကျောင်းသားတွေကိုစည်းရုံးကြည့်တော့…လုံးဝမဖြစ်နိုင်တဲ့ကိစ္စ..မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်တဲ့လုပ်ရပ် ၊ နံရံကို ကြက်ဥနဲ့ပေါက်တဲ့ စိတ်ကူးယဉ်မူ့များ စသဖြင့် သတ်မှတ်ခံခဲ့ရဘူးပါတယ်။ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်လာတဲ့ ကျောင်းသားတော်တော်များများ ဒီအတိုင်းရင်ဆိုင်ခဲ့ဘူးပါတယ်။
ကျနော်အဓိကတင်ပြချင်တဲ့အချက်ရှိပါတယ်အရေးကြီးတယ်လို့လည်းမြင်ပါတယ်…ဒါကတော့..ပြည်တွင်းအား သည် ပြည်တွင်းမှာသာရှိသည်၊ မြန်မာပြည်ရဲ့အရေးကို မြန်မာပြည်သူများကပဲအဆုံးဖြတ်ပေးလိမ့်မည်တခြားဟာတွေ တခြားနိုင်ငံတွေမလိုဆိုတာရှေးကတဘက်သတ်စွဲလန်းခဲ့တဲ့အယူအဆဟောင်းတခုပဲလို့မြင်ပါတယ်…ပြည်တွင်းအားသည်ပြည်တွင်းမှာလည်းရှိတယ်ဆိုတာမငြင်းပါဘူး နိုင်ငံတကာအားလည်းလိုပါတယ်။ အာဏာရှင်မှန်သမျှဟာ ပြည်တွင်းမှာဖြစ်ပေါ်လာမဲ့ လူထုအုံကြွမူ့ကိုမကြောက်တတ်ပါဘူး တခါ နိုင်ငံတကာဖိအားပေးမူ့များကိုလည်း မစိုးရိမ်ပါဘူး သူတို့အလွန့်အလွန်ကိုကြောက်တာကတော့ ပြည်တွင်းကဖြစ်ပေါ်လာမဲ့ လူထုအုံကြွမူ့များကို နိုင်ငံတကာကဖိအားပေးဆောင်ရွက်မူ့များနဲ့ ဆက်စပ်သွားမှာကိုတော့ ကြောက်ကြပါတယ်။ အဲဒီနှစ်ခု သီးခြားရှိနေသရွေ့မည်ကဲ့သို့သောလူထုတော်လှန်ရေးကြီးပေါ်ပေါက်ပေါ်ပေါက်အာဏာရှင်များကမဖြုံတတ်ဘူးဆိုတာသေချာနေပါတယ်။ပြည်တွင်းလူထုတော်လှန်ရေးကိုနိုင်ငံတကာဖိအားနဲ့ဆက်စပ်နိုင်ဘို့ဘာတွေလိုအပ်ပါသလည်းဆို ရင်……မိမိတို့ရဲ့နိုင်ငံရေးမဟာဗျူဟာအတိအလင်းကမ္ဘာသိအောင်(လက်ခံနိုင်တဲ့နိုင်ငံရေးမဟာဗျူဟာဖြစ်ဘို့လိုပါ တယ်)ကျေငြာနိုင်ဘို့လိုပါတယ်။အဲဒါဟာသိပ်အရေးကြီးတဲ့အချက်ပါ၊ကမ္ဘာကြီးရဲ့ဒီမိုကရေစီလှိုင်းကြီးဟာဘယ်ကိုရွေ့နေပါသလည်းလေ့လာကြည့်ပါ…လွတ်လပ်တဲ့ဒီမိုကရေစီလို့ပဲပြောပြောလစ်ဘရယ်ဒီမိုကရေစီလို့ပဲဆိုဆို…အဲဒီကိုဦး တည်ရွေ့လျှားနေပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံအချင်းချင်းဖေးမလက်တွဲပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ အလိုရှိသူနိုင်ငံတိုင်းကို နည်းပေါင်းစုံနဲ့ ကူညီတတ်ပါတယ်။ အဲသလိုမဟုတ်ပဲ ဆန့်ကျင်ဘက်အနေထား ဒီမိုကရေစီပဲပြောပြော စနစ်တခုပဲပြဌာန်းခဲ့မယ်ဆိုရင် ကမ္ဘာနဲ့အလှမ်းဝေးသွားမယ် ၊ လူထုတော်လှန်ရေးနဲ့ ကမ္ဘာ ချိတ်ဆက်ပြုတ်သွားပြီး စစ်အာဏာရှင်များပြုသမျှခံဘ၀မှာနှစ်များစွာကြာသွားပါလိမ့်မယ်။နိုင်ငံရေးမဟာဗျူဟာကို ရဲဝံ့ပြတ်သားစွာထုတ်ဖော်ပြသရဲဘို့လိုပါတယ်။ မှန်ဘို့လိုပါတယ်။လူထုအုံကြွမူ့နဲ့နိုင်ငံတကာဖိအားပေးနိုင်မူ့အခြေနေနှစ်ရပ်ဟာ…တခုနဲ့တခုဒွန်တွဲနိုင်တဲ့တနေ့…စစ်အစိုးရအာဏာစွန့်ခွာရမဲ့နေ့ဖြစ်မယ်ဆိုတာ..ပြောချင်ပါတယ်။ နောက်ပြသနာတခုက နိုင်ငံရေးကို ပြည်တွင်းမှာပဲလုပ်လုပ် ပြည်ပမှာပဲလုပ်လုပ်၊လုပ်ဘို့လိုတာပါ၊ယနေ့ခေတ်ဟာသွေးအစုတ်ခံအလုပ်သမားထုဘက်ကရပ်တည်ကြ..နယ်ချဲ့ကို တော်လှန်ကြ ဆိုတဲ့ခေတ်မဟုတ်ပါဘူး ။ နည်းပညာခေတ် ၊ အိုင်တီခေတ် ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးမှာ ကမ္ဘာကြီးဟာရွာကြီးဖြစ်နေပါပြီ၊တနေရာနဲ့တနေရာမိနစ်ပိုင်းအတွင်း အားလုံး အလုပ်လုပ်နိုင် သိနေနိုင်တဲ့ခေတ်ကြီးမှာ ဒီအတွေးခေါ်းတွေကို မတွေးသင့်တော့ပါဘူး ဒါဟာကျဉ်းမြောင်းတဲ့ အယူအဆတခုဖြစ်နေပါလိမ့်မယ်။
လွန်ခဲ့တဲ့တစ်လလောက်ကတူနီးရှားသမတဟာ..သူ့နိုင်ငံကနေထွက်ပြေးသွားရလိမ့်မယ်လို့စဉ်းစားမိပါသလား. .ပြည်သူလူထုတရပ်လုံးကရော..ထင်ပါသလား………
အီဂျစ်နိုင်ငံမှာ အနိုင်ကျင့်ဗိုလ်ကျမူ့တွေနဲ့ အာဏာရှင်ဆန်ဆန် နှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ သမတ မူဘာရတ်ဟာ “ ငါ့ကိုနောက်တပတ်အကြာမှာလူထုကသမတရာထူးကဆင်းပေးဘို့..အုံကြွလိမ့်မယ်လို့…သူစဉ်းစားဖြစ်လိမ့်မယ်ထင်ပါသလား…လူထုကရော ဒီလိုကြီးကျယ် ပြင်းထံတဲ့ အုံကြွမူ့ကြီးဖြစ်ပေါ်လာလိမ့်မယ်..အစိုးရအဖွဲ့ ဖျက်သိမ်းလိမ့်မယ်…သမတ မူဘာရတ် ရာထူးကနေ နားဘို့အထိ ဆုံးဖြတ်လာလိမ့်မယ်လို့…ကြိုသိထားတဲ့အတွက် လူထုအုံကြွမူ့ကို လုပ်ခဲ့တာလို့ သင်ထင်ပါသလား..
အနာဂါတ်ဆိုတာဘယ်သူမှကြိုမသိနိုင်ပါဘူး…စစ်အာဏာရှင်များကသူတို့လုပ်စရာရှိတာကိုအရှိန်မပျက်ဆက်လုပ်ပါလိမ့်မယ်…လူထုကလည်း ကိုယ်လုပ်စရာရှိတဲ့ ( စစ်အာဏာရှင်များကို ဖြုတ်ချဘို့ ) စနစ်တကျနည်းလမ်းများ ၊ မှန်ကန်တဲ့နိုင်ငံရေးမဟာဗျူဟာများကိုချမှတ်ထားပါ…..အနိမ့်ဆုံးဝိရိယအကျိုးတော့ခံစားရမှာမလွဲပါဘူးလို့တင်ပြချင်ပါတယ်။
အနာဂါတ်ကို ဘယ်သူကြိုသိနိုင်သလည်း……..?
အမိနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးလွတ်မြောက်မူ့အတွက် မြွေမကြောက်ကင်းမကြောက်၊ထောင်မကြောက် တန်းမကြောက်လုပ်ဆောင်နေသောဒေါ်အောင်ဆန်းစုကြည်အပါဝင်မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျာ၊ဌေးကြွယ်အပါ ၀င်အားလုံးအားလုံးသောရဲဘော်များပြည်သူလူထုတွေအတွက်ကျနော့်ရင်ထဲခံစားချက်တခုကိုပြောခြင်ပါတယ်…..ကျနော် မြန်မာပြည်တွင်းကနေ ပြည်ပကိုထွက်ခွာလာတော့ ကိုမင်းကိုနိုင်အပါဝင် ၈၈ ခေါင်းဆောင်တချို့ကပြောပါတယ် “ တယောက်ပဲ့သွားပြန်ပြီကွာတဲ့ ” ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာ ကျနော်စိတ်မကောင်းဖြစ်မိပါတယ် ကျနော်သူတို့ကိုတနေရာကတဆင့်စကားပါးလိုက်ပါတယ်….ကျနော်ဟာခင်ဗျားတို့ယုံကြည်ချက်ခံယူချက်တွေနဲ့တ သားတည်းရှိနေမှာပါ..ဘယ်တော့မှကွဲပြားသွားမှာမဟုတ်ပါဘူး…အဲ…ကွဲပြားသွားတဲ့အချက်ကတော့…ခင်ဗျားတို့လောက် သတ္တိမရှိတော့တာရယ်..ခင်ဗျားတို့လောက် စွန့်လွှတ်အနစ်နာမခံနိုင်တော့ဒါရယ်…အဲဒါတော့ကွဲပြားသွားပါတယ် ဒါပေမဲ့.ကျနော်တတ်နိုင်သလောက်ဒီမိုကရေစီရေးအတွက်ပေးဆပ်သွားပါ့မယ်…ခင်ဗျားတို့လောက်မဟုတ်ရင်တောင်မှပေါ့လို့….သေချာတာကတော့ မပြစ်မှားဘူး…ဘာလို့လည်းသိလား…ခင်ဗျားတို့ရဲ့အနစ်နာခံမူ့တွေ ရိုးသားမူ့တွေ သတ္တိတွေကို ယုံကြည်လို့ပဲ…..ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အပါဝင် မြန်မာနိုင်ငံအတွင်းမှာ ကိုယ်ကျိုးမဖက် ရဲရဲဝံ့ဝံ့လုပ်ဆောင်နေသောပြည်သူလူထုကိုဒီစကားပါးချင်ပါတယ်…ဘယ်တော့မှမပြစ်မှားဘူး …ဘာလို့လည်းသိလား……
အနစ်နာခံမူ့တွေ ရိုးသားမူ့တွေ သတ္တိတွေကို ယုံကြည်လို့ပဲ…..
အနာဂါတ်ကို ဘယ်သူကြိုသိနိုင်သလည်း……..?
အနာဂါတ်ကို ဘယ်သူကြိုသိနိုင်သလည်း……..?
အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း

hhh